အခန်း (၅၅၆-၅၆၀)
Vol. 38 Ch. 556-560
အခန်း (၅၅၆) အချိန်၏အလျင်။
မိုးပြာဧကရာဇ် ပျောက်ကွယ်သွားပြီးနောက်၊ ချင်ယွင်၏စိတ်သည် သူ၏ ခန္ဓာကိုယ်ဆီ သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ယခုအချိန်တွင် ချင်ယွင်၏ စိတ်သည် ကနဦးစကြာဝဠာနှင့် ချိတ်ဆက်နေပြီ ဖြစ်သည်။ ဖရိုဖရဲ အစိမ်းရောင်ကြာပန်းမျိုးစေ့မှ တဆင့် သူ၏စိတ်ကို လှုပ်ရှားလိုက်သည်နှင့် သူသည် အစဦးစကြာဝဠာထဲသို့ အချိန်မရွေး နေရာမရွေး ဝင်ရောက်နိုင်သည်။
မိုးပြာဧကရာဇ်သည် ပြိုင်ဘက်ကင်း ပုံရိပ်နှင့် အမှန်တကယ် ထိုက်တန်သည်ဟု ဆိုရမည်ဖြစ်သည်။ သူက ချင်ယွင်အတွက် လမ်းခင်းပြီး ကူညီပြီးသား ဖြစ်သည်။ ဖရိုဖရဲ အစိမ်းရောင်ကြာပန်းမျိုးစေ့ကို အသုံးပြုခြင်းဖြင့် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက် များကို လုံးလုံးလျားလျား ဖုံးကွယ်ထားမည် ဖြစ်သည်။ ချင်ယွင်သည် ဤကမ္ဘာထဲမှာ အစဦးစကြဝဠာ၏ စကြဝဠာစွမ်းအားကို အသုံးမပြုသရွေ့ ကောင်းကင်ဘုံသည် အခြေခံအားဖြင့် ချင်ယွင်တွင် အခြားစကြာဝဠာတစ်ခု ပိုင်ဆိုင်ထားကြောင်း ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။
“အင်း… အကြီးမြတ်ဆုံး ဖရိုဖရဲ ရတနာတစ်ခုလို့ ခေါ်ဆိုရတဲ့ ဖရိုဖရဲ အစိမ်းရောင် ကြာပန်းမျိုးစေ့ရဲ့ အစစ်အမှန် လျှို့ဝှက်ချက်က စိတ်ဝိညာဉ်ကို အာဟာရ ဖြည့်သွင်း ပေးနိုင်ခြင်း မဟုတ်သလို နတ်ဘုရားသားရဲသွေးမျိုးဆက်ပါ နတ်ဆိုးသားရဲတွေကို ကျွန်တံဆိပ် ခတ်နှိပ်နိုင်ခြင်းလည်း ဟုတ်ပုံမရဘူး။ ဒီမျိုးစေ့က ကနဦးစကြာဝဠာကို ထိန်းချုပ်ဖို့ သော့တစ်ချောင်း ဖြစ်ပုံရတယ်။" ချင်ယွင်သည် သူ့စိတ်ထဲမှာ သက်ပြင်းချ လိုက်ပါသည်။
စကြဝဠာတစ်ခုကို ပိုင်ဆိုင်ပြီး သက်ရှိအားလုံး၏ အုပ်စိုးရှင်တစ်ဦးဖြစ်လာခြင်း၊ ထိုစွမ်းအားသည် မည်မျှအထိ ကြီးမြတ်လိုက်မည်နည်း?။
ဟုတ်ပါသည်။ ချင်ယွင် ယခုပိုင်ဆိုင်ထားသည့် ကနဦးစကြဝဠာသည် နို့စို့အရွယ်မှာသာ ရှိနေဆဲဖြစ်ပြီး၊ ဤကနဦးစကြာဝဠာ၏ ကောင်းကင်တာအို နိယာမတွေနှင့် အမိန့်တွေကလည်း ၎င်းတို့၏ နို့စို့အရွယ်မှာပင် ရှိနေပါသေးသည်။
ထိုကနဦးစကြာဝဠာထဲတွင် သက်ရှိသတ္တဝါအားလုံး၏ မွေးဖွားခြင်းကို အသာထား၊ သူသည် ယခုလက်ရှိ နေထိုင်သော ဂြိုဟ်ကဲ့သို့ သေမျိုးဂြိုလ်တစ်ခုအဖြစ် ဖွင့်လှစ်ရန်ပင် မဖြစ်နိုင်သေးပါဘူး။
ထို့ကြောင့် လက်ရှိစကြဝဠာသည် မွေးကင်းစအရွယ် ကလေးငယ်တစ်ဦးနှင့် တူပါသည်။ ချင်ယွင်၏ ကျင့်ကြံမူအဆင့် ကြီးထွားမူကို အမှန်တကယ် လိုအပ်ခြင်းရှိမရှိ မသိနိုင်သေးပါ။
"ဒီကိစ္စကို အခုလောလောဆယ် မေ့ထားလိုက်ရအောင်။ အမှန်တရာသို့ ပြန်လည်ခြင်း နယ်ပယ်ကို အရင် ချိုးဖြတ်ရမယ်။ ဒီရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ် အသစ်က အရမ်းအစွမ်းထက်ပုံရတယ်” ချင်ယွင်သည် သူ့ကိုယ်သူ ပြောလိုက်သည်။
လူတစ်ဦး၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်ကို အစစ်အမှန် အနှစ်သာရအဖြစ်သို့ ပြောင်းလဲရန်အတွက် သာမန် ကျင့်ကြံခြင်းပညာရပ်များကို လိုအပ်သော်လည်း ဤရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်သည် လူတစ်ဦး၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်ကို ဖရိုဖရဲအနှစ်သာရအဖြစ်သို့ ပြောင်းလဲရန် လိုအပ်ပါသည်။
ထိုအရာသည် စကားလုံးနှစ်လုံးသာ ဖြစ်သော်လည်း အဓိပ္ပါယ်က အတူတူပင် ဖြစ်ပါသည်။
ရှေးဟောင်းခေတ် ဖရိုဖရဲအနှစ်သာရလား…. ?
ချင်ယွင်သည် ဤစကားမျိုးကို တခါမှ မကြားဖူးပါဘူး။
သာမာန် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ရှိ စွမ်းအင်သည် အစစ်အမှန်အသွင်သို့ ပြန်မရောက်မီ ဝိညာဉ်စွမ်းအင်ပုံစံဖြင့် ရှိနေကြောင်းသာ သူသိထားပါသည်။ အစစ်အမှန်အသွင်အပြင်သို့ ပြန်လည်ရောက်ရှိပြီးနောက်၊ သူသည် ၎င်းကို ဖိသိပ်ရမည် ဖြစ်ပြီး ဝိညာဉ်စွမ်းအင်ကို အရည်အသွေးမြင့်မားသည့် အစစ်အမှန်အနှစ်သာရ အဖြစ်သို့ သိပ်သည်းပစ်ရသည်။
ကျင့်ကြံသူတစ်ဦးသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော် သွားသော အခါ၊ သူ၏ခန္ဓာကိုယ်ရှိ အစစ်အမှန် အနှစ်သာရသည် အင်မော်တယ် အနှစ်သာရ အဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မည်။
ဝိညာဉ်ချီ၊ အစစ်အမှန် အနှစ်သာရ အင်မော်တယ် အနှစ်သာရ၊ ဤသည်မှာ ဆင့်ကဲဖြစ်စဉ် တစ်ခု ဖြစ်ပါသည်။
သို့သော် ထိုဖရိုဖရဲ အနှစ်သာရ၏ အစစ်အမှန် အဓိပ္ပာယ်ကား အဘယ်နည်း?။
ချင်ယွင်သည် နားရွက်ကို ကုတ်လိုက်ပြီး စိတ်ဓာတ် ကျသွားသည်။
"မေ့လိုက်ပါလေ၊ ဒါနဲ့ပတ်သက်လို့ စိတ်ပူစရာမလိုပါဘူး။ မိုးပြာဧကရာဇ်က ကနဦးစကြာဝဠာကို ဖွင့်လှစ်နိုင်တယ်ဆိုကတည်းက ကျင့်ကြံခြင်းပညာရပ်က ဘာအမှားအယွင်းမှ ရှိမှာမဟုတ်ပါဘူး။ ကျင့်ကြံခြင်းနည်းစနစ်အတိုင်း လိုက်နာပြီး ကျင့်ကြံဖို့ပဲ လိုပါတယ်။" ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။
အတွေးတစ်ချက်ဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လင်ရှင်းရေကန်အထက် ကောင်းကင်မှ ပျောက်ကွယ်သွားလေသည်။
မှန်ပါသည်။ ချင်ယွင်သည် ကနဦးစကြာဝဠာထဲကို တစ်ဖန် ပြန်ဝင်လာခြင်း ဖြစ်ပါသည်။
ယခုအချိန်တွင် သူသည် ကနဦးစကြာဝဠာကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါသည်။ ထိုကနဦးစကြာဝဠာ၏ ကောင်းကင်တာအို၏ နိယာမများသည် မပြည့်စုံသေး သော်လည်း အချိန်၏နိယာမများအပါအဝင် အမိန့်ပေးနိုင်၏ အပိုင်းလည်း အနည်းငယ် ရှိနေပြီ ဖြစ်ပါသည်။
ဤကနဦးစကြာဝါထဲတွင် “အချိန်၏စီးဆင်းမှုနိယာမ”ဟုခေါ်သည့် အချိန်နိယာမ တရား၏ အကိုင်းအခက်တစ်ခု ရှိနေပါသည်။ ထို့ကြောင့် ဤနေရာ၌ အချိန်စီးဆင်းမှုကို ပြောင်းလဲနိုင်ပါသည်။
ချင်ယွင် ယခုလုပ်ဆောင်ရမည့်အရာမှာ ဤနေရာတွင် အချိန်စီးဆင်းမှုနှုန်းကို ပြောင်းလဲရန်ဖြစ်ပြီး၊ ဤနေရာတွင် အချိန်စီးဆင်းမှုနှုန်းသည် ပြင်ပကမ္ဘာရှိ အချိန်စီးဆင်းမှုနှုန်းနှင့် ကွဲပြားသွားစေရန် ဖြစ်ပါသည်။
ကနဦးစကြဝဠာ၏ လက်ရှိ ခံနိုင်ရည်ဖြင့်၊ ချင်ယွင်သည် ကနဦးစကြဝဠာနှင့် လက်ရှိ သူနေထိုင်ရာ မူလစကြာဝဠာအတွင်းရှိ အချိန်၏အမြန်နှုန်းကြားမှာ အဆ ၁,၀၀၀ ကွာဟချက်ကို ဖန်တီးနိုင်ခဲ့ပါသည်။ အကယ်၍ ကွာဟချက်သည် အလွန် ကြီးမားလွန်းသွားပါက၊ ကနဦးစကြဝဠာသည် ပြိုကျသွားနိုင်ပါသည်။ ထို့ကြောင့် အများဆုံးမှာ အဆ ၁၀၀၀ သာ ဖြစ်နိုင်ပါသည်။
တစ်နည်းဆိုရသော် ဤနေရာ၌ သုံးနှစ်ကျော်ကုန်ဆုံးသွားသည်နှင့် အပြင်ဘက် ကမ္ဘာတွင် တစ်ရက်သာ ကုန်ဆုံးပါလိမ့်မည်။ ဤနည်းဖြင့် ချင်ယွင်သည် ဤနေရာတွင် ကျင့်ကြံရန်အတွက် အချိန်အလုံအလောက် ရှိလာမည် ဖြစ်ပါသည်။
အရေးကြီးဆုံးအချက်မှာ ချင်ယွင်သည် ဤနေရာမှာ အမှန်တရားသို့ ပြန်လည်ခြင်း နယ်ပယ်သို့ ဖြတ်ကျော်သွားမည်ဆိုလျှင်ပင်၊ ပြင်ပကမ္ဘာ၏ ကောင်းကင်ဘုံတန်ခိုး စွမ်းအားသည် သူ၏ အငွေ့အသက်ကို ခံစားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့အပေါ်သို့ ကောင်းကင်ကပ်ဘေးဒုက္ခကြီးပေါ်သို့ ဆင်းသက်လာရန်မှာ မဖြစ်နိုင်တော့ ပေ။ သူသည် ဤကနဦးစကြာဝဠာမှ အပြင်ဘက်ကမ္ဘာသို့ မထွက်ခွာမှီအချိန်ထိ သူသည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်၊ သို့မဟုတ် အမှန်တရားသို့ ပြန်လည်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်အထိပင် ကျင့်ကြံနိုင်ပါ ပါသည်။
ထိုအချိန်ရောက်မှ ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားသည် ကောင်းကင်ကပ်ဘေးဒုက္ခ အဖြစ် သူ့အပေါ် ဆင်းသက်လာလျှင်ပင်၊ သူသည် ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် အခွင့်အလမ်းများစွာ ပိုများလာမည် ဖြစ်ပါသည်။
ဘန်း….။
ချင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူရောက်နေသော လေဟာနယ်ထဲ တွင် အချိန်စီးဆင်းမှု အလွန်နှေးကွေးလာသည်။
အချိန်တွေက နှေးကွေးလာ၏။ နှေးလွန်းသဖြင့် တစ်စက္ကန့်သည်ပင် အလွန် ရှည်ကြာလာသည်။ နေ့တစ်နေ့၏ဆယ့်နှစ်နာရီသည် သုံးနှစ်ပြည့်သည်အထိ တိုက်ရိုက် ဆွဲယူသွားခဲ့သည်။
ဤသည်မှာ ကောင်းကင်နှင့်မြေကြီး၏ ကံကောင်မူများကိုပင် သိမ်းပိုက်နိုင်သော ကြီးမြတ်သော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်လေသည်။ အင်မော်တယ်ကမ္ဘာရှိ အင်မော်တယ်ဧကရာဇ် အနည်းငယ်မျှသည်သာ ထိုကဲ့သို့သော ကောင်းကင်ဘုံကို အံတုနိုင်သော နတ်ဘုရားစွမ်းရည်မျိုးကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ကြသည်။ အမှန်တကယ်ဆို ဤအစဦးစကြာဝဠာကို ထိန်းချုပ်ထားခြင်းမရှိပါက၊ ချင်ယွင်သည် ထိုကဲ့သို့သော နတ်ဘုရားစွမ်းရည်မျိုးကို ကျွမ်းကျင်ရန် အချိန်အတော်ကြာခဲ့ပေ လိမ့်မည်။
ချင်ယွင်သည် အလွန်အမင်း စဉ်းစားမနေတော့ဘဲ ဤအသစ်စက်စက် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို ကျင့်ကြံရန်အတွက် ရှေးဟောင်း ဖရိုဖရဲ လေဟာနယ်ထဲမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။
ဤအသစ်စက်စက် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်သည် မူလက သူကျင့်ကြံထားသော ပညာရပ်ထက် ကျင့်ကြံရန် ပိုမိုခက်ခဲပါသည်။ တစ်နည်း ဆိုရသော် ချင်ယွင်၏ ကျင့်ကြံမူအမြန်နှုန်းသည် သိသိသာသာ လျော့ကျသွားမည် ဖြစ်ပါသည်။ ကံကောင်းထောက်မစွာပင်၊ ချင်ယွင်သည် အချိန်၏စီးဆင်းမှုနှုန်းကို ပြောင်းလဲရန်အတွက် ကောင်းကင်ဘုံကိုပင် အန်တုနိုင်သော နတ်ဘုရားစွမ်းရည်မျိုး ရှိနေပါသည်။
ချင်ယွင်သည် သူ၏မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ၏ ကျင့်ကြံခြင်းပညာရပ်ကို သူ၏စိတ်နှလုံးထဲ အကြွင်းမဲ့ ဖြန့်ကျက်လိုက်ပါသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ဒန်တန်သည် မြေကြီးတုန်ခါလောက်သည့် အပြောင်းအလဲ များကို စတင် ခံစားလာရသည်။ မူလက ကြီးမားကျယ်ပြန့်သော ဝိညာဉ်စွမ်းအင် ပင်လယ်ကြီးသည် တဖြည်းဖြည်း အငွေ့ပျံလာခဲ့ပြီး အစိမ်းရောင် လေစီးကြောင်းများ အဖြစ် ဖြစ်ပေါ်လာပါသည်။ အရောင်ဖျော့သော လေစီးကြောင်းများသည် လေထဲတွင် လွင့်မျောနေသော နူးညံ့သိမ်မွေ့သည့် အစိမ်းရောင်ကြာပန်း အမှုန်အမွှားအဖြစ်သို့ ပေါင်းစည်းသွားခဲ့ပါသည်။
"ဒါက ရှေးဟောင်း ဖရိုဖရဲအနှစ်သာရလား….?"
