← Chapters

အခန်း (၁၀၃)

Vol. 11 Ch. 103

အခန်း (၁၀၃)

Vol. 11 Ch. 103

ယွမ်စစ်သည် သူ၏ညီမငယ်ကို မည်သို့ထိန်းချုပ်ရမည်ကို သိ၏။

သူ ကော်လံကို တင်းကြပ်လိုက်ရာ သူ့ညီမ၏ အကြည့်သည် သူ့နောက်သို့ အဆက်မပြတ် လိုက်ပါလာသည်။ ထိုသေးငယ်သည့် အမာရွတ်သည် သူမ၏နှလုံးသားထဲမှ အနှောင်အထုံးဖြစ်သလို ယွမ်စစ်က သူမကို ချည်နှောင်ရန် အသုံးပြုသည့် ကြိုးလည်းဖြစ်သည်။

သူမ၏စိတ်ဒဏ်ရာသည် ပို၍ပင် နက်ရှိုင်းပြီး ချစ်မြတ်နိုးရသူတစ်ဦးကို ဆုံးရှုံးဖူးမှသာ ဤသို့သောဒဏ်ရာကို ဖြစ်စေနိုင်၏။

သူ့ညီမက ဒဏ်ရာကို ပိုပြီးဆိုးရွားစွာ စုတ်ပြဲသွားစေမှာလား။

ယွမ်စစ်ကတော့ ထိုသို့မထင်ပေ။

အချိန်အတော်ကြာ ယွမ်စစ်သည် သူ့ညီမ၏ အတွင်းစိတ်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူမသည် အမှန်တကယ်ပင် အလွန်နူးညံ့သည့် ကလေးတစ်ဦးဖြစ်ရာ သူ့ကို ထားမသွားနိုင်ပေ။

ယွမ်စစ်သည် ယွမ်လော့ရီကို ဗီလာသို့ ပြန်ခေါ်လာခဲ့၏။ ရှေ့တံခါးသည် သော့ခတ်မထားသေးဘဲ ယွမ်လော့ရီသည် သူမ၏အခန်းထဲတွင် အပြင်မထွက်ဘဲ ထိုင်နေခဲ့သည်။

ညစာသည် အရသာရှိသော်လည်း ယွမ်လော့ရီသည် အစာစားချင်စိတ် များများစားစားမရှ်သောကြောင့်

အလွန်နည်းပါးစွာသာ စားသုံးခဲ့သည်။

ယွမ်စစ်က ပြောလာ၏။

“တခြားဘာစားချင်သေးလဲ၊ ကိုကိုတစ်ယောက်ယောက်ကို ချက်ခိုင်းလိုက်မယ်”

ယွမ်လော့ရီက ဖြေသည်။

“သမီးဗိုက်ပြည့်နေပြီ၊ နားချင်တယ်”

အရာအားလုံး ဖြစ်ပျက်ပြီးတဲ့နောက်

ယွမ်လော့ရီတစ်ယောက် ပင်ပန်းနွမ်းနယ်သည်ဟု ခံစားနေရပြီး ကောင်းကောင်းသာအိပ်စက်ချင်တော့ကာ အခြားမည်သည့်အရာကိုမျှ မစဉ်းစားချင်တော့ပေ။

ယွမ်စစ်သည် ယွမ်လော့ရီကို သူမ၏အခန်းသို့ လိုက်ပို့ပေးပြီး သူမအတွက် အိပ်ရာခင်းပေးလိုက်သည်။

“စားပွဲပေါ်မှာ နောက်မအိပ်နဲ့တော့၊ ကိုကိုမွေ့ယာကို ပြောင်းလိုက်ပြီး၊ ဒါကအရမ်းနူးညံ့တယ်”

ယွမ်လော့ရီ လှဲလျောင်းလိုက်ရာ အိပ်ရာထဲသို့ နစ်မြုပ်သွားသည်။ နွေးထွေးမှုက သူမကို လွှမ်းခြုံထားပြီး သူမ မကြာမီ အိပ်ငိုက်လာ၏။

