← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 12 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 12 Ch. 225-226

အပိုင်း(၂၂၅) အသားရောင်းပွဲ

"လင်းယွမ်... တချို့လူတွေ အခွင့်ကောင်းယူပြီး ထွက်ပြေးသွားကြတယ်"

ညိုတာ့မင်က လင်းယွမ်၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ရင်း စကားစမ်းလိုက်သည်။

လင်းယွမ်က သူတို့ကို လွတ်လပ်ခွင့် ပေးထားသည်ဟု ပြောခဲ့သော်လည်း မည်သူမျှ အလုံးစုံ မယုံရဲကြပေ။ ထို့ကြောင့် ယခုအချိန်သည် လင်းယွမ်၏ သဘောထားအမှန်ကို စမ်းသပ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။

အကယ်၍ လင်းယွမ်သာ ဒေါသတကြီးဖြင့် လူဖမ်းခိုင်းပါက သူ၏ ယခင်စကားများမှာ လေလုံးထွားခြင်း သက်သက်သာ ဖြစ်သွားပေလိမ့်မည်။

လင်းယွမ်က ညိုတာ့မင်၏ အတွေးကို တစ်ချက်ကြည့်ရုံဖြင့် ဖောက်ထွင်းမြင်နေရသည်။ သူက အသာပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဘာကို ထွက်ပြေးတာလဲ... ကျွန်တော် ပြောပြီးသားလေ... ခင်ဗျားတို့ကို လွတ်လပ်ခွင့် ပေးထားတယ်လို့"

"သူတို့ ကြိုက်တဲ့ဆီ သွားပါစေ... ဒီတောနက်ထဲမှာ သန္ဓေပြောင်းသတ္တဝါတွေ အများကြီး ရှိတယ်... အပြင်ထွက်သွားပြီး ကံကောင်းရင်တော့ တခြားခိုလှုံရေးစခန်း တွေ့နိုင်ပေမယ့် ကံဆိုးရင်တော့ သန္ဓေပြောင်းသတ္တဝါတွေရဲ့ အစာ ဖြစ်သွားမှာပဲ... ဟင်း"

သူက သက်ပြင်းတစ်ချက် ချလိုက်ရာ လူတိုင်း ကျောချမ်းသွားကြပြီး ရင်ထဲထိတ်လန့်သွားကြသည်။

ထိုအခါမှသာ ဤနေရာသည် သန္ဓေပြောင်းသတ္တဝါများ နေရာအနှံ့ ရှိနေတတ်သော ထိုက်ယန်တောင် ဖြစ်ကြောင်း သူတို့ သတိရသွားကြသည်။

ဒီအတိုင်း ထွက်ပြေးသွားရုံဖြင့် အသက်အန္တရာယ် အလွန်များလွန်းလှသည်။

ညိုတာ့မင်လည်း ချက်ချင်း သဘောပေါက်သွားသည်။ လင်းယွမ်က သူတို့ကို တကယ်ပဲ လွတ်လပ်ခွင့် ပေးထားခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်တွင်လည်း သွယ်ဝိုက်သောနည်းဖြင့် သတိပေးလိုက်ခြင်းပင်။ သူက လွတ်လပ်ခွင့် ပေးထားသော်လည်း ကျောက်တူးသမားများ ကိုယ့်သဘောဖြင့် ထွက်ပြေးပါက သန္ဓေပြောင်းသတ္တဝါများ၏ ပါးစပ်ပေါက်ထဲတွင် သေပွဲဝင်ရမည့် အခွင့်အလမ်း ပိုများနေသည်။

လူတိုင်း နားလည်သွားကြသည်။ ကြည့်ရသည်မှာ ဤနေရာတွင် ဆက်နေခြင်းကသာ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်ပုံရသည်။

လင်းယွမ်က သူတို့ကို ဂရုမစိုက်တော့ဘဲ သန္ဓေပြောင်းသင်းခွေချပ်ကို စတင် ခွဲစိတ်လိုက်သည်။

သူက အရေခွံနွှာရင်း ပြောလိုက်သည်။ "အားလုံးကို ကြိုပြောထားမယ်... ထွက်ပြေးသွားတဲ့သူတွေ ပြန်လာချင်ရင် အရင်က ကတိတွေ ပျက်သွားပြီနော်"

"ဒီနေရာမှာ သူတို့ကို ပေးမနေတော့သလို စားစရာလည်း လုံးဝပေးမှာ မဟုတ်ဘူး... ဒီက စွမ်းအင်ကျောက်တုံးတွေကိုလည်း တူးခွင့်မရှိတော့ဘူး"

"ဒါက ကြိုရှင်းပြထားတာ... နောက်မှ စည်းကမ်းဖောက်လို့ ကျွန်တော် သတ်ပစ်ရင် မတရားဘူး မပြောကြနဲ့"

