အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
အခန်း (၁၆၆) - အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့်နှင့် ရေခဲမီး လျှို့ဝှက်ချက်
~ယခင်က ဖြစ်ပေါ်ခဲ့သော ရေခဲနှင့် မီး စွမ်းအားတို့၏ ရိုက်ခတ်မှုကို ပြန်လည်အောက်မေ့လိုက်မိရာ စုယွီ၏ ကျောပြင်တစ်ခုလုံး အေးစက်သွားရ၏။ ထိုအခိုက်အတန့်တွင် ထွက်ပေါ်လာသော အရှိန်အဝါသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပြီး သူ၏ အသိစိတ်ကိုပင် လွှမ်းမိုးမတတ် ဖြစ်ခဲ့ရ၏။
စုယွီသည် ထိုစွမ်းအားကို ပြန်လည်ဆန်းစစ်ရင်း ဦးနှောက်ကို အလုပ်ပေးလိုက်မိသည်။
'ဒါ... ဒါက တတိယအဆင့် ရေခဲနဲ့ မီး စွမ်းအားတွေ ပေါင်းစပ်သွားတဲ့ အရှိန်အဝါလား'
'အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက် ပေါင်းစပ်တိုက်ခိုက်လိုက်သလောက် ပြင်းထန်တာပဲ... တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်'
သို့သော် သူ၏ ခန္ဓာကိုယ် အခြေအနေကို ပြန်လည်စစ်ဆေးကြည့်လိုက်သောအခါ စုယွီ သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်မိ၏။ ကံကောင်းထောက်မစွာဖြင့် ရေခဲမီးပုလဲ၏ အကာအကွယ်ကြောင့် သူ၏ ခန္ဓာကိုယ်နှင့် သွေးကြောများသည် အနည်းငယ်သာ ထိခိုက်ခဲ့ပြီး ယခုအခါ ပုံမှန်နီးပါး ပြန်လည်ကောင်းမွန်နေပြီ ဖြစ်၏။
ကိစ္စကြီးကြီးမားမား မရှိပေ။
သူသည် ဒန်တျန်အတွင်းသို့ အာရုံစိုက် ကြည့်ရှုလိုက်၏။ အဆင့်နိမ့် ရေခဲမီးပုလဲသည် ကောင်းကင်ဖီးနစ် မီးတောက်မျိုးစေ့နှင့် ရေစက်ပုံသဏ္ဌာန် ရေခဲမျိုးစေ့တို့၏ အလယ်တွင် ငြိမ်သက်စွာ တည်ရှိနေလေ၏။ ထိုမျိုးစေ့နှစ်ခုလုံးသည် အခြေခံတည်ဆောက်ခြင်း အဆင့်အတွက် အသက်သွေးကြောများ ဖြစ်ကြပေသည်။
တတိယအဆင့် ရေခဲနှင့် မီး ဂူစံအိမ်မှ မွေးဖွားလာသော စွမ်းအားများသည် ရေစီးကြောင်းများသဖွယ် စုယွီ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်လာနေ၏။ ထို့နောက် ရေခဲမီးပုလဲက ထိုစွမ်းအားများကို စုပ်ယူလိုက်ပြီး ပြန်လည်ပေါင်းစပ်ကာ ဒန်တျန်မှတဆင့် သွေးကြောများထဲသို့ ပို့လွှတ်လိုက်၏။
ထိုစွမ်းအားစီးကြောင်းသည် စုယွီ၏ ခန္ဓာကိုယ်အတွင်းရှိ "ကောင်းကင်နှင်းခဲကျဆင်းခြင်း" နှင့် "ကောင်းကင် ဖီးနစ်နိဗ္ဗာန် သိုင်းကျမ်း" ဟူသော ကျင့်စဉ်ကြီးနှစ်ခုကို လှုံ့ဆော်ပေးလိုက်တော့သည်။
ခြောက်နာရီခန့် ကြာမြင့်ပြီးနောက်...
စုယွီသည် သူ၏ ကျင့်စဉ်နှစ်ခုတွင် သိသာထင်ရှားသော ပြောင်းလဲမှုများကို အာရုံခံမိလိုက်သည်။ နိဗ္ဗာန်မီးစွမ်းအားသည် ပမာဏအားဖြင့် အနည်းငယ် လျော့နည်းသွားသယောင် ရှိသော်လည်း ပိုမို၍ သိပ်သည်းကျစ်လစ်လာခဲ့၏။
ပို၍ အံ့ဩစရာကောင်းသည်မှာ "ကောင်းကင်နှင်းခဲကျဆင်းခြင်း" ကျင့်စဉ်ပင် ဖြစ်၏။ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိခါစသာ ရှိသေးသော်လည်း ယခုအခါ အံ့မခန်း အရှိန်အဟုန်ဖြင့် "ဒုတိယအဆင့်" သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်ပေသည်။
ယခုအခါ ရေခဲစွမ်းအားနှင့် မီးစွမ်းအားတို့သည် ပြီးပြည့်စုံသော ဟန်ချက်ညီမျှမှုတစ်ခုကို ရရှိသွားခဲ့ပြီ ဖြစ်၏။
ရေခဲတစ်ဖက်... မီးတစ်ဖက်...။
ထိုစွမ်းအားနှစ်ခု၏ ရိုက်ခတ် လေ့ကျင့်ပေးမှုအောက်တွင် သူ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး အဆင့်သည်လည်း ပိုမို လျင်မြန်လာခဲ့၏။
'ဒီစွမ်းအားနှစ်ခုက ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းရင်း ပေါင်းစပ်သွားကြတာပဲ... ရေခဲမီးပုလဲရဲ့ အကူအညီနဲ့ ကျင့်စဉ်နှစ်ခုက ယာယီအားဖြင့် ဟန်ချက်ညီသွားပြီး နိဗ္ဗာန်မီးစွမ်းအား တချို့က ရေခဲစွမ်းအားအဖြစ် ပြောင်းလဲသွားတာ ဖြစ်ရမယ်'
'ပြီးတော့ ဂူစံအိမ်က စွမ်းအားတွေကိုပါ စုပ်ယူလိုက်တော့... ငါ့ရဲ့ ကျင့်စဉ်နှစ်ခုလုံးက အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့်ကို ရောက်သွားကြပြီ'
စုယွီသည် ဟန်ချက်ညီစွာ လည်ပတ်နေသော ကျင့်စဉ်နှစ်ခု၏ လျှို့ဝှက်ချက်ကို တိတ်ဆိတ်စွာ ဆင်ခြင်သုံးသပ်နေမိသည်။ လက်ရှိအချိန်တွင် ဤဟန်ချက်ညီမှုသည် ရေခဲမီးပုလဲက ထိန်းချုပ်ပေးထားခြင်းသာ ဖြစ်ပြီး ကျင့်စဉ်အသစ်တစ်ခုအဖြစ် ပေါင်းစပ်သွားခြင်းမျိုးတော့ မဟုတ်သေးပေ။
သို့သော်လည်း...
