← Chapters

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အခန်း (၅၉၂) - ဂိုဏ်းချုပ် နေရာနဲ့ ထိုက်တန်သူ

~သို့သော်... ယဲ့မိသားစုကို ရှင်းလင်းခြင်းထက် ပိုမို အရေးကြီးသော ကိစ္စရပ် တစ်ခု 'ဓားဘိုးဘေး ကျင်းရှောင်' တွင် ရှိနေလေ၏။

ယဲ့မိသားစု ဆိုသည်မှာ သမိုင်းရေစီးကြောင်းထဲက သဲမှုန်လေးများသာ ဖြစ်သည်။

အကြီးအကဲများက ဂိုဏ်းတွင်း ဖြစ်ပျက်ခဲ့သမျှကို အစီရင်ခံ တင်ပြကြ၏။ ဇီယန်နှင့် ကျန်းရူဟိုင်က လျှို့ဝှက်နယ်မြေ ခရီးစဉ် အတွေ့အကြုံများကို ဖြည့်စွက် ပြောကြားကြ၏။

နှစ်ပေါင်း ထောင်ချီ မလှုပ်မယှက် တည်ရှိခဲ့သော ဓားဘိုးဘေးကြီး၏ တာအို စိတ်နှလုံးသည် သူတို့၏ စကားများကြောင့် မလွဲမသွေ လှုပ်ရှားလာရလေ၏။

အကြီးအကဲများ နောက်ဆုတ်သွားသောအခါ ဓားဘိုးဘေးကြီးသည် နင်ချီကို တည့်တည့် စိုက်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဓားဆန္ဒများ လှိုင်းထနေပြီး၊ ကြောက်မက်ဖွယ်ရာ အရှိန်အဝါ တစ်ခုသည် နေရာတစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။ အခြေအမြစ် မရှိသော သတ်ဖြတ်လိုစိတ် တစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း စကားမပြောနိုင် ဖြစ်သွားကြ၏။

“မင်းက နင်ချီလား...”

ဓားဘိုးဘေးကြီး မေးလိုက်သည်။

နင်ချီက လက်သီးဆုပ် ဂါရဝပြုရင်း ပြန်ဖြေလိုက်၏။

“ဟုတ်ပါတယ် ခင်ဗျာ...”

နှစ်ပေါင်း ထောင်ချီ ကွာခြားသော ဂိုဏ်း၏ ရှေ့ဆောင် လမ်းပြနှင့် ဆက်ခံသူတို့ တွေ့ဆုံခြင်းပင်။ သို့သော် ဓားဘိုးဘေးကြီးသည် နင်ချီကို စမြင်လိုက်ရသည်နှင့် အလွန် ထူးခြားသော ခံစားမှု တစ်ခုကို ရရှိလိုက်လေ၏။

သူ့တစ်သက်တာလုံးတွင် ဓားတာအို၌ ပါရမီ ထူးကဲရုံသာမက နက္ခတ် ဗေဒင်ပညာတွင်လည်း အလွန် ကျွမ်းကျင်သူ ဖြစ်သည်။

သူသည် အောက်ဘက် မြေပြင်မှ တောင်နှင့် မြစ်များကို ဟောကိန်းထုတ်နိုင်သည်၊ အထက် ကောင်းကင်မှ အင်မော်တယ် လမ်းစဉ်၏ ကြီးမားသော လမ်းကြောင်းများကို ကြိုမြင်နိုင်သည်၊ ကြားရှိ လူနှင့် အင်မော်တယ်တို့၏ ကံကြမ္မာကို တွက်ချက်နိုင်သည်။

ထို့ကြောင့် လက်ရှိ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ တည်ဆောက်ပုံနှင့် အခင်းအကျင်း အားလုံးသည် သူ ဂိုဏ်းချုပ် ဖြစ်စဉ်က ဦးဆောင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တံခါးပိတ် မကျင့်ကြံမီ... ဓားဘိုးဘေးကြီးသည် သူ၏ သက်တမ်း (၆၀) စာ ကို အရင်းပြုပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အနာဂတ်ကို ကြိုတင် ကြည့်ရှုခဲ့ဖူးသည်။ ဂိုဏ်းကို ကြီးကျယ် ခမ်းနားသော အောင်မြင်မှု ဆီသို့ ဦးဆောင်မည့် စွမ်းအားကြီးသော ခေါင်းဆောင် တစ်ဦး ပေါ်ထွက်လာမည်ကို ဝေဝါးဝါး မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် သူသည် စိတ်အေးချမ်းသာစွာဖြင့် တံခါးပိတ် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ သို့သော် ယနေ့ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း ပွင့်သွားသဖြင့် သူ လန့်နိုးလာခဲ့ရသည်။

အစကတော့ ရန်သူကြီး လာတိုက်သည်ဟု ထင်ခဲ့သော်လည်း ဂိုဏ်းတွင်း ပဋိပက္ခ ဖြစ်နေမှန်း သိလိုက်ရသည်။

သို့သော် ဤ ပဋိပက္ခသည် ဂိုဏ်းအကြီးအကဲများကြောင့် မဟုတ်ဘဲ၊ အစစ်အမှန် အမွေခံ တစ်ဦးက စတင်လိုက်ခြင်း ဖြစ်နေသည်။

ဓားဘိုးဘေးကြီး၏ ခိုင်မာသော တာအို စိတ်နှလုံးသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး တံခါးပိတ် မကျင့်ကြံမီက ဟောကိန်းများကို ပြန်လည် သတိရလိုက်မိသည်။

ယခု နင်ချီနှင့် တွေ့ဆုံချိန်တွင် ဓားဘိုးဘေးကြီးသည် အာရုံခံ ပညာရပ်ကို အသုံးပြုလိုက်ရာ နင်ချီ၏ မျက်လုံးများထဲတွင် ဓားဆန္ဒများက 'ပါ့ကွား' (ယင်ယန် စက်ဝန်း) ပုံသဏ္ဌာန် စုစည်းနေသည်ကို တွေ့လိုက်ရသည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် ဓားဘိုးဘေးကြီး၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားတော့၏။

သူ ထုတ်လွှတ်လိုက်သော ပြိုင်ဘက်ကင်း ဓားတာအို အရှိန်အဝါ အောက်တွင် ဂိုဏ်းသားများ၏ တုံ့ပြန်ပုံများ ကွဲပြားနေကြ၏။

ယဲ့မိသားစုက အသက်ကယ်ရန် တောင်းပန်နေကြသည်၊ ကျန်းမိသားစုက အပြည့်အဝ နာခံမှု ပြသနေကြသည်၊ အခြား အကြီးအကဲများက တုန်လှုပ်နေကြပြီး၊ အခြား အစစ်အမှန် အမွေခံများက ဦးညွှတ်နေကြ၏။

