← Chapters

အခန်း (၅၈၆-၅၉၀)

Vol. 40 Ch. 586-590

အခန်း (၅၈၆-၅၉၀)

Vol. 40 Ch. 586-590

အခန်း (၅၈၆) ကြယ်ခုနစ်စင်းဓား

လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားကြပြီး အထူးသဖြင့် စွမ်းအားနည်းပါးသော တပည့်များ ဖြစ်သည်။ ဖန်ယုထန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်က သူတို့ကို ပြင်းထန်သော ဖိအားများပေးနေခဲ့ပြီး သူတို့ကို အသက်ရှူမဝအောင် ဖြစ်စေသည်။

လျှိုလင်းသည် လူအုပ်ကြီးထဲတွင် ရပ်ကာ ထိပ်တိုက်တွေ့နေကြသော လူနှစ်ဦးကို ကြည့်လိုက်ရင်း သူမ၏ လှပသော မျက်နှာသည် အလွန်အံ့အားသင့်နေသည့် အမူအရာ ပေါ်လွင်နေသည်။

မူလက ချင်ယွင်သည် ဖန်ယုထန်း၏ ပြိုင်ဘက် မဖြစ်နိုင်ဟု သူမ ထင်ခဲ့သည်။ သို့သော်လည်း ယခုလေးတင် ချင်ယွင်ထံမှ အနက်ရောင်လျှပ်စီးကြောင်း တိုက်ခိုက်မူများက ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး သူမကို အလွန် ထိတ်လန့်စေခဲ့သည်။ အနီးကပ် တိုက်ခိုက်မူတွေကို သူမမြင်ဖူးသော်လည်း ယခုလောက် ရက်စက် ကြမ်းကြုတ်သည့် တိုက်ပွဲပုံစံမျိုးကို သူမ တစ်ခါမှ မမြင်တွေ့ဖူးပါဘူး။ ဤတိုက်ပွဲက သူမ၏ အမြင်အာရုံ သက်ရောက်မှုအပေါ် ပြင်းထန်လွန်းပါသည်။

သေချာသည်မှာ လျှိုလင်း နှင့် လျူရန်ယွင်တို့သာ ထိတ်လန့်တုန်လှုပ်နေသူများ မဟုတ်ကြပေ။ လျူရန်ယွင်ဆိုလျှင်လည်း ချင်ယွင်ကို ယုံကြည်ပါသည်ဟု သူမ ပြောခဲ့သော်လည်း သူမ စိတ်ထဲမှာတော့ ယုံကြည်မှု မရှိသေးပါဘူး။

ချင်ယွင်သည် ဖန်ယုထန်းကို တိုက်ခိုက်ရန်အတွက် လျှပ်စီးကြောင်းများကို အသုံးပြုနေသည်ကို သူမ မြင်လိုက်ရသည့်အချိန်ရောက်မှသာ သူမ၏ နှုတ်ခမ်းတစ်စုံ သည် မထင်မရှား အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ချင်ယွင်အပေါ် သူမ၏ ယုံကြည်မှုသည်လည်း အပြည့်အဝ ရှိလာခဲ့သည်။

ဤအခိုက်အတန့်တွင် မလိုလားဆုံးသူမှာ ဝူဒေါင်ရှန် ဖြစ်ပါသည်။ ဤချင်ယွင်သည် ဖန်ယုထန်းကို အမှန်တကယ် အနိုင်ယူခဲ့ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရလုနီးပါး ဖြစ်အောင် တိုက်ခိုက်နိုင်မည်ဟု သူ မမျှော်လင့်ထားပေ။ ဤအရာက သူ၏ နှလုံးသားထဲကို ဓားဖြင့်ထိုးလိုက်သလို ခံစားရစေပြီး ပြင်းထန်စွာ နာကျင်စေခဲ့ပါသည်။

"အဆင်ပြေပါတယ်လေ။ ဒီချင်ယွင်က ဖန်ယုထန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးပါဘူး။ ဖန်ယုထန်းက သူ့ရဲ့ဓားပညာကိုတောင် အသုံးမပြုသေးပါဘူး။ သူ့ရဲ့ဓားသိုင်းပညာရပ် ကမှ သူ့ရဲ့ ဝှက်ဖဲစစ်စစစ်ပဲ ။ သူရဲ့ဓားသိုင်းပညာရပ်ကို အသုံးပြုပြီးတာနဲ့ ဒီချင်ယွင်က လုံးဝ ပြန်တိုက်နိုင်မှာ မဟုတ်တော့ပါဘူး။." ဝူဒေါင်ရှန်က သူ့ကိုယ်သူ ရေရွတ်လိုက်လေသည်။

ထိုအချိန်တွင် ဖန်းယုထန်းသည် လေထဲတွင် လွင့်မျောနေပါသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည် ကြောက်မက်ဖွယ်အဆင့်အထိ တိုးလာနေပြီ ဖြစ်ပါသည်။ ချင်ယွင်ကို ကြည့်နေသည့် မျက်လုံးတစ်စုံသည်လည်း အနှိုင်းမဲ့ အုံ့မှိုင်းပြီး အေးစက်လာနေသည်။

"အခုနက ငါ သတိလက်လွတ် နေခဲ့မိတယ်။ ငါက မင်းရဲ့ဖမ်းဆုပ်မူကို ခံလိုက်ရတယ်။ ဒါပေမယ့် နောက်ကို ငါ အဲဒီလိုအဖြစ်ခံမှာ မဟုတ်တော့ဘူး။ မင်းရဲ့ အသားတွေကို အပိုင်းပိုင်းဖြတ်ဖို့ ငါ့ဓားသိုင်းပညာရပ်ကို သုံးတော့မယ်။ ကြောက်လန့်ပြီး သေရခြင်းကို မင်းကို ငါ အပြည့်အဝ ခံစားခွင့်ပေးမယ်။" ဖန်ယုထန်းက အေးစက်စွာ ပြောလိုက်သည်။ သူ၏လက်ထဲမှာ တောက်ပသော အလင်းရောင်က ကြယ်ရောင်တွေလို ဝင်းလက် တောက်ပနေပါသည်။

သူ၏လက်ထဲတွင် တောက်ပနေသော ဓားရှည်ကြီးတစ်ချောင်း ပေါ်လာပါသည်။ ဓားရှည်၏ထိပ်မှာ အနက်ရောင်ဖြစ်သော်လည်း ဓားကိုယ်ထည်မှာ အပြာရောင် ဖြစ်ပါသည်။ အရောင်များ မတူကွဲပြားသော်လည်း ပုံစံကတော့ တစ်ခုတည်း ဖြစ်ပေါ်လာပါသည်။ ၎င်းသည် နေရောင်အောက်တွင် စူးရှတောက်ပသော အလင်းရောင်များဖြင့် ထွန်းလင်းတောက်ပနေသော နဂါးငွေ့တန်း (ကြယ်စင်စု) တစ်ခုနှင့် တူနေပါသည်။

ထိုအချိန်တွင်၊ ကြယ်ဖမ်းတောင်ထိပ်တစ်ခုလုံးသည် ကြယ်စင်စုတစ်ခု၏ စွမ်းအားဖြင့် ပြည့်နေပါသည်။

"ဒါက ငါတို့ကောင်းကင်ဘုံဂိုဏ်းရဲ့ အကြီးအမြတ်ဆုံး ရတနာ၊ ကြယ်ခုနစ်စင်း ဓားလား။"

"မှန်တယ်၊ မှန်တယ်။ အဲဒါက ကြယ်ခုနစ်စင်း ရတနာဓားပဲ။ အဆင့်မြင့်အဆင့် အင်မော်တယ်ပစ္စည်းတစ်ခုလို့ ပြောကြတာပဲ။ ဒီနေ့မြင်ရသလောက်ဆို တကယ့်ကို သာမန်ထက် ထူးခြားတာပဲ။ ဂိုဏ်းက ဒီဓားကို စီနီယာအစ်ကိုဖန်ကို အမှန်တကယ် ပေးထားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ."

"မှန်တယ်။ ဒီကြယ်ခုနစ်စင်းဓားမှာ အစွမ်းထက်တဲ့ ကြယ်နဲ့သက်ဆိုင်တဲ့ စွမ်းအားတစ်ခု ပါ၀င်နေတယ်လို့ ပြောကြတယ်။ ဓားတစ်ချက် တိုက်ခိုက်မူက ကြယ်မြစ်ကြီးတစ်စင်းလို ဇောက်ထိုးမိုးမျှော် ချိတ်ဆွဲနေတယ်လို့ ပြောကြတယ်။ အခု ဒီဓားက စီနီယာအစ်ကိုဖန်ရဲ့လက်ထဲမှာ ရှိနေပြီဆိုတော့ ပိုလို့တောင် စွမ်းအား ကြီးမားလာလိမ့်ဦးမယ်။ ဒီတစ်ခါတော့ ချင်ယွင် သေတာကို ငါ ကြည့်ရတော့မယ်။"

"ကျွန်တော်လည်း ဒီအတိုင်း ထင်တာပဲ။ လက်ထဲမှာ ဓားကိုင်ထားတဲ့ စီနီယာအစ်ကိုဖန် နဲ့ လက်ထဲမှာ ဓားမပါတဲ့ စီနီယာအစ်ကိုဖန်တို့ဟာ လုံးဝကို မတူကွဲပြားတဲ့ လူနှစ်ယောက်လိုပဲ။ အခု ဒီကြယ်ခုနစ်စင်းဓားပါ ရှိနေပြီဆိုတော့ ပြောစရာတောင် မလိုတော့ဘူး။ ကျားကို အတောင်ပံတပ်ပေးသလို ဖြစ်သွားပြီပေါ့။ ဒီချင်ယွင်က ဘယ်လိုလုပ် သူ့ပြိုင်ဘက် ဖြစ်နိုင်တော့မှာလဲ?။

ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များသည် တစ်ဖန်ပြန်လည်ဆွေးနွေးလာကြပြန်ပြီး၊ ဖန်ယုထန်းအပေါ် ယုံကြည်မှုတွေက တစ်ဖန်ပြန်လည် ရှိလာပြန်သည်။

ချင်ယွင်၏ မျက်လုံးတွေက အေးစက်မြဲ အေးစက်နေခဲ့ပြီး မည်သည့်ထူးခြားမူမှ မပြဘဲ၊ သူ၏ပါးစပ်ထောင့်တွင် မထီမဲ့မြင်ပြုဟန် လှောင်ပြောင်မှုတစ်ခုသာ ရှိနေပါသည်။

"ငါ့ရဲ့ မိုးကြိုးဆေဘာပညာရပ် ထွက်ပေါ်လာဖို့ အချိန်တန်ပြီ ထင်တယ်" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းမှာ အပြုံးမပျက် ရှိနေပါသည်။

လွန်ခဲ့သည့်အတောအတွင်း ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ကနဦး စကြာဝဠာထဲသို့ တမင်တကာ ထည့်ထားခဲ့ပြီး နှေးကွေးသော အချိန်စီးဆင်းမူ အခြေအနေအောက်တွင် သုံးနှစ်ပြည့်အောင် လေ့ကျင့်နိုင်စေနိုင်ခဲ့ပါသည်။

ယခုအချိန်တွင် ချင်ယွင်၏ ဆေဘာပညာရပ်သည် ဓားသိုင်းပညာရပ်နှင့် မနှိုင်းယှဉ်နိုင် သေးသော်လည်း ဆေဘာဆန္ဒနယ်ပယ်သို့ ရောက်ရှိနေပြီဟု ပြောနိုင်ပါ သေးသည်။ ထို့အပြင်၊ သူသည် လျှပ်စီးကိုအခြေခံပြီး ဆေဘာပညာရပ်တစ်ခုကိုလည်း ဖန်တီးခဲ့ သည်။ သူ၏ စွမ်းအားသည် ယခင်ကနှင့် နှိုင်းယှဉ်လျှင် အလွန်ကွာခြားသွား ပါပြီ။

ဘန်း…..!

ချင်ယွင်၏ လက်ထဲတွင် အနက်ရောင် ဉက္ကာပျံတိုက်ပွဲဝင်ဆေဘာ ပေါ်လာပါသည်။

ဆေဘာ ထွက်ပေါ်လာသည်နှင့် အနှိုင်းမဲ့ ကြီးစိုးလွှမ်းမိုးနေသော ဆေဘာဆန္ဒက ချက်ခြင်း ထွက်ပေါ်လာပါသည်။ ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းကြီးမားသော အငွေ့အသက်သည် အမှန်တကယ်ပင် လူများကို သူတို့၏ ကျောရိုးအောက်ခြေအထိ ပြေးဆင်းကာ အေးစိမ့်သွားစေခဲ့ပါသည်။

"သေလိုက်စမ်း…! ကြယ်ခုနစ်ပွင့်ဓားနည်းပညာ... ကြယ်စင်စုကို ဇောက်ထိုးမိုးမျှော် ချိတ်ဆွဲခြင်း..!"

ဖန်ယုထန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာပါသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ပေါက်ကွဲထွက်လာပါသည်။ သူ၏လက်ထဲမှ ဓားအလင်းသည် ကောင်းကင်မှ တွဲလောင်းကျလာနေသော ကြယ်စင်စုတစ်ခုလို ဝင်းလက်တောက်ပလာပြီး ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ဖောက်ထွင်း ဝင်ရောက် သွားပါသည်။ တောက်ပနေသော ကြယ်စင်စုအလင်းရောင်သည် လင်းလက် တောက်ပနေသော ကြယ်စင်စုတစ်ခုနှင့် ပိုတူပါသည်။

"မိုးကြိုးဆေဘာပညာရပ်ရဲ့ ပထမဆုံးတိုက်ကွက် မိုးကြိုးပစ်ခွင်းခြင်း…. ။"

ချင်ယွင်လည်း ပြင်းထန်စွာ ပစ်လွှတ်သွားခဲ့သည်။ တောက်ပနေသော ကြယ်စင်စုကို ကြမ်းတမ်းသော လျှပ်စီးကြောင်းများဖြင့် ဒေါသတကြီး ပြင်းထန်စွာ ခုတ်ပိုင်းလိုက် သည့်အလား သူ၏လက်ထဲမှ ဆေဘာသည် ပေါက်ကွဲသွားပုံရပါသည်။

ဆေဘာအလင်းသည် တဖျပ်ဖျပ်ခတ်က လင်းလက်နေပြီး လျှပ်စီးတွေက ဝင်းလက်စွာ တောက်ပနေသော ကြယ်စင်စုနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေေ့ဆုံသွားသည်။

"ဘုန်း…. !"