သူက ပြုံးပြီး ပြောနေသော်လည်း ညိုတာ့မင်တို့ နားထဲတွင်မူ မိုးကြိုးပစ်သလို ခံစားလိုက်ရသည်။

လင်းယွမ်က စကားပြောရ လွယ်ကူသော်လည်း အနိုင်ကျင့်ခံမည့်သူ မဟုတ်ကြောင်း လူတိုင်း နားလည်သွားကြသည်။

သူက သနားသဖြင့် နေစရာနှင့် အသက်ရှင်သန်ခွင့် ပေးထားခြင်း ဖြစ်သည်။

သို့သော် သူ့ကို သစ္စာဖောက်ပါက ကောင်းကောင်း အသေလှမည် မဟုတ်ပေ။

"လင်းယွမ်... စိတ်ချပါ... သူတို့ ပြန်လာရင် ကျွန်တော် ကိုယ်တိုင် အရင်ဆုံး ဆုံးမပစ်မယ်" မုန့်ကွမ်းလီက ချက်ချင်း သစ္စာခံလိုက်သည်။

လျောင်ထောင်းနှင့် ညိုတာ့မင်တို့လည်း အလျင်အမြန် ထောက်ခံလိုက်ကြသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "အဲဒီလောက်လည်း မဟုတ်ပါဘူးဗျာ... သူတို့ကို အချိန်တစ်ခုလောက် ပေးလိုက်ပါ... တချို့က သန္ဓေပြောင်းသတ္တဝါကို ကြောက်လို့ ပုန်းနေတာမျိုးလည်း ဖြစ်နိုင်တာပဲ... အဝေးကြီး ထွက်ပြေးတာ မဟုတ်လောက်ပါဘူး"

"ဒီလိုလုပ်မယ်... နေ့လယ်မတိုင်ခင် ပြန်လာတဲ့သူတွေကို သစ္စာဖောက်လို့ မသတ်မှတ်ဘူး... သူတို့ကို ကိုယ့်လူအဖြစ် ဆက်လက် သတ်မှတ်ပေးမယ်"

လင်းယွမ်၏ စကားကြောင့် လူတိုင်းက လင်းယွမ်သည် တကယ်ပင် သဘောထားပြည့်ဝသူဟု ခံစားလိုက်ရသည်။

အကယ်၍ ထျန်ဝေသာ ဆိုလျှင် လူလွှတ်ပြီး လိုက်သတ်ခိုင်းနေလောက်ပြီ ဖြစ်သလို သူတို့ပါ အစစ်ဆေးခံနေရမည် ဖြစ်သည်။

"လင်းယွမ်... ကျွန်တော် ကူခွာပေးမယ်... ကျွန်တော် အရင်တုန်းက ဝက်သတ်သမား လုပ်ဖူးတယ်" လျောင်ထောင်းက ကူညီရန် ရှေ့ထွက်လာသည်။

လင်းယွမ်က သူ့ကိုကြည့်ပြီး ပြုံးစစဖြင့် ဓားကမ်းပေးလိုက်သည်။ "ဟုတ်လား... ဒါဆို စမ်းကြည့်လေ"

လျောင်ထောင်းက ဓားကို အလျင်အမြန် ယူလိုက်ပြီး အရေခွံနွှာရန် ပြင်လိုက်သည်။

ဓားတစ်ချက် ဝှေ့ယမ်းလိုက်သော်လည်း သင်းခွေချပ်၏ အကြေးခွံနှင့် အသားမှာ မာကျောလွန်းလှသဖြင့် (ဝ.၅) လက်မခန့်သာရာထင်သွားသည်။

လျောင်ထောင်း အံ့အားသင့်သွားပြီး ဓားကို ကြောင်ကြည့်လိုက်၊ သင်းခွေချပ်ကို ကြည့်လိုက် ဖြစ်နေသည်။

လင်းယွမ်က ရယ်မောလိုက်ပြီး "ဒီ သန္ဓေပြောင်းသင်းခွေချပ်ရဲ့ အရေခွံက အရမ်းမာတယ်... ခင်ဗျား ခွဲနိုင်မှာ မဟုတ်ဘူး"

"သန္ဓေပြောင်းသတ္တဝါတွေ ဘယ်လောက်ကြောက်စရာကောင်းလဲ ခင်ဗျားတို့ မသိကြဘူးလား... အရင်က မမြင်ဖူးကြဘူးလား"

ထိုအခါမှ လျောင်ထောင်း သတိဝင်လာပြီး ဓားကို လင်းယွမ်ထံ ပြန်ပေးကာ သက်ပြင်းချလိုက်သည်။ "မြင်တော့ မြင်ဖူးပါတယ်... အရင်က ထျန်ဝေတို့ အစွမ်းပိုင်ရှင်တွေ ဖမ်းလာတုန်းကလည်း ကူလုပ်ပေးဖူးတယ်... ဒါပေမဲ့ ဒီလောက်ကြီး မာတာမျိုးတော့ မတွေ့ဖူးဘူး"

