← Chapters

အခန်း (၁၀၁)

Vol. 11 Ch. 101

အခန်း (၁၀၁)

Vol. 11 Ch. 101

အတိတ်အချိန်စက်ဝန်း၌ ပိတ်မိနေခြင်းသည် ယခုအခါ အလွန်အန္တာရာယ်များ၏။ ယွမ်စစ်သည် ကြောက်မက်ဖွယ်ကောင်းသည့် ထိန်းချုပ်သူတစ်ဦး ဖြစ်ပေသည်။ အကြိမ်ပေါင်းများစွာ ယွမ်လော့ရီ သူ့ကိုယ်သူ ဆုံးရှုံးသွားသကဲ့သို့ သူ၏ထိန်းချုပ်မှုအောက်သို့ ကျရောက်လုနီးပါး ဖြစ်ခဲ့ရသည်။

စိတ်ငြိမ်အောင် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ယွမ်လော့ရီက မေးလိုက်၏။​ “စနစ်၊ ဘာလို့ အချိန်ခရီးသွားခြင်း ရေတွက်မှု ပျောက်ကွယ်သွားရတာလဲ”

[Hostရဲ့ အပြုအမူကြောင့် အချိန်စက်ဝန်း နံပါတ်၂က ယိမ်းယိုင်သွားခဲ့ပြီး မူလအချိန်ခရီးသွား လမ်းကြောင်းက ပိတ်သွားပါပြီ]

ယွမ်လော့ရီ၏ နှလုံးသား မွန်းကြပ်သွား၏။

အချိန်ခရီးသွားခြင်းများစွာ ပြုလုပ်ပြီးနောက် သူမသည် ဤကမ္ဘာလောကကို တဖြည်းဖြည်း လွှမ်းမိုးခဲ့သည်။ သူမကြုံတွေ့ခဲ့ရသော အစ်ကိုတိုင်းသည် ပြောင်းလဲသွားခဲ့ပြီး ထိုပြောင်းလဲမှုများ စုစည်းလာမှုက သူမပြန်မသွားနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

သူမသာ ဤနေရာ၌ သေဆုံးသွားခဲ့လျှင် အမှန်တကယ်ပင် သေဆုံးသွားမည် ဖြစ်သည်။

ပိုအရေးကြီးသည်မှာ သူမသည် အခြားတစ်ဖက်မှ အစ်ကိုများကို ဘယ်သောအခါမှ ပြန်တွေ့နိုင်တော့မည် မဟုတ်ပေ။

ယွမ်လော့ရီက စိုးရိမ်တကြီး မေးလိုက်သည်။ “အချိန်ခရီးသွားတာကို ဘယ်လိုပြန်စနိုင်မလဲ”

[အချိန်စက်ဝန်းနံပါတ်၂မှာ Host ဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ခြင်းဖြင့် အချိန်ခရီးသွား လမ်းကြောင်းအသစ်တစ်ခုကို ဖွင့်နိုင်ပါတယ်]

“ဒီနေရာမှာ ဩဇာလွှမ်းမိုးမှုဆိုတာ အတိအကျ ဘာကိုဆိုလိုတာလဲ”

[ဩဇာလွှမ်းမိုးမှုက အချိန်​စက်ဝန်းအပေါ် Hostရဲ့ ထိန်းချုပ်မှုပါပဲ]

[အချိန်စက်ဝန်းနံပါတ် ၂မှာ Hostက ဩဇာလွှမ်းမိုးမှုကို ရရှိနိုင်ပါတယ်၊ဒါပေမဲ့ ကြိုတင်သတ်မှတ်ထားတဲ့ အကြောင်းတရားဆက်နွယ်မှုတွေကို ဝင်ရောက်စွက်ဖက်လို့မရပါဘူး၊ မဟုတ်ရင် အချိန်စက်ဝန်းက အလွန်အကျွံ ယိမ်းယိုင်သွားပြီး အချိန်​စက်ဝန်းအားလုံး တိုက်ခတ်မိကာ ပြိုလဲသွားစေ​ပါလိမ့်မယ်]

ယွမ်လော့ရီသည် အချက်အလက်များကို သဘောပေါက်အောင် ကြိုးစားလိုက်သည်။

ဤကမ္ဘာတွင် သူမ၏အစ်ကိုများအားလုံး၏ ကြိုတင်သတ်မှတ်ထားသော ကံကြမ္မာမှာ သေဆုံးခြင်းပင်ဖြစ်၏။ သူတို့ပြောင်းလဲသွားခဲ့သော်လည်း သူတို့၏သေဆုံးမှုကို ရေတွက်ချိန်သည် ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။