အိပ်မက်ထဲကမ္ဘာသို့ လုံးလုံးမဝင်ရောက်မီ သူမသည် ယွမ်စစ် ကုတင်ဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူ၏မျက်လုံးများသည် အောက်သို့ကျဆင်းနေပြီး သူမကို တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။ သူမ၏နှလုံးသားကို ခွဲခြမ်းစိတ်ဖြာနေပြီး သူသည် ထွက်သွားရန် ရည်ရွယ်ချက်ရှိပုံမရပေ။

ယွမ်လော့ရီသည် ယွမ်စစ် သူမကို ထိုသို့ကြည့်နေသည်ကို ကျင့်သားမရသေးသော်လည်း အလွန်ပင်ပန်းနေသောကြောင့် မျက်လုံးများကို မှိတ်လိုက်သည်။

သူမ၏အိပ်စက်ခြင်းတွင် ကမ္ဘာ​ပေါင်း၉၉၏ မှတ်ဉာဏ်အပိုင်းအစများက ရုပ်ရှင်တစ်ကားကဲ့သို့ စတင်ပြသလာ၏။​ သေဆုံးခြင်းသည် အဆုံးမရှိသော အိပ်မက်ဆိုးတစ်ခုပင်။

“အား”

ယွမ်လော့ရီ လန့်နိုးလာပြီး ထထိုင်ဖို့ရုန်းကန်ကာ အသက်ကို ပြင်းပြင်းရှူရှိုက်နေသဖြင့်

သူမ၏နဖူးပေါ်တွင် ချွေးအေးများ ထွက်နေတော့သည်။

ဤသို့သေဆုံးပုံသည် အလွန်ဆိုးဝါးလှသည်။ ဘာကြောင့် လူတွေက သူမကို အမြဲတမ်း ထိခိုက်စေချင်ရသနည်း။

အေးစက်သည့် ထိတွေ့မှုတစ်ခု ရောက်ရှိလာသည်။ ယွမ်စစ်သည် ယွမ်လော့ရီ၏ နဖူးကို စိုစွတ်သည့် တဘက်တစ်ထည်ဖြင့် သုတ်ပေးလာခြင်းဖြစ်ရာ သားရဲတစ်ကောင်က သူ၏ဒဏ်ရာရနေသော သားပေါက်ကို နူးညံ့စွာ လျက်ပေးနေသကဲ့သို့ပင်။

ယွမ်စစ်က ညင်သာစွာ​ မေးလိုက်သည်။

“ဘာအိပ်မက်မက်တာလဲ”

ယွမ်လော့ရီက ပြန်ဖြေ၏။​

“တစ်ယောက်ယောက်က သမီးကို သတ်ချင်နေတယ်”

“သူတို့အောင်မြင်ခဲ့လား”

“အင်း”

“နာကျင်ခဲ့ရလား”

“အရမ်းနာကျင်တယ်”

“ကိုကိုမင်းရဲ့အိပ်မက်ဆိုးတွေကို ရပ်တန့်ပေးနိုင်တယ်”

ယွမ်စစ်သည် ယွမ်လော့ရီ၏ လက်လေးကို ယူကာ ဓားမြှောင်ငယ်လေးတစ်ချောင်းကို ထည့်ပေးလိုက်သည်။ ဓားသည် လေးလံကာ​အေးစက်စွာ တောက်ပနေပြီး အန္တရာယ်ရှိသော်လည်း ယွမ်လော့ရီကို ဆွဲဆောင်နေ၏။

ယွမ်စစ်က ပြောလာ၏။

“သူတို့အားလုံးကို သတ်လိုက်၊ ပြီးရင် အိပ်မက်ဆိုးတွေ ရပ်တန့်သွားလိမ့်မယ်”

ယွမ်လော့ရီ၏ လက်တုန်ယင်သွားသည်။

“ဒါပေမဲ့ တချို့လူတွေက ကြင်နာတတ်တယ်”