နင်ချီ တစ်ယောက်တည်းသာ ရိုသေမှု ရှိသော်လည်း အခြားသူများလို အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး တစ်ဦး အနေဖြင့် ကိုးကွယ်ဆည်းကပ်နေခြင်း မရှိပေ။

နင်ချီ၏ အကြည့်များသည် တည်ငြိမ်ပြီး မတုန်မလှုပ် ရှိနေသည်။ ကောင်းကင်နှင့် မြေကြီး ပြိုကျလျှင်တောင် မျက်တောင်ခတ်မည့်ပုံ မပေါ်။ ကမ္ဘာကြီး ပျက်သုဉ်းသွားလျှင်တောင် 'ဘုံသုံးပါး' ကို ကျော်လွန်သွားနိုင်မည့် လောကုတ္တရာ ဆန်သော ဟန်ပန် ရှိနေသည်။

သူ့မျက်လုံးများထဲတွင် ကမ္ဘာဦး အစကဲ့သို့ သန့်စင်သော အငွေ့အသက်များ ရှိနေပြီး သန့်ရှင်းခြင်းက အထက်သို့ တက်ကာ မသန့်ရှင်းခြင်းက အောက်သို့ ကျဆင်းနေသကဲ့သို့ပင်။

ဓားဘိုးဘေးကြီး အနှစ်သက်ဆုံး အချက်မှာ ရာထူး အာဏာနှင့် မှော်စွမ်းအားတို့ကြောင့် မတုန်လှုပ်သော နင်ချီ၏ စိတ်နေသဘောထားပင်။

အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင်လည်း ထိုအမျိုးအစား ဖြစ်သောကြောင့်ပင်။

ဓားတာအို ကိုသာ မြှုပ်နှံထားပြီး ရှေ့တွင် မည်သည့် အတားအဆီး ရှိပါစေ၊ ဓားတစ်ချက်တည်းဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးကာ အထွတ်အထိပ်သို့ ရောက်အောင် သွားမည့်သူများ ဖြစ်သည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်း ကြီးပွားတိုးတက်ရန် အတွက် ဆက်ခံသူများသည် ဤ ဘိုးဘေးကြီးကို မှီခိုနေ၍ မရ။ ဘိုးဘေးကြီး၏ အတားအဆီးကိုပင် ကျော်ဖြတ်နိုင်ရမည်။ အဘယ်ကြောင့်ဆိုသော် သူသည် ခေတ်ဟောင်းမှ လူ ဖြစ်နေသောကြောင့်ပင်။

ဓားဘိုးဘေးကြီးကို ပို၍ အံ့သြသွားစေသည်မှာ... ယဲ့ နှင့် ကျန်း မိသားစုဝင် အချို့မှလွဲ၍ ဂိုဏ်း၏ ကံကြမ္မာ အများစုသည် နင်ချီနှင့် ဆက်နွယ် ပတ်သက်နေသည်ကို တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။

နင်ချီသည် ဓားဘိုးဘေးကြီးကို ကြည့်နေပြီး အခြားသူများက တိတ်တဆိတ် အကဲခတ်နေကြ၏။

အကြီးအကဲ အတော်များများ၏ မျက်လုံးများကတော့ လှုပ်ရှားနေကြ၏။ ဓားဘိုးဘေးကြီး နက္ခတ်ပညာ ကျွမ်းကျင်မှန်း သူတို့ သိကြပါသည်။

ဖြစ်နိုင်တာက...

ရုတ်တရက်... ဓားဘိုးဘေးကြီး၏ ဓားဆန္ဒများ လျော့ကျသွားပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ဆုတ်ခွာသွားသည်။

ရင်ပြင်ပေါ်ရှိ လူတိုင်း ချက်ချင်း သက်သာရာ ရသွားကြ၏။

စိတ်ထဲတွင်တော့ အကြီးအကျယ် တုန်လှုပ်နေကြရသည်။

ဘုရားရေ၊ ဘိုးဘေးကြီးက တကယ့်ကို ကြောက်စရာ ကောင်းတာပဲ...။

မှော်စွမ်းအင် မသုံး၊ နတ်ဘုရား နည်းစနစ် မသုံး၊ စည်းမျဉ်း စွမ်းအား မသုံးဘဲ... ဓားဆန္ဒ သက်သက်ဖြင့်ပင် လူတိုင်း၏ မျက်ခုံးနှစ်ခုကြားကို ဓားဖြင့် ချိန်ရွယ်ထားသလို ခံစားရစေသည်။ အနည်းငယ် မှားယွင်းလိုက်သည်နှင့် မူလဝိညာဉ် တစ်ခုလုံး စုတ်ပြတ်သတ်သွားနိုင်ပေသည်။

သို့တိုင်၊ စီနီယာအစ်ကိုနင်ကတော့ အဆင့်အတန်း မခန့်မှန်းနိုင်သော ဓားဘိုးဘေးကြီး ရှေ့မှာတောင် ပုံမှန်အတိုင်း တည်ငြိမ်နေခဲ့၏။

ထို့ကြောင့် လူတိုင်း၏ လေးစားမှု ပိုတိုးလာကြပြန်သည်။

“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်...”

ဓားဘိုးဘေးကြီးသည် သူ၏ မုတ်ဆိတ်ရှည်ကို သပ်ရင်း 'ကောင်းတယ်' ဟု သုံးကြိမ်တိုင်တိုင် ရေရွတ်လိုက်သည်။ သူ၏ အသံသည် ကြည်လင် ပြတ်သားပြီး 'ကိုးလွှာသော ကောင်းကင်' ကိုပင် တုန်လှုပ်သွားစေနိုင်သည်။

ထိုအခါမှာတော့၊ ဓားဘိုးဘေးကြီး စိတ်အခြေအနေ ကောင်းနေမှန်း လူတိုင်း ရိပ်မိလိုက်ကြ၏။

ဓားဘိုးဘေးကြီးသည် ဖမ်းချုပ်ခံထားရသော ယဲ့မိသားစုဝင်များ ရှေ့သို့ လျှောက်သွားလိုက်သည်။

သူ့ ဓားမျက်လုံးများဖြင့် ယဲ့မိသားစုကို ဝေ့ဝဲကြည့်လိုက်သည်။ ဂိုဏ်းတွင်း ပဋိပက္ခ၏ အရင်းအမြစ်သည် ယဲ့မိသားစု ဖြစ်သဖြင့် သူ ဒေါသထွက်သင့်ပေသည်။

သို့သော် နင်ချီကို တွေ့လိုက်ရသဖြင့် ဝမ်းသာမှုက သူ့ဒေါသများကို ဖြေဖျောက်ပေးလိုက်ပြီ ဖြစ်သည်။

ထို့ပြင် ယဲ့မိသားစု စွမ်းအားရှင် လေးဦးကို နင်ချီ၏ စည်းမျဉ်း စွမ်းအားမျှင်များဖြင့် ချည်နှောင်ထားသည်ကို တွေ့လိုက်ရသောအခါ ဓားဘိုးဘေးကြီးပင် အံ့သြသွားပြီး၊ နင်ချီသည် သူ ဟောကိန်းထုတ်ခဲ့သော 'ကြီးကျယ်သော ဖွံ့ဖြိုးတိုးတက်မှု သခင်' ဖြစ်ကြောင်း ပိုမို သေချာသွားလေ၏။

“ဘိုးဘေးကြီး... ကယ်ပါဦး... ကျွန်တော်တို့ ယဲ့မိသားစုက...”

