အခန်း (၉၁)
Vol. 10 Ch. 91
ညစာစားပြီးနောက် ပထမဆုံးထွက်သွားခဲ့သူမှာ ဖေဖေယွမ် ဖြစ်၏။
ဝီစကီနှစ်ပုလင်းသောက်ပြီးချိန်တွင်တောင် သူသတိကပ်နေဆဲဖြစ်ပြီး သူ၏ စိတ်အနှောင့်အယှက်ဖြစ်စရာ သားများအား ထားခဲ့ဖို့ စိတ်အားထက်သန်နေခဲ့ကာ သူ သက်သောင့်သက်သာရှိသည့် ကိုယ်ပိုင်နေရာတွင် နေချင်နေ၏။
သိုးသား မစားလိုက်ရသည့် ယွမ်ဖာ့မှာ စိတ်အခြေအနေမကောင်းနေပေ။ မိသားစုမှာ လုံလုံလောက်လောက်ရှုပ်ထွေးနေပြီး ဖြစ်သည့်အပြင် ယခုတွင် ယွမ်မျိုးရိုးနာမည်နှင့် လူတစ်ဦးမှာ ပြန်ရောက်လာပြီး အစားအသောက်နှင့်ပတ်သက်၍ သူနှင့်ယှဥ်ပြိုင်နေလေ၏။
လုံခြုံရေးအတွက် မေမေယွမ်မှာ အတူတကွခရီးသွားမည့် အကြံအစည်အား စွန့်လွှတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ယွမ်ရုံမှာဒေါသထွက်နေဆဲဖြစ်ပြီး ယွမ်ဖာ့အား သေဆုံးသည်အထိ ဖြစ်စေနိုင်သည်ကို ရှင်းရှင်းလင်းလင်းပြလိုက်သောကြောင့် ဖြစ်သည်။
တစ်ဦးပြီးတစ်ဦးထွက်သွားကြပြီးနောက် အစေခံများမှာ ထမင်းစားပွဲအား သိမ်းဆည်းလိုက်ကြ၏။
ယွမ်အောင်းထွက်သွားချိန်တွင် ယွမ်မိသားစု၏ ခေါင်းဆောင်အနေနှင့် ယွမ်အောင်းမှာ မိသားစုကိစ္စများအား အသိဆုံးလူဖြစ်သောကြောင့် သူ့နောက်သို့ ယွမ်လော့ရီ အလျင်အမြန်လိုက်သွားခဲ့သည်။
ဧည့်ခန်းထဲ၌ ယွမ်လော့ရီ ယွမ်အောင်းအား မှီသွားကာ သူ၏ အင်္ကျီအစအား ဆွဲလိုက်သည်။ “အစ်ကိုကြီး သမီး ကိုကို့ ကို မေးစရာရှိတယ်”
ယွမ်အောင်း ရပ်သွားကာ “ဘာမေးချင်လို့လဲ”
“ဘာဖြစ်လို့ ဖေဖေနဲ့ ဘိုးဘိုးတို့ မတည့်ကြတာလဲဟင်”
ယွမ်အောင်း အောက်ငုံ့ကြည့်လိုက်ကာ တစ်ခဏမျှ သေချာတွေးပြီး လက်လှမ်းလိုက်ကာ ယွမ်လော့ရီအား ချီခေါ်သွား၏။ “ညီမလေးက အရမ်းငယ်သေးတယ် အဲတာကြောင့် ညီမလေးကို ကိုကိုမပြောပြသင့်တဲ့ အရာတွေ အများကြီးရှိတယ် အဖေကလည်း ညီမလေးကို မိသားစုကိစ္စတွေထဲ မပါဝင်စေချင်ဘူး”
“ဒါပေမဲ့ ညီမလေးအခုတလောမှာ အတော်လေးပြောင်းလဲလာတယ် လူတစ်ယောက်ရဲ့ ကြီးထွားမှုက အချိန်ယူရတဲ့အရာပဲ ညီမလေးကလည်း နူးညံ့သိမ်မွေ့တဲ့ ပန်းလေးမဟုတ်တော့ဘူး”
သူက မိသားစုရုပ်ထုအရှေ့၌ ရပ်ကာ ခေါင်းနှစ်လုံးမြွေမှာ ဖြူစင်သည့် လရောင်အောက်၌ ရောင်ပြန်ဟပ်နေခဲ့သည်။ သူတို့၏ ပါးစပ်များမှာ ပွင့်နေကာ အဆိပ်ရှိ အစွယ်များနှင့် ခရင်းခွလျှာများအား ထုတ်ဖော်ပြသထားပြီး ထူးခြားဆန်းကျယ်ကာ အန္တရာယ်ရှိသည့်ပုံ ပေါက်၏။
