အခန်း (၅၇၆-၅၈၀)
Vol. 39 Ch. 576-580
အခန်း (၅၇၆) အသက်လတ်ပိုင်းအရွယ် လှပသောအမျိုးသမီး။
ချင်ယွင်သည် ထန်းရွှေတောင်တန်းတစ်ခုလုံးကို စုံစမ်းစစ်ဆေးရန်အတွက် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုခဲ့သော်လည်း သူ၏အစ်မ လျူရန်ယွင်၏ ရုပ်အသွင်ကို ရှာဖွေတွေ့ရှိခြင်းမရှိသည့်အတွက် သူသည် ကူကယ်ရာမဲ့ဖြစ်ပြီး မိမိနေရသို့သာ အရင်ဆုံး ပြန်လာခဲ့တော့သည်။
အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ ထန်းရွှေတောင်တန်းအတွင်းမှာ စိတ်ဝိညာဉ်စွမ်းအားဖြင့် ရှာမတွေ့နိုင်သော နေရာအချို့ ရှိနေရပါမည်။ သူ၏အစ်မ လျူရန်ယွင်ကို ဖန်ယုထန်းက ထိုနေရာတွင် ဝှက်ထားသည်မှာ ဖြစ်နိုင်လောက်သည်။
သို့သော် ထိုကဲ့သို့သော နေရာများသည် များသောအားဖြင့် အလွန်လျှို့ဝှက်သည်။ အကယ်၍ ဂိုဏ်း၏ အထက်ပိုင်းပုဂ္ဂိုင်းများ မဟုတ်ပါက ဤနေရာများသည် မည်သည့် နေရာများဖြစ်သည်ကို သာမန်လူများ မသိနိုင်ပါ။
ထို့ကြောင့်၊ ချင်ယွင်သည် ထိုနေရာမျိုးကို မသွားရောက်နိုင်ခင် လမ်းကြောင်းတစ်ခုသာ ရှိတော့ပြီး ၎င်းလမ်းကြောင်းမှာလည်း ကောင်းကင်ဘုံငယ်တောင်ထိပ်သို့ သွားပြီး ဖန်ယုထန်းကို ရှာကာ သူ့အစ်မ၏ နေရာကို တွန်းအားပေးပြီး တိုက်ရိုက်မေးရန်ပင် ဖြစ်တော့သည်။
ဤအရာသည် အလွန်ခက်ခဲသော်လည်း၊ မျှော်လင့်ချက်မီးတောက်လေး ရှိနေသရွေ့ ချင်ယွင်သည် ထိုကဲ့သို့လုပ်ဆောင်ရန် သူ၏အသက်ကိုပင် စွန့်စားရပေလိမ့်မည်။
သို့သော်၊ ယနေ့ညတွင် လုပ်ရှားရန် အခွင့်လမ်းမရှိတော့ပေ။ အဘယ့်ကြောင့်ဆိုသော် မကြာမီ မိုးလင်းတော့မည် ဖြစ်သောကြောင့်ပင်။ နေ့ခင်းဘက်ကြီး လှုပ်ရှားမည်ဆိုလျှင် အလွန်အမင်း အဆင်မပြေ ဖြစ်လိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် မလှုပ်ရှားမီ ညအချိန်အထိ စောင့်ရန် စီစဉ်ထားသည်။
"ဒေါက်… ဒေါက်…!"
မိုးလင်းသောအခါ ချင်ယွင်၏ ခြံတံခါးကို တစ်ယောက်ယောက် လာခေါက်သံ ထွက်ပေါ်လာသည်။
ချင်ယွင်သည် တံခါးကို ဖွင့်လိုက်သည်နှင့် ရောက်လာသူမှာ လျှိုလင်း ဖြစ်နေသည်။ ချင်ယွင်ကတော့ ဤအရာနှင့်ပတ်သက်ပြီး သိပ်ပြီး မအံ့သြပါဘူး။
"ချင်ယွင် တစ်ခုခု ဖြစ်သွားတယ်။" လျှိုလင်းက ချင်ယွင်ကို တွေ့သောအခါ ချက်ချင်း ပြောလိုက်လေသည်။
"ဘာများဖြစ်လို့လဲ?" ချင်ယွင်က မသိဟန်ဆောင်ကာ မေးလိုက်သည်။ ယွန်ဟောင် သတ်ဖြတ်ခံရမူကို ရှာဖွေတွေ့ရှိသွားပြီဟု သူ၏စိတ်ထဲတွင် မှန်းဆထားပြီး ဖြစ်သည်။
"ယွန်ဟောင် အသတ်ခံရတယ်။"
ဟုတ်ပါသည်။ လျှိုလင်း၏ နောက်စကားက ချင်ယွင်၏ ထင်မြင်ချက်ကို အတည်ပြု လိုက်ပါသည်။
"အိုး? အဲဒီလူက ကောင်းကင်ဘုံဂိုဏ်းရဲ့ တော်ဝင်အကြီးအကဲကြီးရဲ့သား မဟုတ်လား။ ဒီအမှိုက်က စောစောသေတာနဲ့ နောက်ကျမှ သေတာပဲ ကွာမှာပါ။ အဲဒါက ပုံမှန် မဟုတ်ဘူးလား။" ချင်ယွင် တဟားဟား ရယ်မောပြီး ပြောလိုက်လေသည်။
"နင် သူ့ကို တကယ်မသတ်ခဲ့ဘူးလား" လျှိုလင်းက ချင်ယွင်၏ အမူအရာကို ကြည့်ကာ စကားပြောရင်း မေးမြန်းလိုက်သည်။
အမှန်တကယ်ဆို ထိုသတင်းကို သူမ ကြားလိုက်ရသည့်အခါ သူမ၏ ပထမဆုံး တုံ့ပြန်မှုက ယွန်ဟောင်သည် ချင်ယွင်၏ သတ်ဖြတ်မူကို ခံလိုက်ရခြင်းပင် ဖြစ်ပါသည်။ အကြောက်တရားကင်းမဲ့သည့် ဤကောင်ကလွဲလို့ ကောင်းကင်ဘုံဂိုဏ်း၏ရှေ့မှာ တော်ဝင်အကြီးအကဲကြီးတစ်ယောက်၏ သားကို မည်သူက သတ်ဝံ့မည်နည်း?။ သို့သော်လည်း ချင်ယွင်၏ မည်သို့မျှမထူးဆန်းသည့် ဟန်ပန်အမူအရာကြောင့် လျှိုလင်းသည် ပဟေဠိ ဖြစ်သွားရသည်။
"ဟုတ်တယ်။ ဒီအမှိုက်ကို ငါ နည်းနည်းတော့ ငြီးငွေ့ပေမယ့် သူက ငါ့ကို ရန်လာစတာ မဟုတ်ဘူးလေ။ ဒီတော့ ဘာလို့ ငါက သူ့ကို သတ်ရမှာလဲ" ချင်ယွင်က တဟားဟား ရယ်ရင်း ပြောလိုက်သည်။
သူသည် သူ၏အစ်မကို ရှာမတွေ့ခင် ချင်ယွင်က ပြဿနာအများကြီး မဖြစ်စေချင် ပါဘူး။ ထိုသို့မဟုတ်လျှင် သူ၏အစ်မကို ရှာဖွေရသည်မှာ ပို၍ပင် ခက်ခဲသွားပါလိမ့် မည်။ ထို့အပြင် ယွန်ဟောင်ကို မနေ့ညက အသတ်ခံရပြီးနောက် သူ၏ ရုပ်ရည် အသွင်အပြင်နှင့် သူ၏အငွေ့အသက်ကို ပြောင်းလဲခဲ့ပြီးဖြစ်ကာ သူ့ကို မည်သူမျှ မှတ်မိနိုင်မည် မဟုတ်ပေ။
ထိုတပည့်မကို အသက်ရှင်လျက် ထားခဲ့ရခြင်း၏ အကြောင်းအရင်းမှာ သူသည် သူမကို သတ်ပစ်ရမည်ကို အထင်သေး၍ တဖက်လက်ဖြင့် သတ်ဖြတ်စေလိုသောကြောင့် ဖြစ်ပါသည်။ ဆန့်ကျင့်ဘက်အမြင်ဖြင့် ပြောရမည်ဆိုလျှင် သူသည် အခြားလူများ ဝေဝါးရှုပ်ထွေးသွားစေရန် မှားယွင်းသော သက်သေခံချက်ဖြင့် ကောင်းကင်ဘုံဂိုဏ်းကို ပေးဆောင်စေလိုသောကြောင့် ဖြစ်သည်။
လျှိုလင်းက အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူမကိုယ်သူမ တွေးလိုက်သည် " ဖြစ်နိုင်တာက ငါများ မှားသွားလို့လား? တခြားတစ်ယောက်ယောက်ကပဲ ယွန်ဟောင် ကို သတ်လိုက်တာလား၊ သူ သတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ မေ့လိုက်ပါ၊ ဒါက ငါနဲ့ ဘာဆိုင်လို့လဲ"
လျှိုလင်းသည် သူမ၏စိတ်ထဲတွင် အတွေးအာရုံအနှောက်အယှက်များကို ဖယ်ရှား လိုက်ပြီး သိပ်ပြီး မတွေးတော့ပေ။
"ဒီအကြောင်းပြောဖို့အတွက်နဲ့ မင်း ငါ့ကိုခေါ်ဖို့ ဒီကိုရောက်တာလား" ချင်ယွင်က မေးသည်။
"ဟုတ်တယ်။ နင့်ကို တွေ့ချင်နေတာက ငါ့ဆရာပဲ၊ သူက နင်ကို သူမလာလည်ဖို့ ငါ့ကို ဖိတ်ခေါ်ခိုင်းလိုက်တာပါ" လျှိုလင်းသည် သူမ၏အဓိကရည်ရွယ်ချက်ကို သတိရပြီး ပြောလိုက်သည်။
"မင်း ဆရာက ငါ့ကို တွေ့ချင်တာလား" ချင်ယွင် မျက်မှောင်ကြုတ်ပြီး ထပ်ခါတလဲလဲ ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ငါ့ဆရာမှာ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဟိုအရင် နင်နဲ့ တွေ့ခဲ့အချိန်တုန်းက ဖြစ်ခဲ့သမျှ အရာအားလုံးကို ငါ ပြောပြထားတယ်။ ဆရာက မင်းအကြောင်း အရမ်းသိချင်တဲ့အတွက် မင်းကို လာလည်ဖို့ ဖိတ်ခေါ်ခိုင်းလိုက်တာပဲ ။" လျှိုလင်းက ချင်ယွင် နားလည်မှုလွဲမှာကို ကြောက်နေပုံရပြီး အမြန် ရှင်းပြလိုက်သည်။
"ကောင်းပြီလေ။" ချင်ယွင်က ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးတော့၊ လျှိုလင်း၏ဆရာသည် သူ့ကို ကောင်းကင်ဘုံဂိုဏ်းဆီသို့ ခေါ်ဆောင် လာသူဖြစ်ပါသည်။ ဤသည်မှ, မျက်နှာချင်းဆိုင် ကျေးဇူးတင်စကား ပြောရန် အခွင့်ကောင်းပင် ဖြစ်ပါသည်။
ချင်ယွင်က သဘောတူသည်ကို မြင်လိုက်ရလျှင် လျှိုလင်းက ခပ်ဖျော့ဖျော့ ပြုံးပြပြီး ချင်ယွင်ကို သူမဆရာတည်းခိုရာအိမ်ဆီ ခေါ်ဆောင်သွားခဲ့သည်။
ဆိတ်ငြိမ်သော ခြံဝင်းတစ်ခုဆီသို့ လျှောက်လာပြီးနောက် လျှိုလင်းသည် ဝင်းတံခါးကို ညင်သာစွာ ခေါက်လိုက်သည်။ အတွင်းမှ 'ဝင်ခဲ့' ဟူသော စကားတစ်ခွန်းသာ ထွက်ပေါ်လာသော်လည်း ယင်းအသံသည် ဂုဏ်သိက္ခာပြည့်ဝလှသည်။
လျှိုလင်း နှင့် ချင်ယွင်တို့သည် ခြံဝန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းလာရင်း လက်ဖက်ရည်သောက်ရင်း ကျောက်စားပွဲပေါ်တွင် ထိုင်နေသော အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးတဦး တွေ့လိုက်ရလေသည်။
အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးသည် အသက်လေးဆယ်မှ ငါးဆယ်ဝန်းကျင် ရှိနေပြီဖြစ်သော်လည်း သူမသည် အထူးကောင်းမွန်သည့် အခြေအနေကို ပိုင်ဆိုင်ထားသေးသည်ဟု ဆိုရမည်ဖြစ်သည်။ အထူးသဖြင့် သူမ၏ အသားအရေသည် အသက်သုံးဆယ်ကျော် အရွယ်ကဲ့သို့ ဖြစ်နေချိန်တွင် သူမ၏ ခန္ဓာကိုယ်သည် ရင့်ကျက်သော တည်ငြိမ်သော ဆွဲဆောင်မူမျိုးကို ထုတ်လွှတ်နေဆဲ ဖြစ်သည်။
အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးက လျှိုလင်း နှင့် ချင်ယွင်တို့ ဝင်လာသည်ကို မြင်သောအခါ သူမက ပြုံးပြီး ပြောလိုက်လေသည် "ကျေးဇူးပြုပြီး ထိုင်ပါ။ လင်အာ…၊ မင်း အရင်ထွက်သွားလို့ရပြီ"။
"ဟုတ်ကဲ့ ဆရာ!" လျှိုလင်းက ခေါင်းညိတ်ပြပြီး ခြံဝင်းတံခါးကို ပိတ်ကာ ထွက်လာခဲ့လေသည်။
ချင်ယွင်သည် အနည်းငယ် အံ့သြသွား၏။ လျှိုလင်း၏ဆရာ မည်သည့်အရာ ဖြစ်ချင်နေသည်ကို သူ နားမလည်နိုင်ပါဘူး။ သူမက လျှိုလင်း၏ ရှေ့မှာ သူ့ကို မည်သည့်အတွက်ကြောင့် စကားမပြောရသနည်း..?။
