← Chapters

အခန်း (၅၈၆-၅၈၈)

Vol. 40 Ch. 586-588

အခန်း (၅၈၆-၅၈၈)

Vol. 40 Ch. 586-588

အခန်း (၅၈၆) - ကြီးမားသော အကျိုးအမြတ် (၃)

~မဟာ အကြီးအကဲ ဇီယန်နှင့် ကျန်းရူဟိုင် တို့သည် နင်ချီ၏ စကားကို ကြားလိုက်သောအခါ အကြောင်းရင်း မသိရသော်လည်း အနည်းငယ် တင်းမာနေသော စိတ်များ ပြေလျော့သွားသလို ခံစားလိုက်ရသည်။

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စိတ်လက်ပေါ့ပါးသွားကြလေ၏။

ဇီယန်က ပြောလိုက်၏။

“ကံကောင်းလို့ မင်း ဆေးလုံး ချန်ထားပေးခဲ့တာပါကွာ... အခု ငါတို့ ဒဏ်ရာတွေ လုံးဝ ပျောက်ကင်းသွားပြီ...”

ထိုစဉ်၊ ကျန်းရူဟိုင်ကလည်း ဖြည့်စွက် ပြောဆိုလာ၏။

“အခုချိန်ကစပြီး ငါတို့ မင်းကို နင်ချီလို့ ခေါ်လို့ မဖြစ်တော့ဘူး... 'တာအိုရောင်းရင်း' လို့ ခေါ်ပြီး ငါတို့ အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးကို ဆပ်သင့်တယ်ကွာ...”

နင်ချီ သက်ပြင်းချလိုက်မိသည်။

“ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး ခင်ဗျာ... အကန့်အသတ်မဲ့ ဓားဂိုဏ်းသား တစ်ယောက်ယောက် အန္တရာယ် ကြုံလာရင် ဘယ်သူမဆို ကယ်ကြမှာပဲလေ... ဒါက ဂိုဏ်းသားတိုင်းရဲ့ တာဝန်ပါ...”

“ပြီးတော့ အခေါ်အဝေါ် ကိစ္စက... ကျွန်တော်က ဂိုဏ်းသား တစ်ယောက်ပါ... ကျွန်တော့် စွမ်းအား တိုးတက်လာရုံလေးနဲ့ အကြီးအကဲတို့က အခေါ်အဝေါ် ပြောင်းစရာ မလိုပါဘူး ခင်ဗျာ...”

ထိုစကားကို ကြားလိုက်ရသောအခါ ဇီယန်နှင့် ကျန်းရူဟိုင်တို့ ပို၍ပင် သဘောကျသွားကြ၏။

ကြောက်မက်ဖွယ် ကောင်းသော ပါရမီနှင့် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ဤမျှလောက် နှိမ့်ချတတ်ခြင်းသည် တကယ်ပင် လေးစားစရာ ကောင်းလှပေသည်။

အကယ်၍ သေဆုံးသွားသော ယဲ့ချန်သာ ဤကဲ့သို့ ကံကောင်းခြင်းမျိုး ရရှိခဲ့လျှင် လူတိုင်းကို နှာခေါင်း ရှုံ့ပြီး မောက်မာနေမည်မှာ အသေအချာပင်။

အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် အမှန်တကယ် ကံကောင်းသည်ဟု သူတို့ ခံစားလိုက်ကြရသည်။

ထို့နောက် အားလုံးသည် ရေကန်ဘေးတွင် ဝိုင်းထိုင်လိုက်ကြပြီး၊ နင်ချီက လျှို့ဝှက်နယ်မြေ ပြိုကျပျက်စီးသွားပုံနှင့် ကောင်းကင် ကြယ်တာရာ ဂိုဏ်း၊ ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းတို့မှ စွမ်းအားရှင်များ အားလုံး သေဆုံးသွားရသည့် အကြောင်းရင်းကို ပြောပြလိုက်လေ၏။

အားလုံး နောက်တစ်ကြိမ် ထပ်မံ အံ့သြ ထိတ်လန့်သွားကြပြန်သည်။

ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ရန်လိုနေကြောင်း လူတိုင်း သိကြ၏။

နင်ချီက သူတို့ကို ရှင်းလင်းပေးလိုက်ခြင်းသည် ဂိုဏ်းအတွက် အချိန်ပို ရရှိစေသလို စွမ်းအားကြီးသော ရန်သူများကိုလည်း လျှော့ချပေးလိုက်ခြင်းပင် ဖြစ်သည်။

ထိုအခိုက်အတန့်၌၊ မဟာ အကြီးအကဲ ဇီယန်နှင့် ကျန်းရူဟိုင်တို့၏ မျက်နှာပေါ်တွင် မျက်နှာပူသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ သူတို့သည် အကြီးအကဲများ ဖြစ်ကြသော်လည်း လျှို့ဝှက်နယ်မြေ ခရီးစဉ် တစ်လျှောက်လုံး ရန်သူ တစ်ယောက်ကိုမျှ မသတ်နိုင်ခဲ့ကြပေ။

သို့သော် နင်ချီ၏ နောက်ထပ် ပြောစကား တစ်ခွန်းကြောင့် အားလုံး၏ ရင်ထဲတွင် တင်းကျပ်သွားကြပြန်သည်။

“ငါတို့ လာတဲ့ လမ်းမှာ တိုက်ခိုက်ခံရတဲ့ ကိစ္စကို... အားလုံး သံသယ ရှိနေကြမယ် ထင်တယ်...”

ဇီယန် ကပျာကယာ မေးလိုက်၏။

“နင်ချီ... မင်းမှာ သက်သေ ရှိလား...”

