← Chapters

အထက်စီးဆန်သော ဒုတိယမင်းသမီး

Vol. 9 Ch. 125

အထက်စီးဆန်သော ဒုတိယမင်းသမီး

Vol. 9 Ch. 125

သတ္တမမြောက်တောင်ထိပ်သခင်၏ တပည့်ရင်းသုံးယောက်အနက် ပွင့်လင်းသောစရိုက်နှင့် လိမ္မာပါးနပ်ကာ မိတ်ဆွေအပေါင်းအသင်းများသောတပည့်ကို ပြောမည်ဆိုပါက တတိယမင်းသားသာ ဖြစ်လိမ့်မည်။

သို့သော်လည်း ကြမ်းတမ်းခက်ထန်သောစရိုက်နှင့် ဂိုဏ်းသားများ ကြောက်လန့်ရသည့်တပည့်ကို ပြောမည်ဆိုပါက ဒုတိယမင်းသမီးက သံသယမရှိ ထိပ်ဆုံးမှ ဦးဆောင်နေလိမ့်မည်။ သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများသာ ထိုသို့ ခံစားနေရသည်သာမက တခြားတောင်ထိပ်များသည်လည်း ထိုနည်းတူ ခံစားနေကြပေသည်။

သတ္တမမြောက်တောင်ထိပ်၏ ဒုတိယမင်းသမီး၌ ပေါက်ကွဲတတ်သော စရိုက်ရှိပြီး ကြောက်ခမန်းလိလိအစွမ်းလည်း ပိုင်ဆိုင်ထားသည်ကို သူတို့ထဲမှ အများစု သိထားကြသည်။ အမှားအနည်းငယ်မျှ လုပ်မိလျှင်ပင် သူမက တိုက်ခိုက်မည်ဖြစ်သည်။ ယင်းအပြင် နှစ်ပေါင်းများစွာတစ်လျှောက် တောင်ထိပ်အသီးသီးမှ သူမ၏ ရိုက်နှက်ခြင်းခံခဲ့ရသည့် အခြေတည်အဆင့်ကျင့်ကြံသူပေါင်း များစွာ ရှိသည်။

သူမ၏ကြောက်ခမန်းလိလိ စွမ်းအားနှင့် မိုးမြေတုန်ဟီးစေနိုင်သော နောက်ခံကြောင့် သူမကို အတွန့်တက်ဝံ့သူ မရှိချေ။ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံးတွင် သူမ၏အထက်စီးဆန်သောစရိုက်က သူမ၏နာမည်ဂုဏ်သတင်းကဲ့သို့ ထင်ရှားကျော်ကြားသည်။

သာမန်ဂိုဏ်းသားများပင် မဆိုထားဘိ သူမနှင့် ထိပ်တိုက်တွေ့လိုက်ရသည့် အကြီးအကဲတချို့သည်ပင် အမြဲလိုလို ခေါင်းကိုက်သွားရသည်။

အထူးသဖြင့် သူမ၏ဂုဏ်သတင်းပင်။ သူမက ဂိုဏ်းထဲတွင်သာ နာမည်ကျော်ကြားသည်သာမက ပင်လယ်ထဲ၌လည်း နာမည်ကြီးသည်။ သူမ၏လက်ထဲတွင် ပင်လယ်ဓားပြများ မရေမတွက်နိုင်အောင် သေဆုံးခဲ့ပြီး သူမ၏နာမည်ကို ကြားရုံနှင့် ထိတ်လန့်တုန်ရီသွားမည့် မျိုးနွယ်စုလေးများပင် ရှိသည်

ယခုအချိန်၌ သူမသည် ဘေးပတ်ဝန်းကျင်ကို လွှမ်းမိုးထားသော ကြောက်ခမန်းလိလိ အရှိန်အဝါမျိုးဖြင့် ရပ်နေပြီး လူအားလုံး ပြင်းထန်သော ဖိအားများ ခံစားလိုက်ကြရသည်။ ရွှီချင်းသည်လည်း ထိုနည်းတူပင်။ သူ၏စိတ်ထဲတွင် တားမြစ်နယ်မြေ တောအုပ်ထဲမှ ပြိုင်ဘက်ကင်း သားရဲကြီးတစ်ကောင်ကို ကြုံတွေ့နေရသည့်အလား အန္တရာယ်အငွေ့အသက်များ ရုတ်ခြည်း ထိုးတက်လာ၏။

