← Chapters

အခန်း (၅၄၆-၅၅၀)

Vol. 37 Ch. 546-550

အခန်း (၅၄၆-၅၅၀)

Vol. 37 Ch. 546-550

အခန်း (၅၄၆) ဝက်ဝံပေါက်ကလေး။

လျှိုလင်းထွက်ခွာသွားပြီးနောက် ချင်ယွင်သည် ရန်စီချီ၊ ချန်မင်ရှီနှင့် အခြားလူများကို ခေါ်ဆောင်ကာ အရှေ့ဘက်ဒေသရှိ ဟောင်ကလန်ဆီသို့ ဦးတည်သွားလေသည်။

လေဟာနယ်ဖြတ်ကျော်ခြင်းကို ခေါက်တုံ့ခေါက်ပြန် အကြိမ်ပေါင်းများစွာ တွေ့ကြုံ ပြီးနောက်၊ ချင်ယွင်နှင့် သူ၏အဖွဲ့သည် ဟောင်ကလန်တည်ရှိရာ တုန်းဝူမြို့သို့ ရောက်ရှိ လာခဲ့ပါသည်။

အကျယ်အဝန်းအရဆိုလျှင်၊ တုန်းဝူမြို့သည် ယုကျိုးမြို့လောက် မကျယ်ဝန်းပေ။ တုန်းဝူမြို့သည် ယုကျိုးမြို့လို ပြေပြစ်ပြီး ရှေးဟောင်းဆန်သော မြို့တစ်ခု မဟုတ်သော် လည်း ယုကျိုးမြို့ထက် အနည်းငယ် ပိုပြီး အရိုင်းဆန်ကာ ကြမ်းတမ်း၏။ ယင်းက တုန်းဝူမြို့ကို ပိုပြီးခမ်းနားထည်ဝါစေသယောင်ပင်။

အရှေ့မြောက်ဒေသရှိ ဟောင်ကလန်သည် အင်မော်တယ်ရေကန်အနီးရှိ တုန်းဝူရေကန် ၏ အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိ၏။ ချန်ကလန်ကဲ့သို့ ကျယ်ဝန်းသော ဧရိယာကို သိမ်းပိုက်ထားခြင်းမရှိသော်လည်း သာမန်စံအိမ်များ နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပါ။ မြို့အတွင်းအတွင်းမှာ သီချင်းမျိုးစုံပေါင်း ရာနှင့်ချီကြားနေရပြီး ထောင်နှင့်ချီသော ခရီးစဉ်များ သွားလာနေကြကာ မရေမတွက်နိုင်သော ခြံဝင်းများစွာလည်း ရှိနေပါသည်။

ချင်ယွင်နှင့် အခြားသူများသည် မြို့ထဲသို့ လျှောက်လှမ်းလာရင်း ဟောင်ကလန်၏ စံအိမ်ကြီးရှိရာဆီသို့ ဦးတည်သွားကြသည်။

လမ်းဘေးနှစ်ဖက်စလုံးတွင် ကုန်သည်များနှင့် စျေးသည်များရှိနေကြပြီး လိုချင်စရာ ပစ္စည်းအမျိုးမျိုးကိုလည်း ရောင်းချနေကြ၏။ ထိုအထဲတွင် ထျန်းယွန်တိုက်ကြီး၏ စျေးကွက်မှာတွေ့ရသည့် အဆင့်မြင့်အဆင့် ပစ္စည်းတွေထက် ပိုပြီးချမ်းသာကြွယ်ဝ သော ကျင့်ကြံသူများသာ အသုံးပြုနိုင်သည့် ပစ္စည်းအများပြားလည်း ရှိနေပါသည်။

ရန်စီချီ နှင့် ချန်မင်ရှီတို့သည် ဈေးထဲသို့ အလည်အပတ် ထွက်လာရသည့်အတွက် အလွန်ပျော်ရွှင်နေကြ၏။ သူမတို့သည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရူရင်း အရာရာကို စူးစမ်းလိုကြ၏။

ထို့ကြောင့် ချင်ယွင်နှင့် အခြားသူများ၏ မူလကတည်းက နှေးကွေးသော အရှိန်သည် ပို၍ပင် နှေးကွေးလာလေသည်။ ချင်ယွင်သည် တံခါးပိတ်ပြီး ကျင့်ကြံခြင်းဝင်ရောက်ရန် အလျင်လိုနေသော်လည်း အခုလို အချိန်မျိုးကိုတော့ စွန့်လွှတ်လိုစိတ်မရှိပါဘူး။ ထိုကြောင့် သူသည် သူမတို့နှစ်ယောက်စလုံးကို လုံလောက်သည့် ပျော်ရွှင်မှုရအောင် လွှတ်ထား ပေးရန် ဆုံးဖြတ်လိုက်သည်။

တုန်းဝူမြို့ကို ရောက်လာစဉ်ကတည်းက ဟောင်ခွန်၏အမူအရာက လေးလံလာခဲ့ သည်။ ချင်ယွင် သိသည်မှာ သူသည် ကျေးလက်ကို ကြောက်သောကြောင့် ဖြစ်လိမ့်မည် ဟု ထင်သည်။

ဟောင်ခွန်သည် ဟောင်ကလန်ကို မပြန်ချင်ဟု ပြောခဲ့ဖူးသော်လည်း သူသည် သူ၏ နှလုံးသားထဲမှာ ဤနေရာကို လွမ်းနေသေးသည်ကို ချင်ယွင် သိနိုင်ပါသည်။

"အနှစ်ငါးရာ။ အနှစ်ငါးရာ ကုန်ဆုံးပြီးတာတောင်မှ ဒီနေရာက ရှုခင်းတွေက အတူတူ ဖြစ်နေတုန်းပဲလို့ ထင်မှတ်မထားခဲ့ဘူး။ အရာအားလုံး ကွဲပြားသွားတာ သနားစရာပဲ" ဟောင်ခွန်သည် ဗူးသီးခြောက်ထဲမှ ဝိုင်ကို တစ်ချိုက်မော့လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်၏။

ချင်ယွင်သည် ဝမ်းနည်းပူဆွေးရိပ်သမ်းနေသော ဟောင်ခွန်ကို ကြည့်ရင်း သူ၏စိတ်က အနည်းငယ် ထိုင်းမှိုင်းနေသည်။ သူ၏အိမ်သည် နှစ်ထောင်ပေါင်းများစွာကတည်းက အတိုင်း အတူတူပင်ဟု ခန့်မှန်းရပါသည်။

"ဒီသခင်လေးအတွက် သူတို့အားလုံးကို ဖမ်းလိုက်စမ်း...။"

သို့သော်လည်း ထိုအချိန်တွင် အော်သံတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်နှင့် ဟောင်ခွန်တို့၏ အတွေးများကို အနှောင့်အယှက် ပေးလိုက်သည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး အသံကြားရာဘက်ကို လှည့်ကြည့် လိုက်၏။ သေချာပါသည်၊ ရန်စီချီ နှင့် ချန်မင်ရှီတို့ တစ်ခုခု ဖြစ်သွားသည့်အတွက် ချင်ယွင်သည် သူမတို့ဆီသို့ ချက်ချင်း လျှောက်သွားလိုက်သည်။

သို့သော် ချင်ယွင်သည် လူအုပ်ကြားထဲမှ ဖြတ်သန်းသွားလာရင်း သူ၏ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူသည် အံ့အားသင့်သွားသွားရ၏။ ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ခါးပေါ်တွင် လက်နှစ်ဖက်ထောက်ကာ အလွန်မောက်မာသည့်ပုံ ပေါ်နေလေသည်။

သူ၏နောက်မှာ အစောင့်နှစ်ယောက် ရပ်နေသည်။ ဤအစောင့်နှစ်ယောက်စလုံးသည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်တွင်ရှိနေကြပြီး သူတို့၏ မျက်လုံးတွေက ထူးထူး ခြားခြား စူးရှ၏။

စောစောလေးက ထိုအော်သံသည် အသက်ရှစ်နှစ်အရွယ် ကလေးငယ်၏ ပါးစပ်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ဖမ်းခံရသူများမှာ ရန်စီချီ နှင့် ချန်မင်ရှီတို့ ဖြစ်လေ သည်။

သို့သော်လည်း ရန်စီချီ နှင့် ချန်မင်ရှီတို့သည် လောလောဆယ်တွင် သူမတို့၏ ပါးစပ်ကို ဖုံးကွယ်ကာ ပျော်ရွှင်စွာဖြင့် ပြုံးရယ်နေကြသည်။

"ဘာတွေဖြစ်နေတာလဲ?" ချင်ယွင်က ရန်စီချီကို စိတ်ရှုပ်ထွေးစွာ ကြည့်ကာ မေးလိုက်၏။

"မင်း သူ့ကိုရော မေးကြည့်ဖူးလား။" ရန်စီချီက ချိုချိုသာသာ ပြုံးလိုက်ပြီး ယင်းက လူတိုင်းကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေ၏။

ထိုစကားကို ကြားလျှင် ချင်ယွင်က ပိုလို့တောင် ရှုပ်ထွေးသွားလေသည်။

သို့သော် ဤအခိုက်အတန့်တွင် မောက်မာသောပုံစံရှိသည့် ထိုကလေးငယ်သည် သူ့ကို တစ်စုံတစ်ခုကို ပြောလိုက်လေသည်။ သူသည် ချင်ယွင်ကို အကြည့်တစ်ချက်ဖြင့် အပေါ်အောက် ငုံ့ကြည့်ရင်း "ဟိတ်ကောင်စုတ်လေး...၊ ဒီနတ်သမီး ညီအစ်မနှစ်ဖော်က မင်းနဲ့ ဘယ်လိုပတ်သက်လဲ?"

ချင်ယွင်သည် ပြောစရာစကားပင် မဲ့သွားရလေသည်။ ဤဝက်ဝံပေါက်ကလေးက ဘယ်က လာတာလဲ။ ဒီကောင်လေးက သူ့ကို တကယ်ကြီးကို ကောင်စုတ်လေးလို့ ခေါ်လိုက်တာလား။ မည်သူက မည်သူ့ထက် ငယ်လဲဆိုတာတောင် သူ မကြည့်တတ် ဘူးလား။

"ဒီသခင်လေးက မင်းနဲ့ ဒီနတ်သမီးညီအစ်မတို့ရဲ့ ဆက်ဆံရေးကို ဂရုမစိုက်ဘူး။ အခု သူမတို့နှစ်ယောက်က ငါ့မိန်းမတွေ ဖြစ်သွားပြီ။ မင်းက သွားပြီး ဆော့ကစားနေတော့" ချင်ယွင် ပါးစပ်မဖွင့်ဟခင်မှာ သူ၏ရှေ့မှ ထိုကောင်ငယ်လေးက ထိတ်လန့် တုန်လှုပ်စရာကောင်းသည့် စကားတစ်ခွန်းကို ထပ်ပြောလိုက်ပြန်လေသည်။

ချင်ယွင်သည် ချက်ချင်းပင် ဒေါသနှင့် ရယ်စရာ နှစ်မျိုးလုံးကို ခံစားလိုက်ရ၏။ ရန်စီချီ နှင့် ချန်မင်ရှီ အဘယ့်ကြောင့် တစ်ချိန်လုံး ရယ်မောနေလဲဆိုသည်ကို နောက်ဆုံးတော့ သူ နားလည်သွားခဲ့ပါပြီ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဤကောင်စုတ်လေး၏ သူမတို့အပေါ် ဆက်ဆံမူက သူမတို့အတွက် ရယ်ရွှင်စရာဖြစ်နေပါသည်။

"မင်းအသက်က ဘယ်လောက်ရှိပြီလဲ၊ မင်းက အမွှေးတောင် စုံအောင် မပေါက်သေးပါ ဘူး။ အခု မင်းက သူများမိန်းမတွေကို လုယက်နည်းကို သင်ယူနေပြီလား။" ချင်ယွင်က ပြုံးပြီး အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။

ရန်စီချီသည် သူ၏ နောက်ပြန်ကြေးခွံဖြစ်သော်လည်း၊ ထိုမျိုးမစစ်ကောင်စုတ်လေးကို တော့ သူ့အနေဖြင့် မနာလိုဖြစ်စရာ မလိုအပ်ပေ။

ချင်ယွင်၏ မထီမဲ့မြင်ပြုသည့်စကားကို ကြားလိုက်ရလျှင် ထိုကောင်စုတ်လေးသည် ချက်ချင်းပင် စိတ်မချမ်းမသာ ဖြစ်သွား၏။ သူက ဒေါသတကြီး ပြောလိုက်သည် "ဟမ့်၊ ငါ့ဟာငါ အသက်ငယ်ရွယ်နေတာ မင်းနဲ့ ဘာဆိုင်လဲ။ ငါက အသက်ငယ်ငယ်နဲ့ မိန်းမတစ်ယောင်တောင် ရှိလို့မရဘူးလား။ ဟင်၊ မျိုးမစစ်ကောင်လေး၊ ငါ့ဆရာ ဘယ်သူလဲဆိုတာ မင်းသိရဲ့လား" ငါ မင်းကို အသံကျယ်ကျယ်နဲ့ ပြောပြလိုက်ရင် မင်း လန့်သေသွားမှတောင် စိုးရတယ်”။

ဒါဆို "မင်းရဲ့ ဆရာက ဘယ်သူလဲ။" ချင်ယွင်က အပြုံးနှင့်အတူ မေးလိုက်သည်။

"သေချာနားထောင်စမ်း၊ ငါ့ဆရာက ချင်ယွင်လို့ ခေါ်တယ်။" ဝက်ဝံပေါက်ကလေးက မောက်မာစွာ ပြောလိုက်သည်။

ချင်ယွင်သည် သူ၏ခြေဖဝါးအောက်ခြေက တလှုပ်လှုပ်ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ သူသည် ထိုအယုတ်တမာကောင်လေးကို ကြည့်ပြီး “ ဘယ်သူလဲ” ဟု မေးမြန်းကြည့်သည်။

"ဟမ့်၊ မင်းက ငါ့ဆရာနာမည်တောင်ကို မကြားဖူးဘူးလား။ မင်း သိုင်းလောကမှာ လှည့်လည်ပြီး ခရီးထွက်ဖို့ မထိုက်တန်သေးဘူး။ ဒီလိုဆိုမှတော့ ငါ မင်းကို ပြောပြပေး မယ်။ ငါ့ဆရာချင်ယွင်ဟာ လွန်ခဲ့တဲ့ သုံးရက်ကမှ ချန်ကလန်မှာ သတ်ဖြတ်ခဲ့ပြီး ရှောင်ယန်ဂိုဏ်းရဲ့ဂိုဏ်းသခင်လေးနဲ့ စေ့စပ်ထားသူကို လုယူသွားခဲ့တဲ့ ချင်ယွင်ပဲပေါ့။ မင်းက ကြောက်သွားပြီမဟုတ်လား။" ထိုကောင်စုတ်လေးသည် ကမ္ဘာကြီးကိုပင် အထင်သေးဟန်ဖြင့် ပြောလိုက်လေသည်။