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်း မွေးဖွားလာသော အစိမ်းရောင် ကြာပန်း အမှုန်အမွှားများကို ကြည့်ပြီး အံ့သြသွားသည်။
အစိမ်းရောင်ကြာပန်းအမှုန်အမွှာတစ်ခုချင်းစီတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများ ပါဝင်နေသည်။ ကြာပန်းအမှုန်အမွှား တစ်ခုစီတွင် ပါဝင်နေသော စွမ်းအင်သည် အနှိုင်းမဲ့ ကြီးမားလွန်းလှသည်။
အစိမ်းရောင်ကြာပန်းအမှုန်အမွှာ၏ အရည်အသွေးသည် အလွန်မြင့်မားကြောင်း ချင်ယွင် ခံစားရနိုင်သည်။ ၎င်းသည် သာမာန် အစစ်အမှန် အနှစ်သာရထက် အဆပေါင်းများစွာ သာလွန်ပြီး အစစ်အမှန် အင်မော်တယ်များသာ ပိုင်ဆိုင်နိုင်သည့် အင်မော်တယ်အနှစ်သာရနှင့်ပင် နှိုင်းယှဉ်နိုင်ပါသည်။
"ကြည့်ရမှာ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်အသစ်က ယခင် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ထက် အမှန်တကယ် ပိုပြီး အစွမ်းထက်နေပုံရတယ်။" ချင်ယွင်၏ နှုတ်ခမ်းတစ်စုံသည် ပေါ်လွင်သော အပြုံးတစ်ခု အဖြစ် ကွေးသွားခဲ့ပါသည် ။
ချင်ယွင်၏နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး၊ သူသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို ဤယခင်နည်းလမ်းအတိုင်း ဖရိုဖရဲအနှစ်သာရအဖြစ်သို့ ကမန်းကတန်း ဆက်လက်ပြောင်းလဲနေသည်။
အချိန်တွေက တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားခဲ့ပါသည်။ ချင်ယွင်သည် သူ၏ ဖရိုဖရြ အနှစ်သာရအဖြစ် ပြောင်းလဲခြင်းလုပ်ငန်းစဉ်ကို ပြီးမြောက်ရန်အတွက် သုံးလ တင်းတင်းပြည့်သည်အထိ အချိန်ယူခဲ့ရပြီး သူသည်လည်း အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါသည်။
ဤလုပ်ငန်းစဉ်သည် ချင်ယွင်၏ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန် သွားခဲ့ပါသည်။ အကယ်၍ ချင်ယွင်သည် မူလကကျင့်ကြံထားသည့် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်နည်းလမ်းအတိုင်း ကျင့်ကြံခဲ့မည်ဆိုလျှင်၊ သူသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်သို့ ဝင်ရောက်ပြီး အစောပိုင်းအဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန်အတွက် သုံးရက်သာ အချိန်ယူရမည် ဖြစ်ပါသည်။ သို့သော် ယခု သူသည် မျှော်လင့်မထားဘဲ သုံးလလောက် အချိန်ယူခဲ့ရပါသည်။
"အပြင်မှာဆို တစ်နာရီလောက်ပဲ ရှိဦးမယ်။ ဟား…. ဟား….၊ ငါ့အမြန်နှုန်းက မနှေးသေးပါဘူး။ အဲဒီအစား၊ ပိုတောင် မြန်လာသေးတယ်။ ဘာပဲဖြစ်ဖြစ်၊ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ရောက်တဲ့အထိ စောင့်ပြီး ကျင့်ကြံလိုက်ဦးမယ်” ချင်ယွင်သည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
အချိန်စီးဆင်းမှုနှုန်းကို ပြောင်းလဲခြင်းသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်သည့် ကျင့်ကြံအရှိန်ကို မြှင့်တင်နိုင်သည့် စက်ဖြစ်နေပါသည်။
ထို့ကြောင့် ချင်ယွင်သည် သူ၏ ကျင့်ကြံမူလုပ်ငန်းစဉ်ထဲတွင် သူ့ကိုယ်သူ ဆက်လက် နှစ်မြှုပ်နေခဲ့ပြီး သူ၏ ကျင့်ကြံမူအဆင့်သည်လည်း တဖြည်းဖြည်း တိုးလာခဲ့ပါသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်ခြောက်လသည် ကြာညောင်းသွားခဲ့ပြီးနောက် ချင်ယွင်၏ ကျင့်ကြံမူအဆင့်သည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အလယ် အလတ် အဆင့်သို့ နောက်တစ်ဖန် ချောမွေ့စွာ ဖြတ်သန်းသွားခဲ့ပြန်ပါသည်။
ချင်ယွင်၏ ကျင့်ကြံမူအဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ ရုပ်ခန္ဓာကိုယ် သည်လည်း ပို၍ပင် ကြံ့ခိုင်လာခဲ့ပါသည်။ သူသည် ဒုတိယအဆင့်ဖြစ်သော ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်၏ နှောင်းပိုင်အဆင့်သို့ ဖြတ်ကျော်ရန်ပင် အရှိန်အဟုန် မထင်မရှား ရှိလာလေသည်။
ချင်ယွင်၏ ကျင့်ကြံမူအဆင့် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်သည့်အခါ၊ သူ၏ 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်သည် ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်၏ နှောင်းပိုင်း အဆင့်ကို တစ်ဖန် ဖြတ်ကျော်သွားနိုင်မည်ဟု ခန့်မှန်းရသည်။
ဤတစ်ကြိမ် တံခါးပိတ်ကျင့်ကြံမူသည် ချင်ယွင်၏စွမ်းအားအား အရည်အသွေးတစ်ခု အနေဖြင့် ခုန်တက်သွားတော့မည် ဖြစ်ပါသည်။
သို့သော် ချင်ယွင်သည် သူ၏ ကျင့်ကြံမူလုပ်ငန်းစဉ်ထဲမှာ အရူးအမူး နှစ်မြှုပ်နေစဉ်မှာ ဟောင်ကလန်တည်ရှိရာ တုန်းဝူမြို့သို့ အပြင်ဘက်မှ ဖိတ်ခေါ်ထားခြင်းမရှိသော ဧည့်သည်အနည်းငယ် ရောက်ရှိလာခဲ့ပါသည်။
အခန်း (၅၅၇) အနက်ရောင်တိမ်တိုက်ကြီးက မြို့တော်ကို ဖိနှိပ်ထားခြင်း။
တုန်းဝူမြို့ အပြင်ဘက်မှာတော့, လမ်းသွားလမ်းလာတွေက ကြောက်လန့်နေသည့် ငှက်တွေလို ပျံသန်းထွက်သွားကြသည်။ သူတို့သည် ရုတ်တရက် ရောက်ရှိလာသော ထိုလူများကို ကြည့်နေချိန်စဉ်မှာ သူတို့၏မျက်လုံးများသည် ကြောက်ရွံ့မူ ရိုသေ လေးစားမှုများနှင့် ပြည့်နှက်နေပါသည်။
ဤကာလအတောတွင်းမှာ သူတို့သည် ပုံပြင်တွေ အများကြီး ကြားထားဖူးပါသည်။
ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးသည် ဂိုဏ်း၏ကျွမ်းကျင်သူများကို ခေါ်ဆောင်ကာ ချန်ကလန်သို့ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမေးမြန်းရန် သွားခဲ့သည်။ ချန်ကလန်သည် ချင်ယွင်၏ အနှောက်အယှက်ပေးမူကိစ္စ ပြီးဆုံးပြီးနောက်တွင် နောက်ထပ် ကြီးစွာ သော ကပ်ဘေးဒုက္ခကြီးကို ခံစားခဲ့ရပြီး ၎င်းတို့၏ မောက်မာတက်ကြွမူများသည်လည်း လုံးဝ ပျက်စီးသွားခဲ့ရသည်။
နောက်ဆုံးတွင်၊ ချန်ကလန်၏ ကလန်ခေါင်းဆောင်သည် သူ၏လက်ကို ကိုယ်တိုင် ဖြတ်ခဲ့ပြီး ချန်ကလန်တစ်ခုလုံးကို ပျက်စီးခြင်းဘေးမှ ကာကွယ်နိုင်ခဲ့သည်။
သို့သော် ချန်ကလန်သည် ပြိုကျနေပြီ ဖြစ်ပါသည်။ အရင်တုန်းက ချန်ကလန်မျိုး မဟုတ်နိုင်တော့ဘူး။ သူတို့ပိုင်ဆိုင်ဖူးသော ကြီးကျယ်ခမ်းနားသည့် မျိုးနွယ်စုကြီး လေးခု၏ နေရာသည် လုံးဝ ဆုံးရှုံးသွားဖွယ် ရှိပါသည်။
ချန်ကလန်၏ မွေးစားသား ချန်ထန်းလောင်သည် ချန်ကလန်၏ အရှိန်အဟုန် ပျက်ဆီးသွားပြီးသည်ကို မြင်ပြီးနောက် သူသည် နောက်ဆုံးတွင် ချန်ကလန်မှ ထွက်လိုက်ပါသည်။ ထို့နောက် သူသည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးထံ ဝင်ရောက်ခစားခဲ့ပြီး ရှောင်ယန်ဂိုဏ်း, ဂိုဏ်းသခင်လေး၏ လက်ပါးစေတစ်ဦး ဖြစ်လာခဲ့ပါသည်။
ဤဖြစ်ရပ်များက ကမ္ဘာကြီးကို သက်ပြင်းမောကြီး ချစေခဲ့ပါသည်။ ချန်ကလန်သည် အမှန်တကယ် ဆုံးခန်းတိုင်သွားပြီ ဖြစ်ပါသည်။
ယခု ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးသည် ဟောင်ကလန်အခြေစိုက်ရာ တုန်းဝူ မြို့သို့ ရောက်လာပြန်၏။ ဖြစ်နိုင်တာက သူသည် ဟောင်ကလန်ကိုရော ပြဿနာ ရှာဦးမည်လား?။
တုန်းဝူမြို့မှ ကျင်ကြံသူများ အားလုံးသည် ကြောက်ရွံ့နေကြပြီး တုန်းဝူမြို့တွင် ကြီးကြီးမားမား ဖြစ်ပျက်ကြီး ဖြစ်ပေါ်လာတော့မည်ဟု ခံစားမိကြသည်။
ချီရှောက်ယန်း နှင့် လင်းဖန်တို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခေါင်းငုံ့ထားပြီး သူတို့၏ စိတ်နှလုံးထဲမှာတော့ မကျေမနပ် ဖြစ်နေကြပါသည်။
သူတို့နှစ်ယောက်သည် ဒူးထောက်မထိုင်ခင်မှာ လူလေးယောက်သည် မတ်တပ် ရပ်လျက် ရှိနေခဲ့သည်။ သူတို့အားလုံးသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။
ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးသည် ရှေ့ဆုံးမှာ ရပ်နေပြီး၊ သူ၏ နောက်တွင် လူသုံးယောက်က လိုက်ပါလာပါသည်။
သူတို့အထဲတွင် ချန်ထန်းလောင်က ဘယ်ဘက်အစွန်ဆုံးမှာ ရပ်နေပါသည်။ သူ၏ ကျင့်ကြံမူ အဆင့်သည် အနိမ့်ဆုံးဖြစ်ပြီး အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိပါသေးသည်။
ညာဘက်အစွန်မှာ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေပါသည်။ သူက အရပ်ရှည်ပြီး ကြံခိုင်သန်မာ၏။ ထိုနေရာ၌ သူသည် တောင်ငယ်လေးတစ်ခုကဲ့သို့ ရပ်နေပါသည်။ သူ၏ ကျင့်ကြံမူအဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေခဲ့ပါပြီ။ သူသည် ကြီးကျယ်ခမ်းနားသော မျိုးနွယ်စုကြီးလေးခုတွင် သူသည်လည်း မျိုးနွယ်စုခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။
သို့သော် ကြောက်စရာအကောင်းဆုံးလူမှာ အလယ်တွင်ရပ်နေသော အရပ်ပုပု အဘိုးကြီး ဖြစ်ပါသည်။ သူသည် ကလေးဆန်သော အမူအရာရှိနေသော်လည်း မြင့်မားသော တောင်တန်းကြီးတစ်ခုသည် သူ၏ရှေ့တွင် ရုတ်တရက် ရပ်နေသည် ဟူသော ခံစားမူကို ထုတ်လွှတ်နေလေသည်။
"အဲ့ဒီလူက ရှောင်ယန်ဂိုဏ်းရဲ့ တော်ဝင် အကြီးအကဲကြီးဖြစ်တဲ့ ကျန်းယွန် မဟုတ်ဘူးလား။ သူက ဘာလို့ ဒီကို ရောက်နေတာလဲ" ရုတ်တရက်ဆိုသလိုပင် လူအုပ်ကြီးဆီမှ သတိထားမိသည့် အော်ဟစ်သံများ ထွက်ပေါ်လာပြီး တလက်လက် တောက်ပနေသော ဆံပင်များနှင့် ကလေးမျက်နှာပိုင်ရှင် အဘိုးအို၏ အမည်ကို ထုတ်ပြောလိုက်ကြပါသည်။
"မှန်တယ်။ သူက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်ပြီးကတည်းက ပေါ်မလာတော့ဘူး၊ သူ ဒီနေ့ တကယ်ကြီး ရောက်လာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ ဖြစ်နိုင်တာက သူက ဟောင်ကလန်ကို ဖျက်ဆီးဖို့ ကြံရွယ်နေတာများလား” ခြိမ်းချောက်သံ အပြည့်ပါသည့် အော်ဟစ်အသံတစ်ခုက ထွက်ပေါ်လာသည်။
