← Chapters

အခန်း (၉၉)

Vol. 10 Ch. 99

အခန်း (၉၉)

Vol. 10 Ch. 99

ပွဲတော်သည် တရားဝင် စတင်ခဲ့ပြီဖြစ်သည်။

ယွမ်စစ်သည် အေးစက်တင်းမာပြီး ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုစိတ်များ ပြည့်နှက်နေသည့်​ အပြုံးတစ်ခုကို ခပ်ရေးရေးပြုံးလိုက်၏။

သူသည် ခမ်းနားထည်ဝါသည့် ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြူဖျော့ခန့်ညားကာ မာနကြီးပုံပေါက်နေသဖြင့်

ဖြစ်လာမည့်လူသတ်ပွဲကို စောင့်ကြည့်နေသော မြင့်မြတ်သည့် တော်ဝင်ဧည့်သည်တစ်ဦးအလား။

သူ၏ညီမကို ထိခိုက်စေခဲ့သော မည်သူ့ကိုမဆို ယွမ်စစ်

ကိုယ်တိုင် သူတို့၏သေဆုံးမှုအတွက်စီစဉ်မည်။

နောက်ဆုံးတစ်ကြိမ်က သူ၏ညီမကို မကာကွယ်နိုင်ခဲ့ပေ။ ဤတစ်ကြိမ်တွင်မူ သူမဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမကို သူ၏လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမည်။

သူ၏ဘေးတွင် ယွမ်လော့ရီက ကုလားထိုင်တစ်ခုတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူမမျက်လုံးများသည် အမြဲတမ်း အောက်သို့ကျဆင်းနေကာ လှောင်အိမ်ထဲမှ ကျန်းရွှင်းယင်ကို ကြည့်ရန် ငြင်းဆန်နေ၏။

ယွမ်စစ်က ပြောလိုက်သည်။ “မော့ကြည့်လိုက်၊ ဒီအပြစ်ရှိတဲ့ သိုးငယ်လေးက ညီမလေးအတွက် အထူးပြင်ဆင်ထားတာ”

ယွမ်လော့ရီသည် မတုံ့ပြန်ခဲ့ပေ။

ယွမ်စစ် ယွမ်လော့ရီကို အလွယ်တကူ​ အတင်းအကျပ် ကြည့်ခိုင်းနိုင်ပြီး သွေးထွက်သံယိုမြင်ကွင်းများကို ပိုမြင်လေလေ သူမ အမှောင်ထုထဲသို့ ပိုလျင်မြန်စွာ ကျဆင်းသွားလေလေ ဖြစ်၏။

သို့သော် ယွမ်စစ် ထိုသို့မလုပ်ခဲ့ပေ။ သူမကို သနားမိသောကြောင့် သူ​ သူမအပေါ် စိတ်ရှည်နိုင်ပါသေးသည်။

ကျန်းရွှင်းယင်က အော်ဟစ်လိုက်၏။ “အား အား အား၊ နင်တို့ငါ့ကို သတ်လို့မရဘူး”

မည်သူမျှ သူမကို ဂရုမစိုက်ခဲ့ချေ။ နောက်လိုက်များသည် အဖြူရောင်ဝတ်ရုံများကို ဝတ်ထားပြီး သူတို့မျက်နှာများကို ခေါင်းစွပ်များဖြင့်

အရိပ်ထဲတွင် ဖုံးကွယ်နေကာ သူတို့၏လက်ထဲတွင် တလက်လက်တောက်ပနေသော ဓားများ ပေါ်လာသည်။ တည်ငြိမ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် လေထုအတွင်းမှာပင် သူတို့က ကျန်းရွှင်းယင်ထံသို့ ချဉ်းကပ်လာကြသည်။

လောဘနှင့် လိုချင်တပ်မက်မှုတို့က ကျန်းရွှင်းယင်ကို သစ္စာဖောက်စေခဲ့သည်။ ကာယဆရာက သူမ၏အသက်ကို ကယ်တင်ခဲ့သော်လည်း သူမသည် ငွေအတွက်နှင့် သူ့ကိုသတ်ခဲ့၏။

