← Chapters

အခန်း (၉၈)

Vol. 10 Ch. 98

အခန်း (၉၈)

Vol. 10 Ch. 98

လူ့သဘောသဘာဝ၏ ရက်စက်ကြမ်းကြုတ်မှုဆိုသည်မှာ အဆုံးမရှိသောကြောင့် ၎င်းကို စမ်းသပ်ရန် ဘယ်သောအခါမျှ မစွန့်စားသင့်ပေ။

ယွမ်လော့ရီ ဤအချက်ကို ကောင်းစွာ သိသည်။ သူမမှာ နာကျင်စွာ သေဆုံးခြင်းကို အရင်ကအကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရဖူး၏။ သူမ အိပ်ပျော်သွားသည့်အချိန်တိုင်း ထို မှတ်ဉာဏ် အပိုင်းအစများက ပြန်ပေါ်လာပြီး ဝေဒနာများကို အကြိမ်ကြိမ် ပြန်လည် ခံစားစေသည်။

အရှင်လတ်လတ်မီးရှို့အသတ်ခံရခြင်း၊ အရှင်လတ်လတ် မြေမြှုပ်ခံရခြင်း၊ ခေါင်းဖြတ်ခံရခြင်း၊ ရေနစ်သေဆုံးခြင်း၊ ပြုတ်ကျသေဆုံးခြင်း…

လူတို့က သူမကို သတ်လိုကြခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်သည် - ငွေကြေး၊ ဂုဏ်သိက္ခာ၊ အလှအပ၊ မနာလိုမှု စသည်ဖြင့် စာရင်းမှာ ရှည်လျားလှသည်။

အကယ်၍ အဆင့်သတ်မှတ်ရမည်ဆိုလျှင် ယွမ်လော့ရီအတွက် လည်ပင်းညှစ်သတ်ခံရခြင်းမှာ အဆိုးဆုံးဟု ခံစားရသည်။

အသက်ရှူကျပ်ပြီးနောက် ခန္ဓာကိုယ်အတွင်းမှ အင်္ဂါအစိတ်အပိုင်းအားလုံးက နာကျင်ကိုက်ခဲနေသည်မှာ ဓါးအမြောက်အမြားက ခန္ဓာကိုယ်ကို ထိုးဖောက်ထားနေသလိုပင်ဖြစ်သည်။

သေဆုံးသွားရန် ခန္ဓာကိုယ်၏ တုံ့ပြန်မှုမှာ နာကျင်ဖွယ်ရာ နှေးကွေးပြီး ပိုဆိုးသည်မှာ ထိုဖြစ်စဉ်တစ်လျှောက်လုံး သူမ သတိရှိနေခြင်းပင်။

သူမသည် အသက်ရှင်ရန် အသည်းအသန် ရုန်းကန်ခဲ့ရပြီး သူမ၏ လက်ချောင်းများက မြေပြင်ပေါ်တွင် သွေးထွက်သံယို ဖြစ်တဲ့အထိကုတ်ခြစ်ပြီး ပူပြင်းသော မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာပြီး သူမ၏ မျက်လုံးများက တံခါးကို စိုက်ကြည့်နေခဲ့ကာ ထိုနေရာတွင် သူမ၏ ကိုကို ပေါ်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

သူမ ထိုလူများကို မမုန်းဘူးဟု ပြောဖို့ရာ မဖြစ်နိုင်ပေ။ သူမသည်လည်း ထိုလူများကို ပြန်ပေးဆပ်စေချင်သည်။

ထို့ကြောင့် သူမ၏ အစ်ကို များ လူသတ်သောအခါ ယွမ်လော့ရီ မည်သည့်အခါကမျှ မတားဆီးခဲ့ချေ။

အချိန်ခရီး အကြိမ်ကြိမ် သွားလာပြီးနောက် သူမသည် ကြောက်လန့်တုန်လှုပ်နေသော အခြေအနေမှ အေးဆေးတည်ငြိမ်လာပြီး သွေးနံ့နှင့်ပင် ရင်းနှီးကျွမ်းဝင်လာခဲ့၏။

