← Chapters

အခန်း (၉၂)

Vol. 10 Ch. 92

အခန်း (၉၂)

Vol. 10 Ch. 92

ယွမ်မိသားစု၏ စတုတ္ထသား ယွမ်စစ်မှာ ထိုင်းမှိုင်းသည့် ကလေးပင် ဖြစ်၏။

ဥယျာဥ်ထဲ၌ သူ၏ ဒုတိယအစ်ကို ယွမ်ဖာ့နှင့် တတိယအစ်ကို ယွမ်ရုံမှာ အပြင်းအထန် တိုက်ခိုက်နေကြကာ ထိုးနှက်မှုများကြောင့် သွေးများထွက်နေ၏။

နှစ်နှစ်သားအရွယ် ယွမ်စစ်မှာ နို့ဘူးလေးကိုင်၍ ရပ်နေကာ မျက်လုံးများမှာလည်း မှေးစင်းနေပြီး အချိန်မရွေး လဲကျကာ အိပ်ပျော်သွားနိုင်သကဲ့သို့ ခန္ဓာကိုယ်မှာလည်း ယိမ်းယိုင်နေ၏။

ရန်ပွဲပြီးနောက် ဒေါသထွက်နေသေးသည့် ယွမ်ဖာ့မှာ ယွမ်စစ်ဘေးမှ ဖြတ်လျှောက်သွားခဲ့သည်။

ထိုရန်ပွဲအား အတွေ့အကြုံယူပြီးနောက် အစ်ကိုတစ်ယောက်အနေနှင့် သူညီငယ်များကို ငယ်ရွယ်စဥ်ကတည်းက စိတ်ဓါတ်ကြံ့ခိုင်စေရန်အတွက် မကြာခဏရိုက်နှက်ပေးသင့်ကြောင်း သဘောပေါက်သွားခဲ့၏။

ထိုကြောင့် ယွမ်စစ်အား ယွမ်ဖာ့ ပြင်းပြင်းထန်ထန်ထိုးနှက်လိုက်သည်။

“ဖြန်း”

သူ၏ လက်မှာ အားလျော့သွားပြီး နို့ဘူးမှာလည်း အောက်ပြုတ်ကျသွားကာ ကြောင်အသွားခဲ့၏။

သူ၏ အစ်ကိုများအဘယ်ကြောင့် ရန်ဖြစ်နေရင်း သူကပါ ဘာလို့ကြားထဲက အချောင်ရိုက်ခံလိုက်ရသလဲဆိုတာ နားမလည်နိုင်ချေ။

ယွမ်ဖာ့၏ မျက်နှာအား ရဲရင့်စွာ လက်သီးဖြင့် ပြန်ထိုးလိုက်ရမလား ယွမ်ဖာ့ အပြစ်ပေးခံရစေဖို့ မိဘများကို လှမ်းခေါ်လိုက်ရမလားဆိုတာကို ရွေးရင်းနှင့် ယွမ်စစ် သူရပ်နေသည့်နေရာ၌ လဲလျောင်းကာ အိပ်စက်ဖို့ကိုသာ ရွေးချယ်လိုက်တော့သည်။

သူ မြက်ခင်းပေါ်တွင် လဲလျောင်းနေပြီး ကောင်းကင်ယံထက် ရွေ့လျားနေသည့် တိမ်များကို ကြည့်နေ၏။

ယွမ်ဖာ့က ပြောလိုက်သည်။ “ငါ တစ်အား အပြင်းကြီး မရိုက်လိုက်မိဘူးမလား”

ယွမ်စစ်က ပြန်ဖြေ၏။ “နာကျင်မှုက ခန္ဓာကိုယ်ပေါ်ကမဟုတ်ဘူး စိတ်ဝိဥာဥ်ထဲကပဲ ဒီသေမျိုးကမ္ဘာက မထိုက်တန်ဘူး ငါဘယ်တော့မှ ပြန်မလာတော့ဘူး”

ယွမ်မိသားစု၏ ကလေးများမှာ သူတို့နည်းသူတို့ဟန်နှင့် ထူးဆန်းကြကာ ယခုအခါ စတုတ္ထညီလေးက အထူးဆန်းဆုံးသောနည်းနှင့် ဒေါသထွက်နေသဖြင့် ခန့်မှန်း၍မရအောင် ယွမ်ဖာ့ ထူးဆန်းကြောင်း ခံစားလိုက်ရသည်။

