← Chapters

တန်ချိန်(၁၀၀၀)ကနေ စလိုက်ကြတာပေါ့

Vol. 30 Ch. 300

တန်ချိန်(၁၀၀၀)ကနေ စလိုက်ကြတာပေါ့

Vol. 30 Ch. 300

“ဒီဝေလုံအစပ်ချောင်းက... တကယ်ပဲ ဘိုးဘေးပြောသလို အကန့်အသတ်မရှိ ရနိုင်တာလား။”

စုချီနျန်၏ မျက်လုံးများမှာ တောက်ပနေ၏။ ဝေလုံအစပ်ချောင်းထဲတွင် ဓားကျောင်းတော် ပြန်လည်ဦးမော့လာစေမည့် မျှော်လင့်ချက်ကို သူ မြင်လိုက်ရသည်။

သူက နတ်အသွင်ပြောင်းလဲခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်သည်။ ပုံမှန်ဆို သူ့အဆင့်ရှိသူတစ်ဦးက အစားအသောက်အပေါ် မက်မောမှု လုံးဝမရှိသလောက်ပင်။

သို့သော် အစပ်ချောင်းကို တစ်ကိုက်ကိုက်လိုက်သည့် ခဏမှာပင် အရာအားလုံး ပြန်လည်၍ နိုးထလာသည်။ အရာအားလုံးက ရုတ်ချည်းပင် တိုးဝင်လာခဲ့၏။

ထိုအစပ်ချောင်းတစ်ချောင်းမှတစ်ဆင့် သူ ငယ်စဉ်က မိခင်ဖြစ်သူ ပြုလုပ်ပေးလေ့ရှိသော ချဉ်စပ်အရသာကို သူ ပြန်လည်ရရှိခဲ့သည်။ စားလေလေ၊ ပိုစွဲလန်းလေလေ ဖြစ်လာကာ အရသာမှာလည်း ပိုမိုနက်ရှိုင်းလာ၏။ သူ့မျက်စိထဲတွင်... ဖခင်ဖြစ်သူက သူတောင်းစားကြက်ကို ပထမဆုံးအကြိမ် လုပ်ပေးခဲ့ပုံ၊ မိသားစုလိုက် ပိုက်ဆံစုပြီး အပြင်တွင် ပထမဆုံးအကြိမ် သွားစားခဲ့ပုံ... မြင်ကွင်းတစ်ခုပြီးတစ်ခုက သူ့မျက်စိရှေ့တွင် ဖြတ်ပြေးသွားတော့သည်။

ထိုအခါမှသာ တကယ့်ကို အရသာထူးကဲသော အစားအစာတွင် စွမ်းအားရှိကြောင်း သူ နားလည်လိုက်ရသည်။

ဝိညာဉ်၏နက်ရှိုင်းရာမှလာသော စွမ်းအားမျိုးပင်။

ကျင့်ကြံခြင်းနှင့် ဘာမှမဆိုင်ပေ။

တစ်ကိုက်တည်းနှင့်... အသန်မာဆုံးသူပင်လျှင် ဒူးထောက်သွားရပေမည်။

“ဆရာက အဲဒီလိုပြောတယ်ဆိုမှတော့ ရလောက်မှာပါ။” လီချင်းရန်က ပြုံးလျက် ပြန်ဖြေသည်။

လင်းရှီးတောင်ကြားဂိုဏ်းချုပ် ယွန်ပိုင်ယွီက နှုတ်ခမ်းထောင့်မှ ဆီများကို သုတ်လိုက်သည်။

သူက များသောအားဖြင့် အရသာပေါ့ပေါ့ပါးပါးကိုသာ နှစ်သက်သူဖြစ်ရာ ယနေ့တွင် သူ၏ မူပျက်သွားမှုကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။ သို့သော်လည်း သူက မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။ “ဒီပစ္စည်းမှာ တစ်ခုခု ဆွဲဆောင်နိုင်တဲ့ မှော်စွမ်းအားရှိပုံပဲ။ စားလို့ကို မဝနိုင်ဘူး။ ဒါပေမဲ့ ဒါက ဘယ်လောက်တန်လဲ သိချင်မိတယ်။ စီနီယာချန်က ဘယ်လောက် ဈေးသတ်မှတ်ထားလဲ။ တကယ်လို့ ဈေးနှုန်းက သင့်တင့်မယ်ဆိုရင် လင်းရှီးတောင်ကြားအတွက် တစ်သုတ်လောက် ကျွန်မ ဝယ်ချင်ပါတယ်”