သူမ၏အစ်ကိုကြီး ယွမ်အောင်းကဲ့သို့ပင် သူသည် နောက်ဆုံးအခိုက်အတန့်၌ အသိတရား လုံးဝပြန်လည်ရရှိခဲ့သည်။ သူသည် ယွမ်လော့ရီအား လွတ်လပ်ခွင့်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ရ၏။

သူမ၏ဒုတိယအစ်ကို ယွမ်ဖာ့၊ တတိယအစ်ကို ယွမ်ရုံ၊ စတုတ္ထအစ်ကို ယွမ်စစ်နှင့် ဘယ်နေရာမှာရှိနေမှန်း မသိရသေးသည့် သူမ၏ ပဉ္စမအစ်ကို ယွမ်ရွေ့။

သူမ သူတို့အားလုံးသေဆုံးသွားတာကို အကူအညီမဲ့စွာ ကြည့်နေရမှာလား။

အလွန်နာကျင်ဖွယ်ကောင်းလှသည်။

သက်ပြင်းရှည်ကြီးတစ်ချက်ချရင်း ယွမ်လော့ရီသည် သူမ၏ဝမ်းနည်းမှုကို ဦးစွာ ဖိနှိပ်လိုက်၏။ သူမသည် လက်ရှိပြဿနာကိုသာ ဖြေရှင်းနိုင်ပြီး အချိန်​စက်ဝန်း နံပါတ် ၂ ၌ တိုးပွားလာသည့် ဩဇာလွှမ်းမိုးမှုဖြင့် သူမ၏အစ်ကိုများကို ကယ်တင်ရန် နည်းလမ်းသစ်တစ်ခု ရှာဖွေနိုင်ကောင်း ရှာဖွေနိုင်ပေမည်။

သူမက မေးလိုက်သည်။ “ဒီနေရာမှာ ငါ့ဩဇာလွှမ်းမိုးမှုကို ဘယ်လိုတိုးမြှင့်နိုင်လဲ”

[သင်ထိန်းချုပ်နိုင်တဲ့ လူအရေအတွက် ပိုများလေ​ ရရှိမဲ့ ဩဇာလွှမ်းမိုးမှု ပိုများလေပဲ ဖြစ်ပါတယ်]

ဤသည်မှာ ယခင်ကအတိုင်းပင် ဖြစ်၏။

သို့သော် လက်ရှိ ယွမ်စစ်သည် ထိန်းချုပ်လိုစိတ် အလွန်ပြင်းထန်လှသည်။ သူသည် သူမအား အမှောင်ထုထဲသို့ ကျဆင်းစေလိုပြီး သူမအား အပြင်ထွက်ကာ ပျော်ရွှင်စွာဖြင့် ရှိုးများတွင် ပါဝင်ပြီး ပရိသတ်များ တိုးမြှင့်ခွင့်ပြုမည်မဟုတ်ပေ။

ထို့အပြင် ဤသည်မှာ အချိန်များစွာ ကြာမြင့်မည်ဖြစ်ပြီး သူမအစ်ကိုများ၏ သေဆုံးမှုကို ရေတွက်ချိန်များသည် သူတို့၏အဆုံးသတ်သို့ နီးကပ်နေလေပြီ။

သူမစဉ်းစားလေလေ ပို၍ရှုပ်ထွေးလာလေဖြစ်ပြီး အရာအားလုံးသည် ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေသို့ ရောက်ရှိ‌နေသည်မှာ စိုးရိမ်ပူပန်နေသော်လည်း ရှေ့ဆက်၍မရနိုင်ပေ။

ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ရာ ပိုးဖလံအနည်းငယ်သည် လမ်းမီးအောက်တွင် ပျံဝဲနေကြပြီး မီးသီးကို အကြိမ်ကြိမ် တိုက်မိကာ မှိန်ဖျော့သော တိုက်မိသံများ ထွက်ပေါ်နေသည်။ သူတို့၏တောင်ပံအကြေးခွံများ ပြန့်ကျဲသွားပြီး အရုဏ်မတက်မီတွင် သူတို့သည် ပင်ပန်းနွမ်းနယ်မှုဖြင့် သေဆုံးသွားကြပေလိမ့်မည်။