ထိုခံစားချက်သည် လူကြီးမင်းလီကို မြင်ခဲ့စဉ်အခါကထက်ပင် ပို၍ အားကောင်းနေသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးပင် နှိုင်းယှဉ်ကြည့်ပါက များစွာ အားနည်းနေသည်။

ရွှီချင်း၏သတိက အထွတ်အထိပ်ကို ရောက်သွားသည်။ သူ အလိုလို နောက်ဆုတ်သွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။

ဒုတိယမင်းသမီးထံမှ လာနေသော ရက်စက်ကြမ်းတမ်းသည့်အငွေ့အသက်က တုန်လှုပ်ချောက်ချားစရာကောင်းနေသည်။

သူ၏ဘေးရှိလူကြားထဲမှနေ၍ အပြင်ဘက်လမ်းတွင် ဟာလာဟင်းလင်းဖြစ်နေသည်ကို သူ မြင်လိုက်ရသည်။ ဤရက်စက်ကြမ်းတမ်းသောအချိန်မျိုးတွင် တစ်ယောက်မှ ပေါ်မလာချင်သည့် ဆန္ဒများ ရှိနေကြသည့်အလားပင်။

ဖက်တီးလေးဟွမ်ရန်သည်သာ မည်သည့်ဖိအားမျှ မခံစားရဘဲ သူ၏အကြံအစည် အထမြောက်သွားသည့်အလား ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။

သူက ဒုတိယဂိုဏ်းတူအစ်မဘေးကို သွား၍ စိတ်ထိခိုက်နေသည့်အမူအရာဖြင့် ပြောလိုက်သည်။

“ ဂိုဏ်းတူအစ်မ … အဲဒီဆိုင်ရှင်နဲ့ အဲဒီငါးက အစ်မကို ကျနော်ပေးခဲ့တဲ့ ပစ္စည်းတွေက ခိုးရာပါပစ္စည်းတွေလို့ ပြောခဲ့တာပါ။ ဂိုဏ်းတူအစ်မ … ဟွမ်ရန်ဆိုတဲ့ကျနော်က ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပါ။ ကျနော်က သိပ်ကို ကြင်နာသနားတတ်ပြီး၊ ရိုးသားပွင့်လင်းတဲ့အပြင် သစ္စာလည်း ကြီးပါတယ်။ အစ်မတစ်ယောက်တည်းကိုပဲ ကျနော် ချစ်တာပါ။ သူတို့ ကျနော့်ကို လျှောက်ပြောရင် ခံသာပါသေးတယ်။ ဒါပေမဲ့ဗျာ သူတို့က ကျနော် အစ်မကို ပေးခဲ့တဲ့ပစ္စည်းတွေကို သွားပုပ်လေလွင့်လျှောက်ပြောတာ ”

“ ဂိုဏ်းတူအစ်မကို ပေးတဲ့ ကျနော့်လက်ဆောင်တွေကို မဟုတ်မမှန်ပြောတာက ရှစ်နှစ်လုံးလုံး ဂိုဏ်းတူအစ်မအပေါ် ကျနော် ထားခဲ့တဲ့ ခံစားချက်တွေကို ဝေဖန်ပြစ်တင်လိုက်တာနဲ့ အတူတူပါပဲ ”

ဖက်တီးလေးသည် ဒုတိယဂိုဏ်းတူအစ်မဘေးတွင် မလိုက်ဖက်သည့်အသွင်ဖြင့် ရပ်နေသည်။ အရပ်အမောင်းအရဖြစ်စေ၊ ခန္ဓာကိုယ်ထွားကျိုင်းမှုမရဖြစ်စေ လူကြီးတစ်ယောက်ဘေးတွင် ရပ်နေသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ကံကောင်းထောက်မ၍ သူ့ဝမ်းဗိုက်က အလွန် ကြီးနေသည်။ သို့သော် အားလုံးခြုံကြည့်ပါက သူတို့နှစ်ယောက်က လုံးဝ လိုက်ဖက်မညီချေ။

သို့သော်လည်း သူ၏စကားများကြောင့် ဆိုင်ထဲရှိ လူအားလုံး တခဏမျှ မှင်သက်သွားရသည်။ သူတို့အားလုံး အသက်ဝဝရှူသွင်းလိုက်ကြပြီး မယုံနိုင်စရာကောင်းလောက်အောင် အံ့သြတုန်လှုပ်သွားကြသည်။