ရှောင်ယန်ဂိုဏ်းမှ တော်ဝင်အကြီးအကဲကြီး ကျန်းယွန်သည် အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားကို ပိုင်ဆိုင်ထားသည်။ သူသည် ရှောင်ယန်ဂိုဏ်းတွင် ဒုတိယ အစွမ်းထက်ဆုံး ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်တစ်ဦးသည်သာ သူ့ထက် သာလွန်သည်မှာ ထင်ရှားပါသည်။
သူ၏ ရောက်ရှိလာမှုက ရှိနေကြသည့်လူအားလုံးကို အံ့သြသွားစေသည်မှာ သေချာပါသည်။
"ချီရှောက်ယန်း ၊ ချင်ယွင်က ဟောင်ကလန်မှာ တကယ်ရှိနေတယ်ဆိုတဲ့ သတင်းကို မင်း ပေးပို့ခဲ့တာမဟုတ်လား။" ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးက မြေပြင်ပေါ်တွင် ဒူးထောက်နေသော ချီရှောက်ယန်းကို ကြည့်ကာ ပြောလိုက်သည်။
"မှန်ပါတယ်၊ ဂိုဏ်းသခင်လေး၊ ချင်ယွင်ရဲ့တည်နေရာကို ခြေရာခံဖို့ ဂိုဏ်းသခင်လေးက ကျွန်တော့်ကို အမိန့်ပေးခဲ့တာ မဟုတ်လား၊ အင်မော်တယ်သင်္ဘောကြီး နောက်ဆုံး ထွက်ပေါ်လာတဲ့ နေရာကို သိရဖို့ ကျွန်တော်တို့ ချီကလန်ရဲ့ လျှို့ဝှက်နည်းပညာရပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီနေရာက အရှေ့မြောက်ဒေသမှာပါဘဲ။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ၊ အင်မော်တယ်သင်္ဘောကြီး အငွေ့အသက်တွေက ပျောက်ကွယ် သွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က တစ်လမ်းလုံးရှာဖွေပြီးနောက်၊ ချင်ယွင်က ဟောင်ကလန်ရဲ့အိမ်ထဲမှဦ ပုန်းနေတယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်တော် ရှာတွေ့ခဲ့ ပါတယ်။ချီရှောက်ယန်းက ကမန်းကတန်း ပြောလိုက်ပါသည်။
"ကောင်းပြီလေ၊ မင်းက ဒီကိစ္စအတွက် ကောင်းကောင်း လုပ်ခဲ့ပြီးပြီ၊ ဒီတော့ မင်းရဲ့ခွေးအသက်ကို ငါ ချမ်းသာပေးလိုက်မယ်။" ယွန်ဟောင်ယန်က မထီမဲ့မြင် ပြုဟန်ဖြင့် ပြုံးလိုက်ပါသည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းသခင်လေး…၊ ကျေးဇူးတင်ပါတယ် ဂိုဏ်းသခင်လေး..။” ချီရှောက်ယန်းသည် ကောင်းကင်ယံမှ ဟိန်းဟောက်အသံကို ကြားလိုက်ပုံရပြီး ကျေးဇူးတင်ကြောင်း အလျင်အမြန် လှမ်းပြောလိုက်ရသည်။
ယွန်ဟောင်ယန်သည် ချီရှောက်ယန်းကို ဂရုမစိုက်တော့ပါ။ ယင်းအစား သူက ပြန်လှည့် လိုက်ပြီး သူ၏နောက်မှ အရပ်ပုပု အဘိုးအိုကို ကြည့်ပြီး ပြောလိုက်ပါသည် “ အကြီးကဲကြီး ကျန်း...။ အဲဒီနေ့ ချန်ကလန်မှာ ပေါ်လာတဲ့ ဟောင်ခွန်ဟာ ကောင်းကင်ဘုံဂိုဏ်းကို လွန်ခဲ့တဲ့ အနှစ်ငါးရာလောက်က ကြီးကြီးမားမား အနှောက်အယှက်ပေးခဲ့တဲ့ ဓားအင်မော်တယ်တစ်ယောက်ဖြစ်တယ်။ အကြီးအကဲကြီး ကျန်းက သူ့ကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်မူရှိလား။"
"ဟမ့်၊ သူက လွန်ခဲ့တဲ့အနှစ်ငါးရာက ဓားအင်မော်တယ်တစ်ဦးဆိုရင်ရော ဘာလုပ်ရမှာ လဲ၊ သူက အနှစ်ငါးရာတောင် ပေါ်မလာသေးတဲ့အတွက် ကပ်ဘေးဘေးဆိုးကြီးကို ဖြတ်သန်းခဲ့ရမှာ သေချာပါတယ်။ တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ကန်မယ်ဆိုရင် သူ့ရဲ့ စွမ်းအားက ယုတ်လျော့သွားမှာ သေချာပါတယ်။ ဒီလိုမှမဟုတ်ရင် သူက ကလဲ့စားချေဖို့အတွက် ကောင်းကင်ဘုံဂိုဏ်းကို သွားတာကြာလှရောပေါ့။"
ယွန်ဟောင်ယန်က ခေါင်းညိတ်လိုက်ပြီး အကြီးအကဲကြီးကျန်း၏ စကားတွေက အရမ်းကျိုးကြောင်းဆီလျော်သည်ဟု သူ ခံစားရလိုက်သည်။
"ဟမ်၊ မင်းက အနှစ်ငါးရာကြာတာတောင် အင်မော်တယ်ကမ္ဘာကို မတက်လှမ်းနိုင်သေး ဘူး၊ ဒါတောင် ကိုယ့်ကိုကိုယ် ဓားအင်မော်တယ်လို့ ခေါ်ဝံ့သေးတာလား။ ဒါက တကယ်ကို ရယ်စရာပဲ။" ယွန်ဟောင်ယန်က လှောင်ပြောင်ပြီး သူ၏နှလုံးသားထဲတွင် အထင်အမြင်သေးမှုတွေနှင့် ပြည့်နှက်နေပါသည်။
"ဂိုဏ်းသခင်လေး….။ ချင်ယွင်တစ်ယောက်ထဲ ဟောင်ကလန်မှာ ရှိနေတာ မဟုတ်ဘူး။ ဂိုဏ်းသခင်လေးနဲ့ စေ့စပ်ထားသူ ချန်မင်ရှီနဲ့ ရန်စီချီတို့လည်း ဟောင်ကလန်မှာ ရှိနေပါတယ်။" လင်းဖန်က ပြောသည်။
"ချန်မင်ရှီနဲ့ ရန်စီချီလား…!" ယွန်ဟောင်ယန်သည် ထိုအမည်နှစ်ခုကို တိတ်ဆိတ်စွာ ရေရွတ်လိုက်ပြီး သူ၏မျက်လုံးများမှ အနှိုင်းမဲ့ အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
"ဟမ့်…၊ မင်းတို့က အဲဒီချင်ယွင်ကို ကြိုက်နေကြတာ မဟုတ်ဘူးလား? ဒီနေ့၊ မင်းတို့ရဲ့ ရှေ့မှာ ချင်ယွင်ကို လုံးလုံးလျားလျား ငါ့ခြေထောက်အောက်မှာ နင်းချေပြီး ငါ့ ယွန်ဟောင်ယန်ရဲ့ ပစ္စည်းတွေကို ငါ့လက်ကနေ လုယူမသွားနိုင်ဘူးဆိုတာ မင်းတို့ကို အသိပေးလိုက်တယ်။ ." ယွန်ဟောင်ယန်၏ မျက်လုံးများတွင် အေးစက်မှုက ပိုပို၍ မှုန်မှိုင်းလာသည်။
ဘယ်ဘက်အစွန်ဆုံးမှာ ရပ်နေသော ချန်ထန်းလောင်သည် သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တွေ ပြင်းပြနေလေသည်။ ယခင်က ချင်ယွင်သည် ချန်ကလန်တွင် သူ့ကို အရှက်ရစေခဲ့သည်။ သူသည် ဤအသက်ရှုခြင်းကို မည်သို့ မျိုချနိုင်မည်နည်း။
"ဟမ့်၊ ချင်ယွင်၊ ဒီတစ်ခါ ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်" ချန်ထန်းလောင်က သူ့ကိုယ်သူ အေးစက်စွာ ရေရွတ်လိုက်သည်။
ဟုတ်ပါသည်၊ အေးစက်စက် ရေရွတ်သူတွေထဲမှာ ချီရှောက်ယန်းလည်း ပါပါသည်။ ချင်ယွင်အပေါ် သူ၏မုန်းတီးမှုသည် အခြားသူများအောက် မနိမ့်ကျပါချေ။ ထိုအချိန်တုန်းက ချင်ယွင်သည် သူ၏ဒန်တန်ကို သုံးစားမရဖြစ်အောင် ပြုလုပ်ခဲ့ကာ ယောက်ျားတစ်ယောက်မှာရှိရမည့် အရည်အချင်းများကိုလည်း ချို့တဲ့စေခဲ့ပါသည်။ သူသည် သုံးလလုံးလုံး အိပ်ယာပေါ်မှာ လဲလျောင်းနေခဲ့ရပါသည်။ သူသည် အမျိုးသမီး တစ်ဦးတစ်လေနှင့်မျှ နှစ်ပါးမသွားခဲ့ရသည်မှာ သုံးလရှိပြီ ဖြစ်ပါသည်။ ထိုကဲ့သို့ ခံစားချက်မျိုးက သူ့ကို သတ်လိုက်သည်ထက်ပင် ပိုဆိုးပါသေးသည်။
နောက်ပိုင်းတွင်၊ ချင်ယွင်သည် သူ၏အင်မော်တယ်သင်္ဘောကြီးကို လုယက်ခဲ့ပြီး သူ၏ အမည်ဖြင့် အပြင်ဘက်တွင် ပြဿနာမျိုးစုံရှာခဲ့ကာ သူသည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးလက်၌ သေဆုံးလုနီးပါးပင် ဖြစ်ခဲ့သည်။ ရန်ငြိုးအသစ်နှင့် ရန်ငြိုး အဟောင်း ပေါင်းထည့်လိုက်ပြီးနောက် ချီရှောက်ယန်းသည် ချင်ယွင်၏ အရေပြားကို ခြစ်ထုတ်ပြီး ချင်ယွင်၏ အရွတ်များကို ဆွဲထုတ်နိုင်ရန်ပင် ဆန္ဒရှိနေခဲ့ပါ သည်။
ယခု ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးသည် ကိုယ်တိုင်လှုပ်ရှားလာခဲ့ပြီး ရှောင်ယန်ဂိုဏ်း၏ ဒုတိယ အစွမ်းထက်ဆုံး ကျွမ်းကျင်သူတစ်ဦးလည်း ရှိနေသဖြင့် ယနေ့တွင် ချင်ယွင်သည် ကျိန်းသေသေဆုံးမည်ဟု သူ ယုံကြည်ထားသည်။
"ချင်ယွင်၊ ချင်ယွင်၊ မင်း ဘယ်သူကို ပြစ်မှားလိုက်တာလဲ။ မင်းက ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးကို စော်ကားခဲ့ပြီး ဂိုဏ်းသခင်လေးနဲ့ စေ့စပ်ထားသူ အမျိုးသမီးကို တောင် လုယက်သွားခဲ့တာ။ ဒီနေ့ မင်းရဲ့ သေခြင်းတရားက ဘယ်လောက်တောင် သနားစရာကောင်းလိုက်မလဲဆိုတာ ငါကြည့်ချင်မိတယ်" ချီရှောက်ယန်းက ဟက်ဟက် ပက်ပက် ရယ်မောမိသည်။
သူသည် ချင်ယွင်ကို ကိုယ်တိုင်ကိုယ်ကျ မသတ်နိုင်သော်လည်း ချင်ယွင် အသတ်ခံရသည်ကို ကြည့်ရလျှင်ပင် ဤသည်မှာ သူ့အတွက် ဖော်ပြ၍မရအောင် ကြီးကျယ်သည့် ကိစ္စကြီးတစ်ခု ဖြစ်နေပါပြီ။
"ဟောင်ကလန်ကို သွားရအောင်!" ယွန်ဟောင်ယန်က အမိန့်ပေးလိုက်ပြီး သူ၏အသံက မိုးခြိမ်းလိုက်သည့်အလားပင်။ ထိုစကားကို ပြောပြီးနောက် သူသည် ရှေ့မှ ဦးဆောင်ပြီး မြို့ဆီကို ချီတက်သွားလေ၏။
ချန်ထန်းလောင် နှင့် အခြားသူများသည် နောက်မှလိုက်သွားကာ ဟောင်ကလန် တည်ရှိရာအရပ်ဆီသို့ ဦးတည်သွားရင်း သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ထုတ်လွှတ်ထားကြသည်။
ချီရှောက်ယန်း နှင့် လင်းဖန်တို့လည်း သူတို့နောက်မှ သဘာဝအတိုင်း လိုက်ပါကြသည်။ ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေး၏ ခြေရင်း၌ ချင်ယွင်သည် မည်ကဲ့သို့ ကြေကွဲဖွယ် သေဆုံးသွားသည်ကို သူတို့ မြင်ချင်နေကြပါသည်။
၎င်းတို့အဖွဲ့သည် လူအနည်းငယ်မျှသာ ရှိသော်လည်း၊ ၎င်းတို့သည် လူတိုင်းကို ပြင်းထန်သော ဖိအားများပေးနေခဲ့သည်။
တုန်းဝူမြို့မှ နေထိုင်သူများသည် ဟောင်ကလန်၏ စံအိမ်ကြီးဆီသို့ ဖြည်းညင်းစွာ ရွေ့လျားနေသော ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်တိမ်တိုက်ကြီးများကို တွေ့မြင်နေရပုံပေါ်သည်။
အနက်ရောင် တိမ်တိုက်များက မြို့ကြီးကို ဖြိုခွင်းတော့မည်ဟု သူတို့ရှေ့မှ မြင်ကွင်းက ပြောပြနေသလိုပင်။
ထိုအချိန်တွင်၊ စူးရှသော မျက်လုံးအမြင်ရှိသူတို့သည် ကောင်းကင်ယံရှိ တိမ်တိုက်များ အတွင်း၌ ကြီးမားသော အဖြူရောင် ရေနဂါးကြီးတစ်ကောင်သည် ဟောင်ကလန်၏ ဦးတည်ရာအရပ်သို့ ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးနောက်မှ လိုက်ပါနေကြောင်း ကိုလည်း တွေ့ရှိနိုင်မည် ဖြစ်ပါသည်။
ထိုရေနဂါးကြီးသည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းအစောင့်အရှောက် တောင်တန်းသားရဲ ကြီးဖြစ်သော ခမ်းနားထည်ဝါသည့် အဖြူရောင်ကျောက်စိမ်းရေနဂါးကြီး ဖြစ်ပါသည်။
အခန်း (၅၅၈) ဒါပါပဲ။
"ဘုန်း…..!"