လူသတ်လိုသည့် ဗီဇမှာ လတ်ဆတ်သော သွေးရနံ့ကြောင့် ဆွဲဆောင်ခံခဲ့ရသည်။

ယခု ယွမ်လော့ရီက လှောင်အိမ်ထဲရှိ ကျန်းရွှင့်ယင်းအား စိုက်ကြည့်နေခဲ့သည်။

သူမ ဘယ်လိုလုပ်ပြီး ဒုတိယကိုကို နဲ့ တတိယကိုကို ကို အဲ့လို အသရေဖျက်နိုင်ရတာလဲ။

သူမသည် ဤအတွက် ပြန်ပေးဆပ်သင့်သည်…

ယွမ်စစ် က ယွမ်လော့ရီ ၏ ဘေးတွင် ရပ်နေလျက် ဓားမြှောင်တစ်ချောင်းကို ကျော့ရှင်းစွာ ကမ်းလှမ်းလိုက်၏။ ၎င်းမှာ သေးငယ်ပြီး နူးညံ့သိမ်မွေ့ကာ လက်ကိုင်သည် လှပသော ပုံစံများဖြင့် ရှုပ်ထွေးစွာ ထွင်းထုထားပြီး ဓားသွားများမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြတ်သား၍ တောက်ပနေသည်။

၎င်းမှာ ဖိတ်ခေါ် နေခြင်းတစ်ခုပင်။

သူမသည် ဓားမြှောင်ကို ယူကာ အမှောင်ထုထဲသို့ ခုန်ဆင်းလိုက်ပါက ထူးဆန်းသော မီးခိုးရောင် မဟုတ်တော့ဘဲ သူမ၏ ကိုကို များနှင့် အရောင်တူ ဖြစ်လာမည်ဖြစ်သည်။

ယွမ်စစ် ၏ အသံမှာ ဖမ်းစားနိုင်လောက်အောင် ဆွဲဆောင်မှုရှိ‌နေ၏- "ကိုကိုတို့က ညီမလေးကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်သလို ဘယ်တော့မှလည်း ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး ဒါပေမဲ့ သူတို့ကတော့ အရမ်း ညစ်ပတ်တဲ့လူတွေ ကိုကိုတို့နဲ့ သက်ဆိုင်တဲ့ ညီမလေးက သူတို့လို ဘာလို့ ဖြစ်သွားရမှာလဲ"

ဓားမြှောင်မှာ ပို၍နီးကပ်လာသည်။

"ကိုကိုတို့ တစ်ယောက်ကို တစ်ယောက် ကာကွယ်ကြမယ်..."

"သူက ကိုကိုတို့ရဲ့ ဘုံရန်သူပဲ ကိုကိုတို့အတွက် သူ့ကို သတ်ပေးပါ"

ဓားမြှောင်၏ ဆွဲဆောင်မှုမှာ ရုတ်တရက် ပိုမိုအားကောင်းလာသည်။ ယွမ်လော့ရီမှာ သူမ၏ လက်ကို မသိစိတ်က ကမ်းလိုက်ပြီး လက်ချောင်းများက ဓားလက်ကိုင်ပေါ်ရှိ မညီညာသော ထွင်းထုထားသည့် ပုံများကို ပွတ်သပ်လိုက်မိသည်။

၎င်းအား ထိတွေ့လိုက်သောအခါ အေးစက်နေပြီး ယွမ်လော့ရီ ၏ အကြည့်မှာလည်း တဖြည်းဖြည်း ပိုမို အေးစက်လာခဲ့သည်။

သူမ၏ လက်ချောင်းများက ဓားလက်ကိုင်ပေါ်ရှိ ပုံစံများကို တဖြေးဖြေးပွတ်ကာ အောက်သို့ ဆွဲချသွားသည်။ သူမက ဓားမြှောင်ကို ကောက်ယူတော့မည်။

"လော့ရီ အမှောင်ထုက နင့်ကို လွှမ်းမိုးသွားမှာမျိုး ခွင့် မပြုပါနဲ့..."

နားထဲတွင် ပျံ့လွင့်နေသော ဝိုးတဝါး အသံတစ်ခုက ယွမ်လော့ရီ ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာပြီး ရှင်းပြရန် မတတ်နိုင်သော ဝမ်းနည်းမှုကို လှုံ့ဆော်ပေးလာသည်။ သူမ ရပ်တန့်သွားပြီး သတိပြန်ဝင်လာ၏။

ထူးဆန်းသော ခံစားမှုတစ်ခု ပေါ်ပေါက်လာသည်။ မသိစိတ်ကြောင့် သူမမှာ ယွမ်စစ် ၏ လမ်းလွဲသို့ ရောက်ခဲ့ရ၏။

ယွမ်စစ် က သူမ၏ ပြောင်းလဲမှုကို သတိပြုမိသွားပြီး အမြဲလိုလို ပြုံးလေ့ရှိသော ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ပြုံးလိုက်သည်- "ဘာဖြစ်တာလဲ"