မြွေအောက်ရှိ အရိုးအား လက်ညှိုးထိုးပြရင်း ယွမ်အောင်းက ပြောလိုက်၏။ “ညီမလေး အဲဒါက ဘာလဲဆိုတာကို မြင်ရလား”
ယွမ်လော့ရီ သေချာအနီးကပ်ကြည့်လိုက်၏။ အစပိုင်းတွင် ကြည့်ရသည်မှာ မြက်ခြောက်တစ်ပုံနှင့် တူနေသော်ညား ကြည့်လေလေ မြက်များမဟုတ်သည်ကို သူမသဘောပေါက်သွား၏။ သူမ ပြောလိုက်သည်။ “အဲဒါတွေက အရိုးတွေမလား”
ယွမ်အောင်း ပြောလိုက်သည်။ “အမှန်ပဲ ယွမ်မိသားစုရဲ့ ခေါင်းဆောင်အသစ်က ယွမ်မိသားစုဟောင်းရဲ့ အရိုးတွေပေါ်ကို တက်နင်းရတယ် အဘိုးနဲ့ အဖေရဲ့ အာဏာလွှဲပြောင်းတဲ့ ကိစ္စက သိပ်အဆင်အ
မပြေခဲ့ပေမဲ့ အဖေက အနိုင်ရသွားခဲ့တယ်”
“အရင်က ယွမ်မိသားစုက ရက်စက်လွန်းတယ် အဖေက ကိုကိုတို့ကို သူ့ရဲ့ ကာကွယ်မှုအောက်မှာ နေစေချင်တာ”
ယခင်နှစ်များအတွင်း၌ အာဏာမှာ ယွမ်ကျန်းဟိုင်နှင့် ယွမ်ချန်အကြား၌ လွန်ဆွဲနေခဲ့သည်။ အဆိုးဆုံးအချိန်များ၌ ကိုယ်ဝန်ရှိနေသည့် မေမေယွမ်မှာ သူမကိုယ်သူမ အေးစက်သည့် နေရာ၌ ပုန်းအောင်းရကာ မပုန်းအောင်းလျှင် သူမအသက်အန္တရာယ်ရှိလာမည် ဖြစ်၏။
ညနက်ပိုင်း၌ ဖေဖေယွမ်မှာ အခြားမိသားစုမှ လူများနှင့် လျို့ဝှက်စွာ စကားပြောမည်ပင်။
အာဏာလု ဂိမ်းများဆော့ကစားရသည်ကို သူမကြိုက်ပေ။ လက်နက်ကိရိယာကဲ့သို့ ရိုးရှင်းသည့် အရာများကိုသာ သူပိုနှစ်သက်၏။ သူတို့၏ ပုံပန်းသွင်ပြင်များ မည်မျှပင်ကွဲပြားနေပါစေ တစ်စစီခွဲကြည့်လျှင်တော့ သူတို့၏ တည်ဆောက်ပုံများမှာ အတူတူပင်ဖြစ်ပြီး သူအား အဆုံးမရှိသည့် စိတ်ကျေနပ်မှုများကို ပေး၏။
သို့ပေမဲ့ သူတွင် မွေးကတည်းက ပါလာခဲ့သည့် ဒေါသထွက်စရာမလိုပဲ လူများအား သိမ်းသွင်းအမိန့်ပေးနိုင်သည့် စွမ်းရည်ပါရှိသည်။
အစပိုင်း၌ အချို့မှာ သူ၏ စွမ်းရည်အား မေးခွန်းထုတ်ပြီး အချို့မှာ သူ၏ ကံမကောင်းမှုအား လှောင်ပြောင်ကြကာ အချို့မှာ သူ့အား သနားကြည့်ဖြင့် ကြည့်ကြသော်ညား ဖေဖေယွမ်မှာ ဂရုမစိုက်ခဲ့ချေ။ သူက စူးစမ်းလေ့လာတတ်သည့် ယွမ်အောင်းလေးအား ပြောခဲ့သည်။
“မင်းအတွက်မင်း ဘယ်တော့မှ စိတ်မကောင်း မဖြစ်နဲ့ ငါတို့တွေက ရှင်သန်သူတွေပဲ နစ်နာတဲ့သူတွေ မဟုတ်ဘူး သူတို့ကို ပြောခွင့်ပေးလိုက် တစ်နေ့မှာ သူတို့ကိုယ်တိုင်ပဲ ငါတို့ကို ခုခံလာပေးလိမ့်မယ်”