ယခုအခါ အစောပိုင်းက ရပ်ကြည့်နေခဲ့ကြသည့် တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားများ၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းများဖြင့် ပြူးကျယ်နေသည်။ ကျန်းစန်းသည်လည်း ထိုလူများထဲ ပါဝင်သည်။

ဆိုင်ရှင်မှာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။

“ ဒုတိယမင်းသမီးက … မင်းရဲ့ ဂိုဏ်းတူအစ်မလား ”

ထိုစကားလုံးများက ကြောင်တောင်တောင်နိုင်ပါသော်လည်း ဆိုင်ရှင်၏စိတ်ထဲ ခံစားချက်များ ဗြောင်းဆန်နေသည်ကို ဖော်ပြနေသည်။

ဤနေရာရှိလူအားလုံး ဟွမ်ရန်ကို သိကြသည်။ သတ္တမမြောက်တောင်ထိပ်၌ ဟွမ်ရန်ကို အတော်လေး နာမည်ကြီးသည်ဟု ယူဆနိုင်သည်။ သို့သော်လည်း ထိုနာမည်ကြီးရသည့်အကြောင်းအရင်းအများစုက သူ၏ ‘ အချစ်ရူး ’ သည့်ကိစ္စမှ လာပေသည်။

ဟွမ်ရန်အကြောင်းကို လူအားလုံး အနည်းနှင့်အများ တိတ်ဆိတ်စွာ ဝေဖန်ပြောဆိုခဲ့ကြသည်။ သူက ဂိုဏ်းတူအစ်မတစ်ယောက်ကို ရှစ်နှစ်ကြာ ပိုးပန်းနေခဲ့ပြီး ထိုဂိုဏ်းတူအစ်မကို သူ ပေးခဲ့သည့် လက်ဆောင်များကလည်း ဆိုင်ပေါင်းများစွာကို ဝယ်နိုင်ကြောင်း သူတို့ သိထားသည်။

ယခင်က ထိုအကြောင်း ပြောကြသည့်အခါ သူတို့ထဲမှ လူအများစုက ဟွမ်ရန်က သာမန်မဟုတ်ကြောင်း ခန့်မှန်းနိုင်ကြသည်။ အဘယ်ကြောင့်ဆိုရသော် ဟွမ်ရန်က သူ၏ချမ်းသာကြွယ်ဝမှုကို ထိန်းထားနိုင်ပြီး ယခုအချိန်တိုင်အောင် မသေသေးသည့်အတွက်ကြောင့် ဖြစ်သည်။ သို့သော်လည်း သူတို့၏စကားများထဲတွင် သရော်လှောင်ပြောင်သည့်စကားများသာ ပါဝင်ခဲ့သည်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်အတွက်ဖြင့် ယောကျ်ားမာနကိုပင် ခဝါချကာ ခယနေသည်ဟု သူတို့ တွေးခဲ့ကြသည်။

သို့သော်လည်း ယခုအခါ ကျန်းစန်းဖြစ်စေ၊ ဆိုင်ရှင်ဖြစ်စေ၊ ဤနေရာရှိ တခြားဂိုဏ်းသားများဖြစ်စေ၊ သူတို့အားလုံး ဖက်တီးလေးကို အံ့အားသင့်နေသည့်ကြားမှ မကြုံစဖူး လေးစားသည့်အကြည့်များဖြင့် ကြည့်နေကြသည်။ ထိုအကြည့်များအနက် မနာလိုသည့်အကြည့်များပင် ပါသည်။

ဂိုဏ်းတူအစ်မသာ ယခုလိုပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပါက သူတို့လည်း လက်ဆောင်များ ပေးလိုက်မည်သာ ဖြစ်သည်။

ရှစ်နှစ်ပင်မဆိုထားဘိ နောက်ထပ်ဆယ့်ရှစ်နှစ် သို့မဟုတ် နှစ်ဆယ့်ရှစ်နှစ်အထိပင် သူတို့ လက်ဆောင်များ ပေးနိုင်သည်။