ယွမ်စစ်၏ အသံသည် လှည့်စားတတ်သည်။

“ဘယ်သူကမှ ကြင်နာတတ်တာမဟုတ်ဘူး၊ သူတို့က မကောင်းမှုတွေလုပ်ဖို့ အခွင့်အရေးမရသေးလို့ပဲ၊ အခြေအနေ ပေးလာတဲ့အခါ အကြင်နာဆုံးလူတောင် ညီမလေးကို ထိခိုက်စေလိမ့်မယ်၊ နာကျင်မှုကို ရပ်တန့်ဖို့ သူတို့အားလုံးကို သတ်ရမယ်”

ယွမ်လော့ရီ၏ နှလုံးသားသည် ရုန်းကန်နေ၏။​

“ဒါအမှန်မဟုတ်ဘူး”

ဝမ်းနည်းစွာ သက်ပြင်းတစ်ချက်ချရင်း ယွမ်စစ်က ပြောလိုက်သည်။

“ညီမလေး၊ ကျေးဇူးပြုပြီး ကိုကို့ကိုကြည့်ပါဦး”

ထိန်းချုပ်ခံထားရသကဲ့သို့ ယွမ်လော့ရီသည် ခေါင်းမော့လိုက်ပြီး သူမ၏အကြည့်သည် ယွမ်စစ်၏အကြည့်နှင့် ဆုံသွား၏။​ သူမစိတ်ထဲရှိစတုတ္ထအစ်ကို၏ မှတ်ဉာဏ်သည် ပျောက်ကွယ်သွားပြီး ကွဲကြေဖြူဖျော့သည့် ပုံရိပ်ဖြင့်သာ အစားထိုးခံလိုက်ရသည်။

ယွမ်စစ်က ဝမ်းနည်းစွာ ပြော၏။​

“အိပ်မက်ထဲမှာတောင် ညီမလေးထိခိုက်တာကို ကိုကိုမလိုချင်ဘူး၊ ညီမလေးနာကျင်တဲ့အခါ ကိုကိုလည်း နာကျင်ရတယ်”

“ညီမလေးတစ်ယောက်တည်း အချိန်အတော်ကြာ နေခဲ့ရတယ်၊ ကျေးဇူးပြုပြီး ကိုကို့ဘေးကို လာပါ”

“ညီမလေး​ ကိုကို့ကို ကယ်တင်နိုင်တယ်၊ ပြီးတော့ ညီမလေးကိုယ်ညီမလေးလည်း ကယ်တင်နိုင်တယ်”

ဤစကားလုံးများသည် ယွမ်လော့ရီ၏ နောက်ဆုံးခုခံမှုအနည်းငယ်ကို ချိုးဖျက်လိုက်သည်။ နှစ်ပေါင်း​၁၈၀၀ကြာ ခရီးတွင် သူမသည် တစ်ယောက်တည်း ကျန်ရှိနေဆဲပင်။

သူမ၏ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုမြင်ကွင်းပေါင်း​ မရေမတွက်နိုင်အောင်က စိတ်ထဲတွင် ပေါ်လာသည်။ သူမ သွေးများနှင့် မျက်ရည်များ ကျခဲ့ရကာ တစ်ယောက်တည်း သေဆုံးခဲ့ရခြင်းက အလွန်ပင်နာကျင်ဖွယ်ကောင်းလှသည်။

ပြီးတော့ သူမကို ထိခိုက်စေခဲ့သူများသည် ဘယ်သောအခါမှ အပြစ်ပေးမခံခဲ့ရပေ။

ယွမ်စစ်သည် ယွမ်လော့ရီ၏ မျက်လုံးများ တဖြည်းဖြည်း အေးစက်လာသည်ကို စွဲလမ်းစွာ စိုက်ကြည့်နေ၏။ သူမ၏လက်ငယ်လေးသည် ဓားမြှောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

သူက မေးလိုက်သည်။

“အိပ်မက်ဆိုးမက်တဲ့အခါ ဒီတစ်ခါ ညီမလေးဘာလုပ်မလဲ”

ယွမ်လော့ရီ၏ အသံသည် စိတ်ခံစားမှုကင်းမဲ့နေ၏။

“သမီးသူတို့အားလုံးကို သတ်မယ်”

“ပြီးတော့ရော”

“ပြီးတော့ သမီး​ ကိုကို့အနားကို လာမယ်”

