← Chapters

အခန်း (၃၁၂)

Vol. 32 Ch. 312

အခန်း (၃၁၂)

Vol. 32 Ch. 312

*အခန်း(312)

စုန့်လူကြီးမင်းနှင့် စားဖိုမှူးရှုန်းတို့နှစ်ယောက်သည်ကား အသက်အရွယ်ကြီးရင့်နေသူများဖြစ်ကြသည့်အတွက် ကျန်းကျွင့်၏စကားအဓိပ္ပာယ်ကို နားမလည်ဘဲ မနေပါချေ။

သို့သော် စားဖိုမှူးရှုန်းက မည်သည့်အရာကိုမျှ မကြားသကဲ့သို့ အပြုံးတစ်ခုနှင့်သာ ရှိနေခဲ့လေ၏။

စုန့်လူကြီးမင်း၏ မျက်နှာကတော့ အနည်းငယ်မသာမယာ ဖြစ်သွားခဲ့သည်။ သူသည်က ကျန်းကျွင့်ကို မနှစ်သက်သည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ကျန်းကျွင့်ကို ဆုံးမမည့်စကားများကို ပြန်လည်မျိုသိပ်ထားလိုက်ရပေ၏။

ကလေးက အရွယ်ရောက်နေပြီဖြစ်၍ ဧည့်သည်များရှေ့တွင် ဆုံးမနေပါက သူ၏မျက်နှာကို ပျက်သွားစေလိမ့်မည်။

ထို့ကြောင့် စုန့်လူကြီးမင်းက ကျန်းကျွင့်၏မျက်နှာကို ထောက်ထားသောအားဖြင့် သူ၏စကားကိုသာ ထောက်ခံလိုက်ရတော့သည်။

“ကြည့်စမ်းပါဦး၊ ငါ့မှတ်ဉာဏ်က တစ်ခုခုဖြစ်နေပြီ၊ မနေ့တုန်းက ဆရာဝန်က အများကြီးမစားဖို့ မှာထားတာကို ငါ့ရဲ့ပါးစပ်က မထိန်းနိုင်ဘူးဖြစ်သွားတယ် ဟားဟား...

ဒါပေမဲ့ ဒါက ငါ့အပြစ်တော့ မဟုတ်ပါဘူး၊ ဆရာကြီးတို့နှစ်ယောက် ချက်တဲ့လက်ရာက တကယ့်ကို အရသာရှိလွန်းလို့ ငါမအောင့်နိုင်ဘဲ အများကြီး စားမိသွားတာပဲ”

စုန့်လူကြီးမင်းက တစ်ဆက်တည်းဖြင့် လင်းရန်နှင့် စားဖိုမှူးရှုန်းတို့၏ လက်ရာကိုပါ အဆက်မပြတ် ချီးကျူးခဲ့လေ၏။

သူတို့နှစ်ဦးလည်း ထိုစကားကို ကြားရလျှင် စိတ်ထဲ၌ များစွာ သက်သာရာရသွားကြသည်။

နောက်ဆုံးတွင် စုန့်လူကြီးမင်းက ထိုဟင်းလျာများကို စိတ်ကျေနပ်မှုရှိကြောင်း အတည်ပြုပြီးနောက် သူတို့ ပြန်လည်ထွက်ခွာလာခဲ့ကြလေသည်။

သူတို့ ထွက်ခွာသွားသည်နှင့် စုန့်လူကြီးမင်းက လက်ထဲမှ တူကို ချလိုက်ပြီး မျက်နှာမှာလည်း မည်းမှောင်သွားတော့သည်။

သူက ဘေးတွင် ရပ်နေသော ကျန်းကျွင့်ဘက်သို့လှည့်ကာ လေးနက်စွာ ပြောလိုက်၏။

“ကျန်းကျွင့်၊ မင်း ခုနက ဘာလုပ်လိုက်တာလဲ၊ ဧည့်သည်ကို ဒီလိုမျိုး ဆက်ဆံလိုက်တာလား”

အထူးသဖြင့် စားဖိုမှူးရှုန်းနှင့် လင်းရန်တို့မှာ စေတနာအပြည့်ဖြင့် လာခဲ့ကြခြင်း ဖြစ်ပေသည်။

