← Chapters

အဲဒီလိုလူမျိုးမရှိ

Vol. 30 Ch. 291

အဲဒီလိုလူမျိုးမရှိ

Vol. 30 Ch. 291

အရှင်မ အလိုရှိသော အခင်းအကျင်းပြားမှာ မြေပြင်(၁၂)ဖြာ နဂါးချုပ်ရွှေသံကြိုး အခင်းအကျင်းတွင် အသုံးပြုသည့် ကျောက်ပြားနှင့် မတူပေ။

ထိုကျောက်ပြားကို ရွှေရည်စိမ်ထားပြီး မျက်နှာပြင်ပေါ်တွင် ကြယ်တာရာများ၊ လမင်းနှင့် ဂလက်ဆီအလှတရားများ ဝေ့ဝဲနေသည်။ ၎င်းနှင့် ယှဉ်လိုက်လျှင် ခုနက အခင်းအကျင်းမှာ ကျောက်ကောင်းဘေးနားမှ ကျောက်စရစ်ခဲကဲ့သို့ပင်။

ဝမ်ရှိုယီက အရှင်မသည် အခင်းအကျင်းပြားကို လက်နှစ်ဖက်ဖြင့် မြှောက်လိုက်သည်ကို ကြည့်နေမိသည်။ သူ၏ ကျယ်ပြောလှသော စိတ်ဝိညာဉ်ချီစွမ်းအင်များ ကျောက်ပြားထဲ စီးဝင်သွားသည်နှင့်အမျှ ထိုက်ရှန်းတောင် တစ်ခုလုံး တုန်ခါသွားသလို ခံစားရသည်။ ကြယ်နှင့် လတို့က ကျောက်ပြားပေါ်တွင် လည်ပတ်နေပြီး လေထုထဲသို့ တောင်တန်းများ၊ မြစ်ချောင်းများ၊ ကန်များနှင့် ပင်လယ်များ၏ ပုံရိပ်ယောင်များကို ထုတ်လွှင့်ပြသနေသည်။ ထိုက်ရှန်းတောင်၏ အသေးစိတ် ပုံစံတူပင် ပါဝင်၏။

သူက ကောင်းကင်နက္ခတ်ကို စတင်တွက်ချက်တော့မည် ဖြစ်သည်။

ဝမ်ရှိုယီက ထိုကျောက်ပြားကို စွဲမက်စွာ ကြည့်ရင်း စိတ်ထဲမှ ရေရွတ်မိသည်။

ဒါ ကျင့်ကြံသူတွေရဲ့ စွမ်းအားပဲ။ အခုခေတ် ကမ္ဘာကြီးမှာ လူတစ်ယောက်ကို ရှာဖို့ဆိုရင် မှတ်ပုံတင် အချက်အလက်တွေနဲ့ ဂျီပီအက်စ်ခြေရာခံမှုတွေ လိုအပ်တယ်။ ဒါပေမဲ့ ကျင့်ကြံသူတွေ အတွက်တော့ ကံတရားရဲ့ အမျှင်လေးတစ်စ ရှိရုံနဲ့ ကောင်းကင်တာအို တံခါးကို ခေါက်ပြီးတော့ ကမ္ဘာပေါ်က အရာအားလုံးကို သိနိုင်တယ်။ ရှိသမျှ အရာရာ၊ မြင်ရတာဖြစ်စေ၊ မမြင်ရတာဖြစ်စေ ဘယ်အရာမှ ပုန်းကွယ်လို့ မရဘူး။

ဒါက ငါ လျှောက်လှမ်းချင်တဲ့ လမ်းစဉ်လည်း ဟုတ်တယ်။

သို့သော် မကြာမီမှာပင် အရှင်မ၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်မှုနှင့် စိတ်ရှုပ်ထွေးမှုများ ဖြတ်ပြေးသွားသည်ကို သူ မြင်လိုက်ရသည်။