ဒါသည် ယဲ့မိသားစုနှင့် ပတ်သက်နေကြောင်း သူ သိထားပြီး ဖြစ်သော်လည်း သက်သေ မရှိလျှင် အလွန် ပြဿနာ တက်နိုင်သော ကိစ္စ ဖြစ်သည်။

ကျန်းရူဟိုင်၏ မျက်လုံးများ အရောင်လက်သွားပြီး ကျန်းချင်းရွှယ် ဘက်သို့ အမှတ်တမဲ့ လှည့်ကြည့်လိုက်မိသည်။

ကျန်းချင်းရွှယ်က ခေါင်းအသာညိတ်ပြလိုက်သည်။

ကျန်းရူဟိုင် ချက်ချင်း သဘောပေါက်သွားသည်။

နင်ချီ၏ ကြောက်မက်ဖွယ် အလားအလာ အရ အကန့်အသတ်မဲ့ ဓားဂိုဏ်း ဆိုသည်မှာ သူ့ အင်မော်တယ် လမ်းစဉ်၏ အစမှတ် တစ်ခုသာ ဖြစ်ပေလိမ့်မည်။

အကယ်၍ ကျန်းမိသားစု အနေဖြင့် ယခုအချိန်တွင် သူ့ဘက်မှ မရပ်တည်ပေးလျှင် နောက်ထပ် အခွင့်အရေး ရတော့မည် မဟုတ်။

ကျန်းရူဟိုင် ပြောလိုက်သည်။

“တာအိုရောင်းရင်းနင်... ဒါက သေချာပေါက် ယဲ့မိသားစု လက်ချက်ပဲ... ငါတို့ ကျန်းမိသားစုက မင်းဘက်က အပြည့်အဝ ရပ်တည်ပေးမယ်... ယဲ့မိသားစုကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး...”

နင်ချီ ခေါင်းညိတ်လိုက်ပြီး လူအုပ်ကို ဝေ့ကြည့်ကာ ဆက်ပြောလေ၏။

“ကျွန်တော့်ကို လမ်းမှာ လုပ်ကြံဖို့ လျူမိသားစုနဲ့ ပူးပေါင်းခဲ့တဲ့ အကြောင်း... ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းက စွမ်းအားရှင် ဝမ်ဇန်ချိုး ဆီကနေ သက်သေ ရထားပါတယ်...”

ကျန်းချင်းရွှယ်၏ မျက်နှာထား အေးစက်သွားပြီး သူမ၏ အသံသည် ရေခဲတမျှ အေးစက်နေသည်။

“စီနီယာအစ်ကိုနင်ကို ပစ်မှတ်ထားတာက ကျွန်မတို့ အားလုံးကို ပစ်မှတ်ထားတာပဲ... ယဲ့မိသားစုရဲ့ သစ္စာဖောက်မှုက အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ အနာဂတ်ကို ရောင်းစားလိုက်တာနဲ့ အတူတူပဲ... သူတို့ သေဒဏ်နဲ့ ထိုက်တန်တယ်...”

အစစ်အမှန် အမွေခံများ အားလုံး ထောက်ခံလိုက်ကြပြီး နင်ချီနောက်မှ လိုက်ပါကာ ယဲ့မိသားစုကို လက်စားချေမည်ဟု သစ္စာဆိုကြလေ၏။

“ကောင်းပါပြီ... အကြီးအကဲတို့... အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ပြန်ကြပါစို့...”

ကျန်းရူဟိုင်တို့ နှစ်ဦးလည်း ဘာမှ ဆက်မပြောတော့ဘဲ ရတနာ သင်္ဘောကို ထုတ်လိုက်ကြ၏။ အားလုံး သင်္ဘောပေါ် တက်လိုက်ကြပြီး ချက်ချင်းပင် အလင်းတန်း တစ်ခုအသွင် ပြောင်းကာ ထွက်ခွာသွားကြလေတော့၏။

---

'နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ' ဖွင့်လှစ်ပြီးနောက် ဂိုဏ်းအသီးသီးသည် လျှို့ဝှက်နယ်မြေ အတွင်း ဖြစ်ပျက်နေသမျှကို အာရုံစိုက် စောင့်ကြည့်နေခဲ့ကြ၏။

ပထမဆုံး ရွှေရောင် ပင်မ အုတ်ဂူကြီး ပေါ်ထွက်လာခြင်းကို ဂိုဏ်းအားလုံး ချက်ချင်း သိရှိလိုက်ကြ၏။

ထို့နောက် လျှို့ဝှက်နယ်မြေ၏ တားမြစ်ချက်များ ပျောက်ကွယ်သွားပြီး စွမ်းအားရှင်များ ဝင်ရောက်ခွင့် ရရှိသွားသည့် သတင်းသည် နယ်မြေ နှစ်ခုလုံးသို့ လေအလျင် ရိုက်ခတ်သွားခဲ့၏။

ထို့နောက် 'သဟဇာတဖြစ်ခြင်း နက်ရှိုင်းခြင်းအဆင့် စွမ်းရည်' ကို တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ဖူချန် ရရှိသွားသည့် သတင်းသည် ထိန်းချုပ်မရအောင် မွှေနှောက် ခြောက်ခြားသွားခဲ့၏။

နောက်ဆုံးတွင် ပါရမီရှင်များစွာ သေဆုံးခြင်းနှင့် စွမ်းအားရှင်များ ကျဆုံးခြင်း သတင်းသည် နယ်မြေ နှစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။

အဆင့်မြင့် ဂိုဏ်းကြီး အများအပြားသည် ဤကိစ္စကြောင့် အချင်းချင်း စကားများ ရန်ဖြစ်ကြပြီး တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြ၏။ ထိပ်တန်း အဆင့်မြင့် ဂိုဏ်းကြီးများပင် ပါဝင် ပတ်သက်လာကြ၏။

ပို၍ ထူးခြားသည်မှာ ဂိုဏ်းတိုင်းက ဖူချန်ကို အစွမ်းကုန် လိုက်ရှာပြီး သူ ပိုင်ဆိုင်ထားသော 'သဟဇာတဖြစ်ခြင်း နက်ရှိုင်းခြင်းအဆင့် စွမ်းရည်' ကို ရယူရန် အမိန့်ထုတ်ထားကြခြင်း ဖြစ်သည်။

အထူးသဖြင့် ထိပ်တန်း အဆင့်မြင့် ဂိုဏ်းကြီးများတွင် 'ပေါင်းစည်းခြင်း နယ်ပယ်' စွမ်းအားရှင်များ ကိုယ်တိုင် အမိန့်ပေး ကွပ်ကဲနေကြ၏။