"ဒီသင်းခွေချပ်က အရမ်းမာလွန်းတယ်"

လင်းယွမ်က မေးလိုက်သည်။ "ဒီသင်းခွေချပ်ကို အရင်က မမြင်ဖူးကြဘူးလား"

ညိုတာ့မင်က လက်ထောင်လိုက်ပြီး "တစ်ခါ တွေ့ဖူးတယ်... အဲဒီတုန်းက လူတော်တော်များများ သေသွားကြတယ်... အစွမ်းပိုင်ရှင်တွေ ဝိုင်းတိုက်တာတောင် မရဘူး... နောက်ဆုံးမှ ထျန်ဝေ ကိုယ်တိုင် မီးနဲ့ရှို့မှ ကျောက်တွင်းထဲ ထွက်ပြေးသွားတာ"

"သူက ကျောက်တွင်းထဲမှာ ရှိနေဦးမယ်လို့ မထင်ထားဘူး... ဘာစားပြီး အသက်ရှင်နေလဲ မသိဘူး"

လင်းယွမ် နားလည်လိုက်သည်။ ဤသင်းခွေချပ်၏ ကာကွယ်မှုစွမ်းရည်မှာ မြင့်မားသော်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်စွမ်းအင် တိုက်ခိုက်မှုများကိုသာ အဓိက ကာကွယ်နိုင်သည်။

မီး၊ ရေခဲ၊ လျှပ်စစ် ကဲ့သို့သော တိုက်ခိုက်မှုများကိုမူ ခံနိုင်ရည် ရှိပုံမရပေ။

သို့သော်လည်း ဤကောင်ကြီးမှာ အတော်လေး ထူးကဲလွန်းသည်။

ဤအရေခွံကို ခွာပြီး သားရေချပ်ဝတ်တန်ဆာ လုပ်နိုင်ပါက အခြား အစွမ်းပိုင်ရှင်များအတွက် ကာကွယ်မှုစွမ်းရည် များစွာ မြှင့်တင်ပေးနိုင်သလို စိတ်စွမ်းအင် တိုက်ခိုက်မှုကိုလည်း ကာကွယ်နိုင်မည့် အလားအလာ ရှိသည်။

လင်းယွမ်က "ကဲ... ကျွန်တော်ပဲ ဆက်လုပ်လိုက်မယ်... ခင်ဗျားတို့ လုပ်စရာရှိတာ သွားလုပ်ကြတော့" ဟု ပြောလိုက်သည်။

သူက လူအုပ်ကြီးကို လူစုခွဲလိုက်သော်လည်း ညိုတာ့မင်က မသွားဘဲ နွားခေါင်းအရွယ်အစားခန့် ရှိသော သင်းခွေချပ်ခေါင်းကို မလာသည်။

လင်းယွမ်က သူ့ကိုကြည့်ပြီး "ဦးလေးညို... ဘာကိစ္စ ရှိသေးလို့လဲ"

"ဟာ... ကျွန်တော့်ကို ဦးလေးညိုလို့ မခေါ်ပါနဲ့ဗျာ... ညိုတာ့မင်လို့ပဲ ခေါ်ပါ" ညိုတာ့မင်က အားနာစွာဖြင့် ပြောလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ပြောပါ... ဘာကိစ္စ ရှိလို့လဲ"

"ဟိုလေ... လင်းယွမ်... ဒီသင်းခွေချပ်အသား ရောင်းမလား"

လင်းယွမ် အံ့ဩသွားသည်။ ဒီလူကြီးက ဉာဏ်ကောင်းသားပဲ... သူ ခုလေးတင် သတ်လိုက်တဲ့ သင်းခွေချပ်အသားကို ချက်ချင်း မျက်စိကျနေပြီ။

"ခင်ဗျား ဝယ်ချင်လို့လား"

ညိုတာ့မင်က သက်ပြင်းချလိုက်ပြီး "ခင်ဗျားလည်း သိတဲ့အတိုင်း ကျွန်တော်က အသက်ကြီးနေပြီ... အားအင် နည်းနည်း ရှိသေးလို့ ကျောက်တူးနိုင်ပေမယ့် ခြေလက်တွေက သိပ်မသန်တော့ဘူး"

"လူငယ်တွေနဲ့လိုက်ပြီး အမဲလိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး... ရေထဲဆင်းပြီး ငါးဖမ်းမယ်ဆိုရင်လည်း အသွားအပြန် ခရီးက ဝေးလွန်းတယ်... (၂) ရက်အတွင်း အစာရှာနိုင်ပါ့မလား မသေချာဘူး... ပင်လယ်ရေတက်မယ့် (၂) ရက်ကို ခံနိုင်ပါ့မလား စိုးရိမ်တယ်"