ချင်ယွင်၏အကြောင်းကို ပြောနေစဉ်မှာ သူ၏မျက်နှာလေးသည် သဘောကျပြီး လေးစားမူအပြည့် ဖြစ်နေ၏။

ရန်စီချီ နှင့် ချန်မင်ရှီတို့သည် ထိုအကြောင်းကိုကြားရလျှင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြတော့သည်။

ချင်ယွင်၏ ခေါင်းပေါ်ရှိ အနက်ရောင်ဆံပင်ရှည်များသည် အချိန်အတော်ကြာအောင် ရှုပ်ယှက်ခတ်သွားလေသည်။ ဤအယုတ်တမာကောင်လေးသည် သူ့ဆီမှ မိန်းမလှ လေးတွေကို မည်သို့ခိုးယူရမလဲဆိုသည်ကို သင်ယူထားလေသည်။ ထို့အပြင်၊ သူသည် အခု သူ့ဆီမှ ပြန်ခိုးယူနေခြင်း ဖြစ်လေသည်။

"မင်းရဲ့ ဆရာချင်ယွင်ကို မင်းက လေးစားတယ်ပေါ့” ချင်ယွင်က မျက်နှာမှုန်ကုတ်ကုတ် အမူအရာဖြင့် မေးလိုက်သည်။

"သေချာပေါက် လေးစားတာပေါ့။ ငါ့ဆရာချင်ယွင်က ငါ့နှလုံးသားထဲမှာ အကြီးမြတ်ဆုံး တည်ရှိမူကြီးပဲလေ။ ငါ ကြီးပြင်းလာတဲ့အခါ ကမ္ဘာပေါ်မှာရှိတဲ့ မိန်းမလှလေးတွေ အားလုံးကို စုဆောင်းပြီး အဲဒီမိန်းမလှလေးတွေအားလုံးကို အိမ်ပြန်သယ်သွားမယ်။" ဝက်ဝံပေါက်ကလေးသည် ကျေနပ်သောအကြည့်ဖြင့် ပြောလိုက်လေသည်။

"မင်းရဲ့ဆရာက မင်းလောက် ရည်မှန်းချက်ကြီး မကြီးမားပါဘူးကွာ။" ချင်ယွင်သည် ချက်ချင်းပင် ခေါင်းခါယမ်းလိုက်မိသည်။

"သောက်အရေးမပါလိုက်လာ၊ မင်းက ငါ့ဆရာရဲ့ ရည်မှန်းချက်တွေကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ တကယ်လို့ မင်းက ငါ့ဆရာကို ထပ်ပြီး အရှက်ခွဲဖို့ သတ္တိရှိရင် ဒီနေ့ မင်းနဲ့ ငါ အဆုံးသတ်ရှိမှာ မဟုတ်တော့ဘူး။" ဝက်ဝံပေါက်ကလေး၏ မျက်နှာသည် ချက်ချင်းပင် ဒေါသအမျက် ထွက်သွားလေသည်။

ရန်စီချီ နှင့် ချန်မင်ရှီတို့သည် မတ်တပ်မရပ်နိုင်လောက်အောင် အသည်းအသန် ရယ်မောနေပြီ ဖြစ်သည်။

"သွားပါပြီ...။ ဒီကလေးကတော့ မျှော်လင့်ချက်မဲ့သွားပါပြီ။" ချင်ယွင်သည် ဝမ်းနည်းသော အမူအရာဖြင့် သူ့နဖူးကို ပုတ်လိုက်မိသည်။

ရန်စီချီက ချင်ယွင်ကို အကြည့်တစ်ချက် ပစ်လိုက်ရင်း ပြုံးပြလိုက်သည်။ သူမက ပြုံးရင်း ပြောလိုက်သည် “ကြည့်ရတာ၊ နင်က ဒီကလေးငယ်လေးကို ဖျက်ဆီးလိုက်ပြီး ထင်ပါတယ်”..။

သို့သော်လည်း ဝက်ဝံပေါက်ကလေးသည် ရယ်စရာကို ရှာတွေ့ဟန် မတူပေ။ သူ၏မျက်နှာတွင် လေးနက်သော အမူအရာရှိနေလေသည်။ သို့သော်လည်း သူ၏ ထိုလေးနက်သော အမူအရာကပင် ချင်ယွင်နှင့် အခြားသူများကို ပို၍ပင် ရယ်စရာ ဖြစ်စေသည်။

"ကလေး၊ ငါ ဘယ်သူလဲဆိုတာ မင်းသိရဲ့လား" ချင်ယွင်က သူ့နှာခေါင်းကို ညွှန်ပြရင်း ဝက်ဝံပေါက်ကလေးကို မေးလိုက်သည်။

"မင်း ဘယ်သူလဲဆိုတာကို ငါ ဂရုမစိုက်ဘူး။ မင်းရဲ့နောက်မှာရှိတဲ့ နတ်သမီး ညီမနှစ်ယောက်ကို ဒီနေ့ ငါ့အိပ်ယာကို နွေးနွေးထွေးထွေး ဖြစ်စေဖို့အတွက် ငါ ခေါ်သွားချင်တယ်" ဝက်ဝံပေါက်ကလေးက မောက်မာစွာ ပြောလိုက်သည်။

ချင်ယွင်သည် ချက်ချင်းပင် စကားမပြောနိုင်အောင် ဖြစ်သွားရသည်။ သူသည် ဝက်ဝံပေါက်ကလေးကို တိုက်ရိုက် ကောက်ကိုင်လိုက်ပြီး သူ့ခြေထောက်ကို ဖိထားကာ တင်ပါးကို ရိုက်ပုတ်မိတော့မည်။

ဝက်ဝံပေါက်ကလေး ခေါ်ဆောင်လာသော အစောင့်နှစ်ယောက်သည် သူတို့၏ သခင်လေးကို ဖမ်းမိသွားသည်ကို မြင်လိုက်ရလျှင် ချက်ချင်းပင် ရှေ့သို့ ပြေးလာ ကြသည်။

သို့သော်လည်း ထိုအချိန်တွင် ဟောင်ခွန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တံဆိပ်ပြား တစ်ခုကို ထုတ်လိုက်သည်။

အစောင့်နှစ်ယောက်သည် ထိုတံဆိပ်ပြားကို မြင်လိုက်ရသည့်အခါ သူတို့၏ အမူအရာတွေက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် သူတို့လက်ထဲမှ လက်နက်တွေကို အမြန်ပစ်ချလိုက်ပြီး မြေပြင်ပေါ် ဒူးထောက်လိုက်ကြသည်။

"ငါ ပြောပြမယ်နော်၊ ငါ့အဖိုးက ဟောင်ကလန်ရဲ့ အကြီးအကဲနော်။ တကယ်လို့ မင်း ငါ့ကို ရိုက်ဝံ့ရင် သူက သေချာပေါက် သေချာပေါက် သိလိမ့်မယ်..."

ချင်ယွင်က လျစ်လျူရှုပြီး ဝက်ဝံပေါက်ကလေး၏ တင်ပါးကို ရိုက်လိုက်လေသည်။

“ဝါး......…”

ဝက်ဝံပေါက်ကလေးသည် ချက်ချင်းပင် မျက်ရည်ဝဲလာပြီး ကျီကျီပါအောင် အော်ငိုတော့သည်။

"မင်းက မိန်းမလှတွေကို လုယက်ချင်သေးလား" ချင်ယွင်သည် တင်ပါးကို ရိုက်နှက်ရင်း မေးခွန်းထုတ်လိုက်သည်။

“လုယက်ဦးကွာ..။ အီး….။ နာတယ်….”

ဝက်ဝံပေါက်ကလေးသည် ကျယ်လောင်စွာ အော်ဟစ်နေသော်လည်း သူ၏ စရိုက်က ခေါင်းမာပြီး အရှုံးကို ဝန်ခံရန် ငြင်းဆိုနေခဲ့သည်။

အခန်း (၅၄၇) ဟောင်ကလန်၏ ကလန်ခေါင်းဆောင်အဟောင်း။

ဝက်ဝံပေါက်ကလေးသည် ချင်ယွင်၏ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း။ သူ မည်မျှ ပင်ပင်ပန်းပန်း ရုန်းကန်နေပါစေ ချင်ယွင်၏လက်ငါးချောင်း တောင်တန်းအောက်မှ ရုန်းမထွက်နိုင်ခဲ့ပါ။

ချင်ယွင်က သူ၏ခြေထောက်ကို ဖိနှိပ်လိုက်ပြီး ဝက်ဝံပေါက်ကလေး၏တင်ပါးကို အရူးအမူး ရိုက်ပုတ်ကာ ကျယ်လောင်စွာ အော်မေးနေသည်။

ဤအယုတ်တမာကောင်လေးသည် ဟောင်ကလန်မှ ဆင်းသက်လာသူ ဖြစ်မည်ဟု ချင်ယွင်က ခန့်မှန်းထားပြီး ဖြစ်သည်။ သူသည် ဟောင်ခွန်နှင့် အနည်းနှင့်အများ ဆက်စပ်နေပြီ။ သူသည် ဤကောင်ဇိုးလေးကို အလိုလိုက်လို့မရပေ။ သို့သော်လည်း သူသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်း မရှိခဲ့ပါဘူး..။

"မင်း အခု ယုံပြီလား" ချင်ယွင်က မျက်ရည်ကျနေသော ကောင်ဇိုးလေးအား ကြည့်ပြီး ပြုံးကာ မေးလိုက်သည်။

"မယုံဘူး... မင်း ငါ့ကိုရိုက်ရင်တောင် ငါလက်မခံဘူး!"

ဝက်ဝံပေါက်ကလေး၏ ပင်ကိုယ်စရိုက်သည် အမှန်တကယ်ပင် ခေါင်းမာလွန်းသည်။ သူသည် သနားစဖွယ် အရိုက်ခံနေရသော်လည်း အရှုံးနိမ့်ကိုဝန်ခံရန် ငြင်းဆန်နေတုန်း ဖြစ်သည်။ ဤအရာက ချင်ယွင်၏ နှလုံးသားထဲတွင် အကောင်းမြင်စိတ် တစွန်းတစ မြင့်တက်လာခဲ့သည်။

"ဒါဆိုလည်း ငါ မင်းကို ဒူးထောက်အရှုံးပေးတဲ့အထိ ရိုက်နှက်မယ်ကွာ!"

ချင်ယွင်က နောက်တစ်ကြိမ် ရိုက်နှက်ရန် ဟန်ဆောင်လိုက်သော်လည်း စိတ်နှလုံးသား နူးညံ့သိမ်မွေ့သော ရန်စီချီက သူ့ကို တားလိုက်သည်။ ထို့ကြောင့် သူသည် ဤအယုတ်တမာကောင်လေးကို လွှတ်ထားလိုက်ရတော့သည်။

"ကလေးလေး၊ သူဘယ်သူလဲဆိုတာ မင်းသိရဲ့လား? သူက မင်းသိပ်ကိုလေးစားရတဲ့ မင်းရဲ့ဆရာချင်ယွင်ပဲလေ.." ရန်စီချီက ဝက်ဝံပေါက်ကလေးကို ပြုံးပြီး ပြောလိုက်သည်။

သူမသည်လည်း ဤကလေးလေးကို အလွန်ချစ်ခင်မိသည်။ ဤကလေးလေးသည် အလွန်ထူးဆန်းလွန်းသည်။ သူသည် ငယ်ရွယ်နုပျိုနေသည်မှာ ထင်ရှားသော်လည်း သူ စကားပြောသည့်အခါ လူကြီးတစ်ယောက်လို ဟန်ဆောင်နေသေးသည်။

"ဟမ့်၊ ငါ မယုံဘူး။ မင်းက ငါ့ကို လိမ်နေတာဖြစ်မယ်။ ငါ့ဆရာက ဒီလိုပုံစံမျိုး ဖြစ်နိုင်ပါ့မလား" ရန်စီချီ၏ စကားကိုကြားလိုက်ရလျှင် ဝက်ဝံပေါက်လေးသည် အံ့အားသင့်သွား၏။ သူသည် ခေါင်းကိုပြန်လှည့်ပြီး ချင်ယွင်ကို အထင်သေးပြီး ရှုတ်ချသော အကြည့်ဖြင့် နောက်တဖန် ကြည့်လိုက်ပြန်သည်။

ချင်ယွင်သည် အချိန်အတော်ကြာအောင် စကားမပြောခဲ့သော်လည်း သူသည် ဤကောင်ဇိုးလေး၏ နောက်တကြိမ် မထီမဲ့မြင်ပြုခြင်းကို ခံလိုက်ရပြန်သည်။ သူက ဒေါသတကြီး မေးလိုက်သည် "ဒါဆို မင်းရဲ့ဆရာချင်ယွင်က ဘယ်လိုမျိုးလဲ"

"ဟမ့်၊ ငါ့ဆရာက အရပ်ရှည်ရှည်နဲ့ သန်မာထွားကြိုင်းတယ်။ သူက လေလာရာယိမ်းတဲ့ ကျောက်စိမ်းသစ်ပင်လို မင်းလို ချောမောတဲ့ကောင်လေးမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ။" ဝက်ဝံပေါက်လေးသည် နှုတ်ခမ်းကိုထော်ကာ မထီမဲ့မြင်ပြုဟန်ဖြင့် ပြောလိုက် သည်။

"ဖူး…..!"