ခေတ္တမျှ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေ တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့လေ၏။

---

ရတနာ သင်္ဘောကြီးသည် ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဗဟို ရင်ပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာခဲ့၏။

သင်္ဘောပေါ်မှ ဆင်းလိုက်သည်နှင့် ဂိုဏ်း၏ စွမ်းအားရှင်များနှင့် အစစ်အမှန် အမွေခံများ အားလုံး စောင့်ကြိုနေကြသည်ကို တွေ့လိုက်ရသည်။

ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်းသည် သတင်း ကြိုရထားပြီး ဖြစ်သဖြင့် ဤအချိန်တွင် ပြန်ရောက်လာမည်ကို သိရှိကာ ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များ အားလုံးကို စုစည်းပြီး ကြိုဆိုလိုက်ခြင်း ဖြစ်သည်။

နင်ချီနှင့် အဖွဲ့သားများ ဂိုဏ်းသားများကို ဝေ့ကြည့်လိုက်ရာ အများစု၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှား ဝမ်းသာသော အရိပ်အယောင်များ ပေါ်နေသည်ကို တွေ့လိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ဒီတစ်ခေါက် လူ (၁၃) ယောက် စေလွှတ်ခဲ့ရာ (၁၁) ယောက် ပြန်ပါလာသောကြောင့် ဖြစ်သည်။

ဂိုဏ်းချုပ်ကြီး၏ အဆိုအရ ဤအောင်မြင်မှုသည် ထိပ်တန်း အဆင့်မြင့် ဂိုဏ်းများ အပါအဝင် အခြား ဂိုဏ်းအားလုံးထက် သာလွန်နေလေ၏။

သို့သော် လူအချို့ကမူ ပြန်ရောက်လာသော သူရဲကောင်းများကို မဲမှောင်သော မျက်နှာထားဖြင့် ကြည့်နေကြပြီး ဂိုဏ်းအတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း အလျဉ်း မရှိကြပေ။

သူတို့ကား ယဲ့မိသားစု ခေါင်းဆောင်သော ကျန်ရှိနေသည့် စွမ်းအားရှင် လေးဦးပင် ဖြစ်သည်။

နင်ချီ သတ်ဖြတ်လိုက်သော ယဲ့ချင်းထျန်း အပါအဝင် ယဲ့မိသားစုတွင် စုစုပေါင်း 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' စွမ်းအားရှင် (၅) ဦး ရှိခဲ့၏။

ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်း အပါအဝင် ကျန်းမိသားစုတွင်လည်း စွမ်းအားရှင် (၅) ဦး ရှိပြီး၊ ကြားနေ အုပ်စုတွင်လည်း (၅) ဦး ရှိလေ၏။

သင်္ဘောပေါ်မှ ဆင်းလာသည်ကို မြင်သည်နှင့် ယဲ့မိသားစုမှ စွမ်းအားရှင် လေးဦးသည် လူအုပ်ထဲမှ ချက်ချင်း ထွက်လာပြီး သူတို့ကို ဝိုင်းရံ ပိတ်ဆို့လိုက်ကြ၏။

“မင်းတို့ အားလုံးက ဘာမှ မဖြစ်ဘဲ ပြန်ရောက်လာပြီး... ငါတို့ ယဲ့မိသားစုရဲ့ မဟာ အကြီးအကဲ ယဲ့ချင်းထျန်း နဲ့ ယဲ့ချန် ပဲ ဘာလို့ သေရတာလဲ... ဒီကိစ္စကို ရှင်းရှင်းလင်းလင်း အဖြေမပေးနိုင်ရင် ငါတို့ ယဲ့မိသားစုက ဘယ်တော့မှ ငြိမ်နေမှာ မဟုတ်ဘူး...”

အကြီးအကဲ ဇီယန်နှင့် ကျန်းရူဟိုင် တို့သည် နင်ချီနှင့် အဖွဲ့သားများ ရှေ့မှ ကာရပ်လိုက်ကြ၏။

ယဲ့မိသားစု စွမ်းအားရှင်များသည် သူတို့ နှစ်ဦးကို မေးခွန်းထုတ်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤခရီးစဉ်၏ အသန်မာဆုံး ခေါင်းဆောင်များ ဖြစ်ကြသောကြောင့်ပင်။

နင်ချီသည် သူတို့၏ လျှို့ဝှက် ပစ်မှတ် ဖြစ်သော်လည်း၊ အသက်ရှင် လွတ်မြောက်လာသည် ဆိုလျှင်တောင် သူတို့က နင်ချီကို သံသယ မဝင်ကြပေ။

'မူလဝိညာဉ် နယ်ပယ်' ပထမ အစစ်အမှန် အမွေခံ တစ်ယောက်က ဘယ်လောက်ပဲ စွမ်းပါစေ... မဟာ အကြီးအကဲ ယဲ့ချင်းထျန်း ရှေ့မှာ လှည့်ကွက် သုံးလို့ ရမှာ မဟုတ်ဘူး ဆိုတာ သူတို့ ယုံကြည်ထားကြ၏။

အခန်း (၅၈၇) - ကြီးမားသော အကျိုးအမြတ် (၄)

~ယဲ့မိသားစု၏ စွမ်းအားရှင် လေးဦးက မေးခွန်းထုတ်လာသည့်အခါ မဟာ အကြီးအကဲ ဇီယန်နှင့် ကျန်းရူဟိုင်တို့ ပြန်ဖြေလိမ့်မည်ဟု အားလုံး ထင်မှတ်ထားခဲ့ကြ၏။

သို့သော် သူတို့ နှစ်ဦးသည် မည်သူမျှ မမျှော်လင့်ထားသော အပြုအမူကို ပြုလုပ်လိုက်ကြ၏။ သူတို့သည် ဘေးသို့ ဖယ်လိုက်ပြီး နင်ချီကို လှည့်ကြည့်လိုက်ကြလေ၏။

ထိုမြင်ကွင်းကြောင့် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဘာဖြစ်တာလဲ...။ အကြီးအကဲ နှစ်ဦးက ဘာလို့ နှုတ်ဆိတ်နေရတာလဲ။ ဒီမေးခွန်းကို စီနီယာအစ်ကိုနင် ဖြေရှင်းဖို့ လွှဲပေးလိုက်တာလား...။