ယွမ်စစ် ပြုံးလိုက်ပြီး ယွမ်လော့ရီကို ညင်သာစွာ ပြန်လှဲလျောင်းစေလိုက်၏။

အံ့ဩဖွယ်ရာပင် ယွမ်လော့ရီသည် ဤတစ်ကြိမ်တွင် အိပ်မက်ဆိုးများ မမက်ခဲ့ပေ။ သူမသည် ကောင်းစွာအိပ်စက်ခဲ့ပြီး ယွမ်စစ် သူမ၏ကုတင်ဘေးတွင် စောင့်ကြည့်နေခြင်းကို ကျင့်သားရသွားပြီဖြစ်သည်။

နောက်တစ်နေ့နံနက်တွင် ယွမ်လော့ရီ နိုးထလာ၏။

သူမ၏မျက်လုံးများသည် အလွန်အေးစက်နေသည်။ သူမသည် ယွမ်စစ်အား ပြောလိုက်၏။​

“သမီးပွဲတော်တစ်ခု ကျင်းပချင်တယ်”

ယွမ်စစ်က မေးလိုက်သည်။

“ဘာကို ဂုဏ်ပြုဖို့လဲ”

“သမီးရဲ့ပြန်လည်မွေးဖွားခြင်းကို ဂုဏ်ပြုဖို့”

ထို့ကြောင့် တောက်ပသော နေ့လယ်ခင်းတစ်ခုတွင် လူများစွာသည် ယွမ်စစ်၏ဗီလာသို့ ရောက်ရှိလာကြသည်။ အိမ်တော်ထိန်းများနှင့် အစေခံမလေးများသည် အဖျော်ယမကာများကို သယ်ဆောင်ရင်း ဧည့်သည်များကြားတွင် လှည့်လည်သွားလာနေကြ၏။ ယုံကြည်ကိုးကွယ်သူများသည် ဆက်တိုက် ခွက်တိုက်ပြီး ဂုဏ်ပြုစကားများ ပြောဆိုနေကြသည်။

“အရှင်ရဲ့ ညီမတော်က အတကယ်ပဲ အရှင့်ဘေးကို ပြန်လည်ရောက်ရှိလာခဲ့ပြီ”

“သူမက အလွန်မြင့်မြတ်ပြီး တောက်ပလှတယ်”

“အရှင့်ရဲ့ ကာကွယ်မှုအောက်မှာ သူမ ထာဝရပျော်ရွှင်မှုကို ရှာတွေ့လိမ့်မယ်”

ယွမ်စစ်သည် ဝမ်းမြောက်နေပြီး ဖြူဖျော့နေဆဲဖြစ်သော်လည်း သူ၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုက အမြဲရှိနေ၏။ ယွမ်လော့ရီသည် သူ၏ဘေးတွင် ထိုင်နေပြီး ဓားမြှောင်ငယ်လေးကို ဆုပ်ကိုင်ထားသည်။

သူမ အမှန်တကယ် ပျော်ရွှင်နေသလား မသိပေ။ သူမ အလုံးစုံတည်ငြိမ်မှုကိုသာ ခံစားနေရသည်။ စိတ်ခံစားမှုအားလုံးသည် တစ်ညတည်းအတွင်း သူမထံမှ ထွက်ခွာသွားခဲ့ပြီ။ နာကျင်မှုကို မခံစားနိုင်တော့သဖြင့် သူမသည် ပျော်ရွှင်မှုကိုလည်း မခံစားနိုင်တော့ပေ။

ဖြစ်နိုင်သည်မှာ ဤသည်မှာ ယွမ်မိသားစု ဖြစ်သင့်သည့် ပုံစံပင်။

ယွမ်စစ်သည် ဤပြောင်းလဲမှုက အလွန်လျင်မြန်ပြီး သူ၏ညီမ ဤအခြေအနေနှင့် ကျင့်သားမရသေးကြောင်း သိသည်။ သို့သော် သူမ မကြာမီ ပျော်ရွှင်လာမည်ဟု သူယုံကြည်ခဲ့၏။

