← Chapters

Chapter 1031 Unlocking the Seal

Vol. 70 Ch. 1031

Chapter 1031 Unlocking the Seal

Vol. 70 Ch. 1031

နောက်ဆုံးတွင် အဘိုးအိုတစ်ဦး တုန်တုန်ယင်ယင်ဖြင့် ရှေ့တိုးလာကာ အသံတုန်ဖြင့် မေးပါသည်။

"လေးစားအပ်တဲ့ မူလစိတ်ဝိညာဉ်ခင်ဗျာ... သခင်ကြီးပြောတဲ့ အဲ့ဒီအစွမ်းထက် ပုဂ္ဂိုလ်တွေက ဘယ်အရပ်ကလဲဆိုတာ သိပါရစေ။ ကျုပ် ဒေသကြီးကိုးခုမှာ နေထိုင်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေမဲ့ အဲ့ဒီလိုနေရာမျိုးတွေကို တစ်ခါမှ မကြားဖူးပါဘူး!"

"ဟုတ်ပါတယ်၊အဲ့လူတွေက အောက်ကမ္ဘာငယ်လေးတွေကများလား။ ဒါပေမဲ့ ဒါလဲ မဖြစ်နိုင်ပါဘူးလေ ။ အပေါ်ကမ္ဘာဖြစ်တဲ့ ဒေသကြီးကိုးခုမှာတောင် အဲ့ဒီလောက် အစွမ်းထက်တဲ့ ပညာရှင်မရှိတာ၊ အောက်ကမ္ဘာတွေမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ"

ကျန်သူများလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

မူလစိတ်ဝိညာဉ်ကလေး ပြောပြခဲ့သည့် လူများနှင့် အကြောင်းအရာများမှာ သူတို့အတွက် လုံးဝ အစိမ်းသက်သက်ပင် ...။

သို့သော် မူလဝိညာဉ်ကလေးက လှောင်ပြုံးဖြင့် ပြောလာပါ၏။

"ဒေသကြီးကိုးခု နဲ့ အပေါ်ကမ္ဘာ ဟုတ်လား၊ မင်းတို့ကတော့ တကယ့်ကို ရေတွင်းထဲက ဖားတွေပဲ"

ထိုသို့ အပြောခံလိုက်ရသဖြင့် လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။

"သခင်ကြီး... ဒါက ဘာကို ဆိုလိုတာလဲ"

တစ်ယောက်က အံ့သြတကြီးမေးလိုက်သည်။

"ဟုတ်တယ်၊ သခင်ကြီးပြောချင်တာက ကျုပ်တို့ရဲ့ ဒေသကြီးကိုးခုဟာ ကမ္ဘာအားလုံးရဲ့ ဗဟိုချက်မဟုတ်ဘူးလို့ ဆိုလိုတာလား"

"ကမ္ဘာအားလုံးရဲ့ ဗဟိုချက် ဟုတ်လား"

မူလစိတ်ဝိညာဉ်ကလေးက ရယ်စရာတစ်ခုကို ကြားလိုက်ရသည့်အလား လှောင်ရယ်လိုက်ပြန်သည်။

ဘေးကလူများကလည်း စိတ်မရှည်တော့ဘဲ ပြော၏။

"သခင်ကြီး... ဒါ ရယ်စရာ မဟုတ်ပါဘူး။ ရှင်းအောင် ပြောပြပေးပါ!"

မူလစိတ်ဝိညာဉ်လေး နှာခေါင်းရှုံ့လိုက်သည်။

"တခြားဟာတွေကို ခဏထားဦး၊ မင်းတို့ကို တစ်ခုပဲ မေးမယ်။ နတ်ဘုရားတောအုပ်နဲ့ ကောင်းကင်သဲကန္တာရ အကြောင်းတော့ သိကြမှာပေါ့။ အဲ့ဒီကမ္ဘာနှစ်ခုထဲက ဘယ်တစ်ခုကို မင်းတို့ ဒေသကြီးကိုးခုက ရန်စရဲသလဲ"

"နတ်ဘုရားတောအုပ်က ကျင့်ကြံသူတစ်ယောက်က ထူးဆန်းတဲ့ အစွမ်းတချို့ကို သုံးလိုက်တာနဲ့တင် မင်းတို့ နဒေသကြီးကိုးခုမှာ သက်ရှိမဲ့တားမြစ်နယ်မြေတစ်ခု ဖြစ်သွားတာလေ။ တကယ်လို့ အဲ့ဒီက နတ်ဘုရားသုံးပါးသာ ဆင်းလာမယ်ဆိုရင်၊ သခင်လေးလောထျန်းသာ ကြားမဖြတ်ရင် မင်းတို့ထဲက ဘယ်သူ တားနိုင်မှာလဲ"