ခဏတာ စဉ်းစားပြီးနောက် ယွမ်လော့ရီ က ပြန်ဖြေ၏။

"စတုတ္ထကိုကို၊ အနာဂတ်မှာ သမီး တခြား ကိုကို တွေကို ထပ်တွေ့နိုင်သေးလား”

ယွမ်စစ်က ဆိုးသွမ်းသော ရယ်သံကို ပြုလိုက်ပြီး ယွမ်လော့ရီ ၏ အနီးသို့ ကိုင်းလိုက်သဖြင့် သူ၏ လည်ချောင်းနက်ရှိုင်းရာမှ ထွက်ပေါ်လာသော အေးစက်ပြီး နိမ့်ရှိုင်းသည့် ရယ်သံမှာ သူ၏ ပိန်ပါးသော ရင်ဘတ်ထဲတွင် ပဲ့တင်ထပ်နေသည်ကို သူမ ခံစားနိုင်သည်။

သူ၏ အေးစက်သော အသက်ရှုသံက ငှက်မွေးများကဲ့သို့ သူမ၏ အရေပြားနှင့် ထိတွေ့နေ၏။

သူ၏ အရိုးစုကဲ့သို့ လက်ချောင်းများ၊ ကျွမ်းကျင်သော လက်များဖြင့် ဓားမြှောင်ကို လျင်မြန်စွာ ဖွက်လိုက်သည်။ သူ၏ ညီမက သူ့အား မြင်သွားပြီဖြစ်ကြောင်း ယွမ်စစ် သိလိုက်၏။ ယွမ်လော့ရီမှာ ဓားမြှောင်ကို ကောက်ယူမည် မဟုတ်ပေ။ ဆွဲဆောင်ရန် သူ၏ ကြိုးပမ်းမှုသည် ယခုတစ်ကြိမ်တွင်လည်း မအောင်မြင်ခဲ့ချေ။

သူ၏ ထိန်းချုပ်လိုစိတ် ပြင်းထန်မှုက ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လွတ်လပ်မှုကို ကန့်သတ်ခြင်းသာမက သူ့ ညီမ၏ စိတ်ကိုပါ ထိန်းချုပ်လိုခြင်းအထိ ပေါ်လွင်နေသည်။

သူမက သူဖန်တီးထားသော အမှောင်ထဲသို့နစ်မြုပ်သွားမည်။

သူမသည် သူ ဂရုတစိုက် ဖန်တီးထားသော ကမ္ဘာတွင် ဆန္ဒအလျောက် ဆက်လက် နေထိုင်မည်။

ယွမ်စစ် က လေးစားစွာ မှတ်ချက်ပြုလာ၏။

"ကိုကို့ရဲ့ ချစ်ညီမလေး မင်းက တကယ်ကို ချစ်စရာကောင်းပြီး အရမ်းလည်း ထက်မြက်တဲ့ မြွေငယ်လေးတစ်ကောင်ပဲ”

"ကိုကို နည်းနည်း ကိုယ်ကျိုးရှာတာကိုတော့ ဝန်ခံရမယ် သူတို့ ရောက်လာရင် ကိုကို သူတို့ကို သတ်ပစ်မိမှာပဲ"

"ကိုကိုရဲ့ သွေးသားရင်း ညီအစ်ကို တွေအပေါ်မှာတော့ ကိုကိုက ဟိုမိုက်မဲတဲ့ မိန်းကလေးထက် ပိုအန္တရာယ်ရှိတယ်..."

ထိုင်ခုံ၏ လက်တင်ခုံကို မှီလျက် ယွမ်စစ် သည် ဧရာမမြွေဟောက်တစ်ကောင်ကဲ့သို့ ယွမ်လော့ရီ အနီးတွင် ရစ်ပတ်ထားသည့်အတိုင်း ဖြစ်နေပြီး နီးကပ်လွန်းသော်လည်း အသက်ရှူကျပ်သည်အထိတော့ မဟုတ်သေးပေ။

သူက တိုးတိုးလေး ပြော၏။

"ကိုကိုက စိတ်ရှည်တဲ့ လူတစ်ယောက်ပါ ညီမလေးရဲ့ နှလုံးသားထဲမှာ အမှောင်ထုအပိုင်းစတစ်ခု ကျန်နေသရွေ့ ကိုကို ဆွဲထုတ်နိုင်တယ် ညီမလေးက ကိုကို့ကို အကြိမ်တိုင်းတော့ ငြင်းနိုင်မှာ မဟုတ်ဘူး"