ကျန်းကျွင့်၏ တုံ့ပြန်ပုံအရ သူတို့နှစ်ယောက်က အာဟာရစာများကို လာပို့ပေးခြင်းဖြစ်သော်လည်း အဆိပ်လာပေးသကဲ့သို့ ဖြစ်နေချေ၏။

လူမှုရေးနဲ့ ယဉ်ကျေးမှုတွေက ဘယ်နေရာသို့ ရောက်သွားပြီလဲ။

အခြေခံအကျဆုံးသော ကျင့်ဝတ်တွေတောင် မရှိတော့ဘူးလား။

ထိုအကြောင်းကို တွေးမိလျှင် စုန့်လူကြီးမင်းတစ်ယောက် ကျန်းကျွင့်အပေါ် အနည်းငယ် စိတ်ပျက်မိသွားတော့သည်။

“ဒီနှစ်တွေတစ်လျှောက်လုံး ငါ မင်းကို ဆုံးမသွန်သင်လာခဲ့တယ်၊ ဒါတောင် မင်း ဒါတွေကို မသင်ယူနိုင်သေးဘူးလား”

တခြားသူများ ပြောသကဲ့သို့ပင် မျိုးရိုးဗီဇ၏ လွှမ်းမိုးမှုက အမှန်တကယ်ပင် ရှိနေသည်လား။

သူ ကောင်းစွာ နားမလည်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် ဘိုးဘေးတို့၏ သွေးသားမှာ မည်သို့ပင် ပြောင်းလဲရန် ကြိုးစားစေကာမူ ပြောင်းလဲ၍မရနိုင်သော အရာဖြစ်ပုံရပေသည်။

ဤသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရတိုင်း စုန့်လူကြီးမင်းအနေဖြင့် အကယ်၍သာ တစ်ဖက်လူက သူ၏ သားအရင်းသာ ဖြစ်ခဲ့ပါက ယခုကဲ့သို့ ပြုမူလိမ့်မည်မဟုတ်ဟု မတွေးဘဲ မနေနိုင်ပေ။

မည်သို့ပင်ဖြစ်စေ မျိုးရိုးဗီဇအရ သူ၏သားမှာ သူနှင့်တူသော စရိုက်လက္ခဏာ ရှိရပေမည်။

တချို့သောအရာများမှာ သွေးသားထဲတွင်ပင် ကိန်းအောင်းနေသောကြောင့် ဆုံးမနေရန်ပင် လိုအပ်မည်မဟုတ်ချေ။

ထပ်လာပြန်ပြီလား။

စုန့်ကျစ်သယ်က သူ့ကို ဤကဲ့သို့ ဆုံးမသွန်သင်နေသည်ကို မြင်ရတိုင်း ကျန်းကျွင့်၏ စိတ်ထဲ၌ သည်းမခံနိုင်လောက်အောင် စိတ်မရှည်မှုများ အကြိမ်ကြိမ် ဖြစ်ပေါ်လာရသည်။

ဒီအဘိုးကြီးက ဘာလို့ ဒီလောက်တောင် စကားများနေရတာလဲ။

သူက ကလေးသူငယ် မဟုတ်တော့ဘူး။ ဒီလိုမျိုး အခြေခံသဘောတရားတွေကို သူ့နားထဲကို တတွတ်တွတ်နှင့် အထပ်ထပ်အခါခါ ပြောနေဖို့ လိုအပ်လို့လား။

ပြီးတော့ သူ ခုနက ဘာတွေများမှားသွားလို့လဲ။ သူက အခြေအနေအရ သင့်တော်သလို ပြောဆိုခဲ့တာပဲ မဟုတ်ဘူးလား။

တစ်နည်းအားဖြင့် ပြောရလျှင် စုန့်ကျစ်သယ်ကဲ့သို့ စိတ်သဘောထား သေးသိမ်သူမျိုးသာလျှင် အရာရာတိုင်းကို လိုက်လံတွေးတောနေခြင်း ဖြစ်ပေသည်။

စားဖိုမှူးရှုန်းနှင့် လင်းရန်တို့က တစ်စုံတစ်ရာမျှပင် ပြန်လည် မတုံ့ပြန်ခဲ့သည်မဟုတ်ပါလား။

သူတစ်ယောက်တည်းသာ ထိုနေရာတွင် ဆက်တိုက်ပြောနေခြင်းက အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလွန်း၏။

