← Chapters

Chapter 1022 Heaven-Defying Puppet

Vol. 70 Ch. 1022

Chapter 1022 Heaven-Defying Puppet

Vol. 70 Ch. 1022

"ဟင်... ဘယ်သူလဲ"

အားလုံး အံ့အားသင့်သွားကြ၏။

အဆုံးမဲ့စစ်မြေပြင်ပေါ်တွင် မည်သူမှ မရှိပါဘဲ ... ထိုအသံက ဘယ်က ထွက်လာပါသနည်း။

သို့သော် လူများ တုံ့ပြန်ရန် အချိန်မရသေးခင်မှာပင် အဆုံးမဲ့စစ်မြေပြင်ထက်၌ ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်လာတော့သည်။

ဝုန်း

ကွင်းပြင် အလယ်တည့်တည့်ရှိ ရုပ်သေးရုပ်၏ အရောင်အဝါက ရုတ်တရက် မြင့်တက်လာပြီး မျက်တောင်တစ်ခတ်စာ အချိန်တွင်းမှာပင် ယခင်နှင့် လုံးဝ မတူတော့သည့် ပုံစံမျိုး ဖြစ်သွားခဲ့သည်။

"ဒါ... ဒါက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်သွားရတာလဲ"

လူများ ဒါကို မြင်ပြီး အံ့ဩတကြီး အော်မိသွားကြသည်။

ရုပ်သေးရုပ်၏ အရောင်အဝါမှာ အဆမတန် မြင့်တက်လာခဲ့သည် မဟုတ်ပါလား။

ချူဖုန်းစီတစ်ယောက် ၎င်းကို မည်သို့ ခုခံနိုင်ပါမည်လဲ။

ထင်ထားသည့်အတိုင်းပါပင်၊ ရုပ်သေးရုပ်၏ အရောင်အဝါ တိုးလာပြီးနောက် ချူဖုန်းစီမှာ ၎င်း၏ တိုက်ကွက်များကို ခုခံနိုင်စွမ်း မရှိတော့ပါချေ။

သူ့ဓားသိုင်းက တော်တော်လေး တိုးတက်လာခဲ့သည့်တိုင် ရုပ်သေးရုပ်နှင့် အစွမ်းချင်း အပြတ်အသတ် ကွာနေဆဲပါပင်။

ဤသို့ဖြင့် သိုင်းကွက် ဆယ်ကွက်ကျော်မျှ တိုက်ခိုက်ပြီးချိန်တွင်မူ ရုပ်သေးရုပ် ရိုက်ထုတ်လိုက်သော လက်ဝါးချက်က ချူဖုန်းစီအား တိုက်ရိုက် ဖိနှိပ်လာပါတော့၏။

ဝုန်း

လူများ ကြည့်နေစဥ်မှာပင် ချူဖုန်းစီတစ်ယောက် မြေပြင်သို့ပြားပြားဝပ်သွားသည်အထိ ဖိနှပ်ခံရကာ အတော်ကြာအောင် ပြန်မထနိုင်တော့ချေ။

"ဒါ... ဒါက..."

၎င်းကို မြင်ပြီး လူများ ထိတ်လန့်တုန်လှုပ်သွားကြ၏။

ရုပ်သေးရုပ်၏ အစွမ်းကို သူတို့ ယခင်က ကြားဖူးထားပြီးသား ဖြစ်သည့်တိုင် ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရချိန်၌ မှင်သက်သွားဆဲပါပင်။

"ဟမ့် ကဲ... နောက်ထပ် ဘယ်သူ ငါ့ကို စိန်ခေါ်ဦးမလဲ"

ထိုအချိန်မှာပင် ကလေးဆန်သော အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

"ငါ လုပ်မယ်"

တစ်ချိန်တည်းမှာပင် အခြားအသံတစ်သံလည်း ထွက်လာ၏။

ဝှစ် ...

