ဖွံ့ဖြိုးမှုမြန်တာ ငါ့အမှားလား
Vol. 16 Ch. 152
အရှင်မြတ်ရွှမ်ကွမ်းနှင့် မြင့်မြတ်နယ်မြေမှပညာရှင်များ ထိတ်လန့်တကြား ဖြစ်နေစဉ်မှာပင် သူတို့ရှေ့မှ ချင်းစော့သည် ရုတ်တရက် မျက်နှာဖြူလျော့သွား၏။ ရှုပ်ထွေးလှသော စစ်တလင်းထဲ၌ပင် သူမတစ်ကိုယ်လုံး ချွေးများဖြင့်ရွှဲနစ်နေသည်ကို အထင်အရှားမြင်တွေ့နေရသည်။
ထို့နောက် သူမသည် ရင်ဘတ်ကိုဖိကာ ဓားတစ်ချက်ဝှေ့ယမ်းပြီး အဝေးသို့ အလျင်အမြန်ထွက်ပြေးသွားတော့သည်။ သူမမှာ မည်သည့်တိုက်ခိုက်မှုကိုမျှ မခံရသေးဘဲ အဘယ်ကြောင့် လဲပြိုတော့မည့်ပုံစံဖြစ်နေရသနည်း။
အရှင်မြတ်ရွှမ်ကွမ်း၏နှလုံးသားမှာ လှုပ်ခတ်သွားပြီး တိုက်ခိုက်လိုစိတ်များ ပြန်လည်မြင့်တက်လာသည်။ သူ ယခုတော့ နားလည်သွားလေပြီ။
ချင်းစော့သည် စောစောက အင်အားကိုမြှင့်တင်ရန်အတွက် တားမြစ်နည်းပညာတစ်ခုခုကို အသုံးပြုခဲ့ခြင်းဖြစ်ရမည်။ ဤကဲ့သို့သော တားမြစ်နည်းပညာများသည် ဘေးထွက်ဆိုးကျိုး အလွန်ကြီးမားလှပြီး ခဏတာအင်အားကြီးစေပြီးနောက် အသုံးပြုသူကို ပြန်လည်ထိခိုက်စေတတ်၏။
ယခု သူမ၏အင်အားမှာ အောက်ခြေသို့ကျဆင်းသွားကာ ပုံမှန်အင်အား၏ဆယ်ရာခိုင်နှုန်းပင် ရှိတော့မည်မဟုတ်။ ထို့ကြောင့်လည်း စောစောက သူမ၏တိုက်ခိုက်မှုမှာ ထူးဆန်းနေခြင်းဖြစ်သည်။
သူမ၏ စိတ်ဝိညာဉ်မှာ အလွန်အစွမ်းထက်သော်လည်း ဝိညာဉ်စွမ်းအင်လှုပ်ခတ်မှုမှာမူ အားနည်းနေခဲ့သည်။ သို့ဆိုလျှင် ကြောက်ရွံ့နေစရာ အကြောင်းမရှိတော့ပေ။
"သူမ အစွမ်းကုန်သွားပြီ"
"အခု သူမက အရင်ကထက်တောင် ပိုပြီးအားနည်းနေပြီ"
“နင်က ဒီကိုလာပြီး ရမ်းကားချင်တိုင်းရမ်းကား၊ လူစွမ်းကောင်းလုပ်ပြပြီးမှ အားကုန်သွားတော့ ထွက်ပြေးချင်တယ် ဟုတ်လား။ လောကမှာ ဒီလောက်လွယ်ကူတဲ့ကိစ္စ ရှိပါ့မလား”
သူသည် အော်ဟစ်ရင်း ပထမဆုံးအပြေးလိုက်ကာ တိုက်ခိုက်တော့သည်။
"သူ့ကို အပိုင်းပိုင်းဖြတ်ပစ်ကြ"
မြင့်မြတ်နယ်မြေမှ ပညာရှင်များလည်း တစ်ယောက်ပြီးတစ်ယောက် အပြေးလိုက်ကြသော်လည်း ကျန်းချန်က ကြိုတင်ထွက်ပြေးခဲ့သဖြင့် သူတို့ကို စောစောကတည်းက မျက်ခြေဖြတ်ခဲ့ပြီးဖြစ်သည်။
သူတို့ လိုက်လံရှာဖွေသည့်အချိန်တွင် သူမ၏အရိပ်အယောင်ပင် မရှိတော့ပေ။ အရှင်မြတ် ရွှမ်ကွမ်းသည် စိတ်ဝိညာဉ်အာရုံခံမှုကိုအသုံးပြုကာ မိုင်ပေါင်းသောင်းချီအောင် ရှာဖွေသော်လည်း နှလုံးသားဌာနမှ လူတစ်ယောက်ကိုမျှ မတွေ့ရှိချေ။