သို့သော် သူသည် အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးထံ လျှောက်သွားပြီး ထိုင်လိုက်ပါသေးသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ချင်ယွင်ကို ကြည့်ကာ ပြုံးလိုက်လေသည်။ သူမကိုယ်တိုင် လက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်ပြီး ချင်ယွင်ကို ပေးလိုက်သည်။ သူမက ပြောသည် "လာ..လား…။ ဒါကို မြည်စမ်းကြည့်ပါဦး။ ဒါက ငါတို့ လျှို့ဝှက် ဆန်းကြယ်ဂိုဏ်း ကျောက်စိမ်းခရားတောင်ထိပ်က ထူးခြားတဲ့ လေညင်း လက်ဖက်ပင် က ထုတ်လုပ်တဲ့ လက်ဖက်ခြောက်ပါ။ စိမ့်စမ်းရေကတော့ ငါတို့ လျှို့ဝှက်ဆန်းကြယ် ဂိုဏ်းရဲ့ သဟဇာတစမ်းချောင်းကပဲ။ နှစ်ခုစလုံးက ထိပ်တန်းအဆင့်တွေချည်းပဲ။ တကယ်လို့ မင်းသား ဒီလဖက်ရည်ကို သောက်လိုက်မယ်ဆိုရင် စိတ်တည်ငြိမ်ဖို့ လွယ်ကူလိမ့်မယ်။"
ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးတွေကို အနည်းငယ် မှေးကျဉ်းလိုက် သည်။
ဤလက်ဖက်ရည်သည် အမှန်တကယ်ပင် ရှားပါးရတနာဟု ဆိုရပေမည်။ အရသာက အနည်းငယ် ခါးပြီး စိတ်တည်ငြိမ်သွားပြီးနောက်မှ ချိုမြိန်လာသည်။ အရေးအကြီးဆုံး ကတော့ လက်ဖက်ရည်မှာ အေးမြခြင်း အရိပ်အယောင် တစွန်းတစ ပါဝင်နေပါသည်။ ယင်းက လူတွေကို သူတို့၏ အဆင်ခြင်ကင်းမဲ့ပြီး စိတ်မြန်လက်မြန် လုပ်လိုစိတ်ကို ငြိမ်သက်စေပြီး ကောင်းမွန်သည့် ကျင့်ကြံခြင်းအခြေအနေတစ်ခုကို ဝင်ရောက်ရာမှာ အလွန် လွယ်ကူစေသည်ဟု ဆိုနိုင်ပါသည်။
"တကယ်ကောင်းတဲ့ လက်ဖက်ရည်ပါပဲ။" ချင်ယွင်က ခေါင်းညိတ်ပြီး ခွက်ထဲမှ လက်ဖက်ရည်အားလုံးကို သောက်လိုက်ပါသည်။
"မနေ့က စတွေ့ကတည်းက မင်းရဲ့ရန်လိုစိတ်တွေက အရမ်းကို ပြင်းထန်နေတာကို ငါ သတိထားမိတယ်။ မင်းကို ဒီနေ့တွေ့လိုက်ရတော့ မင်းရဲ့ခန္ဓာကိုယ်ထဲက ရန်လိုမှု တွေက ပိုပိုပြင်းထန်လာတာကို ငါ တွေ့လိုက်ရတယ်။ ဒါကြောင့် မင်းကို ငါက ဒီလက်ဖက်ရည် သောက်ခိုင်းလိုက်တာ။ မင်း လုံးလုံး အေးချမ်းနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။" အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ထပ်ပြောသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ…" ချင်ယွင်က သူမကို ကျေးဇူးတင်စကား ဆိုလိုက်ပါ တယ်။ အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးထံမှ သူ့ကို ပေးနေသည့် ခံစားချက်က သူ့ကို နားမလည်နိုင်အောင်ပင် ဖြစ်စေပါသည်။ သူမသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရန်လိုမှုကို အမှန်တကယ် ခံစားနိုင်ပါသည်။
မှန်ပါသည်၊ ချင်ယွင်သည် သူ၏နှလုံးသားမှ ဒေါသကို မျိုသိပ်ထားရပါသည်။ သူ၏အစ်မ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ကို သူ သိလိုက်သောအခါ ချင်ယွင်၏ နှလုံးသားသည် ဒေါသနှင့် ပြည့်နှက်နေပါသည်။
"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် မင်း မနေ့ညက ယွန်ဟောင်ကို သတ်လိုက်တယ် ဟုတ်တယ် မဟုတ်လား" အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ပြောသည်။
ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်ပါသည်။
"ဒါ့အပြင်၊ မင်း ကောင်းကင်ဘုံဂိုဏ်းကို လာရတဲ့ ရည်ရွယ်ချက်က အင်မော်တယ် ဖိတ်ခေါ်ခြင်း အခမ်းအနားကို ကြည့်ရူဖို့ သက်သက် မဟုတ်ဘူးမလား။ တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက် မှန်ကန်နေရင် မင်းက ကောင်းကင်ဘုံဂိုဏ်းကို တစ်စုံတစ်ယောက်ကို ရှာဖွေဖို့ လာတာမဟုတ်လား။" အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ပြုံးပြီး လက်ဖက်ရည် တစ်ခွက် ထပ်သောက်လေသည်။
"အယ်!"
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားပြီး အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးက ကြည့်လိုက်ရင်း သူ၏ အမူအရာက နိုးနိုးကြားကြားဖြင့် သတိထားလာသည်။
သူ၏အစ်မ လျူရန်ယွင်ကိုရှာဖွေရန်ဆိုသည့်စကားမျိုး သူသည် လျှိုလင်းကို တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ ဤအသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးက သူ့ကို တစ်ကြိမ်ပဲ မြင်ဖူးပါသည်။ သူမသည် ဤကိစ္စကို မည်သို့ သိနိုင်သနည်း?။
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ချင်ယွင်၏ ရန်သူကြီးသဖွယ် သတိထား ရင်ဆိုင်နေသည့် အမူအရာကို မြင်သောအခါ သူမ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးက ပို၍ပင် ပီပြင်လာလေသည်။
"တကယ်တော့ မင်းရှာနေတဲ့လူက ဘယ်နေမှာရှိလဲဆိုတာ ငါသိတယ်လို့ပြောရင် မင်း ငါ့ကို ယုံမှာလား။ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကက ရုတ်တရက် ပြုံးပြီး ပြောလိုက်သည်။
ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူက အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကို စူးစိုက်စိုက်စိုက် ကြည့်လိုက်ပြီး "စီနီယာ၊ ကျွန်တော့်အစ်မ လျူရန်ယွင် ဘယ်မှာလဲဆိုတာ စီနီယာ တကယ်သိသလား"ဟု စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။
အခန်း (၅၇၇) ကောင်းကင်ယင်တောင်ထိပ်။
ချင်ယွင်သည် ထိုစကားကိုပြောနေစဉ်မှာ သူ၏နှုတ်ခမ်းတွေ တုန်ယင်နေပါသည်။
သူ၏အစ်မသည် ဖန်ယုထန်းကို လက်ထပ်ဖို့ ငြင်းဆိုရန်အတွက် သူမ၏မျက်နှာကို ရုပ်ပျက်ဆင်းပျက်လုပ်ရန်ပင် ဆန္ဒရှိခဲ့ကြောင်း မနေ့ညက သိလိုက်ရပြီးကတည်းက သူ၏နှလုံးသည် ကြီးမားသော လက်ကြီးဖြင့် အမြဲ ဆုပ်ကိုင်ထားသလို ခံစားနေရသည်။ တဒင်္ဂမပြောနှင့် သူ၏အစ်မသည် သူ၏နှလုံးသားကို အမြဲတမ်း ဆုပ်ကိုင်ထားသူ အမြဲတမ်း လှုံ့ဆော်ပေးနိုင်သူ ဖြစ်ပါသည်။
လွန်ခဲ့သည့် ခြောက်လအတွင်း သူ့အစ်မ၏ဘဝသည် မည်မျှ စိတ်ဆင်းရဲရမည်ကို သူ တွေးကြည့်နိုင်ပါသည်။
သူနှင့် သူ၏အစ်မတို့သည် ခြောက်နှစ်လောက် အတူတူ နေထိုင်ခဲ့ကြပါသည်။ ထိုအချိန်က သူသည် တုံးအနေသော်လည်း ချင်ယွင်သည် သူမ၏ အကျင့်စရိုက်နှင့် ပတ်သက်၍ အလွန်ရှင်းလင်းနေဆဲ ဖြစ်သည်။ သူမသည် လုံးဝ ပြတ်သားပြီး စိတ်ဓာတ်ခိုင်မာသူတစ်ဦး ဖြစ်ပါသည်။ သူမသည် အပြင်မှာ ပျော့ပျောင်းဟန် ထင်ရသော်လည်း အတွင်းစိတ်ပိုင်းက အလွန်မာကျောသည့် အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။
ထို့ကြောင့် သူမအတွက် အလျှော့အတင်းလုပ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သူမ၏ တုံးအနေသည့် မောင်လေးအတွက်ဆို သူမသည် အရာအားလုံးကို စွန့်လွှတ်ရန်ပင် ဆန္ဒရှိနေပါလိမ့်မည်။
အကယ်၍ ဖန်ယုထန်းသည် သူ၏အစ်မကို အတင်းအကြပ် ရယူလိုလျှင် သူ၏အမသည် မိမိကိုယ်ကို သတ်သေရန် သေချာပေါက် ရွေးချယ်မည် ဖြစ်ပါသည်။ ဤအရာသည် ချင်ယွင် အကြောက်ဆုံးအရာပင် ဖြစ်ပါသည်။
ချင်ယွင်သည် သူ၏အစ် မည်သည့်နေရာမှာရှိ နေသည်ကို သိကြောင်း အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးထံမှ တရားဝင်စကား ကြားလိုက်ရသည့်အခါ သူသည် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်တော့မည်နည်း?။
"အစ်မလား…. ?။ သူမက မင်းရဲ့ အစ်မသက်သက်ပဲ မဟုတ်လောက်ဘူး ထင်တယ်နော် ဟုတ်တယ် မဟုတ်လား" လူလတ်ပိုင်းအမျိုးသမီးက တခစ်ခစ် ရယ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"စီနီယာ၊ ကျွန်တော့်အစ်မက ဘယ်မှာလဲ၊ ကျွန်တော့်ကို ပြောပြပါ" ချင်ယွင်က ဘာမှ ပြန်ရှင်းပြမနေပါဘူး။ ယခုအချိန်မှာ သူအစိုးရိမ်ဆုံးက သူ၏အစ်မ မည်သည့်နေရာကို ရောက်နေလဲဆိုတာကိုပါ။
ချင်ယွင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လျှင် အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးက ဝှေ့ဝိုက်နေခြင်း မရှိတော့ဘဲ တိုက်ရိုက် ပြောလိုက် လေသည် “ကောင်းကင်ဘုံဂိုဏ်းမှာ ထူးခြားတဲ့ တောင်ထိပ် ခုနစ်ဆယ့်နှစ်ခု ရှိတယ် ဆိုတာ မင်းလည်း သိထားလောက်ပြီ။ တကယ်တော့ အဲဒါက မဟုတ်ဘူး။ ထန်းရွှေ တောင်တန်းမှာ ထူးဆန်းတဲ့ တောင်ထိပ်တစ်ခုအပါဝင် စုစုပေါင်း တောင်ထိပ် ၇၃ ခု ရှိတယ်။ " အဲဒီတောင်ထိပ်တွေအနက် ၇၃ ခုမြောက် ထောင်ထိပ်ကိုတော့ ကောင်းကင် ဘုံဝှက်ထားခြင်းတောင်ထိပ်လို့ ခေါ်တယ်။ အဲဒီကောင်းကင်ဘုံ ဝှက်ထားခြင်း တောင်ထိပ်က အလွန်ထူးခြားသည်။ တောင်ထိပ်တစ်ခုလုံးက တောင်ထိပ် ၇၂ ခု ကြား မှာ ပုန်းကွယ်နေတယ်။ အဲဒီနေရာမှာ သဘာဝ ပုံရိပ်ယောင်ဝင်္ကပါတစ်ခု ရှိတယ်။ စိတ်ဝိညာဉ်စွမ်းအားတောင်မှ အဲဒါကို မဖော်ထုတ်နိုင်ဘူး။ တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ကန်မယ်ဆိုရင် မင်းအစ်မ အဲဒီ ကောင်းကင်ဘုံဝှက်ထားခြင်း တောင်ထိပ်မှာ အကျဉ်းကျနေတာ ဖြစ်နိုင်တယ်"။
