← Chapters

အခန်း (၁၀၉)

Vol. 11 Ch. 109

အခန်း (၁၀၉)

Vol. 11 Ch. 109

‎"ရှလွတ် ရွှတ် ရွှတ် "

‎

‎သူ၏အလုပ်ပြီးဆုံးသွားပြီးနောက် ယွမ်ကျွင်းက ခေါက်ဆွဲပြုတ်များကို ပျော်ရွှင်စွာ စားနေခဲ့သည်။ ပုံမှန်အားဖြင့် သူ သုတေသနလုပ်ရာတွင် စိတ်နစ်နေခဲ့ပါက အစာ စားရန် မေ့သွားလေ့ရှိပြီး ယခုတော့ သူ အလွန် ဆာလောင်နေ၏။

‎ဤမြင်ကွင်းကိုမြင်သောအခါ ယွမ်လော့ရီ လည်း အနည်းငယ် ဗိုက်ဆာလာသလိုပင်။

‎

‎ယွမ်ကျွင်း က သတိပြုမိပြီး ပြောလိုက်၏။ "နောက်ကျရင် ညီမလေး အတွက် တစ်ထုပ် ပြုတ် ပေးပါ့မယ်"

‎

‎"မလိုပါဘူး..."ယွမ်လော့ရီ က ပြန်ဖြေသည်။

‎

‎ကျန် အစ်ကိုသုံးယောက်မှာ စားပွဲဝိုင်းတွင် ထိုင်နေကြပြီး လျှို့ဝှက်ဆန်းကြယ်လွန်းသော ယွမ်မိသားစု၏ အကြီးအကဲဖြစ်သူ အဘိုး ယွမ်ကျန်းဟိုင် အကြောင်း ဆွေးနွေးနေကြ၏။

‎

‎ယွမ်စစ် က စပြောသည်။ "သူ ငါ့ကို တစ်ချို့အရာတွေ သင်ပေးခဲ့ဖူးတယ်၊ ဥပမာ - လူတွေရဲ့ စိတ်ကို ဘယ်လို ထိန်းချုပ်ရမလဲတို့၊ စီးပွားရေးကို ဘယ်လို လုပ်ရမလဲတို့ ၊ သူက ငါ့ကို ယွမ်မိသားစုရဲ့ အမွေဆက်ခံသူ ဖြစ်စေချင်ခဲ့တာ၊ ဒါပေမဲ့ အဲဒီတုန်းက ငါ့မှာ ရည်မှန်းချက်လည်း မရှိဘူး တစ်နေ့လုံး အိပ်ချင်ပဲနေချင်တာ အဲ့တာကြောင့် သူ က ငါ့ကို နာမည်ကြီးတစ်ယောက် ဖြစ်အောင် လုပ်ခွင့်ပေးခဲ့တာ"

‎

‎သူ၏ ဒုတိယအစ်ကိုဖြစ်သူ ယွမ်ဖာ့ က မေး၏။ "မင်း ပင်လယ်ကမ်းခြေက ဗီလာမှာ ရှိတုန်းက ငါတို့ ညီမလေး နဲ့ ရုပ်တူတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့သေးလား"

‎

‎ယွမ်စစ် က သတိရလိုက်သည်။ "မတွေ့ခဲ့ဘူး အဲဒီ ဗီလာမှာ သူနဲ့ သူ့အစေခံ တစ်အုပ်ပဲ ရှိတာ အဲဒီလူတွေက အဘိုး ဦးနှောက်ဆေးတာကို ပြင်းပြင်းထန်ထန် ခံထားရတာ သူ့အတွက်ဆို အသက်စွန့်ဖို့ထိ ဆန္ဒရှိတဲ့လူတွေပဲ "

‎

‎ယွမ်ဖာ့ ၏ မျက်ခုံးကျုံ့သွား၏။

‎

‎တစ်ခုခုမှားနေသယောင် ရှိသော်လည်း သူ ယခု ချက်ချင်း အဖြေရှာမရနိုင်သေးပေ။ သူ ဆေးသောက်ထားသဖြင့် သူ၏ ခေါင်းကိုက်ခြင်းမှာ အနည်းငယ် သက်သာသွားပြီး သူ၏ စဉ်းစားတွေးခေါ်မှုများ ပိုမို ရှင်းလင်းလာသည်။ နောက်ပိုင်းတွင် ဖြစ်ရပ်များ၏ အဆက်အစပ်ကို သူ နားလည်နိုင်တော့မည် ထင်၏။

