← Chapters

အခန်း (၁၀၂)

Vol. 11 Ch. 102

အခန်း (၁၀၂)

Vol. 11 Ch. 102

လူတစ်ယောက်၏ အမဲလိုက်နည်းလမ်းက သူတို့၏စရိုက်အမှန်ကို ဖော်ပြနိုင်၏။

တတိယအစ်ကို ယွမ်ရုံသည် ဖမ်းမိထားသော ယုန်တစ်ကောင်ကို လျင်မြန်စွာ သွေးထုတ် အရေခွံခွာမည်ဖြစ်ပြီး အသက်ရှင်နေသေးလျှင်ပင် သူက မတုံ့ဆိုင်းဘဲ

ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

စတုတ္ထအစ်ကိုမှာမူ လုံးဝကွဲပြားသည့် ချဉ်းကပ်နည်းရှိသည်။ ငါးမျှားကြိုးသည် လေထဲ၌ လှပစွာ ကွေးသွားပြီး နံနက်ခင်းနေရောင်ခြည်တန်းများကို ဖြတ်သန်းကာ မြူဆိုင်းနေသည့် ကန်ရေမျက်နှာပြင်ပေါ်သို့ ညင်သာစွာ ကျရောက်သွားသည်။

အမွေးအတောင်များဖြင့် ပြုလုပ်ထားသော ငါးစာမှာ နူးညံ့ကာသဘာဝကျလှပြီး ကံမကောင်းသည့် ပိုးကောင်တစ်ကောင်ကဲ့သို့

ရေပေါ်တွင် ပေါလောမျောနေသဖြင့် ငါးများကို လာရောက်ကိုက်ခဲရန် သွေးဆောင်နေသကဲ့သို့ပင်။

ထို့နောက် မိသွားသော ငါးများသည် ယွမ်စစ်၏ လက်ချက်ဖြင့် သူတို့၏အဆုံးသတ်ကို ကြုံတွေ့ရပေမည်။

ယွမ်စစ်က ယွမ်လော့ရီအား တိုးတိုးလေး ပြောလိုက်၏။​

“ညီမလေးက အရည်အချင်းကို တမင်တကာ ဖိနှိပ်ထားတာပဲ၊ ညီမလေးသာ ဆန္ဒရှိရင် ကိုကို့လိုပဲ ဖြစ်နိုင်တယ်၊ သတ်ဖြတ်ရတာကို မကြိုက်ရင် တခြားသူတွေကို မင်းအတွက် လုပ်ခိုင်းလို့ရတယ်”

“ဒါပေမဲ့ အရင်ဆုံး ညီမလေး​ လှည့်စားတတ်ဖို့ သင်ယူရမယ်”

“သင်ခန်းစာ ပြီးပြီ၊ အခု မင်းစမ်းကြည့်”

ကျွမ်းကျင်ပညာရှင်သုံး ငါးမျှားတံတစ်ချောင်းကို ယွမ်လော့ရီထံသို့ ပေးအပ်လိုက်ရာ ယွမ်စစ်၏ လှုပ်ရှားမှုများကို အတုယူရင်း သူမ ငါးမျှားကြိုးကို ပစ်လွှတ်လိုက်ရာ ချက်ချင်းပင် ငါးတစ်ကောင်က ငါးစာကို ကိုက်လာ၏။

ထိုးဖောက်ခံထားရသည့် ပါးစပ်မှ နာကျင်မှုက ထိုငါးကို အသိတရားပြန်လည်ရရှိစေခဲ့ကာ ငါးသည် အပြင်းအထန် လွတ်မြောက်ရန် ကြိုးစားနေသောကြောင့် ငါးမျှားကြိုး တင်းမာလာသည်နှင့်အမျှ ယွမ်လော့ရီကို ရှေ့သို့ ယိုင်ထိုးသွားစေသည်။

ယွမ်စစ်၏ဖြူဖျော့သည့်လက်က ယွမ်လော့ရီ၏လက်ကို ဖုံးအုပ်ကာ ငါးကို ရေထဲမှ ဆွဲတင်ရန် ကူညီပေးလိုက်ပြီး ငါးသည် မြေပြင်ပေါ်၌ တဖျပ်ဖျပ်ခတ်ကာ လူးလွန့်နေသည်။