ယွမ်ဖာ့(ဒုတိယအစ်ကို)နှင့် ယွမ်ရုံ(တတိယအစ်ကို)တို့သည် သူမ၏အသက်ကို ချမ်းသာပေးခဲ့သော်လည်း သူမက သူတို့ကို တဏှာရူး​များဟု အသရေဖျက်ခဲ့သည်။

ယွမ်လော့ရီကသူမကို ဘယ်သောအခါမှ မထိခိုက်ခဲ့သော်လည်း သူမသည် ယွမ်လော့ရီကိုအဆိုးရွားဆုံးသော စကားလုံးများဖြင့် အဆုံးမရှိ အသရေဖျက်ခဲ့သည်။

ဤယိုယွင်းကာတရားမျှတမှုကင်းမဲ့နေသည့်ခေတ်တွင် ယွမ်စစ်၏ နောက်လိုက်များကသာ သူမကို မဖမ်းဆီးခဲ့ပါက ကျန်းရွှင်းယင်သည် အပြစ်ဒဏ်မှ လွတ်မြောက်ပြီး စည်းစိမ်ဥစ္စာနှင့် ဂုဏ်ကျက်သရေကို ခံစားနေရဦးမည်။

ယခုမူ ကျန်းရွှင်းယင်သည် သူမ၏မကောင်းမှုများအတွက် အဖိုးအခကို ပြန်ပေးဆပ်ရတော့မည်ဖြစ်၏။

“ကယ်ကြပါဦး၊ တစ်ယောက်ယောက်၊ ကယ်ကြပါဦး၊ ဒီလူတွေက ရူးနေပြီ”

ပြင်းထန်သည့် ကြောက်ရွံ့မှုက ကျန်းရွှင်းယင်ကို ရွှံ့နွံတစ်ခုထဲသို့ နစ်မြုပ်စေခဲ့သည်။ သူမ၏မျက်လုံးများမှာ ပြူးကျယ်နေပြီး ထိတ်လန့်တကြားဖြင့် နေရာတစ်ခုလုံးကို လိုက်ကြည့်နေရင်း နောက်ဆုံးတွင် ယွမ်လော့ရီအပေါ်သို့ ကျရောက်သွား၏။

“ငါနင့်ကို ခက်ရင်းတစ်ချောင်း ပေးခဲ့တယ်လေ”

“နင်ဒီလို ကျေးဇူးကန်းလို့မရဘူး၊ မြန်မြန်၊ ငါ့ကိုကယ်၊ ဒီရူးနေတဲ့လူတွေကို ရပ်ခိုင်းလိုက်စမ်း”

အရပ်ရပ်မှ နောက်လိုက်များသည် တဖြည်းဖြည်း ချဉ်းကပ်လာပြီး ဝန်းရံမှုကို တဖြည်းဖြည်း ကျဉ်းမြောင်းလာစေသည်။ ဓားသွားများ၏ အေးစက်သည့်တောက်ပမှုသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်ရည်များ စီးကျကာ မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေသော ကျန်းရွှင်းယင်၏ မျက်နှာကို တောက်ပနေစေသည်။

“ကျွီ”

သံတံခါး ပွင့်လာပြီး လက်အများအပြားက သူမကို ဆွဲကိုင်ကာ အပြင်သို့ ဆွဲထုတ်သွားကြသည်။

ကျန်းရွှင်းယင်အပေါ် ပထမဆုံးဓား ကျရောက်လာသည့်တိုင် သူမသည် နောင်တရခြင်း အရိပ်အယောင်မပြခဲ့ပေ။

သူမကိုယ်သူမ တွေးလိုက်သည်။

အာ၊ သူမ၏ဘဝက တကယ်ကို ကံမကောင်းပါလား။

ဆင်းရဲသော မိဘများက သူမ၏ထူးချွန်သည့်ပညာရေးကို ဘယ်သောအခါမှ မထောက်ပံ့နိုင်ခဲ့သည့်အတွက် ကျောင်းရှိ ချမ်းသာသောမိန်းကလေးများ၏ အနိုင်ကျင့်မှုကို သူမခံခဲ့ရသည်။