ယဲ့သွမ့်ကျန်း၏ အသံသည် သနားစဖွယ် ကောင်းလှသည်။

သို့သော် ဓားဘိုးဘေးကြီး လုံးဝ ဂရုမစိုက်ပေ။ သူ့ ဓားမျက်လုံးများ အရောင်လက်သွားပြီး ပုံရိပ်ယောင် ဓားငယ်လေးများ မျက်လုံးထဲမှ ပစ်ခတ် ထွက်ပေါ်လာကာ ရှေ့ရှိ ယဲ့မိသားစုဝင် အားလုံးကို လျှပ်တပြက်.. ဇီဝိန်ခြွေပစ်လိုက်လေ၏။

ရှိနေသူ အားလုံး ကြက်သီးထသွားကြ၏။ ဓားဘိုးဘေးကြီး တံခါးပိတ်ရာမှ ထွက်လာပြီး ယဲ့မိသားစုကို မျိုးဖြုတ်သတ်လိုက်ခြင်းသည် တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဓားဘိုးဘေးကြီး နောက်လှည့်လိုက်ပြီး ပြောလိုက်သည်။

“ယဲ့မိသားစုက ဓားဂိုဏ်း ဖရိုဖရဲ ဖြစ်ရခြင်းရဲ့ အရင်းအမြစ်ပဲ... အမိန့် ပြန်လည် တည်ဆောက်ဖို့ သူတို့ကို ရှင်းလင်းပစ်ရမယ်... အခု အပြစ်ရှိတဲ့ ယဲ့မိသားစုဝင်တွေ အကုန်လုံးကို ကွပ်မျက်လိုက်ပြီ... အပြစ်မရှိတဲ့သူတွေကို ဂိုဏ်းကနေ ထုတ်ပယ်လိုက်တယ်... ကန့်ကွက်မယ့်သူ ရှိလား...”

“ဓားဘိုးဘေးကြီး အမိန့်တော် အတိုင်းပါ...”

ဟု အကြီးအကဲများ တညီတညွတ်တည်း ပြန်ဖြေလိုက်ကြ၏။

ထို့နောက် ဓားဘိုးဘေးကြီးသည် ကျန်းပိုင်ချွမ်းကို တည့်တည့် စိုက်ကြည့်လိုက်သည်။

ဘိုးဘေးကြီး၏ အကြည့်အောက်တွင် ကျန်းပိုင်ချွမ်း အနည်းငယ် ဦးညွှတ်လိုက်သော်လည်း မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေလေပြီ။

ဂိုဏ်းချုပ် အနေဖြင့် အာဏာ အတော်အတန် ရှိသော်လည်း ဘိုးဘေးကြီး ရှေ့တွင်... အထူးသဖြင့် ယဲ့မိသားစုကို မျက်တောင်မခတ်ဘဲ သတ်ဖြတ်ပြလိုက်သော ပြတ်သားသည့် ဓားကျင့်ကြံသူ ဘိုးဘေးကြီး ရှေ့တွင်... ကျန်းပိုင်ချွမ်း သိမ်ငယ်သွားပြီး စိတ်ဓာတ်များ ယိုင်နဲ့သွားလေ၏။

“ချွမ်းလေး... မင်း အပြစ် မင်း သိလား...”

ကျန်းပိုင်ချွမ်း တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကပျာကယာ ပြန်ဖြေလိုက်သည်။

“ဓားဘိုးဘေးကြီး... ပိုင်ချွမ်း အပြစ် သိပါပြီ ခင်ဗျာ...”

“မင်း အပြစ်က ဘာလဲ...”

“ကျွန်တော်...”

ကျန်းပိုင်ချွမ်း ခဏမျှ တန့်သွားပြီး ဆက်ပြောလေ၏။

“ယဲ့မိသားစုရဲ့ သစ္စာဖောက်မှုကို စောစောစီးစီး မသိခဲ့တာ... ဒါ ဂိုဏ်းချုပ် တစ်ယောက်ရဲ့ ပေါ့လျော့မှုပါ...”

“ဒါပဲလား...”

ကျန်းပိုင်ချွမ်း၏ နဖူးပေါ်တွင် ချွေးများ စို့လာသည်။

“ယဲ့မိသားစုက ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းနဲ့ ပေါင်းပြီး ဓားဂိုဏ်းရဲ့ အနာဂတ်ကို လျှို့ဝှက်နယ်မြေထဲမှာ ဖြတ်တောက်ပစ်ဖို့ ကြံစည်ခဲ့တာကို... သက်သေ အထောက်အထား ခိုင်လုံနေတာတောင် ကျွန်တော်က အပြစ်ပေးဖို့ အချိန်ဆွဲခဲ့မိပါတယ်... ဒါ ဒုတိယ အပြစ်ပါ...”

ယခု လူပုံအလယ်တွင် သူ့အပြစ်များကို ဝန်ခံနေရချိန်၌ သူ့ ရင်ထဲတွင် ချောက်နက်ထဲ ပြုတ်ကျသွားသလို ခံစားနေရသည်။ ဓားဘိုးဘေးကြီး သူ့ကို အရေးယူတော့မည်ကို ဝေဝါးဝါး ခံစားမိလိုက်သည်။

အခန်း (၅၉၃) - ဂိုဏ်းချုပ် နေရာနဲ့ ထိုက်တန်သူ (၂)

~ရှိနေသော လူများလည်း အားလုံး ထပ်တူ ခံစားလိုက်ကြရသည်။

သို့သော် ကျန်းပိုင်ချွမ်းက အပြစ် နှစ်ခုကို ဝန်ခံလိုက်သော်လည်း ဓားဘိုးဘေးကြီးက လက်မခံခဲ့ပေ။

“အဲဒါတွေက မင်းရဲ့ အပြစ်တွေ ဆိုတာ မှန်ပါတယ်... ဒါပေမဲ့ အရေးအကြီးဆုံးတော့ မဟုတ်ဘူး... အရေးအကြီးဆုံးက ဘာလဲဆိုတာ မင်း သိလား...”

“လမ်းညွှန်ပေးပါဦး ဓားဘိုးဘေး...” ကျန်းပိုင်ချွမ်း နားမလည်စွာ မေးလိုက်သည်။

ဓားဘိုးဘေးကြီး၏ နှုတ်မှ 'မဟာ လမ်းစဉ်' ၏ အသံများ ထွက်ပေါ်လာပြီး ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားတော့၏။

“မင်းရဲ့ ဓားနှလုံးသား က ဖုန်တက်နေပြီ... မင်းရဲ့ ဓားက တုံးနေပြီ...”