‎

‎တိတ်ဆိတ်စွာ နားထောင်နေသော တတိယအစ်ကိုဖြစ်သူ ယွမ်ရုံ က ဝင်ရောက် ပြောလာသည်။ "ငါ အပြင်မှာ အချိန်ကြာကြာ နေခဲ့တော့ ငါ့ရဲ့ ရဲဘော်တွေက သူ့ လုပ်ရပ်တွေအကြောင်း ပြောပြဖူးတယ် သူက နာမည်ပျက်ရှိတယ် ယွမ်မိသားစုရဲ့ မကောင်းတဲ့ လုပ်ရပ်အများစုကို သူ လုပ်ခဲ့တာ သူက သတ်ဖြတ်တာနဲ့ ဖုံးကွယ်တဲ့ ကိစ္စတွေမှာ ရက်ရက်စက်စက်ပဲ"

‎

‎ယွမ်ဖာ့ က စကားထောက်၏။ "ယွမ်မိသားစုရဲ့ လက်ရှိ အကြီးအကဲက သူမှ မဟုတ်တော့တာ သူက အအိုလွန်ပြီး ဖျားနာနေပြီ ဒါက ငါတို့ ညီမလေး နဲ့ ရုပ်တူတဲ့သူ ဖြစ်နိုင်တယ် ငါတို့ အဲ့ကောင်မလေး ဘယ်ရောက်နေလဲဆိုတာ အတည်မပြုနိုင်သေးသလို သူ့ကို သတ်ရင်လည်း လုံးဝ သေမှာ မဟုတ်ဘူး"

‎

‎ဤအချိန်တွင် အစ်ကိုများအားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့ တကယ်တမ်း သူမနှင့် ကြုံတွေ့ရလျှင် ထိုမျက်နှာကို သူတို့ ဓားဖြင့် ဝှေ့နိုင်ပါ့မလား။ ယခု သူတို့၏ စိတ်များမှာ ရှင်းရှင်း လင်းလင်း မရှိသေးပေ။

တရားခံက သူတို့၏ ညီမအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာဖြင့် အလွယ်တကူပင် ဖယ်ရှားနိုင်လိမ့်မည်။

‎

‎သူတို့က ပြန်လည်ဆုံဆည်းခြင်းဟု ထင်မှတ်ကာ ပျော်ရွှင်စွာ ပွေ့ဖက်ကြလိမ့်မည်၊ သို့သော် သေခြင်းတရားသာ ပြန်ရခြင်း ဖြစ်လာလိမ့်မည်။

‎

‎ယွမ်လော့ရီ လည်း စဉ်းစားနေသည်။ သူတို့၏ မျိုးရိုးဗီဇက ၉၉.၉၉% တူညီပြီး သူမ၏ မွေးဖွားချိန် အလေးချိန် ၆ ပေါင် ၇ အောင်စ ဖြစ်ကာ အမွှာမဟုတ်ပါက ထိုမိန်းကလေးမှာ သူ့ကိုယ်သူ၏ ပုံတူကူးချထားသူ ဖြစ်နိုင်သလား။

‎ဒါဆိုရင် သူတို့ ၁၀၀% တူညီသင့်တာ မဟုတ်ဘူးလား။

‎

‎ယွမ်လော့ရီ က မေး၏။ "ပဉ္စမအစ်ကို၊ ၀.၀၁% ကွာခြားမှုက အများကြီးလို့ ယူဆလို့ရလား"

