← Chapters

အခန်း (၅၄၁-၅၄၅)

Vol. 37 Ch. 541-545

အခန်း (၅၄၁-၅၄၅)

Vol. 37 Ch. 541-545

အခန်း (၅၄၁) မိုးပြာနဂါး ကမ္ဘာမြေဖြိုခွဲခြင်း။

"ဘုန်း….!"

ချန်ထန်းလောင်သည် သူ၏လှံကို ဝှေ့ယမ်းလိုက်ပြီးနောက် လေစုပ်ဝဲတစ်ခုကဲ့သို့ ဖြစ်ပေါ်လာကာ သူ၏ ပတ်ဝန်းကျင်တွင် ရှိနေသော အပျက်အစီးအပိုင်းအစများသည် ဧရာမနဂါးကြီးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ ခုန်တက် သွားလေသည်။

"ဘုန်း…..!"

ချင်ယွင်က လှောင်ပြောင်ဟန်ဖြင့် လက်သီးတစ်ချက် ထိုးလိုက်သည်နှင့် ဧရာမ ကျောက်နဂါးကြီးကို တိုက်ရိုက် ထိုးဖောက်သွားကာ နဂါးကြီးသည် ချက်ခြင်း ကြေမွသွားလေသည်။

ဝှီး….!

သို့သော် ချင်ယွင်သည် ဧရာမနဂါးကြီးကို အစိပ်စိပ်မွှာမွှာ ဖြိုခွင်းလိုက်စဉ်မှာပင် အစိမ်းရောင်လှံတစ်ချောင်းက အစိမ်းရောင်မြွေတစ်ကောင်ကဲ့သို့ သူ၏လည်ပင်းဆီသို့ ထိုးဖောက်လာခဲ့သည်။ ထိုလှံမှ ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့ ထွက်ပေါ်လာသည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားကာ သူသည် လေထဲသို့ နောက်ပြန်လှန်ရှောင်လိုက်ရင်း အစိမ်းရောင်လှံထိပ်ဖျားကို ကန်ထုတ်လိုက်သည်။

သို့သော် ချန်ထန်းလောင်သည် လှံသိုင်းပညာရပ်တွင် ကျွမ်းကျင်ပါရမီရှင်တစ်ဦးအဖြစ် ချီးကျူးခံရထိုက်သည်။ သူသည် ချင်ယွင်၏ ခါးကို အပြင်းအထန် ရိုက်နှက်ရန်အတွက် သူ၏ လှံကိုအသုံးပြုပြီး အခွင့်ရေးယူနိုင်ခဲ့သည်။

ချင်ယွင်၏ တစ်ကိုယ်လုံးသည် ချက်ချင်း နောက်ပြန်ဆုတ်သွားကာ သူ၏ပါးစပ်မှ လတ်ဆတ်သော သွေးများ စီးကျလာသည်။

ချန်ထန်းလောင်သည် မူလကကတည်းက ရုပ်ခန္ဓာကိုယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ့လှံသိုင်းပညာ၏ စွမ်းအားကိုပါ ဖြည့်သွင်းလိုက်ခြင်း ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ တုတ်တစ်ချောင်းကဲ့သို့ ကျရောက်သွားပြီး သူ၏တစ်ကိုယ်လုံးသည် ကြေကွဲလုမတတ် ခံစားလိုက်ရသည်။

"ဘုန်း…!"

ချင်ယွင်၏ ခြေဖနောင့်များသည် မြေပြင်ပေါ်တွင် ရှည်လျားသော စွပ်ကြောင်းခြေရာ နှစ်ခုကို ဆွဲကျန်ရစ်စေခဲ့သည်။ သူသည် အကွာအဝေးမှာရှိနေသည့် ကျောက်ပြားကြီး တစ်ခုနှင့် ဝင်တိုက်မိသည့်အချိန်ရောက်မှသာ သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသော ခွန်အားတွေကို ဖယ်ရှားပစ်လိုက်နိုင်သည်။

ချင်ယွင်သည် ခိုင်မြဲစွာ မတ်တပ်ရပ်လိုက်သည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ သုံးမီတာအမြင့်ရှိသော ကျောက်ပြားကြီးသည် ပြိုကွဲသွားသည်။ သူ၏ပါးစပ်မှ သွေးများ စီးကျလာပြန်သည်။

ချင်ယွင်သည် သွေးအနှစ်သာရလောင်ကျွမ်းခြင်းနည်းပညာရပ်ကို အသုံးပြုထားသည့် တိုင် ချန်ထန်းလောင်က သူ့ကို လှံတစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဘုန်း…..!

သို့သော် ဤအရာအားလုံးသည် မပြီးဆုံးသေးပါ။ ဧရာမနဂါးကြီးတစ်ကောင်ကဲ့သို့ အစိမ်းရောင်အလင်းတန်းတစ်ခုက ချင်ယွင်ဆီသို့ ပစ်ဝင်လာသည်။ စူးရှသောလှံထိပ် ဖျားသည် ထက်ရှသည့် အေးစက်စက် အလင်းရောင်ဖြင့် ဝင်းလက် တောက်ပနေသည်။

"ဟမ့်၊ ငါ့ကိုသတ်ဖို့က ဒီလောက်လွယ်မှာ မဟုတ်ဘူး။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

"အကြွင်းမဲ့ လေဓားသတ်ဖြတ်ခြင်း…!"

ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် မိုးပြာရောင်ဓားအလင်းက ဓားတစ်ချောင်းလုံးကို လွှမ်းခြုံသွားသည်။

"ဘုန်း…..!"

လှံအလင်းနှင့် ဓားအလင်းတို့သည် အပြင်းအထန် ထိပ်တိုက်ဆုံမိပြီး ပေါက်ကွဲ သွားသည်။

ချန်ထန်းလောင်၏ ခန္ဓာကိုယ်သည် နောက်ပြန်ဆုတ်သွားကာ ခပ်လှမ်းလှမ်းထိ လွင့်မျောပါသွားသည်။

ချင်ယွင်သည် သူ၏လက်ထဲတွင် ဓားကိုကိုင်ကာ ရပ်နေပြီး သူ၏ဓားဆန္ဒက တဟုန်ထိုး ပျံ့နှံ့နေကာ လေပြေလေညင်းများက သူ၏ပတ်ဝန်းကျင်တွင် တဝဲလည်လည် ဖြစ်ပေါ်နေလေသည်။

"ဟမ့်၊ မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ!"

ချန်ထန်းလောင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ဝိညာဉ်စွမ်းအားကို သူ၏ လက်ထဲရှိလှံထဲသို့ တဟုန်ထိုး သွန်းလောင်းလိုက်သည်။ ဤအခိုက်အတန့်တွင် အစိမ်းရောင်လှံမှ နှလုံးခုန်ရင်တုန်စေလောက်သည့် စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်လာလေသည်။

"ဒါက မိုးပြာနဂါးကမ္ဘာမြေဖြိုခွဲခြင်းများ ဖြစ်နေမလား။" ချန်ကလန်မှ လူငယ် တစ်ယောက်သည် ချန်ထန်းလောင်၏ လက်ထဲတွင် ဖြစ်ပေါ်နေသော လှံလှိုင်းလုံး များကို မြင်လိုက်ရပြီးနောက် သူ၏မျက်နှာတွင် အလွန်အံ့အားသင့်သွားသည့် အမူအရာ တစ်ခု ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

'"မှန်တယ်၊ ဒါက မိုးပြာနဂါးကမ္ဘာမြေဖြိုခွဲခြင်းပဲ။ ဒီသိုင်းကွက်က သခင်လေးချန်ရဲ့ ထင်ရှားကျော်ကြားဆုံး သိုင်းကွက်တစ်ခုပဲ။ သူ အမှန်တရာသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေတုန်းက သူဟာ ဒီသိုင်းကွက်ကို အသုံးပြုပြီး အစောပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ကို သတ်ဖြတ်ခဲ့တယ်လို့ ပြောကြတယ်။ သူ ဒီသိုင်းကွက်ကို ချက်ချင်း အသုံးချမယ်လို့ ငါတောင် မျှော်လင့်မထားဘူး။” ချန်ထန်းလောင်နှင့် ရင်းနှီးသော ချန်ကလန်မှ တပည့် တစ်ဦးက ချက်ချင်း ရှင်းပြသည်။

လူတိုင်းသည် အထိတ်တလန့် အော်ဟစ်ကြသည်။ ချန်ထန်းလောင်သည် သတ်ဖြတ်လို သည့်ဆန္ဒဖြင့် ထိုသိုင်းကွက်ကို အမှန်တကယ် လှုပ်ရှားလိုက်ပုံရသည်။ ထိုသို့ မဟုတ်ပါက သူသည် မိုးပြာနဂါးကမ္ဘာမြေဖြိုခွဲခြင်းလှံသိုင်းကို တိုက်ရိုက် အသုံးပြုခဲ့ မည် မဟုတ်ပေ။

ဘန်း….။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးအားလုံးသည် ဤကြီးကျယ်ခမ်းနားသော အငွေ့အသက် ကြောင့် သက်ရောက်မှုရှိခဲ့ပါသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် တဖြည်းဖြည်း မှိန်ဖျော့လာသည်။ တိမ်မည်းတွေ တရွေ့ရွေ့နှင့် လှုပ်ရှားလာကာ မိုးခြိမ်းသံတွေက တိမ်စိုင်တိမ်မည်းတွေအတွင်းမှ အဆက်မပြတ် ထွက်ပေါ်လာနေသည်။

ထိုအရာသည် လှဆန္ဒဖြစ်ပါသည်။ မှန်ပါသည်။ ချန်ထန်းလောင်၏လှံသည် ကြောက်စရာကောင်းသည့် လှံဆန္ဒတစ်ခု ပါဝင်နေသည်။

"ရှီရှောက်ယန်းက အန္တရာယ်ရှိနိုင်မလား။" လျှိုလင်းသည်လည်း ချန်ထန်းလောင် အသုံးပြုတော့မည့် ထိုလှံချက်သည် မည်မျှ ကြောက်စရာကောင်းကြောင်း ခံစားမိသည်။ သူမသည် အမြန်လှည့်ကာ သူမဘေးနားမှာရှိနေသည့် ဟောင်ခွန်ကို မေးလိုက်မိသည်။

ဟောင်ခွန်က ပြုံးရုံပြုံးနေပြီး ဘာမှ ပြန်မပြောပေ။ သူသည် လျှိုလင်းကို ဆက်ပြီး ကြည့်နေရန် အချက်ပြလိုက်သည်။

ချင်ယွင်၏ မျက်နှာသည် အံ့သြသွားသည့် အရိပ်အယောင် ပေါ်လာပါသည်။ ဤ ချန်ထန်းလောင်သည် အမှန်ပင် လှံသိုင်းပညာရပ်မှာ အောင်မြင်မှုများစွာ ရရှိထားသည်။ ယခုအချိန်တွင် ချန်ထန်းလောင်၏လှံတွင်ပါဝင်နေသော လှံဆန္ဒသည် ပြီးပြည့် စုံလုနီးပါး ဖြစ်နေပါသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမူအပြင်၊ ဤလှံချက်သည် အလယ်အလတ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူကိုပင် ခြိမ်းခြောက်ရန် လုံလောက်ပါသည်။

"မင်း ငါ့ရဲ့တိုက်ခိုက်မှုအောက်မှာ သေရတာလို့ ဂုဏ်ယူလို့ရသွားပြီ။ ကောင်စုတ်လေး၊ အရာအားလုံး ပြီးသွားပါပြီ။" ချန်ထန်းလောင်သည် သူ၏လက်ထဲတွင် လှံကို ကိုင်ဆောင်ထားသည်။ ထိုလှံမှ ကြောက်မက်ဖွယ်ကောင်းသော နဂါးဟိန်းဟောက်သံ ကို ထုတ်လွှတ်လိုက်စဉ်မှာ မိုးပြာရောင်လှံသည် အဆက်မပြတ် တုန်လှုပ်သွားသည်။ အဆုံးမရှိသော အငွေ့အသက်ကလည်း တဖြည်းဖြည်း ပျံ့နှံ့လာသည်။

"မိုးပြာနဂါးကမ္ဘာမြေဖြိုခွဲခြင်း။"

ချန်ထန်းလောင်၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီးနောက် သူသည် လေထုထဲသို့ သက်ဆင်းလိုက်သည်။ လှံတစ်ချောင်းက ဖောက်ထွက်သွားခဲ့ပြီး ယင်းကြောင့် ကမ္ဘာကြီးက ရုတ်တရက် အရောင်ပြောင်းသွားခဲ့သည်။ ကြီးမားသော မိုးပြားနဂါးပုံသဏ္ဍာန်ကြီးသည် လှံထိပ်ဖျားမှ ချက်ခြင်းထွက်ပေါ်လာပြီး ချင်ယွင်ကို တရစပ်တိုက်ခိုက်ရင်း ဟိန်းဟောက်နေသည်။

ချင်ယွင်၏ခြေရင်းအောက်ရှိ မြေပြင်သည် ရူးသွပ်စွာဖြင့် နစ်မြုပ်သွားလေသည်။ ကြမ်းခင်းအဆောက်အဦများသည် တစ်လုံးပြီးတစ်လုံး ပြိုကျနေသည်။ ကြီးကျယ် ခမ်းနားသော အငွေ့အသက်သည် ချင်ယွင်ကို ကြီးမားသော တောင်ကြီးတစ်ခုကဲ့သို့ ပြင်းထန်စွာ ဖိနှိပ်ထားသည်။ မိုးပြာရောင်အလင်းတန်းက ပိုလို့တောင် စူးရှ လင်းလက် နေခဲ့သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ၊ ဒါက မိုးပြာနဂါး ကမ္ဘာမြေ ဖြိုခွဲခြင်းလား.."