ထိုစကားကို ကြားလိုက်ရသော ကျန်းပိုင်ချွမ်းသည် ရေထဲမှ ဆယ်လိုက်သကဲ့သို့ နေရာမှာတင် တောင့်ခဲသွားလေ၏။

သူ တစ်ယောက်တည်း မဟုတ်။ ရှိနေသော လူအများလည်း ထို မဟာလမ်းစဉ် အသံကြောင့် ကိုယ်ရော စိတ်ပါ သန့်စင်သွားသလို ခံစားလိုက်ရပြီး ဉာဏ်အလင်း အချို့ ရရှိလိုက်ကြ၏။

“ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းက ဓားအပေါ်မှာ အခြေခံ တည်ထောင်ထားတာ... ဂိုဏ်းချုပ် ကျန်းပိုင်ချွမ်းက ပြတ်သားမှု မရှိဘူး... ရုပ်လုံးကြီးကို မမြင်နိုင်တော့ဘူး... ဒါကြောင့် ဂိုဏ်းချုပ် ရာထူးကနေ နုတ်ထွက်သင့်ပြီ...”

ဓားဘိုးဘေးကြီး၏ ဓားမျက်လုံးများသည် လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် နင်ချီအပေါ်၌ ရပ်တန့်သွားသည်။

“အစစ်အမှန် အမွေခံ နင်ချီက လျှို့ဝှက်နယ်မြေထဲမှာ ဓားဂိုဏ်းရဲ့ အုတ်မြစ်ကို ကာကွယ်ခဲ့တယ်... မဟာ အကြီးအကဲ ဇီယန်နဲ့ ကျန်းရူဟိုင်ကို တစ်ယောက်တည်း ကယ်တင်ခဲ့တယ်... ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းရဲ့ လုပ်ကြံမှုကို ချိုးဖျက်ခဲ့တယ်... ဂိုဏ်းပြန်ရောက်တော့လည်း ယဲ့မိသားစုကို ပြတ်ပြတ်သားသား အပြစ်ပေးခဲ့တယ်... သူ့ရဲ့ စွမ်းဆောင်ရည်တွေက ထူးကဲလွန်းတယ်...”

“အခု သူက ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်း အဆင့်ကို ရောက်နေပြီ... ယဲ့မိသားစု စွမ်းအားရှင် လေးယောက်တောင် သူ့ကို မယှဉ်နိုင်ဘူး... ဒါကြောင့် ငါက သူ့ကို ဂိုဏ်းချုပ် ရာထူး ဆက်ခံစေချင်တယ်...”

“နင်ချီ... မင်း ဆန္ဒ ရှိရဲ့လား...”

ရှိနေသော လူများ နောက်တစ်ကြိမ် ထပ်မံ တုန်လှုပ်သွားကြပြန်သည်။

စောစောက ယဲ့မိသားစုကို ရှင်းလင်းတုန်းက ကန့်ကွက်မယ့်သူ ရှိလားလို့ မေးခဲ့တယ်။

ကျန်းပိုင်ချွမ်းကို ရာထူးက ဖြုတ်ချတော့ တိုက်ရိုက် အမိန့်ပေးခဲ့တယ်။

အခု စီနီယာအစ်ကိုနင်ကို ရာထူးပေးမယ့် ကိစ္စကျတော့... လူတွေကို သဘောထား မမေးဘူး၊ တိုက်ရိုက် အမိန့်လည်း မပေးဘူး၊ စီနီယာအစ်ကိုနင် ဆန္ဒ ရှိမရှိ မေးနေတယ်တဲ့လား...။

ဟား... ဒါကတော့...။

ဓားဘိုးဘေးကြီး နင်ချီကို ဘယ်လောက် တန်ဖိုးထားလဲ ဆိုတာ အားလုံး ရှင်းရှင်းလင်းလင်း သိလိုက်ကြတော့၏။

နင်ချီလည်း အံ့သြသွားရသည်။

ဓားဘိုးဘေးကြီး သူ့ကို ဒီလောက်ထိ အထင်ကြီးလိမ့်မည်ဟု မထင်ထားခဲ့မိပါ။

သူက ဂိုဏ်းချုပ် ရာထူးကို လုယူဖို့ ရည်ရွယ်ထားသော်လည်း အားစိုက်ရဦးမည်ဟု ထင်ထားခဲ့၏။ အခုတော့ ဓားဘိုးဘေးကြီး ကိုယ်တိုင် ပန်းကန်ပြားပေါ် တင်ပေးလိုက်သလို ဖြစ်နေသည်။

နင်ချီ မျက်နှာထား ချက်ချင်း လေးနက်သွားသည်။ လက်သီးဆုပ် ဦးညွှတ်လိုက်ပြီး ပြောလိုက်တော့၏။

“ဓားဂိုဏ်း အစစ်အမှန် အမွေခံ နင်ချီ... အမိန့်တော် အတိုင်း လက်ခံပါ့မယ် ခင်ဗျာ...”

“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်...”

ဓားဘိုးဘေးကြီးက 'ကောင်းတယ်' ဟု သုံးကြိမ် ထပ်မံ ရေရွတ်လိုက်သည်။ အေးစက်နေသော သူ့ ဓားမျက်လုံးများတွင် ကြင်နာမှုနှင့် နှစ်သက်အားရမှု အရိပ်အယောင်များ ပေါ်လာသည်။

ကျန်းပိုင်ချွမ်းကတော့ မျက်နှာပျက်နေရှာ၏။

ကျန်းမိသားစုဝင် အချို့လည်း တုန်လှုပ်နေကြပြီး နင်ချီကို မနာလိုစွာ ကြည့်နေကြ၏။

ကျန်းပိုင်ချွမ်း ဂိုဏ်းချုပ် မဟုတ်တော့ရင် နောက်ပိုင်း အရင်းအမြစ် ခွဲဝေမှုတွေမှာ ကျန်းမိသားစု နည်းသွားဖို့ပဲ ရှိတော့၏။

ကျန်းမိသားစုက ယဲ့မိသားစုလောက် ပြောင်ပြောင်တင်းတင်း မလုပ်သော်လည်း ကိုယ့်လူကိုယ် ဦးစားပေးမှုတော့ ရှိစမြဲပင်။ ယခုတော့ ထိုအရာတွေ အကုန် ဆုံးရှုံးသွားပြီလေ။

သို့သော် ဓားဘိုးဘေးကြီး ရှိနေသဖြင့် မည်သူမျှ မကန့်ကွက်ရဲကြပေ။ ယဲ့မိသားစုလို ဖြစ်သွားမှာ ကြောက်ကြ၏။