‎

‎၎င်းက ယွမ်ကျွင်း ၏ သင်ကြားရေး ပုံစံကို လှုံ့ဆော်ပေးလိုက်သလ်ိုပင်။ တက္ကသိုလ်တွင် သူ၏ ခန့်ညားသော ရုပ်ရည်၊ ပြတ်သား၍ ရယ်စရာကောင်းသော ဘာသာစကား၊ စာမေးပွဲ မပေးဘဲ ကျောင်းသားများ လွတ်လပ်စွာ ငြင်းခုံနိုင်ပြီး ဆင်ခြင်တုံတရားရှိသော အဖြေများက အမှတ်ကောင်းများ ရရှိစေသည့် နှုတ်ဖြေ စာမေးပွဲများကြောင့် သူသည် ကျောင်းသားများ၏ ချစ်ခင်မှုကို အလွန် ခံရသူဖြစ်၏။

‎

သူ၏ စာသင်ချိန်တိုင်း အခြား အတန်းများမှ ကျောင်းသားများစွာ လာရောက် နားထောင်လေ့ရှိပြီး စာသင်ခန်း ထိုင်ခုံများ မလုံလောက်သဖြင့် ကျောင်းသားများစွာ စင်္ကြံလမ်းတွင် ရပ်၍ နားထောင်ကြသည်။

‎

‎ယခု သူ၏ ညီမက သူ့အား မေးခွန်းမေးနေသောကြောင့် သူ အသေးစိတ် ရှင်းပြရမည်မှာ သေချာသည်။

‎

‎ယွမ်ကျွင်း က "ပထမဆုံး ဥပမာတစ်ခု ပေးရမယ်ဆိုရင် ဂေါ်ရီလာ‌မျောက်ဝံနဲ့ လူသားတွေရဲ့ မျိုးရိုးဗီဇ တူညီမှုက ၉၉% ဖြစ်ပြီး ၁% ကွာခြားရုံနဲ့ မတူညီတဲ့ မျိုးစိတ်တွေကို ဖြစ်စေတယ်"

‎

‎"မျိုးရိုးဗီဇ စစ်ဆေးမှုတွေအရတော့ အဲ့မိန်းကလေးနဲ့ညီမလေးက ရုပ်ရည် တူတဲ့အပြင် ဉာဏ်ရည်လည်း တူကြောင်း ကိုကို သိရတယ်"

‎

‎"ကွဲပြားနေတဲ့ ဗီဇအစိတ်အပိုင်းအတွက် ကိုကိုတို့ ပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်းမှာတော့ သဘောတူညီချက် မရသေးဘူး တစ်ချို့က နာကျင်မှု ခံစားချက်ကို ထိန်းချုပ်တယ်လို့ ဆိုကြပြီး တစ်ချို့ကျတော့ ကိုယ်ကျင့်တရားကို ထိန်းချုပ်တယ်လို့ ဆိုကြတယ်"

‎

‎"ဒါပေမဲ့ညီမလေး နဲ့ အဲ့ကလေးမ၊ နှစ်ယောက်လုံးက ယွမ်မိသားစု သွေးသားကနေ ဆင်းသက်လာကြတာ ဖြစ်ပေမဲ့ ကိုကို ဆေးရုံတွေကို ရှာခဲ့ပြီးပြီ ယွမ်မိသားစုဝင် တော်တော်များများရဲ့ မျိုးရိုးဗီဇကို စစ်ဆေးပြီးတာတောင် ညီမလေး ရဲ့ မိဘရင်းတွေရဲ့ ဗီဇကို ရှာမတွေ့ခဲ့ဘူး"

‎

‎ယွမ်လော့ရီ ရုတ်တရက် တစ်ခုခုကို သတိရလိုက်သည်။ သူမ အသက် ၁၈ နှစ်အရွယ်တွင်လည်း မျိုးရိုးဗီဇ စစ်ဆေးမှု လုပ်ခဲ့ဖူး၏။

‎

‎ထိုအချိန်တုန်းက သူမမှာ သူ၏ အစ်ကိုများကို ကြောက်နေဆဲဖြစ်ပြီး မိသားစုနှင့် ဝေးကွာသော ဆက်ဆံရေး ရှိခဲ့သည်။ ကျောင်းတွင်လည်း ပျော်ရွှင်ရသော အချိန် မရှိခဲ့ဘဲ အဆက်မပြတ် ငြင်းပယ်မှုများနှင့် မကောင်းမှုများကိုသာ ရင်ဆိုင်ခဲ့ရ၏။

‎

‎ရုတ်တရက် တစ်နေ့တွင် သူမ ခေါင်းကွဲမတတ် ကိုက်ခဲလာပြီး တခြားသူများကို ထိခိုက်စေလိုသည့် ရူးသွပ်သော စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာသည်...