ထိုကဲ့သို့ ဖြစ်အောင်လည်း ဖေဖေယွမ် လုပ်နိုင်ခဲ့၏။
သူတည်ဆောက်ထားခဲ့သမျှ အရာအားလုံး ပြိုလဲသွားသည်ကို ယွမ်ကျားဟိုင် ကြည့်နေခဲ့ရပြီး သူ၏သားမှာ သူ့အား ငယ်စဥ်ကလိုပင် ကျော့ရှင်းစွာ ဦးညွှတ်နေခဲ့သည်။
“အဖေ ကျွန်တော် အဖေ့နေရာမှာ အစားထိုးဖို့ လာခဲ့တာပါ”
ယွမ်မိသားစုတွင် ခေါင်းဆောင်အသစ်ရှိပြီဖြစ်ပြီး ယွမ်ချန်မှာ အခြားယွမ်မိသားစုဝင်များ ကဲ့သို့ပင် သူ၏ နည်းလမ်းများမှာ လိမ္မာပါးနပ်ပြီး ဗီဇကိုက ရက်စက်ကြမ်းကြုတ်၏။ သို့ပေမဲ့ သူသည် သူ၏ ကလေးများနှင့် ဇနီးသည်အတွက် ဖခင်ကောင်း ခင်ပွန်းကောင်း ဖြစ်ဖို့ရာ ကြိုးစားနေသောကြောင့် ကွဲပြားနေခဲ့၏။
ယွမ်ချန်ဆီသို့ တရားဝင် အာဏာလွှဲပြောင်းပြီးနောက် သူပြောခဲ့သကဲ့သို့ပင် ယခင်က သူ့ကို နှိမ့်ချပြောဆိုခဲ့သည့် လူများမှာ ယခုတွင် နေရာတိုင်း၌ သူ့အား ချီးကျူးကာ ခံနိုင်ရည်အရှိဆုံးနှင့် ထက်မြတ်သည့်သူဟု ခေါ်ဆိုနေကြသည်။
သို့ပေမဲ့ ယွမ်အောင်းမှာ ထိုစကားသံအားလုံးကို မကြားချင်ယောင်ဆောင်နေခဲ့ကာ ယွမ်အောင်းအား ပြုစုပျိုးထောင်ရန် အလုပ်များနေခဲ့ပြီး သူ လက်နက်များအား လေ့လာနိုင်ရန်အတွက် အားလုံးကို ယွမ်အောင်းထံ လွှဲပြောင်းပေးဖို့ရာ စီစဥ်နေခဲ့၏။
ယွမ်လော့ရီ မွေးဖွားလာချိန်၌ မိသားစုမှာ အတော်လေး ချမ်းသာကြွယ်ဝနေပြီ ဖြစ်သောကြောင့် ထိုသမိုင်းကြောင်းများအား ကြားဖူးသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
ယွမ်အောင်းက ပြောလိုက်၏။ “အဘိုးဘက်မှာ ယွမ်မိသားစုဟောင်းရဲ့ အင်အားတော်တော်များများက ရှိနေတုန်းပဲ သူတို့က ယွမ်စစ်ကို ကိုကိုထက်ပိုပြီး မိသားစုအာဏာကို အမွေဆက်ခံစေချင်တာကြောင့်မလို့ ကိုကိုတို့ကို ခဏခဏ ပြဿနာရှာခဲ့တယ်”
ယွမ်လော့ရီမှာ ထိုအကြောင်းနှင့် ပတ်သက်၍ မရေမရာမှတ်ဥာဏ်များ ရှိနေ၏။ အဘိုးမှာ ယွမ်အောင်းကို မကြိုက်ပဲ စတုတ္ထအစ်ကို ယွမ်စစ်အား ပိုသဘောကျ၏။
ယွမ်စစ် ငယ်စဥ်က ယွမ်မိသားစု၏ အကြီးအကဲများက သူ့ကို ဗဟုသုတများ သင်ကြားပေးမည့် ကမ်းခြေဗီလာဆီသို့ မကြာခဏ ခေါ်သွားခံရသည်။
ဖေဖေယွမ်ကမူ သူ၏ ထိုသားမှာ လွန်စွာပျင်းရိသည်ကို သိသောကြောင့် ဂရုမစိုက်ချေ။
