← Chapters

အခန်း (၁၀၈)

Vol. 11 Ch. 108

အခန်း (၁၀၈)

Vol. 11 Ch. 108

‎စားပွဲပေါ်တွင် အရိုးပြာထည့်ထားသော အိုးနှင့် တရားခံအစစ်၏ ဆံချည်မျှင် ပါရှိသည့် အလုံပိတ်အိတ်ကို တင်ပြီးနောက်၊ ပဉ္စမအစ်ကိုဖြစ်သူ ယွမ်ကျွင်းက ရွှေရောင်အနားကွပ်ထား‌သော မျက်မှန်ကို တပ်ဆင်ထားလျက် ယွမ်လော့ရီထံသို့ ရုတ်တရက် ပိုမိုနီးကပ်စွာ ကိုင်းညွှတ်လာသည်။ သူ၏ တောက်ပသော မျက်လုံးများက စူးစမ်းလိုစိတ်အပြည့်ဖြင့် ယွမ်လော့ရီအပေါ်တွင် စိုက်ကြည့်နေ၏။

‎

‎"သိပ္ပံပညာရှင်တစ်ယောက်အနေနဲ့ ပြောရရင် ညီမလေးက စမ်းသပ်ခံ အရာဝတ္ထုတစ်ခုအဖြစ်နဲ့ ကိုကို့ကို တကယ် ရူးသွပ်စေတာပဲ၊ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ချစ်စရာကောင်းတဲ့ အချိန်ခရီးသွားလေး၊ ညီမလေးကို ဓာတ်ခွဲခန်းထဲမှာ ဆက်တိုက် လေ့လာဖို့ ပိတ်လှောင်ထားချင်မိတယ် ညီမလေး သေပြီးရင် တကယ်ပဲ ပျောက်ကွယ်သွားနိုင်သလား..."

‎

‎ယွမ်ကျွင်းက ယွမ်လော့ရီဆီသို့ သူ၏လက်ကို ဆန့်တန်းလိုက်သည်။

‎

‎တစ်ချိန်တည်းမှာပင် ဒုတိယအစ်ကိုဖြစ်သူ ယွမ်ဖာ့၊ တတိယအစ်ကိုဖြစ်သူ ယွမ်ရုံနှင့် စတုတ္ထအစ်ကိုဖြစ်သူ ယွမ်စစ်တို့က ယွမ်ကျွင်း ကို အေးစက်သော အကြည့်များဖြင့် ကြည့်ရှုလိုက်ကြ၏။

‎

‎သူ၏ စူးစမ်းလိုစိတ် တိုးပွားလာသည်နှင့်အမျှ ယွမ်ကျွင်း ၏ အပြုအမူများမှာ လူသားတို့၏ စံနှုန်းများမှ သွေဖည်သွားနိုင်ပြီး သူတို့၏ ညီမလေး အတွက် အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်။

‎

‎ယွမ်ကျွင်းက အော်လိုက်သည်။ "မင်းတို့ လက်နက်တွေ ချထားစမ်းပါ ငါ သူ့ကို ထိချင်ရုံလေးပဲ ငါ တစ်ခုခုကို သက်သေပြဖို့ လိုတယ်"

‎

‎ထို့နောက် အစ်ကိုသုံးယောက်မှာ လူသတ်လိုသော စိတ်ဆန္ဒများကို ပြန်ရုပ်သိမ်းလိုက်ကြရ၏။

‎

‎ယွမ်ကျွင်းက ယွမ်လော့ရီ၏ ဆံပင်တစ်မျှင်ကိုပြင်းပြင်းထန်ထန် ဆွဲနုတ်လိုက်သည်။ ဆံပင်မှာ ကျွတ်ထွက်သွားသော်လည်း ယွမ်လော့ရီက နာကျင်မှုကို မခံစားရပေ။

‎

‎သူ၏ လက်ဖဝါးပေါ်တွင် အနက်ရောင် ဆံပင်မျှင်သည် ၎င်း၏ အရောင်ကို စတင် ဆုံးရှုံးသွားပြီး တဖြည်းဖြည်း ပွင့်လင်းမြင်သာလာကာ နောက်ဆုံးတွင် တစ်စက္ကန့်အတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