ထို့ပြင် ကျန်းချင်းရွှယ်နှင့် ကျန်းရူဟိုင်တို့က နင်ချီဘက် အပြည့်အဝ ပါသွားသည်ကို မြင်ထားပြီး ဖြစ်၍ သူတို့လည်း အရိပ်အကဲ ကြည့်နေကြ၏။

ကြားနေ အကြီးအကဲများနှင့် အောက်ခြေ အစစ်အမှန် အမွေခံများကတော့ ပျော်လွန်း၍ ကခုန်ချင်စိတ်ပင် ပေါက်နေကြတော့၏။

နောက်ဆုံးတော့ ယဲ့ နဲ့ ကျန်း မိသားစု လက်အောက်က လွတ်ပြီဟေ့...။

မိသားစုကြီး နှစ်ခုကြားမှာ မြေစာပင် ဖြစ်ခဲ့ရတဲ့ ဘဝတွေက လွတ်မြောက်ပြီ။

အရင်တုန်းက အဲဒီ မိသားစု နှစ်ခုကို ထိလို့ မရချေ။ အရင်းအမြစ် ရဖို့ဆို အသေအလဲ လုရသည်။ ဂိုဏ်းက သုံးပိုင်း ကွဲနေတော့ ဂိုဏ်းသားဆိုသော စိတ်ဓာတ်လည်း မရှိကြချေ။

ဓာတ်ကြီးငါးပါး တောင်ထွတ်က နင်ချီရဲ့ လူတွေကတော့ အပျော်ဆုံးပါပင်။

သူတို့က စီနီယာအစ်ကိုနင် နောက်လိုက်ခဲ့တာ အများဆုံးမှ အနှစ် (၂၀)၊ တချို့ဆို (၁) နှစ် (၂) နှစ်ပဲ ရှိသေး၏။ စီနီယာအစ်ကိုနင် ဂိုဏ်းချုပ် ဖြစ်လာလိမ့်မည်ဟု အိပ်မက်တောင် မမက်ဖူးကြပါ။

သူတို့က ယဲ့ နှင့် ကျန်း မိသားစုတွေလို အခွင့်ထူးခံရဖို့ မမျှော်လင့်ကြပါ။

အကြောင်ူမူကား... စီနီယာအစ်ကိုနင်ရဲ့ လမ်းညွှန်မှုက အကြီးမားဆုံး အရင်းအမြစ် ဖြစ်နေ၍ပင်။

သူတို့က အရင်းအမြစ် နည်းနည်းလေးနှင့် အကျိုးအမြတ် အများကြီး ရအောင် လုပ်တတ်နေပြီ ဖြစ်ပါသည်။

ထို့ထက်ပိုသည်က၊ စီနီယာအစ်ကိုနင်က မျှတသည်။ ယဲ့ နဲ့ ကျန်း မိသားစုတွေလို မဟုတ်ပါချေ။

အစစ်အမှန် အမွေခံ (၉) ဦးလည်း ဝမ်းသာနေကြ၏။

စီနီယာအစ်ကိုနင်လို ပါရမီရှင်က ဂိုဏ်းကို ဦးဆောင်လျှင် အရင်က လူအိုကြီးတွေထက် အဆပေါင်း ထောင်ချီ ပိုကောင်းမှာ သေချာသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီး ပိုပြီး တိုးတက် ကြီးပွားလာမည့် မြင်ကွင်းကို သူတို့ မြင်ယောင်နေကြမိပါသည်။

---

အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် နှစ်ထောင်ချီ အတွင်း မကြုံဖူးသော မြေငလျင်ကြီး တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ဖြစ်သွားခဲ့၏။

အသက်အငယ်ဆုံး၊ အဆင့်တက်နှုန်း အမြန်ဆုံး၊ အင်မော်တယ် မျိုးစိတ် ပါရမီရှင် တစ်ဦး ဂိုဏ်းချုပ် ဖြစ်လာတော့မည်။

ဓားဘိုးဘေးကြီးက နင်ချီ၏ ဂိုဏ်းချုပ် တင်မြှောက်ပွဲ အခမ်းအနားကို တစ်လ အကြာတွင် ကျင်းပရန် ဆုံးဖြတ်လိုက်သည်။

သူ ကိုယ်တိုင် ဖိတ်စာများ ရေးသားပြီး အကြီးအကဲများမှတဆင့် ပေ့ရွှမ် နယ်မြေရှိ အခြား အဆင့်မြင့် ဂိုဏ်းများကို ဖိတ်ကြားစေသည်။ အစစ်အမှန် အမွေခံများကတော့ လက်အောက်ခံ ဂိုဏ်းငယ်များကို ဖိတ်ကြားကြပါ၏။

ပေ့ရွှမ် နယ်မြေတွင် အဆင့်မြင့် ဂိုဏ်း (၁၀) ဂိုဏ်း ရှိသော်လည်း အားလုံးကို မဖိတ်ပေ။ ဥပမာ - ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းကို ချန်လှပ်ထားသည်။

သူတို့နှင့ယ့် အကြွေးရှင်းဖို့ ကိစ္စက သတ်သတ် ရှိသေးသည်။

အချိန်တွေ ကုန်ဆုံးသွားသည်။

ထိုနေ့တွင်... ဗဟိုတောင်ထွတ်များရှိ 'မင်ရှင်း ခန်းမဆောင်' တွင်...

ဓားဘိုးဘေးကြီးနှင့် နင်ချီတို့ မျက်နှာချင်းဆိုင် ထိုင်နေကြ၏။ အခြား စွမ်းအားရှင်များက ဘေးပတ်လည်တွင် ထိုင်နေကြ၏။

တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခိုက် ဓားဘိုးဘေးကြီးသည် သူ၏ နှစ်ထောင်ချီသော အတွေ့အကြုံများကို မျိုးဆက်သစ်များအား ဝေမျှရန် ပြင်ဆင်ထားသည်။

ဂိုဏ်းချုပ်သစ် နင်ချီ၏ ဉာဏ်အလင်းကို တိုးပွားစေရန်နှင့် အခြား စွမ်းအားရှင်များကို ကူညီခြင်းဖြင့် ဂိုဏ်း၏ အုတ်မြစ်ကို ပိုမို ခိုင်မာစေရန် ရည်ရွယ်သည်။ ဓားဘိုးဘေး ဟူသော ဂုဏ်ပုဒ်နှင့် ညီစေရန်ပင်။

“မင်းတို့အားလုံး ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို ရောက်နေကြပြီ... ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းက ဓားဂိုဏ်း ဖြစ်ပေမယ့်... ပုံသဏ္ဌာန်မှာ တွယ်ကပ်မနေသင့်ဘူး...”