ချန်ကလန်၏ တပည့်များသည် မိုးပြားနဂါးပုံသဏ္ဍာန်ကြီးသည် ကောင်းကင်ယံမှ ကျဆင်းလာသည်ကို ကြည့်ရင်း အားလုံး တုန်လှုပ်သွားကြသည်။ သူတို့ နှလုံးသားတွေ ပင် နစ်ဝင်သွားကြ၏။

ထိုအခိုက်တန့်တွင် သူတို့သည် ထိုတိုက်ခိုက်မှု၏ အလယ်ဗဟိုမှာ မရှိသေးပါဘူး။ သို့သော်လည်း ဤလှံမှ ဖြစ်ပေါ်လာသော ပြင်းထန်သောဖိအားကို သူတို့သည် ခံစားနေကြရဆဲ ဖြစ်ပါသည်။ အကယ်၍ ဤလှံသာ ဆက်လက်ကျဆင်းသွားပါက ချန်ကလန်၏ စတုရန်းမီတာ ၃၀၀၀ ကျယ်ဝန်းအထိ ပြိုကျပျက်စီးသွားလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။

"ဟမ့်၊ မင်းက ငါ့ကို အခုလိုပုံစံမျိုးနဲ့ သတ်နိုင်မယ်လို့ မင်း တကယ်ထင်နေတာလား"

ချင်ယွင်သည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ကောင်းကင်မှ ကျဆင်းလာသော မိုးပြားနဂါးပုံသဏ္ဍာန်ကြီးကို ကြည့်လိုက်သည်။ အေးစက်သော အပြုံးတစ်ခုက သူ၏ ပါးစပ်ထောင့်စွန်းမှ ထွက်ပေါ်လာပြီးနောက် ပြင်းထန်သောလေထုသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်မှ ရုတ်တရက် မြင့်တက်လာခဲ့သည်။

ချင်ယွင်၏ခြေဖဝါးအောက်ရှိ ကြမ်းပြင်သည် ဤကြောက်မက်ဖွယ်ကောင်းသော ဟာရီကိန်းမုန်တိုင်းကြောင့် တိုက်ရိုက်ကွဲအက်သွားပြီး လေထုသည် ဖြတ်တောက် ဖွင့်လှစ်လိုက်ဟန်ဖြင့် အသံဗလံများ ထွက်နေပုံရသည်။

"မုန်တိုင်းခုတ်ပိုင်းခြင်း…."

ချင်ယွင်က အေးစက်စက်အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်က ချက်ချင်း မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ သူသည် ဓားတစ်ချက်ကို ထုတ်ဖော်လိုက်ပြီး နောက် ကြောက်မက်ဖွယ်ကောင်းသော မိုးပြာနဂါးပုံသဏ္ဍာန်ကြီးနှင့် အပြင်းအထန် တိုက်မိသွားခဲ့သည်။

"ဘုန်း....!"

ကောင်းကင်နှင့်မြေကြီးသည် ချက်ချင်းဆိုသလို ကွဲအက်သွားကာ ဝိညာဉ်စွမ်းအင်၏ အလွန်ကြီးမားသော ရောင်ခြည်စက်ဝန်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

အိုး!

ချင်ယွင်၏ရုပ်အသွင်သည် ချက်ချင်းပင် ပြုတ်ကျလာပြီး ကျယ်လောင်သော ပစ်ကျသံနှင့်အတူ မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့ပြီး ကြီးမားသော တွင်းနက်ကြီး တစ်ခုကို တိုက်ရိုက် ဖန်တီးဖြစ်ပေါ်စေသည်။ ဖုန်မှုန့်အမှုန်အမွှားတွေက ချက်ချင်းပင် ကောင်းကင်ယံမှာ ပြည့်နှက်နေသည်။

"သေသွားပြီလား...?" ချန်ကလန်မှ တပည့်များသည် ဧရာမတွင်းနက်ကြီးဆီကို တစ်ယောက်ပြီးတစ်ယောက် ကြည့်နေကြသည်။ မိုးပြာနဂါးကမ္ဘာမြေဖြိုခွဲခြင်းလှံချက် ကို ခံယူပြီးနောက် ချင်ယွင်သည် အသက်ရှင်လျှက် ရပ်တည်နိုင်မည်ဟု သူတို့ မယုံကြည်ခဲ့ကြပေ။

အဝေးတွင်၊ လျှိုလင်း၏ မျက်နှာသည် ထိတ်လန့်သော အမူအရာ ပေါ်လာသည်။ ချင်ယွင် လဲကျသွားသော နေရာကို သူမ၏မျက်လုံးအစုံက စိုက်ကြည့်နေရင်း သူမ၏ လှပသော မျက်နှာပေါ်တွင် စိုးရိမ်မှု အရိပ်အယောင်များ ပေါ်လာသည်။

"ဟမ့်၊ ဒီလှံချက်ကနေ ရှင်သန်လွတ်မြောက်ဖို့ဆိုတာ မင်းအတွက် မဖြစ်နိုင်တော့ဘူး။" ချန်ထန်းလောင်သည် လေထဲတွင် လွင့်နေ၏။ ဖုန်မှုန့်တွေနှင့် ပြည့်နက်နေသော တွင်းနက်ကြီးကို လှမ်းကြည့်လိုက်ရင်း သူ၏ပါးစပ်ထောင့်က မထီမဲ့မြင်ပြုသည့် လှောင်ပြောင်မှုတစ်ခုလို ဖြစ်ပေါ်သွားသည်။

အဝေးတနေရာမှာ ရှိနေသော ချန်ရှီထန်သည် နောက်ဆုံးတွင် အပြုံးတစ်ချက် ပေါ်လာသည်။ သူစကားပြောခါနီးတွင် ဧရာမတွင်းနက်ကြီးမှ ချောင်းဆိုးသံက ထွက်ပေါ်လာသည်။

"အဟွတ်...။ အဟွတ်...။ ဒီလှံချက်က ငါထင်ထားတာထက် ပိုအားကောင်းနေမယ်လို့ မမျှော်လင့်ထားမိဘူး။ ငါ အတွက်မှားသွားတယ်၊ ငါတွက်ချက်တာ မှားသွားတယ်။"

ဖှုန်မှုန့်အမှုန်အမွှားတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ။ ချင်ယွင်၏ ရုပ်အသွင်အပြင်သည် လူတိုင်း၏အမြင်တွင် တဖန်ပြန်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် အခြေခံအားဖြင့် စုတ်ပြတ်သတ်သွားပြီး သူ၏ ကြွက်သားများကိုပင် ပေါ်လွင်ထင်ရှားစေသည်။ သူ၏မျက်နှာက ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေ၏။ သူ၏ပါးစပ်ထောင့်စွန်းမှာ သွေးတွေ စီးကျနေသည်။ သူ၏ပုံစံအရ အလွန်စိတ်မချမ်းမချမ်းသာဖြစ်သည့်ပုံ ပေါ်က်နေသော်လည်း သူ၏ပါးစပ်ထောင့်မှာ အပြုံးတစ်ခု ရှိနေဆဲဖြစ်သည်။

"သူ တကယ် မသေသေးဘူးလား!"

ချန်ကလန်တပည့်များ၏ မျက်နှာများသည် ထိတ်လန့်တုန်လှုပ်သွားကြ၏။ တစ်စုံ တစ်ယောက်သည် ချန်ထန်းလောင်၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိခဲ့သည့်အပြင် သေဆုံးသွားခြင်းလည်းမရှိဟု သူတို့ မျှော်လင့်မထားကြပေ။

ချင်ယွင် မသေသေးသည်ကို မြင်လိုက်ရလျှင် လျှိုလင်းသည် သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း အလွန် စိတ်ပျက်လက်ပျက်ဖြစ်သည့် အပြုံးမျိုး ဖြစ်နေသည်။

ချန်ထန်းလောင်၏အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွား၏။ သူ၏ရှေ့မှ ဤကောင်သည် အနိုင်ယူလို့မရသည့် ပိုးဟပ်တစ်ကောင်လို ဖြစ်နေ၏။ အနည်းငယ် ရှက်ရွံ့စရာကောင်းသည့် အခြေအနေမျိုးမှလွဲ၍ ဒဏ်ရာအပြင်းအထန် ရသွားသည့်ပုံ မပေါ်ပေ။

"ငါက ဘယ်လိုလုပ် လွယ်လွယ်နဲ့သေရမှာလဲ။ ငါ့မိန်းမနဲ့တွေ့ရဖို့ စောင့်နေတုန်းလေ" ချင်ယွင်က ပြုံးပြီး ချန်ထန်းလောင်ကို ကြည့်လိုက်သည်။

"မင်း" ချန်ထန်းလောင်သည် နောက်တစ်ကြိမ် ဒေါသထွက်သွားသည်။ ဤစကားက သူ၏နားထဲမှာ ချင်ယွင် ယခင်ကပြောခဲ့သည့် "ချန်မင်ရှီက ငါ့မိန်းမ ဖြစ်နေပြီ။"ဟူသော စကားတွေကို ပြန်အမှတ်ရစေသည်။ ထိုစကားကြောင့် သူ၏မျက်လုံးများသည် ချက်ချင်းပင် ကြက်သွေးရောင်ပြောင်းသွား၏။

"ငါ မင်းကို အပိုင်းပိုင်း ခွဲစိပ်ပစ်မယ်!" ချန်ထန်းလောင်က ရူးသွပ်စွာ အော်ဟစ်လိုက်၏။

အခန်း (၅၄၂) စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်။

"ငါ မင်းကို အပိုင်းပိုင်း ခွဲပစ်လိုက်မယ်!"

ချန်ထန်းလောင်က အရူးအမူး အော်ဟစ်လိုက်သည်။ သူ၏လက်ထဲမှ မိုးပြာနဂါးလှံက တုန်ခါသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာသော ဥက္ကာပျံတစ်ခုကဲ့သို့ ချင်ယွင်ဆီကို တဟုန်ထိုး ပစ်ဝင်လာသည်။

ချင်ယွင်သည် ရူးသွပ်လုနီးပါးဖြစ်နေသော ချန်ထန်းလောင်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် သူ့ကိုယ်သူ ကာကွယ်ရန် အတွက် မည်သည့်လှုပ်ရှားမူမှ မလုပ်ခဲ့ပါဘူး။ ယင်းအစား သူက အော်ပြောလိုက်သည် "ဟောင်ခွန်၊ မင်းအလှည့်ရောက်ပြီ!"

အားလုံးက တုန်လှုပ်သွားကြပြီး ချင်ယွင်၏လုပ်ရပ်ကို နားမလည်နိုင်တော့ပေ။

"မင်းက သေချင်နေတာပဲ!"

ချန်ထန်းလောင်၏ မျက်လုံးများသည် လုံးဝနီရဲနေပြီး သူ၏လက်ထဲတွင်ရှိနေသော မိုးပြာနဂါးလှံသည် ချင်ယွင်၏မျက်နှာဆီသို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား များဖြင့် ထိုးဖောက် ဝင်ရောက်လာသည်။

ချင်ယွင်သည် ပြဇာတ်ပွဲကြည့်နေသလိုမျိုး ငြိမ်သက်စွာ ရပ်နေဆဲဖြစ်ပြီး သူ့ဆီသို့ ပြေးလာသောလှံကို လျစ်လျူရှုထားသည်။

ဝှီး…!

သို့သော် ချန်ထန်းလောင်၏လှံသည် ချင်ယွင်၏နဖူးနှင့် သုံးလက်မခန့်အကွာတွင် ပုံရိပ်တစ်ခုက ချင်ယွင်၏အနားတွင် ထူးထူးခြားခြား ပျံဝဲလာခဲ့ပြီး ကြောက်စရာ ကောင်းသော စွမ်းအားများပါရှိသော ချန်ထန်းလောင်၏လှံကို ဖမ်းယူရန်အတွက် သူ၏ လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်လေသည်။

“ဒါ…”

ဤရုတ်တရက် မြင်ကွင်းက လူတိုင်း၏အမူအရာတွေကို ပြောင်းလဲသွားစေခဲ့သည်။

အထူးသဖြင့် ချန်ရှီထန်နှင့် ဆံပင်ဖြူဖြူ မုတ်ဆိတ်ဖြူဖြူ အဘိုးကြီးတို့ ဖြစ်သည်။ ဆံပင်ဖြူနှင့်အမျိုးသား လှုပ်ရှားလာသည်ကို မြင်လိုက်ရသည်နှင့် သူတို့မျက်နှာတွေက ထိတ်လန့်သွားကြသည်။ ဤအခိုက်အတန့်တွင် ချန်ထန်းလောင်၏လှံကို ဖမ်းဆုပ်ရန် ရှေ့ထွက်လာသော သူ့အား လှမ်း၍မြင်လိုက်ကြပြီး သူတို့၏မျက်နှာများသည် ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ထန်းလောင်၊ မြန်မြန်ပြန်ဆုတ်!"

ချန်ထန်းလောင်သည်လည်း ဆံပင်ဖြူနှင့်အမျိုးသား၏ ရုတ်တရက် ထွက်ပေါ်လာမူ ကြောင့် ထိတ်လန့်သွား၏။ သူ၏နောက်ကွယ်မှ မွေးစားဖေ၏ အော်ဟစ်သံကို ရုတ်တရက် သူကြားလိုက်ရချိန်မှာ သူ၏စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် သူသည် တစ်ခုခုမှားယွင်းနေသည်ကို သိလိုက်ရပါသည်။

သို့သော်လည်း ထိုအချိန်တွင် ချန်ထန်းလောင်သည် ဆံပင်ဖြူနှင့်အမျိုးသား၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို တွေ့လိုက်ရ၏။ ထို့နောက်တွင်၊ ဆံပင်ဖြူနှင့် အမျိုးသားသည် ချန်ထန်းလောင်၏လှံကို လက်ညှိုးဖြင့် ပွတ်သပ်လိုက်သည်။

ချွင်…!