ထို့နောက်တွင် အဘိုးအိုတစ်ယောက် အဆုံးမဲ့စစ်မြေပြင် ထဲသို့ ဝင်လာသည်။

ထိုရုပ်သေးရုပ်မှ အန္တရာယ်ရှိသော အငွေ့အသက်များကို ထွက်နေသည့်တိုင် ... အရှုပ်အထွေးအစွမ်း၏ ဆွဲဆောင်မှုကလည်း ကြီးလှသည်မဟုတ်ပါလား။

"ဟာကွာ သူတို့က ငါတို့ထက် အရင်ဦးသွားပြန်ပြီ"

ပိုင်ယွမ်လီ ဒေါသတကြီးအော်လိုက်သည်။

အခြားတစ်ဖက်မှ အဖိုးအိုမှာကား အဆုံးမဲ့စစ်မြေပြင်အလယ်သို့ ရောက်နေပြီ ဖြစ်၏။

"ဟမ့် တိုက်ခိုက်သူနဲ့ အဆင့်တူတဲ့ ရုပ်သေးရုပ် တစ်ရုပ်ပဲ မဟုတ်လား။ ဒီလိုမျိုး ကန့်သတ်ချက်တွေကို ငါ အများကြီး မြင်ဖူးပါတယ်။ ဒါတွေကို ချိုးဖျက်ဖို့က မခက်ခဲပါဘူး"

အဘိုးအို ပြောပြောဆိုဆိုပင် လက်နှစ်ဖက်ကို ကြာပွင့်ပုံစံ ပြုလုပ်လိုက်သည်။

ဝုန်း

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူ့ နောက်ကျောဘက်၌ သတ်ဖြတ်ခြင်း နတ်ဘုရား၏ အရိပ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာ၏။

"ဟင်... သူက မသေမျိုးဘုရင် အဆင့်ကို ရောက်နေပြီပဲ ၊၊ သူ့ရဲ့ အရောင်အဝါကလဲ အဆပေါင်းများစွာ ထပ်တိုးလာတာလား"

"ဒီလူက ဘယ်သူလဲ၊ ငါ အရင် သူ့ကို မြင်ဖူးသလိုပဲ"

"ဟုတ်တယ်... ဒီလောက် အစွမ်းမျိုးနဲ့ဆိုရင် သူက ပိုင်ယွမ်လီတို့၊ လီချန်းလုံတို့ထက် ဘယ်လိုမှ နိမ့်ကျမှာ မဟုတ်ဘူး။ သူ ဒါလောင်မသေမျိုးဘုရင်ကိုတောင် စိန်ခေါ်နိုင်လောက်မယ်ထင်တယ်"

လူတိုင်း အံ့အားသင့်သွားကာ ထင်ရာကို ပြောလိုက်ကြသည်။

ပိုင်ယွမ်လီကိုယ်တိုင်သည်လည်း မှင်သက်နေပါ၏။

သူ့ရှေ့မှ လူမှာ အလွန်အန္တရာယ်ကြီးပုံရကာ ... ထိုလူနှင့်သာ ရင်ဆိုင်ရပါက သူ ရှုံးနိုင်ခြေ များနိုင်ပါသည်။

"တောက် ဒီကမ္ဘာကြီးက ဘာတွေ ဖြစ်ကုန်တာလဲ"

ပိုင်ယွမ်လီတစ်ယောက် မိမိကိုယ်ကို ပြန်မေးမိလိုက်၏။

သူ ယခင်က မှတ်ယူထားသည်မှာ ချင်းယွမ်ဒေသ၌ ဒါလောင်မသေမျိုးဘုရင်မှလွဲ၍ ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ဟုပင်။

လီချန်းလုံကဲ့သို့ အစွမ်းထက်သည့်သူပင်လျှင် အလွန်ဆုံးမှ သူ့နှင့် အဆင့်တူရုံလောက်သာ။

သို့သော် အရှုပ်အထွေး နတ်ဘုရားမြို့တော်သို့ ရောက်လာပြီးနောက်တွင်မူ သူ အတွေးများ မည်မျှပင် ကလေးဆန်ခဲ့မှန်း သဘောပေါက်သွားခဲ့ရပါသည်။

ပထမဆုံးအနေဖြင့် ကောင်းကင်ဘုံသားတော်က သူ့အား သတ်နိုင်လုနီးပါး ဖြစ်ခဲ့ပါ၏။

နောက်ပိုင်း လောထျန်း၏ အကူညီဖြင့် လွတ်မြောက်လာခဲ့ပြီးချိန်တွင်လည်း လောထျန်း၏ အစွမ်းမှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် ဖြစ်နေသည်ကို သူ တွေ့ခဲ့ရပြန်ပါသည်။

၎င်းမှာ သူ မည်သို့မှ တိုက်ရိုက် မယှဉ်နိုင်တော့သည့် အရာပင်။

သို့တိုင် ထိုနှစ်ယောက်ကတော့ ထူးဆန်းသောသူများ ဖြစ်သဖြင့် သာမန်စံနှုန်းနှင့် တိုင်းတာ၍မရဟု သူ တွေးခဲ့မိပါသေး၏ ။

