← Chapters

အခန်း (၁၁)

Vol. 2 Ch. 11

အခန်း (၁၁)

Vol. 2 Ch. 11

11

​ပါလီမြစ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များချက်ချင်း လှုပ်ရှားလိုက်ကြသည်။

ကောင်းချောင်ဦးဆောင်သော လီတဝေ၊ ယန်ရှုနှင့် ချန်ရှင်းချန်တို့သည် တင်းတယုံထွက်ပြေးသွားရာ လမ်းကြောင်းအတိုင်းထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးကြ၏။ ချင်ရန်မှာမူ ရှေ့ဆုံးမှ ဦးဆောင်နေသည်။ တင်းတယုံ ထွက်ပြေးသွားသည့်နေရာကို ဦးဆုံးမြင်လိုက်သူဖြစ်သလို ဦးဆုံး စတင်လိုက်ဖမ်းသူလည်းဖြစ်၏။

​"တင်းတယုံ ချက်ချင်းရပ်လိုက်စမ်း၊ ပြန်မခုခံနဲ့ ဒါဆိုရင်မင်း ပြစ်ဒဏ်လျှော့ပေါ့ခံရနိုင်တယ်"

​ချင်ရန်အနောက်မှနေ အသံကုန်ဟစ်ပြီး သတိပေးလိုက်သော်လည်း သူ့ခြေလှမ်းအရှိန်မှာ လုံးဝလျော့ကျသွားခြင်းမရှိပေ။ ထိုစကားကို ကြားလိုက်ရသော် တင်းတယုံမှာ တံတွေးထွေးထုတ်လိုက်ပြီး ဆဲရေးလိုက်သည်။

​"ပြစ်ဒဏ်လျှော့ပေါ့ခံရမယ် ဟုတ်လား၊ ပေါက်ကရတွေ ငါယုံမယ်မှတ်နေလား"

​တင်းတယုံလက်ထဲတွင် လူ့အသက်တစ်ချောင်းမက စွန်းထင်းနေပြီဖြစ်သည်။

သူ့အဖေကို သတ်လိုက်သူမှာ ထိပ်ပြောင်လူကြီးကျောက်လုံဖြစ်သော်လည်း တင်းတယုံသည်လည်း သေချာပေါက် ကြံရာပါဖြစ်နေ၏။

​"ရှင်းချန် ငါတို့နှစ်ယောက်လူခွဲပြီး ဘေးလမ်းကနေ ပတ်ပိတ်ကြမယ်"

​ထိုအချိန်တွင် ကောင်းချောင်မှာ အနောက်မှနေ၍ အမိန့်ပေးလိုက်သည်။

ကောင်းချောင်မှာ ယန်ရှုကိုခေါ်သွားပြီး၊ ချန်ရှင်းချန်မှ လီတဝေကိုခေါ်သွား၏။ သူတို့သည် တရားခံနှစ်ဦးကိုဘေးနှစ်ဖက်မှ ညှပ်ပိတ်ဖမ်းဆီးရန်ပြင်ဆင်လိုက်ကြသည်။ သို့မဟုတ်ပါက တရားခံများထွက်ပြေးလွတ်မြောက်သွားလျှင် ဘယ်ရောက်သွားမှန်းရှာမတွေ့ဘဲ ဖြစ်သွားနိုင်၏။ ​လီတဝေတစ်ယောက် ရင်တဒိန်းဒိန်းခုန်နေပြီး မျက်နှာတစ်ခုလုံးဖြူဖျော့နေလေသည်။ အခြေအနေမှာ အလွန်တရာတင်းမာနေပြီး စိတ်လှုပ်ရှားစရာ ကောင်းလှပေ၏။ ထိုနှစ်ယောက်မှာ တကယ်ထွက်ပြေးသွားကြခြင်းပင်။

လီတဝေ ထင်မှတ်ထားသည်မှာ ဝရမ်းပြေးများသည် အိမ်၌အဝိုင်းခံလိုက်ရသည်နှင့် အသာတကြည်အဖမ်းခံကြလိမ့်မည်ဟူ၍ ဖြစ်သည်။ သို့သော် အားလုံးထင်မှတ်မထားသည်မှာ တရားခံနှစ်ယောက်သည် ခေါင်းမာလွန်းပြီးထွက်ပြေးသွားကြခြင်းပင်။