‎

‎ယွမ်ကျွင်း က ပြောလာ၏။ "ကိုကို သံသယရှိခဲ့သလိုပဲ၊ အချိန်ခရီးသွားတစ်ယောက်အနေနဲ့ ညီမလေးက ဘာကိုမှ ချန်ထားခဲ့လို့ မရဘူး ညီမလေး ဒီအချိန်-အာကာသစက်ဝန်း ရဲ့ ရလဒ်ကို ဝင်ရောက်စွက်ဖက်လို့ မရဘူး နောက်ဆုံး ပြောရရင် ညီမလေးက အပြစ်ကင်းတယ် - ညီမလေးက ကိုကိုတို့ရဲ့ အမေကို သတ်ခဲ့သူ မဟုတ်ဘူး"

‎

‎သူက သူ၏ စားပွဲဆီသို့ ပြန်သွားပြီး အလုံပိတ်အိတ်ကို ကောက်ယူလိုက်သည်။

‎

‎"အစ်ကိုကြီး က ကိုကို့ကို ဒီဆံပင် ပေးတုန်းက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တော်တော် ဆိုးနေပြီ ဒီသက်သေလေး ရဖို့ သူ လူတွေ အများကြီးကို သတ်ခဲ့ရတယ်၊ သူ့ကို လိုက် ဖမ်းနေတဲ့သူတွေလည်း ရှိခဲ့တယ် သူ့ရဲ့ ခန္ဓာကိုယ်က ကန့်သတ်ချက် နီးနေပြီလို့ ပြောပြီး DNA ကို အမြန်ဆုံး နှိုင်းယှဉ်ဖို့ ကိုကို့ကို တောင်းဆိုခဲ့တယ်"

‎

‎"ကိုကိုတို့ရဲ့ အမေ သေတဲ့ ညက ကင်မရာ မှတ်တမ်းအားလုံးက ညီမလေးကို ဖမ်းမိခဲ့ပြီး သက်သေ အားလုံးက ညီမလေးကိုပဲ ညွှန်ပြနေခဲ့တာ ဒါပေမဲ့ အစ်ကိုကြီး က မယုံခဲ့ဘူး"

‎

‎ယွမ်လော့ရီ ထိုအချိန်က သူမ၏ အစ်ကိုကြီးကို မှတ်မိနေသေး၏။ ညလုံးပေါက် မအိပ်နိုင်ဘဲ သူ၏ ညီမလေး သေဆုံးမှုအတွက် အပြစ်ရှိသည်ဟု ခံစားနေရကာ သူ့ကိုယ်သူ ညှဉ်းပန်းနှိပ်စက်ပြီး လက်စားချေရန် မမောမပန်း ကြိုးစားခဲ့သည်။ သူ၏ ပိန်လှီသော ကျောပြင်တွင် အမာရွတ်များ ဖုံးလွှမ်းနေသော်လည်း သူ၏ ညီမငယ် အပြစ်ကင်းကြောင်း သက်သေပြရန် ဆက်လက် ကြိုးစားခဲ့၏...

‎

‎ယွမ်ကျွင်း က ဆက်လက် ပြောသည်။ "ကိုကို စမ်းသပ်လို့ မပြီးခင်ပဲ သူ အသတ်ခံလိုက်ရတာ ကံမကောင်းရှာဘူး သူ တကယ့်တရားခံနဲ့ အရမ်း နီးစပ်သွားခဲ့တယ် သူက ကိုကိုတို့ အတွက် အန္တရာယ်အရှိဆုံး အလုပ်ကို လုပ်ပေးခဲ့တာပဲ..."

