Chapter 1015 All-Attribute Luo Tian
Vol. 70 Ch. 1015
လောထျန်းသည် စကားပြောဆိုရင်း လက်ကွက်တစ်ခု လုပ်လိုက်သည်။
ဝှီး
ချက်ချင်းဆိုသလိုပင် အရှုပ်အထွေးလက်နက် ခုနစ်မျိုးလုံး သူ့အနားသို့ ပျံသန်းလာကြ၏။
လောထျန်းက ထိုလက်နက်များအနက်မှ တစ်ခုကို အသာအယာ ကိုင်ပြီး စိတ်ကို စုစည်းလိုက်ရာ... သူ့ခန္ဓာကိုယ်မှ အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများ စီးထွက်လာပြီး အရှုပ်အထွေးဓားအတွင်းသို့ စီးဝင်သွား၏။
ဘုန်း
တခဏအတွင်းမှာပင် အရှုပ်အထွေးဓားက ယခင်နှင့်မတူသော စွမ်းအားများကို ထုတ်လွှတ်လာတော့သည်။
လောထျန်းက ဦးခေါင်းညိတ်လိုက်၏။
"ဒါဆို ဒီအရှုပ်အထွေးဓားရဲ့ အစွမ်းကုန်ထုတ်သုံးနိုင်ဖို့ဆိုရင် အရှုပ်အထွေးနတ်ဘုရားအလင်းတန်းနဲ့ တွဲဖက်သုံးရမှာပဲ"
သူ ထိုသို့ပြောပြီး အခြားလက်နက်များကိုလည်း တစ်ခုပြီးတစ်ခု စမ်းသပ်ကြည့်လိုက်သည်။
ရလဒ်မှာ သူထင်ထားသည့်အတိုင်းပါပင်။
ထို့နောက် သူ လက်ကိုဝှေ့ယမ်း၍ အရှုပ်အထွေးလက်နက် ခုနစ်မျိုးကို ပြန်သိမ်းပြီး သူ့ကိုယ်သူ ပြန်စစ်ဆေးကြည့်လိုက်သည်။
"ဒါက"
လောထျန်း မျက်လုံးများမှိတ်၍ ခန္ဓာကိုယ်အတွင်းထဲကို ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်အစွမ်းက ယခင်ထက် များစွာသန်မာလာသည်ကို သိသိသာသာ ခံစားလိုက်ရ၏။
ထို့အပြင် သူ့ခန္ဓာကိုယ်အတွင်း၌ အဆုံးအစမဲ့သော အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများလည်း စီးဆင်းနေပါသည်။
ထို့နောက် သူ လက်ကိုအမှတ်မထင် ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားအလင်းများ စီးထွက်လာ၏။
လောထျန်း စိတ်လှုပ်ရှားသွားပါသည်။
ဘုန်း
ထိုစဉ် သူ့လက်ထဲမှ အရှုပ်အထွေးနတ်ဘုရားအလင်းက အတိုင်းအဆမဲ့သော အရှိန်ပြင်းမီးတောက်များအဖြစ် ချက်ချင်း ပြောင်းလဲသွား၏။
"ဒါက ဧကရာဇ်မီးတောက်လား"
စိတ်ဝိညာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးမှာ အဝေးမှ မီးတောက်များကို မြင်ပြီး ထိတ်လန့်တုန်လှုပ်သွားပါေတာ့သည်။
"ဧကရာဇ်မီးတောက် ဟုတ်လား။ အဲ့ဒါက ဘာလဲဟင်"
ယွဲ့လီက ဇဝေဇဝါဖြင့် မေးလိုက်သည်။
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက အသံတုန်တုန်ဖြင့် ပြန်ပြော၏။
"ဒါ မီးတောက်ရဲ့ အဆင့်ပဲကွ။ ထုံးစံအရတော့ မသေမျိုးဧကရာဇ်အဆင့် ကျင့်ကြံသူတွေမှသာ ဒီအဆင့်ရှိတဲ့ မီးတောက်ကို ထိန်းချုပ်နိုင်တာ"
