← Chapters

Chapter 1021 Descendant of the Overlord Blade

Vol. 70 Ch. 1021

Chapter 1021 Descendant of the Overlord Blade

Vol. 70 Ch. 1021

"ဟုတ်ကဲ့"

ထိုစကားကို ကြားလိုက်ရသည်နှင့် ပိုင်ယွင်လီ၏ မျက်နှာကြီး ဝမ်းသာအားရဖြင့် ချက်ချင်းပင် လင်းထိန်သွားတော့သည်။

သို့သော် သူ မလှုပ်ရှားရသေးခင်မှာပင်...

ဝုန်း

အဆုံးမဲ့စစ်မြေပြင်အတွင်းမှ အားပြင်းသော အရောင်အဝါတစ်ခု ပေါက်ထွက်လာပါသည်။

"ဟင်... ဘာဖြစ်တာလဲ"

ပိုင်ယွမ်လီမှာ အံ့အားသင့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။

အဘယ့်ကြောင့်ဆိုသော် လူငယ်တစ်ဦးက စိတ်မထိန်းနိုင်ဘဲ အဆုံးမဲ့စစ်မြေပြင်အတွင်းသို့ သူ့ထက်ဦးအောင် ပြေးဝင်သွားသောကြောင့်ပင်။

"အဆုံးမဲ့စစ်မြေပြင်တဲ့လား ၊ ငါ မင်းဆီက အရှုပ်အထွေးအစွမ်းတွေကို ယူဖို့လာတာဟေ့"

ထိုလူငယ်က ကျယ်လောင်စွာ ရယ်မောရင်း အထဲသို့ ခုန်ဝင်သွားသည်။

တစ်ခဏချင်းမှာပင် သူ့ခန္ဓာကိုယ်မှ မသေမျိုးစွမ်းအင်များ ဝုန်းဒိုင်းကြဲထွက်လာပါ၏။ ထိုလူငယ်မှာ ကောင်းကင်ဘုံမသေမျိုး အဆင့်သို့ ရောက်ရှိထားသူပင်။

"ဒါ... ဒါ တကယ့်ကို သန့်စင်တဲ့ မသေမျိုးစွမ်းအင်ပဲ ဒီကလေးက တကယ့်ကို ထူးခြားတယ်"

"ဟုတ်တယ်၊ သူ့အရွယ်တုန်းကဆို ငါ သူ့ခြေဖျားတောင် မမီဘူး"

ထိုစဉ် အဆုံးမဲ့စစ်မြေပြင် အထက်တွင် အလင်းတန်းလိုက်ကာတစ်ခု ရုတ်တရက် လင်းလာပြီး စာတန်းတစ်ကြောင်း ပေါ်လာ၏။

- စိန်ခေါ်သူ : ချူဖုန်းစီ

အသက် : နှစ် ၉၇၀

အဆင့် : ကောင်းကင်ဘုံမသေမျိုး အဆင့် ၃

ထိုစာတန်းကို တွေ့သည်နှင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ဒေါသထွက်နေသော ပိုင်ယွမ်လီပင်လျှင် သူ၏ မျက်နှာထား အနည်းငယ် ပျော့ပျောင်းသွားကာ လောထျန်းဘက် လှည့်၍ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"သခင်လေး လောထျန်း... ဒီ ချူဖုန်းစီ ဆိုတဲ့သူက တကယ့်ကို ပါရမီထူးတဲ့သူပဲဗျ"

လောထျန်းက အံ့ဩသွားဟန်ဖြင့် သူ့ဘက်သို့ ပြန်လှည့်ကြည့်၏။

"ထူးခြားတယ် ဟုတ်လား ဘယ်လိုထူးတာလဲ"

ပိုင်ယွမ်လီက သူ့အမေးအား တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါသည်။

"ဒီလူက အခုနှစ်မှာမှ အသက် ကိုးရာကျော်ပဲ ရှိသေးပေမဲ့ ကောင်းကင်ဘုံမသေမျိုး အဆင့်ကို ရောက်နေပြီလေ။ ဒီလောက် အစွမ်းနဲ့ဆိုရင် ထူးခြားတယ်လို့ မပြောနိုင်ဘူးလားဗျ"