ရွှီချင်းသည်လည်း ရင်တဒိန်းဒိန်းခုန်သွားရပြီး ဖက်တီးလေးနှင့် ဒုတိယမင်းသမီးကို ကြည့်လိုက်သည်။ သူ၏အကြည့်တွင် အနည်းငယ် အံ့အားသင့်သည့်အရိပ်အယောင်များ ပါနေသည်။ ဖက်တီးလေး ရှစ်နှစ်လုံးလုံး လိုက်နေသည့်လူက သတ္တမမြောက်တောင်ထိပ်၏ ဒုတိယမင်းသမီးဖြစ်နေမည်ဟု သူ အမှန်တကယ် မျှော်လင့်မထားခဲ့ပေ။

ယခုအခါ မည်သည့်အတွက်ကြောင့် ဖက်တီးလေးက ဤကိစ္စတွင် ဓားခုတ်ရာလက်ဝင်လျှိုခဲ့သည်ကိုလည်း သူ နားလည်လာရသည်။ ဖက်တီးလေးက အလွမ်းနာ ဖြေဖျောက်နိုင်စေရန်အတွက် ဂိုဏ်းတူအစ်မ၏ အာရုံစိုက်ခံရနိုင်စေရန် ကိစ္စများကို အဆုံးစွန်ထိ ရည်ရွယ်ချက်ရှိရှိ မြှင့်တင်လိုက်ခြင်း ဖြစ်သည်။

ရွှီချင်းက သူ့ကိုယ်သူ အားရကျေနပ်နေသည့် ဖက်တီးလေးကို ကြည့်လိုက်ပြီးနောက် ကြောက်စရာကောင်းသော ဒုတိယမင်းသမီးကို လှမ်းကြည့်ကာ ငြိမ်သက်သွားသည်။

ဒုတိယမင်းသမီးက ဟွမ်ရန်၏ စိတ်ထိခိုက်နေသည့်မျက်နှာကြောင့် အနည်းငယ် မျက်ခုံးပင့်သွားပြီး ရှေ့ဆက်လျှောက်သွားသည်။ သူမက ခေါင်းငုံ့ထားပြီဖြစ်သော ရေသူထီးလူငယ်လေးကို ဖြတ်ကျော်သွားသည့်အခါ တစ်ခွန်းမှမပြောပါသော်လည်း သူမ၏မျက်လုံးများထဲ အထင်သေးသည့်အရိပ်အယောင်များ ရှိနေသည်။

ဘေးတွင်ရှိနေသော ဟွမ်ရန်၌လည်း အထင်သေးသောအရိပ်အယောင်များ ရှိနေသည်။ သူက မေးကိုမော့ကာ နှာမှုတ်လိုက်၏။

ဒုတိယမင်းသမီး၏အကြည့်ကြောင့် ရေသူထီးလူငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ် တုန်ရီနေပြီး သူ အတတ်နိုင်ဆုံး ထိန်းချုပ်နေဟန်တူသည်။ သို့သော်လည်း ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာက သူ၏ရင်ထဲမှ အကြောက်တရားကို ဖော်ပြနေသေးသည်။

သူ၏စိတ်က လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်အကြာက ရေသူမကျွန်းပေါ်ရှိ သတ်ပွဲအကြောင်းကို ပြန်ရောက်သွားသည်။ ထိုသတ်ပွဲအတွင်း အနှီလူရိပ်က သွေးချောင်းစီးစေခဲ့သည်။

ယင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ သတ္တမမြောက်တောင်ထိပ်မှ ပြိုင်ပွဲတစ်ခုဖြစ်သည်။ လူသားများ၏ ဆိုးယုတ်သောစရိုက်နှင့် ရေသူထီးမျိုးနွယ်၏ အလျော့မပေးသောစရိုက်ကြောင့် သတ္တမမြောက်တောင်ထိပ်၏ ပြိုင်ပွဲကို ရေသူမမျိုးနွယ်၏ ပိုင်နက်ထဲတွင် စီစဉ်ခဲ့ကြသည်။

တချိန်တည်းမှာပင် ယင်းက ဖိနှိပ်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။ ထိုဖြစ်ရပ်ပြီးနောက် အဖွဲ့နှစ်ဖွဲ့သည်လည်း မဟာမိတ်များ ပြန်ဖြစ်သွားကြသည်။

ချီရွှဲ့ထုံဂိုဏ်းက ရေသူမမျိုးနွယ် မျိုးတုန်းမည့်အရေးမှ အချိန်မီကယ်တင်ခဲ့ပြီး ရင်းမြစ်ပစ္စည်းများစွာ ထောက်ပံ့ပေးခဲ့ပါသော်လည်း ရေသူမမျိုးနွယ်ဝင်များအားလုံးက သူတို့ လုပ်ပေးသင့်သည်ဟူ၍သာ မြင်ကြသည်။ လူသားမျိုးနွယ်နှင့် မဟာမိတ်ဖြစ်ရသည့်အတွက် သူတို့ကိုယ်သူတို့ အရှက်ခွဲနေသလိုသာ သူတို့ ခံစားနေရသည်။