အားလုံး၏ အကြည့်များသည် ရှေ့သို့ ဖြည်းညှင်းစွာ ထွက်လာသော နင်ချီအပေါ်သို့ ကျရောက်သွားကြ၏။

နင်ချီသည် လူအများ၏ အကြည့်ကို လျစ်လျူရှုထားပုံ ရသည်။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လောကီအရာများကို လွန်မြောက်နေသည့် အထွတ်အထိပ် ပုဂ္ဂိုလ် တစ်ဦး၏ အငွေ့အသက်များ ထွက်ပေါ်နေလေ၏။

သူသည် အကြီးအကဲ နှစ်ဦးကြားမှ ထွက်လာပြီး ယဲ့မိသားစု၏ စွမ်းအားရှင် လေးဦးနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

“နင်ချီ... မင်း ဖြစ်နေပြန်ပြီလား... ယဲ့ချန်ကို မင်း သတ်လိုက်တာလို့တော့ မပြောနဲ့နော်...”

ယဲ့မိသားစု ခေါင်းဆောင် ယဲ့သွမ့်ကျန်း သည် နင်ချီကို စက်ဆုပ်ရွံရှာစွာဖြင့် ငုံ့ကြည့်လိုက်သည်။

နင်ချီ ပေါ်ထွက်လာခြင်းသည် ယဲ့မိသားစု၏ စီမံကိန်း အားလုံးကို ဖျက်ဆီးပစ်လိုက်သောကြောင့် သူ အလွန် မကျေမနပ် ဖြစ်နေသည်။

မူလက သူတို့သည် ယဲ့ချန်ကို ထာဝရ ပထမ အစစ်အမှန် အမွေခံ နေရာ ပေးထားပြီး လျှို့ဝှက်နယ်မြေ ခရီးစဉ် ပြီးဆုံးသည်နှင့် ဂိုဏ်းချုပ်လောင်းလျာ အဖြစ် တရားဝင် ကြေညာရန် ရည်ရွယ်ထားခဲ့၏။

သို့သော် နင်ချီကြောင့် သူတို့၏ အိပ်မက်များ ပျက်စီးသွားရုံမက ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုကိုပါ ခံစားနေရသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် ပါရမီရှင်များ ရှိနိုင်သော်လည်း ခေါင်းဆောင်သည် ယဲ့မိသားစုဝင်သာ ဖြစ်ရမည်။

အကယ်၍ ထိုအချက် မဖြစ်မြောက်ပါက ယဲ့မိသားစုသည် ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ဝန်လေးမည် မဟုတ်ပေ။

ယဲ့သွမ့်ကျန်း၏ နာမည်သည်ပင် ယဲ့မိသားစုနှင့် ကျန်းမိသားစုကြား ပဋိပက္ခကို ဖော်ပြနေသကဲ့သို့ ရှိသည်။ (သွမ့်ကျန်း = မြစ်ကို ဖြတ်တောက်ခြင်း / ကျန်းမိသားစုကို ဖြတ်တောက်ခြင်း ဟု အဓိပ္ပာယ် ရပါသည်)။

ယခု ယဲ့သွမ့်ကျန်းက သက်သေ မရှိဘဲ နင်ချီကို လူသတ်တရားခံ အဖြစ် စွပ်စွဲလိုက်သဖြင့် အခြားသူများ မကျေမနပ် ဖြစ်ကုန်ကြ၏။

ကြားနေ အကြီးအကဲ တစ်ဦးက အေးစက်စွာ ဝင်ပြောလေ၏။

“အကြီးအကဲယဲ့... သက်သေ မရှိဘဲနဲ့ အစစ်အမှန် အမွေခံ တစ်ယောက်ကို လူသတ်သမားလို့ စွပ်စွဲတာ မကောင်းပါဘူး...”

“ယဲ့ချန် သေတာ မတော်တဆမှု ဖြစ်မှာပါ... အဲဒီအချိန်တုန်းက သူက မဟာ အကြီးအကဲ ယဲ့ချင်းထျန်းနဲ့ အတူ ရှိနေတာပဲ... ယဲ့ချင်းထျန်းပါ သေသွားတာကို ခင်ဗျားက နင်ချီ သတ်တာလို့ ပြောချင်တာလား...”

“ဟုတ်တယ်... အကြီးအကဲယဲ့ အနေနဲ့ ရှိနေတဲ့ လူတွေရဲ့ ဉာဏ်ရည်ကို နည်းနည်းလောက် လေးစားပါဦး... လူတိုင်းက ခင်ဗျားတို့ ယဲ့မိသားစုလို အ,အ မဟုတ်ဘူး...”

ယဲ့မိသားစု အကြီးအကဲများ၏ မျက်နှာ မဲမှောင်သွားကြ၏။

ယဲ့မိသားစု ဘယ်တုန်းက ဒီလောက် အောက်တန်းကျသွားရတာလဲ။

ဒါတွေ အားလုံး ကျန်းမိသားစုကြောင့်ပဲ...။

ယဲ့သွမ့်ကျန်း လက်ကာပြလိုက်သည်။ သူ၏ စွမ်းအား ဖိနှိပ်မှုကြောင့် ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားလေ၏။

“နင်ချီ... ဇီယန်က မင်းကို ရှေ့ထွက်ခိုင်းမှတော့ အဲဒီတုန်းက ဘာဖြစ်ခဲ့လဲ ဆိုတာ ပြောပြစမ်း... တစ်ခုတော့ ရှိတယ်... အမှန်တရားကို ဖုံးကွယ်ထားလို့ မရဘူးနော်... မဟုတ်ရင်တော့... ဟွန့်...”