လောထျန်း၏ မျက်နှာတွင် အံ့ဩသွားသည့် အရိပ်အယောင်ကို မြင်ရမလားဆိုသည့် မျှော်လင့်ချက်ဖြင့် ပိုင်ယွမ်လီ လှမ်းကြည့်လိုက်သည်။

သူ့ အမြင်တွင် ချူဖုန်းစီမှာ အလွန်ပင် ငယ်ရွယ်သေးပြီး၊ လောထျန်းထက်ပင် ပိုငယ်နိုင်ချေ ရှိသည်ဟု ထင်ထားပါ၏။

ထိုသို့သောသူမှာ ပါရမီရှင်တစ်ယောက် ဖြစ်သည်ကို အငြင်းပွားဖွယ် ရှိနိုင်ပါမည်လား ။

သို့သော် လောထျန်းကမူ မည်သည့်ခံစားချက်မျှ ရှိဟန်မတူဘဲ

"ဪ "

ဟုသာ အေးစက်စက် ပြန်ပြောလိုက်ပါသည်။

ဪ တဲ့လား...

လောထျန်း၏ အရေးမကြီးဟန် တုံ့ပြန်မှုကို မြင်ရသည့်အခါ ပိုင်ယွမ်လီတစ်ယောက် အနည်းငယ်ပင် ကြောင်အမ်းသွားရသည်။

လောထျန်းက အဘယ့်ကြောင့် ဤမျှထိ အရေးမစိုက်ဘဲ နေနိုင်ရတာပါလဲ။

ထိုသို့သော ပါရမီရှင်မျိုးမှာ အင်အားကြီးအဖွဲ့ပေါင်းစုံက ဝိုင်းလုနေကြရသူ ဆိုသည်ကို နားမလည်၍များလား။

လက်ရှိတွင်... ပတ်ဝန်းကျင်ရှိ လူများမှာလည်း ထိုအကြောင်းကိုသာ ရုတ်ရုတ်သဲသဲ ဆွေးနွေးနေကြပါ၏။

"ချူဖုန်းစီ... သူ ဘယ်ဂိုဏ်းကတပည့်လဲ မသိဘူး။ တကယ်လို့ သူ့မှာ ဆရာမရှိဘူးဆိုရင် သူ့ကို ငါ့တပည့်အဖြစ် လက်ခံချင်တယ်"

"ဟမ့် အဲ့စကားမျိုး မပြောစမ်းပါနဲ့ကွာ။ မင်းက အခုမှ ကောင်းကင်ဘုံမသေမျိုး အဆင့် ၈ ပဲ ရှိတာ၊ သူ့ထက် သိပ်မမြင့်လှဘူး။ ဒါနဲ့များတောင် သူ့ကို တပည့်အဖြစ် လက်ခံချင်တယ် ဟုတ်လား။ သူက မင်းကို ဆရာတင်ချင်ပါ့မလား"

"ဟမ့် တစ်ဆင့်မြင့်ရင်လည်း မြင့်တာပဲလေ၊ ဘာလို့ မရရမှာလဲ။ ပြီးတော့ ငါက သူ့ကို လက်ခံချင်တာ၊ မင်းကို မဟုတ်ဘူး"

"တောက် ထားလိုက်စမ်းပါ... သူက အခုမှ အသက် ကိုးရာကျော်လေးပဲ ရှိသေးတာ မင်းမမြင်ဘူးလား။ နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်အတွင်းမှာတင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းကို ကျော်တက်သွားနိုင်တယ်ကွ။ မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ခုလိုစကားတွေ ပြောထွက်ရဲတာလဲ။"

"မင်း..."

ထိုတခဏမှာပင် လူနှစ်ယောက် ငြင်းခုံနေကြပါတော့သည်။

သို့သော် ထိုအချိန်တွင် အဆုံးမဲ့စစ်မြေပြင်ပေါ်၌ တိုက်ပွဲက စတင်နေလေပြီ။

ဝုန်း

ချူဖုန်းစီက ရုတ်တရက် တိုက်ခိုက်လိုက်ရာ အလွန်ပင် ပြင်းထန်လှသော ဓားအအရောင်အဝါတစ်ခု ကောင်းကင်သို့ ထိုးတက်သွား၏။

"ဟင်... သူက ဓားသမားလား"