ရန်စီချီ နှင့် ချန်မင်ရှီတို့သည် သူမတို့၏ ပုံရိပ် လုံးဝပျောက်ကွယ်သွားသည်အထိ မရပ်မနား ရယ်မောလိုက်ကြလေသည်။ ဤဝက်ဝံပေါက်ကလေးသည် အမှန်တကယ် ပင် ရယ်စရာကောင်းလွန်းသည်။

ချင်ယွင်သည်လည်း ရယ်ရမလား ငိုရမလား မသိတော့ပေ။ သူသည် ဤဝက်ဝံ ပေါက်ကလေး၏ ချောမောလှပသော ယောက်ျားလေးတစ်ဦးအဖြစ် လှောင်ပြောင်ခံရ လိုက်ရပြီး ဤအကြိမ်သည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ဖြစ်ပါသည်။

သို့သော်လည်း ဝက်ဝံပေါက်လေးသည် တစ်စုံတစ်ခု လွဲမှားနေကြောင်း တွေ့ရှိသွားသည်။ သူ၏မျက်လုံးဝိုင်းကြီးတွေကို ဆက်တိုက်ဆိုသလို တလှိမ့်လှိမ့် လုပ်နေသည်။ အရင်ဆုံး သူသည် ရန်စီချီ နှင့် ချန်မင်ရှီတို့ကို ဂရုတစိုက် စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ထို့နောက် ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူသည် အလွန်အမင်း မယုံကြည်နိုင်သော အမူအရာဖြင့် "မင်းက တကယ်ပဲ ငါ့ဆရာ ချင်ယွင်လား။"

ချင်ယွင်က သူ၏မျက်လုံးတွေကို လှိမ့်ကာ ကစားလိုက်ရင်း "ကျုပ်က ချင်ယွင်လို့ခေါ် ပေမယ့် မင်းရဲဆရာတော့ မဟုတ်ဘူး!"

"ဆရာသခင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ။ ကျွန်တော့်ရဲ့ ဆရာသခင်အဖြစ် ဆရာ့ကို ဆည်းကပ်ခွင့်ရဖို့က ကျွန်တော့်ဘဝမှာ အကြီးမားဆုံး ဆန္ဒဖြစ်ပါတယ်" ထိုကောင်ဇိုးလေးသည် အော်ပြောလိုက်ရင်း ရုတ်တရက် ခုန်ပေါက်ကာ ချင်ယွင်၏ပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိမ့်မည်ဟု မည်သူကရော ထင်ထားမိမှာလဲ။

ချင်ယွင်သည် တကယ်ကို ပြောစရာစကားမရှိ ဖြစ်နေရ၏။ ဒီဘဝမှာ မင်းရဲ့ အကြီးမားဆုံးဆန္ဒ ဟုတ်လား။ မင်းအသက်က ဘယ်လောက်ရှိသေးလို့လဲ? အသက် ရှစ်နှစ်။ မင်းရဲ့သုံးစားမရသေးတဲ့ ဘဝတစ်ခုလုံးကို ငါက မသိနိုင်ဘူးလား”။

"မင်းက ငါ ချင်ယွင်ဖြစ်တယ်ဆိုတာကို မယုံဘူးမဟုတ်လား? မင်းက ရုတ်တရက် ငါ့ကို ဘာလို့ ထပ်ပြီး ယုံကြည်ရလဲ" ချင်ယွင်က မေးလိုက်သည်။

"အဲဒါက အရမ်း ရိုးရှင်းပါတယ်။ ဒီတကမ္ဘာလုံးမှာ ဆရာသခင်လို ကောင်းချီးပေးခံရတဲ့ လူမျိုးကလွဲပြီး ဘယ်သူကရော အခုလိုလှပတဲ့ နတ်သမီးအပျိုစင်နှစ်ယောက်ကို ဘယ်လိုလုပ် တစ်ပြိုင်နက် ရနိုင်မှာလဲ" ဝက်ဝံပေါက်လေးက ရယ်မောလိုက်သည်။

"နတ်သမီးအပျိုစင်လား…?"

ချင်ယွင်သည် ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းခါလိုက်မိသည်။ ကံကောင်းစွာဖြင့်၊ ဤကောင်ဇိုးလေးသည် ကောင်းကင်ဘုံကိုပင် မြှောက်ပင့်နိုင်သည့် နည်းလမ်းမျိုးကို တွေးတောနိုင်ခဲ့သည်။

သို့သော်၊ ဤလှုပ်ရှားမှုသည် ရန်စီချီနှင့် ချန်မင်ရှီတို့အတွက် အလွန်အသုံးဝင်သည်ဟု ပြောစရာပင် မလိုချေ။ ဝတ်ရည်ပန်းတစ်ရာကို စားရသကဲ့သို့ ထိုအမျိုးသမီးနှစ်ဦး၏ မျက်နှာသည် ချိုမြိန်နေလေသည်။ ချန်မင်ရှီဆိုလျှင် ဝက်ဝံကလေးအား ကြည့်ရှုနေ သည့်ပုံစံက အလွန် ချီးကျူးနေသည့် ဟန်ပန်မျိုး ဖြစ်နေသည်။

"မင်းငါ့ကို ဘယ်လောက်ပဲ မြှောက်ပင့်ပြောဆိုနေပါစေ အသုံးမဝင်ဘူး။ မင်းကို ငါ့တပည့်အဖြစ် လက်မခံဘူး။" ချင်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဆရာ" ဝက်ဝံပေါက်ကလေးသည် သူ၏ ကောက်ကျစ်သော စွမ်းရည်ကို ချက်ချင်း အသုံးပြုကာ ချင်ယွင်၏ပေါင်ကို ဖက်ထားရင်း ခါးခါးသီးသီး တောင်းပန်နေလေသည်။

"မင်း ထွက်မသွားဘူးဆိုရင်လည်း ငါက မင်းကို လက်ခံမှာ မဟုတ်ဘူး" ချင်ယွင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ ဤကောင်ဇိုးလေးသည် အခုချိန်ကတည်းက အရမ်းကို ဆိုးသွမ်းလွန်း၏။ အကယ်၍ သူသည် သူ့ဆီမှ ပညာရပ်များကို အမှန်တကယ် လိုလိုချင်ချင် သင်ယူလိုသည်ဆိုလျှင်တော့ သူသည် ဤကမ္ဘာလောကကြီးကို ကမောက်ကမဖြစ်သည်အထိ ကပ်ဘေးဒုက္ခဆိုးကြီး ဖြစ်စေနိုင်မည် မဟုတ်ပေ။

ဝက်ဝံပေါက်ကလေးသည် တခဏအတွင်း စိတ်ပျက်သွားပြီး ခေါင်းငုံ့လိုက်လေသည်။

ရန်စီချီက သည်းခံနိုင်စွမ်း မရှိတော့ချေ။ သူမက ဝက်ဝံပေါက်ကလေးဆီသို့ လျှောက်သွားပြီး " စိတ်မပူပါနဲ့ကွယ်၊ မင်းရဲ့ဆရာကတော်က မင်းရဲ့ဆရာသခင် ကိုယ်စား ဆုံးဖြတ်ချက် ချပြီးပြီ။ မင်းကို သူ့တပည့်အဖြစ် လက်ခံဖို့ သဘောတူလိုက်ပြီ" ဟု ပြောလိုက်လေသည်။

"တကယ်လား၊ ကျေးဇူးတင်ပါတယ် နတ်သမီးသိုင်းအမေ!" ဝက်ဝံပေါက်ကလေး၏ မျက်လုံးများသည် ချက်ချင်းပင် ဝင်းလက်သွားပြီး ရန်စီချီ၏ ရင်ခွင်ထဲသို့ အားကုန် ပြေးဝင်ရန် သူ၏လက်များကို စိတ်လှုပ်ရှားစွာ ဖွင့်လိုက်လေသည်။

ချင်ယွင်သည် ဝက်ဝံပေါက်ကလေး၏ အဝတ်အစားများကို အမြန်ဖမ်းဆွဲလိုက်ပြီး နောက်ပြန် ဆွဲထုတ်လိုက်ရသည်။

"ကောင်စုတ်လေး၊ ဒီစကားကို အမြဲတမ်း သတိရပါ။ နောင်တစ်ချိန်မှာ မင်းရဲ့ ဆရာကတော်နဲ့ ဝေးဝေးမှာနေပါ။" ချင်ယွင်က တင်းမာစွာ ပြောလိုက်သည်။

"ဒါက ဘာကိုဆိုလိုတာလဲ။ ဆရာက ကျွန်တော့်ကို ဆရာရဲ့တပည့်တစ်ဦးအဖြစ် လက်ခံဖို့ သဘောတူလိုက်ပြီပေါ့!" ထိုကောင်လေးသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ချင်ယွင်သည် သူ၏စကားကို ပြန်ပြင်ပြောမည်ကို စိုးရိမ်သည့်အတိုင်း ချင်ယွင်အား သုံးကြိမ်တိုင်တိုင် ဂါရဝပြုပြီး အရိုအသေပေးလိုက်လေသည်။

ချင်ယွင်သည် ခေါင်းကိုက်ခြင်းနှင့် အကူအညီမဲ့ခြင်း နှစ်ခုစလုံးကို တပြိုင်တည်း ခံစားလိုက်ရသည်။ ကြည့်ရတာ နောင်အနာဂတ်မှာ သူသည် စိတ်ညစ်ရတော့မည့် ပုံပေါ်သည်။

ဝိုင်ပုလင်းကို တချိန်လုံးကိုင်ထားသည့် ဟောင်ခွန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ပြုံးလိုက်မိသည်။ သိသာထင်ရှားသည်မှာ၊ ဤကလေးလေးသည် မယုံနိုင်စရာဆရာ တစ်ဦးကို ကိုးကွယ်ခွင့်ရခဲ့ကြောင်း မည်သူမဆိုထက် သူက သူက ပိုသိပါသည်။

"ဆရာ..၊ ကျွန်တော့်နာမည် ကျင်းဟောင်ပါ။ ဟောင်ကလန်ရဲ့ ကလန်ခေါင်းဆောင်က ကျွန်တော့်အဘိုးပါ။ သွားကြရအောင်။ ကျွန်တော် ဆရာတို့ကို အဘိုးနဲ့တွေ့ဖို့ ခေါ်သွား ပေးမယ်။ သူ အရမ်းပျော်သွားမှာ သေချာပါတယ်။" ကျင်းဟောင်လေးက ချင်ယွင်ကို ဟောင်ကလန်ဆီသို့ အလျင်အမြန် ဆွဲခေါ်လိုက်သည်။

ချင်ယွင်သည် ကူကယ်ရာမဲ့ဖြစ်ကာ ပြုံးလိုက်ပြီး ဟောင်ကလန်ရှိသည့် ဦးတည်ရာ အရပ်သို့ ကျင်းဟောင်လေးနောက်သို့သာ လိုက်နိုင်ပါတော့သည်။

ကျင်းဟောင်လေးသည် လမ်းတစ်လျှောက် ခုန်ပေါက်ပြေးလွှားနေပြီး ချင်ယွင်နှင့် ပတ်သက်သည့် ပုံပြင်ပြောသူများထံမှ သူကြားခဲ့ဖူးသည့် အကြောင်းများကို လူတိုင်းအား ပြန်ပြောပြနေသည်.

ချင်ယွင်သည် ချန်ကလန်၏ အဝင်တံခါးကြီးကို ဒေါသတကြီး ဖြိုခွင်းလိုက်ပုံ၊ ချန်ကလန်တစ်ခုလုံးကို ရှုပ်ပွအောင် မွှေနှောက်ခဲ့ပုံနှင့် ချန်ကလန်၏ အကြီးဆုံး သခင်မလေးကို အဝေးသို့ခေါ်ဆောင်သွားပုံစသော သူရဲကောင်းဆန်သော လုပ်ရပ်များ ကို ပြောပြနေခြင်း ဖြစ်သည်။

ထိုဇာတ်လမ်းကို ပြောပြနေရင်း သူ၏မျက်လုံးဝိုင်းကြီးတွေက ဝင်းလက် တောက်ပ နေပြီး သူ၏မျက်နှာငယ်သေးသေးက လေးစားအားကျမူ အပြည့်ရှိနေသည်။

ချင်ယွင်တောင်မှ သူပြောခဲ့သမျှ အရာအားလုံးသည် သူကိုယ်တိုင် လုပ်ခဲ့တာမှ ဟုတ်ပါလေသလားဟုပင် သံသယရှိနေသည်။

နာရီဝက်ခန့်ကြာ လမ်းလျှောက်ပြီးနောက်၊ ချင်ယွင် နှင့် အခြားသူများသည် ကျင်းဟောင်လေး၏ ဦးဆောင်မှုအောက်တွင် အရှေ့မြောက်ဒေသရှိဟောင်ကလန်ဆီ သို့ ရောက်ရှိလာခဲ့ကြသည်။

ဟောင်ကလန်၏ ပင်မတံခါးပေါက်ထဲသို့ ဝင်ရောက်လာစဉ်မှာပင်၊ ဟောင်ကလန်၏ ကလန်ခေါင်းဆောင် ဟောင်ဝမ်ရှင်းက သူ့ကို စံအိမ်တွင်းမှနေ၍ နှုတ်ဆက်သည်။ သေချာသည်မှာ၊ သခင်လေးသည် ဈေးတွင် သူ၏ဆရာကို ဆည်းကပ်တင်မြှောက်ခဲ့ ကြောင်း သူကြားထားသည်မှာ ထင်ရှားသည်။ သူသည် စိုးရိမ်ပြီး သွားရောက်စုံစမ်း တော့မည့်ပုံပေါ်သည်။

"ဟား…။ ဟား….။ ကျင်းအားလေးက ဆရာတစ်ယောက်ကို ကိုးကွယ်တင်မြှောက် လိုက်တယ် ကြားတယ်။ သူက ဘယ်သူလဲဆိုတာ သိနိုင်မလား။"

လူက ရောက်မလာသေးခင်မှာပင် အသံက အရင်ထွက်ပေါ်လာပြီး စစ်ဗုံတစ်လုံးကို တီးခတ်လိုက်သည့်အလား မိုးခြိမ်းသံလို ကျယ်လောင်လှသည်။

ထို့နောက် အဖြူရောင် ၀တ်စုံဝတ်ထားသော အဘိုးအိုတစ်ဦး ခြံဝင်းထဲမှ သူ့တို့ဆီကို လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရ၏။ သူသည် နဂါးတစ်ကောင်နှင့် ကျားတစ်ကောင်ကဲ့သို့ လျှောက်လှမ်းလာခဲ့သည်။ သူသည် အလွန်အမင်း ဂုဏ်သိက္ခာ ကြီးမားလွန်းသည်။

သူ၏နောက်တွင် အသက်လတ်ပိုင်းအရွယ် လူတစ်ဦးရှိသည်။ ထိုလူသည် အရပ်ရှည်ပြီး၊ သန်မာထွားကြိုင်းကာ သူရဲကောင်းဆန်၏။ သူ့ပုံစံကို ကြည့်ခြင်းအားဖြင့်၊ သူသည် ဟောင်ကလန်ဘိုးဘေး၏သား၊ ကျင်းဟောင်လေး၏ အဖေ ဟောင်လင်းယွင် ဖြစ်သင့် သည်။