ဓားချီသည် ဆေဘာချီနှင့် ထိပ်တိုက်တွေ့ဆုံမိပြီး ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပါသည်။ ကြယ်ဖမ်းခြင်းတောင်ထိပ် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများသည် လှိုင်းဂယက်များကဲ့သို့ ချက်ချင်း ပေါက်ကွဲသွားသည်။

တောင်ကာကွယ်ရေး အစီအရင်ဝင်္ကပါ၏ ကောင်းချီးပေးထောက်ပံ့ထားမူကြောင့်သာ၊ ထိုသို့မဟုတ်ပါက တောင်တစ်ခုလုံးပင် ပြိုကျခဲ့သည်မှာ ကြာလောက်ပါပြီ။

ဤကြောက်စရာကောင်းသော စွမ်းအင်အတက်အကျလှိုင်းများကြောင့် ချင်ယွင်လည်း တုန်လှုပ်ကာ အဝေးသို့ လွင့်ထွက်သွားသည်။သူသည် ဤစွမ်းအင်အတက်အကျလှိုင်း များကို ဖယ်ရှားပြီး သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မလုပ်ဆောင်နိုင်မီ ပေရာနှင့် ချီ၍ ဆက်တိုက် ပျံသန်းသွားခဲ့ပါသည်။

ချင်ယွင် တည်ငြိမ်သွားစဉ်မှာ ဖန်ယုထန်း၏ ရုပ်အသွင်အပြင်က ပျောက်ကွယ်သွား သည်ကို တွေ့လိုက်ရပါသည်။

"ကြယ်ခုနစ်ပွင့်ဓားသိုင်းပညာ... ကြယ်ခုနစ်ပွင့် ထွန်းလင်းသောလ!"

သို့သော် ယခုအချိန်တွင် ချင်ယွင်၏ ဦးခေါင်းထက်မှ အေးစက်သော အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ရုတ်တရက် ခေါင်းကို မော့လိုက်ရာ ကောင်းကင်ယံမှ လင်းထိန်နေသော ကြယ်ရောင်များ တဖျပ်ဖျပ်လင်းလက်၍ သူ့ဆီသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရ လေသည်။ ကြယ်အလင်း၏ စွမ်းအင်အတက်အကျလှိုင်းများသည် သူ့ကို လုံးဝ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေလောက်အောင် လုံလောက်ပါသည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းဆိုသလိုပင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မိုးခြိမ်းသံများ ပေါက်ကွဲ ထွက်ပေါ်လာသည်။

"မိုးကြိုးမုန်တိုင်း…. !"

ချင်ယွင်က သူ၏လက်ထဲက အနက်ရောက်ဆေဘာရှည်ကို ခုတ်ပိုင်းရင်း ကျယ်လောင်စွာ ဟစ်အော်လိုက်ပါသည်။ ကြီးမားသော ဆေဘာရှည်ကြီး တစ်ချောင်း သည် အနက်ရောင်မိုးကြိုးမုန်တိုင်းတစ်ခုနှင့် ရောယှက်ကာ ကြယ်ရောင်ထဲသို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

"ဘုန်း….. !"

ဆေဘာချီသည် ကြယ်ရောင်နှင့် အပြင်းအထန် တိုက်မိပြီး အကန့်အသတ်မရှိသော အင်အားက ချင်ယွင်ကို ချက်ချင်း လွင့်ပျံသွားစေခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် ဥက္ကာပျံကဲ့သို့ အောက်ဘက်ရှိ ကြယ်ဖမ်းခြင်းစင်မြင့်ပေါ်သို့ ပြင်းထန်စွာ ပစ်ချသွားကာ ကြီးမားသော တွင်းနက်ပေါက်ကြီးတစ်ခု ဖန်တီးလိုက်လေသည်။

ချင်ယွင်သည် နက်ရှိုင်းသော တွင်းနက်ကြီးထဲသို့ ပြုတ်ကျပြီး မလှုပ်ရှားနိုင်တော့ပေ။ မိုးကြိုးအင်မော်တယ်ခန္ဓာကိုယ်၏ အသုံးချနိုင်သည့် အကန့်အသတ်အချိန်က ကုန်ဆုံးသွားကာ ဘေးထွက်ဆိုးကျိုးများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ယိုယွင်း ဖျက်စီးနေပြီ ဖြစ်ပါသည်။ သူ့မှာ ပိုလျှံနေသည့်ခွန်အား နည်းနည်းလေးမှ မရှိတော့ပါ ဘူး။

"ယွင်အာ….!"

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လူအုပ်ထဲက လျူရန်ယွင် ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ချက်ချင်းဆိုသလို မထိန်းနိုင်ဘဲ ကျယ်လောင်စွာ အော်ခေါ်လိုက် လေသည်။

ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များ၏ မျက်နှာများသည် အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာနေသော ဖန်ယုထန်းကို ကြည်ညိုလေးစားမှု အပြည့်ရှိသော မျက်နှာအမူအရာများဖြင့် ကြည့်နေကြလေသည်။

ယုချန်တန် နှင့် အခြားသူများသည် မထိန်းနိုင်ဘဲ သက်ပြင်းတစ်ချက်မျှ ချလိုက်ကြပြီး၊ သူတို့၏ နှုတ်ခမ်းထောင့်စွန်းများက ပြုံးရိပ်သမ်းနေကြပါသည်။

ဖန်ယုထန်းသည် ကောင်းကင်ယံမှာ ရပ်နေရင်း တွင်းနက်ကြီးထဲ၌ မလှုပ်မယှက် လဲလျောင်းနေသော ချင်ယွင်ကို သူ၏မျက်လုံးများတွင် လှောင်ပြောင်သရော်သည့် အကြည့်ဖြင့် ကြည့်နေပါသည်။

" လျူရန်ယွင်၊ မင်း မြင်ပြီမဟုတ်လား။ ချင်ယွင်က ငါ့ဓားအောက်မှာ ကျရှုံးရမယ်လို့ မင်း မထင်ထားဘူး မဟုတ်လား။ ဟိုတုန်းက မင်းက ငါ့ကို သူ့အတွက်နဲ့ ငြင်းပယ်ခဲ့တယ်။ ဒါပေမယ့် အခုတော့ မင်း နောင်တရနေရပြီ မဟုတ်လား" ဖန်ယုထန်းက လှောင်ပြောင်ဟန် အော်ပြောလိုက်ပြီး သူ၏အသံက ကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံး၏ ကောင်းကင်ယံထက်မှာ ပဲ့တင်ထပ်နေလေသည်။

ထိုမှသာလျှင် ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များသည် ဖြစ်ပျက်နေသည့် အရာများကို နားလည်သွားခဲ့ကြပါသည်။ အလှမယ်လေးယောက်ထဲက တစ်ယောက်ဖြစ်ခဲ့ဖူးသည့် လျူရန်ယွင်သည် ဤချင်ယွင်ကြောင့် ဖန်ယုထန်းကို လက်ထပ်ရန် မဆိုင်းမတွ ငြင်းဆိုခဲ့ပါသည်။

"ဖန်ယုထန်း၊ ငါက ဘယ်တော့မှ နောင်တရနေမှာ မဟုတ်ဘူး။ တကယ်လို ငါသေသွားရင်တောင် ငါက ယွင်အာကို ဒီတစ်သက်လုံး ချစ်နေဦးမှာပဲ" လျူရန်ယွင် က ဖန်ယုထန်းကို လှမ်းအော်လိုက်ပြီး သူမ၏ အသံက ခိုင်မာသည် ။

"ဒါဆိုလည်း မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးလိုက်မယ်။ ချင်ယွင်ကို အရင်ဆုံး သတ်လိုက်မယ်။ ပြီးမှ မင်းကို သတ်ပေးမယ်။" ဖန်ယုထန်း၏ မျက်လုံးများသည် ပြင်းထန်သော ရန်လိုမူဖြင့် ချက်ချင်းဆိုသလို တောက်ပလာခဲ့သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ဥက္ကာပျံကဲ့သို့ ကျဆင်းလာကာ အောက်ရှိ တွင်းနက်ကြီးထဲ၌ လဲလျောင်းနေသော ချင်ယွင်ဆီသို့ ဓားဖြင့် ထိုးစိုက်လိုက်လေ၏။

"မင်းက ငါ့ကို သတ်နိုင်မယ်လို့ တကယ်ထင်နေတာလား"

သို့သော်၊ ဖန်ယုထန်း၏ ဓားသည် ချင်ယွင်၏ မျက်ခုံးများကြားသို့ ရောက်ရှိခါနီးတွင် အေးစက်စက် ရယ်မောသံက ရုတ်တရက် ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် လက်ဖဝါးတဖက်က လေဟာနယ်ထဲမှ ရုတ်တရက် ဆန့်ထွက်လာပြီး ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်လေသည်။ ဓားပေါ်မှ ဓားအလင်းတန်းသည် ချက်ခြင်း ပြိုကျပျက်ဆီးသွားလေသည်။

အခန်း (၅၈၇) ပေါက်ကွဲသွားသော ဖန်ချန်ကျီ။

လူတိုင်းသည် ဤရုတ်တရက် မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

အထူးသဖြင့် ချင်ယွင်နှင့်အတူ သေဆုံးရန် အဆင်သင့်ဖြစ်နေသော လျူရန်ယွင်သည် သူမ၏ မျက်ရည်လွှမ်းနေသော မျက်လုံးများက မယုံကြည်နိုင်သည့် အရိပ်အယောင် များ ပေါ်လွင်နေသည်။

အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော လူငယ်တစ်ယောက်သည် လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ရုပ်ရည်အသွင်အပြင်က မြေပြင်ပေါ်မှာ လဲလျောင်းနေ သော ချင်ယွင် နှင့် အတူတူပင် ဖြစ်ပါသည်။

ထိုလူငယ် ထွက်ပေါ်လာခြင်းနှင့်အတူ ကောင်းကင်ယံတစ်ခုလုံးသည် လေပြင်းနှင့် တိမ်တိုက်များက လှိုင်းလုံးကြီးများသဖွယ် မြင်းတက်လာပါသည်။ ကောင်းကင်ကြီး သည် ချက်ခြင်းပင် မည်းမှောင်သွားခဲ့ပြီး ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားသည် ဧရာမတောင်ကြီးကဲ့သို့ ကျဆင်းလာလေသည်။

"ဘာတွေဖြစ်နေတာလဲ?"

ကြယ်ဖမ်းတောင်ထိပ် စင်မြင့်ပေါ်ရှိ လူတိုင်းသည် သူတို့၏ မျက်နှာပေါ်တွင် ပဟေဠိဆန်သော အမူအရာများဖြင့် ဤမြင်ကွင်းကို ကြည့်ရှုနေကြပါသည်။

ချင်ယွင် နှစ်ယောက်က ဘယ်လိုလုပ် ရှိနိုင်ရသနည်း?။ ချင်ယွင်ထွက်ပေါ်လာသည့် အခိုက်မှာ ကောင်းကင်ကြီးက အဘယ့်ကြောင့် မည်းမှောင်သွားရသနည်း?။ ပြီးတော့ ဤကြောက်စရာကောင်းသည့် ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားတွေနှင့် အတိအကျ ဘာတွေများ ဆက်ဖြစ်လာမည်နည်း?။

လူတိုင်း စိတ်ရှုပ်ထွေးပြီး ဝေခွဲမရ ဖြစ်နေကြပါသည်။ ချင်ယွင်မှာ ကိုယ်ပွားရှိသည်ကို သိတဲ့လူအနည်းစုကသာ သိထားကြပြီး။ အဘယ့်ကြောင့် ချင်ယွင်နှစ်ယောက် ဖြစ်နေရသနည်းဆိုသည်ကို ထိုလူအနည်းစုကသာ သိကြပါသည်။ သို့သော် နေ့ခင်းဘက်အနေထားကြီးက အဘယ့်ကြောင့် ရုတ်တရက် ပြောင်းလဲသွားသည်ကို သူတို့လည်း နားမလည်ကြပါဘူး။

"ကောင်းကင်ကပ်ဘေးဒုက္ခ၊ ဒါက ကောင်းကင်ကပ်ဘေးဒုက္ခပဲ။ ကောင်းကင်ကပ်ဘေး ဒုက္ခက ဘာလို့ ဒီမှာရှိနေတာလဲ"

ထိုအခိုက်အတန့်တွင် မည့်သည့်အမူအရာမှ ပြောင်းလဲခြင်းမရှိဘဲ သူ၏ရှေ့တွင် ရပ်နေသော ဖန်ချန်ကျီသည် တုန်လှုပ်ချောက်ချားသည့် အမူအရာကို ထုတ်ဖော်လိုက် ပါသည်။

သူသည် အင်မော်တယ်ကမ္ဘာမှ လူတစ်ဦး ဖြစ်ပါသည်။ သေမျိုးကမ္ဘာသို့ လာခြင်းသည် ကောင်ကင်တာအို၏ နိယာမများကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ယူဆထားပြီး ဖြစ်ပါသည်။ အကယ်၍ သူသည် ပုံမှန်အတိုင်းသာ ရှိနေပါက ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားက သူ့ကို ခဏတာအတွင်း ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ သို့သော် ယခုတွင် သူသည် ကံမကောင်းစွာဖြင့် ကောင်းကင်ကပ်ဘေးဒုက္ခကို ကြုံတွေ့ခဲ့ရပါသ သည်။ ထို့ကြောင့် သူသည် ဒုက္ခအလွန် ရောက်ရပါလိမ့်မည်။

ယခုအချိန်တွင် ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားသည် သူ၏အပေါ်တွင် ပိတ်ဆိုးထားဆဲ ဖြစ်နေပါပြီ။ ဆိုလိုသည်မှာ သူသည် ကောင်းကင်ဘုံ၏ ကပ်ဘေးဒုက္ခ ကို ဆွဲဆောင်နိုင်မည်ဟု ဆိုလိုပါသည်။ အရေးအကြီးဆုံးမှာ၊ ဤကောင်းကင်ဘုံ၏ ကပ်ဘေးဒုက္ခစွမ်းအားသည် သူ၏ထွက်ပေါ်လာသော ကိုယ်ပွားဖြင့် ဆုံးဖြတ်ခြင်းမျိုး မျိုးဘဲ၊ ဖန်ချန်ကျီ၏ အစစ်အမှန် စွမ်းအားဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်နေပါသည်။