အပူချိန်မှာ 10°C အောက် ကျသွားချိန်တွင် ယွမ်စစ်မှာ ဆောင်းခိုနေသည့် မြွေတစ်ကောင်ကဲ့သို့ စောင်အောက်တွင် ကွေးနေမည်ဖြစ်ပြီး ထွက်လာမည်မဟုတ်ပေ။ သူသည် သူစိတ်မဝင်စားသည့် အရာများအား သင်ယူမည်မဟုတ်ချေ။
နောက်ဆုံးတွင်တော့ ယွမ်အောင်းမှာ အမွေဆက်ခံသူ ဖြစ်နေဆဲ ဖြစ်ပြီး ယွမ်စစ်မှာ နာမည်ကြီး တစ်ဦးဖြစ်လာခဲ့သည်။ သူသည် မတ်တပ်ရပ်ကာ ပုံအနည်းငယ် ရိုက်ခံလိုက်ရရုံနှင့် ပိုက်ဆံရနိုင်သည့် ထိုကဲ့သို့ ဘဝမျိုးအား နှစ်သက်၏။
ယွမ်အိမ်တော်၏ ဧည့်ခန်းထဲ၌ ယွမ်အောင်း ယွမ်လော့ရီအား ချလိုက်ကာ ပြောလိုက်သည်။“မင်းမှာ တခြားမေးစရာတွေ ရှိသေးလား”
ယွမ်လော့ရီက ပြောလိုက်၏။ “အစ်ကိုကြီး စုမိသားစုရဲ့ အခြေအနေကို သိလားဟင်”
ယွမ်အောင်းက ပြောလိုက်သည်။ “အဲဒါက အဘိုးရဲ့ဘက်ကပဲ ကိုကို ရှင်းရှင်းလင်းလင်းမသိပေမဲ့ ယွမ်စစ်ကတော့ အဘိုးဆီမှာ သင်ခဲ့ရတာဆိုတော့ သိလောက်မယ်ထင်တယ်”
ယွမ်လော့ရီမှာ ပြောလိုက်၏။ “သမီးကို အများကြီး ပြောပြပေးလို့ ကျေးဇူးပါ ကိုကို”
ယွမ်လော့ရီ၏ ဆံပင်အား ပွတ်သပ်ဖို့ရာ လက်လှမ်းလိုက်ပြီး ယွမ်အောင်း ပြုံးကာ ပြောလိုက်သည်။ “ရပါတယ်ဗျာ တစ်ခါတလေကျရင် ညီမလေးက ကိုကိုထက်တောင် လိုက်ရောညီထွေနေတတ်သေးတယ်လို့ ကိုကို ခံစားမိတယ် အခုတလော တစ်ခုခုဖြစ်သွားတာရှိလို့လား”
ယွမ်လော့ရီက ပြုံးလိုက်ကာ ဆိုလိုက်၏။ “သမီး ကိစ္စတော်တော်များများကို နားလည်လာရုံပါ”
သူမ မိသားစုမှ သူမအား ချစ်မြတ်နိုးသည်ကို သိပြီးနောက် တစ်ချိန်က သူမကြောက်ရွံ့ခဲ့သည့် သွေးများနှင့် သတ်ဖြတ်မှုတို့အား သတ္တိရှိစွာ ရင်ဆိုင်နေနိုင်ပြီ ဖြစ်၏။
ယွမ်အောင်းကို နှုတ်ဆက်ပြီးနောက် ယွမ်လော့ရီ သူမ အခန်းထဲသို့ ပြန်သွားခဲ့သည်။
[ဒင်]
[စနစ် သတိပေးချက်: နောက်ကြောင်းပြန် ခြေရာခံခြင်း လုပ်ဆောင်ချက် အသက်ဝင်ပါပြီ]
ဤသည်မှာ ယွမ်လော့ရီ စောင့်နေခဲ့သည့် အရာပင်။ သူမ၏ ပရိသတ်အဖွဲ့ အကူအညီကြောင့် သူမ၏ လွှမ်းမိုးမှုမှာ ဆက်တက်နေကာ ယခုတွင် သူမ ပြန်လည်ခြေရာခံနိုင်ပြီဖြစ်၏။
ယခုတစ်ခေါက် သူမ အတိတ်ကာလသို့ ပြန်သွားချိန်၌ သူမထံတွင် လုပ်စရာများစွာရှိသည်။
စုရွှင်းမှာ သူမအား စုမိသားစု၏ ရုတ်တရက် ပြိုလဲမှုအကြောင်းနှင့် လွန်စွာ သံသယဖြစ်ဖွယ်ကောင်းသည့် စုစုံတွဲတို့၏ အကြောင်းအား ပြောပြသွားခဲ့၏။
