← Chapters

အခန်း (၁၀၄)

Vol. 11 Ch. 104

အခန်း (၁၀၄)

Vol. 11 Ch. 104

စားပွဲပေါ်ရှိ စားစရာများမှာ တန်ဖိုးကြီးကာ ပန်းကန်များအကြားတွင် နှင်းဆီဖြူများကို ထားထားပြီး နွယ်ပင်များမှာလည်း စားပွဲထောင့်အနားတွင် တွဲလောင်းကျနေ၏။ ယွမ်စစ်က စားစရာများအား အနုပညာဆန်ဆန် စီစဥ်ပေးလေ့ရှိသည်။

ယွမ်လော့ရီသည် သူမ၏ အစ်ကိုသုံးယောက်နှင့် အတူထိုင်စားနေသည်မှာ ငါးမိနစ်ကြာပြီးနောက် ဖေဖေယွမ်က သူ့သားများအတူတကွ ရှိနေခြင်းကို အဘယ်ကြောင့် မကြိုက်ကြောင်းကို

သူမ နားလည်သွားခဲ့သည်။

သူတို့မှာ ယခုတွင် ကြောက်စရာကောင်းသည့် ကွင်းဆက်လူသတ်သမားများ ဖြစ်နေကြပြီဖြစ်သော်ညား သွေးရင်း ညီအစ်ကိုများကို တွေ့ချိန်တွင် ငယ်စဥ်က ငြင်းခုံကြသကဲ့သို့ ငြင်းခုံကြဦးမည်ပင်။

ဒုတိယအစ်ကို ယွမ်ဖာ့က စတုတ္ထအစ်ကို ယွမ်စစ်အား မထီမဲ့မြင် ပြုသည့်အကြည့်ဖြင့်စိုက်ကြည့်နေခဲ့၏။

“ငါက ငါ့ရဲ့ပြစ်မှတ်တွေကို သေချာရွေးတာ သက်သေတွေစုပြီး၊ တရားစီရင်ပြီးမှ အပြစ်ရှိတဲ့သူတွေကိုပဲ သတ်တာ ငါသတ်လိုက်တဲ့ သူတိုင်းက သူတို့ရဲ့ ပြစ်မှုတွေကို ဝန်ခံသွားကြပြီးတော့ ငါ့ကိုလည်း မှတ်ချက်ကောင်းကောင်းပေးကြမှာ အသေအချာပဲ ဒါပေမဲ့ မင်းက အပြစ်ကင်းတဲ့ လူတွေ အများကြီးကို သတ်ခဲ့တာလေ မင်းမှာ ကိုယ်ကျင့်တရားမရှိဘူးလား”

ယွမ်စစ်က အေးစက်စွာပင် လှောင်ပြောင်လိုက်၏။

“မင်းမှာ ငါ့ကို ကိုယ်ကျင့်တရားအကြောင်းနဲ့ ပတ်သက်ပြီး သင်ပေးပိုင်ခွင့်မရှိဘူး မင်းငါ့ကို ပိုက်ဆံပြန်ဆပ်ရဦးမယ်”

ယွမ်ဖာ့က ပြောလိုက်သည်။

“မင်းကို အကြွေးတင်နေတာမဟုတ်ဘူး အဲဒါက ဥပဒေရေးရာဆွေးနွေးရေးအတွက် ပေးရတဲ့ အဖိုးအခပဲ ညီအစ်ကိုတွေကြားမှာလည်း ပိုက်ဆံကိစ္စကတော့ ရှင်းရမယ် ”

ယွမ်စစ်က သူ၏ ဓါးနှင့်ခရင်းအား ကြမ်းတမ်းစွာပင် ချလိုက်ပြီး

“မင်းငါ့ကို တောင်းတဲ့စျေးက မင်းတခြားသူတွေကို တောင်းတဲ့စျေးရဲ့ ငါးဆလေ”

ယွမ်ဖာ့က သနားစရာကောင်းသည့်ပုံစံဖြင့် သက်ပြင်းတစ်ချက်ချ၍ မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။

“မင်းက ငယ်နေသေးလို့ ငါ ဘာမှ မပြောခဲ့တာ ပြီးတော့ မင်းမာန ထိခိုက်သွားမှာ စိုးလို့ပဲ မင်းကို ငါးဆပိုတောင်းရတဲ့ အကြောင်းက မင်းနဲ့ဆက်ဆံဖို့အတွက်က ငါးဆလောက် ပိုပြီး အားထုတ်ဖို့ လိုလို့ပဲ”