နောက်ဆုံး သူမငွေရှိလာသောအခါ သူများအောက်ကျို့ခံစရာမလိုတော့ဘဲ ထိုမိန်းကလေးများကဲ့သို့ပင် ခမ်းနားထည်ဝါစွာနေနိုင်ခဲ့၏။သို့သော် ရက်အနည်းငယ်အကြာမှာပင် ကာယဆရာက ပြဿနာရှာရန် ရောက်လာခဲ့သည်။

အမျိုးသမီးတစ်ဦးအနေဖြင့် သူမ သူ့ကိုသတ်ခဲ့ပြီး သူ့ကိုမြှုပ်ရန် တစ်ညလုံး တွင်းတူးခဲ့ရကာ အမှန်ပင် ပင်ပန်းနွမ်းနယ်ခဲ့ရ၏။

သူမ၏ဖုန်းကို ကောက်ကိုင်လိုက်ရာ ကာယဆရာ၏ မြေးမလေးက သူဘာကြောင့် အိမ်ပြန်မလာသေးသနည်းဟု စာပို့မေးမြန်းနေသည်။ သူ၌ ပျော်ရွှင်စရာမိသားစုတစ်ခု ရှိပြီး သူမမှာမူ ပျော်ရွှင်မှုကို ဘယ်သောအခါမှ မဆုပ်ကိုင်နိုင်ခဲ့သည်မှာ​ အလွန်မတရားလှပါသည်။

ဤကမ္ဘာလောကတွင် အမှန်တကယ် ကောင်းသည့်အရာ ဘာတစ်ခုမှမရှိဘဲ လူတိုင်းက သူမကို အနှောင့်အယှက်ပေးနေကြ၏။

ဓားများ ပိုမိုကျရောက်လာပြီး မြေပြင်ပေါ်တွင် သွေးများ ပြန့်ကျဲလာ၏။ နာကျင်မှု၊ အော်ဟစ်သံများ၊ ငိုရှိုက်သံများနှင့် အဆုံးတွင် ကျန်းရွှင်းယင် သေဆုံးသွားသည်နှင့်အမျှ အရာအားလုံး တိတ်ဆိတ်သွားသည်။

နောက်လိုက်များက သူတို့၏သွေးစွန်းနေသော ဓားများကို မြှောက်ကာ မရပ်မနား ရွတ်ဆိုကြ၏။

“သွေးပူဇော်မယ်”

“သွေးပူဇော်မယ်”

“သွေးပူဇော်မယ်”

ဤသည်မှာ အကောင်းဆုံးသော ယဇ်ပူဇော်သံဖြစ်သည်။ မကောင်းမှုအားလုံးမှ ဆောင်ကြဉ်းလာသော ဝမ်းနည်းဖွယ်အဖြစ်အပျက်သည် နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့လေပြီ။

ပွဲတော်သည် ခမ်းနားထည်ဝါလှပြီး

နောက်လိုက်များသည် သူတို့၏သစ္စာစောင့်သိမှုကို အပြည့်အဝပြသသည့်အနေဖြင့်

သူတို့၏ကိုယ်ပိုင်ဓားများဖြင့် တရားမျှတမှုကို အကောင်အထည်ဖော်ခဲ့ကြသည်။

မနီးမဝေးတွင် ယွမ်လော့ရီသည် ကုလားထိုင်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။

ကျန်းရွှင်းယင်သည် ဤကံကြမ္မာကို ထိုက်တန်သော ကိုယ်ကျင့်တရားမရှိသည့် ဗီလိန်တစ်ဦးဖြစ်သော်လည်း ယွမ်လော့ရီ​သည် ဒီနောက်လိုက်များကဲ့သို့ လူသတ်ခြင်းကို မနှစ်သက်ပါချေ။

စတုတ္ထ​အစ်ကိုသည်လည်း​ များစွာပြောင်းလဲသွားခဲ့ကာ လူသတ်ခြင်းကို နှစ်သက်လာသည်။

ယွမ်လော့ရီ သူ၏ ကလေးဘဝပုံစံကို မှတ်မိနေပါသေးသည်။ သူသည်အမြဲတမ်း အိပ်ရာထနောက်ကျပြီး ယွမ်လော့ရီကို တင်းတင်းကျပ်ကျပ် တွယ်ကပ်ကာ ယွမ်မိသားစု၏ အတွင်းပိုင်းပဋိပက္ခများတွင် ပါဝင်ရန် စိတ်ဝင်စားမှုမရှိခဲ့ပေ။

