← Chapters

Chapter 1017 I've Controlled My Strength

Vol. 70 Ch. 1017

Chapter 1017 I've Controlled My Strength

Vol. 70 Ch. 1017

“ဘာလဲဟ... ဘာတွေဖြစ်နေတာလဲ”

အပိုပါလာသည့် အိုးကြီးကို မြင်လိုက်ရသည့်အခါ ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ် မှင်သက်သွားရသည်။

သူ သေချင်ယောင်မဆောင်မီ ဤအကွက်ကို အသုံးပြုခဲ့စဉ်က ထိုအိုး မရှိသးသည်ကို သူ အသေအချာ မှတ်မိပါ၏။

သို့သော် ယခု အဘယ်ကြောင့်ပါလဲ ။

“ငါ ပြန်လည်မွေးဖွားလာပြီးတဲ့နောက် ငါ့ရဲ့ အရှုပ်အထွေးခန္ဓာကိုယ်က ပိုသန်မာလာလို့များလား။ အဲ့ဒါကြောင့် အရင်က အရှုပ်အထွေးလက်နက် ၆ မျိုးပဲ သုံးနိုင်ရာကနေ အခု လက်နက် ၇ မျိုးအထိ သုံးနိုင်လာတာများလား”

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

သူ့ နောက်ကျောဘက်ရှိ အဖိုးအိုနှစ်ဦးမှာမူ ဘာဖြစ်နေသည်ကို နားမလည်နိုင်သဖြင့် ခေါင်းငုံ့၍သာ တိတ်ဆိတ်နေကြ၏။

ထိုစဉ် ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က ရယ်မောလိုက်ပါသည်။

“ဟုတ်တယ်၊ ဒါပဲ ဖြစ်ရမယ်။ ငါ့ရဲ့ အရှုပ်အထွေး တာအိုအသီးကို ပြန်မရသေးတာတောင်မှ အရှုပ်အထွေးခန္ဓာကိုယ် လမ်းစဉ်မှာ အရင်ကထက် ပိုပြီး ခရီးပေါက်နေပြီပဲ”

သူ့ မျက်လုံးများအတွင်းတွင်လည်း မောက်မာဝင့်ကြွားသည့် အရိပ်အယောင်များ ဖြတ်ခနဲ လက်သွား၏။

ထို့နောက် သူ အိုးကြီးကို စိုက်ကြည့်ကာ ဆိုသည်။

“ငါ အရှုပ်အထွေးလက်နက် ၆ မျိုးစလုံးကို သုံးဖူးပေမဲ့ ဒီအိုးကိုတော့ မြင်ဖူးတာ အခုကပထမဆုံးပဲ။ ဒါဆိုရင်တော့ ငါ ပြန်လည်မွေးဖွားပြီး ပထမဆုံးအကွက်အဖြစ် မင်းကိုပဲ သုံးရတော့မှာပေါ့”

သူ ပြောပြောဆိုဆိုဖြင့် အိုးရှိရာသို့ လက်ဟန်ပြလိုက်ရာ

ဝုန်း

နောက်တစ်ခဏ၌ အိုးကြီးက သူ့လက်ထဲသို့ ရောက်လာသည်။

သို့သော် ထိုအိုးကို ကိုင်ကြည့်လိုက်သည့်အခါတွင်မူ ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်၏ မျက်နှာမှာ သိသိသာသာ ဖြူဖျော့သွား၏။

“ဟင်း... ငါ မသေမျိုးဧကရာဇ်အဆင့်ကို ပြန်မရောက်သေးဘဲနဲ့ အရှုပ်အထွေးလက်နက် ၇ မျိုးစလုံးကို သုံးဖို့ဆိုတာ နည်းနည်းတော့ လက်လှမ်းမမှီနိုင် ဖြစ်နေတုန်းပဲ”

