အပိုင်း - ၂၃၁
Vol. 21 Ch. 231
"စစ်သေနာပတိချုပ်၊ ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"
ဒု-ဗိုလ်ချုပ်က "ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ရိက္ခာတွေက နောက်ထပ် ရက်ပေါင်း ၂၀ ကြာမှ ရောက်လာမှာပါ။ အခု လောလောဆယ် ဖြစ်နေတဲ့ ရိက္ခာပြတ်လပ်မှုကို ဘယ်လိုလုပ်မလဲ..."
"ဆုတ်ခွာမယ်"
ကျုံးဝူရှင်း က ပြောလိုက်တယ် "တပ်အင်အား ဆယ်ပုံနှစ်ပုံလောက်ပဲ ချန်ထားပြီး ခုခံခိုင်းမယ်။ တောင့်ခံနိုင်ရင် တောင့်ခံ၊ မရရင် ဆုတ်ခွာပေါ့။ ကျန်တဲ့တပ်တွေအားလုံးကတော့ မိုင် ၂၀ဝ အကွာမှာရှိတဲ့ ကျင့်အန်းပြည်နယ်အထိ အရင်ဆုတ်ခွာပြီး တပ်ပြန်စုဖွဲ့မယ်၊ ရိက္ခာတွေ ပြန်ရောက်လာတာကို အဲဒီမှာပဲ စောင့်မယ်။ ဒီတာဝန်ကို ခင်ဗျားယူပါ။ ငါကတော့ လူကျီ နဲ့ တွေ့ဖို့ ဓားတံခါးချိုင့်ဝှမ်းကို ကိုယ်တိုင်သွားမယ်"
"ခင်ဗျား စိုးရိမ်မနေပါနဲ့။ ဒီတိုက်ပွဲက ငါတို့အတွက် အရှုံးအမြတ် တွက်ချက်မှုမှာ ကုန်ကျစရိတ် ပိုများသွားရုံပဲ ရှိတာပါ။ ရှန်မင်းဆက်ကို ချက်ချင်း မချေမှုန်းနိုင်ရင်တောင်မှ လျန်ကျိနျန်ဒီမှာ ရှိနေသရွေ့၊ ပြီးတော့ ကောင်းကင်ဘုံကျမ်းက ငါတို့လက်ထဲမှာ ရှိနေသရွေ့တော့ အချိန်အခါ၊ နေရာနဲ့ လူထုထောက်ခံမှုတွေက ငါတို့ဘက်မှာပဲ ရှိနေဦးမှာပဲ"
ဘာလို့လဲဆိုတော့ ဒါက အချက်ပေးခေါင်းလောင်းတစ်ခုပဲလေ..
မသေမျိုးတွေရဲ့ ကောင်းချီးပေးခြင်းခံရတဲ့ ပညာရှိတစ်ယောက်က မင်
ပြည်နယ်မှာ အခြေချလိုက်ပြီဆိုတာဟာ ရှန်မင်းဆက်ရဲ့ သက်တမ်းကုန်ဆုံးတော့မယ်လို့ တစ်ကမ္ဘာလုံးကို ကြေညာလိုက်တာနဲ့ အတူတူပါပဲ။ ပုန်ကန်ချင်တဲ့သူတွေ၊ ပုန်ကန်ဖို့ ဝေခွဲမရဖြစ်နေတဲ့သူတွေနဲ့ ပုန်ကန်ပြီးသားသူတွေ အားလုံးကို ရူးသွပ်သွားအောင် လှုံ့ဆော်ပေးလိုက်တာပဲ။
နောက်ထပ် ခြောက်လအတွင်းမှာ ရှန်မင်းဆက်ရဲ့ အတွင်းပိုင်းဟာ လုံးဝကို ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်။ အဲဒီကျရင် မြောက်ဘက်လူရိုင်းတွေ၊ တုန်ချင်း နဲ့ တောင်ဘက်က နန်ရွှီနိုင်ငံတွေက အုံနဲ့ကျင်းနဲ့ ဝင်ရောက်လာပြီး သူတို့ဝေစုတွေကို အသီးသီး ယူကြတော့မှာ။ အလယ်ပိုင်းဒေသကို ရာစုနှစ်ပေါင်းများစွာ အုပ်စိုးလာခဲ့တဲ့ ချောင်မိသားစုလည်း သူတို့နေရာကို ဖယ်ပေးရမယ့် အချိန်ရောက်လာပါပြီ။
ဒါဟာ တကယ့်ကို နိုင်ငံတော်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီးပဲ။
နန်းမြို့တော်
အသက်ရှည်နန်းတော်
"တုန်အန်း... ဟားဟား~"
နဂါးပလ္လင်ပေါ်ကနေ...