ခုံတစ်လုံးကို ဆွဲထုတ်ရင်း ယွမ်လော့ရီ စားပွဲပေါ်တွင် မှီလိုက်၏။ ယနေ့တွင် အရာများစွာ ဖြစ်ပွားခဲ့ပြီးဖြစ်သောကြောင့် သူမခဏတာ အနားယူသင့်ပြီ။

မျက်လုံးများကို မှိတ်လိုက်ရာ သူမ၏အသက်ရှူသံသည် တဖြည်းဖြည်း ညီညာလာ၏။

သူမ၏အိပ်မက်ထဲတွင် ယွမ်လော့ရီသည် ကလေးဘဝသို့ ပြန်လည်ရောက်ရှိနေခဲ့သည်။

နေဝင်ချိန်ဖြစ်ပြီး ကျောင်းဆင်းချိန်ပင်။ ကျောင်းသားအားလုံးသည် အိမ်ပြန်နိုင်ပြီဖြစ်သောကြောင့် ပျော်ရွှင်​နေကြသည်။ ယွမ်လော့ရီတစ်ဦးတည်းသာ မပျော်ရွှင်ချေ။ သူမသည် ကစားကွင်းရှိ သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် ထိုင်နေပြီး သူမကိုလာကြိုသည့် ယာဉ်မောင်းကို လျစ်လျူရှုထားသည်။ သူမသည် ကျောင်း၌ဖြစ်စေ အိမ်၌ဖြစ်စေ အံမဝင်ခွင်မကျ ဖြစ်နေခဲ့၏။

သူမသည် အမြဲတမ်း တစ်ယောက်တည်းသာ ဖြစ်ခဲ့သည်။

နေသည် မိုးကုတ်စက်ဝိုင်းအောက်သို့ လုံးဝဝင်ရောက်သွားသောအခါ ယွမ်စစ် ယွမ်လော့ရီကို ရှာတွေ့ခဲ့သည်။

သူသည် လူငယ်တစ်ဦး၏ အသွင်အပြင်ရှိပြီး သူ့ညီမ၏ နှလုံးသားထဲသို့ ထိုးဖောက်ကြည့်ရှုနိုင်ပုံရသော ပြင်းထန်သောအကြည့်တစ်ခု ရှိသည်။ သူသည် ယွမ်မိသားစုတွင် ယွမ်လော့ရီကို အများဆုံးနားလည်နိုင်သူ ဖြစ်ခဲ့ပေ၏။

ယွမ်စစ်က မေးလိုက်သည်။ “အထီးကျန်နေတာလား”

ယွမ်လော့ရီ ဘာမျှမပြောခဲ့ပေ။ အကြောင်းမှာ “အထီးကျန်” ဟူသည့် စကားလုံးကို ပြောလိုက်လျှင် သူမအသက်ရှူကျပ်သွားမည်ဖြစ်သောကြောင့်တည်း။

အေးစက်ပြီး ကြီးမားသောလက်များသည် ယွမ်လော့ရီကို နောက်မှ ပွေ့ဖက်လာပြီး ယွမ်စစ်၏ပွေ့ချီခြင်းကို သူမခံလိုက်ရသည်။

“နောက်ထပ် ဝမ်းမနည်းပါနဲ့တော့၊ ခုချိန်ကစပြီး စတုတ္ထ​အစ်ကိုက ညီမလေးရဲ့အထီးကျန်မှုကို ဖယ်ရှားဖို့ ကူညီပေးမယ်၊ ပြီးတော့ မင်းက ပျော်ရွှင်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာမှာ”

“တကယ်လား”

“ဟုတ်တယ်၊ တကယ်၊ ညီမလေး​ကိုဆိုရင် ကိုကိုဘယ်တော့မှ လိမ်မှာမဟုတ်ဘူး”

ကံမကောင်းစွာဖြင့် ယွမ်လော့ရီ သေဆုံးသည့်ညတွင် သူမသည် အထီးကျန်နေဆဲဖြစ်ပြီး ယွမ်စစ်သည် သူ၏ကတိကို မဖြည့်ဆည်းနိုင်ခဲ့ချေ။

နောက်တစ်နေ့နံနက်တွင် ယွမ်လော့ရီ အိပ်ချင်မူးတူးဖြင့် နိုးထလာခဲ့၏။

ပြီးခဲ့သည့်ညက သူမသည် တစ်ရေးနိုးအိပ်စက်မှုများဖြင့် ဆက်တိုက်နိုးထနေခဲ့ပြီး ကမ္ဘာ​ပေါင်း၉၉ခု အမျိုးမျိုးသော သေဆုံးမှုအဆုံးသတ်များကို အိပ်မက်မက်နေခဲ့ရာ သူမကို မူးဝေပြီး ပျို့အန်ချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။

