← Chapters

Chapter 1028 The Land of Myriad Origins

Vol. 70 Ch. 1028

Chapter 1028 The Land of Myriad Origins

Vol. 70 Ch. 1028

မူလစိတ်ဝိညာဉ်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် လေးနက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။

"ကျုပ်က အရာခပ်သိမ်း မြစ်ဖျားခံရာ ဝိညာဉ်နယ်မြေ' က လာတဲ့ စိတ်ဝိညာဉ်တစ်ယာက်ပါ "

သူ့စကား မဆုံးသေးခင်မှာပင် လူအုပ်ထဲမှ တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဘာ... အရာခပ်သိမ်း မြစ်ဖျားခံရာ ဝိညာဉ်နယ်မြေ ဟုတ်လား။ အဲ့ဒီနေရာက တကယ်ရှိတာလား"

သူ့အသံကြောင့် လောထျန်းပင် လှည့်ကြည့်လိုက်မိ၏။

ထို့နောက် လူအုပ်ထဲမှ ဖိုသီဖတ်သီနှင့် အဖိုးအိုတစ်ယောက် ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် ထွက်လာသည်။

လောထျန်းကို မြင်သည့်အခါ သူ အနည်းငယ် ကြောက်ရွံ့သွားဟန်ဖြင့် ခေါင်းငုံ့လိုက်သော်လည်း သတ္တိကို မွေးကာ ပြောလိုက်၏။

"သခင်လေး လောထျန်း... ကျုပ်ကို ခွင့်လွှတ်ပါဗျာ။ ကျုပ် တကယ်ကို သိချင်လွန်းလို့ စိတ်မထိန်းနိုင်ဘဲ ဝင်ပြောမိတာပါ"

လောထျန်းက တည်ငြိမ်စွာဖြင့်သာ ပြန်ပြောပါသည်။

"ရပါတယ်။ ကိစ္စမရှိဘူး"

လောထျန်းကိုယ်တိုင်လည်း ထိုဝိညာဉ်နယ်မြေအကြောင်းကို ဘာမှမသိသဖြင့် တစ်စုံတစ်ယောက်က သူ့ကိုယ်စား မေးပေးခြင်းမှာ သူ့အတွက် ပိုပင်ကောင်းပါသေးသည်။

သူ့စကားကိုကြားမှ အဖိုးအို သက်ပြင်းချနိုင်သွားကာ မူလဝိညာဉ်လေးဘက်သို့ လှည့်၍ မေးလိုက်၏။

"သခင်ကြီး... အရာခပ်သိမ်း မြစ်ဖျားခံရာ ဝိညာဉ်နယ်မြေအကြောင်း ခုနကပြောတာ တကယ်ပဲလား"

မူလဝိညာဉ်ကလေးက နှာခေါင်းရှုံ့လိုက်ပြီး ပြန်ဖြေပါသည်။

"သေချာတာပေါ့။ ကျုပ်က ဘာကိစ္စလိမ်ပြောရမှာလဲ"

ထိုအချိန်တွင် လူအုပ်ထဲမှတစ်ယောက်က နားမလည်ပုံဖြင့် မေးလာသည်။

"အရာခပ်သိမ်း မြစ်ဖျားခံရာ ဝိညာဉ်နယ်မြေ ဆိုတာ ဘာလဲ။ လျှို့ဝှက်ဒေသ တစ်ခုလား။ ကျုပ် တစ်ခါမှ မကြားဖူးဘူး"

ဤတစ်ကြိမ်တွင်မူ အဖိုးအိုက ရှင်းပြပါသည်။

"အဲ့ဒါက လျှို့ဝှက်ဒေသ မဟုတ်ဘူး။ 'မြင့်မြတ်နယ်မြေ' လို့ ခေါ်ရမှာကွ"

"မြင့်မြတ်နယ်မြေ ဟုတ်လား ၊ အဲ့ဒါ ဘာကို ဆိုလိုတာလဲ"

အဖိုးအိုက ထိုသူအား မျက်နှာတည်ဖြင့်ကြည့်၍ ပြန်ပြောလိုက်ပါသည်။

"အရာခပ်သိမ်း မြစ်ဖျားခံရာ ဝိညာဉ်နယ်မြေဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ သဘာဝစိတ်ဝိညာဉ်တွေ အားလုံးရဲ့ မူလအစဖြစ်တည်မှုလို့ ပြောကြတယ်ကွ"

"ဘယ်လို..."

