အခန်း (၁၀၅)
Vol. 11 Ch. 105
သူမ၏ မျက်လုံးများအား ဖွင့်လိုက်ချိန်တွင် ယွမ်လော့ရီ ရင်းနှီးနေသည့် မျက်နှာကျက်အား တွေ့လိုက်ရသည်။
ဤသည်မှာ သူမ၏ အခန်းဖြစ်ပြီး နှိုးစက်နာရီ၌ မနက်ခုနစ်နာရီဟု ပြနေသဖြင့် ယွမ်လော့ရီ အံဩသွားခဲ့၏။ သူတစ်ဖက်အချိန်စက်ဝန်းသို့ တစ်ပတ်ကြာ ရောက်သွားခဲ့သော်ငြား ယခုအချိန်စက်ဝန်း၌ ညတစ်ညသာ ကုန်ဆုံးသွားခဲ့သည်။
ယနေ့မှာ စနေနေ့ဖြစ်၍ သူမ ကျောင်းသွားဖို့ရာ မလိုပေ။ ယွမ်လော့ရီ ပြန်လှဲချလိုက်ကာ သူမ၏ ဖုန်းကို ယူလိုက်ပြီး စတုတ္ထအစ်ကို ယွမ်စစ်၏ ကိုယ်ပိုင်အကောင့်အား ရှာဖွေလိုက်သည်။
သူ၏ နိုင်ငံတစ်ဝှမ်းမှ ပရိတ်သတ်များကြောင့် ဖော်လိုဝါမှာ သန်းတစ်ရာကျော်နေပြီ ဖြစ်ပြီး သူ၏ အကူအညီနှင့်ဆိုလျှင် လွှမ်းမိုးမှုလျော့နည်းမည်ကို သူစိတ်ပူမစရာ မလိုတော့ချေ။
ယွမ်စစ်၏ ကိုယ်ပိုင်အကောင့်စာမျက်နှာ၌ ယွမ်စစ်ပါဝင်ထားသော ဟုရေးထားသည့် လက်ရေးဆက်စကားလုံးဖြင့် ရှုပ်ထွေးသောနန်းတွင်းဇာတ်လမ်းအား ကြေညာထား၏။
ပို့စ်အောက်တွင်မူ အလွန်ကောင်းမွန်သည့် မှတ်ချက်များရှိသည်။
“အရမ်းကောင်းတာပဲ သူသရုပ်ဆောင်တာ တကယ်ကိုမိုက်တယ် ဇာတ်ကောင်သုံးကောင်လုံးမှာသရုပ်ဆောင်တာကို လုံးဝ အသက်ဝင်နေတာပဲ”
“အရင်တုန်းကတော့ ငါသူ့အတွက် လက်မှတ်ဝယ်ချင်ခဲ့တယ် အခုတော့ ငါတစ်သက်လုံးစုဆောင်းလာသမျှတွေကို သူ့အတွက်ပဲ သုံးပေးလိုက်ချင်တော့တယ်”
“ငါက အရမ်းကံကောင်းတာပဲ ငါအရင်က စိတ်ဓါတ်ကျပြီး သတ်သေချင်ခဲ့ဖူးတယ် ဒါပေမဲ့ ငါအခုတော့ နေတိုင်း ဇာတ်လမ်းက ဘယ်လိုတေ့ ဖြစ်သွားမလဲ ဆိုတာကိုပဲ သိချင်တော့တယ် ကျေးဇူးပြုပြီး ငါတောင်းဆိုပါတယ် ဒါရိုက်တာရေ ဝိညာဉ်တွေကိုစားသုံးတဲ့ မင်းသားလေးကို မသေခိုင်းပါနဲ့”
စူးစမ်းချင်စိတ်ဖြင့် ယွမ်လော့ရီ ဇာတ်လမ်းနမူနာအား ရှာကြည့်ကာ နှိပ်လိုက်၏။
ယွမ်စစ်က အမှန်တကယ်ပဲ သူကိုယ်တိုင် ဇာတ်ကောင်သုံးကောင်အား သရုပ်ဆောင်ထားခြင်းပင်။