​"ဒုစခန်းမှူး ကောင်း ဆရာ့မှာ သေနတ်မပါဘူးလား၊ သူတို့ကို ဒီတိုင်းပစ်သတ်လိုက်ရင်ရော"

​ကောင်းချောင် နောက်မှလိုက်ပြေးနေသော လီတဝေမှာ ရုတ်တရက်အကြံပြုလိုက်သည်။ ကောင်းချောင်မျက်နှာ မဲမှောင်သွားပြီး အော်ငေါက်လိုက်၏။

​"ပေါက်ကရတွေ မပြောစမ်းနဲ့၊ ငါတို့ကရွာထဲမှာကွ၊ သေနတ်ဖောက်လိုက်ရင် နောက်နေ့ ငါအလုပ်ပြုတ်ပြီးပြစ်ဒဏ်အကြီးကြီးခံရမှာ"

​သိထားရမည်မှာ တရုတ်ပြည်တွင်ပြည်သူ့လုံခြုံရေး အလွန်ကောင်းမွန်ပြီး သေနတ်ကိုင်ဆောင်မှုကို တင်းကြပ်စွာ တားမြစ်ထားသည်။ ထို့ကြောင့် ပြည်သူများကြား သေနတ်သံကြားရခြင်းသည် ပေါ့သေးသေးကိစ္စတစ်ခုမဟုတ်ပေ။ ​လီတဝေ ခေါင်းကုတ်လိုက်၏။ သူ့အကြံမှာ မဆိုးဟုထင်မိသော်လည်း အဘယ်ကြောင့် အငြင်းခံလိုက်ရသည်ကို သူနားမလည်ချေ။ ​အခြားတစ်ဖက်တွင်မူ ယန်ရှုသည် ချန်ရှင်းချန်နောက်မှ လိုက်နေသည်။ ခြေတံရှည်သူဖြစ်၍ သူ့ပြေးနှုန်းမှာအတော်လေးမြန်လေ၏။

မကြာမီအချိန်အတွင်းမှာပင် သူတို့အဖွဲ့နှစ်ဖွဲ့မှာ ဘယ်ညာညှပ်ပိတ်လိုက်နိုင်ပြီး တင်းတယုံနှင့်ထိပ်ပြောင်လူကြီးတို့ ထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်နိုင်တော့သည်။ ချင်ရန်မှာမူ အနီးကပ်ဆုံးလိုက်ပါလာ၏။ သူနှင့် တရားခံနှစ်ဦးကြားတွင် ၁၀မီတာခန့်သာကွာဝေးတော့သည်။ အလွန်တရာနီးကပ်နေပြီပင်။

​"မင်းတို့နှစ်ယောက် အခုချက်ချင်းရပ်ပြီး လက်နက်ချလိုက်စမ်း၊ ဖမ်းဆီးတာကိုခုခံရင် ပြစ်ဒဏ်ပိုကြီးသွားလိမ့်မယ်"

​ချင်ရန် အနောက်မှလှမ်းအော်လိုက်သည်။ တင်းတယုံနှင့် ထိပ်ပြောင်လူကြီးတို့ မျက်နှာပျက်နေကြ၏။ စကားပြောနေသည့်ကောင်၏အသံကြားရသည်မှာ ငယ်ရွယ်ပုံရသော်လည်း စကားလုံးများသည် ပြတ်သားလွန်းပြီး နားထောင်ရသည်မှာ သိပ်ဘဝင်မကျလှချေ။ သူတို့နှစ်ယောက်လုံးသည် ရာဇဝတ်ကောင်များ၊ ကြီးလေးသောပြစ်မှုများ ကျူးလွန်ထားသူများဖြစ်၍ ရဲကိုလုံးဝဂရုမစိုက်ပေ။ ချင်ရန်ပြောသည်ကို နားထောင်စရာအကြောင်းလည်း မရှိချေ။ ​ရုတ်တရက် ထိပ်ပြောင်လူကြီးမှ အော်ဟစ်လိုက်သည်။

​"သွားပြီ ရှေ့မှာလမ်းပိတ်နေတယ်"

