အခန်း (၅၆၁-၅၆၅)
Vol. 38 Ch. 561-565
အခန်း (၅၆၁) ကျန်းယွန်ကို သတ်ဖြတ်ခြင်း။
"ဒါက ဘယ်လိုစွမ်းအားမျိုးလဲ၊ ငါ့ရဲ့အမြန်နှုန်းက ဘာလို့ ရုတ်တရက် ဒီလောက် နှေးသွားရတာလဲ" ကျန်းယွန်၏မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်သည့် အမူအရာ ပေါ်လာသည်။
ဤအခိုက်အတန့်တွင် သူသည် ရွံ့ညွှန်အိုင်ကြီးထဲမှာ နစ်မြုပ်နေသကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်ကို ထူးခြားသော စွမ်းအားများဖြင့် ချည်နှောင်ခံထားရပုံပေါ်ပြီး သူ၏ လှုပ်ရှားမှုများသည် အလွန် နှေးကွေးလာသည်။ သူသည် မည်မျှပင် ရုန်းကန်နေရပါစေ အသုံးမဝင်ပါဘူး။
"မင်းက အခုလောလောဆယ်မှာ ငါ့ရဲ့ ဓားနယ်မြေမှာ ရှိနေတယ်။ ငါ့ဓားနယ်အတွင်းမှာ မင်းရဲ့တိုက်ခိုက်မှု အရှိန်နဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းအား နှစ်ခုစလုံးက အားနည်းလာလိမ့် မယ်။ ဆန့်ကျင်ဘက်အနေနဲ့ ငါ့ရဲ့ တိုက်ခိုက်မှုကတော့ ပိုပြီး အားကောင်းလာ လိမ့်မယ်။"။
ဟောင်ခွန်၏ ပါးစပ်ထောင့်တွင် ခရမ်းရောင်နှင့် အနက်ရောင်သွေးများ တွဲလောင်း စီးကျနေသည်။ သူ၏မျက်လုံးများသည် ပြင်းထန်သော အေးစက်မူများဖြင့် ပြည့်နှက်နေသည်။ သူ၏လက်ထဲမှ ကြက်သွေးရောင်သွေးဓားသည် သွေးလို နီရဲတောက်နေပြီး မြင်ရသည့်လူတိုင်းကို အေးစိမ့်မူကို ခံစားရစေသည်။
"ဓားနယ်မြေလား? အဲဒါက တကယ့်ကို ဒဏ္ဍာရီလာ ဓားနယ်မြေလား?" ကျန်းယွန်၏ အမူအရာသည် ရုတ်တရက် ထိတ်လန့်သွားသည်။ ဟောင်ခွန်၏ဓားတာအို နယ်ပယ်သည် ဒဏ္ဍာရီလာ ဓားနယ်မြေဟူသော နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ငါ့ရဲ့ဓားနယ်မြေအတွင်းမှာဆို ငါက ပြိုင်ဘက်ကင်းပဲ” ဤစကားသည် သာမန်ကာ လျှံကာ ပေါ့ပေါ့ပါးပါး စကားမျိုးမဟုတ်ပေ။
ဤအခိုက်အတန့်တွင်၊ ဟောင်ခွန်သည် နှစ်ထောင်ပေါင်းများစွာအတွင်း ဓားတာအို၏ ရှားပါး ပါရမီရှင်တစ်ဦး ဖြစ်လာရခြင်း၏ အကြောင်းကို နောက်ဆုံးတွင် သူသည် နားလည်သွားခဲ့၏။ ဤလက်တစ်ဖက်စာ ဓားနယ်မြေကို အားကိုးရုံဖြင့် သူသည် တူညီသော အဆင့်တွင် ပြိင်ဘက်ကင်းဖြစ်နေပါပြီ။
“ဓားတာအိုရဲ့ ဓားနယ်မြေလား။ ဒါက ဒဏ္ဍာရီလာ ဓားနယ်မြေလား...။"
ဟောင်ကလန်မှ လူတိုင်းလည်း ထိတ်လန့်စွာ အော်ဟစ်ခဲ့ကြသည်။ ဟောင်ခွန်ကို ကြည့်သည့် သူတို့၏ အကြည့်တွေက ရိုသေလေးစားမှု အပြည့်ရှိနေကြပြီး အထူးသဖြင့် ဓားလမ်းစဉ် ကျင့်ကြံသူများဆိုလျှင် သူတို့၏ အကြည့်တွေက နတ်ဘုရားတစ်ပါးလို ရိုသေမှုအပြည့်ရှိနေကြပါသည်။
"ငါက ဓားနယ်မြေတစ်ပိုင်း အဆင့်ကိုသာ ရောက်ရှိသေးပေမယ့် မင်းကို သတ်ဖို့က လုံလောက် နေပါပြီ!" ဟောင်ခွန်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားခဲ့သည်။ သတ်ဖြတ်လိုစိတ်က သူ၏သူငယ်အိမ်များဆီကနေ ပွင့်လန်းလာပြီး အကန့်အသတ်မဲ့ ဓားချီက သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို တဝဲလည်လည် ရစ်ပတ်နေခဲ့သည်။
ပြင်းထန်သော ဓားချီသည် လူတိုင်း၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်လာသော ဧရာမ ဓားရှည်များကဲ့သို့ ဖြစ်နေပြီး သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို အေးစိမ့်သွား စေသည်။
"မင်းရဲ့ အစစ်အမှန်အနှစ်သာရကို မင်းက တကယ်သုံးဝံ့တာလား၊ အဆိပ်ငွေ့တွေက မင်းရဲ့နှလုံးကို တိုက်ခိုက်လာမှာကို မကြောက်ဘူးလား" ကျန်းယွန်သည် ဟောင်ခွန်ကို အလျင်စလိုပြောလိုက်ရင်း ၏မျက်လုံးများက ကြောက်ရွံ့မှုအပြည့် ရှိနေပါသည်။
ဟောင်ခွန်၏ ပါးစပ်ထောင့်စွန်းက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန်းကွေးသွား ကာ သူ၏မျက်လုံးများသည် နှိုင်းစား၍မရအောင်ပင် ခိုင်မာနေဆဲ ဖြစ်ပါသည်။
"ငါဟောင်ခွန်က ငါ့ဘဝမှာ အကြောက်တရားဆိုတာ ဘာတစ်ခုမှ မရှိဘူး။ ဒါကြောင့် သေခြင်းတရားကို ငါက ဘာလို့ ကြောက်နေရမှာလဲ။ အသက်ရှင်ခြင်းက သူရဲကောင်း ဆိုရင် သေဆုံးခြင်းကလည်း တစ္ဆေသူရဲကောင်းဖြစ်တယ်။ ဒီနေ့ ငါ မင်းကို သေခြင်းတရားဆိုတာကို သိစေချင်တယ်။ ငါ့ဟောင်ကလန်ရဲ့ ယောက်ျားတိုင်းက မင်းတို့ရှောင်ယန်ဂိုဏ်း ဆုံးဖြတ်လို့ရတဲ့လူတွေ မဟုတ်ဘူး။"
ဟောင်ခွန်၏ အသံသည် ခေါင်းလောင်းတစ်ခုလို ပဲ့တင်ထပ်နေပြီး ဟောင်ကလန် တစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
တခဏအတွင်းမှာပင်၊ ဟောင်ကလန်မှာရှိသည့် လူတိုင်း၏ နှလုံးသားတွေက တောက်လောင်နေသော မီးတောက်မီးလျှံတွေ လောင်ကျွမ်းသွားသကဲ့သို့ သူတို့၏ ခန္ဓာကိုယ်ထဲက သွေးပူတွေက ဆူပွက်လာပါတော့သည်။
"သူရဲကောင်းတစ်ယောက်အဖြစ်နဲ့ ရှင်သန်ပြီး၊ တစ္ဆေသူရဲကောင်းတစ်ယောက် အဖြစ်နဲ့ သေဆုံးမယ်" သူတို့ဟောင်ကလန်က အဘယ့်ကြောင့် သေရမှာကို ကြောက်နေရမည် နည်း။
ရှောင်ယန်ဂိုဏ်းထံ အရှုံးပေးလိုခဲ့သော ဟောင်ကလန်၏ တပည့်များ အားလုံးသည် သူတို့၏ မျက်လုံးများထဲတွင် ခိုင်မာပြတ်သားသည့် အမူအရာ ဖြစ်ပေါ်လာနေပြီး သူတို့၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက် နေလေသည်။
"တိုက်ပွဲ.....!"
ဟောင်ကလန်၏ ထောင်ပေါင်းများစွာသော တပည့်များသည် တညီတညွတ်တည်း အော်ဟစ်ကြပြီး သူတို့၏ ဟစ်ကြွေးသံများသည် မိုးခြိမ်းသံကဲ့သို့ တလှိမ့်လိမ့်တက် နေသည်။
ဝှီး...!
သူတို့အော်လိုက်စဉ်မှာ ဟောင်ခွန်သည် တုနှိုင်းမရသော အငွေ့အသက်ဖြင့် ကျန်းယွန် ဆီသို့ ပျံသန်းသွားလေသည်။
သူ၏ ကြီးကျယ်ခမ်းနားသော အငွေ့အသက်သည် အုပ်စိုးသူ အာဏာရှင်တစ်ဦးကဲ့သို့ ပြင်းထန်နေပြီး သူ၏လက်ထဲတွင်ရှိသော ကြက်သွေးရောင်သွေးဓားသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးတော့မည့်အလား အစွမ်းထက်လာသည်။ ဤဓားချက်က ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည်မှာ သေချာပါသည်။
ကျန်းယွန်သည် သူ့ဆီကို နှိုင်းယှဉ်၍မရသည့် အငွေ့အသက်နှင့်အတူ ပြေးဝင်လာသည့် ဟောင်ခွန်ကို ကြည့်လိုက်ပါသည်။ သူ၏မျက်နှာက ဖော်ပြ၍မရနိုင်အောင်ပင် လေးနက်သော အမူအရာ ပေါ်လာပါသည်။ ယခုအချိန်မှာ သူ၏နှလုံးသားက တုန်ယင်နေပါသည်။ ဤဓားချက်မှ သေမင်း၏ရနံ့ကိုပင် သူ ရှင်းရှင်းလင်းလင်း အနံ့ခံနိုင်သည်။
ဖိနှိပ်နိုင်စွမ်းကြီးမားသည့် ဓားအငွေ့အသက်က သူ့အပေါ် ကြီးမားသော တောင်ကြီး တစ်ခု ဖိနှိပ်ထားသလို ခံစားလိုက်ရသည်။
"သေလိုက်တော့...!"
ကျန်းယွန်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ အစစ်အမှန်အနှစ်သာရက ထွက်လာပေါ်သည်။ သူ၏လက်သည်းများသည် ချက်ချင်းပင် အနှိုင်းမဲ့ အေးစက်သော အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားသည်။ သူ၏လက်တွေကို ထပ်ကာထပ်ကာ ဝှေ့ယမ်းရင်း လေထဲမှာ လက်သည်းချက်တွေကို ချက်ခြင်း ထုတ်ဖော်လိုက်သည်။
ကုတ်ခြစ်လိုက်သည်လက်သည်းပုံသဏ္ဍာန် အေးစက်စက် ရောင်ခြည်တန်းနှစ်ခုသည် ကောင်းကင်ယံကို ဆုတ်ဖြဲကာ သူ့ဆီသို့ ပြေးဝင်လာနေသော ဟောင်ခွန်ဆီသို့ အပြင်းအထန် ဖြတ်တောက်သွားသည်။
"အဲဒါက အသုံးမဝင်ဘူး။ ငါ့ဓားနယ်မြေထဲမှာ၊ ငါက ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ပဲ။"
ဟောင်ခွန်က ညင်သာစွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ ကြက်သွေးရောင် သွေးဓားကို အလျားလိုက် ခုတ်ပိုင်းကာ ကျန်းယွန်၏ တိုက်ခိုက်မှုတွေကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။
ဝှီး...!
တစ်ချိန်တည်းမှာပင်၊ ဟောင်ခွန်၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သူ၏မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ကျန်းယွန်၏ ရှေ့တွင် တစ္ဆေတစ်ကောင်လို ပေါ်လာသည်။
ကျန်းယွန်၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး သူ၏ အစစ်အမှန် အနှစ်သာရကို အရှိန်အဟုန်ဖြင့် စုစည်းလိုက်ပြန်သည်။ သူသည် သူ၏ လက်ထဲတွင် ရှိနေသော သံမဏိလက်သည်းကို ဝှေ့ယမ်းလိုက်ကာ ဟောင်ခွန်၏ ရင်ဘတ်ကို ဆုတ်ဖြဲလိုက်လေသည်။
"ငရဲကိုသွားလိုက်တော့...!"
ကျန်းယွန်၏ သံမဏိလက်သည်းက ဟောင်ခွန်၏ရင်ဘတ်ကို မထိခင်မှာ ဟောင်ခွန်၏ လက်ထဲမှ ကြက်သွေးရောင်သွေးဓားက သွေးရောင်နေရောင်တစ်စင်းကဲ့သို့ ကျန်းယွန် ၏ လည်ပင်းကို တိုက်ရိုက် ဖြတ်တောက်သွားလေသည်။
"ဖတ်...!"
အသားကို ဖြတ်ပိုင်းလိုက်သည့် ဓားအသံသည် လူတိုင်း၏ နားထဲတွင် ကြားနေ သော်လည်း မူလက တိုးညှင်းသောအသံသည် မိုးခြိမ်းသံကဲ့သို့ သူတို့၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။
"မြန်ဆန်လိုက်တဲ့ဓား”
ကျန်းယွန်၏ မျက်လုံးများသည် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသော် လည်း သူ၏လည်ပင်းမှ စူးစူးရှရှ နာကျင်မှုကြောင့် သူ၏အသိစိတ်များသည် တဖြည်း ဖြည်း ပျောက်ကွယ်သွားကာ သူ၏လည်ပင်တစ်ခုလုံးသည် ခံစားမူ လုံးလုံး ကင်းမဲ့သွားလေသည်။
"ဖတ်......!"