အင်မော်တယ်ကမ္ဘာတွင်၊ အစစ်အမှန် ဖန်ချန်ကျီကိုယ်တိုင်သည် သူ၏ ဦးခေါင်းထက်ရှိ ကြောက်မက်ဖွယ်ကပ်ဘေးဒုက္ခ တိမ်တိုက်များကို ကြည့်ရင် သူ၏အမေ ကျိန်ဆဲခံသလို ခံစားလိုက်ရသည်။

သူသည် သေမျိုးကမ္ဘာမှာ တပည့်တစ်ဦးကို လက်ခံရုံသက်သက်လေးပဲ မဟုတ်ပါလား?။ သူသည် အမှန်တကယ် ဆိုးရွားလှသော ကောင်းကင်ကပ်ဘေးဒုက္ခကို ဆင့်ခေါ်ခဲ့သည်။ အကယ်၍ သူသည် ဤကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်လိုပါက၊ သူ မသေလျှင်ပင် အရေနွှာခံရမည်ဟု ခန့်မှန်းနိုင်ပါသည်။

ကြယ်ဖမ်းတောင်ထိပ် အထက်တွင် ဖန်ချန်ကျီ၏ အရိပ်အယောင်ကိုယ်ပွားသည် လေဟာနယ်အတွင်း ပျောက်ကွယ်မသွားခင် ချင်ယွင်ကို ခက်ထန်စွာ စိုက်ကြည့် သွားလေသည်။

ထိုအခြင်းအရာကို မြင်လျှ၍် ချင်ယွင်က အထင်သေးဟန်ဖြင့် ပြုံးလိုက်သည်။

ဤသည်မှာ သူမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ပါသည်။ ဖန်ချန်ကျီ၏ ခန္ဓာကိုယ် အစစ်အမှန်သည် အင်မော်တယ်ကမ္ဘာတွင် ကောင်းကင်ကပ်ဘေးဒုက္ခကို ကြုံတွေ့ ခဲ့ရသောကြောင့် သူသည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရန် သူ၏ စွမ်းအင်အားလုံးကို အာရုံစူးစိုက်ထားရမည် ဖြစ်ပါသည်။ ထို့ကြောင့် သူ၏ အရိပ်အယောင် ကိုယ်ပွားသည် ပုံမှန်အတိုင်း သူ၏မူလခန္ဓာကိုယ်ရှိရာသို့ ပြန်သွားရမည် ဖြစ်ပါသည်။

"ထွက်ပြေးသွားတာလား၊ အင်မော်တယ်တစ်ပါးက သူ့ကို တကယ်ကြောက်ပြီး ထွက်ပြေးသွားတာလား?"

ကောင်းကင်ဘုံဂိုဏ်းမှ လူတိုင်းသည် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ သူတို့သည် အဘယ့်ကြောင့်မှန်းမသိသော်လည်း ဖန်ချန်ကျီသည် နောက်ဆုံးတွင် ချင်ယွင်ကို မြင်ပြီး ထွက်ပြေးသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။

ထို့ကြောင့်၊ အင်မော်တယ် ရုတ်တရက် ထွက်ခွာသွားခြင်းသည် အဖြူရောင်၀တ် ချင်ယွင်၏ ရုတ်တရက် ထွက်ပေါ်လာမူနှင့် သက်ဆိုင်နေသည်ဟု သူတို့ ကောက်ချက် ချခဲ့ကြသည်။

ဖန်ယုထန်း၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လို စိတ်များ တဟုန်ထို့း လှိုင်းထန်လာလေသည်။ မူလက သူသည် သူ့ဆရာ၏ အထင်ကြီး လေးစားမူကို ခံယူလိုသော်လည်း ယခုတော့ ချင်ယွင်က ဤအရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

"ငါ မင်းကို သတ်မယ်!"

ဖန်ယုထန်း၏ မျက်လုံးများသည် ဒေါသအမျက်ထွက်ကာ သူ၏အငွေ့အသက်များ အရူးအမူး ပျံ့နှံ့လာသည်။

သို့သော် ယခုအချိန်တွင် ချင်ယွင် ဆုပ်ကိုင်ဆောင်ထားသော ကြယ်ခုနစ်ပွင့်ဓားကို သူသည် မည်မျှပင် ကြိုးစားနေပါစေ နောက်ပြန် ဆုတ်ထုတ်၍ မရနိုင်ကြောင်း သူ တွေ့ရှိလိုက်ရသည်။

ချင်ယွင်သည် ဖန်ယုထန်းကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ "မင်းက ဓားသိုင်းပညာရပ်မှာ ထူးချွန်သူ ပါရမီရှင်တစ်ယောက် မဟုတ်ဘူးလား။ အခုတော့ မင်းရဲ့ဓားကို ရန်သူလက်ထဲကနေ ဆွဲထုတ်ဖို့တောင် ဘာလို့ ခွန်အားမရှိရတော့တာလဲ" ဟု ဆိုလိုက်လေသည်။

"မင်း" ဖန်ယုထန်း၏ ဒေါသသည် ပို၍ ပြင်းထန်လာသည်။ သူသည် ဓားရိုးကို လက်နှစ်ဖက်ဖြင့် တိုက်ရိုက် ဆုပ်ကိုင်ကာ ဓားကိုဆွဲထုတ်ရန် သူ၏ ခွန်အားအားလုံးကို အသုံးပြုလိုက်ပါသည်။ သို့သော်လည်း ဓားသည် ချင်ယွင်၏ လက်ထဲတွင် မလှုပ်မယှက် ဖြစ်နေသော ဧရာမတောင်ကြီးတစ်ခုလိုပင်။

ရုတ်တရက် ချင်ယွင်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

ဓားပေါ်ဆုပ်ကိုင်ထားသည့် ချင်ယွင်၏ လက်ချောင်းတွေက ဓားကိုယ်ထည်ပေါ်ကို ဆတ်ခနဲ ပုတ်လိုက်လေသည်။ ချက်ချင်းပင်၊ ကြယ်ခုနစ်ပွင့်ဓားသည် ပြင်းပြင်းထန်ထန် တုန်လှုပ်သော အသံကို ထုတ်လွှတ်လိုက်ပြီး ဖော်ပြ၍မရအောင် ကြောက်စရာ ကောင်းသည့် ဓားဆန္ဒက ဓားမှတဆင့် ဖန်ယုထန်း၏ လက်ဖဝါးတစ်လျှောက် ချက်ခြင်း တိုးဝင်လာလေသည်။

"အား…. !"

ဖန်ယုထန်းသည် ချက်ချင်းပင် သနားစဖွယ် အော်ဟစ်လိုက်လေသည်။ သူ၏လက်ဖဝါးကို ဓားဖြင့် ခုတ်ပိုင်းလိုက်သလိုခံစားရပြီး လတ်ဆတ်သော သွေးတွေက ချက်ချင်းပင် သူ၏လက်ဖဝါးကို ဖုံးလွှမ်းသွားလေသည်။

ဖန်ယုထန်း၏ လက်ဖဝါး ဖြေလျော့သွားသည့်အခိုက် ချင်ယွင်က ကြယ်ခုနစ်ပွင့်ဓားကို တိုက်ရိုက် လုယူရန် တစ်ချိန်တည်းမှာ သူ၏ခွန်အားကို အသုံးပြုလိုက်လေသည်။ ဖန်ယုထန်းသည် သူ၏ကြယ်ခုနစ်ပွင့်ဓားက သူ၏လက်ဖဝါးထဲမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။

"ဘာလဲဟ… ?။ သူက စီနီယာအစ်ကိုဖန်ရဲ့ ဓားကို လက်တစ်ဖက်နဲ့ တကယ်ကြီး လုယူလိုက်တာလား….?။"

ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များ၏ မျက်နှာများသည် တုန်လှုပ်ခြောက်ခြားခြင်း များစွာဖြင့် ပြည့်နှက်နေသည်။

ဝှီး…..!

ချင်ယွင်သည် သူ၏လက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် ကြယ်ခုနစ်စင်းဓားသည် အဝေးမှာရှိနေသော တောင်ထိပ်သို့ ထိုးဖောက်ဝင်ရောက်ကာ တောင်ထိပ်အလယ်ဗဟို သို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

"ဟမ့်၊ မင်းက ဓားတစ်ချောင်းကိုတောင် မကိုင်နိုင်သေးဘူး။ ဒါနဲ့တောင် ဓားတာအိုရဲ့ နံပါတ်တစ် ပါရမီရှင်အဖြစ် ဝါကြွားဖို့ သတ္တိရှိနေတုန်းပဲလား" ချင်ယွင်က အဆုံးမဲ့ လှောင်ပြောင်သရော်လိုက်လေသည်။

ဖန်ယုထန်း၏ အသားအရေသည်လည်း အနှိုင်းမဲ့ ဖြူဖျော့သွားလေသည်။ ကိုယ် အသုံးပြုနေသည့်ဓားကို လက်ဗလာဖြင့် လုယက်ခံရခြင်းသည် လူတစ်ယောက်အတွက် ကြီးစွာသော အရှက်ရမှုပင် ဖြစ်လေသည်။

"ချင်ယွင်၊ သိပ်ပြီး အပျော်မစောနဲ့ဦး။ မင်းက ငါ့ဓားကို သိမ်းထားနိုင်ရင်တောင် ဒါက ငါ့အတွက် ယာယီပေါ့ဆမူကြောင့် ဖြစ်သွားရတာပဲ။" ဖန်ယုထန်းက မကျေမနပ် အော်ဟစ်လိုက်သည်။

"ဟုတ်လား…. ?" ချင်ယွင်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည် "ကောင်းပြီလေ၊ ဒါဆိုရင်လည်း စစ်မှန်တဲ့ ဓားပညာရပ်က ဘာလဲဆိုတာ မင်းကို ငါ ကြည့်ခွင့်ပေးမယ် ။ ဓားနယ်မြေ…. ဖွင့်…. !"။

ချင်ယွင်၏ အေးစက်စက် အော်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။

မီတာတစ်ထောင်အကွာအဝေးသည် ပြင်းထန်သော ဓားစွမ်းအားဖြင့် ချက်ချင်း ပြည့်နှက်သွားလေသည်။ လူတိုင်းက သူတို့၏ဦးခေါင်းထက်မှာ ဓားတစ်ချောင်း လွင့်မျောနေသလို ခံစားလိုက်ရသည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. " ဖန်ယုထန်းသည် လုံးဝ မှင်သက် အံ့အားသင့်သွားရသည်။ ဤအခိုက်အတန့်တွင် သူသည် ဓား၏ ကြီးမားလှသော စွမ်းအားကို ခံစားရရုံသာမက မီးပုံကြီးထဲတွင် ပိတ်မိနေသလို ခံစားရလေသည်။ သူသည် မည်မျှပင် ရုန်းကန်နေပါစေ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

"မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ အခု မင်း ရန်ယွင်အပေါ် လုပ်ခဲ့သမျှအတွက် မင်းကို ငါ ပြန်လည်ပေးဆပ်ခိုင်းမယ်" ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာသည်။

သူ၏ရုပ်အသွင်က ချက်ချင်းဆိုသလို လင်းလက်သွားပြီး ဖန်ယုထန်း၏ အနားကို ချက်ချင်း ရောက်သွားပါသည်။

ချင်ယွင်သည် သူ၏ဘေးနားမှာ ပေါ်လာနေသည်ကို ဖန်ယုထန်းက ကူကယ်ရာမဲ့ ကြည့်နေခဲ့ရပြီး သူ၏ခန္ဓာကိုယ်သည် အလွန်တောင့်တင်းနေပြီး သူ၏ လှုပ်ရှားမှုများမှာ လည်း အလွန် နှေးကွေးနေပါသည်။

"ဖတ်…… !"

ချင်ယွင်သည် ဖန်ယုထန်း၏ ပါးကို တိုက်ရိုက် ရိုက်ပစ်လိုက်သည်။ ဖန်ယုထန်းသည် ချက်ချင်းပင် ဂျင်ကဲ့သို့ လည်ထွက်သွားကာ အချိန်အတော်ကြာပြီးနောက်မှ ရပ်သွားခဲ့ ပါသည်။

သူ၏မျက်နှာတစ်ခုလုံးသည် လုံးဝကို ပြောင်းလဲသွားခဲ့ပါသည်။ သူ၏ နဂိုက ချောမောသော ရုပ်အသွင်အပြင်သည် လုံးဝ ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်ကို သူ၏ မျက်ဝန်းအစုံဖြင့် ဒေါသတကြီး စိုက်ကြည့်နေလေသည်။

"မင်းက အရမ်းမာနကြီးနေတာ မဟုတ်ဘူးလား။ လူတိုင်းရဲ့ရှေ့မှောက်မှာပဲ မင်းရဲ့ ခြေထောက်အောက်မှာ ငါ့ကို မနင်းချေချင်ဘူးလား။ မင်း ငါ့ကို ဘာလို့ မတိုက်ခိုက် တော့တာလဲ" ချင်ယွင်သည် မုန်းတီးမှုများနှင့် ပြည့်နှက်နေသော ဖန်ယုထန်း၏ မျက်လုံးများကို ကြည့်လိုက်လေသည်။

"ဖတ်….. !"

နောက်ထပ် ပါးရိုက်ချက်တစ်ခုက ဖန်ယုထန်း၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး သူ့ကို လွင့်ပျံစေသည်။

ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ရုပ်အသွင်က ချက်ချင်း ဖန်ယုထန်း နောက်ကို လိုက်ပါသွားကာ နောက်တစ်ကြိမ် ထပ်ရိုက်လိုက်သည်။

“ဖတ်..…ဖတ်…..”