ထိုနေ့၌ ယွမ်စစ်မှာ မြက်ခင်းပြင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သည်။

ယွမ်စစ် သုံးနှစ်ပြည့်ချိန်တွင် ယွမ်မိသားစုက ကလေးဘဝရှင်သန်မှုအတွက် ဂုဏ်ပြုပေးဖို့ရာ ပွဲကြီးတစ်ပွဲ ကျင်းပပေးခဲ့၏။

အခြားမိသားစုခေါင်းဆောင်များမှာ ပိုက်ဆံနှင့်အာဏာကို စွဲလမ်းလွန်းနေကြပြီး ယွမ်စစ်ထံမှ မျက်နှာသာပေးမှုကို လိုချင်ကြသောကြောင့် ဟန်ဆောင်မှုများနှင့် စိတ်အားထက်သန်စွာပင် နှုတ်ဆက်ကြပြီး ကိုယ်ကျင့်တရားများလည်း မရှိတော့ပေ။

သူတို့ ယွမ်စစ်ကို ဝန်းရံနေကာ ဝိုင်းဝန်းမြှောက်ပင့်ရင်း အမွှန်းတင်ချီးမွှန်းနေကြသည်။

လောကကြီးမှာ အလွန် ထိုင်းမှိုင်းကြောင်း ယွမ်စစ်သိသွားခဲ့၏။ သူတွင် ဥာဏ်ကောင်းမှု၊ လှပသည့် အသွင်အပြင်နှင့် ကျော့ရှင်းသော ပုံစံရှိသော်ငြား အရွယ်ရောက်လာချိန်တွင် ထိုကဲ့သို့ အဆီတရွဲရွှဲနှင့် ညစ်ပတ်ကာ မနှစ်သက်ဖွယ်ရာကောင်းသည့် သူများနှင့် အတင်းအကြပ် ဆက်ဆံရဦးမည်ပင်။

အာ့။

ဘယ်လို ကံကြမ္မာမျိုးလဲကွာ။

ဒါက ပြီးပြည့်စုံစွာ မွေးဖွားလာခြင်းအတွက် ပြန်ပေးဆပ်ရတာတွေလား။

သို့နှင့် အားလုံး၏ ရှေ့မှောက်၌ ယွမ်စစ် ယိမ်းယိုင်ကာ အရွက်လေးရွက်ပါ ကလိုဗာခင်းပေါ်သို့ ပစ်လှဲချလိုက်ပြီး ချက်ချင်း အိပ်ပျော်သွားခဲ့၏။

မေမေယွမ် ထိတ်လန့်သွားကာ သူ့အား​ ကောက်ချီလိုက်ပြီး သူမ၏ ခေါင်းထဲ၌ “ရုတ်တရက် နှလုံးဖောက်ခြင်း” “ဦးနှောက်သေခြင်း” နှင့် “ရုတ်တရက် သေဆုံးခြင်း” ဟူသည့် ကြောက်စရာအတွေးများနှင့် ပြည့်နေခဲ့သည်။

ဖေဖေယွမ်နှင့် မေ‌ေမယွမ် သူ့အား စစ်ဆေးဖို့အတွက် ဆေးရုံများစွာကို သွားပြီးနောက် သူ၏ အခြေအနေအား အတည်ပြုနိုင်ခဲ့သည်။

ယွမ်မိသားစု၏ စတုတ္ထသား ယွမ်စစ်မှာ လွန်စွာမြင့်မားသည့် ဥာဏ်ရည်အား ပိုင်ဆိုင်ထားကာ လူများ၏ ပုံစံအမှန်အား မြင်နိုင်၏။ သို့ပေမဲ့ သူ၏ စွမ်းရည်အား မနာလိုသဖြင့် ကောင်းကင်ဘုံမှာ သူ့အား ကုသ၍မရနိုင်သော ရောဂါဖြစ်သည့် “ပျင်းရိမှု” ဆိုသော ရောဂါကိုကူး ထည့်ပေးခဲ့သည်။

ကံကောင်းစွာဖြင့် ကြွယ်ဝသည့် ယွမ်မိသားစုမှာ ငပျင်းတစ်ယောက်အား ထောက်ပံ့ပေးနိုင်သဖြင့် ယွမ်စစ်၏ နေ့ရက်တိုင်းမှာ စားသောက်ခြင်းနှင့် စတင်ပြီး အိပ်စက်ခြင်းနှင့် အဆုံးသတ်ကာ မကြာခဏ စိတ်ကူးယဥ်နေတတ်သေး၏။