​တစ်ခဏအတွင်းမှာပင် ထိပ်ပြောင်လူကြီးရော တင်းတယုံပါတန့်သွားကြ၏။ ရှေ့တည့်တည့်တွင် လမ်းပိတ်နေပြီး ဘေးနှစ်ဖက်တွင်မူမြောင်းငယ်လေးများ ရှိနေသည်။ ရေထဲသို့ခုန်ချထွက်ပြေးရန်လည်း မဖြစ်နိုင်ပေ။

​"မင်းတို့ကို ဝိုင်းထားပြီးပြီ၊ လက်ကိုခေါင်းပေါ်တင်ပြီး ဒူးထောက်လိုက်စမ်း"

​အေးစက်စက်မျက်နှာထားဖြင့် ကောင်းချောင်မှာ သူတို့နှစ်ယောက်ဆီဖြည်းဖြည်းချင်း တိုးကပ်လာသည်။

လီတဝေ ရင်ပိုခုန်လာခဲ့သည်။ သူ လူသတ်သမားများကို အနီးကပ် လေ့လာကြည့်လိုက်၏။ တင်းတယုံရော ထိပ်ပြောင်လူကြီးတို့၏မျက်နှာထားများမှာ အလွန်တရာရက်စက်ကြမ်းကြုတ်နေပြီး မျက်လုံးများအားကျဉ်းမြောင်း၍ အေးစက်စက်ကြည့်နေကြသည်။

"လူသတ်သမားဆိုတာ ဒီလိုပုံစံလား၊ သူတို့အရှိန်အဝါက သာမန်လူနဲ့ တခြားစီပဲနော်"

လီတဝေ တွေးလိုက်မိသည်။ ဆန့်ကျင်ဘက်အနေဖြင့် ယန်ရှုမှာမူ အခြေအနေပိုကောင်းပေသည်။ သူသည် ဤကဲ့သို့လူသတ်သမားများကို မြင်ဖူးနေကျဖြစ်ပုံပင်။ ​တင်းတယုံနှင့် ထိပ်ပြောင်လူကြီးတို့ ဘယ်ညာကြည့်လိုက်ကြသည်။ ရှေ့ဆက်ပြေးစရာ လမ်းမရှိတော့သလို လူအုပ်ကလည်း ပိတ်ဆို့ထားသည်။ ထိပ်ပြောင်လူကြီး နောက်လှည့်ကြည့်လိုက်ရာ လူတစ်ယောက်တည်းရှိနေသည်ကို တွေ့လိုက်ရ၏။ ထို့ပြင် ထိုကောင်လေးမှာ အလွန်ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသည့် လူသစ်လေးပုံပေါက်နေသည်။

​"ရှေ့ဆက်သွားလို့ မရတော့ဘူး၊ နောက်ပြန်လှည့်ပြီး ဟိုကောင်စုတ်လေးကိုသတ်ပြီး ဖောက်ထွက်ကြမယ်"

​ထိပ်ပြောင်လူကြီးမှ ရက်စက်ဟန်ဖြင့်ပြောလိုက်ပြီး ဓားကိုကိုင်ကာချင်ရန်ဆီသို့ တည့်တည့်ပြေးဝင်လာတော့သည်။

တင်းတယုံလည်း အနောက်မှကပ်၍ လိုက်ပါလာ၏။ ​တစ်ဖက်တွင်ရှိသော ကောင်းချောင်နှင့်အဖွဲ့သားများ ဤမြင်ကွင်းအားမြင်လိုက်ရသော် မျက်နှာပျက်သွားကြသည်။ ရာဇဝတ်ကောင်နှစ်ယောက်သည် ချင်ရန်ရှိရာဘက်သို့ ပြန်လှည့်ပြေးကုန်ကြပြီပင်။ နှစ်ယောက်လုံးမှာ လူသတ်သမားများဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားကြခြင်းဖြစ်သည်။

​"မဖြစ်ဘူး ချင်ရန်အန္တရာယ်ရှိတယ်"

​ကောင်းချောင် အသံကုန်အော်ဟစ်လိုက်သည်။ လီတဝေနှင့် ယန်ရှုတို့ရင်ထဲ မီးဟပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ လီတဝေမှ။ ရာဇဝတ်ကောင်များဆီပြေးသွားရင်း အော်ပြောလိုက်သည်။