ကျန်းယွန်၏လည်ပင်းတွင် သွေးစိမ့်ထွက်လာသည့် ဒဏ်ရာတစ်ခုသည် တဖြည်းဖြည်း ကျယ်လာခဲ့ပြီး စမ်းရေတွင်းကဲ့သို့ သွေးများ ပန်းထွက်လာသည်။
နောက်ဆုံးအထိတိုင်၊ ကျန်းယွန်သည် ဟောင်ခွန်၏ ဓားချက်သည် အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ထွက်ပေါ်လာရသနည်းဆိုသည်ကို နားမလည်နိုင်ဘဲ သွေးအလင်း ရောင်က ဖျတ်ခနဲလင်းလက်သွားသည်ကိုသာ မြင်လိုက်ရပါသည် ။
တကယ်တော့ ဟောင်ခွန်၏ဓားက ပိုမြန်လာတာမဟုတ်ဘဲ သူကိုယ်တိုင်က နှေးကွေးသွားခဲ့သည့်အကြောင်းကို သူ သိမသွားခဲ့ပါဘူး။
ဤသည်မှာ ဓားနယ်မြေနှင့်ပတ်သက်ပြီး အမှန်တကယ် ကြောက်စရာကောင်းသည့် အချက်ဖြစ်ပါသည်။ ဓားနယ်မြေအတွင်းမှာဆို ပြိုင်ဘက်သည် အလွန်အားနည်းသွား မည် ဖြစ်ပြီး၊ ဓားနယ်မြေသခင်၏ အင်အားသည် များစွာတိုးလာပါလိမ့်မည်။
သဘာဝအတိုင်းဆို သတ်ဖြတ်မည့်သူက အသက်ချမ်းသာပေးမှသာ ရှင်သန် လွတ်မြောက်နိုင်ပါလိမ့်မည်။
"ဘုန်း....!"
ကျန်းယွန်၏အလောင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ကွင်းပြင်တစ်ခုလုံး သေလောက်အောင်ပင် တိတ်ဆိတ်နေပြီး ရှောင်ယန်ဂိုဏ်း၏ ဒုတိယအစွမ်းထက်ဆုံး ကျွမ်းကျင်ပညာရှင်သည် ဤဓားတစ်ချက်ကြောင့် သေဆုံးခဲ့ရသည်။
ဟောင်ကလန် တပည့်များ၏ မျက်လုံးများသည် တောက်ပသော အလင်းရောင်များဖြင့် ဝင်းလက်တောက်ပနေကြသည်။ ဤသည်မှာ သူတို့ဘိုးဘေး၏ စွမ်းအား ဖြစ်ပါသည်။ ဘိုးဘေးအပေါ် သူတို့စိတ်နှလုံးထဲမှာ ကြည်ညိုလေးစားမှုတွေက အထွတ်အထိပ်ကို ချက်ချင်း ရောက်ရှိသွားလေသည်။
ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေး ယွန်ဟောင်ယန်သည်လည်း သူ၏မျက်နှာပေါ်တွင် အလွန်အမင်း မှိုင်းညို့နေသည့် အမူအရာ ရှိနေပါသည်။ သူသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့်အတူ ကျန်းယွန်၏ အလောင်းကို ကြည့်နေပါသည်။
"ဖူး.....!"
သို့သော်လည်း ထိုအခိုက်အတန့်တွင် ကြီးကျယ်ခမ်းနားသော အောင်ပွဲတစ်ခုကို ဆွတ်ခူးပြီးသော ဟောင်ခွန်သည် သူ၏ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရလေသည်။ သူ၏အငွေ့အသက်သည် လုံးဝ ရှုတ်ထွေးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အချိန်မရွေး ပြုတ်ကျသွားနိုင်သကဲ့သို့ လေထဲတွင် လွင့်မျောသွားသည်။
သူသည် ကျန်းယွန်ကို သေဆုံးသည်အထိ တိုက်ခိုက်နိုင်ခဲ့သော်လည်း သူကိုယ်တိုင် အဆိပ်သင့်နေပြီး ဖြစ်လေသည်။ နောက်ပိုင်းတွင် သူသည် သူ၏ အစစ်အမှန် အနှစ်သာရကို အတင်းအကြပ် အသုံးပြုခဲ့ရသည်။ ထိုအချိန်တွင်၊ အဆိပ်အငွေ့သည် သူ၏နှလုံးထဲသို့ ထိုးဖောက်ဝင်ရောက်နေပြီး ဖြစ်ကာ သူ၏အသက်က သိပ်ပြီး မကြာရှည်နိုင်တော့ပေ။
ဝှီး...!
ထိုအချိန်မှာပဲ ယွန်ဟောင်ယန်၏ နောက်ကွယ်က ထွားကျိုင်းသန်မာသည့် အမျိုးသားသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာလေသည်။ သူ၏ပုံရိပ်သည် ဟောင်ခွန် ၏ ရှေ့မှာ ချက်ချင်းပေါ်လာခဲ့ပြီး ဟောင်ခွန်၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးနှက် လိုက်လေသည်။
"ဘုန်း....!"
ဟောင်ခွန်၏ ပါးစပ်မှသွေးများ အန်ထုတ်လိုက်ရပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ဧရာမ ကျောက်တုံးကြီးတစ်ခုကဲ့သို့ နောက်ပြန် လွင့်ထွက်သွားလေသည်။
"ဘိုးဘေး.....!"
ဟောင်ဝမ်ရှင်းသည် အလျင်အမြန် ပျံသန်းသွားခဲ့ပြီး ဟောင်ခွန်ကို ဖမ်းလိုက်ကာ မြေပြင်ပေါ် အသာအယာချထားလိုက်သည်။
ဟောင်ခွန်သည် သေခါနီးဆဲဆဲပင် ဖြစ်နေပါပြီ။ သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေပြီး သူ၏ရင်ဘတ်ကလည်း ချိုင့်ဝင်နေသည်။ သူ၏ ဒဏ်ရာများသည် ဖော်ပြ၍ မရအောင်ပင် ပြင်းထန်လှသည်။
"ဟား....။ ဟား......။ ခင်ဗျားက ပြိုင်ဘက်ကင်း ဓားအင်မော်တယ်ဆိုတော့ရော ဘာဖြစ်လဲ? နောက်ဆုံးတော့ ခင်ဗျားက ကျုပ်ရှောင်ယန်ဂိုဏ်းရဲ့ လက်ထဲမှာပဲ သေရတော့မှာ မဟုတ်လား။ ဒီဟောင်ခွန်ရဲ့ အကာအကွယ် မရှိမှတော့ မင်းတို့ရဲ့ ဟောင်ကလန်က ဘာလုပ်နိုင်ဦးမလဲဆိုတာ ငါ ကြည့်ချင်မိတယ်။ ဒီနေ့ ရှောင်ယန် ဂိုဏ်းကို ဆန့်ကျင်တဲ့ မင်းတို့ရဲ့ ဟောင်ကလန်ကလူ အားလုံး သေရလိမ့်မယ်။" ယွန်ဟောင်ယန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။ ဟောင်ကလန်ကို ကြည့်နေကြသည့် လူတိုင်း၏ မျက်လုံးများတွင် အထင်အမြင်သေးမူ လှောင်ပြောင် သရော်မူများဖြင့် ပြည့်နှက်နေ၏။
ယွန်ဟောင်ယန်ကို ကြည့်နေကြသည့် ဟောင်ကလန် တပည့်များ၏ မျက်လုံးများသည် လည်း အမျက်ဒေါသများဖြင့် ပြည့်နှက်နေခဲ့ပြီး ဟောင်ဝမ်ရှင်း၏ မျက်လုံးများသည် အနှိုင်းမဲ့ အေးစက်သွားသည်။
သို့သော် ယွန်ဟောင်ယန် ပြောသည့်အတိုင်း အမှန်ပင် ဖြစ်ပါသည်။ ဟောင်ခွန်၏ အကာအကွယ်မရှိလျှင် သူတို့၏ ဟောင်ကလန်သည် ပျက်သုဉ်းသွားမည် ဖြစ်ပါသည်။
ဟောင်ဝမ်ရှင်းသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း ယွန်ဟောင်ယန်ဘက်မှာ ထိုကြံ့ခိုင်သန်မသော အမျိုးသားအပြင် ကောင်းကင်ယံ၌ သားရဲတစ်ကောင်လည်း ရှိနေပါသေးသည်။ ထိုသားရဲ၏ ခွန်အားကလည်း ထိုကြံ့ခိုင်သန်မာသူ အမျိုးသားအောက် နိမ့်ကျပုံမရချေ။
နှောင်းပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်ပညာရှင် နှစ်ဦးသည် သူ၏ဟောင်ကလန်ကို ချေမှုန်းပစ်ရန် လုံလောက်ပါသည်။
"ယွန်ဟောင်ယန်၊ မင်း ဟောင်ကလန်ထဲက လူတိုင်းကို လွှတ်ပေးတာနဲ့ ငါ မင်းနောက်ကို လိုက်ဖို့ ဆန္ဒရှိတယ်"
ဤအခိုက်အတန့်တွင် လူတိုင်း၏နားထဲသို့ အနှိုင်းမဲ့အေးစက်သော အသံတစ်ခုက ထွက်ပေါ်လာပါသည်။ ဟောင်ကလန်၏ လူအုပ်ကြားထဲမှ လှပသော ရုပ်အသွင်အပြင် တစ်ခုက ထွက်လာပါသည်။
အခန်း (၅၆၂) ချင်ယွင်ရောက်ရှိလာခြင်း။
ချန်မင်ရှီ၏ စကားများသည် ချက်ချင်းပင် ကွင်းပြင်တစ်ခုလုံးကို နောက်တကြိမ် ငြိမ်သက်သွားစေခဲ့သည်။ လူတိုင်း၏ မျက်လုံးများက သူမကို စိုက်ကြည့်နေကြပါသည်။
ချန်မင်ရှီသည် ကောင်းကင်နဂါးတိုက်ကြီး၏ မိန်းမလှလေးဦးထဲမှ တစ်ဦးဖြစ်ထိုက် သည်ဟု ဆိုရပေမည်။ သူမ၏ရုပ်ရည်အသွင်အပြင်နှင့် စိတ်နေစိတ်ထားက အားလုံး ကောင်းမွန်ပြီး သူမစကားပြောလိုက်သည့် အခိုက်အတန့်မှာပင် သူမသည် ချက်ချင်း ဆိုသလို ရောက်ရှိလာသူ လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။
ချန်မင်ရှီ၏ စကားကိုကြားလိုက်ရလျှင် ယွန်ဟောင်ယန်သည် ချန်မင်ရှီကို လှည့်ကြည့် လိုက်သော်လည်း သူ၏မျက်လုံးများတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ရှိနေ ပါသေးသည်။
"မင်းက ငါနဲ့လိုက်ခဲ့ဖို့ ဆန္ဒရှိတာလား? ဟိုသူရဲဘောကြောင်တဲ့ ချင်ယွင်ဆိုတဲ့ကောင် ထွက်ပြေးသွားတာကို မင်း တွေ့လိုက်ရပြီ မဟုတ်လား၊ အခု မင်း နောင်တရနေပြီ မဟုတ်လား? မင်းရဲ့သစ္စာဖောက်မှုဟာ ငါ့အတွက် ဘယ်လောက်တောင် အရှက်ရစေလဲ ဆိုတာ မင်းသိရဲ့လား" ယွန်ဟောင်ယန်က မထီမဲ့မြင်ပြုသည့်အမူအရာဖြင့် သူ၏လေသံ ကလည်း အလွန်အေးစက်နေသည်။
"မဟုတ်ဘူး၊ ငါက နောင်တမရဘူး!" သို့သော်လည်း ယွန်ဟောင်ယန်၏ စကား ပြီးဆုံးသွားသည်နှင့် ချန်မင်ရှီ၏ အေးစက်စက် အသံက ထပ်ပြီး ထွက်ပေါ်လာပါသည်။ သူမ၏ ရေခဲသဖွယ်အေးစက်ပြီး ဖျတ်လတ်သွက်လက်သည့် မျက်လုံးတစ်စုံက ယွန်ဟောင်ယန်ကို စိုက်ကြည့်လာသည်။
"ငါ ချန်ကလန်ရဲ့အိမ်တံခါးကနေ ထွက်လာကတည်းက ငါချန်မင်ရှီဟာ ဘယ်တော့မှ နောင်တ မရခဲ့ဘူး။ ငါ တစ်ယောက်ယောက်ကို ချစ်မိသွားတာနဲ့ အဲဒီလူရှေ့မှာ မျက်နှာဖုံးအကာကို ငါကိုယ်တိုင် ချွတ်ပစ်မယ်လို့ ကျိန်ဆိုခဲ့ဖူးတယ်။ အခု ငါ့မျက်နှာဖုံး ကို ငါ ဖယ်ပြီးပြီ။ ငါချန်မင်ရှီဟာ ဒီဘဝတစ်သက်သာမှာ သူ့အပိုင် ဖြစ်သွားခဲ့ပြီ။ တကယ်လို့ မင်းအနေနဲ့ ရှိသမျှနည်းလမ်းတွေသုံးပြီး ငါ့ကိုရအောင် ယူနိုင်မယ်ဆိုရင် တောင် မင်းက ငါ့နှလုံးသားကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်တော့ဘူး။"
.