ယိုယွင်းပျက်စီးသွားသည့် ယွမ်စစ်သည် လုံးဝကွဲပြားသွား၏။​ ခမ်းနားထည်ဝါပြီး ပျင်းရိကာ သူ၏ရက်စက်ကြမ်းကြုတ်တဲ့သွေးထွက်သံယိုဘက်ခြမ်းကို အပြည့်အဝပြသနေသည်။ သူ့ဘေးတွင် ရပ်နေရုံမျှဖြင့် ယွမ်လော့ရီသည် လွှမ်းမိုးနိုင်သော ဖိနှိပ်မှုစွမ်းအားတစ်ခုကို ခံစားနေရ၏။

ယွမ်စစ်က ယွမ်လော့ရီအား ပြောလိုက်၏။​ “အခု မော့ကြည့်လို့ရပြီ၊ သူသေသွားပြီ”

ယွမ်လော့ရီ မလှုပ်ရှားခဲ့ပေ။

ယွမ်စစ် ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ ရှင်းရှင်းလင်းလင်းပင် သူ၏ညီမသည် သူ့ကို ခုခံနေပြီး

အခြားယွမ်မိသားစုဝင်များနှင့် နှိုင်းယှဉ်လျှင် သူ၏ညီမကို ဂရုစိုက်ပုံသည် အနည်းငယ် အစွန်းရောက်ကြောင်း သူဝန်ခံရပေမည်။

အစ်ကိုကြီး ယွမ်အောင်းသာဆိုလျှင် ယွမ်လော့ရီ လွတ်လပ်စွာနေထိုင်နိုင်ရန် သူ့ကိုယ်သူ ဒုက္ခခံပေလိမ့်မည်။

ဒုတိယအစ်ကို ယွမ်ဖာ့သာဆိုလျှင် သူ၏ညီမကို ဤသို့သော သွေးထွက်သံယိုမြင်ကွင်းများကို ဘယ်တော့မှ မျက်မြင်ကိုယ်တွေ့ ကြုံရစေမည်မဟုတ်ပေ။

လူသတ်သမား တတိယအစ်ကို ယွမ်ရုံပင်လျှင် ယွမ်လော့ရီ စိတ်သောကရောက်မည်ကို မခံနိုင်ဘဲ သူမကိုကာကွယ်ရန် ဘာမဆို လုပ်ပေလိမ့်မည်။

သို့သော် ယွမ်စစ်​ ဤသို့လုပ်ရပေမည်။ အမှောင်ထုထဲသို့ ကျဆင်းခြင်းသည် မသာယာလှပေ။ သူတို့၏မောင်နှမဆက်ဆံရေးကိုပင် ထိခိုက်စေသော်လည်း သူ၏ညီမသည် နောက်ဆုံးတွင် သူတို့၏ကမ္ဘာသို့ ဝင်ရောက်လာပေလိမ့်မည်။

အခြေအနေများက ဤသို့ဖြစ်လာပြီဖြစ်ရာ ယွမ်စစ်တွင် သူမကို ထိန်းချုပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပုံပေါ်၏။

သူသည် ယွမ်လော့ရီထံသို့ လျှောက်သွားပြီး သူမ၏မျက်လုံးနှင့် ဆုံရန် ဖြည်းညင်းစွာ ငုတ်တုတ်ထိုင်ချကာ သူမ၏လက်ငယ်လေးကို ဆုပ်ကိုင်လိုက်သည်။

“ညီမလေး​ ကိုကို့ကိုလက်ခံအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျေးဇူးပြုပြီးပြောပြပါလား”

“သမီး​ ထွက်သွားချင်တယ်”

“ဟင့်အင်း၊ မင်းအမြဲတမ်း ကိုကို့ဘေးမှာရှိနေရမယ်၊ ကိုကို​ ညီမလေးအတွက် ပြည့်စုံတဲ့ကမ္ဘာတစ်ခု ဖန်တီးပေးမယ်”

“အရုပ်အိမ်တစ်ခုလိုလား”

“ဟုတ်တယ်၊ လှပပြီး ဘေးကင်းတယ်၊ ညီမလေးကြိုက်မှာပါ”