လှံသည် ချက်ချင်းပင် ခေါင်းလောင်းနှင့်တူသော အသံကို ထုတ်လွှတ်၏။ ထို့နောက် တွင်၊ ကြီးမားကျယ်ပြန့်သော ကြယ်မြစ်ကြီးတစ်စင်းကဲ့သို့ ကြောက်မက်ဖွယ် ကောင်း သော ဓားဆန္ဒသည် လှံမှ ချက်ချင်းထုတ်လွှတ်ကာ ချန်ထန်းလောင်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ကူးစက်သွားသည်။ (ဤမြင်ကွင်းသည် ဟောင်ခွန်က သူ၏ဓားဆန္ဒကို လှံမှတဆင့် ထုတ်ဖော်ခြင်းကို ပြသထားဟန်တူပါသည်)။

ဓားဆန္ဒသည် ကောင်းကင်ဘုံကိုးခု၌ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသွား၏။

ချန်ထန်းလောင်၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် နောက်သို့ လွင့်ပျံသန်း သွားစဉ် ချက်ချင်းပင် အစိပ်စိပ်မွှာမွှာ ကွဲအက်သွားသည်။ သူ၏ဒွါရခုနစ်ပေါက်မှ သွေးများ စီးကျလာပြီး ချန်ရှီထန်၏ ရှေ့တွင် ပြိုလဲကျသွားသည်။

ရင်ပြင်တစ်ခုလုံးသည် သေဆုံးသွားသည့်အလား တိတ်ဆိတ်သွားကြ၏။

အစောပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ကို လက်ချောင်းလေး တစ်ချောင်းဖြင့် ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။ ဤဆံပင်ဖြူနှင့် အမျိုးသားသည် မည်သည့်နယ်ပယ်သို့ ရောက်ရှိနေပြီနည်း။

"ထန်းလောင်…"

ချန်ရှီထန်သည် ချန်ထန်းလောင်ကို ချက်ချင်း ပွေ့ဖက်လိုက်ပြီး ချန်ထန်းလောင်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ သူ သတိလစ်ပြီး မေ့မြောသွားရုံဖြစ်သည်ကို သိလိုက်ရလျှင် သူသည် သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချပြီး ဟောင်ခွန်ကို စိုက်ကြည့်လိုက်သည်။

"ဒီကျွမ်းကျင်ပညာရှင်က ဘယ်သူလဲဆိုတာ ကျွန်တော် မေးမြန်းခွင့် ရှိမလား" ချန်ရှီထန်က ဟောင်ခွန်ကို ပြောလိုက်သည်။ ဟောင်ခွန်သည် မည်သည့် အငွေ့အသက်မှ ထုတ်ဖော်ထားခြင်းမရှိသော်လည်း ချန်ရှီထန်ကိုပေးနေသော ဖိအားက အနှိုင်းမဲ့ ကြီးမားလွန်းလှသည်။

သူသည် ချန်ထန်းလောင်ကို လက်တစ်ချောင်းတည်းဖြင့် အပြင်းအထန် ဒဏ်ရာရ အောင် လုပ်နိုင်ခဲ့သော်ငြားလည်း သူ၏ရှေ့မှာရှိနေသော ဤဆံပင်ဖြူနှင့် အမျိုးသား ကဲ့သို့ ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

"အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ၊ သေချာပေါက် အထွက်အထိပ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ ဖြစ်ရမယ်။" ချန်ရှီထန်သည် သူ၏နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု တိုးဝင်လာသလို ခံစားလိုက်ရသည်။

ဟောင်ခွန်က မည်သည့်စကားမှ ပြန်မပြောပေ။ သူသည် တိတ်တဆိတ် နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်သွားပြီးနောက် ချင်ယွင်၏ခန္ဓာကိုယ်နောက်သို့ ဆုတ်သွား၏။

ဤလုပ်ဆောင်ချက်သည် ရိုးရှင်းပုံပေါက်သော်လည်း ချန်ရှီထန်သည် အနည်းငယ် ထိတ်လန့်သွားသည်။

ဤအခိုက်အတန့်တွင် ဤလူငယ်သည် သူ၏ချန်ကလန်သို့ အကူအညီတောင်းရန် အဘယ်ကြောင့် ဝံ့ကြွားစွာ လာဝံ့သနည်းဟူသော အမေးကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့၏။ အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် ကျွမ်းကျင်သူတစ်ဦးက သူ့ကို ကာကွယ်ပေးထားသဖြင့် သူ၏ချန်ကလန်သို့ အကူအညီတောင်းရန် လာသည်ကို မပြောနှင့်၊ သူ၏ ချန်ကလန်တစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဟု ဆိုလျှင်ပင် ယင်းစကားသည် ချဲ့ကားခြင်း မဟုတ်တော့ပေ။

"သခင်လေးချီ၊ ငါ့ချန်ကလန်က မင်းကို ဘယ်လို စော်ကားမိလို့လဲ ငါ သိချင်မိတယ်။ မင်းက ငါတို့ချန်ကလန်ကို ဘာလို့ ဒီလိုမျိုး ဆက်ဆံရတာလဲ။" ချန်ရှီထန်က ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။ သို့သော်၊ အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူး ပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် ချီကလန်တွင် မည်သည့်အချိန်က ထွက်ပေါ်လာသနည်းဆိုသည်ကို သူ၏စိတ်ထဲတွင် အမြဲတွေးတောနေမိသည်။ ထို့အပြင် ဤအမျိုးသားကို ယခင်က သူ မမြင်ဖူးပေ။

"ဒီနေ့ ကျုပ်မိန်းမကိုရှာဖို့အတွက် ဒီကိုကျုပ်လာတာလို့ ကျုပ်ပြောခဲ့ပါတယ်" ချင်ယွင် က မောက်မာသည့်အမူအရာဖြင့် ပြောလိုက်သည်။

သို့သော်၊ ဟောင်ခွန်၏ မျှော်စင်ကြီးနှင့်တူသော ရုပ်အသွင်အပြင်က ချင်ယွင်၏ နောက်တွင် တိတ်တဆိတ် ရပ်နေပြီး လူတိုင်းအပေါ် အကန့်အသတ်မရှိ ဖိအားများ ပေးနေသောကြောင့် ယခုအချိန်တွင် ချင်ယွင်အား မည်သူမျှ လှောင်ပြောင်ရန် မဝံ့ရဲကြပေ။

"သခင်လေးချီ၊ မင်းအနေနဲ့ ကြုံသလို စားလို့ရပါတယ်။ အခုလို အဓိပ္ပာယ်မရှိတဲ့ စကားမျိုးကိုတော့ မပြောပါနဲ့။ ငါ့ရဲ့မင်ရှီလေးက ရှောင်ယန်ဂိုဏ်းရဲ့ဂိုဏ်းသခင်လေးနဲ့ ငါးရက်အတွင်း လက်ထပ်တော့မှာလေ။ သူက မင်းရဲ့မိန်းမ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ချန်ရှီထန်က အပြုံးအတုနှင့် ပြောလိုက်သည်။

သို့သော် ချင်ယွင်သည် ချန်ရှီထန်၏စကားကို ကြားသောအခါ၊ သူက ပြုံးပြီး ပြောလိုက်သည် "အင်း၊ ဒါဆိုလည်း ခင်ဗျားသမီးကို ခင်ဗျားကိုယ်တိုင် ပြန်မေးကြည့်ပါ"

"အယ်?" ချန်ရှီထန်သည် တခဏတာ အံ့သြသွားပြီးနောက် ချင်ယွင်က ဘာကို ဆိုလိုမှန်း သူ နားမလည်လိုက်ပေ။

သို့သော်လည်း နောက်ထပ်မြင်လိုက်ရသည့် မြင်ကွင်းက သူ၏မျက်နှာအမူအရာကို လုံးဝ ထိတ်လန့်သွားသည် ။

လေဟာနယ်အက်ကြောင်းတစ်ခု ပေါ်လာပြီး လေဟာနယ်ထဲမှ ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။

ချန်ရှီထန်သည် ထိုပုံရိပ်သုံးခုကို မြင်သောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ် ခြောက်ခြားသွားလေသည်။

"အဖေ၊ သမီး ဟိုးအရင် ထျန်းယွန်တိုက်ကြီးကိုအလည်သွားစဉ်တုန်းက သမီးက ချင်... အိုး.. မဟုတ်ဘူး…ချီရှောက်ယန်းရဲ့ မိန်းမဖြစ်နေပြီးပြီ" ချန်မင်ရှီသည် လေဟာနယ် အက်ကြောင်းထဲမှ ထွက်လာသည်နှင့် ချန်ရှီထန်အား ပြောလိုက်သည်။

ထိုစကားများပြောပြီးသည်နှင့် ချန်ရှီထန်သာမဟုတ်၊ ရောက်ရှိနေကြသည့် လူတိုင်းသည် လျှပ်စီးကိုးစင်း ထိမှန်သွားသည့်အလား ထိုနေရာပင် ရပ်တန့်နေကြကာ မှိန်းမောတွေဝေနေကြ၏။

သတိလစ်မေ့မြောရာမှ နိုးထလာသော ချန်ထန်းလောင်သည် ချန်မင်ရှီ၏ ပါးစပ်မှ ထိုစကားကိုကြားပြီးနောက် ဒေါသအကြီးအကျယ် ထွက်သွားလေသည်။ သူသည် ပါးစပ်အပြည့် သွေးတပွက် အန်ထုတ်ပြီး မူးမေ့လဲသွားပြန်သည်။

ချင်ယွင်၏ နှုတ်ခမ်းစွန်းသည် ကူကယ်ရာမဲ့ဟန် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား သည်။ ချန်ကလန်၏ ပင်မတံခါးပေါက်သို့ သူ မဝင်ရောက်ခင်ကတည်းက သူသည် ရန်စီချီကို ရှာဖွေရန်အတွက် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို တစ်ယောက်တည်း လှုပ်ရှား ခိုင်းထားပြီး ဖြစ်သည်။

မမျှော်လင့်ဘဲ ရန်စီချီ နှင့် ချန်မင်ရှီတို့သည် အတူတကွ စောင့်ကြည့်ခံနေရသည်။ ချင်ယွင်က ရန်စီချီကို ကင်တယ်ပြီး ထွက်သွားလိုခြင်းကို ချန်မင်ရှီက နားလည်သည်။ ထို့ကြောင့် သူမက ချင်ယွင်ကို သူမကိုပါ ခေါ်သွားရန် တောင်းဆိုခဲ့သည်။ ချင်ယွင်သည် မတတ်သာဘဲ သဘောတူရုံသာ တတ်နိုင်ခဲ့သည်။

ဟုတ်ပါသည်။ သူ၏ရှေ့မှ လက်ရှိမြင်ကွင်းသည် ချန်ရှီထန်အတွက် သရုပ်ဆောင်ရန် သက်သက်အတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ သေချာသည်မှာ၊ ချင်ယွင် ကိုယ်တိုင်မှာလည်း တစ်ကိုယ်ကောင်းဆန်စိတ်ရှိနေ၏။ ဤစိတ်ကလည်း ချန်ရှီထန်နှင့် ရှောင်ယန်ဂိုဏ်း၏ဂိုဏ်းသခင်လေးကို စက်ဆုပ်ရွံ့ရှာ၍ ဖြစ်သည်။

သူနှင့်စေ့စပ်ထားသူ ခိုးယူခံရပြီးနောက် သူမက အခြားတစ်စုံတစ်ယောက်၏ အပိုင် ဖြစ်သွားပြီဟု သိလိုက်ရချိန်မှာ ဤရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးသည် မည်သို့သော မျက်နှာအမူအရာမျိုး ရှိနေမလဲဆိုသည်ကို ချင်ယွင် သိချင်နေမိသည်။

သေချာသည်မှာ၊ ချန်ရှီထန်သည် ချန်မင်ရှီရဲ့စကားကြောင့် အလွန် ဒေါသထွက်နေ ပါသည်။ သူ၏လက်တွေက ဒေါသကြောင့် တုန်ယင်နေ၏။ သူက ချန်မင်ရှီကို လက်ညှိုးထိုးပြီး စကားပြောချင်သော်လည်း မည်သည့်စကားမှ မပြောနိုင်ပေ။

ချင်ယွင်က ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် သူ၏အစီအမံတွေ အောင်မြင်သွားမှန်း သိလိုက်ရသည့်အတွက် ပြုံးပြီး ချန်ရှီထန်ကို ပြောလိုက်သည် "ခေါင်းဆောင်ချန်၊ ကျွန်တော် ပြောသလိုပဲ မဟုတ်လား…။ မင်ရှီက ကျွန်တော့်မိန်းမ ဖြစ်နေပြီ။ ခေါင်းဆောင်ချန်က မင်ရှီကို ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးနဲ့ လက်ထပ်ခိုင်းတာ လုံးဝကို မှားသွားပြီ။ ဒီနေ့ကစပြီး မင်ရှီက ကျွန်တော်နဲ့အတူ ထွက်သွားတော့မှာ ဆိုတော့ ခေါင်းဆောင်ချန်က ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးကို ဘယ်လို ရှင်းပြရမလဲဆိုတာက ခေါင်းဆောင်ရှန်ရဲ့ကိစ္စ ဖြစ်သွားပြီ”။