"ကောင်းကင်ဘုံဝှက်ထားခြင်းတောင်ထိပ် , ကောင်းကင်ဘုံဝှက်ထားခြင်းတောင်ထိပ်, စီနီယာ၊ အဲဒီ ကောင်းကင်ဘုံဝှက်ထားခြင်းတောင်ထိပ်က ဘယ်နေမှာလဲ" ချင်ယွင်က ကမန်းကတန်း မေးလိုက်ပါသည်။
ထန်းရွေတောင်တန်တစ်ခုလုံးကို သူ ရှာဖွေခဲ့ပြီးပါပြီ။ မနေ့ညက သူသည် သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့် တောင်ထိပ် ၇၂ ခုစလုံးကို ရှာဖွေခဲ့သော်လည်း အသက်လတ်ပိုင်းအရွယ် အမျိုးသမီးပြောသည့် ၇၃ ခုမြောက် ထူးဆန်းသည့် တောင်ထိပ်ကိုမူ သူ မတွေ့ခဲ့ရပေ။
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ပြုံးပြီး သူမလက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ သူမလက်ထဲမှာ ရှေးဟောင်းကြေးရောင်မှန်တစ်ချက် ထွက်ပေါ်လာသည်။
"ဒါက ငါ့တို့ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ အဖိုးတန်ဆုံးရတနာ သုံးခုထဲက တစ်ခုပဲ။ ကြေးရတနာကြေးမှန်လို့ ခေါ်တယ်။ ဒီကြေးမှန်က အဆင့်မြင့်အဆင့် အင်မော်တယ် ပစ္စည်းတစ်ခု ဖြစ်တယ်။ ဒီကြေးမှန်က ပုံရိပ်ယောင်များနဲ့ လှည့်စားမှုများအားလုံးကို မြင်နိုင်ပြီး အဲဒီကောင်းကင်ဘုံဝှက်ထားခြင်း တောင်ထိပ်ကို ရှာဖွေရာမှာလည်း ကူညီပေးနိုင်တယ်။ ဒီကြေးမှန်ကတစ်ဆင့် မင်းရဲ့ခန္ဓာကိုယ်ပေါ်က မကောင်းဆိုးဝါး အငွေ့အသက်တွေကို ငါ ရှာဖွေတွေ့ရှိခဲ့တာပဲ။ ငါက ဒီ ကြေးရတနာကြေးမှန်ကို မင်းအတွက် ငှားပေးနိုင်ပေမယ့် အခြေအနေတစ်ခုကိုတော့ မင်း သဘောတူရမယ်။” အသက်လတ်ပိုင်းအရွယ် အမျိုးသမီး ချင်ယွင်ကို ပြောလိုက်လေသည်။
"ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် ကျွန်တော် သဘောတူမှာပါ" ချင်ယွင်က ကမန်းကတန်း ပြောလိုက်သော်လည်း သူ၏မျက်လုံးတွေက အသက်လတ်ပိုင်းအရွယ် အမျိုးသမီး၏လက်ထဲမှ ကြေးမှန်ပေါ်တွင် စိုက်ကြည့်နေပြီး သူ၏အမူအရာ အလွန် စိတ်လှုပ်ရှားနေပါသည်။
ဤကြေးမှန်ကို သူ ရသည်နှင့် သူ၏အစ်မကို သူ ရှာတွေ့နိုင်တော့မည်။
ချင်ယွင်၏ အနှိုင်းမဲ့ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရလျှင် အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ပြုံးပြီး "ငါ မင်းကို လုပ်ခိုင်းချင်တဲ့အရာက အရမ်း ရိုးရှင်းပေမယ့် အရမ်းလည်း အန္တရာယ် များတယ်။ မင်း သေချာ တွေးကြည့်ရ မယ်"
"စီနီယာ… ၊ ကျေးဇူးပြုပြီး ပြောပါ။" ချင်ယွင် ခေါင်းညိတ်လိုက်သည်။
"မင်းက ဒီနှစ်ဝက်အတွင်းမှာ ငါတို့လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကို လာပြီး လျှိုလင်းကို မင်းနဲ့အတူ ခေါ်သွားနိုင်ဖို့ ငါ မျှော်လင့်တယ်။" အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ပြောသည်။
"အယ်?" ချင်ယွင်သည် အံ့ဩမှင်သက်သွားခဲ့ပြီး အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီး မည်သည့်အရာ ဆိုလိုသည်ကို နားမလည်တော့ပေ။
"မင်းက ငါ့ကို ဒီနှစ်ဝက်အတွင်းမှာ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကိုသွားပြီး လျှိုလင်းနဲ့ အတူ ထွက်သွားမယ်လို့ ကတိပေးရင် ငါ ဒီကြေးမှန်ကို မင်းကို ငှားပေးမယ်။ မင်း ဘာတွေပဲ လုပ်နေလုပ်နေ မင်းက ဒီနှစ်ဝက်အတွင်းမှာ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကို လာရမယ်ဆိုတာကိုတော့ မင်း သိထားရလိမ့်မယ်။ ဒါပေမယ့်၊ ငါပြောခဲ့သလိုပဲ၊ မင်း လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက ထွက်သွားချိန်မှာ မင်းအသက် ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ် အရမ်းများလိမ့်မယ်။” အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက လေးနက်စွာပြောသည်။
"စီနီယာကို ကျွန်တော် ကတိပေးပါတယ်!" ချင်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်လေသည်။ အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးက သူ့ကို မည်သည့်အရာ လုပ်စေချင်မှန်း သူ မသိသော်လည်း ၊ အကယ်၍ သူ၏အစ်မကို ရှာတွေ့မည်ဆိုလျှင်၊ သူသည် ဆေဘာတောင်ထိပ်ကို တက်ရတက်ရ၊ မီးပင်လယ် ကြီးထဲပင် ခုန်ဆင်းရ ခုန်ဆင်းရ စကားထဲတောင် ထည့်ပြောစရာလိုပေ။ နောက်ဆုံး သူသည် ငရဲကြီးဆယ့်ရှစ်ထပ်ကို ဆင်းသွားရမည်ဆိုလျှင်ပင် ချင်ယွင်သည် တွန့်ဆုတ်နေမည် မဟုတ်ပေ။
"ကောင်းပြီလေ၊ ငါ မင်းကို အကဲခတ် အမှားဘူးလို့ မျှော်လင့်ရတာပဲ။ မှတ်ထားပါ။ ဒီနေ့ကနေစပြီး နောက်ခြောက်လအတွင်းမှာ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကိုလာပြီး ထွက်သွားရမယ်ဆိုတာကို မမေ့ပါနဲ့။ မဟုတ်ရင် လျှိုလင်းက အသက်အန္တရာယ် ကြုံတွေ့ရနိုင်တယ်။" အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက လေးနက်စွာ ပြောပြီး သူမလက်ထဲရှိ ကြေးမှန်ကို ချင်ယွင်အား ပေးလိုက်လေသည်။
ချင်ယွင်သည် အံ့ဩမှင်သက်သွားလေသည်။ ဤအသက်လတ်ပိုင်းအရွယ် ချောမော လှပသော အမျိုးသမီးသည် သူ့ကို အမှန်တကယ် ယုံကြည်ခဲ့တာလား။ သူ၏အစ်မကို တွေ့ပြီးရင် သူ၏စကား ပြန်ပြောင်းသွားမည်ကို မစိုးရိမ်ဘူးလား..?။
သေချာသည်မှာ၊ ချင်ယွင်ကလည်း သူ၏စကားကို ပြန်ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကတိပေးထားသည့်အတိုင်း သူ လုပ်ဆောင်မှာ သေချာပါသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ချင်ယွင်၏ အတွေးများဖြင့် မြင်နေပုံရသည်။ သူမက ပြုံးရုံသာပြုံးပြီး လက်ဖက်ရည်သောက်ရန်အတွက် သူမ၏ လက်ဖက်ရည် ခွက်ကို ကောက်ကိုင်ပြီး ဆက်သောက်လိုက်လေသည်။
ချင်ယွင်သည် စိတ်လှုပ်ရှားစွာဖြင့် ကြေးမှန်ကို ကိုင်လိုက်သည်။
ဤကြေးမှန်ဖြင့်လျှင် သူသည် သူ၏အစ်မကို ရှာတွေ့နိုင်တော့မည် ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် လုံးဝ တွန့်ဆုတ်နေခြင်းမရှိတော့ဘဲ ထန်းရွှေတောင်တန်းကို စူးစမ်းလေ့လာရန်အတွက် ကြေးမှန်ကို အသက်သွင်းရန် သူ၏ အစစ်အမှန် အနှစ်သာရ ကို အလျင်အမြန် လှုံ့ဆော်လိုက်ပါသည်။
အစစ်အမှန်အနှစ်သာရကို အသက်သွင်းလိုက်သည်နှင့် အဖိုးမဖြတ်နိုင်သည့် ကြေးမှန်သည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လေသည်။ အဖိုးတန် ကြေးမှန်ပေါ်တွင် မြင်ကွင်းတစ်ခု ပေါ်လာပါသည်။ ဤမြင်ကွင်းသည် ထန်းရွှေ တောင်တန်းပေါ်မှ မြင်ကွင်း အတိအကျ ဖြစ်နေပါသည်။
ချင်ယွင် စိတ်အလှုပ်ရှားဆုံး အရာမှာ မြင်ကွင်းထဲတွင် တောင်တန်းများထဲမှ တောင်တန်းတစ်ခုကို မြင်နေရခြင်း ဖြစ်ပါသည်။ သို့သော် ချင်ယွင်သည် ယမန်နေ့က ထန်းရွှေတောင်တန်းကို ရှာဖွေသောအခါတွင် ထိုတောင်တန်း၏ တည်ရှိမှုကို သူ မတွေ့ခဲ့ရပေ။
"ကောင်းကင်ဘုံဝှက်ထားခြင်းတောင်ထိပ်၊ ဒါက ကောင်းကင်ဘုံဝှက်ထားခြင်း တောင်ထိပ်လား" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် စိတ်လှုပ်ရှားနေသည့် အမူအရာ ပေါ်လာပါသည်။ သူ၏မျက်လုံးတွေက ဝင်းလက်တောက်ပနေပါသည်။
ချင်ယွင်သည် တောင်ထွတ်၏ တည်နေရာကို မှတ်သားပြီးနောက်၊ သူသည် အဖိုးတန် ကြေးရတနာကြေးမှန်ကို အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးထံ ပြန်ပေးလိုက်ပါသည်။ ထို့နောက် ခြံဝန်းအတွင်းမှ အလျင်အမြန် ပြေးထွက်လာခဲ့သည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ခြံဝင်းထဲတွင် ထိုင်ကာ ကောင်းကင်ယံကို မော့ကြည့်လိုက် သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်ပါသည်။ "လင်းအား မင်းအတွက် ငါလုပ်ပေးနိုင်တာကို လုပ်ပေးပြီးသွားပြီ။ ကျန်တာတွေက မင်းရဲ့ ကံကောင်းမှုပေါ်မှာပဲ မူတည်လိမ့်မယ်။ ဒီတစ်ခါတော့ ငါခန့်မှန်းတာမမှားဖို့ မျှော်လင့်ပါတယ်။"
ချင်ယွင်သည် ခြံဝန်းအတွင်းမှ အမြန်ထွက်လာပြီးနောက် ခြံဝန်းတံခါးကို စောင့်နေသည့် လျှိုလင်းနှင့် တွေ့လိုက်ရလေသည်။
ချင်ယွင်က သူမကို ပြုံးပြပြီး ခေါင်းညိတ်ပြကာ အမြန် ထွက်သွားလေသည်။
လျှိုလင်းသည် ချင်ယွင်၏ အပြေးအလွှား ပြန်လာသည့်အမူအရာကို မြင်သောအခါ သူမ၏ သိမ်မွေ့သော မျက်နှာတွင် ဝေခွဲမရဖြစ်သည့် အမူအရာ ပေါ်လာပါသည်။ သူမ၏ ဆရာက ချင်ယွင်ကို မည်သည့်အကြောင်းအရာများ ပြောခဲ့သည်ကို သူမ နားမလည်ပါ။ သို့သော် ယင်းက ချင်ယွင်ကို အမှန်တကယ် ပျော်ရွှင်စေပုံရပါသည်။
"ရပ်လိုက်စမ်း…!"