ယွမ်လော့ရီတစ်ယောက် ကလေးဘဝက ယွမ်စစ် သူမကို အခန်းတစ်ခန်းထဲတွင် ပိတ်လှောင်ထားခဲ့သည်ကို ပြန်လည်သတိရလိုက်သည်။ ထိုအခန်းသည်လည်း ပြည့်စုံသည့်အခန်းတစ်ခန်းဖြစ်သည်။ယွမ်လော့ရီက အလွန်မြတ်နိုးသော​ အရုပ်များကို ဂရုတစိုက်ရွေးချယ်ထားပြီး မုန့်များအားလုံးမှာလည်း သူမအကြိုက်များသာ ဖြစ်၏။

ယွမ်စစ်သည် သူမအလိုချင်ဆုံးအရာကို အမြဲတမ်း သိသည်။

ယခုမှသာ ယွမ်လော့ရီသည် ဗီလိန်က အပြင်ဘက်တွင်မဟုတ်ဘဲ သူမ၏ရှေ့တွင်ပင် ရှိနေကြောင်း သိလိုက်ရ၏။

သူမက ပြောသည်။ “သမီး ကိုကို့ကို ရင်ဆိုင်ဖို့ ဓားအသေးတစ်ချောင်း ယူလာမယ်”

ယွမ်စစ် ပြုံးလိုက်သည်။

အေးစက်သည့် ဓားမြှောင်ကို ယွမ်လော့ရီ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ယွမ်စစ်သည် ကုလားထိုင်ကို လက်တစ်ဖက်ဖြင့် မှီကာ အနားသို့ တဖြည်းဖြည်း တိုးကပ်လာသည်။ သူသည်​ မကြောက်ရွံ့ဘဲ စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေ၏။

သူ၏သွယ်လျသော လက်ချောင်းများက ကော်လံကို ဖြေလျှော့လိုက်ပြီး ပိန်လှီနေသည့် ရင်ဘတ်ကို ထုတ်ဖော်ပြသလိုက်သည်။

“စမ်းကြည့်လို့ရတယ်”

ယွမ်စစ်သည် ယွမ်လော့ရီ၏ လက်ကိုယူကာ ဓားမြှောင်ကို သူ၏ရင်ဘတ်သို့ ဖိကပ်ရင်း သူမ၏နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်၏။

“တကယ်ပဲ ကိုကို့ကိုသတ်ချင်တယ်ဆိုရင် ညီမလေးရဲ့ပထမဆုံးသားကောင်ဖြစ်ရတာက ကိစ္စမရှိပါဘူး”

ယွမ်လော့ရီ၏ လက်ချောင်းများ အနည်းငယ်တုန်ယင်သွားပြီး စူးရှသည့်ဓားသွားသည် သူ၏နူးညံ့သောအရေပြားကို ပြတ်တောက်သွားရာ သွေးနီရောင်ပုတီးစေ့ငယ်လေးများ ထွက်ပေါ်လာပြီး သူမ၏အဖြူရောင်ဝတ်စုံပေါ်သို့ တစက်ချင်းကျလာသည်။

ရုတ်တရက် သူမ၏လက်ကို ပြန်ဆွဲလိုက်ပြီး ယွမ်လော့ရီ၏ နှလုံးသည် ဒိန်းခနဲ ခုန်သွားကာ မေးလိုက်သည်။ “ဘာလို့ ဒီလိုလုပ်ရတာလဲ”

ယွမ်စစ် နက်ရှိုင်းစွာ ရယ်မောလိုက်၏။သူ၏အမူအရာသည် ဖရိုဖရဲဖြစ်နေပြီး ရူးသွပ်နေကာ တစ်စုံတစ်ယောက်၏ ကျောရိုးကို စိမ့်သွားစေသော ကြောက်မက်ဖွယ်ကောင်းသည့် ဆိုးယုတ်မှုကို ထုတ်လွှင့်နေသည်။

“ကိုကို့ရဲ့ညီမလေးရယ်၊ မင်းအတွက် ကိုကိုဘာမဆိုပေးဆပ်နိုင်တယ်၊ အမှောင်ထုထဲကို ကျဆင်းသွားချိန်မှာ​ ကိုကို့အသက်ကိုတောင်မှပေါ့"

All Chapters