လူတချို့ အံ့ဩမှင်သက်သွားကြသည်။

သဘာဝစိတ်ဝိညာဉ် ဆိုသည်မှာ အလွန်ရှေးကျပြီး ရိုးရာအစဉ်အလာလည်း ကြီးမားလှသည့် လူမျိုးစုတစ်ခုဖြစ်ကြောင်း သူတို့အားလုံး သိကြပါသည်။

သူတို့သည် လူသားများထက် သက်တမ်းရှည်ကြရုံတင်မက၊ ကံကောင်းခြင်းကို စုစည်းနိုင်ခြင်း၊ စိတ်စွမ်းအင်နှင့် မသေမျိုးစွမ်းအင်များကို စုစည်းနိုင်ခြင်းများ လုပ်နိုင်သည့်အပြင် ၊ မရေမတွက်နိုင်သော လျှို့ဝှက်နည်းများစွာကိုလည်း ကျွမ်းကျင်ထားသဖြင့် တိုက်ခိုက်ရေးအစွမ်း အလွန်ကောင်းကြသူများ ဖြစ်ပါသည်။

ယနေ့ခေတ်ကမ္ဘာ၏ အစွမ်းအထက်ဆုံး သဘာဝစိတ်ဝိညာဉ်များဆိုလျှင် ဆယ်ဘွဲ့ရ မသေမျိုးဘုရင်နှင့်ပင် အစွမ်းချင်း ယှဉ်နိုင်ကြပါသည်။

သို့သော် ထိုသဘာဝစိတ်ဝိညာဉ်များသည် လောကရေးရာများကို စိတ်ဝင်စားမှုမရှိဘဲ သီးသန့်နေထိုင်လေ့ရှိကြ၏။

သူတို့၏ ဇစ်မြစ်နှင့်ပတ်သက်၍လည်း အငြင်းပွားဖွယ် ကိစ္စအဖြစ် ရှိနေခဲ့ပါသည်။

သို့သော် ... ယခု အဖိုးအို၏စကားအရဆိုလျှင် သူတို့ရှေ့မှ စိတ်ဝိဉာဉ်၏ ဘိုးဘေးများမှာ ထိုဝိညာဉ်နယ်မြေမှ လာခဲ့ခြင်း ဖြစ်နိုင်သည်ကို လူအချို့ သ‌ဘောပေါက်သွားကြသည်။

ထိုစဉ် အဖိုးအိုက စကားဆက်၏။

"ဒါတင်မကသေးဘူး... ဒီကမ္ဘာကြီးမှာ အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ စိတ်ဝိညာဉ်သိုင်းကျင့်စဉ်တွေဟာလည်း အဲ့ဒီ ဝိညာဉ်နယ်မြေကနေ စတင်ခဲ့တာပဲ။ အဲ့ဒီနေရာဟာ ဝိညာဉ်ကျင့်ကြံသူတွေ အတွက်တော့ အမြင့်မြတ်ဆုံး နေရာလို့ ပြောလို့ရတယ်တဲ့"

"ဘာ..."