သို့သော် ချင်ယွင်သည် ကောင်းကင်ဘုံဝှက်ထားခြင်းတောင်ထိပ်သို့ အပြေးအလွှား သွားနေချိန်မှာ ချင်ယွင်သည် ရုတ်တရက် သူမမြင်ချင်သည့် ရုပ်အသွင်တစ်ခုက သူ၏ရှေ့တွင် မတ်တတ်ရပ်ကာ ချင်ယွင်၏ လမ်းကို ပိတ်ဆို့လိုက်လေသည်။
"ဘေးကို ဖယ်ပါ… !" ချင်ယွင်က ခေါက်ယပ်တောင်ရှည်ကို ကိုင်ထားပြီး သူ၏ရှေ့မှာ ပိတ်ရပ်ထားသော လူငယ်ကို အေးစက်စွာ ပြောလိုက်လေသည်။
ဤအခိုက်အတန့်တွင် သူသည် သူ၏အစ်မကို တွေ့ရန်အတွက် ကောင်းကင်ဘုံ ဝှက်ထားခြင်းတောင်ထိပ်သို့ အပြေးအလွှား ပြေးသွားရန် မစောင့်နိုင်တော့ချေ။ သို့သော် ထိုအခိုက်တန့်တွင်၊ ဤအကောင်သည် သူ၏လမ်းကို ပိတ်ဆို့နေ၏။ ထို့ကြောင့် ချင်ယွင်သည် မည်သို့ ဒေါသမထွက်ဘဲနေမည်နည်း?။
"ပြောစမ်း၊ ငါ့အဒေါ်က မင်းကိုရှာပြီး ဘာပြောခဲ့လဲ"။ မျိုးရိုးနာမည် “ဝူ”ဟုခေါ်သည့် ချောမောသော လူငယ်က အေးစက်စွာ မေးလိုက်လေသည်။
မူလကတည်းက သူသည် ချင်ယွင်ကို အသက်လတ်ပိုင်းအရွယ် ချောမောလှပသော အမျိုးသမီးကို တွေ့ရန်အတွက် လျှိုလင်းနှင့်အတူ လိုက်ပါသွားခဲ့ပြီး လျှိုလင်းကိုလည်း အမှန်တကယ် အခန်းထဲမှ ပြန်လွှတ်လိုက်သည်ကို မြင်သောအခါ သူ ဝေခွဲမရ ဖြစ်သွား ရလေသည်။ ယင်းကြောင့် ဝူဒေါင်ရှန်သည် တစ်ခုခုမှားနေပြီဟု ခံစားမိသည်။ သူ၏ အဒေါ်ပြောသည့် စကားများသည် လျှိုလင်းနှင့် သက်ဆိုင်နေသည်ဟု သူ အမြဲလိုလို ခံစားမိနေသည်။
နောက်ပိုင်းတွင် ချင်ယွင်သည် အလွန်စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ပြန်ထွက် လာသည်ကို မြင်သောအခါ သူ၏စိတ်ထဲမှ သံသယစိတ်က ပို၍ပင် ကြီးထွားလာသည်။ ထို့ကြောင့် သူက ချင်ယွင်ကို တားဆီးပြီး အခြေအနေကို နားလည်နိုင်ရန် မေးမြန်လိုက်ခြင်း ဖြစ်လေသည်။ သို့သော် ဤကောင်သည်သည် သူ့အပေါ် တိုက်ရိုက် ပင် မယဉ်မကျေး တုန့်ပြန်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအရာက သူ့ကို အနည်းငယ် စိတ်တိုသွားစေသည်။
ဝူဒေါင်ရှန်၏ အမေးကို ကြားလိုက်ရလျှင် ချင်ယွင်၏ စိတ်နှလုံးထဲတွင် ဒေါသတရားက ချက်ချင်း ပျံ့နှံ့လာလေသည်။ ယခုအချိန်မှာ သူသည် အခြားကိစ္စတွေအတွက် စိုးရိမ် ကြောင့်ကြနေခြင်း မရှိပေ။ ယခုလောလောဆယ်တွင် သူသည် သူ၏အစ်မကို တွေ့ချင်နေ၏။
"ဖယ်လိုက်စမ်း.. !" ချင်ယွင်က ဒေါသတကြီး အော်လိုက်သည်။ သူပြောပြီးသည်နှင့် သူသည် ဝူဒေါင်ရှန်ကို လျှစ်လျူရူပြီး ချက်ချင်းပင် တည့်တည့်မတ်မတ် ပြေးထွက် သွားရန် ရည်ရွယ်လိုက်သည်။
အခန်း (၅၇၈) မင်းက မထိုက်တန်ဘူး။
ဝူဒေါင်ရှန်၏မျက်နှာပေါ်မှာ ပြင်းထန်သော ဒေါသက ချက်ချင်းပင် ပျံ့နှံ့လာခဲ့ပါသည်။
သူ၏ ကျင့်ကြံမူအဆင့်က မည်မျှရှိနေပြီနည်း….?။
အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်ရှိ ကျွမ်းကျင်သူ များသည် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း၏ တပည့်များထဲတွင်ပင် တတိယအဆင့်မှာ ရှိကြပါသည်။
ဤကောင်လေး၏ ကျင့်ကြံမူအဆင့်ကရော ဘယ်လောက်လဲ?။
သူသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်ရှိ ပုရွက်ဆိတ် တစ်ကောင် မျှသာ ဖြစ်သော်လည်း သူသည် အမှန်တကယ်ပင် သူ့ကို ထိုကဲ့သို့သော လေသံဖြင့် ပြောဆိုဝံ့ခဲ့၏။
သူသည် သူ၏စကားတွေကို နားပင်းချင်ယောင်ဆောင်ပြီး နားမထောင်ရုံတင် မကဘူး၊ သူသည် သူ့ကို အမှန်တကယ် ထွက်သွားဟု ပြောဆိုဝံ့သည်။ ဤသည်မှာ တစ်စုံတစ်ယောက်သည် သူ၏ရှေ့တွင် ထိုကဲ့သို့သောစကားကို ရဲရဲဝံ့ဝံ့ပြောရဲသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ!"
ဝူဒေါင်ရှန်သည် ချက်ချင်းပင် ဒေါသထွက်သွား၏။ သူသည် တိုက်ရိုက် ထွက်ခွာသွားသော ချင်ယွင်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာပါသည်။ သူသည် ချက်ချင်း ပေါက်ကွဲကာ ပြေးဝင်သွားပြီး သူ၏လက်ထဲမှ သံမဏိယပ်တောင် ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။
ချင်ယွင်သည် သူ၏နောက်မှ ပြင်းထန်သော လေပြင်းတစ်ချက် ရိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ဝှီး….!
ဝူဒေါင်ရှန်၏လက်ထဲမှ သံမဏိယပ်တောင်သည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ဧရာမတူကြီး တစ်လက်ကဲ့သို့ ရိုက်နှက်လိုက်သော်လည်း သံမဏိယပ်တောင်သည် ချင်ယွင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားပါသည်။
"ပုံရိပ်ယောင်လား… ?" ဝူဒေါင်ရှန်၏ မျက်နှာသည် ချက်ချင်းပင် တုန်လှုပ် ခြောက်ခြားသွားသည့် အမူအရာ ပေါ်လာပါသည်။ အစောပိုင်းက သူ၏ ထိုလှုပ်ရှားမှု သည် ချင်ယွင်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေလိမ့်မည်ဟု မူလက သူထင်ထားခဲ့သော်လည်း နောက်ဆုံးတွင် သူ၏တိုက်ခိုက်မှုက ပုံရိပ်ယောင်တစ်ခု ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
"ငါ မင်းကို ထွက်သွားဖို့ ပြောနေတယ်လေ။ မင်း ငါ့စကားကို မကြားဘူးလား"
ဤအခိုက်အတန့်တွင် ဝူဒေါင်ရှန်၏ နားထဲမှာ ပေါက်ကွဲပြီး အော်ဟစ်လိုက်သည့် အသံက ထွက်ပေါ်လာသည်။
ဝူဒေါင်ရှန်သည် ရုတ်တရက် လှည့်ကြည့်လိုက်လျှင် ချင်ယွင်သည် သူမသိလိုက်သည့် အချိန်မှာပင် သူ၏နောက်သို့ ရောက်နေသည်ကို သိလိုက်ရပါသည်။
"ဘုန်း…!"
ချင်ယွင်၏ လက်သီးသည် ဝူဒေါင်ရှန်၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ကျရောက် သွားပါသည်။
ဝူဒေါင်ရှန်၏ မျက်လုံးများသည် ချက်ချင်းပြူးသွားပြီး သူ၏ရင်ဘတ်မှ နံရိုးကွဲအက်သံ တစ်ချက် ထွက်ပေါ်လာပါသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဥက္ကာပျံကဲ့သို့ နောက်ပြန် လွင့်စင်သွားကာ အဝေးမှ တောင်ကို တိုက်ရိုက် ပစ်မှန်သွားပါသည်။
"ဘုန်း….!"
ကျောက်တုံးများသည် တိုက်ရိုက် ပေါက်ကွဲသွားပြီး ဝူဒေါင်ရှန်၏ ခန္ဓာကိုယ် တစ်ခုလုံး သည်လည်း ပြုတ်ကျသွားသည်။ အပျက်အစီးများသည် ဆက်လက် ပြိုကျလာသည်။
"ဖူး….!"
ဝူဒေါင်ရှန်က ပါးစပ်ထဲမှ သွေးအပြည့် အန်ထုတ်လိုက်ရပြီး ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်တွေက မယုံကြည်နိုင်သည့် အမူအရာတွေနှင့် ပြည့်နေပါသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်သလဲ၊ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့် ပုရွက်ဆိတ်လေးတစ်ကောင်က တစ်ချက်ထိုးရုံနဲ့ ငါက ဘယ်လိုလုပ် လွင့်ထွက်သွားနိုင်မှာလဲ။" ဝူဒေါင်ရှန်သည် သူ့ကိုယ်သူ ရေရွတ်လိုက် သည်။
"ဟမ့်၊ ဒီလက်သီးချက်က သေးငယ်တဲ့ ပြစ်ဒဏ်လေး တစ်ခုပဲရှိသေးတယ်။ တကယ်လို့ မင်း ငါ့ကို ထပ်ပြီး နှောင့်ယှက်ဝံ့ရင်၊ မင်း ဒီကမ္ဘာပေါ် ရောက်ရှိလာတာကို နောင်တရအောင် ငါလုပ်ပေးရလိမ့်မယ်" ချင်ယွင်သည် အပျက်အစီးများကြားထဲမှာ ရှိနေသာ ဝူဒေါင်ရှန်ကို ကြည့်ရင်း သူ၏မျက်လုံးများတွင် ရက်စက်မှု အရိပ်အမြွက် ပြသနေသည်။
နောက်ဆုံး ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးနောက်၊ ချင်ယွင်၏ 'လျှို့ဝှက်ဆန်း ကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်သည် ကောင်းကင်ဘုံခွဲခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက် ဖြတ်ကျော်သွားခဲ့သည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် မပေါင်းစည်းခဲ့လျှင်ပင်၊ သူသည် နှောင်းပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကို သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားဖြင့် အနိုင်ယူနိုင်ပါသည်။ ထို့အပြင်၊ ဝူဒေါင်ရှန်သည် အစောပိုင်းလေး သူ၏ပြိုင်ဘက်ကို လျှော့တွက်ထားသည်။ ထို့ကြောင့် ချင်ယွင်အနေဖြင့် သူ့ကို လက်သီးတစ်ချက်ဖြင့် အနိုင်ယူနိုင်သည်မှာ ပုံမှန်ဖြစ်ပါသည်။
သို့သော် ဝူဒေါင်ရှန်၏ မျက်လုံးမှာတော့ ထိုစကားက လုံးဝမဖြစ်နိုင်ပေ။
"စောစောက ငါက ငါ့ရန်သူကို လျှော့တွက်ထားလို့ ဖြစ်ရတာပဲ။ ငါက သတိလက်လွတ် ဖြစ်သွားခဲ့တယ်။ အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ပုရွက်ဆိတ်တစ်ကောင်ကို ငါက ဘယ်လိုလုပ် အနိုင်မယူနိုင်ရမှာလဲ။" ဝူဒေါင်ရှန်၏ မျက်လုံးများက မလိုလာသည့်ခံစားချက်များကို ပြင်းပြင်းထန်ထန် ထုတ်ဖော်လိုက် သည်။ အထူးသဖြင့် ချင်ယွင်၏စကားကို ကြားသောအခါတွင် သူ၏ဂုဏ်သိက္ခာသည် ပြင်းပြင်းထန်ထန် နင်းချေခံလိုက်ရပြီး အဆုံးမဲ့ အရှက်ကွဲခြင်းကို ခံစားရစေသည်။
"ငါ မင်းကို သေစေချင်တယ်!" ဝူဒေါင်ရှန်က အော်လိုက်ပြီး သူ၏ပတ်ပတ်လည်မှာ ရှိနေသည့် ကျောက်တုံးတွေအားလုံး အမှုန့်ဖြစ်သည့်အထိ ကွဲမွသွားသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းများအဖြစ် တစ်ဖန် ပြောင်းလဲသွားပြီး။
ချင်ယွင်ဆီသို့ ပစ်ဝင်သွားပြန်သည်။
ချင်ယွင်သည် ဝူဒေါင်ရှန်ကို ကြည့်ရင်း ရန်လိုမူနှင့်အတူ သူ၏မျက်လုံးများက ဖျတ်ခနဲ လင်းလက်သွားလေသည်။
သူသည် သူ၏အစ်မကို တွေ့ရန်အတွက် စိတ်စောနေသော်လည်း ယခုအချိန်မှာ ထိုဝူဒေါင်ရှန်က သူ့ကို ငြီးငွေ့စရာကောင်းသည့် အကြောင်းပြတစ်ခုချက်ကြောင့် နှောင့်ယှက်နေရ၏။ ယင်းက ချင်ယွင်ကို မည်သို့ စိတ်မဆိုးစေဘဲ နေမည်နည်း?။
ဝူဒေါင်ရှန်၏ မာနကြီးသော လေသံနှင့်ပါ ပေါင်းစပ်လိုက်ခြင်းဖြင့် ချင်ယွင်သည် ပို၍ပင် မပျော်မရွှင်ဖြစ်လာသည်။
"မင်း ခေါင်းမာနေတာလား?"
ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်း ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် စွမ်းအင်တွေက လျင်မြန်စွာ မြင့်တက်လာလေသည်။
ယခုအချိန်တွင်၊ ဝူဒေါင်ရှန်သည် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှ ဖြစ်နေလျှင်လည်း သူ ဂရုမစိုက်တော့ပေ။ သူ၏အစ်မကို မတွေ့ရအောင် တားရဲသည့်လူမှန်သမျှကို သူ သတ်ပစ်မည်။
"ဘုန်း….!"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထွားကြိုင်းသန်မာခြင်းမရှိသော ထိုပုံရိပ်ထံမှ ကြီးမားပြင်းထန်သော စွမ်းအားတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး မြေကြီးပြိုလဲကျကာ တောင်ကြီးပင် အက်ကွဲလောက် သည့် လက်သီးချက်က ဝူဒေါင်ရှန်၏ ဝမ်းဗိုက်ထဲသို့ ပြင်းထန်စွာ ထိုးနှက်သွားလေ သည်။
"ဖူး...... !"