မိုးခြိမ်းသံလို ကျယ်လောင်သော ပေါက်ကွဲသံက ဟောင်ကလန်၏ စံအိမ်ကြီးတစ်ခုလုံး အနှံ့ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ဟောင်ကလန်အတွင်းရှိ လူတိုင်းကို ထိတ်လန့် တုန်လှုပ်သွားစေပါသည်။
ဤကျယ်လောင်သော ပေါက်ကွဲသံသည် တုန်းဝူမြို့ရှိ ကျင့်ကြံသူများ၏ ထင်မြင် ယူဆချက်များကို ဖြည့်ဆည်းပေးသကဲ့သို့ ဖြစ်သွားခဲ့ပါသည်။
"ဟောင်ကလန်က တကယ်ကို အဆုံးသတ်သွားခဲ့ပြီ” ထိုကျယ်လောင်သော ပေါက်ကွဲ သံကြောင့် သူတို့၏ နှလုံးသားထဲတွင် သက်ပြင်းကိုယ်စီ ချလိုက်ကြပါသည်။
ဤအခိုက်အတန့်တွင်၊ ဟောင်ကလန်၏ အကြီးဆုံး သိုင်းလေ့ကျင့်ရေး ကွင်းပြင်ကြီး ထဲတွင်, ဟောင်ကလန်ရှိ ကျင့်ကြံသူအားလုံးသည် သိုင်းကွင်းပြင်ကြီးထဲတွင် ရပ်နေကြ၏။ လူတစ်ထောင်ထက်မနည်း ရှိနေခဲ့ပြီး ၎င်းတို့ကို ဦးဆောင်သူများမှာ အနည်းငယ် ရင်းနှီးသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ဟောင်ခွန်၊ ဟောင်ဝမ်ရှင်း၊ ဟောင်လင်းယွင်၊ ချန်မင်ရှီ၊ ရန်စီချီ နှင့် ဟောင်ကျင်းလေး တို့သည် ၎င်းတို့ကြားတွင် ရပ်နေကြသည်။
ဟောင်ခွန်က သူ၏လက်နှစ်ဖက်ကို နောက်မှာပစ်ထားရင်း ရှေ့ဆုံးတန်းမှာ ရပ်နေ၏။ သူသည် မျက်လုံးများကို မှိတ်ထားသလိုမျိုး သူ၏မျက်လုံးများကို တင်းတင်းစေ့သည် အထိ မှေးကျဉ်းထားသည်။ သူ၏မျက်နှာမှာ မည်သည့်ခံစားချက် အရိပ်အယောင်မျှ မရှိပေ။
ဟောင်ခွန်သည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေး တုန်းဝူမြို့အပြင်ဘက်တွင် ပေါ်လာသည့်အခိုက်မှာပင် သူသည် ၎င်းတို့ရောက်ရှိလာသည်ကို သတိထားမိပြီး ဖြစ်သည်။
ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေး လာရောက်ခြင်း၏ ရည်ရွယ်ချက်ကို သူသည် သဘာဝကျကျ သိပေသည်။ ထို့ကြောင့် ဟောင်ခွန်သည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင် လေး ရောက်လာခြင်းအတွက် ရိုသေစွာ စောင့်ဆိုင်းရန် ဤနေရာ၌ စုဝေးကြဖို့အတွက် ဟောင်ခွန်က အမိန့်ပေးထားခဲ့သည်။
ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွင်တို့၏ မျက်နှာတွေက ယခုအခိုက်အတန့်တွင် အလွန်မှုန်မှိုင်းနေလေသည်။ ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေး အလည်ပတ်လာခြင်း ၏ ရည်ရွယ်ချက်ကို သူတို့လည်း သိထားကြပါသည်။ ယနေ့မှစ၍ ဟောင်ကလန်သည် တည်ရှိချင်မှ တည်ရှိတော့မည်ဆိုသည်ကိုလည်း သူတို့ သိပါသည်။
လက်ရှိ အကျပ်အတည်းကို ဖြေရှင်းရန် နည်းလမ်းတစ်ခုသာ ရှိတော့ပြီး၊ ထိုနည်းလမ်း မှာလည်း တရားခံများဖြစ်သည့် ချင်ယွင်နှင့် အမျိုးသမီးနှစ်ဦးကို လွှဲပြောင်းပေးရန် ဖြစ်ပါသည်။
သို့သော် ဟောင်ဝမ်ရှင်းသည် ဟောင်ခွန်ကို ထိုကဲ့သို့ အကြံပြုချက်မျိုး ထုတ်မပြော ဝံ့ပေ။ ထိုစကားကြားလျှင် သူ၏ ဘိုးဘေးသည် သူ့ကို ပါးပိတ်ရိုက်ပစ်မှာ သူ ကြောက်ပါသည်။ အထူးသဖြင့် သူသည် ဘိုးဘေးကြီး၏ စူးရှပြတ်သားသည့် အကြည့်တွေကို မြင်လိုက်ရသောအခါ၊ သူ၏ဘိုးဘေးသည် ချင်ယွင်ကို မသေမချင်း ကာကွယ်ရန် ရည်ရွယ်ထားကြောင်း သူသိပါသည်။
ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွင်တို့သည် တခဏတာအတွင်း ကူကယ်ရာမဲ့စွာ ခံစားခဲ့ရသော်လည်း ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွင်တို့ ဒေါသဖြစ်ရသည့် အချက်မှာ တရားခံဖြစ်သော ချင်ယွင်က ပျောက်ကွယ်သွားခြင်းပင် ဖြစ်ပါသည်။
ယင်းက ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွင်တို့ကို ဤချင်ယွင်က ကြောက်ပြီး တစ်ယောက်တည်း အဝေးကို ထွက်ပြေးသွားသည်လားဟုပင် သိချင်စိတ် ဖြစ်ပေါ် စေမိသည်။
အလားတူ သံသယမျိုးသည် ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွင်တို၏ နှလုံးသားထဲ တွင်သာမက ဟောင်ကလန်တပည့်များအားလုံး၏ နှလုံးသားထဲမှာလည်း ပေါ်ပေါက် လာခဲ့ပါသည်။ ချင်ယွင်သည် အမှန်တကယ်ပင် တစ်ခုတစ်ခု မဟုတ်တော့ဟု ထင်မြင်လာပြီး အားလုံးက စိတ်ထဲမှာ ကျိန်ဆဲနေကြပါသည်။ ဟောင်ကလန်က သူ့ကို ကာကွယ်ပေးခဲ့သော်လည်း သူသည် ဟောင်ကလန်ကို ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ပြေးခဲ့ပါသည်။ သူသည် အမှန်တကယ်ပင် အရှက်ကင်းမဲ့သူ ဖြစ်ပါသည်။
အမျိုးသမီးနှစ်ယောက်၏ မျက်နှာများသည် တည်တည်ငြိမ်ငြိမ် ဖြစ်နေသည့်အပြင် သူမတို့၏ မျက်လုံးများသည် ဆုံးဖြတ်ချက်ပြတ်သားမူ အပြည့်ရှိနေပါသည်။
သူမတို့သည် ယခုလိုနေ့ရက်မျိုးကို ဟိုးအရင်ကတည်းက တွေးခဲ့ထားခဲ့ကြသော်လည်း ယခုလို မြန်မြန်ဆန်ဆန်ကြီး ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပါဘူး။
သူမတို့သည် စဉ်းစားထားပြီးသား ဖြစ်ပါသည်။ အကယ်၍ ချင်ယွင်သည် ဤဘေးဆိုး ကြီးမှ လွတ်မြောက်နိုင်ခဲ့မည် ဆိုလျှင် ကောင်းပေလိမ့်မည်။ အကယ်၍ သူ မလွတ်မြောက်နိုင်ဘူးဆိုလျှင် သူတို့အားလုံး ငရဲပြည်ကို အတူတူသွားကြမည် ဖြစ်ပါသည်။
"နတ်သမီးတို့၊ ကျွန်တော့်ဆရာက ဘယ်ကိုရောက်သွားတာလဲ၊ ကျွန်တော့်ဆရာက ကြောက်လို့ တစ်ယောက်တည်း ထွက်ပြေးသွားပြီလို့ လူတိုင်းက ဘာလို့ ပြောနေ တာလဲ။" ဟောင်ကျင်းလေးက ရန်စီချီ၏ စကတ်ကိုဆွဲကာ သူ၏ကြီးမားပြီး ဝိုင်းစက်နေသော မျက်လုံးရွဲကြီးများဖြင့် မေးလိုက်လေသည်။
"ဒါဆို မင်းဆရာက ကြောက်လို့ တစ်ယောက်တည်း ထွက်ပြေးသွားတယ်လို့ မင်းယုံလား" ရန်စီချီ ပြုံးပြီး ပြန်လှည့်ကြည့်ကာ မေးလိုက်ပါသည်။
"သေချာပေါက် မယုံဘူးပေါ့။ ကျွန်တော့်ဆရာက သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ကျွန်တော် အလေးစားရဆုံး ပုဂ္ဂိုလ်တစ်ယောက်ပဲလေ။ သူက ဘယ်လိုလုပ် ထွက်ပြေး သွားပါ့မလဲ။ သူတို့က ဆရာကို မှားယွင်းပြောဆိုနေကြတာ ဖြစ်ပါလိမ့်မယ်။" ဟောင်ကျင်းလေးက ကမန်းကတန်း ပြောလိုက်သည်။
ရန်စီချီက ပြုံးပြီး ဟောင်ကျင်းလေး၏ ခေါင်းကို ကိုင်လိုက်ရင်း ချင်ယွင်၏ ဤတပည့်လေးကို လက်ခံလိုက်ခြင်းက အချည်းနှီး မဟုတ်ဟု သူမ တွေးလိုက်ပါသည်။
"စိတ်မပူပါနဲ့၊ မင်းရဲ့ဆရာက တံခါးပိတ်ကျင့်ကြံခြင်းရဲ့ အရေးကြီးတဲ့ လမ်းကြောင်းကို ရောက်နေလို့ ဖြစ်မှာပါ။ သူက သေချာပေါက် ပြန်လာမှာပါ" ရန်စီချီက နှစ်သိမ့် လိုက်ပါသည်။
"ဟမ်၊ ငါ့ဆရာ ပြန်ရောက်လာရင် သူတို့ကို အပိုင်းပိုင်းဖြတ်ပစ်မှာ သေချာတယ်" ဟောင်ကျင်းလေးက ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်သည်။ ထိုစကားကို ပြောပြီး နောက် မြစ်များနှင့် တောင်များကို ထိုးနှက်တော့မည့် ဟန်ပန်အမူအရာကို ပြောင်ပြောင် တင်းတင်းပင် ထုတ်ဖော်တော့သည်။
ထိုဟန်ပန်အမူအရာကို မြင်လျှင် ရန်စီချီ နှင့် ချန်မင်ရှီတို့သည် အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်ကြသည်။ ချင်ယွင် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ သူမတို့သည် သံသယ မရှိခဲ့ကြပေ။ အကယ်၍ ချင်ယွင်သည် ဘယ်တော့မှ ပြန်မပေါ်တော့ဟုဆိုလျှင်ပင် သူမတို့သည် ယောင်ဝါးဝါးနှင့် မျှော်လင့်နေဆဲ ဖြစ်ပါလိမ့်မည်။
"ဟား…၊ ဟား…။ မင်းရဲ့ဟောင်ကလန်က ငါ့ရောက်လာတာကို ကြိုဆိုဖို့ ကြီးကြီးမားမား စီစဉ်ထားတာလား?။ ဒါမှမဟုတ် မင်းတို့က သေခြင်းတရားကို အတူတူ တောင်းခံနေကြတာလား…။"
ချင်ယွင် ပေါ်မလာခြင်း၏အကြောင်းနှင့်ပတ်သက်ပြီး ဟောင်ကလန် တစ်ခုလုံးက ပြင်းပြင်းထန်ထန် ညည်းညူနေချိန်မှဦ လူတိုင်း၏နားထဲတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် အဖြူရောင် မြေခွေးသားမွှေး ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် လူတစ်စုကို ဦးဆောင်ကာ သိုင်းပညာ လေ့ကျင့်ရေးကွင်းကြီးထဲသို့ ဝင်ရောက်လာခဲ့ပြီး ဟောင်ကလန် တစ်ခုလုံးနှင့် ဆန့်ကျင်ဘက်တွင် ရပ်နေခဲ့သည်။
ဟောင်ကလန်မှ တပည့်များသည် ထိုအဖြူရောင် ရုပ်အသွင်အပြင်ကို မြင်လိုက်ရသော အခါ မျက်ခုံးများ တွန့်သွားကြသည်။ တစ်ဖက်တွင် လူအနည်းငယ်သာ ရှိသော်လည်း ၎င်းတို့ခံစားရသော ဖိအားသည် တပ်ဖွဲ့ဝင်တစ်ထောင်နှင့် တူနေသည်။
ဟောင်ခွန်သည် ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အဖိုးအိုကို ခြုံငုံကြည့်လိုက်လေသည်။ နောက်ဆုံးတွင် သူသည် တလက်လက် တောက်ပနေသော ဆံပင်နှင့် ကလေးမျက်နှာပိုင်ရှင် အဘိုးအိုကို သုံးစက္ကန့်ကြာသည် အထိ ကြည့်နေလိုက်လေသည်။ ထို့နောက် သူက နှိမ့်ချခြင်းမရှိသလို မောက်မာခြင်း လည်း မရှိသော လေသံဖြင့် ပြောလိုက်လေသည် “ တကယ်လို့ ဂိုဏ်းသခင်လေးက ငါ့ရဲ့ ဟောင်ကလန်ကို ဧည့်သည်အဖြစ် ရောက်လာတယ်ဆိုရင်တော့ ငါ့ရဲ့ဟောင်ကလန်က ကြိုဆိုရမှာပေါ့။ ဒီလိုမှမဟုတ်ပဲ, ဂိုဏ်းသခင်လေးက ငါ့ဟောင်ကလန်ကို စော်ကားချင် တယ်ဆိုရင်တော့ သဘာဝအတိုင်း ငါ့ဟောင်ကလန်ကလည်း ငြိမ်သက်စွာ ထိုင်ပြီး သေခြင်းတရားကို စောင့်ဆိုင်းနေမှာ မဟုတ်ပါဘူး..။"