ပြောနေရင်း၊ ဓားဘိုးဘေးကြီးက လက်ဝါး ဖြန့်လိုက်၏ ။

သူ့ လက်ဖဝါးသည် သွယ်လျပြီး အရိုးအဆစ်များ အနည်းငယ် ပေါ်နေသော်လည်း အားအင် ပြည့်ဝနေလေသည်။

အားလုံး အာရုံစိုက်၍ ကြည့်လိုက်ကြ၏။

ဓားဘိုးဘေးကြီး၏ လက်ဖဝါးပေါ်တွင် ဓား စည်းမျဉ်းဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင် ဓားငယ်လေး တစ်လက် ဖြစ်ပေါ်လာသည်။

အားလုံးက ကြည့်နေကြ၏။

ဒါ ဘာခက်တာ မှတ်လို့။ ဒီမှာရှိတဲ့ လူတိုင်း လုပ်တတ်တာပဲ။

သို့သော်၊ သူက ဓားဘိုးဘေးလေ...။ ဒီလောက် ရိုးရှင်းမှာတော့ မဟုတ်ပေ။

သို့တိုင်၊ ဘာလုပ်မလို့လဲ ဆိုတာတော့ နားမလည်ကြသေးပါ။

ထိုစဉ်၊ ဓားဘိုးဘေးကြီးက ရုတ်တရက် ပြုံးလိုက်ပြီး ပြောလိုက်သည်။

“သေချာ ကြည့်ထားကြ...”

စကားဆုံးသည်နှင့် ဓားငယ်လေး တုန်ခါသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပုံရိပ်ယောင် ဓားမ ငယ်လေး တစ်လက် အဖြစ် ပြောင်းလဲသွားလေ၏။

မူလဝိညာဉ်ဖြင့် သေချာ အာရုံခံ ကြည့်လိုက်သောအခါ အားလုံး ထိတ်လန့်သွားကြလေတော့၏။

အခန်း (၅၉၄) - ဂိုဏ်းချုပ် နေရာနဲ့ ထိုက်တန်သူ (၃)

~အဘယ်ကြောင့်ဆိုသော် ထို ဓားမ သည် ဓား စည်းမျဉ်းများကို စုစည်းပြီး ပုံသဏ္ဌာန် ပြောင်းထားခြင်း မဟုတ်ဘဲ၊ 'ဓားမ စည်းမျဉ်း' စစ်စစ်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်နေသောကြောင့်ပင်။

လူအုပ်ကြီး ရှုပ်ထွေးသွားကြ၏။ ဓားတာအို တစ်ခုတည်းကိုသာ အာရုံစိုက်ပြီး နှစ်ပေါင်း တစ်သောင်းလုံးလုံး တံခါးပိတ် ကျင့်ကြံခဲ့သော ဓားဘိုးဘေးကြီးသည် 'ဓားမ စည်းမျဉ်း' ကိုပါ သင်ယူခဲ့သည်လား။

နင်ချီ၏ မျက်လုံးများသာ အနည်းငယ် တောက်ပသွားလေ၏။

မကြာမီ... ဓားဘိုးဘေးကြီး ကျင်းရှောင်၏ လက်ထဲမှ ဓားသည် လက်နက် အမျိုးမျိုး အဖြစ် ဆက်တိုက် ပြောင်းလဲသွားသည်။ လှံ၊ ဓားမ၊ တူရွင်း၊ မြှား... လွှ အဖြစ်တောင် ပြောင်းလဲသွားသေးသည်။

ဒီတစ်ခါတော့ အားလုံး အံ့သြသွားကြရတော့၏။

ဓားဘိုးဘေးကြီးက 'ဓားမ စည်းမျဉ်း' တစ်ခုတည်း တတ်တာ မဟုတ်ဘူး၊ စည်းမျဉ်း အများကြီးကိုပါ တတ်မြောက်ထားတာလား။

“ဓားဘိုးဘေးကြီး... ဘယ်လို လုပ်လိုက်တာလဲ ခင်ဗျာ...”

မဟာ အကြီးအကဲ ဇီယန်က မေးလိုက်တော့၏။

ထိုအခါ၊ ကျင်းရှောင်သည် သူ့ မုတ်ဆိတ်ရှည်ကို သပ်လိုက်ပြီး လျှို့ဝှက်ချက်ကို ဖွင့်ဟလိုက်သည်။

“ဒါက နှစ်ပေါင်း တစ်သောင်း ကျင့်ကြံမှုကနေ ငါ ရခဲ့တဲ့ အကျိုးအမြတ်ပဲ... အားလုံးက 'ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း' ထဲမှာ ရှိတယ်...”

“ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း...”

လူတိုင်း ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။

'ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း' ဆိုသည်မှာ ဓားကျင့်ကြံသူတိုင်း၏ အန္တိမ အိပ်မက် မဟုတ်ပါလော။

သို့သော် မည်သူ အောင်မြင်ခဲ့ဖူးပါသနည်း။

ထို့ကြောင့် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' သို့ ရောက်ပြီးနောက် သူတို့သည် ကိုယ်နှင့် ကိုက်ညီသော စည်းမျဉ်း စွမ်းအား တစ်ခုကို အခြေခံပြီး တစိုက်မတ်မတ် ကျင့်ကြံကြခြင်း ဖြစ်သည်။

လမ်းစဉ် တစ်ခု အောင်မြင်မှ နောက်တစ်ခု ထပ်ကျင့်ကြံကြ၏။

သူတို့၏ ရှေ့မှောက်တွင် ရှိနေသော ဓားဘိုးဘေးကြီးသည် ပါရမီ ထူးကဲသူ ဖြစ်ပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အမည်နာမနှင့် အလိုက်ဖက်ဆုံးသော ဓားတာအို တစ်ခုတည်းကိုသာ ကျင့်ကြံသူ ဖြစ်ကြောင်း သူတို့ သိထားကြ၏။

နင်ချီကမူ တိတ်ဆိတ်နေလေ၏။

သူ့ စိတ်ထဲတွင် ဓားဘိုးဘေးကြီး၏ လက်ထဲမှ 'စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်' သည် မီးပွားများ လက်နေသကဲ့သို့ တဖျပ်ဖျပ် လက်နေသည်။ သူ့ မျက်လုံးထဲတွင် အဆုံးမဲ့ ဉာဏ်အလင်းများ ပေါက်ကွဲထွက်နေပြီး လေးနက်သော အရာတစ်ခုကို တွက်ချက်နေပုံ ရသည်။

ကျင်းရှောင်က ဆက်ပြောလေ၏။

“ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း ဆိုတာ အနှစ်မဲ့ စကားလုံး မဟုတ်ဘူး...”

“ငါ တံခါးပိတ် ကျင့်ကြံနေတဲ့ နှစ်ပေါင်း တစ်သောင်းလုံးလုံး... နေ့တိုင်း ငါ့စိတ်ထဲမှာ ငါ့တစ်သက်တာ တွေ့ကြုံခဲ့ဖူးတဲ့ ရန်သူတွေကို ပြန်မြင်ယောင်ပြီး 'ဆန္ဒ ဓား' နဲ့ ခုတ်ပိုင်းခဲ့တယ်...”