ယခုတွက်မူ ... ဘယ်သူမှန်းမသိသည့် လူတစ်ယောက် ရုတ်တရက်ကြီး ထပ်ပေါ်လာပြန်လေပြီ ။

တစ်ချိန်တည်းမှာပင် အကန့်သတ်မဲ့စစ်မြေပြင် ၏ အလယ်တွင်ရှိနေသော အဖိုးအိုက သူ့ အရောင်အဝါကို အဆုံးစွန်အထိ ထုတ်လွှတ်ပြီး အော်လိုက်သည်။

"ဖျက်ဆီးခြင်းတစ်ထောင်အစွမ်း...သတ်စမ်း"

ဝုန်း

ချက်ချင်းမှာပင် သတ်ဖြတ်ခြင်း နတ်ဘုရား၏ အရိပ်ကလည်း ပြင်းထန်သော တိုက်ကွက်ကို စတင်လိုက်ပါတော့သည်။

ကြောက်မက်ဖွယ် ဧရာမ လှိုင်းလုံးကြီးက ရုပ်သေးရုပ်အား ချက်ချင်းပင် ဝါးမြိုသွား၏။

ထို့နောက် .. အားလုံး၏ မျက်စိရှေ့တွင်ပင် ရုပ်သေးရုပ်မှာ တစ်စစီ ပြိုကွဲပျက်စီးသွားပြီး ခန္ဓာကိုယ်တစ်ဝက်လောက်သာ ကျန်ပါတော့၏။

"ဘာ... သူ နိုင်သွားပြီလား"

"သူ တကယ်ကြီး နိုင်သွားတာလား"

"ဒါဆို အကန့်သတ်မဲ့စစ်မြေပြင်ကို တကယ်ပဲ အောင်နိုင်သွားတာပေါ့"

လူတိုင်း သက်ပြင်းကိုယ်စီ ချမိလိုက်ကြသည်။

အခြားတစ်ဖက်မှ အဖိုးအိုမှာကား တိုက်ကွက်ထုတ်လိုက်ပြီးနောက် အရောင်အဝါများမှာ လျင်မြန်စွာပင် ကျသွားခဲ့၏။

သူ့ ရုပ်သွင်သည်လည်း တခဏလေးအတွင်း လွန်စွာ အိုမင်းရင့်ရော်သွားသယောင် ။

သို့သော် သူ့မျက်နှာတွက်မူ စိတ်လှုပ်ရှားမှုများ အပြည့်ရှိနေဆဲပင်။

"ဟီးဟီး... ငါ နိုင်ပြီကွ ငါ နိုင်ပြီ"

သူ ပြောကာ ရယ်လိုက်သည်။

သို့သော်……

"မင်း နိုင်ပြီ ဟုတ်လား။ ဘာတွေပြောနေတာလဲကွ "

ကလေးဆန်သော အသံက ထပ်ထွက်လာပြန်၏။

"ဟင်... မင်း ဘာပြောလိုက်တာလဲ"

အဖိုးအိုမှာ လွန်စွာ အံ့အားသင့်သွားရတော့သည် ။

သို့သော် ထိုအချိန်မှာပင်...

ဝူး...

လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ... နောက်တစ်စက္ကန့်တွင် လူတိုင်း၏ မျက်စိရှေ့၌ ပျက်စီးသွားခဲ့သော ရုပ်သေးရုပ်၏ ခန္ဓာကိုယ်အပိုင်းအစများက ပြန်လည် စုစည်းလာကြပါ၏။

ဂျိန်း

နားမခံသာသော အသံကြီး ထွက်ပေါ်လာပြီးနောက်တွင်မူ ရုပ်သေးရုပ်မှာ အံ့ဩစရာကောင်းလောက်အောင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။

"ဘာ..."