နင်ချီ သူ့ကို ဂရုမစိုက်စွာ တစ်ချက် ကြည့်လိုက်သည်။

ရုတ်တရက်... နင်ချီသည် 'အရိပ်ဖမ်း ဝိညာဉ် သလင်းကျောက်' တစ်ခုကို ထုတ်ယူလိုက်ပြီး မှော်စွမ်းအင်ဖြင့် လှုံ့ဆော်လိုက်ရာ ရင်ပြင် အလယ်ရှိ ကျောက်စိမ်း နံရံပေါ်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာလေ၏။

ဤသလင်းကျောက်သည် ထိုစဉ်က နင်ချီ တိတ်တဆိတ် မှတ်တမ်းတင်ထားခဲ့သော အရာ ဖြစ်သည်။

အားလုံး အာရုံစိုက် ကြည့်လိုက်ကြရာ ယဲ့ချန်၏ ရုပ်သွင် ပေါ်လာသည်။ မျက်နှာထားမှာ မဲ့ရွဲ့နေပြီး ပြောနေလေ၏။

“နင်ချီ... အို... နင်ချီ... လွန်ခဲ့တဲ့ (၁၀) နှစ်လုံးလုံး ငါ ဘယ်လို နေခဲ့ရလဲ မင်း သိလား... နေ့တိုင်း မင်းကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်ဖို့ပဲ တွေးနေခဲ့တာ...”

“ဒါပေမဲ့ အခုတော့... မင်းကို တန်းသတ်လိုက်ရင် သက်ညှာလွန်းရာ ကျမယ်...”

“ဒီလိုလုပ်ပါလား... မင်း အရင် ဒူးထောက်လိုက်... ပြီးရင် မင်း ငါ့ဆီက ယူသွားတဲ့ 'ခရမ်း ပြာ ဓားမောင်နှံ' ကို ပြန်ပေး... မင်းပိုင်တဲ့ ဝိညာဉ် ရတနာတွေပါ အကုန် ပေးလိုက်... ဒါဆိုရင် ငါက အကြီးအကဲကို နည်းနည်း လျှော့ပေးဖို့ ပြောပေးမယ်...”

ထို့နောက် ယဲ့ချင်းထျန်း၏ ပုံရိပ်ပါ ပေါ်လာပြီး နင်ချီကို ကစားစရာ တစ်ခုလို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

ယဲ့မိသားစု စွမ်းအားရှင်များသည် ပို၍ ဒေါသထွက်သွားကြ၏။ နင်ချီက ဒီအပိုင်းကို မှတ်တမ်းတင်ထားလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။

သူတို့ နားမလည်နိုင်သည်မှာ... ယဲ့ချန်ရော ယဲ့ချင်းထျန်းပါ ရှိနေပါလျက်နဲ့ ဘာလို့ သူတို့နှစ်ယောက် သေပြီး နင်ချီက အသက်ရှင်နေရတာလဲ။

ဒီနှစ်ကောင်လုံး အသုံးမကျတာလား...။

“ခွေးကောင်လေး... မင်းက ပုံရိပ်ယောင်တွေ အတု ဖန်တီးပြီး ငါတို့ ယဲ့မိသားစုကို နှပ်ချချင်တာလား...”

ယဲ့မိသားစု စွမ်းအားရှင်များ သည်းမခံနိုင်တော့ပေ။ နင်ချီကို ဆက်ပြောခွင့် ပေးလိုက်လျှင် သူတို့ ယဲ့မိသားစုအတွက် အလွန် နစ်နာပေလိမ့်မည်။

ယဲ့သွမ့်ကျန်း အရင်ဆုံး လှုပ်ရှားလိုက်သည်။ ကြိတ်ဆုံကျောက်လောက် ကြီးမားသော လက်ဝါးကြီးဖြင့် နင်ချီကို ဖမ်းဆုပ်ရန် လှမ်းလိုက်လေ၏။

သူ့ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ လူတိုင်း အသက်ရှူ မှားသွားကြ၏။

ပိုပြီး အံ့သြစရာ ကောင်းသည်မှာ နင်ချီ ဘေးတွင် ရှိနေသော ဇီယန်နှင့် ကျန်းရူဟိုင် တို့သည် ဝင်ရောက် ကာကွယ်ပေးခြင်း မရှိဘဲ ငြိမ်နေကြခြင်းပင်။

ကြိတ်ဆုံကျောက် လက်ဝါးကြီး နင်ချီ အနားသို့ ရောက်လုနီးပါးတွင်...

ရုတ်တရက်... နင်ချီ၏ ကိုယ်ထဲမှ 'စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်'များ ထွက်ပေါ်လာပြီး ယဲ့မိသားစု စွမ်းအားရှင် လေးဦးစလုံးကို လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ရစ်ပတ် ချည်နှောင်လိုက်လေ၏။

ကွင်းပြင် တစ်ခုလုံး ဆွံ့အသွားကြ၏။

မည်သူမျှ ဒီလို ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ကြ။

သူတို့ ဦးနှောက်များ အလုပ်မလုပ်တော့။ အခြေအနေက ဘယ်လို ဖြစ်ပြီး ဒီလို ချက်ချင်း ပြောင်းလဲသွားရတာလဲ။

“စီနီယာအစ်ကိုနင်က...”

“စည်းမျဉ်း စွမ်းအား... စီနီယာအစ်ကိုနင်က 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ကို ရောက်သွားပြီ...”

“ဒါပေမဲ့ ယဲ့မိသားစု စွမ်းအားရှင်တွေ အကုန်လုံးက နှောင်းပိုင်း အဆင့်တွေ မဟုတ်ဘူးလား... ဘာလို့ စီနီယာအစ်ကိုနင်က သူတို့ကို အသာလေး ဖိနှိပ်ထားနိုင်ရတာလဲ...”

တစ်စုံတစ်ယောက်က ယဲ့မိသားစု စွမ်းအားရှင်များကို လက်ညှိုးထိုးပြလိုက်သည်။ ထိုလေးယောက်စလုံး၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော ထိတ်လန့်မှုများ ပေါ်နေပြီး ရုန်းကန်နေကြသော်လည်း နင်ချီ၏ စွမ်းအားမျှင်များ အောက်မှ လွတ်မြောက်နိုင်ခြင်း မရှိကြပေ။

“ကဲ... အားလုံးပဲ... ကျွန်တော် မှတ်တမ်းတင်ထားတာကို ဆက်ကြည့်ကြရအောင်...”