“ဒါပေမဲ့ ကိစ္စမရှိပါဘူးလေ ။ လောထျန်း... မင်းအနေနဲ့ ဒီအရှုပ်အထွေးလက်နက် ၇ မျိုးရဲ့ လက်ချက်နဲ့ သေရမှာ ဂုဏ်ယူသင့်ပါတယ်။ မင်းရဲ့တစ်သက်တာမှာ ဒီလို နတ်ဘုရားလက်နက်မျိုးနဲ့ ထိတွေ့ခွင့်ရတာ အခုက ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ဖြစ်သွားနိုင်တယ်ကွ”

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ် ပြောဆိုပြီးနောက် သူ့ခန္ဓာကိုယ်မှ အရှုပ်အထွေးနတ်ဘုရားအလင်းအားလုံးကို ထိုအိုးအတွင်းသို့ လောင်းထည့်လိုက်သည်။

“သေပေတော့”

ထို့နောက်တွင် သူ အော်ပြီး အိုးကို လောထျန်းရှိရာဘက်သို့ ပစ်ပေါက်လိုက်တော့သည်။

ဂျိမ်း

ခဏချင်းမှာပင် အရှိန်ပြင်းလှသော အရှုပ်အထွေးနတ်ဘုရားအလင်းများနှင့် လူသတ်အရိပ်အငွေ့များ သယ်ဆောင်လာသည့် အရှုပ်အထွေးအိုးကြီးက လောထျန်းရှိရာဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ထွက်သွားတော့၏။

၎င်းဖြတ်သန်းသွားသော လမ်းတစ်လျှောက်မှ လေထုမှာလည်း အက်ကွဲရာများ ထင်သွားကာ အရှုပ်အထွေးနတ်ဘုရားမြို့တော်၏ လေထုကြီးတစ်ခုလုံးကို နှစ်ပိုင်းပိုင်းပစ်တော့မည့်အသွင် ရှိနေ၏။

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်က ထိုမြင်ကွင်းကို ကြည့်ကာ ကျေနပ်အားရစွာဖြင့်ဆိုလိုက်သည်။

“ဒီအရှုပ်အထွေးအိုးက အရှုပ်အထွေးလက်နက် ၆ မျိုးထဲက ဘယ်ဟာနဲ့မဆို ယှဉ်နိုင်တဲ့အစွမ်းရှိတာပဲ”

“မဟုတ်သေးဘူး... ဒီအိုးမှာ တခြားအသုံးဝင်ပုံတွေ ရှိနေဦးမှာသေချာတယ်။ ငါ သေချာ မတတ်မြောက်သေးတာတောင်မှ ဒီလောက်အစွမ်းထက်နေတာ။ တကယ်လို့ ငါသာ ဒီအိုးရဲ့ ကျင့်ကြံပုံနည်းလမ်းကို တတ်မြောက်သွားရင် အစွမ်းက ဒီထက်မက ပိုကြီးလာမှာ အသေအချာပဲ”

“သတ္တမမြောက် အရှုပ်အထွေးလက်နက်က နောက်ဆုံးမှ ပေါ်လာတာ မဆန်းတော့ပါဘူး။ ဒီဟာက အစွမ်းအထက်ဆုံး လက်နက် ဖြစ်နေလို့ကိုး”

ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း သူ ကြီးကျယ်သော လျှို့ဝှက်ချက်တစ်ခုကို တွေ့သွားပြီဟု ထင်မှတ်ကာ မျက်လုံးများထဲ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေတော့သည်။

သူ ထိုအိုးကြီး အရှိန်ပြင်းစွာဖြင့် လောထျန်းတို့ထံ တိုးဝင်သွားသည်ကို စောင့်ကြည့်နေလိုက်၏။

နောက်တစ်ခဏ၌ သူတို့အားလုံး အမှုန့်ဖြစ်သွားပြီးလျှင် သူ့ တာအိုသစ်သီးကို အလွယ်တကူ ပြန်ယူနိုင်တော့ပေမည်။

အခြားတစ်ဖက်ရှိ လောထျန်း၏ နေရာတွင်မူ...