ဝူဒေါင်ရှန်၏ သွေးချောင်းဆိုးကာ သွေးအန်လိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပုဇွန်တစ်ကောင်ကဲ့သို့ ကွေးညွှတ်သွားလေသည်။
ဝူဒေါင်ရှန်၏ မျက်လုံးများသည် အစွန်းဆုံးအထိ ပြူးကျယ်သွားပြီး သူ၏ မျက်လုံးများသည် သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ ဒီအချိန်မှာ သူ၏နှလုံးသားက တုန်လှုပ် ချောက်ချားနေလေပြီ။
အကယ်၍ သူသည် ယခင်အကြိမ်က မိမိ၏ ပေါ့လျော့မှုကြောင့် ပြိုင်ဘက်ကို လျှော့တွက်ခဲ့မိသည် ဆိုလျှင်ပင်၊ ဤတစ်ကြိမ်တွင် သူသည် သူ၏ ခွန်အားအားလုံးကို အသုံးပြုထားပါလိမ့်မည်။ ဒါပေမယ့် ဤကောင်က သူ၏ တိုက်ခိုက်မှုကို လျစ်လျူရှုပြီး သူ၏ ဝမ်းဗိုက်ကို ထိုးနှက်ခဲ့ပါသည်။
ထို့အပြင်၊ ဤလက်သီးချက်၏ အစွမ်းသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်း၏။ ဝူဒေါင်ရှန်၏ ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် ဝူဒေါင်ရှန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ခြင်းပင် မူးဝေလာပြီး ကျိုးပျက်သွားသည့် ဆည်တစ်စင်းလိုမျိုး စူးရှသည့် နာကျင်မှုတွေ သူ၏ဦးနှောက်ထဲကို တိုးဝင်လာပါသည်။
“ဖတ်….. !"
ဝူဒေါင်ရှန် လွင့်ပျံထွက်သွားခါနီးတွင် လက်ဖဝါးတစ်ဖက်က ဝူဒေါင်ရှန်၏ ပါးပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ကျရောက်သွားခဲ့သည်။
ဝူဒေါင်ရှန်သည် သူ၏သွားများသာမက သူ၏မေးစေ့အရိုး တစ်ခုလုံးပါ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
"ဟမ့်၊ ငါက မင်းကို ထွက်သွားဖို့ ပြောခဲ့တယ်။ မင်းက ထွက်မသွားခဲ့ဘူး၊ ဒါ့အပြင် မင်းက ငါ့ကိုပါ တိုက်ခိုက်ချင်နေတယ်" ချင်ယွင်က ဒေါသတကြီး ပြောသည်။ ယခုအချိန်မှာ သူ၏ဝမ်းဗိုက်က ဒေါသကြောင့် အသက်ရှူရပင် ကျပ်နေပါသည်။
"ဖတ်….. !"
နောက်ထပ် လက်ဝါးတဖက်က ဝူဒေါင်ရှန်၏ အခြားမျက်နှာတဖက်ကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သည်။
"လျှိုလင်းရဲ့ဆရာ ငါဆီက ဘာလိုချင်နေတဲ့အရာက မင်းနဲ့ဘာဆိုင်လို့လဲ?။ လျှိုလင်းရဲ့ဆရာက လျှိုလင်းကို ငါနဲ့ ထိမ်းမြားပေးရင်တောင် မင်းမှာ ဝင်စွက်ဖက်ဖို့ အရည်အချင်း မရှိသေးဘူး၊ ဘာလို့လဲဆိုတော့ မင်းက မထိုက်တန်လို့ပဲ... !" ချင်ယွင်က ဒေါသတကြီး ရိုက်နှက်လိုက်လေသည်။
"ဖတ်.... ဖတ်..... ဖတ်... !"
နောက်ထပ် ပါးရိုက်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး ပါးရိုက်ချက်တိုင်းက အလွန် ပြင်းထန်သည်။ ပါးရိုက်ချက်သည် ဝူဒေါင်ရှန်၏ မျက်နှာပေါ်ရောက်သွားသည်နှင့် ရိုးရာကြီး နှစ်ခုသုံးခု သေချာပေါက် ထွက်ပေါ်နေပါလိမ့်မည်။
ဝူဒေါင်ရှန်သည် လုံးဝ ရူးသွပ်သွားပြီး သူ၏နှလုံးသားသည် အလွန်အမင်း ဒေါသပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသည်။
သူ၏ဘ၀တွင် ဤမျှ ကြီးစွာသော အရှက်ကွဲမှုမျိုး တစ်ခါမျှ မကြုံခဲ့ဖူးပေ။
"ငါ မင်းကို သတ်မယ်!"
ဝူဒေါင်ရှန်သည် ကောင်းကင်ယံသို့မော့ကာ ဟိန်းဟောက်လိုက်သည်၊ သူ၏နှလုံးသားထဲတွင် ဒေါသတရားက ကောင်းကင်အထိပင် ထိုးတက်သွားသည်။
သို့သော် သူ၏ပါးစပ်တစ်ခုလုံးက လုံးလုံးလျားလျား ပုံစံပျက်ယွင်းနေပြီး သွားများ တော်တော်လေးပင် ဆိုးဝါးနေသည်။
"မင်းက အခုချိန်ထိ ဘယ်လိုနောင်တရရကောင်းမှန်း မသိသေးဘူးပဲ...!"
ချင်ယွင်သည် ဝူဒေါင်ရှန်၏ ခေါင်းကို ရိုက်ချလိုက်ပြီး ဝူဒေါင်ရှန်သည် ကောင်းကင်ယံမှ တိုက်ရိုက် အော်ဟစ်ကာ မြေကြီးထဲသို့ နစ်မြုပ်သွားလေသည်။
"ဘုန်း....... !"
ချင်ယွင်သည် ကောင်းကင်မှ တစ်ဖန် ဆင်းသက်ပြီး ဝူဒေါင်ရှန်ကို လက်သီးတစ်ချက်ဖြင့် မြေကြီးထဲသို့ ပစ်ထိုးလိုက်လေသည်။
ချင်ယွင်သည် သူ၏တိုက်ခိုက်မှုကို ချိန်ဆထားခဲ့သည်။ သူ၏ တိုက်ခိုက်မှုက ဝူဒေါင်ရှန်ကို အသက်မသေစေသော်လည်း သူ့ဘဝ၏ တစ်ဝက်လောက်ကို သေချာပေါက် ပေးဆပ်ရလိမ့်မည်။
“ဖူး….. !"
ဝူဒေါင်ရှန်သည် ရွှံ့ထဲတွင် နစ်မြုပ်နေပြီး သူ၏နှလုံးသားထဲတွင် ဒေါသတကြီး အော်ဟစ်ဖြင့် ထပ်ခါတလဲလဲ အော်ဟစ်နေကာ မရပ်တန့်နိုင်တော့ပေ။ ပါးစပ်အပြည့် သွေးတွေစီးထွက်လာပြီးနောက် သူသည် လုံးလုံးလျားလျား မူးလဲသွားလေသည်။
ချင်ယွင်သည် ခွေးသေတစ်ကောင်လို မြေကြီးထဲတွင် နစ်မြှုပ်နေသော ဝူဒေါင်ရှန်ကို ကြည့်ကာ သူ၏မျက်လုံးများတွင် မထီမဲ့မြင်ပြုသည့် အကြည့်များ ပေါ်လာသည်။
"ဟမ့်၊ ဒီတစ်ကြိမ် လျှိုလင်းရဲ့ဆရာမကြောင့် မင်းရဲ့အသက်ကို ချမ်းသားပေးလိုက်မယ်။ နောက်တစ်ကြိမ်ရှိခဲ့ရင် မင်းကို စိတ်ပျက်အားငယ်မှု အစစ်အမှန်ကို ငါပြောပြပေးမယ်။"
ချင်ယွင်က အေးစက်စွာ အော်လိုက်ပြီး သူ၏ဝတ်စုံလက်မောင်း ဝှေ့ယမ်းလိုက်သည်။
အဝေးမှာရှိနေကြသည့် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် ဤဖြစ်စဉ် တစ်ခုလုံးကို မျက်မြင်တွေ့ပြီး အရမ်းတုန်လှုပ်သွားကြပါသည်။
ဝူဒေါင်ရှန်သည် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သည်။ ထို့အပြင်၊ သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် ရှိနေပါသည်။ အမှန်တကယ်ပင် သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်နိုင်သည့် လူတစ်ယောက် ရှိနေခဲ့သည်။ ဤလူငယ်က မည်သူနည်း...?။
သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ လူများ၏ အံ့အားသင့် အကြည့်များကို ဂရုမစိုက်ဘဲ ကောင်းကင်ဘုံဝှက်ထားခြင်း တောင်ထိပ်ဆီသို့ အလျင်အမြန် ဦးတည်သွားလေသည်။
"အစ်မ၊ ငါ့ကို စောင့်နေပါ။ ယွင်အာက အစ်မကို ရှာဖို့ လာနေပြီ။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး လူတိုင်း၏ မြင်ကွင်းမှ အလင်းတန်း တစ်ခုအဖြစ် ပျောက်ကွယ်သွားပါသည်။
အခန်း (၅၇၉) အစ်မကိုနှုတ်ဆက်ခြင်း။
ကောင်းကင်ဘုံဝှက်ထားခြင်း တောင်ထိပ်သည် ထန်းရွှေတောင်တန်းရှိ အထူးခြားဆုံး တောင်ထိပ်တစ်ခု ဖြစ်ပါသည်။ အပေါ်ယံမျက်နှာပြင်မှာ ထန်းရွှေတောင်တန်း၌ တောင်ထိပ် ၇၂ ခုသာ ရှိပုံရသော်လည်း လက်တွေ့တွင်မူ ထန်းရွှေတောင်တန်း၌ တောင်ထိပ် ၇၃ ခု ရှိနေပါသည်။
တောင်ထိပ် ၇၂ ခုသည် ထူးထူးခြားခြား တည်ရှိနေပြီး တောင်တန်းများပေါ်ရှိ ကောင်းကင်ဘုံဝှက်ထားခြင်း တောင်ထိပ်ကို တိုက်ရိုက် ဖုံးကွယ်ထားသည့် ကြီးမားသော သဘာဝ ပုံရိပ်ယောင်ဝင်္ကပါများဖြင့် ပုံဖော်ထားပါသည်။
ကောင်းကင်ဘုံဂိုဏ်းသည် မူလက ဤကောင်းကင်ဘုံဝှက်ထားခြင်းတောင်ထိပ်ကို ကောင်းကင်ဘုံဂိုဏ်း၏ အဓိက တောင်ထိပ်အဖြစ် ပြောင်းလဲရန် ရည်ရွယ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့်၊ ဤကောင်းကင်ဘုံဝှက်ထားခြင်းတောင်ထိပ်သည် ကောင်းကင်နှင့် မြေကြီး၏ ကောင်းမွန်သောကံကြမ္မာများကို သိမ်းပိုက်နိုင်သော နေရာဖြစ်သော်လည်း ဝိညာဉ်စွမ်းအင်ကိုတော့ စုဆောင်းနိုင်ခြင်း မရှိခဲ့ပေ။
ဝိညာဉ်ချီ မရှိခဲ့လျှင် သဘာဝအတိုင်း ပျက်စီးသွားသည့် တောင်ထိပ်ကြီး တစ်ခု အဖြစ်သာ ဖြစ်သွားပါလိမ့်မည်။ ထိုတောင်ထိပ်မှာ အသီးအရွက်တွေပင် ပုံမှန်အတိုင်း မကြီးထွားနိုင်ပါဘူး။ တောင်တစ်ခုလုံးသည် ဟာလာဟင်းလင်း ဖြစ်နေပြီး အလွန် ပျက်စီးယိုယွင်းနေပုံရသည်။ ထို့ကြောင့် တောင်ထိပ်ကြီး ဤနေရာတွင် အမြဲတမ်း စွန့်ပစ်ထားခဲ့ပါသည်။
ဝှမ်း……။
ချင်ယွင်သည် လေထဲသို့ လျှောက်လှမ်းသွားခဲ့သည်။ ရုတ်တရက် သူ၏ပတ်လည်မှာ နေရာလွတ် လှိုင်းလုံးတွေကို ခံစားလိုက်ရတ၏။ ထို့နောက် သူသည် ကောင်းကင်နှင့် မြေကြီး ပြောင်းလဲသွားသည် ခံစားလိုက်ရပြီး သူ၏ရှေ့တွင် မည်သည့်အရာမှ မရှိသည့် တောင်ကြီးတစ်ခု ပေါ်လာပါသည်။ သူ၏ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် ချက်ချင်းပင် အနှိုင်းမဲ့ နည်းပါးလာသည်။
"အယ်၊ ဒီထန်းရွှေတောင်တန်းမှာ ဒီလောက် နိမ့်ကျတဲ့ နေရာမျိုး ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။" ချင်ယွင်သည် သူ၏ရှေ့မှ အလွတ်ဖြစ်နေသော တောင်ထိပ်ကို လှမ်းကြည့်လိုက်ရင်း သူ၏မျက်နှာမှာ အံ့သြမှုများနှင့် ပြည့်နေပါသည်။
ကောင်းကင်ဘုံဝှက်ထားခြင်းတောင်ထိပ်တွင် အဆောက်အဦး အနည်းငယ်သာရှိ၍ပြီး ၎င်းတို့ထဲမှ တစ်ခု သို့မဟုတ် နှစ်ခုသာ ရှိလေသည်။
ချင်ယွင်သည် သူ၏စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်လိုက်ပြီးနောက် သူ၏ ရုပ်အသွင် သည် ခြံဝင်းတစ်ခုဆီသို့ လွင့်မျောသွားသော ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွား လေသည်။
"ရှင် ပြန်လာစရာ မလိုဘူး ကျွန်မက ဘယ်တော့မှ နောင်တမရဘူး!" ထိုအချိန်တွင် ခြံဝင်းအတွင်းမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် ဤရင်းနှီးသော အသံကိုကြားသောအခါ သူ၏မျက်ရည်များက ချက်ချင်း ပြိုဆင်းလာပါသည်။ သူ၏နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ယင်နေပြီး ခေါ်လိုက်လေ သည် "အစ်မ….၊ ကျွန်တော်က အစ်မရဲ့ ယွင်အာပါ… !"