‎

‎"သူသာ အခု ကိုကို့ရဲ့နှိုင်းယှဉ်မှု ရလဒ်တွေကို ကြားနိုင်ခဲ့မယ်ဆိုရင် သူ သေမှာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ ညီမလေးရဲ့ DNA နဲ့ တကယ့်တရားခံအစစ်ရဲ့ DNA က ၉၉.၉၉% တူနေတာ - ရုပ်ရည်က အစ အတိအကျ အတူတူပဲ"

‎

‎တူညီလွန်းသော DNA အကြောင်းကို ကြားလိုက်ရသောအခါ ယွမ်လော့ရီ၏ နှလုံးသား ခုန်သွားသည်။ သူမက မေးလိုက်၏။ "တကယ့်တရားခံအစစ်က သမီးရဲ့ အမွှာညီမလား"

‎

‎ယွမ်ကျွင်း က "ထူးဆန်းတာက အဲဒီနေရာမှာပဲ ညီမလေးကို မွေးတုန်းက ၆ ပေါင် ၇ အောင်စ ရှိတာ အမွှာဆိုရင် ညီမလေးရဲ့အလေးချိန် ၃ ပေါင်လောက်ပဲ ရှိရမှာ"

‎

‎"တော်တော် စဉ်းစားပြီးမှ ကိုကို စထရွန်တီယမ် အိုင်ဆိုတုပ်တွေကို ထပ် ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်"

‎

‎သူ၏ မျက်နှာမှာ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်၊ "ဒါက စိတ်ဝင်စားစရာ ကောင်းတဲ့ အရာလေးပါ သမုဒ္ဒရာရဲ့ သက်ရောက်မှုကြောင့် စထရွန်တီယမ် အိုင်ဆိုတုပ် အဆင့်တွေ မတူကြဘူး ဒါကြောင့် မတူညီတဲ့ ဒေသတွေမှာ နေထိုင်တဲ့ လူတွေမှာလည်း မတူညီတဲ့ အဆင့်တွေ ရှိကြတယ်"

‎

‎"ညီမလေးရဲ့ အရိုးပြာထဲက စထရွန်တီယမ် အိုင်ဆိုတုပ် အဆင့်က ဒီဆံပင်နမူနာထဲကထက် အများကြီး နိမ့်တယ် ညီမလေးနဲ့ သူတို့က မတူညီတဲ့ နေရာတွေမှာ ကြီးပြင်းခဲ့ကြတာ ဆံပင်ထဲက စထရွန်တီယမ် အိုင်ဆိုတုပ် အဆင့်ကို အခြေခံပြီး..."

‎

‎စားပွဲပေါ်တွင် မြေပုံတစ်ခုကို ဖြန့်ချလိုက်ကာ ၎င်းတွင် အမျိုးမျိုးသော တန်ဖိုးများကို မှတ်သားထားသည်။ ယွမ်ကျွင်းက ပင်လယ်ကမ်းခြေရှိ ကျွန်းငယ်လေးတစ်ခုကို လက်ညှိုးထိုးပြရင်း ပြော၏။ "တကယ့်တရားခံအစစ် နေထိုင်ခဲ့တဲ့ ခန့်မှန်းခြေ နေရာကို ငါ ရှာတွေ့ခဲ့ပြီ"

‎

‎မြေပုံကို ကြည့်လိုက်ရာ ယွမ်စစ်၏ မျက်နှာ အမူအရာက မှောင်သွားသည်၊ "အဘိုးရဲ့ ဗီလာက အဲဒီမှာ ရှိတာ"

‎

‎ယွမ်ကျွင်း က အတည်ပြု၏။ "ဟုတ်တယ် တကယ့်တရားခံအစစ်ကို ငါတို့ရဲ့ အဘိုးက ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တာ ဖြစ်နိုင်တယ်"

‎

‎ယွမ်လော့ရီ အသက်ရှူရပ်မိသွား၏။

‎

‎ယခင်က ရှုပ်ထွေးခဲ့သော အချက်အချို့က ယခုအခါ ရှင်းလင်းလာသည်။ အကယ်၍ တရားခံအစစ်ကို သူတို့၏ အဘိုးက ပြုစုပျိုးထောင်ခဲ့ပါက သူမသည် ယွမ်မိသားစု၏ စွမ်းအားကို အမွေဆက်ခံခဲ့ရမည်။ ထို့ကြောင့် သူမက ယွမ်မိသားစုကို ကောင်းစွာသိသူဖြစ်ပြီး ကြီးမားသော မိသားစု အရင်းအမြစ်များကို စုစည်းနိုင်ကာ ရေတွက်မရသော စောင့်ကြည့်ကင်မရာများကို ထိန်းချုပ်နိုင်ပြီး လူတို့၏ သစ္စာရှိမှုကို ဝယ်ယူရန် ငွေအမြောက်အမြား သုံးစွဲနိုင်ခြင်း ဖြစ်မည်။