သူသည် ရင်ထဲတွင် ခံစားချက်ပေါင်းများစွာ လှိုင်းထန်လာပါသော်လည်း ခေါင်းကိုသာ ငုံ့ထားပြီး မော့မကြည့်ဝံ့ပေ။ ချီရွှဲ့ထုံဂိုဏ်းကို အနှေးနှင့်အမြန် အကြွေးဆပ်စေရန် လုပ်မည်ဟု သူ ရင်ထဲမှနေ၍ အော်ဟစ်နေသည်။

ရေသူထီးလူငယ် ဦးညွှတ်နေဆဲဖြစ်သည်ကို မြင်ရပြီးနောက် ဒုတိယမင်းသမီး၏ အထင်သေးသည့်အကြည့်က ပို၍ စူးရှသွားသည်။ သူမက ရွှီချင်းဆီ လျှောက်လာပြီး သူ့ကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။

ရွှီချင်းက အသက်ဝဝရှူသွင်းလိုက်ပြီး တည်ငြိမ်သောအမူအရာဖြင့် လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။

“ ဒုတိယမင်းသမီးကို နှုတ်ဆက်ပါတယ် ”

“ ဂိုဏ်းတူအစ်မ၊ အဲဒါ ကျနော့်အစ်ကို ရွှီချင်း။ ဒီတစ်ခေါက် သူလည်း ကျနော်နဲ့အတူ စွပ်စွဲခံရတာ ”

ဟွမ်ရန်က မကြာသေးခင်က သူ ထုတ်ခဲ့သည့်ပစ္စည်းများကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ထိုပစ္စည်းများကို သူ မိတ်ဆက်စဉ်အခါက သူ၏အမူအရာက ဂုဏ်ယူဝင့်ကြွားသည့်ဟန် ရှိနေခဲ့သည်။

ဒုတိယမင်းသမီးက ခေါင်းညိတ်ပြလိုက်ပြီး ရွှီချင်းကို လျစ်လျူရှုလိုက်သည်။ ထို့နောက် ကောင်တာကို လျှောက်သွား၏။ ကောင်တာအနားကို ရောက်သောအခါ သူမ၏လက်ထဲမှ ဓားကြီး ဝှေ့ယမ်းသွားပြီး ကောင်တာပေါ် အရှိန်ပြင်းစွာ ကျသွားလေရာ ဆိုင်ရှင် တုန်ရီသွားသည်။

ထိုဓားကြီးက အလွန် လေးလံသည်။ သစ်သားကောင်တာက အတော်လေး မာကြောပါသော်လည်း ဓားချက်ကြောင့် ချိုင့်ဝင်သွားရပြီး ဓားထိပ်ဖျားက ဆိုင်ရှင်၏ဗိုက်ကို ထောက်နေလေသည်။ ဓားကြီး၏ အေးစက်စက်အငွေ့အသက်ကြောင့် ဆိုင်ရှင်၏နဖူးမှ ချွေးသီးများ ကျလာသည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး တုန်ရီနေသောအသံဖြင့် ပြောလိုက်သည်။

“ ဒုတိယမင်းသမီး၊ ကျုပ် … ”

“ ငါ့ပစ္စည်းတွေက ခိုးရာပါပစ္စည်းတွေလို့ မင်း ပြောတာလား ”

ဒုတိယမင်းသမီးက တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

ဆိုင်ရှင်၏ခန္ဓာကိုယ်မှ ချွေးများ ပို၍ ကျဆင်းလာပြီး သူ၏ကျောတစ်ခုလုံး စိုရွှဲနေသည်။ သူ၏မျက်နှာပေါ်တွင် ခါးသီးသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး ရင်ထဲတွင် သူ ငိုကြွေးနေသည်။ မူလက ယနေ့ကိစ္စမှနေ၍ ကံကြမ္မာကောင်း ဖန်တီးလိုပါသော်လည်း မည်သည့်နေရာကမှန်းမသိ ဖက်တီးလေး ရောက်လာသည်။ ဖက်တီးလေး၏နောက်ကွယ်၌ ယခုကဲ့သို့ နတ်ဘုရားတစ်ပါး ရှိနေမည်ဟု သူ၏အဆိုးဝါးဆုံးအိပ်မက်များထဲမှာပင် စိတ်ကူးမယဉ်ခဲ့ဖူးချေ။

