← Chapters

Chapter 1029 The Three Major Physiques

Vol. 70 Ch. 1029

Chapter 1029 The Three Major Physiques

Vol. 70 Ch. 1029

မူလဝိညာဉ်လေး ပြောပြီးသွားချိန်တွင် သူ့မျက်ဝန်းများထဲ နာကျည်းရိပ်တို့ ပေါ်လာပါသည်။

မိမိနေရပ်သို့ မပြန်နိုင်သည့်အတွက် သူ စိတ်ပျက်အားငယ်နေရသည်မှာ သိသာလှပါ၏။

တစ်ဖက်မှ လူအုပ်ကြီးလည်း မှင်သက်သွားကြသည်။

"ဘာ... အရာခပ်သိမ်း မြစ်ဖျားခံရာ ဝိညာဉ်နယ်မြေဆီ သွားတဲ့လမ်းကို ပိတ်ဆို့ထားနိုင်တဲ့သူ ရှိတယ်ဟုတ်လား။ အဲ့ဒါ ဘယ်သူလဲ"

"ဟုတ်တယ်၊ ဒီလောက် စွမ်းဆောင်နိုင်ဖို့ဆိုရင် မသေမျိုးဧကရာဇ် တစ်ပါးများ ဖြစ်နိုင်မလား"

"မဖြစ်နိုင်တာ၊ မသေမျိုးဧကရာဇ် တစ်ပါးတောင် ဒါမျိုး လုပ်နိုင်မှာ မဟုတ်ဘူး"

လူအုပ်ကြီးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

ထိုစဉ် လောထျန်းက ဝင်ပြောလိုက်၏။

"ဒီအရှုပ်အထွေး နတ်ဘုရားမြို့တော်ရဲ့ သခင်ကြီးအကြောင်းပဲ ပြောကြရအောင်"

လူတိုင်းမှာ ဝိညာဉ်နယ်မြေအကြောင်းကို ဆက်ကြားချင်သေးသော်လည်း လောထျန်းကိုယ်တိုင် ပြောလာခြင်းဖြစ်သဖြင့် မည်သူကမှ စောဒကမတက်ရဲဘဲ ငြိမ်ကျသွားကြသည်။

မူလဝိညာဉ်ကလေးက ခေါင်းညိတ်ပြကာ ပြော၏။

"ကောင်းပါပြီ။ တကယ်တော့ အဲ့နှစ်ခုက ဆက်စပ်နေတာဗျ။ ကျုပ်ပြောတာကို နားထောင်ပြီးရင် သခင်ကြီး နားလည်သွားပါလိမ့်မယ်"

ထိုအခါမှ လူတိုင်း သက်ပြင်းချနိုင်ကာ မူလဝိညာဉ်ကလေးဆီသို့ အာရုံစိုက်လိုက်ကြသည်။

ကလေးငယ်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် စကားဆက်၏။

"အားလုံး ... အခြေခံအကျဆုံး ထူးခြားခန္ဓာကိုယ်သုံးခု အကြောင်းကို ကြားဖူးကြလား"

သူ မေးကာ လူအုပ်ဘက် ဝေ့ကြည့်လိုက်သည်။

အဖိုးအိုတစ်ယောက်က အရင်ဆုံး ဖြေလိုက်၏။

"ကြားဖူးတာပေါ့။ အဲ့ဒါတွေက လောကမှာ အစွမ်းအထက်ဆုံး ခန္ဓာကိုယ်တွေပဲလေ။ ဒါပေမဲ့ အဲ့ဒီ သုံးခုက ဘာတွေလဲဆိုတာနဲ့ ပတ်သက်ပြီး အယူအဆတွေကတော့ အမျိုးမျိုး ကွဲပြားနေတာပဲ"