ထို့နောက် လက်ခုတ်တီးသလို ပါရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်သိက္ခာကြီးမားသော နံပါတ်တစ် ကျွမ်းကျင်ပညာရှင်သည် ဘော်လီဘောကဲ့သို့ ရိုက်နှက်ခံနေရပါသည်။

ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များ အားလုံး နှုတ်ဆိတ်ပြီး အံသြသွားကြသည်။

ဤအခိုက်အတန့်တွင် ဖန်ယုထန်း၏ နှလုံးသားထဲတွင် ဒေါသများက တုနှိုင်းမရသော အဆင့်သို့ ရောက်ရှိသွားခဲ့ပါသည်။ သို့သော်လည်း သူသည် လက်တုံ့ပြန်စရာ နေရာမရှိပေ။ ချင်ယွင်က သူ၏မျက်နှာကို တစ်ချက်ပြီးတစ်ချက် ရိုက်နှက်နေခဲ့ပြီး သူသည် ကူကယ်ရာမဲ့ စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါသည်။

"ဘုန်း….. !"

ချင်ယွင်သည် မိုးခြိမ်းသံအလား ဖန်ယုထန်း မျက်နှာကို တိုက်ရိုက် ရိုက်နှက်လိုက်လေ သည်။ သူသည် ဖန်ယုထန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ရာ ကြီးမားသော လူပုံသဏ္ဍာန် တွင်းနက်ကြီးတစ်ခုအဖြစ် ရင်ပြင်ထဲသို့ ပစ်ဝင်သွားလေသည်။

ဤမြင်ကွင်းသည် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ယုချန်တန်ကို မျက်စောင်းထိုး ကြည့်စေမိပါသည်။

အခန်း (၅၈၈) မည်သူမှအနိုင်မယူနိုင်သူ။

ယုချန်တန်၏ မျက်လုံးတွေထဲမှာ ပြင်းထန်သော သတ်ဖြတ်လို စိတ်တွေ ပါဝင်နေပါ သည်။ ယခု ချင်ယွင်သည် ဖန်ယုထန်းကို ပါးရိုက်ရုံသာမက ကောင်းကင်ဘုံ ဂိုဏ်းတစ်ခုလုံး၏ မျက်နှာကိုပါ ပါးရိုက်နေခြင်း ဖြစ်ပါသည်။

ယခု ကောင်းကင်ဘုံဂိုဏ်း၏ အင်မော်တယ်ဖိတ်ကြားခြင်း အခမ်းအနားတစ်ခုလုံးကို ဤကောင်က ဖျက်ဆီးလိုက်ပြီ။ ယုချန်တန်သည် မည်ကဲ့သို့ စိတ်မဆိုးဘဲ နေနိုင်မည် နည်း။

ဤသည်မှာ သူတို့ကောင်းကင်ဘုံဂိုဏ်း၏ နှစ်ထောင်ပေါင်းများစွာအတွင်း အကြီးမားဆုံး ခံစားခဲ့ရသည့် အရှက်တရား ဖြစ်ပါသည်။

"တော်လောက်ပြီ။ ငါ့ရဲ့ကောင်းကင်ဘုံဂိုဏ်းကို ရိုင်းစိုင်းတဲ့ အပြုအမူမျိုး လုပ်ဆောင်ဖို့ မင်းအလှည့် မရောက်သေးဘူး!"

ယုချန်တန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏အသံက တောင်ထိပ် တစ်ခုလုံးကို လှုပ်ခါစေလောက်သည့် ခေါင်းလောင်းကြီးကို တစရစပ် တီးခတ်လိုက် သလိုပင်။

ချင်ယွင်၏ရုပ်အသွင်သည် လွင့်မျောကာ ဆင်းသက်လာခဲ့ပြီး ဖန်ယုထန်း၏ မျက်နှာပေါ်သို့ ခြေနင်းထားလိုက်လေသည်။ ယုချန်တန်ကို ကြည့်ရင်း သူ၏ ပါးစပ်ထောင့်မှ လှောင်ပြောင်ဟန် ပေါ်လွင်နေသည်။

"မူလကတော့ ကျုပ်က ခင်ဗျားနဲ့ ထပ်ပြီး ရင်မဆိုင်ချင်သေးဘူး။ ဒါပေမယ့် ခင်ဗျားက ဒီလောက် မြန်မြန်ကြီး အငြိမ်မနေနိုင် ဖြစ်လိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားဘူး။ စိတ်မပူပါနဲ့၊ ကျုပ် ဖန်ယုထန်းကို တိုက်ခိုက်ပြီးတာနဲ့ ခင်ဗျားရဲ့ အလှည့် ရောက်လာမှာ ပါ " ချင်ယွင်က လှောင်ပြောင်ကာ ပြောလိုက်လေသည်။

"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ!" ယုချန်တန်သည် ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်ကာ သူ၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ တဟုန်ထိုး ပျံ့နှံ့လာလေသည်။

သူလို ကောင်းကင်ဘုံဂိုဏ်းကြီး၏ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို သူ၏ နှလုံးသားထဲ ဒေါသအပြည့် ဖြစ်ပေါ်စေသည်အထိ သူ့အား ထိုကဲ့သို့ စကားမျိုး မည်သူမှ မပြောဝံ့ခဲ့ပေ။

သေချာသည်မှာ၊ ယခုအချိန်မှာ ဖန်ယုထန်းသည် ဒေါသအထွက်ဆုံးလူ ဖြစ်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် ချင်ယွင်သည် စကားပြောနေစဉ်မှာ သူ၏ခြေထောက်တွေက သူ၏မျက်နှာကို နင်းချေ ဖျက်ဆီးနေသေးတာကြောင့် ဖြစ်ပါသည်။

တောင်တစ်ခုကဲ့သို့ ထိုခြေဖဝါးက ဖန်ယုထန်း၏ ပါးပြင်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်သည်အထိ ကြမ်းတမ်းစွာ နင်းချေဖျက်ဆီးပြီးနောက် သူ့ကို မြေပြင်ပေါ်သို့ ဖိချလိုက်လေသည်။ ဖန်ယုထန်းမည်မျှပင် ခက်ခဲစွာ ရုန်းကန်နေပါစေ သူ မထနိုင်တော့ပေ။

" ချင်ယွင် ၊ ငါ မင်းကို သတ်မယ် ... "

ဖန်ယုထန်း၏ အဆုတ်တွေက ဒေါသနှင့်အတူ ပေါက်ကွဲလုနီးပါး ဖြစ်နေသော်လည်း သူစကားပြောချင်သည့် အခါတိုင်း ချင်ယွင်က သူ၏ပါးစပ်ကို ကြမ်းတမ်းစွာ နင်းပြီး ရွှံ့တစ်လုတ်ကို စားခိုင်းလိုက်လေသည်။

ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များသည် ဆွံအနေကြသည်။ ထိုအချိန်တွင် ချင်ယွင်အား ကြည့်သည့် သူတို့၏ အကြည့်များသည် အလွန်ထိတ်လန့်နေပါသည်။

အဓိပ္ပာယ်မရှိပေ။ သူတို့ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်သည် ချင်ယွင်၏ ခြေရင်းအောက်တွင် နင်းချေခံနေရပြီး လက်တုံ့ပြန်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။ အဘယ်သူသည် ရှေ့ထွက်ပြီး ဤငရဲသားဆီသွားကာ သေခြင်းတရားကို သွားရှာဝံ့မည် နည်း။

"မျိုးမစစ်ကောင်။ ယုထန်းကို လွှတ်ပေးလိုက်စမ်း… !"

ယုချန်တန်သည် သည်းမခံနိုင်တော့ဘဲ သူ၏အငွေ့အသက်သည် ချက်ချင်း ထွက်ပေါ် လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ချင်ယွင်အပေါ် ပြင်းထန်စွာ ဖိနှိပ်လာခဲ့သည်။

ချင်ယွင်သည် ယုချန်တန် သူ့ဆီသို့ ပြေးလာသည်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်မှ အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်သည် ကနဦးစကြဝဠာထဲသို့ တစ်ရက်သာ ဝင်ရောက်ခဲ့သော်လည်း၊ သူသည် ကနဦးစကြဝဠာတွင် နှစ်နှစ်ကျော်ကြာ ကျင့်ကြံနေခြင်း ဖြစ်သည်။

ယခု သူ၏ ကျင့်ကြံမူအဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်သို့ တရားဝင် ဖြတ်ကျော်သွားသဖြင့်၊ 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ' ရပ်သည် တတိယအဆင့်ဖြစ်သော ကြယ်ဖမ်းခြင်းနယ်ပယ်သို့ သဘောဝအတိုင်း ရောက်ရှိသွားခဲ့သည်။

ကြယ်ဖမ်းခြင်းနယ်ပယ်၊ ကြယ်ဖမ်းခြင်းနယ်ပယ်။

ယခုအချိန်တွင်, ချင်ယွင်သည် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကို အားကိုးရုံဖြင့်ပင် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်တွင် ပြိင်ဘက်ကင်းနေပြီ ဖြစ်ပါသည်။

အကယ်၍ သူသည် သူ၏ ကျင့်ကြံမှုစွမ်းအားကို ပေါင်းထည့်လိုက်မည်ဆိုလျှင်၊ သူသည် အစောပိုင်းအဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများကိုပင်လျှင် တိုက်ခိုက်နိုင်မည် ဖြစ်ပါသည်။

အမှောင်ထဲတွင် ပုန်းအောင်းနေသော ကောင်းကင်ဘုံဂိုဏ်းမှ ကျွမ်းကျင်သူများ ကိုယ်တိုင်ကိုယ်ကျ မရောက်လာသရွေ့၊ ကောင်းကင်ဂိုဏ်းတစ်ခုလုံးတွင် သူ့ကို မည်သူမျှ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ဝှီး…. !

ချင်ယွင်၏ ရုပ်အသွင်က တစ္ဆေသရဲကဲ့သို့ ယုချန်တန်၏ ဘေးတွင် ပေါ်လာသည်။

ယုချန်တန်၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး အကန့်အသတ်မဲ့ အစစ်အမှန် အနှစ်သာရက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာကာ သူ၏လက်ဖဝါးပေါ်တွင် ဆဋ္ဌဂံကြယ်ပုံစံဖြစ်ပေါ်လာခဲ့ပြီး ချင်ယွင်၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ရိုက်လိုက်လေ သည်။

"ဒါက ကောင်းကင်ဘုံဂိုဏ်းရဲ့ ဆဋ္ဌဂံကြယ်အကြွင်းမဲ့သတ်ဖြတ်ခြင်း လျှို့ဝှက်ပညာရပ် မဟုတ်လား။ အဲဒီပညာရပ်က ပြိုင်ဘက်ကင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်။" လူအုပ်ထဲမှ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် တုန်လှုပ်ခြောက်ခြားဟန် အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

ယုချန်တန်သည် သူ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဤသတ်ဖြတ်ခြင်း သိုင်းကွက်ကို အသုံးပြုလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ သူက ချင်ယွင်ကို သတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားပုံရပြီး ချင်ယွင်က ယုချန်တန်ကို ဤမျှလောက်အထိ တွန်းအားပေးနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပါဘူး။

ချင်ယွင်သည် သေခြင်းတရား၏အငွေ့အသက်များ ရောယှက်နေသော ဆဋ္ဌဂံကြယ် ပုံစံကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် အေးစက်မှုအရိပ်အယောင်များ ထွက်ပေါ် လာသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်သည် ချက်ချင်း ဆိုသလို မြင့်တက်လာခဲ့ပြီး နှလုံးတုန်လှုပ်စေသည့် စွမ်းအင်အတက်အကျလှိုင်းက ပျံ့နှံ့သွားကာ သူ၏လက်ဖဝါးသည်လည်း ဆဋ္ဌဂံကြယ်ပုံစံလက်ဖဝါးဖြင့် တိုက်ရိုက်ပင် ပြင်းပြင်းထန်ထန် ရိုက်မိသွားလေသည်။

"ဘုန်း…..!"

ကောင်းကင်နှင့် မြေကြီးသည်ပင် ပေါက်ကွဲသွားပုံရပြီး ကြယ်ဖမ်းတောင်ထိပ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ကြယ်ဖမ်းတောင်ထိပ်စင်မြင်သည် တိုက်ရိုက်ပင် နှစ်ပိုင်းကွဲသွားလေသည်။

ချင်ယွင် နှင့် ယုချန်တန်တို့ နှစ်ယောက်စလုံး နောက်ပြန်ဆုတ်သွားကာ လေထဲတွင် ပျံဝဲရင်း တစ်ဖက်နှင့်တစ်ဖက် မတ်တပ်ရပ်နေကြသည်။

ယုချန်တန်၏ မျက်လုံးများတွင် မယုံကြည်နိုင်သည့် အမူအရာ ပေါ်လာသည်။ သူ၏ ဆဋ္ဌဂံကြယ်အကြွင်းမဲ့သတ်ဖြတ်ခြင်း လျှို့ဝှက်ပညာရပ်ကို တစ်စုံတစ်ယောက်မှ အမှန်တကယ် ပိတ်ဆို့တားဆီးထားသည်။

ဤပညာရပ်သည် သူတို့ကောင်းကင်ဘုံဂိုဏ်း၏ ထိပ်တန်းလျှို့ဝှက်ပညာရပ် တစ်ခုဖြစ်သည်ကို သိထားရလိမ့်မည်။ ဤပညာရပ်ကို ဂိုဏ်းခေါင်းဆောင်တစ်ဦး သာလျှင် သင်ယူရန် အရည်အချင်း ပြည့်မီသည်။ ဤပညာရပ်ဖြင့်ဆို၊ အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများပင်လျှင် သူ၏ ပြိုင်ဘက်မဖြစ်နိုင်ပါ။

သို့သော်လည်း ချင်ယွင် ဟုခေါ်သော အဆိုပါလူငယ်သည် ၎င်းအား အတင်းအကြပ် ပိတ်ဆို့ထားဆီးနိုင်ခဲ့ပြီး ဒဏ်ရာရခြင်းလည်း မရှိခဲ့ပေ။ ဤအရာက သူ့ကို သူ၏ နှလုံးသားထဲမှာ မယုံနိုင်လောက်အောက်ပင် ဖြစ်စေခဲ့သည်။

"နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်!"