ယဲ့မိသားစု၏ ကျန်ရှိနေသော နောက်လိုက်များသည် သူတို့၏ ခေါင်းဆောင် စွမ်းအားရှင်ကြီး လေးဦးတောင် မလှုပ်နိုင် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး မည်သူမျှ မလှုပ်ရဲကြတော့ပေ။

ထို့ကြောင့် အားလုံး၏ အာရုံသည် ကျောက်စိမ်း နံရံပေါ်သို့ ပြန်လည် ရောက်ရှိသွားကြ၏။

ကျောက်စိမ်း နံရံပေါ်တွင် ပုံရိပ်များ ဆက်လက် လှုပ်ရှားနေသည်။ သူစိမ်း စွမ်းအားရှင် နှစ်ဦး ထပ်မံ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

“ယဲ့ချင်းထျန်း... ခင်ဗျား ရွေးထားတဲ့ နေရာက လူပြတ်လွန်းနေတယ်နော်...”

ထိုလူတွေကို ယဲ့ချင်းထျန်းက ပြန်ပြောလိုက်လေသည်။

“ရည်မှန်းချက် အောင်မြင်ဖို့က အဓိကပဲ... ဘယ်နေရာ ဖြစ်ဖြစ် အတူတူပါပဲဗျာ…”

အခန်း (၅၈၈) - ဓား ဘိုးဘေး

~ကျောက်စိမ်းနံရံပေါ်မှ ပုံရိပ်များ ဆက်လက် ပြသနေမှုကြောင့် ရှိနေသူ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

ယဲ့မိသားစုသည် ဂိုဏ်းပြင်ပမှ စွမ်းအားရှင်များနှင့် ပူးပေါင်းပြီး နင်ချီကို လုပ်ကြံရန် ကြံစည်ခဲ့ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း နားလည်သွားကြပြီ ဖြစ်သည်။

သို့သော် ဤမျှ ခိုင်လုံသော ပုံရိပ် သက်သေ ရှိနေသော်လည်း ယဲ့မိသားစု ဘက်ကတော့ သေချာပေါက် ဝန်ခံမည် မဟုတ်ပေ။

ယဲ့မိသားစု ခေါင်းဆောင် ယဲ့သွမ့်ကျန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မင်းရဲ့ ဟာကွက်တွေ ပေါ်နေပြီ... ပြောစမ်း... ဧကန္တ ဘယ်သူလဲ... နင်ချီ ဘယ်လောက်ပဲ ပါရမီကောင်းပါစေ... ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်း အဆင့်ကို တိုက်ရိုက် ရောက်သွားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး... ပြီးတော့ ငါတို့ စွမ်းအားရှင် လေးယောက်လုံးကို ပြန်မခုခံနိုင်အောင် လုပ်ထားနိုင်တယ် ဆိုတာက ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်...”

ယဲ့သွမ့်ကျန်း၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ ဓာတ်ကြီးငါးပါး တောင်ထွတ်မှ လူများနှင့် လျှို့ဝှက်နယ်မြေတွင် ပါဝင်ခဲ့သူများမှလွဲ၍ ကျန်လူအုပ်ကြီးမှာ ချက်ချင်း မှင်သက်သွားကြ၏။

ဟုတ်သားပဲ...။ အဲဒီ ပုံရိပ်တွေက မေးခွန်းထုတ်စရာ ဖြစ်နေရင်တောင်... ငါတို့ ရှေ့မှာ ရပ်နေတဲ့ နင်ချီရဲ့ စွမ်းအားက ပိုပြီးတော့တောင် မေးခွန်းထုတ်စရာ ဖြစ်မနေဘူးလား...။

သူ့စကား ထိရောက်မှု ရှိသွားသည်ကို မြင်လိုက်ရသော ယဲ့သွမ့်ကျန်းက ဆက်ပြောလေ၏။

“မင်းတို့ ဘာလို့ ကြောင်ကြည့်နေကြတာလဲ... ဒီလူက သေချာပေါက် နင်ချီ အစစ် မဟုတ်ဘူး... ကြောက်မက်ဖွယ် ကောင်းတဲ့ ကောင်ကြီး တစ်ကောင်က နင်ချီရဲ့ ခန္ဓာကိုယ်ကို ဝင်ပူးထားတာ နေမှာ... မင်းတို့ ဝင်မပါရင် သူက ငါတို့ကို ဖိနှိပ်ထားတာကို ဒီအတိုင်း ကြည့်နေကြတော့မှာလား...”

အခြားသူများ တုံ့ဆိုင်းနေကြသော်လည်း ယဲ့မိသားစု တပည့်များကတော့ အလျင်မြန်ဆုံး တုံ့ပြန်လိုက်ကြသည်။

ယဲ့မိသားစု စွမ်းအားရှင် လေးဦး၏ နောက်တွင် ယဲ့မိသားစုဝင် အစစ်အမှန် အမွေခံ (၅၀) ခန့် ရှိနေကြ၏။

သူတို့သည် တိတ်တဆိတ် သဘောတူညီမှု ရထားပုံရသည်။ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြရာ ချက်ချင်းပင် မုန်တိုင်းတစ်ခု အသက်ဝင်လာလေသည်။

“ဝေါ..ဝေါ..”