" ယွင်အာလား… ?" ချင်ယွင်ကို ကျောပေးကာ နောက်ပြန်ထိုင်နေသော အမျိုးသမီးက ချက်ချင်း သူမ၏လက်ကို ခါယမ်းလိုက်ပြီး ရုတ်တရက် ခေါင်းကို လှည့်လိုက်လေသည်။
အိပ်မက်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်သော ပေါ်ပေါ်လာသည့် မျက်နှာကို သူမ မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများသည် ချက်ချင်းပင် မှုန်ဝါးလာသည်။
ရုတ်တရက် သူမသည် တစ်ခုခုကို သတိရသွားပုံရ၏။ သူမသည် ရုတ်တရက် ခေါင်းကို ပြန်လှည့်ကာ သူ၏ဆံပင်များကို အသုံးပြုပြီး သူမမျက်နှာကို တင်းတင်းကြပ်ကြပ် အုပ်ထားလိုက်လေသည်။ "ငါက မင်းရဲ့အစ်မ မဟုတ်ဘူး၊ မင်း လူမှားနေတာလို့ ငါ ထင်တယ်။ ငါက မင်းရဲ့ အစ်မ မဟုတ်ဘူး။ မင်းရဲ့ အစ်မက သေသွားပြီ!"
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် သူ၏နှလုံးသားကို တစ်စုံတစ်ယောက် က ပြင်းထန်စွာ ဆုပ်ကိုင်ထားသလို ခံစားလိုက်ရပြီး မြေပြင်ပေါ် ပြိုလဲကျသွားပါသည်။
သူ၏ရှေ့မှ ဤအမျိုးသမီးသည် သူ၏အစ်မကြီးမှန်း သူသိပါသည်။ သူမ၏ ရုပ်ရည်အသွင်အပြင်က လုံးဝ ပြောင်းလဲသွားသော်လည်း သူမ၏ ကျောပြင်က သူ့အစ်မ၏ နောက်ကျောပုံစံနှင့် လုံးဝ အတူတူပင် ဖြစ်ပါသည်။ ချင်ယွင်သည် ဤနောက်ကျောကိုယ်နေဟန်ကို မြင်ဖူးခဲ့သည်မှာ ခြောက်နှစ်ရှိပြီ ဖြစ်ပါသည်။ သူသည် သူလူမှားသွားပါသည်ဟု မည်သို့ ဝန်ခံနိုင်မည်နည်း?။
"အစ်မ၊ ကျွန်တော့်ကို ပြန်လှည့်ကြည့်ပါဦး…။ ကျွန်တော်က အစ်မရဲ့ ယွင်အာလေ… !"
ချင်ယွင်က တုန်ရီနေသော နှုတ်ခမ်းတစ်စုံဖြင့် ပြောလိုက်လေသည်။ သူ၏အသံက တုန်ယင်နေပြီး မျက်ရည်တွေက သူ၏မျက်နှာအပြည့် ဖုံးလွှမ်းနေပြီ။
သူ၏အစ်မက သူ့ကို အသိအမှတ် မပြုလေလေ သူ၏နှလုံးသားက ပို၍ နာကျင်ရလေ ဖြစ်ပါသည်။
"မင်းကို ငါ ပြောလိုက်မယ်။ မင်းက ငါ့ကို တခြားတစ်ယောက်နဲ့ ထင်မှားနေတာပါ။ မင်းရဲ့အစ်မက လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကတည်းက ဆုံးပါးသွားခဲ့ပြီ။ မြန်မြန် ထွက်သွားတော့။ ဒီနေရာက မင်းလာလို့ရတဲ့ နေရာမဟုတ်ဘူး။" လျူရန်ယွင်က သူမခေါင်းကို အုပ်ကာ ပင်ပန်းနွမ်းနယ်ဟန်ဖြင့် အော်ပြောလိုက်သည်။ သို့သော် သူ၏အော်ဟစ်သံက သူမ၏ ခွန်အားများ ကုန်ဆုံးသွားသလိုပင် သူမ၏ ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ခါနေသည်။
ချင်ယွင်သည် တံခါးဝတွင် ပုံရက်လဲကျနေသော ပုံရိပ်လေးကို ကြည့်လိုက်ရင်း သူ၏နှလုံးသားက ဓားနှင့်ထိုးစိုက်ခံရကဲ့သို့ နာကျင်နေပါသည်။ ယခုအချိန်မှာ သူသည် သူမခန္ဓာကိုယ်ကို သူ၏လက်နှစ်ဖက်ဖြင့်သာ ပွေ့ဖက်ထားချင်မိပါသည်။
"အစ်မ၊ အစ်မ သိပါတယ်လေ။ အစ်မ ဘယ်လိုပဲ ဖြစ်သွားသွား ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော်က အစ်မရဲ့ ယွင်အာပဲလေ။ အစ်မက ကျွန်တော့်ကို ခြောက်နှစ်ကြာအောင် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ လူပဲ။ တကယ်လို့ အစ်မသာ ကျွန်တော့်ကို ခြောက်နှစ်ကြာအောင် ဂရုမစိုက်ခဲ့ဘူးဆိုရင် ကျွန်တော်ဟာ လမ်းမတွေပေါ်မှာ ငတ်ပြတ်ပြီး သေသွားလောက်ပြီ။ ပြီးတော့ အဲဒီဓားချက်ကိုသာ ကျွန်တော့်ကိုယ်စား ဝင်မခံဘူးဆိုရင် ကျွန်တော် သေသွားလောက်ပြီ။ ဒီအရာအားလုံးကို အစ်မက မေ့ပစ်လိုက်ပြီလား?” ချင်ယွင်က နှလုံးသားကြေကွဲလောက်သည့်အသံဖြင့် အော်ပြော လိုက်လေသည်။
လျူရန်ယွင်၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေသည် အဆက်မပြတ် တုန်ယင်နေ၏။ သူမသည် ငိုရှိုက်နေပြီး မျက်ရည်တွေက သူမမျက်နှာတစ်ခုလုံး ဖုံးလွှမ်းနေပြီ။
“ယွင်အာ၊ မင်းက အစ်မရဲ့အချစ်ဆုံး ယွင်အာပဲဆိုတာကို အစ်မက ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ ဒီအမှတ်တရတွေက အစ်မရဲ့ဘဝမှာ အကောင်းဆုံးနဲ့ ပျော်ရွှင်ရဆုံး အမှတ်တရတွေပါ။ ဒါပေမယ့် အစ်မ မင်းကို မတွေ့ဝံ့ဘူး။ အစ်မရဲ့လက်ရှိပုံစံကို မင်းမြင်သွားရင် မင်းက အစ်မကို မုန်းသွားမှာ အစ်မ သိပ်ကြောက်မိတယ်။ အခုချိန်မှာ အစ်မ မင်းနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ တကယ်ကို မသိတော့ဘူး။ ဒီတော့၊ အခုချိန် မင်းနဲ့ရင်ဆိုင်တာထက် မင်းရဲ့ နှလုံးသားထဲမှာ ပြီးပြည့်စုံတဲ့ အစ်မကို ချန်ထားရစ်ခဲ့တာ က ပိုကောင်းပါလိမ့်မယ်။ လျူရန်ယွင်က သူမကိုယ်သူမ ရေရွတ်ရင်း သူမ၏ နှလုံးသား က ထက်ရှရှဓားတစင်းဖြင့် ထိုးစိုက်သကဲ့သို့ နာကျင်နေပါသည်။
ဝှီး……!
ထို့နောက် ထိုအခိုက်အတန့်မှာပင် လေထုကို ထိုးဖောက်ထွက်လာသည့် အသံနှင့်အတူ ရုပ်အသွင်အပြင်တစ်ခုက လျူရန်ယွင်၏ ခန္ဓာကိုယ်အနားမှာ ချက်ခြင်း ပေါ်လာသည် ကို ရုတ်တရက် သတိရသွားပြီး ထိုရုပ်အသွင်ကို လျူရန်ယွန်း၏ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်ရန် သူ၏လက်နှစ်ဖက်ကို ဖွင့်လိုက်လေသည်။
လျူရန်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တောင့်တင်းသွားသည်။ သူမသည် တုန်လှုပ်ချောက်ချားနေပြီး မလှုပ်မယှက် ထိုနေရာတွင် ရပ်နေလေသည်။ သူမ၏ နောက်ကွယ်မှ အလွန်အကျွမ်းတဝင်ရှိသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ယင်းက သူမကို ချုပ်ထိန်းနိုင်စွမ်းကင်းမဲ့သည်အထိ လွမ်းဆွတ်သွားစေသည်။
'အစ်မ…၊ တကယ်ဆို ကျွန်တော် သိပြီးသားပါ။ အစ်မက လက်ထပ်ရန် ငြင်းဆန်ဖို့ အတွက်နဲ့ အစ်မရဲ့ရုပ်ရည်ကို ဖျက်ဆီးပစ်ခဲ့တာကို ကျွန်တော် သိပြီးသားပဲလေ။ ဒါပေမယ့် အဲဒါက အရေးမကြီးပါဘူး။ အစ်မ ဘာပဲဖြစ်ပါစေ အစ်မက ကျွန်တော့်ရဲ့ အချစ်ဆုံး အစ်မပဲလေ။ အစ်မရဲ့ရုပ်ရည်အသွင်အပြင်က ယွင်အာရဲ့ နှလုံးသားကို နာကျင်အောင် လုပ်နိုင်ရုံပါပဲ။" ချင်ယွင်က လျူရန်ယွင်၏ ကျောပေါ်မှာ ခေါင်းကို မှေးတင်ပြီး တီးတိုးပြောလိုက်လေသည်။
ယခုအချိန်တွင် သူသည် မိခင်တစ်ယောက်ကို ပွေ့ဖက်ထားသည့် လောဘကြီးသော ကလေးတစ်ယောက်လိုပင်။ သူ၏မျက်နှာပေါ်မှ မျက်ရည်များက လျူရန်ယွင်၏ အဝတ်အစားများကိုပင် စိုစွတ်နေ၏။
"အစ်မ၊ အစ်မ ကျွန်တော့်ကို ပြန်လှည့်ကြည့်ပါဦး။ ယွင်အာက အစ်မကို အရမ်းလွမ်းနေတာ။ ယွင်အာက အစ်မကို နေ့ရောညပါ လွမ်းနေရတယ်။ အစ်မရော ယွင်အာကို လွမ်းမနေဘူးလား" ချင်ယွင်၏ အသံသည် ကလေးငယ်တစ်ယောက်၏ အသံလို ဖော်မပြနိုင်လောက်အောင်ပင် နူးညံ့သိမ်မွေ့နေသည်။
လျူရန်ယွင်၏ နှုတ်ခမ်းများက လှုပ်ယမ်းနေကာ စကားပြောချင်နေသော်လည်း သူမမှာ သတ္တိ မရှိခဲ့ပေ။
“အစ်မ၊ အစ်မရဲ့ရုပ်ရည်အသွင်အပြင်က ပြန်မရနိုင်ဘူးဆိုတာမျိုး မဟုတ်ပါဘူး။ ကျွန်တော့်ကို ကြည့်ခွင့်ပြုပါဦး။ အစ်မရဲ့ရုပ်သွင်ကို ပြန်ကောင်းအောင် ကျွန်တော် ကူညီပေးနိုင်ပါတယ်" ချင်ယွင်က ထပ်ပြောလိုက်သော်လည်း သူ၏နှလုံးသားက ပိုလို့တောင် နာကျင်နေခဲ့သည်။
ကြည့်ရသည်မှာ သူ့အစ်မ၏ ဒဏ်ရာတွေက အရမ်း ပြင်းထန်ပုံရသည်။ ကမ္ဘာပေါ်မှာ အလှအပကို သဘောမကျသည့် အမျိုးသမီးဆိုတာ မရှိပါဘူး။ အတိတ်က ကြီးကျယ်ခမ်းနားသည့် အလှမယ်လေးဦးထဲမှ ရုတ်တရက် ရုပ်ဆိုးဆိုး အမျိုးသမီး တစ်ယောက် ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့ ဒဏ်ရာမျိုးသည် လူတိုင်း ခံနိုင်ရည်ရှိသည့် အရာ မဟုတ်ပါဘူး။
"တကယ်လား….. ?" ထိုအခိုက်တွင် တုန်တုန်ယင်ယင် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
"တကယ်ပေါ့၊ အစ်မရဲ့ရုပ်ရည် ပြန်ကောင်းအောင် ယွင်အာ သေချာပေါက် ကူညီပေး မယ်။ ဘာလဲ? ယွင်အာကို မယုံဘူးလား..?။ ယွင်အာက အစ်မကို ဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲ" လျူရန်ယွင် တုံ့ပြန်လာသည်ကို မြင်လိုက်ရသောအခါ ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် စိတ်လှုပ်ရှားနေသော အမူအရာ ပေါ်လာသည်။
"ဟုတ်တယ်၊ ယွင်အာက ငါ့ကို လိမ်မှာမဟုတ်ဘူး။ ငါ ယွင်အာကို ယုံတယ်။" လျူရန်ယွင် ခေါင်းညိတ်လိုက်သည်။