ကျန်းကျွင့်က စိတ်မရှည်ဖြစ်လာပြီး ပြန်လည်ဖြေကြားမှုများမှာလည်း တဖြည်းဖြည်း ဝတ်ကျေတမ်းကျေသာ ဖြစ်လာသည်ကို မြင်လျှင် စုန့်လူကြီးမင်းမှာ နောက်ဆုံးတွင် သက်ပြင်းကိုသာ အသာအယာ ချလိုက်မိတော့သည်။

“ကောင်းပြီလေ၊ နောက်ကို သတိထားပေါ့၊ ဒီလိုမျိုးတွေ ထပ်မလုပ်နဲ့တော့၊ ငါမရှိတော့တဲ့ တစ်နေ့ကျရင် မင်းကို ဘယ်သူကမှ ဒီလိုမျိုး ပြောတော့မှာမဟုတ်တော့ဘူး၊ ဟင်း.. မင်းရဲ့ အစ်ကိုသာ ဒီမှာရှိရင် သိပ်ကောင်းမှာပဲ...”

သို့ဆိုလျှင် သူ ထွက်ခွာသွားပြီးနောက်တွင် အနည်းဆုံးတော့ ကျန်းကျွင့်အား အချိန်မရွေး သတိပေးမည့်သူ ရှိနေပေလိမ့်မည်။

ကျန်းကျွင့်က နောက်ပိုင်းတွင် အလားတူအမှားမျိုး လုပ်မိသည့်အချိန်တွင်လည်း ထိုသူက ပြန်လည်တည့်မတ်ပေးနိုင်ပေလိမ့်မည်။

သို့သော် သူ၏ သားအရင်းက ယခုအချိန်တွင် မည်သည့်နေရာသို့ ရောက်နေသည်ကို မသိနိုင်တော့ချေ။ကျန်းကျွင့်ကတော့ သူတစ်ပါး၏ အပြောအဆိုခံရခြင်းကို ကောင်းသောအရာဟု မယူဆပေ။

အထူးသဖြင့် စုန့်ကျစ်သယ်၏ အပြောအဆိုကို ပို၍ပင် မနှစ်မြို့ပေ။

ပြီးတော့... ဟားဟား ကြည့်လိုက်စမ်းပါ။

ဒီအဘိုးကြီးက သူ့ကို သားအရင်းလို သဘောထားတယ်လို့ ပြောနေပေမဲ့ အမှန်တကယ်တော့ သူ့ရဲ့ သားအရင်းကိုပဲ အလွမ်းဆုံး မဟုတ်ဘူးလား။

အခုလို အချိန်မျိုးမှာတောင် သူ့ရဲ့ သားအကြောင်းကို မတွေးဘဲ မနေနိုင်ဘူးပဲ!

အပြင်ကလူတွေကတော့ စုန့်ကျစ်သယ်ရဲ့ လှည့်စားမှုကို အပြည့်အဝ ခံထားရတယ်။ သူ့ရဲ့အပေါ် ကောင်းပြနေတာတွေကလည်း မျက်နှာပန်းလှအောင် လုပ်နေတာသက်သက်ပဲ!

တကယ်လို့ သူသာ သူ့ရဲ့ သားအရင်းကို တကယ်ရှာတွေ့ခဲ့ရင် လမ်းဘေးက ကောက်လာတဲ့ ဒီ “အမှိုက်” ကို သေချာပေါက် အဝေးကို လွှင့်ပစ်လိုက်မှာပဲ။

အခုချိန်ထိ ဒီမှာ ထားပါ့မလား။

ထိုသို့သော ဟန်ဆောင်ကောင်းသည့် လူတစ်ယောက်ကို သူ၏ သားအရင်းနှင့် မဆုံတွေ့နိုင်အောင် ဟန့်တားထားခြင်းအတွက် ကျန်းကျွင့်အနေဖြင့် လုံးလုံးလျားလျားပင် အပြစ်မကင်းသကဲ့သို့ ခံစားနေရန် မလိုအပ်ပေ။

…

ဤသို့ဖြင့် ဤမိသားစုအိမ်ရာဝင်းအတွင်း၌ နှစ်ရက်ခန့် နေထိုင်ပြီးနောက်တွင် တရားဝင် မွေးနေ့ပွဲကျင်းပမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