"ကျုပ် သိသလောက်ဆိုရင် ထူးခြားခန္ဓာကိုယ် အမျိုးအစား တစ်ဒါဇင်မက ရှိတယ်။ ဥပမာ 'ဖျက်ဆီးခြင်း စက်ဝန်းခန္ဓာကိုယ်'၊ 'မသေမျိုး သန့်စင်ခန္ဓာကိုယ်' နဲ့ 'ကပ်ဘေး မသေမျိုးခန္ဓာကိုယ်' ဆိုတာမျိုးတွေပေါ့။ ဒါပေမဲ့ ဘယ်သူတွေ ဘာပဲပြောပြော 'အရှုပ်အထွေးခန္ဓာကိုယ်' ကတော့ အဲ့ဒီ သုံးခုထဲမှာ ပါနေတာပဲ"

အခြားသူများကလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ကျင့်ကြံသူများအတွက် ထိုထူးခန္ဓာကိုယ်များအကြောင်းမှာ အထူးဆန်းမဟုတ်ပါချေ ။

မူလဝိညာဉ်ကလေးက မျက်မှောင်ကြုံ့ကာ မေးပါသည်။

"ဒါက ခင်ဗျားတို့ဆီမှာ ပြန့်နှံ့နေတဲ့ အယူအဆလား"

"ဟင်... တစ်ခုခု မှားနေလို့လား"

အဖိုးအို ပြန်မေးလိုက်၏။

ကျန်သူများလည်း နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်လာကြသည်။

ထိုအခါ မူလဝိညာဉ်ကလေးက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ပြောပါသည်။

"အခြေခံ ထူးခြားခန္ဓာကိုယ်ကြီး သုံးခုထဲမှာ ခင်ဗျားပြောတဲ့ အရှုပ်အထွေးခန္ဓာကိုယ် ပါတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ နှစ်ခုကတော့ မှားနေတယ်"

"ဟင်... မဟုတ်ဘူးလား။ ဒါဆို တကယ့်အစစ် အခြေခံခန္ဓာကိုယ်တွေက ဘာတွေလဲ"

အဖိုးအို စိတ်ဝင်တစား မေးလိုက်သည်။

မူလဝိညာဉ်ကလေးက ပြန်ပြော၏။

"ကျန်တဲ့ နှစ်ခုကတော့ 'ထာဝရ နတ်ဘုရားခန္ဓာကိုယ်' နဲ့ 'မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာကိုယ်' တို့ပဲ"

သူ့စကားကို ကြားလိုက်ရသည့်အခါ လူတိုင်း တစ်ဦးကိုတစ်ဦး လှည့်ကြည့်ကာ မျက်လုံးအဝိုင်းသား ဖြစ်ကုန်ကြသည်။

"ဒီခန္ဓာကိုယ် နှစ်ခုအကြောင်း... တစ်ခါမှ မကြားဖူးပါလား"

"ဟုတ်တယ်၊ အထူးသဖြင့် မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာ ဆိုတာက ဘာကို ပြောတာလဲ"

မူလဝိညာဉ်ကလေးက လက်ကိုရမ်းလိုက်ပြီး ပြောပါ၏။

"ဒီခန္ဓာကိုယ် နှစ်ခုက အရမ်းကို ရှားပါးလွန်းလို့လေ။ အရှုပ်အထွေးခန္ဓာကလွဲလို့ ကျန်တဲ့ ခန္ဓာကိုယ် နှစ်ခုဟာ ခေတ်တစ်ခုမှာ၊ တစ်ကမ္ဘာလုံးမှာမှ တစ်ယောက်လောက်ပဲ ပေါ်နိုင်တာ။ ဒါကြောင့် ခင်ဗျားတို့ မသိတာ မဆန်းပါဘူး"

"ဘာ... တစ်ခေတ်မှာ တစ်ယောက်တည်းပဲ ရှိနိုင်တာလား"

"ဒါ... အဲဒီ့ ခန္ဓာကိုယ်တွေက ထူးခြားချက်တွေ ရှိနေလို့လား"

လူတိုင်း တိတ်ဆိတ်သွားပြီး မူလဝိညာဉ်ကလေး၏ အဖြေကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။