“ဈေးနှုန်းကိုတော့ ဂိုဏ်းချုပ်နှစ်ဦးပဲ ဆုံးဖြတ်ပါလို့ ဆရာက ပြောလိုက်ပါတယ်။” လီချင်းရန်က လေးလေးနက်နက် ပြန်ဖြေသည်။ “ဂိုဏ်းအားလုံးကြားမှာ ပျံ့နှံ့သွားရင် အကောင်းဆုံးပဲပေါ့။ ဒါဆိုရင် ဓားကျောင်းတော်အတွက်လည်း ဝင်ငွေရနိုင်တာပေါ့။”

“ဈေးနှုန်းကို ငါတို့ကို ဆုံးဖြတ်ခိုင်းတယ် ဟုတ်လား။”

စုချီနျန်နှင့် ယွန်ပိုင်ယွီတို့ တစ်ယောက်ကိုတစ်ယောက် အံ့ဩတကြီး ကြည့်လိုက်မိကြပြီး နှစ်ဦးစလုံးမှာ အလွန်အမင်း ဂုဏ်ယူမိသွားကြသည်။

ဒါက မုန့်တစ်ခုဆိုတာ သေချာပေမဲ့ ချင်းယွန်ဘုံမှာ တစ်ခါမှ မကြားဖူးတဲ့၊ တကယ့်ကို ရှားပါးလှတဲ့ ပစ္စည်းတစ်ခုလေ။

ဒါကိုတောင် ဘိုးဘေးက ဈေးနှုန်းသတ်မှတ်ပိုင်ခွင့် အလွယ်တကူ လွှဲပေးလိုက်တယ်ဆိုတော့...

“တကယ်လို့ ဘိုးဘေးက ဒီပစ္စည်းကို ဂိုဏ်းအားလုံးကြား ပျံ့နှံ့စေချင်တယ်၊ ပြီးတော့ ထောက်ပံ့မှုကိုလည်း အမြဲတမ်း အာမခံနိုင်တယ်ဆိုရင် ဈေးနှုန်းကို အရမ်းမတင်သင့်ဘူးလို့ ထင်တယ်။ အကောင်းဆုံးက သာမန်ဂိုဏ်းသားတွေတောင် ဝယ်စားနိုင်တဲ့ဈေး ဖြစ်သင့်တယ်။” စုချီနျန်က အကျိုးအကြောင်းပြ၍ ပြောသည်။

ယွန်ပိုင်ယွီက ခေါင်းညိတ်လိုက်သည်။ “ဂိုဏ်းချုပ်စု ပြောတာမှန်ပါတယ်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀တုံးလောက်ပဲ ထားရင် ဘယ်လိုလဲ။ ဒါဆိုရင် အရမ်းလည်း စျေးပေါ မသွားသလို၊ ပိုက်ဆံနည်းနည်းရှိတဲ့ တပည့်တွေလည်း ဝယ်စားကြည့်လို့ ရတာပေါ့”

“ဆေးလုံးတွေ ဒါမှမဟုတ် ဝိညာဉ်ရတနာတွေလို အရင်းအမြစ်တွေနဲ့ လဲလှယ်တာလည်း အဆင်ပြေတာပဲ...” စုချီနျန်က မျက်လုံးများ တောက်ပလျက် ထပ်ပြောသည်။ “အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀တုံးနှုန်းနဲ့ပဲ စလိုက်တာပေါ့။ တန်ဖိုးတူတဲ့ ဘယ်အရင်းအမြစ်နဲ့မဆို လဲလှယ်လို့ရမယ်”

...