အစောပိုင်းတွင် လူများ ဒေါသထွက်နေခဲ့ကြသော်လည်း နတ်ဘုရားတောအုပ်အကြောင်း ကြားလိုက်ရသည့်အခါ မျက်နှာထားများ ချက်ချင်း ပြောင်းသွားကြသည်။

အခြားအရာများကို မသိလျှင်တောင် နတ်ဘုရားတောအုပ်နှင့် သက်ရှိမဲ့တားမြစ်နယ်မြေအကြောင်းကိုမူ သူတို့ သိကြပါသည်။

ထို့အပြင် လူအုပ်ထဲ၌ နတ်ဘုရားတောအုပ်၏ လျှို့ဝှက်ချက်အချို့ကို သိထားသူများလည်း အတန်အသင့် ရှိကြ၏။

အထူးသဖြင့် ရှေးဟောင်းအဖွဲ့အစည်းများမှ လူများတွင် ထိုနေရာက မည်မျှ ကြောက်စရာကောင်းကြောင်း မှတ်တမ်းများရှိကြပါသည်။

သူတို့၏ မှတ်တမ်းများအရ နတ်ဘုရားတောအုပ်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အစွမ်းထက် ပုဂ္ဂိုလ်သုံးဦး ရှိသည်ဆို၏။

ထိုလူများမှာ သူတို့၏ အမည်ကို ရွတ်ရုံမျှဖြင့်ပင် ဘေးဒုက္ခနှင့် ကံဆိုးမှုများကို သယ်ဆောင်လာနိုင်သည်ဟု နာမည်ကျော်လောက်အောင် အလွန် ထိတ်လန့်ဖွယ်ကောင်းသော ပုဂ္ဂိုလ်များပါပင်။

နတ်ဘုရားတောအုပ်မှ ထိုကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်များ ဒေသကြီးကိုးခုသို့ ဆင်းလာနိုင်ခြင်း မရှိသောကြောင့်သာ ဒေသကြီးကိုးခုမှာ ယနေ့တိုင် ပျက်စီးခြင်းမရှိဘဲ တည်တံ့နေနိုင်ခြင်း ဖြစ်ပါသည်။

သို့သော် ဤမူလဝိညာဉ်ကလေး၏ အဆိုအရ လောထျန်းသည် သူတို့ကို ခုခံနိုင်စွမ်း ရှိသည်တဲ့လား။

သို့ဆိုလျှင် လောထျန်း၏ အစွမ်းက မည်မျှကြောက်စရာကောင်းပါသနည်း။

ထိုအချိန် ဘေးတွင် ရပ်နေသော လောထျန်းက ခေါင်းညိတ်ကာ ပြောပါသည်။

"နားလည်ပြီ"

အခြားတစ်ဖက်တွင်မှ မူလစိတ်ဝိဉာဉ်လေးမှာ လောထျန်း စကားပြောလိုက်သည်ကို မြင်သည်နှင့် အမူအရာမှာ ချက်ချင်း ပြောင်းသွား၏။

"သခင်လေးလောထျန်း... ကျုပ် ပြောပြစရာ တစ်ခုရှိပါသေးတယ်"

"ဟင်... ဘာရှိသေးလို့လဲ"

လောထျန်းက မေးလိုက်သည်။

မူလစိတ်ဝိညာဉ်လေးက လေးနက်စွာဖြင့် ပြော၏။

"ကျုပ် အရင်က ပြောခဲ့သလိုပဲ၊ အရှုပ်အထွေးခန္ဓာကိုယ်နဲ့ မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာကိုယ်က မွေးကတည်းက သေတူရှင်ဘက် ရန်သူတွေပါ။ တစ်ယောက်နဲ့တစ်ယောက် ဆုံမိတာနဲ့ သူသေကိုယ်သေ တိုက်ပွဲ ဖြစ်လာမှာပဲ"

"တကယ်လို့ ဟိုမူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာကိုယ်ပိုင်ရှင်က သခင်လေးဟာ အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံအောင်မြင်ထားတယ်ဆိုတာသာ သိသွားရင်၊ နည်းမျိုးစုံသုံးပြီး သခင်လေးကို ရှင်းပစ်ဖို့ ကြိုးစားမှာ အသေအချာပဲ။ ဒါကြောင့် အထူးသတိထားပေးပါ"

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

သူ မသိလိုက်ဘဲ နောက်ထပ် ရန်သူတစ်ယောက် တိုးလာပြန်လေပြီ။

ထို့ကပြင် ထိုရန်သူမှာ အလွန်လည်း အစွမ်းထက်ပုံရ၏။

သူ့ကံတရားမှာ တကယ့်ကို ထူးထူးခြားခြား ဆိုးသည်ပင်။

သူသည် ယခုလောက်တောင် အငြိုးအတေးတွေရဲ့ ပစ်မှတ် ဖြစ်နေခဲ့တာလား။

သို့သော် လောထျန်း ခေါင်းခါ၍သာ ပြန်ပြောလိုက်ပါသည်။

"ကိစ္စမရှိပါဘူး။ သူ ငါ့ကို သတ်ချင်ရင်လည်း လာခဲ့ပါစေ"