"ဒီဓားစွမ်းအင်က... ငါ တစ်ခါမှ မမြင်ဖူးဘူး။ ဘယ်ဂိုဏ်းက သိုင်းပညာလဲ"

"ငါလည်း တစ်ခါမှ မမြင်ဖူးဘူးကွ။ ချင်းယွမ်ဒေသထဲမှာရှိတဲ့ အစွမ်းထက် ဓားသမားတွေက လက်ချိုးရေလို့တောင် ရတယ်လေ။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ ဒီလိုမျိုး ဓားသိုင်းမျိုး မပိုင်ဆိုင်ကြပါဘူး"

"ဒီဓားသိုင်းက ချင်းယွမ်ဒေသ အပြင်ကများလား..."

လူတိုင်းပင် ထိုလူငယ်၏ နောက်ခံကို ခန့်မှန်းပြောဆိုနေကြသော်လည်း မည်သူမှ အဖြေမှန်ကို မသိကြပါ။

လောထျန်းကမူ ထိုလူငယ်၏ ဓားသိုင်းကိုကြည့်ကာ မျက်လုံးများ အရောင်လက်သွား၏။

"ဒီဓားသိုင်းက... ဒါ သူ့ရဲ့ ဆက်ခံသူပဲ"

လောထျန်းက စိတ်ထဲမှ တွေးလိုက်သည်။

မောက်မာလှသော မသေမျိုးဧကရာဇ်

မသေမျိုးပြောင်းလဲရေကန်၏ အောက်ခြေတွင် သူ ထိုသူ၏အမွေအနှစ်ကို ဆက်ခံရရှိခဲ့ဖူးသည် မဟုတ်ပါလား။

ထို့ကြောင့်လည်း တစ်ချက်ကြည့်ရုံဖြင့် သူ မှတ်မိလိုက်ခြင်း ဖြစ်ပါသည်။

ထိုလူငယ်၏ ဓားသိုင်းနှင့် သူ့သွေးကြောများထဲ စီးဆင်းနေသည့် အစွမ်းမှာ မောက်မာလှသော မသေမျိုးဧကရာဇ်နှင့် အလွန်ပင် ဆင်တူနေပါသည်။

သို့ဖြစ်ရာ လူငယ်မှာ ထိုဧကရာဇ်၏ နောက်မျိုးဆက် ဖြစ်ရပေမည်။

ထိုစဉ် ချူဖုန်းစီတစ်ယောက်မှာကား ရုပ်သေးရုပ်နှင့် အကြိတ်အနယ် တိုက်ခိုက်နေပြီး သူ တိုက်ခိုက်လိုက်တိုင်းလည်း ကြောက်မက်ဖွယ် ဓားစွမ်းအင်များ ထွက်လာပါ၏။

လူတိုင်းမှာလည်း သူ့ကိုကြည့်ကာ အော်ဟစ်အားပေးလျက်။

အစောက သူ့ကို တပည့်အဖြစ် လက်ခံချင်သည်ဟု ပြောခဲ့သော လူသည်လည်း ပါးစပ်ပိတ်သွားပါတော့သည်။

လက်ရှိတွင် ချူဖုန်းစီ၏ ဓားသိုင်းက အလွန်အားပြင်းလွန်းနေသည် မဟုတ်ပါလား။

လတ်တလောတွင် သူ့ ကျင့်ကြံခြင်းအဆင့်က ချူဖုန်းစီထက် အဆင့်ငယ်နည်းနည်းလေး ပိုသာနေသည့်တိုင် ထိုအဖိုးအိုမှာ ချူဖုန်းစီအား အနိုင်ယူနိုင်မည်ဟု လုံးဝ ယုံကြည်ချက် မရှိပါချေ ။

"ဒီလိုလူမျိုးက ဘာလို့ နာမည်မကြီးရတာလဲ"

"ဒီလူက... ချင်းယွမ် ပါရမီရှင်စာရင်းမှာ သေချာပေါက် ပါသင့်တာ"

လူတိုင်းပင် အံ့ဩတကြီး ရေရွတ်လိုက်ကြသည်

။ သို့သော် ထိုအချိန်တွင် လောထျန်းက မျက်မှောင်ကြုံ့ကာ ခေါင်းအနည်းငယ်ယမ်းလိုက်သည်။

ဘေးမှ ပိုင်ယွမ်လီသည် လောထျန်းအား အနီးကပ် စောင့်ကြည့်နေသဖြင့် ၎င်းကို ချက်ချင်းသတိထားမိကာ မေးလိုက်၏။