လူအုပ်ကြီး နောက်တစ်ကြိမ် ထိတ်လန့်တုန်လှုပ်သွားရပြန်သည်။

ဤတစ်ကြိမ် တုန်လှုပ်မှုက ယခင်ထက်လည်း ပိုကြီးပါ၏။

လက်ရှိ ဤနေရာသို့ ရောက်နေကြသော ကျင့်ကြံသူများအားလုံးမှာ ဝိညာဉ်ကျင့်စဉ်များကို အနည်းနှင့်အများ ကျင့်ကြံထားဖူးကြသည့်တိုင် ဝိညာဉ်ပညာရပ်များ၏ မူလဇစ်မြစ်ကို သိသူမှာ အလွန်နည်းပါးလှသည်။

အဖိုးအိုက လူအုပ်ဘက်သို့ လှည့်ကာ ဆက်ပြော၏။

"အားလုံးပဲ... ကျုပ်က အဲ့ဒီ ဝိညာဉ်နယ်မြေကို မြင့်မြတ်နယ်မြေလို့ ခေါ်ရတဲ့ အဓိကအကြောင်းရင်း ရှိပါသေးတယ်"

"ဟင် ဘာကို ဆိုလိုတာလဲ"

အဖိုးအိုက အသက်ကို ခပ်ပြင်းပြင်းရှိုက်ကာ အားလုံးကို မေးလိုက်သည်။

"ဒီကို ရောက်လာတဲ့သူတွေက ကျင့်ကြံခြင်းလောကရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေဆိုတော့ လျှို့ဝှက်ချက်တွေ အများကြီးကို သိကြမှာပါ။ ဒါပေမဲ့ ကျုပ် တစ်ခု မေးပါရစေ။"

"ရှေးခေတ်ကနေ အခုအထိ အအပေါ်ကမ္ဘာမှာ မှတ်တမ်းတင်ထားတဲ့ မသေမျိုးဧကရာဇ်တွေ ရာနဲ့ချီ ရှိခဲ့ဖူးတယ်။ ဒဏ္ဍာရီလာ နတ်ဘုရားခေတ်တွေကိုပါ ထည့်တွက်မယ်ဆိုရင်တော့ မသေမျိုးဧကရာဇ် အရေအတွက် အခုထက်တောင် ပိုများနေဦးမှာ။ ဒါပေမဲ့ 'စိတ်ဝိညာဉ်ကျင့်စဉ်' နဲ့ မသေမျိုးဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့သူ တစ်ယောက်ယောက်ရှိတယ်လို့ ခင်ဗျားတို့ ကြားဖူးကြလား"

ထိုစကားကို ကြားသည့်အခါ လူအုပ်ကြီး တစ်ဦးကိုတစ်ဦး လှည့်ကြည့်၍ တီးတိုးရေရွတ်လိုက်ကြသည်။

ခဏအကြာတွင် လူတစ်ယောက်က မျက်မှောင်ကြုံ့ကာ ပြော၏။

"ကျုပ် တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့ ဒါက ဝိညာဉ်နယ်မြေနဲ့ ဘာဆိုင်လို့လဲ"

အဖိုးအိုက စိတ်လှုပ်ရှားစွာဖြင့် သူ၏မုတ်ဆိတ်ကို သပ်ကာ ပြန်ပြောပါသည်။

"သိပ်ဆိုင်တာပေါ့ ဘာလို့လဲဆိုတော့ ဝိညာဉ်ကျင့်စဥ်ကနေ မသေမျိုးဧကရာဇ်အဖြစ် တက်လှမ်းနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးက အဲ့ဒီ ဝိညာဉ်နယ်မြေထဲမှာပဲ ရှိလို့ပဲ"

"ဘာ... မင်းပြောတာ တကယ်လား"

"ဟေ့... အဘိုးကြီး၊ ငါတို့ကို လာနောက်မနေနဲ့"

လူအုပ်ထဲမှ စိတ်ဝိညာဉ်ကျင့်ကြံသူအချို့မှာ မနေနိုင်တော့ဘဲ အော်ဟစ်လိုက်ကြသည်။

အဖိုးအိုမှာ သူ့ကို သံသယဝင်နေသူများကို မြင်ပြီး ဆွေ့ဆွေ့ခုန် ဒေါသထွက်သွားဟန် တူပါ၏။