မူလဝိညာဉ်ကလေးကလည်း အချိန်ဆွဲမနေဘဲ ဆက်ပြောပြပါသည် ။

"'ထာဝရ နတ်ဘုရားခန္ဓာကိုယ်' ဆိုတာကတော့ နာမည်အတိုင်းပဲ၊ အဲ့ခန္ဓာကိုယ်ကို ရပြီးသွားပြီဆိုရင် ထာဝရနီးပါး မပျက်စီးနိုင်တော့ဘူး။ ကောင်းကင်ဘံုကလည်း ဖျက်ဆီးလို့မရသလို၊ မြေကြီးကလည်း မြှုပ်နှံပစ်လို့မရဘူး။ အခြေခံခန္ဓာကိုယ် သုံးခုထဲမှာ ဒီတစ်ခုက အရှားဆုံးပဲ"

"ငါတို့ သဘာဝစိတ်ဝိညာဉ်တွေရဲ့ မှတ်တမ်းအရတောင် သမိုင်းတစ်လျှောက်မှာ အဲ့ဒီလူမျိုး သုံးယောက်ပဲ ရှိခဲ့ဖူးတယ်။ ပြီးရင် အဲ့ဒီ သုံးယောက်စလုံးက အင်မတန် သက်တမ်းရှည်ခဲ့ပြီး သူတို့ရဲ့ ခေတ်အသီးသီးကို အုပ်စိုးခဲ့ကြတာ"

လူတိုင်း ထိုစကားကို နားထောင်ရင်း အားကျစိတ်များ ဖြစ်လာကြသည်။

ထိုစဉ် ကလေးငယ်က ဆက်ပြောပြန်သည် ။

"'မူလစိတ်ဝိညာဉ်အထွတ်အထိပ်ခန္ဓာကိုယ်' ကတော့ နည်းနည်း ထူးခြားတယ်။ အတိအကျပြောရရင် သူက ဘယ်လို ခန္ဓာကိုယ်မျိုးဆိုပြီး ပုံသေမရှိဘူး"

"ဟင်... အဲ့ဒါက ဘာကို ဆိုလိုတာလဲ"

လူအုပ်ကြီး နားမလည်နိုင် ဖြစ်သွားကြပါသည်။

ပုံသေ မရှိဘူးတဲ့လား။

ဘာအဓိပ္ပါယ်ပါလဲ ...

မူလဝိညာဉ်ကလေးက ဆက်ရှင်းပြပါသည် ။

"'မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာကိုယ်' ဆိုတာ ယေဘုယျအားဖြင့် ခြုံငုံပြီးခေါ်ထားတာပဲ။ ဒီခန္ဓာကိုယ်ကို ကျင့်ကြံဖို့အတွက် မတူညီတဲ့ လမ်းကြောင်းတွေ အများကြီး ရှိသလို အဆင့်ဆင့် ပြောင်းလဲမှုအများကြီးကို ကြုံရပြီးမှ နောက်ဆုံးအဆင့် အစွမ်းအထက်ဆုံး မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာကိုယ် ဖြစ်လာမှာ"

"အခြေခံခန္ဓာ သုံးခုအပေါ် အမြင်အမျိုးမျိုး ကွဲပြားနေတာကလည်း ဒါကြောင့်ပဲ။ အထွတ်အထိပ် အဆင့်ကို မရောက်ခင်မှာ ဒီခန္ဓာကိုယ်ဟာ နာမည်ပေါင်းစုံနဲ့ ရှိနေတတ်လို့လေ"

၎င်းကို ကြားမှ လူများ သဘောပေါက်သွားကြပါသည်။

ထိုစဉ် ဟေးဝူတောက်က ရုတ်တရက် မေးလိုက်၏။

"လူကြီးမင်း ... မေးခွင့်ပြုပါ။ ဒါဆို ဒီ မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာကိုယ် အတွက် စိတ်ဝိညာဉ်ကျင့်စဉ် လမ်းကြောင်းကော ရှိလား"