ဒါက စုယွီ လိုလားတောင့်တနေသော ရေခဲနှင့် မီး ပေါင်းစပ်ခြင်း လမ်းစဉ်ပင် ဖြစ်ချေသည်။
စုယွီ၏ နတ်ဘုရား အာရုံသည် သူနှင့် အနည်းငယ် အဆက်အသွယ် ရှိနေပြီးဖြစ်သော ရေခဲမီးပုလဲနှင့် ထိတွေ့လိုက်မိသည်နှင့် တပြိုင်နက်... ကြီးမားခမ်းနားသော အမွေအနှစ် သတင်းအချက်အလက်များသည် သူ၏ ဦးနှောက်အတွင်းသို့ ရေစီးကမ်းပြိုသကဲ့သို့ စီးဝင်လာတော့သည်။
"ဝုန်း..."
'ဒါ... ဒါက ဘာကြီးလဲ'
စုယွီ လန့်ဖျပ်သွားပြီး မျက်လုံးများကို မှိတ်ကာ ထိုအမွေအနှစ်များကို လက်ခံရယူရန် အာရုံစိုက်လိုက်၏။
ခြောက်နာရီကျော်ခန့် ကြာမြင့်ပြီးနောက်...
စုယွီသည် ထိုအမွေအနှစ် စီးကြောင်းထဲမှ ပြန်လည်နိုးထလာခဲ့သည်။ သူ၏ ရင်ထဲတွင် ဝမ်းသာပီတိတို့ဖြင့် ပြည့်နှက်နေ၏။
အံ့ဩစရာကောင်းလှစွာပင်... ဤအရာသည် တာအိုဆရာ ပင်းယွီနှင့် တာအိုဆရာ ကျဲ တို့၏ ဉာဏ်ပညာများ ပေါင်းစပ်ထားသော အမွေအနှစ်တစ်ခု ဖြစ်နေ၏။ ရေခဲနှင့် မီး ပေါင်းစပ်ခြင်း လမ်းစဉ်၏ နက်နဲသော သဘောတရားများအပြင် တာအိုဆရာ ကျဲ ချန်ရစ်ခဲ့သော အခြားအရာများလည်း ပါဝင်နေပေသည်။
ယင်းတို့မှာ "အခြေတည် ဝိညာဉ် အဆင့်" မီးဓာတ် ကျင့်စဉ်တစ်ခုဖြစ်သော "ခရမ်းရောင် နေမင်း ကောင်းကင်မီးတောက် ကျင့်စဉ်" နှင့် တတိယအဆင့် ရုပ်သေးပညာ အမွေအနှစ်ဖြစ်သော "သင်္ချိုင်း ရုပ်သေး ပညာရပ်" တို့ ဖြစ်ကြသည်။
တာအိုဆရာ ကျဲ၏ မှတ်တမ်းအရ "ခရမ်းရောင် နေမင်း ကောင်းကင်မီးတောက် ကျင့်စဉ်" သည် ရှေးဟောင်း "ကောင်းကင် အင်မော်တယ် စံအိမ်" ဂိုဏ်းတော်ကြီးမှ ဆင်းသက်လာခြင်း ဖြစ်၏။ ထိုဂိုဏ်းသည် တာအိုဆရာ ပင်းယွီ၏ မှတ်တမ်းများတွင် ပါဝင်ဖူးပြီး ကောင်းကင်တာအိုကို ဖြတ်တောက်နိုင်ခဲ့သော "တာအိုသားတော်" ပေါ်ထွန်းခဲ့ဖူးသည်ဟု ဆိုကြ၏။
ဤကျင့်စဉ်သည် ကောင်းကင်တာအို ခရမ်းရောင်နေမင်း မီးတောက်ကို အခြေခံထားပြီး အလွန်အမင်း အာဏာဆန်ကာ ပြင်းထန်လှပေသည်။
သို့သော်လည်း... စုယွီသည် ထိုကျင့်စဉ်ကို သူလေ့ကျင့်ထားသော "ကောင်းကင် ဖီးနစ်နိဗ္ဗာန် သိုင်းကျမ်း" နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ အားမရ ဖြစ်သွားရ၏။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ကောင်းကင် ဖီးနစ်နိဗ္ဗာန် သိုင်းကျမ်းတွင် ပါဝင်သော "ပြန်လည်မွေးဖွားခြင်း" စွမ်းရည်မျိုးသည် ခရမ်းရောင် နေမင်း ကျင့်စဉ်တွင် မပါဝင်ချေ။ ထို့အပြင် နိဗ္ဗာန်မီးတောက်၏ လွှမ်းမိုးနိုင်စွမ်းသည် ခရမ်းရောင် နေမင်း မီးတောက်ထက် များစွာ သာလွန်နေပေသည်။
ထို့ကြောင့် သူ့အနေဖြင့် မီးဓာတ် ကျင့်စဉ်ကို ပြောင်းလဲစရာ မလိုပေ။
နှိုင်းယှဉ် သုံးသပ်ပြီးနောက် စုယွီ တီးတိုး ရေရွတ်လိုက်သည်။
'ဒီကျင့်စဉ်ကိုတော့ မိသားစုဆီပဲ ပေးလိုက်တော့မယ်'
အခြေတည် ဝိညာဉ် အဆင့် ကျင့်စဉ်တစ်ခု...။ ဤအရာမျိုးကို ယွီမိသားစု၊ ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့ပင် ပိုင်ဆိုင်ထားခြင်း မရှိပေ။ စုမိသားစုအတွက်တော့ အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်လာမည်မှာ အသေအချာပင်။
ထို့နောက် စုယွီသည် တာအိုဆရာ ကျဲ ချန်ရစ်ခဲ့သော တတိယအဆင့် ရုပ်သေးပညာ အမွေအနှစ် "သင်္ချိုင်း ရုပ်သေး ပညာရပ်" ကို အာရုံစိုက်လိုက်ပြန်သည်။
စုယွီ အံ့ဩမှင်သက်သွားရ၏။ ဤရုပ်သေးပညာ စနစ်သည် အလွန် ရှုပ်ထွေးနက်နဲပြီး ရုပ်သေးသားရဲ အမျိုးအစားပေါင်းစုံ ပါဝင်နေ၏။ ရုပ်သေးသားရဲ စွယ်စုံကျမ်းကြီး တစ်စောင်ဟု ဆိုလျှင်လည်း မမှားပေ။
ပျံသန်းသော သားရဲများ၊ မြေလျှိုးသော သားရဲများ၊ ထောက်လှမ်းရေး၊ ခြေရာခံ၊ အစောင့်အရှောက်နှင့် လုပ်ကြံသတ်ဖြတ်ရေး ရုပ်သေးများ... စုံလင်လှပေသည်။ ပထမအဆင့်မှ တတိယအဆင့်အထိ အမျိုးအစားပေါင်း (၃၀၀) ကျော် ပါဝင်လေ၏။
ယခင်က စုယွီ ဖန်တီးခဲ့သော ရုပ်သေးများသည် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးကိုသာ ဦးစားပေးပြီး အရွယ်အစား ကြီးမားကြသည်။ သို့သော် "သင်္ချိုင်း ရုပ်သေး ပညာရပ်" တွင်မူ သေးငယ်သော ရုပ်သေးများစွာကို ဖော်ပြထား၏။