"ငါက ဘာလို့ မင်းတို့ကို လိမ်ပြောနေရမှာလဲ။ ငါပြောတာ အကုန်အမှန်တွေချည်းပဲ"

ဝုန်း

ထိုစဉ် လူအုပ်ထဲမှ အလောင်းခြောက်ကဲ့သို့ မျက်နှာနှင့် လူတစ်ယောက် ရှေ့ထွက်လာကာ အဖိုးအိုရှေ့သို့ ရောက်လာပါသည်။

"ရှင်းအောင် ပြောစမ်း"

ထိုလူက အေးစက်စက် ပြောလိုက်၏။

ထိုလူကို မြင်သည့်အခါ အားလုံး တအံ့တဩ ဖြစ်ကုန်ကြပါသည်။

"သူ... သူက ဟေးဝူတောက် မဟုတ်ဘူးလား။ ချင်းယွမ်ဒေသရဲ့ နံပါတ်တစ် စိတ်ဝိညာဉ်ကျင့်ကြံသူလေ။ သူ ဘယ်တုန်းက ရောက်နေတာလဲ"

"ငါလည်း သတိမထားမိဘူးကွ။ သူက သူ့ရဲ့ ပုံစံအစစ်ကို ဖုံးကွယ်ပြီး လူအုပ်ထဲ ရောနေခဲ့တာ ထင်တယ်"

"ကြားဖူးတာတော့ သူ ငယ်ငယ်က ကိုယ်ခံပညာသိုင်းကျင့်စဉ်မှာ ပိတ်ဆို့ခံခဲ့ရလို့ စိတ်ဝိညာဉ်ကျင့်စဉ်ကိုပဲ ဖိလုပ်ခဲ့တာတဲ့။ ပြီးရင် သူက ရက်စက်ပြီး လူမုန်းများတော့ လူအသိုင်းအဝိုင်းနဲ့ ဝေးရာမှာပဲ နေလေ့ရှိတာ ။ ဒီတစ်ခါ အရှုပ်အထွေး နတ်ဘုရားမြို့တော်ကို လာလိမ့်မယ်လို့ မထင်ထားဘူး"

လူအုပ်ကြီးက တစ်ယောက်တစ်ပေါက် ပြောနေကြသည်များကိုမူ ဟေးဝူတောက်ကမူ ဂရုမစိုက်ပါ။

သူ အဖိုးအိုကို စိုက်ကြည့်၍ အေးစက်စက်အသံဖြင့်သာ ထပ်ပြောပါ၏။

"ဒါတွေကို မင်းကို ဘယ်သူပြောတာလဲ။ သက်သေရှိလား"

အဖိုးအိုမှာလည်း ဟေးဝူတောက်၏ အကြောင်းကို ကောင်းကောင်းကြီး သိနေသဖြင့် မျက်နှာဖြူလျော့သွားရှာသည်။

"ဒါက ကျုပ်တို့ မိသားစုလျှို့ဝှက်ချက်ပါဗျာ။ အကုန်အမှန်တွေပါ... မယုံရင် ဒီမှာရှိတဲ့ မူလဝိညာဉ်ကလေးကို မေးကြည့်လို့ရပါတယ်"

ဟေးဝူတောက်က မျက်မှောင်ကြုံ့ကာ မူလဝိညာဉ်ကလေးဘက် လှည့်ကြည့်လိုက်သည်။

ထိုကလေးက လက်ပိုက်ကာ ခေါင်းညိတ်ပြပါ၏။

"မှန်တယ် အဲ့ဒီ ဝိညာဉ်နယ်မြေက ရှိသမျှ ကမ္ဘာအားလုံးရဲ့ စိတ်ဝိညာဉ်ကျင့်စဉ်‌ေတွထဲမှာ ထိပ်ဆုံးပဲ။ ဘာမဟုတ်တဲ့ မသေမျိုးဧကရာဇ် အဆင့်လောက်ကို မွေးထုတ်ပေးဖို့လဲ သိပ်မခက်ဘူး "