ဧကရာဇ် လုံချင်ဟာ စစ်ပွဲ အစီရင်ခံစာကို ကိုင်ထားရင်း သူ့ရဲ့ နှုတ်ခမ်းတွေက ထူးဆန်းတဲ့ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပါတယ် "တုန်အန်း၊ တုန်အန်း ခင်ဗျားတို့ထဲမှာ ဘယ်သူ သူ့ကို မှတ်မိသေးလဲသူက ငါကိုယ်တိုင် ခန့်အပ်ခဲ့တဲ့ ထိပ်သီးသိုင်းပညာရှင်လေ။ သူ့ရဲ့ လက်ထပ်ထိမ်းမြားမှုကိုတောင် ငါကိုယ်တိုင် ခွင့်ပြုပေးခဲ့တာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့သားမှာ ကုလို့မရတဲ့ ရောဂါဖြစ်တုန်းကလည်း ငါကိုယ်တိုင် ရတနာဆေးတွေ ရှာပေးခဲ့တာပဲ။ အခုတော့ သူ တစ်ခါမှ မမြင်ဖူးတဲ့ ကောင်းကင်ဘုံကျမ်းတစ်ခုအတွက်နဲ့ ငါ့ကျောကို ဓားနဲ့ ပြန်ထိုးလိုက်တယ်ပေါ့။ စိတ်ဝင်စားစရာပဲ၊ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်"
အင်္ကျီနီဝတ် အရာရှိကြီးတွေဟာ အမတ်ချုပ်ကြီး ရန်လျန် အပါအဝင် အားလုံး ဒူးထောက်နေကြပါတယ်။ လူတိုင်းက သူတို့ရဲ့ ဦးခေါင်းကို မြေကြီးနဲ့ ထိထားကြပြီး ဘယ်သူမှ ခေါင်းမော့မကြည့်ရဲကြပါဘူး။
ဒါပေမဲ့ ထောင့်တစ်နေရာက ဝှီးချဲပေါ်မှာတော့ တည်ငြိမ်တဲ့မျက်နှာနဲ့ ပညာရှိတစ်ယောက် ထိုင်နေပါတယ်။ အရှင်မင်းကြီး တကယ် ဒေါသထွက်တဲ့အခါ အော်ဟစ်ဆူပူလေ့မရှိပါဘူး၊ အခုလိုပဲ ပြုံးပြုံးလေး ပြောတတ်တာပါ။
"အရှင်မင်းကြီး... ဒေါသကို လျှော့ပါဘုရား"
"ပုန်ကန်မှုကို နှိမ်နင်းဖို့ စစ်တပ်တွေကို စေလွှတ်ထားတာ ကြာပါပြီ။ ခြောက်လအတွင်း မင်ပြည်နယ်ရဲ့ အခြေအနေကို သေချာပေါက် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်"
မိမိယုံကြည်ရတဲ့ လက်ရုံးက သစ္စာဖောက်သွားတာ၊ အထူးသဖြင့် အကျိုးသက်ရောက်မှု ဒီလောက်ကြီးတာမျိုးကို ဘယ်သူမှ လက်ခံနိုင်ဖို့ ခက်ပါလိမ့်မယ်။
"ဆွန်ဒူရှန် ဘယ်မှာလဲ"
ဧကရာဇ် လုံချင်က သူ့ရဲ့ ဝတ်ရုံလက်အင်္ကျီတွေကို နဂါးပလ္လင်ရဲ့ ဘေးတစ်ဖက်စီမှာ တင်လိုက်တယ် "သူ့ကို တပ်အင်အား တိုးချဲ့ဖို့ ငါခွင့်ပြုပြီးကတည်းက သူ ပျောက်သွားတာပဲ။ အခုလို အဖြစ်အပျက်ကြီး ဖြစ်နေတာတောင် သူကိုယ်တိုင် ပြန်မလာသင့်ဘူးလား ဖန်ချင်းယွမ်... မသိချင်ယောင် ဆောင်မနေနဲ့၊ ငါ မင်းကို တိုက်ရိုက်မေးနေတာ"