ပထမဦးစွာဖြင့် သူသည် ဆိုးယုတ်ကာ ကိုယ်ကျင့်တရား ပျက်ပြားနေသည့် ဧကရာဇ်အိုကြီးအဖြစ် သရုပ်ဆောင်ထားပြီး ရွှေရောင်ပလ္လင်ပေါ်တွင် ထိုင်နေရင်း ဝိုင်ခွက်အားကိုင်ထားကာ အဝတ်များမကပ်နေဘဲ စွဲမက်ဖွယ်ရာ ကိုယ်လုပ်တော်များက သူ၏ ခြေရင်း၌ ခစားနေကြသည်။
အလှတရား အသစ်လေးအား သူ မျက်စိကျသွားချိန်တွင် ယွမ်စစ်၏ ဇာတ်ကောင်မှာ သူမအနားသို့ ကပ်သွားပြီး ညင်သာစွာ အမိန့်ပေးလိုက်၏။
“ဒီနားကို လာခဲ့”
မှတ်ချက်များမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြပြီပင်။
“အား ငါကမ္ဘာကြီး ပျက်စီးသွားရင်တောင်မှ ဂရုမစိုက်တော့ဘူး ငါဧကရာဇ်ကြီးနဲ့ပဲ ပျော်ပျော်ကြီး နေလိုက်ချင်တော့တယ်”
ပြီးနောက် အဓိကဇာတ်ဆောင်ဖြစ်ကာ ယွမ်စစ်ကပဲ သရုပ်ဆောင်ထားသည့် ဖြောင့်မတ်သော မင်းသားလေး ပေါ်လာပြီး ဧကရာဇ်အိုကြီးအား ဓါးတစ်ချောင်တည်းနှင့်ပင် သတ်ဖြတ်ခဲ့၏။
မှတ်ချက်များမှာ ပြောင်းလဲသွားကာ:
“ဘာပဲဖြစ်ဖြစ်ပါ တိုင်းပြည်က ပိုအရေးကြီးတယ်လေ မင်းသားက လုံးဝကို မိမိုက်နေတာပဲ”
ဧကရာဇ်အိုကြီး၏ ကြမ်းတမ်းကာ အေးစက်ပြီး ကြောက်စရာကိုယ်ရောင်ကိုယ်ဝါမျိုးနှင့် ညီအစ်ကိုဖြစ်သည့် ဗီလိန်ဖြစ်သော Soul-Devouring မင်းသားမှာလည်း ပေါ်လာခဲ့သည်။ ထိုဇာတ်ရုပ်ကိုလည်း ယွမ်စစ်ပင် သရုပ်ဆောင်ထား၏။
ပရိသတ်များမှာ ရွှင်မြူးနေကြ၏။ ယွမ်စစ်တစ်ဦးက ပျော်ရွှင်မှုကို ယူဆောင်လာပေးနိုင်လျှင် ယွမ်စစ်သုံးယောက်မှာ ပျော်ရွှင်မှု သုံးဆအား ယူဆောင်လာပေးနိုင်မည်ပင်။ ထိုဇာတ်လမ်းတွဲမှာ ပရိသတ်များအတွက် ဖြစ်၏။
အခြားသူများအတွက် သူမ၏ အစ်ကိုမှာ မည်မျှပင် ဆွဲဆောင်မှု ရှိနေပါစေ အကုန်လုံးအား မြင်ဖူးသည့် သူ၏ ညီမလေးအတွက်တော့ ဘာမှ မထူးခြားနေပါချေ။
ရုပ်ရည်ချည်းသာဆိုလျှင် သူမ၏ တတိယအစ်ကို ယွမ်ရုံမှာ ပို၍ချောမောသော်ငြား သူက သတ်ဖြတ်ဖို့ရာအတွက်သာ စိတ်ဝင်စားသည်။
ယွမ်လော့ရီ သူ၏ အကောင့်စာမျက်နှာမှ ထွက်ကာ သူမဖုန်းထဲရှိ ဆက်သွယ်စရာနံပါတ်များဆီသို့ သွားလိုက်ပြီး သူ၏ နံပါတ်အားရှာကာ ဖုန်းခေါ်ဆိုလိုက်သည်။