“ဟင်”

လုံယီရွှယ်ကို အရှုပ်အထွေးသတ္တုရိုင်းအချို့ ထပ်ပေးပြီးနောက် လောထျန်းက အားလုံးနှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် အနောက်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခု ရောက်လာပါ၏။

“ရန်သူ တိုက်ခိုက်တာလား”

လောထျန်း အံ့အားသင့်သွားကာ ချက်ချင်းပင် နောက်လှည့်ကြည့်လိုက်သည်။

သို့သော် မြင်လိုက်ရသည့်အရာကြောင့် သူ ကြောင်အသွားရ၏။

“ဒါ... ဒါ ငါ့ရဲ့ အိုး မဟုတ်ဘူးလား”

လောထျန်း ၎င်းကို မြင်ရုံဖြင့်ပင် မှတ်မိလိုက်ပါသည်။

အဝေးမှ သူ့ထံသို့ ပတိုးဝင်လာသော အိုးကြီးမှာ သူ အစောကလေးမှ သန့်စင်ထားခဲ့သည့် အိုးပင်။

ထို့ကြောင့်လည်း သူ ဆွံ့အကာ မှင်သက်မိနေပါ၏။

ဘာတွေဖြစ်နေပါသနည်း။

သူ အစောကလေးတင် ပူပူနွေးနွေး သန့်စင်ထားခဲ့သည့် အရှုပ်အထွေးလက်နက် ၇ မျိုးက သူ့ကို ပြန်ပြီး တိုက်ခိုက်နေပါသလား။

“ဒါ... ထူးခြားတဲ့ အခမ်းအနား တစ်ခုခုများလား”

လောထျန်း မျက်မှောင်ကြုံ့ကာ စဉ်းစားလိုက်သည်။

အခြားဖြစ်နိုင်ချေကိုလည်း သူ စဉ်းစားမရပါ။

“ဒီအရှုပ်အထွေးခန္ဓာကိုယ်က တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။ လက်နက် ၇ မျိုးကို သန့်စင်ပြီးရင် နောက်ဆုံးမှာ အဲ့လက်နက်က ကိုယ့်ကို ပြန်တိုက်ခိုက်တာကို ခံရသေးတာလား”

လောထျန်းက ခေါင်းခါယမ်းကာ ပြောလိုက်သည်။

နောက်တစ်ခဏ၌ အရှုပ်အထွေးအိုးကြီးက လောထျန်း၏ ရှေ့သို့ ရောက်ရှိလာ၏။

“သခင်လေး လောထျန်း”

ယွဲ့လီမှာလည်း ယခုမှ အခြေအနေကို သတိထားမိကာ မျက်နှာပျက်သွားသည်။

“သေလိုက်စမ်း”

အဝေးမှ ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်မှာမူ ကျေနပ်အားရစွာ ပြုံးနေပါ၏။

သို့သော် ထိုအချိန်မှာပင် ... လောထျန်းက လက်ညှိုးတစ်ချောင်းကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။

ဝီ

တစ်လောကလုံးကို ဖျက်ဆီးပစ်တော့မည့်ဟန်ဖြင့် မြည်သံပေးနေသော အရှုပ်အထွေးအိုးကြီးမှာ လောထျန်း၏ လက်ညှိုးရှေ့တွင် ရုတ်တရက် ရပ်တန့်သွား၏။

တစ်လောကလုံးလည်း ချက်ချင်းပင် ပြန်လည် တိတ်ဆိတ်သွားတော့သည်။

“ဘာ”

အဝေးမှ ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်မှာ ထိုမြင်ကွင်းကို ကြည့်ကာ လုံးဝ ဆွံ့အသွား၏။

ဘာတွေဖြစ်ကုန်တာလဲ။

လက်ရှိတွင် သူ အထွတ်အထိပ်အစွမ်းကို ပြန်မရောက်သေးဘူး ဆိုရင်တောင်မှ ထိုအရှုပ်အထွေးအိုးရဲ့ အစွမ်းက တကယ်ကို ကြောက်စရာကောင်းသည် မဟုတ်ပါလား။

