← Chapters

Chapter 1023 Luo Tian Takes the Stage

Vol. 70 Ch. 1023

Chapter 1023 Luo Tian Takes the Stage

Vol. 70 Ch. 1023

အကန့်သတ်မဲ့စစ်မြေပြင်၏ အထက်ကောင်းကင်ယံမှ နတ်ဘုရားအလင်းတန်းများ ကျဆင်းလာသည်နှင့်အမျှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပါသည်။

ထိုပုံရိပ်များထဲ လူသားပုံရိပ်များ ပါသလို ၊ နတ်ဆိုးပုံရိပ်များနှင့် ဧရာမ ရှေးဟောင်းသားရဲကြီးအချို့လည်း ပါဝင်နေသည်။

အစောပိုင်းက တိုက်ခိုက်ခဲ့သည့် တစ်ခုကိုပါ ပေါင်းလိုက်လျှင် ပုံရိပ်ပေါင်း တစ်ရာ့ရှစ်ခုပင် ရှိပါသည်။

ထိုပုံရိပ်များမှာ အစစ်မဟုတ်ဘဲ ရုပ်သေးရုပ်များ သက်သက်ပင် ဖြစ်သည်ကိုလည်း အားလုံး မသိဘဲမနေပါချေ။

သို့သော် ထိုအချက်ကပင် ပို၍ ထိတ်လန့်စရာ ကောင်းနေပါ၏။

"ဒီရုပ်သေးတွေ အကုန်လုံးက ခုနက တစ်ခုလိုပဲ အစွမ်းထက်နေတာလား"

တစ်ယောက်က တုန်တုန်ယင်ယင်အသံဖြင့် မေးလိုက်သည်။

"မဟုတ်ဘူးကွ"

အဖိုးအိုတစ်ယောက်က ပြန်ပြော၏။

သူ့စကားကို ကြားသည့်အခါ ဘေးပတ်ဝန်းကျင်ရှိ လူများ သက်ပြင်းချနိုင်သွားပါသည်။

"ငါ သိသားပဲ၊ ရုပ်သေးရုပ်တွေအားလုံးသာ ဒီလောက် အစွမ်းထက်နေရင် သူတစ်ယောက်တည်းနဲ့တင် ဒေသကြီးကိုးခုလုံးကို တိုက်ခိုက်သိမ်းပိုက်လို့ ရနေပြီပေါ့"

အခြားတစ်ယောက်က နှာခေါင်းရှုံ့ကာ လှောင်လိုက်၏။

သို့သော် အဘိုးအိုက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရင်း ဆက်ပြောလာပါသည်။

"ခုနက ရုပ်သေးက အလယ်အလတ်အဆင့်ပဲ ရှိသေးတာကွ။ အခု ဒီမှာရှိနေတဲ့ ဓားသမား ရုပ်သေးရုပ်၊ နဂါးရုပ်သေးရုပ်နဲ့ ခေါင်းခြောက်လုံး ရုပ်သေးရုပ်တွေက အစော တစ်ခုထက် အများကြီး ပိုပြီး အစွမ်းထက်တယ်"

သူ့စကားဆုံးသည်နှင့် တအံ့တဩဟစ်အော်သံများ လေထုထဲ ပြည့်နှက်သွားတော့သည်။

ထိုတခဏ၌ သူတို့အားလုံး စိတ်ဓာတ်ကျသွားကြပါ၏။

အစောက ရုပ်သေးရုပ်သည်ပင် ဤမျှ ကြောက်စရာကောင်းနေလေပြီ ... ယခု ၎င်းက အလယ်အလတ်အဆင့်သာ ရှိသေးတယ် တဲ့လား။

သို့ဆိုလျင် သူတို့ ဆက်တိုက်နေ၍ရော ဘာထူးပါမည်လဲ။

"ငါကတော့... ဒီနေမှာတင် ရပ်လိုက်ချင်ပြီကွာ..."