သူက စိုးရိမ်တကြီး မေးလိုက်သည်။

“တခြားဘာစားချင်သေးလဲ”

ယွမ်လော့ရီက ပြန်ဖြေ၏။​

“သမီးမသိဘူး”

ယွမ်စစ်က ပြောသည်။

“ညီမလေးချိစ်ကိတ်ကို အရမ်းကြိုက်တာကို ကိုကိုမှတ်မိတယ်၊ နည်းနည်းလောက် စားကြည့်ပါဦး”

ယွမ်လော့ရီ ခေါင်းညိတ်လိုက်သည်။

မကြာမီတွင် အမျိုးသားအိမ်တော်ထိန်းတစ်ဦးက ကိတ်မုန့်ကို ယူဆောင်လာပြီး ယွမ်စစ်က ပန်းကန်ပြားကို ယူလိုက်သည်။

သူသည် သူ၏ညီမအရသာမြည်းစမ်းရန် အတုံးငယ်လေးတစ်တုံးကို လှီးဖြတ်တော့မည်အပြုတွင် တစ်ခုခု မှားယွင်းနေသည်ကို သူအာရုံခံမိလိုက်၏။ ထိုအိမ်တော်ထိန်းသည် အလယ်အလတ်အရှည်ရှိသော ဆံပင်တုတစ်ခုကို ဝတ်ဆင်ထားပြီး

သူ၏ပုံပန်းသဏ္ဍာန်နှင့် လှုပ်ရှားမှုများကို​ ယွမ်စစ် ရင်းနှီးနေသော်လည်း အနည်းငယ် နောက်ကျသွားချေပြီ။

အိမ်တော်ထိန်းက ရုတ်တရက် ယွမ်လော့ရီကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

ဒုတိယအစ်ကိုယွမ်ဖာ့သည် သူ၏သေနတ်ကို ထုတ်လိုက်ပြီး အနက်ရောင်ပြောင်းဝက ယွမ်စစ်ကို ချိန်ရွယ်ထားသည်။ တစ်ချိန်တည်းတွင် အနီးနားမှ နောက်လိုက်များအားလုံးသည် ဓားများကို ထုတ်ယူလိုက်ကာ​ ယွမ်ဖာ့ကို ချိန်ရွယ်လိုက်၏။

နောက်ထပ်အိမ်တော်ထိန်းတစ်ဦး အဖြစ်ဟန်ဆောင်ထားသူ တတိယအစ်ကို ယွမ်ရုံသည်လည်းပြေးလာပြီး

သူ၏မျက်နှာသည် မည်းမှောင်နေပြီး ဓားတစ်ချောင်းကို ကိုင်ထားကာ သတ်ဖြတ်ရန် အသင့်ဖြစ်နေသည်။

လေထုသည် ချက်ချင်း တင်းမာသွား၏။

ပြင်းထန်သည့် ဒေါသသည် ယွမ်စစ်ကို လွှမ်းခြုံသွားသည်။ သူ၏မျက်လုံးများသည် မှောင်မိုက်သွားပြီး သူ၏သွေးသားညီအစ်ကိုများကို စိုက်ကြည့်လိုက်ကာ ချက်ချင်းပင် လူသတ်လိုသော အရှိန်အဝါတစ်ခု ထုတ်လွှင့်လာသည်မှာ

သူ၏ညီမရှေ့တွင် ဘယ်သောအခါမှ မပြသခဲ့ဖူးသော ကြောက်မက်ဖွယ်ကောင်းသည့် အမူအရာပင်။

“သူက ငါ့အပိုင်”

ယွမ်ဖာ့က လှောင်ပြောင်ရယ်မောသည်။

“ငါတို့ညီမရဲ့ အုပ်ထိန်းခွင့်အတွက် မင်းနဲ့ငါနဲ့တိုက်ခိုက်ရမယ့်နေ့ ရောက်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့ဘူး၊ နောက်ဆုံးကြိုးစားခဲ့တဲ့ ငတုံးကိုတော့ ငါအပြင်းအထန် ရိုက်နှက်ခဲ့တယ်”