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်"
ဖန်ချင်းယွမ်က ပြောတယ်"ကျွန်တော်လည်း မသိပါဘူးဘုရား၊ ကျွန်တော်လည်း မြို့တော်မှာပဲ ကျန်ခဲ့တာပါ"
"သူ ဘယ်သွားလဲ၊ ဘာလုပ်လဲဆိုတာတော့ အကြမ်းဖျင်း သိရမှာပေါ့"
ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်တယ် "သူ တစ်နေရာရာမှာ ဒဏ်ရာ သွားကုနေတာလားသူ ငါ့ကို ပြောပြလို့ရပါတယ်။ သူက ငါ့ရဲ့ ညီအစ်ကိုပဲလေ ငါ သူ့ကို မကူညီဘဲ နေမလားဘာလို့ တစ်ယောက်တည်း ပင်ပန်းခံနေရတာလဲ"
"အရှင်မင်းကြီး... ကျွန်တော် တကယ်မသိတာပါ"
ဖန်ချင်းယွမ်က သက်ပြင်းချလိုက်တယ် "အဘိုးကြီးက ကျွန်တော့်ကို အကုန်လုံး ပြောပြလေ့မရှိပါဘူး"
"ဟားဟား..ကောင်းပြီလေ၊ ဒါဆိုလည်း သူ့သဘောအတိုင်း ထားလိုက်ပါတော့"
ဧကရာဇ်က"ဖန်ချင်းယွမ်... မင်း ပြောစမ်း၊ မင်ပြည်နယ်ရဲ့ အခြေအနေက နောက်ထပ် ဘယ်လို ဖြစ်လာနိုင်မလဲ ဪ... ချန်အမတ်မင်း လည်း အဲဒီမှာ ပါနေတယ် မဟုတ်လား၊ သူက မင်းရဲ့ ဂျူနီယာပဲ။ သူ အဲဒီမှာ သေသွားရင် မင်း စိတ်မကောင်းဖြစ်နေမှာလား"
"စစ်မြေပြင်မှာ သေဆုံးရတာဟာ တပ်စခန်းရှစ်ခုရဲ့ ကံကြမ္မာပါပဲဝမ်းနည်းနေစရာ မလိုပါဘူး"
ဖန်ချင်းယွမ်က အေးအေးဆေးဆေး ပြောတယ် "ဒါ့အပြင် နောက်ထပ် စစ်တိုက်ပွဲ အစီရင်ခံစာတွေလည်း မရောက်လာသေးပါဘူး။ အခြေအနေက ထင်သလောက် မဆိုးနိုင်ပါဘူး"
"ဪ"
ဧကရာဇ်ရဲ့ နှုတ်ခမ်းက အပြုံးတစ်ခု ဖြစ်သွားပြန်တယ် "ဘာလဲ... ကျန်နေတဲ့ လူနှစ်သောင်းက ငါ့အတွက် အံ့ဖွယ်တစ်ခုကို ဖန်တီးပေးနိုင်ဦးမှာလား"
"ဘယ်သူသိမှာလဲ"
ဖန်ချင်းယွမ်က သူ့ရဲ့ နက်နဲတဲ့ စိုးရိမ်စိတ်တွေကို ဖုံးကွယ်ထားရင်း "အရာရာ မပြီးဆုံးမချင်းတော့ ဘာမဆို ဖြစ်နိုင်ပါတယ်"
ဒါက တကယ်တော့ သူ့ရဲ့ ဆုတောင်းခြင်းပါပဲ။
"ကောင်းပြီ၊ ငါ လူကျီ နဲ့ ကျန်းယွမ်ပိုင် တို့ကို သုံးလပဲ အချိန်ပေးမယ်။ အကယ်၍ သုံးလအတွင်း အပြတ်မရှင်းနိုင်ရင်..."