ယွမ်လော့ရီမှာ တိတ်ဆိတ်စွာဖြင့် ပြန်လည် စိန်ခေါ်သည့် အနေဖြင့် ယွမ်စစ် ကို ပြန်ကြည့်လိုက်၏။

သူ၏ မျက်လုံးများက လှပပြီး ရှည်လျားထူထဲသော မျက်တောင်များ ရှိသော်လည်း သူ၏ အကြည့်မှာ လွှမ်းမိုးလိုပြီး ပြင်းထန်ကာ သိချင်စိတ်များဖြင့် ရောထွေးနေသည်။

သူ၏ ညီမလေးမှာ သူ့အတွက် အမြဲတစေ အံ့သြစရာများ ယူဆောင်လာတတ်၏။

သူမ ယခုတစ်ကြိမ် ဘာဖြစ်လာမည်ကို သူ သိချင်သည်။

ယွမ်လော့ရီကလည်း မယိမ်းမယိုင် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် သူ၏ အကြည့်ကို ပြန်လည် စိုက်ကြည့်လိုက်၏။

၎င်းမှာ ဉာဏ်စစ်ပွဲတစ်ခုသာ ဖြစ်သည်။ သူမ ရှုံးနိမ့်ပါက ဤနူးညံ့သော အမှောင်ထုထဲသို့ ကျရောက်သွားပြီး ဘယ်သောအခါမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူမ အနိုင်ရရမည်။

လှောင်အိမ်အတွင်းမှ ကျန်းရွှင့်ယင်းမှာ မလှမ်းမကမ်းတွင် ယွမ်စစ် နှင့် ယွမ်လော့ရီ တို့၏ စကားပြောဆိုမှုကို ကြားလိုက်ရ၏။

သူမ သေရတော့မည်ကို သိသည်။

သူမသည် ရှေ့သို့ တွားသွားကာ သံတိုင်များကို ဆွဲကိုင်လျက် အော်ဟစ်လိုက်၏။

“သမီးကို မသတ်ပါနဲ့ သမီးက အတင်းအကျပ် ခိုင်းလို့ လုပ်ခဲ့ရတာ”

"သမီးက အရမ်း ဆင်းရဲတာမို့ အသက်ရှင်ရုံလေးပဲ လိုချင်ခဲ့တာ အဲဒါ မှားလား"

"ပြီးတော့ သမီး ကောလာဟလ နည်းနည်းပဲ ဖြန့်ခဲ့တာပါ ဦးလေးတို့ တကယ် ထိခိုက်သွားတာလဲ မဟုတ်ဘူး”

"တကယ်လို့ အရမ်းဆိုးရွားတယ်ဆိုရင် သမီး ရခဲ့တဲ့ ပိုက်ဆံတွေ အကုန်လုံးကို ဦးလေးတို့ကို ပေးပါ့မယ် သမီးကို လွှတ်ပေးပါ”

သစ္စာရှိ ပရိသတ်များမှာ စိတ်မတည်မငြိမ် ဖြစ်လာသည်။ ကျန်းရွှင့်ယင်း၏ ကိုယ်ကျိုးချဲ့ ပြောဆိုမှုမှာ သူတို့ကို ဒေါသထွက်စေ၏။ သူတို့ထဲမှ အချို့က ဒေါသအပြည့်ဖြင့် ထရပ်ကာ ငြင်းခုံကြသည်။

"သူ လုပ်ခဲ့တဲ့အရာအတွက် နောင်တ မရသေးဘူးပေါ့ သူက ကျွန်တော်တို့ရဲ့ လက်ထဲ ရောက်လာတာကိုပဲ နောင်တ ရနေတာ”

"သခင် ဒီမောက်မာပြီး မိုက်မဲတဲ့ ရာဇဝတ်ကောင်ကို ကွပ်မျက်ခွင့်ပေးပါ”

"သေဆုံးသွားတာကပဲ သူမရဲ့ အပြစ်တွေကို ကျေအေး‌ပေးနိုင်လိမ့်မယ် အဲဒီအခါကျမှ ဒီကမ္ဘာကြီးမှာ တရားမျှတမှုက အနိုင်ရမှာ ကျွန်တော်တို့ သူ့ကို ငရဲကို ပို့ရမယ်”

ကျန်းရွှင့်ယင်းက သူမ၏ လက်ကို လှောင်အိမ်ထဲမှ ထုတ်ကာ ဒေါသတုန်လှုပ်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်းများဖြင့် သစ္စာရှိ ပရိသတ်သူများကို လက်ညှိုးထိုးပြရင်း

" ဦးလေးတို့ကမှ တကယ့် ရာဇဝတ်ကောင်တွေ”

"သမီးရဲ့ မိဘတွေနဲ့ မောင်လေးက ဒီကိစ္စနဲ့ ဘာမှ မပတ်သက်ဘူး ဒါပေမဲ့ ဦးလေးတို့ သူတို့ကို သတ်ပစ်ခဲ့တယ်”

"သမီးက သာမန်လူတစ်ယောက်ပါ... ဘာလို့ ဒီလိုတွေ ဖြစ်ခဲ့ရတာလဲ..."