"အဘိုး၊ အဖေ၊ သူက သား ကိုးကွယ်ဆည်းကပ်မယ်လို့ အဘိုးနဲ့အဖေတို့ကို အမြဲတမ်း ပြောခဲ့ဖူးတဲ့ ဆရာချင်ယွင်ပါ။ သူက ကျွန်တော့်ကို သူရဲ့တပည့်အဖြစ် လက်ခံဖို့ သဘောတူပြီးသွားပြီ။" ကျင်းဟောင်လေးသည် သူ့အဖိုးနှင့်အဖေတို့ လျှောက်လှမ်းလာ သည်ကိုမြင်လျှင် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြေးသွားရင်း ပြောလိုက်သည်။

သို့သော်လည်း ဟောင်လင်းယွင်သည် ကျင်းဟောင်လေး၏လက်ကို ဖမ်းကိုင်လိုက်ပြီး ပါးစပ်ပိတ်ထားရန် ပြောလိုက်ကာ သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေ၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်သည် အနည်းငယ် မျက်မှောင် ကြုတ်သွားမိသည်။ ဟောင်ကလန်က သူတို့ကို မဖော်ရွှေသလိုပင်။

"မိတ်ဆွေလေး၊ မင်းက ချန်ကလန်ကို အကြီးအကျယ် စိတ်အနှောင့်ယှက်ပေးခဲ့တဲ့ ချင်ယွင် ကိုယ်တိုင်လား၊ ဒါမှမဟုတ် မင်းက အခြားတစ်ယောက်အဖြစ် ဟန်ဆောင်နေတာလား ငါ ဂရုမစိုက်ပါဘူး။ ဆရာနဲ့ အလုပ်သင်တပည့်အဖြစ် လက်ခံမူဆိုတာက အမြဲတမ်း သတိကြီးကြီးထားရပါတယ်။ ကလေးစကားတွေ ဆိုတာက ရယ်စရာဟာသတွေထက် မပိုပါဘူး။ ကျေးဇူးပြုပြီး ပြန်သွားပါတော့။" "တကယ်လို့ မင်းက ချန်ကလန်နဲ့ ပတ်သက်ပြီး အကြီးအကျယ် စိတ်အနှောင့်ယှက် ပေးခဲ့တဲ့ ချင်ယွင်ဆိုရင်လည်း ငါ ဂရုမစိုက်ဘူး" ဟောင်ဝမ်ရှင်းက အပြုံးနှင့်အတူ ပြောလိုက်၏။

"ခေါင်းဆောင်ဟောင်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ခေါင်းဆောင်ဟောင်က မှားယွင်းနေတာ များလား။ ကျင်းဟောင်ကို ကျွန်တော့်တပည့်အဖြစ် လက်ခံဖို့ သဘောတူပြီးပြီ၊ သူကလည်း ကျွန်တော့်ကို အလုပ်သင်တပည့်တစ်ယောက်ပြုရမယ့် ဂါရဝပြုမူ အခမ်းအနား ပေးထားပြီးသားဆိုမှတော့၊ ကျွန်တော်က သူ့ဆရာ ဖြစ်နေပါပြီ။ ဒါကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်ပါတော့မလဲ။" ချင်ယွင်က စိတ်ပျက်လက်ပျက် ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

သေမျိုးကမ္ဘာ၌ဖြစ်စေ၊ အင်မော်တယ်ကမ္ဘာ၌ဖြစ်စေ အလုပ်သင်တပည့် လက်ခံခြင်း ကိစ္စသည် အလွန်လေးနက်သော ကိစ္စတစ်ခု ဖြစ်လေသည်။

တပည့်တစ်ဦး၏ ရှိခိုးဂါရဝပြုခြင်း အခမ်းအနား ပြီးဆုံးသည်နှင့် ဆရာကိုယ်တိုင်က မိမိ၏တပည့်ကို ဂိုဏ်းမှ နှင်ထုတ်ခြင်း မပြုပါက၊ ဆရာနှင့် သူ၏တပည့်ကြား ဆက်ဆံရေးသည် ဘဝတစ်သက်တာလုံး တည်ရှိနေပေလိမ့်မည်။ ဤသည်မှာ သံမဏိသဖွယ် ခိုင်မြဲသော စည်းမျဉ်းဥပဒေတစ်ခု ဖြစ်လေသည်။

အခုတော့ ဟောင်ကလန်က ကျင်းဟောင်လေး၏ အလုပ်သင်တပည့်ကိစ္စကို ဟာသတစ်ခုဟု အမှန်တကယ် ပြောဆိုခဲ့သည်။ ဤအရာက ချင်ယွင်ကို အမှန်တကယ် အရှက်ရစေသည်။

ဤစကားက ချင်ယွင်၏ စိတ်နှလုံးကို ဒေါသနှင့်အတူ တဟုန်းဟုန်းတောက်လောင် သွားစေပြီး သူ၏ဘေးမှာရှိနေသည့် ဟောင်ခွန်၏ အမူအရာက ပို၍ပင် မှုန်မှိုင်းနေ လေသည်။

အခန်း(၅၄၈) ဟောင်ခွန်၏ဒေါသ။

"ဟမ့်၊ မင်းက ငါ့ဟောင်ကျင်းလေးရဲ့ဆရာ ဖြစ်ထိုက်လို့လား။ မင်းက ချန်ကလန်ကို အမှန်တကယ် အနှောင့်ယှက်ပေးခဲ့တဲ့ ချင်ယွင်ဆိုရင်ရော ဘယ်ဖြစ်လဲ။ ချန်ကလန်က မင်းကို ကြောက်ပေမယ့် ငါတို့ဟောင်ကလန်ကတော့ မင်းကို မကြောက်ဘူး။ ပြီးတော့ မင်းက ကျင်းအာကို လှည့်စားပြီး မင်းကို သူ့ရဲဆရာအဖြစ် လက်ခံအောင် ဘယ်လို လှည့်ကွက်တွေနဲ့ သွေးဆောင်ခဲ့လဲဆိုတာ ငါ သိချင်မိတယ်။" ဟောင်လင်းယွင်က ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောလိုက်ပြီး သူ၏လေသံမှာ အထင်အမြင် သေးမှု အပြည့်ရှိနေသည်.

"အဖေ၊ မဟုတ်ဘူးလေး၊ ဆရာချင်ယွင်ကို သားရဲဆရာအဖြစ် လက်ခံပေးဖို့ သားက တောင်းပန်ခဲ့ရတယ်၊ ဆရာက သားကို လိမ်ညာလှည့်စားခဲ့တာ မဟုတ်ပါဘူး..." ဟောင်းကျင်းလေးက အလျင်အမြန် ရှင်းပြလိုက်သည်။

သို့သော် သူ့စကားတစ်ဝက်အရောက်တွင် ဟောင်လင်းယွင်က သူ၏ပါးစပ်ကို ပိတ်ထားလိုက်သည်။

ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်းပင် တွန့်သွားသည်။ ဟောင်လင်းယွင်သည် သူ၏ ချစ်စရာကောင်းသော သားလေးထက်ပင် နိမ့်ကျနေပုံရသည်။

"မိတ်ဆွေလေး၊ စကားတွေက ဒီအခြေအနေထိ ရောက်ပြီးမှတော့ ကျေးဇူးပြုပြီး ထွက်သွားပါတော့။ ငါ့ဟောင်ကလန်က မင်းကို မကြိုဆိုဘူး။" ဟောင်ဝမ်ရှင်းက ပြောလိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် အေးစက်နေပြီး သူ၏စိတ်ထဲတွင် ဖော်မပြနိုင်လောက် အောင်ပင် ဒေါသထွက်နေပြီ။ ဟောင်ကလန်ကြောင့် ဟောင်ကျင်းလေးအပေါ် ထားရှိ သည့် ကောင်းမွန်သည့် ထင်မြင်ချက်တွေလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ သည်။

"ဟောဖန်းမြို့ကို ဘယ်သူပိုင်လဲ" သို့သော် ထိုအချိန်မှာပင် လူတိုင်း၏နားထဲတွင် ရေခဲပမာ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။ ဟောင်ခွန်၏ မျက်နှာသည် မှိုင်းညို့နေပြီး ဓားသွားပမာ သွယ်တန်းနေသော မျက်ခုံးအောက်မှ သူ၏ မျက်လုံးများက သူ ဒေါသအပြင်းအထန် ထွက်နေသည်ကို ပေါ်လွင်စေသည်။

"အသင်က ဘယ်သူလဲ?" ဟောင်ဝမ်ရှင်းသည် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို သံသယအချို့ဖြင့် ကြည့်လိုက်၏။ အစောပိုင်းက သူသည် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ဂရုမစိုက်မိခဲ့ဘဲ ယခုမှပင် ထိုအသက်လတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်ထူးကဲပုံပေါက်ကြောင်း သူ တွေ့ရှိခဲ့ရသည်။

"မင်းကို မေးပါရစေဦး၊ ဟိုဖန်းမြို့ကို ဘယ်သူပိုင်လဲ" ဟောင်ခွန်က ဒေါသတကြီး အော်ပြောလိုက်ပြီး သူ၏နောက်မှ ဆံပင်ဖြူတွေ ကခုန်နေ၏။

"မိုက်မဲလိုက်တာ။ မင်းက ငါ့အဖေကိုများ ဒီလိုစကားမျိုး ပြောရဲတာလား၊ မင်းက သေချင်နေတာလား။" ဟောင်လင်းယွင်က ဟောင်ခွန်ကို လက်ညှိုးထိုးပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏မျက်နှာပေါ်မှာ ဖြစ်ပေါ်နေသည့် ခက်ထန်မူအရ သူသည် ဟောင်ခွန်ကို တဟုန်ထိုး ပြေးဝင်တိုက်ခိုက်တော့မည်။

"ထွက်သွားစမ်း…! ဟောင်ခွန်သည် ဟောင်လင်းယွင်ကိုပင် ကြည့်ပင်မကြည့်ချေ။ သူသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး အကန့်အသတ်မရှိသော အငွေ့အသက်များ ထွက်ပေါ်လာကာ ဟောင်လင်းယွင်သည် ချက်ချင်းပင် လွင့်ပျံသွားလေသည်။

ဟောင်လင်းယွင်၏ ခန္ဓာကိုယ်သည် အဝေးမှနံရံတစ်ခုကို ဝင်တိုက်ပြီး အိမ်တစ်ခုလုံး ပြိုကျသွားကာ သူ့ကို အပျက်အစီးကြားထဲတွင် မြှုပ်နှံပြီးသား ဖြစ်သွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟောင်ဝမ်ရှင်း၏ မျက်နှာသည် အလွန် ထိတ်လန့်သွားလေသည်။ သူ့သား၏ ကျင့်ကြံမူအဆင့်သည် အင်မော်တယ်အသွင်ကူး ပြောင်းခြင်းနယ်ပယ်၏ အလယ်လတ်အဆင့်ကို ရောက်ရှိနေပြီဆိုသည်ကို သူသိသည်။ သို့သော်၊ သူ၏ရှေ့မှဤလူသည် သူ၏ဝတ်စုံလက်မောင်းကို ရိုးရိုးရှင်းရှင်း ဝှေ့ယမ်း လိုက်ခြင်းဖြင့် သူသည် လွင့်ပျံသွားခဲ့သည်။ ဤလူ၏ ကျင့်ကြံမူအဆင့် မည်မျှ ကြောက်စရာကောင်းလိုက်သနည်း။

"စီနီယာ၊ ဟောင်ဖန်းမြို့က ငါ့အဘိုးရဲ့မြို့ပါ။" ဟောင်ဝမ်ရှင်းက ကမန်းကတန်း ပြောလိုက်သည်။

ဟောင်ဖန်းမြို့၏အမည်ကို မပြောဆိုခဲ့သည်မှာပင် နှစ်ပေါင်းသုံးရာနီးပါးမျှ ကြာခဲ့ပါပြီ။ ယခုခေတ်မှာ ထိုနာမည်ကိုပင် မေ့နေကြပါပြီ။ သူ၏ရှေ့မှ ဤအသက်လတ်ပိုင်းအရွယ် အမျိုးသားသည် အဘယ့်ကြောင့် သူ၏အဘိုးကို ရုတ်တရက် ပြောဆိုလာလဲဆိုသည်ကို သူ မသိပါဘူး။

"ဟမ့်၊ မင်းက ဟိုအရင်တုန်းက မင်းအဘိုးထက် အများကြီး နိမ့်ကျလွန်းတယ်။" ဟောင်ခွန်၏ မျက်နှာက အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေ၏။

ဟောင်ဝမ်ရှင်း၏ မျက်နှာသည် ရှက်ရွံ့သည့်အမူအရာဖြင့် ပြည့်နှက်နေသည်။ သူ၏ရှေ့မှ ဤအသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏အဘိုးကို အဘယ့်ကြောင့် ရုတ်တရက် ပြောဆိုလာသည်ကို သူ နားမလည်သေးပါဘူး။ ဤလူက သူ့အဘိုး၏အသိများ ဖြစ်နိုင်နေမလား။

ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် သူတို့၏ ကျင့်ကြံမှုအဆင့် တိုးမြင့်လာသည်နှင့် အမျှ သူတို့၏သက်တမ်းတွေကလည်း ပိုရှည်ကြသည်။

ယုတ္တိနည်းကျကျ ပြောရမည်ဆိုလျှင်၊ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦး၏ ပျမ်းမျှသက်တမ်းသည် နှစ်နှစ်ရာဖြစ်ပြီး၊ အမှန်တရားသို့ ပြန်လည်ခြင်း နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းသည် နှစ် ၃၅၀ ဝန်းကျင်ဖြစ်ကာ၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းကတော့ နှစ်ပေါင်း ၅၀၀ ကျော် ဖြစ်ပါသည်။

ထိုသို့ဖြစ်သော်ငြားလည်း ကျင့်ကြံသူအများစုသည် အသက်ရွယ်ကြီးရင့်ပြီး သေဆုံးမည့် အချိန်ကို စောင့်နေရန် ရွေးချယ်ခဲလှ၏။ သူသည် နောက်ဆုံးသတ်မှတ်ရက် မရောက်ခင်မှာ သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် ကြိုတင် ရွေးချယ်လေ့ရှိကြ သည်။

အဆင့်တစ်ခု ချိုးဖြတ်နိုင်ရန်အတွက် မျှော်လင့်ချက်တော့သည့် လူများသည်ပင် အပြင်ထွက်ပြီး အခွင့်လမ်းတွေကို ရှာဖွေကြကာ နောက်ဆုံးတွင် အပြင်ပကမ္ဘာမှာဘဲ သေဆုံးကြသည်။