“တစ်ထုပ်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀တုံးတဲ့။ ဆရာ ဘယ်လိုထင်လဲ။”

လီချင်းရန်က သူ၏ အကြည့်ကို ကောင်းကင်ယံဆီသို့ မြှင့်တင်လိုက်သည်။ တစ်စုံတစ်ဦး၏ အကြည့်က သူ့အပေါ်သို့ ကျရောက်နေသည်ကို သူ ခံစားလိုက်ရသည်။

[ အဆင်ပြေတယ် ]

“ဂျူနီယာ စုချီနျန်နဲ့ ယွန်ပိုင်ယွီတို့ ဘိုးဘေးကို အရိုအသေပေးပါတယ်။”

စုချီနျန်နှင့် ယွန်ပိုင်ယွီတို့က လီချင်းရန် ကြည့်နေသည့် အရပ်မျက်နှာသို့ ချက်ချင်းပင် ဦးညွှတ် လိုက်ကြသည်။

[ အားနာနေဖို့ မလိုပါဘူး။ ဈေးနှုန်းသတ်မှတ်ပြီးပြီဆိုတော့ ဂိုဏ်းအားလုံးကို ချက်ချင်း အကြောင်းကြားလိုက်။ ဝေလုံအစပ်ချောင်းတွေ ချင်းယွန်ဘုံ တစ်ခုလုံးမှာ အမြန်ဆုံး ပျံ့နှံ့သွားတာကို ငါ မြင်ချင်တယ် ]

ခေတ်သစ်ကမ္ဘာတွင်မူ ချန်ဟွိုက်အန်က ဖုန်းရှေ့တွင် ထူးထူးဆန်းဆန်း ပြုံးနေမိသည်။

စဉ်းစားကြည့်လိုက်စမ်း။ ချင်းယွန်ဘုံတစ်ခွင်က ကျင့်ကြံသူတွေက သူတို့နဲ့အတူ အစပ်ချောင်း အထုပ်တွေ သယ်သွားကြမယ်။

မကျင့်ကြံခင် တစ်ခုစားမယ်၊ တာဝန်ထမ်းဆောင်ရင်း နားတဲ့အခါ နည်းနည်းကို ဝါးမယ်၊ တိုက်ပွဲကြားထဲမှာတောင် စားလိုက်ဦးမယ်။

အချိန်မရွေး အိတ်ကိုဖွင့်ပြီး ကိုက်လိုက်ရုံပဲ... တစ်နေ့ကုန် အစပ်ချောင်းနံ့တွေ နံနေကြမယ့် လူတွေအကြောင်းပေါ့။

အဲဒါက တကယ့်ကို... မိုက်သွားမှာပဲ။

ပြီးတော့လည်း အဓိကအချက်က အဆင့်နိမ့် ဝိညာဉ်ကျောက်ဆုံး ၁၀တုံးနှုန်းနဲ့ဆိုတာ တကယ့်ကို အမြတ်ကြီးစားပဲ။

တစ်ထုပ်ကို တစ်ယွမ်ပဲ ကျတာလေ။ ဂိမ်းထဲက စျေးဆိုင်မှာ အထူးဈေးနဲ့ ဝယ်ရင်တောင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်တုံးက ယွမ်၅၀ကျော် ကျတယ်။

ဒါက အဆ ၅၀၀လောက် အမြတ်ထွက်တာပဲ။ ဒါတောင် စက်ရုံကနေ တိုက်ရိုက်ဝယ်တာ မဟုတ်သေးဘူးနော်။

“စီနီယာ... ကျွန်မရဲ့ သမီးလေးအတွက်လည်း... ကျွန်မကို ကူညီပေးပါဦးလို့ ထပ်ပြီးတော့ တောင်းပန်ချင်ပါတယ်...”

ချန်ဟွိုက်အန်က မြေပြင်ပေါ် ဒူးထောက်နေသော ယွန်ပိုင်ယွီကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်၊ “စိတ်ချပါ။ ဒီမှာ ငါ ရှင်းစရာရှိတာလေးတွေ ရှိနေသေးလို့ပါ။ အချိန်တန်ရင် ယောင်ချီမြင့်မြတ်နယ်မြေဆီကို ကိုယ်တိုင် ဦးဆောင်ချီတက်ပြီး ငါတို့ဓားကျောင်းတော်ရဲ့ တိုက်ရီုက်တပည့် ယွဲ့ချန်ချီရော၊ ခင်ဗျားရဲ့သမီး ယွန်စုရှင်းကိုပါ သွားကယ်ထုတ်ပေးမယ်။”