ဖေဖေယွမ်မှာ ယွမ်စစ်ကို လက်လျော့လိုက်ပြီး သူ၏ အကြီးဆုံးသားယွမ်အောင်းကိုသာ သေချာဂရုတစိုက် ပျိုးထောင်ခဲ့သည်။ မေမေယွမ်မှာမူ သွေးဆာကာ အမြဲတစေစောင့်ကြည့်နေဖို့ လိုသည့် သူမ၏ တတိယသား ယွမ်ရုံပေါ်တွင်သာ အာရုံထားနေခဲ့၏။

ဒုတိယအစ်ကို ယွမ်ဖာ့မှာမူ အမြဲတစေ ပျော်ရွှင်နေသည့် ရူးသွပ်သူဖြစ်နေကာ သူ၏အစ်ကို ယွမ်အောင်းထံမှ အရိုက်နှက်ခံရခြင်းဖြစ်စေ သူ၏ ညီငယ် ယွမ်ရုံအား ရိုက်နှက်ခြင်းဖြစ်စေ လုပ်နေပြီး တစ်နေကုန် အလုပ်များနေတတ်၏။

မည်သူမှ ယွမ်စစ်ကို ဂရုမစိုက်ကြကာ အမှောင်ထုထဲ၌ တစ်ဦးတည်း ကြီးပြင်းခဲ့ရသည်။

အချိန်အတိုင်းအတာအထိ အိမ်အကူများမှာ ယွမ်စစ်အားမြင်လျှင် လန့်ဖျပ်သွားကြသည်ပင်။

“ဘုရားရေ ဒါက ဘယ်သူ့ကလေးလဲ ချောလိုက်တာ”

“ဒါက စတုတ္ထသခင်လေးလေ”

“ခွင့်လွှတ်ပေးပါ စတုတ္ထ သခင်လေး ကျွန်မ ရိုင်းပျမိသွားပါတယ်”

အိမ်အကူမှာ ယွမ်စစ်အား အလျင်အမြန် ဦးညွှတ်မည်ပင်။

ယွမ်စစ်မှာ အမြဲတစေအခန်းထဲတွင် နေကာ ကောင်းမွန်သည့် နေ့များတွင်မှ အပြင်ထွက် လမ်းလျှောက်တတ်သဖြင့် ထိုအချင်းအရာအား မအံ့ဩပေ။ အိမ်အကူအများစုမှာ သူရှိကြောင်းသိကြသော်ညား မမြင်ဘူးကြပေ။

သူဘဝတစ်လျှောက်လုံးကို ပျင်းရိစွာ စားလိုက်သောက်လိုက်ဖြင့် ကုန်ဆုံးသွားမည်ဟု ထင်သော်ငြား သူအသက် ခုနှစ်နှစ်ရောက်ချိန်တွင် မိသားစုထဲ၌ ကြီးမားသည့် ကိစ္စကြီးတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ သူ၏ ညီမလေးယွမ်လော့ရီ မွေးဖွားလာခြင်းပင်။

သူထို သက်ရှိသေးသေးလေးအား အဝေးမှ ကြည့်ကာ သူမထံမှ အချိန်အတော်ကြာသည်အထိ မျက်လုံးမခွာနိုင်ခဲ့ချေ။

လူသားများ၏ အရုပ်ဆိုးမှုများစွာအား မြင်တွေ့ပြီးနောက် ရုတ်တရက်ပေါ်လာသော ဖြူစင်သည့် အလင်းရောင်လေးမှာ သူ့ကို အံ့အားသင့်နေစေခဲ့၏။

သူအား ပိုအံ့အားသင့်စေသည့်အရာမှာ ထိုသက်ရှိသေးသေးလေး၌ စိတ်ခံစားချက်များစွာရှိခြင်းပင်။ သူမက ရုပ်စုံမှန်ပြောင်းကဲ့သို့ ရယ်မောကာ ငိုလည်းငိုယိုပြီး လှုပ်ရှားမှု အနည်းငယ် လေးနှင့်ပင် မူးဝေစရာကောင်းသည့် ပန်းပင်လယ်အဖြစ်သို့ ပြောင်းနိုင်ကာ ကြည့်ရသည်မှာ ဘယ်တော့မှ မရိုးသွားနိုင်ပေ။