“တော်လိုက်တာ၊ ညီမလေးက အမြဲတမ်း​ မြန်မြန်သင်ယူနိုင်တာပဲ”

ယွမ်စစ်က ကျေနပ်စွာ ဆို၏။

ငါးသည် ကမ်းခြေသို့ နီးကပ်လာသည်နှင့် ယွမ်စစ်သည် ယုံကြည်သူကိုးကွယ်များဘက်သို့ လှည့်ကာ ကြောက်မက်ဖွယ်ကောင်းသည့် အမိန့်တစ်ခု ပေးလိုက်သည်။

“သတ်လိုက်”

ယုံကြည်သူကိုးကွယ်တစ်ဦးက လျင်မြန်စွာပင် ဓားတစ်ချောင်းကို ငါး၏ဦးခေါင်းထဲသို့ ထိုးစိုက်လိုက်ပြီး ရေထဲသို့ ဘယ်သောအခါမှ ပြန်မသွားနိုင်တော့ကြောင်း သေချာစေလိုက်သည်။

ဤသည်ကို မျက်မြင်ကိုယ်တွေ့ကြုံရသည့်အခါ ယွမ်လော့ရီ၏မျက်နှာသည် ဖြူဖျော့သွားသည်။ ထိုသို့ဖြူ​ဖျော့သွားရခြင်းမှာ

ကြောက်မက်ဖွယ်မြင်ကွင်းကြောင့်မဟုတ်ဘဲ သူမအတွင်းထဲမှ အမှောင်ထုသည် အောင်မြင်သော အမဲလိုက်ပွဲ၌ ပျော်ရွှင်မြူးတူးနေသောကြောင့် ဖြစ်၏။

ယွမ်စစ်၏ စကားလုံးများနှင့် လုပ်ရပ်တစ်ခုချင်းစီသည် ဖော်ပြ၍မရသော ဖိအားတစ်ခုကို သက်ရောက်စေပြီး ယွမ်လော့ရီ၏ အမှောင်ဘက်ခြမ်းကို အမှန်တကယ် ထုတ်ဖော်ပြသနေ၏။

သူ့ညီမ၏ အနေရခက်မှုကို အာရုံခံမိသောအခါ ယွမ်စစ်သည် သူမကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး ဆံပင်ကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။

“ကိုကိုတို့ရဲ့ မနက်ခင်းလမ်းလျှောက်တာကို ဒီမှာပဲ အဆုံးသတ်ကြရအောင်၊ ကိုကိုဒီနေရာကို နှစ်သက်မိနေပြီ၊ မကြာခင် ညီမလေးလည်း နှစ်သက်လာမှာပါ”

ဗီလာသို့ ပြန်ရောက်သောအခါ ယွမ်စစ်သည် ယွမ်လော့ရီအား အနည်းငယ် လွတ်လပ်ခွင့်ပေးခဲ့ပြီး သူမအား အနီးကပ်စောင့်မကြည့်ဘဲ ပရဝုဏ်အတွင်း လှည့်လည်သွားလာခွင့်ပြုခဲ့သည်။

သူ၏ထိန်းချုပ်မှုသည် အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားသည်။ ယွမ်လော့ရီ သည်းမခံနိုင်တော့သည့်အခါတိုင်း သူသည် သူ၏ဆုပ်ကိုင်မှုကို ဖြေလျှော့ပေးမည်ဖြစ်သော်လည်း သူမ ခုခံမှုပြသသည့်အခါတိုင်း သူသည် ပြန်၍ ပြင်းထန်စွာ တင်းကြပ်လိုက်ပေမည်။

သူသည် ယွမ်လော့ရီ၏ ကျိုးကြောင်းဆီလျော်မှုကို ဖြည်းညင်းစွာနှင့် ညင်သာစွာ​ တစ်စချင်း ဝါးမြိုနေခဲ့သည်။

ခြံဝင်းထဲတွင် တစ်ယောက်တည်း ထိုင်နေရင်း ယွမ်လော့ရီကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရ၏။ သူမ ယခု ယွမ်စစ်၏ လွှမ်းမိုးမှုကို ခုခံနိုင်သေးသော်လည်း ဤကဲ့သို့ ရေရှည်ဆက်ဖြစ်နေပါက မည်သို့ဖြစ်မည်နည်း။