ဒီကမ္ဘာပေါ်မှာ အရှင်မတောင် မဖြေရှင်းနိုင်တဲ့ အရာ တကယ်ရှိလို့လား။

ခွန်းလွန်အင်မော်တယ်နန်းတော်၏ ထိပ်သီးခေါင်းဆောင်တစ်ဦး ဖြစ်သော ဟွာကျင်းသည် အကြီးအကဲများ၏ အောက်တွင် ရှိသော်လည်း အဓိကတပည့်များ၏ အထက်တွင် ရှိသူ ဖြစ်သည်။ လောလောဆယ် သူက ခွန်းလွန်အင်မော်တယ်နန်းတော်၏ လက်ရှိအာဏာပိုင်လည်း ဖြစ်သည်။ စိတ်ဝိညာဉ်ချီစွမ်းအင်နိုးထမှု နောက်တစ်ဆင့်သို့ မရောက်မချင်း သူထက် မြင့်သော ပုဂ္ဂိုလ်များမှာ အိပ်စက်နေဆဲဖြစ်သဖြင့် ဂိုဏ်း၏ ဆုံးဖြတ်ချက်အားလုံးကို သူကသာ ချမှတ်ရသည်။

ဟွာကျင်းသည် နက္ခတ္တဗေဒကို အထူးပြုကျွမ်းကျင်သူ ဖြစ်သည်။ သူက တန်မင်းဆက်ကာလ၌ ဧကရီတစ်ပါး၏ နိုင်ငံတော်အတိုင်ပင်ခံအဖြစ်ပင် အမည်ဝှက်၊ ရုပ်ဖျက်ပြီး တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

ဤလောကတွင် သူ့ဆီမှ ဖုံးကွယ်ထားနိုင်သောအရာ ရှိမည်ဟု သူ တစ်ခါမှ မယုံကြည်ခဲ့ပေ။

သူ့ကဲ့သို့ အဆင့်ရှိသူတစ်ဦးသာလျှင် အရာရာကို သိမြင်နိုင်စွမ်းသည်ပင် ကောင်းကင် အမိန့်တော်ကို ကျော်လွန်၍မရကြောင်း အမှန်တကယ် နားလည်နိုင်သည်။

သို့သော် ကောင်းကင်အမိန့်တော်အောက်က မည်သည့်အရာမဆို သူ့အတွက်တော့ ဖုံးကွယ်၍ မရသော အမှန်တရားများသာ ဖြစ်သည်။

သို့သော် ယခုတော့ နှစ်ပေါင်းတစ်ထောင်ကျော် စွဲကိုင်ထားသော ထိုယုံကြည်ချက်က ခဏချင်းမှာပင် ပြိုလဲသွားလေပြီ။

အခင်းအကျင်းကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သူက မည်သူမည်ဝါ ဖြစ်ကြောင်းကို သူ အမှန်တကယ် မဖော်ထုတ်နိုင်ခဲ့ပေ။ ထိုသူသည် ဤကမ္ဘာတွင် ရှိနေဆဲ ဖြစ်ကြောင်းသာ သိလိုက်ရသည်။ ဝမ်ရှိုယီနှင့် အခြားတက်လှမ်းသူများ ပြောပြသည့် ဓားကျင့်ကြံသူ လေးယောက်လား။ ထိုသို့သော သူများကို လုံးဝရှာမတွေ့ပေ။

အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ကံကြမ္မာ၏ အမြင်မှ ပုန်းကွယ်ရန် တန်ဖိုးတစ်ခုခု ပေးဆပ်နိုင်သည်ဆိုပါဦးတော့...