ယွမ်လော့ရီဘေး၌ ထိုင်နေသည့် တတိယအစ်ကို ယွမ်ရုံမှာ ငြင်းခုံမှုထဲ ဝင်မပါပေ။

သူ၏ ညီမလေး လုံလုံလောက်လောက် မစားရမည်ကို သူစိုးရိမ်သဖြင့် စားပွဲပေါ်သို့ ဟင်းပွဲအသစ်တစ်ပွဲ ချလိုက်ချိန်တိုင်း ယွမ်ရုံသူ၏ ဓါးအား အလျင်အမြန် ကိုင်ကာ အကောင်းဆုံးအပိုင်းအား ယွမ်လော့ရီ၏ ပန်းကန်ထဲသို့ ထည့်ပေးလေသည်။

ယွမ်ဖာ့နှင့် ယွမ်စစ်၏ ရန်လိုမှုများ ပြင်းထန်လာသည်ကို မြင်သောအခါ ယွမ်ရုံသည် စားပွဲအမှောက်မခံရခင်တွင် သူတို့နှစ်ဦးကြားထဲ၌ ဝင်ရောက်ဖြေရှင်းဖို့ရာ ဆုံးဖြတ်လိုက်၏။

ယွမ်ရုံက ပြောလိုက်သည်။

“ဒုတိယအစ်ကိုမှာ ကယ်တင်လို့ကို မရတော့တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဝိဥာဥ်ရှိပေမဲ့လည်း သူက စျေးနှုန်းတွေနဲ့ ပတ်သက်ပြီးတော့ အတော်လေး တရားမျှတပါတယ် အရင်တစ်ခေါက်တုန်းက သူငါ့ကို စျေးနှစ်ဆပဲ တင်တာလေ”

ကံမကောင်းစွာဖြင့် ယွမ်ရုံ၏ မှတ်ချက်မှာ အခြားသူများကို ပို၍သာ ဒေါသထွက်စေခဲ့၏။

ယွမ်စစ်က ပြောလိုက်သည်။

“မင်းဘာကို ပြောချင်နေတာလဲ မင်းက ယွမ်မိသားစုထဲကနေ နှင်ထုတ်ခံလိုက်ရပြီးပြီလေ မင်းက ငါတို့အားလုံးထဲမှာ သည်းခံစိတ်မရှိဆုံး သူပဲ”

ယွမ်ဖာ့က ပြော၏။

“မင်းကို နှစ်ဆပဲတောင်းတာက ငါ့ရဲ့ ကြင်နာမှုလေးပဲ မင်းရဲ့ လစာက တစ်နှစ်မှာ ဂဏာန်းခုနစ်လုံးလောက်ပဲ ရှိတာလေ နှစ်တွေအများကြီး ပိုက်ဆံစုပြီးတာတောင်မှ မင်းကိုယ်ပိုင်ရဟတ်ယာဥ် မဝယ်နိုင်သေးဘူး ဆင်းရဲတဲ့ အလုပ်သမားတွေကတောင် မင်းကိုကြည့်ပြီး သနားကြလိမ့်မယ် ပြီးတော့ မင်းက လူတွေလျှောက်သတ်နေတာ ဆိုတော့ ငါမင်းကို ကျည်ကာအင်္ကျီ ဝယ်ဖို့တော့ ပိုက်ဆံချန်ထားပေးရတာပေါ့”

ယွမ်ရုံ၏ သည်းခံနိုင်စွမ်းမှာ ငယ်ထိပ်ထိ ရောက်နေပြီဖြစ်သော်ငြား ငြင်းခုံဖို့ရာ သူစိတ်မဝင်စားတော့ချေ။ သူက ငြင်းခုံရခြင်းထက် တိုက်ရိုက် တိုက်ခိုက်ရခြင်းကိုသာ ပိုနှစ်သက်၏။

ပြီးလျှင် ယွမ်စစ်နှင့် ငြင်းခုံရခြင်းမှာ သူ့အား ငြင်းခုံရခြင်း၏ မူလအကြောင်းအရာဆီမှ လမ်းလွဲသွားစေတတ်သည်။

ယွမ်ဖာ့သည် ပါးစပ်ဆယ်ပေါက်လောက်ရှိကာ မှန်သယောင်ယောင်အသံမျိုးနှင့် အဆုံးမသတ်နိုင်စွာ ပြောဆိုတတ်ပြီး ယွမ်ရုံအား တစ်လုံးမှပင် ဝင်ပြောခွင့် မပြုပေ။