သူ၏ရှေ့၌ ရပ်နေသည့် ထိုကဲ့သို့ လူတစ်ယောက်ကို သူ အပြစ်မလုပ်နိုင်ချေ။ အမှန်စင်စစ် ဤကိစ္စကို ဖန်တီးခဲ့သည့် လူကြီးမင်းသည်ပင် အသက်ရှင်နေသော ဒိုင်နိုဆောတစ်ကောင်လိုမျိုး ဖြစ်သည့် ဒုတိယမင်းသမီးကို အလွယ်တကူ အပြစ်မလုပ်ချင်ကြောင်း သူ ခံစားမိနေသည်။

အနှီပုဂ္ဂိုလ်က သတ္တမမြောက်သခင်ကြီး ချစ်ခင်သည့် သတ္တမမြောက်တောင်ထိပ်၏ အကြီးဆုံး မင်းသမီး မဟုတ်ပါလား။

သူက ခပ်သွက်သွက် ပြောလိုက်၏။

“ အ … အထင်မှားသွားတာပါ။ ဒါ အထင်မှားသွားတဲ့ကိစ္စပါ။ ကျနော် အမြင်မှားသွားတာပါ။ ဒါတွေက ဘယ်လိုလုပ် ခိုးရာပါပစ္စည်းတွေ ဖြစ်နိုင်မှာလဲ ”

ထိုအခြင်းအရာကို ကြည့်၍ ရွှီချင်း၏မျက်လုံးများထဲ အလင်းတစ်စ ဝင်းလက်သွားသည်။ တန်ခိုးစွမ်းအားသည်သာ အခရာဖြစ်ပြီး ဤလောကကြီး၏ မပြောင်းမလဲ တည်ရှိနေမည့် စည်းမျဉ်းဖြစ်ကြောင်း သူ နားလည်ထားသည်။ အထူးသဖြင့် ဒုတိယမင်းသမီး၏ နောက်ဆုတ်တွဲစကားများကို သူ ကြားလိုက်ရပြီး အထက်စီးဆန်ခြင်း ဆိုသည်ကို သူ ထပ်လောင်း နားလည်လိုက်ရသည်။

“ မင်း အမြင်မမှားဘူး။ ဒါတွေက ခိုးရာပါပစ္စည်းတွေပဲ။ ကျင်းကန်းဂိုဏ်းကနေ ငါ လုလာတာ။ မင်း ဘာပြောချင်သေးတုံး ”

ဒုတိယမင်းသမီးက အေးစက်စက်ပြောလိုက်သည်။ သူမ၏လက်ထဲရှိ ဓားက ရှေ့တိုးသွားပြီး ဆိုင်ရှင်၏ အဝတ်အစားများကို ချက်ချင်း ဖောက်ထွင်းကာ သူ့ဝမ်းဗိုက်ကို ထိသွားသည်။

ဆိုင်ရှင်၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ့နဖူးမှ ချွေးများ ပို၍ စီးကျလာသည်။ သူ လက်ခံရန်သာ တတ်နိုင်ပြီး မည်သည့်တုန့်ပြန်ရမည်ကို မသိတော့ပေ။

“ ငါက ကျင်းကန်းဂိုဏ်းကနေ လုယက်လာတဲ့လူလို့ မင်းနောက်ကလူကို ပြောလိုက်။ အဲဒီကျင်းကန်းဂိုဏ်းကိုလည်း သုံးရက်အတွင်း ငါ့ကို လာတောင်းပန်ရမယ်လို့ တစ်ခါတည်း ပြောလိုက်။ ငါ စိတ်ကျေနပ်လောက်တဲ့ လက်ဆောင် ပေးရမယ် ”

ဒုတိယဂိုဏ်းတူအစ်မ၏ စကားများထဲတွင် ခြိမ်းခြောက်သည့်စကားများ မပါဝင်ပါသော်လည်း ထိုစကားကို ကြားလိုက်ရသည့်လူတိုင်း ကျင်းကန်းဂိုဏ်းသာ တောင်းပန်ရန် ရောက်မလာခဲ့ပါက သို့မဟုတ် သူတို့ပေးသည့်လက်ဆောင်က မလုံလောက်ပါက ဤလောကကြီးမှ ကျင်းကန်းဂိုဏ်း ပျောက်ကွယ်သွားရမည်ဖြစ်ကြောင်း ကောင်းစွာ နားလည်လိုက်ကြသည်။

