အခန်း (၅၃၁-၅၃၅)
Vol. 36 Ch. 531-535
အခန်း (၅၃၁) လေဟာနယ်သားရဲကိုသတ်ဖြတ်ခြင်း။
"အယ်….? အဲဒါက တကယ့် နဂါးသွေးမျိုးဆက်ပဲ။ ဒါပေမယ့် မင်းက အဲဒါကို အသုံးပြုတော့ရော ဘာဖြစ်လာမှာလဲ။ ဒါက ငါ့ပိုင်နက်ဆိုတာကို မမေ့နဲ့ဦး...။" လေဟာနယ်သားရဲလူငယ်သည် ခဏမျှ ထိတ်လန့်သွားသည်။ ထို့နောက် သူ၏ မျက်နှာတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင် ပြန်ပေါ်လာ၏။ သူသည် ချင်ယွင်ဆီသို့ ခြေတစ်လှမ်းချင်း ဆက်လက်လျှောက်လှမ်းလာပြီး သူ၏ခြေလှမ်းများက နှေးကွေးသွား ခြင်း မရှိခဲ့ပေ။
အဝေးမှာရှိနေသော လျှိုလင်းသည် ချင်ယွင်၏ နောက်ကျောမှ ကြီးမားသော ကြက်သွေးရောင်တောင်ပံတစ်စုံကို ရုတ်တရက် မြင်လိုက်ရသည်နှင့် သူမ၏မျက်နှာသည် အလွန်အံ့သြသွားသော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။ အထူးသဖြင့် ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ကြောက်မက်ဖွယ်စွမ်းအားသည် လျှိုလင်းကို အံ့အားသင့်သွားစေခဲ့သည်။
လူတစ်ဦးသည် သူတို့၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုနိုင်စွမ်းမရှိလျှင် ဤမျှလောက် အစွမ်းထက်သော ခွန်အားကို ထုတ်လွှတ်နိုင်မည်ဟု သူမ မျှော်လင့်ခဲ့ပေ။ ယင်းက သူမကို လက်သင့်ခံလို့မရဟု ခံစားရစေသည်။
"ဒါက အသုံးဝင်ခြင်း ရှိမရှိဆိုတာ မင်း ရိုက်နှက်ခံရပြီးတဲ့နောက် သိလာပါလိမ့်မယ်" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲ ထွက်လာသည်။ သူ၏ခန္ဓာကိုယ်သည် နဂါးအတောင်များဖြင့် လင်းလက် တောက်ပနေ သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏အမြန်နှုန်း က ချက်ချင်းပင် မြင့်တက်လာခဲ့သည်။ သူသည် အနီရောင်အလင်းတန်းတစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး လေဟာနယ်သားရဲဆီသို့ ပစ်ဝင်သွားခဲ့သည်။
"သုံးစားမရတဲ့ လှည့်ကွက်လေးနဲ့များ.." လေဟာနယ်သားရဲလူငယ်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။ သူသည် လျင်မြန်စွာ ချဉ်းကပ်လာသော ချင်ယွင်ကို ကြည့်လိုက်ရင်း သူ၏ရုပ်အသွင်က ချက်ချင်း ပျောက်ကွယ်သွားပြီး ချင်ယွင်၏ နောက်မှာ ပြန်ပေါ်လာသည်။
"ဟမ့်၊ ဒီအချိန်ကို စောင့်နေတာပဲ…..!"
ချင်ယွင်၏ ပါးစပ်ထောင့်သည် အေးစက်သောအပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားကာ သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ရပ်တန့်သွား၏။
"ဝှီး…..!
ချင်ယွင်၏ခါးသည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံထွက်သွားပြီး သူ၏ခါးဆီသို့ ချက်ချင်းပင် ခွန်အားကို ပို့လွှတ်လိုက်သည်။ ကြက်သွေးရောင်မီးတောက်များ လွှမ်းခြုံထားသော သူ၏ ခြေထောက်များသည် တဟုန်ထိုး တိုးဝင်သွားပြီး လေပွေကဲ့သို့ နောက်ပြန် ကန်ချလိုက်သည်။
"ဘုန်း…!"
မီးတောက်များလွှမ်းခြုံထားသော ကြာပွတ်ခြေထောက်သည် လေဟာနယ်သားရဲ လူငယ်၏ ဝမ်းဗိုက်ထဲသို့ ပြင်းထန်စွာ ရိုက်ချက်မိသွားပြီး ကောင်းကင်မီးလျှံများက ပေါက်ကွဲ သွားလေသည်။
လေဟာနယ်သားရဲလူငယ်သည် ချက်ချင်းပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ ချိုင့်ဝင်နေသော သူ၏မျက်လုံးများသည် ပြူးထွက်လာပြီး သူ၏ ဝမ်းဗိုက်သည် အလွန်အမင်း နာကျင်သွား၏။ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး သူ၏ ခန္ဓာကိုယ်သည် နောက်သို့ အမြန် လွင့်ပျံသွားသည်။
ဤလူသားလူငယ်သည် သူထွက်ပေါ်လာမည့်နေရာကို အမှန်တကယ် ခန့်မှန်းမိပြီး ကြိုတင်ပြင်ဆင်ထားနိုင်မည်ဟု သူ ဘယ်တုန်းကမှ စိတ်မကူးမိခဲ့ပေ။
"ဟမ့်!"
ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နဂါးတောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ သူ့နောက်သို့ လိုက်လာပြန်သည်။ သူ၏ပုံရိပ်က ချက်ချင်း အရှိဟုန်တိုးမြင့်လာပြီး လေဟာနယ်သားရဲလူငယ်နောက်ကို အမြန်လိုက်သွား၏။
"ဘုန်း….!"
ချင်ယွင်သည် လေဟာနယ်သားရဲလူငယ်အား တုံ့ပြန်ရန်ပင် အချိန်မပေးတော့ပါ။ သူ၏ လက်သီးချက်များသည် လေဟာနယ်သားရဲလူငယ်၏ကိုယ်ကို မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ တရစပ် ကျရောက်နေလေသည်။
လေဟာနယ်သားရဲလူငယ်၏ကိုယ်ပေါ်တွင် ကောင်းကင်မီးလျှံများ ပေါက်ကွဲသွားသည်။ လက်သီးချက်တိုင်းတွင်ပါဝင်သော ကြောက်မက်ဖွယ်စွမ်းအားသည် ခပ်အုတ်အုပ် ခေါင်းလောင်းမြည်သံနှင့် ဘုံတီးသံကဲ့သို့ဖြစ်နေပြီး လေဟာနယ်သားရဲလူငယ်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ရိုက်နှက်နေသည်။
သိပ်မကြာခင်မှာ၊ လေဟာနယ်သားရဲလူငယ်၏ ခန္ဓာကိုယ်သည် လုံးလုံးလျားလျား ပြောင်းလဲလာခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဝမ်းနည်းကြေကွဲစရာ အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
လျှိုလင်းသည် ထိုမြင်ကွင်းကို အဝေးမှ မြင်လိုက်ရလျှင် ထိတ်လန့်သွား၏။ ယခုလို ပြင်းထန်သော တိုက်ခိုက်မူမျိုး သူမ တစ်ခါမှ မမြင်ဖူးပါဘူး။
"တော်လောက်ပြီ….!"
လေဟာနယ်သားရဲလူငယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ပကတိမျက်စိဖြင့် မမြင်နိုင်သည့် ပြင်းထန်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်း လွင့်ထွက်သွားရသည်။ သူမရပ်တန့်နိုင်ခင် ခြေလှမ်းဆယ်ချီ နောက်ဆုတ်သွား၏။ သူသည် လေဟာနယ်သားရဲလူငယ်ကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။
လေဟာနယ်သားရဲလူငယ်၏ရုပ်အသွင်သည် လေထဲတွင် လွင့်ပျံနေပြီး၊ သူ၏ ရှုပ်ယှက်ခတ်နေသော ဆံပင်များက လေထဲတွင် ရိုင်းစိုင်းစွာ ကခုန်နေကြကာ၊ သူ၏ ကြယ်ရောင်မျက်လုံးများသည် အနှိုင်းမဲ့ တောက်ပနေသော အပြာရောင်အလင်းများဖြင့် လင်းလက်နေသည်။
"မင်း ငါ့ကို ဒီလိုလုပ်ဖို့ တွန်းအားပေးခဲ့တာပဲ။" လေဟာနယ်သားရဲလူငယ်သည် သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေသေးသော်လည်း သူ၏အမူအရာမှာ အနှိုင်းမဲ့ ခက်ထန်လာသည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းပြီး မမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်း တစ်ခုသည် လေဟာနယ်ထဲမှ ပျံ့နှံ့လာခဲ့၏။ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်း သည် အရိပ်မဲ့နှင့် မမြင်နိုင်သော်လည်း ၎င်းသည် လူကို အသက်ရှူမဝအောင် ဖြစ်စေသည်။
ချင်ယွင် ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤစွမ်းအင်အတက်အကျလှိုင်းမှ အန္တရာယ်အငွေ့အသက်ကို သူ တကယ်ခံစားရသည်။
"သေလိုက်ကြစမ်း….၊ လေဟာနယ်ပြိုကွဲခြင်း….!"
လေဟာနယ်သားရဲလူငယ်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ မူလက ဖွင့်ထားသော လက်ဖဝါးကို ရုတ်တရက် တင်းတင်းဆုပ်လိုက်၏။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ရှေ့ရှိ လေဟာနယ်သည် ပေါက်ကွဲသွားပုံရပြီး ကြောက်မက်ဖွယ်ကောင်းသော သက်ရောက်မှုတစ်ခုက ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏ နားများထဲမှ တဝှီးဝှီးမြည်သံကို ခံစားရသော်လည်း သူ၏ရှေ့ရှိ နေ့ခင်းဘက်မြင်ကွင်းကို သဲသဲကွဲကွဲ မမြင်နိုင်တော့ပေ။
ဤကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုသည် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ ချွေးပေါက်များအားလုံးမှ လတ်ဆတ်သော သွေးများ စိမ့်ထွက်လာ၏။ တခဏအတွင်းမှာပင် လတ်ဆတ်သော သွေးတွေက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သူ၏ခန္ဓာကိုယ်တစ်လုံးသည် သွေးလူသား အဖြစ် ပြောင်းလဲသွားကာ လှုပ်ရှားနိုင်ခြင်းမရှိဘဲ နောက်သို့ ပစ်လွင့်သွားပြီး အဝေးမှာ လဲကျသွားခဲ့သည်။
ခပ်လှမ်းလှမ်းတွင်၊ လျှိုလင်း၏ လှပသော မျက်နှာသည် ချက်ချင်း ဖျော့တော့သွား၏။ သူမသည် ချင်ယွင်နှင့် မည်သည့်ပတ်သက်မူမှ မရှိသော်လည်း ချင်ယွင် ဒဏ်ရာအပြင်း အထန်ရပြီး သွေးများစိုးရွဲနေသည်ကို မြင်လိုက်ရစဉ်မှာ သူမ၏ နှလုံးသားထဲတွင် လှိုင်းလုံးကြီးတစ်ခု ရှိနေသလို ခံစားရလိုက်သည်။
ဟောင်ခွန်၏ မျက်ခုံးများသည်လည်း တင်းတင်းကြပ်ကြပ် တွန့်သွားခဲ့သည်။ လေဟာနယ် သားရဲလူငယ်၏တိုက်ခိုက်မှုကြောင့် ချင်ယွင်သည် ဒဏ်ရာအပြင်းအထန် ရသွားသည်ကို သူ ခံစားနိုင်သည်။
ဤလှုပ်ရှားမှုကို အသုံးပြုပြီးနောက်၊ လေဟာနယ်သားရဲလူငယ်သည် သူ၏ခွန်အားများ အားလုံးကို ကုန်ဆုံးသွားပုံရသည်။ သူ၏ခန္ဓာကိုယ် ပြိုလဲကျသွားပြီး သူ၏ပါးစပ်မှ သွေးချောင်းဆိုးပြီး သွေးတွေအန်နေ၏။
သို့သော်လည်း သူသည် အေးစက်သော အပြုံးတစ်ခု သူ၏ပါးစပ်ထောင့်တွင် ချိတ်ဆွဲထားဆဲပင်။ သွေးလူသားကဲ့သို့ နောက်သို့ လွင့်ထွက်သွားဆဲဖြစ်သော ချင်ယွင်ကို ကြည့်လိုက်ရင်း၊ သူ၏ပါးစပ်ထောင့်သည် မထီမဲ့မြင်ပြုသော် အတွန့်အကွေး တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။
"ဟား…..။ ဟား……။ ငါ့ရဲ့သိုင်းကွက် ထိမှန်သွားမှတော့ မင်း သေရလိမ့်မယ်" လေဟာနယ်သားရဲလူငယ်၏ ပါးစပ်ထောင့်ရှိ အပြုံးသည် ပို၍ပင် ခက်ထန်လာသည်။ သူသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော ချင်ယွင်ကို ကြည့်ရင်း သူ၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည်။
"ဟုတ်လား…..?"