သူမသည် ယိုယွင်းပျက်စီးသွားပေလိမ့်မည်။

အမှောင်ထုထဲသို့ နက်ရှိုင်းစွာ ကျဆင်းသွားပြီးဤနေရာမှ ယွမ်စစ်သည် ထိုကမ္ဘာမှ တစ်ယောက်ထက် သူမနှင့်တူသည်ဟု သူမခံစားလာမိပေလိမ့်မည်။

သူမသာ သူ့ကဲ့သို့ပင် ဤနေရာကို အမှန်တကယ် နှစ်သက်သွားသည်နှင့် ဘယ်သောအခါမှ ပြန်မသွားနိုင်တော့ပေ။

သူမ ထွက်ပြေးရမည်။

ပတ်ပတ်လည် ကြည့်လိုက်ပြီး ယွမ်စစ်နှင့် ကိုးကွယ်ယုံကြည်သူများသည် မည်သည့်နေရာတွင်မျှ မရှိကြရာ

ဤသည်မှာ သူမအတွက် ထွက်ပြေးရန် နောက်ဆုံးအခွင့်အရေးပင် ဖြစ်သည်။

နောက်ပိုင်းတွင် ယွမ်စစ်၏ ထိန်းချုပ်မှုသည် ပို၍သာ အားကောင်းလာပေမည်။

ယွမ်လော့ရီသည် ခြံဝင်းမှ ထွက်ခွာလာခဲ့ပြီး ဂိတ်တံခါးသည် သော့ခတ်မထားဘဲ တွန်းလိုက်ရုံဖြင့် ပွင့်သွားသည်။ သူမ သတိထား၍ အပြင်သို့ ခြေလှမ်းလိုက်ရာ မည်သူကမျှ တားဆီးခြင်းမပြုခဲ့ပေ။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ယွမ်လော့ရီ ပြေးစပြုတော့သည်။

တောင်ပေါ်လမ်းအတိုင်း အောက်သို့ဆင်းရင်း ယွမ်လော့ရီသည် အသက်ရှူမဝမချင်း ပြေးလွှားခဲ့ပြီး ယခုအခါ ယွမ်စစ်၏ ဗီလာမှ အလွန်ဝေးကွာနေပြီဖြစ်သည်။

ရှေ့တွင်မူ သစ်တောများကထူထပ်နေဆဲဖြစ်ပြီး သူမ လွတ်မြောက်ရန် အချိန်မည်မျှကြာမည်ကို မသေချာချေ။

ဆက်လက်သွားနေစဉ်တွင် ယွမ်လော့ရီသည် တဲငယ်လေးတစ်လုံးကို တွေ့လိုက်ရပြီး အပြင်ဘက်တွင် လူငယ်တစ်ဦးက ထိုင်နေကာ သူသည် သစ်ကိုင်းပုံစံ တံဆိပ်တစ်ခုကို ဝတ်ဆင်ထားသူ သစ်တောစောင့်တစ်ဦး ဖြစ်သည်။

သူသည်လည်း ယွမ်လော့ရီကို သတိပြုမိလိုက်ပြီး လှမ်းမေးလိုက်သည်။​

“ကလေးမလေး၊ ဘာလို့ဒီကို တစ်ယောက်တည်း ရောက်နေတာလဲ၊ သမီးမိဘတွေ ဘယ်မှာလဲ”

“သမီး သူတို့နဲ့ လူစုကွဲသွားတာပါ”

ယွမ်လော့ရီက ဖြေသည်။

“လူစုကွဲသွားတယ်ဟုတ်လား၊ သူတို့ဖုန်းနံပါတ်ကို မှတ်မိလား”

“မမှတ်မိဘူး”

“အာ၊ ဒါဆိုရင် ဦး သမီးကို ဒီကနေ ခေါ်သွားပေးမယ်၊ ပျောက်နေတဲ့ ကလေးတွေကို သူတို့မိသားစုတွေနဲ့ ပြန်လည်ပေါင်းစည်းပေးတဲ့ အဖွဲ့အစည်းတစ်ခု ရှိတယ်”

ယွမ်လော့ရီ သက်ပြင်းချလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမ ဤနေရာမှ ဦးစွာ ထွက်ခွာသွားရမည်။