"ခင်ဗျားက လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာက ကောင်းကင်ဘုံဂိုဏ်းနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မူကြီးကို ဖြစ်စေခဲ့ဖူးတဲ့ ဟောင်ခွန်ပါပဲ၊ ခင်ဗျားက ဒီထက် ဘာမှ မပိုပါဘူး။" ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေး တဟားဟား ရယ်မောလိုက်သည်။
ဟောင်ခွန်၏ နှုတ်ခမ်းတစ်စုံသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသော်လည်း သူ၏မျက်လုံးများတွင် အေးစက်မှုအရိပ်အယောင်များ ပေါ်လာသည်။
"ကြည့်ရတာ ဂိုဏ်းသခင်လေးက ငါ့ဟောင်ကလန်ရဲ့ ဧည့်သည်အဖြစ် ဒီနေရာကို ရောက်လာတာ မဟုတ်လောက်ဘူး" ဟောင်ခွန်က ရယ်မောလိုက်သည်။
ယွန်ဟောင်ယန်၏ ပါးစပ်ထောင့်သည်လည်း လှောင်ပြောင်ဟန်ရှိနေသည်။ သူ၏ ပါးစပ်ထောင့်စွန်းများသည် တွန့်သွားခဲ့၏။ "အနှစ်ငါးရာ ကျော်သွားခဲ့ပြီ။ ခင်ဗျားရဲ့ ခွန်အားတွေက အရင်ကထက် အများကြီး အားနည်းနေမှာကို ငါစိုးရိမ်မိတယ်။ တကယ်လို့ ခင်ဗျားက အရင်တုန်းကလို ပြိုင်ဘက်ကင်း ဓားအင်မော်တယ်တစ်ယောက် ဖြစ်နေဦးမယ်ဆိုရင်တောင် ငါ့ရှောင်ယန်ဂိုဏ်းကတောင် ခင်ဗျားကို ကြောက်နေရ တုန်းပဲပေါ့။ ဒါပေမယ့် အခုတော့ ခင်ဗျားက အများဆုံး သွားတွေကျိုးနေတဲ့ ကျားအိုကြီး တစ်ကောင်သာသာပါပဲ။ ခင်ဗျားက ငါ့ရဲ့ရှောင်ယန်ဂိုဏ်းကို တကယ် ဆန့်ကျင်ရဲ လို့လား။ ခင်ဗျားရဲ့ဟောင်ကလန်ကို ခင်ဗျားနဲ့အတူတူ မြှုပ်နှံဖို့ ဆွဲခေါ်သွားချင်တာ လား”။
ဟောင်ခွန်က လှောင်ပြောင်ဟန် ရယ်မောလိုက်သော်လည်း ယွန်ဟောင်ယန်၏ စကားကိုတော့ ပြန်မဖြေပါဘူး။
ယွန်ဟောင်ယန်၏ မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုများဖြင့် ချက်ချင်း တောက်ပလာခဲ့သည်။ သူက အေးစက်စွာ ပြောလိုက်သည် "ခင်ဗျားရဲ့ ဟောင်ကလန် ကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ချင်ယွင် နဲ့ ဒီခွေးမနှစ်ယောက်ကို လွဲပြောင်းပေးလိုက်ပါ။ မဟုတ်ရင် ခင်ဗျားရဲ့ ဟောင်ကလန်ကို ရက်စက်ပြီး သွေးစွန်းစေတော့မှ ကျုပ်ယွန်ဟောင်ယန်ကို အပြစ်မတင်နဲ့"
ယွန်ဟောင်ယန်၏ စကားလုံးများသည် ဟောင်ကလန်ရှိ တပည့်များ၏ နှလုံးသားထဲသို့ တိုက်ရိုက် စိမ့်ဝင်သွားပြီး အေးခဲနေသော ရေခဲတုံးများကဲ့သို့ပင် သူတို့၏ နှလုံးသားထဲ တွင် အေးစိမ့်မှုကို ခံစားလိုက်ရပါသည်။
ဟောင်ကလန်မှ တပည့်အားလုံးသည် ခဏတာ တိတ်ဆိတ်သွားကြသည်။ သူတို့သည် ချင်ယွင်ကို လွှဲပေးလိုက်ချင်သော်လည်း ချင်ယွင်က မည်သည့် နေရာကို ရောက်သွားမှန်း သူတို့ မသိကြပါဘူး။ ထို့အပြင် သူတို့ကို အကာအကွယ်ပေးထားသည့် ရှေးဘိုးဘေးတစ်ဦးကလည်း ရှိနေပါသေးသည်။
"ငါ့ရဲ့ ဆရာကတော်နှစ်ယောက်ကို မင်းတို့ ဆူပူကြိမ်းမောင်းတာကို ငါ ခွင့်မပြုနိုင်ဘူး!"
အားလုံးတိတ်ဆိတ်နေကြည်သည့်အခိုက်မှာ နူးညံ့သော အသံတစ်ခုက ထွက်ပေါ်လာ ပါသည်။
ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွင်တို့၏ မျက်နှာများသည် ချက်ချင်း ဘေးတိုက် လှည့်ကြည့်လိုက်ကြပြီး ဟောင်ကျင်းလေးကို ဆက်မပြောရန် အလျင်အမြန် တားချင် ကြသည်။ သို့သော်လည်း အချိန်နှောင်းနေပြီ ဖြစ်ပါသည်။ ယခုအချိန်တွင် ယွန်ဟောင်ယန်သည် ဟောင်ကျင်းလေးကို စိုက်ကြည့်နေပြီ ဖြစ်သည်။
"ဆရာကတော်လား…။ ဒါဆို မင်းရဲ့ဆရာက ချင်ယွင်ပေါ့" ယွန်ဟောင်ယန်၏ မျက်လုံးများတွင် အေးစက်မူက ပို၍ပင် အေးစက်လာခဲ့သည်။
"မှန်တယ်။ ချင်ယွင်က ငါ့ဆရာပဲ။ သူတို့အားလုံးကလည်း ငါ့ဆရာမတွေပဲ၊ မင်းက ငါ့ဆရာမတွေကို စော်ကားလိုက်တာပဲ။ တကယ်လို့ ငါ့ဆရာ ရောက်လာတဲ့အခါ မင်းကို သေချာပေါက် ရိုက်လိမ့်မယ်" ဟောင်ကျင်းလေးက ခေါင်းကို မော့ပြီး အော်လိုက်သည်။
"ငါ့ကို အရှုပ်အထွေးထဲရောက်အောင် ကန်ထုတ်ပစ်မှာ ဟုတ်လား…?" ယွန်ဟောင်ယန်၏ မျက်လုံးများတွင် ရန်လိုမှုအရိပ်အယောင်များ ထွက်ပေါ်လာ ပြီးနောက် သူက ရုတ်တရက် အော်ပြောလိုက်သည် “ဟမ့်၊ ချင်ယွင်က သူရဲဘောကြောင်တဲ့ လိပ်တစ်ကောင်ဖြစ်တဲ့အတွက် ငါ သူ့တပည့်နဲ့ စလိုက်မယ်။ သူ အမှန်တကယ် ဆက်ပြီးပုန်းနေဦးမလား ငါသိချင်မိတယ်။ ယွန်ထန်း ငါ့အတွက် အဲဒီ မျိုးမစစ်ကောင်လေးကို သတ်လိုက်စမ်း…"။
"ဟုတ်ကဲ့ပါ… ဂိုဏ်းသခင်လေး” ယွန်ဟောင်ယန်၏ နောက်ကွယ်မှ ထွားကြိုင်း သန်မာသည့်လူက ချက်ချင်း ပြန်ဖြေလိုက်ပါသည်။
ထို့နောက် သူသည် ရုတ်တရက် ခေါင်းမော့ပြီး အေးစက်သော မျက်လုံးတစ်စုံဖြင့် ဟောင်ကျင်းလေးကို စိုက်ကြည့်လိုက်သည်။ သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်သည် ဟောင်ကျင်းလေးဆီသို့ လျင်မြန်စွာ ပြေးထွက်သွားသော နွားရိုင်းတစ်ကောင်နှင့် တူ၏။
ထိုသံမဏိယပ်တောင်လို လက်တစ်ဖက်က ဟောင်ကျင်းလေး၏ လည်ပင်းဆီကို တိုက်ရိုက် ဆုပ်ကိုင်လာသည်။
ဟောင်ကျင်းလေး၏ မျက်နှာက ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားပါသည်။
အခန်း (၅၅၉) အထွက်အထိပ်တိုက်ပွဲ။
ယွန်ဟောင်ယန်သည် နှောင်းပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအား ကလေးငယ်လေးတစ်ဦးကို တိုက်ခိုက်ရန်အတွက် အမှန်တကယ် အမိန့်ပေးခဲ့သည်ကို တွေ့လိုက်ရသောအခါ ဟောင်ကလန်အတွင်းရှိ လူတိုင်း၏ မျက်နှာများသည် ပြင်းထန်သော ဒေါသများဖြင့် ဖုံးလွှမ်းသွားကြလေသည်။
ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွင်တို့၏ မျက်နှာများသည် အဆောတလျင် တိုက်ခိုက်ရန် ပြင်ဆင်ထားထားရင်း ပို၍ပင် ထိတ်လန့်သွားလေသည်။
"ဟမ့်၊ ငါ့ ဟောင်ကလန်က တပည့်တွေရဲ့ ရှင်ခြင်းနဲ့သေခြင်းတရားကို မင်းက ဆုံးဖြတ်ပေးရအောင် မင်းနဲ့ ဘာဆိုင်လို့လဲ..။"
သို့သော် ထိုအချိန်တွင် လူတိုင်း၏နားထဲသို့ အေးစက်သော အသံတစ်ခုက ရုတ်တရက် ဝင်ရောက်လာလေသည်။
အင်မော်တယ်အသွင်ကူးပြောင်းခြင်းကျွမ်းကျင်ပညာရှင်တစ်ဦး၏ ပုံရိပ်အဆင့်ဆင့်က ဟောင်ကျင်းလေး၏ရှေ့တွင် ချက်ချင်း ပေါ်လာပါသည်။ ထိုပုံရိပ်သည် ယွန်ထန်း၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်ပါသည်။
ယွန်ထန်းသည် ချက်ချင်းပင် ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရပြီး နောက်ပြန် လွင့်သွားခဲ့သည်။ သူ၏ ကြံ့ခိုင်သန်မာသော ရင်ဘတ်ပေါ်တွင် လက်ဖဝါးပုံသဏ္ဍာန် အစွန်းအထင်းတစ်ခု ရှိနေပြီး သူ၏ပါးစပ်မှ သွေးစသွေးနများ ထွက်ပေါ်လာပါသည်။
“ဘန်း”….။
ယွန်ထန်း၏ ခန္ဓာကိုယ်သည် လေ့ကျင့်ရေးသိုင်းကွင်းပြင်အတွင်းရှိ ကျောက်တိုင်ကြီး နှင့် တိုက်မိသွား၏။ ကျောက်တိုင်ကြီးသည် ချက်ချင်းပင် ပေါက်ကွဲသွားလေသည်။ သို့သော် ယွင်ထန်သည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်စေရန်အတွက် ၎င်းကျောက်တိုင် ကြီးကို အသုံးပြုခဲ့ရပါသည်။ သူသည် မြေပြင်ပေါ် ဒူးတစ်ဝက်ထောက်ဟန် ပြုတ်ကျပြီး ချောင်းဆိုးပြီး သွေးတပွက်အန်ထုတ်လိုက်လေသည်။
ယွန်ဟောင်ယန်၏ မျက်လုံးများသည် အနှိုင်းမဲ့ အေးစက်နေပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
“.ဖျောင်း…ဖျောင်…”။
ထိုအချိန်မှာပင် လက်ခုပ်တီးသံက ရုတ်တရက် ထွက်ပေါ်လာပါသည်။ တဖျပ်ဖျပ်လင်းလက်နေသောဆံပင်နှင့် ကလေးဆန်သော မျက်နှာပိုင်ရှင် အဘိုးကြီး တစ်ယောက်သည် ယွန်ဟောင်ယန်၏ နောက်မှ ထွက်လာခဲ့ပါသည်။ သူက ဟောင်ခွန်ကို သူ၏ပါးစပ်ထောင့်စွန်းမှာ ရက်စက်သောအပြုံးတစ်ချက်နှင့်အတူ ပြုံးပြလိုက်လေသည်။
"မျှော်လင့်ထားတဲ့အတိုင်း တစ်ခေတ်တခါက ဓားအင်မော်တယ်တစ်ယောက်က ပြိုက်ဘက်ကင်း ဖြစ်နေတုန်းပါပဲလား။ သူ့ရဲ့စိတ်နေစိတ်ထားကလည်း ကောလဟာလတွေ ပြောတဲ့အတိုင်း အခုချိန်ထိ ခေါင်းမာနေတုန်းပဲ။ ဒါပေမယ့် သူ့ရဲ့အင်အားက ဟိုတုန်းကထက် အများကြီး အားနည်းနေပုံရတယ်။ ငါကျန်းယွန်က စီနီယာ နဲ့ နည်းနည်းလေး ဆွေးနွေးချင်ပါတယ်။ စီနီယာက ဒီဂျူနီယာလေးကို အဲဒီအခွင့်အရေးလေးများ ပေးနိုင်မလား။ ကျန်းယွန်က ရယ်မောရင်း လှောင်ပြောင်သော အရိပ်အယောင်ဖြင့် ပြောလိုက်လေသည်။
"ရှောင်ယန်ဂိုဏ်းရဲ့ တော်ဝင်အကြီးအကဲကြီး ကျန်းယွန်၊ ရှောင်ယန်ဂိုဏ်းရဲ့ ဒုတိယ အစွမ်းထက်ဆုံးကျွမ်းကျင်ပညာရှင်လား… ?" ဟောင်ကလန်၏ တပည့်များသည် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြပါသည်။ ရှောင်ယန်ဂိုဏ်း၏ ဒုတိယ အစွမ်းထက်ဆုံးပုဂ္ဂိုလ်ကိုယ်တိုင် ယခုတစ်ကြိမ် ရောက်ရှိလာလိမ့်မည်ဟုပင် သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ သူတို့ဘိုးဘေးသည် ဒီလူအတွက် ပြိုင်ဘက် ဟုတ်မဟုတ် သူတို့မသိကြပါဘူး။
ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွင်တို့သည် နှိုင်းစာ၍မရသည့် လေးနက်သော အမူအရာများကို ထုတ်ဖော်နေကြသည်။ ရှောင်ယန်ဂိုဏ်းဘက်တွင် အထွတ်အထိပ် အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး မပါရှိပါက ဘိုးဘေးရှိနေသရွေ့ သူတို့၏ ဟောင်ကလန်သည် အန္တရာယ်ရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ယွန်ဟောင်ယန်သည် ရှောင်ယန်ဂိုဏ်း၏ ဒုတိယ အင်အားအကြီးဆုံး ကျွမ်းကျင်သူ ကျန်းယွန်ကို အမှန်တကယ် ခေါ်ဆောင်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။ ယခုတော့ သူတို့၏ ဟောင်ကလန်သည် တကယ့် အကျပ်အတည်း ကြီးနှင့် ရင်ဆိုင်ရလိမ့်မည်။ ယခုအချိန်တွင် ဘိုးဘေးဟောင်းသည် ဤလူကို အနိုင်ယူနိုင်ဖို့သာ မျှော်လင့်နိုင်တော့သည်။ ထိုသို့မဟုတ်လျှင် သူတို့၏ ဟောင်ကလန်သည် ဒီနေ့ ကောင်းကင်နဂါးတိုက်ကြီးကနေ အမှန်တကယ် ပျောက်ကွယ်သွားပါလိမ့်မည်။
"ဘာလဲ? စီနီယာက ဒီဂျူနီယာရဲ့ တောင်းဆိုမှုကို လက်မခံချင်ဘူးလား၊ ဒါပေမယ့် ဒီနေ့ စီနီယာက လက်မခံချင်လည်း လက်ခံရမယ်။" ကျန်းယွန်က အထင်သေးဖြင့် ပြောလိုက်သည်။
သူ၏ရုပ်ရည်အသွင်အပြင်အရ သူသည် ဟောင်ခွန်ထက် အသက်အများကြီး ကြီးပုံရ သော်လည်း သူ၏အသက်က အသက်တစ်ရာပဲရှိသေးပါသည်။ ထို့ကြောင့် သူက စီနီယာဟောင်ခွန်ဟု ခေါ်ခြင်းသည် ပုံမှန်ပင် ဖြစ်ပါသည်။ သို့သော် ကျန်းယွန်သည် စီနီယာဟောင်ခွန်ဟု သူ၏နှလုံးသားအောက်ခြေမှ စိတ်လိုလက်ရ ခေါ်ဆိုခြင်း မဟုတ်ပေ။ သူက ဟောင်ခွန်ကို လှောင်ပြောင်သရော်ရန်အတွက် စီနီယာဟောင်ခွန်ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။
“ဝှီး…”…
သူပြောပြီးသည်နှင့် ကျန်းယွန် လှုပ်လှိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တဖျပ်ဖျပ်လင်းလက်သွားခဲ့ပြီး သူသည် တစ္ဆေတစ်ကောင်လို ဟောင်ခွန်၏ရှေ့မှာ ပေါ်လာပါသည်။ သူ၏လက်ဖဝါးသည် ချွန်ထက်သော လက်သည်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ဟောင်ခွန်၏လည်ပင်းဆီသို့ ဖမ်းဆုပ်လိုက်လေသည်။
ကျန်းယွန်၏ တိုက်ခိုက်မှုသည် ပြင်းထန်ပြီး လျင်မြန်လွန်းရကား အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားလေသည်။
“ဟမ့်…”
ဟောင်ခွန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပါသည်။ အစစ်အမှန် အနှစ်သာရက သူ၏ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားခဲ့ပြီး သူ၏ဝတ်ရုံက တဖျပ်ဖျပ် လှုပ်လှုပ် ရှားရှား ဖြစ်သွားလေသည်။ သူသည် သူ၏လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ ကျန်းယွန်၏ လက်ဖဝါးလက်သည်းကို တိုက်ရိုက် ချိန်လိုက်လေသည်။
“ဘုန်း…”
ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးသည် ချက်ခြင်း ထိပ်တိုက်မိပြီး ပေါက်ကွဲ ထွက်လာလေသည်။
သိုင်းလေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံး တုန်ခါသွားကာ သူတို့၏ ခြေဖဝါးအောက်တွင် ကျောက်တုံးကြမ်းများ ကွဲအက်သွားသည်။ သူတို့ကြားတွင် အက်ကွဲကြောင်းကြီးတစ်ခု ပွင့်သွားခဲ့ပြီး အခြားတဖက်မှ သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆုံးထိ ပျံ့နှံ့သွားခဲ့သည်။
ဟောင်ခွန်၏နောက်ရှိ ဟောင်ကလန်မှ လူတိုင်းသည် ဤကြောက်စရာကောင်းသော လှုပ်ခတ်မှုကြောင့် မြေပေါ်သို့ ပြုတ်ကျသွားကြသည်။ အချို့လုံလောက်အောင် သန်မာမူမရှိသူများဆိုလျှင် သူတို့ပါးစပ်မှ သွေးများပင် တိုက်ရိုက် အန်ထုတ်လိုက်ရ သည်။
ရန်စီချီ နှင့် ချန်မင်ရှီ တို့သည်လည်း ခြေလှမ်းပေါင်းများစွာ နောက်ပြန် ဆုတ်သွားခဲ့ရ သည်။ သူမတို့သည် ဟောင်ကျင်းလေးကို သယ်ဆောင်ရင်း အဝေးသို့ လွင့်မျောသွား ကြသည်။
"ဒါက အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်မှာရှိတဲ့ ကျွမ်းကျင်သူတွေရဲ့ တိုက်ပွဲလား…?။ အရမ်းကို အစွမ်းထက်လွန်းတယ်။ ရိုးရှင်းတဲ့ ထိုးနှက်ချက်လေးတစ်ခုက ဒီလိုစွမ်းအားမျိုးကို ထုတ်လွှတ်နိုင်ခဲ့တယ်။” ဟောင်ကလန် ၏တပည့်များသည် အဆုံးမရှိသော အံ့အားတသင့် အော်ပြောနေကြသည်။ ဤအဆင့်တိုက်ပွဲမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးပါဘူး။
“ဘုန်း… ဘုန်း… ဘုန်း.. ဘုန်း..”
ယခုအချိန်တွင် ဟောင်ခွန်နှင့် ကျန်းယွန်တို့သည် အဆက်မပြတ် တိုက်ခိုက်နေ ကြသည်။ သူတို့နှစ်ယောက်သည် မြေပြင်ပေါ်မှ ပျံတက်သွားခဲ့ပြီး တိုက်ခိုက်ရင်း လေထဲသို့ ဆက်တိုက် တက်သွားကြသည်။ သို့သော်လည်း သူတို့၏ အစစ်အမှန် အနှစ်သာရ ထိပ်တိုက်တွေ့မှု နောက်ဆက်တွဲပေါက်ကွဲမူသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံးကို မုန်တိုင်းတစ်ခုလို ဖြတ်ကျော်သွားခဲ့သည်။
မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲမြည်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ သိုင်းလေ့ကျင့်ရေး ကွင်းအတွင်းရှိ အဆောက်အဦများသည် အက်ကွဲကြောင်းများ ဖုံးလွှမ်းနေခဲ့သည်။ အက်ကြောင်းများသည် ထူထပ်သိပ်သည်းစွာ ရှိနေခဲ့သည်။ ယခုအချိန်တွင် ၎င်းအဆောက်ဦးတို့ကို ထိလိုက်သည်နှင့် ချက်ချင်းပင် အမှုန့်ဖြစ်သွားနိုင်သည်။
သို့သော်လည်း နှစ်ဦးကြား တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေသည်။ ကျန်းယွန်၏ လက်သည်းများသည် သံချိတ်များကဲ့သို့ တဟုန်ထိုး ထိုးဖောက်ကာ တဆတ်ဆတ် တုန်ခါနေသည်။ ဟောင်ခွန်သည် ရန်သူကို သူ၏လက်ဖဝါးဖြင့် တုံ့ပြန်နေပြီး ကျန်းယွန်၏ ထိုးစစ်စင်တိုက်ခိုက်မူကို ဘာမှမရှိသည်၏အဖြစ်သို့ လိမ္မာပါးနပ်စွာ ပြောင်းလဲလိုက်ပါသည်။
“ဘန်း….”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဟောင်ခွန်သည် ကျန်းယွန်၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်ရင်း ကျန်းယွန်၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ချက်ခြင်း တုန်ခါပြီး လွင့်ထွက်သွားသည်။ သူသည် ပေတစ်ထောင်အကွာ လေထုထဲမှ ပြုတ်ကျသွားပြီး သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများ ယိုစီးလာသည်။
သို့သော်လည်း ဟောင်ခွန်သည်လည်း ကျန်းယွန်၏ ယင်လက်သည်းချက်ကို ခံခဲ့ရပါ သည်။ သူ၏ရင်ဘတ်ပေါ်မှ အသွေးအသားအတုံးကြီးကြီးတစ်ခုသည် စုတ်ပြဲ ထွက်သွားခဲ့ပြီး နက်ရှိုင်းသော သွေးထွက်သံယို အပေါက်သုံးပေါက် ကျန်ရစ်ခဲ့သည်။
နှစ်ဘက်စလုံး ဒဏ်ရာတွေ ရသွားကြပြီ။ ဘယ်လိုဘဲဖြစ်ဖြစ် နှစ်ဖက်စလုံးက လက်ရည်ညီနေကြသည်။
"ဟား..။ ဟာ…။ အတိတ်တုန်းက ပြိုင်ဘက်ကင်း ဓားအင်မော်တယ်ကလည်း ဒီထက်မပိုတော့ဘူးလို့ ထင်ရတာပဲ။ ဘာလို့ မင်းရဲ့ဓားကို အသုံးပြုဖို့ မကြံသေး တာလဲ။" ကျန်းယွန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ဟောင်ခွန်ကို စူးစူးစိုက်စိုက်ကြည့်ရင်း ပြင်းထန်သည့် လှောင်ပြောင်သရော်သည့်အမူအရာတစ်ခုကို ဖော်ပြလာသည်။
ဟောင်ခွန်၏ အမူအရာက အလွန်တည်ငြိမ်နေပါသည်။ သူ၏ရင်ဘတ်ပေါ်ရှိ ဒဏ်ရာများသည် အရိုးများအထိ နက်ရှိုင်းသည် မြင်တွေ့နိုင်သော်လည်း သူ၏ မျက်နှာတွင် နာကျင်မှု အရိပ်အယောင်မျှ မတွေ့ခဲ့ရပေ။
"မင်းက ဓားကို မသုံးဘူးဆိုတော့ မင်းကို ဓားသုံးခိုင်းရတော့မှာပေါ့” ကျန်းယွန်က လှောင်ပြောင် ရယ်မောလိုက်ပြီး သူ၏ လက်ဖမိုးတွေပေါ်မှာ သံမဏိလက်သည်း နှစ်ချောင်း ထွက်ပေါ်လာသည်။
သံမဏ်လက်သည်းများသည် မည်းနက်နေသော်လည်း အသွားတွေက နှင်းကဲ့သို့ ဖြူဖွေးနေကာ ပြင်းထန်သော အေးစက်စက် အငွေ့အသက် ထုတ်လွှတ်နေပါသည်။
"အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်လား”။
ဤသံမဏိလက်သည်းနှစ်ချောင်းကို မြင်လိုက်ရသည့်အခါ ချန်မင်ရှီ၏ မျက်လုံးများ သည် အံ့သြသွားလေသည်။ ကျန်းယွန်၏ သံမဏိသည်းများသည် အလယ်အလတ် အဆင့် အင်မော်တယ်ပစ္စည်းများ ဖြစ်နေမည်ဟု သူမ မထင်ထားခဲ့ပေ။ ဤသည်မှာ သေမျိုးကမ္ဘာတွင် ရှားရှားပါးပါး အဖြစ်အပျက်တစ်ခု ဖြစ်လေသည်။
ဟောင်ခွန်၏ အမူအရာက ယခင်အတိုင်း တိတ်ဆိတ်နေပြီး တုန်လှုပ်ခြင်း မရှိခဲ့ပေ။
“ငရဲကို သွားလိုက်တော့”။
ကျန်းယွန်က အေးစက်စွာ အော်လိုက်လေသည်။ သူ၏ အရပ်ပုပု အသွင်အပြင်သည် ဟောင်ခွန်၏ရှေ့မှဦ ချက်ချင်း ပေါ်လာပါသည်။ မြင်သူတိုင်းကို နှလုံးခုန်သံများ ဖြစ်ပေါ်စေနိုင်သည့် သံမဏိလက်သည်းများသည် ဟောင်ခွန်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ထိုးစိုက်လိုက်လေသည်။
“ဝှီး….”