အမျိုးမျိုးသော ဝိညာဉ်စွမ်းအင်များနှင့် မူလဝိညာဉ် စွမ်းအားများ ရောနှော ပေါင်းစပ်သွားပြီး လှိုင်းလုံးကြီး တစ်ခုသဖွယ် ကြီးမားသော လက်ဝါးကြီး တစ်ဖက် အဖြစ် ပြောင်းလဲကာ နင်ချီ ဆီသို့ ဦးတည် ရိုက်ခတ်လာလေ၏။

အခြေအနေ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် လူတိုင်း ထပ်မံ အံ့သြသွားကြပြန်သည်။

သို့သော် သူ့ဆီသို့ ရိုက်ခတ်လာသော လက်ဝါးကြီးကို နင်ချီက ဂရုမစိုက်ပေ။ သူ့ခန္ဓာကိုယ်ထဲမှ ဓားတစ်လက် ပျံသန်း ထွက်ခွာသွားပြီး လက်ဝါးကြီးကို ဆီးကြိုလိုက်သည်။

'စိမ်းပြာရောင် နက်ရှိုင်းသော ဓား' ပေါ်မှ စိမ်းပြာရောင် ဓားရိပ် တစ်ခု ဖြာထွက်လာပြီး လက်ဝါးကြီးကို တည့်တည့် ခုတ်ပိုင်းချလိုက်သည်။

ဟင်းလင်းပြင် ကွဲအက်သွားပြီး လက်ဝါးကြီးသည် မည်မျှပင် ကြီးမားပါစေ၊ ဓားချက်အောက်တွင် နှစ်ပိုင်း ပြတ်သွားကာ မူလဝိညာဉ် စွမ်းအားများ ချက်ချင်း ပြိုကွဲ ပျက်စီးသွားလေတော့၏။

ယဲ့မိသားစု အစစ်အမှန် အမွေခံ (၅၀) ကျော်သည် တစ်ပြိုင်နက်တည်း တုန်ခါသွားပြီး နောက်သို့ ခြေလှမ်း အနည်းငယ်စီ ဆုတ်ခွာသွားကြရသည်။

“ဒီဓားချက်က အပြစ်ပေးရုံ သက်သက်ပါ... ငါ့ရဲ့ သက်သေ အသစ်ကို မြင်ပြီးမှ မင်းတို့နဲ့ တစ်ယောက်ချင်းစီ စာရင်းရှင်းမယ်...”

နင်ချီ၏ အေးဆေး တည်ငြိမ်သော အသံသည် ခေါင်းလောင်းထိုးသံကဲ့သို့ ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

တီးတိုး ပြောဆို ဆွေးနွေးနေသံများ အားလုံး တိတ်ဆိတ်သွားကြ၏။

“မင်းက သက်သေ အတုတွေ ဖန်တီးပြီး ငါတို့ ယဲ့မိသားစုကို အပြစ်ပုံချနေတာ... အားလုံးပဲ..သူ့ကို မယုံကြနဲ့...”

ယဲ့သွမ့်ကျန်း ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူ့ကို ရစ်ပတ်ထားသော စည်းမျဉ်း စွမ်းအားမျှင်များကို အနည်းငယ်မျှသာ လှုပ်ခါနိုင်လေ၏။

ကျန်ရှိသော ယဲ့မိသားစု စွမ်းအားရှင် သုံးဦးကလည်း ဒေါသတကြီး အော်ဟစ်နေကြ၏။

သူတို့ လုပ်တာ ဟုတ်မဟုတ် သူတို့ကိုယ်တိုင် အသိဆုံးပင်။

သူတို့ မျှော်လင့်မထားမိသည်မှာ... ဒီ နင်ချီ ဆိုတဲ့ကောင်က လျှို့ဝှက်နယ်မြေ ခရီးစဉ် တစ်ခေါက်တည်းနဲ့ ဒီလောက် ကြောက်စရာကောင်းအောင် စွမ်းအားကြီးလာလိမ့်မယ် ဆိုတာကိုပါပဲ။

ရုတ်တရက်... သူတို့ လေးယောက်စလုံး အသံတိတ်သွားကြ၏။ ပါးစပ်ကို တစ်စုံတစ်ခုနှင့် ပိတ်ဆို့ထားသကဲ့သို့ မည်သည့် အသံမျှ ထွက်မလာတော့ပေ။

ထိုအခါမှ နင်ချီသည် အေးအေးလူလူ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

အလွန် အားနည်းနေသော မူလဝိညာဉ် ပုံရိပ်ယောင်လေး တစ်ခု နင်ချီ၏ ရှေ့တွင် ပေါ်လာသည်။

လူအုပ်ကြီးသည် ထိုပုံရိပ်ကို ဝေဝါးဝါး မြင်နေရသည်။

အစစ်အမှန် အမွေခံများက မမှတ်မိကြသော်လည်း ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်းနှင့် အကြီးအကဲများ အားလုံး လန့်ဖျပ်သွားကြ၏။

ဒီပုံရိပ်က ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းက စွမ်းအားရှင် ဝမ်ဇန်ချိုး မဟုတ်ဘူးလား...။

နင်ချီက သူ့ကို ဘယ်လိုလုပ် အရှင်ဖမ်းမိလိုက်တာလဲ။

အရှင်ဖမ်းမိတယ် ဆိုတာထက်... အခု ဝမ်ဇန်ချိုးက ဝိညာဉ် အစအနလေး အဆင့်ပဲ ကျန်တော့တာကိုး...။

နင်ချီ၏ အသံသည် ကောင်းကင်ဘုံမှ သက်ဆင်းလာသကဲ့သို့ ဝမ်ဇန်ချိုး၏ ဝိညာဉ် အစအနလေး အပေါ်သို့ ကျရောက်သွားသည်။ လေပြင်း တစ်ချက် တိုက်လိုက်ရုံဖြင့် ပျောက်ကွယ်သွားနိုင်သော မီးတောက်လေးကို ခြိမ်းခြောက်နေသကဲ့သို့ပင်။

“ဝမ်ဇန်ချိုး... ခင်ဗျား ဘာလို့ ဒီအခြေအနေ ရောက်သွားရလဲ သိလား... ခင်ဗျား ရှေ့က ယဲ့မိသားစုဝင်တွေကို ကြည့်ပြီး ဘာပြောချင်လဲ...”