"ခင်ဗျားဆီမှာ အသားအဆင်သင့် ရှိနေတော့" သူက ဆက်မပြောရဲတော့ပေ။

သို့သော် လင်းယွမ်က သူ့သဘောကို နားလည်သည်။

လင်းယွမ် စဉ်းစားလိုက်ပြီး "ခင်ဗျား ဘာနဲ့ ဝယ်မှာလဲ"

ညိုတာ့မင်က အနည်းငယ် တွေဝေသွားပြီးမှ "ကျွန်တော် ကျောက်တူးတုန်းက စွမ်းအင်ကျောက်တုံး တချို့ ခိုးသိမ်းထားတာ ရှိတယ်... အားလုံးက ထိပ်တန်း အရည်အသွေးရှိတဲ့ မီးဓာတ်နဲ့ မြေဓာတ် စွမ်းအင်ကျောက်တုံးတွေချည်းပဲ... အဲဒါတွေနဲ့ လဲလို့ရမလား"

လင်းယွမ် ရယ်မောလိုက်သည်။ ထင်ထားသည့်အတိုင်းပင် ဤကျောက်တူးသမားများသည် လူလည်များ ဖြစ်ကြသည်။ ရသမျှ စွမ်းအင်ကျောက်တုံး အကုန်လုံးကို ဘယ်သူက အပ်ပါ့မလဲ။

အရေးကြုံလျှင် သုံးရန်အတွက် အချို့ကို ခိုးသိမ်းထားကြသည်မှာ သေချာသည်။

ညိုတာ့မင်သည် ကျောက်တူးသမားခေါင်းဆောင် ဖြစ်သည့်အတွက် သူ့လက်ထဲတွင် ပစ္စည်းကောင်း ရှိနေသည်မှာ မဆန်းပေ။

လင်းယွမ် ခန့်မှန်းရသလောက် အကယ်၍ သူသာ အတင်းအကျပ် အုပ်ချုပ်ခဲ့လျှင် သူတို့က သေလျှင်သေမည် ဤကျောက်တုံးများကို ထုတ်ပေးမည် မဟုတ်ပေ။

အကျိုးစီးပွား ဖလှယ်ခြင်းကသာ အဖွဲ့အစည်းတစ်ခုကို တည်ငြိမ်စေနိုင်သည်။

သူက ချက်ချင်းပင် ပြုံးလိုက်ပြီး "ရတာပေါ့... ညိုတာ့မင်... ခင်ဗျားတို့ကို လွတ်လပ်ခွင့် ပေးထားတယ်လို့ ပြောပြီးသားပဲ... တူးလို့ရတဲ့ စွမ်းအင်ကျောက်တုံးတွေကို ကျွန်တော်နဲ့ အရောင်းအဝယ် လုပ်လို့ရတယ်"

"ဒီလိုလုပ်မယ်... စွမ်းအင်ကျောက်တုံး တစ်တုံးကို အသား (၁) ပေါင်နဲ့ လဲမယ်... ခင်ဗျား ဘယ်လောက် လိုချင်လဲ"

"အသား (၁) ပေါင်တောင်လား... အဲဒီလောက် များတာလား"

ညိုတာ့မင် အံ့အားသင့်သွားသည်။

လင်းယွမ် ဤမျှ ရက်ရောလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

သူ့စိတ်ထဲတွင် စွမ်းအင်ကျောက်တုံး (၁၀) တုံး ပေးမှ အသား (၁) ပေါင်လောက် ရမည်ဟု တွက်ထားခြင်း ဖြစ်သည်။

ကျောက်တုံး တစ်တုံးတည်းနှင့် အသား (၁) ပေါင် ရမည်ဟု လုံးဝ မထင်ထားခဲ့။

လင်းယွမ်က ဈေးလျှော့ပေးလိုက်ခြင်း မဟုတ်ပေ။ ဤဈေးနှုန်းသည် ခိုလှုံရေးစခန်းကြီး (၄) ခု၏ ဈေးကွက်ပေါက်ဈေး ဖြစ်သည်။

လစဉ်လတိုင်း ခိုလှုံရေးစခန်းကြီး (၄) ခုသည် တောင်ထိပ်ရှိ ကိုးဝူမျှော်စင်တွင် ကုန်ပစ္စည်း ဖလှယ်ပွဲ ကျင်းပလေ့ရှိသည်။

ထိုနေရာတွင် စွမ်းအင်ကျောက်တုံး တစ်တုံးလျှင် အသား (ဝ.၅) ပေါင်ဖြင့် လဲလှယ်ကြသည်။

ပုံမှန်အားဖြင့် အသား (ဝ.၅) ပေါင်ဆိုလျှင် သုံးနပ်စာ စားနိုင်သည်။

ဆိုလိုသည်မှာ စွမ်းအင်ကျောက်တုံး တစ်တုံးသည် တစ်ရက်စာ အစာရိက္ခာနှင့် ညီမျှသည်။

လင်းယွမ်က (၁) ပေါင် ပေးသည်မှာ သူတို့ကို အထူးအခွင့်အရေး ပေးလိုက်ခြင်း ဖြစ်သည်။

ဒါကလည်း သူတို့ကို မက်လုံးပေးလိုက်ခြင်း ဖြစ်ပြီး သူတို့တူးဖော်ရရှိမည့် စွမ်းအင်ကျောက်တုံးများကို မိမိထံတွင်သာ လာရောင်းစေရန် ရည်ရွယ်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ဝယ်မှာလား"