သေချာသည်မှာ၊ ကောင်းကင်ကပ်ဘေးဒုက္ခ ရောက်ရှိလာရန် စောင့်မျှော်နေကြသည့် လူတချို့လည်း ရှိနေပါသည်။ သို့သော်လည်း သူတို့သည် ကောင်းကင်ကပ်ဘေးဒုက္ခ အောက်မှာပင် သေဆုံးသွားနိုင်ပါသည်။ ကပ်ဘေးဒုက္ခကို အမှန်တကယ် အောင်မြင်စွာ ကျော်ဖြတ်ပြီး တက်လှမ်းနိုင်သူများက အလွန်နည်းပါးလှပါသည်။

ဂိုဏ်းကြီးသုံးခုတွင် ပုန်းကွယ်နေကြသည့် မွန်းစတားအိုကြီးအချို့ ရှိကောင်းရှိနိုင်သော် လည်း ကလန်ကြီးလေးခုမှာတော့ မွန်းစတားအိုကြီးများ မရှိသလောက်ပင်။ ဤသည်မှာ ကလန်ကြီးလေးခုမှ ဂိုဏ်းကြီးသုံးခုကို ကြောက်ရွံ့နေရခြင်း၏ အကြောင်းရင်း အစစ်အမှန်ပင် ဖြစ်ပါသည်။

" စီနီယာက ဘယ်သူလဲ မေးလို့ရမလား " ဟောင်ဝမ်ရှင်းက စိတ်လှုပ်ရှားစွာ မေးသည်။

"ဟမ် ငါ့နာမည်က ဟောင်ခွန် " ဟောင်ခွန်က အေးစက်စွာ ပြောသည်။

"ဟောင်ခွန်လား…?" ဟောင်ဝမ်ရှင်းက စိတ်ထဲမှ ရေရွတ်လိုက်ရင်း "ဒီလူ၏ မျိုးရိုးနာမည်ကလည်း ဟောင်ဖြစ်နေတယ်။ သူက ဟောင်ကလန်ရဲ့ အဖွဲ့ဝင်တစ်ဦးများ ဖြစ်နိုင်မလား၊ ဟောင်ကလန်မှာ ဟောင်ခွန်လို့ခေါ်တဲ့ လူတစ်ယောက်များ ရှိနေသလား။ လွန်ခဲ့တဲ့နှစ်ငါးရာလောက်က ပါရမီရှင် ဓားအင်မော်တယ်ဟောင်ခွန်များ ဖြစ်နေမလား…?"

ဟောင်ဝမ်ရှင်း၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာ ပေါ်လာသည်။

"ငါ မင်းကို သတ်မယ်။"

ဟောင်ဝမ်ရှင်းသည် ဟောင်ခွန်သည် မည်သူဖြစ်နိုင်သနည်း ဆိုသည်ကို စူးစမ်းနေစဉ် မှာ ဟောင်လင်းယွင်သည် ပြိုကျနေသော အပျက်အစီးများကြားထဲမှ အမြန် ထွက်လာခဲ့သည်။ သူ၏လက်ထဲတွင် ထက်ရှသောဓားတစ်ချောင်း ထွက်ပေါ်လာခဲ့ပြီး ဟောင်ခွန်ဆီသို့ ထိုးသွင်းလိုက်လေသည်။

"ရပ်!" ဟောင်ဝမ်ရှင်း က အမြန်ရပ်လိုက်သည်။

သို့သော်လည်း ဟောင်လင်းယွင်သည် တိုက်ခိုက်နေပြီ ဖြစ်ပြီး၊ ဓားအလင်းသည် ဟောင်ခွန်ဆီသို့ တည့်တည့် ပစ်လွှတ်သွားခဲ့သည်။ ချက်ခြင်းပင်၊ ပြင်းထန်သော ဓားဆန္ဒတစ်ခု ဟောင်စံအိမ်ကြီး၏ ခြံဝင်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

"ဟမ့်၊ မင်းက ကိုယ့်ကိုယ်ကို သေတွင်းတူးနေခြင်း ဟုတ်မဟုတ်ဆိုတာ တကယ်ကို မသိဘူးပဲ" ဟောင်ခွန်သည် အနှိုင်းမဲ့ ပြင်းထန်စွာ တိုးဝင်လာသော ဓားချီကို တစ်ချက် ကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော အထင်အမြင်သေးမူ အရိပ်အယောင်တစ်ခု ပေါ်လာပါသည်။ ထိုစကားပြောပြီးသည်နှင့် သူ၏ လက်ချောင်းများကြားမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ချွင်….!

ဟောင်ခွန်သည် သူ၏လက်ချောင်းကို ဓားတစ်လက်အဖြစ် အသုံးပြုကာ ဟောင်လင်းယွင်၏ ဓားချီကို ချက်ခြင်းပင် ပိုင်းဖြတ်လိုက်ပြီး ဟောင်လင်းယွင်၏ ဓားကိုပင် အပိုင်းပိုင်းဖြစ်အောင် ခုတ်ပိုင်းလိုက်လေသည်။

"အား….!"

ဟောင်လင်းယွင်သည် သနားစဖွယ်အသံဖြင့် အော်ဟစ်လိုက်၏။ သူ၏ရင်ဘတ်သည် ဓားဖြင့်ထိုးဖောက်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် နောက်ပြန် ဆုတ်သွား၏။

"ယွင်အာ!" ဟောင်ဝမ်ရှင်းက ကမန်းကတန်း အော်ဟစ်လိုက်သည်။

"စိတ်မပူပါနဲ့၊ ဒီဓားက သူ့ရဲ့အရေးကြီးတဲ့ နေရာတွေကို ထိုးဖောက်မသွားသေးပါဘူး။ သူ မသေနိုင်သေးပါဘူး၊ ဒီတစ်ခါတော့ သူ့အတွက် သင်ခန်းစာတစ်ခုအနေနဲ့ပဲ ပေးလိုက်တယ်" ဟောင်ခွန်က သူ့နောက်ကျောကို လက်နှစ်ဖက်ပစ်ကာ ရပ်နေပြီး အေးစက်စွာ ပြောလိုက်သည်။

ဟောင်ဝမ်ရှင်းသည် ဟောင်ခွန်၏စကားကို ကြားသောအခါ သက်ပြင်းတစ်ချက် ချလိုက်သည်။ ဟောင်ခွန်ကို သူတောင်းပန်ခါနီးတွင် ဟောင်လင်းယွင်က သူ၏ဒဏ်ရာကို ဖိကိုင်ထားပြီး ဒေါသတကြီး အော်ပြောလိုက်သည် "အဖေ၊ သူ့ကို သတ်လိုက်ပါ!"

"ဖတ်….!"

ပါးရိုက်သည့်အသံတစ်ချက်က လူတိုင်း၏ရှေ့မှာပင် ဟောင်လင်းယွင်၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။

ဟောင်လင်းယွင်သည် ချက်ချင်းပင် ထိတ်လန့်သွား၏။ သူ၏အဖေသည် သူ၏ ရန်သူတွေကို ကိုင်တွယ်ဖြေရှင်းရာမည့်အစား သူ့ကို လာပြီး ရိုက်နှက်နေသည်။ ယင်းကို သူ နားမလည်နိုင်တော့ပေ။

"ဒူးထောက်စမ်း…!" ဟောင်ဝမ်ရှင်းက အော်ပြောလိုက်သည်။

ဟောင်လင်းယွင်သည် နည်းနည်းလေးမှ မလိုလားသော်လည်း သူ့အဖေ၏စကားကို နားထောင်ရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ပါဘူး။

"ဘိုးဘေးကို အရိုအသေပြုပြီး တောင်းပန်လိုက်စမ်း…။" ဟောင်ဝမ်ရှင်းက အေးစက်စွာ ပြောလိုက်သည်။

"ဘိုးဘေးလား…?" ဟောင်လင်းယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွား၏။ သူ၏ရှေ့မှ ဤလူသည် အဘယ့်ကြောင့် ရုတ်တရက် သူ၏ဘိုးဘေး ဖြစ်သွားသည်ကို သူ နားမလည်နိုင်ပါဘူး။

"ဟမ့်…၊ သူဘယ်သူလဲဆိုတာ မင်းသိရဲလား?။ သူက ငါတို့ဟောင်ကလန်ရဲ့ လွန်ခဲ့သော နှစ်ပေါင်းငါးရာကတည်းက အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ရဲ့ အထွက်အထိပ်အဆင့်ကို ပထမဆုံး ရောက်ရှိခဲ့တဲ့လူပဲ။ သူက ဒီကမ္ဘာကြီးရဲ့ ဓားအင်မော်တယ်ဆိုတဲ့ဘွဲ့ကို ပိုင်ဆိုင်ဖူးတဲ့ ဟောင်ခွန်ပဲ။ ငါတောင်မှ သူ့ကို ဘိုးဘေးလို့ ခေါ်ရဦးမှာ” ဟောင်ဝမ်ရှင်းက မုန်းတီးစွာ အော်ပြောလိုက်လေသည်။

ဟောင်လင်းယွင်သည် လုံးဝကို မှင်သက်အံ့ဩသွားရလေသည်။ သူသည် ကြားလိုက်ရ သည့် သူ့နားသူပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေပါသည်။

"ဟောင်ခွန်လား..? လွန်ခဲ့တဲ့ နှစ်ငါးရာက ပါရမီရှင် ဓားအင်မော်တယ်လား..?" ဟောင်လင်းယွင်သည် သူ၏နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု တိုးဝင်တိုက်ခတ်လာ သလို ခံစားလိုက်ရသည်။

အတိအကျပြောရလျှင်၊ သူတို့၏ဟောင်ကလန်သည် အရှေ့မြောက်ဒေသအရပ်မှာ နံပါတ်တစ်မျိုးနွယ်စုတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည့် အကြောင်းအရင်းမှာလည်း ဤပါရမီရှင်ကြောင့်ပင် ဖြစ်ပါသည်။ ထို့အပြင် ဤပါရမီရှင်သည် သူတို့၏နှလုံးသားထဲ မှာ နက်နက်ရှိုင်းရှိုင်း ရစ်နွယ်နေသည့် အစားထိုး၍မရနိုင်သော ပြိုင်ဘက်ကင်း ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါသည်။ အနှစ်ငါးရာကျော်ကြာပြီးနောက် သူသည် ယခုလို ဒဏ္ဍာရီဆန်ဆန် ပြန်လည်ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးထားခဲ့ကြပါဘူး။

"ဘိုးဘေး….၊ ဒီအမိုက်မဲလေးက ကိုယ့်အမှားကို သိပ်ပါပြီ။ ကျွန်တော် ဘိုးဘေးကို မစော်ကားသင့်ပါဘူး။" ဟောင်လင်းယွင်က ကမန်းကတန်း ခေါင်းငုံ့ကာ ဂါရဝပြုပြီး တောင်းပန်နေလေသည်။ ယခုအချိန်မှာတော့ သူသည် ဟောင်ခွန်ကို စော်ကားရန် ရည်ရွယ်ချက် နည်းနည်းလေးမှ မရှိတော့ပါဘူး။ သူ၏ရင်ထဲမှာ ဟောင်ခွန်နှင့် ပတ်သက်ပြီး အနှိုင်းမဲ့ ရိုသေလေးစားသည့် နှလုံးသားပဲ ရှိပါတော့သည်။

"ဘိုးဘေး၊ ဒါက ကျွန်တော့်ရဲ့ သင်ကြားပြသမူ အလွန်ညံ့ဖျင်းလွန်းတာကြောင့်ပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ ဘိုးဘေး…။" ဟောင်ဝမ်ရှင်းသည်လည်း မြေပြင်ပေါ်တွင် ကမန်းကတန်း ဒူးထောက်လိုက်သည်။ သို့သော် သူ၏စိတ်က အလွန် လှုပ်ရှားနေလေသည်။

သို့သော်လည်း ဟောင်ခွန်၏ အမူအရာက အေးစက်မြဲအေးစက်နေသည်။ သူက ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွင်တို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှားခေါင်းရှုံ့ပြီး အေးစက်စွာ ပြောလိုက်သည် "မင်းတို့ တောင်းပန်ရမှာက ငါမဟုတ်ဘူး။ ငါ့ရဲ့သခင်လေးကို တောင်းပန်ရမှာ"။

ထိုသို့ပြောပြီးနောက် ဟောင်ခွန်က ချင်ယွင်ကို လက်ညှိုးထိုးပြလိုက်သည်။

"သခင်လေးလား…?"

ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွင်တို့သည် လုံးဝကို အံသြသွားကြလေသည်။ သူတို့သည် မည်သို့မျှ မထူးခြားဘဲ သာမန်အမူအရာကို ပိုင်ဆိုင်ထားသော ချင်ယွင်ကို ကြည့်လိုက်ရင်း သူတို့၏နှလုံးသားထဲတွင် ကောင်းကင်နှင့်မြေကြီးသည် ပြိုကျ သွားသ လိုပင် ခံစားလိုက်ရပါသည်။

ဤချင်ယွင်က သူတို့ဘိုးဘေး၏ သခင်လေး မည်သို့ ဖြစ်လာလေသနည်း။

အခန်း (၅၄၉) သီးသန့်ကျင့်ကြံခြင်း…။

"ဘိုးဘေး၊ ကျွန်တော်တို့ကို နောက်နေတာလား။" ဟောင်လင်းယွင်က အစမ်းသဘော မေးကြည့်သည်။

"ငါက နောက်နေတာလို့ မင်းထင်လား" ဟောင်ခွန်က အေးစက်စွာ ပြောလိုက်ပြီး သူ၏လေသံက အမှန်ပင် အေးစက်လွန်းသည် ။

ဟောင်လင်းယွင်သည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သူ၏ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။ သူက ချင်ယွင်ကို လှည့်ကြည့်လိုက်သော်လည်း မည်သို့ခေါ်ရမှန်းမသိ ဖြစ်နေသည်။

ဟောင်လင်းယွင်တစ်ယောက်သာ ဒုက္ခရောက်နေသည်မဟုတ် ဟောင်ဝမ်ရှင်းသည်း လည်း ဤမေးခွန်းအတွက် ဒုက္ခရောက်နေရပါသည်။

ဟောင်ခွန်သည် သူတို့၏ဘိုးဘေးဖြစ်ပြီး ချင်ယွင်ကလည်း ဟောင်ခွန်၏သခင်လေး ဖြစ်နေပြန်သည်။ ထို့ကြောင့် သူတို့သည် ချင်ယွင်ကို မည်သို့ခေါ်ရမှန်းမသိ ဖြစ်နေသည်။

"ခင်ဗျားတို့ကလည်း ကျုပ်ကို သခင်လေးလို့ ခေါ်လို့ရပါတယ်။" ချင်ယွင်က သူတို့၏ စိတ်ထဲမှဗ သံသယတွေကို သတိပြုမိပုံရပြီး ပြောလိုက်ပါသည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ…၊ သခင်လေး…၊ ကျွန်တော်တို့က သခင်လေးရဲ့ ကိုယ်ရေး အချက်လက်မှန်ကို မသိလို့ စော်ကားမိတာ ခွင့်လွှတ်ပေးပါ" ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွင်တို့က တစ်ချိန်တည်းတွင် ပြောလိုက်သည်။

ဤချင်ယွင်သည် သူတို့ဘိုးဘေး၏ သခင်လေး မည်သို့ဖြစ်လာသည်ကို သူတို့ မသိသော်လည်း၊ ဟောင်ခွန်ကိုယ်တိုင်က ထိုစကားမျိုးပြောလာပြီဆိုကတည်းက သူတို့အနေဖြင့် သူ့ကို လုံးဝ လျစ်လျူမရှုဝံ့ကြတော့ပေ။ ထိုသို့မဟုတ်လျှင် သူတို့ ဘိုးဘေး စိတ်ဆိုးဆိုသည်နှင့် သူတို့သည် မခံစားနိုင်လောက်အောင် ဖြစ်ရလိမ့်မည်။

"ဒါဆို ကျုပ်က ကျင်းဟောင်လေးရဲ့ဆရာဖြစ်ဖို့ ထိုက်တန်ပြီလား" ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်၏။

ချင်ယွင်၏ စကားကြားလိုက်ရသည့်အခါ ဟောင်လင်းယွင်၏ မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားသည်။ သူက "ထိုက်တန်ပါတယ်၊ ထိုက်တန်ပါတယ်။ ကျင်းဟောင်က သခင်လေးကို သူရဲ့ဆရာအဖြစ် ခေါ်ဆောင်သွားနိုင်ခဲ့တာက သူ့ရဲ့ ကံကြမ္မာကြောင့်ပါပဲ။ ကျင်းအား..၊ မြန်မြန်လာပြီး မင်းဆရာကို ဒူးထောက်ပြီး အရိုသေပေးလိုက်တော့လေ"။

ဟောင်ကျင်း၏ခေါင်းထဲမှာလည်း မြူမှုန်တွေနှင့် ပြည့်နှက်နေ၏။ သူသည် ဖြစ်ပျက်ခဲ့သည်များကို နားမလည်နိုင်သော်လည်း သူ၏အဖေက သူ့ကို ခိုင်းသည့် အရာကိုတော့ သူ နားလည်ပါသည်။ သူက ဝမ်းသာအားရဖြစ်ကာ ဒူးထောက်လိုက်ပြီး ခေါ်လိုက်လေသည် "ဆရာ…!"

ချင်ယွင်၏နှုတ်ခမ်းထောင့်စွန်းသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးကောက်၏။ သူသည် သူ၏ရှေ့တွင် ဒူးထောက်လျက်ရှိသော မျိုးဆက်သုံးဆက်ကို ကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်မိသည်။

ဟောင်လင်းယွင်က အနည်းငယ် မောက်မာသော်လည်း သူ၏စိတ်သဘောထားက မဆိုးလှပေ။ ထို့ပြင် ဟောင်ခွန်ကိုယ်တိုင်က သူ့ကို အခုလေးတင် အပြစ်ပေးထားပြီး ဖြစ်သောကြောင့် သူနှင့်ပတ်သက်ပြီး နောက်ထပ် လုပ်ဆောင်စရာ မလိုတော့ပါဘူး။

"ကောင်းပြီ၊ ထကြတော့!" ချင်ယွင်က ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေး" ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွင်တို့က သူ့ကို အလျင်အမြန် ကျေးဇူးတင်လိုက်ကြသည်။

"ခေါင်းဆောင်ဟောင် ကျုပ် ဒီအိမ်မှာ ခဏနေဦးမယ်။ ခင်ဗျားအတွက် အဆင်ပြေပါ့မလားလို့ ကျုပ်တွေးမိတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်၏။

"အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်၊ သခင်လေး နေချင်သလောက် နေလို့ရပါ တယ်။" ဟောင်ဝမ်ရှင်းက ကမန်းကတန်း ပြောလိုက်လေသည်။

အမှန်တကယ်ဆို ဟောင်ဝမ်ရှင်းကိုယ်တိုင်လည်း အလွန်စိတ်လှုပ်ရှားနေပါသည်။ ဟောင်ခွန်ပြန်ရောက်လာပြီးနောက် သူတို့ဟောင်ကလန်၏ အင်အားသည် ချက်ချင်း ဆိုသလို တိုးမြင့်သွားခဲ့ပါပြီ။ ဤသည်မှာ ရှားပါးပြီး ကြီးကျယ်ခမ်းနားသော အရာတစ်ခု ဖြစ်လာခဲ့ပါသည်။

ချင်ယွင်က ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

ထို့နောက် ဟောင်ဝမ်ရှင်းသည် ချင်ယွင် နှင့် အခြားလူများအတွက် နေရာထိုင်ခင်း စီစဉ်ပေးသည်။ အရာအားလုံး ပြေလည်သွားပြီးနောက်၊ ချင်ယွင်သည် သူ၏ သီးသန့် အစီအစဉ်ကို စတင်လိုက်သည်။

ယခုတစ်ကြိမ်၊ သီးသန့်တံခါးပိတ်ကျင့်ကြံခြင်းသည် အမှန်တရားသို့ပြန်လည်းခြင်း နယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်ခြင်း သက်သက်မျှသာ မဟုတ်ပေ။ ချင်ယွင်သည် သူ၏ဓားသိုင်းပညာကို အဆင့်ဖြတ်ကျော်ပြီး ဓားသိုင်းပညာရပ်၏ ဓားနယ်မြေသို့ ဝင်ရောက်နိုင်ရန် ရည်ရွယ်ထားသည်။

ဤသည်မှာ သူအရင်ကတည်းက မဆုပ်ကိုင်ခဲ့ဖူးသည် နယ်ပယ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ယင်းအတွက် အချိန်မည်မျှကြာမည်ကို မသိနိုင်ပါဘူး။

တံခါးပိတ်ကျင့်ကြံရန်အတွက် ချင်ယွင်သည် ဟောင်ကလန်၏ စံအိမ်ဘေးရှိ လင်ရှင်း ရေကန်ကို ရွေးချယ်ထားပါသည်။

မူလက ဟောင်ဝမ်ရှင်းသည် ချင်ယွင်ကို သူ၏ ထိပ်တန်းလျှို့ဝှက်ခန်းတွင် အချိန် အတော်ကြာသည်အထိ ကျင့်ကြံစေလိုသော်လည်း ချင်ယွင်က ငြင်းဆိုခဲ့သည်။ သူ၏ အဆင့်ချိုးဖြတ်မူသည် တုန်လှုပ်ချောက်ချားဖွယ်ရာများကို သေချာပေါက် ဆွဲဆောင်နိုင် လိမ့်မည်ဟု သူ ခံစားမိ၏။ ထိုအချိန်တွင်၊ သူရှိနေသည့် ဟောင်ကလန်၏ လျှို့ဝှက် အခန်းသည် မည်မျှပင် ခိုင်မာစေကာမူ ထိုရုန်းရင်းဆန်ခတ် ဖြစ်မှုကို တားဆီးနိုင်မည် မဟုတ်ပေ။ ယင်းအစား၊ ထိုရုန်းရင်းဆန်ခတ်ဖြစ်မူသည် ဟောင်ကလန်၏ အဆောက် အဦးကိုပင် ဖျက်ဆီးပစ်နိုင်သည်။

ထိုကဲ့သို့ လျှို့ဝှက်အခန်းထဲမှာ ကျင့်ကြံမည့်အစား ချင်ယွင်သည် အလွန်ကျယ်ဝန်းသည့် နေရာတစ်ခုကို ရွေးချယ်ရခြင်း ဖြစ်ပါသည်။ ဤနည်းဖြင့် ကြီးကြီးမားမား ရုန်းရင်း ဆန်ခတ်မူကြီး ဖြစ်လာလျှင်ပင်၊ ဟောင်ကလန်၏ စံအိမ်ကြီးတစ်ခုလုံးကို ဖြိုဖျက်နိုင်မည် မဟုတ်တော့ပေ။

ချင်ယွင်သည် ရေကန်၏ရေမျက်နှာပြင်ပေါ်သို့ တက်လိုက်ပြီး လင်ရှင်းရေကန်၏ အလယ်ဗဟိုဆီသို့ လျှောက်သွားလိုက်သည်။ သူ၏ခြေထောက်အောက်ရှိ ရေပြင်သည် အနည်းငယ် လှိုင်းထလာပြီး ချင်ယွင်၏ နောက်ကျောအရိပ်သည် ရေကန်၏ မျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေပါသည်။

လင်ရှင်းရေကန်သည် ဇွန်းပုံသဏ္ဍာန်ရှိပြီး အလွန်ကြီးမားကျယ်ဝန်းသည်။ ရေကန်၏ ရေမျက်နှာပြင် တစ်ဝက်ကျော်ကို ဟောင်ကလန်က ဟောင်ကလန်၏စံအိမ်ကြီးထဲသို့ ဘောင်ခတ်ထားပြီး ဖြစ်သည်။

ဟောင်ကလန်သည် လင်ရှင်းရေကန်ကို ဟောင်ကလန်၏ စံအိမ်အတွင်း ရေကန်အဖြစ် ပြောင်းလဲရယူခဲ့ပြီး ဤပတ်ဝန်းကျင်ရှိ လူများကို ရည်ရွယ်ချက်ရှိရှိဖြင့် မောင်းထုတ် ထားတာကြောင့် လင်ရှင်းရေကန်ပတ်ဝန်းကျင်မှာ ဟောင်ကလန်မှလွဲပြီး မည်သူမှ မရှိသလောက်ပင်။ ၎င်းသည် ချင်ယွင်အတွက် သီးသန့် တံခါးပိတ်ကျင့်ကြံရန် နေရာအဖြစ် သီးသန့်စီစဉ်ပေးထားသလို ဖြစ်နေသည်။

နောက်ဆုံးတွင် ချင်ယွင်သည် လင်ရှင်းရေကန်၏အလယ်တွင် ရပ်ကာ ဝင့်ကြွားစွာဖြင့် ရပ်နေလေသည်။ ဤရောသည် ရေကန်ကြီးတစ်ခုဖြစ်သော်လည်း သူ၏မျက်လုံးထဲမှာ တော့ ကြီးမားကျယ်ပြန့်သည့် မြေသားတစ်ပါပဲ။

ချင်ယွင်၏အစီအစဉ်မှာ သူ၏ဓားဆန္ဒကို အရင်ဆုံးအဆင့်ချိုးဖြတ်ပြီး ဓားနယ်မြေသို့ ဝင်ရောက်ရန်ဖြစ်သည်။ ထို့နောက် သူသည် ‘လျှို့ဝှက်ဆန်းကြယ်သောအဝါရောင် နတ်ဆိုးပညာ’ရပ်ကို ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်အထိ ရောက်အောင်သန့်စင်ကာ နောက်ဆုံးမှာမှ သူ၏ကျင့်ကြံမူအဆင့်ကို အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်သို့ မြှင့်တင်ရန်ဖြစ်ပါသည်။

နောက်ဆုံးမှာတော့ သူသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက်သည်နှင့် ကောင်းကင်ဘုံ၏ကပ်ဘေးဒုက္ခကို မလွဲမသွေ ဆွဲဆောင်နိုင်မည် ဖြစ်ပါသည်။

ဘန်း……

ချင်ယွင်သည် ရေကန်၏မျက်နှာပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တုံ့ဆိုင်းမနေဘဲ မျက်လုံးများမှိတ်ထားလိုက်ပါသည်။

တစ်ချိန်တည်းမှာပင် ပြင်းထန်သော ဓားဆန္ဒတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ် လာပါသည်။

ရေကန်ပြင်သည် ချင်ယွင်ကို ဗဟိုပြုပြီး နေရာတိုင်းတွင် ပျံ့နှံ့နေသော လှိုင်းဂယက် အဝိုင်းလေးများ ဖြစ်ပေါ်လာနေပါသည်။

ဓားနယ်မြေဟူသည် ဓားဆန္ဒ၏ အထက်တွင်ရှိသော ဓားတာအို၏ နယ်ပယ်တစ်ခု ဖြစ်ပြီး ဓားနယ်မြေဟုသာ လူသိများပါသည်။။

ပုံမှန်အားဖြင့်၊ ဓားသိုင်းပညာရပ်များကို အသုံးပြုသောအခါတွင်၊ ဓားဆန္ဒနှင့် သဘောတရားစွမ်းရည် တိုက်ခိုက်မူများကို ဓားသိုင်းကွက်များတွင် ထည့်သွင်း အသုံးပြု ရပါသည်။ ထိုမှသာ ထိုဓားသိုင်းကွက်များသည် ပိုမိုပြင်းထန်ပြီး ပို၍ပင် အစွမ်းထက် လာမည် ဖြစ်ပါသည်။

သို့သော်၊ ဓားနယ်မြေကတော့ ကွဲပြားပါသည်။ ဓားနယ်မြေကို ဖော်ထုတ်လိုက်သည် နှင့်၊ ထိုနယ်မြေအတွင်းမှာ ထိုလူသည် ပြိုင်ဘက်ကင်းပုဂ္ဂိုလ် ဖြစ်နိုင်ပေသည်။

ဟိုတချိန်တုန်းက သူသည် ဘိုင်ယွန်သိုင်းမြို့စား၏ ကိုယ်ရံတော် ရှီရီနှင့် တိုက်ခိုက်နေ စဉ်မှာ မတော်တဆ ထိပ်တိုက်တွေ့ဆုံမိပြီး သူ၏လှံသိုင်းပညာရပ်တွင် နယ်မြေစွမ်းအင် တစွန်းတစ ပါရှိနေခဲ့သည်။ ထို့ကြောင့် သူ၏လှံသိုင်းပညာရပ်သည် အလွန် လွှမ်းမိုးနိုင်စွမ်းရှိခဲ့သည်။