နောက်ဆုံးတွင်တော့ ယွမ်ရုံ ဆိတ်ဆိတ်နေဖို့သာ ရွေးချယ်လိုက်ပြီး သူတို့နှင့် ငြင်းခုံလိုက်ခြင်းမှာ ရန်ပွဲအား ရှုံးစေသကဲ့ပင်။ သူ၏ ညီမလေးအား သူဂရုစိုက်ပေးရဦးမည်။

ယွမ်ရုံ၏ ဖျန်ဖြေပေးမှုမှာ အောင်မြင်ခဲ့၏။ ယွမ်စစ်နှင့် ယွမ်ဖာ့ကြားရှိ ရန်ပွဲမှာ ပြေလည်သွားပြီး အနည်းဆုံး ဆယ်မိနစ်လောက်အထိတော့ သူတို့ ယွမ်ရုံအပေါ်တွင်သာ မကျေနပ်မှုများ ရှိနေကြမည်ပင်။

ထမင်းစားစားပွဲမှာ အမှောက်မခံရကာ သူ၏ ညီမလေးမှာလည်း ဗိုက်ပြည့်အောင် စားနိုင်သဖြင့် နှစ်ဖက်လုံးအတွက် အနိုင်သာဖြစ်သည်။

သူမ၏ အစ်ကိုများကို ကြည့်နေရင်း ယွမ်လော့ရီ ဖေဖေယွမ် ပြောခဲ့ဖူးသည်ကို အမှတ်ရသွား၏။

“အဲဒီ နတ်ဆိုးဘုရင်လေး ငါးယောက်က အမြဲပြဿနာရှာပြီး ငါ့ကို အသက်တိုအောင် လုပ်ချင်နေကြတာ သူတို့တွေအားလုံး အသက်နှစ်ဆယ်တောင်ကျော်နေကြပြီကို ငါးနှစ်သားလေးတွေလိုမျိုး ငြင်းခုံနေကြတုန်းပဲ ဒီလို သားတွေကို ပျိုးထောင်ရတာက တကယ်ကို အကျိုးယုတ်တာပဲ”

သို့သော်ငြား အမှောင်ဆုံးအချိန်များအား ကြုံတွေ့ခဲ့ရပြီးနောက် ယွမ်လော့ရီမှာ သူမ အစ်ကိုများ၏ “ထိတ်လန့်စရာ စကားများ” နှင့် နေသားကျသွားပြီဖြစ်ပြီး ဖေဖေယွမ် သူ၏ သားများအား ရှောင်နေသကဲ့သို့ ရှောင်နေမည် မဟုတ်ချေ။

သူမ၏ ပန်းကန်နှင့် တူအား မြှောက်လိုက်ကာ ပျော်ရွှင်စွာပင် အသုပ်အား နှိုက်လိုက်၏။

ယွမ်လော့ရီက သူမ၏ အစားအစာအား သေသေချာချာစားနေပြီး သူမစားလိုက်တိုင်း ပါးများကလည်း ဖောင်းလာ၏။ လွန်ခဲ့သောနှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သည့် အရာများမှာ အတော်လေး ပင်ပန်းဖွယ်ရာဖြစ်ခဲ့ပြီး သူမအား အင်အားအများအပြား ကုန်ဆုံးစေခဲ့သည်။ သူမ ကောင်းကောင်းမစားရသည်မှာ ကြာပြီးဖြစ်၍ သူမကိုယ်သူမ အားဖြည့်ပေးရန် လိုအပ်၏။

[ဒင်]

[စနစ်သတိပေးချက်: host ရဲ့ အချိန်စက်ဝန်း 2 မှာ လွှမ်းမိုးမှုက 1000 အထိရောက်သွားပါပြီ]

ယွမ်လော့ရီမှာ မထင်ထားလောက်အောင်ပင် မြင့်မားသည့် နံပါတ်ကြီးကြောင့် အံ့ဩသွားခဲ့သည်။

သူမ၏ စတုတ္ထအစ်ကိုအား သူမကိုယ်သူမ ကြေညာပေးဖို့ရာ သူမ ပြောခဲ့ရုံဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာပင် သူမ၏ လွှမ်းမိုးမှုမှာ ထိုမျှအထိပင် တိုးသွားခဲ့သည်။