“ငါ သတ်ခဲ့တဲ့ ရန်သူတွေ အားလုံး... သူတို့ရဲ့ ခန္ဓာကိုယ်ကို ခုတ်ပိုင်းခဲ့တာ မဟုတ်ဘူး... သူတို့ရဲ့ ဝိညာဉ်ကို ခုတ်ပိုင်းခဲ့တာ... သူတို့ရဲ့ စည်းမျဉ်းတွေကိုပါ ခုတ်ပိုင်းခဲ့တာ...”

“တစ်နေ့ကျတော့ ငါ ရုတ်တရက် သဘောပေါက်သွားတယ်... ဓားတာအိုက နည်းစနစ် တစ်သောင်းကို ဖျက်ဆီးနိုင်မှတော့... ငါ ပိုင်စိုးတဲ့ ဓား စည်းမျဉ်းကလည်း စည်းမျဉ်း တစ်သောင်းကို ဖျက်ဆီးနိုင်ရမှာပေါ့...”

လူအုပ်ကြီးသည် စိတ်ဝင်စားစွာ နားထောင်နေကြပြီး စိတ်ဓာတ် တက်ကြွလာကြ၏။

သို့သော် ဓားဘိုးဘေးကြီးက အဓိက အချက်ကို မပြောသေးဘဲ လူအုပ်ကြီး နားလည်အောင် အရင် ရှင်းပြနေခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်၌၊ ခန်းမဆောင်၏ ကွင်းပြင် ဟင်းလင်းပြင်ထဲတွင်... မရေမတွက်နိုင်သော ဓားများ ငါးအုပ်ကြီး ကူးခတ်နေသကဲ့သို့ ပေါ်ထွက်လာသည်။

ဟင်းလင်းပြင် တစ်ခုလုံးတွင် ဓား စည်းမျဉ်း တစ်မျိုးတည်းသာ ကျန်ရှိတော့ပြီး၊ ဓား တစ်လက်တည်းသာ အရာခပ်သိမ်းကို လွှမ်းမိုး အုပ်စိုးထားသကဲ့သို့ ဖြစ်သွားသည်။

ရှိနေသော စွမ်းအားရှင်များသည် သူတို့ ကျွမ်းကျင်သော စည်းမျဉ်းများနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်သော်လည်း မရတော့သဖြင့် အကြီးအကျယ် အံ့သြသွားကြ၏။

ဓား စည်းမျဉ်း တူနေသူများပင် ဆက်သွယ်၍ မရတော့ပေ။

ဤကမ္ဘာလောကတွင် ရှိရှိသမျှ စည်းမျဉ်း အားလုံးကို ဓားဘိုးဘေးကြီးက ချုပ်ကိုင်ထားလိုက်သကဲ့သို့ ဖြစ်နေပြီး၊ အခြား စည်းမျဉ်း အားလုံးသည် သူ့ ဓားတာအို အောက်တွင် ပြတ်တောက်သွားကြလေပြီ။

ဓားဘိုးဘေးကြီး ကျင်းရှောင်က ဆက်ပြောလေ၏။

“ဓားတာအိုက အရာရာကို လွှမ်းမိုးသွားပြီးတဲ့နောက်... ငါ ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့တယ်... အဲဒီတော့မှ သဘောပေါက်သွားတာက... ဓားတာအို ဆိုတာ လမ်းစဉ် တစ်သောင်းကို ဖြတ်တောက်နိုင်သလို... လမ်းစဉ် တစ်သောင်းကိုလည်း အမိန့်ပေး ခိုင်းစေနိုင်တယ် ဆိုတာပဲ... ဧကရာဇ် တစ်ပါးက မှူးမတ် တစ်သောင်းကို အမိန့်ပေးသလိုပေါ့...”

“ဒါကြောင့် မင်းတို့ စောစောက မြင်လိုက်ရတဲ့ မြင်ကွင်းက ငါ့ရဲ့ အောင်မြင်မှုပဲ...”

ထိုစကားကို ကြားလိုက်ရသောအခါ စွမ်းအားရှင်များ၏ ရင်ထဲတွင် ပြင်းထန်သော တုန်လှုပ်မှု တစ်ခု ဖြစ်ပေါ်လာသည်။

ကျင်းရှောင်သည် သူတို့ ရင်ထဲရှိ ဝေခွဲမရ ဖြစ်နေမှုများကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်း ရှင်းလင်းပေးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ဉာဏ်အလင်းများ ဖြာကျလာပြီး သူတို့၏ အမြင်အာရုံ တစ်ခုလုံး ပွင့်လင်းသွားလေ၏။

“တကယ့် ဓားဘိုးဘေးကြီး ပါပဲလား...” စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိကြ၏။

ကျင်းရှောင် ပြုံးလိုက်သည်။

“ဝမ်းနည်းစရာ ကောင်းတာက... ငါ ဒီအချက်ကို သဘောပေါက်သွားပေမယ့်... လမ်းစဉ် အနည်းငယ်လောက်ကိုပဲ အမိန့်ပေးနိုင်သေးတယ်...”

အခြား စွမ်းအားရှင်များ အားလုံး သူ့ သွန်သင်မှုအောက်တွင် နစ်မြုပ်နေကြသော်လည်း၊ ကျင်းရှောင်သည် သူ့ ရှေ့ရှိ နင်ချီကို မကြည့်ဘဲ မနေနိုင်ပေ။

နင်ချီသည် တင်ပျဉ်ခွေ ထိုင်နေပြီး တစ်စုံတစ်ခုကို နက်ရှိုင်းစွာ စဉ်းစားနေပုံ ရသည်။

ထိုအခါ၊ နင်ချီ တစ်ခုခုကို နားလည်သဘောပေါက်နေမှန်း ကျင်းရှောင် သိလိုက်သည်။

ဒါပေမဲ့... ငါက သူ့ရှေ့မှာ ရှိနေတာပဲ... ဘာလို့ ငါ့ကို တိုက်ရိုက် မမေးဘဲ ကိုယ့်ဘာသာကိုယ် စဉ်းစားနေရတာလဲ။

မေးလိုက်ရင် အချိန်ကုန် သက်သာပြီး ပိုလွယ်တာ မဟုတ်ဘူးလား။

ဒါမှမဟုတ် တစ်ညတည်း ဉာဏ်အလင်း ပွင့်သွားတာက ငါ့ရဲ့ နှစ်ပေါင်း တစ်သောင်း ကြိုးစားမှုကို ကျော်လွန်နိုင်မယ်လို့ ထင်နေတာလား။

ကျင်းရှောင် စိတ်ထဲတွင် မျက်‌ခုံး တွန့်လိုက်မိသော်လည်း အပြင်ပန်းတွင် ထုတ်ဖော် မပြပေ။

“နင်ချီ... ငါနဲ့ လက်ရည်စမ်းကြည့်မလား...”