အကယ်၍ ချင်ယွင်သည် ဓား၏နယ်မြေကို နားလည်နိုင်မည်ဆိုလျှင်၊ ချင်ယွင်သည် သူ၏ တိုက်ခိုက်ရေးနည်းလမ်းများသည် ခြေတစ်လှမ်းထက်ပို၍ တိုးမြင့်လာမည်ဟု သတ္တိရှိရှိ ပြောဆိုရဲပါသည်။ ထိုအချိန်ရောက်လျှင် သူ၏လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် ပင်၊ ချန်ထန်လောင်ကဲ့သို့သော အစောပိုင်းအဆင့် အင်မော်တယ် အသွင်ကူးပြောင်း ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ပစ်နိုင်မည် ဖြစ်ပါသည်။

ချင်ယွင်သည် ရေကန်၏မျက်နှာပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏မျက်လုံးများကို တင်းတင်းစေ့ထားပြီး သူ၏ ဓားကမ္ဘာကြီးထဲတွင် လုံးလုံးလျားလျား နစ်မြုပ်သွား လေသည်။

ဤအခိုက်အတန့်တွင် မြက်ပင်များ၊ သစ်ပင်များ၊ ရေစက်များနှင့် ကောင်းကင်နှင့် မြေကြီးကြားရှိ ဖုန်မှုန့်အမှုန်အမွှားများ အားလုံးသည် သူ၏မျက်လုံးထဲတွင် ထက်ရှသော ဓားများဖြစ်နေပါသည်။

ချင်ယွင်သည် ၎င်းတို့၏ထည်ကိုယ်ပေါ်ရှိ ဓား၏အစွန်း(အသွား)ကို အစွမ်းကုန် ခံစားပြီး ၎င်းတို့ကို လုံးလုံးထိန်းချုပ်နိုင်ရန် အကောင်းဆုံး ကြိုးစားနေပါသည်။

အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး ချင်ယွင်သည်လည်း ဘုန်းကြီးအိုကြီး တစ်ပါးလို သူ၏ဓားကမ္ဘာထဲမှာ လုံးဝ နစ်မြုပ်နေခဲ့ပါသည်။

သို့သော်လည်း ချင်ယွင်သည် သူ၏ဓားတာအိုအပေါ် နားလည်ဆင်ခြင်မူထဲ လုံးလုံး လျားလျား နစ်မြှုပ်နေစဉ်မှာ ချင်ယွင်နှင့် အလွန်ဝေးကွာလှသည့် အနောက်တောင် ဘက်ဒေသရှိ ကောင်းကင်နဂါးတိုက်ကြီး၏ မြင့်မြတ်သော ကျင့်ကြံခြင်းနယ်မြေဟု လူသိများသော ထန်းရွှေတောင်တန်းပေါ်ရှိ တောင်ငယ်လေးတစ်ခု၏ တောင်ထိပ်ပေါ် တွင်.......။

လှပပြီး လှုပ်ရှားနေသော အသွင်အပြင်တစ်ခုသည် အဝေးမှာရှိသည့် ခြံဝင်းတစ်ခုတွင် ထိုင်နေပါသည်။ ခြံဝင်းသည် ကြွေကျနေသော သစ်ရွက်ခြောက်များနှင့် ပြည့်နေပြီး အလွန်ပျက်စီးနေပုံရသည်။

ဝှီး...!

ပိုးထည်၀တ်စုံကို ၀တ်ဆင်ထားသော ချောမောသည့် အမျိုးသားတစ်ဦးသည် ခြံဝင်းထဲတွင် လွင့်မျောနေကာ သူ၏ခန္ဓာကိုယ်သည် အင်မော်တယ်တစ်ပါး၏ အငွေ့အသက်ကို ထုတ်လွှတ်နေ၏။

ချောမောလှပသော လူငယ်သည် ခြံဝင်းထဲတွင် ထိုင်နေသည့် မည်သို့မျှ ထူးခြားဟန် မရှိသော ထိုရုပ်အသွင်အပြင်ကို ငုံ့ကြည့်ရင်း အေးစက်စွာ အော်ပြောလိုက်သည် "ဟမ့်၊ မင်းက ငါ့ကို မကြည့်ချင်ဘူးပေါ့ ဟုတ်လား"။

ချောမောသော လူငယ်၏အသံသည် ကျဆင်းသွားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း လှုပ်ရှားနေသော ထိုအသွင်အပြင်သည် အနည်းငယ်မျှ တုံ့ပြန်ခြင်း မရှိပေ။

"မကြာသေးမီက ကောင်းကင်နဂါးတိုက်ကြီးမှာ "ချင်ယွင်"ဆိုတဲ့ နာမည်တစ်ခုက ပျံ့နေတယ်"။ ချောမောသောလူငယ်၏ မျက်လုံးတွေထဲမှာ အေးစက်သည့် အလင်းရောင်တစ်ခု လင်းလက်သွားရင်း သူက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"အယ်?"

သစ်သားတုံးလိုဖြစ်နေသော ဆွဲမက်ဖွယ်ကောင်းသည့် ထိုရုပ်အသွင်အပြင်သည် ချက်ချင်းပင် အသက်ဝင်လာပုံရ၏။ သူမက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီး မျက်လုံးပြူးကျယ်စွာဖြင့် ချောမောသော လူငယ်ကို စိုက်ကြည့်နေလေသည်။ သူမ၏မျက်နှာက နေရောင်အောင်မှ ထင်းခနဲ ပေါ်လာခဲ့သည်။

အလွန်မင်း ရုပ်ဆိုးလှသည့် မျက်နှာဖြစ်နေခဲ့သည်။ သူမမျက်နှာ၏ ဘယ်ဘက် တစ်ခြမ်း လုံးတွင် ကြီးမားသော အမာရွတ်ကြီးတစ်ခု ရှိနေခဲ့ပြီး သူမ၏ မျက်နှာတစ်ဝက်နီးပါးကို ဖုံးလွှမ်းထားသည်။ ဤသည်မှာ သူမ၏ ဆွဲမက်ဖွယ်ကောင်းသည့် အသွင်အပြင်နှင့် လုံးဝ တခြားစီဖြစ်နေပါသည်။

ချောမောသော လူငယ်လေးသည် လှုပ်ရှားသက်ဝင်လာသော ထိုရုပ်အသွင်အပြင်၏ မျက်နှာကို မြင်သောအခါ ချက်ချင်းပင် လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်လုံးများတွင် ရူးသွပ်မှု အရိပ်အယောင် ပေါ်လာသည်။

အရင်တုန်းကတော့ သူ၏ရှေ့မှ ဤအမျိုးသမီးသည် ကောင်းကင်နဂါးတိုက်ကြီး၏ ကြီးကျယ်ခမ်းနားသော အလှပိုင်လေးယောက်ထဲမှ တစ်ယောက်အဖြစ် သတ်မှတ် ခံရဖူးသည်။ သို့သော် သူမသည် သူနှင့်လက်ထပ်ရန် စိတ်ကူးကို စွန့်လွှတ်နိုင်ရန် အတွက် သူမ၏ရုပ်ရည်ကို ကိုယ်တိုင်ဖျက်စီးပစ်ခဲ့ပြီး လူတိုင်းမုန်းတီးရွံ့ရှာသည့် ရုပ်ဆိုးဆိုး အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါသည်။

အခန်း (၅၅၀) ပါရမီရှင်ရုပ်ဆိုးအမျိုးသမီး။

ဖန်ယုထန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏နှလုံးသားထဲက ဒေါသတွေကို ဖျောက်ဖျက်နိုင်ရန် အကောင်းဆုံး ကြိုးစားလိုက်ရသည်။ သို့သော်လည်း သူသည် သူ၏ရှေ့မှ ဤမျက်နှာကို မြင်တိုင်း သူ၏ဒေါသတွေက ကောင်းကင်ကြီးလို တဟုန်ထိုး မြင့်တက်လာစမြဲ ဖြစ်သည်။

ဖန်ယုထန်းသည် မည်သည့် ပါရမီရှင်မျိုး ဖြစ်သနည်း?။ သူသည် အသက် ၁၆ နှစ်တွင် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီး၊ အသက် ၁၈ နှစ်တွင် အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ်သို့ ဝင်ရောက်ခဲ့ကာ အသက် ၂၂နှစ်တွင် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည်။

ယခု သူသည် အသက် ၂၄ နှစ် ရှိပြီဖြစ်ပြီး၊ သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် အနှစ်တစ်ထောင်အတွင်း ကောင်းကင်ဘုံဂိုဏ်း၏ ရှားပါးပါရမီရှင်တစ်ဦး အဖြစ် ချီးကျူး သတ်မှတ်ခံခဲ့ရသူ ဖြစ်သည်။ သူသည် အနာဂတ် ဂိုဏ်းခေါင်းဆောင်အဖြစ် ကောင်းကင်ဘုံဂိုဏ်းမှ ရွေးချယ်ခံထားရပြီး ဖြစ်သည်။

သို့သော်လည်း ဖန်ယုထန်း၏ ရည်မှန်းချက်သည် သေးငယ်သော ကောင်းကင်ဘုံဂိုဏ်း လေးတစ်ခုနှင့်တင် ရပ်တန့်နေမည် မဟုတ်ပေ။ သူသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းချင်ပြီး အင်မော်တယ်ကမ္ဘာ၏ အကြီးမြတ်ဆုံး တည်ရှိမှုတစ်ခု ဖြစ်လာချင်သူ ဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်က ကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲများက သူမကို ခေါ်လာခဲ့ ကြသည်။ သူမသည် ကမ္ဘာကြီးအား တုန်လှုပ်လောက်သည့် အံ့အားသင့်ဖွယ် ရုပ်ရည် အသွင်အပြင်ဖြင့် ကောင်းကင်ဘုံဂိုဏ်း၏ နံပါတ်တစ် အလှပိုင်ရှင်အဖြစ် တိုက်ရိုက် ဖြစ်လာခဲ့လေသည်။ နောက်ပိုင်းတွင် သူမသည် ကောင်းကင်နဂါးတိုက်ကြီး၏ ကြီးမြတ်သော အလှပိုင်ရှင်လေးဦးအနက်မှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ထို့နောက် သူသည် ကျင့်ကြံမူမှာလည်း သူမ၏ ထူးကဲသော ပါရမီစွမ်းရည်ကို ပြသနိုင် ခဲ့သည်။ သူမသည် ဘာမှမသိသော သေမျိုးတစ်ဦးအဖြစ်မှ တစ်နှစ်အတွင်းမှာပင် သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့သည်။

ဖန်ယုထန်းသည် သူမကို တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုကဲ့သို့သော အမျိုးသမီးသည် သူ့အတွက် ထိုက်တန်သည်ဟု ခံစားမိ၏။ သူက ချက်ချင်းပင် ဂိုဏ်းချုပ်ကြီးကို သူ၏ တာအိုအဖော်အဖြစ် လက်ထပ်ပေးရန် အကြံပြုလိုက်သည်။

ဂိုဏ်းချုပ်ကြီးသည် သဘာဝအတိုင်း ဝမ်းသာအားရ သဘောတူလိုက်သည်။ ကောင်းကင်ဘုံဂို ဏ်းတစ်ခုလုံးရှိ လူတိုင်းသည် သူတို့နှစ်ဦးကို ဘုရားလောင်းဘေးနားရှိ ရွှေရောင်အမျိုးသားနှင့် ကျောက်စိမ်းမိန်းကလေးတို့ကဲ့သို့ သဘာဝက တွဲဖက်ပေးထား သည့် စုံတွဲဖြစ်သည်ဟု ထင်မြင်ကြသည်။

သို့သော်လည်း သူမသည် ထိုမင်္ဂလာပွဲကို သဘောမတူခဲ့ပေ။ သူမသည် စေ့စပ်ကြောင်း လမ်းမှုကို ရုတ်သိမ်းရန်အတွက် ဂိုဏ်းချုပ်ကြီးထံကို အပြေးအလွှား တောင်းပန်ခဲ့ သော်လည်း ဂိုဏ်းချုပ်ကြီးက သဘောမတူခဲ့ပေ။ သူမသည် ခန်းမတွင်းရှိ လူတိုင်း၏ ရှေ့မှာပင် ကမ္ဘာကြီးအား တုန်လှုပ်ချောက်ချားစေလောက်သည့် သူမ၏ ရုပ်ရည်ကို ဖျက်ဆီးပစ်ရန်အတွက် လောင်ကျွမ်းနေသော ကောင်းကင်ရေကို အသုံးပြုကာ သူမအား လူတကာမုန်းတီးသော ရုပ်ဆိုးဆိုး အမျိုးသမီးတစ်ဦး အဖြစ်သို့ ပြောင်းလဲ ပစ်ခဲ့သည်။

လောင်ကျွမ်းနေသော ကောင်းကင်ရေသည် အဆိပ်ရှိသော အရာဖြစ်သည်။ ၎င်းသည် အလွန်အမင်း အဆိပ်ပြင်းထန်သည်။ ၎င်းအဆိပ်ကို မည်သူမှ မဖယ်ရှားနိုင်ပါဘူး။ သူမ၏ အရေပြားကို နည်းနည်းလေး ထိမိလျှင်ပင် ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်တော့ပါဘူး။ သူမ၏ရုပ်ခန္ဓာကိုယ်ကို ပြန်လည်မတည်ဆောက်နိုင်လျှင် သူမ၏ ရုပ်ရည်သည် ပြန်လည်ကောင်းမွန်ဖို့က မဖြစ်နိုင်သလောက်ပင်။

ဖန်ယုထန်းသည် ပြီးပြည့်စုံမှုကို လိုက်စားသူ ဖြစ်သည်။ သူသည် ရုပ်ဆိုးဆိုး အမျိုးသမီး တစ်ဦးနှင့် လက်ထပ်ရမည်ကို မည်သို့ သည်းခံနိုင်မည်နည်း။ ထို့ကြောင့် သူသည် စေ့စပ်ပွဲကို ချက်ချင်း ဖျက်သိမ်းလိုက်သည်။

နောက်ပိုင်း သူသည် “အဘယ့်ကြောင့်”လဲ မေးမြန်းခဲ့စဉ်မှာ သူမစိတ်ထဲတွင် တစ်စုံတစ်ယောက် ရှိနေပြီဆိုသည်ကို သိလိုက်ရ၏။ ထိုလူသည်လည်း ချင်ယွင်ဟု အမည်ပေးထားသည့် လူတစ်ယောက် ဖြစ်လေသည်။