ဖုန်းဝင်သွားချိန်၌ သူမ၏ စတုတ္ထအစ်ကိုမှာ နိုင်ငံခြားတွင် ရောက်နေသည်ကို ယွမ်လော့ရီ ရုတ်တရက် အမှတ်ရသွားပြီး သူ့နေရာ၌ ညလယ်ခေါင်လောက်ဖြစ်နေမည် ဖြစ်၍ သူ အိပ်ရေးပျက်သွားနိုင်သည်။
သူမ ဖုန်းချတော့မည့် အချိန်တွင် ရင်းနှီးနေသည့် အသံတစ်ခု ထွက်လာခဲ့၏။:
“ရှားရှားပါးပါး ကိုကို့ ကို ဖုန်းခေါ်တာပါ့ပဲ”
ယွမ်လော့ရီက ပြောလိုက်သည်။
“စတုတ္ထအစ်ကို အဲဒီမှာ ဘယ်အချိန်ရှိနေပြီလဲ သမီးကိုကို အိပ်နေတာကို နှောင့်ယှက်မိသွားတာလား”
ယွမ်စစ်က ပြန်ပြော၏။
“ဒီမှာက အခု ညနေတစ်နာရီရှိနေပြီး ကိုကို လက်ဖက်ရည်သောက်ပြီးတော့ တစ်ရေးတမော အိပ်တော့မလို့လေ ကိုကို အားနေပါတယ် မင်းကိစ္စတစ်ခုခု ရှိလို့ ဖုန်းဆက်လိုက်တာလား”
ယွမ်လော့ရီက ပြောလိုက်သည်။
“ကိုကိုရဲ့ ကုမ္ပဏီမှာ သမီးကို စာချုပ်ချုပ်စေချင်ခဲ့တာကို ကိုကို မှတ်မိသေးလား သမီးအခု စာချုပ်ချုပ်လို့ ရမလားဟင်”
ယွမ်စစ် အကြောင်းမပြန်ခင်တွင် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး:
“ရတာပေါ့ ညီမလေးရဲ့”
သူ၏ အသံမှာ ကျေနပ်မှုများနှင့် ကျယ်လာခဲ့ပြီး သူ၏ ညီမလေးအား ထိန်းချုပ်လိုစိတ်မှာ ဘယ်သောအခါမှာ မပြည့်ဝခဲ့သော်ငြား ယခုတွင်တော့ သူမကိုယ်တိုင် သူဆီကို ရောက်လာခဲ့၏။ သူလုပ်ရမည်မှာ သူမအား လှမ်းဆွဲဖို့သာ ဖြစ်သည်။
ယွမ်စစ်က မေးလိုက်သည်။
“ညီမလေး ဘယ်မှာလဲ”
ယွမ်လော့ရီက ပြန်ဖြေလိုက်သည်။
“အိမ်မှာလေ”
“ကိုကို အိမ်ပြန်လာဖို့ ညနေလေးနာရီ လေယာဥ်လက်မှတ်ဖြတ်လိုက်ပြီ အိမ်နားက ကော်ဖီဆိုင်ကိုသွားလိုက် ကိုကို ညီမလေးကို လာတွေ့မယ်”
“ကောင်းပါပြီ အန္တရာယ်ကင်းတဲ့ ခရီးစဥ်ဖြစ်ပါစေ နောက်မှ တွေ့မယ်နော် ကိုကို”
“နောက်မှတွေ့မယ်”
ယွမ်လော့ရီ ဖုန်းချကာ မနက်စောနေသေးသဖြင့် အနည်းငယ် ပြန်အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။
ညနေသုံးနာရီ၌ ယွမ်လော့ရီ အဝတ်လဲကာ ဆေးကြောပြီးသွားပြီး မိသားစုကားမောင်းသမားအား သူမကို အပြင်ခေါ်သွားဖို့ရာ ခေါ်လိုက်သည်။