သူက လက်ရှိတွင် အခြေခံအုတ်မြစ်အဆင့် အလယ်အလတ်မှာသာ ရှိသေးသော်လည်း သူ့ပုံရိပ်ယောင်မှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်အထိ အင်အား ထုတ်သုံးနိုင်သည်။

သို့သော်လည်း ၎င်းမှာ ယောင်ချီကို ရင်ဆိုင်ရန် မလုံလောက်သေးပေ။

ကံကောင်းသည်မှာ ယွဲ့ချန်ချီနှင့် ယွန်စုရှင်းတို့၏ အခြေအနေက သိပ်ပြီး မစိုးရိမ်ရသေးရာ ပြင်ဆင်ချိန် ရနေသေးသည်။

“စီနီယာ့ရဲ့ စကားကြောင့် ကျွန်မ စိတ်အေးသွားရပါပြီ။” ယွန်ပိုင်ယွန်က ဝမ်းသာလွန်း၍ မျက်ရည်ကျကာ ဟင်းလင်းပြင်ဆီသို့ ထပ်မံ၍ ဦးညွှတ်လိုက်သည်။

“စီနီယာ့ရဲ့ စီးပွားရေးလုပ်ငန်းကို ထောက်ပံ့တဲ့အနေနဲ့ ဒီဂျူနီယာက ဝေလုံအစပ်ချောင်းတွေ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သိန်း၁၀၀ဖိုး ဝယ်ယူချင်ပါတယ်။” ယွန်ပိုင်ယွီ မတ်တပ် ရပ်လိုက်ပြီး ရိုးသားစွာ ပြောဆိုလိုက်သည်။ “လင်းရှီးတောင်ကြား တပည့်တွေက ဆေးကုသဖို့ နေရာအနှံ့ သွားလာနေကြတာပါ။ သူတို့နဲ့ တစ်ပါတည်း ဒီမုန့်တွေကို သယ်သွားခိုင်းလို့ရတယ်။ ဒါက ကြော်ငြာရာလည်း ရောက်တာပေါ့။ ဒီပစ္စည်းက အစားအစာတွေ ပေါများလှတဲ့ လူသား လောကကိုတောင် လွှမ်းမိုးသွားနိုင်မလား ဘယ်သူသိမှာလဲ။”

နေဦး။ ဘယ်လောက်....

ဝိညာဉ်ကျောက်တုံး သိန်း၁၀၀ ဟုတ်လား။

ချန်ဟွိုက်အန်က လှပကြော့ရှင်းနေဆဲဖြစ်သော အမျိုးသမီးကို ကြည့်ကာ နှုတ်ခမ်းတစ်ချက် တွန့်သွားသည်။

သူ့မှာ တကယ့်ကို ပိုက်ဆံရှိတာပဲ။ ဒါပေမဲ့ မွှေးပျံ့နေတဲ့ လင်းရှီးတောင်ကြားထဲမှာ အစပ်ချောင်း အနံ့တွေ လွှမ်းနေမယ့် မြင်ကွင်းကိုတော့ မတွေးရဲသေးဘူး။

ဒါပေမဲ့ ဒါက သူ့ရဲ့ စေတနာပဲလေ။ ငါ ဘယ်လို ငြင်းရမှာလဲ။

ချန်ဟွိုက်အန်က ချက်ချင်းပင် ခွင့်ပြုချက်ပေးပြီး ကျောက်ရင်းကို လှမ်းခေါ်လိုက်သည်။

“ကပ္ပတိန်ကျောက်။ ခင်ဗျား လုပ်ပေးရမယ့် ကိစ္စတစ်ခု ရှိတယ်...”