‎

‎နောက်ကြောင်းပြန်လိုက်လျှင် စင်စစ်အမွေခံမိန်းကလေးကို အတုအယောင်ဖြင့် အစားထိုးခဲ့သူမှာ သူတို့၏ အဘိုးကိုယ်တိုင်ပင် ။ သူသာလျှင် ဖေဖေယွမ်နှင့် မေမေယွမ်တို့ အပေါ် ထိုသို့ အပြည့်အဝ လှည့်စားခြင်းကို လုပ်ဆောင်နိုင်စွမ်း ရှိသူဖြစ်သည်။

‎

‎ဤကမ္ဘာ၌ သူသာလျှင် ထိုသို့သော ရှုပ်ထွေးသည့် လှည့်စားမှုကို လုပ်ဆောင်နိုင်သူ ဖြစ်၏။

‎

‎ယွမ်ကျွင်း က ဆက်ပြောသည်။ "ငါတို့ရဲ့ အဘိုးက ငါတို့ကို တကယ် မကြိုက်တဲ့အတွက် ငါတို့ အားလုံးကို သေစေချင်ပုံရတယ်"

‎

‎"ဒါပေမဲ့ ထူးဆန်းတာလည်း ရှိတယ် သူ့ရဲ့ စွမ်းအားနဲ့ဆိုရင် သူ ငါတို့ကို တိုက်ရိုက် စစ်ကြေညာလိုက်လို့ရတယ် ဒါပေမဲ့ ဒီလို ကွေ့ပတ်တဲ့ နည်းလမ်းကို လုပ်ဖို့ နှစ်ပေါင်းများစွာ အချိန်ကုန်ခံခဲ့တယ် သူက အို သေတော့မှာ - သူ အနိုင်ရရင်တောင် သူ့အတွက် ဘာ အကျိုးမှမရှိဘူး ဒီလို ထက်မြက်တဲ့လူက ဘာလို့ အရှုံးပဲရှိတဲ့ ကြိုးပမ်းမှုကို လုပ်နေရတာလဲ"

‎

‎"ဒီနေ့ ငါက ငါ့ရဲ့ ချစ်စရာကောင်းတဲ့ ညီမလေးကို တွေ့ချင်ရုံသပ်သပ်နဲ့ မင်းတို့ကို ခေါ်လိုက်တာ မဟုတ်ဘူး သံသယတွေကို အတည်ပြုချင်လို့ ပြီးတော့ မေးစရာတစ်ခုလဲရှိလို့"

‎

‎"ငါတို့အဘိုးက တကယ်ပဲ ဘာလိုချင်တာလဲ"

‎

‎အခန်းထဲတွင် တိတ်ဆိတ်သွား၏။ လူတိုင်းက စဉ်းစားနေကြသည်။

‎

‎ယွမ်စစ်မှာ အဖိုးဖြစ်သူ ယွမ်ကျန်းဟိုင်နှင့် အနီးစပ်ဆုံးသူ ဖြစ်သော်လည်း သူ့အား မြင်အောင်မကြည့်နိုင်သေးပေ။‎

‎သူတို့၏ အဘိုးဖြစ်သူမှာ ပိုမိုမြင့်မားသော အဆင့်မှ ကစားသမားတစ်ယောက်ပင်။ သူက ကြင်နာပြီး ချစ်ခင်စဖွယ် ကောင်းသောပုံ ပေါက်ချင်လျှင် အခြားသူများက သူ့ကို ထိုအတိုင်းပင် မြင်ကြလိမ့်မည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် အမြဲ ပြုံးနေတတ်ပြီး သူ၏ အားနည်းသော ခန္ဓာကိုယ်က အလွန် ဆိုးယုတ်သော စိတ်ဝိညာဉ်ကို ဖုံးကွယ်ပေးထားသည်။