ကော်ဖီဆိုင်မှာ ယွမ်အိမ်တော် အဝင်ဝနားတွင် ရှိခြင်းဖြစ်သော်ငြား အိမ်တော်ဝန်းမှာ ကျယ်ဝန်းလှကာ လူလုပ်ရေကန်များ မြက်ခင်းပြင်ကျယ်များနှင့် တောအုပ်များရှိ၏။
လမ်းလျှောက်သွားလျှင်ပင်
နာရီဝက်လောက် ကြာမည်ဖြစ်ပြီး အလွန်ပူနေသဖြင့် ကားစီးသွားခြင်းမှာ ပိုအဆင်ပြေ၏။
အဝင်ဝသို့ ရောက်ပြီးနောက် ယွမ်လော့ရီ ကားထဲမှ ထွက်ကာ ကော်ဖီဆိုင်ထဲသို့ ဝင်သွားခဲ့သည်။
ကော်ဖီဆိုင်၏အပြင်အဆင်မှာ လန်းဆန်းကာ သက်သောင့်သက်သာရှိသဖြင့် ပိတ်ရက်များ၌ အမြဲတစေ လူပြည့်နေတတ်သော်ငြား ယခုတွင်တော့ ရှင်းလင်းနေသည်။
အဝင်ဝ၌ ယွမ်စစ်၏ လက်ထောက်ဖြစ်သည့် လှပသောအမျိုးသမီးအား ယွမ်လော့ရီ မှတ်မိသွား၏။
သူမ ပြုံးကာ အနားသို့ တိုးလာပြီး:
“မစ္စတာယွမ် အခုလေးတင် လေယာဥ်ဆိုက်သွားပါပြီ ခဏနေရင် ရောက်လာပါလိမ့်မယ် မစ္စတာက နေရာတစ်ခုလုံးကို ငှားထားတာမလို့ အထဲဝင်ပြီး အဲကွန်းလေးနဲ့ ထိုင်နေလို့ရပါတယ်”
သူမ အနောက်မှ လိုက်သွားပြီး ယွမ်လော့ရီ ထိုင်လိုက်ကာ လေညှင်းလေးတစ်ချက် တိုက်ခတ်သွားပြီး တော်တော်လေး နေလို့ကောင်း၏။
ထိုအမျိုးသမီးက ယွမ်လော့ရီအား ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်နေ၏။
ယွမ်လော့ရီက ပဟေဠိသွားဖြစ်ကာ ခေါင်းလေးစောင်းပြီး မေးလိုက်သည်။
“ဘာဖြစ်လို့လဲဟင်”
ထိုအမျိုးသမီးက ပြုံးကာ:
“တောင်းပန်ပါတယ် မစ္စက အတော်လေး ပြောင်းလဲသွားလို့ပါ ကျွန်မ မစ္စကို အရင်တစ်လက တွေ့တုန်းက ကျောင်းသူလေးပဲ ရှိသေးတာလေ ဒါပေမဲ့ အခုတော့”
ဆယ့်တစ်နှစ်အရွယ်ကောင်မလေး၏ မျက်နှာဝိုင်းလေး၊ နူးညံ့သည့် အသားအရေ နှင့် ညှို့ယူနေသည့် မျက်လုံးဝိုင်းများအား ဖော်ပြဖို့ရာ စကားရှာမရပေ။ သူမက အလွန်လှပသော်ငြား ချစ်စရာလည်း ကောင်း၏။
သူမ၏ အရွယ်မရောက်သေးသည့် ရွယ်တူ ကလေးများနှင့် ယှဥ်လျှင် ယွမ်လော့ရီမှာ ထူးခြားသည့် ကိုယ်ရောင်ကိုယ်ဝါ တစ်ခုရှိသည်။ သူမက အခြားသာမန်လူများ တွေးပင်မတွေးနိုင်လောက်သည့် အတွေ့အကြုံများအား ဖြတ်သန်းခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။