ထိုစကားတစ်ခွန်းက ဒုတိယမင်းသမီး၏ အထက်စီးဆန်သောစရိုက်ကို အပြည့်အဝ ပြသလိုက်လေသည်။ ထို့နောက် This sentence fully displayed the second highness’ domineeringness. She then swept her gaze across the items scattered on the ground.

“Are you going to take these?”

“I-I’ll take them…”

ဆိုင်ရှင်က ကမန်းကတန်း ပြန်ပြောလိုက်သည်။ သူ အသက်ကျယ်ကျယ်မရှူဝံ့ဘဲ ဝိညာဉ်ကျောက်တုံးတစ်ရာကို ခပ်သွက်သွက်ထုတ်လိုက်သည်။ ဂိုဏ်းတူအစ်မက မျက်ခုံးမွေးများ ပင့်ထားဆဲဖြစ်သည်ကို သူ မြင်ရသောအခါ တုန်ရီသွားပြီး အံကြိတ်၍ နောက်ထပ်ဝိညာဉ်ကျောက်တုံးတစ်ရာကို ထုတ်လိုက်သည်။

သူက ဝိညာဉ်ကျောက်တုံးနှစ်ရာကို ဘေးတွင် ထားလိုက်ပြီး ရွှီချင်းနှင့် ဟွမ်ရန်ကို တောင်းပန်တိုးလျှိုးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ဂိုဏ်းတူအစ်မက ဆိုင်ရှင်ကို ကြောက်လန့်အောင် ထပ်မလုပ်တော့ဘဲ ကောင်တာတွင် စိုက်နေသော ဓားကြီးကို ပြန်ယူလိုက်ပြီး အပြင်ထွက်လာသည်။ ရေသူထီးလူငယ်ဘေးမှ ကျော်လာသောအခါ အထင်သေးသည့်လေသံဖြင့် ပြောလိုက်သည်။

“ သွားစမ်း၊ ငါ့လမ်းကို လာရှုပ်နေတယ် ငါးပုပ်ကောင် ”

ရေသူထီးလူငယ်မှာ တုန်ရီသွားရပါသော်လည်း တိတ်ဆိတ်စွာ နောက်ဆုတ်ပေးလိုက်သည်။

“ နှုတ်ဆက်ပါတယ် ဒုတိယမင်းသမီး ”

ဒုတိယမင်းသမီးဝင်ပေါက်ကို ရောက်သောအခါ ဆိုင်ထဲရှိ လူအားလုံးက လက်များကို ဆုပ်၍ လေးစားစွာ ပြောလိုက်ကြသည်။

ရွှီချင်းက ခေါင်းမော့၍ ဒုတိယဂိုဏ်းတူအစ်မ၏ နောက်ကျောကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည်လည်း လက်နှစ်ဖက်ကို ဆုပ်လိုက်သည်။

ယခုအခါ ဟွမ်ရန်၏မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားခြင်းများဖြင့် ပြည့်နှက်နေသည်။ သူက ငြိမ်သက်နေသော လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး ရွှီချင်း၏ပခုံးကို ပုတ်လိုက်သည်။

“ ကြည့်လိုက်၊ အဲဒါ ကျနော့်ဂိုဏ်းတူအစ်မ၊ ကျနော့်နတ်ဘုရားမလေးပဲ။ နောက်ကျ ကျနော်တို့ကို ဘယ်ကောင်စွပ်စွဲဝံ့သေးတုံး ကြည့်ရသေးတာပေါ့ ”