"ဘယ်လို"
ယွဲ့လီ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
လောထျန်းက ဤမျှအစွမ်းထက်လိမ့်မည်ဟု သူမ လုံးဝထင်မထားခဲ့ပေ။
သို့သော် ထိုအချိန်တွင် လောထျန်းက အတွေးတစ်ချက်ဖြင့် မီးတောက်များအား ရုတ်တရက် ပျောက်ကွယ်သွားစေလိုက်ပါသည် ။
ကျွတ် ကျွတ်
နောက်တစ်ခဏ၌ သူ့လက်ထဲတွင် အေးစက်သော အငွေ့အသက်တစ်ခု ပေါ်လာသည်။
တစ်ပြိုင်နက်တည်းမှာပင် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ စတင်အေးခဲလာပါ၏။
"အား အေးလိုက်တာ"
လုံယီရွှယ် အလန့်တကြား အော်လိုက်သည်။
၎င်းကို မြင်သည့်အခါ စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးမှာ တုန်လှုပ်သွားပြန်ပါ၏။
"ဒါက မသေမျိုးကိုးပါးရေခဲအစွမ်းလား"
သူ ပြောပြီးနောက် ယွဲ့လီတို့နှစ်ဦး နားမလည်မည်စိုးသဖြင့် တစ်ခါတည်း ဆက်ရှင်းပြလိုက်သည်။
"ဒါက အအေးဆုံးနှင့် ယင်ဓာတ်အရှိဆုံး အစွမ်းပဲ။ တကယ်ဆို ဒီအစွမ်းမျိုး အအပေါ်ကမ္ဘာမှာ မရှိသင့်ဘူး"
ဤတစ်ကြိမ်တွင်မူ ယွဲ့လီတို့နှစ်ဦး တုံ့ပြန်ရန် အချိန်မရသေးခင်မှာပင်...
ဂျိမ်း
လောထျန်း၏ လက်ထဲရှိ ရေခဲအစွမ်းများက အတိုင်းအဆမဲ့သော လျှပ်စီးအစွမ်းများအဖြစ် ရုတ်ချည်းပြောင်းသွားပြီး သူ့လက်ထဲတွင် စုစည်းလာပါ၏ခဲ့။
ထိုမိုးကြိုး၏ ကြောက်မက်ဖွယ်အစွမ်းမှာ ကောင်းကင်နှင့် မြေကြီးကိုပင် အချိန်မရွေး ဆွဲဖြဲပစ်တော့မလို။
"ဒါ ဒါက .... မသေမျိုးဧကရာဇ်ရဲ့ ကောင်သကင်ဘုံပျက်စီးခြင်းလား "
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီး တုန်လှုပ်သွားရပြန်ပါသည်။
ဤတစ်ကြိမ်တွင်မူ ယွဲ့လီက သူ့စကားအား နားလည်ပုံပါပင်။
"မသေမျိုးဧကရာဇ်ရဲ့ ကောင်းကင်ဘုံပျက်စီးခြင်း ဟုတ်လား။ အဲ့ဒါက မသေမျိုးဧကရာဇ်တစ်ပါး ဉာဏ်အလင်းရတဲ့နေ့မှာ ဖြစ်တတ်တဲ့ ဒဏ္ဍာရီလာ ကောင်းကင်ဘုံပျက်စီးခြင်း မဟုတ်ဘူးလား"
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီး ခေါင်းညိတ်ပြလိုက်၏။
"အတိအကျပဲ"
ယွဲ့လီမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး အတန်ကြာမှပင် ပြန်ပြောနိုင်ပါသည်။
"အဲ့ဒါက ကောင်းကင်ဘုံရဲ့ အစွမ်း မဟုတ်ဘူးလား ။ ဘာဖြစ်လို့ သခင်လေးလောထျန်းက ဒီအရာကို လက်ထဲမှာ ကိုင်ထားနိုင်ရတာလဲ"
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက ရုတ်တရက် သဘောပေါက်သွားပုံဖြင့် ဆိုသည်။
"ငါ နားလည်ပြီ"
"ဟင်"