ဥပမာအားဖြင့် လက်ချောင်းအရွယ်အစားသာ ရှိသော "အနက်ရောင် ကန္တာရ သားရဲ" ပုစဉ်းရင်ကွဲကဲ့သို့ ပုံစံရှိပြီး ရှာဖွေခြင်းနှင့် ခြေရာခံခြင်းတို့အတွက် အဓိက အသုံးပြုသည်။ လျှင်မြန်ခြင်းနှင့် ကိုယ်ပျောက်ခြင်းတို့တွင် ပြိုင်ဘက်ကင်းလှပေ၏။
ဤကဲ့သို့သော ရုပ်သေးများသည် တန်ဖိုးရှိလှသည်။ အရွယ်အစား သေးငယ်သောကြောင့် ကုန်ကျစရိတ် သက်သာပြီး ဖန်တီးရလည်း မခက်ခဲလှချေ။
ထို့အပြင် ကုသရေးတွင် ကျွမ်းကျင်သော ရုပ်သေးများလည်း ပါဝင်သည်။ သို့သော် ၎င်းတို့သည် အထူးဖန်တီးရန် လိုအပ်ပြီး သစ်သားဓာတ် ပါဝင်သော ပစ္စည်းများနှင့် သားရဲအစိတ်အပိုင်းများကို အသုံးပြုရ၏။
တတိယအဆင့် ရုပ်သေးများတွင်လည်း တိုက်ခိုက်ရေး၊ လုပ်ကြံရေး စသဖြင့် အမျိုးမျိုး ကွဲပြားနေပြန်သည်။ စုယွီသည် ဤရုပ်သေးပညာကို အလွန် စိတ်ဝင်စားသွားမိ၏။
"သင်္ချိုင်း ရုပ်သေး ပညာရပ် ဆိုတဲ့ နာမည်နဲ့ တကယ်ပဲ လိုက်ဖက်တာပဲ"
စုယွီသည် ရုပ်သေးပညာ၏ နက်နဲမှုတွင် အချိန်အတော်ကြာ ဈာန်ဝင်စားနေမိပြီးမှ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
'နောက်မှပဲ အချိန်ယူပြီး သေချာ ပြန်လေ့လာရမယ်... တတိယအဆင့် ရုပ်သေးတွေ လုပ်ဖို့ ကုန်ကြမ်းပစ္စည်းတွေ ရှာလို့ရမလား ကြည့်ရဦးမယ်'
မည်သို့ပင်ဆိုစေကာမူ... လက်ရှိအချိန်တွင် တတိယအဆင့် ရုပ်သေးများသည် သူ့အတွက် အလှမ်းဝေးနေဆဲပင် ဖြစ်ချေသည်။ စုယွီသည် ထိုအတွေးများကို ခေတ္တခဏ ဘေးဖယ်ထားလိုက်တော့သည်။
အခန်း (၁၆၇) - အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်နှင့် ရေခဲမီး လျှို့ဝှက်ချက်
~တာအိုဆရာ ပင်းယွီနှင့် တာအိုဆရာ ကျဲတို့ ချန်ရစ်ခဲ့သော ရေခဲနှင့် မီး ပေါင်းစပ်ခြင်း အမွေအနှစ်သည် စုယွီ၏ အာရုံကို ဖမ်းစားထား၏။ ထိုအရာက သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက် မီးတောက်များကို တပြိုင်နက်တည်း ထွန်းညှိပေးလိုက်သကဲ့သို့ ရှိချေ၏။
သို့သော်လည်း စုယွီ၏ ရေခဲနှင့် မီး သဘောတရားအပေါ် နားလည်သဘောပေါက်မှုသည် နှစ်ပေါင်းရာချီ၍ လေ့လာလိုက်စားခဲ့ကြသော ရှေးဟောင်း တာအိုဆရာကြီးများနှင့် နှိုင်းယှဉ်လျှင်မူ အပေါ်ယံမျှသာ ရှိသေးသည်ဟု ဆိုရပေမည်။ သူ့တွင်ရှိသော အချိန်သည် စုစုပေါင်း (၆) လ ခန့်သာ ရှိပြီး ထိုကာလတိုလေးအတွင်း၌ ဝါရင့်ကျင့်ကြံသူကြီးများ၏ ခြေဖျားကို မီနိုင်ရန်မှာ မဖြစ်နိုင်သော အရာပင်။
'ရေခဲနဲ့ မီးဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ ယင်နဲ့ ယန် သဘောတရားပဲ... ဆန့်ကျင်ဘက် အစွန်းနှစ်ပါး ဖြစ်ပေမဲ့ ပေါင်းစပ်သွားရင် တစ်သားတည်း ဖြစ်သွားနိုင်တယ်'
စုယွီသည် ထိုသဘောတရားများကို လေးလေးနက်နက် ဦးနှောက်ကို အလုပ်ပေးဆင်ခြင်နေမိ၏။ တစ်ခါတစ်ရံတွင် သူ၏ မျက်ခုံးတန်းများက တွန့်ချိုးသွားတတ်ပြီး အသိဉာဏ်အလင်း ပွင့်သွားသည့်အခါမျိုးတွင်မူ ပြန်လည်ပြေလျော့သွားတတ်၏။ ထိုကဲ့သို့ ဈာန်ဝင်စားနေရင်းဖြင့် အချိန်ကာလသည် မြားတစ်စင်းပမာ လျင်မြန်စွာ ကုန်ဆုံးသွားတော့သည်။
စုယွီ၏ ပင်မခန္ဓာကိုယ်သည် ရေခဲနှင့် မီး ဂူစံအိမ်အတွင်း၌ တံခါးပိတ် ကျင့်ကြံနေသော်လည်း သူ၏ ရုပ်သေးကိုယ်ပွားမှာမူ တစ်ခါတစ်ရံ အပြင်သို့ ထွက်ခွာလေ့ရှိသည်။ အဓိကအားဖြင့် အလည်အပတ် ရောက်ရှိလာတတ်သော တာအိုဆရာ ရှုယွီကို ဧည့်ခံရန် ဖြစ်ပေ၏။
သူသည် အခြားကိစ္စဟူသမျှကို ဘေးဖယ်ထားလိုက်ပြီး ရေခဲနှင့် မီး ပေါင်းစပ်ခြင်း အမွေအနှစ်ကို နားလည်သဘောပေါက်ရန်၊ ကိုယ်ပိုင် ပေါင်းစပ်ကျင့်စဉ်ကို ဖန်တီးရန်နှင့် ဒန်တျန်အတွင်းရှိ ရေခဲမီးပုလဲကို ပြုပြင်မွမ်းမံရန်အတွက်သာ အာရုံစိုက်ထား၏။
ထိုသို့ ကိုယ်ပိုင် "ရေခဲမီး လျှို့ဝှက်ကျင့်စဉ်"ကို ဖန်တီးရန် ကြိုးပမ်းနေစဉ်မှာပင် နေ့စဉ် ပုံမှန်ကျင့်ကြံခြင်းကိုလည်း မပျက်ကွက်စေခဲ့ပေ။ ရေခဲမီး ဂူစံအိမ်နှင့် ရေခဲမီးပုလဲတို့မှ ရရှိသော ကြီးမားသည့် စွမ်းအားများကြောင့် စုယွီ၏ ကျင့်ကြံခြင်း အဆင့်သည် ယခင်က မကြုံဖူးလောက်အောင် လျင်မြန်သော နှုန်းဖြင့် တိုးတက်လာခဲ့၏။
ဒါက "နယ်ပယ်သုံးခု" ပါဝင်သော ရေခဲမီး ဂူစံအိမ်၏ အကြီးမားဆုံး အကျိုးကျေးဇူးတစ်ခုပင် ဖြစ်ချေသည်။
လဝက်ခန့် ကြာမြင့်ပြီးနောက်...