ထိုသို့ပြောပြီးနောက် သူမသည် ခေါင်းကို ဖြည်းညှင်းစွာ မော့ကာ ချင်ယွင်၏ မျက်နှာဆီ သို့ လှည့်လိုက်သည်။ သို့သော်လည်း သူမသည် ချင်ယွင်ကို မျက်နှာချင်း မဆိုင်ဝံ့သေးပေ။
ချင်ယွင်သည် လျူရန်ယွင်၏ မျက်နှာကို ဆုပ်ကိုင်ပေးရန် သူ၏လက်များကို ဆန့်တန်း လိုက်သည်။ ယခင်ရုပ်ရည်အသွင်အပြင်မှ ပျက်ဆီးသွားသော သူမမျက်နှာကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် စက်ဆုပ်ရွံရှာခြင်းမျိုး မရှိပေ။ ယင်းအစား၊ နှလုံးသားက တစက်စက် နာကျင်မူမျိုးသာ ရှိနေပါသည်။
"ယွင်အာ၊ ယွင်အာ ကြည့်နေတာကို ရပ်လို့ရမလား။ အစ်မက ယွင်အာ ကြောက်သွားမှာ စိုးတယ်!" လျူရန်ယွင်က မျက်လုံးလွှဲကာ ပြောလိုက်သည်။
သို့သော် ထိုအချိန်တွင် ချင်ယွင်သည် လျူရန်ယွင်၏ ရုပ်ဆိုးသော အမာရွတ်ထပ်ထပ်ရှိ မျက်နှာကို တိုက်ရိုက် အနမ်းပေးလိုက်သည်။ ဤလုပ်ရပ်သည် လျူရန်ယွင်ကို လုံးဝ အံ့အားသင့်စေခဲ့သည်။
"ဘာပဲဖြစ်ဖြစ်၊ အစ်မက ယွင်အာ မျက်လုံးထဲမှာ အလှပဆုံး ဖြစ်နေတာပဲပဲ။ အစ်မ၊ ယွင်အာက အစ်မကို ချစ်တယ်!" ချင်ယွင်က ချစ်စရာကောင်းစွာ ပြောလိုက်သည်။
လျူရန်ယွင်သည် ငိုလိုက်မိပါသည်။ သူမသည် အမှန်တကယ်ပင် ငိုကြွေးလိုက်သည်။
"အစ်မ၊ ဘာဖြစ်နေတာလဲ မငိုနဲ့လေ!" ချင်ယွင်က စိတ်ပူနေမိသည်။ သူပြောတာ မှားသွားသည့်အတွက် သူ၏အစ်မ ငိုနေတာဟု အထင်ရောက်သွားသည်။
ချင်ယွင်၏ စိုးရိမ်သောကရောက်နေသော မျက်နှာကို မြင်လိုက်ရလျှင် လျူရန်ယွင်က မျက်ရည်ကျကာ ပြုံးနေသည်။ သူမက အလွန်ရှက်ရွံ့သော လေသံဖြင့် "အစ်မကလည်း ယွင်အာကို ချစ်ပါတယ်။ ပြီးတော့ အစ်မက ယွင်အာရဲ့ အစ်မ မဖြစ်ချင်ဘူး။ အစ်မက ယွင်အာရဲ့ မိန်းမ ဖြစ်ချင်တာ..။"
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ဖော်ပြ၍မရသည့် စိတ်လှုပ်ရှားဖွယ် အပြုံးတစ်ခု ထွက်ပေါ်လာပါသည်။ သူသည် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူသည် ယခုလိုနေ့ရက် မျိုးကို စောင့်မျှော်နေသည်မှာ ကြာလှပါပြီ။ သူ၏အစ်မ သူ့ကို ထားသွားသည့် နေ့မှစ၍ ယနေ့ထိတိုင် စိတ်ကူးယဉ်နေခဲ့သည်။ နောက်ဆုံးတော့ သူသည် မျှော်လင့် စောင့်စားရကြိုး နပ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိခဲ့ပါဘူး။
ချင်ယွင်က လျူရန်ယွင်ကို သူ၏ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး "အစ်မ၊ ဒီတစ်သက်မှာ အစ်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် ကတိပြုပါတယ်!"
လျူရန်ယွင်သည် ချင်ယွင်၏ ပွေ့ဖက်မှုကို ဆုပ်ကိုင်ထားပြီး သူမ၏ မျက်လုံးထောင့်မှ မျက်ရည်များ ထပ်မံကျလာသော်လည်း ၎င်းမျက်ရည်များသည် ပျော်ရွှင်ခြင်း မျက်ရည်များပင် ဖြစ်ပါသည်။
အခန်း (၅၈၀) မုန်တိုင်းမထန်မှီ တိတ်ဆိတ်ငြိမ်သက်မှု။
ချင်ယွင် နှင့် လျူရန်ယွင်တို့သည် မခွဲခွာမီအချိန်ထိ အချိန်အတော်ကြာအောင် တစ်ယောက်နှင့် တစ်ယောက် ပွေ့ဖက်ထားကြသည်။
မောင်နှမနှစ်ယောက် မတွေ့ရသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် အရမ်းလွမ်းနေကြသည်။ ယခုဆို မောင်နှမတွေအဖြစ်မှ ချစ်သူတွေဖြစ်လာကြတော့ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက ပို၍ပင် ရင်းနှီးလာခဲ့ကြပါသည်။
အစ်မဖြစ်သူ လျူရန်ယွင်က ချင်ယွင်၏ ပခုံးမှာ ခေါင်းမှီထားပြီး ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း သူတို့၏အတွေ့ကြုံတွေကို တစ်ယောက်နှင့်တစ်ယောက် ပြောပြနေကြပါသည်။
လျူရန်ယွင်က သူမကို ကောင်းကင်ဘုံဂိုဏ်းဆီသို့ ခေါ်ဆောင်လာခဲ့ပုံနှင့် သူမ အဘယ့်ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပုံများကို ချင်ယွင်အား ပြောပြသည်။ ချင်ယွင် သည်လည်း သူ၏ဘဝနှင့် လွန်ခဲ့သည့်တစ်နှစ်ကျော်အတွင်း သူတွေ့ကြုံခဲ့ရသည့် အကြောင်းအရာများအားလုံးကို လျူရန်ယွင်အား ပြန်လည်ပြောပြပါသည်။
လျူရန်ယွင်သည် ချင်ယွင်၏ ကြေကွဲဖွယ် ဘဝအတွေ့အကြုံနှင့် ပြီးခဲ့သော နှစ်အတွင်း သေခြင်းရှင်ခြင်း အန္တရာယ်မျိုးစုံကို အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ရသည့်အကြောင်း ကြားပြီးနောက် မည်သည့်စကားမှ ပြန်မပြောဘဲ သူမ၏ ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာပြီး သူမ၏ သွယ်လျသော လက်မောင်းတစ်စုံက ချင်ယွင်၏ ခန္ဓာကိုယ်အနှံ့ တင်းကျပ်စွာ တွယ်ဖက်လာသည်။
ချင်ယွင်သည် လျူရန်ယွင်၏ နူးညံ့သော ခန္ဓာကိုယ်ကို တင်းကျပ်စွာ ပြန်လည် ပွေ့ဖက်ထားပြီး အချင်းချင်း နွေးထွေးမှုကို တိတ်တဆိတ် စုပ်ယူနေမိသည်။
အချိန်အတော်ကြာပြီးနောက်၊ ချင်ယွင်သည် ခေါင်းငုံ့ကြည့်လိုက်လျှင် သူ၏အစ်မသည် ကလေးငယ်တစ်ယောက်ကဲ့သို့ အိပ်ပျော်နေပြီး၊ သူမ၏မျက်လုံးထောင့်မှ မျက်ရည်များ စီးကျနေသေးသည်ကို တွေ့လိုက်ရလေသည်။
ချင်ယွင်သည် သူမကို မနှောင့်ယှက်ခဲ့ပါဘူး။ ယင်းအစား သူသည် သူမ၏ခေါင်းကို ပေါင်ပေါ်တွ ညင်သာစွာ ချထားပြီး သူမကို ပို၍ သက်တောင့်သက်သာ အနေထားဖြင့် အိပ်ပျော်စေပါသည်။
သူသည် အခြားသူများ ဖော်ပြ၍မရနိုင်သော သူ့အစ်မ၏ မျက်နှာကို စိုက်ကြည့်နေရင်း သူ၏မျက်လုံးများသည် နက်နဲသော ချစ်ခြင်းမေတ္တာတရားကို ဖော်ပြနေလေသည်။
"အစ်မ၊ စိတ်မပူပါနဲ့" အစ်မရဲ့မျက်နှာကို ကျွန်တော် သေချာပေါက် ကုသပေးမယ်။ အခု မလုပ်နိုင်သေးပေမယ့် အစ်မရဲ့ရုပ်ရည်အသွင်ကို ပြန်လည်တည်ဆောက်ပေးနိုင်တဲ့ “ယင်သိပ်သည်းခြင်းဆေး”လို့ခေါ်တဲ့ အင်မော်တယ်အဆင့် ဆေးတစ်လုံးအကြောင်း ကျွန်တော် သိထားတယ်။ တကယ်လို့ အဲဒီဆေးလုံး သေမျိုးကမ္ဘာမှာ မရှိဘူးဆိုရင်၊ ကျွန်တော် အင်မော်တယ်ကမ္ဘာကို သွားရှာပေးမယ်။ တစ်နေ့တော့ အစ်မရဲ့ အရင် အလှအပအပြင် ဖန်ယုထန်း နဲ့ ကောင်းကင်ဘုံဂိုဏ်းကိုလည်း ကျွန်တော် ပြန်လည် ခံစားခိုင်းမယ်။ သူတို့ရဲ့ လုပ်ရပ်တွေအတွက် နာကျင်စေမယ့် တန်ဖိုးကို ကျွန်တော် သေချာပေါက် ပေးဆပ်ခိုင်းမယ်။" ချင်ယွင်က သူ့ကိုယ်သူ တိုးတိုးရေရွတ် လိုက်ပြီး သူ၏မျက်လုံးတွေက ဆုံးဖြတ်ချက်ပြတ်သားမူတွေနှင့် ပြည့်နှက်နေခဲ့ပါသည်။
ချင်ယွင်သည် လျူရန်ယွင် နှင့်အတူ ထိုပုံစံအတိုင်း အချိန်အတော်ကြာအောင် ထိုင်နေခဲ့ပါသည်။
နောက်တစ်နေ့ မရောက်ခင်မှာ၊ လျူရန်ယွင်က အိပ်ပျော်ရာမှ နိုးလာခဲ့သည်။ ချင်ယွင် သည်လည်း ထိုကိုယ်နေဟန်အတိုင်း တစ်ညလုံး သူ၏အစ်မကို ကြည့်နေခဲ့ပါသည်။
ပြီးနောက် ချင်ယွင်သည် လျူရန်ယွင်ကို ဤဆိုးဝါးသည့်နေရာမှ ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။ ချင်ယွင်သည် လျူရန်ယွင်ကို ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပုံကြမ်းထဲသို့ ဝင်နေစေချင်သည်။
နောက်ဆုံးမှာတော့ ဤနေရာသည် ကောင်းကင်ဘုံဂိုဏ်း၏ နယ်မြေဖြစ်ပါသည်။ ချင်ယွင်သည် သူ့အစ်မ၏ လုံခြုံမူအတွက် အာမမခံရဲသေးပါဘူး။ အကယ်၍ သူ၏ အစ်မသည် ယခုထက်ပိုပြီး ဒဏ်ရာများ ထပ်မံ ခံစားရမည်ဆိုလျှင်၊ ချင်ယွင်သည် သူ၏ နှလုံးသားတွင် သေလောက်သည့်ဒဏ်ရာများ ရသွားကောင်း ရသွားနိုင်ပါသည်။
သို့သော်လည်း လျူရန်ယွင်က သဘောမတူခဲ့ပေ။ သူမသည် ချင်ယွင်နှင့် ထပ်မံခွဲပြီး မနေလိုတော့ပါဘူး။ တခဏမျှလေးပင် ခွဲ၍မနေချင်တော့တာပါ။
ချင်ယွင်သည် သူ၏အစ်မသည် သူ့ကို မြင်တွေ့ပြီးနောက် သူ့ကို အလွန် တွယ်တာနေမှန်း သိပါသည်။ ထို့အပြင် ချင်ယွင်ကိုယ်တိုင်ကလည်း သူ၏အစ်မနှင့် ခွဲပြီး မနေချင်ပါဘူး။ ထို့ကြောင့် သူသည် သူမကို အတင်းအကြပ် မတိုက်တွန်းတော့ပါဘူး။
ဒါပေမယ့် သူသည် သူ၏အစ်မနှင့် ဆွေးနွေးပြီးသွားပါပြီ။ သူသည် မည်သည့် အန္တရာယ်မျိုးမဆို ကြုံတွေ့လာသည်နှင့် သူမကို ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပုံကြမ်းထဲသို့ ထည့်ထားရန်ဖြစ်သည်။ ယင်းကို သူ၏အစ်မသည်လည်း ကျေနပ်စွာ သဘောတူထားပါသည်။
လျူရန်ယွင်၏ ကျင့်ကြံမူအဆင့်သည် နိမ့်ပါးခြင်းမရှိပေ။ သူမသည် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် အစောပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ပါသည်။