စားပွဲထိုး တစ်ဦးမှာ ကော်ဖီနှင့် အချိုပွဲများ ယူလာပေးကာ ယွမ်လော့ရီစားလိုက်ရင်း သူမ ကြောက်ရွံ့တုန်ယင်နေရာမှ ယခု တည်ငြိမ်နေသည့် ပုံစံသို့ များစွာ ပြောင်းလဲသွားကြောင်းကို ပြန်လည်စဥ်းစားနေမိသည်။
ညနေ လေးနာရီထိုးခါနီး၌ အရပ်ရှည်ကာ သွယ်လျသော အမျိုးသားတစ်ဦးက ကော်ဖီဆိုင် အဝင်ဝတွင် ပေါ်လာပြီး မက်စ်နှင့် နေကာမျက်မှန်ကိုလည်း တပ်ထားကာ ကြီးမားသည့် ခရီးဆောင်အိတ်ကြီးအား
ဆွဲလာခဲ့သည်။
"ကိုကိုနောက်ဆုံးတော့ ညီမလေးနဲ့ တွေ့ခဲ့ရပြီ"
ထိုအမျိုးသားမှာ အလျင်အမြန်လာကာ ယွမ်လော့ရီကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်၏။
ထို မွန်းကျပ်သည့် ခံစားချက်မှာ သေချာပေါက် သူမ၏ စတုတ္ထအစ်ကိုပင်။
ယွမ်စစ် သူမကို လုံလောက်စွာဖက်ပြီးနောက် သူခရီးဆောင်အိတ်ကို ဆွဲကာ ဖွင့်လိုက်ပြီး ပန်းပွင့်စက္ကူများနှင့် ပတ်ထားကာ လှပသော ဖဲကြိုးလေးများဖြင့် စည်းထားသည့် အရွယ်စုံလက်ဆောင် များစွာအား မြင်လိုက်ရသည်။
သူက ပီတိဖြာကာ ကြည်နူးစွာဖြင့် လက်များအား ဖြန့်လိုက်ကာ:
"အံ့ဩသွားလား"
"ကိုကို တခြားနိုင်ငံ အသစ်တွေကို လည်ပတ်တဲ့အခါတိုင်း ညီမလေးအတွက် အမြဲတမ်းတစ်ခုခု ဝယ်ဖြစ်တယ် ဒါပေမဲ့ မပေးဖြစ်ခဲ့ဘူး"
"ဒီနေ့ကတော့ ထူးခြားတဲ့နေ့လေးမလို့ ကိုကိုရဲ့ညီမလေးက ဒီလက်ဆောင်ကို လက်ခံပေးနော်"
ရုတ်တရက် လက်ဆောင်များစွာကို ရလိုက်သဖြင့် ယွမ်လော့ရီ တစ်ခဏမျှ လန့်ဖျပ်သွားခဲ့၏။
ယွမ်စစ်က ဘာကိုမှဂရုမစိုက်တတ်သည့် အပျင်းကြီးသော သူတစ်ဦးဖြစ်ရာ
သူမကို စိတ်အားထက်သန်စွာဖြင့် လိုချင်နေလိမ့်မည်ကို ယွမ်လော့ရီ မထင်ထားခဲ့ချေ။
"ကျေးဇူးပါ စတုတ္ထအစ်ကို သမီးတန်ဖိုးထားပါ့မယ်"
ယွမ်စစ်က ယွမ်လော့ရီ၏ ခေါင်းလေးအား ပွတ်သပ်ပေးကာ:
"ကိုကို့ ကို ကျေးဇူးတင်စရာမလိုပါဘူး ကိုကိုညီမလေးကို ပိုစောစောပေးသင့်တာပါ ကိုကိုဒီလက်ဆောင်တွေကို ဆယ့်တစ်နှစ်လုံးလုံးစုခဲ့တာလေ၊
အခုတော့ညီမလေး လက်ဆောင်တွေကို တစ်ညလုံးဖွင့်ရတော့မယ်၊
အတော်လေးပင်ပင်ပန်းပန်း လုပ်ရတော့မှာပဲ"