"သခင်လေးလောထျန်း ... တစ်ခုခု မှားနေလို့လား"

လောထျန်း သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

"သူ့ရဲ့ ဓားသိုင်းက သနားစရာပဲ"

"ဟင်... ဘာက သနားစရာကောင်းတာလဲဗျ"

ပိုင်ယွင်လီ နားမလည်နိုင်စွာ မေးလိုက်၏။

သူ လောထျန်းအား ကြည့်လိုက်ပြီးမှ ချူဖုန်းစီကို တစ်လှည့် ထပ်ကြည့်လိုက်သည်။

ချူဖုန်းစီ၏ ဓားသိုင်းမှာ ဝင့်ကြွားပြီး ထူးခြားလှသလို တိကျသေချာမှုလည်း ရှိပါသည်။

၎င်းကို အစွမ်းထက်မှုနှင့် နူးညံ့မှုတို့၏ ပြည့်စုံသော ပေါင်းစပ်မှုအဖြစ် ပြောနိုင်သလို ၊ ပထမတန်းစား ဓားသိုင်းဟုလည်း ဆိုနိုင်ပါ၏ ။

အကယ်၍ သူသာ ချူဖုန်းစီနှင့် ကျင့်ကြံခြင်းအဆင့် တူနေခဲ့ပါက...သူ့လက်ရည်မှာ အများဆုံးရှိမှ ချူဖုန်းစီနှင့် ယှဉ်နိုင်ရုံလောက်သာ ရှိနိုင်ပါသည်။ သူကပင် အစွမ်းပိုနိမ့်နေနိုင်ပါသေး၏။

သို့သော် လောထျန်းက အဘယ်ကြောင့် တစ်ဖက်လူအား သနားစရာကောင်းသည်ဟု ပြောရပါသနည်း။

ထိုစဉ် လောထျန်းက တည်ငြိမ်စွာဖြင့်ပင် ဆက်ပြောပါသည်။

"သနားစရာ ကောင်းတာက .. သူ့ရဲ့ ဓားသိုင်းက အမွေအနှစ် အပြည့်အဝ မရထားတဲ့ဟာ ဖြစ်နေတယ်"

"မပြည့်စုံဘူး ဟုတ်လား"

ပိုင်ယွမ်လီမှာ ပို၍ပင် အံ့အားသင့်သွားရသည်။

သူ ကြည့်သလောက်ဆိုလျှင် ချူဖုန်းစီ၏ ဓားသိုင်းမှာ အလွန်အစွမ်းထက်လှသည် မဟုတ်ပါလား။

ဒါတောင် မပြည့်စုံသေးဘူးတဲ့လား။

သူ လုံးဝ နားမလည်နိုင်ပါချေ။

လောထျန်းက အဘယ့်ကြောင့် ထိုသို့ ပြောနေရပါသနည်း။

သူ ဘာကိုမှ နားမလည်နိုင်တော့ပါ။

ထိုအချိန်တွင် တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေပြီး ချူဖုန်းစီတစ်ယောက် မသေမျိုးစွမ်းအင်များ ကုန်ခမ်းလာမှုကြောင့် လက်ရည်စကျလာပါလာတော့၏။

သူ့ ဓားချက်အတော်များများကိုလည်း ရုပ်သေးရုပ်က အလွယ်တကူပင် တားဆီးနိုင်ခဲ့ပါသည်။

ရုပ်သေးရုပ်က ပြန်တိုက်ခိုက်သည့်အခါတွင်မူ ချူဖုန်းစီမှာ နောက်သို့ ခြေလှမ်းများစွာပင် ဆုတ်သွားရ၏။

၎င်းကို မြင်သည့်အခါ လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ဓားသွားဆိုတာ ကျိုးပဲ့နေတဲ့ ဓားတစ်လက်နဲ့ တူတယ်။ ကျိုးပဲ့နေတဲ့ ဓားကျတော့ အသက်နဲ့ တူတယ်။ အသက်ဟာ ဘာမှ မဟုတ်ဘူး"