သို့သော် ဤအခိုက်အတန့်တွင် လူတိုင်းကို အံ့အားသင့်စေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် 'ဖူး'ဟူသော အသံတစ်ချက်နှင့်အတူ ဆေဘာတစ်ချောင်းက သူ၏ ခန္ဓာကိုယ်ထဲ သို့ ထိုးဖောက် ဝင်ရောက်သွားလေသည်။
"ဘယ်လို... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လေဟာနယ်သားရဲလူငယ်သည် သူ၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ထားသည့် ဓားထိပ်ဖျားကို ကြည့်ရန် သူ၏ခေါင်းကို ပြန်လှည့်လိုက်၏။ သူ၏မျက်နှာသည် အလွန်တုန်လှုပ် ခြောက်ခြားနေသည့် အမူအရာတစ်ခု ပေါ်လာပါသည်။
အဝေးတနေရာမှာရှိနေသော လျှိုလင်းသည် အလွန်အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်နေ၏။ လေဟာနယ်သားရဲလူငယ်၏ နောက်ကွယ်မှ အေးစက်စက် မျက်နှာပိုင်ရှင်ကို ကြည့်လိုက်ပြီးနောက် သွေးအိုင်ထဲတွင် လဲလျောင်းနေသော လူငယ်ကို တစ်ချက် ပြန်ကြည့်လိုက်ကာ သူမ၏မျက်နှာပေါ်တွင် အလွန်ရှုပ်ထွေးနေသော အမူအရာကို ထုတ်ဖော်နေလေသည်။
"လေဟာနယ်စွမ်းအားကို မင်း ငါ့အပေါ်မှာ အသုံးပြုခွင့်ရခဲ့ပေမယ့် ငါ့ကိုယ်ပွားအပေါ်မှာ တော့ အသုံးပြုခွင့် မရခဲ့ဘူးမလား..?" ချင်ယွင်၏ နှုတ်ခမ်းများသည် မထီမဲ့မြင်ပြုသည့် အမူအရာ ပေါ်လာသည်။
"မင်း" ဟူသောအသံနှင့်အတူ ပြင်းပြင်းထန်ထန် မလိုလားသည့် စိတ်က လေဟာနယ် သားရဲလူငယ်၏ မျက်နှာပေါ်မှာ အလျင်အမြန် ပျံ့နှံ့လာ၏။ သို့သော် သူ၏ရင်ဘတ်တွင် ဖြစ်ပေါ်လာသော ပြင်းထန်သော နာကျင်မှုက သူ၏မျက်နှာကို ရှုံ့မဲ့သွားစေသည်.
"အေးအေးဆေးဆေး သွားလိုက်ပါတော့!" ချင်ယွင်က သူ၏ ဉက္ကာပျံတိုက်ပွဲဝင်ဆေဘာ ကို အေးစက်စွာ ဆွဲထုတ်လိုက်ပြီး ခေါင်းပင်လှည့်မကြည်ဘဲ သူ၏မူလခန္ဓာကိုယ်ဆီသို့ လျှောက်သွားသည်။
သူ၏ဆေဘာသည် လေဟာနယ်သားရဲလူငယ်၏နှလုံးသားကို ဖောက်ထားပြီးသားဖြစ်ကာ လေဟာနယ်သားရဲလူငယ် သံသယမရှိ သေဆုံးသွားရပါလိမ့်မည်။
"ငါ သေသွားရင်တောင် ငါနဲ့အတူ တစ်ယောက်ကို အတူတူမြုပ်နှံပစ်ဦးမယ်။"
သို့သော် ဤအခိုက်အတန့်တွင် လေဟာနယ်သားရဲလူငယ်မျက်နှာသည် ခက်ထန်လာပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုကို ထုတ်ဖော်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏ပုံသဏ္ဍာန်သည် သူရှိနေရာမူလေနေရာမှ ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။
ထို့နောက် သူသည် လျှိုလင်း၏ရှေ့မှာ တဖန်ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်စွမ်းအင်လှိုင်းလုံးကြီးက သူ၏လက်ဖဝါးတွင် ပျံ့နှံ့လာခဲ့ပြီး လျှိုလင်း၏ လည်ပင်းဆီသို့ တိုက်ရိုက်ဖြတ်ပိုင်းသွားသည့် လက်ဖဝါးဓါးတစ်လက် အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။
လျှိုလင်းသည် ရုတ်တရက် ထွက်ပေါ်လာသည့် လေဟာနယ်သားရဲလူငယ်ကို လှည့်ကြည့် လိုက်သည်။ သူမ၏ လှပသော မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားကာ သူမ၏ မျက်လုံးများသည် မယုံကြည်နိုင်သည့်အမူအရာများဖြင့် ပြည့်နှက်နေသည်။
"ဟမ့်၊ လေဟာနယ်သားရဲတွေက အမှန်တကယ်ပင် ကြမ်းကြုတ်ပြီး ရက်စက်လွန်းတယ်။"
သို့သော် ဤအခိုက်တွင်၊ လျှိုလင်း၏ နားထဲမှာ အေးစက်စက် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ရှည်လျားသော အစိမ်းရောင်ဆံပင်နှင့် လူငယ်တစ်ဦး လျှိုလင်း၏ ဘေးတွင် ပေါ်လာသည်။ သူသည် သူ၏လက်ဖဝါးကိုဖွင့်လိုက်ပြီး ချက်ခြင်းဆိုသလိုပင် အကိုင်းအခက်များစွာနှင့် လေဟာနယ်သားရဲလူငယ်ကို တင်းကျပ်စွာ ချည်နှောင်လိုက်၏။
ထို့နောက် အကိုင်းအခက်များမှ စုပ်ယူခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး လေဟာနယ် သားရဲလူငယ်၏ အသက်စွမ်းအားသည် မြင်နိုင်သောအမြန်နှုန်းဖြင့် ပျောက်ကွယ်သွား နေသည်။
“မဟုတ်ဘူး…”
လေဟာနယ်သားရဲလူငယ်၏ မျက်လုံးများသည် ပြင်းထန်သော မလိုလားသည့် ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သို့သော်၊ သူ၏အသက်စွမ်းအားကို ချင်ယွင်၏ သစ်သားစွမ်းရည်ကိုယ်ပွားမှ ချက်ခြင်း စုပ်ယူသွားခဲ့ပြီး သူသည် အလောင်းကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။
လျှိုလင်းသည် ဤရုတ်တရက်မြင်ကွင်းကြောင့် လုံးဝ အံ့အားသင့်သွားခဲ့သည်။ သူမ၏ ဘေးနားမှ အစိမ်းရောင်ဆံပင်နှင့်လူငယ်ကို မြင်လိုက်ရလျှင် သူမမျက်နှာသည် မယုံကြည်နိုင်သည့် အမူအရာများဖြင့် ပြည့်နှက်လာပြန်သည်။
"နောက်ထပ် ကိုယ်ပွားတစ်ခုလား…?" လျှိုလင်းသည် အလွန်တုန်လှုပ်သွား၏။
တစ်ဖက်မှာလည်း ဟောင်ခွန်၏ မျက်နှာသည် အလွန်အံ့အားသင့်သွားသည့် အမူအရာ ပေါ်နေသည်။ သူသည် ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားကို မြင်ဖူးသော်လည်း ချင်ယွင် ၏ သစ်သားစွမ်းရည်ကိုယ်ပွားကိုတော့ မမြင်ဖူးပေ။ ဤအကြိမ်သည် ပထမဆုံး မြင်ဖူးခြင်း ဖြစ်ပြီး သူ၏စိတ်ထဲမှာ အလွန်တုန်လှုပ်သွားရဆဲ ဖြစ်သည်။
အခန်း (၅၃၂) လေဟာနယ်ခုန်ကူးခြင်း။
ဤတစ်ကြိမ်တွင် ချင်ယွင်သည် သူ၏ကိုယ်ပွားနှစ်ခုကို တိုက်ရိုက် အသုံးပြုခဲ့သည်။ သူသည် ယခင်ကတည်းက တိုက်ပွဲအတွင်းမှာ သူ၏ကိုယ်ပွားနှစ်ခုကို လျှို့ဝှက်စွာ လွှတ်ပေးထားခြင်းဖြစ်သည်။
အရင်ဆုံး၊ ချင်ယွင်သည် လျှိုလင်းနှင့်ဟောင်ခွန်တို့ကို လျှို့ဝှက်ကာကွယ်ရန်နှင့် လျှိုလင်း နှင့်ဟောင်ခွန်တို့ကို လေဟာနယ်သားရဲ၏ တိုက်ခိုက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် သစ်သားစွမ်းရည်ကိုယ်ပွားကို မြေအောက်တွင် ပုန်းအောင်း ခိုင်းထားသည်။ နောက်ဆုံးမှာတော့၊ သူတို့သည် ယခုအချိန်တွင် သူတို့၏ဝိညာဉ် စွမ်းအင်များကို အသုံးချနိုင်ခြင်း မရှိတော့ဘဲ သူတို့၏ခွန်အားသည်လည်း အလွန် ကျဆင်းသွားခဲ့ရသည်။ ဤအချက်တစ်ခုတည်းဖြင့်ပင် သူတို့သည် လေဟာနယ်သားရဲ၏ ပြိုင်ဘက် မဖြစ်နိုင်သည် မှာ သေချာပါသည်။
သစ်သားစွမ်းရည်ကိုယ်ပွားသည် အသက်သစ်ပင် ဖြစ်သည်။ အသက်သစ်ပင်သည် လေဟာနယ်သားရဲကို တခဏတောအတွင်း လုံးလုံးလျားလျား ခုခံနိုင်သည့် အစွမ်းထက် သော ဝါးမျိုးခြင်း နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
ဒုတိယအနေဖြင့်၊ ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို အမှောင်ထဲမှာ ပုန်းအောင်း ခိုင်းထားသည်။ သူတိုက်ခိုက်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေချိန်တွင် လေဟာနယ် သားရဲသည် ချင်ယွင်ကို အစိပ်စိပ်အမွှာမွှာ ဖြစ်သွားစေရန်အတွက် လေဟာနယ်ပြိုကွဲခြင်း အစွမ်းကို အသုံးပြုခဲ့သည်။ ထို့အပြင် ချင်ယွင်သေပြီဟုလည်း သူ ထင်ခဲ့သည်။ ထို့ကြောင့် ထိုအခိုက်တန့်တွင် သူ၏သတိထားမှုသည် ပေါ့လျော့ဆုံးအချိန် ဖြစ်သည်။ ထို့ကြောင့် လျှပ်စီးစွမ်းရည်ကိုယ်ပွား ဤအခွင့်အရေးကို အရယူပြီး လေဟာနယ်သားရဲကို တစ်ချက်တည်းဖြင့် သေဆုံးလောက်သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်။
ဤသည်မှာ ချင်ယွင်၏ နည်းဗျူဟာမြောက်လှသည့် တိုက်ပွဲဗျူဟာ ဖြစ်လေသည်။ နောက်ဆုံးတွင်၊ လေဟာနယ်သားရဲ၏အစွမ်းသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အစောပိုင်းအဆင့်တွင် ရှိနေပါပြီ။ ထို့အပြင် ၎င်းသည် ထူးဆန်းသော လေဟာနယ်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။ သူ့ကိုသတ်ရန်မှာ ခေါင်းကိုက်ရသည် အထိ အလွန်ခက်ခဲလွန်းသည်။
သို့သော်လည်း ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည် နာကျင်စွာ ပေးဆပ်နေရဆဲ ဖြစ်ပါသည်။ လေဟာနယ်သားရဲလူငယ်၏ လေဟာနယ်ပြိုကွဲခြင်း တိုက်ခိုက်မူသည် ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ်ကို သတ်ဖြတ်လုနီးပါးပင် ဖြစ်ခဲ့ရသည်။
လေဟာနယ်ကို လွန်ကဲစွာ ဖိသိပ်ပြီးနောက် လုံးဝ ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်ပေါက်ကွဲမှုသည် ချင်ယွင်၏ ခန္ဓာကိုယ်ရှိ ဆဲလ်တစ်ခုစီတိုင်းကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားနိုင်သည်။
အကယ်၍ ချင်ယွင်သည် 'လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နတ်ဆိုးပညာ'ရပ်ကို ကျင့်ကြံထားပြီး သူ၏ ခန္ဓာကိုယ်သည် လုံလောက်အောင် သန်မာနေခြင်းမရှိပါက၊ လေဟာနယ်သားရဲလူငယ်၏ ထိုတိုက်ခိုက်မှုအောက်တွင် သူသည် အမှန်တကယ် သေဆုံးသွားပေလိမ့်မည်။
လေဟာနယ်သားရဲကို ကိုင်တွယ်ပြီးနောက် သစ်သားစွမ်းရည် ကိုယ်ပွားသည် သူ၏ ဒဏ်ရာများကို ကုသရန်အတွက် မူလခန္ဓာကိုယ်ဆီသို့ ပြေးသွားခဲ့ပြီး လျှပ်စီးစွမ်းရည် ကိုယ်ပွားက အနီးနားတွင် လွင့်မျောနေသော လေဟာနယ် သလင်းကျောက် အစိတ်အပိုင်း ကို လှည့်ကြည့်လိုက်၏။
လေဟာနယ်သားရဲက သေဆုံးသွားပြီဖြစ်သည့်အတွက် ပတ်ဝန်းကျင်မှ မြူခိုးတွေလည်း တဖြည်းဖြည်း လွင့်ပျယ်သွား၏။ ထိုနေရာတစ်ဝိုက်ရှိ မြင်ကွင်းသည် လူတိုင်း၏ အမြင်အာရုံထဲမှာ တဖြည်းဖြည်း ပေါ်လာပါသည်။ ထို့သော်လည်း ထူးဆန်းသော လေဟာနယ်ဆိုင်ရာ စွမ်းအင်အတက်အကျလှိုင်းများ ရှိနေဆဲ ဖြစ်ပါသည်။
ချင်ယွင်သည် လေဟာနယ်သလင်းကျောက်အပိုင်းအစဆီသို့ လျှောက်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် အနက်ရောင် တောက်ပြောင်ပြီး ဝင်းလက်နေ၏။
လေဟာနယ်သလင်းကျောက်အပိုင်းအစသည် ပြင်းထန်သော လေဟာနယ်စွမ်းအင် လှိုင်းဂယက်ကို ထုတ်လွှတ်နေပြီး တွန်းကန်ခြင်းစွမ်းအားတစ်ခုက သူ့ဆီကို ချဉ်းကပ် လာနေသော ချင်ယွင်ကို တားဆီးချပုံရသည်။
ချင်ယွင်သည် ခြေလှမ်းတစ်လှမ်းတိုင်းမှာ သူ၏ခန္ဓာကိုယ်ပေါ်သို့ကျဆင်းနေသော တွန်းကန်ခြင်းစွမ်းအားက တိုးလာနေ၏။
ချင်ယွင်သည် လေဟာနယ်သလင်းကျောက်အပိုင်းအစနှင့် သုံးမီတာအကွာသို့ လှမ်းလျှောက်လိုက်သည့်အခါ လေဟာနယ်သလင်းကျောက်အပိုင်းအစမှ တွန်းကန်ခြင်း စွမ်းအားသည် သူ့အတွက် နောက်ထပ် ခြေတစ်လှမ်းတိုးရန်ပ် ခက်ခဲလာနေပြီ ဖြစ်သည်။
"အား…..!"