သူ့ကို သတ်ချင်နေသည့်သူ များစွာရှိပေရာ ထိုသူတစ်ယောက် တိုးလာ၍ရော ဘာထူးမည်နည်း။

လောထျန်း၏ တုန့်ပြန်ပုံကို မြင်သောအခါ မူလဝိညာဉ်ကလေးက စိုးရိမ်တကြီးဖြင့် ထပ်ပြောသည်။

"သခင်လေး... ပေါ့ပေါ့တန်တန် မတွေးပါနဲ့။ ကျုပ်တော် ဒီမျိုးဆက်ရဲ့ မူလစိတ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင်ကို ကိုယ်တိုင် မတွေ့ဖူးပေမဲ့ သူ့ရဲ့ အစွမ်းအကြောင်း ကြားဖူးပါတယ်။ အဲ့ဒီလူက စိတ်ကူးကြည့်လို့မရနိုင်အောင် အစွမ်းထက်တာပါ။ သခင်လေးအနေနဲ့တောင် သူ့ကို လျှော့မတွက်သင့်ဘူး"

လောထျန်း ဘာမှ ပြန်မပြောပါချေ ။

သို့သော် ဘေးလူများမှာမူ ထိတ်လန့်သွားကြ၏။

မူလစိတ်ဝိညာဉ်ကလေး၏ အဆိုအရ လောထျန်းသည် နတ်ဘုရားတောအုပ်မှ ပညာရှင်များကို ယှဉ်နိုင်သော်လည်း၊ မူလစိတ်ဝိညာဉ် အထွတ်အထိပ်ခန္ဓာပိုင်ရှင်ကမူ လောထျန်းကိုပင် ခြိမ်းခြောက်နိုင်သည်ဟု ဆိုပေရာ .. ထိုသူသည် နတ်ဘုရားတောအုပ်မှ ပုဂ္ဂိုလ်များထက်ပင် ပိုအစွမ်းထက်သည်ဆိုသည့် သဘောလား။

ဤမျှလောက်ထိ အစွမ်းထက်သူ ကမ္ဘာကြီးတွင် အမှန်တကယ်‌ ရှိပါရဲ့လား။

လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။

"နားလည်ပြီ၊ ငါ သတိထားပါ့မယ်"

သူ ထိုသို့ပြောမှသာ မူလစိတ်ဝိညာဉ်ကလေး သက်ပြင်းချနိုင်တော့သည်။

လောထျန်းက ဆက်ပြော၏။

"မင်းက ဒီမြို့တော်ကို စောင့်ရှောက်ပြီး အရှုပ်အထွေးခန္ဓာရှင်တွေကို လမ်းပြပေးနေတာဆိုတော့၊ ဒီမှာရှိတဲ့ အရင်းမြစ်တွေကိုလည်း ကောင်းကောင်း သိမှာပေါ့"

"သိတာပေါ့!"

မူလဝိညာဉ်ကလေး ချက်ချင်း ခေါင်းညိတ်လိုက်သည်။

လောထျန်းက လက်ဝှေ့ယမ်းကာ အရှုပ်အထွေး မသေမျိုးဧကရာဇ်၏ ဓားကို ထုတ်၍မေးလိုက်သည်။

"ဒီသော့ကို ဘယ်လိုသုံးရမလဲဆိုတာ မင်း သိလား"

ထိုဓားကို မြင်လိုက်ရသည့်အခါ မူလစိတ်ဝိညာဉ်လေး တုန်ယင်သွား၏။

"ဒီဓား... ဒါက ထိုအရှုပ်အထွေး မသေမျိုးဧကရာဇ်ရဲ့ ဓားပဲ!"

သူ့ မျက်ဝန်းများမှာလည်း မှိုင်တွေသွားပါသည်။

သူ ထိုပထမဆုံးသော အရှုပ်အထွေး မသေမျိုးဧကရာဇ်ကို အမှန်တကယ် တန်ဖိုးထားခဲ့ပုံပင် ။

ထိုသူမှာ သူ မျှော်လင့်ချက်ကြီးစွာ ထားခဲ့ရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့သည် မဟုတ်ပါလား။

"ဟုတ်တယ်"

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

မူလဝိညာဉ်ကလေးက တခဏအကြာမှ အသိပြန်ဝင်လာပြီး အသက်ပြင်းပြင်းရှိုက်၍ ပြော၏။

"သခင်လေး... ကျုပ် သိပါတယ်။ အဲ့ဒီနေရာက သူ့ နောက်ဆုံးအဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်ဖို့ ကျုပ် ချန်ထားပေးခဲ့တဲ့ နေရာပဲ။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူ အဲ့ဒီအဆင့်ကို မရောက်ခင်မှာတင်..."