သို့သော်လည်း ယုချန်တန် အံ့သြနေစဉ်မှာ ကောင်းကင်ယံမှ ကျယ်လောင်သော အော်ဟစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

ကောင်းကင်ယံ၌ ဧရာမလက်ဖဝါးကြီးတစ်ခုက ကြယ်ဖမ်းတောင်ထိပ်စင်မြင့်၏ ထက်ဝက်နီးပါးကို ဖုံးလွှမ်းသွားကာ သူ့ဆီသို့ ပြင်းထန်စွာ ရိုက်နှက်လာလေသည်။

ပို၍ပင် ကြောက်စရာကောင်းသည်မှာ ဤလက်ဖဝါးတွင်ပါရှိသော စွမ်းအားသည် ကောင်းကင်ယံမှ ဆင်းသက်လာသော မြင့်မြတ်သော နတ်တောင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး၊ သူ့ကို အနည်းငယ် အားနည်းသွားစေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် စကားမပြောနိုင်လောက်အောင် ကြောက်လန့်နေကြလေသည်။

ဤလက်ဖဝါးကြီးက သူတို့ကို ကြောက်စရာကောင်းသည့် ခံစားချက်ကို ပေးနေပါသည်။ အကယ်၍ ဤလက်ဖဝါးကြီးသာ သူတို့ကို ထိမှန်သွားမည်ဆိုလျှင် သူတို့သည် အသားငါးပိအဖြစ် ပြောင်းသွားမည်မှာ သေချာပါသည်။

"ဘန်း….!"

ကြီးမားလှသော လက်ဖဝါးကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ဖြင့် ယုချန်တန်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ကြယ်ဖမ်းစင်မြင့်ပေါ်တွင် ကြီးမားသော လက်ဖဝါးရာကြီးတစ်ခု ချက်ချင်း ပေါ်လာ ပါသည်။ တွင်းပေါက်ကြီးသည် သုံးမီတာနက်ပြီး ကောင်းကင်တစ်ခုလုံးမှာ ဖုန်မှုန့်တွေ လွင့်ပျံနေ၏။

ကြယ်ဖမ်းတောင်ထိပ်သည် တုန်လှုပ်သွားသည်။ အကယ်၍ ၎င်းသည် ကြီးမားသော အစီအရင်ဝင်္ကပါ၏ ပံ့ပိုးမူသာ ရှိမနေပါက၊ ဤလက်ဖဝါးရိုက်ချက်သည် ကြယ်ဖမ်း တောင်ထိပ်တစ်ခုလုံးကို မြေပြင်ပေါ်သို့ ဖြိုဖျက်သွားမည် ဖြစ်သည်။

ယုချန်တန်သည် အပျက်အစီးများထဲသို့ ပြုတ်ကျသွားသည်။ သူသည် မသေသေးသော်လည်း ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့သည်။

ဂုဏ်သိက္ခာကြီးမားသော ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် ဤကဲ့သို့ မြေကြီးထဲနစ်ဝင်သည်အထိ ရိုက်နှက်ခံရသည်။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့ သွားပါက၊ ကောင်းကင်နဂါးတိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားဖွယ် ရှိကါသည်။

ကြည့်ရှုနေကြသူများလည်း လုံးဝ မှင်သက်အံသြသွားကြသည်။ ဤသည်မှာ သူတို့ဘ၀တွင် တွေ့ခဲ့ဖူးသမျှ တုန်လှုပ်ချောက်ချားဖွယ်ရာ တိုက်ပွဲတစ်ခုဖြစ်နိုင်ပြီး ဤအရာအားလုံးကို လူငယ်တစ်ဦးမှ ဖန်တီးခဲ့ခြင်းလည်း ဖြစ်ပါသည်။

လျှိုလင်းလည်း အံသြတုန်လှုပ်သွားသော်လည်း၊ သူမသည် ချင်ယွင်၏ စွမ်းအားကို ထိတ်လန့် တုန်လှုပ်သွားခြင်း ဖြစ်ကာ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမူ အရှိန်ကိုတော့ အံ့သြသွားခြင်း ဖြစ်ပါသည်။

သူတို့ နောက်ဆုံးတွေ့ဆုံချိန်က ချင်ယွင်၏စွမ်းအားသည် အများဆုံး အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်မှာသာ ရှိပါလိမ့်မည်။ သို့သော် လည်း ယခုတစ်ကြိမ်မှာတော့ သူသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ် ၏ အထွတ်အထိပ်အဆင့်မှာ ရှိနေသော ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကို ပင် လက်ဖဝါးတစ်ချက်တည်းဖြင့် ရိုက်နှက်နိုင်ခဲ့သည်။ ဤအရာသည် လူသားတို့ ပိုင်ဆိုင်နိုင်သော တိုးတက်မှုအရှိန်အဟုန် ဖြစ်နိုင်ပါသလား?။

သေချာသည်မှာ၊ အကယ်၍ ချင်ယွင်သည် ဤအဆင့်ကိုရောက်ရှိရန် ခြောက်နှစ်တာ ကာလပတ်လုံး အမှန်တကယ် ကုန်ဆုံးခဲ့ရသည်ကို သူမ သိခဲ့မည်ဆိုလျှင် သူမ၏ စိတ်ထဲမှာ နေလို့ထိုင်လို့ ပိုကောင်းသွားပါလိမ့်မည်။

လျူရန်ယွင်သည် ကောင်းကင်ယံတွင် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ မတ်တပ် ရပ်နေသည့် ရုပ်အသွင်အပြင်ကို ကြည့်ပြီး တောက်ပသော အပြုံးကို ထုတ်ဖော် လိုက်လေသည်။

"ယွင်အာက ကြီးပြင်းလာပြီပဲ !" လျူရန်ယွင်က သူမစိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်ပါသည်။ ချင်ယွင်ကိုကြည့်သည့် သူမ၏ အကြည့်တွေက ဂုဏ်ယူဝင့်ကြွား မူနှင့်အတူ ချစ်မြတ်နိုးခြင်းများဖြင့် ပြည့်နှက်နေပါသည်။

ချင်ယွင်သည် လေထဲတွင်ရပ်နေကာ သူ၏လက်ဖဝါးရာ တွင်းနက်ကြီးထဲတွင် လဲလျောင်းနေသော ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကို ကြည့်နေသည်။ ရက်စက်ကြမ်းကြုတ်သော အပြုံးသည် သူ၏ပါးစပ်ထောင့်တွင် ရုတ်တရက် ထွက်ပေါ် လာသည်။

ထိုအချိန်က ယုချန်တန်သည် သူ၏အစ်မကို ဖန်ယုထန်းနှင့် လက်ထပ်ပေးရန် အတင်းအကြပ် ခိုင်းစေခဲ့သည်။ ထို့ကြောင့် သူ၏အစ်မသည် ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်ဆောင်ခဲ့ပြီး လက်ထပ်မူကို ငြင်းဆိုရုံမှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။

ထိုအကြောင်းကို တွေးတောရင်း ချင်ယွင်၏ မျက်လုံးများသည် ရူးသွပ်ဖွယ် သတ်ဖြတ်ချင်စိတ်များဖြင့် တောက်ပလာလေသည်။

"ဘုန်း…!"

ချင်ယွင်၏ ပုံရိပ်သည် ဧရာမကျောက်တုံးကြီးကဲ့သို့ ပြင်းထန်စွာ အောက်သို့ ပစ်ဆင်းသွားသည်။ ဝမ်ဂျန်းတောင်ထက်ပင် ပို၍လေးသော အင်အားက ယုချန်တန်၏ ရင်ဘတ်ပေါ်ကို ပြင်းထန်စွာ ဆင်းသက်လာလေသည်။

ကြီးမားလှသော အင်အားသည် တောင်ပြိုကျသကဲ့သို့ ပေါက်ကွဲသွားသည်။

ယုချန်တန်၏ မျက်လုံးများသည် ချက်ချင်း ပြူးကျယ်ကာ ထွက်ပေါ်လာသည်။ သူ၏ ရင်ဘတ်မှာ အသွေးအသားစတွေက ရှုပ်ပွနေပြီး သူ၏အတွင်းအင်္ဂါတွေက လုံးလုံး ကွဲအက်သွားလေသည် ။

"ဖျစ်….!"

ဧရာမမြွေကြီးကဲ့သို့ပင် ကြယ်ဖမ်းတောင်ထိပ်မှာ အက်ကွဲကြောင်းကြီးတစ်ခုသည် အောက်ဘက်သို့ ပျံ့နှံ့သွားလေသည်။ ဤကြောက်မက်ဖွယ် စွမ်းအားအောက်တွင် တောင်ထိပ်တစ်ခုလုံး ပြိုကျလုနီးပါး ဖြစ်နေပြီ။

"ဘာလို့လဲ...ဘာလို့လဲ….?" ယုချန်တန်က သူ၏ပါးစပ်မှ သွေးတွေကို အဆက်မပြတ် အန်ထုတ်ရင်း မလိုလားသည့်ဟန်ဖြင့် ဟိန်းဟောက်လိုက်လေသည်။

ထိုစကားကို ကြားလျှင် ချင်ယွင်က အေးစက်စက် ပြုံးလိုက်လေသည်။

"ခင်ဗျားက ရန်ယွင်ကို ဖန်ယုထန်းနဲ့ လက်ထပ်ခိုင်းပြီး သူမကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားအောင် လုပ်ခဲ့တယ်။ ခင်ဗျားနဲ့ ဖန်ယုထန်းတို့နှစ်ယောက်စလုံး တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ကျုပ် ကျိန်ဆိုခဲ့တယ်။ အခုက ကျုပ်ကတိကို ဖြည့်ဆည်းရမယ့် အချိန်ပဲ"။

ချင်ယွင်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင် ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်က ဧရာမနဂါးကြီး ကဲ့သို့ ခုန်တက်သွားပြီး သူ၏လက်သီးများကို စုစည်းကာ ယုချန်တန်၏ ဦးခေါင်းဆီသို့ ထိုးနှက်တော့မည် ဖြစ်သည်။

"ရပ်လိုက်စမ်း။ ငါတို့ဂိုဏ်းခေါင်းဆောင်ကို လွှတ်လိုက်စမ်း…..!"

ဆံပင်ဖြူအဘိုးကြီးနှင့် တောင်ဝှေးကိုင်ထားသော အဘွားကြီးတို့သည် ချင်ယွင်၏ သတ်ဖြတ်လိုသည့် ဆန္ဒကို မြင်ပြီးနောက် တစ်ချိန်တည်းမှာပင် ဒေါသတကြီး အော်ဟစ် ကာ ချင်ယွင်ဆီသို့ ပြေးသွားလေသည်။

သို့သော် ချင်ယွင်က နှာခေါင်းရှုံ့လိုက်ပြီး ပြေးလာနေသော ထိုလူနှစ်ယောက်ကို မျက်ကွယ်ပြု လျစ်လျူရူလိုက်လေသည်။ လူတိုင်း၏ရှေ့မှာပင် လက်သီးတစ်ချက်က ယုချန်တန်၏ ခေါင်းပေါ် ကျရောက်သွားလေသည်။

"ဖန်း…..!"

ယုချန်တန်၏ ဦးခေါင်းသည် ပေါက်ကွဲသွားပြီး ပွဲချင်းပြီး သေဆုံးသွားလေသည်။

ကွင်းပြင်အတွင်းရှိ လူတိုင်းလည်း လုံးဝကို မလှုပ်ရှားဝံ့လောက်အောင်ပင် ထိတ်လန့် သွားကြလေသည်။

အခန်း (၅၈၉) မြေကမ္ဘာအင်မော်တယ်တစ်ပါးတိုက်ခိုက်လာခြင်း။

၁၀၈ ခုမြောက်မျိုးဆက် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် လူတိုင်း၏ ရှေ့မှောက်တွင် လုံး ဝသေဆုံးသွားခဲ့ပါပြီ။

ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များအားလုံးသည် အံ့သြတုန်လှုပ်သွားကြကာ စကား လုံးဝ မပြောနိုင်ကြတော့ပေ။

သူတို့၏နှလုံးသားထဲတွင် ဂိုဏ်းခေါင်းဆောင်သည် တုနှိုင်း၍မရသည့် ပြိုင်ဘက်ကင်း တည်ရှိမူမျိုး ဖြစ်နေသော်လည်း ချင်ယွင်ဟုခေါ်သော ဤလူငယ်၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံလိုက်ရရှာသည်။

ဆံပင်ဖြူ အဘိုးကြီးနှင့် တောင်ဝှေးကိုင်ထားသော အဘွားကြီးတို့လည်း မှင်သက် အံ့ဩသွားကြပါသည်။ သူတို့နှစ်ဦးသည် လေထဲတွင် ပျံဝဲနေဆဲဖြစ်ပြီး သူတို့နဖူးပေါ်ရှိ အရေးအကြောင်းများက လွန်စွာနက်ရှိုင်းကာ ရှုံ့တွနေပါသည်။

သို့သော် ချင်ယွင်သည် လုံးဝ သေဆုံးသွားသော ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်၏ အလောင်းကို လှည့်ပင်ကြည့်ချေ။ ယင်းအစား သူသည် ကောင်းကင်ယံကို မော့ကြည့်ရန်အတွက် သူ၏ခေါင်းကို မြှောက်လိုက်လေသည်။

ယခုအချိန်တွင် ကောင်းကင်ယံရှိ ထူထပ်သော တိမ်စိုင်တိမ်မည်းများသည် ထန်းရွှေ တောင်တန်း တစ်ခုလုံးကို ဖုံးလွှမ်းပြီး ဖုံးလွှမ်းနေဆဲ ဖြစ်ပါသည်။ ပြင်းထန်သော ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားသည် လူတိုင်းကို အသက်ရှုမဝသည့်အထိ ဖိနှိပ်ထားပြီး ဖြစ်သည်။

ချင်ယွင်က ကောင်းကင်ယံကို မျှော်ကြည့်နေသည်ကို လူတိုင်းမြင်သောအခါ သူတို့လည်း မနေနိုင်ဘဲ မျှော်ကြည့်မိကြသည်။ လေပြင်းနှင့် တိမ်စိုင်တိမ်မည်းများက ကမ္ဘာကိုအဆုံးသတ်တော့မည့်အလား တဟုန်ထိုး တလှိမ့်လှိမ့်တက်လာနေသော မြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင် သူတို့၏ မျက်နှာများသည် ထိတ်လန့် ကြောက်ရွံ့မူများနှင့် ပြည့်နှက်သွားကြသည်။

သူတို့သည် မည်မျှပင် တုံးအပြီး မိုက်မဲနေပါစေ၊ ဤအရာသည် ကောင်းကင်ကပ်ဘေး ဒုက္ခတစ်ခု ဖြစ်ကြောင်း နားလည်ကြပါသည်။