နောက်ဆုံးတွင် ဒေါသတကြီးဖြင့် မြင့်မြတ်နယ်မြေ၏ လျှို့ဝှက်နယ်မြေသို့ ပြန်လာခဲ့ရသည်။ စောစောက ချင်းစော့၏တိုက်ခိုက်မှုကြောင့် သူတို့ဘက်မှ တာအိုနန်းတော်အဆင့် တပည့်နှစ်ရာကျော် သေဆုံးခဲ့ရ၏။
"ဒီအကြွေးကို ဒီအတိုင်းလွှတ်မထားဘူး"
"ဒါကို အကြီးအကဲချုပ်ဆီ သတင်းပို့ရမယ်။ နောက်ကျရင် မင်ရှင်းမြင့်မြတ်နယ်မြေကို သူကိုယ်တိုင် ဖျက်ဆီးလိမ့်မယ်"
"ဒါကို ဖျက်ဆီးပစ်ရမယ်။ ဒီရန်ကြွေးက ဖြေမရတော့ဘူး"
"မင်ရှင်းမြင့်မြတ်နယ်မြေက ဘယ်အမျိုးသမီးကိုမှ အသက်ရှင်ခွင့်မပေးနိုင်ဘူး"
ချင်လင်နယ်မြေ၏တစ်နေရာတွင် တရားထိုင်နေသော သူတော်စင်ပိဖုန်းသည် ဤသတင်းကို ရရှိသွား၏။ သူ၏ မူလခန္ဓာမှာ အလွန်ဝေးကွာပြီး လျှို့ဝှက်သောနေရာတွင် ရှိနေခြင်းဖြစ်သည်။
အရိုးချေဖျက်အလံကို အလုမခံရစေရန် ပုန်းကွယ်နေခြင်းပင်။ ချင်းစော့က သူ၏ ထုန်ယိုမြင့်မြတ်နယ်မြေကို တိုက်ခိုက်ရဲသည်ဟူသောသတင်းကို ကြားသောအခါ သူအံ့အားသင့်သွား၏။
အဲဒီအမျိုးသမီးမှာ ဒီလောက်သတ္တိရှိလို့လား...
သို့သော် အရှင်မြတ်ရွှမ်ကွမ်း ပို့လိုက်သောသတင်းမှာ အစစ်အမှန်ဖြစ်ပြီး သေဆုံးသွားသော ဂိုဏ်းသားများမှာလည်း ပြန်ရှင်လာမည်မဟုတ်ပေ။ သူတော်စင်အဆင့် ပညာရှင်တစ်ဦးဖြစ်သော်လည်း သူ အလွန်ဒေါသထွက်သွားသည်။
သူမက ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ချင်ရုံတင်မကဘဲ ရန်သူဖြစ်ချင်နေတာလား...
လက်ရှိတွင် မြင့်မြတ်နယ်မြေမှာ ဘေးကင်းနေသေးသည်ကိုသိရှိသဖြင့် သူ ချက်ချင်းထွက်မသွားသေးဘဲ နောက်တစ်ကြိမ် မင်ရှင်းမြင့်မြတ်နယ်မြေသို့ သွားသည့်အခါမှသာ သူမကိုကိုင်တွယ်ရန် ကြံစည်ထားသည်။
သို့သော် သူ အိပ်မက်ပင်မမက်မိသောအချက်မှာ အန္တရာယ်အရှိဆုံးလူသားသည် ထုန်ယိုမြင့်မြတ်နယ်မြေထဲသို့ ရောက်ရှိနေပြီဆိုသည့်အချက်ပင်။
အစ်ကိုကြီးချန်သည် လူအုပ်ကိုမျက်ခြေဖြတ်ကာ ကိုယ်ဖျောက်လိုက်ပြီး နောက်ကြောင်းပြန်လှည့်လာခဲ့သည်။ ဤအချိန်တွင် အဓိကအင်အားစုများမှာ ချင်းစော့ကို အပြင်၌လိုက်လံရှာဖွေနေကြသဖြင့် အဝင်ဝမှာ အစောင့်အကြပ်ကင်းမဲ့နေ၏။
သူ တိတ်တဆိတ်ဝင်သွား၏။ အထဲရောက်သည်နှင့် သူ၏စိတ်ဝိညာဉ်ကို တစ်ချက်ထုတ်လွှတ်လိုက်ရာ ထုန်ယိုကျွန်း၏ တည်ဆောက်ပုံတစ်ခုလုံးကို မြင်တွေ့လိုက်ရပြီး အစီအရင်ထိန်းချုပ်ခန်းရှိရာသို့ အမြန်သွားလိုက်သည်။