"ဟုတ်တယ်၊ ထိပ်တန်း မသေမျိုးဘုရင် တစ်ရာ့ရှစ်ယောက်ဆိုတာ ဒေသကြီးကိုးခုလုံးမှာ အားအကောင်းဆုံး တိုက်ခိုက်ရေးအဖွဲ့ပဲ"

"မဟုတ်ဘူးကွ... ထိပ်တန်း မသေမျိုးဘုရင်တွေတင် မဟုတ်ဘူး။ မင်းတို့ ဟိုသတင်းကို မေ့နေကြပြီလား။ ဒီရုပ်သေးရုပ်တွေထဲက အများစုက မသေမျိုးဧကရာဇ်အဆင့် အစွမ်းတွေ ရှိကြတယ်တဲ့ကွ"

"မသေမျိုးဧကရာဇ် ဟုတ်လား ... တကယ်လို့ မသေမျိုးဧကရာဇ်တွေသာ ဒီလောက်များနေမယ်ဆိုရင်တော့ ... သခင်လေးလောထျန်းတောင်မှ..."

အားလုံး၏ အကြည့်များက စိုးရိမ်ပူပန်မှုများနှင့်အတူ လောထျန်းထံသို့ ရောက်သွားကြသည်။

ထိုစဉ် လောထျန်းက မျက်မှောင်အနည်းငယ် ကြုံ့လိုက်ပြီး ပြော၏။

"ထားလိုက်ပါ... ငါကိုယ်တိုင်ပဲ လုပ်လိုက်တော့မယ်"

ဒါကို မြင်သည့်အခါ ပိုင်ယွမ်လီက ထိတ်လန့်တကြား တားလိုက်သည်။

"သခင်လေးလောထျန်း... မဖြစ်ဘူးဗျ"

လောထျန်း လက်ကာပြလိုက်၏။

"ရပါတယ်၊ ကျုပ်လည်း ဒီကောင်က ဘာတွေများ ထူးခြားနေလဲဆိုတာ သိချင်နေတာနဲ့ အတော်ပဲ"

သူ ပြောပြောဆိုဆိုဖြင့်ပင် အားလုံး တားနေသည့်ကြားထဲမှ အကန့်သတ်မဲ့စစ်မြေပြင်သို့ ပျံသန်းသွားလိုက်သည်။

"ဟင်... သခင်လေးလောထျန်းက နောက်ဆုံးတော့ လှူပ်ရှားတော့မှာလား"

"သခင်လေးလောထျန်း ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ငါ တကယ်ကို သိချင်နေတာ"

"ကောင်းကင်ဘုံသားတော်နဲ့ တိုက်တုန်းက သခင်လေးလောထျန်း လက်စွမ်းပြတာကို ငါတို့ သေချာမမြင်လိုက်ရဘူး။ အခုတော့ မြင်ရတော့မယ်ထင်တယ် "

လောထျန်း စတင်လှုပ်ရှားသည်ကို မြင်လိုက်ရသည့်အခါ လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

လောထျန်းတစ်ယောက် အကန့်သတ်မဲ့စစ်မြေပြင်ပေါ်သို့ လှမ်းတက်လိုက်ပြီးသည့်နောက်တွင်မူ...

ဝူး

အကန့်သတ်မဲ့စစ်မြေပြင် စင်မြင့်အထက်ရှိ အလင်းတန်းလိုက်ကာပေါ်၌ စာသားတစ်ကြောင်း ပေါ်လာပါသည်။

စိန်ခေါ်သူ - လောထျန်

အသက် - ၁၈ နှစ်

ကျင့်ကြံခြင်းအဆင့် - ကောင်းကင်ဘုံအဆင့် ( အဆင့် ကိုး)

ထိုစာသားများကို မြင်လိုက်ရသည်နှင့် အားလုံး မှင်သက်သွားကြ၏။

ပြီးနောက်တွင်မူ ကျယ်လောင်သော အော်သံကြီး ထွက်ပေါ်လာတော့သည်။

"ဘာ... ငါ မျက်စိမှားနေတာလား။ သခင်လေးလောထျန်းရဲ့ အသက်က ဘယ်လောက်တဲ့လဲ"