ဤသည်မှာ ယွမ်မိသားစု လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆရာမစုနှင့် မေမေစုမှာ ယုံကြည်နေကြပြီး စုမိသားစု၏ အဆုံးသတ်မှာ အစကတည်းက အစီအစဥ်ချထားပြီး ဖြစ်သည်ဟု ထင်နေကြ၏။
သို့ပေမဲ့ စုရွှင်းကတော့ ထိုကဲ့သို့ မထင်ချေ။ သူမကိုယ်တိုင် ကိစ္စတော်တော်များများအား စုံစမ်းခဲ့ပြီး အားလုံးမှာ စုမိသားစုကိုယ်တိုင် လုပ်ခဲ့ခြင်းဖြစ်သည် ဟူသည့် မတူညီသည့် ကောက်ချချက် တစ်ခုထွက်လာခဲ့သည်။
ထိုကြောင့် သူမက ယွမ်မိသားစုကို လက်စားချေရန် ဘယ်သောအခါမှ စိတ်အားမထက်သန်ခဲ့ပေ။
ယခုတွင် ယွမ်လော့ရီ အတိတ်ကာလသို့ ပြန်သွားချင်နေပြီး စုမိသားစု တကယ်ပဲ ဘာဖြစ်သွားခဲ့သည်ကို ကြည့်ချင်နေ၏။
အတိတ်ကယွမ်မိသားစုအကြောင်းကိုလည်း သူမစုံစမ်းဖို့ရာလို၏။
တကယ့်တရားခံအစစ်မှာ ယွမ်မိသားစုဝင်တိုင်း၏ အားနည်းချက်အား နားလည်ပြီး ယွမ်မိသားစု၏ ရန်သူဟောင်းများကို လှုံ့ဆော်ကာ များပြားလှသော အရင်းအမြစ်များကို စုဆောင်းနိုင်ခဲ့သည်။
ထိုကဲ့သို့ စွမ်းအားမျိုးမှာ ယွမ်မိသားစုဟောင်းထဲမှ တစ်ဦးထံမှ ဖြစ်နိုင်၏။
အသက်ပြင်းပြင်းတစ်ချက်ရှူကာ ယွမ်လော့ရီ အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး သူမ၏ စိတ်ခံစားချက်အား ပြင်ဆင်နေခဲ့သည်။
“နောက်ကြောင်း ခြေရာခံခြင်းကို အသက်သွင်းပါ”
ရင်းနှီးနေသည့် မူးဝေမှုတစ်ခု ယွမ်လော့ရီ တစ်ကိုယ်လုံးကို လွှမ်းမိုးသွားခဲ့ပြီး သူမ ဆက်တိုက်ပြုတ်ကျနေကာ အေးစက်နေသည့် ရေထဲမှ ထွက်လာရသကဲ့သို့ နိုးထလာခဲ့သည်။ သူမ ထထိုင်လိုက်သည်။
သူမ၏ ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ မျက်လုံးပင် ကန်းမတတ် လင်းလက်နေ၏။ သူမထကာ ပတ်ဝန်းကျင်ရှိ မရင်းနှီးနေသော ပစ္စည်းများအား မကြည့်ခင် စက္ကန့်အနည်းမျှ နေသားကျအောင် လုပ်ယူလိုက်ရသည်။
၎င်းမှာ ခေတ်ဟောင်းပုံစံ ဧည့်ခန်းတစ်ခုဖြစ်ပြီး နံရံပေါ်တွင် နာမည်ကျော် Van Gogh ၏ ပန်းချီများအား ချိတ်ဆွဲထားကာ ဗီရိုထဲ၌ အမျိုးမျိုးသော ရုပ်ထုများအား ပြသထား၏။ ပိုင်ရှင်မှာ အနုပညာနှင့် ချမ်းသာမှုအား နှစ်သက်ကြောင်းမှာ ထင်ရှားလှသည်။
အခန်းထဲရှိ မီးအိမ်အားလုံးအား ဖွင့်ထားသဖြင့် ညနေခင်းမှာ နေ့ဘက်ကဲ့သို့ပင် လင်းလက်နေသည်။
“တောက်”
ယွမ်လော့ရီ ရေစက်လေးများ ကျသံကို ကြားလိုက်ရ၏။