စုန့်လူကြီးမင်းမှာ လွန်ခဲ့သော နှစ်ရက်အတွင်း အိမ်၌ ကောင်းမွန်စွာ အနားယူခဲ့သဖြင့် ကိုယ်ခန္ဓာနှင့် အရိုးအဆစ်များမှာ အနည်းငယ် သက်သာလာခဲ့သည်။ ဖြစ်နိုင်သည်မှာ စားဖိုမှူးရှုန်းနှင့် လင်းရန်တို့က နေ့စဥ်နေ့တိုင်း သူ၏အိမ်သို့ သွားရောက်ကာ မွေးနေ့ပွဲအကြောင်း၊ ယနေ့ မည်သည့်ဟင်းသီးဟင်းရွက်များ ဝယ်ယူခဲ့ကြောင်းနှင့် မနက်ဖြန် မည်သို့လုပ်ဆောင်မည်ဖြစ်ကြောင်းတို့ကို ပြောပြကြခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

စုန့်လူကြီးမင်းက ထိုကိစ္စများကို သူတို့နှစ်ဦးအတွက် ကြည့်ရှုစီစဉ်ပေးရသဖြင့် သူ၏ စိတ်အခြေအနေမှာလည်း များစွာတက်ကြွလာခဲ့ချေ၏။

လွန်ခဲ့သော နှစ်ရက်အတွင်း သူသည်က အပြင်သို့ ထွက်၍ လည်ပတ်နိုင်ခြင်း မရှိသေးသော်လည်း သူ၏ မျက်နှာအသားအရေမှာမူ ယခင်ကထက် များစွာ ကြည့်ကောင်းလာခဲ့သည်။

ဤပြောင်းလဲမှုအားလုံးကို အနီးအနားရှိ အိမ်နီးချင်းဟောင်းကြီးများက မြင်တွေ့ကြရပြီး ကွယ်ရာတွင် ပြောဆိုကြလေတော့သည်။

“စားဖိုမှူးရှုန်းနဲ့ စားဖိုမှူးလေးလင်းရန်တို့ ရောက်လာတာ မကြာသေးဘူး၊ အဘိုးကြီးစုန့်က ဒီလောက်တောင် လန်းဆန်းတက်ကြွနေပြီ၊ ကြည့်ရတာ လူဆိုတာ အသက်ကြီးလာရင်တောင် ပျော်ပျော်ရွှင်ရွှင် နေရတာကို ကြိုက်တာပဲ!”

“ဟုတ်ပါ့၊ ငါ အရင်ကတည်းက ပြောသားပဲ၊ လောင်စုန့်အတွက် သင့်တော်တဲ့ ပြုစုစောင့်ရှောက်သူတစ်ယောက်ယောက်လောက် ရှာပြီး ပြုစုခိုင်းပါလားလို့

ရှောင်ကျန်းက လူပျိုကြီးဖြစ်နေတာကို သူ့ဘေးမှာ နေ့တိုင်း ကပ်နေတာက ဘာများအဓိပ္ပာယ်ရှိမှာလဲ”

“ဒါနဲ့ ပြောရဦးမယ်၊ အဘိုးကြီးစုန့်ရဲ့ အခြေအနေအရ ပြုစုစောင့်ရှောက်သူမငှားနိုင်တာမျိုးလည်း မဟုတ်ပါဘူး၊

ပြောရရင် သူကိုယ်တိုင် ငှားစရာတောင် မလိုဘူးလေ၊ အရင်က နိုင်ငံတော်က ဒီလိုအစီအစဉ်မျိုး ရှိခဲ့တယ် မဟုတ်လား

သူနဲ့ ရှောင်ကျန်းကို မေးဖူးတယ်လေ၊ ဒါပေမဲ့ ရှောင်ကျန်းကပဲ အရင်ဆုံး ငြင်းလိုက်တယ်ဆိုတာ ငါမှတ်မိတယ်၊ ဟုတ်တယ်မလား”

ကျန်းကျွင့်က ထိုအချိန်က ငြင်းပယ်ခဲ့ရာတွင် မည်သူမျှ မချေပနိုင်သော အကြောင်းပြချက်ကို ပေးခဲ့ဖူးသည်။