‎

‎သူ စိတ်ရှုပ်နေရသော မေးခွန်းကို သူ၏ အစ်ကိုများထံသို့ ပစ်ချပြီးနောက် ယွမ်ကျွင်းမှာ စိတ်သက်သာရာရသွားပြီး သူ၏ အလုပ်ပြီးဆုံးပြီဟု ခံစားလိုက်ရသည်။ ကြီးမြတ်သော သိပ္ပံပညာပင်လျှင် ဤမျှ အထိသာ အကြောင်းပြချက်ရှာနိုင်၏။

‎

‎သူသည် အရက်ခွက်မီးအိမ်တစ်ခုဆီသို့ ချဉ်းကပ်သွားပြီး အဖုံးကို ဖွင့်လိုက်သည်။ ဖန်ခွက်ထဲတွင် ခေါက်ဆွဲခြောက်များ ပွက်ပွက်ဆူနေပြီး ခေါက်ဆွဲများက အပျော့လွန်နေ၏။

‎

‎သူက ယွမ်လော့ရီကို ကြည့်ရင်း ပြောလိုက်သည်။ "စားဦးမလား ဒါ ကို့ကိုရဲ့ အထူးဟင်းလျာနော်"

‎

‎ယွမ်လော့ရီ မတုံ့ပြန်နိုင်ခင်မှာပင် ယွမ်စစ်က အလျင်အမြန် ဝင် ပြောလာ၏။ "မစားနဲ့ သူက အဲဒီ ဖန်ခွက်ထဲမှာ တိရစ္ဆာန်အသေကောင်တွေ ခဏခဏ ထည့် ထားတတ်တယ်"

‎

‎ယွမ်ကျွင်း က ဒေါသတကြီး ကန့်ကွက်သည်။

‎

‎ "ဒါပေမဲ့ ကိုကို ပိုးသတ်ထားတာ လုံးဝ ဘေးကင်းတယ် ညီမလေး စမ်းကြည့်ပါဦး ကိုကိုက အရက်ခွက်မီးအိမ်ပေါ်က အပူချိန်ကို လုံးဝ အပြည့်အဝကို ထိန်းချုပ်ထားတာ"

‎

‎ယွမ်လော့ရီသည် ခေါင်းကို အားပါးတရ ခါလိုက်၏။ ဘယ်လောက်ပဲ အရသာရှိရှိ သူမ မစားနိုင်ပေ။

‎

‎အနီးနားတွင် ဒုတိယအစ်ကိုဖြစ်သူ ယွမ်ဖာ့က ယွမ်ကျွင်း ကို စိုက်ကြည့်ရင်း ပြော၏။ "ငါ မေးစရာ တစ်ခု ရှိတယ်"

‎

‎ယွမ်ကျွင်း က ပြန်ပြောသည်။ "ဘာလဲ"

‎

‎ယွမ်ဖာ့က မေး၏ "မင်း ဘာလို့ မပြိုလဲသေးတာလဲ"

‎

‎ယွမ်ကျွင်း က အေးစက်ပြီး ဖျားနာဟန်ဖြင့် ရယ်လိုက်သည်။

‎

‎"မင်း ပြောတာ မမှန်ဘူး ၊ ငါလည်း ခဏတော့ ပြိုလဲခဲ့ဖူးတယ် အဲ့ရက်တွေတုန်းက တကယ် ထူးဆန်းတာ - ငါ ခေါင်းတွေ အရမ်းကိုက်ပြီး အသက်ရှင်နေတဲ့ သတ္တဝါတွေကို မြင်တိုင်း အကုန်လုံးကို ခွဲထုတ်ပစ်၊ ညစ်ပတ်တဲ့ အစိတ်အပိုင်းအားလုံးကို ဖယ်ထုတ်ပြီး သန့်ရှင်းတဲ့ အရိုးတွေကိုပဲ ချန်ထားချင်ခဲ့တာ"