ဦးလေးကြီးသည် တဲတံခါးကို ဖွင့်လိုက်၏။

“အထဲဝင်ပြီး ထိုင်လိုက်ဦး”

“ကျေးဇူးတင်ပါတယ်”

ယွမ်လော့ရီက ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး၊ သမီးက ဒီလောက်လိမ္မာတဲ့ ကလေးပဲ၊ နောက်တစ်ခါ မိဘတွေနဲ့ လူစုမကွဲမိစေနဲ့တော့၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့”

ယွမ်လော့ရီ ဝင်ရောက်ထိုင်လိုက်သည်။ ဦးလေးကြီးက အစေ့အဆံများနှင့် သကြားလုံးများပါသော ပန်းကန်ပြားတစ်ချပ်ကို ယူဆောင်လာပြီး စားပွဲပေါ်တွင် ချထားလိုက်ရာ

ရင်းနှီးသည့် သကြားလုံးအိတ်ကို ကြည့်ရင်း ယွမ်လော့ရီက ပြောလိုက်သည်။

“ဒါ ကြောင်နားရွက်မြောင်တံဆိပ် သကြားလုံးပဲ”

“ဟုတ်တယ်၊ တစ်ယောက်ယောက်က ဒီမနက် ဦးကိုပေးသွားတာ၊ဦးက မုန့်တွေကို သိပ်မကြိုက်ဘူး၊ ဒါကြောင့် သမီးဒီမှာရောက်နေမှတော့ သမီးပဲစားလိုက်”

“အဲဒီလူက ဘယ်လိုပုံစံရှိလဲ”

“အရပ်အရမ်းရှည်တယ်၊ ချဲ့ကားတဲ့ပုံစံနဲ့ စကားပြောတယ်”

ယွမ်လော့ရီ၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုဖြင့် ဒိန်းခနဲ ခုန်သွား၏။

ဒုတိယအစ်ကို ယွမ်ဖာ့ပဲ။ သူ သူမကို လာရှာခဲ့တယ်။

“သူဘယ်မှာတည်းခိုနေလဲလို့ ပြောသွားသေးလား”

သူမက မေးလိုက်သည်။

“ဟင့်အင်း၊ သူမပြောခဲ့ဘူး”

သူက ပြန်ဖြေသည်။

ယွမ်လော့ရီသည် စိတ်ပျက်မှုတစ်ခုကို ခံစားလိုက်ရသော်လည်း မျှော်လင့်ချက်က ပို၍ကြီးမားလာသည်။

ဒုတိယအစ်ကို အနီးအနားတွင် ရှိနေလျှင် ထွက်ပြေးခြင်းဖြင့် သူမ သူ့ကို ရှာတွေ့နိုင်ပေမည်။

“ဦးလေး​ ကားသွားယူလိုက်ဦးမယ်၊ ဒီမှာ ခဏစောင့်နေ”

သူက ပြောလာ၏။

“ဟုတ်ကဲ့”

ဦးလေးကြီးသည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားပြီး ယွမ်လော့ရီ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

နောက်ဆုံးတွင် သူမသည် မျှော်လင့်ချက် အရိပ်အယောင်တစ်ခုကို မြင်လိုက်ရသည်။ ယွမ်စစ်နှင့် နှိုင်းယှဉ်လျှင် ယွမ်ဖာ့သည် အသိတရား ပို၍ရှိရာ သူ၏အကူအညီဖြင့် သူမသည် ဤကမ္ဘာ​၌ သူမ၏ဩဇာကို တိုးမြှင့်ပြီး အချိန်ခရီးသွား ဝင်ပေါက်အသစ်တစ်ခုကို ဖွင့်နိုင်ပေမည်။

မိနစ်အနည်းငယ်အကြာတွင် အပြင်ဘက်မှ ခြေသံများ နီးကပ်လာ၏။​ ဦးလေးကြီးက တံခါးကို တွန်းဖွင့်လိုက်သည်။

“ကားအဆင်သင့်ဖြစ်ပြီ၊ သွားကြစို့”