"ဆယ့်ရှစ်နှစ် ဆယ့်ရှစ်နှစ်တဲ့လား လာနောက်နေတာလား။ သူက ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာလား။ ငါက သူ အသက်ပေါင်း သောင်းချီနေပြီလို့ ထင်ထားတာ"

"ဒါ... သူက ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာလား။ ငါ့ရဲ့ မြစ်လေးကလည်း ဆယ့်ရှစ်နှစ်ပဲ၊ သူကတော့ 'အာဘား အာဘား' ပဲ လုပ်တတ်သေးတယ်။ သခင်လေးလောထျန်းက ဆယ့်ရှစ်နှစ်တည်းနဲ့ ကောင်းကင်ဘုံသားတော်ကိုတောင် သတ်နိုင်နေပြီလား"

"နှိုင်းယှဉ်လိုက်မိရင်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တောင် ပေါက်သွားနိုင်တယ်"

ပိုင်ယွမ်လီသည်လည်း မြင်လိုက်ရသည့် အချက်လက်များကြောင့် လုံးဝ ဆွံ့အသွားပါသည်။

"ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာလား။ ငါ ချူဖုန်းစီအကြောင်း ပြောတုန်းက သခင်လေးလောထျန်း ဘာဖြစ်လို့ အဲ့ဒီလို တုံ့ပြန်ခဲ့လဲဆိုတာ အံ့သြစရာမရှိတော့ဘူးပဲ။ ဟုတ်တာပေါ့... သာမန်လူတွေအတွက်တော့ ချူဖုန်းစီရဲ့ အသက်က သူရဲကောင်းလူငယ်လေးရဲ့ အသက်ပေါ့"

"ဒါပေမဲ့ သခင်လေးလောထျန်းအတွက်တော့ ချူဖုန်းစီက ရှေးဟောင်းပစ္စည်းလိုကြီးတောင် ဖြစ်နေပြီပဲ"

ပိုင်ယွမ်လီတစ်ယောက် အမှန်ပင် ထိတ်လန့်သွားရပါသည်။

ထိုအချိန်တွင် ကလေးဆန်သောအသံကလည်း သိသိသာသာ အံ့အားသင့်သွားပုံရပါ၏။

"ဆယ့်ရှစ်နှစ် ကောင်းကင်ဘုံအဆင့်အဆင့် မှာတဲ့လား"

တစ်လုံးချင်း ဖြည်းညှင်းစွာ ပြောလိုက်သော သူ့အသံထဲတွင်လည်း မကျေနပ်မှုတို့ ပြည့်နှက်နေပုံပင်။

"အင်း... ပြဿနာရှိလို့လား"

လောထျန်း မေးလိုက်သည်။

ကလေးဆန်သောအသံက နှာခေါင်းရှုံ့လိုက်ရင်း ပြန်ပြော၏။

"ပြဿနာအကြီးကြီးပေါ့ကွ ။ မင်း အခုချက်ချင်း ဒီကနေ ထွက်သွားတာ ပိုကောင်းလိမ့်မယ်"

"ထွက်သွားရမယ် ဘာဖြစ်လို့လဲ။ ငါက မင်းကို စိန်ခေါ်ဖို့ လာတာလေ"

လောထျန်း မျက်မှောင်ကြုတ်လိုက်သည်။

ကလေးဆန်သောအသံက ချက်ချင်းပင် ဒေါသတကြီး ပြန်ပြောလာသည်။

"ဘာစိန်ခေါ်တာလဲ။ ငါ့ရုပ်သေးရုပ်က အမှိုက်တွေနဲ့ မတိုက်ဘူး၊ ဒါကြောင့် လစ်လိုက်တော့"

လောထျန်းက မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး အန္တရာယ်အငွေ့သက်တို့ ပြည့်နေသည့် မျက်လုံးအစုံဖြင့် မေးလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ"