ချင်ယွင်က ချန်မင်ရှီကို ခေါ်ဆောင်သွားတော့မည်ဟု ကြားလိုက်ရသောအခါ ချန်ရှီထန် ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပါသည်။

အကယ်၍ ချန်မင်ရှီ ထွက်ခွာသွားမည်ဆိုလျှင် ရှောင်ယန်ဂိုဏ်း၏ဂိုဏ်းသခင်လေးကို သူ မည်သို့ ရှင်းပြရမည်နည်း..။ ထိုအချိန်တွင်၊ ချန်ကလန် တစ်ခုလုံးသည် ရှောင်ယန်ဂိုဏ်း၏ဂိုဏ်းသခင်လေး၏ အမျက်ဒေါသကို ခံရမည်မှာ သေချာပါသည်။

"မင်ရှီကို အဝေးကို ခေါ်သွားလို့မရဘူး!" ချန်ရှီထန်က ကမန်းကတန်း အော်လိုက်သည်။ သူပြောပြီးသည်နှင့် ချင်ယွင်သည် ချန်မင်ရှီကို အဝေးကို ခေါ်ဆောင်သွားခြင်းမှ တားဆီးရန်အတွက် ချန်ရှီထန်သည် ချင်ယွင်ဆီသို့ ပြေးသွားတော့သည်။

သို့သော် ထိုအခိုက်တွင်၊ ဟောင်ခွန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ချန်ရှီထန်၏ ရင်ဘတ်ကို တိုက်ရိုက် ရိုက်ချလိုက်လေသည်။ ချန်ရှီထန်၏ ခန္ဓာကိုယ်သည် ချက်ချင်း နောက်ပြန် ဆုတ်သွားရသည်။

ချင်ယွင်သည် နောက်သို့ လွင့်ပျံသွားသော ချန်ရှီထန်ကို ကြည့်လိုက်သည်။ အေးစက်စက် အပြုံးတစ်ခုက သူ၏ပါးစပ်ထောင့်မှာ ပေါ်လာပါသည်။ သူသည် လေဟာနယ်သလင်းကျောက်အပိုင်းအစကို ထုတ်ယူလိုက်ပြီး လေဟာနယ်ကို ထိုးခွဲလိုက်သည်။ လူတိုင်း၏ မြင်ကွင်းထဲမှာ လေဟာနယ်အက်ကြောင်းတစ်ခု ပေါ်လာသည်။

သို့သော်လည်း ထိုအချိန်မှာပင် ချင်ယွင်သည် လူတစ်စုကို လေဟာနယ်အက်ကြောင်း ထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး အံ့အားသင့်ကာ မှင်သက်သက်ဖြစ်နေကြသော ချန်ကလန် အဖွဲ့ဝင်များကိုသာ ချန်ထားရစ်ခဲ့လေသည်။

အခန်း (၅၄၃) သွေးနီရောင်သလင်းကျောက်များ။

ချင်ယွင်မှ ချန်ကလန်မှ ထွက်ခွာသွားသည်မှာ သုံးရက်ကြာခဲ့ပါပြီ။

ဤသုံးရက်အတွင်း ‘ချီရှောက်ယန်း'သည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးနှင့် စေ့စပ်ထားသူ သတိုးသမီးအား ချန်ကလန်၏ ကလန်ခေါင်းဆောင် ရှေ့မှောက်တွင် လုယူသွားခဲ့သည့် ကိစ္စသည် ကောင်းကင်နဂါးတိုက်ကြီးတစ်ခုလုံးကို ဖြတ်ကျော် တိုက်ခတ်သွားသော မုန်တိုင်းတစ်ခုနှင့်တူ၏။

ချန်ကလန်သည် ဤသတင်းကို ပိတ်ဆို့ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ရှည်လျားများပြားလှသော လူအုပ်ကြီး၏ ပါးစပ်များကို ပိတ်ဆို့နိုင်ခြင်း မရှိသေးပေ။

ရှောင်ယန်ဂိုဏ်းသည် ထိပ်တန်းဂိုဏ်းကြီး သုံးခုထဲမှ တစ်ခုဖြစ်သည်။ ရှောင်ယန်ဂိုဏ်း ၏ဂိုဏ်းသခင်လေးသည် ကောင်းကင်နဂါးတိုက်ကြီး တစ်ခုလုံးတွင်ပင် မနှိုင်းယှဉ် နိုင်လောက်အောင် မြင့်မြတ်သော ရာထူးတစ်ခု ဖြစ်သည်။ ကောင်းကင်နဂါး တိုက်ကြီးမှာ မည်သူကရော သူ၏ကျားမုတ်ဆိတ်ကို ထိရဲမည်နည်း။

သို့သော်၊ ချီကလန်၏ ဒုတိယသခင်လေးသည် ဂိုဏ်းသခင်လေးနှင့် စေ့စပ်ထားသူ သတိုးသမီးအား ဗြောင်လုယူသွားခဲ့သည်။ သူသည် အမှန်တကယ်ပင် အတင့်ရဲလွန်း၏။

နောက်ပိုင်းတွင်၊ ချီကလန်၏ ဒုတိယသခင်လေးသည် ကောင်းကင်ဘုံဂိုဏ်း၏ တော်ဝင် အကြီးအကဲ၏ သားဖြစ်သူ ယွန်ဟောင်ကိုပင် ဒဏ်ရာအပြင်းထန်ရအောင် တိုက်ခိုက်ခဲ့ ကြောင်း ကောလာဟလများလည်း ထွက်ပေါ်လာခဲ့သည်။

သတင်းစကားများက နဂါးကောင်းကင်တိုက်ကြီးတစ်ခုလုံး ပေါက်ကွဲသွားသည်။ ချီကလန်၏ ဒုတိယသခင်လေးသည် ကောင်းကင်ဘုံသို့တက်ရန်ပင် စီစဉ်နေကြောင်း အားလုံးက ပြောဆိုကြ၏။ သူသည် ထိပ်တန်းဂိုဏ်းနှစ်ခုကို တစ်ပြိုင်နက်တည်း စော်ကားဝံ့သူ ဖြစ်သည်။ ချီကလန်သည် ဂိုဏ်းနှစ်ခုကို ပွင့်ပွင့်လင်းလင်း ရန်စ နိုင်လောက်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားခြင်းမျိုး ဖြစ်နိုင်ပါသလား။

ရလာဒ်အနေနှင့်၊ ချီကလန်သည် ဤမျှ မောက်မာနိုင်သည့် ခွန်အားမျိုးကို အမှန်တကယ် ပိုင်ဆိုင်ထားခြင်းလား သို့မဟုတ် ကိုယ်ကို သတ်သေခြင်းမျိုးလား သိချင်စိတ်ပြင်းပြလာကြပြီး ကမ္ဘာပေါ်ရှိလူတိုင်းသည် ချီကလန်ဘက်ကို အကြည့်တွေ ပြောင်းသွားကြသည်။

ချီကလန်သည်လည်း ကောလဟာလများကို သဘာဝအတိုင်း ကြားနေရပါသည်။ အစပိုင်းမှာတော့ သူတို့အနေဖြင့် သိပ်ပြီး အလေးအနက် မထားခဲ့ပါဘူး။ ကမ္ဘာကြီးက ကောလဟာလတွေ ပြောဆိုနေကြသည်ဟု အထင်ရှိကြသည်။ သူ့သား၏ အရည်အချင်းကို သူ သိပေသည်။ ဤကဲ့သို့ မြေကြီးပြိုကျစေလောက်မည့်အရာမျိုးကို သူ မည်သို့ ပြုလုပ်နိုင်မည်နည်း။

သို့သော်၊ ချီကလန်၏ ကလန်ခေါင်းဆောင် ချီရှန်းထန်သည် ထိပ်တန်းဂိုဏ်းကြီးနှစ်ခုမှ စစ်ဆေးမေးမြန်းမှုကို လက်ခံရရှိသောအခါတွင် သူ၏အမူအရာက လုံးဝကို လေးနက်သွားခဲ့သည်။ အကယ်၍ ဤကိစ္စကိုသာ သူ ကောင်းကောင်း မကိုင်တွယ် နိုင်ဘူးဆိုလျှင် သူ၏ချီကလန်သည် ပျက်သုဉ်းသွားမည်ဆိုသည်ကို သူသိပေသည်။

ထို့ကြောင့် ချီရှန်းထန်သည် အသုံးမဝင်သော သူ၏ဒုတိယသားတော်မောင်ထံ သတင်းစကား အလျင်အမြန် ပို့လိုက်ရလေသည်။

ချီရှောက်ယန်းနှင့် လင်းဖန်တို့သည် လွန်ခဲ့သော နှစ်ရက်ကတည်းက ခရီးအတူ သွားခဲ့ကြပြီး သူတို့သည် ရှောင်ယန်ဂိုဏ်း၏ တောင်ခြေရင်းသို့ ရောက်ရှိတော့မည် ဖြစ်သည်။ ထိုအခိုက်တန့်တွင် သူတို့သည် ရေဝိဉာဉ်အမျိုးသမီးကျင့်ကြံသူတစ်ဦးနှင့် အချိတ်ဆက်မိပြီး ပျော်ရွှင်စွာ ဆော့ကစားနေစဉ်မှာ ဖခင်ဖြစ်သူအထံမှ ကျိန်ဆဲသံ ပို့လွှတ်လာခြင်းဖြစ်သည်။

ပထမတော့ ချီရှောက်ယန်းသည် သူ၏အဖေက သူ့အင်မော်တယ်သင်္ဘောကြီးကို ဓားပြတိုက်ခံရသည့်အကြောင်း သိသွားပြီဟု ထင်သည့်အတွက် အလျင်စလို ရှင်းပြ လိုက်သေးသည်။ သို့သော် အချိန်အတော်ကြာအောင် ရှင်းပြပြီးမှသာ ဤကိစ္စကြောင့် ကျိန်ဆဲခြင်း မဟုတ်မှန်း သူ သဘောပေါက်သွားခဲ့သည်။

သူက အပြင်မှာ တစ်ခုခုလုပ်ထားသည်ဟု သူ့အဖေ၏ပြောစကားကို ကြားလိုက်စဉ်မှာ ချီရှောက်ယန်း၏ လက်တစ်ခုလုံးသည် တုန်နေ၏။ သူသည် အလွန်ကြောက်လန့် သွားခဲ့ပြီး ဆက်သွယ်ခြင်းအဆောင်သည်ပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ကောင်းကင်ဘုံဂိုဏ်း၏ တော်ဝင်အကြီးအကဲတစ်ဦး၏သားကို သူက ရိုက်နှက်ခဲ့သည် ဆိုပါလား?။

ချန်ကလန်မှာ သတ်ဖြတ်ခဲ့ပြီး ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးနှင့် စေ့စပ်ထားသူ အမျိုးသမီးကို အတင်းအဓမ္မ အဝေးကို ခေါ်ဆောင်သွားသည်ဟု ဆိုနေပြန်ပါလား?။

ဤအရာတွေက သူချီရှောက်ယန်းလုပ်နိုင်တဲ့ အရာတွေ ဖြစ်နိုင်ပါ့မလား?။ တကယ်လို့ သူ့ကို ခွန်အားအဆတစ်ရာလောက် ချေးငှားမယ်ဆိုရင်တောင် သူ့မှာ အခုလိုလုပ်ဖို့ သတ္တိရှိမှာတဲ့လား?။

ဒါဆို ဘယ်အယုတ်တမာကောင်က သူ့နာမည်ကိုသုံးပြီး ဒီလိုမကောင်းမူတွေကို လုပ်ဆောင်သွားတာလဲ?။

ချီရှောက်ယန်း၏ ပထမဆုံးအတွေးမှာ ချင်ယွင်ဖြစ်လေသည်။ ထို့ကြောင့် သူသည် သူ့အဖေထံ ချက်ချင်းပင် သတင်းစကားပို့ဆောင်လိုက်ပြီး ချင်ယွင်သည် သူ၏ အင်မော်တယ်သင်္ဘောကြီးကို ခိုးယူသည့်အကြောင်းကိုပါ ပြောပြလိုက်သည်။

ချီရှန်းထန်သည် စိတ်မြန်ပြီး ရက်စက်ကြမ်းကြုတ်သူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူသည် ဤသတင်းကို ဖြန့်ရန်အတွက် သူ၏လူများကို ချက်ချင်းစေလွှတ်ခဲ့သည်။

တစ်ရက်မပြည့်ခင်မှာပင် ဤဇာတ်လမ်း၏ ဇာတ်လိုက်ကျော် ‘ချင်ယွင်' ဟုခေါ်သူသည် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

လူတိုင်းကလည်း ကိုယ်စီကိုယ်ငှ တွက်ချက်နေကြ၏။ ယခုတစ်ကြိမ်တွင်၊ ချင်ယွင်ဟု ခေါ်သော ဤလျှို့ဝှက်ဆန်းကြယ်သောလူသည် ချန်ကလန်၊ ချီကလန်၊ ရှောင်ယန်ဂိုဏ်း နှင့် ကောင်းကင်ဘုံဂိုဏ်းတို့ကို အမှန်တကယ် စော်ကားခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ဤသည်မှာ နဂါးကောင်းကင်တိုက်ကြီးတစ်ခုလုံးရှိ အင်အားတစ်ဝက်ကို စော်ကားခြင်း မျိုး ဖြစ်လေသည်။