၎င်းကို မြင်သည့်အခါ အဖိုးအိုမှာ လေထဲတွင် ယိုင်သွားပြီး ပြုတ်ကျလုနီးပါး ဖြစ်သွား၏။

"မင်း ဒါက ဘာအဓိပ္ပါယ်လဲ"

သူက စူးစူးဝါးဝါး အော်လိုက်သည်။

ကလေးဆန်သောအသံက ရယ်မောရင်း ပြန်ပြော၏။

"ဘာကို ဆိုလိုရမှာလဲ။ တိုက်ပွဲက မပြီးသေးဘူးလေ ရိုးရိုးခွန်အားအပြင် ငါ့ရဲ့ ဒဏ်ရာကိုပြန်လည်ကုသနိုင်စွမ်းကလည်း အဓိက အစွမ်းပဲကွ"

"မင်း... အရှက်မရှိလိုက်တာ"

အဖိုးအို ဒေါသတကြီး ပြောလိုက်သည်။

သူ ပြတ်ပြတ်သားသား အနိုင်ရခဲ့သော်လည်း ၊ တစ်ဖက်လူက ယခုလို လှည့်ကွက်မျိုး သုံးလာသတဲ့လား။

ထိုအချိန်မှာပင် ကလေးဆန်သောအသံက ဆက်ပြောလာသည်။

"အော်... ဟုတ်သားပဲ ငါ ခုနက မင်းရဲ့ အစွမ်းကို အထင်မှားသွားခဲ့တယ်။ အခု ငါ့ကိုယ်ငါ ပြန်ပြီး ပြင်ဆင်ရမယ်"

စကားဆုံးသည်နှင့် ရုပ်သေးရုပ်၏ ကိုယ်ပေါ်မှ စိတိစွမ်းအင်အလင်းတန်းတစ်ခု ရုတ်ချည်း တောက်ပလာသည်။

ဝုန်း

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရုပ်သေးရုပ်ဆီမှ ထွက်ပေါ်နေသော အရောင်အဝါကလည်း ကြောက်မက်ဖွယ်ကောင်းလေယက်အောင် တိုးသွားပါ၏။

သူ့အစွမ်းအားမှာ ‌အစောက တိုက်ခိုက်ခဲ့သည့် အဖိုးအို၏ အစွမ်းနှင့်ပင် အဆင့်ချင်း တူနေပြီ ဖြစ်သည်။

"ဘာဖြစ်သွားတာလဲ"

အဖိုးအိုက ထိတ်လန့်တကြား မေးလိုက်သည််။

ကလေးဆန်သောအသံက ရယ်မောလိုက်ရင်း

"လာလေ... ခုနက မင်းရဲ့ အစွမ်းမျိုးနဲ့ဆိုရင် ဒီရုပ်သေးရုပ်ကို ကောင်းကောင်းကြီး ခုခံနိုင်မှာပါ"

အဖိုးအို၏ မျက်နှာထား ချက်ချင်းပျက်သွားတော့သည်။

ခုနက အစွမ်းတဲ့လား။

အမှန်တွင်မူ အစောက ယာယီ အစွမ်းတိုးလာရန်အတွက် သူ့အသက် တစ်ဝက်လောက်ကိုပင် အဆုံးရှုံးခံပြီး လျှို့ဝှက်နည်းတစ်ခု သုံးခဲ့ခြင်း ဖြစ်ပါ၏။

ထိုနည်းကိုလည်း အချိန်တိုအတွင်း တစ်ကြိမ်သာ သုံးနိုင်သည်ဖြစ်ရာ ... အကယ်၍သာ ထပ်သုံးလိုက်မည်ဆိုလျှင် သူ သေရမည်မှာ သေချာပါသည်။

သို့သော် ကလေးဆန်သောအသံကမူ ၎င်းကို လုံးဝ ဂရုမစိုက်ဘဲ ရယ်မောရင်း ဆက်ပြော၏။

"ဘာဖြစ်လို့လဲ။ မင်းက မတိုက်တော့ဘူးလား။ ဒါဆို ငါပဲ အရင် တိုက်လိုက်တော့မယ်နော်"

ထိုစကားပင် မဆုံးသေးမီ...

ဝုန်း

ကျယ်လောင်သော အသံကြီးနှင့်အတူ ရုပ်သေးရုပ်က စတင် လှုပ်ရှားလိုက်ပါတော့သည်။

"ဒါ..."