​"အစ်ကိုရန် ဖယ်ပြီးရေထဲခုန်ချလိုက်၊ ဒီကောင်တွေက ထွက်ပြေးချင်ရုံပဲ လမ်းမပိတ်ထားနဲ့"

​လီတဝေ ဉာဏ်ပြေးပေသည်။ ချင်ရန်ကို ရေထဲခုန်ချခိုင်းလိုက်ခြင်းဖြစ်၏။

ရှင်းရှင်းပြောရလျှင် ဤကောင်များသည် ပြေးချင်ရုံသက်သက်သာ ဖြစ်ပေသည်။ ချင်ရန်သာ ရေထဲခုန်ချလိုက်လျှင် ရေထဲထိလိုက်ထိုးနေမည် မဟုတ်ပေ။ ကောင်းချောင်လည်း အော်ဟစ်လိုက်သည်။

​"ချင်ရန် လမ်းဖယ်ပေးလိုက်"

​သို့သော် ဤအချိန်တွင် ချင်ရန်မှာလမ်းအလယ်တည့်တည့်၌ မားမားမတ်မတ် ရပ်နေ၏။ သူ့ဆီပြေးဝင်လာသည့် လူနှစ်ယောက်ကို ရင်ဆိုင်ရန်အသင့်ပြင်ထားသည်။ သူတို့နှစ်ယောက်လုံး ဓားများကိုင်ထားပြီး မျက်နှာထားများမှာ အလွန် ကြောက်မက်ဖွယ်ကောင်းနေပေသည်။ ဤလူနှစ်ယောက်သည် အလွန်တရာအန္တရာယ်များမှန်း ချင်ရန် အာရုံခံမိ၏။ သူတို့လက်များတွင် သွေးစွန်းနေပြီဖြစ်၍ နောက်ထပ်လူသတ်ရန်လည်း ဝန်လေးနေမည်မဟုတ်ပေ။ သို့သော် ဤအချိန်တွင် ချင်ရန် နောက်မဆုတ်ခဲ့ချေ။

​"ဒီအချိန်မှာ ငါနောက်ဆုတ်လိုက်ရင် ဒီယူနီဖောင်းကို ဝတ်ထားတာအလကား ဖြစ်သွားမှာပေါ့"

​သူ့မျက်လုံးများ စူးရှထက်မြက်လာ၏။ သူ့တွင်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသည်။ ဤရာဇဝတ်ကောင်နှစ်ယောက်လောက်ကို ရင်ဆိုင်ရသည်မှာ ပြဿနာမရှိနိုင်ပေ။

သူတို့နှစ်ယောက်လုံး ဓားကိုင်ထားလျှင်တောင်အဆင်ပြေ၏။

​"တင်း အိမ်ရှင်သည် တင်းတယုံနှင့်ကျောက်လုံတို့နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းရမည့် တာဝန်ကိုရရှိပါပြီ။

ဆုလာဘ် - ဆရာသခင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်"

​စနစ်အသံ ဆုံးသွားသည်နှင့် ချင်ရန် စိတ်လှုပ်ရှားသွား၏။ ဆရာသခင်အဆင့်တိုက်ခိုက်ရေးစွမ်းရည်ကို ဆုချမည်ဖြစ်သည်။ ဆရာသခင်အဆင့်သာရလိုက်လျှင် သူ့ခွန်အားနှင့်စွမ်းရည်များ နောက်တစ်ဆင့်သို့မြင့်တက်သွားတော့မည်ပင်။ ကြည့်ရသည်မှာ ဤတစ်ကြိမ်၌ စနစ်လည်း သူ့ကိုနောက်မဆုတ်စေချင်ဟုထင်မိသည်။

​"ဒီကောင်လေးက ဘာလို့နောက်မဆုတ်တာလဲကွ၊ ဒါစွမ်းရည်ပြရမယ့်အချိန် မဟုတ်ဘူးလေ"