"ကောင်းကင်ကပ်ဘေးဒုက္ခ၊ ဒီကောင်းကင်ကပ်ဘေးဒုက္ခကို သူက ဘယ်လိုလုပ် ဖြတ်ကျော်ရမှာလဲ?။ သူ့ရဲ့ကျင့်ကြံမူအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပြီး ဖြစ်နေလို့များလား..?" လူအုပ်ထဲမှ တပည့်တစ်ယောက်က ကပ်ဘေးဒုက္ခရှိနေသည့် ကောင်းကင်ယံကို မော့ကြည့်ပြီး အံ့သြစွာ မေးလိုက်ပါသည်။

"မဖြစ်နိုင်ပါဘူး ။ သူ့ရဲ့ ကျင့်ကြံမူအဆင့်က အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာဆိုတာ ထင်ရှားပါတယ်။ သူ့အတွက် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်နဲ့ ကပ်ဘေးဒုက္ခကို ဘယ်လိုလုပ် ရင်ဆိုင် ကြုံတွေ့ရ နိုင်မှာလဲ" အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူ တပည့်တစ်ဦးက တုံ့ပြန်ပြောလိုက်သည်။

"အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့် ဟုတ်လား။ ငါများ နားကြားမှားသွားတာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ပထမဆုံး ပြောခဲ့သည့် တပည့်က မယုံကြည်နိုင်စွာ ပြောလိုက်လေသည်။

" နားကြားမှားတာ မဟုတ်ဘူး။ သူ့ရဲ့ ကျင့်ကြံမူအဆင့်က အင်မော်တယ်အသွင်ကူး ပြောင်းခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပင် ရှိနေသေးတယ်။" ဂုဏ်သိက္ခာကြီး မားသော အလယ်အလတ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ရှိ တပည့်တစ်ဦးက ပြောသည်။

ထိုတပည့်၏ စကားကို ကြားလိုက်ရလျှင် လူတိုင်းက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း ချက်ခြင်းဆိုသလို ထူးဆန်းသွားသလို ခံစားလိုက်ရလေသည်။

"နတ်ဆိုးပဲ….!"

စကားလုံးတစ်လုံးသည် လူတိုင်း၏ နှလုံးသားထဲတွင် တစ်ပြိုင်နက် ထွက်ပေါ်လာ သည်။ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပင် သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ခွေးသတ်သလို သတ်ဖြတ်လိုက်သည်။ ဤမွန်းစတားကောင် သည် မည်သူမဆို မနာလိုစိတ်ကို မခံစားနိုင်သော အဆင့်သို့ပင် ရောက်ရှိသွားခဲ့ပါ သည်။

ဖန်ယုထန်းသည် အပျက်အစီးကြားထဲမှာ တုန်လှုပ်နေပြီး သူ၏မျက်လုံးများတွင် ဒေါသနှင့်အတူ မလိုလားမှုများ ပြည့်နှက်နေပါသည်။

မူလက ယနေ့သည် သူ၏ အနှိုင်းမဲ့ ဘုန်းတန်ခိုးထွန်းတောက်မည့် နေ့တစ်နေ့ ဖြစ်လာပါလိမ့်မည်။ အင်မော်တယ်တစ်ပါးက သူ့ကို တပည့်အဖြစ် လက်ခံပြီးနောက်၊ သူသည် ချင်ယွင်ကို အနိုင်ယူပြီး အရင်တုန်းက သူ့ကိုလက်ထပ်ရန် ငြင်းဆန်ခဲ့သော လျူရန်ယွင်ကို နောင်တရစေလိုခဲ့သည်။

သို့သော်လည်း အင်မော်တယ်ဆရာသည် သူ့ကို နှုတ်မဆက်ဘဲ ထွက်ခွာသွားရုံသာမက သူသည် လူတိုင်း၏ရှေ့မှောက်တွင် ချင်ယွင်၏ ပါးရိုက်ခြင်းကိုလည်း ခံခဲ့ရသည်။ ဂိုဏ်းခေါင်းဆောင် ယုချန်တန်တောင် သူ၏လက်ချက်ဖြင့် သေဆုံးသွားရ၏။ ယင်းက သူ့ကို လုံးဝ အရှက်ရစေခဲ့သည်။

"ငါ မင်းကို သေစေချင်တယ်!"

ဖန်ယုထန်းသည် အလိုမကျစွာ ဟိန်းဟောက်လိုက်သည်။ သူသည် ချင်ယွင်ဆီသို့ အရူးအမူး ပြေးလာရင်း သူ၏မျက်လုံးများကလည်း နီရဲနေ၏။

ချင်ယွင်သည် သူ့ဆီသို့ အပြေးအလွှား ပြေးလာနေသော ဖန်ယုထန်းကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အယောင် ပေါ်လာပါသည်။

ဝှီး…!

ချင်ယွင်သည် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားလိုက်ပြီး ဖန်ယုထန်း၏ လည်ပင်းကို တိုက်ရိုက်ဖမ်းဆုပ်ကာ ကြက်တစ်ကောင်ကဲ့သို့ မြှောက်ထား လိုက်လေသည်။ ဖန်ယုထန်းသည် မည်မျှပင် ကြိုးစား ရုန်းကန်နေပါစေ၊ ချင်ယွင်၏ သံမဏိလက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

"မင်းက ဘာလို့ အမှန်တရားကို ရင်ဆိုင်လိုစိတ် မရှိရတာလဲ။ မင်းက ငါ့ကို လူတိုင်းရဲ့ရှေ့မှောက်မှာ မင်းခြေထောက်အောက်ထားပြီး မနင်းချေချင်ဘူးလား။ မင်းက ငါ့ကို ဘာလို့ နိုင်အောင်မထိုးရတာလဲ" ချင်ယွင်သည် သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားသည့် ဖန်ယုထန်းကို ကြည့်ကာ မထီမဲ့မြင် ပြုံးပြလိုက်သည်။

"ငါ မင်းကို သတ်ချင်တယ်" ချင်ယွင်၏အသံကို ကြားလျှင် ဖန်ယုထန်း၏ မျက်လုံးတွေက နီရဲလာပြီး ခွေးရူးတစ်ကောင်လို ရုန်းကန်နေရသည်။

"လူတွေအများကြီးရှေ့မှာ ငါ့ကိုအနိုင်ယူပြီး ရန်ယွန်းကို နောင်တရအောင် လုပ်မယ်လို့ မင်းတွေးထားတယ် မဟုတ်လား…." ဟမ်..၊ ငါ မင်းကိုပြောပါရစေ၊ အဲဒါက မဖြစ်နိုင်ဘူး။ ငါက ရန်ယွင် နဲ့ ငါဆယ်နှစ်သားကတည်းက အတူနေခဲ့တာ။ သူမ ငါ့ကို ခြောက်နှစ်လောက်ကြာအောင် ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ ငါတို့ရဲ့ ဆက်ဆံရေးကို မင်းက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ခွန်အားကိုသာသိတဲ့ မင်းလို လူတစ်ယောက် ဟာ ရန်ယွင်ရဲ့ အချစ်နဲ့လည်း မထိုက်တန်ပါဘူး၊ ဒါကြောင့် မင်းဟာ အစကတည်းက အရှုံးသမားပဲ" ချင်ယွင်က ရယ်မောရင်း ပြောလိုက်လေသည်။

သူ၏စကားက ဖန်ယုထန်း၏ နှလုံးသားကို ထက်ရှသော ဓားတစ်ချောင်းကဲ့သို့ ပြင်းထန်စွာ ထိုးစိုက်သွားခဲ့ပြီး သူ၏နှလုံးသားကို အဆုံးမဲ့ နာကျင်စေခဲ့သည်။

“ငါက အရှုံးသမားမဟုတ်ဘူး၊ ငါက အရှုံးသမားမဟုတ်ဘူးကွ။ ငါ မင်းကို သတ်ပစ်မယ် မင်းကို သတ်ပစ်မယ်…. !" ဖန်ယုထန်း၏ မျက်လုံးတွေဟာ သွေးလိုနီမြန်းနေပြီး သူ၏တစ်ကိုယ်လုံးက ရူးသွပ်သွားသလို ဖြစ်နေခဲ့သည်။ ယခုအချိန်မှာ သူ၏ မျက်လုံးထဲ တွင် 'သတ်ပစ်မယ်'ဟူသော စကားလုံး တစ်လုံးပဲရှိနေတော့သည်။

ချင်ယွင်က ယခုလိုအခြေအနေမျိုးဖြစ်သွားသော ဖန်ယုထန်းကို ကြည့်ပြီး သူ၏မျက်လုံးတွေက အထင်မြင်သေးမူတွေနှင့် ပြည့်နှက်နေခဲ့သည်။

ယခုအချိန်မှာ ဖန်ယုထန်း၏ နှလုံးသားက နတ်ဆိုးတွေနှင့် ပြည့်နှက်နေခဲ့ပြီ။ အခုယခုချိန်မှာ ချင်ယွင်က သူ့ကို မသတ်ဘူးဆိုလျှင်ပင်၊ အင်မော်တယ် အသွင်ကူး ပြောင်းခြင်းကပ်ဘေးဒုက္ခမှာ ရှင်သန်လွတ်မြောက်နိုင်ရန် အသာထား၊ နောင်အနာဂတ် တွင် သူ၏ ကျင့်ကြံမူအဆင့်က ယခုထက်ပိုပြီး ရှေ့ဆက်တိုး နိုင်တော့မည် မဟုတ်ပေ။

ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် ဖန်ယုထန်း၏ ထိုကဲ့သို့ အခြေအနေမျိုးကို မြင်လိုက်ရသောအခါ သူတို့၏မျက်လုံးများသည် စိတ်ပျက်ခြင်းနှင့်အတူ နောင်တရ သည့် အမူအရာများ ထင်ရှားလာလေသည်။

"ဟမ့်၊ မင်းရဲ့စိတ်ကို နှလုံးသားနတ်ဆိုးက ဝါးမျိုးသွားပြီ ဖြစ်တဲ့အတွက် မင်းက ဒီကမ္ဘာကြီးကို ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာဖို့ပဲ ရှိတော့တယ်။ ဘာကြောင့် ငါက မင်းကို သေခြင်းတရားဆီ အမြန်ဆုံးရောက်အောင် မပို့နိုင်ရမှာလဲ"

ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ၏မျက်လုံးများတွင် သနားသည့်အရိပ်ယောင် အနည်းငယ်မျှ မရှိပေ။

ဖန်ယုထန်းက သူ၏အစ်မကို လက်ထပ်ရန်အတွက် အတင်းအကြပ် ဖိအားပေး စေခိုင်းခဲ့သည်။ ယင်းကြောင့် သူမ၏ ရုပ်ရည်သွင်ပြင်သည် ပျက်ဆီးသွားခဲ့ရသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး သူသည် နောင်တရမှု အရိပ်အယောင်ကို ခံစားရဖူးပါသလား။ သူသည် သူ၏အစ်မကို ကောင်းကင်ဘုံဝှက်ထားခြင်းတောင်ထိပ်မှာ တစ်နှစ်ခွဲတောင် အကျဉ်းချထားခဲ့သေးသည်။

ယခုအချိန်မှာလည်း သူသည် လူတိုင်း၏ရှေ့မှောက်မှာ သူ့ကို အရှက်ခွဲချင်နေခဲ့သည်။ အကယ်၍ လဲကျသွားသူက သူဖြစ်နေမည်ဆိုလျှင်လည်း၊ ဖန်ယုထန်းသည် အနည်းငယ်မျှ သနားမည်မဟုတ်ကြောင်း သူ ယုံကြည်သည်။ ယင်းအစား သူသည် ပို၍ပင် မောက်မောက်မာမာ ရယ်မောနေလိမ့်မည်။

" ကောင်းကင်ဘုံဂိုဏ်း ရဲ့ နံပါတ်တစ် ပါရမီကတော့ အဆုံးသတ်သွားပါပြီ !"

ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒက ဖျတ်ခနဲ ဝင်းလက်သွားပြီး အကန့်အသတ်မဲ့ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် စွမ်းအင်က သူ၏လက်ထဲတွင် တစ်ဖန် ပျံ့နှံ့လာပြန်သည်။

ဆံပင်ဖြူ အဘိုးကြီးနှင့် အဘွားကြီးတို့၏ အမူအရာများသည် အလွန်အမင်း ထိတ်လန့် သွားကြပြီး ချင်ယွင်ဆီကို တဟုန်ထိုး ပြေးဝင်သွားလေသည်။

ယုချန်တန်သည် သနားစရာကောင်းစွာ သေဆုံးသွားခဲ့ရပြီ။ ယခု ချင်ယွင်က ဖန်ယုထန်း ကို သတ်ဖြတ်တော့မည့်အချိန်မှာ သူတို့သည် ကူကယ်ရာမဲ့ ကြည့်မနေနိုင်တော့ပါဘူး။

"ထွက်သွားစမ်း…..!"

ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရတိမ်တိုက်ကြီးက လှိုင်းလုံးကြီးတစ်ခုလို လွင့်ထွက်သွားခဲ့ပြီး သူတို့နှစ်ဦး လွင့်ပျံသွားကာ ဘေးတစ်ဘက်သို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။

ချင်ယွင်က သူ၏လက်ဖဝါးကို လက်သီးဆုပ်လိုက်ပြီး ဖန်ယုထန်း၏ ဦးခေါင်းကို တိုက်ရိုက် ရိုက်ချလိုက်လေသည်။

"မင်းက ဘယ်လိုသတ္တိမျိုးတွေ ရှိနေတာလဲ!"