‎

‎ထို့ကြောင့်သူမ ကျောင်းထွက်လိုက်ပြီး မည်သူ့ကိုမှ မထိခိုက်စေလိုသဖြင့် သူမ အခန်းထဲတွင် သူမကိုယ်သူမ ပိတ်လှောင်ထားခဲ့၏။

‎

‎ ဖေဖေယွမ်က စိတ်ပညာရှင်များစွာကို ရှာခဲ့သော်လည်း ယွမ်လော့ရီ ကို မည်သူမျှ မကုသနိုင်ခဲ့ပေ။

‎

‎သူမ မကြာခဏ ဒေါသထွက်ခြင်း၊ အရက်သောက်ခြင်းများ လုပ်ခဲ့ပြီး မေမေယွမ်နှင့်ပင် ရန်ဖြစ်ခဲ့ကာ မေမေယွမ်က ယွမ်လော့ရီအား အလိုလိုက်လွန်းသဖြင့် အနည်းငယ် အခက်အခဲကြုံသည်နှင့် ကျောင်းထွက်သည်အထိ ဖြစ်ခဲ့ရခြင်းဟု အပြစ်တင် ပြောဆိုခဲ့၏။

‎

‎သို့ဖြင့် နှစ်နှစ်တိုင်တိုင် ကြာရှည်ခဲ့ပြီး ယွမ်လော့ရီ သူမ၏ အခြေအနေ ပိုမို ဆိုးရွားလာပြီကို ခံစားခဲ့ရကာ သူမ ထိန်းချုပ်၍ မရသော မကောင်းသော အတွေးများက ပေါက်ကွဲထွက်လာ၏။ သူမက အလှအပကို မခံစားရဘဲ အထီးကျန်မှုနှင့် နာကျင်မှုသာ သူမ၏ အဖော်ဟု ခံစားခဲ့ရသည်။

‎

‎တစ်နေ့တွင် ဖေဖေယွမ်က ပိတ်ထားသော တံခါးကို အတင်း ဖျက်ကာ ဝင်လာခဲ့၏။

‎

‎"မင်းအကြာကြီး နားနေပြီးပြီ ဘာလို့ ကျောင်းမသွားသေးတာလဲ"

‎

‎"မသွားချင်ဘူး"

‎

‎"ဒါဆိုမင်း ဘာလုပ်ချင်တာလဲ"

‎

‎"သမီး သေချင်တယ်"

‎

‎ရုတ်တရက်ပင်၊ ပုံမှန်အားဖြင့် စိတ်ဓာတ် ခိုင်မာပြီး တင်းကြပ်သော ဖေဖေယွမ်သည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ ဖေဖေယွမ်က သူ၏ မျက်နှာကို လက်ဖြင့် အုပ်ကာ နာကျင်စွာ ရေရွတ်လေသည်။ "ဒါ ငါ့အမှားပဲ..."

‎

‎ခဏကြာပြီးနောက် ဖေဖေယွမ်က သူ၏ စိတ်ခံစားမှုများကို ပြန်လည် ထိန်းချုပ်လိုက်ပြီး မျိုးရိုးဗီဇ စစ်ဆေးမှု အစီရင်ခံစာကို ထုတ်ယူကာ အေးစက်စွာ ကြေညာလိုက်သည်။ "မင်းက ငါ့ကလေး မဟုတ်ဘူး မင်း ဒီအိမ်ကနေ ထွက်သွားရမယ်"

‎

‎ထိုနေ့မှာ ဇွန်လ ၂၇ ရက်နေ့ ပင်။ ယွမ်လော့ရီက ပြင်ဆင်ထားသော ခရီးဆောင်အိတ်ကို ယူဆောင်ကာ အိမ်မှ ထွက်သွားခဲ့၏။ ထိုညတွင် တရားခံအစစ်က ယွမ်အိမ်တော်သို့ ရောက်လာပြီး မေမေယွမ် ကို သတ်ပစ်ခဲ့ကာ ယွမ်လော့ရီ မှာ အဖမ်းခံခဲ့ရသည်။