သို့သော်၊ လျှို့ဝှက်ဆန်းကြယ်သောလူအကြောင်း တစ်ကမ္ဘာလုံးက ခန့်မှန်းနေကြသည့် အချိန်မှာ ဤဇာတ်လမ်း၏ ဇာတ်လိုက်ကျော်ကြီး ချင်ယွင်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး၊ လက်တစ်ဖက်က မရေမတွက်နိုင်သော အမျိုးသားများကို ရူးသွပ်သွားစေလောက်သည့် သွယ်လျလျ ခါးလေးကို ဖက်ကိုင်ထားရင်း ကျန်တစ်ဖက်က သူမ၏ဆံပင်အလှများကို ဆော့ကစားနေကာ သူမမျက်နှာပေါ်တွင် ရွှင်မြူးသော အမူအရာအပြည့် ရှိနေလေသည်။

သူ၏ရင်ခွင်ထဲတွင် လဲလျောင်းနေသော အလှပိုင်ရှင်လေးသည် မျက်နှာကနီမြန်းနေပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးချိုချိုလေး တွဲလောင်းကျနေသည်။ သူမသည် မုန်တိုင်းတစ်ခုကို ကြုံတွေ့ဖူးပြီးစ လှပသောငှက်ပျောသီးတစ်လုံးနှင့် တူလေသည်။

"စီချီ၊ မင်းက မင်းရဲ့ခင်ပွန်းဖြစ်တဲ့ငါ့ကို မတွေ့တာ ကြာပြီလေ။ မင်း လိုချင်သေးလား။" ချင်ယွင်က ရန်စီချီ၏ပါးပြင်ပေါ်မှ ဆံနွယ်လေးများကို ဆော့ကစားရင်း ပြုံးလျက် ပြောသည်။

"အင်း။ ငါ ဘယ်လိုလုပ် မလိုချင်ဘဲ နေမလဲ။ ဒီလိုနေ့မျိုးရောက်ဖို့ နေ့ရောညပါ စောင့်မျှော်နေခဲ့ရတယ်။ ဒါပေမယ့် ငါ နင့်ကို စောင့်မျော်နေတာပါ" ရန်စီချီက ချိုသာစွာ ပြုံးလိုက်သည်။

"မင်း အခုက အရမ်းကို အရူးမူးဖြစ်နေတာ အံ့သြစရာ မဟုတ်တော့ဘူး။ မင်းက တကယ်ပဲ ဒီအကြောင်းကို စဉ်းစားနေပုံပဲ။" ချင်ယွင်က ရုတ်တရက် သဘောပေါက်ဟန် ဖြင့် ပြောလိုက်သည်။

"ငါ နင့်ကို လျစ်လျူရှုလိုက်တော့မယ်!" ပထမတော့ ရန်စီချီက နားမလည်ခဲ့ပေ။ သို့သော် နောက်ပိုင်းတွင် သူမသည် ပန်းနုရောင်လက်သီးကို သုံးပြီး ချင်ယွင်၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိုးရင်း သူမ၏မျက်နှာက ကောင်းကင်ရှိ မီးတောက်မီးလျှံများကဲ့သို့ နီမြန်းသွားလေသည်။

ချင်ယွင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူမ၏ပန်းနုရောင် ပါးပြင်ကို ကောက်ကိုင်လိုက်ကာ နှစ်ချက်လောက် ကိုက်လိုက်သည်။

နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည်မှာ အတော်ကြာခဲ့ပါပြီ။

"ခင်ပွန်း၊ အစ်မလျှိုလင်းက နင့်ကို တော်တော်လေး စိတ်ဝင်စားနေပုံရတယ်။ နင် သွေးဆောင်ထားတာ မဟုတ်ဘူးလား။ သူမကလည်း ကောင်းကင်နဂါးတိုက်ကြီးရဲ့ အလှပိုင်ရှင်လေးယောက်ထဲက တစ်ယောက်ပဲနော်" ရန်စီချီက ဆိုးသွမ်းသော အပြုံးဖြင့် ရုတ်တရက် ပြောလိုက်သည်။

"ငါ စိတ်မဝင်စားပါဘူး။ ငါတို့က မတော်တဆ တွေ့ခဲ့ရုံပါ။ သူမကလည်း ငါ့အကြောင်း သိချင်ရုံသက်သက်ပါပဲ။ သူမ သိချင်စိတ်တွေ ပြေပျောက်သွားတာနဲ့ သဘာဝအတိုင်း သူမက ထွက်သွားမှာပါ" ချင်ယွင်က ခေါင်းခါပြီး လေးနက်စွာ ပြောလိုက်သည်။

သူသည် လျှိုလင်းကို သိပ်ပြီး ချစ်ခင်မူမျိုး မရှိခဲ့ပေ။ ယခင်က ချန်ကလန်၏ရှေ့တွင် လျှိုလင်းသည် သူ့မိန်းမဖြစ်သည်ဟု သူပြောခဲ့စဉ်တုန်းကလည်း သူသည် ချန်ယွမ်ရှန် ကို ရန်စရန်သက်သက်သာ ဖြစ်သည်။ သူသည် ဤကိစ္စနှင့်ပတ်သက်ပြီး အလေးအနက် မထားနိုင်ပါဘူး။

"ဒါဆို ချန်မင်ရှီ၊ အစ်မချန်နဲ့ပတ်သက်လို့ရော ဘယ်လိုလုပ်မလဲ။ နင်က ဒီကိစ္စမျိုးမှာ အများကြီး အတွေ့ကြုံရှိတာ ငါ သိပါတယ်။ နောက်ပြီး သူမကလည်း နင့်ကို ထူးထူးခြားခြား ချစ်ခင်ပုံရတယ်။" ရန်စီချီက သူ၏မျက်လုံးကြီးတွေကို မှိတ်တုတ် မှိတ်တုတ်လုပ်ပြရင်း အပြုံးနှင့်အတူ ထပ်ပြောလိုက်၏။

ယခုတကြိမ်တော့ ချင်ယွင် ငြိမ်ကျသွား၏။ အမှန်အတိုင်းပြောရလျှင် ချန်မင်ရှီ၏ ပြဿနာသည် သူ့အတွက် ခေါင်းကိုက်စရာကိစ္စ ဖြစ်နေသည်။

ဤတစ်ကြိမ်တွင်၊ သူသည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးကို စက်ဆုပ် ရွံရှာသည့် အတွက် အမည်ခံအနေဖြင့် သူမကို ချန်ကလန်မှ ခေါ်ထုတ်ခဲ့ခြင်း ဖြစ်သော်လည်း သူမ၏ နက်ရှိုင်းသော နှလုံးသားထဲတွင် တစ်ကိုယ်ကောင်းဆန်မူဆိုသည့် ခံစားမူ တစွန်းတစက ကျန်ရှိနေမည် ဖြစ်ပါသည်။

ဤဖြစ်ရပ်သည် ပိရှစ်သိုင်းမြို့စား၊ ချင်ရွှန်းရွန်းတို့နှင့် ဆင်တူ၏။ ထိုအချိန်တုန်းက ချင်ယွင်သည် သူမတို့အပေါ် အကောင်းမြင်စိတ်ရှိခဲ့သော်လည်း သူသည် သူမတို့နှင့် အတူရှိနေရန် မလိုအပ်ပေ။

"ဟီး…။ဟီး….။ ခင်ပွန်း၊ တကယ်တော့ နင် အစ်မချန်ကို ယူချင်တယ်ဆိုရင်လည်း ငါက ကန့်ကွက်မှာ မဟုတ်ပါဘူး။ ပြီးတော့ အစ်မကျန်းရွှန်ရှင်း နဲ့ အစ်မလျူရန်ယွင်တို့က လည်း သဘောတူလိမ့်မယ်လို့ ငါ ယုံကြည်တယ်။" ရန်စီချီက သူမမျက်နှာတွင် ရိုးသားမှုအပြည့်ဖြင့် ပြုံးပြရင်း ပြောသည်။

ချင်ယွင်သည် ရန်စီချီ၏ နူးညံ့သိမ်မွေ့စွာ ပြုံးနေသော မျက်နှာကို ကြည့်ပြီး သူ၏နှလုံးသားထဲမှာ စိတ်ခံစားချက် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"အရာရာက ကံတရားနဲ့ ဆိုင်ပါတယ်လေ။" ချင်ယွင်က သက်ပြင်းချလိုက်သည်။ သူသည် စိတ်ခံစားချက်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရာ တွင် မည်သည့်အခါမှ ကျွမ်းကျင်ခြင်းမရှိခဲ့ဘဲ အမြဲတမ်း စိတ်ရှုပ်ထွေးနေခဲ့ရသည်။ ထို့ကြောင့် သူသည် ဤအကြောင်းအရာကို ဆက်ပြီး မပြောချင်တော့ပေ။

"ငါ့အကြောင်းကို မပြောနဲ့တော။ မင်းအကြောင်း ပြောရအောင်။ မင်းရဲ့ ကျင့်ကြံမူအဆင့်က ဘာကြောင့် ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာရတာလဲ။" ချင်ယွင်က မေးလိုက်သည်။

သူသည် ခရမ်းလေးကို မြင်လိုက်ရစဉ်ကတည်းက ခရမ်းလေးသည် နှောင်ပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရချိန်မှာ အံ့အား သင့်သွားခဲ့ရသည်။ သို့သော်လည်း ရန်စီချီ၏ ကျင့်ကြံမှုအဆင့်သည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်ကို မြင်လိုက် ရသောအခါတွင် သူသည် အချိန်အတော်ကြာအောင် တုံ့ပြန်ခြင်း မပြုနိုင်ခဲ့ပေ။ သူသည် အခြားကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့ပြီး ထိုအကြောင်းကို မမေးဖြစ်ခဲ့သော်လည်း ယခုအခါတွင် သူ၏စိတ်ထဲမှာ သံသယများ ဖြစ်ပေါ်လာခဲ့သည်။

ချင်ယွင်က သူမ၏ကျင့်ကြံမူအကြောင်း မေးလိမ့်မည်ကို ရန်စီချီက သိထားပြီးသား ဖြစ်သည်။ သူမက ပြုံးပြီး ပြောသည် "ကောင်းကင်ဘုံနဂါးတိုက်ကြီးကို သွားရာခရီးမှာ အတားဆီးတွေနဲ့ တွေ့ကြုံပြီးနောက် ရှောင်ဇီ နဲ့ ငါက အစ်မချန်နဲ့အတူ ချန်ကလန် ဆီကို လိုက်သွားခဲ့တယ်။ ဒါပေမယ့် လမ်းခရီးတစ်ဝက်မှာ အန္တရာယ်တွေ ကြုံတွေ့ရ လိမ့်မယ်လို့ ငါလည်း မမျှော်လင့်ထားခဲ့ဘူး။ ငါက လှိုဏ်ဂူတစ်ခုထဲကို မတော်တဆ ပြုတ်ကျသွားခဲ့တယ်"

"မင်းရဲ့ ကျင့်ကြံမူအဆင့် မြန်မြန်ဆန်ဆန် တိုးတက်လာရခြင်းရဲ့ အကြောင်းရင်းက အဲဒီ လှိုဏ်ဂူကြောင့်များလား။ အဲဒီ လှိုဏ်ဂူထဲမှာ ဘာတွေရှိလို့လဲ" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မှန်တယ်။ အဲဒီလှိုဏ်ဂူထဲမှာ သွေးနီရောင် သလင်းကျောက်တွေကို အများကြီး တွေ့ရတယ်။ အဲဒီသလင်းကျောက်တွေထဲမှာ အစွမ်းထက်တဲ့ စွမ်းအားတွေ ပါဝင်နေတယ်။ အဲဒီအထဲက စွမ်းအားတွေကို ငါ စုပ်ယူနိုင်တယ်ဆိုတာ တွေ့လိုက်ရ တော့ ငါက ရှောင်ဇီကိုလည်း ပေးလိုက်တယ်လေ။ ဒါက ဘာလဲဆိုတာ နင် သိလား။" ရန်စီချီက မေးသည်။

ထိုစကားပြောပြီးသည်နှင့် သူမလက်ဖဝါးကို တစ်ချက်လှန်လိုက်ပြီး သူမ၏လက်ထဲမှာ သွေးနီရောင်သလင်းကျောက်တစ်ခု ပေါ်လာပါသည်။ သွေးနီရောင် သလင်းကျောက် တွင် ပြင်းထန်သော အအေးဓာတ်စွမ်းအင်များ ပါဝင်နေသည်။

"ဒါက ရှေးဟောင်းသွေးဖီးနစ်သလင်းကျောက် မဟုတ်လား။" ချင်ယွင်၏ မျက်လုံးများ သည် ချက်ချင်းပင် ပြူးကျယ်သွားလေသည်။

အခန်း (၅၄၄) ချင်ယွင်၏ဆုံးဖြတ်ချက်။

"ရှေးဟောင်းသွေးဖီးနစ်သလင်းကျောက်၊ အဲဒါက ဘာလဲ" ရန်စီချီက စိတ်ရှုပ်ထွေးစွာ ဖြင့် မေးလိုက်ပါသည်။

"ရှေးဟောင်းသွေးဖီးနစ်သလင်းကျောက်တွေက ရှေးဟောင်းသွေးဖီးနစ်ရဲ့သွေးကနေ သိပ်သည်းထားတဲ့ သလင်းကျောက်တွေပဲ။ အဆိုပါသလင်းကျောက်တွေထဲမှာ သွေးဖီးနစ်ရဲ့သွေးစွမ်းအင် ပမာဏများစွာ ပါဝင်နေတယ်။ အဲဒါတွေက အလွန်ရှားပါးတဲ့ ရတနာတွေ ဖြစ်တယ်။" ချင်ယွင်က ပြောပြသည်။

ရန်စီချီသည် သူမ၏ အနီရောင်နှုတ်ခမ်းတစ်စုံကို ဖွင့်ဟထားသည်။ သူမသည် လှိုဏ်ဂူထဲသို့ မတော်တဆ ပြုတ်ကျသွားပြီးနောက် ရှားပါးရတနာတစ်ခုကို ရှာဖွေ တွေ့ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