ဘေးကလူအချို့က သူ့မေးခွန်းကို ကြားပြီး ခေါင်းခါကာ ပြုံးလိုက်ကြသည်။

ဟေးဝူတောက်တစ်ယောက် မျှော်လင့်ချက် ကြီးလွန်းနေပြီဟု သူတို့ ထင်နေကြပါ၏။

စိတ်ဝိညာဉ်ကျင့်စဉ်ဖြင့် ထူးခြားခန္ဓာကိုယ်ကို ကျင့်ကြံနိုင်မည့်နည်း ဘယ်လိုလုပ် ရှိနိုင်မည်နည်း။

သို့သော် မူလဝိညာဉ်ကလေးက ခေါင်းညိတ်ပြပြီး ပြန်ပြောပါသည်။

"ရှိတာပေါ့၊ ထျန်းမင်ကမ္ဘာသခင်ကြီးရဲ့ မသေမျိုးခန္ဓာကိုယ်က စိတ်ဝိညာဉ်ကျင့်စဉ် လမ်းကြောင်းတစ်ခုပဲလေ"

"ဘယ်လို ...!"

လူတိုင်း မှင်သက်သွားကြသည်။

ထိုသို့သော ထူးဆန်းခန္ဓာကိုယ်မျိုး တကယ်ရှိနေသတဲ့လား။

ဟေးဝူတောက်မှာ ယခင်က မျှော်လင့်ချက် သိပ်မထားခဲ့သော်လည်း ယခု စိတ်လှုပ်ရှားလွန်း၍ အငြိမ်ပင်မနေနိုင်တော့ပါချေ။

"လူကြီးမင်း... ဒီ မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာအကြောင်းကို အသေးစိတ် ရှင်းပြပေးလို့ ရမလား"

သူ မေးရင်း လောထျန်းက ခွင့်မပြုမည်ကို စိုးသဖြင့် သူ့ဘက်သို့ တစ်ချက် ကြည့်လိုက်၏။

လောထျန်းက ခေါင်းညိတ်ကာ

"ငါလည်း သိချင်တယ်"

ဟု ပြောလိုက်မှသာ သူ သက်ပြင်းချနိုင်သွားပါသည်။

မူလဝိညာဉ်ကလေးက ချက်ချင်းပင် ဆက်ပြောပြ၏။

"ခင်ဗျားတို့ သိတဲ့အတိုင်း ကောင်းကင်နဲ့ မြေကြီးဟာ အရှုပ်အထွေး ကနေ လာတာ။ 'အရှုပ်အထွေး' ဆိုတဲ့ စကားလုံးဟာ အရာအားလုံးရဲ့ အစလို့ ပြောလို့ရတယ်။ ဒါကြောင့် အရှုပ်အထွေးခန္ဓာ ပိုင်ရှင်တွေဟာ မရေမတွက်နိုင်တဲ့ မဟာတာအိုတွေကို ဆင့်ကဲပြောင်းလဲနိုင်သလို၊ ကျင့်စဉ်ပေါင်းစုံကိုလည်း ကျင့်ကြံနိုင်တယ်။ နောက်ဆုံးမှာတော့ အရှုပ်အထွေး မဟာတာအိုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နဲ့မြေကြီးကို ဖန်တီးနိုင်တဲ့ စွမ်းအားနဲ့အတူ အရှုပ်အထွေး လက်နက် ခြောက်မျိုး... မဟုတ်ဘူး ခုနစ်မျိုးကို သန့်စင်နိုင်တာပေါ့"

သူ ပြောရင်း လောထျန်းဘက်သို့ လှမ်းကြည့်လိုက်သည်။

ဤစကားမှာ လောထျန်းကို ရည်ရွယ်၍ ပြောနေခြင်းပါပင်။

လောထျန်းကလည်း ခေါင်းညိတ်ထောက်ခံ၏။

သူ အရှုပ်အထွေးခန္ဓာကို ကျင့်ကြံစဉ်မှာပင် စိတ်ကူးရှိသလို အစွမ်းပေါင်းစုံကို လွတ်လွတ်လပ်လပ် ထုတ်သံုးနိုင်သည်ကို သတိထားမိခဲ့ပါသည်။