ညိုတာ့မင်က ခေါင်းကို တဗျင်းဗျင်း ညိတ်လိုက်ပြီး "ဝယ်မယ်... ဝယ်မယ်... ကျွန်တော် အခုပဲ သွားယူလိုက်မယ်"

သူက ကျောက်တွင်းထဲသို့ အလျင်အမြန် ပြေးဝင်သွားသည်။ မူလက သူ ဝှက်ထားသော စွမ်းအင်ကျောက်တုံးများကို ကျောက်တွင်းထဲမှ တစ်ခါမျှ အပြင်ထုတ်ခဲ့ခြင်း မရှိဘဲ အတွင်းထဲတွင်သာ ဝှက်ထားခဲ့ခြင်း ဖြစ်သည်။

ဒီလူကြီးက တော်တော် ပါးနပ်သည်။

အပြင်လောကမှ စွမ်းအင်ကျောက်တုံး ဈေးနှုန်းများကိုလည်း သူ မသိဘဲ မနေပေ။

ကျောက်တူးသမား ခေါင်းဆောင်တစ်ဦးအနေဖြင့် ကိုးဝူမျှော်စင်မှ အရောင်းအဝယ် အခြေအနေများကို အစွမ်းပိုင်ရှင်များ ပြောဆိုနေကြသည်ကို သူကြားဖူးသည်။

ထို့ကြောင့် စွမ်းအင်ကျောက်တုံး တစ်တုံးလျှင် အသား (ဝ.၅) ပေါင်သာ တန်ကြေးရှိကြောင်း သူ ကောင်းကောင်းသိသည်။

လင်းယွမ်က သူတို့ကို တကယ့် စေတနာဈေး ပေးထားခြင်း ဖြစ်သည်။

သူ ဝမ်းသာအားရ ဖြစ်သွားပြီး လက်ထဲရှိ စွမ်းအင်ကျောက်တုံး အားလုံးကို အသားနှင့် လဲလှယ်ချင်သွားသည်။

စွမ်းအင်ကျောက်တုံးများကို လက်ထဲတွင် ထားနေ၍လည်း အပိုပင်၊ စားလို့ရသည်လည်း မဟုတ်။

အသားနှင့် လဲလှယ်လိုက်ခြင်းကသာ စိတ်အေးရပေမည်။

မကြာမီ သူက အဝတ်စုတ်ဖြင့် ထုပ်ထားသော အထုပ်တစ်ထုပ်ကို ပိုက်ပြီး ပြန်ပြေးလာသည်။

"လင်းယွမ်... ကြည့်ပါဦး... ဒါတွေက ကျွန်တော် စုထားသမျှ စွမ်းအင်ကျောက်တုံးတွေပဲ... အကြီး (၁၈) တုံးနဲ့ အသေး (၃၀) ကျော် ပါတယ်"

လင်းယွမ် ဖွင့်ကြည့်လိုက်ရာ လက်သီးဆုပ် အရွယ်အစားရှိ အရည်အသွေးကောင်း စွမ်းအင်ကျောက်တုံး (၁၈) တုံးနှင့် ကျန်သည်မှာ အပိုင်းအစ အသေးလေးများ ဖြစ်နေသည်။

"ဘာလို့ အသေးတွေ အများကြီး ပါနေတာလဲ" သူက မေးလိုက်သည်။

ညိုတာ့မင်က ရယ်ကျဲကျဲ လုပ်လိုက်ပြီး "အကြီးတွေက ဝှက်ရခက်တယ်လေ... ကျွန်တော်တို့ တူးနေတုန်း ထျန်ဝေရဲ့ လူတွေက ဘေးက စောင့်ကြည့်နေတာ... အသေးလေးတွေကျတော့ ပါးစပ်ထဲ ငုံထားလိုက်... ဒါမှမဟုတ် ဂျောင်တစ်နေရာရာမှာ ပစ်ထားလိုက်နဲ့... နားချိန်ကျမှ ပြန်သွားကောက်ပြီး ဝှက်ထားလိုက်ရတာ"

လင်းယွမ် သဘောပေါက်သွားပြီး "အသေးတွေကတော့ တန်ဖိုး သိပ်မရှိဘူးနော်... ဒါကိုတော့ ကြိုပြောထားမယ်"

"ရပါတယ်... နားလည်ပါတယ်... ခင်ဗျား သင့်တော်သလိုသာ တွက်ပေးပါ" ညိုတာ့မင်က အလျင်အမြန် ပြောလိုက်သည်။