ယွန်ဟောင်ယန်၏ မျက်လုံးများသည် အလွန် အေးစက်သွားခဲ့သည်။ ချန်မင်ရှီသည် စိတ်ပြောင်းသွားပြီး သူနှင့်အတူ ထွက်သွားချင်ခဲ့သည်ဟု မူလက သူ ထင်ထားခဲ့သည်။ ထို့ကြောင့် သူမကို ထိုအခွင့်အရေးပေးရန်ပင် စိတ်မ၀င်စားခဲ့ချေ။
သို့သော် ချန်မင်ရှီသည် လူတိုင်း၏ရှေ့တွင် ထိုသို့သော စကားမျိုးပြောလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယင်းက သူ၏မျက်နှာကို သေချာပေါက် ပါးရိုက်လိုက်ခြင်းဖြစ်ပြီး သံသယရှိစရာပင် မလိုပါချေ။
ဟောင်ကလန်၏ တပည့်များလည်း အံ့ဩမှင်သက်သွားကြ၏။ သူတို့၏ နှလုံးသား များသည် ယခင်က တစ်ခါမှ ထွက်ပေါ်မလာခဲ့ဖူးသော ချင်ယွင်အပေါ် မနာလိုမှုနှင့်အတူ မကျေမချမ်းဖြစ်ခြင်းများဖြင့် ပြည့်နှက်နေပါသည်။ သူတို့သည် ထိုကဲ့သို့သော မိန်းမမျိုးကို ချစ်မိသွားအောင် ဖမ်းစားနိုင်သည့်အတွက် သူ့ကို မနာလိုဖြစ်ခဲ့ကြပြီး သူ၏အသက်အတွက် တစ်ယောက်တည်း ထွက်ပြေးသွားခဲ့ပြီး ထိုကဲ့သို့သော အမျိုးသမီးကို စွန့်ပစ်သွားသည့်အတွက် မကျေမချမ်း ဖြစ်နေခဲ့ကြသည်။
ရန်စီချီလည်း ထိတ်လန့်သွားသည်။ ချန်မင်ရှီက ချင်ယွင်ကို လေးလေးနက်နက် ချစ်နေခဲ့ပြီး လူတိုင်း၏ရှေ့မှာ ယခုလိုစကားမျိုး ပြောထွက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါဘူး။
"ဟမ့်၊ ကိုယ့်အသက်အတွက်နဲ့ မိန်းမတစ်ယောက်ကို ထားရစ်ခဲ့ပြီး ထွက်ပြေးသွားတဲ့ သူရဲဘောကြောင်သူတစ်ယောက်အတွက် အဲလိုလုပ်တာ တကယ်ကို ထိုက်တန်တယ် ပေါ့။ ငါယွန်ဟောင်ယန်က သူ့ကိုတောင် မယှဉ်နိုင်ဘူးလား…။" ယွန်ဟောင်ယန်က ဒေါသတကြီး ပြောလိုက်လေသည်။ သူ၏ မျက်နှာပေါ်ရှိ အမူအရာသည်လည်း ဒေါသပေါက်ကွဲသည့်အမူအရာသို့ စတင် ပြောင်းလဲလာသည်။
"မဟုတ်ဘူး၊ မင်းပြောတာ မှားတယ်၊ ငါက သူ့မိန်းမ မဟုတ်ဘူး၊ အစကနေ အဆုံးအထိ၊ သူက ငါ့ကို ဘာကတိတွေမှလည်း မပေးခဲ့ဖူးဘူး၊ ဒါကြောင့် သူ ငါ့ကို စွန့်လွှတ်ခဲ့တာ မှန်တယ်။ ဒါပေမယ့် ငါ့မျက်လုံးတွေထဲမှာ မင်းက သူနဲ့ ဘယ်လိုမှ နှိုင်းယှဥ်လို့ မရဘူးဆိုတာ ငါ သေချာပါတယ်။ တကယ်လို့ သူက သာမန်သေမျိုးတစ်ယောက် ဒါမှမဟုတ် သူတောင်းစား တစ်ယောက်ဖြစ်နေမယ်ဆိုရင်တောင် သူက မင်းထက် အဆတစ်ထောင် ပိုသန်မာနေသေးတယ်လို့ ငါယုံကြည်တယ်။ သူ ထွက်ပြေးမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်နေတယ်။” ချန်မင်ရှီက ထပ်ပြောလိုက်သည်။ သူမ၏ အသံက အေးစက်ပြီး ဖော်ရွှေမူအလျဉ်းကင်းမဲ့၏။
"သေမျိုးတစ်ယောက်လား? သူတောင်းစားတစ်ယောက်လား..?" ယွန်ဟောင်ယန်က ဒေါသတကြီး ရေရွတ်ရင်း နောက်ပြန်ခေါင်းမော့သည်အထိ ရယ်မောလိုက်လေသည်။
သူ ယွန်ဟောင်ယန်က ဘယ်လိုလူမျိုးလဲ?။ ရှောင်ယန်ဂိုဏ်း၏ ဂုဏ်သိက္ခာရှိသော ဂိုဏ်းသခင်လေး၊ ရှောင်ယန်ဂိုဏ်း၏ အနာဂတ် ဂိုဏ်းခေါင်းဆောင်တစ်ယောက်။ ပြီးတော့ ချန်ကလန်၏ ကလန်ခေါင်းဆောင်တောင်မှ သူ၏ရှေ့တွင် ဒူးထောက်ရပြီး သူ၏ ချန်ကလန်ကို ချမ်းသားပေးရန် မျှော်လင့်လျက်ဖြင့် သူ၏ လက်တစ်ဖက်ကို ကိုယ်တိုင် ဖြတ်ပစ်အောင် စွမ်းဆောင်နိုင်ခဲ့သူ။
ယခုဆိုလျှင် ချန်မင်ရှီက ရှောင်ယန်ဂိုဏ်း၏ ဂုဏ်သိက္ခာရှိသော ဂိုဏ်းသခင်လေးသည် သေမျိုးတစ်ယောက်၊ သူတောင်းစား တစ်ယောက်ထက်ပင် နိမ့်ကျသည်ဟု အမှန်တကယ်ပင် ပြောနေခဲ့သည်။
ယင်းက အလွန်ရယ်စရာကောင်းသော ပြက်လုံးကြီးတစ်ခုကို ကြားလိုက်ရသကဲ့သို့ သူ့ကို ခံစားရစေသည်။
"သူ ထွက်ပြေးမသွားဘူးလို့ မင်း ပြောခဲ့တယ်နော်။ ဒါဆို သူက ဘယ်မှာလဲ?။ ဟောင်ကလန်မှာ ဒီလောက်ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မူကြီး ဖြစ်ပျက်သွားခဲ့တယ်။ သူ တုန်းဝူမြို့အပြင်ဘက်မှာ ရှိနေရင်တောင် သူဒီသတင်းကို ကြားသိတာနဲ့ ကြောက်ပြီး အလောတကြီး ထွက်ပြေးမှာကိုတောင် ငါ ကြောက်မိတယ်။" ယွန်ဟောင်ယန်၏ မျက်လုံးများမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။
ယခုအချိန်တွင် ချင်ယွင်သည် မည်သည့်နေရာသို့ ထွက်ပြေးသွားပါစေ၊ မြေကြီးထဲသို့ သုံးပေတူးရမည်ဆိုလျှင်ပင် သူသည် ဤချင်ယွင်ကို မတွေ့တွေ့အောင် ရှာမည်ဟု စိတ်ထဲတွင် တွေးထားပြီး ဖြစ်သည်။
"ကျွန်မယောက်ျားက သေချာပေါက် ထွက်ပြေးသွားတာ မဟုတ်ဘူး။ သူက ယာယီ တံခါးပိတ်ပြီး ကျင့်ကြံနေတာ" ရန်စီချီက မတ်တပ်ရပ်ပြီး ရှင်းပြလိုက်သည်။
"မှန်တယ်၊ ငါ့ဆရာက ထွက်ပြေးသွားတာ မဟုတ်ဘူး။ သူ သီးသန့်ကျင့်ကြံရာကနေ ထွက်လာတာနဲ့ မင်းကို အဖေအမေတပြီး မျက်ရည်ကျတဲ့အထိ ရိုက်နှက်ပစ် လိမ့်မယ် " ဟောင်ကျင်းလေး၏အသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ယွန်ဟောင်ယန်သည် သူ၏ မျက်လုံးများထဲတွင် အလိုလောဘတက်သည့် အရိပ်အယောင်များဖြင့် ရန်စီချီကို လှည့်ကြည့်လိုက်လေသည်။
သူ နောက်ဆုံးအကြိမ်တုန်းက ရန်စီချီကို သူ၏ခန်းဝင်ပစ္စည်း အစေခံအဖြစ် ခွင့်ပြုပေးဖို့ ချန်ကလန်ကို တောင်းဆိုခဲ့ခြင်းက ရန်စီချီ၏ ရုပ်ရည်အသွင်အပြင် သက်သက်ကြောင့် မဟုတ်ပေ။ ပို၍အရေးကြီးသည်မှာ၊ ရန်စီချီသည် ရှန်းတန်ယင်အအေးခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည်ကို သူခံစားခဲ့ရပြီး သူသည်လည်း အအေးစွမ်းအင် ကျင့်ကြံခြင်း နည်းပညာရပ်ကို ကျင့်ကြံထားခြင်းဖြစ်သည်။ အကယ်၍ သူသည် ရန်စီချီနှင့်အတူတူ ကျင့်ကြံနိုင်မည်ဆိုလျှင် ယင်းသည် သူ၏ကျင့်ကြံမူအတွက် များစွာ အထောက်အကူ ဖြစ်ပါလိမ့်မည်။
ထိုအချိန်တုန်းက သူသည် ရန်စီချီသည် ချန်ကလန်၏ အစေခံတစ်ဦးဟုသာ ထင်ခဲ့သော်လည်း သူမသည် ချင်ယွင်၏ မိန်းမ ဖြစ်နေလိမ့်မည်ကို သူ မမျှော်လင့်ခဲ့ပေ။
"ဟမ့်၊ မင်းတို့ ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ ငါ ဂရုမစိုက်ဘူး။ အခု မင်းတို့အနေနဲ့ ငါ့ရှေ့မှာ ဒူးထောက်ပြီး မင်းတို့ကို ခွင့်လွှတ်ပေးဖို့နဲ့ မင်းတို့ရဲ့ ဘဝတစ်သက်သာလုံး ငါ့ကို အစေခံအဖြစ် ခံစားဖို့ ကျိန်ဆိုလိုက်တာနဲ့ ငါ မင်းတို့ကို လွှတ်လိုက်မယ်" ပြီးတော့ ဟောင်ကလန်ကိုလည်း လွှတ်ပေးလိုက်မယ်။" ယွန်ဟောင်ယန်သည် အမျိုးသမီး နှစ်ယောက်ကို ကြည့်ကာ ခက်ထန်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
"မင်းက အိပ်မက်မက်နေတာလား!" အမျိုးသမီး နှစ်ယောက်က တညီတညွတ်တည်း ပြောလိုက်ကြသည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ဒီလိုဆိုမှတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ ယွန်ထန်း ၊ ဘိုင်ယု၊ ငါ့အတွက် ဟောင်ကလန်က လူအားလုံးကို သတ်ပစ်လိုက်တော့" ယွန်ဟောင်ယန်က အမိန့်ပေးလိုက်ပါသည်။
"ဟုတ်ကဲ့ပါ။ ဂိုဏ်းသခင်လေး…!"