စတုတ္ထအစ်ကိုမှာ ကမ္ဘာတစ်ဝှမ်း၌ အမှန်တကယ်ပင် ကြီးမားသည့် ပုံရိပ်ကြီးရှိကာ အာရုံစူးစိုက်မှုရအောင် မည်ကဲ့သို့ ဆွဲဆောင်ရမည်ကို သူသိ၏။ ပို၍ အဓိကကျသည်မှာ နယ်ပယ်အမျိုးမျိုးရှိ သူ၏နောက်လိုက်များကလည်း သူ့အား ပံ့ပိုးပေးနေကြပြီး ကြီးမားသည့် ကွန်ရက်မှာ တစ်ခါ အသက်သွင်းလိုက်သည်နှင့် ကြီးမားသည့် ဩဇာလွှမ်းမိုးမှုအား ဆုပ်ကိုင်နိုင်၏။

ယွမ်လော့ရီက မေးလိုက်သည်။

“အချိန်ခရီးသွားဝင်ပေါက် ပွင့်ပြီလား”

[စနစ်: အချိန်ခရီးသွားဝင်ပေါက်က ပွင့်ပါပြီ Host ပြန်သွားလို့ ရပါပြီ]

ယွမ်လော့ရီ သူမ၏ အစားအစာများအား အမြန်စားလိုက်သည်။ သူမဒီဘက် အချိန်စက်ဝန်း၌ ရှိနေသည်မှာ တစ်ပတ်လောက်ရှိပြီဖြစ်ပြီး တခြားဘက်အချိန်စက်ဝန်း၏ အခြေအနေအား မသိသဖြင့် သူမအလျင်အမြန် ပြန်ဖို့ရာ လိုအပ်သည်။

သူမ ထိုဘက်ခြမ်း၌ စတုတ္ထအစ်ကိုနှင့် တွေ့ဖို့လိုအပ်၏။ ယခင်က သူ၏ ထိန်းချုပ်မှုကြောင့် သူမ သူနှင့် စာချုပ်ချုပ်ဖို့ ကြောက်ခဲ့သော်ငြား ယခုအချိန်စက်ဝန်း၌ စာချုပ်ချုပ်ကြည့်ပြီးနောက် တခြားအချိန်စက်ဝန်းရှိ သူနှင့် မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို သိသွားခဲ့၏။

အကယ်၍ အောင်မြင်သွားခဲ့လျှင် အခြားတစ်ဖက်ရှိ သူမ၏ လွှမ်းမိုးမှုမှာလည်း များစွာ တက်လာမည်ဖြစ်ပြီး စနစ်က နောက်ထပ်လုပ်ဆောင်ချက် အသစ်များအား ဖွင့်ပေးလောက်မည်ပင်။

နောက်ဆုံး ဇွန်းအပြည့် အသုပ်တစ်လုတ်အား စားလိုက်ပြီးနောက် ယွမ်လော့ရီ သူမ၏ ထိုင်ခုံမှ ခုန်ဆင်းသွားကာ ဒုတိယအစ်ကို ယွမ်ဖာ့အား ဖက်လိုက်၏။

သူက သူမ ဘာလုပ်တော့မည်ကို ချက်ချင်းနားလည်လိုက်သဖြင့် ညှိုးငယ်စွာ မေးလိုက်သည်။

“မင်းပြန်သွားတော့မှာ မလား”

ယွမ်လော့ရီက ပြောလိုက်၏။

“ဟုတ်တယ် ကိုကို”

ပြီးနောက် သူမ၏ တတိယအစ်ကို ယွမ်ရုံအား ပွေ့ဖက်လိုက်ကာ

“ကိုကိုရဲ့ ဒါဏ်ရာက ကောင်းကောင်းမပျောက်သေးဘူးနော် ကိုကို များများ စားသင့်တယ်”

ယွမ်ရုံ သက်ပြင်းဖျော့ဖျော့လေးချလိုက်ပြီး သူမအား လွတ်ပေးလိုက်သည်။

နောက်ဆုံးတွင်တော့ သူမ ယွမ်စစ်ဆီသွားကာ သူ၏ သွယ်လျသည့် ခန္ဓာကိုယ်အား ပွေ့ဖက်လိုက်သည်။

သူမက ပြောလိုက်၏။

“စတုတ္ထအစ်ကို နောက်ထပ် အပြစ်မဲ့တဲ့သူတွေကို မသတ်ပါနဲ့တော့”

ယွမ်စစ်က ပြောလိုက်သည်။

“ကောင်းပါပြီ”