လင်းယွမ် စဉ်းစားလိုက်ပြီး "အကြီး (၁၈) တုံးအတွက် အသား (၁၈) ပေါင်... အသေး (၃၆) တုံးအတွက် (၆) ပေါင် ပေးမယ်"

"ဟာ... ရတယ်... ကျေးဇူးပါပဲဗျာ" ညိုတာ့မင် ဝမ်းသာသွားသည်။

သူ့ကျောက်တုံးအသေးလေးများမှာ တချို့က ကြက်ဥအရွယ်၊ တချို့က ဆီးသီးအရွယ်သာ ရှိသည်။

(၆) တုံးကို အသား (၁) ပေါင် ဈေးရသည်မှာ သူ အမြတ်ထွက်နေပြီ ဖြစ်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး စွမ်းအင်ကျောက်တုံးများကို သိမ်းလိုက်ကာ မေးလိုက်သည်။ "အဆီလိုချင်လား... အသားလိုချင်လား"

ညိုတာ့မင်က ချက်ချင်းပင် "အဆီ... အဆီလိုချင်တယ်"

ကျောက်တူးသမားများအဖို့ အဆီဓာတ်သည် အလိုအပ်ဆုံး အရာဖြစ်သည်။

အဆီရလျှင် ဆီချက်ပြီး ဟင်းချက်စားနိုင်သေးသည်။

လင်းယွမ် ရယ်မောလိုက်ပြီး သင်းခွေချပ် ဝမ်းဗိုက်သားမှ အဆီတစ်ထပ် အသားတစ်ထပ် ပါသော အသားတုံးကြီးကို လှီးထုတ်လိုက်သည်။

သူက အနည်းငယ် ချိန်ဆကြည့်ပြီး ဒီဂျစ်တယ် ချိန်ခွင်ပေါ် တင်လိုက်သည်။

(၂၅) ပေါင် မပြည့်တပြည့်... (၂၄) ပေါင်နဲ့ (၆) အောင်စလောက် ရှိသည်။

လင်းယွမ်က (၆) အောင်စလောက်ကို ထည့်မတွက်တော့ဘဲ အသားတုံးကို ကမ်းပေးလိုက်သည်။ "ပိုတာတွေ အပိုဆောင်း ပေးလိုက်မယ်"

"ဟာ... ကျေးဇူး... ကျေးဇူးပါပဲ လင်းယွမ်"

ညိုတာ့မင် မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားပြီး အသားတုံးကို လှမ်းယူလိုက်သည်။

အသား (၆) အောင်စလောက် အပိုရလိုက်သည်မှာ သူ့အတွက် အတော်လေး တွက်ခြေကိုက်နေပြီ ဖြစ်သည်။

သူက အသားတုံးကို ပိုက်ထားရင်း လင်းယွမ်ကို အကြိမ်ကြိမ် ဦးညွှတ်အရိုအသေပေးနေသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "တခြားလူတွေကို မေးကြည့်လိုက်ဦး... အသားလဲချင်တဲ့သူ ရှိရင် မြန်မြန်လုပ်ကြလို့... နောက်မှ ကျွန်တော့်လူတွေ ရောက်လာရင် ဒီအသားတွေကို ပြန်သယ်သွားတော့မှာ"

ညိုတာ့မင်၏ မျက်နှာအိုကြီးမှာ ဝမ်းသာရိပ်များ ယှက်သန်းသွားပြီး "ကျွန်တော် အခုပဲ သွားမေးလိုက်မယ်"

သူက ကျောက်တွင်းဘက်သို့ ပြေးသွားပြီး အော်ပြောလိုက်သည်။ "ဟေ့ကောင်တွေ... မြန်မြန် ထွက်လာခဲ့ကြ... မင်းတို့လက်ထဲမှာ စွမ်းအင်ကျောက်တုံးတွေ ကျန်သေးလား... လင်းယွမ်က မေတ္တာထားပြီး စွမ်းအင်ကျောက်တုံးနဲ့ အသား လဲပေးနေတယ်... တစ်တုံးကို တစ်ပေါင်တဲ့ကွ"

ထိုစကား ကြားသည်နှင့် လျောင်ထောင်း၊ မုန့်ကွမ်းလီနှင့် အခြားလူများ အပြေးအလွှား ထွက်လာကြသည်။

"ဘာ... ဦးလေးညို... တကယ်ပြောတာလား"

"အဖိုးညို... တကယ်လား... စွမ်းအင်ကျောက်တုံး တစ်တုံးကို အသား တစ်ပေါင် ဟုတ်လား"

"ဟာ... တကယ်ကြီးလား... ဦးလေးညို... တကယ်ကြီးလားဗျ"