အသံနှစ်ခုက တစ်ပြိုင်နက် ထွက်ပေါ်လာပါသည်။
ယွန်ထန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ အေးစက်စက် မျက်နှာသည် အနှစ်တစ်ထောင်ကြာ မပြောင်းလဲသော ရေခဲတုံးကဲ့သို့ ဖြစ်နေပါသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်မှ နဂါးဟိန်းဟောက်သံက ထွက်ပေါ်လာသည်။ ထို့နောက် အဖြူရောင် အလင်းတန်းတစ်ခု ဆင်းသက်လာခဲ့ပြီး ချောမောသော လူငယ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပါသည်။ သို့သော် သူ၏ခန္ဓာကိုယ်သည် ပြင်းထန်သော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။ သူ၏ ကျင့်ကြံမှုအဆင့်သည် ယွန်ထန်းကဲ့သို့ အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့် တွင် ဖြစ်လေသည်။
တချိန်တည်းမှာပင် နှစ်ယောက်သား ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သည်နှင့် တစ်ပြိုင် နက်၊ ဟောင်ကလန်အပေါ် ဧရာမတောင်ကြီးနှစ်ခုကဲ့သို့ ချက်ချင်း ဖိနှိပ်လာလေသည်။
ဟောင်ဝမ်ရှင်း နှင့် တခြားလူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာတွေက ချက်ချင်း ဖြူဖျော့သွားလေသည်။
ယခုအချိန်တွင် ဟောင်ကလန်မှာ အစွမ်းထက်ဆုံးသူ သူတစ်ယောက်သာ ရှိသည်။ သို့သော်၊ သူသည်လည်း အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ နှောင်းပိုင်း အဆင့်တွင်သာ ရှိပါသေးသည်။ အကယ်၍ သူသည် နှစ်ယောက်ထဲမှ တစ်ယောက်ကို တားဆီးနိုင်လျှင်ပင် ကျန်တစ်ယောက်က ဟောင်ကလန်မှာရှိသည့် လူတိုင်းကို သတ်ဖြတ်နိုင်စွမ်း ရှိနေပါသည်။
ရန်စီချီနှင့် ချန်မင်ရှီတို့၏ မျက်နှာအမူအရာများသည် အလွန် လေးနက်လာပါသည်။ သူမတို့ရှေ့မှ အခြေအနေသည် အလွန်ဆိုးရွားသည့် အဆင့်အထိ ရောက်ရှိသွားပါပြီ။
သူမတို့အတွက်နှင့် ဟောင်ကလန်က အသေခံရမည်ကို သူမတို့အနေဖြင့် သည်းမခံနိုင်သော်လည်း သူမတို့သည် ယွန်ဟောင်ယန်၏ ကျေးကျွန်များ မဖြစ်ချင် ကြပါဘူး။ ယင်းကြောင့် သူမတို့ကို လုံးဝ အကျပ်ရိုက်စေခဲ့ပါသည်။
" ချင်ယွင် ၊ မင်းဘယ်မှာလဲ" ရန်စီချီက စိုးရိမ်တကြီး ပြောလိုက်မိသည်။
အကယ်၍ ချင်ယွင်သာ ဤနေရာမှဦ ရှိနေမည်ဆိုပါလျှင်၊ သူမရှေ့တွင် ဤကပ်ဆိုးကြီး ကို ဖြေရှင်းနိုင်မည့် နည်းလမ်းရှိမည်ဟု သူမ ယုံကြည်ပါသည်၊ အကြောင်းမှာ သူမ၏ မျက်လုံးများတွင် ချင်ယွင် မဖြေရှင်းနိုင်သော ပြဿနာမရှိသောကြောင့် ဖြစ်ပါသည်။
" ယွန်ထန်း ၊ဘိုင်ယု လုပ်လိုက်တော့!" ယွန်ဟောင်ယန်က ထပ်အော်ပြောလိုက်သည်။
ထိုစကားကို ယွန်ထန်း နှင့် ဘိုင်ယုတို့ ကြားလိုက်ရသည့်အခါ သူတို့၏ မျက်လုံးတွေက ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များကို ချက်ချင်း ထုတ်ဖော်လိုက်ပါသည်။ သူတို့၏ အစစ်အမှန် အနှစ်သာရတွေက သူတို့၏ကိုယ်ခန္ဓာအတွင်း ပျံ့နှံ့သွားခဲ့ပြီး နောက်စက္ကန့်အကြာတွင် ၎င်းတို့အား ထုတ်လွှတ်ပစ်ပါတော့မည်။
သို့သော် ထိုအချိန်တွင် ကောင်းကင်ယံ၌ ရုတ်တရက် မုန်တိုင်းတစ်ခု ကျရောက်လာခဲ့သည်။ တိမ်မည်းများက ဒီရေလှိုင်းကဲ့သို့ သူတို့ဆီသို့ တိုးဝင်လာခဲ့ပြီး အကန့်အသတ်မဲ့ ဖိအားတစ်ခုက ချက်ချင်း ကျဆင်းလာသည်။
လူတိုင်း မှင်သက် အံ့ဩသွားကြပါသည်။ ကောင်းကင်မှာဖြစ်ပေါ်လာသည့် မည်းမှောင်နေသော တိမ်တိုက်တွေကို ကြည့်လိုက်ရင်း သူတို့သည် အဖြစ်အပျက်ကို နားမလည်ကြပါဘူး။
"တကယ်လို့ မင်းတို့သာ ဟောင်ကလန်ရဲ့ အဖွဲ့ဝင်တစ်ဦးတစ်ယောက်ကို ထိဝံ့တယ်ဆိုရင် မင်းတို့ကို သင်္ချိုင်းမြေမှာ မြုပ်စရာမလိုဘဲ သေချာပေါက် သေအောင် သတ်ပေးမယ်"
သို့သော် ထိုအချိန်တွင် လေထုထဲမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း နောက်တကြိမ် မှင်သက် အံ့အားသင့်သွားကြပြန်ပြီး ယွန်ဟောင်ယန်ပင် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်မိသွားသည်။
ရန်စီချီ နှင့် ချန်မင်ရှီတို့သည် ထိုအသံကို ကြားလိုက်ရသည့်အခါတွင် သူမတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း တောက်ပသွားကြသည်။
ဟောင်ကလန်၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်ရှိ ကောင်းကင်ယံ အထက်တွင် အက်ကွဲကြောင်းတစ်ခု ရှိလာလေသည်။ အဖြူရောင်၀တ်စုံ ၀တ်ထားသည့် လူငယ်တစ်ယောက်သည် ထိုအက်ကွဲကြောင်းထဲမှ ထွက်လာလေသည်။
ရန်စီချီ နှင့် ချန်မင်ရှီတို့သည် အဖြူရောင်ဝတ်စုံဝတ်လူငယ်ကို ထပ်မံ တွေ့လိုက်ရသည့် အခါတွင် သူမတို့သည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ကျလာခဲ့သည်။
"ချင်ယွင်လား….!"
ယွန်ဟောင်ယန်၏ နောက်ကွယ်တွင်ရှိနေသည့် ချန်ထန်းလောင်နှင့် ချီရှောက်ယန်းတို့ ၏ မျက်လုံးများမှ သတ်ဖြတ်လိုသည့်ဆန္ဒများ ပေါက်ကွဲထွက်လာလေသည်။
အခန်း (၅၆၃) လက်သီးတစ်ချက်။
"ချင်ယွင်လား…..?"
ချန်ထန်းလောင် နှင့် ချီရှောက်ယန်းတို့က ထိုစကားကို ပြောလိုက်စဉ်မှဦ ရုတ်တရက် ပေါ်လာသော ဤလူငယ်သည် အဖြစ်အပျက်တစ်ခုလုံး၏ တရားခံ ချင်ယွင်ဖြစ်သည်ကို လူတိုင်း ချက်ချင်း သဘောပေါက်သွားကြလေသည်။
လူတိုင်းသည် မကြာသေးမီကမှ အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော ဤပုဂ္ဂိုလ်ထံ လှည့်ကြည့်လိုက်လေသည်။
ချင်ယွင်သည် အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး သူ၏အသွင်အပြင်က အရပ်ရှည်ရှည် သွယ်လျပြီး၊ တင်းမားပြတ်သားပြီး အေးစက်သော မျက်နှာထားနှင့် အတူ၊ လက်နှစ်ဖက်နောက်ပစ်ကာ ကောင်းကင်ယံကို စိုက်ကြည့်နေသည်။
ယခုအချိန်တွင် ချင်ယွင်သည် ကြောက်ခမန်းလိလိ အငွေ့အသက်မျိုးကို ပိုင်ဆိုင်ထားခြင်း မရှိဘဲ ရိုးစင်းပြီး အပြစ်ကင်းစင်သော အငွေ့အသက်တစ်ခုမျှကိုသာ ပိုင်ဆိုင်ထားပါသည်။
ဤရိုးစင်းမှုနှင့် အပြစ်အနာအဆာကင်းစင်မှုသည် ချင်ယွင်နှင့် ကနဦးစကြဝဠာတို့ ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပါသည်။ သို့သော်လည်း ဤသာမန် ကျင့်ကြံသူများသည် တော်ဝင်တာအို၏ ရိုးရှင်းမှုသဘောတရားနှင့် ပတ်သက်၍ အထူးတလည် မမြင်နိုင် မခံစားနိုင်ကြပေ။ ချင်ယွင်၏ အငွေ့အသက်သည် သာမန်မျှသာဖြစ်သည်ဟု သူတို့ ခံစားမိကြသည်။
"ဟမ့်၊ ငါက ဘယ်လို အစွမ်းထက်တဲ့ ဇာတ်ကောင်တစ်ဦး ဖြစ်မလဲလို့ တွေးနေခဲ့တာ။ အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူလေးတစ်ဦး ပါပဲလား။" ယွန်ဟောင်ယန်လည်း ချင်ယွင်ကို ကြည့်နေသည်။ ချင်ယွင်၏ ကျင့်ကြံမူ အဆင့်ကို သူမြင်သောအခါ သူ၏မျက်လုံးများသည် ချက်ချင်းပင် အထင်အမြင်သေး သည့် အကြည့်များ ပေါ်လာပါသည်။
ယခုအချိန်မှာတော့ အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်အောက်မှ လူများ သည် သူ၏မျက်လုံးထဲတွင် ပုရွက်ဆိတ်တွေထက် ဘာမှမပိုတော့ချေ။ ထိုကဲ့သို့သော လူမျိုးများကို သူသည် တိုက်ခိုက်ချင်စိတ်ပင် မရှိတော့ပါဘူး။
ဟောင်ကလန်မှ တပည့်များသည် ချင်ယွင်၏ ကျင့်ကြံမူအဆင့်ကို မြင်သောအခါတွင် သူတို့၏ မျက်နှာများသည် သည်းမခံနိုင်လောက်အောင်ပင် စိတ်ပျက်သွာသည့် အမူအရာများ ပေါ်လာပါသည်။
မူလက ချင်ယွင်၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည့် အသံကိုကြားလိုက်ရသည့်အခါ၊ ချင်ယွင်သည် ဤဒီရေလှိုင်းကြီးကို ပြောင်းလဲနိုင်သူတစ်ဦးဟု သူတို့ ထင်ခဲ့ကြသော် လည်း၊ ယခုမူ သူသည် အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ် အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
အမှန်တရားသို့ ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သည် သူတို့အတွက် နိမ့်ကျသည် မဟုတ်သော်လည်း၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျင့်ကြံမူ အဆင့်မရှိဘဲ ဤတိုက်ပွဲတွင် ပါဝင်နိုင်မည် မဟုတ်ပေ။ အကယ်၍ ရှေ့ထွက်သွားမည်ဆိုလျှင် သင်သည် သေခြင်းတရားကို သွားတောင်းခံခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏အောက်ရှိလူအားလုံးအပေါ် သူ၏အကြည့်များ မရှိတော့ပေ။ ယင်းအစား သူသည် ကောင်းကင်ယံကိုသာ အာရုံစိုက်နေသည်။
ဤအခိုက်အတန့်တွင်၊ ကောင်းကင်ဘုံ၏လျှပ်စီးကပ်ဘေးဒုက္ခသည် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး အကန့်အသတ်မရှိသော ဖိအားသည် ပိုမိုသိပ်သည်းလာကာ တိုးလာနေပါသည်။
ချင်ယွင်သည် ဤအရာသည် သူ၏ ကောင်းကင်ကပ်ဘေးဒုက္ခကြီး ဖြစ်ကြောင်း သူ သိပေသည်။ သူသည် ကနဦးစကြဝဠာထဲမှ ထွက်ခွာလာသည့် အချိန်မှစ၍၊ ကောင်းကင်ဘုံ၏တန်ခိုးစွမ်းအားသည် သူ၏ ကျင့်ကြံမှုအဆင့်ကို ခံစားသိရှိပြီး ကောင်းကင်ကပ်ဘေးဒုက္ခကြီးအဖြစ် ဆင်းသက်လာခဲ့သည်။
"မေ့လိုက်ပါလေ။ ဒီကောင်းကင်ကပ်ဘေးဒုက္ခကြီးက ဆင်းသက်လာဖို့ အချိန် အတော်ကြာဦးမယ်နဲ့တူတယ်။ ဒီစိတ်အနှောက်အယှက် ဖြစ်စရာကောင်းတဲ့ ယင်ကောင်အုပ်စုကို အရင် ဖြေရှင်းလိုက်ကြရအောင်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ် လိုက်သည်။ သူ၏ခေါင်းထက်မှာ စွမ်းအင်တွေစုစည်းနေသည့် ကောင်းကင်ကပ်ဘေး ဒုက္ခကို သူ ဂရုမစိုက်တော့ဘဲ သူ၏အကြည့်တွေကို အောက်သို့ ပြောင်းလိုက်လေသည်။
ချင်ယွင်၏ အကြည့်များက သေလုမျောပါးဖြစ်နေသော ဟောင်ခွန်ဘက်သို့ လှည့်မသွားမီ ယွန်ဟောင်ယန်နှင့် အခြားလူများကို ခြုံငုံကြည့်လိုက်လေသည်။
ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်းပင် ရှုံ့တွသွား၏။ သူ၏ရုပ်အသွင်က ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး သူသည် ဟောင်ခွန်၏ရှေ့မှာ တိုက်ရိုက် ပေါ်လာပါသည်။
ဟောင်ခွန်၏ ခန္ဓာကိုယ်ကို စူးစမ်းလေ့လာပြီးနောက် သူသည် အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ ဟောင်ခွန်ကို ကနဦးစကြဝဠာထဲသို့ ချက်ချင်း ပစ်ချလိုက်ကာ ကနဦးစကြဝဠာ၏အချိန်ကို ရပ်တန့်စေလိုက်ပြီး သူ၏အသက်ကို ခေတ္တကယ်တင် ထားလိုက်သည်။ အရာအားလုံး ပြီးဆုံးသွားပြီး နောက်မှသာ သူသည် ဟောင်ခွန်၏ အဆိပ်ကို ထုတ်ပစ်နိုင်ပါလိမ့်မည်။
ချင်ယွင်၏ ဆက်တိုက်ဆိုသလို အစီအရီ လုပ်ဆောင်ချက်များသည် ရောက်ရှိနေကြသူ လူအားလုံးကို အလွန်အံ့အားသင့်စေခဲ့သည်။ ချင်ယွင်က သူတို့၏ဘိုးဘေးကို မည်သည့် နေရာသို့ သွားခိုင်းလဲဆိုသည်ကို သူတို့ နားမလည်ကြပါဘူး။
ထို့နောက် ချင်ယွင်သည် သူတို့ကို ရှင်းပြရန် အနည်းငယ်မျှ ရည်ရွယ်ချက် မရှိဘဲ အမျိုးသမီးနှစ်ယောက် ရှိရာဘက်သို့ တည့်တည့် လျှောက်လာလာခဲ့သည်။
"အဆင်ပြေကြရဲ့လား?" ချင်ယွင်က စိုးရိမ်တကြီး မေးလိုက်ပါသည်။
"အဆင်ပြေပါတယ်!" ရန်စီချီ နှင့် ချန်မင်ရှီ နှစ်ယောက်လုံး ခေါင်းညိတ်ပြ လိုက်ကြသည်။
"မင်းတို့ အဆင်ပြေနေရင် ကောင်းပါပြီ၊ ကျန်တာ ငါ့တာဝန် ထားလိုက်ပါ။ ဘေးမှာရပ်ပြီး သတိထားနေကြပါ။" ချင်ယွင်က သူမတို့ကို ညင်သာစွာ ပြုံးပြလိုက် သည်။
ရန်စီချီက ခေါင်းညိတ်ပြပြီး သူမ၏မျက်နှာမှာ ပျော်ရွှင်မှုအပြည့်နှင့်ပင်။ ချန်မင်ရှီသည် မိန်းမငယ်လေးတစ်ယောက်လို ရှက်ရွံ့စွာဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
ယွန်ဟောင်ယန်သည် ဤမြင်ကွင်းကို အဝေးမှမြင်သောအခါ သူ၏မျက်လုံးများသည် ပြင်းထန်သော ဒေါသများနှင့်အတူ တစ်ဖန်ပြန်လည် တောက်ပလာသည်။
အစမှအဆုံးအထိ၊ ဤချင်ယွင်သည် သူ့ကိုပင် မကြည့်ခဲ့ပေ။ သူသည် လျစ်လျူရှုခံရသလို ခံစားလာရသည်။
"မင်းက ချင်ယွင်လား?" ယွန်ဟောင်ယန်က အေးစက်စွာ မေးခွန်းထုတ်လိုက်ပြီး သူ၏အသံက ခက်ထန်ပြီး အေးစက်နေ၏။
ချင်ယွင်သည် ယွန်ဟောင်ယန်၏အသံကို ကြားသောအခါ လှည့်ကြည့်ပြီး ယွန်ဟောင်ယန်ကို ကြည့်လိုက်လေသည်။ သူ၏ပါးစပ်ထောင့်က တွန့်ကွေးသွားပြီး ပြောလိုက်လေသည် “မင်း သိနေကတည်းက ဘာလို့ မေးနေသေးလဲ၊ ဘာလဲ မင်းက ပြဿနာကို တောင်းဆိုနေတာလား၊ မင်း တိုက်ချင်တယ်ဆိုရင် မြန်မြန်လာတိုက်ကွ။ ပေါက်ကရ စကားတွေ ပြောမနေနဲ့။ အခု ငါက အလျင်လိုနေတယ်။ !"