"ဒီရှေးဟောင်း သွေးဖီးနစ်သလင်းကျောက်မှာပါတဲ့ စွမ်းအားက အလွန်ရက်စက် ကြမ်းကြုတ်လွန်းတယ်။ ပုံမှန်အားဖြင့် နတ်ဆိုးသားရဲတွေကသာ အဲဒီစွမ်းအားကို စုပ်ယူနိုင်ကြတယ်။ သဘာဝအတိုင်းဆို လူသားတွေက အဲဒီသွေေးမျိုးဆက်စွမ်းအားကို ခံနိုင်ရည်မရှိကြဘူး။ အလွန်အကျွံ စုပ်ယူမိတာနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ လောင်ကျွမ်းပြီး သေဆုံးသွားလိမ့်မယ်" ချင်ယွင်က ဆက်ပြောသည်။

"ဒါဆို ငါ ဘာလို့ အဆင်ပြေနေတာလဲ" ရန်စီချီ အံ့သြစွာ မေးလိုက်သည်။ သူမသည် ဤ ရှေးဟောင်းသွေးဖီးနစ်သလင်းကျောက်ကို စုပ်ယူထားပြီး ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါ က၊ သူမ၏စွမ်းအားသည် အချိန်တိုလေးအတွင်း အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိဦးမည် မဟုတ်ပေ။

ချင်ယွင်သည်လည်း သူ၏စိတ်ထဲတွင် အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရ၏။ ယုတ္တိဗေဒအရပြောရမည်ဆိုလျှင် ရန်စီချီသည် ရှေးဟောင်းသွေးဖီးနစ်၏ သွေးမျိုးဆက် စွမ်းအားကို လုံးဝ ခံနိုင်ရည်မရှိသင့်ပေ။ သူမသည် မည်သို့ အဆင်ပြေနိုင်ရသနည်း။ သူသည် သူမ၏ခန္ဓာကိုယ်ကို အရင် စစ်ဆေးထားပြီးဖြစ်ကာ ထိခိုက်ဒဏ်ရာမှု လုံးဝ မရှိပါဘူး။

"ငါက ရှန်းတန်ယင်အအေးခန္ဓာကိုယ် ပိုင်ရှင်ကြောင့်များ ဖြစ်နိုင်မလား" ရန်စီချီက မေးသည်။

"အဲဒါကြောင့် တကယ် ဖြစ်နိုင်ချေရှိတယ်။" ချင်ယွင်က ခေါင်းညိတ်လိုက်သည်။

ဤသည်မှာ တစ်ခုတည်းသော ရှင်းလင်းချက် ဖြစ်ပေသည်။ ရန်စီချီသည် အမြင့်ဆုံးသော ယင်ကိုယ်ခန္ဓာနှင့် သက်ဆိုင်သည့် ရှန်းတန်ယင်အအေးခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သည်။ ရှေးဟောင်းသွေးဖီးနစ်၏ သွေးမျိုးဆက်စွမ်းအားသည့်လည်း ယန်စွမ်းအင် အလွန်အမင်း ပြင်းထန်သည်။ ဤစွမ်းအားနှစ်ခုသည် အပြန်အလှန် ထိန်းညှိပေးနေ၏။ ထို့ကြောင့် ရန်စီချီသည် အခြားသူများ၏ခန္ဓာကိုယ်များကဲ့သို့ မီးလောင်သေဆုံးသွားသည့် မြင်ကွင်းမျိုး မရှိခဲ့ခြင်း ဖြစ်လိမ့်မည်။

"ဒါဆို ငါ ဒီစွမ်းအားကို ဆက်ပြီးစုပ်ယူနိုင်တုန်းပဲလား" ရန်စီချီက စိုးရိမ်တကြီး မေးသည်။

ခဏလောက် စဉ်းစားပြီးနောက်၊ ချင်ယွင်က "မင်းအနေနဲ့ ဒီစွမ်းအင်ကို ဘာပြဿနာမှ မရှိဘဲ စုပ်ယူနိုင်တဲ့အတွက် ဆက်ပြီး စုပ်ယူလိုက်ပါ။ ဒါပေမယ့် တစ်ခုခု မှားယွင်းနေ တယ်လို့ ခံစားရရင် ငါ့ကို ချက်ချင်း ပြောပြပါ။"

"အင်း!" ရန်စီချီက ပြုံးပြီး ခေါင်းညိတ်ပြသည်။

"ဟုတ်ပါပြီ၊ ဒီတစ်ခါ နင်က ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးကို စော်ကားလိုက် တယ်။ သူ နင့်ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး" ရန်စီချီက စိုးရိမ်တကြီး ပြောသည်။

"ဟမ့်၊ သူ ငါ့ကို လာမရှာဘူးဆိုရင်တောင် ငါ သူ့ကို အနှေးနဲ့အမြန် သွားရှာရလိမ့်မယ်၊ သူက မင်းကို လိုချင်တပ်မက်နေတယ်ဆိုမှတော့ ငါ သူ့ကို လွှတ်ထားမှာမဟုတ်ဘူး" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။

ရန်စီချီ၏ နှလုံးခုန်သည် လှုပ်ရှားသွားပြီး ချင်ယွင်၏ ပွေ့ဖက်မှုအတွင်းမှာ သူမ၏ ခေါင်းတစ်ခုလုံးကို အပ်ထားလိုက်လေသည်။

"မြန်မြန် အပြင်ထွက်ရအောင်၊ အစ်မချန် နဲ့ အစ်မလျှိုတို့က အပြင်မှာ စောင့်နေကြ တယ်။" ရန်စီချီက ပြုံးလိုက်သည်။

"ဒါဆို သူတို့ကို ဆက်ပြီး စောင့်ခိုင်းလိုက်ပါ။" ချင်ယွင် ရုတ်တရက် တဟားဟား ရယ်မောလိုက်၏။ သူက ပြန်လှည့်ပြီး ရန်စီချီကို သူ၏အောက်မှာ ထပ်ပြီး ဖိလိုက်လေသည်။

"နင်က လူကောင်းလား လူဆိုးလား" ရန်စီချီ၏မျက်နှာသည် ချက်ချင်းပင် နီမြန်းသွားသည်။ သူမသည် အကြိမ်အနည်းငယ် ရုန်းကန်ပြီးနောက်၊ သူမသည် ချင်ယွင် ၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်ပြီး သူမ၏မျက်လုံးများသည် အလွန် ချစ်ရည်ရွှမ်းသည့်အမူအရာများ ဖြစ်ပေါ်လာပါသည်။

ဧရာမအင်မော်တယ်သင်္ဘောကြီးသည် တိမ်ပင်လယ်ကို ဖြတ်သန်း၍ ဖြည်းဖြည်းချင်း ပျံသန်းလာခဲ့သည်။ ဟောင်ခွန်သည် သင်္ဘောပေါ်တွင် ခါတိုင်းလို သောက်နေဆဲ ဖြစ်သည်။ ခရမ်းလေးသည် အင်မော်တယ်သင်္ဘောကြီး၏ ဦးတည်ရာအရပ်ကို ထိန်းချုပ်ရန် တာဝန်ယူထားပြီး အမှောင်မြူခိုးတောအုပ်ကဲ့သို့ အန္တရာယ်ရှိသော နေရာများသို့ ပျံသန်းခြင်းမှ ကာကွယ်ရန် တာဝန်ရှိလေသည်။

လျှိုလင်း နှင့် ချန်မင်ရှီတို့သည် ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အနားယူနေကြ သည်။ သို့သော် သူမတို့မျက်နှာပေါ်ရှိ အမူအရာများက သိပ်ပြီး သဘာဝ မကျလှပေ။ သူမတို့သည် ရံဖန်ရံခါ မျက်လုံးများဖွင့်ပြီး အခန်းတံခါးဆီကို တစ်ချက် တစ်ချက် ခိုးခိုး ကြည့်ကြသည်။

ချင်ယွင် နှင့် ရန်စီချီတို့သည် အထဲမှာ အချိန်အတော်ကြာနေခဲ့ပြီ။ ဟုတ်ပါသည်။ သူတို့ ဘာအတွက် ဝင်သွားလဲဆိုသည်ကို သူတို့လည်း သိကြပါသည်။ ဤအချက်က သူမတို့ကို အရှက်ရစေသည်။ ကံကောင်းထောက်မစွာပင်၊ အခန်းအတွင်းမှာ အသံအားလုံးကို ခွဲခြားပိတ်ဆို့ထားသည့် အစီအရင်ဝင်္ကပါတစ်ခု ရှိနေခဲ့သည်။ ထိုသို့မဟုတ်လျှင် သူမတို့သည် ပို၍ အရှက်ရကြလိမ့်မည်။

လျှိုလင်းကတော့ အဆင်ပြေပါသည်။ သူမသည် ချင်ယွင်၏ အကြောင်းကို သိချင်ရုံ သက်သက်သာဖြစ်သည်။ သူမရင်ထဲမှာ မည်သည့်ခံစားချက်မှ မရှိပေ။ ထို့ကြောင့် သူမအနေဖြင့် ခံစားချက် သိပ်ပြီး မရှိလှပါဘူး..။

သို့သော် ချန်မင်ရှီကတော့ မတူပေ။ သူမသည် အခန်းတံခါးကို လှမ်းကြည့်လိုက်ရင်း အနည်းငယ် စိတ်ပျက်သွားမိသည်။

"ကျွီ…..!"

ထိုအခိုက်အတန့်မှာပင် နောက်ဆုံးတော့ အခန်းတံခါးပွင့်လာခဲ့ပြီး ချင်ယွင် နှင့် ရန်စီချီတို့လည်း ထွက်လာခဲ့ကြသည်။

လျှိုလင်း နှင့် ချန်မင်ရှီတို့သည် ချက်ချင်းပင် လှည့်ကြည့်လိုက်လျှင် ချင်ယွင်သည် ရန်စီချီကို အခန်းတံခါးမှ ဆွဲထုတ်လာသည်ကို တွေ့လိုက်ရ၏။ ရန်စီချီ၏ မျက်နှာသည် ပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်နေသေးသည်။

လျှိုလင်း နှင့် ချန်မင်ရှီတို့သည် ဤမြင်ကွင်းကို မြင်ပြီးနောက်တွင် သူမတို့၏ မျက်နှာများသည် ရှက်ကိုးရှက်ကန်းဖြင့် နီရဲသွားကြသည်။ ဘေးမှကြည့်နေသော ဟောင်ခွန်က ကျယ်လောင်စွာ ရယ်မောလိုက်လျှင် ချက်ချင်းပင် ဖျော့တော့သွားလေ သည်။

ချင်ယွင်က အနည်းငယ် ချောင်းဟန့်လိုက်သည်။ သူက လျှိုလင်း ဘက်လှည့်ပြီး "ငါတို့ သဘောတူထားပြီးပြီ။ ငါတို့က ဟောင်ကလန်ကို သွားဖို့ စီစဉ်ထားတယ်။ သခင်မလေးလျှိုက ငါတို့နဲ့ လိုက်ဦးမှာလား။"

"မလိုက်ပါဘူး။ ငါက လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကို ပြန်သွားရမှာ။ မူလကတော့ ရှောင်ယန်ဂိုဏ်း ဂိုဏ်းသခင်လေးရဲ့မင်္ဂလာပွဲကို တက်ရောက်ဖို့အတွက် ငါ လာခဲ့တာလေ။ အဲဒါက လုံးဝ မလိုအပ်တော့သလိုပဲ" လျှိုလင်းက သူမလက်ကို အမြန် ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"အခြေအနေက ဒီလိုဆိုမှတော့ ငါ မင်းကို လိုက်မပို့တော့ပါဘူး.." ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်သည် ။

လျှိုလင်းက ခေါင်းညိတ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည် ။

"ခင်ပွန်း၊ ဘာလို့ ညီမ လျှိုကို ထွက်သွားခွင့် ပြုလိုက်ရတာလဲ။" ရန်စီချီက မေးသည်။

ချန်မင်ရှီသည်လည်း ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်ရင်း ချင်ယွင် ဘာလုပ်နေလဲ ဆိုသည်ကို နားမလည်တော့ပေ။

"ငါ ချန်ထန်းလောင်နဲ့ တိုက်ခိုက်တဲ့အခါ အဆင့်ချိုးဖြတ်မယ့် အရိပ်အယောင်တွေ ပြသနေသလို ခံစားရတယ်" ဒါကြောင့် ခဏလောက် တံခါးပိတ် ကျင့်ကြံရဦးမယ်။ ဟောင်ခွန်နဲ့ ဆွေးနွေးပြီးနောက် ငါတို့က ဟောင်ကလန်ကို သွားဖို့ စီစဉ်ထားခဲ့တယ်။ ချန်ကလန် နဲ့ ရှောင်ယန်ဂိုဏ်းတို့ကို တခဏလောက် လှည့်စားဖို့အတွက် ချီရှောက်ယန်းရဲ့ နာမည်ကို သုံးခဲ့ပေမယ့် သူတို့ကလည်း အရူးတွေ မဟုတ်ဘူး။ အနှေးနဲ့အမြန်ဆိုသလို သူတို့က ငါ့ကို ရှာတွေ့သွားလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် တိုက်ပွဲကြီးက ဧကန်မုချ ဖြစ်လာလိမ့်မယ်။ လျှိုလင်းက ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး။ သူမအနေနဲ့ အခုချိန်ထွက်သွားတာက အကောင်းဆုံး ရွေးချယ်မှုပဲ။" ချင်ယွင်က ပြောလိုက်သည်။