ပြိုင်ဘက်က မသေမျိုးဧကရာဇ်တစ်ပိုင်း ဖြစ်နေလျှင်ပင် ထိုအိုးကြီးနှင့်ထိပ်တိုက်ရင်ဆိုင်ရပါကက အသက်ရှင်ရန် အခွင့်အလမ်း နည်းလှသည်ဟု သူ သေချာ ယုံကြည်ပါသည်။

သို့သော် ယခု တစ်ဖက်လူက ထိုအိုးကြီးကို လက်ညှိုးတစ်ချောင်းတည်းဖြင့် မည်သို့ တားဆီးလိုက်နိုင်သနည်း။

“ဟင် ထူးဆန်းလိုက်တာ၊ ဘာလို့ အစွမ်းက ဒီလောက်ထိ အားနည်းနေရတာလဲ”

အခြားတစ်ဖက်ရှိ လောထျန်းမှာကား သူ့လက်ချောင်းထိပ်သို့ ရောက်လာသော အစွမ်းကို ခံစားမိပြီး ဇဝေဇဝါ ဖြစ်နေပါ၏။

သူ အရှုပ်အထွေးမဟာတာအိုကြီးကို သန့်စင်ခဲ့စဉ်က ဤမျှ အားမနည်းခဲ့ပါချေ။

သို့သော် အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်နေရသနည်း။

“ထားလိုက်ပါလေ ၊ အရှုပ်အထွေးတာအိုလမ်းစဉ်ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပဲ ဖြစ်မှာပါ။ အရှုပ်အထွေးတာအိုကတောင် ဒီလောက် လိုက်လျောပေးနေမှတော့ ငါ့ဘက်ကလည်း အလိုက်သင့်ပဲ လုပ်ပေးလိုက်ပါ့မယ်”

လောထျန်း စိတ်ထဲမှတွေးကာ အရှုပ်အထွေးအိုးကို လက်ညှိုးဖြင့် ခပ်ဆတ်ဆတ်လေး တောက်လိုက်သည်။

ဘုန်း

ကောင်းကင်နှင့် မြေကြီးကို အသစ်ဖန်တီးလိုက်သည့်အလား ကျယ်လောင်လှသည့် ဟိန်းသံကြီး ထွက်ပေါ်လာ၏။

နောက်တစ်ခဏတွင်မူ အရှုပ်အထွေးအိုး ပုံရိပ်‌ယောင်မှာ လာခဲ့သည့် အရှိန်ထက် အဆပေါင်းများစွာ ပိုမိုမြန်သော အရှိန်ဖြင့် နောက်သို့ ပြန်လည် လွင့်ထွက်သွားတော့သည်။

ဂျိမ်း

နောက်သို့ ပြန်လွင့်သွားသော အစွမ်းမှာလည်း ယခင်ကထက် များစွာ ပိုမိုကြီးမားနေပါ၏။

ပတ်ဝန်းကျင်ရှိ လေထုများသည်လည်း ထိန်းမနိုင်သိမ်းမရ အက်ကွဲပျက်စီးကုန်ကြသည်။

“ဒါ....”

အဝေးမှ ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်မှာ ထိုမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်သော အကြည့်ဖြင့်သာ ကြည့်နေမိတော့၏။

ဘာဖြစ်နေသည်ကို သူ နားမလည်နိုင်တော့ပေ။

ထိုအိုးမှာ သူကိုယ်တိုင် ဖန်တီးခဲ့သော အရှုပ်အထွေးအိုး မဟုတ်ပေဘူးလား။

အဘယ်ကြောင့် သူ့ကို ပြန်သတ်ရန် လာနေရသနည်း။

ထို့အပြင် ၎င်း၏ အစွမ်းမှာလည်း ယခင်ကထက် များစွာ ပိုကြီးနေပြန်သည်။

“မဟုတ်သေးဘူး၊ အခုက ဒါတွေကို စဉ်းစားနေရမယ့်အချိန် မဟုတ်ဘူး”