‎

‎သေသေချာချာ စဉ်းစားကြည့်လိုက်သောအခါ ယွမ်လော့ရီမှာ ဖေဖေယွမ်၏ နောက်ဆုံး ကံကြမ္မာကို မသိခဲ့ရသေးပေ။

‎

‎ယွမ်လော့ရီ က မေးသည်။ "ပဉ္စမအစ်ကို၊ နောက်ဆုံးမှာ ဖေဖေ က ဘယ်လို သေခဲ့ရတာလဲ"

‎

‎ရုံးခန်းထဲရှိ လေထုအခြေအနေ ပြောင်းလဲသွားခဲ့သည်။

‎သူတို့၏အမေ သေဆုံးခြင်းမှာ လူတိုင်းအတွက် ကြေကွဲစရာ ဖြစ်သော်ငြား သူတို့၏ အဖေ သေဆုံးခြင်းကမူ တောင်ကြီးတစ်လုံး ရုတ်တရက် ပြိုလဲသွားသကဲ့သို့ ဖြစ်ပြီး လူတိုင်း တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

‎

‎ယွမ်ကျွင်း က ဖြေသည်။ "သူ ပင်လယ်ထဲ ခုန်ချပြီး သူကိုယ်သူ သတ်သေသွားတာ သူ့ရဲ့ အလောင်းကို ပြန်ဆယ်တော့ အလောင်းက အရမ်း ဆွေးနေပြီ အဲ့တာကြောင့် သူ သေတဲ့ အချိန်အတိအကျကို ဆုံးဖြတ်လို့ မရဘူး"

‎

‎ ဖေဖေယွမ်မှာ အမြဲတမ်း စိတ်ဓာတ် ခိုင်မာသူ ဖြစ်သောကြောင့် ယခုကိစ္စမှာ ယွမ်လော့ရီ မမျှော်လင့်ထားသော သတင်းဖြစ်သည်။ သူ့အား သူ့ကိုယ်သူ သတ်သေရန်အထိ စိတ်ပျက်အားငယ်စေခဲ့သော အဖြစ်အပျက်ကို သူမ စိတ်ကူးပင် မယဉ်နိုင်ခဲ့ပေ။

‎

‎ယွမ်ကျွင်းက အခြားအချိန်စက်ဝန်းမှ သူ၏ ညီမလေးကို ကြည့်လိုက်သည်။ သူမ၏ စိတ်ခံစားမှုများမှာ ရှုပ်ထွေးနေ၏။ သူ သူမကို သူ့အနီးတွင် ထားချင်သော်လည်း သူမက ပြန်သွားပြီး ယွမ်မိသားစု၏ ကြေကွဲစရာကံကြမ္မာကို ပြောင်းလဲရမည်ကိုလည်း သူ သိသည်။

‎

‎သူက ပြောလိုက်သည်။ "ဒီနေရာမှာ ညီမလေး ကျောင်းမပြီးခဲ့ဘူး၊ ဒါပေမဲ့ ကောင်းတဲ့ တက္ကသိုလ်တစ်ခုကိုတော့ ဝင်ခွင့်ရခဲ့တယ်"

‎

‎"ညီမလေးပြန်သွားတဲ့အခါ ကြိုးကြိုးစားစား စာသင်ပြီး ကိုကို စာသင်တဲ့ တက္ကသိုလ်မှာ စာရင်းသွင်းနော်"

‎

‎"ကိုကိုက အရမ်းဂရုစိုက်တဲ့ အစ်ကို ကောင်းတစ်ယောက် မဟုတ်တဲ့အပြင် ဓာတ်ခွဲခန်းထဲမှာပဲ တစ်နေကုန် နေပြီး ညီမလေး ကို လျစ်လျူရှုကောင်း ရှုလိမ့်မယ် ဒါပေမဲ့ ကိုကိုက တော်တော်လေး ကောင်းတဲ့ ပါမောက္ခတစ်ယောက်မလို့ ညီမလေး ကိုကို့ ရဲ့ အတန်းတွေကိုတော့ သဘောကျမှာပါ"