ရန်စီချီက ခေါင်းညိတ်လိုက်သည်။

"တောင်းပန်ပါတယ်၊ ဒီကိစ္စအားလုံးက ငါ့ကြောင့်ဖြစ်ရတာပါ။ တကယ်လို့ နင်တို့ကသာ ငါ့ကို ခေါ်မသွားဘူးဆိုရင် ရှောင်ယန်ဂိုဏ်းက နင်တို့ကို ပြဿနာရှာမှာ မဟုတ်လောက် ဘူး " ချန်မင်ရှီက အပြစ်ရှိသည့်လေသံဖြင့် ပြောလိုက်သည်။

"ဒီကိစ္စအားလုံးက မင်းကြောင့်ကြီးပဲ မဟုတ်ဘူး။ တကယ်လို့ မင်းအတွက် မဟုတ်ရင်တောင်မှ စီချီအကြောင်းတွေးဝံ့ရင် အဲဒီရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးကို သေချာပေါက် ငါ အလွတ်ပေးမှာ မဟုတ်ဘူး." ချင်ယွင်၏ မျက်လုံးများတွင် အေးစက်စက် အရိပ်အယောင် ပေါ်လာသည်။

ချန်မင်ရှီသည် ခေါင်းညိတ်၍ ပြလိုက်ရသော်လည်း ချင်ယွင်၏စကားများက သူမကို ပို၍ပင် စိတ်ပျက်သွားစေခဲ့သည်။

"ဟောင်ခွန်၊ တကယ်လို့ ငါတို့ ဟောင်ကလန်ကို သီးသန့်သွားမယ်ဆိုရင် ဟောင်ကလန်ကို ကြီးစွာသော ဘေးဒုက္ခကြီးတွေ သယ်ဆောင်လာမှာကို ငါ စိုးရိမ်မိတယ်။ ငါတို့ ဟောင်ကလန်ကို သွားသင့်တာ သေချာရဲ့လား" ချင်ယွင်က ဤကိစ္စနှင့်ပတ်သက်ပြီး အခြားလူများကို အလွန်အကျွံ မဖြစ်စေချင်ပေ။” ထို့ကြောင့် သူက ဟောင်ခွန်ဘက်လှည့်ပြီး ပြောလိုက်သည် ။

"သခင်လေး၊ ကျွန်တော် သခင်လေးနောက်ကို လိုက်ပါပြီးကတည်းက ဒီဘဝတစ်ခုလုံး သခင်လေးအတွက်ပဲလေ။ ဟောင်ကလန်ကလည်း သခင်လေးရဲ့ ဦးဆောင်မှုနောက်ကို သဘာဝအတိုင်း လိုက်ပါရလိမ့်မယ်။ တကယ်လို့ ဟောင်ကလန်ထဲက တစ်ယောက်ယောက်က ကန့်ကွက်ဝံ့တယ်ဆိုရင် ကျွန်တော်ဟောင်ခွန်က နောက်ဆုံး ဘယ်လိုလူမျိုးလဲဆိုတာ သူတို့ကို သေချာပေါက် ပြောပြရလိမ့်မယ်။" ဟောင်ခွန်က အခိုင်အမာ ပြောလိုက်သည်။

"အင်း!" ချင်ယွင်က ခေါင်းညိတ်ပြပြီးနောက် ကောင်းကင်ယံမှ တိမ်ပင်လယ်ကြီးကို လှည့်ကြည့် လိုက်၏။

ယခင်က ချင်ယွင်သည် ချန်ထန်းလောင်အား သူ၏ သန်မာသော ရုပ်ခန္ဓာကိုယ်ဖြင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း သူ၏ကျင့်ကြံမူအဆင့်မှဦ အလွန်နည်းနေသေးသည်ကို တွေ့ရှိခဲ့ရသည်။ ချန်ထန်းလောင်၏ လှံသိုင်းပညာကို ရင်ဆိုင်ရသောအခါတွင် သူသည် အားကိုးရာမဲ့ပြီး စွမ်းအား အလွန်နည်းပါးနေသေး၏။

ထို့ကြောင့် ချင်ယွင်သည် အချိန်အတော်ကြာအောင် တံခါးပိတ်ကျင့်ကြံရန် ကြံစည် ထားပြီး သူ၏ ကျင့်ကြံမူအဆင့်ကို လုံးလုံးလျားလျား မြှင့်တင်လိုခဲ့သည်။ ဤနည်းဖြင့် သာ သူသည် ဂိုဏ်းကြီးနှစ်ခုကို ထိပ်တိုက်ရင်ဆိုင်နိုင်ပြီး မြို့တော်တွင် နေရာတစ်ခု အခိုင်အမာ ရရှိနိုင်လိမ့်မည်။

ထို့ပြင် သူတံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသောအချိန်သည် သူ၏အစ်မကို ပြန်ခေါ်ရန် အတွက် ကောင်းကင်ဘုံဂိုဏ်းသို့ သွားရမည့်အချိန် ဖြစ်ပေလိမ့်မည်။

သို့သော် ဤတံခါးပိတ်ကျင့်ကြံမှုသည် အချိန်အတော်ကြာအောင် မြုပ်နှံထားရလိမ့် မည်။ ဤကာလအတွင်း ရန်စီချီနှင့် အခြားသူများ အနှောက်အယှက် မဖြစ်စေရန် အတွက် ချင်ယွင်သည် အတော်လေးလုံခြုံသော နေရာကို ရှာဖွေရမည် ဖြစ်ပါသည်။

နောက်ဆုံးတွင် ချင်ယွင်သည် ဟောင်ခွန်ပြောခဲ့သည့် ဟောင်ကလန်သို့ သွားရန် ရွေးချယ်ခဲ့သည်။

အခန်း (၅၄၅) မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်

ရှောင်ယန်တောင်သည် အရှေ့တောင်ပိုင်းဒေသရှိ အမြင့်ဆုံးသော တောင်ထွတ်တစ်ခု ဖြစ်သည်။ အမြင့် ပေနှစ်ထောင်ရှိ၏။ အရေးအကြီးဆုံးအချက်မှာ၊ ရှောင်ယန်တောင် သည် အရှေ့တောင်ဘက်ဒေသတွင် ဝိညာဉ်စွမ်းအင် ပေါကြွယ်မူ အများဆုံးသော နေရာတစ်ခုလည်း ဖြစ်ပေသည်။ ရှောင်ယန်၏အဓိပ္ပါယ်မှာ “အရှေ့ရပ်မှ ထွက်သော နေ” ဟူ၏။

ရှောင်ယန်ဂိုဏ်းသည် ရှောင်ယန်တောင်ထိပ်တွင် တည်ရှိပါသည်။ ၎င်းတောင်ထိပ် ပတ်ပတ်လည်တွင် ဝိညာဉ်ချီများ တဝဲလည်လည် လွှမ်းခြုံနေသည့် တောင်ထိပ်များ အထပ်ထပ် ရှိနေပါသည်။ နေထွက်လာသည့်အချိန်တိုင်း ရှောင်ယန်ဂိုဏ်းတစ်ခုလုံး သည် အင်မော်တယ်ကလန်တစ်ခု၏ မြင့်မြတ်သော နယ်မြေတစ်ခုကဲ့သို့ ခရမ်းရောင် တိမ်တိုက်ထဲတွင် တည်ရှိနေပုံရပါသည်။

ရှောင်ယန်ဂိုဏ်းတွင် တပည့်များ၊ အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်များ အပါအဝင် စုစုပေါင်း လူ ၃၈၀၀ ရှိပါသည်။ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်သို့ ရောက်ရှိထားကြသော လူရာပေါင်းများစွာရှိပြီး၊ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ရှစ်ဆယ်ကျော်နှင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင် ဆယ်ယောက်ထက်မနည်း ရှိပါသည်။

သူတို့ခြေတစ်ချက် ပေါက်လိုက်သည်နှင့် ထိုကဲ့သို့သော အင်အားစုတစ်ခုသည် ကောင်းကင်နဂါးတိုက်ကြီးတစ်ခုလုံးမှာပင် ကြီးမားသော ငလျင်တစ်ခုကို ဖြစ်ပေါ်လာ စေနိုင်ပါသည်။

ထိုအချိန်တွင်၊ ရှောင်ယန်ဂိုဏ်း၏ တောင်ထိပ်ရှိ ခန်းမကြီးတစ်ခုတွင် လူငယ်တစ်ဦး ထိုင်နေပါသည်။ သူသည် ခရမ်းရောင်ရွှေသရဖူကို ၀တ်ဆင်ထားပြီး သူ၏မျက်နှာက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေ၏။ သူ၏မျက်နှာက ချောမောခန့်ညားကာ ဇိမ်ခံ အဖြူရောင် မြေခွေးသားမွှေးဝတ်စုံကို ၀တ်ဆင်ထားပါသည်။ သူသည် ဖော်ပြ၍မရ နိုင်လောက်အောင် မြင့်မြတ်ပြီး ဂုဏ်သိက္ခာကြီးမားလွန်းသည်။

ထိုလူငယ်သည် သူ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားပြီး သူ၏ချောမောသော မျက်နှာက ရေကဲ့သို့ ညိုမှိုင်းနေကာ သူ၏ညာဖက်လက်တွင် အဆင့်မြင့်အဆင့် ကျောက်စိမ်းဘောလုံးနှစ်လုံးကို လှည့်ပတ်ကစားနေပါသည်။

ထိုလူငယ်လေး၏ရှေ့တွင် လူငယ်နှစ်ဦး ဒူးထောက်လျက် ရှိနေသည်။ နှစ်ယောက်စလုံး သည် ကြောက်ရွံ့တုန်လှုပ်နေကြ၏။ သူတို့သည် ခေါင်းငုံ့ထားကြပြီး အသံတစက်မျှ မထွက်ရဲကြပေ။

သူတို့ကျောပြင်မှာ အေးစက်စက် ချွေးတွေနှင့် စိုရွဲနေသော်လည်း ထိုင်ခုံပေါ်မှာ ထိုင်နေသည့် လူငယ်က မည်သည့်စကားမှ မပြောသည့်အတွက် အသံမထွက်ရဲကြ သည်မှာ သဘာဝအတိုင်းပင် ဖြစ်ပေသည်။

အချိန်အတော်ကြာပြီးနောက် မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်သည် မျက်လုံးများကို အနည်းငယ်ဖွင့်ကာ အောက်တွင် ဒူးထောက်နေသော လူနှစ်ယောက်ကို ကြည့်လိုက် ၏။ သူ၏မျက်လုံးများက တောက်ပနေသော လရောင်ကဲ့သို့ အေးစက်နေသည်။

"မင်းက ချီကလန်ရဲ့ ဒုတိယမြောက်သခင်လေး ချီရှောက်ယန်းဆိုသူလား။" မြေခွေး သားမွှေးဝတ်စုံနှင့်လူငယ်သည် ဒူးထောက်နေသော ဆယ်ကျော်သက် လူငယ်တစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။

"ပြန်ပြီး တင်ပြပါတယ်... ဂိုဏ်းသခင်လေး၊ ကျွန်တော်က ချီရှောက်ယန်းပါ။ ဒါပေမယ့် ကျွန်တော်က သခင်လေးနဲ့ စေ့စပ်ထားသူကို ခိုးယူသွားသူ မဟုတ်ပါဘူး။ အဲဒီ ချီရှောက်ယန်းကတော့ တစ်ယောက်ယောက်က ကျွန်တော်ဟန်ဆောင်ပြီး လုပ်ဆောင် သွားတာပါ။" ချီရှောက်ယန်းသည် မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ် ခေါ်သံကို ကြားသည်နှင့် အမြန် ပြန်ဖြေလိုက်သည်။

မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်သည် စေ့စပ်ထားသူဟူသော စကားကို ကြားလိုက်ရ သည့်အခါ၊ အေးစက်သော အလင်းရောင်တစ်ခုက သူ၏မျက်လုံးထဲတွင် လင်းလက် သွား၏။ ခန်းမထဲမှ အပူချိန်သည်ပင် တော်တော်လေး ကျသွားပုံရပါသည်။

ချီရှောက်ယန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်နေရင်း မထိန်းနိုင်ဘဲ တစပ်စပ် တုန်ယင်နေ၏။ သူသည် မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်ကို ပြန်ကြည့်ရန်ပင် သတ္တိ မရှိပေ။

ယခုအချိန်တွင် ချီရှောက်ယန်း၏နှလုံးသားသည် ပြိုလဲကျနေ၏။ သူ့အဖေဆီမှ စာကို လက်ခံပြီးကတည်းက သူသည် ဘယ်တော့မှ ပြန်မရပ်နိုင်တော့ပေ။

အရင်တုန်းက အပေါင်းသင်းဟောင်း လူ့ပေါ်ကြော့တွေကပင် သူ့ကို တယောက်ပြီး တယောက် သတင်းစကား ပေးပို့ပြီး ရှောင်ယန်ဂိုဏ်း၊ ဂိုဏ်းသခင်လေး၏ အမျိုးသမီးကို လုယူရဲသည်အထိ အစွမ်းထက်သည့်အတွက် သူ့ကို ချီးကျူးစကား ပြောဆိုကြသည်။ နောက်ဆုံးတွင်၊ သူသည် ဤကိစ္စကြီးကို မလုပ်ခဲ့သည့်အကြောင်း ထပ်ခါထပ်ခါ ရှင်းပြရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။

လမ်းမတွေပေါ်မှာ လမ်းလျှောက်သွားရင်း သူက “ချီရှောက်ယန်း”ပါဟု ပြောလိုက်သည် နှင့် ထိုလူတွေက တစ္ဆေသရဲကို မြင်သည့်အလား သူ့ဆီမှ ပုန်းရှောင်နေကြသည်ကို မြင်ရလျှင် သူသည် အရမ်းစိတ်ပျက်သွားခဲ့ရသည်။

ယခုဆိုလျှင် သူသည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးမှ ခေါ်ယူမေးမြန်းခြင်း ခံနေရပြီ။ ယခုဆိုလျှင် သူ၏နှလုံးသည် သူ၏လည်ချောင်းထဲသို့ တိုးဝင်လုနီးပါး ဖြစ်နေပြီ။ ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေး စိတ်မပျော်မရွှင်ဖြစ်ပြီး သူ့ကို ခုတ်ပိုင်း လိုက်ပါက သူ၏အဖေသည်ပင် နောက်ပိုင်းတွင် မည်သည့်စကားမှ မပြောဆိုဝံ့သည့် အတွက် သူသည် လွန်စွာ ထိတ်လန့် ကြောက်ရွံ့နေရ၏။

"ဒါဆို မင်းဟန်ဆောင်သွားတာ ဘယ်သူလဲ မင်း သိလား" မြေခွေးသားမွှေးဝတ်စုံနှင့် လူငယ်က အေးစက်စွာ မေးခွန်းထုတ်လိုက်ပြီး သူ၏မျက်လုံးများက ငွေရောင် ချိတ်ကဲ့သို့ ချီရှောက်ယန်းကို စိုက်ကြည့်နေ၏။

"မသိဘူး... ကျွန်တော် မသိပါဘူး၊ ဒါပေမယ့် ချင်ယွင် လုပ်ခဲ့တာလို့ ကျွန်တော် သံသယ ရှိပါတယ်။" ချီရှောက်ယန်းက ချက်ချင်း ပြောလိုက်ပါသည်။ ဤကာလအတွင်း သူ့အပေါ် ရန်ငြိုးထားသူမှာ ချင်ယွင်တစ်ဦးသာ ရှိ၏။ ထို့ကြောင့် သူ သံသယရှိသူမှာ လည်း ချင်ယွင်ဖြစ်လေသည်.