ယွဲ့လီနှင့် လုံယီရွှယ်တို့ နှစ်ဦးလုံး သူ့အား ကြည့်လိုက်ကြ၏။
စိတ်ဝိညာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက တုန်တုန်ယင်ယင်အသံဖြင့် ဆက်ပြောသည်။
"အရှုပ်အထွေးခန္ဓာကိုယ်က တကယ့်မူလ ထူးခြားခန္ဓာကိုယ်လို့ ပြောကြတယ်လေ ။ အဲ့ဒါကို ကျင့်ကြံပြီးတာနဲ့ သိုင်းကျင့်စဉ်ပေါင်းစုံကို ဘယ်လိုအခက်အခဲမှမရှိဘဲ ပြောင်းလဲနိုင်တယ်တဲ့။ အဲ့ဒါက ကောလာဟလပဲလို့ ငါ အမြဲထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ တကယ်ဖြစ်နေတာပဲ"
သူ့စကားကို ကြားသည့်အခါ ယွဲ့လီ ချက်ချင်းပင် ထိတ်လန့်သွားရသည်။
လုံယီရွှယ်ကမူ နားမလည်သေးဟန်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေးပါ၏။
"အဲ့ဒါ ဘာကို ဆိုလိုတာလဲ"
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက ဆက်ရှင်းပြလိုက်သည်။
" ဒီလိုကွ ၊ ကျင့်စဉ်တိုင်း ဒါမှမဟုတ် ထူးခြားခန္ဓာကိုယ် အမျိုးအစားတိုင်းမှာ သူတို့ရဲ့သတ်မှတ်ထားတဲ့ စွမ်းအင်သဘာဝတွေရှိတယ်။ ဥပမာအားဖြင့် မီးဓာတ် ထူးခြားခန္ဓာကိုယ် ရှိထားတဲ့သူက ရေဓာတ်ကျင့်စဉ်ကို ကျင့်လိုက်ရင် အစွမ်းက အများကြီး လျော့သွားတာမျိုးပေါ့ကွာ "
"ဒါပေမဲ့ ပြည့်စုံသွားတဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကတော့ အဲ့ဒီလို ကန့်သတ်ချက်တွေ မရှိဘူး။ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်က ဘယ်လိုကျင့်စဉ်မျိုးကိုမဆို ကျင့်ကြံနိုင်တယ်။ အဲ့ဒါတင်မကဘူး ၊ ကျင့်စဉ်ရဲ့ အစွမ်းကိုလဲ တခြားမဟာတာအိုအစွမ်းတွေအဖြစ် အလိုအလျောက် ပြောင်းလဲပစ်နိုင်တယ်"
"ဥပမာ အရှုပ်အထွေးခန္ဓာကိုယ်က အထွတ်အထိပ်ရောက်သွားရင် မီးဓာတ်ကျင့်စဉ်ကို ကျင့်ကြံထားရင်တောင်မှ အတွေးတစ်ခုတည်းနဲ့ ရေဓာတ်ကျင့်စဉ်အဖြစ် လုံးဝပြောင်းလဲပစ်နိုင်တယ်။ အစွမ်းကလည်း နည်းနည်းလေးမှ ထိခိုက်သွားမှာ မဟုတ်ဘူး"
သူ ထိုသို့ပြောပြီး လောထျန်းအား ကြောက်ရွံ့သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"သခင်ကြီးလောထျန်းက အခု အဲ့ဒီအခြေအနေကို ရောက်နေပုံပဲ။ အခု သူ့အစွမ်းနဲ့ စွမ်းအင်အားလုံးကို ပြည့်ပြည့်စုံစုံ ထိန်းချုပ်နိုင်နေပြီ"
၎င်းကို ကြားသည့်အခါ ယွဲ့လီ အံ့ဩတုန်လှုပ်စွာဖြင့် ဆို၏။