‎

‎"ငါ သေချာ မစဉ်းစားနိုင်ခဲ့ဘူး တကယ့်လက်တွေ့နဲ့ ထင်ယောင်ထင်မှား‌တွေကိုမ ခွဲခြားနိုင်ခဲ့ဘူး ငါ့ရဲ့ စိတ်ခံစားမှုတွေက ခဏခဏ ထိန်းချုပ်မှု လွတ်နေပြီး ငါ့ရဲ့ စမ်းသပ်မှုတွေလည်း အမြဲတမ်းလိုလို မအောင်မြင်ခဲ့ဘူး"

‎

‎"အထူးသဖြင့် ညီမလေး မရှိတော့ဘူးလို့ စဉ်းစားမိတဲ့အခါတိုင်း လူတွေကို ပိုသတ်ချင်လာတယ်"

‎

‎"ဒါပေမဲ့ ငါ့ရဲ့ တစ်ခုတည်းသော တန်ဖိုးက ငါ့ ဦးနှောက်ပဲ ငါသာ ပြန်မကောင်းလာခဲ့ရင် အစ်ကိုကြီး ငါ့ကို ယုံယုံ ကြည်ကြည် အပ်နှင်းခဲ့တဲ့ အလုပ်ကို ပြီး‌အောင် လုပ်နိုင်မှာ မဟုတ်ဘူး ဒါကြောင့် ငါ့ အသက်ကို လောင်းကြေးထပ်ခဲ့ရတယ်"

‎

‎ယွမ်ကျွင်းက သူ၏ အင်္ကျီလက်များကို လှန်တင်လိုက်ရာ သူ၏ လက်မောင်းများအပြည့် ရှိနေသော ဆေးထိုးအပ်ရာများကို ဖော်ပြလိုက်သည်။

‎

‎သူက ပြုံးပြီး ဆက် ပြော၏။ "ငါ ဆေးဝါး အမျိုးမျိုးကို စမ်းသပ်ခဲ့တယ် ငါ တကယ် ဒီရုံးခန်းထဲမှာ သေလုနီးပါး ဖြစ်ခဲ့ရတယ် ဒါပေမဲ့..."

‎

‎သုံးစင်တီမီတာခန့် အရွယ်အစားရှိ ဖန်ပုလင်းငယ်လေးတစ်ခုကို စားပွဲပေါ် တင်လိုက်သည်။

‎

‎ယွမ်စစ်က ဝင်ပြော၏။ "အဲ့ အရာလေးက တကယ်တော့ တော်တော် ထိရောက်တယ် အနည်းဆုံး ငါ ခေါင်းကိုက်တာကို တစ်ဝက်လောက်တော့ သက်သာစေတယ် အဲဒါက ငါ့ အလုပ်တွေ ပြီးအောင်လုပ်နိုင်ဖို့ ကူညီခဲ့တာ"

‎

‎ယွမ်ဖာ့က ပုလင်းပေါ်ရှိ တံဆိပ်ကို ကြည့်လိုက်သည်။ "အဘိုး ယွမ်မိသားစုရဲ့ စီးပွားရေးကို တာဝန်ယူတုန်းက ထုတ်ခဲ့တဲ့ ဆေးတစ်မျိုးပဲ..."

‎

‎ယွမ်ကျွင်း က ပြန်ဖြေ၏။"ဟုတ်တယ် သူက ဆိုးရွားတဲ့ အဘိုးတစ်ယောက်ပါ ဒါပေမဲ့ ကောင်းမွန်တဲ့သူဌေးတစ်ယောက်ဆိုလည်းမမှားဘူး သူက လူသားတွေကို အတိုင်းအတာတစ်ခုအထိ အကျိုးပြုခဲ့တဲ့ ဆေးဝါးအသစ် တော်တော်များများကို တီထွင်ခဲ့တယ် ဒီဆေးကပဲ အသက်တွေ အများကြီးကို ကယ်ခဲ့တာ"

All Chapters