'"မင်း" ယွန်ဟောင်ယန်၏ နှလုံးသည် ပြင်းထန်သော ဒေါသနှင့်အတူ ချက်ချင်း ခုန်တက်သွားလေသည်။
ချင်ယွင်၏ စကားများသည် အမှန်တကယ်ပင် မောက်မာလွန်းလှသည်။ “မင်း တိုက်ခိုက်ချင်တယ်ဆိုရင် မြန်မြန်လာတိုက်လေ။ ငါက အလျင်လိုနေတယ်။” ဒီစကားကို ဘာကို ဆိုလိုတာလဲ။
ဤစကားသည် ရှောင်ယန်ဂိုဏ်းနှင့် တခြားသူတွေကို သူ၏ မျက်လုံးထဲ ထည့်ထားခြင်း မရှိဘူးဟု ဆိုလိုရာမရောက်ပေဘူးလား။
ဟောင်ကလန်မှ လူတိုင်းသည် သူတို့၏စိတ်နှလုံးထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်မူများ နှင့် ပြည့်နှက်နေခဲ့ပြီး သူတိုသည် အားကိုးရာမဲ့ဖြစ်ပြီဂ ခေါင်းယမ်းလိုက်ကြလေသည်။
ဟောင်ဝမ်ရှင်းတောင်မှ သူ၏စိတ်ထဲတွင် သက်ပြင်းအမောကြီး မချဘဲ မနေနိုင်တော့ ပေ။ "ချင်ယွင်က အဓိက ဇာတ်ကောင်စရိုက်ရှိသူ တစ်ယောက်လို့ အစက သူ ထင်ခဲ့ ပေမယ့် သူက မောက်မာပြီး ကြွားဝါဖို့လောက်သာသိတဲ့ မိုက်မဲတဲ့ ကလေး တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ သူလည်း မထင်ထားခဲ့မိပါဘူး။ ကံကောင်းတာက၊ ဘိုးဘေးဟောင်းက သူ့ကို အခုလိုပုံစံမျိုးဖြင့် ကာကွယ်ပေးထားတာကိုပါ။ ဒီအတိုင်းဆိုရင် သူ ထွက်ပြေးသွားတာကမှ ပိုကောင်းပါသေးတယ်။ ဒါက အမှန်တကယ် အရှက်ရစရာ ကိစ္စဖြစ်ပါတယ်”
"ဂိုဏ်းသခင်လေး၊ ကျွန်တော် သူ့ကို သင်ခန်းစာတစ်ခုလောက် သင်ပေးပါရစေ။" ထိုအချိန်မှာ ချန်ထန်းလောင်က ထွက်လာပြီး ယွန်ဟောင်ယန်ကို စေတနာ့ဝန်ထမ်း လုပ်ရန် ခွင့်တောင်းလိုက်ပါသည်။
ယွန်ဟောင်ယန်က ချန်ထန်းလောင် ကို ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည် "ကောင်းပြီလေ။ ဒါဆို မင်းကို လှုပ်ရှားခွင့် ပေးလိုက်မယ်။ သူ့အသက်ကို ချန်ထားပေးဖို့ သတိရပါ။ သူ့အသက်က ငါပဲ ပိုင်တယ်။ ငါက သူ့ကို ဘယ်လိုလုပ် လွယ်လွယ်ကူကူနဲ့ သေခွင့်ပေးမှာလဲ"
"ဟုတ်ကဲ့ပါ၊ ဂိုဏ်းသခင်လေး…၊ ဂိုဏ်းသခင်လေးရှေ့မှာ ဒူးထောက်ပြီး အညံ့ခံတဲ့အထိ သူ့ကို သေချာ ရိုက်ပေးပါ့မယ်။"
ချန်ထန်းလောင်၏ မျက်လုံးများတွင် ရန်လိုမှုအရိပ်အယောင် ပေါ်လာသည်။ ထို့နောက် သူသည် လူအုပ်ထဲမှ ထွက်သွားကာ ချင်ယွင်ကိုကြည့်ရင်း သူ၏ပါးစပ်ထောင့်မှာ လှောင်ပြောင်သည့် အရိပ်အယောင်ကို ပေါ်လွင်နေသည်။
ချင်ယွင်သည် ထွက်လာသော ချန်ထန်းလောင်ကို ကြည့်လိုက်ပြီးနောက် ချန်မင်ရှီကို လှည့်ကြည့်လိုက်သည်။
ထို့နောက် ချင်ယွင်သည် သူ့ကို သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ပြီး သူ၏ ပါးစပ်ထောင့်စွန်းက အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ် အရိပ်အယောင် ပေါ်လာပါသည်။
" ချင်ယွင်၊ ဟောင်ခွန်ကြောင့်သာ မဟုတ်ရင် နောက်ဆုံးအကြိမ် ချန်ကလန်မှာ ကတည်းက မင်းက ငါ့လက်ထဲမှာ သေဆုံးသွားလောက်ပြီ၊ ဒီနေ့ မင်းကို ဘယ်သူက ကာကွယ်ပေးနိုင်ဦးမလဲဆိုတာ ငါကြည့်ချင်မိတယ်" ချန်ထန်းလောင်၏ အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
"ဘာလို့ အရေမရဖတ်မရစကားတွေ ပြောနေတာလဲ!" ချင်ယွင်က အထင်သေးစွာဖြင့် အေးစက်စွာ အော်ပြောလိုက်သည်။
"ဟမ့်၊ မင်းက မြန်မြန်သေချင်နေပြီလား။ ဒါဆိုလည်း မင်းဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်။" ချန်ထန်းလောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူ၏လက်ထဲတွင် အစိမ်းရောင်လှံတစ်ချောင်း ပေါ်လာပါသည်။
ဝှီး….!
ချန်ထန်းလောင်သည် လှံကိုကိုင်ပြီး ချင်ယွင်ဆီသို့ ပစ်ဝင်လိုက်သည်။ သူ၏ ခြေချောင်းများသည် မြေပြင်မှ သုံးလက်မအကွာတွင် ရှိသော်လည်း သူ၏ ရက်စက် ကြမ်းကြုတ်သော အရှိန်အဝါအောက်တွင် မြေပြင်ပေါ်ရှိ ကျောက်တုံးကြီးများသည် လုံးဝ ကွဲအက်သွားခဲ့သည်။
သူသည် ချင်ယွင်ဆီသို့ ပစ်ဝင်လိုက်စဉ်မှာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ခုတ်ထွင်း ထားသော ကျောက်တောင် ကြီးတစ်ခုလို ဖြစ်နေ၏။ သူ၏လက်ထဲမှ လှံက ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျလှိုင်းတွေကို ထုတ်လွှတ်နေပြီး မြင်ရသူများကို နှလုံးခုန်ရင်တုန်စေသည်အထိ ကြောက်စရာကောင်းလွန်းသည်။
"ဟင်း….။ ဒီချင်ယွင်ကတော့ သေပါပြီလေ" ဟောင်ကလန်မှ လူတိုင်းသည် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ ချင်ယွင်သည် ချန်ထန်းလောင်၏ ပြိုင်ဘက် မဟုတ်ဟု အားလုံးက ယုံကြည်ထားကြပါသည်။
ယွန်ဟောင်ယန်၏ အဖွဲ့နောက်ကွယ်တွင် ရပ်နေသော ချီရှောက်ယန်းသည် ချန်ထန်းလောင်၏ ရိုက်နှက်ခြင်းကို ခံရပြီးနောက် ချင်ယွင်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သနားညှာတာပေးရန် တောင်းပန်နေသည့်မြင်ကွင်းကိုပင် မြင်ယောင် ပြီးသွားပြီဖြစ်ကာ သူသည် အေးစက်သောအပြုံးကို ထုတ်ဖော်နေခဲ့သည်။
"ဘုန်း…!"
သို့သော် ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ သည်။
လူတိုင်း၏ရှေ့မှာ မထင်မှတ်ထားသည့် မြင်ကွင်းတစ်ခု ပေါ်လာပါသည်။
မူလက မလှုပ်မယှက် ရပ်နေသော ချင်ယွင်သည် မသိလိုက်သည့် အချိန်မှာပင် ချန်ထန်းလောင်၏ ရှေ့တွင် ပေါ်လာသည်။
ထိုအချိန်တွင် သူ၏လက်သီးသည် ချန်ထန်းလောင်၏ ရင်ဘတ်ပေါ်တွင် ပြင်းထန်စွာ ရိုက်နှိပ်ထားလေသည်။
“ချွင်…!" ကျယ်လောင်သော အသံနှင့်အတူ ချန်ထန်းလောင်၏ လက်ထဲမှ သတ္တုလှံသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အသံ ထွက်ပေါ်လာသည်။
“မင်း…”
ချန်ထန်းလောင်၏ မျက်လုံးများသည် မယုံနိုင်လောက်အောင်ပင် ပြူးကျယ်သွားကာ သူ၏ရှေ့တွင် သူမသိလိုက်သည့်အချိန်မှာ ထွက်ပေါ်လာသော လူကို ကြည့်လိုက်လေ သည်။ သူ၏ မျက်လုံးများသည် မယုံကြည်နိုင်သည့် အမူအရာများဖြင့် ပြည့်နေ သော်လည်း သူ၏မျက်လုံးများသည် ချက်ချင်းပင် သွေးများဖြင့် ဖုံးလွှမ်းသွားလေသည်။
"ဘုန်း….!"