"ဒါ .... အရှုပ်အထွေးခန္ဓာကိုယ်က ဒီလောက်အစွမ်းထက်တာ မဆန်းတော့ပါဘူး။ ပြီးတော့ ပိုပြီးအရေးကြီးတာက သခင်လေးလောထျန်းက အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်ပဲ။ သူက ကောင်းကင်ဘုံသားတော်ရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ထက်တောင် ပိုမြင့်တဲ့အဆင့်ကို ရောက်နေပြီ"
ယခု ဖြစ်ပျက်နေသမျှ အရာအားလုံးမှာ သူမအတွက် အလွန်အံ့ဩတုန်လှုပ်ဖွယ်ကောင်းလှပါသည်။
အခြားတစ်ဖက်မှ လုံယီရွှယ်မှာလည်း မျက်လုံးများ အရောင်တောက်နေပါ၏။
ထိုချိန်တွင် လောထျန်းမှာ အခြားသော အခြေခံအစွမ်းပေါင်းစုံကို ထုတ်၍ စမ်းသက်ကြည့်ပြီးသွားပြီဖြစ်ကာ သူ့လက်ရှိအစွမ်း မည်သို့ရှိသည်ကို ကြည့်ပြီးနောက် ထိုအစွမ်းအားလုံးကို ပြန်ရုပ်သိမ်းလိုက်ပါသည်။
ထို့နောက် သူ ပြန်လှည့်ပြန်လာပြီး လုံယီရွှယ်တို့ထံ ရောက်လာပါ၏။
"သခင်လေး လော... သခင်လေး လောထျန်း"
လောထျန်းကို မြင်သည်နှင့် ယွဲ့လီ ချက်ချင်းပင် ဦးညွှတ်လိုက်သည်။
"သ... သခင်ကြီး "
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးမှာလည်း ထိုအချိန်တွင် အလွန်ရိုကျိုးနေလေပြီ ။
"ဟင် မင်းတို့ ဘာဖြစ်နေကြတာလဲ"
လောထျန်း သူတို့ကို ကြည့်ကာ မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး နည်းနည်းလေး... အံ့ဩသွားလို့ပါ"
ယွဲ့လီက အသံတုန်တုန်ဖြင့် ပြော၏။
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသည်။
"အံ့ဩလို့ ဟုတ်လား ဘာဖြစ်လို့လဲ"
လောထျန်း နားမလည်နိုင်ဘဲ ထပ်မေးလိုက်သည်။
သူ ဘာမှမလုပ်ရသေးဘူး မဟုတ်ပါလား ။
သူ့ခန္ဓာကိုယ်အစွမ်းက ယခင်ထက် အနည်းငယ် ပိုကောင်းလာသည်ဆိုသည့်တိုင် ယခုလောက်ထိ ဖြစ်နေစရာ လိုပါရဲ့လား။
သို့သော် သူ့စကားကို ကြားချိန်တွင်မူ ယွဲ့လီရော စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးတို့မှာ ဆွံ့အသွားကြပါသည်။
ဘာကြောင့်လဲ တဲ့လား ။
အခြား ဘာများ ဖြစ်နိုင်ပါဦးမည်နည်း။
ရှေးယခင်ကတည်းက အပေါ်ကမ္ဘာ၌ အရှုပ်အထွေးခန္ဓာကိုယ်ကို အပြည့်အဝ ကျင့်ကြံနိုင်ခဲ့သူဟူ၍ မည်သူမျှ မရှိဖူးခဲ့ချေ။
ဒဏ္ဍာရီများအရ ပထမဆုံး အရှုပ်အထွေးမသေမျိုးဧကရာဇ်သည်ပင် အရှုပ်အထွေးခန္ဓာကိုယ် အထွတ်အထိပ်သို့ ရောက်ရန် ခြေတစ်လှမ်းစာမျှ လိုခဲ့သည်ဟု ဆိုပါ၏။
ယခု သူတို့ရှေ့ရှိ လောထျန်းမှာ အပေါ်ကမ္ဘာ စတင်ဖြစ်ပေါ်လာကတည်းက အရှုပ်အထွေးခန္ဓာကိုယ် အထွတ်အထိပ်သို့ ပထမဆုံး ရောက်ရှိနိုင်သူတစ်ယောက် ဖြစ်နိုင်ပါသည်။
ထို့ထက် ပိုအရေးကြီးသည်မှာ သူသည် လက်ရှိ ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းသာ ရှိသေးခြင်းပင်။