ကျန်တဲ့ ရွှေရောင်အနှစ်သာရအဆင့် သုံးယောက်ကိုတောင် ခြေရာခံလို့ မရနိုင်ဘူးလား။

သူ၏ ကိုယ်ပိုင်ကံတရားများကို အကုန်အသုံးပြုပြီး အခြေခံအုတ်မြစ်ကို ထိခိုက်စေမည့်အထိ ရှာဖွေမှု ပြုလုပ်ခဲ့သော်လည်း ရလဒ်ကတော့ အချည်းနှီးပင်။

“အရှင်မ...” ဟွာကျင်း မျက်မှောင်ကြုတ်နေသည်ကို မြင်သောကြောင့် ဝမ်ရှိုယီက တိုးတိုးလေး လှမ်းခေါ်လိုက်သည်။

“ငြိမ်ငြိမ်နေစမ်း။” ဟွာကျင်းက ဝမ်ရှိုယီကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး စိတ်တိုနေသော လေသံဖြင့် ပြန်ပြောသည်။

ဝမ်ရှိုယီ ခေါင်းငုံ့သွားပြီး ဘာမှ ထပ်မပြောရဲတော့ပေ။

ဘေးမှ အခြားတက်လှမ်းသူများလည်း ဆောင်းရာသီက ပုစဉ်းရင်ကွဲလေးများကဲ့သို့ တိတ်ဆိတ်၍ နေကြသည်။

သို့သော် လူအုပ်ကြားတွင် အနည်းငယ် ကသိကအောက်ဖြစ်စရာ အငွေ့အသက်များ တိတ်တဆိတ် ပေါ်ထွက်လာသည်။

ဟွာကျင်း အံကြိတ်ကာ ထပ်မံကြိုးစားသော်လည်း လက်လျှော့လိုက်ရုံမှအပ မတတ်နိုင်တော့။

သို့သော် များပြားလှသော တက်လှမ်းသူများ အရှေ့တွင် “ရန်သူက ဒီကမ္ဘာမှာ ရှိနေတုန်းပဲလို့ သိလိုက်ရတယ်” ဟူ၍ ပြောထွက်ရန်မှာ ခက်ခဲနေသည်။

၎င်းက ဘောင်းဘီချွတ်ပြီး လေလည်သလိုမျိုး အဓိပ္ပာယ်မရှိသောကိစ္စ ဖြစ်နေပေလိမ့်မည်။

“ဝမ်ရှိုယီ...” ဟွာကျင်းက ကျောက်ပြားကို ပြန်သိမ်းလိုက်ပြီး စိတ်ကူးတစ်ခု ရသွားဟန်ဖြင့် ရှေ့မှ တပည့်ကို အမိန့်ပေးလိုက်သည်။ “ဒီတစ်ခေါက် အခင်းအကျင်း တိုက်ခိုက်ခံရတာက တကယ်ပဲ မမျှော်လင့်ထားတဲ့ ကိစ္စပဲ။ ရန်သူရဲ့ နည်းလမ်းတွေက တော်တော်လေး ပါးနပ်တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ပါးနပ်ပါစေ ငါ့ရဲ့ မျက်စိအောက်ကတော့ လွတ်မှာမဟုတ်ဘူး။”

ဝမ်ရှိုယီ၏မျက်လုံးများ ဝင်းလက်သွား၏။

ထို့နောက် အရှင်မက ဆက်ပြောသည်။ “ငါက ကောင်းကင်နက္ခတ်ရဲ့ ခြေရာတစ်ခုကို ဖမ်းဆုပ်ထားနိုင်ခဲ့ပြီ။ အင်း... ဝမ်ရှိုယီ၊ မင်းကတော့ အလုပ်တွေကို ပုံမှန်အတိုင်းပဲ လုပ်နေလိုက်။ မင်းရဲ့ ပင်ကိုအသိစိတ်ကိုပဲ ယုံကြည်လိုက်။ ကံကြမ္မာက မင်းကို လမ်းပြလိမ့်မယ်။ နောက်ဆုံး အခင်းအကျင်းကို တိုက်ခိုက်ခဲ့တဲ့ တရားခံကို မင်း ရှာတွေ့လိမ့်မယ်။ အချိန်တန်ရင် ငါ့ဆီကို သတင်းလာပို့လှည့်။”