စုယွီသည် သူကိုယ်တိုင် ဖန်တီးထားသော "ရေခဲမီး လျှို့ဝှက်ကျင့်စဉ်" ကို ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်ကြည့်လိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် ထိုကျင့်စဉ်သည် သဘာဝ ဝိညာဉ်စွမ်းအင်များကို ဆွဲဆောင်နိုင်ခြင်း၊ စုပ်ယူနိုင်ခြင်း မရှိဘဲ ကျရှုံးသွားခဲ့ရ၏။
တစ်လခန့် ကြာမြင့်သောအခါ...
သူသည် (၁၀) ကြိမ်မြောက် ထပ်မံ ကြိုးစားကြည့်ပြန်သည်။ သို့သော် ထပ်မံ၍ ကျရှုံးသွားပြန်၏။ မီးဓာတ် ချီစွမ်းအင် အနည်းငယ်ကိုသာ ထုတ်ဖော်နိုင်ခဲ့ပြီး ထိုအရာကလည်း သူ့အတွက် အသုံးမဝင်လှချေ။
(၄) လခန့် ကြာမြင့်ပြီးနောက်...
စုယွီ၏ ကျင့်ကြံခြင်းတွင် ကြီးမားသော တိုးတက်မှုကြီး ဖြစ်ပေါ်လာခဲ့သည်။ သူ၏ "မြေကမ္ဘာ လွတ်မြောက်ခြင်း စွမ်းရည်"သည် အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့် သို့ အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။
(၆) လခန့် ကြာမြင့်ပြီးနောက်...
"ကဲ... နောက်တစ်ခေါက် ထပ်စမ်းကြည့်ရအောင်... ဒီတစ်ခါတော့ ဖြစ်မလားလို့"
စုယွီသည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း အသက်ကို ဝဝရှူသွင်းလိုက်သည်။ သူသည် ရေခဲမီးပုလဲ၏ စွမ်းအားကို လမ်းညွှန်နေခြင်းအား ရပ်တန့်လိုက်ပြီး သူကိုယ်တိုင် ဖန်တီးထားသော "ရေခဲမီး လျှို့ဝှက်ကျင့်စဉ်" အပေါ်သို့သာ အာရုံစိုက်လိုက်၏။ သူသည် အကြိမ်ပေါင်း တစ်ရာနီးပါး ကြိုးစားခဲ့ပြီးဖြစ်၍ ယခုအခါ အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်၏။
သူ၏ ကျင့်စဉ် အကူအညီဖြင့် ပတ်ဝန်းကျင် ကောင်းကင်နှင့် မြေကြီးထဲရှိ ရေခဲနှင့် မီး ဝိညာဉ်စွမ်းအင်မျှင်တန်းလေးများသည် စုယွီ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင် ပေါင်းစပ်လာကြတော့သည်။
ထို ဓာတ်သဘာဝနှစ်ပါး ဝိညာဉ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အနှံ့ တစ်ပတ်ပြည့်အောင် လှည့်ပတ်စီးဆင်းပြီးသည်နှင့် တပြိုင်နက် ရုတ်ခြည်း ပြောင်းလဲသွား၏။ ၎င်းတို့သည် "ကောင်းကင်နှင်းခဲ ချီစွမ်းအင်" အမျှင်တန်းနှင့် "ကောင်းကင် ဖီးနစ်နိဗ္ဗာန် ချီစွမ်းအင်" အမျှင်တန်းများအဖြစ်သို့ ကူးပြောင်းသွားကြ၏။ သို့သော် ထို ချီစွမ်းအင် နှစ်ခုလုံးသည် အလွန်တရာ အားနည်းနေသေးပေသည်။
ရေခဲမီး လျှို့ဝှက်ကျင့်စဉ်၏ လမ်းညွှန်မှုအောက်တွင် ထို ချီစွမ်းအင် နှစ်ခုသည် စတင် ရောယှက် ပေါင်းစပ်သွားကြ၏။
"ဝုန်း..."
စုယွီ၏ လက်ညှိုးထိပ်မှ ညွှန်ပြလိုက်သည်နှင့် တပြိုင်နက် ရေခဲမီး ချီစွမ်းအင် အမျှင်တန်းတစ်ခုသည် ရေခဲနဂါးတစ်ကောင်နှင့် မီးဖီးနစ်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ၎င်းတို့သည် လေထဲတွင် ရစ်ပတ် ပျံသန်းရင်း "ရေခဲမီး မန္တန်" တစ်ခုကို ဖော်ဆောင်လိုက်ကြ၏။ ထို့နောက် ရွှေရောင် တောက်ပနေသော တတိယအဆင့် "ယောင်ကျင်းဟောင် ဝိညာဉ်ကျောက်တုံး" ဆီသို့ ဝင်ရောက် ဆောင့်တိုက်လိုက်တော့သည်။
"ဒိုင်း..."