ချင်ယွင်က အရူးအမူး အော်ဟစ်လိုက်၏။ သူ၏ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးဖြင့် သူသည် ရှေ့ဆက်တိုးချင်နေသော်လည်း သူ၏ရှေ့တွင် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို သက်ရောက်စေသည့် အလွန်ပျော့ပျောင်းပြီး ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသော နံရံတစ်ခု ရှိနေပုံရသည်။ သူသည် မည်မျှပင် ကြိုးစားအားထုတ်နေပါစေ သူသည် လေဟာနယ် သလင်းကျောက်အပိုင်းအစနှင့် အနီးရောက်သည်အထိ မကပ်နိုင်ခဲ့ပေ။
ဟောင်ခွန်နှင့်လျှိုလင်းတို့သည် ဤမြင်ကွင်းကို အဝေးမှ မြင်တွေ့နေရပြီး သူတို့၏ မျက်နှာများသည် အံ့အားသင့်ဟန်များဖြင့် ပြည့်နှက်နေလေ၏။
"ဘန်း….!"
ပြင်းထန်သော ပျော့ပျောင်းသည့်စွမ်အားတစ်ခုက ရောက်ရှိလာပြီး ချင်ယွင်ကို ချက်ချင်းပင် လွင့်ပျံသွားစေခဲ့သည်။
"ဒီ လေဟာနယ်တွန်းကန်အားက ပြင်းထန်လွန်းတယ်။ ဒီလေဟာနယ်သလင်းကျောက် အပိုင်းအစက ငါ့ရှေ့မှာရှိနေပေမယ့် ကူကယ်ရာမဲ့စွာနဲ့ ကြည့်နေရုံပဲ တတ်နိုင်တယ်။ ငါ မယူနိုင်ခဲ့ဘူး" ချင်ယွင်၏ မျက်နှာသည် ပြင်းထန်သော မလိုလားဆန္ဒများဖြင့် ပြည့်နေ၏။
အကယ်၍ သူတို့သည် ဤနေရာရှိ လေဟာနယ်သလင်းကျောက်အပိုင်းအစကိုသာ မဖယ်ရှားနိုင်ခဲ့ပါက ဤလေဟာနယ်ကို ချိုးဖြတ်သွားရန်အသာထား၊ သူတို့သည် သူတို့၏ လက်ကျန်သက်တမ်းတစ်လျှောက်လုံး ထွက်သွားနိုင်စွမ်း ရှိမည်မဟုတ်တော့ပေ။
"ဟမ့်၊ ငါ မင်းကို မထိန်းချုပ်နိုင်ဘူးလို့ ငါ မယုံဘူး" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက် ၏။ အနက်ရောင် လျှပ်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်တွင် ချက်ချင်းပေါ်လာသည်။ အနက်ရောင်လျှပ်စီးကြောင်းများ ပေါ်လာသည်နှင့် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
"ဘုန်း……!"
ချင်ယွင်၏ခြေဖဝါးအောက်တွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာကာ လေဟာနယ် သလင်းကျောက်အပိုင်းအစများဆီသို့ တိုက်ရိုက် ပစ်ဝင်လိုက်၏။
လေဟာနယ်သလင်းကျောက်အပိုင်းအစသည် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကာ အကန့်အသတ်မဲ့ လေဟာနယ်တွန်းကန်အားကို သွန်းလောင်းကာ ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် တိုက်ရိုက်ပင် ထိပ်တိုက်ဆုံမိသွားသည်။
ဘန်း….!
လေဟာနယ်တွန်းကန်အားသည် ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် ထိပ်တိုက် ဆုံမိပြီးနောက် ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည်လည်း လေဟာနယ် သလင်းကျောက်အပိုင်းအစမှ တစ်မီတာအကွာတွင် တားဆီးပိတ်ဆို့ခံလိုက်ရသည်။
သူတို့နှစ်ဦးသည် ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမျိုးမှာ ပိတ်ဆို့းတားဆီး ခံထားရပြီး နောက်ထပ် တစ်လှမ်းတိုးရန်ပင် ခက်ခဲနေသည်။
ဟောင်ခွန်နှင့်လျှိုလင်းတို့သည် သူတို့၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိကြသည်။ သူတို့က ခပ်ဝေးဝေးမှာရှိနေကြ၏။ ယခုအချိန်တွင် ချင်ယွင်သည် လေဟာနယ်သလင်းကျောက်အပိုင်းအစကို ထိနိုင်ရန် တစ်မီတာသာ ကွာဝေးတော့သည်။ အကယ်၍ ချင်ယွင်သည် လေဟာနယ်သလင်းကျောက်အပိုင်းအစကို ရယူနိုင်သည်နှင့် သူတို့သည် ဤနေရာမှ ထွက်ခွာသွားနိုင်တော့မည်။
"မိုးကြိုးတစ်သောင်းနည်းပညာ၊ ငါ့အတွက် ချိုးဖျက်လိုက်စမ်း…!"
ချင်ယွင်သည် ရုတ်တရက် ကျယ်လောင်စွာ ဟစ်အော်လိုက်သည်နှင့် သူ၏ကိုယ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်မှ နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်မှ ချက်ခြင်းထွက်ပေါ်လာပြီး အကန့်အသတ်မရှိသော လေဟာနယ် စွမ်းအားသည် ချက်ချင်း ကွဲအက်သွားခဲ့လေသည်။
ချင်ယွင်လည်း လက်သီးဆုပ်အရွယ်ရှိသည့် သလင်းကျောက်အပိုင်းအစလေးကို သူ၏လက်ထဲမှာ ကိုင်ဆောင်ခွင့်ရသွားလေသည်။
ချင်ယွင်သည် လေဟာနယ်သလင်းကျောက်အပိုင်းအစထံမှ ရေခဲကဲ့သို့အေးစက်မူကို ရုတ်ခြည်းဆိုသလို ခံစားလိုက်ရ၏။ ၎င်းအပေါ်ရှိ အစွန်းများနှင့် ထောင့်များသည် အနှိုင်းမဲ့ ထက်ရှလွန်းပြီး ချင်ယွင်၏ လက်ချောင်းများကို ဖြတ်တောက်လုနီးပါးပင် ဖြစ်စေသည်။
"သိမ်းဆည်းလိုက်စမ်း….!"
ချင်ယွင်သည် လေဟာနယ်သလင်းကျောက်အပိုင်းအစကို သိမ်းစည်းရန်အတွက် သူ၏စိတ်ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ပြီးသည်နှင့် ကမ္ဘာကြီးအနှံ့ လွှမ်းခြုံထားသော ထူးဆန်းသည့် စွမ်းအင်အတက်အကျလှိုင်းများသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွား ခဲ့သည်။
"အောင်မြင်သွားပြီ…..!"
လေဟာနယ်စွမ်းအားကို ဖယ်ရှားလိုက်သည်နှင့် လျှိုလင်း၏ မျက်နှာပေါ်တွင် တုနှိုင်းမရအောင်ပင် တောက်ပသည့် အပြုံးတစ်ခုက ချက်ချင်း ပေါ်လာပါသည်။ ယင်းအပြုံးက သူမ၏လှပသော မျက်နှာလေးကို ပို၍ပင် ချစ်စရာကောင်းလာစေပါသည်။
ဟောင်ခွန်၏ မျက်နှာသည် ပျော်ရွှင်ကြည်နူးသည့် အရိပ်အယောင် ပေါ်လွင်နေသည်။
လေဟာနယ်စွမ်းအားသည် ပျက်ဆီးသွားသည်နှင့် တွန့်လိမ်နေသော လေဟာနယ်သည် ၎င်း၏ မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။ နေရောင်ခြည်သည် တဖန်ပြန်လည် တောက်ပလာခဲ့ပြီး တောအုပ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ယင်းမြင်ကွင်းက ဖော်ကျူး၍မရနိုင်အောင်ပင် လှပနေပါသည်.
"ကျွန်တော်တို့ ခရီးဆက်ရအောင်။" ဟောင်ခွန်က ပြောသည်။
"လောစရာမလိုဘူး…!" သို့သော် ချင်ယွင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။
ဟောင်ခွန်နှင့်လျှိုလင်းတို့သည် အံ့သြသွားသည်။ အရင်က ချင်ယွင်ကိုယ်တိုင်က အရမ်း စိတ်ပူနေခဲ့သည် မဟုတ်ပါလား။ အခု သူက ဘာလို့ လောစရာမလိုဘူးဟု ပြောလာရပါ သနည်း။
ချင်ယွင်သည် ဟောင်ခွန်နှင့်လျှိုလင်းတို့၏ အတွေးများကို ကောင်းကောင်းသိပါသည်။ သူက လမ်းလျှောက်လာခဲ့ပြီး သစ်သားစွမ်းရည်ကိုယ်ပွားနှင့် အစစ်အမှန်ခန္ဓာကိုယ်ကို ကောင်းကင်ဘုံကိုးလွှာကြယ်စင်စုပုံကြမ်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ဟောင်ခွန်နှင့်လျှိုလင်းထံသို့ လျှောက်သွားပြီး "ငါ့နောက်ကနေ အနီးကပ် လိုက်ခဲ့ဖို့ မမေ့နဲ့" ဟု ပြောလိုက်ပါသည်။
ထို့နောက် ချင်ယွင်သည် လေဟာနယ်သလင်းကျောက်အပိုင်းအစကို ထုတ်လိုက်ပြီး ဟောင်ခွန်နှင့်လျှိုလင်းတို့၏ မျက်လုံးများထဲမှ စိတ်ရှုပ်ထွေးနေသည့်အမူအရာတို့ကို ဖြတ်တောက်လိုက်လေသည်။
လေဟာနယ်သည် ချက်ချင်းပင် ကွဲထွက်သွားပြီး ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခုကို ထွက်ပေါ်လာသည်။
ဟောင်ခွန်နှင့်လျှိုလင်းတို့သည် လေဟာနယ်အက်ကွဲကြောင်းကြီးကို မြင်လိုက်ရစဉ်မှာ အံ့သြသွားကြပြီး မသိစိတ်ကပင် အလိုလို နောက်ပြန်ဆုတ်သွားကြသည်။
သို့သော် ချင်ယွင်သည် ပြုံးရင်း လေဟာယ်အက်ကြောင်းထဲသို့ တိုက်ရိုက် တိုးဝင်သွား၏။
ဟောင်ခွန်နှင့်လျှိုလင်းတို့သည် အကြည့်ချင်းဖလှယ်ပြီးနောက် ချက်ချင်းပင် နောက်သို့ လိုက်သွားခဲ့ကြသည်။
ကောင်းကင်နှင့်မြေကြီးသည် ပြောင်းလဲသွားသလို ကြယ်တွေကလည်း ရွေ့လျားနေကြသည်။
ဟောင်ခွန်နှင့်လျှိုလင်းတို့သည် လေဟာနယ်အက်ကြောင်းကို ဖြတ်ကျော်လာပြီးနောက် သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားကြ၏။