ချင်ယွင်သည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ချန်ထန်းလောင်၏ မျက်ခုံးကြားကို ညွှန်ပြလိုက်လေသည်။ ခွန်အား အနည်းငယ် စိုက်ထည်လိုက်ရုံဖြင့် ချန်ထန်းလောင်၏ ခန္ဓာကိုယ်သည် တောင့်တင်းလာပြီး နောက်သို့ ပစ်လဲကျသွားလေ သည်။ သူ သေသွားပြီဆိုတာ လူတိုင်း မြင်နိုင်ပါသည်။
သိုင်းလေ့ကျင့်ရေးကွင်းပြင်ကြီးတစ်ခု သေမင်းတမန် ရောက်ရှိလာသည့်အလား တိတ်ဆိတ်သွားကြလေသည်။
အစောပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ထိုကဲ့သို့ပင် သေဆုံးသွားခဲ့ပါသလား? ပြီးတော့ လက်သီးတစ်ချက်တည်းဖြင့်လား..?။
အခန်း (၅၆၄) ယွန်ဟောင်ယန်ကိုယ်တိုင်လှုပ်ရှာခြင်း။
ဟောင်ကလန်မှ လူများအားလုံးသည် အံသြတကြီး ဖြစ်သွားကြီးပြီး သူတို့ပါးစပ်တွေကို ကျယ်ကျယ်ဟထားကာ စကားပင် မပြောနိုင်ကြပါချေ။
ချန်ထန်းလောင်၏ အရိုက်အနှက်ခံရပြီးနောက် ချင်ယွင်သည် မြေပြင်ပေါ်သို့ လဲကျနေသည့် မြင်ကွင်းမျိုး ထွက်ပေါ်လာခြင်း မရှိရုံသာမက၊ ချန်ထန်းလောင်သည်ပင် ဤချင်ယွင်၏ လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရလေသည် ။
အကယ်၍ ဤမြင်ကွင်းကို ကိုယ့်မျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ကြဖူးဆိုလျှင် သူတို့သည် ကိုယ့်မျက်စိကိုပင် ယုံရဲကြမည် မဟုတ်ပေ။
ချင်ယွင်သည် မည်ကဲ့သို့ တိုက်ခိုက်လိုက်သည်ကို သူတို့သည် ရှင်းရှင်းလင်းလင်းပင် မမြင်ခဲ့ကြပေ။ သူသည် အစောပိုင်းလေး ရှင်းရှင်းလင်းလင်း မတ်တပ်ရပ်နေသည်မှာ သေချာသော်လည်း သူသည် ချန်ထန်းလောင်၏ ရှေ့သို့ မည်သို့ ရုတ်တရက် ရောက်လာရသနည်း?။ ချန်ထန်းလောင်သည် အနည်းငယ်မျှ တုံ့ပြန်နိုင်ခြင်းမရှိဘဲ သေဆုံးသွားခဲ့ရပုံပေါ်သည်။ ယင်းက မယုံနိုင်လောက်အောင်ပင်။
ဟောင်ဝမ်ရှင်း နှင့် ဟောင်လင်းယွန်တို့၏ မျက်နှာများသည်လည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ချင်ယွင်သည် မည်ကဲ့သို့ တိုက်ခိုက်လိုက်သည်ကို အခြား လူများက မမြင်နိုင်သော်လည်း သူတို့သည် ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြပါသည်။
ထိုအခိုက်တန့်လေးမှာ ချင်ယွင်သည် မကြုံစဖူးသော အရှိန်ဖြင့် ပေါက်ကွဲ ထွက်လာ ခြင်း ဖြစ်ပါသည်။ သူသည် ချန်ထန်းလောင်၏ ရှေ့သို့ ချက်ချင်း ရောက်လာပြီး ရင်ဘတ်ကို ထိုးလိုက်ခြင်း ဖြစ်လေသည်။
လက်သီးတစ်ချက်ကြောင့် ပေတစ်ထောင် လွင့်ပျံသွားသော ယခင်မြင်ကွင်းမျိုးလည်း ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ချင်ယွင်သည် သူ၏လက်သီးကို ထိုးလိုက်သည့်အခိုက်တန့်တွင် ချင်ယွင်က သူ၏လက်သီးအပေါ်မှာ ခွန်အားအားလုံးကို တသမှတ်ထဲ ဖိနှိပ်ထားလိုက်ပြီးနောက် စွမ်းအားအားလုံးသည် ချန်ထန်းလောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခြင်းကြောင့် ဖြစ်ပါသည်။
ဤကြောက်မက်ဖွယ်ကောင်းသော ခွန်အားသည် ချန်ထန်းလောင်၏ အတွင်းအင်္ဂါများ အားလုံးကို ချက်ခြင်း ဖျက်ဆီးပစ်လိုက်ပြီး သူ၏နှလုံးအပါအဝင်၊ သူ၏ ဦးနှောက်ကိုတောင် ချမ်းသာမပေးခဲ့ပေ။ ထို့ကြောင့် အစောပိုင်းလေးက ချင်ယွင်၏ မည်သည့်ထိရောက်မှုမှ ရှိပုံမရဟုထင်ရသော ထိုလက်သီးချက်သည် တကယ်ကို ကြောက်စရာကောင်းလှပါသည်။
ချင်ယွင်သည် တစ်ယောက်တည်း မောက်မာစွာ မတ်တပ် ရပ်နေပါသည်။ ဤတစ်ကြိမ်တွင်၊ သူ၏ 'လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နတ်ဆိုးပညာ'ရပ်သည် ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီး ယခု သူသည် ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်နှင့် သိပ်မဝေးတော့ ပေ။
ချင်ယွင်သည် သာမန်အလယ်အလတ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် ကျွမ်းကျင်သူများကို ၎င်း၏ရုပ်ခန္ဓာကိုယ် ခွန်အားဖြင့်ပင် တိုက်ထုတ်နိုင်မည် ဟု ယုံကြည်ထားသည်။
အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်မှာသာ ရှိသေးသည့် ချန်ထန်းလောင် နှင့် ရင်ဆိုင်ရန်မှာ စကားထဲပင် ထည့်ပြောစရာ မလိုချေ။
အခြားလူများအတွက်မူ လက်သီးတစ်ချက်တည်းဖြင့် ချက်ခြင်း သတ်ဖြတ်နိုင်ခြင်း သည် ထိတ်လန့်စရာကောင်းသော်လည်း ချင်ယွင်အတွက်မူ ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်ပေသည်။
ပြင်ပကမ္ဘာတွင် တစ်ရက်သာ ကုန်ဆုံးခဲ့သော်လည်း ချင်ယွင်သည် ကနဦး စကြာဝဠာတွင် သုံးနှစ်တာကာလပတ်လုံး ကျင့်ကြံနေခဲ့ပါသည်။
တစ်နည်းဆိုရသော် ယခုအချိန်တွင် ချင်ယွင်သည် အသက်နှစ်ဆယ် ရှိနေပြီဖြစ်ပြီး ကျန်နှစ်ဦးမှာ အသက်နှစ်ဆယ့်တစ်နှစ် ရှိနေပြီဖြစ်သည်။
ယခုအချိန်တွင် သူသည် ဆယ်ကျော်သက်ဘဝမှ လူငယ်ဘဝသို့ ပြောင်းလဲသွားခဲ့ပါပြီ။
ဤအခိုက်တွင်၊ ယွန်ဟောင်ယန်၏ မျက်နှာသည် အလွန်အမင်း မည်းမှောင်နေပြီး မြေခွေးသားမွှေးဝတ်စုံအောက်ရှိ သူ၏လက်သီးများကို ပို၍ပင် တင်းကြပ်စွာ ဆုပ်ထားလေသည်။
"မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားလိမ့်ဖို့ ငါ မမျှော်လင့်ထားဘူး။ မင်းရဲ့ခွန်အားက အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အလယ်တန်းအဆင့်လောက်မှာ ရှိနေသင့်တယ် ထင်တယ်!" ယွန်ဟောင်ယန်က အေးစက်စွာ မေးလိုက်သည်။
ဟောင်ကလန်၏ တပည့်များသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် သဘောပေါက်သွားကြသည်။ အကယ်၍ ချင်ယွင်၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်တွင် ရှိနေပါ က၊ သူသည် ချန်ထန်းလောင်ကို လက်သီးတစ်ချက်ဖြင့် သတ်ခြင်းသည် အဓိပ္ပာယ် ရှိပေလိမ့်မည်။
"ဟုတ်တယ်ဆိုရင်ရော ဘာဖြစ်လဲ၊ မဟုတ်ဘူးဆိုရင်ရော ဘာလုပ်ရမှာလဲ။" ချင်ယွင် က တဟားဟားရယ်မောလိုက်လေသည်။
"ဟမ့်၊ တကယ်လို့ မင်းက အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်မှာ ရှိနေရင်တောင် အသုံးမကျဘူး။ မင်းက အစကနေ အဆုံးအထိ သေဆုံးရလိမ့်မယ်။" ယွန်ဟောင်ယန်က ဒေါသတကြီးပြောလိုက်သည်။
"ဒါဆိုလည်း လာသတ်လိုက်လေ!" ချင်ယွင်သည် ယွန်ဟောင်ယနေ၏ စကားကို သရော်ဟန်ဖြင့် ပြောလိုက်သည်။
ယွန်ဟောင်ယန်၏ မျက်လုံးများသည် ချက်ချင်းပင် ဒေါသမီးတောက်များဖြင့် တောက်လောင်လာသည်။
"ဂိုဏ်းသခင်လေး…။ ဂိုဏ်းသခင်လေးအတွက် သူ့ကို ကျွန်တော် ဂရိုစိုက်ပါရစေ။" ယွန်ထန်းသည် ယွန်ဟောင်ယန်ဘက်သို့ ခြေတစ်လှမ်း လှမ်းပြီး ပြောလိုက်သည်။
"မဟုတ်ဘူး၊ ငါကိုယ်တိုင် ကိုင်တွယ်မယ်!" ယွန်ဟောင်ယန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏နောက်ကျောမှ မြေခွေးသားမွှေးဝတ်စုံကို ယွန်ထန်းထံ ပစ်ပေးလိုက်သည်။ ထို့နောက် သူ ထွက်သွားသည်။
ချင်ယွင်သည် အနည်းငယ် အံ့သြသွားသည်။ ယွန်ဟောင်ယန်က သူ့ကိုယ်တိုင် လှုပ်ရှားလာသည်အထိ ဒေါသထွက်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။
"ဘုန်း…!"
ယွန်ဟောင်ယန်၏ ခမ်းနားထည်ဝါသော အငွေ့အသက်သည် ရုတ်တရက် ထွက်ပေါ် လာသည်။ ကောင်းကင်ယံရှိ အပူချိန်က ရုတ်တရက် ကျဆင်းသွားပြီး ကောင်းကင်နှင့် မြေကြီးကြားမှာ နှင်းတွေ လွင့်မျောလာပါသည်။
"အလယ်အလတ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်!" ဟောင် ကလန်၏ တပည့်များ အားလုံး ထိတ်လန့်သွားကြသည်။
ယွန်ဟောင်ယန်၏ ကျင့်ကြံမူအဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အစောပိုင်းအဆင့်တွင် ရှိနေသည်ဟု အပြင်ကမ္ဘာတွင် ကောလဟာလများ အမြဲတမ်း ရှိနေခဲ့သည်။ သူ၏ ကျင့်ကြံမူအဆင့် အစစ်အမှန်သည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်ကို ရောက်ရှိနေပြီလို့ သူတို့ မမျှော်လင့်ထားခဲ့ပါဘူး။ ထို့အပြင်၊ သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် အလယ်အလတ်အဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီဟု ထင်ရ သည်။ သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ဖြတ်ကျော်ရန် မဝေးလှတော့ပေ။
ချင်ယွင်ကတော့ ယွန်ဟောင်ယန်၏ ကျင့်ကြံမူအဆင့်ကြောင့် အံ့သြခြင်းမျိုးမရှိခဲ့ပါ။
အစောပိုင်းက သူသည် ကနဦးစကြဝဠာထဲသို့ ပေါင်းစည်းသွားသောအခါ၊ ချင်ယွင်သည် လည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါသည်။ ဆိုလိုသည်မှာ၊ သူ၏ အစစ်အမှန် စိတ်ဝိညာဉ်စွမ်းအားသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ နှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ယွန်ဟောင်ယန်၏ စစ်မှန်သော ကျင့်ကြံမူအဆင့်ကို သူသည် အကြည့်တစ်ချက်တည်းနှင့် မြင်ထားခဲ့ပြီ ဖြစ်ပါသည်။
"ဒီနေ့ ငါ ယွန်ဟောင်ယန် ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို ပြောပြမယ်"
ယွန်ဟောင်ယန်၏ မျက်လုံးများသည် ပြင်းထန်သော အေးစက်မူဖြင့် ပေါက်ကွဲ ထွက်လာပြီး သူ၏ အဖြူရောင်ဝတ်စုံသည် နှင်းပွင့်များကြားမှ တဖျပ်ဖျပ်ခတ်နေရင်း သူသည် ချင်ယွင်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။
ဝှီး….!
ဆေဘာသည် အေးစက်စက်အလင်းနှင့်အတူ လင်းလက်သွားခဲ့ပြီး ချင်ယွင်၏ ခေါင်းဆီသို့ ခုတ်ပိုင်းလိုက်လေသည်။
ဆေဘာခုတ်ပိုင်းလိုက်စဉ်မှာ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားလေသည်။
ချင်ယွင်၏နှုတ်ခမ်းထောင့်က အေးစက်သော အပြုံးတစ်ခုအဖြစ် တွန်းကွေးပြီး ထိတ်လန့်သည့်အရိပ်အယောင်မျိုး ရှိမနေချေ။
"ဘုန်း…!"
ချင်ယွင်က လက်သီးတစ်ချက် ထိုးထုတ်လိုက်ပြီး ယွန်ဟောင်ယန်၏ လက်ဖဝါးမှ ဆေဘာမှ ထိပ်တိုက်တွေ့ဆုံသည်။
ဆေဘာအလင်းသည် လက်သီးမှ စွမ်းအင်နှင့် ထိပ်တိုက်ဆုံမိပြီး ပေါက်ကွဲသွားသည်။
ချင်ယွင် နှင့် ယွန်ဟောင်ယန်တို့ နှစ်ယောက်စလုံးသည် နောက်ပြန် တွန်းထုတ်ခံရပြီး ခပ်လှမ်းလှမ်းအထိ လွင့်မျောပါသွားကြသည်။
ကနဦးတိုက်ပွဲမှာ စမ်းသပ်မှုတစ်ခုသာသာ ဖြစ်သည်။
ဝှီး….!
ယွန်ဟောင်ယန်သည် အဖြူရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွား ပြန်သည်။ သူ၏လက်ထဲတွင် ရေခဲစွမ်းအင်မှသိပ်သည်းထားသော ရေခဲဆေဘဘာ တစ်ချောင်း ပေါ်လာပြန်သည်။ ရေခဲဆေဘာပေါ်မှ ဖြာထွက်နေသော အအေးဓာတ်က လူတစ်ယောက်၏ နှလုံးကို အေးခဲသွားစေနိုင်သည်။ ဆေဘာအလင်းသည် ချင်ယွင်၏ နှလုံးသားကို ချက်ချင်းရိုက်ခတ်လာသည့် အဖြူရောင်အလင်းတန်းတစ်ခု ကဲ့သို့ပင်။
ယွန်ဟောင်ယန်သည် မာနကြီးသော်လည်း သူ၏ရန်သူများကို မည်သည့်အခါမှ လျှော့တွက်ခြင်းမရှိဘဲ အမြဲတမ်း ရက်စက်စွာ ပြုမူခဲ့သည်။
"ဟမ့်….!"
ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏မျက်လုံးထဲမှာ အေးစက်သည့် အရိပ်အယောင်တွေ ထွက်ပေါ်လာပါသည်။
သူ၏လက်ထဲမှ သွေးနီရောင် စွမ်းအင်တွေက ဧရာမ နဂါးကြီး၏ ဟိန်းဟောက်သံကဲ့သို့ တဟုန်ထိုး ထိုးတက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို အနီရောင် အလင်းတန်းတွေဖြင့် ချက်ခြင်း လင်းလက်သွားပါသည် ။
သူ၏ ခြေဖျားဆီ စွမ်းအားဖြည့်သွင်းလိုက်သည်နှင့် တပြိုင်နက် မြေပြင်တစ်ခုလုံး သိမ့်ခနဲ ဖြစ်သွားသည်။
ဘုန်း….။
ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းဆိုသလို ပစ်ဝင်သွားသည်။ လေထုက တုန်ခါပြီး မိုးကြိုးပစ်သံကဲ့သို့ ပေါက်ကွဲထွက်လာသည်။ သူ၏ခြေဖဝါးအောက်မှ မြေပြင်က ပြိုကျသွားပုံရသည်။ ပေါက်ကွဲပြီး ကြေမွသွားသော ကျောက်တုံးများသည် နေရာအနှံ့ ပြန့်ကြဲသွားသည်။
ချင်ယွင်၏ မယုံကြည်နိုင်သော လက်သီးချက်သည် ယွန်ဟောင်ယန်၏ ရေခဲဆေဘာ နှင့် တိုက်ရိုက် ထိမှန်သွားသည်။ လက်သီးက ရေခဲဆေဘာနှင့် ထိပ်တိုက်ဆုံမိ သော်လည်း ရေခဲဆေဘာက ချင်ယွင်၏ အရေပြားကို မထိုးဖောက်နိုင်ခဲ့ပါဘူး။
"ဖျစ်…..!"