ဝီ

၎င်းကို ကြားလိုက်ရသည့်အခါ ဟေးဝူတောက် တစ်ကိုယ်လုံး တုန်သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။

ဟေးဝူတောက်သည် မသေမျိုးဘုရင်အဆင့် ၉ သို့ ရောက်ထားသူ ဖြစ်ပါသည်။

သို့သော် စိတ်ဝိညာဉ်ကျင့်စဉ်၏ ကန့်သတ်ချက်များကြောင့် သူ ယခုဘဝတွင် နောက်ထပ် အဆင့်မတက်နိုင်တော့ဟုသာ အမြဲ ယူဆထားခဲ့မိပါ၏။

ယခု မထင်မှတ်ဘဲ ရှေ့ဆက်တိုးနိုင်မည့် အလားအလာကို တွေ့လိုက်ရသည့်အချိန်တွင် သူ ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ပါချေ ။

"ဒါဆို... အဲ့ဒီ ဝိညာဉ်နယ်မြေကို ဘယ်လိုဝင်ရမလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါ"

ဟေးဝူတောက်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ကျန်ရှိနေသူများမှာလည်း မူလဝိညာဉ်ကလေးဆီမှ စကားလုံးတစ်လုံးချင်းစီကို မလွတ်တမ်း နားစွင့်လိုက်ကြသည်။

အကယ်၍ ထိုနယ်မြေသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကိုသာ သိရလျှင် ဤအရှုပ်အ‌ထွေး နတ်ဘုရားမြို့တော်အတွင်း၌ ဘာမှမရခဲ့လျှင်ပင် ခရီးက တန်လှပြီ မဟုတ်ပါလား။

သို့သော်လည်း မူလဝိညာဉ်ကလေးမှာ ချက်ချင်း မျက်နှာကြီးညိုသွားပါသည်။

"သွားလို့ မရဘူး"

"ဟင် ဘာကို ဆိုလိုတာလဲ။ ဝိညာဉ်နယ်မြေက ပျက်စီးသွားလို့လား"

ဟေးဝူတောက်က ဖြစ်နိုင်ခြေတစ်ခုကိုတွေးမိကာ စိုးရိမ်တကြီး မေးလိုက်သည်။

တခြားသူများလည်း မျက်နှာကိုယ်စီ ပျက်ကုန်ကြ၏။

မူလဝိညာဉ်ကလေးက ချက်ချင်း နှာခေါင်းရှုံ့ပြီး ပြန်ပြောပါသည်။

"ဘာတွေ လျှောက်တွေးနေတာလဲ။ အဲ့ဒီ ဝိညာဉ်နယ်မြေထဲမှာ စောင့်ရှောက်နေတဲ့ ဘိုးဘေးစိတ်ဝိညာဉ်ကြီး ၉ ပါး ရှိတယ်ကွ။ မင်းတို့ရဲ့ ကမ္ဘာကြီးက အကြိမ်ပေါင်း တစ်သောင်းလောက် ပျက်စီးသွားရင်တောင် အဲ့ဒီ ဝိညာဉ်နယ်မြေကတော့ ထာဝရ မပျက်မစီး တည်ရှိနေမှာ"

ဟေးဝူတောက် သက်ပြင်းချနိုင်သွားပါသည်။

"ဒါဆို ဘာလို့ သွားလို့မရဘူးလို့ ပြောရတာလဲ"

မူလဝိညာဉ်ကလေးက ဒေါသတကြီးဖြင့် ပြန်ပြော၏။

"ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က မင်းတို့ ကမ္ဘာကနေ ဝိညာဉ်နယ်မြေကို သွားတဲ့လမ်းကို ပိတ်ဆို့ထားလို့ပဲဟေ့။ အပြင်လူတွေ သွားလို့မရရုံတင်မကဘူး၊ ငါကိုယ်တိုင်တောင် အိမ်ပြန်လို့ မရတော့ဘူး"

All Chapters