သူသည် 'မဟာ လမ်းစဉ် အသံ' ကို အသုံးပြုပြီး နင်ချီ၏ စိတ်ထဲသို့ တိုက်ရိုက် ပေးပို့လိုက်သည်။

နင်ချီ ချက်ချင်း သတိဝင်လာပြီး မတ်တပ်ထရပ်လိုက်၏။

“ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ ဓားဘိုးဘေး...”

“ကောင်းပြီ...”

သူတို့ နှစ်ဦးသည် မင်းရှင်း ခန်းမဆောင် အပြင်ဘက် ရင်ပြင်ကျယ်ကြီး သို့ ထွက်လာပြီး မျက်နှာချင်းဆိုင် ရပ်လိုက်ကြ၏။

စွမ်းအားရှင်များ အားလုံးလည်း လိုက်ပါလာကြ၏။ ဓားဘိုးဘေးကြီး ကိုယ်တိုင် သင်ကြားပြသပေးမည့် နင်ချီ၏ ကံကောင်းခြင်းကို အားကျနေကြသည်။

ကျန်းပိုင်ချွမ်းသည် လူအုပ်ထဲတွင် ရောနှော ပါဝင်နေပြီး စိတ်ဓာတ်ကျနေသည်။

ဂိုဏ်းချုပ် ရာထူးမှ ဖယ်ရှားခံလိုက်ရသဖြင့် သူသည် စိတ်လေနေပြီး အတွင်းစိတ်တွင် ပဋိပက္ခများ ဖြစ်ပေါ်နေသည်။

ဓားဘိုးဘေးကြီးက နင်ချီကို သင်ကြားပေးမည် ဆိုသောအခါ နင်ချီ အနည်းငယ်လောက်တော့ ဒုက္ခရောက်ပါစေဟု သူ ဆုတောင်းနေမိသည်။

မဟာ အကြီးအကဲ ဇီယန်နှင့် ကျန်းရူဟိုင် တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

နင်ချီ၏ စွမ်းအားသည် သူတို့ထက် များစွာ သာလွန်နေပြီ ဖြစ်သည်။

ဓားဘိုးဘေးကြီး၏ အဆင့်ကိုတော့ မသိရသော်လည်း 'ပေါင်းစည်းခြင်း နယ်ပယ်' သို့တော့ မရောက်သေးလောက်ပေ။ သူတို့ နှစ်ယောက် ဘယ်သူက တကယ် ပိုစွမ်းမလဲ။

သို့သော် စောစောက ဓားဘိုးဘေးကြီး ပြသခဲ့သော 'ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း' စွမ်းရည်ကို ကြည့်လျှင် အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် သူသည် အသန်မာဆုံး ဖြစ်သည်မှာ ယုံမှားဖွယ် မရှိပေ။

“ငါ့ စွမ်းအား (၃၀) ရာခိုင်နှုန်းပဲ သုံးမယ်... သတိထား...”

ကျင်းရှောင်သည် တိုက်ခိုက်မည့် အနေအထား ပြင်လိုက်သည်နှင့် သူ့ ပတ်ဝန်းကျင် ဟင်းလင်းပြင်တွင် ဓားဆန္ဒများ ပြည့်နှက်သွားလေ၏။

သူ ခြေတစ်လှမ်း တိုးလိုက်ပြီး လက်ဝါးဖြင့် နင်ချီ ဆီသို့ ရိုက်ထုတ်လိုက်သည်။

သူတို့ နှစ်ဦးသည် (၁၀) ကိုက် (ပေ ၃၀) ခန့် ကွာဝေးသော်လည်း သူ့ ရိုက်ချက်ကြောင့် ဟင်းလင်းပြင်သည် ဓားဖြင့် လှီးဖြတ်ခံလိုက်ရသကဲ့သို့ ကွဲအက်သွားပြီး ဓားမြည်သံများ ထွက်ပေါ်လာလေ၏။

'ဓား စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်' တစ်ချောင်းသည် နင်ချီ ဆီသို့ ချက်ချင်း တိုးဝင်သွားသည်။ ဓားသွား မပါသော်လည်း ၎င်းထက် ထက်မြက်သော အရာ မရှိပေ။

နင်ချီလည်း ဓား စည်းမျဉ်း စွမ်းအားမျှင် တစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။

“ဝီ...”

ဓား စည်းမျဉ်း စွမ်းအားမျှင် နှစ်ချောင်း လေထဲတွင် ထိပ်တိုက် တွေ့ဆုံသွားကြ၏။

နှစ်ခုစလုံးသည် အတုနှင့် အစစ်ကြားတွင် ရှိနေသော စည်းမျဉ်းများ ဖြစ်သော်လည်း ကြည့်ရှုနေသူများ အနေဖြင့် မီးပွားများ လွင့်စင်လာသည်ကို မြင်တွေ့လိုက်ကြရသည်။ ထိုအရာများသည် တောက်ပသော စည်းမျဉ်း အပိုင်းအစများ ကွဲကြေသွားခြင်း ဖြစ်ပေသည်။

နှစ်ဖက်စလုံး၏ ဓား စည်းမျဉ်းများ တစ်ပြိုင်နက်တည်း ပျက်စီးသွားသော်လည်း နင်ချီသည် မတုန်မလှုပ် ရှိနေဆဲပင်။

ကျင်းရှောင် အနည်းငယ် အံ့သြသွားပြီး ပြောလိုက်သည်။

“တော်တဲ့ ကောင်လေး... ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းက စွမ်းအားရှင် ငါးယောက်ကို ရှင်းပစ်နိုင်တယ် ဆိုတာ အလကား ပြောတာ မဟုတ်ဘူးပဲ... မင်းမှာ တကယ် စွမ်းရည် ရှိတာပဲ...”

သူ့ စွမ်းအား (၃၀) ရာခိုင်နှုန်း ဆိုသည်မှာ နင်ချီကို စမ်းသပ်ရုံ သက်သက်သာ ဖြစ်ပြီး 'ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း' ၏ အစစ်အမှန် စွမ်းအားကို မထုတ်သုံးရသေးပေ။

“နောက်တစ်ခါ (၅၀) ရာခိုင်နှုန်း သုံးမယ်... သတိထား...”

နင်ချီ ခေါင်းညိတ်လိုက်သည်။

ဒီတစ်ခါတွင်တော့ ကျင်းရှောင်၏ အရှိန်အဝါသည် ပိုမို ပြင်းထန်လာပြီး သူတို့ နှစ်ဦး ရပ်နေသော နေရာ ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပါ စတင် လွှမ်းမိုးလာလေတော့၏။

ကြည့်ရှုနေသော စွမ်းအားရှင်များ အားလုံး အံ့သြ မှင်သက်သွားကြလေ၏။

All Chapters