ခန်းမထဲတွင် လှောင်ပြောင်သံ အနည်းငယ် ထွက်ပေါ်လာပြီး ကိုးကွယ်သူများက မျက်ရည်စိုနေသော ကျန်းရွှင့်ယင်း ၏ မျက်နှာကို အေးစက်စွာ ကြည့်နေကြသည်။

ဤမိန်းကလေးမှာ သူမ၏ မိုက်မဲမှုကြောင့် နောင်တရ ရမည်ကို နားမလည်ခဲ့ပေ။ ထို့အပြင် နောင်တရခြင်းကို နားမလည်သောကြောင့်သာ သူမ သေသင့်သည်။

ယွမ်စစ် ၏ အာရုံမှာ ကျန်းရွှင့်ယင်း အပေါ်တွင် မဟုတ်ဘဲ သူ၏ ညီမကို အနီးကပ် လေ့လာရန်၊ သူမ၏ အတွင်းစိတ်ကမ္ဘာကို တစ်ချက် ကြည့်ရန်နှင့် အခွင့်အရေးရှာရန်၌သာ အပြည့်အဝ အာရုံစိုက်နေ၏။

ထိုသို့သော စကားလုံးများကို ကြားရသောအခါ မည်သူမဆို ဒေါသထွက်မည်ပင်။

သူ၏ ညီမမှာ ခေါင်းကို ငုံ့ထားပြီး နဖူးကြောများ တင်းကျပ်နေကာ သူမ၏ လက်သေးသေးလေးများက လက်မောင်းကို ဆုပ်ကိုင်ထားသည်။

ရှင်းရှင်းလင်းလင်းပင် သူမသည်လည်း ကျန်းရွှင့်ယင်းအား မုန်းတီးနေသည်မှာ ထင်ရှား၏။

သူမမှာ ရုန်းကန်နေဆဲ ဖြစ်သည်။ အကယ်၍ သူမက အမှောင်ထုကို လက်ခံ၍ ထိုအမျိုးသမီးကို သတ်ပစ်လိုက်ပါက ဤကဲ့သို့ ခံစားရမည် မဟုတ်ပေ။

ယွမ်စစ်က သူ၏ လက်ကို ယွမ်လော့ရီ ၏ ပခုံးပေါ် တင်လိုက်ပြီး သူ့လက်ကို အနည်းငယ် တင်းကျပ်လိုက်ကာ ဆက်လက် သွေးဆောင်နေသည်- "ကြည့်ပါဦး သူ လူတွေကို သတ်ပြီးသွားပြီ ဒါတောင် သာမန်လူတစ်ယောက်လို့ ဆက်ပြီး ပြောနေတုန်းပဲ"

"အပြင်က လူတွေကတော့ သူ့ကို ကာကွယ်ပေးကြပြီး သူရဲကောင်းအဖြစ် မြင်ကြလိမ့်မယ် ကိုကိုတို့က ကိုကိုတို့ရဲ့ နည်းလမ်းနဲ့ပဲ တရားမျှတမှုကို လုပ်နိုင်တယ်"

"ပြီးတော့ သူ သေသွားရင် ညီမလေး လွတ်မြောက်သွားသလို ခံစားရလိမ့်မယ် ဘာလို့လဲဆိုတော့ ညီမလေးက ကိုကိုတို့ထဲက တစ်ယောက် ဖြစ်နေလို့ပဲ"

“ဖြန်း”

ယွမ်စစ် လက်ခုပ်တီးလိုက်ရာ ပရိသတ်အားလုံးက သူ့အား ရိုသေစွာ ကြည့်လိုက်ကြပြီး နတ်ဘုရား၏ ညွှန်ကြားချက်များကို လုံးဝ နာခံကြတော့မည်။

"မင်းတို့ရဲ့ သစ္စာရှိမှုကို ပြလိုက်ကြ”

ကိုးကွယ်သူများသည် ဤအမိန့်ကို စောင့်ဆိုင်းနေခဲ့ကြသူများ ဖြစ်သဖြင့် ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။

All Chapters