ရုတ်တရက် အက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။
ယွန်ဟောင်ယန်၏ အမူအရာသည် အခြားတစ်ယောက်အသွင် ချက်ချင်း ပြောင်းသွားလေသည်။ သူသည် သူ၏ရှေ့တွင် အလွန်ထူထပ်သော ရေခဲနံရံကို သိပ်သည်းရန်အတွက် ကောင်းကင်နှင့် မြေကြီး၏ အအေးဓာတ် စွမ်းအင်ကို အလျင်အမြန် စုစည်းလိုက်လေသည်။
"အသုံးမဝင်ဘူး!"
ချင်ယွင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏လက်သီးသည် ရေခဲနံရံကို ထိုးဖောက်ပြီး ယွန်ဟောင်ယန်၏ ရင်ဘတ်ကို ရိုက်ခွဲလိုက်လေသည်။
ယွန်ဟောင်ယန်သည် ချက်ချင်း နောက်ပြန် လွင့်ထွက်သွားသည်။ သူသည် မြေပြင်ပေါ်တွင် မီတာရာပေါင်းများစွာ အကွာအဝေးထိ တရွတ်တိုက် ဆွဲယူသွားရင်း မြေပြင်ပေါ်တွင် ရှည်လျားသော ခြေရာနှစ်ခု ပေါ်နေပါသည်။
"ဖူး…!"
ယွန်ဟောင်ယန်သည် လွင့်ပျံသွားခဲ့ရသည်။ သူသည် သူ၏ခန္ဓာကိုယ်ကို နောက်ပြန် လွင့်ပျံသွားခြင်းမရှိအောင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ချီကို ငှားရမ်းယူလိုက်ရ သည်။
သို့သော်၊ ချင်ယွင်၏ လက်ချက်ကြောင့် သူသည် ဒဏ်ရာရသွားခဲ့ပြီး ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်ပေါ်တွင် တစ်ဝက် တစ်ပျက် ဒူးထောက်နေရသည်။ သူသည် မူလကတည်းက သူ၏ ခေါင်းဆောာင်း သရဖူကို ချွတ်ထားပြီးဖြစ်သည့်အတွက် သူ၏ခေါင်းပေါ်တွင် အနက်ရောင်ဆံပင်များ ပြန့်ကျဲနေသည်။
ဟောင်ကလန်မှ လူတိုင်းသည် အေးစက်သောလေကို ရှုရှိုက်လိုက်ကြသည်။ ချင်ယွင် သည် ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ သူသည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးကို တွန်းလှန်နိုင်ခဲ့သည်။ သူ ဤမျှလောက် မောက်မာဝံ့သည်မှာ မဆန်းထူးတော့ပါဘူး။
ထိုအခိုက်တွင်၊ ချင်ယွင်ကို ကြည့်နေကြသည့် ဟောင်ကလန် တပည့်များ၏ အကြည့်များသည် တစ်ဖန်လေးစားမှုများ ရှိလာခဲ့ပြီး လှောင်ပြောင်မှု အနည်းငယ်မျှ မရှိတော့ပေ။
"ဆရာက တန်ခိုးကြီးလိုက်တာ!" ဟောင်ကျင်းလေးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ရန်စီချီ နှင့် ချန်မင်ရှီတို့သည် ချင်ယွင်ကို ကြည့်ရင်း သူမတို့၏မျက်နှာပေါ်တွင် ချစ်ခင်လေးစားသည့် အမူအရာများ ရှိနေကြပါသည်။
"ခွင့်မလွှတ်နိုင်ဘူး….!"
ယွန်ဟောင်ယန် ဖြည်းညှင်းစွာ ထရပ်လိုက်၏။ သူ၏မျက်လုံးထဲတွင် အမျက်ဒေါသက ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူ၏နောက်မှ ဆံပင်တွေက အရူးအမူး ကခုန်နေ၏။ သူ၏ အမျက်ဒေါသပေါက်ကွဲမူသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံး၏ အပူရှိန်ကို ရုတ်တရက် အလွန်လျှင်မြန်စွာ ကျဆင်းသွားစေပြန်သည်။ နှင်းတွေ ထူထပ်သိပ်သည်းစွာ ကျဆင်းလာသလိုပင်။
သိပ်မကြာခင်မှာပဲ သိုင်းလေ့ကျင့်ရေးကွင်းပြင်ကြီး တစ်ခုလုံးက အဖြူရောင်လွင်ပြင် တစ်ခု ဖြစ်သွားလေသည်။
အခန်း (၅၆၅) ပျံသန်းနေသော နှင်းဓားသုံးစင်း
ယွန်ဟောင်ယန်သည် အမှန်တကယ်ပင် ဒေါသထွက်သွားခဲ့ပါသည်။ သူသည် ငယ်ငယ်လေးကတည်းကနေ အခုချိန်တိုင် သွေးအန်သည်အထိ တခါမှ အရိုက် မခံရဖူးပါဘူး။
သူ၏ရှေ့မှ ဤမျိုးမစစ်ကောင်သည် သူ့ကို ဒဏ်ရာရအောင် သတ္တိရှိရှိ တိုက်ခိုက်ဝံ့သည်။ ယင်းက သူ့ကို သတ်ဖြတ်လိုသည့်ဆန္ဒကို လုံးလုံးလျားလျား ဖြစ်ပေါ်စေခဲ့သည်။
ဘန်း….!
သုံးပေရှည်သောဆေဘာတစ်ချောင်းသည် ယွန်ဟောင်ယန်၏ လက်ထဲတွင် ပေါ်လာပါသည်။ ဆေဘာ၏အရိုးသည် နှင်းဖြူရောင်ဖြစ်ပြီး လက်ရာမြောက်လှကာ ဆေဘာသွားသည် နှင်းကဲ့သို့ တောက်ပနေသည်။
ထိုဆေဘာထွက်ပေါ်လာသည်နှင့် တပြိုင်နက် အလွန်အေးစက်သော အငွေ့အသက် တစ်ခုလည်း ထွက်ပေါ်လာပါသည်။ အကြည့်တချက်ဖြင်ပင် ခြေဖဝါးမှ ဦးရေပြားအထိ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
"အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်လား..!" ယွန်ဟောင်ယန်၏ လက်ထဲတွင်ရှိသော ဆေဘာသည် သာမန်ထက် ထူးကဲသော အင်မော်တယ်လက်နက် တစ်ခု ဖြစ်ကြောင်း ချင်ယွင်သည် ချက်ချင်း သိလိုက်ပါသည်။
ဝှီး…..!
ယွန်ဟောင်ယန်သည် သူ၏လက်ထဲတွင်ရှိနေသည့် ဆေဘာကို ညင်သာစွာ မြှောက်ပင့် လိုက်ပြီးနောက် နှင်းအလွှာတစ်ထောင်ကို နှင်းနဂါးတစ်ကောင်အဖြစ်သို့ လှိမ့်ဆွဲ လိုက်လေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နဂါးတစ်ကောင်ကို စီးနေသကဲ့သို့ ပျံတက်သွားလေသည်။ သူ၏လက်ထဲမှ ဆေဘာသည် အရိုးကိုပင်ထိုးဖောက်နိုင်သည့် ရေခဲအငွေ့အသက်များနှင့်အတူ တဟုန်ထိုး မြှင့်တက်သွားလေသည်။
ချင်ယွင်သည် သတိလက်လွတ် မပြုမူဝံ့ပေ။ သူ၏လက်သီးက မာကြောသော်လည်း အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်တစ်ခုကို လှုပ်ခါနိုင်သည့်အထိတော့ မရောက်ရှိသေးပါဘူး။ ထို့ကြောင့် သူသည် မြူနှင်းချောက်နက်ဓားကို သူ၏ခါးမှ အမြန် ဆွဲထုတ်လိုက်ရလေသည်။
ချွင်…..!
ရေခဲနှင်းဆေဘာ နှင့် မြူနှင်းချောက်နက်ဓားဓားတို့သည် တခဏအတွင်း ထိပ်တိုက် တွေ့ဆုံသွားကြသည်။
ဆေဘာချီသည် ဓားချီနှင့် ထိပ်တိုက်ဆုံမိပြီး ချက်ချင်းပင် ပျက်စီးသွားကာ ကောင်းကင်တစ်ခုလုံး နှင်းပွင့်များ ဖြစ်ပေါ်လာသည်။
"ဘုန်း….!"
တစ်ချိန်တည်းမှာပင် နှင်းနဂါးကြီးသည် ချင်ယွင်၏ ရင်ဘတ်ထဲသို့ ရက်စက် ကြမ်းကြုတ်စွာ ရိုက်နှက်သွားလေသည်။
ချင်ယွင်၏ ရုပ်အသွင်သည် ဧရာမတောင်ကြီးတစ်ခုလိုဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်သည် လှုပ်ခါရုံသာ လှုပ်ခါသွားခဲ့သော်လည်း နှင်းနဂါးကတော့ တိုက်ရိုက်ပင် အစိပ်စိပ် အမွှာမွှာ ကွဲအက်သွားလေသည်။
"ချွင်…! ချွင်…..!"
ယွန်ဟောင်ယန်သည် သူ၏ဆေဘာကို တစ္ဆေသရဲသဖွယ်အဟုန်ဖြင့် ဝှေ့ယမ်းလိုက် သည်။ အဖြူရောင်နှင်းတွေအောက်မှာ နှင်းဖြူရောင်ဆေဘာက ဆေဘာရိပ်လား အဖြူရောင်နှင်းတွေလား မခွဲခြားနိုင်တော့ပါဘူး။
ချင်ယွင်၏ဓားချီသည် သက်တံတစ်ခုကဲ့သို့ ဖြစ်နေပြီး၊ သူသည် သူ၏ လေစွမ်းအင် သိမ်မွေ့နက်နဲနယ်ပယ် အားလုံးကို အသုံးပြုထားသည်။ သူသည်လည်း ဓားချီကို ဝှေ့ယမ်းလိုက်ပြီး ယွန်ဟောင်ယန်၏ ဆေဘာအလင်းနှင့် ထိပ်တိုက်ရင်ဆိုင်သည်။
ယွန်ဟောင်ယန်သည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးတစ်ဦး ဖြစ်ထိုက်သည်ဟု ဆိုရမည် ဖြစ်ပါသည်။ သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အလယ်အလတ် အဆင့်တွင်သာ ရှိသော်လည်း သူ၏ခွန်အားသည် သာမန် နှောင်းပိုင်း အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးထက် အားမနည်းပေ။
ဤအခိုက်အတန့်တွင်၊ ထိုဆေဘာအလင်းသည် အခြားသော အလယ်အလတ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူများကို သတ်ပစ်ရန်ပင် လုံလောက်ပါသည်။ ယင်းက လူတိုင်းကို အဆက်မပြတ် တုန်လှုပ်သွားစေခဲ့သည်။
ဟုတ်ပါသည်။ ဟောင်ကလန်ကို ထိတ်လန့်တုန်လှုပ်စေသည့် အရာကတော့ ချင်ယွင် သည် ယွန်ဟောင်ယန်ကို သူနှင့်လက်ရည်တူ တိုက်ခိုက်နိုင်ခြင်းကိုပါ။ ဤအရာသည် သူတို့ မမျှော်လင့်ထားသည့်အရာ ဖြစ်ပါသည်။ သူသည် အနည်းငယ်မျှပင် အားနည်းသည့် အရိပ်အယောင် မရှိခဲ့ပါဘူး။
အဝေးမှာရှိနေသော ချီရှောက်ယန်း နှင့် လင်းဖန် တို့သည်လည်း ထိတ်လန့်တုန်လှုပ် နေကြ၏။ သူတို့သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်တွင်သာ ရှိနေပါသေးသည်။ ဤအဆင့်တိုက်ပွဲမျိုးတွင် သူတို့ ပါဝင်တိုက်ခိုက်ရန် မဆိုထားနှင့်၊ ဤအဆင့်တိုက်ပွဲမျိုး ကို သာမန်အချိန်များမှာပင် အလွန်တွေ့ရ ခဲပါသည်။
အထူးသဖြင့် ချီရှောက်ယန်း ဖြစ်သည်။ သူ၏နှလုံးသားထဲတွင် ရှင်းပြ၍မရသည့် အထိတ်တလန့်ဖြစ်မူများ ဖြစ်ပေါ်နေပါသည်။
လွန်ခဲ့သော လအနည်းငယ်က ချင်ယွင်၏ ကျင့်ကြံမူအဆင့်သည် သိုင်းဧကရာဇ် အဆင့်တွင်သာ ရှိသည်ကို သူ သတိရလိုက်သောကြောင့် ဖြစ်ပါသည်။ ယခုဆိုလျှင် တစ်နှစ်ခွဲကျော်ကြာသွားခဲ့ပြီး သူသည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးအဆင့် ကျွမ်းကျင်သူ တစ်ဦးကိုပင် အရှုံးမပေးဘဲ တိုက်ခိုက်နိုင်နေပြီ ဖြစ်ပါသည်။ ဤတိုးတက်မူ အမြန်နှုန်းသည် မည်မျှ ကြောက်စရာကောင်းလိုက်ပါသနည်း?။ လအနည်းငယ် အချိန်ပေးလိုက်သည်နှင့် ခုန်ပျံကျော်လွှာ မြင့်တက်သွားခြင်း မဟုတ်ဘူးလား?
ဤအကြောင်းကို တွေးတောနေရင်း ချီရှောက်ယန်းသည် အေးစက်စက် ချွေးတွေ စီးကျလာပါသည်။ ယခုအချိန်တွင်၊ ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးသည် ဤကောင်ကို သတ်ပစ်နိုင်လိမ့်မည်ဟုသာ သူ မျှော်လင့်နိုင်ပါတော့သည်။
ချွင်….!