သို့သော် ထိုအချိန်တွင် ပေါက်ကွဲသံကြီးတစ်ခု ကောင်းကင်ယံ၌ ရုတ်တရက် ထွက်ပေါ်လာသည်။

ရုပ်အသွင်အပြင်တစ်ခုက ရုတ်တရက် လေပြင်းတိုက်သလို ရောက်ရှိလာခဲ့သည်။ အဆုံးမရှိသော စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ညှိုးနွမ်းနေသော သစ်ခြောက်ပင်ကဲ့သို့ လက်ဖဝါးတစ်ဖက်သည် ချင်ယွင်၏ မျက်နှာဆီသို့ ပြင်းထန်စွာ ရိုက်ချလာလေသည်။

ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူသည် သူ၏လက်ထဲမှ ဖန်ယုထန်းကို အဝေးသို့ အလျင်အမြန် စွန့်ပစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်နှင့် ရှေးဟောင်း ဖရိုဖရဲအနှစ်သာရက တပြိုင်နက်တည်း ထွက်ပေါ်လာသည်။ သူသည် ထိုလက်ဖဝါးကို ထိပ်တိုက်ရင်ဆိုင်ရန် သူ၏ခွန်အား အားလုံးကို အသုံးပြု ခဲ့ရသည်။

"ဘုန်း…..!"

ဤလက်ဖဝါးရိုက်ချက်သည် ကောင်းကင်တုန်ခါစေပြီး မြေကြီးကို ပြိုကျစေသည်ဟု ဆိုနိုင်ကာ အကန့်အသတ်မရှိသော စွမ်းအားသည် ပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းမိုး သွားခဲ့လေသည်။

နဂိုကတည်းက ကြေမွနေပြီဖြစ်သော ကြယ်ဖမ်းတောင်ထိပ်သည် ပြင်းထန်သော တဟုန်ထိုး တိုက်ခိုက်သည့်ဒဏ်ကို မခံနိုင်တော့ဘဲ ပြိုကျသွားလေသည်။

တဟုန်ထိုး တုန်ခါသည့် အသံများက ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေသည်။ ကွင်းပြင်အထဲရှိ လူတိုင်းသည် ကြယ်ဖမ်းတောင်ထိပ်မှ ထွက်ခွာသွားပြီး အဝေးရှိ တောင်ထိပ်ဆီသို့ ပြေးသွားကြသည်။

ကံကောင်းထောက်မစွာ၊ လက်ရှိတပည့်အများစုသည် သိုင်းမြို့စားနယ်ပယ်သို့ ရောက်ရှိနေကြပြီ ဖြစ်ပါသည်။ သိုင်းမြို့စားနယ်ပယ်သို့ မရောက်ကြသေးသော တပည့်များသည် သူတို့အပေါင်းအဖော်များ၏ အကူအညီဖြင့် အဝေးရှိ တောင်ထိပ် ဆီသို့ လွင့်မျော ပျံသန်းသွားကြပါသည်။

ချင်ယွင်သည် ရုတ်တရက် ထွက်ပေါ်လာသော အဖိုးအိုနှင့် ထိပ်တိုက်တွေ့ပြီးနောက် သူတို့နှစ်ဦးစလုံး ပေရာနှင့်ချီ၍ နောက်သို့ တွန်းကန်သွားကြသည်။

ထို့နောက် နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်နေကြသည်။

"နောက်ဆုံးတော့ ခင်ဗျားက မျက်နှာထွက်ပြချင်စိတ် ရှိလာပုံပဲ။"

ချင်ယွင်သည် ရုတ်တရက် ထွက်ပေါ်လာသော အဘိုးအိုကို ကြည့်လိုက်သည်။ သူ၏ မျက်နှာက အနည်းငယ်မျှ အံ့သြသည့် အမူအရာမျိုး ရှိမနေခဲ့ပေ။ ယင်းအစား သူ၏မျက်နှာပေါ်မှာ အေးစက်စက် အပြုံးတစ်ခုသာ ပေါ်နေပါသည်။

မှန်ပါသည်။ ထိုအဘိုးကြီးသည် ထိုနေ့ညက ချင်ယွင်ကို ရှာဖွေတွေ့ရှိခဲ့သော မြေကမ္ဘာအင်မော်တယ်နယ်ပယ်ရှိ ကျွမ်းကျင်သူ ဖြစ်ပါသည်။

သို့သော်၊ ဤအဘိုးကြီးသည် အစကတည်းက အမှောင်အရိပ်ထဲတွင် ပုန်းအောင်း နေခဲ့ပြီး ယုချန်တန်ကို သတ်လိုက်သည့်အထိတိုင် သူသည် သည်းခံနေခဲ့ကာ လှုပ်ရှားခြင်း မရှိခဲ့ပေ။ ချင်ယွင်သည် ဖန်ယုထန်းကို သတ်ချင်သောအခါမှသာ သူသည် သူ၏ စိတ်တည်ငြိမ်မှုကို လုံးဝဆုံးရှုံးသွားပြီး လှုပ်ရှားရန် ရွေးချယ်ခဲ့လေသည်။

"အစောပိုင်းအဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်လား…!" ချင်ယွင်က သူ၏ နှလုံးသားထဲတွင် လှောင်ရယ် ရယ်လိုက်လေသည်။ ထပ်ပြီးရူကြည့်ရန်အတွက် နောက်ထပ် ပြပွဲကောင်းတစ်ခု ရှိနေသေးပုံရပါသည်။

အခန်း (၅၉၀) ငါမင်းကိုသတ်မယ်။

အဘိုးအိုက နေနှင့်လထိုးထားသည့် အဖြူရောင်၀တ်စုံကို ၀တ်ဆင်းထားပါသည်။ သူ၏မျက်နှာသည် အိုမင်းရင့်ရော်နေခဲ့ပြီး ညှိုးနွမ်းနေသော သစ်ခြောက်ပင်ကဲ့သို့ ရှုံ့တွနေပါသည်။ သို့သော် သူ၏မျက်လုံးများက အားမာန်အပြည့် ရှိနေဆဲပင်။ သူ၏ပိန်လှီသောရုပ်အသွင်သည် ယှဉ်ပြ၍မရနိုင်လောက်အောင် ကြီးမားသော စွမ်းအားများ ရှိနေလေသည်။

ထိုအချိန်တွင် အဖိုးအိုသည် နှင်းရေခဲကဲ့သို့ အေးစက်သော မျက်လုံးများဖြင့် ချင်ယွင်ကို စိုက်ကြည့်နေသည်။

မြေကမ္ဘာအင်မော်တယ်နယ်ပယ်သည် ကောင်းကင်ကပ်ဘေးဒုက္ခကို ရှောင်ရှားရန် အတွက် လျှို့ဝှက်နည်းပညာရပ်ဖြင့် ဖန်တီးထားသော အင်မော်တယ်နယ်ပယ်အတု ဖြစ်သည်။ ၎င်းသည် အစစ်အမှန် နယ်ပယ်တစ်ခု မဟုတ်ပါ။ ထို့ကြောင့် လူတစ်ဦးသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်စွမ်းအားကို လှုပ်ရှားလိုက်သည်နှင့် သူတို့အား ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားက အာရုံခံမိပြီး ကောင်းကင်ကပ်ဘေးဒုက္ခကို ချက်ချင်း ဆင့်ခေါ်မိမည် ဖြစ်သည်။

ဂိုဏ်းကြီးတစ်ခုသည် ရှင်ခြင်းသေခြင်းတမျှ အရေးကြီးသော အခိုက်အတန့်သို့ မရောက်ရှိခဲ့ပါက မြေကမ္ဘာအင်မော်တယ်နယ်ပယ် ပညာရှင်များသည် လှုပ်ရှားရန် ရွေးချယ်မည် မဟုတ်ပေ။

သူ၏ရှေ့မှာရှိနေသော ဤအဘိုးအိုသည် ကောင်းကင်ဘုံဂိုဏ်းကို စောင့်ကြပ်နေသည့် ကောင်းကင်ဘုံဂိုဏ်း၏ တစ်ဦးတည်းသော မြေကမ္ဘာအင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။

ဤအခိုက်အတန့်တွင်၊ သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ စွမ်းအားကို အသုံးပြုထားပြီးဖြစ်ကာ၊ ကောင်းကင်နှင့်မြေကြီး၏ နိယာမများသည် သူ၏တည်ရှိမှုကို ရှာဖွေတွေ့ရှိသွားပြီး ဖြစ်ပါသည်။ ကောင်းကင်ကပ်ဘေးဒုက္ခ တိမ်တိုက်ကြီးသည် တစ်ဖန် ပို၍ပင် ကျယ်ပြန့်လာခဲ့ပြီး သူ၏ အငွေ့အသက်သည် ပို၍ပင် ကြောက်စရာ ကောင်းလာပါသည်။

ချင်ယွင်၏ကပ်ဘေးဒုက္ခ တိမ်တိုက်သည်လည်း အဘိုးအိုဆွဲဆောင်ထားသော အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ကပ်ဘေးဒုက္ခနှင့် ရောနှောသွားကာ အလွန်ကြောက်စရာကောင်းလာပါသည်။ သူ၏ ကပ်ဘေးဒုက္ခတိမ်တိုက်တစ်ခုလုံး သည် ချက်ချင်းပင် အရွယ်အစား နှစ်ဆတိုးလာပြီး ဖိအားက အလွန်ပြင်းထန်လွန်း သဖြင့် စွမ်းအားနည်းပါးသော တပည့်များသည် တည့်တည့် မရပ်နိုင်တော့ပေ။

ဤမြင်ကွင်းက အဘိုးအိုအပါအဝင် ရှိနေကြသည့် လူတိုင်း၏ အမူအရာတွေကို သိသိသာသာ ပြောင်းလဲသွားစေခဲ့ပါသည်။

ပိန်ပိန်ပါးပါး အဘိုးအိုသည် ကောင်းကင်ယံတွင် ဖြစ်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ကပ်ဘေးဒုက္ခတိမ်တိုက်များကို ကြည့်လိုက်ရင်း သူ၏ မျက်နှာက အလွန်ဖြူဖျော့နေပါသည်။

သူသည် လျှို့ဝှက်နည်းပညာရပ်ကို ကျင့်ကြံခဲ့ပြီး ဂိုဏ်းကိုကာကွယ်ရန် တစ်ဖက်တွင် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ပြီး တစ်ဖက်တွင်မူ သူသည် ထိုအချိန်တုန်းက ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရန် ယုံကြည်မှုအပြည့် မရှိသောကြောင့် ဖြစ်ပါသည်။

မူလက၊ သူသည် ဤတစ်ကြိမ် အင်မော်တယ်ဖိတ်ကြားခြင်း အခမ်းအနားပြီးသည်အထိ စောင့်ဆိုင်းပြီးမှ ကပ်ဘေးဒုက္ခကို တိုက်ရိုက်ဖြတ်ကျော်ပြီး အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းရန် ရည်ရွယ်ထားခဲ့ပါသည်။

ယခုမူ၊ သူ၏ကပ်ဘေးဒုက္ခသည် ချင်ယွင်၏ ကောင်းကင်ကပ်ဘေးဒုက္ခနှင့် ပေါင်းစပ် လိုက်သောအခါ၊ ဤကောင်းကင်ကပ်ဘေးဒုက္ခ၏ စွမ်းအားသည် အလွန် ကြောက်စရာ ကောင်းလာပေလိမ့်မည်။ သူသည် ဤကပ်ဘေးဒုက္ခကို အသက်ရှင်လျက် လွတ်မြောက်မည်ဟုပင် မယုံကြည်တော့ပေ။ ယခုဆိုလျှင် သူသည် ချင်ယွင်ကို အစိတ်တစ်သောင်းအဖြစ် ခွဲစိတ်ပစ်ရန်ပင် ဆန္ဒရှိနေခဲ့သည်။

သို့သော် ချင်ယွင်၏ ပါးစပ်ထောင့်စွန်းမှ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာ သည်။ ဤမြင်ကွင်းက သူ၏မျှော်လင့်ချက်ထဲမှာ ရှိနေပြီးသား ဖြစ်ပါသည်။

ထိုအချိန်တုန်းက၊ ချင်ယွင်သည် ကောင်းကင်ဘုံဂိုဏ်းမှ လူတိုင်း၏ရှေ့တွင် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရန် ရွေးချယ်သောအခါ၊ ဤအရာကိုလည်း ထည့်သွင်း စဉ်းစားခဲ့ပြီး ဖြစ်ပါသည်။

ခင်ဗျားတို့က ကစားချင်သည်ဆိုမှတော့ သူက ပို၍ကြီးမားအောင် ကစားပေးရ လိမ့်မည်။

သူ၏ ကောင်းကင်ကပ်ဘေးဒုက္ခသည် အလွန်အားကောင်းသော်လည်း ကောင်းကင်ဘုံ ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် မလုံလောက်သေးပါ။

သို့သော်၊ ဤပိန်ပိန်ပါးပါး အဘိုးအို၏ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကပ်ဘေးဒုက္ခကို ပေါင်းထည့်လိုက်ခြင်းဖြင့် ၎င်းသည် ကွဲပြားသွားခဲ့ပါသည်။ သူတို့နှစ်ဦးသည် အလွန်နီးကပ်လွန်းသောကြောင့်၊ ကောင်းကင်ကပ်ဘေးဒုက္ခများသည် ယခုအခါ လုံးဝ ထပ်နေလေပြီ။

အကယ်၍ သူတို့နှစ်ဦးစလုံး သေဆုံးခြင်းမရှိခဲ့ပါက၊ ဤကောင်းကင် ကပ်ဘေးဒုက္ခသည် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ၊ ၎င်းတို့အနက်မှ တစ်ဦး သေဆုံးသွားရုံဖြင့် လည်း ၎င်း၏စွမ်းအားကို လျှော့ချနိုင်မည် မဟုတ်ပေ။

သေချာသည်မှာ၊ ချင်ယွင်က ယခုလိုကစားရာမှာ သူကိုယ်တိုင်လည်း အန္တရာယ်ရှိနေပါ သည်။ ဤကောင်းကင်ကပ်ဘေးဒုက္ခကို ကျော်လွှားရန် သူ့အတွက် လွယ်ကူမည် မဟုတ်ပေ။

သို့သော်လည်း ကောင်းကင်ဘုံဂိုဏ်းကို ဖျက်ဆီးရန်အတွက် ချင်ယွင်သည် စွန့်စားရန် ဆန္ဒရှိနေခဲ့သည်။

ပိန်ပိန်ပါးပါး အဘိုးအိုသည် ချင်ယွင်၏ မျက်နှာပေါ်တွင် အပြုံးကို မြင်သောအခါ၊ ဤအရာအားလုံးသည် ချင်ယွင်ကြောင့် ဖြစ်ရခြင်းဖြစ်သည်ကို ချက်ခြင်း သဘော ပေါက်သွားပြီး သူ၏စိတ်ထဲတွင် ဒေါသများက မြစ်တစ်စင်းလို ပေါက်ကွဲထွက်သွားလေ သည်။