​ကောင်းချောင်ပြေးလာရင်း ဆဲရေးလိုက်မိ၏။ သူ့မျက်မှောင်များပင်တွန့်ချိုးနေတော့သည်။ လက်နက်ကိုင်ဆောင်ထားသည့် လူသတ်သမားနှစ်ယောက်လေ အရမ်းအန္တရာယ်များလွန်းတယ်။ ကောင်းချောင်ကိုယ်တိုင်တောင်မှ ဓားကိုင်ဆောင်ထားသည့် လူသတ်သမားနှစ်ယောက်ကို လက်ဗလာဖြင့်ရင်မဆိုင်ရဲပေ။ လီတဝေနှင့် ယန်ရှုတို့လည်း စိုးရိမ်ပူပန်နေကြ၏။ ချင်ရန်မှာ သူတို့နှင့်အတူတူဝင်လာသည့် လူသစ်ဖြစ်ပြီး သူတို့ကြားတွင် သံယောဇဉ်ကြိုးလေး ရှိနေပြီဖြစ်သည်။ ချင်ရန် ထိခိုက်ဒဏ်ရာရမည်ကို ဘယ်သူမှမလိုလားကြပေ။ သို့သော် သူတို့ဖယ်ခိုင်းသည်ကို ချင်ရန်မှလက်မခံခဲ့ချေ။

​ထိုအချိန်တွင် တင်းတယုံနှင့် ကျောက်လုံတို့ ချင်ရန့်ရှေ့တည့်တည့်သို့ ရောက်လာကြ၏။ ကျောက်လုံ နောက်လှည့်ကြည့်လိုက်ရာ ဟိုလေးယောက်နှင့်အတော်လေး လှမ်းနေသေးသည်ကို တွေ့လိုက်ရသည်။ ဤအချိန်တိုလေးအတွင်း ဤကောင်စုတ်လေးကို အပြတ်ရှင်းရန် လုံလောက်ပေ၏။

​ကျောက်လုံမှာမူ တင်းတယုံနှင့်မတူပေ။ တင်းတယုံမှာ ဘာအရည်အချင်းမှမရှိသည့်ကောင်ဖြစ်သည်။ ကျောက်လုံကမူ နိုင်ငံခြားတွင် အလုပ်လုပ်ဖူးပြီး သူ့လက်ထဲရှိဓားဖြင့် လူအများအပြား၏ကျောက်ကပ်ကို ထုတ်ဖူးလေ၏။

ဓားရေးကျွမ်းကျင်ပြီး သူ့ခွန်အားကလည်း မသေးလှဟုပြောရမည်။

ကျောက်လုံမှာ ဓားမြှောင်ကိုပြောင်းပြန်ကိုင်ပြီး ဘယ်ညာဝှေ့ယမ်းကာ ချင်ရန့်နှလုံးတည့်တည့်သို့ ထိုးစိုက်ရန်ချိန်ရွယ်လိုက်သည်။ တင်းတယုံမှာမူ ဘေးမှနေ၍ ချင်ရန်ကိုဓားဖြင့် ရမ်းထိုးလိုက်လေ၏။ သူ့ပုံစံမှာဘာနည်းစနစ်မှမရှိကြောင်း သိသာနေသည်။ ​သူတို့နှစ်ယောက်အနားရောက်လာသည်နှင့် ချင်ရန် ချက်ချင်းအာရုံခံမိလိုက်၏။ သူတို့အသက်ရှူသံ၊ အရိုးအဆစ်လှုပ်ရှားသံနှင့် နှလုံးခုန်သံများကိုပါ ကြားနေရပေသည်။

ဤသည်ကား ၅မီတာပတ်လည်အတွင်းရှိ သက်ရှိများကို အာရုံခံနိုင်သော အခြေခံ ဇီဝအာရုံခံစွမ်းရည်၏ အစွမ်းပင်။ ​မလှမ်းမကမ်းရှိ ကောင်းချောင်၊ ချန်ရှင်းချန်၊ လီတဝေနှင့် အခြားသူများသည် တရားခံနှစ်ဦးမှ ချင်ရန်ကိုဓားဖြင့် ဝိုင်းထိုးနေသည်ကိုမြင်လိုက်ရသော် မျက်နှာများ ပျက်ယွင်းသွားကြကုန်၏။ အထူးသဖြင့် ကောင်းချောင်ပင်။ သူသည် ကျောက်လုံ၏ဓားကိုင်ပုံကိုကြည့်လိုက်သည်နှင့် ဤကောင်မှာ သာမန်မဟုတ်ဘဲဓားရေးကျွမ်းကျင်သူမှန်း တန်းသိလိုက်တော့သည်။

All Chapters