ထို့နောက် သူက အခြားတက်လှမ်းသူများကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ “ကျန်တဲ့ သူတွေလည်း အတူတူပဲ။ နေ့စဉ်ဘဝမှာ ပိုပြီး သတိထားကြ။”

“သားရဲဖမ်းပြိုင်ပွဲကတော့ ဒီမှာတင် ပြီးပြီ။ နောက်ဆက်တွဲ ကိစ္စတွေကိုတော့ ငါယုံကြည်ရတဲ့ လက်ထောက်တစ်ယောက်ကို လွှတ်ပြီး လွှဲပြောင်းခိုင်းလိုက်မယ်။ မင်းတို့ အားလုံး စောင့်နေကြ။”

ပြောပြီးသည်နှင့် သူ ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို လက်ဖြင့် ခွဲထုတ်ကာ အခင်းအကျင်း ကျောက်ပြားကို ကိုင်ပြီး အလျင်အမြန် ထွက်ခွာသွားတော့သည်။

ထိုက်ရှန်းတောင်ထိပ်တွင် အေးစက်သော လေပြင်းများကြား၌ ကြောင်တောင်တောင် ကျန်ရစ်ခဲ့ကြသော ဝမ်ရှိုယီနှင့် အခြားတက်လှမ်းသူများကို ထားရစ်ခဲ့၏။

...

လွန်ခဲ့သော ၅မိနစ်ခန့်က။

ချန်ဟွိုက်အန်သည် လီချင်းရန်ကို ခေါ်ဆောင်ကာ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၏ တောင်ပေါ်ဌာနချုပ်သို့ ပြန်ရောက်လာသည်။

သူ ခေါင်းမော့ကြည့်လိုက်သည်နှင့် လင်းဟောက်၏ အလောင်းမှာ ပျားအုံတစ်ခုလို အပေါက်များ ဗလပွဖြစ်နေသည်ကို မြင်လိုက်ရသည်။

“ငါ သတိပေးသားပဲ။ မင်းဆီကနေ ကံဆိုးတဲ့ အငွေ့အသက်တွေ ထွက်နေပါတယ်လို့...” ချန်ဟွိုက်အန်က အလောင်းကို ကမ်းပါးပေါ်မှ ခပ်သာသာ ကန်ချလိုက်ပြီး လေထု မညစ်ညမ်းအောင် လုပ်လိုက်သည်။

တဲအိမ်အတွင်းတွင်မူ လင်းလင်လင် သူ၏ အနည်းငယ် ဖောင်းနေသော ဝမ်းဗိုက်လေးကို ကိုင်ကာ ဖုန်းထဲက ဗီဒီယိုတိုလေးများကို ကြည့်နေသည်။

သူ၏ ဘေးနားတွင် မုန့်ခွံများမှာ တောင်ပုံရာပုံ ဖြစ်နေသော်လည်း ထိုကောင်မလေးမှာ ဘယ်လောက်စားစား ဝမလာခြင်းက ထူးဆန်းလှ၏။

“ဟမ်... အုပ်ချုပ်ရေးမှူးနဲ့ အစ်မကြီး အဟွတ်... အဟွတ်..အစ်မကြီး ပြန်လာပြီလား။” လင်းလင်လင်က အချိန်ကို သိရန် စမတ်နာရီကို ကြည့်လိုက်သည်။