ဟောင်ခွန်၏ပုံသဏ္ဍာန်သည် သရဲတစ္ဆေနှင့်တူပြီး ထိုသံမဏိလက်သည်းများကို လိမ္မာပါးနပ်စွာ ရှောင်ရှားလိုက်လေသည်။
ကျန်းယွန်၏ သံမဏိလက်သည်းသည် လေကိုသာ ထိုးမိသွားလေသည်။ သံမဏိ လက်သည်းမှ ထုတ်လွှတ်သော အစစ်အမှန်အနှစ်သာရသည် အလွန် ထက်ရှသည်။ အဝေးမှာရှိနေသည့် အိမ်တစ်လုံးကိုပင် အပိုင်းပိုင်း ဖြတ်တောက်ကာ အရှည် ပေတစ်ရာနှင့် ပေသုံးဆယ်နက်သော ကြီးမားသော လက်သည်းရာ အမှတ်အသား ကြီးတစ်ခုသည် မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့လေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဟောင်ကလန်၏ တပည့်တွေအားလုံး အံ့ဩသွားကြ သည်။
အကယ်၍ ဤလက်ချက်းကုတ်ခြစ်သာ သူတို့၏ခန္ဓာကိုယ်ပေါ်သို့ ထိမှန်သွားပါက သူတို့သည် အပိုင်းပိုင်း ကျိုးပဲ့သွားလိမ့်မည်ဟု တွေးဆနိုင်ကြသည်။
“ချွင်”
ကျန်းယွန်သည် ဟောင်ခွန် ရှောင်တိမ်းသွားမည်ကို အချိန်ကြာမြင့်စွာ ကတည်းက သိရှိထားခဲ့ပြီး၊ သူသည် သူ၏အခြားလက်မှ သံမဏိလက်ချောင်းက တစ်ချိန်တည်းတွင် ဟောင်ခွန်၏ ဝမ်းဗိုက်ဆီကို လိမ္မာပါးနပ်စွာ တိုက်ခိုက်လိုက်လေသည်။
ဟောင်ခွန်သည် သံမဏိလက်သည်းကို ပိတ်ဆို့ရန် ဓားလက်ချောင်းတစ်ခုကို အသုံးပြုလိုက်လေသည်။ သံမဏိလက်သည်းသည် ဓားအလင်းကို ချက်ချင်း ဖြိုခွင်းလိုက်လေသည်။ ဟောင်ခွန်၏ ခန္ဓာကိုယ်သည် အဝေးသို့ လွင့်မျောသွားပြီး ပြန်လည်တည်ငြိမ်ရန်အတွက် သူ၏ခွန်အားကို ငှားရမ်းယူလိုက်ရလေသည်။
"အစတုန်းကတော့ ကောင်းကင်ဘုံဂိုဏ်းကို တိုက်ခိုက်ရာမှာ ငါ့ရဲ့ဓားကို အသုံးပြုဖို့ စိတ်ကူးထားပေမယ့် အခုတော့ စောစောစီးစီး လှုပ်ရှားရတော့မယ်လို့ မမျှော်လင့်ထားပါဘူး။" ဟောင်ခွန်က ကျန်းယွန်ကို ကြည့်ကာ ပြောလိုက်သည် ။
"နောက်ဆုံးတော့ မင်းရဲ့ဓားကိုဆွဲထုတ်ဖို့ ဆန္ဒရှိလာပြီလား” ကျန်းယွန်၏ နှုတ်ခမ်းထောင့်စွန်းသည် တဟားဟားရယ်မောနေပြီး သူသည် ပြေးဝင်တိုက်ခိုက်ခြင်း မရှိခဲ့ပေ။
ဟောင်ခွန်က မည့်သည့်စကားမှ မပြောခဲ့ပါဘူး။ ယင်းအစား သူက သူ၏ လက်ဖဝါးတွေကို ပေါင်းစပ်လိုက်ပြီး ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။ တောက်လောင်နေသော မီးတောက်မီးလျှံကဲ့သို့ နီရဲနေသော ဓားရှည်တစ်ချောင်းသည် သူ၏ လက်ဖဝါးအလယ်ရှိ ကွက်လပ်ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။
"ဒါက ဒဏ္ဍာရီလာ ကြက်သွေးရောင် သွေးဓားလား"
ဟောင်ကလန်၏ တပည့်များအားလုံး စိတ်လှုပ်ရှားစွာ ထုတ်ဖော်ပြောဆိုကြသည်။
အဲဒီအချိန်တုန်းက သူတို့၏ဘိုးဘေးဟောင်းသည် ဒီဓားကိုအသုံးပြုပြီး ကောင်းကင်ဘုံ ဂိုဏ်းကို တိုက်ခိုက်ခိုက်ခဲ့ကာ ခြေလှမ်းဆယ်လှမ်းမှာ လူတစ်ယောက်ကို သတ်ပစ်ခဲ့သည်။ ထိုဓား၏ဓားသွားသည် သွေးကဲ့သို့ နီမြန်းနေပြီး ဓား၏ ဓားသွားလား ရန်သူ၏သွေးလားပင် ပြောရခက်လေသည်။
အခန်း (၅၆၀) ကြက်သွေးရောင်သွေးဓား…။
"ကြက်သွေးရောင်သွေးဓားလား….!"။
ယွန်ဟောင်ယန်၏ မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင် ပေါ်လာပါသည်။ ဤဓားနှင့်ပတ်သက်သော မှတ်တမ်းအချို့ကို သူတွေ့ဖူးထားသည်။
ဤဓားသည် အင်မော်တယ်ဓားတစ်လက်ဖြစ်ပြီး အလွန်ရှားပါးသော အလယ်အလတ် အဆင့် အင်မော်တယ်ဓားလည်းဖြစ်သည်။ ဓားကိုယ်ထည်တစ်ခုလုံးက သွေးကဲ့သို့ နီရဲနေ၏။ ဓားသည် နေရောင်အောက်တွင် တလက်လက် ဝင်းလက် တောက်ပနေ သည်။ ဓားကိုယ်ထည်အတွင်းမှာ အနီရောင်တောက်တောက် သွေးများ စီးဆင်းနေ သည်ကို တွေ့မြင်နိုင်ပြီး စီးဆင်းနေသော သွေးများသည် အစွမ်းထက်သော စွမ်းအားများကိုပါ ပိုင်ဆိုင်ထားပါသည်။
ထိုအချိန်တုန်းက၊ ဟောင်ခွန်သည် ကောင်းကင်ဘုံဂိုဏ်းကို သတ်ဖြတ်ရန်အတွက် ဤဓားကို အသုံးပြုခဲ့ပြီး ကောင်းကင်ဂိုဏ်းတစ်ခုလုံး သွေးချောင်းစီးစေခဲ့သည်။
ထို့ကြောင့် ဤဓားသည် ဟောင်ခွန်နှင့်အတူ ကမ္ဘာကြီးကို လှုပ်ရှားစေခဲ့ပြီး လူတိုင်းက ဤဓားကို ကြက်သွေးရောင်သွေးဓားဟု ခေါ်ကြသည်။
"တကယ်ကို ကြက်သွေးရောင်သွေးဓားပဲ!" ကျန်းယွန်သည် ဟောင်ခွန်၏ဓားကို ကြည့်ရင်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်က မျက်လုံးထဲတွင် ပေါက်ထွက်လာသည်။
အကယ်၍ သူသာ ဒဏ္ဍာရီလာ ကြက်သွေးရောင်သွေးဓားကို အနိုင်ယူနိုင်ခဲ့မည်ဆို ပါလျှင် ကျန်းယွန်၏ ဂုဏ်သတင်းသည် ကောင်းကင်နဂါးတိုက်ကြီးတစ်ခုလုံးသို့ပင် ပျံ့နှံ့သွားမည် ဖြစ်ပါသည်။
ဘန်း……!
ဟောင်ခွန်သည် သူ၏လက်ထဲတွင် ကြက်သွေးရောင်သွေးဓားကို ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးနှင့် စိတ်နေစိတ်ထားတို့သည်လည်း ချက်ချင်း ပြောင်းလဲ သွားလေသည်။ ဟောင်ခွန်၏ မူလက တည်ငြိမ်သော စိတ်ဓာတ်သည် ချက်ချင်းပင် တုနှိုင်းမရလောက်အောင် ပြင်းထန်လာခဲ့ပြီး လွှမ်းမိုးကြီးစိုးနိုင်စွမ်း ရှိလာခဲ့သည်။
ကြက်သွေးရောင်သွေးဓားသည် တဝှီးဝှီးမြည်ဟီးကာ အဆက်မပြတ် တုန်ခါနေပြီး၊ အချိန်အတော်ကြာအောင် မတွေ့ရသည့် မိဘတစ်ယောက် သို့မဟုတ် ကလေးငယ် တစ်ယောက်က ရုတ်တရက် ပြန်တွေ့ရသည့်အတွက် အဆက်မပြတ် တရှုံ့ရှုံ့ ငိုကြွေးနေသကဲ့သို့ပင်။
ကောင်းကင်ယံမှ သွေးနီရောင်အလင်းတန်းအလွှာတစ်ခုက တဖျပ်ဖျပ်လင်းလက်ကာ ကျဆင်းလာခဲ့ပြီး မိုးကုပ်စက်ဝိုင်းပေါ်ရှိ တိမ်တိုက်များသည်ပင် သွေးနီရောင် အမျှင်တန်းနှင့်အတူ အရောင်စွန်းထင်းသွားလေသည်။
"ဟမ့်၊ ဒီနေ့ ပြိုင်ဘက်ကင်းဓားအင်မော်တယ်တစ်ယောက်ရဲ့ ဓားသိုင်းစွမ်းပကားကို တွေ့ကြုံခံစားပါရစေဦး။" ကျန်းယွန်က နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက် သူ၏ခန္ဓာကိုယ်သည် သုံးကိုယ်ကွဲထွက်သွားကာ ဟောင်ခွန်ကို လမ်းကြောင်းအမျိုးမျိုးမှ တိုက်ခိုက်လိုက်လေသည်။ သံမဏိလက်သည်း သုံးချောင်း သည်လည်း နှလုံးသားကို ဆွဲညှစ်နိုင်သည့် အလင်းရောင်နှင့်အတူ လေထဲတွင် လင်းလက်သွားလေသည်။
ဟောင်ခွန်သည် သူ၏လက်ထဲတွင် ကြက်သွေးရောင်သွေးဓားကို ဆုပ်ကိုင်ထားပြီး၊ သူ၏ မျက်လုံးများသည် နှင်းကဲ့သို့ အေးစက်နေကာ ကျန်းယွန်၏ တိုက်ခိုက်မူအပေါ် မည်သည့်ခံစားချက် အရိပ်အယောင်မှ မရှိပေ။
ဝှီး….!
ကျန်းယွန်၏ သံမဏိလက်သည်းသည် ဟောင်ခွန်နှင့် တစ်ပေခန့်သာသာ ဝေးကွာတော့သည့် အခိုက်မှာ ဟောင်ခွန်သည် ရုတ်တရက် လှုပ်ရှားလိုက်ပါသည်။
သူ၏ရုပ်အသွင်သည် ပုံရိပ်ယောင်တစ်ခုလို ဖြစ်သွားခဲ့ပြီး သူ၏လက်ထဲမှ ကြက်သွေးရောင်သွေးဓားသည် တဖျပ်ဖျပ် လင်းလက်နေသည့် သွေးနီရောင် အလင်းတန်းတစ်ခုလိုပင်။
တစ်ချက်ခုတ်ပိုင်းရုံဖြင့် ကျန်းယွန်သုံးခုစလုံးသည် အပိုင်းပိုင်း ကွဲသွားလေသည်။
"ငရဲကိုသွားလိုက်တော့….!"
တခဏအတွင်းမှာ ကျန်းယွန်သည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး သူ၏ လက်ထဲမှ သံမဏိလက်သည်းများက ဟောင်ခွန်၏ ကောင်းကင်စိတ်ဝိညာဉ်အလွှာကို တိုက်ရိုက် ယူဆောင်သွားပြီး ဟောင်ခွန်၏ ကောင်းကင်စိတ်ဝိညာဉ်အလွှာကို လုံးလုံး လျားလျား မှောက်လှန်ပစ်ချင်ပုံရပါသည်။
အစောပိုင်းက ပုံရိပ်သုံးခုစလုံးသည် အတုတွေချည်း ဖြစ်ပါသည်။ သို့သော် ကျန်းယွန်သည် ထိုပုံရိပ်ယောင်သုံးခုကို ငါးစာချပြီး ဟောင်ခွန်ကို လှည့်စားရန် ကြိုးစားလိုက်ခြင်း ဖြစ်ပါသည်။
“ဝှီး…”
သို့သော်လည်း ယခုအချိန်တွင် ကျန်းယွန်၏ သံမဏိသည်းများသည် ဟောင်ခွန်၏ ကောင်းကင်စိတ်ဝိညာဉ်အလွှာကို အတားအဆီးမရှိ အနည်းငယ်မျှ ထိုးဖောက် ဝင်ရောက်သွားလေသည်။
"ပုံရိပ်ယောင်တွေလား….?" ကျန်းယွန်သည် သူ၏ အစစ်အမှန်အနှစ်သာရ အားလုံးကို အသုံးပြုကာ အလျင်အမြန် ပြန်ဆုတ်လိုက်ရင်း သူ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားပါသည်။
“ဝှီး….”