သို့သော်ညား သူ၏ မိသားစုအတွင်းရှိ အဆင့်မှာ နိမ့်လွန်းနေသဖြင့် သူမ၏ အာရုံစိုက်မှုအား ရဖို့ရန်အတွက် အခြားသူများနှင့် မယှဥ်ပြိုင်နိုင်ချေ။

သူ၏ ညီမလေးက အစ်ကိုကြီးယွမ်အောင်း၏ လက်မောင်းများကြားတွင် ရယ်မောနေသည်ကို ကြည့်ရင်း ထူးဆန်းကာ လွှမ်းမိုးချုပ်ကိုင်ချင်သည့် ခံစားချက်တစ်မျိုးမှာ သူ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားစေ၏။ ယွမ်စစ် ထိုအရာအား အချိန်အကြာကြီး ဖိနှိပ်ထားခဲ့သော်ညား ထိုခံစားချက်မှာ မပျောက်ကွယ်သွားပဲ သူ့အား စိတ်ပျက်စေကာ အသက်ရှူမရအောင် ဖြစ်စေ၏။

ယွမ်စစ် လမ်းပျောက်နေသကဲ့သို့ စတင်ခံစားလာရသည်။

သူ၏အဘိုး ယွမ်ကျန်းဟိုင်မှာ ထိုအရာအား သတိပြုမိ၏။

သူယွမ်စစ်အနားသို့ အသံမြည်နေသော ဘီးတပ်ကုလားထိုင်ဖြင့် ကပ်လာကာ ငြင်သာစွာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့ ကလေး ဒီစိတ်ခံစားချက်ကို မနာလိုတာလို့ ခေါ်တယ် သာမန်လူတွေကတော့ အဲဒါကို မလိုလားအပ်ပြီး မကောင်းတဲ့ စိတ်ခံစားချက်လို့ ပြောကြပေမဲ့ အဘိုးကတော့ လက်မခံဘူး အဲတာက မြေးနဲ့ အရမ်းကိုက်ညီတယ်”

ယွမ်စစ်က ပြောလိုက်သည်။ “သား အဲဒါကို ဘယ်လိုပျောက်သွားအောင် လုပ်လို့ရမလဲ”

“အဲဒီ့ စိတ်ခံစားချက် ပေါ်လာတာနဲ့ အဲ့တာက မြေးတစ်ဘဝတစ်လျှောက်လုံး ရှိနေမှာပဲ မင်းအဲ့တာကို ပျောက်သွားအောင် လုပ်လို့မရဘူး ဒါပေမဲ့ အဲ့ဒါကို သက်သာအောင်လုပ်လို့ရတယ်”

“ဘယ်လိုမျိုး လုပ်ရမှာလဲ”

“မြေးရဲ့ အစ်ကိုကြီးယွမ်အောင်းက သူကို မင်းဆီကနေ ယူသွားတာမလား သူကို ပြန်ယူလိုက်လေ အဲဒါဆိုရင် မင်းပိုပြီး အဆင်ပြေသွားလိမ့်မယ်”

“သူ သားကို သတ်လိမ့်မယ်”

ယွမ်ကျန်းဟိုင် တိုးညှင်းကာ အေးစက်စက်ဖြင့် ရယ်မောလိုက်သည်။ “ အဘိုးငယ်ငယ်တုန်းက မနာလိုရတာကို သဘောကျတယ် အဘိုးရဲ့ ညီအစ်ကိုတွေ ကျန်းမာနေတဲ့ အချိန်မှာ အဘိုးက ဖျားနာနေခဲ့တာလေ ပြီးတော့ အဘိုးမှာဘာလုပ်နိုင်စွမ်းမှလည်း မရှိဘူး ဒါပေမဲ့ အဘိုးအဖေက ကြီးမားတဲ့စွမ်းအားကို ကိုင်ဆောင်ထားတယ်”

သူ၏ ခြောက်သွေ့ကာ ဖြူဖျော့နေသည့် လက်ကို ယွမ်စစ်၏ ပခုံးပေါ်သို့ တင်လိုက်သည်။ “ဒီလိုစိတ်ခံစားချက်မျိုးကို ခံစားဖူးတဲ့သူတစ်ယောက် အနေနဲ့ အဘိုးမင်းကို အကြံပေးချင်တာက သား ညီမလေးကို ပြန်ယူချင်ရင် ဘယ်သူမှ မတားဆီးနိုင်အောင် လုပ်ဖို့ပဲ မင်းကိုယ်မင်း ဖုံးကွယ်ထား ပြီးတော့ အင်အားတွေကို စုဆောင်းထားပြီး သတ်တာကို ရပ်ဖို့အတွက် သတ်လိုက် မဟုတ်ရင်တော့ မနာလိုစိတ်က မင်းကို စိတ်ဆင်းရဲအောင်ပဲ လုပ်လိမ့်မယ်”