သူသည်က သူ့ကိုယ်သူ စုန့်လူကြီးမင်း၏ သားတစ်ယောက်အဖြစ် မှတ်ယူထားကြောင်း၊ သူက သားအရင်းမဟုတ်သော်လည်း သားအရင်းနှင့် လုံးဝမခြားနားကြောင်း ပြောခဲ့သည်။

သူကိုယ်တိုင်ပင် ရှိနေပါလျက်နှင့် စုန့်လူကြီးမင်းကို ပြုစုရန် အခြားသူတစ်ဦးအား ရှာဖွေနေခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း၊ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက လူအများက မည်သို့ ပြောဆိုကြမည်နည်းဟု ဆိုခဲ့သည်။

ထို့အပြင် ဤသို့လုပ်ဆောင်ခြင်းမှာ နိုင်ငံတော်၏ အရင်းအမြစ်များကို အလဟဿ အသုံးပြုရာရောက်သောကြောင့် ဤအခွင့်အရေးကို အမှန်တကယ် လိုအပ်နေသူများထံသို့သာ ပေးအပ်သင့်ကြောင်းလည်း ပြောဆိုခဲ့ပေသည်။

ကျန်းကျွင့်၏ စကားများကို ကြားပြီးနောက်တွင် ဘေးပတ်ဝန်းကျင်ရှိ လူများမှာလည်း စုန့်လူကြီးမင်းအား ပြုစုရန် အပြင်လူတစ်ယောက်ကို ဇွတ်အတင်း တိုက်တွန်းနိုင်ခြင်းမရှိတော့ပါချေ။

သို့ဖြစ်၍ အိမ်ရာဝင်းတစ်ခုလုံးရှိ တိုင်းပြည်အတွက် ပြန်လည်တော်လှန်စဥ်က ကိုယ်ကျိုးစွန့်ခဲ့ရသော ပုဂ္ဂိုလ်ကြီးအများစုမှာ သင့်တော်သော ပြုစုစောင့်ရှောက်သူများကို ရှာဖွေကာ သူတို့၏ သားသမီးများကိုတော့ အမိနိုင်ငံအတွက် အကျိုးပြုမည့် လုပ်ငန်းခွင်များသို့ စေလွှတ်ခဲ့ကြသော်လည်း စုန့်လူကြီးမင်းနှင့် ကျန်းကျွင့်တို့တွင်တော့ ကျန်းကျွင့်က လူကြီးမင်းအား သူကိုယ်တိုင်သာ ပြုစုစောင့်ရှောက်လိုကြောင်း၊ သူ၏ အသက်မွေးဝမ်းကျောင်း အလုပ်က အရေးမကြီးကြောင်းကို ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်။

သို့သော် ယခုအချိန်တွင် ကျန်းကျွင့်သည်က အရာအားလုံးကို ဘေးဖယ်ထားကာ စုန့်လူကြီးမင်းကို အာရုံစိုက်ပြုစုနေသည်ဟု ဆိုသော်လည်း ပြဿနာများက ဖြစ်ပေါ်လာဆဲပင်။

ဤသို့ဆိုလျှင် ပိုမိုကျွမ်းကျင်သောသူတစ်ဦးကို ရှာဖွေခြင်းကမှ ပို၍ ကောင်းမွန်ပေလိမ့်မည်။

“ဟင်း.. အမှန်အတိုင်း ပြောရရင် လောင်စုန့်က သနားစရာကောင်းလွန်းတယ်၊ သူ့မှာသာ သားသမီးတွေ ပိုရှိပြီး ကြည့်ရှုပေးမယ့်သူတွေ ပိုများရင် ဒီလိုမျိုး ဘယ်ဖြစ်ပါ့မလဲ”

စုန့်လူကြီးမင်း၏ အခြေအနေကို တွေးမိတိုင်း လူတိုင်းက သက်ပြင်းမချဘဲ မနေနိုင်ကြချေ။

သို့သော်လည်း သူတို့ စကားပြောနေကြချိန်တွင် နောက်ဘက်ရှိ ပန်းခြံငယ်လေး၌ ကျန်းကျွင့်တစ်ယောက် မျက်နှာပျက်လျက် ထောင့်တစ်နေရာတွင် ရပ်နေသည်ကိုမူ မည်သူမျှ သတိမထားမိကြပေ။

All Chapters