သူ့စကားကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြပါသည်။

ထိုစကား၏ အဓိပ္ပာယ်ကိုလည်း သူတို့ လုံးဝ နားမလည်နိုင်ပါ‌ချေ။

ချူဖုန်းစီ တစ်ဦးတည်းသာလျှင် လောထျန်း၏ စကားကို ကြားပြီးနောက် ထိတ်လန့်သွားပုံဖြင့် လောထျန်းဘက် လှမ်းကြည့်ရန် ကြိုးစားလိုက်၏။

သို့သော် ထိုအချိန်တွင် ရုပ်သေးရုပ်က ဆက်တိုက်တိုက်ခိုက်လာသဖြင့် သူ မပေါ့ဆရဲဘဲ အသည်းအသန် ပြန်ခုခံလိုက်ရသည်။

ထို့နောက်တွင်မူ သူ့ သိုင်းကွက်ပုံစံ ပြောင်းသွားကာ ပြိုင်ဘက်ကင်း အစွမ်းထက်သူတစ်ယောက်ပုံအဖြစ် ရုတ်ချည်း ဖြစ်သွားပါသည်။

ပြီးနောက်တွင်ကား သူ့အသက်ကိုပင် မမှုဘဲ ရှေ့သို့ တိုးဝင်သွားတော့၏။

ချွင် ချွင် ချွင်...

ဓားချက်အတော်များများ ထုတ်သုံးအပြီးတွင်မူ ရုပ်သေးရုပ်မှာ နောက်သို့ ထပ်ခါထပ်ခါ ဆုတ်သွားရပါတော့သည်။

ထိုမျှမက ၎င်းရုပ်သေးရုပ်၏ ကိုယ်ပေါ်တွင်လည်း ဓားရာအတော်များများ ထင်ကျန်ရစ်ခဲ့ပါ၏။

"ဘာ..."

လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ပြီး အံ့သြမှင်သက်လျက်။

ချူဖုန်းစီက အခြေအနေကို ပြောင်းပြန်လှန်လိုက်နိုင်မည်ဟု မည်သူမှ မထင်ထားခဲ့ရိုးအမှန်ပင်။

သူက ... တိုက်ခိုက်နေစဉ်ကြားမှာတင် ကျင့်ကြံခြင်းအဆင့်တက်သွားခဲ့တာလား။

ထိုသို့လည်း မဟုတ်နိုင်သေးပါ။

သူ့ကိုယ်မှ နတ်ဘုရားအလင်းတန်း ထွက်ပေါ်လာခြင်းမျိုးလည်း မရှိပေရာ ၎င်းက သူ ကျင့်ကြံခြင်းအဆင့် တက်မသွားဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြနေခြင်းပင်။

သို့ဆိုလျှင် ချူဖုန်းစီက တိုက်ခိုက်ရေးပညာရပ် အဆင့်သစ်တစ်ခုခုကို နားလည်သဘောပေါက်သွားခြင်းပေလား။

ထိုသို့ မျိုးစုံ ခန့်မှန်းနေကြရင်း လူအချို့မှာ မနေနိုင်ဘဲ လောထျန်းဘက်သို့ ကြည့်မိသွားကြသည်။

ထက်မြက်ပြီး အရိပ်ပြအကောင်မြင်တတ်သူ အချို့ကသာ ချူဖုန်းချီ၏ အစွမ်းများ ရုတ်တရက် တိုးတက်လာရခြင်းမှာ လောထျန်း ပြောလိုက်သည့် စကားအနည်းငယ်ကြောင့်ဆိုသည်ကို ရိပ်မိကြပါသည်။

ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို သူတို့ နားမလည်သည့်တိုင် စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်ကြပြီး နောက်မှသာ အဖြေရှာရန် စဉ်းစားထားကြပါ၏။

သို့သော် ထိုအချိန်မှာပင်...

"ဟွန့် ညစ်တာပဲ ဒါက ညစ်တာပဲ မရဘူး... မင်းတို့ ဒီလိုလုပ်နေမယ်ဆိုရင် ငါ့ကို အဆိုးမဆိုနဲ့တော့"

အဆုံးမဲ့စစ်မြေပြင်ဆီမှ ကလေးဆန်သော အသံတစ်သံ ရုတ်တရက် ထွက်လာပါသည်။

All Chapters