နောင်အနာဂတ်တွင် သူ မည်မျှအထိ အောင်မြင်မှု ရဦးမည်ကို ခန့်မှန်းရန် ခက်လှပါ၏။
ထိုကိစ္စကို သူတို့ မည်သို့လျှင် မအံ့ဩဘဲ နေနိုင်ပါမည်နည်း။
သူတို့ထဲ၌ လုံယီရွှယ် တစ်ဦးတည်းသာလျှင် ယခင်အတိုင်း ထူးမခြားနားပုံဖြင့် ရှိနေကာ စိတ်လှုပ်ရှားစွာဖြင့် ပြောပါသည်။
"ဟိုလေ... ဟိုလေ... ကျွန်မ အဲ့ဒီအိုးကို သုံးလို့ရမလားဟင်"
ထိုစကားကို ကြားသည့်အခါ လောထျန်းက မျက်မှောင်ကြံု့လိုက်၏။
"ငါကတော့ ပေးသုံးပါတယ်။ ဒါပေမဲ့ မင်း အဲ့ဒီအိုးကို သုံးလို့ရမှာ မဟုတ်ဘူးထင်တယ်ကွ"
"ဘာဖြစ်လို့လဲ"
လုံယီရွှယ် မကျေမနပ် ပြန်မေးလိုက်သည်။
လောထျန်း သက်ပြင်းချကာ ပြောလိုက်၏။
"အရှုပ်အထွေးလက်နက် ၆ မျိုး... မဟုတ်ဘူး၊ အရှုပ်အထွေးလက်နက် ၇ မျိုးကို သုံးနိုင်ဖို့ဆိုရင် အရှုပ်အထွေးခန္ဓာကိုယ် ရှိရမယ်"
"ဒီအရှုပ်အထွေးလက်နက် ၇ မျိုးဆိုတာ အရှုပ်အထွေးမဟာတာအိုအစွမ်းကနေမှ ရုပ်လုံးပေါ်လာတာလေ။ အရှုပ်အထွေးခန္ဓာကိုယ်က ပိုအစွမ်းထက်လေလေ အဲ့ဒီ အရှုပ်အထွေးလက်နက် ၇ မျိုးရဲ့ ပုံရိပ်ယောင်တွေက ပိုပြီး စွမ်းအားကြီးလေပဲ"
"အရှုပ်အထွေးခန္ဓာကိုယ် အထွတ်အထိပ်ကို ရောက်တဲ့အခါမှသာ အရှုပ်အထွေးလက်နက် ၇ မျိုးရဲ့ မူလစစ်စစ်ပုံသဏ္ဌာန်ကို ဆင့်ခေါ်နိုင်မှာ"
ထိုအရာအားလုံးမှာ လောထျန်း အဆင့်တက်ပြီးနောက် သိရှိနားလည်ခဲ့ရသော အချက်အလက်များပါပင်။
၎င်းကို ကြားသည့်အခါ လုံယီရွှယ် မျက်နှာထား တင်းသွား၏။
"ဒါဆို... ကျွန်မရော အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံလို့ရမလား"
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးက မနေနိုင်ဘဲ လှမ်းပြောပါသည်။
"မိန်းကလေး... မင်းက ကောင်းကင်ဘုံနဂါး မဟုတ်လား"
လုံယီရွှယ်က သူ့ဘက်လှည့်ကြည့်ကာ ခေါင်းညိတ်ပြပါ၏
။ "ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီး ပြန်ပြောလိုက်သည်။
"ကောင်းကင်ဘုံနဂါးမျိုးနွယ်က အစွမ်းထက်တယ်ဆိုပေမဲ့ သမိုင်းတစ်လျှောက်မှာ အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံနိုင်တဲ့ ကောင်းကင်ဘုံနဂါး တစ်ကောင်မှ မရှိဖူးဘူးလို့ ငါ ကြားဖူးတယ်"
"အဲ ဟုတ်လား"
သူ့စကားကြောင့် လုံယီရွှေ၏ မျက်နှာထက်တွင် စိတ်ပျက်မှုများ အတိုင်းသား ပေါ်လာတော့သည်။
သို့သော် ထိုအချိန်တွင်...
ဂွီ...
လုံယီရွှယ်၏ ဗိုက်မှ အသံ မြည်လာပြန်ပါသည်။