ကျန်လူများမှာမူ အရှုပ်အထွေး လက်နက် ခုနစ်မျိုး ဆိုသည်ကို လုံးဝ နားမလည်နိုင်ဘဲ ကြောင်ကြည့်နေကြ၏။

မူလစိတ်ဝိဉာဉ်မှာ လောထျန်း သဘောပေါက်သည်ကို မြင်သည်နှင့် ကျန်လူများအား ထပ်ရှင်းမပြဘဲ စကားဆက်ပါသည်။

"ဒါကြောင့် အရှုပ်အထွေးခန္ဓာဆိုတာ အစွမ်းမျိုးစုံကို ပေါင်းစပ်ထားတဲ့ ခန္ဓာကိုယ်လို့ ပြောလို့ရတယ်"

"'ထာဝရ နတ်ဘုရားခန္ဓာကိုယ်' ကျတော့ 'ထာဝရ' ဆိုတဲ့ စကားလုံးကိုပဲ အဓိကထားတယ်။ မသေနိုင်ခြင်းနဲ့ မပျက်စီးနိုင်ခြင်းက သူ့ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ပဲ။ သူ့ရဲ့ အကြီးမားဆုံး အစွမ်းကတော့ သတ်လို့ မရတာပေါ့။ ဒီခန္ဓာကိုယ်ကို ကျင့်ကြံတဲ့သူတွေဟာ အရမ်းကို ခံနိုင်ရည်ရှိကြတယ်။ အထွတ်အထိပ်အဆင့်ကို မရောက်သေးခင်မှာတောင် သူတို့ထက် ကျင့်ကြံခြင်းအဆင့် အများကြီးပိုမြင့်တဲ့ ရန်သူနဲ့ ရင်ဆိုင်ရရင် မနိုင်တာပဲ ရှိမယ်၊ ရန်သူကတော့ သူတို့ကို သတ်နိုင်မှာ မဟုတ်ဘူး!"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် အံ့ဩတကြီး လှာ့်ကြည့်လိုက်ကြပြန်သည်။

ထိုခန္ဓာကိုယ်မှာ တကယ့်ကို မတရားသည့် ခန္ဓာကိုယ်မျိုးပင်။

ထိုစဉ် ကလေးငယ်က ဆက်ပြော၏။

"နောက်ဆုံးတစ်ခုဖြစ်တဲ့ 'မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာကိုယ်' ကတော့ အရှုပ်အထွေးခန္ဓာနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ ဒီခန္ဓာကိုယ်က မဟာတာအိုအမျိုးစားပေါင်း သုံးထောင်ထဲမှာမှ အစွမ်းတစ်ခုတည်းကိုပဲ အစွန်းကုန် ကျင့်ကြံရတဲ့ ခန္ဓာကိုယ်ပဲ!"

"ကျင့်ကြံသူတွေက ဒီခန္ဓာကိုယ်ကို အထွတ်အထိပ်အဆင့် ရောက်အောင်ပဲ ကျင့်ကြံဖို့ပဲ လိုတာ။ ပြီးရင် လောကရဲ့ အကန့်အသတ်တွေကို ချိုးဖျက်နိုင်တဲ့အဆင့် ရောက်သွားပြီဆိုတာနဲ့ ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပြီ။ ဒီခန္ဓာကိုယ်ဟာ အစောပိုင်း အဆင့်တွေမှာတော့ အားအနည်းဆုံးလို့ ထင်ရပေမဲ့၊ အပြည့်အဝ ကျင့်ကြံနိုင်သွားပြီဆိုရင်တော့ သူ့ရဲ့ ဖျက်ဆီးနိုင်တဲ့စွမ်းအားဟာ အစွမ်းထက်ဆုံးပဲ"

All Chapters