အကြောင်းမှာ သူတို့သည် အမှောင်မြူခိုးတောအုပ်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေရာမှ အမှောင်မြူခိုးတောအုပ်၏ အပြင်ဘက်သို့ တိုက်ရိုက် ရောက်ရှိနေသည်ကို တွေ့ရှိလိုက် ရခြင်းကြောင့် ဖြစ်ပါသည်။ ဤအကွာအဝေးသည် ကီလိုမီတာ ငါးရာကျော် အကွာအဝေး ရှိပါသည်။
"ဒါက ဒဏ္ဍာရီလာ တယ်လီပို့တာများ ဖြစ်နိုင်မလား" ဟောင်ခွန် က အံ့သြစွာ ပြောသည်။
လျှိုလင်း၏ ချစ်စဖွယ်မျက်နှာလေးသည် ဖော်မပြနိုင်အောင်ပင် အံ့ဩတုန်လှုပ်နေသည်။ ချင်ယွင်၏ လှုပ်ရှားမှုကြောင့် သူမ စိတ်ချောက်ချားသွားရသည်မှာ ထင်ရှားလှ၏။
"အဲဒီလိုပါပဲ၊ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ထားနိုင်တဲ့ နေရာမှန်သမျှ ငါက ချက်ချင်းဆိုသလို ရောက်သွားနိုင်တယ်။ ဒါက အစစ်အမှန် တယ်လီပို့စနစ်ထက်တော့ အနည်းငယ် နိမ့်ကျနေပါသေးတယ်။" လျှပ်စီးစွမ်းရည်ကိုယ်ပွားဖြစ်သည့် ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်။ ဤသည်မှာ လေဟာနယ်သလင်းကျောက်အပိုင်းအစ၏ ကြီးမားသော လေဟာနယ်ထဲမှ ဝေါခနဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခုအချိန်တွင် ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် ကီလိုမီတာ ၃၀၀၀ အချင်းဝက်ကို လွှမ်းခြုံထားနိုင်ပြီ ဖြစ်သည်။ တစ်နည်းဆိုရသော် သူသည် ကီလိုမီတာ ၃၀၀၀ အကွာအဝေးအတွင်းရှိ မည်သည့်နေရာကိုမဆို ချက်ချင်း ရောက်ရှိနိုင်သည်။
အမှန်ပင်၊ သူ၏အစစ်အမှန်ခန္ဓာကိုယ်သည် အတော်လေး အားနည်းလွန်းပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် အချင်းဝက် ကီလိုမီတာငါးရာမျှသာ လွှမ်းခြုံနိုင်ပါသေးသည်။
အခန်း (၅၃၃) ယုကျိုးမြို့သို့ ရောက်ရှိခြင်း။
ဝှီး…….။
လေဟာနယ်ကြီး အက်ကွဲသွားပြီးနောက် သုံးယောက်သား လေဟာနယ်ထဲမှ ထွက်လာကြ၏။
လျှိုလင်းသည် သူမရှေ့တွင်ရှိနေသော မြင့်မားသောမျှော်စင်ကြီးကို ကြည့်လိုက်ရင်း သူမ၏မျက်နှာမှာ အံ့အားသင့်သည့် အမူအရာများနှင့် ပြည့်နှက်နေ၏။
လျှိုလင်းသည် လေဟာနယ်ဖြင့် ခုန်ကူးခြင်းကို ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်လောက် တွေ့ကြုံခဲ့ရပြီးဖြစ်သော်လည်း သူမသည် အနည်းငယ် မှင်သက်နေသေး၏။
မူလကဆိုလျှင် အရှေ့တောင်ပိုင်းဒေသ၏ အဓိကမြို့ဖြစ်သည့် ယုကျိုးမြို့ကို ရောက်ရှိရန်အတွက် အနည်းဆုံး ငါးရက်မှ ခြောက်ရက်ခန့် အချိန်ယူရပေမည်။ အခု နေ့တဝက်မတိုင်ခင်မှာ ရောက်ရှိလာခဲ့ပြီ။
ထိုနေ့တဝက်သည်ပင် ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားများ အလွန်အကျွံ ကုန်ဆုံးသွား သည့်အတွက် လမ်းတစ်ဝက်တွင် နှစ်နာရီကြာ အနားယူခဲ့ရသောကြောင့် ဖြစ်သည်။
"ဒါက ချန်ကလန်ရှိတဲ့ ယုကျိုးမြို့လား။"
ချန်ကလန်သည် သူ၏ရှေ့ရှိ မြင့်မားသော မျှော်စင်ကြီးကို ကြည့်လိုက်ရင်း သူ၏ မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ဤယုကျိုးမြို့သည် ခမ်းနားထည်ဝါပြီး မြင့်မားကာ သာမန်ထက် ထူးခြားသော အငွေ့အသက်များ လွှမ်းခြုံနေ၏။ အငွေ့အသက်အရဆိုလျှင်၊ ၎င်းသည် ထျန်းယွန် တိုက်ကြီး၏ အင်ပါယာမြို့တော်ထက် လုံးဝ နိမ့်ကျခြင်း မရှိပေ။ အမှန်တကယ်ဆို အင်ပါယာမြို့တော်ထက်တောင် ပိုတန်ခိုးကြီးသေးသည်။
ချင်ယွင်ကို အံ့အားသင့်စေဆုံးအရာမှာ ယုကျိုးမြို့၏ ကောင်းကင်တစ်ခုလုံးကို ခုခံအကာ ကွယ်ရေးဖြစ်သည့် အထူးအစီအရင်ဝင်္ကပါတစ်ခုကို လွှမ်းခြုံထားခြင်း ဖြစ်သည်။ ထို့အပြင်၊ ဤအစီအရင်ဝင်္ကပါသည် အဆင့်ခုနှစ်သို့ အမှန်တကယ်ရောက်ရှိနေခဲ့ပြီး အထွက်အထိပ် အဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အင်အားအပြည့် တိုက်ခိုက်ခြင်းကိုပင် ခံနိုင်ရည်ရှိ၏။
ထိုကဲ့သို့ ကြီးမားသော အစီအရင်ဝင်္ကပါကြီးအတွက် မည်မျှ အားထုတ်ခဲ့ရမည်ကို မသိရသေးသော်လည်း အရှေ့တောင်ဘက်ရှိ ချန်ကလန်၏ စွမ်းအားသည် သာလွန် ကောင်းမွန်ကြောင်း တွေ့ရှိရပေမည်။
ကောင်းကင်နဂါးတိုက်ကြီး၏ မျိုးနွယ်စုကြီးလေးခုသည် သူတို့ကိုယ်သူတို့ ဧကရာဇ်များအဖြစ် အမည်မသတ်မှတ်ခဲ့ကြသော်လည်း အမှန်တကယ်တွင်မူ သူတို့သည် ထိုဒေသကြီးလေးခု၏ ဧကရာဇ်များပင် ဖြစ်ကြသည်။ အမှန်တကယ်ဆို သူတို့သည် အင်ပါယာတစ်ခုထက်ပင် ဗဟိုချုပ်ကိုင်မှု ပို၍များပေသည်။ ထို့ကြောင့် ချန်ကလန်သည် ကောင်းကင်နဂါးတိုက်ကြီး၏ အရှေ့တောင်ဘက်ဒေသတွင် အုပ်စိုးရှင်တစ်ဦး ဖြစ်ပေ သည်။
သေချာသည်မှာ၊ ဤအုပ်စိုးရှင်လေးဦး၏အထက်တွင် ဧရာမတောင်တန်းကြီး (၃) ခုနှင့် တူသော ထိပ်တန်းဂိုဏ်းကြီး သုံးဂိုဏ်းရှိပေသည်။
"သွားရအောင်၊ မြို့ထဲဝင်ရအောင်!" ချင်ယွင်က သူ၏နောက်မှာရှိနေသော လျှိုလင်း နှင့် ဟောင်ခွန်တို့ကို ပြောလိုက်သည်။ ထိုစကားပြောပြီးသည်နှင့် သူသည် မြို့ထဲသို့ လျှောက်သွားတော့၏။
ဟောင်ခွန် နှင့် လျှိုလင်းတို့သည် မဆိုင်းမတွ နောက်မှ လိုက်သွားကြ၏။
သို့သော် ချင်ယွင်နှင့် အခြားသူများသည် မြို့တံခါးထဲသို့ ဝင်လာပြီးနောက် မကြာမီတွင် မြို့အတွင်းမှ ခုန်ပေါက်ပျံသန်းလာသောပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုပုံရိပ်သည် ချင်ယွင်၏ရှေ့ကို ရောက်လာခဲ့သည်။
ချင်ယွင်သည် ဤလူကို မြင်လိုက်ရသောအခါ သူ၏မျက်နှာက ပျော်ရွှင်သည့်အမူအရာ အပြည့်ရှိသွားသည်။ အခြားမဟုတ် ဤလူသည် ခရမ်းရောင်မျက်လုံး စွမ်နီ ဖြစ်နေခြင်း ကြောင့်ပင်။
"ဆရာ၊ နောက်ဆုံးတော့ ဆရာ ဒီကိုရောက်လာပြီပဲ" ခရမ်းလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ချင်ယွင် အသက်ရှင်နေသေးကြောင်း သူခံစားနိုင်သော်လည်း ချင်ယွင်သည် အချိန်အတော် ကြာအောင် ပေါ်မလာသေးသဖြင့် သူ စိုးရိမ်နေဆဲဖြစ်သည်။ ယခုလေးတင် သူသည် ချင်ယွင်၏ အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရပြီး အလွန်ပျော်ရွှင်သွားရသည်။ ထို့ကြောင့် သူသည် ချက်ချင်း ပြေးလာခဲ့ခြင်းဖြစ်လေသည်။
"ရှောင်ဇီi၊ မင်းငါ့ကို သခင်လို့ ခေါ်စရာ မလိုတော့ဘူး။ မင်းလည်း ငါ့ကို ရှောင်ဘိုင်နဲ့ရှောင်ကျင်းတို့လိုပဲ အကိုကြီးလို့ခေါ်ပါ။" ချင်ယွင်က ပြောသည်။
"ဟုတ်ကဲ့ပါ၊ အစ်ကိုကြီး!" ခရမ်းလေးက စိတ်လှုပ်ရှားစွာ ပြောသည်။
အမှန်တကယ်တော့ ခရမ်းလေးသည် လူငယ်တစ်ယောက်လို ပုံပန်းသဏ္ဍန်ရှိသော်လည်း သူ၏ဆိတ်သုဉ်းခြင်းသားရဲ၏ အသက်အရွယ်ပေါ်မူတည်ပြီး ပြောရလျှင် သူသည် အရွယ်ရောက်နေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် သူ့အတွက် ချင်ယွင်ကို အစ်ကိုကြီးဟု ခေါ်ရာမှာ အလွန်အကျွံ ဖြစ်ခြင်းမျိုး မရှိပေ။
ချင်ယွင်၏နောက်မှာရှိနေသော လျှိုလင်းသည် အံ့သြသွား၏။ သူတို့သည် ခရမ်းလေးသည် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်၏ဟူသော ကိုယ်ရေးအချက်အလက်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ သို့သော်၊ ခရမ်းလေးကို ချင်ယွင်ခေါ်ခိုင်းသည့် အခေါ်ဝေါ်နှင့် ပတ်သက်ပြီး သူမကို စူးစမ်းချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
ဟောင်ခွန်ကတော့ အဆင်ပြေပါသည်။ ချင်ယွင်တွင် နတ်ဆိုးသားရဲ အစေခံ အနည်းအကျဉ်း ရှိသည်ကို သူသိထား၏။ ထို့ကြောင့် ခရမ်းလေး၏ ထွက်ပေါ်လာမူက သူ့ကို လုံးဝ မအံ့သြစေတော့ပေ။
"ရှောင်ဇီ၊ မင်းရဲ့ ကျင့်ကြံမူအဆင့်က တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နှောင်းပိုင်း အဆင့်ကို ရောက်နေပြီလား.."
ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက် ရှောင်ဇီကို အံ့အားသင့်စွာ ကြည့်လိုက်၏။ ရှောင်ဇီ၏ ကျင့်ကြံမူအဆင့်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူတွေ့ရှိခဲ့ရသည်။
လွန်ခဲ့သောသုံးလက၊ ခရမ်းလေး၏ကျင့်ကြံမူအခြေခံသည် သိုင်းဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေဆဲဖြစ်သည်။ ယခုသုံးလအတွင်းမှာပင် သူသည် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်ကို ရောက်သွားခဲ့၏။
ချင်ယွင်သည် အင်မော်တယ်ဝိညာဉ်ကျောက်စိမ်းတုံးနှင့် ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်ကြောင့် အချိန်တိုလေးအတွင်းမှာ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် သို့ ဖြတ်ကျော်နိုင်ခဲ့သည်။
သို့သော်လည်း ခရမ်းလေးသည် နတ်ဆိုးသားရဲတစ်ကောင်မျှသာ ဖြစ်သည်။ သူ့တွင် နတ်ဘုရားသားရဲတစ်ကောင်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော်လည်း ဤမျှ မြန်မြန် ဆန်ဆန် ကျင့်ကြံနိုင်ရန်မှာ မဖြစ်နိုင်ပေ။
"ခရမ်းလေးသည် တစ်ခုခုတော့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်လိမ့်မည်" ချင်ယွင်သည် သူ၏ စိတ်ထဲမှ မှန်းဆလိုက်၏။
သို့သော်လည်း ခရမ်းလေး၏ နောက်ထပ်စကားများက ချင်ယွင်ကို လုံးဝ အံ့ဩမှင်သက် သွားစေခဲ့ပါသည်။
"အစ်ကိုကြီး၊ ငါ့ရဲ့တိုးတက်မှုက နှေးကွေးလွန်းသေးတယ်။ ငါ့ခယ်မရဲ့ ကျင့်ကြံမူအရှိန်ကမှ အရမ်းကို မြန်လွန်းတာ။ အခု သူမက အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အစောဆုံး အဆင့်ကို ရောက်ရှိနေပြီ။" ခရမ်းလေးက သက်ပြင်းချ လိုက်သည်။
"ဘာ…? အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့် ဟုတ်လား…" ချင်ယွင်သည် မထိန်းနိုင်ဘဲ တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ပြောလိုက်မိသည်။
ရှောင်ဇီပြောသည့်ခယ်မဟူသောစကားသည် ရန်စီချီကို ရည်ညွှန်းနေမှန်း သူ သိပါသည်။ သို့သော်လည်း သူထွက်သွားချိန်မှာ ရန်စီချီသည် သိုင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်ရန် ကြိုးစားနေဆဲ ဖြစ်ကြောင်း ချင်ယွင်သည် ရှင်းရှင်းလင်းလင်း အမှတ်ရမိဆဲ ဖြစ်ပါသည်။ သူမသည် ရုတ်တရက် သူ့ကိုကျော်ဖြတ်ပြီး အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အစောဆုံးအဆင့်သို့ မည်သို့ ရောက်ရှိသွားရသနည်း။
သုံးလအတွင်း သူမသည် သိုင်းမြို့စားနယ်ပယ် အထွက်အထိပ်အဆင့်မှ အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် အစောပိုင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။ သူမသည် အဆင့်ကြီးနှစ်ဆင့်ကိုပင် ဖြတ်ကျော်ခဲ့ခြင်း ဖြစ်လေသည်။ ဤအရာသည် တကယ်ကို ယုတ္တိမတန်ပေ။
"စီချီက အခုဘယ်မှာလဲ၊ သူမက ဘာလို့ မင်းနဲ့အတူ မလာတာလဲ" ချင်ယွင်က ချက်ချင်း မေးလိုက်သည်။
ထိုမှသာ သူသည် ကြီးလေးသော ပြဿနာတစ်ခုကို သိရှိလာရ၏။ စီချီ၏ စရိုက်ကို သူ နားလည်သည်။
ရှောင်ဇီ ဒီကိုရောက်မလာင်ခင်မှာ သူသည် သူရောက်ရှိလာသည့်အကြောင်းကို စီချီကို ပြောပြလိမ့်မည်။ စီချီသည် သူ့အား တတ်နိုင်သမျှ အမြန်ဆုံး နှုတ်ဆက်ရန် သဘာဝအတိုင်း အပြေးအလွှား ရောက်လာသင့်၏။
သို့သော် သူသည် ယုကျိုးမြို့သို့ ရောက်ရှိနေသည်မှာ အချိန်အတော်လေး ကြာပြီ ဖြစ်သည်။ စီချီ၏ရုပ်အသွင်သည် အစမှအဆုံးအထိ ထွက်ပေါ်မလာခဲ့ပေ။ စီချီက သူ့ကို မလွမ်းဘူးဟုပြောလျှင် ချင်ယွင် ယုံကြည်မည် မဟုတ်ပေ။
ဖြစ်နိုင်ခြေတစ်ခုသာ ရှိပါတော့သည်။ ယင်းက စီချီက သူ့ကို လာတွေ့မည်ကို တစ်စုံ တစ်ယောက်က တားဆီးထားခြင်း ဖြစ်ပါလိမ့်မည်။
ဟုတ်ပါသည်။ ရှောင်ဇီသည် ချင်ယွင်က ရန်စီချီအကြောင်း မေးသည်ကို ကြားလိုက်ရသည့် အခါ သူ၏ မျက်လုံးထဲမှာ ရုန်းကန်နေသည့်အမူအရာ ပေါ်လာပါသည်။
ချင်ယွင်နှင့် ခရမ်းလေးတို့သည် စိတ်ဝိညာဉ်ချင်း ချိတ်ဆက်မူရှိ၏။ ခရမ်းလေးသည် သူ့ထံမှ ဖုံးကွယ်ထားစရာတစ်ခုခု ရှိနေမည်ဆိုလျှင်၊ သေချာသည်မှာ ၎င်းကို ပထမဆုံး ဖြစ်နိုင်ချေရှိသော အခိုက်အတန့်မှာပင် သူသိရှိနိုင်မည် ဖြစ်သည်။
"ပြောပါ စီချီ အခုဘယ်မှာလဲ" ချင်ယွင်၏အသံသည် စိတ်လှုပ်ရှားလာပြီး သူ၏ မျက်လုံးများတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေ၏။ သူထွက်သွားသည့် ဤကာလအတွင်းမှာ ရန်စီချီသည် တော်တော်များများ ဖြစ်ပျက်သွားသလိုပင်။
"အစ်ကိုကြီး၊ စိတ်မပူနဲ့။ ခယ်မက နေကောင်းပါတယ်၊ သူမက ချန်ကလန်မှာ ရှိနေပါသေး တယ်" ရှောင်ဇီက ကမန်းကတန်း ပြောလိုက်သည်။
ရန်စီချီ နေကောင်းကြောင်း ချင်ယွင်ကြားသောအခါ သူသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သို့သော်လည်း ခရမ်းလေး၏ နောက်စကားများက ချင်ယွင်၏ နှလုံးသားထဲရှိ ဒေါသသည် မီးတောက်မီးလျှံများကဲ့သို့ ပေါက်ကွဲသွားလေ၏။
“ဒါပေမယ့် အခု ချန်ကလန်က ခယ်မကို အကျဉ်းချထားတယ်။ ငါတောင် သူမကို မတွေ့နိုင် သလောက်ပဲ။ ဒါတွေအားလုံးက ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးကြောင့်ပဲ။ သူက ခယ်မကို အမှတ်တမဲ့ တွေ့သွားခဲ့ပြီး ချန်ကလန်ရဲ့ ကလန်ခေါင်းဆောင်ကို “ခယ်မကို ချန်ကလန်ရဲ့ အကြီးဆုံးသခင်မလေးရဲ့ ခန်းဝင်ပစ္စည်းအဖြစ် လက်ဖွဲ့ပေးဖို့ တောင်းဆိုခဲ့တယ်” ခရမ်းလေးက ပြောသည်။
"လက်ထပ်ပွဲလား?" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော ဒေါသများကြောင့် ပြူးထွက်နေ၏။ 'ခန်းဝင်ပစ္စည်း' ဟူသော စကားလုံးသည် ချင်ယွင်ကို ထူးထူးခြားခြား နားစူးရှစေ၏။
ရန်စီချီသည် သူမ၏ မိန်းမဖြစ်ပြီး ယခု ရှောင်ယန်ဂိုဏ်းမှ ဂိုဏ်းသခင်လေးက ရန်စီချီကို ချန်မင်ရှီ၏ ခန်းဝင်ပစ္စည်းအဖြစ် အမှန်တကယ် အလိုရှိနေခဲ့သည်။
“ခန်းဝင်ပစ္စည်း”ဟူသည် များသောအားဖြင့် ထိုသခင်၏အနားတွင် ကိုယ်ပိုင် အစေခံတစ်ဦး အဖြစ် ရှိနေရမည်။ နောက်ဆုံးတွင် သူမသည်လည်း ထိုသခင်နှင့်သာ လက်ထပ်နိုင်တော့ မည်။
သူမတို့နှစ်ယောက်လုံးသည် အမျိုးသားတစ်ဦးတည်းကိုသာ လက်ထပ်ခဲ့ကြသော်လည်း သူမတို့၏ အဆင့်အတန်းက အနိမ့်အမြင့် ကွာခြားလွန်းလှ၏။
"ဟမ့်….၊ ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးက ဘာသဘောလဲ။ သူက စီချီကို ချန်မင်ရှီနဲ့ လက်ထပ်ရာမှာ “အခန်းဝင်ပစ္စည်း”အဖြစ် တကယ်ကို တောင်းဆိုခဲ့တာလား။ မူလက တော့ မင်းနဲ့ချန်မင်ရှီတို့ရဲ့ အိမ်ထောင်ရေးကို အနှောင့်အယှက် မပေးချင်ခဲ့ဘူး။ မင်းက ငါ့ရဲ့စီချီနဲ့ လာမပတ်သက်သင့်ဘူး။ မင်းက ဆော့ကစားချင်တယ်ဆိုမှတော့ ငါ မင်းကို လက်ထပ်ခွင့်မပေးနိုင်တော့ဘူး" ချန်ကလန်က အေးစက်စွာ ပြောလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် အအေးဓာတ်များ ထုတ်လွှတ်နေ၏။
ယခုတစ်ခါမှာတော့ သူသည် အမှန်တကယ် ဒေါသထွက်သွားခဲ့ပါပြ။ ရန်စီချီသည် အမြဲတမ်း သူ၏ ပြောင်းပြန်ကြေးခွံဖြစ်သည်။ သူ့နောက်ပြန်ကြေးခွံကို ထိဝံ့သူမှန်သမျှကို သူ သေချာပေါက် သတ်ပစ်ပါလိမ့်မည်။
သူ၏နောက်မှာရှိနေသော ဟောင်ခွန် နှင့် လျှိုလင်းတို့သည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို ခံစားရနိုင်သောကြောင့် မျက်မှောင်ကြုတ်လိုက်မိကြ ၏။
"သွားကြရအောင်။ အရင်ဆုံး ချန်ကလန်ကို သွားကြည့်ကြစို့။ သူတို့ချန်ကလန်က သူတိုသမီးလက်ထပ်ရာမှာ စီချီကိုပါဆွဲထည့်ဖို့ ဘယ်လို အရည်အချင်းတွေ ရှိနေလဲဆိုတာ ငါ ကြည့်ချင်မိတယ်။" ချန်ကလန်သည် အေးစက်စွာ ပြောလိုက်ပြီး ချန်ကလန်၏ အိမ်တောဆီသို့ ဦးတည်သွားလေသည်။
ဟောင်ခွန် နှင့် ရှောင်ဇီတို့သည် မည်သည့်စကားမှ မပြောဘဲ တိုက်ရိုက် လိုက်ပါလာ ခဲ့သည်။
လျှိုလင်းသည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်မှ အမြန်လိုက်သွား၏။ ဤလူငယ်သည် ဘယ်လောက်ဒုက္ခပေးနိုင်မလဲဆိုသည်ကို သူမ မြင်လိုမိ၏။
အခန်း (၅၃၄) သဘာဝမကျသောချန်ယွမ်ရှန်။