တစ်နှစ်ကျော်ကြာအောင် ယခုလိုအဆင့်မျိုးထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ ယင်းက ချင်ယွင်တောင်မှ မယုံနိုင်စရာအဖြစ် တွေ့ရှိရသည်။ သူသည် အစိမ်းရောင် ကြာပန်းမျိုးစေ့နှင့် ကံကြမ္မာအမျိုးမျိုးတို့ကြောင့် ဤအဆင့်ကို အချိန်တိုလေးအတွင်း ရောက်ရှိနိုင်ခဲ့သည်။
သို့သော် သူ၏အစ်မဖြစ်သူသည် ကောင်းကင်ဘုံဂိုဏ်း၌ အမြဲတမ်း ရှိနေခဲ့သည်၊ ထို့ကြောင့် သူမသည် မည်သို့လျှင် ဤမျှလျင်မြန်စွာ ကျင့်ကြံနိုင်ရသနည်း။
ပထမတော့ ချင်ယွင်သည် သူ၏အစ်မမှာ ထူးခြားသည့် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ရှိသည်ဟု ထင်ခဲ့သော်လည်း အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက်မှာတော့ သူမနှင့်ပတ်သက်သည့် မည်သည့်ထူးခြားချက်ကိုမျှ ရှာမတွေ့သည့်အတွက် သူသည် ကူကယ်ရာမဲ့ဖြစ်ပြီး အရှုံးပေးရုံသာ တတ်နိုင်ခဲ့ပါသည်။
သူ၏အစ်မအတွက်မူ အန္တရာယ်ကင်းပြီး မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်သမျှ ကာလပတ်လုံး ဤအရာသည် ဆိုးဝါးသည့်အရာ မဟုတ်ပါဘူး။
ဝှီး……။
ချင်ယွင်သည် လျူရန်ယွင်ကို ပွေ့ဖက်ပြီး ကောင်းကင်ဘုံဝှက်ထားခြင်းတောင်တန်း၏ သဘာဝ ပုံရိပ်ယောင်ဝင်္ကပါအစီအရင်ကို ထိုးဖောက်ဝင်ရောက်လိုက်သည်။ သူ၏ ရုပ်သွင်သည် ပြင်ပကမ္ဘာတွင် ပေါ်လာပြီး ထူးခြားသော တောင်ထိပ် ၇၂ ခု၏ အံ့မခန်း မြင်ကွင်းသည် ချင်ယွင်၏ ရှေ့တွင် တစ်ဖန်ပေါ်လာသည်။
"သွားကြစို့၊ ကောင်းကင်ဘုံဂိုဏ်းကို အရင်သွားရအောင်။" ချင်ယွင်က လျူရန်ယွင်ကို ပြောလိုက်ပါသည်။
လျူရန်ယွင်က ခေါင်းညိတ်ပြီး ချင်ယွင်၏ ပွေ့ဖက်မှုကို ပြန်လည်ဖက်လိုက်သည်။ သူတို့နှစ်ဦးသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ဘုံ တောင်ထိပ်သို့ ပျံသန်းသွားကြသည်။
မနက်ဖြန်တွင် အင်မော်တယ်ဖိတ်ကြားခြင်းအခမ်းအနားကို ကျင်းပမည်ဖြစ်သဖြင့် ကောင်းကင်ဘုံတောင်ထိပ်သည်လည်း စိတ်လှုပ်ရှားမူနှင့်အတူ စည်ကား သိုက်မြိုက် နေပါသည်။ ကောင်းကင်ဘုံဂိုဏ်းမှ ဖိတ်ကြားထားသော ဧည့်သည်များသည် ကောင်းကင်ဘုံဂိုဏ်းသို့ တယောက်ပြီးတယောက် ရောက်ရှိလာကြပါသည်။
ချင်ယွင် နှင့် လျူရန်ယွင်တို့သည် ကောင်းကင်ဘုံတောင်ထိပ်ပေါ်သို့ ဆင်းသက်ကြပြီး အထူးသဖြင့် လျူရန်ယွင်၏ ရုပ်ရည်သွင်ပြင်သည် လူအများ၏ အထူးအာရုံစိုက်မူကို ခံရသည်။
"ဝိုး၊ အရမ်းကို ရုပ်ဆိုးတာပဲ။ ဒီလိုရုပ်ဆိုးတဲ့မိန်းမမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အထူးသဖြင့် ဒီမျက်နှာပဲ..။ အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။"
"မှန်တယ်။ သူမရဲ့ခန္ဓာကိုယ်ချိုးစားက တော်တော်လေး ကြည့်လို့ကောင်းပုံရတယ်။ ဒါပေမယ့် သူမမျက်နှာက ရုပ်ဆိုးလွန်းတယ်။ ကုတင်တစ်လုံးတည်းမှာ အတူ အိပ်မိရင် နောက်နေ့မနက်မှာ သေသွားမှာကိုတောင် ကြောက်မိတယ်။ ဟင်း…၊ ဒီလောက် လှပတဲ့ ခန္ဓာကိုယ်အချိုးစားရှိပေမယ့် နှမြောစရာပဲ "။
လူတိုင်းက လျူရန်ယွင်ကိုကြည့်ပြီး ဆွေးနွေးပြီး ပြောဆိုနေကြသည်။
ချင်ယွင်သည် မူလက စိတ်ဆိုးချင်သော်လည်း လျူရန်ယွင်က သူ့ကို ညင်သာစွာ ခေါင်းခါပြသည်ကို မြင်ပြီးနောက် သူသည် ပတ်ဝန်းကျင်ရှိ လူအများ၏ လှောင်ပြောင်သော အကြည့်များကို လျစ်လျူရှုကာ လျူရန်ယွင်ကို နေအိမ်ဆီသို့ ပို့ဆောင်လိုက်သည်။
ကျိုးကြောင်းဆီလျော်စွာ ပြောရမည်ဆိုလျှင် ချင်ယွင်သည် သူ၏အစ်မ လျူရန်ယွင်ကို တွေ့ရှိပြီးနောက် ကောင်းကင်ဘုံဂိုဏ်းမှ ထွက်ခွာသွားခြင်းသည် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်သည်။
သို့သော် ချင်ယွင်က ထိုသို့ မလုပ်ခဲ့ပေ။ သူ့အစ်မ၏ ဒဏ်ရာတွေအတွက် သူသည် ကောင်းကင်ဘုံဂိုဏ်းကို မည်သို့ မပေးဆပ်ခိုင်းဘဲ နေနိုင်မည်နည်း။?
ထို့အပြင် ချင်ယွင်သည် လျူရန်ယွင်ကို ခေါ်ဆောင်သွားသည်ကို ဖန်ယုထန်းက သိထားပြီးဖြစ်ကြောင်း သူ ယုံကြည်ထားသည်။
နောက်ဆုံးတွင်၊ သူသည် လျူရန်ယွင်ကို ကောင်းကင်ဘုံဝှက်ထားခြင်း တောင်ထိပ်မှ ဗြောင်ကျကျ ခေါ်ဆောင်လာခဲ့သည်။ တပည့်များစွာကလည်း သူမကို မြင်ဖူးကြသည်။ ဖန်ယုထန်းက ထိုသတင်းကို လက်ခံမရရှိရန်မှာ မဖြစ်နိုင်ပေ။
သို့သော် ဖန်ယုထန်းသည် သူ၏မျက်နှာကို အစမှအဆုံးအထိ ဖော်မပြခဲ့ပေ။ ဤအချက်က အလွန်ထူးဆန်းသည်ဟု ချင်ယွင် ခံစားရလေသည်။
သို့သော် ချင်ယွင်သည် ကောင်းကင်ဘုံဂိုဏ်းမှ ခြေတစ်လှမ်း ထွက်ခွာဝံ့သည်နှင့် သူ့နောက်သို့ လိုက်နေမည့် ကောင်းကင်ဘုံဂိုဏ်းမှ ကျွမ်းကျင်ပညာရှင် အများအပြား ရှိနေမည်မှာ သေချာပါသည်။
ဤကိစ္စနှင့်ပတ်သက်ပြီး ချင်ယွင်အတွက် အရေးမကြီးလှပေ။ သူသည် ကောင်းကင်ဘုံဂိုဏ်း၏ လိုက်လံဖမ်းဆီးခံရခြင်းကို လုံးဝ မကြောက်ရွံ့ပေ။ ထို့အပြင်၊ သူသည် လေဟာနယ်သလင်းကျောက် အပိုင်းအစကို ပိုင်ဆိုင်ထားသည်။ သူ ဂိုဏ်းမှ ထွက်သွားသည်နှင့် ကောင်းကင်ဘုံဂိုဏ်းက သူ့ကို ဖမ်းဖိရန်ဆိုသည်မှာ အိပ်မက်တစ်ခု ပင် ဖြစ်လာပါလိမ့်မည်။
သို့သော် ဤကဲ့သို့ ထွက်ခွာခြင်းသည် ချင်ယွင်၏ အကျင့်စရိုက်နှင့် အလွန် လိုက်ဖက်ခြင်း မရှိလှပေ။ ဖန်ယုထန်းက သူတို့ကို ဆက်ပြီး စောင့်ကြည့်နေချင်သည့် နောက် ချင်ယွင်ကလည်း ဆက်ပြီး နေပေးရလိမ့်မည်။
အခု သူ၏အစ်မကို ရှာတွေ့ပြီဖြစ်သည့်အတွက် ချင်ယွင်အနေဖြင့် စိတ်ပူစရာ ဘာမှ မရှိတော့ပါဘူး။
ဖန်ယုထန်းနှင့် ကစားပြီးနောက် အဆုံးမှာ မည်သူက နောင်တရမလဲဆိုသည်ကို သူကြည့်ရမည်ဆိုလျှင်လည်း သူ စိတ်ထဲမထားပါဘူး။
ကောင်းကင်ဘုံဂိုဏ်းတွင် ကောင်းကင်ဘုံငယ်တောင်ထိပ်သည် ကောင်းကင်ဘုံ တောင်ထိပ်ပြီးလျှင် ဒုတိယမြောက် ဝိညာဉ်စွမ်းအား ပေါကြွယ်ဝဆုံး တောင်ထိပ် တစ်ခု ဖြစ်ပါသည်။ ဤတောင်ထွတ်ပေါ်တွင် နေထိုင်နိုင်သော တပည့်များအားလုံးသည် ဂိုဏ်း၏ လက်ရွေးစင်တပည့်များ ဖြစ်ကြသည်။ ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များသည် ဤနေရာတွင် နေထိုင်နိုင်ရန်အတွက် အမြဲလိုလို အိပ်မက်မက်နေကြ သည့် နေရာများစွာထဲမှ တစ်ခုဖြစ်ပါသည်။
တောင်ထိပ်တွင် နန်းတော်နှင့်တူသော ကျင့်ကြံခြင်း စံအိမ်ကြီးတစ်လုံး ရှိပါသည်။
ထိုစံအိမ်အတွင်းမှာ လူငယ်နှစ်ဦး စကားပြောနေကြ၏။
လူငယ်တစ်ဦးသည် အဖြူရောင် ပိုးထည်၀တ်စုံကို ၀တ်ထားသော်လည်း ၎င်း၏ မျက်နှာသည် ဖောင်းကားယောင်ယမ်းနေကာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ပြင်းထန်သော ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားသည်။ သူ၏ နဂိုက ချောမောသော မျက်နှာသည် ယခုအခါ ဝက်ခေါင်းကဲ့သို့ပင် ဖြစ်နေလေသည်။
မှန်ပါသည်။ ထိုလူသည် ချင်ယွင်၏ အရိုက်နှက်ခံခဲ့ရသော ဝူဒေါင်ရှန် ဖြစ်ပါသည်။ သူ၏ပုံပန်းသဏ္ဍာန်အရ ဝိညာဉ်ဆေးတစ်မျိုးမျိုးကို သောက်ထားပါလိမ့်မည်၊ သို့မဟုတ်ပါက သူသည် ဤမျှ လျင်မြန်စွာ လှုပ်ရှားနိုင်ဦးမည် မဟုတ်ပေ။
ခန်းမကြီး၏ ပင်မထိုင်ခုံပေါ်တွင် ငယ်ရွယ်ပြီး အေးစက်သော လူငယ်တစ်ဦး ထိုင်နေပါသည်။ လူငယ်သည် ထက်မြက်သော မျက်ခုံးမွှေးတစ်စုံရှိပြီး သူ၏ မျက်ခုံးကြားတွင် သူရဲကောင်းဆန်သော အငွေ့အသက်မျိုး ရှိသည်။ သူ၏ ခန္ဓာကိုယ်သည် ဒေါသထွက်နေခြင်းမရှိသော်လည်း ခမ်းနားထည်ဝါသည်။ လူငယ်သည် ရှားရှားပါးပါး ထက်မြက်သော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည်။ သူသည် လူသားများကြားတွင် နဂါးနှင့် ဖီးနစ်ကဲ့သို့ပင် ဖြစ်နေပါသည်။
ထိုလူငယ်သည် ကောင်းကင်ဘုံဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖန်ယုထန်းမှလွဲ၍ အခြားသူ မဟုတ်ပေ။ ကောင်းကင်ဘုံဂိုဏ်းတွင် ဖန်ယုထန်းမှလွဲပြီး အခြားမည်သူက ရော ဤမျှထူးခြားသော စိတ်ဓာတ်မျိုး ရှိသနည်း။?
ဤအခိုက်အတန့်တွင် ဖန်ယုထန်း၏ ပါးစပ်ထောင့်စွန်းတွင် ခပ်ဖျော့ဖျော့ လှောင်ပြောင်ဟန်တစ်ခုက သူသည် အရာရာကို သိနေဘိသကဲ့သို့ပင်။