ရေခဲနဂါးနှင့် မီးဖီးနစ်တို့ ပေါက်ကွဲထွက်သွားရာ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၃) သို့မဟုတ် (၄) ရှိသော ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုနှင့် ညီမျှသည့် ပြင်းထန်သော စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း စုယွီ ဝမ်းသာအားရ ဖြစ်သွား၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။
“အောင်မြင်သွားပြီကွ”
ချီစွမ်းအင် စုစည်းခြင်း ပထမအဆင့်လောက်သာ စွမ်းအားရှိသေးသော်လည်း ဒါက အစပျိုးမှုတစ်ခုသာ ဖြစ်ပေသည်။ သူ၏ ရေခဲမီး လျှို့ဝှက်ကျင့်စဉ်သည် လက်တွေ့ ဖြစ်နိုင်ချေရှိကြောင်း သက်သေပြလိုက်ခြင်းပင်။
အရာရာတွင် အစပြုခြင်းသည် အခက်ခဲဆုံး ဖြစ်ချေသည်။ ယခုကဲ့သို့ ကနဦး အောင်မြင်မှုကို ရရှိပြီဖြစ်၍ သူ၏ ကျင့်စဉ်ကို ဆက်လက် အဆင့်မြှင့်တင်နိုင်တော့မည် ဖြစ်၏။ အခြေခံတည်ဆောက်ခြင်း အဆင့်ရှိသော "ကောင်းကင်နှင်းခဲ ချီစွမ်းအင်" နှင့် "ကောင်းကင် ဖီးနစ်နိဗ္ဗာန် ချီစွမ်းအင်" တို့ကို ပေါင်းစပ်နိုင်ရန် ကြိုးစားရပေဦးမည်။
သူသည် စနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု မျက်နှာပြင်သို့ အာရုံစိုက်လိုက်၏။
---
[အမည်]: စုယွီ
[ကျင့်ကြံခြင်း အဆင့်]: အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်
[သက်တမ်း]: ၆၈ / ၂၇၃ နှစ်
[ကျင့်စဉ်များ]:
* အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်: ဒုတိယစက်ဝန်း၊ စတုတ္ထအလှည့် (ကျွမ်းကျင်မှု ၂၃-၄၄%)
* ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ ကျင့်စဉ်: (၁၃) ဆင့်မြောက် (ကျွမ်းကျင်မှု ၂၃-၄၄%)
* ကောင်းကင် ဖီးနစ်နိဗ္ဗာန် သိုင်းကျမ်း: တတိယနယ်ပယ် (ကျွမ်းကျင်မှု ၈၆.၇၁%)
* ကောင်းကင်နှင်းခဲကျဆင်းခြင်း: ဒုတိယနယ်ပယ် (ကျွမ်းကျင်မှု ၈၆.၇၁%)
* မိကျောင်းမိစ္ဆာ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး ကျင့်စဉ်: (၁၄) လွှာမြောက် (ကျွမ်းကျင်မှု ၃၄.၂၉%)
* သွေးဝေလငါး လမင်းမြို သိုင်းကျမ်း: ဒုတိယနယ်ပယ် (ကျွမ်းကျင်မှု ၆၀%)
* ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်: ဒုတိယအဆင့် (ကျွမ်းကျင်မှု ၉၃.၁၆%)
* မြေကမ္ဘာ လွတ်မြောက်ခြင်း စွမ်းရည်: အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့် (ကျွမ်းကျင်မှု ၂၃-၄၄%)
* ရေခဲမီး လျှို့ဝှက်ကျင့်စဉ် : ချီစွမ်းအင် စုစည်းခြင်း ပထမအဆင့် (ကျွမ်းကျင်မှု ၀.၀၁%)
---
"တာအိုဆရာ ပင်းယွီနဲ့ ကျဲတို့ရဲ့ အမွေအနှစ်တွေရယ်... နယ်ပယ်သုံးခု ရေခဲမီး ဂူစံအိမ်ရယ်ကြောင့်ပေါ့လေ..."
စုယွီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူတို့၏ အကူအညီသာ မပါဝင်ခဲ့လျှင် ဤမျှ ချောချောမွေ့မွေ့ တိုးတက်လာနိုင်စရာ အကြောင်းမရှိပေ။
(၆) လတာ တံခါးပိတ် ကျင့်ကြံပြီးနောက်တွင်မူ ဂူစံအိမ်အတွင်း၌ စုစည်းထားသော သိပ်သည်းလှသည့် ရေခဲနှင့် မီး စွမ်းအားများသည် သိသိသာသာ ကုန်ခမ်းသွားခဲ့ရ၏။ ယခုအခါ သာမန် နယ်ပယ်သုံးခု ဂူစံအိမ်တစ်ခု၏ ဝိညာဉ်စွမ်းအင် ပမာဏခန့်သာ ကျန်ရှိတော့၏။
ရေခဲမီးပုလဲ အတွင်းရှိ စွမ်းအား (၁၀) ရာခိုင်နှုန်းခန့်သည်လည်း ကုန်ဆုံးသွားခဲ့ရသည်။
ဆိုရလျှင် ရေခဲမီး ဂူစံအိမ်သည် အချင်း (၂) မိုင်ခန့်သာ ကျယ်ဝန်းသော နေရာလေး ဖြစ်သဖြင့် စွမ်းအား သိုလှောင်နိုင်မှု ပမာဏမှာ အကန့်အသတ် ရှိနေခြင်း ဖြစ်ပေသည်။
သို့သော်လည်း ထိုကန့်သတ်ချက်များကြားမှပင် လွန်ခဲ့သော နှစ်ဝက်အတွင်း စုစည်းခဲ့သော စွမ်းအားများသည် စုယွီ၏ ကျင့်ကြံခြင်းအဆင့်ကို အံ့မခန်း တိုးတက်စေခဲ့သည်။
ယခုအခါ သူ၏ မြေနှင့် သစ်သား ဓာတ်သဘာဝ နှစ်မျိုး ချီစွမ်းအင်သည် "အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်" သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ရေခဲနှင့် မီး ဓာတ်သဘာဝ နှစ်မျိုး ချီစွမ်းအင် သည် "အခြေခံတည်ဆောက်ခြင်း တတိယအဆင့်" သို့ ရောက်ရှိခဲ့ပြီ ဖြစ်၏။