“ ဒါပေမဲ့ အစ်ကိုက တစ်ခုခုတော့ တစ်ခုခုပဲ။ ကျနော့်ကိစ္စကို ကူညီဖို့ အစ်ကို တွန့်ဆုတ်မနေဘူး။ ပြီးတော့ ကျနော့်ကိုကူပြီး အဲဒီဝန်ထုပ်ကြီးကို ထမ်းပေးချင်သေးတယ်။ ကျနော် အဲဒီကိစ္စကို မှတ်ထားမှာပါ။ ကျနော် ပြောမယ်။ ကျနော်က ကျနော့်ကို ကြင်နာတဲ့လူဆိုရင် ပြန်ကြင်နာတတ်တဲ့လူတစ်ယောက်ပါ။ အခုလောလောဆယ် ကျနော့်မှာ ဘာမှကောင်းတာမရှိသေးဘူး။ နောက်ကျ ကောင်းတာတစ်ခုခုတွေ့ရင် အစ်ကို့ကို လက်ဆောင်အနေနဲ့ ပေးမယ် ”

ဟွမ်ရန်မှာ သူ့ကိုယ်သူ အလွန် ဘဝင်ခိုက်နေတော့သည်။ စကားဆုံးသောအခါ သူသည် ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်ပြီး ရွှီချင်း ပြောသည်ကိုပင် မစောင့်တော့ဘဲ ဒုတိယမင်းသမီးနောက်သို့ ပြေးလိုက်သွားသည်။

“ ဂိုဏ်းတူအစ်မ၊ ကျနော့်ကို စောင့်ပါဦး …”

ရွှီချင်းမှာ အံ့အားသင့်နေရဆဲပင်။ ခဏအကြာ ဆိုင်တံခါးဝဆီမှ သူ အကြည့်လွှဲလိုက်ပြီး သူ့အင်္ကျီထောင့်စွန်းကို ကြည့်လိုက်သည်။ ထို့နောက် ဒေါပွနေဟန်ရှိသော ရေသူထီးလူငယ်ကို သူ လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲ ဆိုးယုတ်သောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပါသော်လည်း ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားသည်။

သူက ဆိုင်ရှင်ပေးခဲ့သည့် ဝိညာဉ်ကျောက်တုံးနှစ်ရာကို ယူလိုက်သည်။ ထို့နောက် ဆိုင်ရှင်၏ ခါးသီးကာ ကြောက်လန့်သောအကြည့်အောက်တွင် ဆိုင်ထဲမှ ထွက်လာခဲ့ပြီး ရေသူထီးလူငယ်ကိုမူ သူ တစ်ချက်ပင် မကြည့်ခဲ့ပေ။

ဆိုင်အပြင်ဘက်ကို သူ ရောက်သောအခါ သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်စေရန် ဆွဲချလိုက်ပြီး သူ့အင်္ကျီထောင့်စွန်းကို ကြည့်ကာ သူ့မျက်နှာ မည်းမှောင်သွားသည်။

တချိန်တည်းမှာပင် ဆိုင်ထဲရှိ ရေသူထီးလူငယ်က ထွက်ခွာသွားသော ရွှီချင်း၏နောက်ကျောကို ကောက်ကျစ်သောအမူအရာဖြင့် ကြည့်နေသည်။ ယနေ့ သူ၏စိတ်အခြေအနေ ဆိုးဝါးနေပြီး သူ့မျက်လုံးများထဲတွင် အထင်သေးသည့်အရိပ်အယောင်တစ်ခု ရှိနေသည်။

“ ငါနဲ့ တိုက်ခိုက်ခဲ့တဲ့ကောင်မှန်သမျှ လွတ်မြောက်သွားခဲ့ရင်တောင် အသက်ရှင်နိုင်တာ ရှားတယ်။ အဲဒီလူတွေ သေတာကို မမြင်ရတာတော့ နှမျောစရာပဲ ”

သူက စိတ်ထဲတွင် အေးစက်စက်နှာမှုတ်လိုက်ပြီး အကြည့်လွှဲလိုက်သည်။ ထို့နောက် သူ၏အင်္ကျီလက်ကို ခါယမ်းကာ ဆိုင်အပြင်ဘက်သို့ ထွက်လာသည်။

သူ့အတွက် ရွှီချင်းက ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။ ဟွမ်ရန်သာ ရှိမနေခဲ့ပါက ယနေ့ ရွှီချင်းကို သူ သေချာပေါက် သတ်ပစ်မည်ဖြစ်သည်။

“ ချီရွှဲ့ထုံဂိုဏ်းက လူအကုန်လုံး သေဖို့ထိုက်တန်တယ်။ အဲဒီကလေးက ငါ့ဆုကြေးငွေကို လုယူလို့ ပိုပြီးတော့တောင် သေသင့်သေးတယ်။ သူ အနှေးနဲ့အမြန် သေမှာပါ ”

All Chapters