“ကလေး အဘိုး မြေးရဲ့ လုပ်နိုင်စွမ်းကို မြင်နေရတယ် မြေးက ယွမ်မိသားစုခေါင်းဆောင် ဖြစ်လာနိုင်တယ်”

“မြေး သူကို လုံးဝ ချုပ်ကိုင်နိုင်သွားတဲ့ အခါကျရင် ဘယ်သူမှ မြေးကို တားနိုင်တော့မှာ မဟုတ်ဘူး”

ယွမ်ကျန်းဟိုင်မှာ အပြောဖြင့် ဆွဲဆောင်နေခဲ့သည်။

သူ၏ ညီမလေးအား မြင်လိုက်ရချိန်တွင် ငြင်းပယ်၍မရနိုင်အောင် မှောင်မိုက်ပြီး ဆိုးရွားသော ယွမ်စစ်၏ တစ်ကိုယ်ကောင်းဆန်သည့် ထိန်းချုပ်လိုစိတ်မှာ ထွက်လာခဲ့သည်။

ယွမ်စစ်မှာ သူ၏ ညီမလေးအား ပိုင်ဆိုင်လိုပြီး အခန်းထဲ၌ ပိတ်လှောင်ထားချင်ကာ အခြားဘယ်သူ့ကိုမှ သူမအား မြင်တွေ့ခွင့်မပေးပဲ သူ၏ ရင်ခွင်ထဲတွင်သာ ဝှက်ထားချင်မိသည်။

သို့ပေမဲ့ ထိုကဲ့သို့ လုပ်လိုက်လျှင် ပေးဆပ်ရမည့် တန်ဖိုးမှာ ကြီးမားသည်ကို ယွမ်စစ်သိ၏။ သူ၏ ညီမလေးမှာ သူပိုင်သည့် အရုပ်လေးဖြစ်လာပြီး ကြိုက်သလိုလုပ်ခွင့်ရလာလျှင် သူပျော်မည်ဖြစ်သော်ငြား သူမ ဘယ်သောအခါမှ ထပ်ရယ်မောတော့မည် မဟုတ်ချေ။

ရုပ်စုံမှန်ပြောင်း၏ အလှတရားမှာ ၎င်း၏ အမြဲတစေပြောင်းလဲနေသော ပုံစံကွက်များ၌ တည်ရှိလေသည်။

ယွမ်စစ်မှာ သူ၏ညီမလေးအား လှပသည့် အသက်မဲ့အရာဝတ္ထုတစ်ခု မဖြစ်သွားစေချင်ပေ။

နောက်ဆုံးတွင်တော့ ယွမ်စစ်သည် သူ၏ ညီမလေး နာကျင်စေမည်ကို စိုးရိမ်သောကြောင့် သူ့အား အဝေးကနေသာ ကြည့်ဖို့ ရွေးချယ်ခဲ့၏။

သို့ပေမဲ့ ရံဖန်ရံခါ အမှန်တကယ် ရံဖန်ရံခါတွင် ယွမ်စစ် ပေါက်ကွဲမိ၏။

သူက အရသာရှိသည့် သကြားလုံးများကို သိမ်းထားကာ သူ၏ အခန်းထောင့်နေရာတိုင်း၌ မွေးပျံ့သည့် ပန်းများ၊အမွှေးပွအရုပ်များနှင့် လှပသည့် အဆင်တန်ဆာများကဲ့သို့ သူ့ညီမလေး ကြိုက်နှစ်သက်သည့် အရာများနှင့် အလှဆင်ထားလေသည်။

သူမမှာ ယုန်တွင်းပေါက်ကဲ့သို့ ပြုတ်ကျသွားသည့် အဲလစ်ကဲ့သို့ပင် ဘေးနားရှိ လှပသည့် အရာများထံမှ ဆွဲဆောင်ခံလိုက်ရပြီး သူမအတွက် ပြင်ဆင်ပေးထားသည့် ခုံလေးပေါ်တွင် ထိုင်ကာ အရသာရှိသည့် သကြားလုံးများကို စတင်စားသောက်၏။