မူလစိတ်ဝိဉာဉ်လေး ခဏမျှ ဝမ်းနည်းသွားသည့်တိုင် ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်ပါသည်။

"သခင်လေး... ကျုပ်နောက်ကို လိုက်ခဲ့ပါ! ဒီမှာရှိတဲ့ အရင်းမြစ်အားလုံးကို သခင်လေးဆီ လွှဲပြောင်းပေးပါ့မယ်"

မူလစိတ်ဝိညာဥ်က အလေးနက် ပြောလိုက်၏။

"ဘာ... အရင်းမြစ်အားလုံး ဟုတ်လား"

"ဒီ...ဒီမြို့တော်ရဲ့ အရင်းမြစ်အားလုံးက..."

လူတိုင်း၏ မျက်လုံးများထဲ မနာလိုမှုတို့ ပြည့်သွားကြသည်။

ဤအရှုပ်အထွေး နတ်ဘုရားမြို့တော်မှာ ထိပ်တန်း လျှို့ဝှက်ဒေသတစ်ခုဖြစ်ပြီး၊ ယခု ထိုအရင်းမြစ်အားလုံးကို လောထျန်း ပိုင်ဆိုင်ပေတော့မည်။

ရှိနေကြသူအားလုံး၏ စိတ်ထဲတွင် မနာလိုဝန်တိုမှုများ တဖွားဖွား ပေါ်လာကြ၏။

အချို့ဆိုလျှင် အခွင့်ကောင်းကိုစောင့်၍ ပစ္စည်းများ လုယူရန်ပင် စဉ်းစားလိုက်ကြသေး၏။ သို့သော် လောထျန်းကို ကြည့်လိုက်မိသည်နှင့် ထိုအတွေးများ ချက်ချင်း ပျောက်ကွယ်သွားကြပါသည်။

နောက်နေပါသလား။

လောထျန်းသည် သူတို့ကို အကြည့်တစ်ချက်ဖြင့်ပင် အကြိမ်ကြိမ် သတ်နိုင်သူဖြစ်ပါသည်။

ထိုသူနှင့် မည်သူက ပြိုင်ရဲပါမည်နည်း။

သေချင်သည့်သူသာ လောထျန်းအား ရန်စပေလိမ့်မည်။

သူတို့ မည်သို့ပင် တွေးနေကြကြသည့်တိုင် လောထျန်းတစ်ယောက်ကမူ သူ့လူအုပ်ကို ဦးဆောင်၍ မူလစိတ်ဝိညာဉ်လေး၏ နောက်သို့ လိုက်သွားပါသည်။

လောထျန်းနှင့် သူ့အဖွဲ့သားများ ထွက်ခွာသွားသည်နှင့် ပတ်ဝန်းကျင်ရှိ လူများမှာလည်း တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် .. သူတို့သည်လည်း နောက်မှ လိုက်သွားကြပါ၏။

အခွင့်ကောင်းများကို ရသည် မရသည်ဆိုခြင်းထက် ဤအရှုပ်အထွေး နတ်ဘုရားမြို့တော် အတွင်း၌ မည်သို့သော အခွင့်အလမ်းများ ရှိနေနိုင်သည်ကို လူတိုင်းက သိလိုစိတ် ပြင်းပြနေကြသည်မဟုတ်ပါလား။

ပြီး လောထျန်းဘာရသွားနိုင်သလဲ ဆိုသည်ကိုလည်း သူတို့ သိချင်ပါသည်။

အချိန်အတော်ကြာ သွားပြီးနောက်.. တောင်တန်းတစ်ခုသို့ အရောက်တွင် မူလစိတ်ဝိညာဉ်ကလေး ရပ်လိုက်သည်။

"ဒီနေရာပဲ!"

သူ သက်ပြင်းချကာ ဓားကို လေထဲသို့ ထိုးစိုက်လိုက်သည်။

ဘုန်း!

ရှေးဦးခေတ်က လာသည့်အလား အလွန်ကျယ်လောင်သော အသံကြီး ဟိန်းထွက်လာပြီး တံခါးကြီးတစ်ခု ဖြည်းဖြည်းချင်း ပွင့်လာ၏။

"ဘယ်သူလဲ? ဘယ်သူက တံခါးကို လာဖွင့်တာလဲ"

ထိုတခဏ၌ အလွန်လေးနက်ပြီး ခြိမ်းခြောက်သံစွက်နေသော အသံကြီးတစ်သံ ရုတ်တရက် ထွက်လာသည်။

All Chapters