“ဘာပဲဖြစ်ဖြစ် ခိုင်းပါ အုပ်ချုပ်ရေးမှူး။” ကျောက်ရင်းက ချန်ဟွိုက်အန်ကို အသက်ရှင်နေသော လာဘ်လာဘ အဆောင်တစ်ခုလို ကြည့်ရင်း ပြုံးရွှင်စွာ ပြန်ဖြေသည်။

“ဟို... လီချင်းရန်၊ အဲ...ဒါရိုက်တာလီလို့ပဲ ဆိုကြပါစို့။ သူက ဒီအစပ်ချောင်းတွေကို တော်တော် ကြိုက်နေလို့။ သူ့ဂိုဏ်းက တပည့်တွေလည်း ကြိုက်ကြလို့တဲ့။ အဲဒါကြောင့် နည်းနည်းလောက် ယူသွားချင်နေတာ။”

“ကောင်းပါပြီ။” ကျောက်ရင်း စိတ်လှုပ်ရှားသွားသည်။ “ကျွန်မ အခုပဲ သွားဝယ်လိုက်မယ်။”

စိတ်ဝင်စားမှုရှိတာက ကောင်းတာပေါ့။ စိတ်ဝင်စားမှုရှိရင် အရင်းအမြစ်တွေက ပြဿနာ မဟုတ်တော့ဘူး။

ဒါဆိုရင် အုပ်ချုပ်ရေးမှူးချန်လည်း အချိန်တိုင်း ပင်ပင်ပန်းပန်း လုပ်နေစရာ မလိုတော့ဘူး။ အလုပ်တွေ အရမ်းလုပ်တာက အသည်းနဲ့ ကျောက်ကပ်အတွက် မကောင်းဘူးလေ။

“နေဦး...” ချန်ဟွိုက်အန်က သူ့ကို ပြန်ခေါ်လိုက်သည်။ ကျောက်ရင်း၏ ဇဝေဇဝါမျက်နှာကို ကြည့်ကာ သူက ထပ်ပြောသည်။ “ဝေလုံစက်ရုံကိုပဲ တိုက်ရိုက် သွားလိုက်ကြရအောင်။”

ကျောက်ရင်း ကြောင်သွား၏။ “ဟမ်...အစပ်ချောင်း ဘယ်လောက်မို့လို့လဲ။”

ချန်ဟွိုက်အန် စိတ်ထဲမှ အမြန်တွက်လိုက်သည်။

ကျောက်တုံး သိန်း၁၀၀ဆိုတာ အစပ်ချောင်းထုပ်ပေါင်း ၁၀သိန်း နီးပါးပဲ။ တစ်ထုပ်ကို ၁၅၀ဂရမ် ဆိုတော့ တန်ချိန် ၁၅၀ဂရမ်ပေါ့။

လင်းရှီးတောင်ကြားရဲ့ အနာဂတ်ဝယ်လိုအားနဲ့ လူကြိုက်များလာရင် ပြတ်လပ်သွားနိုင်တာတွေပါ ထည့်တွက်လိုက်ရင်တော့...

“အဲ... တန်ချိန်(၁၀၀၀)ကနေပဲ စကြတာပေါ့။” ချန်ဟွိုက်အန် ကျောက်ရင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

ကျောက်ရင်း - “...”

သူ ထိုသို့ မတွေးချင်သော်လည်း တွေးလိုက်မိသည်။

အဲဒီဂိုဏ်းက ဗီဇပြောင်း သတ္တဝါတွေနဲ့ စုဖွဲ့ထားတာများလား။

အစပ်ချောင်း တန်(၁၀၀၀)တောင် လိုတယ် ဟုတ်လား။

ဒါက ကျင့်ကြံသူတွေနဲ့ သာမန်လူတွေကြား ကွာခြားချက် ဖြစ်လိမ့်မယ်။ ကျင့်ကြံသူတွေက ဝမ်းချုပ်တာတို့၊ လိပ်ခေါင်းဖြစ်တာတို့အတွက် စိုးရိမ်စရာမလိုဘူး ထင်ပါတယ်။

“...နားလည်ပါပြီ။ အခုပဲ စီစဉ်လိုက်ပါ့မယ်။”

ကျောက်ရင်းက ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်သည်။

...

ချင်းယွန်ဘုံ၊ ယောင်ချီမြင့်မြတ်နယ်မြေ၌...