ယခင်က ယွမ်လော့ရီသည် ကမ္ဘာ​ပေါင်း၉၉ခု၏ နေ့စဉ်ဘဝကို အများဆုံးမြင်တွေ့ခဲ့ပြီး ထိုမှတဆင့် ကျွမ်းကျင်မှုများစွာကို သင်ယူခဲ့ရာ အကျိုးများစွာ ရရှိခဲ့၏။ သူမသည် သေဆုံးမှုများကို ရံဖန်ရံခါသာ မြင်တွေ့ခဲ့ရသည်။

သို့သော် ယခုမူ နှစ်ဖက်သွားဓားသည် ၎င်း၏အန္တရာယ်ရှိသည့်ဘက်ကို ဖော်ပြစပြုလာခဲ့ပြီ။

သူမရဲ့စိတ်ကလေးက ထိုအရာကို ခံနိုင်ရည်ရှိပါ့မလား။

“ဒေါက်၊ ဒေါက်၊ ဒေါက်”

တံခါးခေါက်သံများစွာအပြီးတွင် တံခါးပွင့်လာပြီး ယွမ်စစ် ဝင်လာခဲ့သည်။

ယနေ့တွင် သူသည် ဖြူဖျော့ပြီး ပိန်ပါးနေဆဲဖြစ်သော်လည်း ယွမ်လော့ရီကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်အနည်းငယ် ပေါ်လာ၏။

“ကြည့်စမ်း၊ ညီမလေးကဒီမှာရှိနေတုန်းပဲ၊ ကိုကို့ကို ထားမသွားဘူး”

ယွမ်လော့ရီ မည်သို့တုံ့ပြန်ရမည်ကို မသိခဲ့ပေ။ အချိန်ခရီးသွား လမ်းကြောင်း ပိတ်သွားပြီဖြစ်သောကြောင့် သူမသည် အမှန်ပင် ထွက်ခွာသွားနိုင်တော့မည်မဟုတ်ပေ။

ယွမ်စစ်သည် ကုတင်မှာ သပ်ရပ်နေသေးသည်ကို သတိပြုမိလိုက်၏။​ “မအိပ်ခဲ့ဘူးလား”

ယွမ်လော့ရီက ဖြေ၏။​ “သမီး စားပွဲပေါ်မှီပြီး ခဏအိပ်ခဲ့တယ်”

သူ၏အကြည့်သည် ယွမ်လော့ရီအပေါ် စူးစိုက်နေပြီး ယွမ်စစ်က ပြုံးကာ သူမထံသို့ လျှောက်သွားသည်။ “ညီမလေး​ ကိုကို့ကို ကြောက်နေတုန်းပဲကို”

ယွမ်လော့ရီ၏ နှလုံးသား တင်းကြပ်သွားသည်။ ဤသို့ အတွင်းစိတ်ကို ဖောက်မြင်ခံရပြီး တစ်လှမ်းချင်း ချောင်ပိတ်ခံရသည့် ခံစားမှုမှာ မသာယာလှပေ။

ယွမ်စစ်က ပြောလာ၏။ “ဒါပေမဲ့ အဆင်ပြေပါတယ်၊ မကြာခင်မှာ ကိုကိုမင်းကို ကိုကိုနဲ့ကျင့်သားရအောင် လုပ်ပေးမယ်၊ ပြီးရင် ညီမလေး ကောင်းကောင်းအိပ်နိုင်သွားလိမ့်မယ်”

သူ၏ကြီးမားသောလက်များက ယွမ်လော့ရီ၏ ပခုံးပေါ်သို့ ကျရောက်လာသည်။ ယွမ်စစ်၏ လှုပ်ရှားမှုများသည် ပေါ့ပါးသော်ငြား ပြင်းထန်သော ထိန်းချုပ်လိုစိတ်ကိုလည်း ဖော်ပြနေ၏။

အေးစက်သည့် အရှိန်အဝါ၊ လှည့်စားတတ်သော နူးညံ့သောအသံနှင့် နွေးထွေးသော်လည်း အသက်ရှူကျပ်စေသော ပွေ့ဖက်မှု။

တစ်ခဏတာ ယွမ်လော့ရီသည် သူမ သူ၏အလွန်အကျွံနီးကပ်မှုကို အမှန်တကယ် ကျင့်သားရလာသကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်မှာ သူမ၏ကျိုးကြောင်းဆီလျော်မှုကို​ညှစ်ထားသော စပါးကြီးမြွေတစ်ကောင်ပင်တည်း။