ဖန်ယုထန်းသည် သူမအား ဒေါသတကြီး သတ်ပစ်ချင်သော်လည်း သူ၏စိတ်ထဲတွင် အလွန်အမင်း ဆန္ဒမရှိလှပေ။

သူဖန်ယုထန်းသည် အခြားယောင်္ကျားတစ်ယောက်ကို ရှုံးနိမ့်လိုက်ရသည်ကို သူ မည်သို့ သည်းခံနိုင်မည်နည်း?။ ထိုအမျိုးသားသည် ဤမိန်းမ၏ နှလုံးသားထဲမှာ ရှိနေလျှင် တောင်မှ သူသည် သူမကို အပြည့်အဝ သိမ်းပိုက်ထားရမည်။

ဖန်ယုထန်းသည် သူမ၏နှလုံးသားထဲမှ ထိုယောက်ျားကို လုံးလုံးလျားလျား အနိုင်ယူပြီး ထိုအချိန်တုန်းက သူမ၏လုပ်ရပ်တွေအတွက် သူမနောင်တရသွားအောင် သူမကို ထိန်းသိမ်းထားချင်ခဲ့သည်။

သို့သော်လည်း ကောင်ကင်နဂါးတိုက်ကြီးတစ်ခုလုံးမှာပင် သူသည် ချင်ယွင်နှင့် ပတ်သက်သည့် အကြောင်းကို လုံးဝ မကြားခဲ့ရပေ။ နောက်ပိုင်းတွင် သူသည် လူများကို ထျန်းယွန်တိုက်ကြီးသို့ စေလွှတ်ခဲ့သော်လည်း သူရရှိခဲ့သော သတင်းမှာ ချင်ယွင်သည် ပျောက်ကွယ်သွားခြင်း ဖြစ်လေသည်။

မူလက သူသည် ဤအထီးကျန်တောင်ထိပ်ပေါ်ရှိ ဤခြံဝင်းထဲတွင် သူမ၏အပြစ်များကို ဖြည်းညှင်းစွာ ပြန်လည်တွေးတောရင်း နောင်တတရားနှင့်အတူ သူမကို တစ်ယောက်တည်း သေစေချင်ခဲ့သည်။ သို့သော်လည်း သိပ်မကြာသေးခင်ကမှ ‘ချင်ယွင်’ဟုခေါ်သော ထိုလူ၏လုပ်ရပ်များက ကောင်းကင်နဂါးတိုက်ကြီးတွင် ပျံ့နှံ့နေ လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ထို့ကြောင့် သူသည် ချက်ခြင်းပင် သူမကို လာတွေ့ပြီး သူမ မည်သို့တုံ့ပြန်သည်ကို သိနိုင်ရန်အတွက် ဤသတင်းကို လာပြောပြခြင်း ဖြစ်လေသည်။ သို့သော် ဖန်ယုထန်း သည် သူမ၏ တုံ့ပြန်မှုက ဤမျှ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

"ယွင်အာ, ယွင်အာ, သူ ကောင်းကင်နဂါးတိုက်ကြီးကို ရောက်လာပြီလား?" ရုပ်ဆိုးဆိုး အမျိုးသမီးတစ်ယောက်ဖြစ်သွားသည့် လျူရန်ယွင်က ကမန်းကတန်း မေးလိုက်သည်။

"ယွင်အာတဲ့လား….?" ဤအရင်းနှီးဆုံး ခေါ်သံကို ကြားလိုက်ရသဖြင့် ဖန်ယုထန်း၏ မျက်လုံးများသည် ပြင်းထန်သော ဒေါသများဖြင့် ပေါက်ထွက်ကာ သူ၏ အကြည့်များက ငရဲဘုံကိုးထပ်မှ ရေခဲပြင်များကဲ့သို့ အေးစက်နေသည်။

ယခုအချိန်မှာတော့ သူသည် သူ၏ရှေ့မှ ဤအမျိုးသမီးကို စိတ်ဝင်စားမှု မရှိတော့ပါဘူး။ ထို့အပြင် လျူရန်ယွင်၏ ရုပ်ရည်သည် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည့်နေကတည်းက သူ့အတွက် သူမကို လက်ထပ်ရန်မှာ မဖြစ်နိုင်တော့ပေ။ ယင်းက သူ၏မာနကို အရမ်း ထိခိုက်စေသည်။ သူ၏မျက်လုံးထဲမှာ မည်သည့်စည်းမျိုးမှ မရှိပါဘူး။ သူ၏ဘဝတွင် မည်သည့် ရှုံးနိမ့်မှုမျိုးကိုမှ ခွင့်မပြုနိုင်ပါဘူး။

"သူက မင်းအတွက် အရမ်းအရေးကြီးတယ် ငါထင်တယ်။ မင်းက သူ့အတွက်နဲ့ မင်းရဲ့ ရုပ်ရည်ကိုတောင် စွန့်လွှတ်ရဲပြီး မင်းရဲ့ တောက်ပတဲ့ အနာဂတ်ကိုပါ စွန့်လွှတ်ပစ်ချင် ခဲ့တယ်။ မင်း အခုထိ နောင်တမရသေးဘူးလား" ဖန်ယုထန်းက ဟိန်းဟောက်လုမတတ် အော်ပြောလိုက်သည်။

"ကျွန်မ နောင်တမရဘူး။ မင်း ဒီအကြောင်းလာမေးတယ်ဆိုရင် ကျေးဇူးပြုပြီး ပြန်သွား ပါတော့။ တကယ်လို့ ကျွန်မ သေသွားရင်တောင် နောင်တရနေမှာ မဟုတ်ဘူး။" လျူရန်ယွင်၏ အကြည့်များသည် ယခင်အတိုင်း တည်ငြိမ်သည့် အခြေအနေဆီသို့ ပြန်လည် ရောက်ရှိသွားသည်။ ချင်ယွင်၏သတင်းကို ပြောသည့်အခါ ဖန်ယုထန်းသည် သူမကို လိမ်ညာနေခြင်းသာ ဖြစ်မည်ဟု သူမ ယုံကြည်ထားသည်။

"မင်း" ဖန်ယုထန်းသည် ရူးသွပ်နေသော ခြင်္သေ့တစ်ကောင်လို ဒေါသထွက်နေသော် လည်း လျူရန်ယွင်ကတော့ ငြိမ်သက်နေသည့် ရေအိုင်နှင့် တူသည်။ ချင်ယွင်ဟူသော အသံကို ကြားလိုက်မှသာလျှင် သူမသည် တက်ကြွမှုအပြည့် ပြန်ရှိလာခြင်း ဖြစ်လိမ့် မည်။

ဖန်ယုထန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ လှုပ်ရှားနေသောစိတ်ကို တည်ငြိမ် အောင် ထိန်းလိုက်ရ၏။ သူက လျူရန်ယွင်ကို ငုံ့ကြည့်ပြီး မောက်မာဟန်ဖြင့် ပြောလိုက်သည် "ငါက မင်းကို လိမ်နေတယ်လို့ မင်း ထင်နေတာမဟုတ်လား။ ဟင့်၊ ချင်ယွင်နဲ့ပတ်သက်တဲ့ သတင်းတွေက သိပ်မကြာသေးခင်မှာပဲ ကောင်းကင်နဂါး တိုက်ကြီးတစ်ခုလုံးမှာ ပျံ့နှံ့နေပြီး။ သူ ဘာတွေလုပ်ခဲ့လဲဆိုတာ မင်း မသိချင်ဘူးလား။ အဲဒါက အသက်ရှင်သန်နိုင်မလား၊ ဒါမှမဟုတ် သေခြင်းတရားဖြစ်မလား ဆိုတဲ့အကြောင့်ပေါ့ ?"။

"သူ ဘာဖြစ်နေလို့လဲ?" လျူရန်ယွင်က ချက်ချင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ခွေးမ!" ဖန်ယုထန်းက ပြင်းပြင်းထန်ထန် ဆဲဆိုကြိမ်းမောင်းပြီး အေးစက်စွာ အော်ပြောလိုက်သည်"ဟမ့်၊ ချင်ယွင်လို့ခေါ်တဲ့ အဲဒီကောင်က ချန်ကလန်မှာ သတ်ဖြတ် ပြီး ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးနဲ့ စေ့စမ်းထားတဲ့အမျိုးသမီးကို လုယူသွားတဲ့ အထိ ရဲတင့်လွန်းတယ်။ အခု ကောင်းကင်နဂါးတိုက်ကြီးတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရပြီ။ သူ့လုပ်ရပ်တွေက လမ်းမတွေပေါ်မှာတောင် ပျံ့နှံ့နေပြီ။"

လျူရန်ယွင်၏ မျက်နှာသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေပြီး ဆက်မေးလိုက်သည် "သူ… သူ အဆင်ပြေရဲ့လား၊ သူ ဒဏ်ရာများ ရသွားသေးလား"။

"သူ မသေသေးပါဘူး၊ ဒဏ်ရာရမရကတော့ ငါလည်း မသိဘူး။ ဒါပေမယ့် သူရဲ့ အခြေအနေကလည်း ပိုကောင်းပုံ မပေါ်ပါဘူး။ ယွန်ဟောင်ရန်ရဲ့ စေ့စပ်ထားသူကို ခိုးယူပြီးနောက်၊ ရှောင်ယန်ဂိုဏ်းက သူ့ကို အလွှတ်ပေးမှာ မဟုတ်တော့ဘူး။" ဖန်ယုထန်းက ရယ်မောလိုက်သည်။

လျူရန်ယွင်က သက်ပြင်းတစ်ချက် ချလိုက်သော်လည်း စိုးရိမ်မှုအရိပ်အယောင်က ချက်ချင်းဆိုသလို သူမမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့သည်။

"သူက တခြားမိန်းမတွေအတွက်နဲ့ ချန်ကလန်ကိုသွားပြီး ရှုပ်ပွအောင် လုပ်ခဲ့တယ်။ သူက မင်းကို မေ့နေလောက်ပါပြီ။ မင်းကတော့ သူ့အတွက်နဲ့ မင်းရဲ့မျက်နှာကိုတောင် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ပစ်ခဲ့တယ်။ အဲဒါက တကယ်တန်တယ်လို့ မင်း ထင်လား" ဖန်ယုထန်းက လှောင်ပြောင်ပြီး မေးလိုက်သည်။

လျူရန်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးပြီး အလွန်အေးဆေးသည့် လေသံဖြင့် ပြောလိုက်သည် "ထိုက်တန်ပါတယ်။ သူက တခြားမိန်းမတွေအတွက်နဲ့ ပြဿနာသွားရှာခဲ့တယ်။ ဆိုလိုတာက ယွင်အာက ကြီးပြင်းလာပြီပေါ့။ ငါ့ကို မေ့သွားပြီလား? ဟမ့်၊ သူက ငါ့ကို မေ့လိုက်မယ်ဆို အကောင်းဆုံးလို့ ငါ မျှော်လင့်ထားတယ်။ အခုချိန်မှာ သူ ငါ့ကို လာမတွေ့ရင် အဲဒါက အကောင်းဆုံးရွေးချယ်မူပဲ..။"

"မင်း မိန်းမပျက်မ။" ဖန်ယုထန်းသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူမအနေဖြင့် ယခလိုစကားမျိုး ပြောထွက်သည့်အတွက် ခံစားချက်တွေက မည်မျှ နက်ရှိုင်းနေပြီလဲဆိုသည်ကို သူ နားမလည်နိုင်တော့ပါဘူး။

"ဒီလို ခံစားချက်မျိုးတွေကို မင်း ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ ငါ့မျက်လုံးထဲမှာ မင်းက ဘယ်လောက်ပဲ ပြီးပြည့်စုံနေပါစေ မင်းက ငါ့ရဲ့ယွင်အာထက် နည်းနည်း နိမ့်ကျနေပါသေးတယ်။" လျူရန်ယွင်က ဖန်ယုထန်းကို လှည့်ကြည့်ပြီး ပြုံးလိုက်၏။ သူမ၏အပြုံးသည် အလွန်တည်ငြိမ်ပြီး သဘာဝကျသည်။

ဖန်ယုထန်းသည် ဒေါသအမျက် အကြီးအကျယ် ပေါက်ကွဲထွက်တော့မည်။

"ဟမ့်, ချင်ယွင် ဟုတ်လား၊ ငါ သူ့ကိုဖမ်းပြီး မင်းရဲ့ရှေ့မှာပဲ ငါ့ခြေထောက်အောက်မှာ သူ့ကို ဘယ်လိုနင်းချေပစ်လဲဆိုတာ မင်းကို ငါပြပေးမယ်။" ဖန်ယုထန်းက အေးစက်စွာ ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး၊ ယွင်အာက မင်းရဲ့ခြေထောက်အောက်မှာ သေချာပေါက် နင်းခံရမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။" လျူရန်ယွင်က ယုံကြည်မှုအပြည့်နှင့် ပြောလိုက်ပါ သည်။

"တကယ်လား? ဒါဆို ငါတို့ စောင့်ကြည့်ကြတာပေါ့။ မင်းရဲ့စိတ်နှလုံးထဲက ယုံကြည်မှုတွေ လုံးလုံးလျားလျား ကြေမွသွားတဲ့နေ့ရောက်ရင် မင်းရဲ့အမူအရာက ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲဆိုတာ ငါ ကြည့်ချင်မိတယ်။ ဟမ့်..!" ဖန်ယုထန်းသည် သူ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ ပုံရိပ်ယောင်တစ်ခုအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

လျူရန်ယွင်သည် ဖန်ယုထန်း ပျောက်ကွယ်သွားသည့်နေရာကို လှမ်းကြည့်လိုက်ရင်း သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်သည် "မင်း တကယ် မေ့သွားတာလား၊ မေ့သွားပြီဆိုရင်လည်း ကောင်းပါတယ်လေ။ မင်း ပျော်ရွှင်နေသရွေ့ မင်းရဲ့ အစ်ကြီးကလည်း ပျော်ရွှင်နေပါလိမ့်မယ်။ ချင်းနင်းမြို့ကနေ ထွက်သွားပြီးတဲ့ အချိန်ရောက်မှသာ ဒီကအစ်မကြီးက မင်းကို ချစ်မိသွားတာတာဆိုတော့ မင်းမသိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ…။"

လျူရန်ယွင်သည် သူမ၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုရှိပြီး သူမ၏ ရုပ်ဆိုးဆိုး မျက်နှာသည် နေရောင်အောက်တွင် ထူးထူးခြားခြား ပြိုးပြိုးပြက်ပြက် လင်းလက်နေ ၏။

All Chapters