ညိုတာ့မင်က သူ့ပခုံးပေါ်မှ အဆီတစ်ထပ် အသားတစ်ထပ် အတုံးကြီးကို ပုတ်ပြလိုက်ပြီး ရယ်မောကာ ဆဲဆိုလိုက်သည်။ "ခွေးကောင်လေးတွေ... ငါတောင် အသားရပြီးနေပြီ... တကယ်လား အတုလား မေးနေကြတုန်း"

"ဟာ... အဆီတုံးကြီးပါလား" လျောင်ထောင်း မျက်လုံးပြူးသွားပြီး သွားရည်ကျလာသည်။

မုန့်ကွမ်းလီလည်း သတိဝင်လာပြီး သူ့တွင်းထဲသို့ အပြေးပြန်ဝင်သွားသည်။

လျောင်ထောင်းလည်း ကြောင်နေရာမှ သတိဝင်လာပြီး အပြေးလိုက်သွားသည်။

ကျန်လူများကတော့ အနည်းငယ် တုံ့ဆိုင်းနေသလို သံသယလည်း ရှိနေကြသေးသည်။

"ဦးလေးညို... လင်းယွမ်က ဘာအချက်အလက်မှ မတောင်းဆိုဘူးလား"

"ဦးလေးညို... လင်းယွမ်က ထောင်ချောက်ဆင်နေတာတော့ မဟုတ်ပါဘူးနော်"

ညိုတာ့မင်က မဲ့ရွဲ့လိုက်ပြီး "မင်းတို့ရဲ့ အောက်တန်းကျတဲ့ အတွေးတွေနဲ့ လင်းယွမ်ကို သွားမနှိုင်းနဲ့... လင်းယွမ်က မင်းတို့လက်ထဲက စွမ်းအင်ကျောက်တုံးလောက်ကို မက်နေမယ့်သူလား"

"သူက အစွမ်းပိုင်ရှင်ကွ... ထျန်ဝေတောင် သူ့လက်ချက်နဲ့ သေသွားတာ... သူက ဒီအသားလောက်ကို နှမြောပါ့မလား"

"ငါ ပြောလိုက်မယ်နော်... နောက်ကျမှသွားရင် အဆီကောင်းကောင်း မရဘဲနေမယ်... ငါ ကြိုမပြောဘူးလို့ မလုပ်နဲ့"

ညိုတာ့မင်၏ စကားတစ်ခွန်းက လူတိုင်းကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။

"ဟာ... အဆီနဲ့အသား ရွေးလို့ရတယ် ဟုတ်လား"

"သောက်ကျိုးနည်း"

"ငါ့မှာ စွမ်းအင်ကျောက်တုံး ရှိတယ်ဟေ့"

"ဖယ်စမ်း... ငါ အရင် ဝင်မယ်"

လူအုပ်ကြီးက ကျောက်တွင်းထဲသို့ အလုအယက် ပြေးဝင်သွားကြသည်။

အချို့က ပြေးလွှားရင်း တွင်းဝတွင် ပိတ်မိနေကြသည်။

ထိုအချိန်တွင် လျောင်ထောင်းနှင့် မုန့်ကွမ်းလီတို့က စွမ်းအင်ကျောက်တုံး ထုပ်များကို ကိုင်ဆောင်ကာ တွင်းထဲမှ ပြေးထွက်လာပြီး လင်းယွမ်ရှေ့သို့ ရောက်လာကြသည်။

နှစ်ယောက်စလုံး မောဟိုက်နေပြီး ပြိုင်တူ အော်ပြောလိုက်ကြသည်။ "လင်းယွမ်... အဆီလိုချင်တယ်"

နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး အထုပ်များကို အလျင်အမြန် ဖြေပြလိုက်ကြသည်။

လျောင်ထောင်းက "လင်းယွမ်... ကျွန်တော့်မှာ စွမ်းအင်ကျောက်တုံး (၃၂) တုံး ရှိတယ်... အကုန်လုံးက လက်သီးဆုပ်လောက်ရှိပြီး အရည်အသွေး ထိပ်တန်းတွေချည်းပဲ"

မုန့်ကွမ်းလီကလည်း အားကျမခံ "လင်းယွမ်... ကျွန်တော့်မှာ (၂၈) တုံးပဲ ရှိပေမယ့် တစ်တုံးက အရမ်းကြီးတယ်... ပြီးတော့ အများစုက ရှားပါးတဲ့ မြေဓာတ် စွမ်းအင်ကျောက်တုံးတွေ"

သူတို့က ဝါရင့် ကျောက်တူးသမားများ ဖြစ်သဖြင့် ဤကျောက်တွင်းတွင် မြေဓာတ် စွမ်းအင်ကျောက်တုံးသည် မီးဓာတ် စွမ်းအင်ကျောက်တုံးထက် ပိုရှားပါးကြောင်း သိကြသည်။