ထိုနေရာတွင် အစောင့်အကြပ်များနှင့် တားမြစ်ချက်များစွာရှိသော်လည်း ကျန်းချန်က စိတ်မလောဘဲ တိတ်တဆိတ်ပုန်းကွယ်နေသည်။ မျက်စိသုံးလုံးကျား မရောက်သေးသဖြင့် စောစောစီးစီးလှုပ်ရှားရန် မလိုသေးပေ။
အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက် အချိန်တန်ပြီဟုတွက်ဆကာ စိတ်ဝိညာဉ်လှိုင်းဖြင့် အစောင့်များကိုချက်ချင်းသတ်ပစ်လိုက်သည်။ ထို့နောက် ခန်းမအတွင်းရှိတားမြစ်ချက်များကို ဖျက်ဆီးလိုက်ရာ ဂိုဏ်းစောင့်အစီအရင်၏ဗဟိုချက်မှာ သူ့ရှေ့တွင် ပေါ်ထွက်လာတော့သည်။
ဤဗဟိုချက်ကို အတင်းအဓမ္မ ဖျက်ဆီး၍မရပေ။ သို့မဟုတ်ပါက အစီအရင်တစ်ခုလုံးက ပြန်လည်တိုက်ခိုက်လာလိမ့်မည်ဖြစ်သည်။
ကံကောင်းသည်မှာ ကျန်းချန်၌ ဝိညာဉ်ပေါင်းတစ်သိန်း၏ဗဟုသုတများ ရှိနေခြင်းဖြစ်သည်။ နှစ်မိနစ်ခန့်အတွင်းမှာပင် သူသည် အစီအရင်ကိုပိတ်ပစ်လိုက်၏။
ထိုအချိန်မှာပင် အပြင်ဘက်မှ တုန်ခါသံများနှင့် အော်ဟစ်ကြွေးကြော်သံများကို ကြားလိုက်ရသည်။ မျက်စိသုံးလုံးကျားနှင့် တပည့်များ ရောက်ရှိလာကြလေပြီ။
အပြင်ဘက်မှ ဧရာမကျားနတ်ဆိုးကြီးကိုမြင်သောအခါ အရှင်မြတ်ရွှမ်ကွမ်း ထိတ်လန့်သွားသည်။ ဒါက အစစ်အမှန်နတ်ဆိုးဘုရင်ဖြစ်သည်။
"နတ်ဆိုးကျား၊ နင်က ငါတို့ထုန်ယိုမြင့်မြတ်နယ်မြေကို ကျူးကျော်ရဲတယ်လား။ အားလုံးဝိုင်းတိုက်မှာ မကြောက်ဘူးလား"
"ဘာတွေ လျှာရှည်နေတာလဲ။ သေလိုက်တော့"
မျက်စိသုံးလုံးကျားသည် ကျန်းချန်၏ဆုံးမမှုကိုခံထားရသူဖြစ်သဖြင့် ဤလူများကို အားနာနေစရာ မလိုပေ။ လက်သည်းဖြင့် တစ်ချက်ကုတ်ခြစ်လိုက်၏။
ထိုအချိန်တွင် အတွင်းမှကျန်းချန်က အစီအရင်အားလုံးကို ပိတ်ပစ်လိုက်ပြီဖြစ်သဖြင့် မြင့်မြတ်နယ်မြေမှာ ခုခံမှုကင်းမဲ့သွားသည်။ ကျားကြီး၏လက်သည်းချက်အောက်တွင် တောင်တန်းများမှာ ထက်ပိုင်းပြတ်တောက်ကုန်၏။
အရှင်မြတ်လေးဦးမှာ လွင့်စင်သွားကာ ဂိုဏ်းသားများစွာမှာ ကြောက်လန့်တကြား ဆုတ်ခွာကုန်ကြသည်။ ကျန်းချန်သည်လည်း အထဲမှထွက်လာရန် ပြင်လိုက်သော်လည်း ချက်ချင်းရပ်လိုက်သည်။ အရေးကြီးသောကိစ္စတစ်ခုကို သူသတိရသွား၏။
သူသည် လက်ရှိတွင် ချင်းစော့၏ပုံစံဖြင့် ရှိနေခြင်းဖြစ်သည်။ အကယ်၍ သူ ဤအတိုင်းထွက်သွားလျှင် တပည့်များက သူရုပ်ဖျက်နိုင်သည်ကို သိသွားကြလိမ့်မည်။ ထိုသို့ဆိုလျှင် လင်းနင်အဖြစ် ရုပ်ဖျက်ခဲ့သည်မှာပေါ်သွားနိုင်ပြီး သူ၏ဂိုဏ်းချုပ်ပုံရိပ်ကြီးမှာ ပျက်စီးသွားပေလိမ့်မည်။