‎

‎ယွမ်လော့ရီ က မေး၏ "တိရစ္ဆာန်ငယ်လေးတွေကိုတော့ ခွဲစိတ်စရာ မလိုဘူးလား"

‎

‎ယွမ်ကျွင်း က ရယ်ပြီး ပြောသည်။ "ကိုကို့ မှာ ညီမလေး တို့ အားလုံး ခွဲစိတ်ဖို့ တိရစ္ဆာန်ငယ်လေးတွေ ဝယ်ဖို့ ရန်ပုံငွေ ရှိလို့လား အလောင်းတွေက ဈေးအရမ်းကြီးတာ ကျောင်းသားတွေက ခွဲစိတ်လေ့လာဖို့ လူ့အလောင်းတစ်လောင်းစီနဲ့ အတန်းထဲ လာရင်တော့ ကောင်းတာပေါ့ ဒါမှမဟုတ်လည်း သူတို့ တစ်ယောက်ကို တစ်ယောက် ခွဲစိတ်ပြီး ဘယ်သူမှ မသေအောင် ပြန်ချုပ်စေချင်တယ်"

‎

‎ယွမ်လော့ရီ က အဖြေပြန်ပေးသည်။ "ဒါဆိုရင် သဘောတူပြီ သမီး ကြီးလာရင် ဒီတက္ကသိုလ်မှာ စာရင်းသွင်းမယ်"

‎

‎ယွမ်ကျွင်း က "ကောင်းပြီ အဲဒါကို အတည်ပြုလိုက်ပြီလို့ ယူဆလိုက်ပြီနော်" ဟု ပြောသည်။

‎

‎‌ဤတစ်ကြိမ် တွင်တော့ ညီမလေး အသက်ဆယ့်ရှစ်နှစ် ကျော်လွန်သည်အထိ အသက်ရှင်စေရန် သူတို့ အစွမ်းကုန် ကြိုးပမ်းကြမည်ဖြစ်သည်။

‎

‎"ဒုန်း"

‎

‎ရုတ်တရက်မီးများအားလုံး ပျက်သွားပြီး အခန်းတစ်ခုလုံး တစ်ခဏအတွင်း အမှောင်ဖုံးသွား၏။

‎

‎တစ်ချိန်တည်းတွင် အစ်ကိုများက ယွမ်လော့ရီ ကို ဗဟိုပြု၍ ဝိုင်းရံကာ စုစည်းလိုက်ကြသည်။

‎

‎ဒုတိယအစ်ကိုဖြစ်သူ ယွမ်ဖာ့ က သူ၏ ဖုန်းကို ထုတ်ယူကြည့်လိုက်ကာ သူ၏ တင်းမာသော မျက်နှာမှာ ဖုန်းအလင်းကြောင့် ပေါ်လွင်နေပြီး စကားပြောလိုက်၏။ "လိုင်း မမိဘူ‌တော့ဘူး”

‎

‎ယွမ်လော့ရီ ဤအခြေအနေနှင့် အလွန် ရင်းနှီးသည်။ ဆရာမစု အသတ်ခံရစဉ်ကလိုပင်။

‎လူသတ်သမားအစစ်က သူတို့ကိုနှုတ်ပိတ်ရန် ရောက်လာခြင်း ဖြစ်ရမည်။

‎

‎အစ်ကိုများက သူတို့ ရင်ဆိုင်နေရသော အန္တရာယ်ကို အပြည့်အဝ နားလည်ကြသည်။

‎

‎ယွမ်ကျွင်း က ပြော၏။ "စင်္ကြံလမ်းရဲ့ အဆုံးမှာ မီးလောင်ရင် လွတ်အောင် လျှပ်စစ်မော်တာ ပါတဲ့ ဓာတ်လှေကားတစ်ခု ရှိတယ် ပင်မလျှပ်စစ်ဓာတ်အားနဲ့ မချိတ်ဆက်ထားဘူး အဲဒီဘက်ကို သွားကြစို့"

All Chapters