ယွမ်လော့ရီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ရင်း သူ့၏နေကာမျက်မှန်နှင့် မက်စ်အား ချွတ်ကာ စာချုပ်စာတမ်းနှင့် ဘောပင်တစ်ချောင်းကို ထုတ်လိုက်ပြီး ယွမ်လော့ရီဘက်သို့ တွန်းပို့လိုက်၏။
ယွမ်စစ်က ပြောလိုက်သည်။
"ကောင်းတဲ့ဟာတွေကို အချိန်ဆွဲနေစရာမလိုဘူး အခုပဲ လက်မှတ်ထိုးလိုက်ပါ"
ယွမ်စစ်၏ လှည့်ဖြားသည့် အပြုံးအား ကြည့်လိုက်ရင်း စတုတ္ထအစ်ကိုမှာ သူမအား ထိန်းချုပ်ချင်နေဆဲ ဖြစ်ကြောင်း ယွမ်လော့ရီသိလိုက်သည်။ သူမ ထိုစာချုပ်ကို လက်မှတ်ထိုးလိုက်လျှင် သူမ ကြီးမားသည့်အရင်းအမြစ်များရရှိမည် ဖြစ်သော်ငြား သူမ၏ လွတ်လပ်မှုအားလည်း နှုတ်ဆက်ရမည်ပင်။
သူမ ထူထဲသည့် စာချုပ်ကြီးအား လှန်လှောကြည့်လိုက်သည်။စာပိုဒ်များမှာ ရှုပ်ထွေးစွာရေးသားထား၏။ ပထမတစ်ခေါက်ကြည့်ချိန်၌ ဘာပြဿနာမှ မရှိဟု ထင်နိုင်သော်ငြား သေချာစစ်ဆေးကြည့်ချိန်တွင်မူ တစ်ခုခုလွဲမှားနေသကဲ့သို့ ခံစားရသည်။
ထိုကဲ့သို့ အထူးပြုကိစ္စရပ်မျိုးအား ကျွမ်းကျင်သူများမှ ကိုင်တွယ်သင့်သည်။
ယွမ်လော့ရီက ပြောလိုက်သည်။
"စတုတ္ထအစ်ကို သမီးစာချုပ်ကို လက်မှတ်ထိုးဖို့အတွက် အေးဂျင့်တစ်ယောက် ငှားလာခဲ့တယ်"
ယွမ်စစ်က မေးလိုက်၏။
"ဘယ်သူလဲ"
ယွမ်လော့ရီက ပြန်ဖြေသည်။
"ဒုတိယအစ်ကိုပါ"
ယွမ်စစ်၏ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားသည်။ တစ်ချိန်တည်းမှာပင် ကော်ဖီဆိုင်၏ တံခါးမှာ ပွင့်လာကာ ဒုတိယအစ်ကို ယွမ်ဖာ့က အလျင်အမြန် ဝင်လာခဲ့ပြီး မသပ်မရပ်ဖြစ်နေ၏။
သူ့ပုံစံမှာ အနည်းငယ်စိုးရိမ်နေပုံလည်း ပေါက်သည်။ သူ၏ ရူးသွပ်သော အမှုသည်မှာ တုံးအလွန်းသောကြောင့် ထောင်ထပ်ကျသွား၏။ ယွမ်ဖာ့က ယနေ့မနက်စောစော၌ သူ့ကိုထောင်ထဲမှ ထုတ်ပေးရန် အတော်လေးအားထုတ်ခဲ့ရသော်ငြား သိန်းဂဏာန်းလောက်သာ ရခဲ့သည်။ ထိုအမှုမှာ အချိန်ကုန်ရုံသာရှိ၏။
သို့ပေမဲ့ သူ၏ ညီမလေးအား မြင်လိုက်ရချိန်တွင် မျက်မှောင်ကြုတ်ထားရာမှ ပြေလျော့သွားခဲ့သည်။