ယွမ်စစ်အတွက် ကြင်နာမှုနှင့် ဆိုးယုတ်မှုမှာ ဘာမှ ကွာခြားမှု မရှိသော်ငြား သူ့ညီမလေး၏ ပြောစကားအား လိုက်နာဖို့ရာ ဆန္ဒရှိ၏။

ထမင်းစားခန်းထဲရှိ လေထုမှာ ရုတ်တရက် ပြောင်းသွားပြီး အေးစက်ကာ တင်းမာ၍ လျို့ဝှက်ဆန်းကြယ်သွား စေသည်။

ယွမ်စစ်၏ အမူအယာမှာ ပြောင်းလဲသွားပြီး ငြိမ်သက်နေသည့် မြွေတစ်ကောင်ကဲ့သို့ သူ၏ ခန္ဓာကိုယ်အား ဆန့်လိုက်ကာ သူ၏ ကြောက်စရာအပြုံးမှာလည်း ဘေးနားရှိ သူများအား မသက်မသာဖြစ်စေသည်။ သူ့ညီမလေး အရှေ့၌ သူ သူကိုယ်သူ ထိန်းထားခဲ့ခြင်း ဖြစ်၏။

“ဒုတိယအစ်ကို အခုပဲ ကျွန်တော်ကို ပြောပြလိုက်ပါ သူ ဘာတွေဖြစ်နေတာလဲ”

သူ၏ လက်များအား စားပွဲပေါ်သို့ တင်လိုက်ပြီး လက်ချောင်းထိပ်များအချင်းချင်း ဖိထားကာ ယွမ်ဖာ့၏ အကြည့်မှာလည်း အေးစက်သွားခဲ့သည်။ သူသည် သားကောင်များအား မသတ်ဖြတ်မီ ညှင်းပန်းနှိပ်စက်မည့် သူမျိုးဖြစ်နေဆဲပင်။

ယွမ်ဖာ့မှာ ဆယ့်တစ်နှစ်အရွယ် ယွမ်လော့ရီက သေနတ်နှင့် သူမကိုယ်သူမ သတ်သေသွားသည်ကို မှတ်မိနေခဲ့ပြီး သူမ၏ လုပ်ရက်များမှာ ကိစ္စတော်တော်များများအား သက်သေပြသွားခဲ့သည်။ ထိုအချိန်မှစ၍ ယွမ်ဖာ့ အဆက်မပြတ်ပင် သဲလွန်စများ စတင်စုဆောင်းကာ အမှန်တရားအား ထုတ်ဖော်ခဲ့သည်။

“သူက တစ်ခြားကမ္ဘာက ငါတို့ရဲ့

ညီမလေးပဲ ပြီးတော့ သူကဒီကို တကယ့်တရားခံကို ဖမ်းဖို့အတွက် လာခဲ့တာပဲ သူမှာ မပြောပြဖို့ တားမြစ်ထားတဲ့ အရာတွေ အများကြီးရှိတယ်”

“အနာဂတ်မှာ ငါတို့အားလုံး သေရလိမ့်မယ် ငါက ပထမဆုံး သေရမဲ့သူပဲ”

ယွမ်ဖာ့ ခပ်ဖွဖွရယ်လိုက်ပြီး:

“မဟုတ်ဘူး ငါက ဒုတိယတစ်ယောက်ပဲ ငါတို့ရဲ့ အကြီးဆုံးအစ်ကို ယွမ်အောင်းက ပထမဆုံး သေရမဲ့သူပဲ သူလည်း သူ့ရဲ့ ဆယ်တစ်နှစ်အရွယ် ညီမလေး ဘာတွေဖြစ်နေတာလဲဆိုတာကို နားလည်ခဲ့တယ် သူသေတော့မယ်ဆိုတာကို သူသိတာကြောင့်မလို့ ညီမလေးကို ငါ့ဆီအပ်ထားခဲ့တာ”

သူ၏ ညီလေးများအား ကြည့်ရင်း ယွမ်ဖာ့၏ အမူအယာမှာ လေးနက်လာကာ:

“ငါသေသွားပြီးရင် မင်းတို့တွေ သူ့ကို ကာကွယ်ပေးရမယ် တစ်ယောက်ကိုတစ်ယောက် သတ်ရင်း အချိန်ဖြုန်းမနေကြနဲ့ မင်းတို့တွေ တကယ်တရားခံကို ကူရှာပေးရမယ် ငါတို့တွေ ညီမလေးကိုလည်း အသက်ဆယ့်ရှစ်နှစ်မှာ အသေခံခိုင်းလို့ မဖြစ်ဘူး”

All Chapters