ဤအဆင့်များကို ရောက်ရှိပြီးမှသာ ဂူစံအိမ်အတွင်းရှိ စွမ်းအားများ လုံးဝ ကုန်ခမ်းသွားခြင်း ဖြစ်ပေသည်။
"အခု ရေခဲမီး လျှို့ဝှက်ကျင့်စဉ်ကို အောင်မြင်စွာ ဖန်တီးနိုင်ပြီ ဆိုတော့... ဒါကို ပြီးပြည့်စုံအောင် လုပ်ဖို့ပဲ ကျန်တော့တယ်"
စုယွီသည် ရေခဲကဲ့သို့ အေးစက်ပြီး မီးကဲ့သို့ ပူပြင်းသော လေငွေ့တစ်ချက်ကို မှုတ်ထုတ်လိုက်၏။ ခက်ခဲကြမ်းတမ်းသော လမ်းခရီး၏ ခြေလှမ်းတိုင်းသည် ပင်ပန်းကြီးစွာ လျှောက်လှမ်းရသော ခရီးရှည်ကြီးတစ်ခု ဖြစ်နေသည်ကို သူ အံ့ဩမိသည်။ သို့သော် ယခုအခါ သူ၏ ရည်မှန်းချက်ဖြစ်သော "ဓာတ်ကြီးငါးပါး ပေါင်းစပ်ခြင်း" ဆီသို့ ခြေတစ်လှမ်း ပိုနီးကပ်သွားခဲ့ပြီ ဖြစ်၏။
'အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်မှာ ငါ့ရဲ့ သက်တမ်းက (၂၇၃) နှစ်အထိ တိုးလာပြီပဲ... ဒုတိယအဆင့်ကနေ တက်လာတာဆိုတော့ (၄၁) နှစ်လောက် ပိုတိုးလာတာပေါ့... စုစုပေါင်း သက်တမ်းက နှစ် (၃၀၀) နား ကပ်လာပြီ... တုပ အမြုတေ အဆင့် ရဲ့ သက်တမ်းနဲ့ သွားတူနေပြီ'
စုယွီသည် ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်ရင်း တွက်ချက်နေမိသည်။
သူ၏ ကျင့်စဉ်များ စာရင်းတွင် "မြေကမ္ဘာ လွတ်မြောက်ခြင်း စွမ်းရည်" ၏ အဆင့်နှင့် ကျွမ်းကျင်မှုသည် "အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်" ၊ "ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ ကျင့်စဉ်" တို့နှင့် တန်းတူအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
အသစ်ဖန်တီးထားသော "ရေခဲမီး လျှို့ဝှက်ကျင့်စဉ်" မှာမူ ချီစွမ်းအင် စုစည်းခြင်း ပထမအဆင့်တွင်သာ ရှိသေး၏။
တဖက်တွင်မူ အဆင့်နိမ့် ရေခဲမီးပုလဲ၏ လွှမ်းမိုးမှုအောက်၌ အလိုအလျောက် လည်ပတ်နေသော "ကောင်းကင်နှင်းခဲကျဆင်းခြင်း" နှင့် "ကောင်းကင် ဖီးနစ်နိဗ္ဗာန် သိုင်းကျမ်း" တို့သည် နှစ်ဝက်ခန့် ကြာမြင့်ပြီးသည့်တိုင်အောင် ဟန်ချက်ညီမျှနေဆဲပင် ဖြစ်ချေသည်။
အခန်း (၁၆၈) - အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်နှင့် ရေခဲမီး လျှို့ဝှက်ချက် (၃)
~ဤရက်ပိုင်းများအတွင်း စုယွီသည် တာအိုဆရာ ပင်းယွီနှင့် တာအိုဆရာ ကျဲတို့ ဖန်တီးခဲ့သော ရေခဲမီး ပေါင်းစပ်သိုင်းကျမ်းများ အပါအဝင် မြေနှင့် သစ်သား ဓာတ်သဘာဝ သိုင်းကျမ်းများကိုပါ လေ့ကျင့်ခဲ့၏။
ရေခဲနှင့် မီး သိုင်းကျမ်းများသည် ပေါင်းစပ်သိုင်းကျမ်းများ ဖြစ်သော်လည်း အကယ်၍ လူတစ်ဦးသည် ရေခဲနှင့် မီး ဓာတ်သဘာဝ နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားပါက တစ်ဦးတည်း ထုတ်ဖော်ရာတွင် အခက်အခဲ မရှိနိုင်ချေ။
ယခင်က စုယွီသည် သူ၏ ခန္ဓာကိုယ်ထဲရှိ အဆင့်နိမ့် မှော်လက်နက် ရေခဲမီးပုလဲကို အသုံးပြု၍ ထိုသိုင်းကျမ်းများကို ထုတ်ဖော်ရန် ကြိုးစားခဲ့ဖူးရာ ရလဒ်သည် သူ၏ ထင်မြင်ယူဆချက်ထက်ပင် ကျော်လွန်၍ အစွမ်းထက်မြက်လှကြောင်း တွေ့ရှိခဲ့ရပေသည်။
ထိုအချက်နှင့် နှိုင်းယှဉ်လိုက်လျှင် မြေနှင့် သစ်သား ဓာတ်သဘာဝ သိုင်းကျမ်းများသည် ကလေးကစားစရာပမာ ဖြစ်သွားရလေ၏။
(၆) လတာ တံခါးပိတ် ကျင့်ကြံပြီးနောက် သူ၏ ကျင့်ကြံခြင်း အဆင့်သည် ကြီးမားစွာ တိုးတက်လာခဲ့ပြီ ဖြစ်၏။ အနည်းဆုံး (၇) နှစ် သို့မဟုတ် (၈) နှစ်စာမျှ ကြိုးစားရမည့် အချိန်ကာလကို သက်သာစေခဲ့သည်ဟု ဆိုရပေမည်။
ထိုအချက်ကို ဦးနှောက်ကို အလုပ်ပေးရင်း စုယွီ၏ အာရုံသည် ဒန်တျန် အတွင်းရှိ ရေခဲမီးပုလဲဆီသို့ ရောက်ရှိသွား၏။ စစ်မှန်သော မှော်ရတနာ နှင့် သာမန် မှော်လက်နက် တို့၏ အဓိက ကွာခြားချက်မှာ ပုံသဏ္ဌာန် ပြောင်းလဲနိုင်စွမ်းပင် ဖြစ်ချေသည်။
ရေခဲမီးပုလဲသည် လက်ရှိတွင် ပုလဲလုံး ပုံသဏ္ဌာန် ရှိသော်လည်း စုယွီ အလိုရှိပါက ပျံသန်းသော ဓား၊ ဓားမကြီး၊ လှံရှည်၊ လေးမြှား သို့တည်းမဟုတ် တာအိုဝတ်ရုံနှင့် ချပ်ဝတ် အဖြစ်သို့ပင် ပြောင်းလဲနိုင်စွမ်း ရှိပေသည်။
သို့သော် စွမ်းအားပိုင်းတွင်မူ...
သူသည် ရေခဲမီးပုလဲကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။
ရေခဲမီးပုလဲသည် သူ၏ ဒန်တျန်အတွင်း၌ တည်ရှိနေသော်လည်း ပင်လယ်ကို တည်ငြိမ်စေသော နတ်အပ်တစ်ချောင်း ကဲ့သို့ ခိုင်ခံ့လွန်းလှသဖြင့် သူ၏ နတ်ဘုရား အာရုံသည် ၎င်းကို လှုပ်ခါနိုင်ခြင်း အလျဉ်းမရှိချေ။
စစ်မှန်သော မှော်ရတနာ တစ်ပါး၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။ အနည်းဆုံး အခြေတည် ဝိညာဉ် အဆင့် ရှိသော နတ်ဘုရား အာရုံနှင့် ကျင့်ကြံခြင်း အဆင့်အတန်း လိုအပ်ပေမည်။
သို့သော်လည်း ရေခဲမီးပုလဲသည် တိုက်ခိုက်ရေးအတွက် မဟုတ်ဘဲ ကျင့်ကြံခြင်းအတွက်မူ စုယွီအား များစွာ အထောက်အကူ ပြုနေပေသည်။ ထိုပုလဲအတွင်း၌ ကြီးမားသော စွမ်းအားပမာဏကို စုစည်းထားပြီး ယခုအချိန်ထိ (၁၀) ရာခိုင်နှုန်း ခန့်သာ ကုန်ဆုံးသေး၏။
စုယွီသည် ရေခဲမီးပုလဲကို ကြည့်ရင်း ဦးနှောက်ကို အလုပ်ပေးလိုက်မိသည်။
'ဒီပုလဲထဲက စွမ်းအားတွေနဲ့ဆိုရင် ငါ့ကို အခြေခံတည်ဆောက်ခြင်း အဆင့် (၆) ဒါမှမဟုတ် (၇) အထိတောင် ပို့ပေးနိုင်လောက်တယ်'
သူသည် စစ်မှန်သော မှော်ရတနာ ဖြစ်သည့် ရေခဲမီးပုလဲကို မထိန်းချုပ်နိုင်သော်လည်း ဘေးဖယ်ထားခြင်း ခံရသည့် အခြားသော အမြုတေအဆင့် ရတနာတစ်ခုဖြစ်သည့် "ရေခဲဝိညာဉ်ပုလဲ" ကိုမူ တစိတ်တပိုင်း ထိန်းချုပ်နိုင်စွမ်း ရှိ၏။ ၎င်း၏ စွမ်းအား အပြည့်အဝ မဟုတ်လျှင်တောင်မှ ဖြစ်ပေ၏။
ရေခဲဝိညာဉ်ပုလဲ၏ စွမ်းအား သက်သက်ဖြင့်ပင် အခြေခံတည်ဆောက်ခြင်း အဆင့်နှောင်းပိုင်း သို့မဟုတ် (၉) ဆင့်မြောက် ကျင့်ကြံသူများကိုပင် ရင်ဆိုင် ဖြေရှင်းနိုင်စွမ်း ရှိပေသည်။
ဒါက ထိပ်တန်း မှော်လက်နက်များကို ကျော်လွန်သော အမြုတေ မှော်ရတနာ တစ်ပါး၏ တန်ခိုးအာနိသင်ပင် ဖြစ်ချေသည်။
"အရင်ဆုံး တံခါးပိတ် ကျင့်ကြံတာကို ရပ်လိုက်တော့မယ်... ပြီးမှ ရေခဲမီး လျှို့ဝှက်ကျင့်စဉ်ကို ဖြည်းဖြည်းချင်း မွမ်းမံပြီး ပုလဲရဲ့ စွမ်းအားတွေကို ဆက်စုပ်ယူရမယ်"
စုယွီသည် ဂူအဝတွင် တင်ပျဉ်ခွေ ထိုင်နေသော ရုပ်သေးကို တချက်ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရေးရေး ပေါ်လာ၏။
လွန်ခဲ့သော (၆) လအတွင်း အကြီးမားဆုံး အကျိုးအမြတ် ရရှိခဲ့သူမှာ ဤရုပ်သေးပင် ဖြစ်ချေသည်။
တတိယအဆင့် ဝိညာဉ်ကျောက်တုံး၏ အနှစ်သာရကို အဆက်မပြတ် စုပ်ယူခဲ့သဖြင့် ရုပ်သေး၏ ခန္ဓာကိုယ်သည် ဒုတိယအဆင့် ထိပ်တန်း ရုပ်သေးများကဲ့သို့ မာကျောခိုင်ခံ့လာခဲ့ပြီ ဖြစ်၏။ အခြေခံတည်ဆောက်ခြင်း အဆင့် (၉) ရှိသော တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိလောက်ပေသည်။
အခြားသော ကုန်ကြမ်းပစ္စည်းများ လိုအပ်နေသေးသဖြင့် ရုပ်သေး၏ အဆင့်သည် ဒုတိယအဆင့် ထိပ်တန်းတွင် ရပ်တန့်နေခြင်းမှာ ၎င်း၏ အားနည်းချက် ဖြစ်ပေသည်။
သို့သော် ၎င်း၏ ခွန်အားမှာမူ အခြေခံတည်ဆောက်ခြင်း အဆင့် (၇) နှင့် ညီမျှနေပြီ ဖြစ်၏။
လိုအပ်သော ပစ္စည်းများကိုသာ ဖြည့်ဆည်းပေးနိုင်ပါက ဒုတိယအဆင့် ထိပ်တန်း ရုပ်သေး အဖြစ်သို့ အဆင့်မြှင့်တင်ရန် လမ်းကြောင်းမှာ ရှင်းလင်းနေပြီ ဖြစ်ပေသည်။
စုယွီသည် ရုပ်သေးကို ခေါ်ဆောင်မသွားဘဲ ဝိညာဉ်ကျောက်တုံး၏ အနှစ်သာရကို ဆက်လက် စုပ်ယူစေရန် ထားရစ်ခဲ့၏။ ထို့နောက် သူသည် တက်ကြွသော စိတ်ဓာတ်ဖြင့် မတ်တတ်ထရပ်ကာ ခြေလှမ်းလှမ်းလိုက်ပြီး ရေခဲမီး ဂူစံအိမ်မှ တစ်ကိုယ်တည်း ထွက်ခွာလာခဲ့တော့သည်။
ဆေးလုံးတောင်ပေါ်ရှိ စုမိသားစု စံအိမ်တော်...