သူမ၏သဘာဝအလျောက် ရှင်သန်လိုစိတ်က စတင်ဝင်ရောက်လာသည်နှင့် ယွမ်လော့ရီ အနည်းငယ် ရုန်းကန်လိုက်သည်။ ယွမ်စစ်၏ လက်ချောင်းများသည် ချက်ချင်း တင်းကြပ်သွားပြီး သူမကို နာကျင်စွာ ဆုပ်ကိုင်လာခဲ့သည်။

ယွမ်စစ်က​ ပြောသည်။ “ထွက်သွားချင်နေပြန်ပြီ၊ ကောင်းပြီလေ၊ အခန်းထဲမှာ အမြဲတမ်းနေရတာက ပျင်းစရာကောင်းတယ်၊ တောင်ခြေမှာ ရေကန်တစ်ခုရှိတယ်၊ အရမ်းလှလို့ စိတ်ကြည်လင်သွားအောင် ကိုကိုအဲဒီကို ခေါ်သွားပေးမယ်”

ယွမ်လော့ရီသည် အပြင်သို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး သူမ၌ ယွမ်စစ်ကို ငြင်းဆန်ရန် အခွင့်အရေးမရှိခဲ့ပေ။

သူတို့ရေကန်သို့ ရောက်သည့်အခါ နံနက်ခင်းမြူများသည် မပျောက်ကွယ်သေးဘဲ ကန်မျက်နှာပြင်သည် အဖြူရောင်မြူများဖြင့် ဖုံးလွှမ်းနေသည်။

နောက်လိုက်များက စားပွဲများနှင့် ကုလားထိုင်များကို တပ်ဆင်ထားပြီး အဖြူရောင်စားပွဲခင်းများဖြင့် ဖုံးအုပ်ထားကာ စားပွဲအပေါ်တွင် အရသာရှိသော အသားညှပ်ပေါင်မုန့်များနှင့် နွားနို့ပူပူတစ်ခွက်ကို တင်ထားသည်။

ယွမ်စစ်က ပြောလာ၏။ “ညီမ

လေးက​ ငယ်သေးတယ်၊ ဒါကြောင့် နံနက်စာ စားရမယ်၊ ဒီမှာထိုင်ပြီး စား”

သူ၏အကြည့်အောက်တွင် ယွမ်လော့ရီသည် ကုလားထိုင်ပေါ်တွင်ထိုင်ကာ အသားညှပ်ပေါင်မုန့်ကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး နည်းနည်းချင်းစီ​ ကိုက်စားနေသည်။ သူမ၏အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် သူမသည် အရသာကို များများစားစား မခံစားနိုင်ခဲ့ပေ။

သူမသာ မစားခဲ့ပါက ယွမ်စစ်သည် သူမကို စားစေရန် အခြား ပိုဆိုးသော နည်းလမ်းများကို အသုံးပြုမည်မှာ သေချာလေသည်။

နောက်ဆုံးတွင် ယွမ်လော့ရီ အသားညှပ်ပေါင်မုန့်ကို စားပြီး နွားနို့ကို သောက်လိုက်သည်။

ယွမ်စစ်သည် သူမကို ကန်ဘေးတစ်လျှောက် လမ်းလျှောက်ခေါ်သွားပြီး သူတို့သည် ညီညာသောနေရာတစ်ခုတွင် ရပ်တန့်လိုက်ကြ၏။​ ထိုနေရာတွင် လှိုင်းဂယက်ထနေသော ရေမျက်နှာပြင်အောက်၌ ငါးများစွာ ကူးခတ်နေကြသည်။

“ကိုကိုစဉ်းစားနေခဲ့တာ၊ ကိုကိုအရမ်းလောသွားတယ်၊ ညီမလေးနဲ့ ရွယ်တူတွေက ကျောင်းတက်နေတုန်းပဲ၊ ဒါပေမဲ့ ကိုကိုက လူသတ်ဖို့ တောင်းဆိုခဲ့တယ်”

“ပညာရေးဆိုတာက တစ်ဆင့်ပြီးတစ်ဆင့် သွားသင့်တာ၊ မင်းက ပိုသေးငယ်တဲ့ သက်ရှိတွေနဲ့ စတင်နိုင်တယ်”

“ဒီငါးလေးတွေက သင့်တော်လိမ့်မယ်”

All Chapters