သူသည် သိုလှောင်လက်စွပ်ထဲမှ လည်ဆွဲတစ်ခုကိုထုတ်ဝတ်လိုက်သည်။ ၎င်းမှာ ရုပ်ရည်ပြောင်းလဲပေးနိုင်သော အစွမ်းရှိသည်။ သူသည် အမျိုးသားပုံစံပြောင်းလဲလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် အကာအကွယ်တစ်ခုပြုလုပ်ကာ လူအစစ်နှင့်မတူအောင် လုပ်လိုက်သည်။
နောက်ဆုံးတွင် သူ၏ကိုယ်ပိုင်အဝတ်အစားနှင့် လက်နက်ကိုကိုင်ဆောင်ကာ ထွက်လာခဲ့သည်။
အပြင်ဘက်တွင် တိုက်ပွဲမှာ အရှိန်အဟုန်ပြင်းနေပြီဖြစ်သည်။ မျက်စိသုံးလုံးကျားက အရှင်မြတ်လေးဦးကိုရင်ဆိုင်နေပြီး ကျန်တပည့်များမှာ ဂိုဏ်းသားများနှင့် တိုက်ခိုက်နေကြသည်။ သို့သော် ဖေးရှန်ဂိုဏ်းတပည့် ၇၀ ခန့်မှာ ထုန်ယိုမြင့်မြတ်နယ်မြေ၏ တပည့်အမြောက်အမြားကို ရင်ဆိုင်ရန် မလွယ်ကူလှပေ။
ဂိုဏ်းချုပ် ဘယ်ရောက်သွားတာလဲဟူသောမေးခွန်းက လူတိုင်း၏စိတ်ထဲသို့ ဝင်ရောက်လာသည်။
ထိုအချိန်မှာပင် အစ်ကိုကြီးချန် ရောက်ရှိလာ၏။ သူသည် စိတ်ဝိညာဉ်လှိုင်းကို ထုတ်လွှတ်လိုက်ရာ ရန်သူထောင်ပေါင်းများစွာလဲကျသွားပြီး တပည့်များ၏ဘေးဒုက္ခ သက်သာသွားသည်။ ထို့နောက် သူသည် ကျားကြီးနှင့် ပူးပေါင်းကာ အရှင်မြတ်လေးဦးကို ဖိအားပေးတိုက်ခိုက်တော့သည်။
အရှင်မြတ်ရွှမ်ကွမ်းမှာ အစွမ်းကုန်သွားပြီဖြစ်သည်။ သူသည် အစီအရင်ကိုအသက်သွင်းရန် ကြိုးစားသော်လည်း ဘာတုံ့ပြန်မှုမှမရှိပေ။
"ပျက်စီးစေ"
ကျန်းချန်၏ ကျိန်စာစွမ်းရည်အောက်တွင် အရှင်မြတ်လေးဦးမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြသည်။ သူတို့သေဆုံးသွားသည်နှင့် ကျန်သူများမှာ ဘာမှလုပ်မရတော့ပေ။
"ဘာဆက်လုပ်ရမလဲ"
မျက်စိသုံးလုံးကျားက မေးလိုက်သည်။
"ငါတို့ တပည့်တွေအသတ်မခံရဖို့ပဲ ကြည့်ထား။ ကျန်တာ သူတို့ဘာသာသူတို့ ရှင်းပါစေ"
ကျန်းချန်က ပြောလိုက်သည်။ အဆင့်မြင့်ပညာရှင်များ သေဆုံးကုန်ပြီဖြစ်သဖြင့် ကျန်တပည့်များကို သူ လိုက်မသတ်ချင်တော့ပေ။
မျက်စိသုံးလုံးကျားက စစ်တလင်းကိုကြည့်ရင်း ပျင်းရိစွာခေါင်းယမ်းလိုက်ပြီး ရုတ်တရက် လွှတ်ခနဲ ပြောလိုက်သည်။
"မင်း ရုပ်ရည်ပြောင်းတာကတော့ဟုတ်ပါပြီ။ ဒါပေမဲ့ ဘာလို့ မင်းရဲ့ရင်ဘတ်ကြွက်သားတွေက ပိုကြီးလာတာလဲ။"
"ငါက ဖွံ့ဖြိုးမှုမြန်တာလေ။ မင်းကို ကြိုပြီးသတင်းပို့နေရဦးမှာလား"