ယုကျိုးမြို့၏အလယ်တွင် ယုယန်တောင်ဟုခေါ်သည့် မီတာရှစ်ရာ မြင့်မားသော တောင်ကြီး တစ်တောင်ရှိ၏။ ယုယန်တောင်သည် အရှေ့တောင်ဘက်ဒေသ တစ်ခုလုံးရှိ နဂါးသွေးကြော၏ တည်နေရာဖြစ်သည်ဟု ဆိုကြသည်။
ချန်ကလန်သည် နှစ်ပေါင်းရာနှင့်ချီ၍ ရှင်သန်နိုင်ရသည့် အကြောင်းရင်းမှာ ချန်ကလန် သည် အရှေ့တောင်ဘက်ဒေသတစ်ခုလုံး၏ နဂါးသွေးကြောများကို သိမ်းပိုက်ထားပြီး အရှေ့တောင်ဘက်ဒေသတစ်ခုလုံး၏ နဂါးသွေးကြောစွမ်းအင်များကို ရရှိထားခြင်းကြောင့် ဖြစ်သည်။
ချန်ကလန်၏ စံအိမ်ကြီးကို ဧရိယာ တစ်သောင်းနီးပါး လွှမ်းခြုံထားသော တောင်တန်းကြီး တစ်ဝိုက်တွင် တည်ဆောက်ထား၏။ စံအိမ်ကြီးသည် စင်္ကြံကိုးသွယ်ဖြင့် ပြည့်နေပြီး မရေမတွက်နိုင်သော ခြံဝင်းများနှင့် စင်မြင့်များလည်း ရှိနေပါသည်။ ခမ်းနားထည်ဝါမှုအရ၊ ထျန်းယွန်တိုက်ကြီး၏ အင်ပါယာနန်းတော်အောက် နိမ့်ကျခြင်းမရှိပေ။
ချန်ကလန်တွင် ဝင်ပေါက်တံခါး သုံးပေါက်ရှိပြီး အရှေ့တံခါးသည် အကြီးဆုံး ဖြစ်သည်။ ချန်ကလန်သည် အမြဲတမ်း အစောင့်အကြပ် ထူထပ်သည်။
ဤအရှေ့ဘက် ဝင်ပေါက်တံခါးသည် ချန်ကလန်စံအိမ်ကြီး၏ အကြီးဆုံး မျက်နှာစာ ဖြစ်လေသည်။ အထူးသဖြင့် မကြာခင်မှာ ကျင်းပတော့မည့် မင်္ဂလာအခမ်းနားသည် ချန်ကလန်အတွက် အရေးကြီးသော အခိုက်အတန့် ဖြစ်လေသည်။ ချန်ကလန်၏ အစောင့်များသည် ပို၍ပင် တင်းတင်းကြပ်ကြပ် ရှိနေပါသည်။
ချန်ယွမ်ရှန်သည် ချန်ကလန် လက်ရှိခေါင်းဆောင်၏ အစ်ကိုကြီးဆုံး၏သားဖြစ်ပြီး၊ ချန်မင်ရှီ၏ ဝမ်းကွဲအစ်ကို ဖြစ်သည်။ ယခုနှစ်တွင် သူသည် အသက် ၂၈ နှစ်ရှိပြီ ဖြစ်ပြီး သူ၏ ကျင့်ကြံမှုအဆင့်သည် သူနှင့်အသက်တူရွယ်တူများကြားတွင် ထူးခြားသည်ဟု ယူဆ၍ရပေသည်။ သူသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် ချန်ကလန် ခေါင်းဆောင်မှ ချန်ကလန်၏ အမိန့်ကို တာဝန်ယူဦးစီးရန်အတွက် သူ့ကို ချန်ကလန်၏ အစောင့်တပ်မှူးအဖြစ် အထူး ခန့်အပ်ထားပါသည်။
သို့သော် ချန်ယွမ်ရှန်သည် အမြဲတမ်း မာနကြီးပြီး ချီရှောက်ယန်းကဲ့သို့ မိန်းမလှလေးများကို အလွန်တပ်မက်သူ ဖြစ်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက ချန်ကလန်၏ ကလန်ခေါင်းဆောင်က ချန်ကလန်၏ စံအိမ်ကြီးကို တာဝန်ယူဦးစီးရန် သူ့ကို တာဝန်ပေးခဲ့သည်။ ရန်စီချီ၏ ရင်သပ်ရှုမောဖွယ် မျက်နှာနှင့် ချစ်စရာကောင်းသော အသွင်အပြင်ကြောင့် သူသည် လုံး၀ကို မွန်းကျပ်သွားခဲ့ရ သည်။
ယခုအချိန်တွင် ချန်ယွမ်ရှန်သည် ချန်ကလန်စံအိမ်ကြီး၏အဝင်ဝတွင် ချီလင်ရုပ်တုကြီးကို မှီနေပါသည်။ သူ၏အကြည့်တွေက လမ်းမပေါ်မှာရှိနေသည့် မိန်းမပျိုတွေအပေါ် ရောက်ရှိ နေပြီး သူမတို့၏ ယိမ်းနွဲ့စွာလှုပ်ခါနေသည့် နောက်ပိုင်း တင်ပါးတွေကို ကြည့်ရူနေ လေသည်။
"ဟင်း….။ ဒါက တကယ်ကို သာမန်လောက်တွေပါပဲ။ အိမ်ထဲမှာရှိတဲ့ ရန်စီချီနဲ့ ဘယ်သူမှ မနှိုင်းယှဉ်နိုင်သေးဘူး" "ဒီအရုပ်အသွင်၊ ဒီပုံရိပ်၊ ကျွတ်…ကျွတ်….၊ တကယ်လို့ မင်းလေး သာ ငါ့မိန်းမဖြစ်လာနိုင်မယ်ရင် ငါ့ရဲ့ ကျင့်ကြံမူအဆင့်ကိုတောင် နောက်ပြန် ဆုတ်ယုတ် သွားစေဖို့ ငါ ဆန္ဒရှိပါတယ်။ ကံမကောင်းစွာပဲ၊ ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးက မင်းလေးကို သိမ်းပိုက်သွားခဲ့တယ်။ ဒီရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးက ကောင်းကင် နဂါးတိုက်ကြီးရဲ့ အလှမယ်လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ချန်မင်ရှီနဲ့ မလုံလောက်ဘူးလို့ ပြောရတော့မှာပေါ့။ သူက ရန်စီချီကိုလည်း လက်ထပ်ချင်နေ သေးတယ်လေ။ မင်းရဲ့နှလုံးသားက တကယ်ကို မည်းမှောင်ပြီး ညစ်ထေးလွန်းနေတယ်" ချန်ယွမ်ရှန်၏ပုံစံက ပို၍ကြည့်လေး ပို၍စိတ်ဆိုးလာလေဖြစ်ပြီး ပို၍ ကျိန်ဆဲမိလေဖြစ် နေသည်။
ချန်ယွမ်ရှန်သည် ရန်စီချီကို စံအိမ်ကြီးထဲမှာ နောက်ဆုံးတွေ့လိုက်ရကတည်းက သူသည် ရန်စီချီကို လုံးဝ စွဲလန်းသွားခဲ့သည်။
ရန်စီချီနှင့် ယှဉ်လိုက်လျှင်၊ ယစ်မူးခြင်းအနီရောင်စံအိမ်၏ ခေါင်းဆောင် ပန်းပွင့်လေးများ နှင့် ထိပ်တန်းအမျိုးသမီး ကျင့်ကြံသူများသည်ပင် အမှန်တကယ် နိမ့်ကျသွားရသည်။
သို့သော် သူသည် ရန်စီချီကို အကြိမ်ကြိမ် တိုက်ခိုက်လိုသော်လည်း ချန်မင်ရှီက ထပ်ခါထပ်ခါ တားဆီးခဲ့သည်။ သူသည် မျက်နှာပြောင်တိုက်ပြီး အနီးကပ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ရန်စီချီက သူ့အပေါ် အေးစက်ခြင်းမရှိခဲ့သလို နွေးထွေးမှုမျိုးလည်း မရှိသေးပါဘူး။
သူသည် အလွန်အမင်း မချင့်မရဲ ဖြစ်ရသည်။ ရန်စီချီကို အင်အားအသုံးပြုနိုင်ရန် အခွင့်အလမ်း ရှာတွေ့ခါနီးမှာ ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးသည် မင်္ဂလာ လက်ဆောင်များပေးရန်အတွက် ချန်မျိုးနွယ်စုထံ ရောက်ရှိလာစဉ်မှာ ရန်စီချီကို တွေ့ရှိသွားခဲ့ပြီး အမှန်တကယ် စိတ်ကူးယဉ်ဆန်ကာ ချန်မင်ရှီနှင့်အတူ ရန်စီချီကိုပါ လက်ထပ်ရန် နာမည်တပ်ပြီး တောင်းဆိုသွားခဲ့သည်။
ချန်ကလန၏ကလန်ခေါင်းဆောင်သည် ရှောင်ယန်ဂိုဏ်း ဂိုဏ်းသခင်လေး၏ တောင်းဆို ချက်ကို မည်သို့ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။ ထို့ကြောင့် သူတို့သည် ရန်စီချီ၏ ကိုယ်ရေးအချက်လက်များကို မေးမြန်းရန် လူများကို ချက်ချင်း စေလွှတ်လိုက်သည်။ နောက်ဆုံးတွင် ရန်စီချီသည် ထျန်းယွန်တိုက်ကြီးမှ ဆင်းသက်လာသူပြီး သူမ၏ မူလ အမျိုးသားသည် ပင်လယ်ထဲတွင် သေဆုံးသွားပြီ ဖြစ်ကြောင်း သိရှိလိုက်ရပါသည်။ ထိုနောက်မှာတော့ ချန်မင်ရှီ၏ ခန်းဝင်ပစ္စည်းအဖြစ် ရန်စီချီကို ဂရုတစိုက် စောင့်ကြပ် ထားရန် အမိန့်ပေးထားသည်။
ဤတစ်ကြိမ်တွင် ချန်ယွမ်ရှန်သည် အားကိုးရာ မဲ့နေခဲ့ပါသည်။ သူသည် တဏှာရာဂစိတ် လွန်ကဲပြင်းထန်သည့် လူပေါ်ကြော့တစ်ယောက် ဖြစ်သော်လည်း၊ ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးလောက် တဏှာရူးသူမဟုတ်ပေ။ ထို့ကြောင့် သူသည် ဤနေရာတွင် တိတ်တဆိတ် သက်ပြင်းချရုံသာ တတ်နိုင်ပါတော့သည်။
"အယ်?"
သို့သော် ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများသည် ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင် တစ်ဦးက သူ့ဆီသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသောကြောင့် ရုတ်တရက် ဝင်းလက်တောက်ပလာသည်။
"ရင်သပ်ရှုမောဖွယ် မျက်နှာလေး၊ ထိပ်တန်းအဆင့် ရုပ်ရည်အသွင်အပြင်၊ ပြီးတော့ ပြီးပြည့်စုံတဲ့ စိတ်နေစိတ်ထား၊ ငါချန်ယွမ်ရှန်က တကယ်ကို ဒီအလှလေးအပေါ်မှာ ဟက်ထိသွားခဲ့ရပါပြီ။ ဖြစ်နိုင်တာက နွေဦးရာသီက ငါချန်ယွမ်ရှန်ဆီကို ပြန်လည် ရောက်ရှိ လာတာများလား" ချန်ယွမ်ရှန်၏ မျက်လုံးများသည် သူ့ဆီသို့ လျှောက်လှမ်းလာနေသည့် အလှပိုင်ရှင်လေးရှိရာဆီသို့ ဦးတည်နေရင်း ဖော်ပြ၍ပင် မဖြစ်နိုင်လောက်သည့် စိတ်လှုပ်ရှားနေသည့် အမူအရာ ပေါ်လွင်နေလေသည်။
လျှိုလင်းသည် ချင်ယွင်၏ နောက်သို့ လိုက်နေပြီး ချင်ယွင်လုပ်ချင်နေသည့် အရာကို ကြည့်ရူရန် စီစဉ်နေသော်လည်း ယခုရောက်လာသော ချန်ကလန်စံအိမ်ကြီး၏ အဝင်ပေါက်သည် အကျင့်ပျက်နေသည့် လူတစ်ယောက်နှင့် အရှုပ်အယှက်ထဲ ရောနှော ပါဝင်ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
"အလှလေး…၊ ငါက ချန်ယွမ်ရှန်ပါ။ ငါက ချန်ကလန်ရဲ့ သခင်လေးတစ်ယောက်လည်း ဖြစ်တယ်။ မင်းအနေနဲ့ လက်ဖက်ရည်လေးသောက်ပြီး မင်းရဲ့ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ငါနဲ့ ဆွေးနွေးဖို့ စိတ်ဝင်စားမလား ငါ သိချင်တယ်။" ချန်ယွမ်ရှန်သည် ရှေ့တွင် လမ်းလျှောက်လာနေသော ချင်ယွင်ကို လျစ်လျူရှုပြီး လျှိုလင်းထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားကာ ပြုံးလျက် ပြောလိုက်သည်။
လျှိုလင်း၏ မိုးမခပင်လို မျက်ခုံးမွှေးများသည် အနည်းငယ် တွန့်သွား၏။ သူမသည် မလှုပ်မယှက် အမူအရာဖြင့် ပြန်ပင်လှည့်မကြည့်သော ချင်ယွင်ကို ကြည့်လိုက်သည်။ သူ အနည်းငယ်မျှ တုံ့ပြန်မှု မရှိသည်ကို မြင်လိုက်ရသဖြင့် သူမက အေးစက်စွာ ပြောလိုက်သည် "စိတ်မဝင်စားဘူး!"