သူက ချန်ဟွိုက်အန်၏ ခန္ဓာကိုယ်အောက်ပိုင်းကို သံသယရှိစွာ စောင်းကြည့်လိုက်သည်။

မြန်လှချည်လား။

အုပ်ချုပ်ရေးမှူးက... စွမ်းဆောင်ရည် မပြည့်ဝတာလား။

သူ စိတ်ထဲတွင်တော့ ထိုတိုက်ပွဲမှာ အနည်းဆုံး ၄၈ နာရီခန့် ကြာသင့်သည် မဟုတ်ပါလား။

“အုပ်ချုပ်ရေးမှူး။ တကယ် အဆင်ပြေရဲ့လား။” လင်းလင်လင်က ဗြောင်ကျကျ မေးလိုက်သည်။

“ဘာကို အဆင်ပြေတာလဲ။။” ချန်ဟွိုက်အန် မျက်နှာ ပုပ်သိုးသွား၏။

ထိုသုညသုံးလုံး ကောင်မလေး ဘာကို ဆိုလိုမှန်း သူ မသိသေးသော်လည်း ကောင်းသောစကား မဟုတ်မှန်းတော့ သူ ရိပ်မိသည်။

ထို့နောက် လင်းလင်လင်က လီချင်းရန်ဘက် လှည့်ကာ ပြောသည်။ “အစ်မချောချောလေး... အုပ်ချုပ်ရေးမှူးက အဆင်ပြေတယ်လို့ ထင်လား။”

ထိုကိစ္စမျိုးက ကာယကံရှင်၏ သက်သေထွက်ဆိုချက်မှ အပြည့်အဝ သုံးသပ်၍ ရလေသည်။

နောက်ဆုံးတွင် ၎င်းက အုပ်ချုပ်ရေးမှူး၏ ယောက်ျားပီသမှုနှင့် C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၏ အနာဂတ်နှင့် သက်ဆိုင်နေသည်။ သက်ဆိုင်သူ ကျေနပ်နေသရွေ့ အားလုံး အဆင်ပြေ၏။

လီချင်းရန်က ဘေးမှ ချန်ဟွိုက်အန်ကို လှမ်းကြည့်လိုက်သည်။ သူ၏ လှပသော မျက်ဝန်းများတွင် မြတ်နိုးမှုနှင့် ရယ်ချင်စိတ်များ ပြည့်နှက်နေပြီး ခေါင်းငုံ့လိုက်သည့်တိုင် သူ၏ အကြည့်များက ချန်ဟွိုက်အန်ဆီမှာပင် ကပ်ပါသွားသည်။ “ငါ ထင်တာကတော့... ဆရာက အရမ်းတော်ပါတယ်။ လုံးဝအဆင်ပြေတယ်။”

ထိုကဲ့သို့သော ချစ်မက်မောသည့် အကြည့်ကို မြင်လိုက်ရုံနှင့် လင်းလင်လင် တစ်ယောက် ကိစ္စပြီးမြောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

အုပ်ချုပ်ရေးမှူးကတော့ အစ်မချောချောလေးကို အပြတ်အသတ် သိမ်းပိုက်နိုင်ခဲ့ပြီပဲ။

အချိန်က ဘာမှ အရေးမပါတော့လောက်အောင်ပဲ။

လင်းလင်လင်က ချန်ဟွိုက်အန်ကို ဘေးသို့ တိတ်တဆိတ် ဆွဲထုတ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူး... အစ်မချောချောလေးက အားမနာပေမဲ့ ကျွန်မ ဝယ်ခိုင်းထားတဲ့ အားဆေးတွေကိုတော့ နေ့တိုင်း မှန်မှန်သောက်နော်။ တစ်နေ့နေ့မှာ ချစ်စိတ်တွေ ကုန်သွားရင်တောင် အနည်းဆုံးတော့ ဆရာ့ရဲ့ ခန္ဓာကိုယ်နဲ့ သူ့ကို ဆွဲဆောင်ထားနိုင်တာပေါ့။”

ချန်ဟွိုက်အန် အသိပြန်ဝင်လာ၏။

လင်းလင်လင်ရဲ့ မျက်လုံးထဲမှာ ငါက လေ့ကျင့်ပေးခံနေရတဲ့ ဝန်တင်တိရစ္ဆာန်တစ်ကောင်လို ဖြစ်နေတာလား။

သူ ထိုကောင်မလေးကို ပညာပေးရန် ပြင်လိုက်စဉ်မှာပင်...