"ချင်ယွင်လား?" မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်က ထပ်ခါထပ်ခါ ရေရွတ်လိုက်၏။ သူသည် ထိုနာမည်နှင့် သိပ်ပြီးမရင်းနှီးပါဘူး။

"ဟုတ်တယ်၊ ချင်ယွင်ပါပဲ။ သူလုပ်တာ ဖြစ်ရမယ်။ သူက ကျွန်တော့်ရဲ့ အင်မော်တယ် သင်္ဘောကြီးကိုတောင် ဒီကိုလာတဲ့လမ်းခရီးမှာ ကြားဖြတ် လုယက်သွားသေးတယ်။ စီနီယာအစ်ကို လင်းဖန်ကလည်း ဒီကိစ္စကို သက်သေခံနိုင်ပါတယ်။" ချီရှောက်ယန်းက ဆက်ပြောလိုက်သည်။

မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်သည် ဘေးတွင် ဒူးထောက်နေသော လင်းဖန်အား လှည့်ကြည့်လိုက်လေသည်။

"မှန်ပါတယ်၊ ဂိုဏ်းသခင်လေး၊ ချီရှောက်ယန်းက ကျွန်တော်နဲ့ အမြဲရှိနေတယ်ဆိုတာကို ကျွန်တော် သက်သေခံနိုင်ပါတယ်။ တကယ်တော့ ချင်ယွင်ဆိုတဲ့ အကောင်တစ်ကောင် က ချီကလန်ရဲ့ အင်မော်တယ်သင်္ဘောကြီးကို ဓားပြတိုက်ပြီး ကျွန်တော်တို့ကိုလည်း လွှင့်ပစ်ခဲ့ပါတယ်။ နောက်ပြီး သူ့နောက်ကို လိုက်နေတဲ့ ဆံပင်ဖြူနှင့် အသက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးလည်း ပါပါသေးတယ်။" လင်းဖန်က မြေခွေးသားမွှေး ဝတ်စုံနှင့်လူငယ်ကို ကြည့်ကာ ပြောလိုက်လေသည်။

"ချင်ယွင်!" မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်၏ မျက်လုံးများသည် ချက်ချင်းပင် ပြင်းထန်သော အေးစက်မှုနှင့်အတူ ပွင့်ထွက်လာခဲ့သည်။ ချက်ချင်းဆိုသလို ခွန်အားကို သူ၏လက်ဖဝါးတွေဆီ ပို့လွှတ်လိုက်ပြီး သူ၏လက်ထဲမှ အဆင့်မြင့်အဆင့် ကျောက်စိမ်း ဘောလုံးနှစ်ခုသည် ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားပြီး သူ၏လက်ချောင်းတွေကြားမှ လွင့်ပျံသွားခဲ့သည်။

ခန်းမနံရံများပေါ်တွင် ထူထဲသော နှင်းခဲအလွှာများ စုပုံနေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် လင်းဖန် နှင့် ချီရှောက်ယန်းတို့သည် မထိန်းနိုင် တော့ဘဲ တုန်တုန်ယင်ယင် ဖြစ်သွားကြ၏။ မြေခွေးသားမွှေးဝတ်စုံနှင့် လူငယ်ကို ကြည့်သည့် သူတို့၏ အကြည့်များက အံ့ဩမှုနှင့် ရိုသေလေးစားမူတို့ဖြင့် ပြည့်နှက်နေ ၏။

"ပြောစမ်းပါဦး၊ ဒီချင်ယွင်ရဲ့ မူလအစက ဘာလဲ" မြေခွေးသားမွှေးဝတ်စုံနှင့် လူငယ်က အေးစက်စွာ မေးခွန်းထုတ်လိုက်ပြီး သူ၏အသံမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့် ရောထွေးနေသည်။

"ဒီချင်ယွင်က ထျန်းယွန်တိုက်ကြီးက လာတာဖြစ်ပါတယ်။ သူက ထျန်းယွန် တိုက်ကြီး ရဲ့ တကိုယ်တော် ကျင့်ကြံသူတစ်ဦးပါ" ချီရှောက်ယန်းက ပြောလိုက်ပါသည်။ ချီရှောက်ယန်းသည် ချင်ယွင်နှင့် ပတ်သက်ပြီး သိပ်မသိသည့်အတွက် သူ၏ စကားတွေ က တဝက်တပျက်နှင့် ရပ်သွားခဲ့ပြီး မှင်သေသေ ဖြစ်သွားရသည်။

"တစ်ခြား ဘာများရှိသေးလဲ?" မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်၏ မျက်ခုံးများက ချက်ချင်း တွန့်သွားခဲ့သည်။

ချီရှောက်ယန်းသည် အလွန်အမင်း ကြောက်လန့်နေ၏။ သူ၏မျက်လုံးတွေက ပြူးကျယ်သွား၏။ ရုတ်တရက် သူသည် ချင်ယွင်က ရန်စီချီအဖြစ် ဟန်ဆောင် ဝတ်စား ဆင်ယင်ပြီး သူ့ကို နောက်ပြောင်ခဲ့သည့် မြင်ကွင်းကို သတိရသွားပုံရသည်။ သူက အလျင်အမြန် ထပ်ပြောလိုက်သည် "ဒီချင်ယွင်မှာ ကိုယ်ပွားတစ်ခု ရှိပုံရပြီး ရန်စီချီ ဆိုတဲ့ အမျိုးသမီးလည်း ရှိပါသေးတယ်..."။

"ဘန်း…!"

သို့သော်လည်း သူ အစီရင်ခံချက် မပြီးဆုံးခင်မှာ အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ချီရှောက်ယန်း၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာသည်။

ချီရှောက်ယန်းသည် ငါးမီတာ သို့မဟုတ် ခြောက်မီတာအကွာအဝေးထိ လွင့်ထွက် သွား၏။ သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ပါးစပ်မှ သွေးများ စီးထွက်လာသည်။ သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာဖြင့် မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်ကို ကြည့်လိုက်လေသည်။

မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်၏ မျက်လုံးများသည် နှင်းခဲကဲ့သို့ အေးစက်နေပြီး သူက အေးစက်စွာ ပြောလိုက်သည် " မင်းပြောခဲ့သမျှကို သူက ချန်ကလန်မှာ ထုတ်ပြောပြီးသွားပြီ။ တကယ်လို့ မင်းမှာ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ မရှိဘူးဆိုရင် ဒီနေ့ မင်း အသက်မရှင်နိုင်တော့ဘူး"

သူ ထိုစကားပြောပြီးသည့် နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ် အငွေ့အသက်က လူငယ်၏လက်ဖဝါးထဲမှာ ပျံ့နှံ့လာခဲ့သည်။

ချီရှောက်ယန်းသည် အလွန်ထိတ်လန့်သွားပြီး သူ၏နှလုံးသားက ပို၍ပင် စိုးရွံ့သွားလေ သည်။

ရုတ်တရက် သူသည် တစ်ခုခုကို တွေးမိလိုက်ပုံရပြီး ပြောလိုက်သည် "အင်မော်တယ် သင်္ဘောကြီးမှာ ကျွန်တော်တို့ ချီကလန်ရဲ့ အမှတ်အသား ရှိပါတယ်။ ကျွန်တော်က သူ့ကို ဂိုဏ်းသခင်လေး ရှာတွေ့အောင် ကူညီပေးနိုင်ပါတယ်"

"အိုး?" မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်သည် ထိုစကားကို ကြားသောအခါ သူ၏ လက်ထဲမှ အအေးစွမ်းအင်ကို ဖြည်းညင်းစွာ ရုတ်သိမ်းလိုက်ပြီး ချီရှောက်ယန်းကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည် "ကောင်းပြီလေ၊ ဒါဆိုလည်း ငါ မင်းကို အသက်ရှင်ခွင့် ပေးလိုက်မယ်။ အခု ချင်ယွင်ကို သွားရှာတော့။ မင်း သူ့ကို ရှာတွေ့တာနဲ့ ငါ့ဆီ သတင်းပို့လိုက်ပါ။ တကယ်လို့ မင်း သူ့ကို မရှာနိုင်ဘူးဆိုရင်တော့၊ ဟမ့်, မင်းတင်မကဘူး မင်းရဲ့ ချီကလန်တစ်ခုလုံးပါ မင်းနဲ့အတူ မြှုပ်နှံရလိမ့်မယ်။"။

“ဟုတ်…. ဟုတ်… ဟုတ်ကဲ့ပါ၊” ဒီလက်အောက်ငယ်သားက အခုပဲ သွားပါ့မယ်" ချီရှောက်ယန်းက ဆောလျင်စွာ ခေါင်းငုံ့ပြီး ခန်းမထဲမှ ပြေးထွက်သွားလေသည်။

"လင်းဖန်၊ မင်းလည်း သူ့နောက်ကို လိုက်သွားလိုက်ပါ။ ချင်ယွင်အကြောင်း ကြားတာနဲ့ ချက်ချင်းပဲ ငါ့ဆီကို သတင်းပို့လိုက်ပါ။" မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်က သူ၏ ဘေးမှာ ဒူးထောက်နေသည့် လင်းဖန်ကို ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ၊ ဂိုဏ်းသခင်လေး" လင်းဖန်သည် အမိန့်ကို ကမန်းကတန်း လက်ခံလိုက်ပြီး အမြန်ထွက်သွားတော့သည်။

ရှောင်ယန်ဂိုဏ်း၏ဂိုဏ်းသခင်လေးသည် သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုက်စိတ် နှင့်အတူ ထွက်ခွာသွားသော ပုံရိပ်နှစ်ခုကို ကြည့်နေလေသည်။

"ချင်ယွင်၊ ချင်ယွင်၊ မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ မင်းက ငါ့ဆီကနေ မိန်းမတစ်ယောက်ကို ခိုးယူဝံ့တယ်ဆိုမှတော့ မင်း ဒီကမ္ဘာကြီးကို ရောက်လာတဲ့ အတွက် နောင်တရစေရမယ်။ နောက်ပြီး ချန်မင်ရှီဆိုတဲ့ကောင်မကလည်း ငါ့ကို သစ္စာဖောက်ဝံ့တယ်ပေါ့။ မင်းတစ်သက်လုံး နောင်တရအောင် ငါ လုပ်ပေးဦးမယ်။" မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်သည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့်အတူ ပေါက်ကွဲထွက်နေလေသည်။ သူပြောပြီးသည်နှင့်၊ မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်၏ ရုပ်အသွင်သည် ဖျတ်ခနဲ လင်းလက်သွားပြီး ပုံရိပ်ယောင်များအဖြစ် ဆက်တိုက် ပြောင်းလဲကာ ခန်းမထဲမှ ထွက်ခွာသွားလေသည်။

"အောင်း…..!"

ဧရာမ အဖြူရောင်ရေနဂါးကြီးသည် ချောက်နက်ကြီးထဲမှ ပျံထွက်လာသည်။ ယွန်ဟောင်ယန်၏ ခြေချောင်းများသည် လေဟာနယ်ကို ထိသွားပြီးနောက် သူသည် အဖြူရောင်ရေနဂါးကြီး၏လည်ပင်းပေါ်တွင် တိုက်ရိုက် ရပ်နေလေသည်။

"အရှေ့တောင်ဘက်မှာရှိတဲ့ ချန်ကလန်ကို သွားစမ်း….။"

မြေခွေးသားမွှေးဝတ်စုံနှင့်လူငယ်က အမိန့်ပေးလိုက်သည်နှင့် အဖြူရောင် ရေနဂါးကြီးသည် တိမ်ပင်လယ်ထဲသို့ ဖြတ်သန်းကာ လျင်လျင်မြန်မြန်ဖြင့် ပျောက်ကွယ်သွားလေသည်။

All Chapters