ယွမ်စစ်က ပြော၏။​

“မင်းငါ့ကို လုံးဝအနိုင်မယူနိုင်ခဲ့ပါဘူး၊ အဲဒီအချိန်တုန်းက ငါ့ဓားက မင်းခေါင်းကို ဖြတ်တော့မလို့ပဲ”

ယွမ်ဖာ့က ပြန်ပြောလိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း၊ ငါ့သေနတ်ကလည်း မင်းနှလုံးသားကို ချိန်ရွယ်ထားခဲ့တာပဲ၊ မင်းသာညီမလေးနဲ့တွေ့ဖို့ ပြေးမသွားခဲ့ရင် ငါမင်းကို သေနတ်တစ်ချက်တည်းနဲ့ ငရဲကို ပို့ခဲ့တာ ကြာပြီ”

သူတို့၏ ပုံမှန်​ ညီအစ်ကိုချင်း ရန်ဖြစ်ခြင်းကို အဆုံးသတ်ပြီးနောက် ယွမ်ဖာ့သည် သူ၏ရူးသွပ်နေသည့် ညီငယ်ထံသို့ အာရုံပြောင်းလိုက်သည်။ သူတို့၏အစ်ကိုကြီး မရှိတော့သဖြင့် သူသည် သူ၏ညီအစ်ကိုများကို ဆုံးမပဲ့ပြင်သည့် တာဝန်ကို ထမ်းဆောင်ရမည်ဟု ထင်ရသည်။

“ဥပဒေအတိုင်း လိုက်နာကြရအောင်၊ အသက်ရှစ်နှစ်အထက် ကလေးတွေက သူတို့ရဲ့ကိုယ်ပိုင် အုပ်ထိန်းသူကို ရွေးချယ်နိုင်တယ်၊ သူမကို ဘယ်သူစောင့်ရှောက်သင့်လဲဆိုတာ ဆုံးဖြတ်ခိုင်းလိုက်”

ယွမ်ဖာ့သည် ယွမ်လော့ရီကို လွှတ်ပေးလိုက်သည်။

ယွမ်စစ်သည် ချက်ချင်းပင် သူ၏လက်ကို ဆန့်တန်းလိုက်ပြီး သူမကို ညင်သာစွာ ခေါ်လိုက်၏။​

“ကိုကို့ဆီကို ပြန်လာခဲ့”

ယွမ်လော့ရီသည် သူမ၏ဒုတိယအစ်ကိုကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏စတုတ္ထအစ်ကိုကို ကြည့်လိုက်ပြီး ခိုင်မာစွာ ပြောလိုက်၏။​

“ဟင့်အင်း”

ဤအဖြေသည် ယွမ်စစ်အတွက် လုံးဝမမျှော်လင့်ထားသည့်အရာဖြစ်သည်။ ယွမ်လော့ရီကို စိုက်ကြည့်လိုက်သောအခါ သူမသည် အသိတရားပြန်လည်ရရှိသွားပုံရပြီး သူမ၏အကြည့်သည် အေးစက်ဗလာမဖြစ်တော့သည်ကို အံ့ဩစွာ တွေ့ရှိခဲ့ရ၏။

သူမက ပြောလိုက်သည်။

“တောင်းပန်ပါတယ် စတုတ္ထအစ်ကို၊ သမီး​ ကိုကို့ကို လှည့်စားခဲ့တယ်”

“ကိုကိုနဲ့အတူ ပြန်လာတဲ့လမ်းမှာ သမီးဒုတိယအစ်ကိုကို မြင်ပြီးသားပါ၊ သူသမီးကို ရှာနေမှန်း သမီးသိတယ်၊ ကိုကို့နောက်လိုက်တွေက သူ့ကို အနားမကပ်အောင် တားဆီးနေခဲ့တယ်”