ချန်ယွမ်ရှန်သည် လျှိုလင်း၏ စကားကြောင့် လုံးဝ အံ့ဩသွားခြင်း မရှိပေ။ သူ၏မျက်နှာမှာ အပြုံးတွေ ပြည့်နှက်နေသေး၏။ သူသည် အရှက်မဲ့သည့် သိုင်းပညာရပ်ကို အချိန်အတော် ကြာကတည်းက လေ့ကျင့်ထားပုံရသည်။ သူသည် နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး အပြုံးနှင့်အတူ ပြောလိုက်သည် "အလှလေး…။ ငါ့ချန်ကလန်ရဲ့ စံအိမ်ကြီးထဲမှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံခြင်းစနစ်တွေကို ရှိနေတယ်။ တစ်ချက်လောက် လိုက်ကြည့်ပါ လား။ အဲဒီကျင့်ကြံခြင်းနည်းစနစ်တွေကို လိုက်ကြည့်ဖို့ မင်း စိတ်မ၀င်စားဘူးလား၊ ဒါက အပြင်လူတွေအတွက်တော့ အိပ်မက်တစ်ခုပဲနော်"
စိတ်မရှည်သည့် အရိပ်အယောင်က လျှိုလင်း၏မျက်နှာပေါ်သို့ တိုးဝင်ပျံ့နှံ့လာခဲ့၏။ သူမကို လိုက်လံပိုးပန်းကြသည့် မရေမတွက်နိုင်သော လူများရှိခဲ့ဖူးသလို ခေါင်းမာမာနဲ့ အချင်းချင်း တိုက်ခိုက်နေသူများပင် ရှိကြသည်။ သို့သော်လည်း ချန်ယွမ်ရှန်အပေါ် သူမ၏ စက်ဆုပ်ရွံရှာမူသည် သူမ၏ နှလုံးသားထဲမှ ထွက်ပေါ်လာခဲ့သည်၊ အထူးသဖြင့် သူ၏ အပြုံးဖြစ်သည်။ ပထမအကြည့်တစ်ချက် မြင်တွေ့လိုက်ရစဉ်မှာပင် သူမ၏ နှလုံးသားထဲ တွင် စက်ဆုပ်ရွံရှာဖွယ် လှိုင်းလုံးများ ခံစားလိုက်ရ၏။
"မင်းရဲ့နာမည်က ချန်ယွမ်ရှန် ဟုတ်တယ်ဟုတ်။ မင်း အခုလေးတင် ကျောက်ခြင်္သေ့ကြီးကို မှီပြီး ပြောနေခဲ့သမျှ စကားအားလုံးကို ငါ ကြားလိုက်ပါတယ်"
သို့သော် ဤအခိုက်အတန့်တွင် အချိန်အတော်ကြာအောင် စကားမပြောဘဲ ရပ်နေသော ချင်ယွင်သည် ရုတ်တရက် ချန်ယွမ်ရှန်ဘက်သို့ လှည့်ကာ တင်းမာပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
မူလကတော့ ချင်ယွင်သည် အဓိကအားဖြင့် ရန်စီချီအပေါ် ချန်ကလန်၏ အပြုအမူကြောင့် စိတ်ဆိုးဒေါသထွက်ခဲ့ရသော်လည်း သူချန်ကလန်၏စံအိမ်တံခါးဝသို့ ရောက်ရှိလာစဉ်မှာ ချန်ယွမ်ရှန်သည် ကျောက်ရုပ်ထုကြီးကို မှီပြီး ရန်စီချီအား တပ်မက်သည့်စကားမျိုး ပြောနေသည်ကို သူ ကြားရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ယင်းကြောင့် သူ၏ စိတ်ထဲတွင် ဒေါသများက တခဏအတွင်း မြင့်တက်လာသည်။
"ကောင်လေး…။ မင်းက ဘာကြားတာလဲ။ မင်း လစ်လိုက်ရင် ကောင်းလိမ့်မယ်။ ဒီသခင်လေးရဲ့ အလုပ်ကိစ္စထဲ ဝင်မရှုပ်စမ်းနဲ့။" ချန်ယွမ်ရှန်သည် ချင်ယွင်ကို တစ်ချက် ကြည့်လိုက်ပြီး ချင်ယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အထွတ်အထိပ် အဆင့်တွင်သာ ရှိနေသည်ကို တွေ့ရှိရလျှင် အထင်အမြင်သေးသည့် အရိပ်အယောင်များ က သူ၏မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာပါသည်။
သတ်ဖြတ်လိုသည့် အရိပ်အယောင်များ သူ၏နှလုံးသားထဲသို့ တိုးဝင်လာမူနှင့်အတူ ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်း ကျဉ်းမြောင်းသွား၏။
ရုတ်တရက် ချင်ယွင်သည် မကောင်းသည့် အရာတစ်ခုခုကို တွေးမိလိုက်ပုံရ၏။ သူက ရယ်မောကာ ချန်ယွမ်ရှန်ကို ကြည့်လိုက်သည်။ ထို့နောက် သူက လျှိုလင်းကို လက်ညှိုး ထိုးပြပြီး ပြောလိုက်သည် "မင်းက သူမကို လိုက်ပိုးချင်တာလား။ ငါ မင်းကို ပြောပါရစေ၊ သူက ငါ့မိန်းမဖြစ်နေပြီဆိုတော့ မင်းမှာ အခွင့်အရေးမရှိတော့ဘူး"
ချန်ယွမ်ရှန်သည် အံ့အားသင့်သောအမူအရာကို ထုတ်ပြရုံသာမက လျှိုလင်းသည်လည်း ချင်ယွင်ကို မျက်လုံးမျက်ဆံပြူးကာ စိုက်ကြည့်နေ၏။
"မင်း" လျှိုလင်းသည် ချင်ယွင်က သူမကို စိုက်ကြည့်နေသည်ကို သူမမြင်လိုက်ရစဉ်မှာ သူမသည် ချင်ယွင်၏စကားကို ပြန်လည်ချေပတော့မည် ဖြစ်သည်။ ထို့နောက် သူမသည် သူမပြောမည့်စကားများကို မသိစိတ်နှင့်အတူ မျိုချလိုက်ရသည်။
ဤအခိုက်အတန့်တွင် ချန်ယွမ်ရှန်၏ မျက်နှာသည် လုံးဝ အုံ့မှိုင်းလာနေပြီး ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်များက ရန်လိုမှုများနှင့် ပြည့်နှက်နေသည်။
အကယ်၍ ရန်စီချီကို ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးက လုယက်သွားသည်ဆိုလျှင် သူသည် ယင်းကို လက်ခံရလိမ့်မည်။ အမှန်တကယ်မှာလည်း ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးသည် မြင့်မားသော ကျင့်ကြံမှုအဆင့်နှင့် ကြီးမားသော သြဇာအာဏာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သို့သော် သူသည် ပြိုင်ဘက်ကင်း အလှပိုင်လေးကို ယခုလေးတင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် သူမသည် အမှန်တကယ် လူသိထင်ရှား ပိုင်ရှင်ရှိသော ပန်းလေးတစ်ပွင်းဖြစ်နေ၏။ အရေးကြီးဆုံးအချက်က သူမသည် အမှန်တကယ်ပင် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသည့် အကောင်တစ်ကောင်နှင့် ဖြစ်နေသည်။ ယင်းက သူ့ကို ချက်ခြင်း မယုံမကြည် ဖြစ်စေ၏။
"ကောင်လေး…။ ပြောစမ်း၊ မင်း ဘယ်သူလဲ" ချန်ယွမ်ရှန်က ချက်ခြင်း မေးခွန်းထုတ်သည်။ သူသည် စာရိတ္တပျက်ပြားနေသည့် လူ့ပေါ်ကြော့တစ်ဦး ဖြစ်သော်လည်း၊ သူသည် တုံးအသူ မဟုတ်ပေ။ အနည်းဆုံးတော့ သူသည် ဤကောင်စုတ်လေးသည် မည်သည့်အင်အားစုမှ လာသနည်းဆိုသည်ကို သူသိရန် လိုအပ်သည်။ ချင်ယွင်၏ နောက်ကွယ်မှာရှိနေသော ဟောင်ခွန်နှင့် ရှောင်ဇီတို့ကိုတော့ ချန်ယွမ်ရှန်က တိုက်ရိုက် လျစ်လျူရှုထား၏။
"ဟမ့်၊ တကယ်လို့ ငါသာ မင်းကို အသံကျယ်ကျယ်နဲ့ ပြောလိုက်မယ်ဆိုရင် မင်းအနေနဲ့ သေအောင် ကြောက်သွားမှာတောင် ငါ စိုးရိမ်မိတယ်။ မင်း သေချာနားထောင်ထား၊ ငါက ချီကလန်ရဲ့ ဒုတိယသခင်လေး၊ ချီရှောက်ယန်းပဲ။" ချင်ယွင်က ချက်ချင်း မောက်မာဟန် ဆောင်ကာ ပြောလိုက်သည်။
အခန်း( ၅၃၅) စကားတခွန်းကြောင့်သတ်ဖြတ်ခံရခြင်း။
"ဟား….။ ဟား…..။ ငါ မင်းကို ဘယ်သူများလဲလို့ တွေးနေခဲ့တာ။ ဒါဆို မင်းက ကမ္ဘာပေါ်က အလှပိုင်ရှင်တွေအားလုံးကို စုဆောင်းဖို့ ကျိန်ဆိုခဲ့တဲ့ ချီကလန်ရဲ့ လူ့ပေါ်ကြောဖြစ်တဲ့ ချီရှောက်ယန်းပေါ့။" ချန်ယွမ်ရှန်သည် ဟာသကြီးတစ်ခုကို ကြားလိုက်ရသလို ကျယ်လောင်စွာ ရယ်မောလိုက်သည်။
လျှိုလင်း၏ ပါးစပ်ထောင့်စွန်းသည် အနည်းငယ် လှုပ်ယမ်းသွား၏။ သူမသည် ချန်ယွမ်ရှန်ကို ပျက်ရယ်ပြုလိုဟန်ဖြင့် မထိန်းနိုင်ဘဲ ကြည့်နေမိသည်။ အမှန်တကယ် မှာလည်း ချန်ယွမ်ရှန်၏ ကျော်ကြားမှုသည် ချီရှောက်ယန်းထက် နိမ့်ကျခြင်းမရှိဟု ထင်မှတ်လို့ရသည် မဟုတ်လား။
ဒဏ္ဍာရီလာ အကျင့်စာရိတ္တဖောက်ပြားသူနှစ်ဦး အမှန်တကယ် ဆုံတွေ့နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဤကိစ္စ၏အဓိကအချက်မှာ သူမဆိုသည့်လျှိုလင်းအတွက် ယှဉ်ပြိုင်ရန် ဖြစ်နေသည်။ ယင်းကြောင့် လျှိုလင်းသည် ပြောစရာစကားမဲ့သွားသည့်အထိ ဖြစ်ရသည်။ ချီရှောက်ယန်းက သူ၏မအသက်ကို ကယ်တင်ဖူးခြင်းကြောင့်သာ၊ ထိုသို့သာ မဟုတ်ခဲ့ပါလျှင် သူမသည် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ဤနေရာမှပင် ထွက်ခွာသွားရန် ဆန္ဒရှိနေပါသည်။
'"ငါ့အကြောင်း မင်းကြားဖူးမယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်း သိပြီးသားဆိုမှတော့ လစ်လိုက်တော့။ ငါ မင်းကို ခက်ခဲဖြစ်အောင် ဘာမှမလုပ်တော့ဘူး။ မင်းက ဒူးထောက်ပြီး သုံးကြိမ်တိုင်တိုင် ကိုယ့်ပါးကို ပြန်ရိုက်တာနဲ့ မင်းအသက်ကို ငါ ချမ်းသာပေးမယ်။" ချင်ယွင်က မောက်မာစွာပြောပြီး သူ၏လေသံမှာ ပြင်းထန်သည့် ရှုတ်ချသံများဖြင့် ပြည့်နေ၏။
"ဟား....။ ဟား.....။ ချီကလန်ရဲ့ ဒုတိယသခင်က အကျင့်ပျက်နေတဲ့ လူ့ပေါ်ကြော့ တစ်ယောက် ဖြစ်နေရုံသာမက လူတုံးလူအတစ်ယောက်လည်း ဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ငါ့ရဲ့ချန်ကလန်နယ်မြေကို အသာထား၊ မင်းရဲ့ချီကလန် နယ်မြေမှာတောင် အထွတ်အထိပ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံမူ အခြေခံလေးနဲ့ မင်းက ငါ့ကို ဒူးထောက်စေချင်တာလား။ ငါက အရူးတစ်ယောက်လို့ မင်းထင်နေတာလား။ ဒါမှမဟုတ် မင်းက ငါ့ကို ဟာသတွေ လာပြောနေတာလား။" ချန်ယွမ်ရှန်က တခစ်ခစ်ရယ်ပြီး ချင်ယွင်ကို အရူးတစ်ယောက်လို ကြည့်နေလေ၏။
သို့သော် လျှိုလင်းသည် ချင်ယွင်က နောက်ပြောင်နေသည်ဟု မထင်မိပေ။ ကောင်းကင်ဘုံ ဂိုဏ်းမှ ယွန်ဟောင်သည်ပင်လျှင် သူ၏ရိုက်နှက်ခြင်းကို ပြင်းထန်စွာ ခံစားခံရ၏။ ချန်ကလန်၏ သခင်လေးဖြစ်သည့် သူ့အား ဒူးထောက်ခိုင်းခြင်းမှာ မည်သို့ မဖြစ်နိုင်ဘဲ နေမည်နည်း။
ထို့အပြင်၊ လျှိုလင်းသည် ချင်ယွင်၏ လေသံတွင် ဒေါသကို ခံစားနိုင်ပြီး ချင်ယွင်၏ နှလုံးသားထဲတွင် ဒေါသကို ထိန်းထားနေပုံရ၏။
ချင်ယွင်သည် သူမအတွက် ဒေါသထွက်ခြင်းမဟုတ်ကြောင်း သူမသိသော်လည်း ချင်ယွင် ၏ လက်ရှိဒေါသက သူမကို အနည်းငယ် ထိတ်လန့်သွားစေသည်။
ချင်ယွင် ယခုလေးတင် ပြောခဲ့သည့်စကားအတိုင်း အကယ်၍ သူမသာ သူ၏ အမျိုးသမီး အစစ်အမှန်ဖြစ်သွားမည်ဆိုလျှင် သူသည် ယခုလိုအနေထားမျိုး အတူတူပဲလားဟုပင် သူမ၏စိတ်ထဲတွင်ပင် တွေးနေမိ၏။
"မျိုးမစစ်ကောင်၊ မင်းက သေချင်နေတာပဲ!" ချန်ယွမ်ရှန်သည် ချင်ယွင်နှင့် ငြင်းခုံရန် အလွန်ပျင်းရိသွားပြီး ချင်ယွင်ကို တိုက်ရိုက် လက်သီးတစ်ချက် ထိုးလိုက်လေသည်။
ချီကလန်၏ ဒုတိယသခင်လေး ရောက်လာတယ်ဆိုရင်ရော ဘာဖြစ်မလဲ။ ဤသည်မှာ သူ့ချန်ကလန်၏ နယ်မြေ ဖြစ်သည်။ သူအရိုက်ခံရသည့်အတွက် ချီကလန်၏ ကလန် ခေါင်းဆောင်ကိုယ်တိုင် ရောက်လာလျှင်ပင် သူ့အနေဖြင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးမှာ မဟုတ်ပါဘူး။
ယခုအချိန်တွင် လူတော်တော်များများက သူတို့ကို ဝိုင်းထားပြီးပြီ။ ထိုလူများသည် ချန်ယွမ်ရှန် လှုပ်ရှားနေသည်ကို မြင်သောအခါတွင် သူတို့အားလုံးသည် မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သည့် အမူအရာများ ရှိနေကြပြီး ချင်ယွင်အတွက် တိတ်ဆိတ်စွာဖြင့် ဂုဏ်ပြုနေကြသည်။ (ဤနေရာ၌ ဂုဏ်ပြုဟူသည် သေပြီးနောက် ဂုဏ်ပြုခြင်းကို ဆိုလိုဟန်တူပါသည်။
"ဘုန်း....!"
တုန်ခါမူနှင့်အတူ ပေါက်ကွဲသံတစ်ချက်က ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ပုံရိပ်တစ်ခုသည် ပေါက်ကွဲသံကြားမှပင် နောက်သို့ လွင့်ထွက်သွား၏။
"ဘန်း....!"