အား သူ့ရဲ့ချစ်စရာညီမလေးက အမြဲတမ်းနှလုံးသားကို စိတ်သက်သာရာ ရသွားစေတာပဲ။ပြီးတော့ သူမက သူ့ကို အကျိုးအမြတ်ရစေမဲ့ အလုပ်နောက်တစ်ခုတောင် ရှာပေးထားသေးတယ်။
ယွမ်စစ်မှာ အမြတ်ထုတ်ဖို့ရာအတွက် ကြွယ်ဝသော ပစ်မှတ်တစ်ခုဖြစ်သည်။
ယွမ်ဖာ့က သူ၏ လက်ကိုင်အိတ်အား ကော်ဖီစားပွဲပေါ်တွင် တင်လိုက်ကာ ယွမ်လော့ရီ၏ ဘေး၌ ထိုင်လိုက်၏။
"ကောင်းသောနံနက်ခင်းလေးပါ ညီမလေး ဥပဒေရေးရာကိစ္စတွေပါမဲ့ စာချုပ်တစ်ခုကို လက်မှတ်ထိုးရမယ်လို့ ကိုကိုကြားတယ် အဲတာကြောင့် ကိုကိုက မင်းကို ကူပေးဖို့ လာခဲ့တာပဲ"
**စာရေးသူအမှာ: ကျွန်မမနေ့တုန်းက chapter တစ်ခု မတင်လိုက်ရဘူး။
ပြီးတော့ ကျွန်မဒီနေ့လည်း ဖိအားတွေများနေတာကြောင့်မလို့ chapter တစ်ခုပဲ ရေးလိုက်နိုင်ပါတယ်။ ပြောရရင် ဒီအပိုင်းတွေက ကျွန်မ မနက်ဖြန်ရေးမဲ့ အရေးကြီးတဲ့ ဇာတ်ကွက်ကြီးကို ပုံဖော်နေတာပါ။ များသောအားဖြင့် ကျွန်မ update မတင်နိုင်ဘူးဆိုရင် ကျွန်မအလုပ်များနေလို့ မဟုတ်ရင် အလုပ်ပြန်လာတာ နောက်ကျပြီး စာကိုအပြီးထိ မရေးနိုင်လို့ပါ။ ကျွန်မကို စိတ်မပူကြပါနဲ့ ကျွန်မအချိန်ရှိအောင် ကြိုးစားလိုက်ပါ့မယ်။
ဒီဝတ္ထုက တဖြေးဖြေးနဲ့ အဆုံးသတ်ကို ရောက်လာပါပြီ။ ဒီဝတ္ထုက မှောင်မိုက်တဲ့ နတ်သမီးပုံပြင်မျိုးပေမဲ့ အဆုံးမသတ်နိုင်တဲ့ ချစ်ခြင်းတွေနဲ့ ဖြည့်ဆည်းထားတာမျိုးပါ။
ဝတ္ထုတော်တော်များများက ဇာတ်ကောင်တွေကို ကောင်းရင်ကောင်း မကောင်းရင် ဆိုးရွားတဲ့ ပုံစံပုံဖော်ကြပေမဲ့ ကျွန်မဒီစာအုပ်ကို ရေးတဲ့အချိန်တုန်းက ကျွန်မက ဇာတ်ကောင်တွေကို စာလုံးတွေကနေတစ်ဆင့် ရှုပ်ထွေးတဲ့ လူ့သဘာဝတွေကို ပုံဖော်ချင်ခဲ့တာပါ။ ပိုအရေးကြီးတာကတော့ ကျွန်မက ယဥ်ကျေးမှုတွေ ထူးခြားမှုတွေနဲ့ သူတို့ညီမလေးကိုပဲ ချစ်မြတ်နိုးကြတဲ့ အရူးတွေအကြောင်းကို ရေးချင်ခဲ့တာပါ။ ပြီးတော့ မင်းတို့တွေ ဒီဝတ္ထုကို ဖတ်လို့ရတုန်း ကောင်းကောင်းဖတ်ထားကြပါ မင်းတို့တွေ ကျွန်မဆီကနေ ဒီလိုဝတ္ထုပုံစံမျိုး ထပ်တွေ့ရမှာ မဟုတ်ပါဘူး။**