“ကိုကိုက တကယ်ပဲ ကြောက်စရာကောင်းတယ်၊ သမီးရဲ့အတွေးတွေနဲ့ ရည်ရွယ်ချက်တွေကို အမြဲတမ်း ထိုးထွင်းမြင်နိုင်တယ်၊ ကိုကို​က​ သမီးကို မချုပ်နှောင်ထားသလို ထင်ရပေမဲ့ နေရာတိုင်းမှာ မျက်လုံးတွေရှိနေခဲ့တယ်၊ သမီးက ကိုကို့ကို အစောင့်အရှောက်လျှော့စေချင်ခဲ့တာကြောင့် သမီးကိုယ့်ကိုယ်ကိုယ် အရင်လှည့်စားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အမှောင်ထုထဲကို ယာယီကျဆင်းခွင့်ပေးခဲ့တယ်”

“သမီးက​ ဒီလွတ်လပ်မှုအခိုက်အတန့်ကို စောင့်နေခဲ့တာပါ”

ယွမ်လော့ရီသည် သူမ၏အိတ်ကပ်ထဲသို့ လက်နှိုက်ပြီး သကြားလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ ယွမ်စစ်က သူမကို အမှောင်ထုထဲသို့ ပြန်ဆွဲခေါ်ရန် ဓားမြှောင်တစ်ချောင်းကို အသုံးပြုနိုင်သော်လည်း လှပသောမှတ်ဉာဏ်များဖြင့် ပြည့်နှက်နေသော ဤသကြားလုံးသည်လည်း သူမကို အလင်းသို့ ဦးဆောင်နိုင်ပေ၏။

သူမသည် ဘယ်သောအခါမှ ဖြူစင်သောအဖြူ သို့မဟုတ် လုံးဝအနက်ရောင်မဟုတ်ခဲ့ပေ။ သူမသည် ထိုနှစ်ခုကြားတွင် လွင့်မျောနေသည့် အမြဲတမ်းပြောင်းလဲနေသော မီးခိုးရောင်အရိပ်တစ်ခုပင်။

အခြေအနေသည် အလွန်မတည်မငြိမ်ဖစ်နေဆဲပင်။

ယွမ်လော့ရီမှလွဲ၍ တခြားရှိနေသူအားလုံးသည် လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။

နောက်လိုက်များသည် အရေအတွက်များပြားပြီး ယွမ်စစ်ကိုသာ သစ္စာစောင့်သိကြသည်။ တကယ့်တိုက်ပွဲတစ်ခု ဖြစ်ပွားပါက သူတို့အားလုံး အတူတကွ ပျက်စီးသွားပေလိမ့်မည်။

ယွမ်လော့ရီသည်

ဤသို့အချင်းချင်းသတ်ဖြတ်မှုကို တားဆီးရပေမည်။

သူမသည် ယွမ်စစ်ထံသို့ လက်ဆန့်တန်းလိုက်ပြီး သူ့ကို စူးစိုက်ကြည့်ကာ သူ၏နှလုံးသားထဲသို့ ထိုးဖောက်ကြည့်ရှုလိုက်၏။

လူတိုင်း၌ အားနည်းချက်တစ်ခု ရှိပြီး ယွမ်လော့ရီက သူမသည် သူ၏အားနည်းချက်ဖြစ်ကြောင်း သိသည်။

သူမက ပြောလိုက်၏။

“သမီးကိုကို့ကို လိုအပ်တယ်”

ယွမ်စစ် တောင့်ခဲသွားသည်။ သူ ယွမ်လော့ရီကို ထိန်းချုပ်ရန် ကြိုးစားနေစဉ် သူမသည်လည်း သူ့ကို ထိန်းချုပ်ရန် ကြိုးစားနေမှန်း မမျှော်လင့်ထားခဲ့ပေ။ သူမသည် သူ့ကိုယ်သူ ငါးစာအဖြစ်သို့ ပြောင်းလဲခဲ့ပြီး သူ့ကို လာရန် ဖိတ်ခေါ်နေခဲ့သည်။

တစ်စုံတစ်ယောက်ကို ဆုံးရှုံးပြီးရာမှ

ပြန်လည်ရရှိပြီးနောက် အဖော်ပြုပေးခြင်းသည် အစွဲလမ်းစေတတ်ဆုံးအရာပင်။

သူသည်လည်း သူမထံမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ယွမ်စစ်သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။