"မျိုးမစစ်ကောင်၊ မင်းက ငါ့ဂိုဏ်းကို ဖျက်ဆီးပြီး ငါ့ကောင်းကင်ဘုံဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကို သတ်ပစ်လိုက်တယ်။ အခု မင်းက ဒီအဘိုးကြီးကို အခုလို ကြောက်စရာကောင်းတဲ့ ကောင်းကင်ကပ်ဘေးဒုက္ခကို ခံစားရအောင် လုပ်ဆောင်ခဲ့ပြန် တယ်။ တကယ်လို့ ငါ သေသွားမယ်ဆိုရင်တောင် မင်းကိုလည်း ဆွဲခေါ်သွားရ လိမ့်မယ်။" အဘိုးအို၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး သူ၏ သတ်ဖြတ်လိုသည့်ဆန္ဒက မုန်တိုင်းကဲ့သို့ တောက်လောင်နေလေသည်။

"မျိုးမစစ် အယုတ်တမာအိုကြီး၊ ခင်ဗျားက ကျုပ်ကို အပြစ်တင်နေတုန်းပဲလား။ ကျုပ်က ကပ်ဘေးဒုက္ခကို အရင်ဦးဆုံး ဖြတ်ကျော်ချင်ပေမယ့် ခင်ဗျးက ကျုပ်ကို ဒုက္ခပေးဖို့ ပြေးထွက်လာခဲ့တာလေ။ ဒါတောင် ခင်ဗျားက ကျုပ်ကို အပြစ်တင်နေသေးတယ်။ ခင်ဗျားက အတော့်ကို ယုတ္တိမတန်တဲ့ အယုတ်တမာအိုကြီးပဲ" ချင်ယွင်၏ ပါးစပ်ထောင့်က အပြုံးမပျက် ပေါ်လာနေသော်လည်း သူသည် အလွန် ကျိုးကြောင်းဆီလျော်ဟန်ဖြင့် ကျယ်လောင်စွာ ကျိန်ဆဲလိုက်လေသည်။

"မင်း" အဘိုးအိုသည် ဒေါသအထွက်လွန်ပြီး သူ၏နှာခေါင်းထဲက အခိုးအငွေ့တွေ တောင် ထွက်လာခဲ့ပြီး သတ်ဖြတ်ချင်စိတ်တွေက သူ၏မျက်လုံးထဲမှာ ရှိနေသေးသည်။

'"ကောင်းပါပြီ၊ အယုတ်တမာအိုကြီး၊ ကျုပ် အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောထားပါရစေ။ ဒီကောင်းကင်ကပ်ဘေးဒုက္ခကြီးက ရောနှောပြီးသွားပြီ။ ခင်ဗျားက ကျုပ်ကို အခုသတ်လိုက်ရင်လည်း ဒီကောင်းကင်ကပ်ဘေးဒုက္ခကြီးက ပျောက်သွားမှာ မဟုတ်ဘူး၊ တန်ခိုးအစွမ်းကလည်း လျော့သွားမှာ မဟုတ်ဘူး။ အဲဒီအစား ကောင်းကင်ကပ်ဘေးဒုက္ခရဲ့ စွမ်းအားက၊ ထိုနှစ်ခုပေါင်းပြီး ခင်ဗျားအပေါ် ကျဆင်းလာတာကို ခံစားရလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်၊ ခင်ဗျားအနေနဲ့ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ဖို့ နေနေသာသာ အရိုးအသားပင် မကျန်တော့သည်အထိ ဒဏ်ခတ်ခံရပေလိမ့်မယ်။” ချင်ယွင်က စဉ်းလဲကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက် လေသည်။

"မင်း" အဘိုးအိုသည် ဒေါသအရမ်းထွက်နေပြီး စကားပင် လုံးဝ မပြောနိုင်တော့ပေ။ သူသည် ချင်ယွင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ သူ၏နှလုံးသားထဲတွင် သတ်ဖြတ်ချင်စိတ်က ပြည့်လျှံနေသော်လည်း ၎င်းကို ဖွင့်ထုတ်ပစ်ရန် နေရာမရှိပေ။

အဝေးမှာရှိနေသော တောင်ထိပ်ပေါ်ရှိ လူများသည် သူတို့၏စကားစမြည် ပြောသံကို ကြားသောအခါ သူတို့လည်း ပြောစရာစကားမရှိ ဖြစ်နေကြပါသည်။ သူတို့အားလုံးက "ဒီချင်ယွင်က ဘာမှမဟုတ်တဲ့ သူခိုးတစ်ယောက် ဖြစ်တယ်။ သူ၏ ဗိုက်ထဲမှာ ရေဆိုး ရေညစ်တွေနဲ့ ပြည့်နေတယ်။ တကယ်လို့ သူ့ကိုရန်စမိတဲ့ ဘယ်သူမဆို တစ်သက်လုံး ဒုက္ခရောက်လိမ့်မယ်" လို့ တွေးရင်း သူတို့အားလုံးက စိတ်ထဲမှာ ကျိန်ဆဲနေကြပါသည်။

ထိုအချိန်တွင် လူတိုင်း၏ စိတ်နှလုံးမှာ ငြိမ်သက်သွားကြသည်။ သူတို့သည် ငရဲဘုရင်ကို ရန်စနိုင်သော်လည်း ဤချင်ယွင်ကိုတော့ မနှောင့်ယှက်ရဲတော့ပါ။ ထိုသို့မဟုတ်လျှင် သူတို့သည် မည်သည့်သေဆုံးခြင်းမျိုး ကစားခံရမည်နည်းဆိုသည်ကို သိမှာမဟုတ်ပါ ဘူး။

"ဟေ့ အဘိုးအို၊ ခင်ဗျားကို အရမ်းကို တွေ့ချင်နေတဲ့ ခင်ဗျား အသိအကျွမ်းဟောင်း တစ်ယောက်ရှိနေတယ်။ သူ့ကိုတွေ့ရရင် ခင်ဗျား အရမ်းပျော်နေမှာ သေချာပါတယ်" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်လေသည်။

ထို့နောက်၊ ချင်ယွင်က သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ရာ လေဟာနယ်ထဲ တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။

ပုံရိပ်တစ်ခုသည် ထိုအက်ကြောင်းထဲမှ ထွက်လာပါသည်။

ပိန်ပိန်ပါးပါး အဘိုးအိုသည် ထိုရုပ်အသွင်ကို မြင်လိုက်ရလျှင် သူမျက်လုံးတွေက ပြူးကျယ်သွားပါသည်။

"ဟောင်ခွန်၊ မင်း တကယ် မသေသေးဘူးလား!" ပိန်ပိန်ပါးပါး အဘိုးအို၏ မျက်နှာသည် တစ္ဆေတစ်ကောင်မြင်ရသကဲ့သို့ ထိတ်လန့်သည့် အမူအရာများနှင့် ပြည့်သွားလေသည်။

ဟောင်ခွန်သည် လက်နှစ်ဖက်နောက်ပစ်ရင်း ရပ်နေကာ ပိန်ပိန်ပါးပါး အဘိုးအိုအား အနှိုင်းမဲ့ အေးစက်သော အကြည့်ဖြင့် ကြည့်နေလေသည်။

"ဖန်ချန်းယု၊ မင်းတောင် မသေသေးတာ။ ငါက ဘယ်လိုလုပ် သေရမှာလဲ" ဟောင်ခွန် က လှောင်ပြောင်ကာ သူ၏လေသံက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ဖန်ချန်းယုသည် ထိုအချိန်က ဝမ်အာကိုသတ်ခဲ့သော လူသတ်သမား သုံးဦးထဲမှ တစ်ဦး ဖြစ်ပါသည်။ ဟောင်ခွန်သည် လွန်ခဲ့သော နှစ်ပေါင်းငါးရာကျော်က ဖန်ချန်းယုကို သူ၏ဓားဖြင့် ခေါင်းဖြတ်သတ်ရမည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။

ထိုအချိန်တုန်းက သူသည် ကောင်းကင်ဘုံဂိုဏ်းကို သတ်ဖြတ်သောအခါတွင် သူသည် လူသတ်သမား သုံးဦးအနက် နှစ်ဦးကိုသတ်ရန်သာ အချိန်ရခဲ့ပြီး ဒဏ်ရာရသွားခဲ့သည်။ ထို့ကြောင့် သူသည် ကောင်းကင်ဘုံဂုဏ်းမှ ထွက်သွားရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။ ဤဖန်ချန်းယုသည် ကံတရားကြောင့် လွတ်မြောက်သွားခဲ့သည်။

ယခု သူ ဖန်ချန်းယုကို ပြန်တွေ့လိုက်ရတော့ ဟောင်ခွန်၏ သတ်ဖြတ်လိုသည့် ဆန္ဒ သည် ယခင်အတိုင်းပင် ရှိနေသေးသည်။ ဆန့်ကျင်ဘက်အနေနှင့်၊ သူ၏စိတ်ထဲတွင် နှလုံးသားနတ်ဆိုးများကြောင့် ပို၍ပင် အားကောင်းလာခဲ့သည်။

"ဒီနေ့၊ ငါ ဝမ်အာအတွက် ကိုယ်တိုင်လက်စားချေပြီး ဝမ်အာကို တောင်းပန်ဖို့အတွက် မင်းတို့အားလုံးကို သူမနောက်ကို လိုက်ခိုင်းမယ်" ဟောင်ခွန်၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။ ကြက်သွေးရောင်သွေးဓားသည် သူ၏ လက်ထဲမှာ ချက်ချင်းပေါ်လာပြီး အဆုံးမဲ့ဓားဆန္ဒက ကောင်းကင်နှင့်မြေကြီးကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားလေသည်။

"ဟမ့်၊ မင်းက မသေသေးပေမယ့် မင်းရဲ့ခွန်အားက ဟိုတုန်းကနဲ့ အလွန် ဝေးခြားနေတာကို ငါ မြင်နိုင်ပါတယ်။ နောက်ပြီး ငါက ကမ္ဘာမြေအင်မော်တယ် နယ်ပယ် အစောပိုင်းအဆင့်ကို ရောက်ရှိနေပြီ။ မင်းအနေနဲ့ လီချင်းဝမ်အတွက် လက်စားချေချင်တာက အိပ်မက်တစ်ခုပဲ ဖြစ်သွားလိမ့်မယ်။” ဖန်ချန်းယုက ဟောင်ခွန် ကို အထင်အမြင်သေးစွာဖြင့် ကြည့်ရင်း ရယ်မောလိုက်သည်။

သူပြောပြီးသည်နှင့်အမျှ အစစ်အမှန် အနှစ်သာရ အများအပြားသည် သူ၏ခန္ဓာကိုယ်မှ လွင့်ထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားလေသည်။

"သေလိုက်တော့…!"

ဟောင်ခွန်က စကားတစ်ခွန်း ပြောလိုက်သည်။ ဓားဆန္ဒသည် ချက်ခြင်း ပြန့်နှံ့သွားသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် ပျံသန်းသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် နှစ်ခု၊ နှစ်ခုမှ၊ လေးခုအဖြစ် အသွင်ပြောင်းသွားကာ ဖန်ချန်းယု ဆီသို့ ဦးတည်ချက်လေးနေရာမှ ပြေးဝင်သွားခဲ့သည်။ သူ၏လက်ထဲမှ ကြက်သွေးရောင် သွေးဓား၏ အနီရောင်အလင်းက တဟုန်ထိုး ပျံ့နှံ့နေပြီး အဆက်မပြတ် စီးဆင်းနေ လေသည်။

"ယုံကြည်မူလွန်ကဲနေတာပဲ..!"

ဖန်ချန်းယုသည် သူ့ဆီသို့ ပြေးဝင်လာနေဟောင်ခွန်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများမှ တဆင့် မထီမဲ့မြင်ပြုမှု အရိပ်အယောင် ထွက်ပေါ်လာသည်။

ဝှီး…..!

ဖန်ချန်းယုသည်လည်း အလင်းတန်းတစ်ခုကဲ့သို့ ချက်ခြင်း ပျံထွက်သွားခဲ့ပြီး ကောင်းကင်ယံကို ဖြတ်သန်းသွားကာ ဟောင်ခွန် လေးယောက်၏ ရှေ့တွင် ထွက် ပေါ်လာသည်။

လက်ဖဝါးရိုက်ချက်သံနှင့်အတူ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်အတက်အကျ လှိုင်းများသည် ချက်ချင်း ပေါက်ကွဲသွားသည်။

ဟောင်ခွန်၏ ရုပ်အသွင်သည် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားကာ အဝေးမှ တောင်နံရံကို ထိုးဖောက်ဝင်ရောက်ပြီး ကြီးမားသော တွင်းနက်ပေါက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်ကာ တောင်ပေါ်မှ ကျောက်တုံးများ ပြိုလဲသွားခဲ့သည်။

ကျန်ပုံရိပ်သုံးခုလည်း ပြိုကွဲသွားခဲ့ပါသည်။

ဖန်ချန်းယုသည် သူ၏ဝတ်စုံလက်စွပ်မောင်းကို ဝှေ့ယမ်းလိုက်ပြီး တောင်နံရံပေါ်သို့ ပြုတ်ကျသွားသော ဟောင်ခွန်ကိုကြည့်ပြီး သူ၏မျက်လုံးများက သရော်ဟန်ဖြင့် ပြည့်နေခဲ့သည်။

ချင်ယွင်သည်လည်း အလားတူပင် သူ၏ရင်ဘတ်ကို လက်နှစ်ဘက်နှင့် ဖြတ်ကာ (လက်ပိုက်ကာ) သူ၏ပါးစပ်ထောင့်တွင် ပေါ့ပေါ့ပါးပါး အပြုံးတစ်ခု ခိုတွဲထားလေသည်။

ဟောင်ခွန်၏ အမုန်းအာဃာတများကို ဟောင်ခွန်ကိုယ်တိုင်သာ ဖြေရှင်းနိုင်ပါသည်။ ဤနည်းဖြင့်သာ သူ၏အတွင်းနတ်ဆိုးကို ရှင်းလင်း သုတ်သင်နိုင်မည် ဖြစ်ပါသည်။

All Chapters