ကလေးဆန်သောအသံက လှောင်ပြောင်ရင်း ပြောပါ၏။

"ကောင်းကင်ဘုံအဆင့်နဲ့ ဒီမှာ ဘာလာလုပ်နေတာလဲ။ လစ်စမ်း"

သူတို့ စကားပြောနေရင်းမှာပင် ရုပ်သေးရုပ်က လောထျန်းဆီသို့ လက်ဝှေ့ယမ်းလိုက်ပြီး သူ့လက်ဝါးချက်ဖြင့် လောထျန်းအား လွင့်ထွက်သွားအောင် လုပ်ရန် ကြိုးစားလိုက်သည်။

သို့သော် ထိုအချိန်မှာပင်...

ဝှစ်

လောထျန်း မျက်တောင်တစ်ခတ်အတွင်း ရုပ်သေးရုပ်ရှေ့သို့ ရောက်သွားပါ၏။

"ဟင် မင်း... တကယ် သေချင်နေတဲ့ပုံပဲ"

ကလေးဆန်သောအသံက ဒေါသတကြီး ဟောက်လိုက်သည်။

ထို့နောက်တွင် ရုပ်သေးရုပ်က တိုက်ခိုက်မည့်ဟန် ပြင်လိုက်ပြန်ပါသည်။

သို့သော် ,...

ဝုန်း

လောထျန်းက လက်ဝါးနှင့် ရိုက်ချလိုက်ရာ ရုပ်သေးရုပ်၏ ခေါင်းတည့်တည့် ကျသွားတော့သည်။

၎င်းကို မြင်သည့်အခါ ကလေးဆန်သောအသံက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ဆိုပါသည်။

"တကယ်ကြီး တိုက်ခိုက်တာလားဟ။ ဘယ်လောက်တောင် မိုက်မဲလိုက်သလဲကွာ ။ ငါ့ရုပ်သေးရဲ့ ပြန်ကန်အားက..."

ခွမ်း

သို့သော် စကား မဆုံးသေးခင်မှာပင် ရုပ်သေးရုပ်မှာ လောထျန်း၏ လက်ဝါးချက်အောက်၌ အမှုန့်အဖြစ် ပြောင်းသွားပါတော့သည်။

ဝူး

ထိုအချိန်မှာပင် လေပြင်းတစ်ချက် တိုက်ခတ်သွားသဖြင့် ရုပ်သေးရုပ်၏ အမှုန့်များ လွင့်စင်သွားကာ နေရာအနှံ့ ပျံ့ကျဲသွားတော့၏။

"ဒါ..... ပြန်ပြီး ပြုပြင်ပေးစမ်း"

ကလေးဆန်သောအသံက ထိတ်လန့်သွားဟန်ဖြင့် ရုပ်သေးရုပ်ကို ပြန်လည်ပြုပြင်ရန် ကြိုးစားလိုက်သည်။

သို့သော် သူ အကြိမ်ကြိမ် ကြိုးစားသည့်တိုင် ဘာမှ ဖြစ်မလာခဲ့ပါ။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်း ဘာလုပ်လိုက်တာလဲ"

ကလေးဆန်သောအသံ တုန်လှုပ်သွားပါ၏။

ဘာတွေ ဖြစ်နေတာပါလဲ။

သူ့ ရုပ်သေးရုပ်မှာ သူနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့လေပြီ။

ရုပ်သေးရုပ် ဖျက်ဆီးခံလိုက်ရလေပြီ။

ဤကမ္ဘာ၌ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသည့် ကိစ္စမျိုး ဖြစ်သွားခဲ့လေပြီ။

ထိုအချိန်မှာပင် လောထျန်းက လက်ခုပ်တစ်ချက်တီးကာ ပြောပါ၏။

"ကဲ... ငါ နိုင်ပြီ။ ငါ မင်းရဲ့ အရှုပ်အထွေးအစွမ်းတွေကို မလိုချင်ဘူး။ မင်းဖမ်းထားတဲ့ သူတွေကိုပဲ ငါ့ဆီ ပြန်ပေးနိုင်မလား"