“ညီမလေးအထီးကျန်နေသေးလား”

ကလေးဘဝမှ မှတ်ဉာဏ်များသည် ယွမ်လော့ရီ၏နှလုံးသားထဲသို့ လျှံကျလာပြီး လူငယ်ယွမ်စစ်သည် သူမ၏ရှေ့တွင် ရှိနေသကဲ့သို့ပင်။

သူသည် သူ့ညီမ၏ အထီးကျန်သေဆုံးမှုကို ဖြစ်စေခဲ့ပြီး သူ့ကို နာကျင်ခံစားမှုနှင့် ကြေကွဲမှုတို့ဖြင့် ထားခဲ့သည်။

သို့သော် ယွမ်လော့ရီသည် ကွဲပြားရန် ကံကြမ္မာပါလာပြီး သူမသည် အမှန်တကယ်တွင် ဘယ်နေရာမှာမှ အံဝင်ခွင်ကျ ဖြစ်နိုင်မည်မဟုတ်ပေ။

သို့သော် နှစ်ပေါင်း​၁၈၀၀တစ်လျှောက် သူမ၏အထီးကျန်ခရီးသည် အားလုံးဒုက္ခဆင်းရဲမှုချည်း မဟုတ်ခဲ့ပေ။ သူမသည် မတူညီသော ရှုခင်းများကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရကာ ပညာရှိပုဂ္ဂိုလ်များစွာနှင့် တွေ့ဆုံခဲ့ရပြီး များစွာသင်ယူခဲ့ကာ ကမ္ဘာလောကကို စူးစမ်းရှာဖွေခဲ့သည်။

သူမသည် တစ်ချိန်က တစ်ယောက်တည်း တစ်ညလုံး တောင်တက်ခဲ့ပြီး အရုဏ်မတက်မီ မှောင်မိုက်သောအချိန်၌ တောင်ထိပ်သို့ ရောက်ရှိခဲ့သည်။ သူမသည်

ရွှေရောင်နေမင်းက တိမ်တိုက်အလွှာများကို ထိုးဖောက်ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ အဆုံးမဲ့အလှတရားကို ခံစားလိုက်ရသည်။

ထို့နောက် သူမသည်

နက်ရှိုင်းသောအရာတစ်ခုကို သဘောပေါက်သွားသည်။

အတွင်းစိတ်ပြည့်ဝသူများအတွက် အထီးကျန်ခြင်းသည် အဖော်ပြုခြင်းနှင့် တူညီသည်။

ထို့ကြောင့် ယွမ်လော့ရီက ပြောလိုက်၏။​

“သမီးအထီးမကျန်တော့ပါဘူး”

ယွမ်စစ်သည် သူ့ညီမ၏ ပြောင်းလဲမှုကို မြင်နိုင်ခဲ့သည်။ အမှောင်ထုထဲသို့ တွန်းပို့ခံရပြီးနောက် သူမသည် ပို၍ပင်တောက်ပသော ပန်းတစ်ပွင့်အဖြစ်သို့ ပွင့်လန်းလာခဲ့သည်။

သူလူငယ်ဘဝက ပြုလုပ်ခဲ့သော ကတိသည် နောက်ဆုံးတွင် ဖြည့်ဆည်းခံလိုက်ရပြီ။

သူသည် ယွမ်လော့ရီထံသို့ လျှောက်သွားပြီး သူမ၏လက်ကိုဆွဲယူကာ ဖြည်းညင်းစွာ ငုံ့ကိုင်းလိုက်သည်။ သူ၏လှုပ်ရှားမှုများသည် ကျက်သရေရှိပြီး လှပကာ

သူ၏နဖူးသည် သူမ၏လက်ဖမိုးကို ထိတွေ့နေ၏။

“ကိုကို့ရဲ့သစ္စာစောင့်သိမှုက ညီမလေးအတွက်ပါပဲ”

ဤတစ်ကြိမ်တွင် သူသည် သူ့ကိုယ်သူ သူမ၏ထိန်းချုပ်မှုအောက်သို့ ဆန္ဒအလျောက် ကျရောက်စေခဲ့သည်။

All Chapters