အဖိုးအိုမှာ ၎င်းကိုမြင်ကာ ထိတ်လန့်သွားပြီး သိုင်းကွက်ကို တားဆီးရန်ကတွက် အလျင်အမြန် လက်လှမ်းလိုက်၏။

သို့သော် ဤတစ်ကြိမ်တွင်မူ သူ ထိုရုပ်သေးရုပ်အား မည်သို့ ယှဉ်နိုင်ပါတော့မည်နည်း။

ဝုန်း

ကျယ်လောင်သော အသံကြီးနှင့်အတူ ရုပ်သေးရုပ်က လက်သီးဖြင့် ထိုးချလိုက်ရာ အဖိုးအို နောက်သို့ လွင့်ထွက်သွားတော့၏။

ချက်ချင်းမှာပင် ကောင်းကင်ယံ၌ သွေးစက်များ ပြန့်ကျဲသွားကာ အဘိုးအို၏ ကံကြမ္မာ မည်သို့ရှိမည်ကို မသိနိုင်တော့ပါချေ။

"ဒါ... ဒါက..."

၎င်းကို မြင်သည့်အခါ လူများ နောက်သို့ ခြေလှမ်းအနည်းငယ်စီ ဆုတ်လိုက်မိကြသည်။

သူတို့ရှေ့မှ ရုပ်သေးရုပ်မှာ အမှန်တကယ် ကြောက်စရာပါပင် ။

၎င်းမှာ အလွန်အစွမ်းထက်ရုံမက ၊ မမောမပန်းနိုင်သလို ... မသေနိုင်သည့် ခန္ဓာကိုယ်လည်း ရှိပါသေးသည်။

ယခုလို မိစ္ဆာကောင်ကို မည်သူကများ အနိုင်ယူနိုင်ပါမည်လဲ။

"ကဲ... ငါတို့ နောက်တစ်ယောက်ကို နှိမ်နင်းလိုက်ပြန်ပြီ နောက်ထပ် ဘယ်သူလာဦးမလဲ"

ကလေးဆန်သောအသံက ထပ်မေးလိုက်ပြန်သည်။

သို့သော် ဤတစ်ခါတွင်ကား အားလုံး တိတ်ဆိတ်နေကြပါ၏။

ပိုင်ယွမ်လီသည်ပင် မျက်နှာပျက်စွာဖြင့် ရှိနေပါသည်။

သူ အစောပိုင်းက တိုက်ခိုက်ချင်သည့် စိတ်ဆန္ဒ ရှိခဲ့သေးသော်လည်း ယခုတိုက်ပွဲကို မြင်ပြီးနောက်တွင်မူ သူ့တိုက်ခိုက်လိုစိတ်များ အားလုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

အားလုံး တိတ်ဆိတ်နေတာကို မြင်သည့်အခါ ကလေးဆန်သောအသံက ရုတ်တရက် မကျေမနပ် ဖြစ်သွားဟန် တူပါ၏။

"ဘာလဲ... ဘယ်သူမှ မလာရဲဘူးလား။ ဒါဆိုလည်း မင်းတို့ အားလုံး တစ်ပြိုင်တည်း လာခဲ့ကြလေ"

ထိုစကားကို ကြားလိုက်ရချိန်တွင် လူအုပ်ကြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပါသည်။

ဟုတ်ပါသည်။ တစ်ယောက်တည်းအစွမ်းဖြင့် မနိုင်ဘူးဆိုပါက လူအများ၏ အစွမ််းဖြင့်ဆိုလျှင်ရော...

အထူးသဖြင့် ကွင်းထဲရှိ အစွမ်းထက် မသေမျိုးဘုရင်များမှာ သူတို့ကိုယ်သူတို့် မေးခွန်းပြန်ထုတ်မိလိုက်ကြ၏။

အကယ်၍သာ မသေမျိုးဘုရင် တစ်ဒါဇင်ခန့် ပေါင်းပြီး အစွမ်းကုန်ထုတ် တိုက်ခိုက်ပါက ၎င်းရုပ်သေးရုပ်ကို အနိုင်ယူရန် မခက်နိုင်ပါချေ ။

ထိုအချိန်မှာပင် ကလေးဆန်သောအသံက ဆက်ပြောလာသည်။

"ဒါပေမယ့် ... တကယ်လို့ မင်းတို့ အားလုံး ပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင်တော့ ငါ့ရဲ့ ရုပ်သေးရုပ်တွေ အကုန်လုံးကိုလဲ လွှတ်လိုက်ရမှာပေါ့"

သူ စကားဆုံးသည်နှင့် ကောင်းကင်ယံမှ နတ်ဘုရားအလင်းတန်းများ ကျလာပါတော့၏။

"ဘာ... ဘာကြီးလဲ"

အားလုံး ၎င်းကိုမြင်ပြီး ထိတ်လန့်သွားကြတော့သည်။

All Chapters