သူ့အိတ်ထဲမှ ဖုန်းက တုန်ခါလာ၏။

ချန်ဟွိုက်အန် ဖုန်းကို ထုတ်ကြည့်လိုက်သော် ပုံရိပ်ယောင်ကောင်မလေးဂိမ်းက သူ့အလိုလို ပွင့်လာသည်ကို တွေ့လိုက်ရသည်။

မျက်နှာပြင်ပေါ်တွင် အနီရောင် သတိပေးချက်တစ်ခုက လက်ခနဲ လက်ခနဲ ပေါ်လာသည်။

[ သတိပေးချက် - ကစားသူအား အမည်မသိ အင်အားစုတစ်ခုမှ ကောင်းကင်နက္ခတ် တွက်ချက်ခြင်းဖြင့် ပစ်မှတ်ထားနေသည် ]

[ တည်နေရာ မပေါက်ကြားစေရန် ဗီအာဂိမ်းဦးထုပ်ကို ချက်ချင်း ဆောင်းလိုက်ပါ ]

[ တွက်ချက်မှုမှာ ခန့်မှန်းခြေ တစ်မိနစ်အတွင်း စတင်ပါမည် ]

[ တည်နေရာ ပေါက်ကြားသွားပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများမှာ ကစားသူ၏ တာဝန်သာ ဖြစ်သည် ]

၎င်းမှာ ပုံရိပ်ယောင်ကောင်မလေးဂိမ်းမှ ပထမဆုံးအကြိမ် ထိုမျှလောက် အရေးတကြီး သတိပေးခြင်းပင်။

ထိုနက္ခတ်တွက်ချက်ခြင်းက ချင်းယွန်ဘုံမှ လာခြင်းမဟုတ်ဘဲ သူရှိနေသော ဤကမ္ဘာမှ လာခြင်း ဖြစ်နိုင်ကြောင်း ချန်ဟွိုက်အန် ချက်ချင်း သိလိုက်သည်။

သူ ဘာမှ မစဉ်းစားတော့ဘဲ ဂိမ်းဦးထုတ်ကို ဝတ်လိုက်သည်။

လီချင်းရန်က သူ့ကို မည်သို့ ထူးဆန်းသော အကြည့်များနှင့် ကြည့်နေပါစေ ၎င်းမှာ အရေးကြီး ကိစ္စတစ်ခုပင်။

လင်းလင်လင်၏ အမြင်တွင်တော့ အုပ်ချုပ်ရေးမှူး၏ အပြုအမူက အမှန်တကယ်ပင် ထူးဆန်းနေသည်။

စကားပြောနေရင်းနှင့် ရုတ်တရက်ကြီး မော်တော်ဆိုင်ကယ် ဦးထုပ်လိုမျိုးကို ကောက်ဝတ်ကာ ကြမ်းပြင်ပေါ် လှဲချလိုက်ခြင်းပင်။ အနုပညာပြပွဲ တစ်ခုလိုပင် ဖြစ်နေ၏။

သို့သော် လီချင်းရန်၏ မျက်လုံးထဲတွင်တော့...

သူ မြင်လိုက်ရသည်မှာ ချန်ဟွိုက်အန် လှဲချလိုက်သည့်အချိန် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သာ ကျန်ရစ်ခဲ့ခြင်းပင်။

သူ့ဝိညာဉ်က စစ်ဦးထုပ်လို ချပ်ဝတ်တန်ဆာကို တပ်လိုက်သည်နှင့် ပျောက်ကွယ်သွားခဲ့လေပြီ။

ဆရာက တကယ်ပဲ မျက်စိတစ်မှိတ် အတွင်းမှာ ကမ္ဘာတစ်ခုကနေ ဝိညာဉ်အပြည့်အဝ ခွာထွက်သွားတာလား...

...

All Chapters