ဧကရာဇ်က ရုတ်တရက် ထရပ်လိုက်တယ် "ငါကိုယ်တိုင် စစ်မြေပြင်ကို ဆင်းမယ်"
ရွေစမ်းရေမြို့ ။
နှစ်လကျော် ခရီးနှင်ခဲ့ပြီးနောက်မှာတော့ အရန်တပ်စခန်းက စစ်သည်တွေဟာ နောက်ဆုံးမှာတော့ အသက်ရှူချောင်ဖို့ တစ်ရက် အချိန်ရခဲ့ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ နောက်ထပ် ပြဿနာအသစ် ပေါ်လာပါတယ် အဲဒါကတော့ နောက်ထပ် ဘယ်ကို ဆက်သွားမလဲ ဆိုတာပါပဲ။
"ဗိုလ်ချုပ်ကျောက် ဆီက စာရောက်လာပြီ"
ယွီဆုန် က သတင်းကို ဖတ်ရင်း စိတ်လှုပ်ရှားစွာ ပြောတယ် "သူက ပြောတယ်... ငါတို့ ရှေ့ရောနောက်ပါ ညှပ်တိုက်ပြီး အနောက်ဘက်က ရန်သူ့တပ်အငယ်စားတွေကို ချေမှုန်းနိုင်ရင် ဝူထုံပြည်နယ်ကို သေချာပေါက် သိမ်းနိုင်လိမ့်မယ်တဲ့။ နောက်ထပ် နှစ်လလောက် ထပ်တောင့်ခံနိုင်ရင် စစ်ကူတွေ သေချာပေါက် ရောက်လာမှာပဲတဲ့"
"နောက်ကျသွားပြီ ဗိုလ်ချုပ်ကျောက်နဲ့ သူ့တပ်တွေ လမ်းမှာ အချိန်တွေ အများကြီး ကုန်ခဲ့လို့ ရန်သူတွေ ပြင်ဆင်ဖို့ အချိန်ရသွားပြီ။ နောက်ထပ် ရက်အနည်းငယ်အတွင်းမှာပဲ အနောက်ချီ နိုင်ငံ တပ်မတော်ကြီး တောင်ဘက်ကို ဆင်းလာတော့မှာ"
ချန်ဆန်းရှီက အစီအစဉ်ကို ရေအေးနဲ့ အပက်ခံလိုက်သလို ပြောလိုက်တယ် "အခု အဲဒီကို သွားရင် ရန်သူ့တပ်မတော်ကြီးနဲ့ တိုက်ရိုက် ရင်ဆိုင်ရလိမ့်မယ်"
"ဘာ"
"ဗိုလ်ချုပ်ချန်... ခင်ဗျား ကျွန်တော်တို့ကို ကစားနေတာလား"
ရှဲ့စီရှု က စိုက်ကြည့်ပြီး "ညီအစ်ကိုတွေက ယင်စွေ့တောင် ကနေ ရွေစမ်းရေမြို့အထိ အသက်နဲ့ရင်းပြီး တိုက်လာခဲ့တာ၊ အခုကျမှ ဝူထုံပြည်နယ်ကို မသွားဘူးလို့ ပြောတာလား"
ချန်ဆန်းရှီက ပြန်ပြောလိုက်တယ် "ကျွန်တော်က ရွေစမ်းရေမြို့ကို လာမယ်လို့ပဲ ပြောခဲ့တာလေ။ ဘယ်တုန်းက ဗိုလ်ချုပ်ကျောက်နဲ့ သွားပေါင်းမယ်လို့ ပြောခဲ့လို့လဲ"
အားလုံး တိတ်ဆိတ်သွားကြပါတယ်။
"အဟွတ်... အဟွတ်..."