ထိုအချိန်၌ ယွမ်စစ်မှာမူ အရိပ်ထဲမှ တိတ်တဆိတ် စောင့်ကြည့်နေကာ သူမ၏ ပြောင်းလဲမှုအားလုံးကို မှတ်ယူနေ၏။

သူမက လုံးဝသတိလွှတ်နေပြီး သူမ၏ လက်သေးသေးလေးများထဲတွင် အချိုပွဲများအား ကိုင်ထားကာ နည်းနည်းချင်း စားနေလေသည်။ သူမ၏ ခြေထောက်လေးများမှာလည်း လေထဲ၌ ရှေ့နောက် လွှဲနေ၏။

သူမ ဗိုက်အား ဖြည့်ပြီးနောက် ရေငတ်ပြေစေရန်အတွက် မွှေးပျံ့သော လက်ဖက်ရည်ရှိကာ သေချာရွေးချယ်ထားသည့် အရုပ်လေးများလည်း ရှိသည်။ သူမ၏ လက်သေးသေးလေးများမှာ နူးညံ့သည့် အမွှေးများကြားထဲသို့ နှစ်ဝင်နေကာ ထပ်ကာထပ်ကာပွတ်သပ်နေပြီး အရာအားလုံးမှာ ပြီးပြည်စုံနေခဲ့သည်။

သူမ ပင်ပန်းလာပြီး ထွက်သွားချင်လာမှသာ အခန်းတံခါးက လော့ခ်ချထားသည်ကို သူမသိသွားခဲ့၏။

ယွမ်လော့ရီ စတင်အကူအညီ တောင်းတော့သည်။

ယွမ်စစ်မှာ အိမ်အကူများအား အဝေးသို့ ပို့ထားပြီးဖြစ်၍ အကူအညီတောင်းခြင်းမှာ အသုံးမဝင်ပေ။ သူ၏ ညီအစ်ကိုများမှာလည်း အိမ်မှာ မရှိကြချေ။ ကြီးမားသော ယွမ်အိမ်တော်အတွင်း၌ သူတို့ နှစ်ဦးသားရှိ၏။

သူမ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ငိုသံပြောင်းသွားကာ ဘောလုံးလေးကဲ့သို့ ကွေးကွေးလေး နေနေပြီး မျက်ရည်များမှာလည်း ဆက်တိုက်ကျနေခဲ့သည်။

အချိန်မှာလည်း တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွား၏။

ငိုသံမှာ ရုတ်ခြည်း ရပ်သွားခဲ့သည်။

ယွမ်လော့ရီ ကြမ်းပြင်ပေါ်မှ ကုန်းထကာ သူမ၏ မျက်လုံးများမှာ မျက်ရည်များနှင့် တောက်ပနေဆဲဖြစ်သော်ငြား အေးစက်နေကာ ယွမ်စစ်အား ထိန်းမနိုင် သိမ်းမရ တုန်လာစေခဲ့၏။

ဘယ်လိုတောင် လှပရတာလဲ။

ရုပ်စုံမှန်ပြောင်းထဲမှာ အနက်ရောင်ပန်းတစ်ပွင့် ပွင့်လာခဲ့ပြီ။

ယွမ်စစ်မှာ ကြည့်ရှူမှုအောက်၌ ယွမ်လော့ရီမှာ စားပွဲပေါ်မှာ ဓါးအား ကောက်ကိုင်ကာ တံခါးဆီသို့ ဦးတည် လျှောက်သွားခဲ့သည်။

လွန်စွာ အန္တရာယ်များနေသည့် အခြေအနေများ၌ ရှင်သန်မှု ဗီဇမှာ အမှောင်ခြမ်းအား အလွယ်တကူ နိုးထစေပြီး သူ၏ ညီမလေးမှာလည်း အမှောင်ခြမ်းရှိနေလိမ့်မည်ဟု ယွမ်စစ် မထင်ထားခဲ့ပေ။

သုံးနှစ်အရွယ်၌ သူမမှာ ငယ်ရွယ်နေသေးကာ သူမ၏ ရိုးရှင်းသည့် ကမ္ဘာကြီးထဲ၌ အပြင်ဘက်တွင် လူဆိုးများရှိနေကာ ဝင်လာလိမ့်မည်ဟု ခံစားနေရလေသည်။

ထို့ကြောင့် သူမ ဓါးကိုင်ကာ တံခါးအနောက်၌ ရပ်နေခဲ့သည်။

All Chapters