“နင်တို့ထဲမှာ ဝေလုံအစပ်ချောင်းဆိုတဲ့ ဝိညာဉ်ဆေးပင်အကြောင်း ကြားဖူးတဲ့သူ ရှိလား။”

သခင်မ ယွိယောင်က ပေါင်းစည်းခြင်းအဆင့်နှင့် အထက်ရှိ တပည့်များနှင့် အကြီးအကဲများ အားလုံးကို နန်းတော်ထဲသို့ ဆင့်ခေါ်လိုက်သည်။

အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းများ ပြိုင်တူခါလိုက်ကြသည်။

“သိပြီ။” ယွိယောင်က မျက်မှောင်ကြုတ်ကာ နှာတံကို ပွတ်လိုက်သည်။ “အမိန့်ထုတ်လိုက်။ မြင့်မြတ်နယ်မြေရဲ့ တပည့်အားလုံး အခုလုပ်နေတဲ့ အလုပ်တွေကို ရပ်ဆိုင်းပြီးတော့ ဝေလုံအစပ်ချောင်းဆိုတဲ့ ဝိညာဉ်ဆေးပင်ကို သွားရှာကြလို့။”

နန်းတော်တစ်ခုလုံး ထိတ်လန့်သွားကြ၏။

အကြီးအကဲတစ်ဦးက ရှေ့တိုးလာသည်။ “သခင်မ... ကျွန်မတို့ ဓားကျောင်းတော်နဲ့ ဓားကျောင်းတော် ဘိုးဘေးကို ဆက်ပြီး နောက်ယောင်ခံလိုက်ရဦးမလား။ မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ် ရှာနေတဲ့ အဖွဲ့ကိုရော ဘယ်လိုလုပ်ရမလဲ။”

“ဓားကျောင်းတော်နဲ့ သူတို့ဘိုးဘေးကို ခဏမေ့ထားလိုက်။” ယွိယောင်က ယင်ကောင်ကို မောင်းထုတ်သလို လက်ကာပြလိုက်သည်။ “မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ရှာနေတဲ့ အဖွဲ့ကိုလည်း လွှတ်ထားလိုက်။ တခြားသူတွေအားလုံး ဒီဝေလုံအစပ်ချောင်းကို သွားရှာကြ။ ၇ရက်အတွင်း ရလဒ်ထွက်လာတာကို မြင်ချင်တယ်။” သူ၏ အမူအရာက မည်းမှောင်သွားပြီး နန်းတော် အတွင်းရှိ လေထုမှာလည်း အေးစိမ့်ကာ လေးလံသွားတော့သည်။ “မဟုတ်ရင်... နင်တို့အားလုံး အပြစ်ပေးခံရမယ်။”

ခဏအကြာတွင် အကြီးအကဲများနှင့် တပည့်အုပ်စုမှာ ညှိုးငယ်သော မျက်နှာများဖြင့် နန်းတော်ထဲမှ ထွက်လာခဲ့ကြသည်။

မည်သည့်သဲလွန်စမှ မရှိ၊ အသေးစိတ်အချက်အလက်လည်း မပါ၊ အမည်တစ်ခုသာ ရှိလေသည်။

ထို့ပြင် ထိုအမည်က အတော်လေး ဆန်းနေရာ ၎င်းက မည်သည့်အရာ ဖြစ်မှန်းကိုပင် သူတို့ မခန့်မှန်းနိုင်ကြပေ။

ဘယ်ကနေ စရှာရမှာလဲ။

သို့သော် သခင်မ ယွိယောင်၏ အမိန့်ကိုတော့ သူတို့ မဖီဆန်ရဲကြပေ။ နာခံရန်မှလွဲ၍ တခြားမရှိတော့ပေ။

နန်းတော်အတွင်း၌...

သခင်မ ယွိယောင်က ရေကန်ဘေးတွင် ရပ်နေပြီး ရေကန်ထဲရှိ ကြာပလ္လင်ကို ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်နေ၏။

“ဝေလုံအစပ်ချောင်း...”

သူ၏အသံမှာ ခန်းမအတွင်း တိုးညင်းစွာ ပဲ့တင်ထပ်နေသည်။

“နင်က ဘယ်လို ဝိညာဉ်ဆေးပင်မျိုးပဲ ဖြစ်ဖြစ်... ငါ့လက်ထဲကနေ မလွတ်စေရဘူး။”

...

All Chapters