သူ့စကားကို ကြားလိုက်ရသည့်အခါ ကလေးဆန်သောအသံမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ဒေါသတကြီး အော်ပါသည်။

" မင်း... မင်းက တကယ့်ကို ယုတ်မာတဲ့ လူလိမ်ပဲ"

လောထျန်း မျက်မှောင်ကြုံ့လိုက်၏။

"ငါက ဘယ်လိုမျိုး ယုတ်မာလို့လဲ"

"မင်းက မင်းရဲ့ အစွမ်းနဲ့ ကျင့်ကြံခြင်းအဆင့်ကို တမင်ဖုံးကွယ်ထားပြီးတော့ ငါ့ကို ပေါ့ဆသွားအောင် လုပ်တာလေ။ ဒါ ယုတ်မာတာ မဟုတ်လို့ ဘာလဲ"

ထိုအသံက ဟောက်လိုက်သည်။

လောထျန်းက အံ့အားသင့်သွားရပါ၏။

"ငါ ဘယ်တုန်းက ငါ့ရဲ့ အစွမ်းနဲ့အဆင့်ကို ဖုံးကွယ်ထားလို့လဲ"

ကလေးဆန်သောအသံက နှာခေါင်းရှုံ့ရင်း ပြန်ပြောသည်။

"ဒီလိုအချိန်မျိုးမှာတောင် မင်းက အဲ့စကားမျိုး ပြောနေသေးတာလား။ ဒါဆို ပြောစမ်းပါဦး၊ မင်းက ဘယ်အဆင့်မှာလဲ"

သူ့စကားကို ကြားလိုက်ရသည့်အခါ လူတိုင်းလည်း စိတ်ဝင်စားသွားကြ၏။

မှန်ပါသည် ။ လောထျန်း၏ ကျင့်ကြံခြင်းအဆင့်က အတိအကျ ဘယ်လောက်ပါလဲ။

သူတို့အမြင်တွင်မူ လောထျန်းမှာ ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းတွင်သာ ရှိပါသေး၏ ။

သို့သော် ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းဖြင့် ယခုလောက်အစွမ်းမျိုး မည်သူရှိပါသလဲ။

ထို့ကြောင့်လည်း လောထျန်းတစ်ယောက် သူ့ ကျင့်ကြံခြင်းအဆင့်အမှန်ကို တမင်ဖုံးကွယ်ထားသည်ဟု အားလုံး ယူဆနေကြခြင်းပင် ။

အချို့ကမူ သူ့အား မသေမျိုးဧကရာဇ်အဆင့်နီးပါးဟု ခန့်မှန်းထားကြသလို ...

အချို့ကလည်း လောထျန်းသည် မျက်မှောက်ခေတ်၏ ဒဏ္ဍာရီလာ မသေမျိုးဧကရာဇ် ဖြစ်လိမ့်မည်ဟုပင် ယုံကြည်နေကြ၏။

သို့သော် လောထျန်းက မျက်မှောင်ကြုံ့၍သာ ပြန်ပြောပါသည်။

"ငါလား... ကောင်းကင်ဘုံအဆင့်လေ"

"ဘာ"

သူ့စကားကြာင့် လူတိုင်းနီးပါး တအံ့တဩ ရေရွတ်လိုက်ကြ၏။

ထျန်းယွမ်ကမ္ဘာသားများမှလွဲ၍ ကျန်လူများအားလုံးမှာ လောထျန်း၏ စကားကို လုံးဝ မယုံကြည်ကြပါချေ ။

အထူးသဖြင့် ... ကလေးဆန်သော အသံရှင်က အေးစက်စက် နှာခေါင်းရှုံ့ကာ ပြောပါ၏။

"မင်းက ကောင်းကင်ဘုံအဆင့်မှာ ဟုတ်လား။ ကောင်းပြီ... ဒါဆို ငါ့ကို မင်းရဲ့ အတွင်းအားအစွမ်းတွေကို စစ်ဆေးခွင့် ပေးရဲလား"

All Chapters