ထို့နောက် ချက်ချင်းဆိုသလိုပင် သူ သတိပြန်ဝင်လာကာ .. ထွက်ပြေးရန် ကြိုးစားလိုက်ပါသည်။

သို့သော် သူ့အစွမ်းအင်များက ချုပ်နှောင်ခံထားရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရပါ၏။

တိုက်ရိုက်ထွက်ပြေးရန်မှာ မဖြစ်နိုင်သလောက်ပင်။

၎င်းကို တွေးမိသည်နှင့် သူ့မျက်လုံးများအတွင်း အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး သူ့နောက်ဘက်ရှိ အဖိုးအိုနှစ်ဦးကို ရုတ်ချည်း လှမ်းကြည့်လိုက်သည်။

“သခင်ကြီး ...”

အဖိုးအိုနှစ်ဦး အံ့ဩမှင်သက်သွားကြသည်။

ထို့နောက်တွင် အရှုပ်အထွေးနတ်ဘုရားအလင်းတန်းများ ထွက်လာပြီး သူတို့ကို ရစ်နှောင်ကာ ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ်၏ ရှေ့သို့ တိုက်ရိုက် ဆွဲခေါ်သွား၏။

“အား... သခင်ကြီး ၊ မလုပ်ပါနဲ့”

အဖိုးအိုနှစ်ဦး အလန့်တကြား အော်ဟစ်လိုက်ကြသည်။

ထိုအချိန်မှာပင် အရှုပ်အထွေးအိုးကြီးက သူတို့၏ ရှေ့မှောက်သို့ တည့်တည့်ကြီး ရောက်လာပါတော့သည်။

ဘုန်း

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးကြောင့် ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွား၏။

ထိုနေရာရှိ လေထုတစ်ခုလုံးမှာလည်း ဤတိုက်ခိုက်မှုကြောင့် လုံးဝ ပျက်စီးသွားရသည်။

အဖိုးအိုနှစ်ဦးမှာလည်း သနားစရာပါပင်။

သူတို့သည် ဒုတိယမြောက် အရှုပ်အထွေးမသေမျိုးဧကရာဇ် ပြန်လည်နိုးထလာစေရန် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြပါ၏။

သို့သော် ရလဒ်အနေနဲ့ သူ ပြန်နိုးထလာသည့် ပထမဆုံးနေ့မှာပင် သူတို့ အငွေ့ပျံ ပျောက်ကွယ်သွားရပါတော့သည်။

အဝေးမှ မြေပြင်ထက်သို့ လိမ့်တက်လာသော မီးခိုးလုံးကြီးကို ကြည့်ရင်း လောထျန်း လျှာလေးတစ်လစ်ထုတ်ကာ ပြောလိုက်၏။

“ငါ အားအများကြီး သုံးမိသွားလား”

ယွဲ့လီနှင့် စိတ်ဝိဉာဉ်သင်္ချိုင်းတောင်ကြား သခင်ကြီးတို့မှာမူ ဖြစ်ပျက်သမျှကို မယုံကြည်နိုင်သောအကြည့်ဖြင့် စိုက်ကြည့်နေကြပြီး ခေတ္တမျှ စကားမဆိုနိုင် ဖြစ်နေကြရှာသည်။

လောထျန်းက ခေါင်းကို တဗျစ်ဗျစ်ကုတ်၍ ထပ်ပြော၏။

“ဒါပေမဲ့ ငါ့အားကို ငါ ထိန်းလိုက်တာပဲလေ... ဟူး၊ နောက်ခါဆိုရင်တော့ ဒီထက်ပိုပြီး ဂရုစိုက်ရတော့မယ် ထင်တယ်”

All Chapters