ဒဏ်ရာအပြင်းအထန် ရထားတဲ့ ယွီဆုန် က သူ့နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်လိုက်ပြီး "တိတ်ကြ ဗိုလ်ချုပ်ချန်... ဒါဆို ပြောစမ်းပါဦး၊ ငါတို့ နောက်ထပ် ဘယ်ကို သွားမလဲဝူထုံပြည်နယ်ကို မသွားနိုင်ရင် ဒီမြို့မှာပဲ နေပြီး ခုခံကြမလား ရွေစမ်းရေမြို့မှာရိက္ခာတွေ ရှိနေသေးတာပဲ။ ပြည်သူတွေကို စည်းရုံးပြီး မြို့ကို ကာကွယ်ရင် ခဏလောက်တော့ တောင့်ခံနိုင်ဦးမှာပါ။ ဗိုလ်ချုပ်ကျောက်ကိုပဲ ငါတို့ဆီ လာခိုင်းလို့ မရဘူးလား"
"ဟုတ်တယ်"
ရန်ချန်ချင်း ကလည်း ထောက်ခံတယ် "ပြည်သူတွေကို စည်းရုံးကြမယ် ငါတို့ မြို့ထဲကို ဝင်လာတာ ရက်အနည်းငယ် ရှိပြီ၊ ပြည်သူတွေအပေါ် ဘာအမှားမှ မလုပ်ခဲ့ဘူး၊ ငါတို့ရဲ့ ဂုဏ်သတင်းက တော်တော်ကောင်းနေတာအထူးသဖြင့် ညီအစ်ကို ချန်ရဲ့ ဂုဏ်သတင်းပေါ့။ မနေ့က ငါတို့ ရွေစမ်းရေမြို့ကို ဝင်လာတုန်းက ပြည်သူတွေအများကြီး ထွက်ကြည့်ကြတယ် တူးဟဲ က ချန်ဆန်းရှီဆိုတာ ဘယ်သူလဲဆိုတာ မြင်ချင်ကြတာ။ ညီအစ်ကို ချန်သာ စကားပြောရင် ပြည်သူတွေ အများကြီးကို စည်းရုံးနိုင်မှာ သေချာတယ်"
ချန်ဆန်းရှီက ပြောတယ် "ကျွန်တော်တို့မှာ အဆင့်မြင့် သိုင်းပညာရှင်တွေ မရှိဘူး။ ဒု-ဗိုလ်ချုပ်ကြီး ယွီဆုန် တောင် ဒဏ်ရာရနေတာ။ အကယ်၍ နက်နဲပုံရိပ်အဆင့်တစ်ယောက်ယောက် ရောက်လာရင် ငါတို့ ဘယ်လို ခုခံမလဲ"
"ဒါလည်း မရ၊ ဟိုဟာလည်း မရနဲ့..."
ရှဲ့စီရှု က မေးတယ် "ဒါဆိုရင် ခင်ဗျား ဘာလုပ်ချင်တာလဲ ဗိုလ်ချုပ်ချန်ဒီမှာတင် ထိုင်ပြီး အသေခံနေမှာတော့ မဟုတ်ဘူး မဟုတ်လား"
"သေချာပေါက် မဟုတ်ဘူးပေါ့၊ ဒါကြောင့်..."
ချန်ဆန်းရှီက မြေပုံရဲ့ အရှေ့ဘက်ခြမ်းကို လက်နဲ့ ပုတ်ပြလိုက်တယ် "ဟုန်ကျဲမြစ်ကို နောက်တစ်ကြိမ် ထပ်ဖြတ်ကူးမယ်"