ကောင်းကင်မှ တိုက်ပွဲက မီးတောက်ပြီးလောင်ကျွမ်းနေသည့် အဆင့်သို့ ရောက်ရှိနေပါ ပြီ။
ယွန်ဟောင်ယန်၏ လက်ထဲမှ ဆေဘာအလင်းတန်းသည် တလက်လက် တောက်ပနေသော နဂါးငွေ့တန်း ကြယ်စင်စုတစ်ခုလိုပင်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေနိုင်ပါသည်။ ချင်ယွင်၏ လက်ထဲမှ ဓားသည် ထောင်ပေါင်း များစွာသော ပုံရိပ်ယောင်တွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး လေပြင်းတိုက်ခတ်လာကာ အရာအားလုံးကို ဖြိုခွဲပစ်လိုက်နေသည်။
သိုင်းလေ့ကျင့်ရေးကွင်းပြင် တစ်ဝိုက်ရှိ အဆောက်အအုံ အားလုံးသည် ကြောက်မက် ဖွယ်ကောင်းသော ဆေဘာချီနှင့် ဓားချီတို့၏ ဖျက်ဆီးခြင်း ခံထားရ၏။
ချွင်..!
နှစ်ယောက်သား အပြန်အလှန် ထိုးနှက်တိုက်ခိုက်လိုက်ကြပြီး အချင်းချင်း တွန်းကန်သွားကာ သူတို့နှစ်ဦးကြား အကွာအဝေးက ကွာခြားသွားလေသည်။
"ဟမ့်၊ ငါ့ဆေဘာ တိုက်ကွက်အများပြားကို မင်း ခုခံနိုင်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းစိတ်ထဲမှာ အရမ်းပျော်နေရမယ် ဟုတ်တယ် မဟုတ်လား" ယွန်ဟောင်ယန်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
"မင်းရဲ့ဆေဘာတိုက်ကွက်ကို ခုခံရတာ ဒီလောက် လွယ်ကူနေတာ။ ဘာများ ပျော်စရာရှိလို့လဲ" ချင်ယွင်က အထင်အမြင်သေးစွာဖြင့် အမှန်အတိုင်း ပြောလိုက်လေ သည်။
"ဟမ့်၊ မင်းပါးစပ်က တော်တော်ကို မာရည်ကြောရည်နိုင်တာပဲ။ ငါ့ဆေဘာပညာရပ်က သာမန်ပဲလို့ မင်းထင်ထားမှတော့ ငါ့ရဲ့ တကယ့်ဆေဘာပညာရပ်ဖြစ်တဲ့ “ နှင်းသုံးပွင့် ဆေဘာ”ပညာရပ်ကို မင်းကို ခံစားခွင့် ပြုလိုက်မယ်။ မင်းအနေနဲ့ ငါ့ဆီကနေ ဆေဘာသိုင်း ဘယ်နှစ်ကွက် ခုခံနိုင်မလဲဆိုတာ ကြည့်ချင်တယ်။." ယွန်ဟောင်ယန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်က တစ်ဖန် ထွက်ပေါ်လာပြန်သည်။
"ဖြစ်နိုင်တာက ရှောင်ယန်ဂိုဏ်း၏ ရတနာများထဲမှ တစ်ခုဖြစ်တဲ့ “နှင်းဓားသုံးလက်များ ” ဖြစ်နေမလား။ ယွန်ဟောင်ယန်က ဒီသိုင်းပညာရပ်ကို လေ့ကျင့်ရာမှာ အမှန်တကယ် အောင်မြင်သွားခဲ့ပြီလား?” ဟောင်လင်းယွင်က အံ့သြစွာ ပြောလိုက်သည်။
ဟောင်ဝမ်ရှင်းက ခေါင်းညိတ်ပြပြီး သူ၏မျက်နှာသည်လည်း လေးနက်မှု အရိပ်အယောင် ပေါ်လွင်နေသည်။
ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက လှောင်ပြောင်ဟန် အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူက နှင်းဓားသုံးချက် မပြောနဲ့ နှင်းဓားအချက် သုံးဆယ်ဆိုရင်တောင် ငါယူနိုင်တယ် " ဟု တိုက်ရိုက်ပင် အထင်အမြင်သေးစွာဖြင့် ပြောလိုက်လေသည်။
ကောင်းကင်ကပ်ဘေးဒုက္ခ ဆင်းသက်လာရန် အချိန် အတော်ကြာနေသေး၏။ ယွန်ဟောင်ယန်နှင့် အချိန်ပိုပေးလိုက်ရမည်ဆိုလျှင်လည်း သူ စိတ်ထဲမထားပေ။ ယွန်ဟောင်ယန်၏ ဆေဘာသိုင်းပညာရပ်သည် မည်မျှ အစွမ်းထက်သည်ကို သူ မြင်ချင်မိသည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ။ ငါ့ရဲ့ ပထမဆုံး ဆေဘာသိုင်းကွက်ကို ခံယူလိုက်စမ်း…။ “နှင်းတွေက ကီလိုမီတာ တစ်သောင်း ပျံသန်းနေတယ်!"။
ယွန်ဟောင်ယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲက ဆေဘာက ကြောက်စရာကောင်းသည့် ရေခဲအငွေ့အသက်နှင့်အတူ တဟုန်ထိုး ခုတ်ပိုင်းလာလေ သည်။
ဆေဘာ ခုတ်ပိုင်းချက် ထွက်ပေါ်လာသည်နှင့် ကောင်းကင်နှင့် မြေကြီးကြားရှိ လေနှင့် ဆီးနှင်းများက ချင်ယွင်ဆီသို့ ဦးတည်သွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဆေဘာချီသည် လေထု၊ ဆီးနှင်းများနှင့်အတူ ရောယှက်သွားကာ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ပြီး လေထုသည်ပင် တိုက်ရိုက် ကွဲထွက်သွားခဲ့ပြီး ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲထွက်သွားပုံရသည်။
"အရေးမပါတဲ့ပညာရပ်လေးနဲ့များ…!"
ချင်ယွင်က လျင်မြန်စွာ နီးကပ်လာသော ဆေဘာအလင်းတန်းကို ကြည့်ရင်း သူ၏ လက်ထဲတွင် မြူနှင်းချောက်နက်ဓားကို ဝှေ့ယမ်းလိုက်၏။ ဓားဆန္ဒသည် ထိုဓားထဲသို့ သွန်းလောင်းသွားကာ ဓားတစ်ခုလုံးကို အဆုံးမရှိ တုန်ခါသွားစေပြီး အကြွင်းမဲ့ လေဓားသတ်ဖြတ်ခြင်းသည် တခဏချင်း အသက်ဝင်သွားခဲ့သည်။
ဝှီး….!
ဓားအလင်းသည် ပစ်လွှတ်ထွက်သွားခဲ့ပြီး ဆေဘာအလင်းနှင့် အပြင်းအထန် တိုက်မိသွား၏
ဆေဘာအလင်းသည် ချက်ချင်းပေါက်ကွဲသွားခဲ့ပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ကြီးမားသော နှင်းမုန်တိုင်းကြီးတစ်ခု ဖြစ်လာလေသည်။
ယွန်ဟောင်ယန်၏ မျက်လုံးများတွင် အအေးဓာတ် အရိပ်အယောင်များ ထွက်ပေါ်လာ ခဲ့ပြီး သူ၏ပုံရိပ်သည် နှင်းများ လွင့်ပျံနေသည့်အလား ပုံရိပ်ယောင်ဆယ့်ရှစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။
ပုံရိပ်ယောင် ဆယ့်ရှစ်ခုသည် ချင်ယွင်ဆီသို့ ပြေးလာနေသည်။ သူတို့တစ်ဦးစီ၏ လက်ထဲတွင် ဆေဘာတစ်ချောင်းစီ ပါရှိပြီး ဆေဘာပေါ်တွင် နှလုံးခုန် ရင်တုန်လောက် သည့် စွမ်းအင်အတက်အကျလှိုင်းများ ဖြစ်ပေါ်နေလေသည်။
"ဒုတိယ ဆေဘာခုတ်ပိုင်းချက်၊ ဆေဘာနှင်းတွေက နေရာတိုင်းမှာ ရှိနေတယ်။"
ယွန်ဟောင်ယန်သည် ဆယ့်ရှစ်ယောက်သည် တညီတညွတ်တည်း အော်ဟစ်လိုက်ပြီး သူတို့၏ အသံတွေက မိုးခြိမ်းသံကဲ့သို့ ထိတ်လန့်တုန်လှုပ်စရာ ကောင်းလွန်းသည်။
"နှင်းတွေကနေ သိပ်သည်းထားတဲ့ ကိုယ်ပွားတွေလား။ စိတ်ဝင်စားဖို့ ကောင်းတယ်!" ချင်ယွင်သည် ဆယ့်ရှစ်ယောက်မြောက် ယွန်ဟောင်ယန်ကို သူ၏မျက်လုံးများတွင် အပြုံးမပျက် ကြည့်နေလေသည်။
"ဒါပေမယ့် အဲဒါက အသုံးမဝင်ဘူး။" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။
သူ၏ ရုပ်အသွင်သည်လည်း ပုံရိပ်ယောင်တစ်ထောင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲ သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နေရာ တစ်ဆယ့်ရှစ်နေရာ၌ တစ်ပြိုင်နက် တည်း ပေါ်လာပုံရသည်။
ချင်ယွင် (၁၈) ယောက်သည် တစ်ချိန်တည်းတွင် ဓားကို ခုတ်ပိုင်းလိုက်ပြီး၊ သူ၏ ဓားချီသည် ကောင်းကင်ယံအနှံ့ ပြည့်နှက်သွားခဲ့ပြီး နှင်းများကို ပေါက်ကွဲသွားစေသည်။
ယွန်ဟောင်ယန်၏ ကိုယ်ပွားဆယ့်ခုနစ်ခုသည် ပျံသန်းနေသော နှင်းဘောလုံးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကတော့ ချင်ယွင်၏ တိုက်ခိုက် မူကြောင့် တွန်းထုတ်ခံလိုက်ရသည်။ သူက ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက် လေသည်။
"ဟမ့်….၊ မင်းက ငါ့ရဲ့တတိယမြောက်သိုင်းကွက်၊ နှင်းကမ္ဘာကို တားဆီးနိုင်မယ်လို့ ငါ မယုံဘူး!"
ယွန်ဟောင်ယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထူးဆန်းသော စွမ်းအင် အတက်အကျလှိုင်းတစ်ခုက ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားပုံရသည်။ ချင်ယွင်သည် ကြီးမားသော အဖြူရောင်နှင်းထုကမ္ဘာကြီးထဲတွင် ရောက်ရှိနေသကဲ့သို့ ခံစားလိုက် ရ၏။ အအေးဓာတ်က ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ချင်ယွင်၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော အစစ်အမှန် အနှစ်သာရသည် ရပ်တန့်တော့မည့် အရိပ်အယောင် တစွန်းတစပင် အမှန်တကယ် ရှိနေလေသည်။
"အယ်….? နယ်မြေစွမ်းအားလား…?" ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာပါသည်။ ယွန်ဟောင်ယန်သည် “နှင်းနယ်မြေ”ကို အမှန်တကယ် အသုံးချနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော် ချင်ယွင်သည် ရုတ်တရက် တစ်ခုခုမှားနေပြီဆိုသည်ကို သိလိုက်ရပါသည်။
"မဟုတ်ဘူး၊ အဲဒါက “နှင်းနယ်မြေ” မဟုတ်ဘူး။ နယ်မြေတစ်ခုရဲ့စွမ်းအားကို အတုယူ ဖန်တီးထားတဲ့ ဆေဘာသိုင်းပညာရပ်ကို အသုံးပြုနေတာပဲ" ချင်ယွင်၏ မျက်နှာပေါ် တွင် သရော်လှောင်ပြောင်မှု အရိပ်အယောင် ပေါ်လာပါသည်။
"ငါ့ရဲ့နှင်းကမ္ဘာထဲမှာ မင်းက ငါ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။ မင်း သေခြင်းတရားကို နာခံစွာနဲ့ စောင့်နေလိုက်တော့။" ယွန်ဟောင်ယန်က သူ၏လက်ထဲတွင် ဆေဘာကို ဝှေ့ယမ်းပြီး ချင်ယွင်ဆီသို့ ပြေးသွားနေစဉ် ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။
"ဟမ့်…၊ ဒါကို နှင်းကမ္ဘာလို့ ခေါ်လို့ရတာပဲလား။ မင်းက ဒီလိုကစားချင်တယ်ဆိုမှတော့ နယ်မြေစွမ်းအားက ဘာလဲဆိုတာကို မင်းကို ငါ ကြည့်ခွင့်ပေးမယ်။" ချင်ယွင်သည် လျင်မြန်စွာ ချဉ်းကပ်လာနေသော ယွန်ဟောင်ယန်ကို ကြည့်ရင်း သူ၏ပါးစပ်ထောင့်မှ မထီမဲ့မြင်ပြုသည့် အရိပ်အယောင် ထွက်ပေါ်လာပါသည်။
"ဓားနယ်မြေ…..၊ ဖွင့်…………!"
ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် အဆုံးမရှိသော ဓားဆန္ဒက ချက်ခြင်း ထွက်ပေါ်လာသည်။
ယွန်ဟောင်ယန် မူလက အသုံးပြုခဲ့သော နှင်းကမ္ဘာကြီးသည်လည်း တခဏအတွင်း ပြိုကျသွားလေသည်။ ထို့နောက် ယွန်ဟောင်ယန်၏ လှုပ်ရှားမှုများသည် အလွန် နှေးကွေးလာခဲ့ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန် အနှစ်သာရ စီးဆင်းမှုသည်ပင် အလွန် နှေးကွေးလာခဲ့သည်။
"ဒါ...ဒါက ဖြစ်နိုင်လို့လား?" ယွန်ဟောင်ယန်၏ မျက်လုံးများသည် မယုံကြည်နိုင်မူများ ပြည့်နှက်နေကာ နွားတစ်ကောင်၏မျက်လုံးများကဲ့သို့ပင် ပြူးကျယ်သွားလေသည်။