ကြက်သွေးရောင် ဓားအလင်းတန်းတစ်ခုက သူ၏မျက်လုံးရှေ့တွင် လင်းလက်လုနီးပါး ဖြစ်သွားပြီး သူ၏ခေါင်းကို ဖြတ်လုမတတ် ဖြစ်သွားခဲ့သည်။
သို့သော် သူသည် သက်ပြင်းတစ်ချက်ပင် မချနိုင်ခင်မှာ သူ၏နောက်မှ သွေးနီရောင် ဓားအလင်းတန်းတစ်ခုသည် သူ၏နောက်ကျောကို ဖြတ်သန်းသွားပြီး ရှည်လျားပြီး နက်ရှိုင်းသော သွေးထွက်သံယို ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာလေသည်။
အခြား ဟောင်ခွန်တစ်ယောက်သည် သူ၏နောက်တွင် အေးစက်စွာ ရပ်နေရင်း ကြက်သွေးရောင်သွေးဓားကို လက်ထဲတွင် ကိုင်ထားသည်။
ထိုမျှတင်မကသေးဘဲ စုစုပေါင်း လူကိုးယောက်သည်လည်း သူ့ကို ဝန်းရံထားလေ သည်။ ဟောင်ခွန်ကိုးယောက်၏ လက်တစ်ဖက်စီတွင် ကြက်သွေးရောင်သွေားဓား တစ်ချောင်းစီကို ကိုင်ထားလေသည်။
"ငါ့ရဲ့ ကြက်သွေးရောင်သွေးဓား ထွက်ပေါ်လာတာနဲ့၊ သွေးစွန်းမှ ရမယ်။"
ဟောင်ခွန်၏ အသံက နှစ်တစ်သောင်း ရေခဲများကဲ့သို့ အေးစက်နေ၏။ ဟောင်ခွန် ကိုးယောက်စလုံးသည် ကြက်သွေးရောင်သွေးဓားများကို လက်ထဲတွင် ကိုင်ဆောင် ထားကြသည်။ ဓားရှည်ကို မြှောက်လိုက်သည်နှင့် သူတို့၏ လှုပ်ရှားမှုတွေက သပ်ရပ်ပြီး တူညီနေကာ တုနှိုင်းမရသည့် ကြောက်စရာကောင်းသော အငွေ့အသက်ကို ထုတ်လွှတ် နေလေသည်။
ပုံရိပ်ကိုးခုစလုံးသည် အစစ်အမှန်လား သို့မဟုတ် အတုလား မည်သူမျှ တပ်အပ် မပြောနိုင်ပေ။
ဝှီး…။
ကျန်းယွန် အံ့သြသွားလေသည်။
ဓားအလင်းကိုးစင်းက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ကျန်းယွန်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် ခုခံတွန်းလှန် အတွက် သူ၏ အစစ်အမှန်အနှစ်သာရ အားလုံးကို အလျင်အမြန် အသုံးပြုလိုက်ရသည်။
ဓားအလင်းတန်းကိုးခုသည် ကျန်းယွန်၏ ခန္ဓာကိုယ်ပေါ်တွင် ထိမှန်သွားခဲ့ပြီး ခိုင်မာသည့် ခုခံအကာကွယ် အတားအဆီးကို ရိုက်ချိုးဖျက်လိုက်ကာ ချက်ချင်းပင် အပိုင်းပိုင်း ကွဲသွားလေသည်။
ပုံရိပ်ကိုးခုသည် ထပ်ကာထပ်ကာ ဓားတစ်ချောင်းစီးဖြင့် ခုတ်ပိုင်းလေသည်။
ဓားအလင်းတန်းများသည် သွေးနီရောင်ရေတံခွန်ကဲ့သို့ သွန်းလောင်းကာ ကျန်းယွန်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။
ကျန်းယွန်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ပိတ်ဆို့ တားဆီးရန်အတွက် သံမဏိလက်သည်းနှစ်ချောင်းကို အလျင်အမြန် အသုံးပြုလိုက်ရ သည်။
ချွင်….!
ဓားအလင်းသည် သံမဏိသည်းများနှင့် ထိပ်တိုက်ဆုံမိပြီး ကြယ်တံခွန်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် တိုက်ရိုက် ပေါက်ကွဲသွားလေသည်။
ကျန်းယွန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသည်။ သူသည် ပါးစပ်မှသွေးများကို ထွေးထုတ်လိုက်ပြီး အဝေးမှမြေကြီးပေါ်သို့ ထိုးကျသွားကာ ကြီးမားသော တွင်းနက်ကြီးတစ်ခုပင် ဖန်တီးဖြစ်ပေါ်လာရသည်။
အဝေးမှလူတွေအားလုံး ထိုမြင်ကွင်းကို တအံ့တသြ ဖြစ်သည့် အမူအရာဖြင့် ကြည့်နေကြသည်။
အစောပိုင်းက တိုက်ခိုက်မှုများသည် လျှပ်စီးများလက်သလို မီးကျောက်များ ခတ်လိုက်သလို ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်လေသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်ဖြင့် ပင် သူတို့သည် အနှိုင်းမဲ့ လှပသော ဓားအလင်းကိုသာ မြင်နိုင်ကြပြီး၊ ဟောင်ခွန်သည် ထိုဓားကို မည်သို့ခုတ်ပိုင်းလိုက်သည်ကို မမြင်ကြနိုင်ပေ။
ယခုလက်ရှိ ရောက်ရှိနေကြသော လူများတွင် အစောပိုင်းက ထုတ်ဖော်ခဲ့သော ဟောင်ခွန်၏ ဓားချက်၏ အံဝင်ခွင်ကျဖြစ်ပြီး လှပကြော့ရှင်းသည့် ဟန်ပန်ကို လူ အနည်းငယ်မျှသာ မြင်တွေ့ခဲ့ရသည်။ ထိုအချိန်တွင်၊ အင်မော်တယ် ဓားတစ်စင်းသည် မြေမှုန့်ထဲသို့ သက်ဆင်းသွားသကဲ့သို့၊ ဓားအလင်းသည် မိုးကုတ်စက်ဝိုင်းပေါ်ရှိ ကြယ်ရောင်များကဲ့သို့ ပွင့်လန်းသွားခဲ့ပါသည်။
ကျန်းယွန်သည် ကြီးမားသော အပျက်အစီးများကြားထဲတွင် လဲလျောင်းနေရပြီး သူ၏ ရင်ဘတ်တစ်ခုလုံးသည် သွေးလွှမ်းလုမတတ်ဖြစ်ကာ မတ်တပ်ရပ်ရန် ရုန်းကန်နေရပြီး အနည်းငယ် ခက်ခဲနေခဲ့သည်။
ဟောင်ကလန်မှ လူတိုင်းသည် အလွန်စိတ်လှုပ်ရှားသည့် ဟန်ပန်အမူအရာများကို ထုတ်ဖော်နေကြသည်။ ကျန်းယွန် ရှုံးနိမ့်သွားသည်နှင့် ရှောင်ယန်ဂိုဏ်းသည်လည်း အခြားရွေးချယ်စရာမရှိတော့ပေ။
အကယ်၍ ရှောင်ယန်ဂိုဏ်းသည် သူတို့၏အင်အားစုများကို ပြန်လည်ဖွဲ့စည်းပြီး ထပ်မံ တိုက်ခိုက်မည်ဆိုလျှင်ပင်၊ ထိုအချိန်ရောက်ရင် သူတို့၏ ဟောင်ကလန်သည် ဤနေရာမှ ထွက်ခွာသွားခဲ့ပြီး ဖြစ်လိမ့်မည်။
"ဖူး…..!"
သို့သော် ဤအခိုက်အတန့်တွင် ဟောင်ခွန်သည် ကောင်းကင်မှာ ရပ်နေလျှက်ပင် ရုတ်တရက် ပါးစပ်မှသွေးများ အန်ထုတ်လိုက်ရလေသည်။ သူ၏ မူလက နီရဲနေသည့် နှုတ်ခမ်းတစ်စုံသည် ခရမ်းရောင်သမ်းပြီး နက်မှောင်နေပြီ။ ထင်ရှားစွာ သူသည် အဆိပ်သင့်သွားခဲ့သည်။
ဟောင်ခွန်သည် သူရင်ဘတ်ကို ဖုံးအုပ်လိုက်ပြီး သူ၏အငွေ့အသက်သည် ရုတ်တရက်ဆိုသလို ဘာမှမကျန်တော့သည့်အထိ ဖြစ်လာပါသည် ။
"ဘိုးဘေး!"
ဟောင်ကလန် အဖွဲ့ဝင်များ၏ အမူအရာများသည် တခဏချင်း တင်းမာသွားကာ၊ ဟောင်ခွန်ကိုကြည့်နေရင်း သူတို့၏အမူအရာများသည် အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်သွားကြပါသည်။
"ဟား….။ ဟား……။ ခင်ဗျားက ကျန်းအကြီးအကဲကြီးကို အလွယ်တကူနဲ့ ရှုံးနိမ့်သွားခဲ့ ပြီ။ ကျန်းအကြီးအကဲကြီးရဲ့ ယင်လက်သည်း နဲ့ သံမဏိလက်သည်း နှစ်ခုစလုံးမှာ အဆိပ်တွေ ရှိနေတယ်လို့ ငါ ပြောခဲ့ဖူးပါတယ်၊ မင်း အဲဒီလက်သည်းတစ်စုံကို ထိလိုက်တာနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူး။ မင်း ဓားကိုထုတ်လိုက်တဲ့ အချိန်က တည်းက မင်းက ကျန်းအကြီးအကဲကြီးရဲ့ အဆိပ်မိပြီးနေပြီ။ ဟင့်၊ မင်းက ဘယ်လို ပြိုင်ဘက်ကင်း ဓားအင်မော်တယ်မျိုးလဲ။ ဒါက တကယ်ကို ရယ်စရာဟာသတစ်ပုဒ် ပါပဲ ။” ယွန်ဟောင်ယန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။
သူ၏နောက်မှာတော့ ချန်ထန်းလောင် ၊ ချီရှောက်ယန်း နှင့် တခြားလူများသည်လည်း ရက်စက်သည့် အပြုံးကိုယ်စီ ပေါ်လာလေသည်။ ဟောင်ခွန်ကို အနိုင်ယူနိုင်သည်နှင့် ဟောင်ကလန် နှင့် ချင်ယွင် တို့သည် လုံးဝ အဆုံးသတ်သွားမည် ဖြစ်ပါသည်။
"ဟား…။ ဟာ…။ ငါကျန်းယွန်က တစ်နေ့မှာ ပြိုင်ဘက်ကင်း ဓားအင်မော်တယ်ကို အနိုင်ယူလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။"
ထိုအချိန်တွင် နဖူးကိုအပေါ်မော့ကာ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့သော ကျန်းယွန်သည် မြေတွင်းနက်ကြီးထဲမှ အမှန်တကယ် အသက်ရှင်လျက် ထလာလေသည်။ သူ၏ရင်ဘတ်ပေါ်ရှိ ဒဏ်ရာများသည် သိသိသာသာ သက်သာလာခဲ့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
ဟောင်ဝမ်ရှင်း နှင့် တခြားလူများသည် မယုံကြည်သည့် အမူအရာတွေကို ထုတ်ဖော်နေ ကြသည်၏။
"ဟား…။ ဟား….။ ငါတို့ ရှောင်ယန်ဂိုဏ်းမှာ ရှင်ခြင်းသေခြင်းကံကြမ္မာဆေးပြားလို့ ခေါ်တဲ့ ဆေးပြားတစ်မျိုးရှိတယ်ဆိုတာ မင်းတို့ မသိဘူးလား။" ကျန်းယွန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ရှင်ခြင်းသေခြင်းကံကြမ္မာဆေးပြားလား…?" ဟောင်ဝမ်ရှင်း၏ မျက်နှာသည် ချက်ချင်းပင် စိတ်ပျက်အားငယ်သည့်အမူအရာ ပေါ်လာပါသည်။
ရှင်ခြင်းသေခြင်းကံကြမ္မာဆေးပြားသည် ရှောင်ယန်ဂိုဏ်း ပိုင်ဆိုင်ထားသော မြင့်မြတ်သော ကုသဆေးတစ်မျိုး ဖြစ်လေသည်။ ဒဏ်ရာအားလုံးကို အချိန်တိုအတွင်း ကုသပေးနိုင်ပါသည်။ သို့သော်လည်း ကျန်းယွန်သည် သူတို့၏ ဟောင်ကလန်ကို ကိုင်တွယ်ရန်အတွက် ဤမျှ အဖိုးတန်သော ရတနာကို အမှန်တကယ် အသုံးပြု လိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။
"ဟမ်၊ ဒီပြိုင်ဘက်ကင်း ဓားအင်မော်တယ်ကို ငါသတ်ပြီးတာနဲ့ မင်းတို့ ဟောင်ကလန် ထဲမှာရှိတဲ့ လူတိုင်း သေရလိမ့်မယ်။" ကျန်းယွန်က ကောင်းကင်တွင် အဆိပ်သင့်နေပြီ ဖြစ်သော ဟောင်ခွန်ကို မော့ကြည့်ရင်း ရယ်မောကာ သူ၏မျက်လုံးများတွင် လှောင်ပြောင်သရော်ဟန်များ ရှိနေလေသည်။
ဟောင်ခွန်၏ မျက်နှာသည် ညိုမှိုင်းနေပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ဘယ်လိုလဲ။ မင်း အခု နာကျင်နေရပြီလား။ အခု မင်းက ငါ့ရဲ့ ယင်လက်သည်း အဆိပ် သင့်သွားခဲ့ပြီ။ မင်းရဲ့ အစစ်အမှန်အနှစ်သာရကို မင်းသုံးနေသမျှ အဆိပ်ငွေ့တွေက မင်းရဲ့ကိုယ်တွင်းအင်္ဂါတွေကို ကျူးကျော်ဝင်ရောက်သွားလိမ့်မယ်။ အခု မင်းရဲ့ အစစ်အမှန် အနှစ်သာရကို နောက်တကြိမ် ထပ်သုံးလိုက်တာနဲ့ အဆိပ်တွေရဲ့ တိုက်ခိုက်မူကို မင်း ခံရလိမ့်မယ်။ လျှိုအင်မော်တယ်အဆင့် ကျွမ်းကျင်ပညာရှင်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်တော့ဘူး၊ ဟား…. ဟား…..။" ကျန်းယွန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒါပေမယ့် အခုက မင်းရဲ့နာကျင်မှုတွေကို ငါကိုယ်တိုင် အဆုံးသတ်ပေးဖို့ ငါ ဆုံးဖြတ်ထားတယ်။" ကျန်းယွန်၏ မျက်လုံးတွေမှ လှောင်ပြောင်ဟန်က ထွက်ပေါ် လာခဲ့ပြီး သူ၏ပုံရိပ်ကလည်း သရဲတစ္ဆေလို ပြန်လည်ထွက်ပေါ်လာပါသည်။
ဟောင်ခွန်၏ မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားမှု အရိပ်အယောင် ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှ အကန့်အသတ်မဲ့ ဓားဆန္ဒတစ်ခု ထွက်ပေါ်လာသည်။
"ငါဟောင်ခွန် သေရမယ်ဆိုရင်တောင် မင်းကို ငါနဲ့အတူ သေခွင့်ပေးဦးမယ်။ ဓားနယ်မြေတစ်ပိုင်းအဆင့် ဖွင့်…..!"
ဟောင်ခွန်က တိုးတိုးလေး ဟစ်အော်လိုက်ပြီး ထူးခြားသည့် စွမ်းအားတစ်ခုက သီးခြား ပျံ့နှံ့သွားခဲ့သည်။ သူ့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသော ကျန်းယွန်သည် ရွှန့်ညွှံထဲသို့ တခဏမျှ နစ်မြုပ်သွားပုံရပြီး သူ၏ရုပ်အသွင်သည် အလွန်နှေးကွေးလာခဲ့သည်။