စုယွီသည် သူ၏ နန်းဆောင်သို့ ပြန်ရောက်လာပြီး ပင်မတံခါးကြီးကို ဖွင့်ကာ ထွက်လိုက်၏။ ကောင်းကင်ယံမှ တောက်ပသော နေရောင်ခြည်သည် အကာအကွယ် အခင်းအကျင်း ကို ဖြတ်သန်း၍ ရွှေရောင် ဝတ်ရုံသဖွယ် သူ့အပေါ်သို့ ကျရောက်လာ၏။ နေရောင်၏ နွေးထွေးမှုသည် လွမ်းဆွတ်ဖွယ် ခံစားချက်ကို နှိုးဆွပေးလိုက်သယောင် ရှိချေသည်။
ထိုစဉ် အဝေးမှ ကျားဟိန်းသံ သဲ့သဲ့ နှစ်ချက် ထွက်ပေါ်လာသည်။ ခဏအကြာတွင် (၃) ပေခန့် မြင့်မားသော ကျားပေါက် နှစ်ကောင်သည် နန်းဆောင်၏ ထောင့်စွန်းမှ ပြေးထွက်လာကြ၏။ ၎င်းတို့သည် စုယွီ၏ ရင်းနှီးသော အရှိန်အဝါကို အာရုံခံမိသွားခြင်းပင်။
စုယွီ နန်းဆောင်တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ ကျားပေါက်နှစ်ကောင်၏ မျက်လုံးများသည် အရောင်လက်သွားကြပြီး စုယွီထံသို့ အရိပ်မည်းများအလား အရှိန်ပြင်းစွာ ခုန်အုပ် ပြေးဝင်လာကြ၏။
"ဝီ..."
သို့သော် ကျားပေါက်နှစ်ကောင် စုယွီအပေါ်သို့ ခုန်အုပ်တော့မည့် အချိန်တွင် လေဟာနယ်ထဲမှ ချီစွမ်းအင် ကြိုးမျှင် နှစ်ခု ထွက်ပေါ်လာ၏။ လေပေါ်သို့ ရောက်နေသော ကျားပေါက်များ၏ ခါးကို ရစ်ပတ်လိုက်ပြီး မြေကြီးပေါ်သို့ ဆွဲချလိုက်တော့သည်။
ထိုအဖြစ်ကို မြင်သောအခါ ဟူတာနှင့် ဟူအာ ကျားညီနောင် နှစ်ကောင်သည် ဒေါသတကြီး အခင်းအကျင်း
ဟိန်းဟောက်လိုက်ကြ၏။
"ဂါး..."
(... ငါတို့ နှစ်ယောက်ကို လွှတ်ပေးစမ်း)
တိမ်တိုက်ကျားပေါက် နှစ်ကောင်သည် ခေါင်းကို လှည့်၍ ကြိုးမျှင်များကို ကိုက်ဖြတ်ရန် ကြိုးစားလိုက်ကြသည်။ သို့သော် ကိုက်လိုက်မိသည့် ခဏမှာပင် သူတို့၏ ကျားစွယ်များ ကျိုးပဲ့မတတ် နာကျင်သွားရ၏။
ကျားပေါက်နှစ်ကောင်သည် ချက်ချင်းပင် ညည်းညူအော်ဟစ်လိုက်ကြပြီး ကိုက်ထားသော ကြိုးမျှင်များကို အလောတကြီး လွှတ်ပေးလိုက်ရရှာသည်။
ဒီကြိုးမျှင်တွေက သူတို့ရဲ့ သွားတွေထက်တောင် ပိုမာကျောနေသေးသည်ကိုး...။
စုယွီက လက်ကို ဝှေ့ယမ်းလိုက်ရာ ကြိုးမျှင်နှစ်ခု ပျောက်ကွယ်သွား၏။ သူသည် အနားသို့ လျှောက်သွားပြီး ကျားနှစ်ကောင်ကို တစ်ကောင်လျှင် တစ်ချက်စီ ခြေထောက်ဖြင့် ခပ်ဖွဖွ ကန်လိုက်၏။ ကြောက်လန့်သွားသော ကျားပေါက်များသည် ထိုနေရာမှ ထွက်ပြေးမတတ် ဖြစ်သွားကြသည်။
"မင်းတို့ကို အိမ်မှာ လျှောက်မပြေးပါနဲ့... လူတွေကို မခုန်အုပ်ပါနဲ့လို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ... အထူးသဖြင့် ငါ့ကိုလေ"
စုယွီက အသံခပ်အုပ်အုပ်ဖြင့် ဆူပူလိုက်သည်။
"မင်းတို့ ကောင်စုတ်လေးတွေက ကျားဖြစ်ပြီး ဦးနှောက်က မရှိကြဘူး... တကယ့် ငတုံးတွေပဲ"
"ဂါး..."
(ငါက ကျားကွ... မင်းကမှ ငတုံး)
ဟူတာသည် စုယွီကို မကျေမနပ် ဟိန်းဟောက်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ညီဖြစ်သူကို ခေါ်ကာ ထွက်သွားရန် ပြင်လိုက်၏။
"နေဦး..."
"မင်းတို့ ကောင်စုတ် နှစ်ကောင်..."
စုယွီ၏ အသံ ထွက်ပေါ်လာပြီးနောက် ရင်းနှီးနေသော ဆေးဖက်ဝင် အမွှေးနံ့တစ်ခု လွင့်ပျံ့လာခဲ့သည်။ ထွက်သွားရန် ပြင်နေသော ဟူတာနှင့် ဟူအာတို့၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားကြလေ၏။ ပါးစပ်မှ သွားရည်များပင် ယိုစီးကျလုမတတ် ဖြစ်သွားပြီး ခေါင်းကို လှည့်ကာ ပစ်ပေးလိုက်သော အရာကို လှမ်းကိုက်လိုက်ကြတော့သည်။
ထိပ်တန်း အရည်အသွေးပြည့် အဆင့် (၁) "သားရဲတစ်ရာ ဆေးလုံး" နှစ်လုံးကို သူတို့ ညီအစ်ကို နှစ်ကောင် မျိုချလိုက်ကြ၏။
ဤနှစ်များအတွင်း တိမ်တိုက်ကျား နှစ်ကောင်သည် ငယ်ရွယ်သေးသော်လည်း စုယွီ၊ ယွီခယ်အာ၊ ယွီချန်ချင်းနှင့် စုမိသားစုတို့၏ ရက်ရောစွာ ကျွေးမွေးပြုစုမှုကြောင့် ပထမအဆင့် ထိပ်တန်း သားရဲများ အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
စကားမပြောတတ်သေး၍သာ စကားမပြောကြခြင်း ဖြစ်ပြီး ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးသည် မိစ္ဆာမျိုးနွယ်များ နှင့် မခြားနားပေ။
ကျားညီနောင် နှစ်ကောင်သည် ဆေးလုံးများကို ပျော်ရွှင်စွာ မျိုချလိုက်ကြပြီး တစ်ကောင်နှင့် တစ်ကောင် ကြည့်လိုက်ကြ၏။
ဒီတစ်ခါတော့ သူတို့ မြတ်သွားလေပြီတကား...။