ယွမ်လော့ရီသည် ခုံပေါ်မှ ခုန်ဆင်းလိုက်ပြီး သကြားလုံးတစ်လုံးကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ သူမသည် ယွမ်ဖာ့ကို မတွေ့ရသေးသော်လည်း သူချန်ထားခဲ့သော တစ်စုံတစ်ခု ရှိနေခြင်းက သူမကို စိတ်အေးစေပေလိမ့်မည်။

ရုတ်တရက် တိတ်ဆိတ်​သည့် အရိပ်တစ်ခုက ထိုလူ၏ဘေးတွင် ပေါ်လာသည်။ ထိုလူ၏ရှည်လျားသော ပုံသဏ္ဍာန်သည် အလင်းရောင်ကြောင့် ဆွဲဆန့်ထားသကဲ့သို့ ဖြစ်နေ၏။

ယွမ်စစ်သည် ဦးလေးကြီး၏နောက်တွင် မျက်နှာသေဖြင့် ရပ်နေပြီး သူ၏လည်ပင်းကို လက်မောင်းတစ်ဖက်ဖြင့် လျင်မြန်စွာ ပတ်လိုက်စဉ် ဓားတစ်ချောင်းကို ထိုးစိုက်လိုက်သည်။

“ဒုန်း”

ဦးလေးကြီးသည် ပြိုလဲကျသွားပြီး သူ၏လည်ပင်းကို ထိတ်လန့်စွာ ဆုပ်ကိုင်ထားစဉ် သွေးများသည် သူ၏လက်ချောင်းများကြားမှ စီးကျလာသည်။

သူ၏ပါးစပ်သည် ပွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီး စကားပြောရန် ကြိုးစားနေပုံရသော်လည်း သူ၏လေပြွန် ပြတ်တောက်သွားပြီဖြစ်သောကြောင့် သွေးပူဖောင်းများသာ ထွက်ပေါ်လာရာ မကြာမီတွင် သူသည် မလှုပ်မယှက် လဲလျောင်းနေတော့သည်။

ယွမ်စစ်သည် ယွမ်လော့ရီထံသို့ ချဉ်းကပ်လာပြီး သူ၏အနက်ရောင်အရိပ်သည် သူမကို လွှမ်းခြုံသွား၏။

အေးစက်ပြီး အသက်ရှူကျပ်စေသည့် ဖိအားတစ်ခုက သူမအပေါ်တွင် လေးလံစွာ ဖိစီးနေပြီး သူမ၏နှလုံးသားက ဒိန်းခနဲခုန်နေကာ စတုတ္ထအစ်ကိုက သူမကို နောက်ထပ် မည်သို့ဆက်ဆံမည်ကို တွေးတောနေမိသည်။

“ဒုတ်”

သွေးစွန်းနေသည့်​ ဓားမြှောင်ကို ယွမ်စစ်က မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူသည် ငုံ့ကိုင်းကာ လက်နှစ်ဖက်ကို ဖွင့်လိုက်ပြီး ယွမ်လော့ရီကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ သူ၏ကိုယ်သည် တုန်ယင်နေ၏။

“ကိုကိုမင်းကို ထပ်ဆုံးရှုံးသွားပြီလို့ ထင်လိုက်တာ၊ ကံကောင်းလို့ မင်းအဝေးကြီး မရောက်သေးဘူး”

ယွမ်စစ်၏ အသံသည် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် အလွန်ကျိုးပဲ့ကြေမွနေပြီး ယွမ်လော့ရီ၏ အနည်းငယ်မျှသော ရုန်းကန်မှုကပင် သူ့ကို ပြိုလဲသွားစေနိုင်သကဲ့သို့ပင်။

ယွမ်စစ်သာ ပို၍ရန်လိုပြီး ခြိမ်းခြောက်စွာ ပြုမူခဲ့ပါက ယွမ်လော့ရီ သူ့ထံမှ ပို၍ပင် ထွက်ပြေးချင်ပေလိမ့်မည်။

သို့သော် ယခုမူ ယွမ်လော့ရီ လုံးဝမလှုပ်ရှားနိုင်တော့ပေ။

သူသည် ရက်စက်ကြမ်းကြုတ်သော ဗီလိန်တစ်ဦးဖြစ်သော်လည်း သူမကို ချစ်သော အစ်ကိုလည်း ဖြစ်ပေသည်။

All Chapters