ဝမ်ဇန်ချိုး၏ ဝိညာဉ် အစအနလေးသည် လန့်နိုးလာသကဲ့သို့ ဖြစ်သွားပြီး နင်ချီကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ သူ့ မျက်လုံးထဲတွင် ဒေါသများ ပြည့်နှက်နေ၏။

တကယ်တော့... လျှို့ဝှက်နယ်မြေထဲမှာ သူတို့ကို မျိုးဖြုတ်သတ်ဖြတ်ခဲ့တာ 'ခရမ်းရောင် ဝတ်ရုံနှင့် သူခိုး' မဟုတ်ဘဲ နင်ချီ ဖြစ်နေတာကိုး...။

ဒါပေမဲ့ အခု သူက ဝိညာဉ် အစအနလေးပဲ ရှိတော့တာ... ဘာတတ်နိုင်မှာလဲ။

ဝမ်ဇန်ချိုးသည် ယဲ့မိသားစုဝင်များကို လှမ်းကြည့်လိုက်သည်။

ရုတ်တရက်... မှေးမှိန်နေသော သူ့ ဝိညာဉ်လေးသည် တောက်ပလာသည်။

“မင်းတို့ ယဲ့မိသားစု တော်တယ်ကွာ... မင်းတို့ ယဲ့မိသားစုက ငါတို့ကို ဆွဲချသွားလို့ ဒီနေ့လို ဘေးဆိုးမျိုး ကြုံရတာ... ငါ သရဲ ဖြစ်ရင်တောင် မင်းတို့ကို အလွတ်မပေးဘူးကွ...”

ဝမ်ဇန်ချိုးသည် သရဲတစ္ဆေ တစ်ကောင်လို အော်ဟစ်လိုက်ပြီး၊ ပတ်ဝန်းကျင်ရှိ ကောင်းကင် မြေကြီး ဝိညာဉ်စွမ်းအင်များနှင့် စည်းမျဉ်း အပိုင်းအစ အနည်းငယ်ကို စုစည်းကာ ယဲ့မိသားစု စွမ်းအားရှင်များ ဆီသို့ တိုးဝင် တိုက်ခိုက်လိုက်လေ၏။

ဝိညာဉ် အစအနလေး ဖြစ်နေရင်တောင် ဒေါသတော့ ထွက်ပြရမည်။

ခေါင်းမာသော သူ ဖြစ်သည့်အတိုင်း နင်ချီကို မယှဉ်နိုင်မှန်း သိသောအခါ သူ့ဒေါသကို ယဲ့မိသားစု အပေါ် ပုံချလိုက်ခြင်း ဖြစ်သည်။

သို့သော် သူ့ ဝိညာဉ် အစအနလေးသည် အလွန် အားနည်းလွန်းလှသည်။ လမ်းတစ်ဝက်မှာပင် စုစည်းထားသော စွမ်းအင်များ ပြိုကွဲသွားပြီး ဝမ်ဇန်ချိုးသည် မကျေမနပ်ဖြင့် ကောင်းကင်နှင့် မြေကြီးကြားတွင် လုံးဝ ပျောက်ကွယ်သွားလေတော့၏။

ယဲ့မိသားစုနှင့် ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်း ပူးပေါင်းပြီး နင်ချီကို လုပ်ကြံခဲ့သည့် သက်သေကို နင်ချီ ထပ်မံ ထုတ်ပြလိုက်သဖြင့် လူအုပ်ကြီး၏ စိတ်သည် နင်ချီဘက်သို့ ပြန်လည် ယိမ်းယိုင်သွားကြ၏။

ကျန်ရှိနေသေးသော သံသယ တစ်ခုတည်းကတော့ ယဲ့သွမ့်ကျန်း ပြောခဲ့သည့် အချက်ပင်။

နင်ချီက ဘာလို့ ရုတ်တရက်ကြီး 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' နှောင်းပိုင်း အဆင့်ကို ရောက်သွားရတာလဲလေ။

ထိုအခိုက်အတန့်၌၊

လူအုပ်ကြီး၏ သံသယကို မြင်လိုက်ရသကဲ့သို့ နင်ချီ၏ နောက်ကျောဘက်မှ ချိုမြသော်လည်း အေးစက်သော အသံ တစ်သံ ထွက်ပေါ်လာသည်။

“ကျွန်မ ကျန်းချင်းရွှယ်... စီနီယာအစ်ကိုနင် အဆင့်တက်တဲ့ ဖြစ်စဉ်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပါတယ်... စီနီယာအစ်ကိုနင်က အကန့်အသတ်မဲ့ ဓားဂိုဏ်းမှာတင် မကဘူး... မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေ သမိုင်း နှစ်တစ်သန်းမှာ တစ်ယောက် ပေါ်ခဲတဲ့ 'အင်မော်တယ် မျိုးစိတ်' ပါ... အားလုံး ယဲ့မိသားစုရဲ့ သွေးထိုးမှုကို နားမယောင်ကြပါနဲ့...”

“ဒါ့အပြင်... ဒီနေ့ကစပြီး ကျွန်မရဲ့ 'ရေခဲ ဝိညာဉ် တောင်ထွတ်' ကို 'ဓာတ်ကြီးငါးပါး တောင်ထွတ်' နဲ့ ပူးပေါင်းလိုက်ပါပြီ... စီနီယာအစ်ကိုနင်ရဲ့ နောက်လိုက် အဖြစ် သစ္စာဆိုပါတယ်...”

ကျန်းမိသားစု၏ မျိုးဆက်သစ် ခေါင်းဆောင် ဖြစ်သော ကျန်းချင်းရွှယ်က ဤကဲ့သို့ ရဲရဲဝံ့ဝံ့ ရွေးချယ်လိုက်ခြင်းသည် လူတိုင်းကို အံ့အားသင့်သွားစေသည်။

ကျန်းမိသားစု အစစ်အမှန် အမွေခံများပင် သူမ၏ လုပ်ရပ်ကို မျှော်လင့်မထားခဲ့ကြပေ။

ကျန်းချင်းရွှယ် စကားဆုံးသည်နှင့် လူအုပ်ကြီး အံ့သြမှု မပြေခင်မှာပင် အခြား အစစ်အမှန် အမွေခံ (၈) ဦးလည်း တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာကြ၏။

“ကျွန်တော် ဟွမ်မင်းကွမ်း လည်း အတည်ပြုပါတယ်... ဒီနေ့ကစပြီး 'အလင်းရောင် တောင်ထွတ်' ကို ဓာတ်ကြီးငါးပါး တောင်ထွတ်နဲ့ ပေါင်းလိုက်ပါပြီ... လိုအပ်ရင် အသက်ပေးပြီး စီနီယာအစ်ကိုနင် နောက်ကို လိုက်ပါ့မယ်…”

All Chapters