ထိုရုပ်အသွင်သည် ချန်ကလန် ပင်မတံခါးကြီး၏ ကျောက်စာတိုင်ကို တိုက်ရိုက် ဝင်တိုက် သွား၏။ အချင်းတစ်မီတာရှိ ကျောက်စာတိုင်ကြီးသည် တိုက်ရိုက်ပင် ကျိုးပဲ့သွားခဲ့ပြီး ထိုပုံရိပ်မရပ်တန့်နိုင်ခင် ပင်မတံခါးနံရံပင် ကွဲအက်သွားခဲ့၏။
"ချန်ယွမ်ရှန်လား..?" လူတိုင်း တုန်လှုပ်သွားကြပါသည်။ နောက်ပြန် လွင့်ထွက်သွားသည့် လူသည် ချီရှောက်ယန်း မဟုတ်ဘဲ ချန်ယွမ်ရှန် ဖြစ်နေသည်ကို သူတို့ တွေ့ရှိလိုက်ရပါ သည်။
ချန်ယွမ်ရှန်၏ ကျင့်ကြံမှုအဆင့်သည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်တွင် ရှိနေပါသည်။ သူသည် ယုကျိုးမြို့မှာတောင် မျိုးဆက်သစ် လူငယ်တွေထဲမှာ ထူးချွန်သည့်ပါရမီရှင် တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ သူသည် တစ်စုံတစ်ယောက်၏ လက်ချက်ဖြင့် လွင့်ထွက်သွားခဲ့ရ၏။
"ဘယ်လို... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ချန်ယွမ်ရှန်ကိုယ်တိုင်လည်း အပျက်အစီး ပုံထဲသို့ ပြုတ်ကျသွားရသဖြင့် ထိတ်လန့်သွားသည်။ သူ၏ရင်ဘတ်တွင် ပြင်းထန်သော နာကျင်မှုက သူ့ကို တစ်ချိန်လုံး ချောင်းဆိုးပြီး သွေးအန်စေသည်။
ချင်ယွင်သည် အေးစက်ပြီး မာနကြီးသော အမူအရာဖြင့် ထိုနေရာတွင် ရပ်နေဆဲဖြစ်ကာ သူ၏ ခန္ဓာကိုယ်သည် တောင်တစ်တောင်ကဲ့သို့ မလှုပ်မယှက် ဖြစ်နေ၏။ အစောပိုင်းက သူသည် ချန်ယွမ်ရှန်ကို ကျီစားနေခြင်းဖြစ်သည်။ အစောပိုင်းက လက်သီးချက်မှာ ချင်ယွင်သည် သူ့အင်အား၏ ရာခိုင်နှုန်းသုံးဆယ်အောက်သာ အသုံးပြုခဲ့သည်။
"တပ်မှူး!"
ချန်ကလန်၏ စံအိမ်ကြီးအ၀င်ဝတွင်ရှိနေကြသော အစောင့်များသည် ချန်ယွမ်ရှန် ဒဏ်ရာရနေသည်ကို တွေ့လိုက်ရသည့်အခါ ချက်ချင်းပင် တုန်လှုပ်ခြောက်ခြား သွားကြပြီး သူ့ကို ဝိုင်းရံထားကြ၏။
"သွား!"
ချန်ယွမ်ရှန်က ဒေါသတကြီး အော်လိုက်သည်။ တခဏအတွင်း ထွက်ပေါ်လာသည့် ပြင်းထန်သော အရှက်တရားကို သူ ခံစားလိုက်ရသည်။ ယခုလေးတင် သူ့ကို တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးက လက်သီးတစ်ချက်ဖြင့် လွင့်ထွက် သွားစေခဲ့သည်။ တစ်ဖက်လူက သူ့ကို မည်သို့ တိုက်ခိုက်လိုက်မှန်းတောင် သူ မသိလိုက်ပါဘူး။
"သတ်!"
ချန်ယွမ်ရှန်၏ အမိန့်ကိုကြားသောအခါ ချန်ကလန်၏ အစောင့်များသည် သူတို့၏ ဓားရှည်များကို ဆွဲထုတ်ပြီး ချင်ယွင်ထံ ပြေးဝင်လိုက်ကြသည်။
ချင်ယွင်သည် အစောင့်များကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ရုတ်တရက် ချင်ယွင်၏ အကြည့်များက စူးရှပြီး သူ၏ပုံရိပ်က လေပြင်းတိုက်ခတ်သလို လွင့်စင်သွား၏။ လူတိုင်းသည် အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရပြီး ချင်ယွင်သည် လုံးဝ မလှုပ်မရှား ဖြစ်နေသကဲ့သို့ သူ၏မူလနေရာသို့ တိုက်ရိုက် ပြန်ရောက်သွားခဲ့သည်။
"အား....!"
အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး အစောင့်များသည် မခံမရပ်နိုင် ဖြစ်ပြီး အော်ဟစ်နေကြ၏။
သို့သော် မည်သူမျှ သေဆုံးခြင်းမရှိပေ။ ချင်ယွင်သည် ၎င်းတို့၏ ရင်ဘတ်ကို ထိုးဖောက်ရုံသာ ထိုးဖောက်ခဲ့ပြီး သူတို့၏အသက်ကို အမှန်တကယ် ယူဆောင်ခြင်း မရှိခဲ့ပေ။ သူတို့ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူတို့သည် အသက်သေဆုံးခြင်းမျိုး ရှိမည် မဟုတ်ပေ။
"မင်းက ငါနဲ့ ရန်သူဖြစ်အောင်ကြိုးစားနေတာလား" ချင်ယွင်က အစောင့်များအားလုံးကို ဒဏ်ရာရအောင် လုပ်ဆောင်လိုက်သည်ကို တွေ့လိုက်ရသောအခါ ချန်ယွမ်ရှန်၏ မျက်နှာ သည် မည်းမှောင်သွားခဲ့သည်။
တခြားတဖက်လူက သူ၏ချန်ကလန်အတွက် အစကတည်းက ရောက်လာခြင်းဖြစ်သည် ကို သူ နားလည်သွား၏။
ချင်ယွင်က မည်သည့်စကားမျှ ပြန်မပြောဘဲ အထင်သေးဟန်ဖြင့် ရယ်မောလိုက်၏။ သူသည် သူ၏ဘေးမှာရှိနေသော ဂျင်တစ်သောင်း အလေးချိန်ရှိသည့် ချီလင် ကျောက်ရုပ်ထုကြီးကို ဆွဲယူလိုက်သည်။
"ထွက်သွားစမ်း.....!"
ချင်ယွင်သည် သူ၏ခွန်အားကို အစွမ်းကုန် လွှင့်ထုတ်လိုက်ပြီး၊ လူနှစ်ယောက်စာ အမြင့်ရှိ သော ချီလင်ကျောက်ရုပ်တုကြီးသည် ဖြောင့်တန်းနေသော လမ်းကြောင်းပေါ်ရှိ ချန်ကလန် စံအိမ်ကြီး၏ အဝင်ဝတွင်ချိတ်ဆွဲထားသော ကမ္ပည်းပြားထဲသို့ တိုက်ရိုက် ဝင်တိုက်သွားခဲ့ ၏။
"ဘုန်း......!"
ချီလင်ကျောက်ရုပ်တုကြီးသည် ချန်ကလန်စံအိမ်ကြီး၏ တံခါးထိပ်ကို ရိုက်ချိုး ထိမှန်ပြီး ကြီးကြီးမားမား ပျက်စီးသွားခဲ့သည်။ ကျောက်ရုပ်ထုကြီး၏ အပြင်းအထန် ထိမှန်သွားမူ ကြောင့် မူလရွှေတံခါးကြီးသည် ချက်ခြင်းပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဘေးမှာရှိနေကြသည့် လူတွေအားလုံး အံ့အား သင့်သွားကြသည်။ ချီလင်ကျောက်ရုပ်တုကြီးကို ကွင်းပြင်းအတွင်းမှာရှိနေကြသည့် လူအများအပြားသည် လှုပ်ရှားနိုင်ကြသော်လည်း ထိုကဲ့သို့ ကြီးစိုးလွှမ်းမိုးနိုင်သော လက်တစ်ဖက်တည်းဖြင့် တိုက်ခိုက်မှုမျိုးကို မည်သူက ပစ်နိုင်မည်နည်း။ ပို၍ပင် အရေးကြီးသည်မှာ၊ သူတို့ကိုယ်တိုင်ကရော ချန်ကလန်စံအိမ်ကြီး၏ ကမ္ပည်းပြားကို တိုက်ရိုက် ပစ်ချဖို့ သတ္တိရှိမည်လား....။
"လွှမ်းမိုးနိုင်စွမ်းကြီးလွန်းတယ်။ ငါ့တစ်သက်မှာ ဒီလို လွှမ်းမိုးကြီးစိုးနိုင်တဲ့ မြင်ကွင်းမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။"
လမ်းသွားလမ်းလာလူများပင် အံ့သြတကြီး အော်ပြောကြသည်။ သူတို့သည် ပြင်းထန်သော စွမ်းအားများကို ကြောက်ရွံ့ကြသော်လည်း သူတို့၏ နှလုံးသားထဲတွင် စိတ်အားထက်သန်မှုက အရှိန်အဟုန်ပြင်းစွာ ရှိနေခဲ့သည်။ ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ လုပ်ရပ်များသည် သူတို့နှလုံးသားထဲတွင် အလိုချင်ဆုံးဆန္ဒကို အမှန်တကယ် နှိုးဆွပေးခဲ့သည်။
ချန်ကလန်၏ ပြိုကျသွားပြီး လုံးဝပြိုလဲနေသော တံခါးမကြီးကို ကြည့်လိုက်ရင်း သူတို့၏ မျက်လုံးများသည် ပြင်းထန်သော သွေးရောင်များဖြင့် ပြည့်နှက်နေခဲ့ပြီး၊ ဤလက်တစ်ဖက် ဖြင့် ကျောက်ရုပ်ထုကြီးကို ပစ်ပေါက်ခြင်းကို သူတို့ကိုယ်တိုင် လုပ်နေသလိုပင်။ သူတို့၏ နှလုံးသားများသည် တုနှိုင်းမရသော ပျော်ရွှင်မှုများဖြင့် ပြည့်နေခဲ့၏။
မှန်ပါသည်၊ ထိုသို့ပြုလုပ်ခြင်းသည် သူ့အား အသက်အန္တရာယ် ကျရောက်စေသည်ဟု ခံစားရကာ မျက်မှောင်ကြုတ်နေကြသည့် အသိဉာဏ်ရှိသူအချို့လည်း ရှိနေပါသေးသည်။
လျှိုလင်းလည်း အံသြသွား၏။ ချင်ယွင်သည် ချန်ကလန်ကို ဒုက္ခပေးရန်အတွက် ဤနေရာတွင် ရှိနေသည်ကို သူမ သိထားသော်လည်း၊ သူသည် ထိုကဲ့သို့ မိုးခြိမ်းသံအလား ကျယ်လောင်သော နည်းလမ်းဖြင့် အမှန်တကယ် ရန်စလိမ့်မည်ဟု သူမ မမျှော်လင့် ထားခဲ့ပေ။
ချန်ယွမ်ရှန်သည် ချင်ယွင်၏လုပ်ရပ်ကြောင့် အလွန် ဆွံ့အသွားသည်။ ဤသည်မှာ သူနှင့် ရန်သူဖြစ်ရုံသက်သက်လောက် မရိုးရှင်းတော့ပါဘူး။ သူသည် ချန်ကလန် တစ်ခုလုံးကိုပင် တိုက်ရိုက် ရန်စလိုက်ခြင်း ဖြစ်ကောင်းဖြစ်ကောင်းဖြစ်နိုင်သည်။
"ဟမ့်၊ ငါ မင်းကို အမှန်အတိုင်းပြောဖို့လည်း ကြောက်မနေဘူး။ မင်းရဲ့ ချန်ကလန်ကို အစကတည်းက ဒုက္ခပေးဖို့ ငါရောက်လာခဲ့တာ၊ မင်းကတော့ ပထမဆုံး ကျဆုံးရသူပဲ" ချင်ယွင်သည် ချန်ယွမ်ရှန်ဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာရင်း သူ၏ အကြည့်များက သူ၏သားကောင်ကို စိုက်ကြည့်နေသော ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်လို သွေးအေးပြီး လှောင်ပြောင်နေလေသည်။
"ဘာလို့လဲ...ဘာလို့လဲ?" ချန်ယွမ်ရှန်သည် ချင်ယွင်၏ ကြောက်စရာကောင်းသော အကြည့်ကြောင့် လုံးဝ ထိတ်လန့်သွားပြီး အလျင်စလို မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ရန်စီချီက ငါ့မိန်းမဖြစ်လို့ပဲ!" ချင်ယွင်က အထင်သေးဟန်ဖြင့် ရယ်မောလိုက်ပြီး သူ၏ရုပ်အသွင်က ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ရုပ်အသွင်သည် ချန်ယွမ်ရှန်၏ရှေ့မှာ ပြန်ပေါ်လာပြီး သူ၏လက်ဖဝါးက ချန်ယွမ်ရှန်၏ နှလုံးသားကို ဓားဖြင့် ထိုးစိုက်လိုက်သလိုပင်။
သူသည် ပြတ်ပြတ်သားသားဖြင့် ရက်ရက်စက်စက် ပြုမူလိုက်ပြီး သူ၏ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို မြင်လိုက်ရသောအခါတွင် သူ၏နှလုံးခုန်သည် တစ်ချက်ခုန်သွား၏။
"ဒါဆို ဒီလိုပေါ့....." ချန်ယွမ်ရှန်၏ အကြည့်များသည် မှုန်မှိုင်းနေပြီး သူ၏သူငယ်အိမ် များသည် တဖြည်းဖြည်း အသက်မဲ့သွားခဲ့သည်။
ယခု သူသေဆုံးရခြင်း၏ အကြောင်းရင်းအစစ်အမှန်မှာ ကျောက်ရုပ်ထုကြီးကို မှီရင်း သူပြောဆိုခဲ့သည့် စကားတခွန်းကြောင့်ဟု သူ နားလည်သွားခဲ့ပါပြီ။