ရှားပါးပစ္စည်းမို့ တန်ဖိုးကြီးသည်ဟု ယူဆကာ ထျန်ဝေတို့ကလည်း သိမ်းဆည်းလေ့ ရှိသည်။

မုန့်ကွမ်းလီက ပါးနပ်သူပီပီ စွမ်းအင်ကျောက်တုံး ဝှက်သည့်အခါ မြေဓာတ်ကျောက်တုံးများကို ရွေးချယ် သိမ်းဆည်းခဲ့သည်။

လင်းယွမ်အတွက်မူ ဘာအမျိုးအစားဖြစ်ဖြစ် အရေးမကြီးပေ။ စွမ်းအင်ကျောက်တုံး ဖြစ်လျှင် ပြီးရော၊ အကုန်လက်ခံသည်။

သူ့မှာ အသားတွေ အများကြီး ရှိပြီးသားမို့ စွမ်းအင်ကျောက်တုံး ပိုစုနိုင်လေ ကောင်းလေပင်။

လင်းယွမ်က ပြုံးလိုက်ပြီး "မလောနဲ့... ခင်ဗျားတို့ နှစ်ယောက်ပေါင်းမှ အသား (၆၀-၇၀) ပေါင်လောက်ပဲ ရှိတာပ... ဒီသင်းခွေချပ်က အခွံနွှာပြီးရင်တောင် ပေါင်ရာချီ ရှိသေးတယ်... အဆီတွေ အများကြီး ကျန်ပါသေးတယ်"

သူက အသားများကို ချိန်တွယ်ပြီး အဆီတစ်ထပ် အသားတစ်ထပ် ပါသော ဗိုက်သားများကို လှီးပေးလိုက်သည်။

နှစ်ယောက်သား မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားပြီး ပျော်ရွှင်သွားကြသည်။

ထို့နောက် ကျောက်တူးသမားများ ဆက်တိုက် ရောက်လာကြပြီး အသားများ လဲလှယ်ကြသည်။

သို့သော် နောက်ကျမှ ရောက်လာသူများ ကံမကောင်းကြတော့ပေ။ အဆီသားမှာ အကန့်အသတ် ရှိသဖြင့် လူခွဲလိုက်ရာ မကြာမီ ကုန်သွားတော့သည်။

ကံကောင်းသည်မှာ ကျောက်တူးသမား အများစုတွင် စွမ်းအင်ကျောက်တုံး များများစားစား မရှိကြသဖြင့် လူတိုင်း အဆီသား အနည်းငယ်စီ ရလိုက်ကြသည်။

သို့သော် သင်းခွေချပ် တစ်ကောင်လုံးတွင် အသားသီးသန့်သာ ကျန်တော့သည်။

လင်းယွမ်ကတော့ ကျိတ်ပျော်နေသည်။ သူက အဆီမကြိုက်ပေ။

သူသာမက ရန်မေတို့လည်း အဆီမကြိုက်ကြ။

ဆီဓာတ်ပြတ်လပ်ပြီး ငတ်မွတ်နေချိန် မဟုတ်လျှင် မည်သူက အဆီစားချင်ပါ့မလဲ။

လင်းယွမ်၏ ကင်းလှည့်အဖွဲ့သားများမှာ လင်းယွမ်ထံမှ ပဲပိစပ်ဆီ၊ ပြောင်းဖူးဆီ စသည်တို့ကို လဲလှယ်ရရှိနိုင်သဖြင့် ဆီဓာတ် မလိုကြပေ။

တကယ်တမ်း ရှားပါးသည်မှာ အသားဖြစ်သည်။ ယခင်က ငါးပဲ စားခဲ့ရပြီး အသား မစားရပေ။

ဝါးတောထဲတွင် ဝါးကြွက်များ တွေ့ခဲ့သော်လည်း အမြည်းသဘောလောက်သာ စားရပြီး ဗိုက်ဝအောင် မစားနိုင်ခဲ့ကြ။

လင်းယွမ်က ဝါးကြွက်မွေးမြူရေး လုပ်မည်ဟု ဆုံးဖြတ်လိုက်ပြီးနောက် မီးဝါးကြွက်များကို အလွန်အကျွံ ဖမ်းဆီးခြင်း မပြုရန် တားမြစ်ထားသဖြင့် အသားစားရရန် ပိုခက်ခဲသွားသည်။

ယခု ကျန်နေသော အသားသီးသန့် ပေါင်တစ်ရာကျော်မှာ ခိုလှုံရေးစခန်းသို့ ပြန်ရောက်လျှင် လူတိုင်း လုယက် ဝယ်ယူကြမည့် အရာများ ဖြစ်သည်။

လင်းယွမ်က ကျန်ရှိနေသော အသားများကို ပစ္စည်းသိုလှောင်ခန်းထဲ ထည့်လိုက်ချိန်တွင် မိုးချုပ်စ ပြုနေပြီ ဖြစ်သည်။

ထိုအချိန်တွင် တောအုပ်ဘက်မှ ရန်ဆန်းမင်တို့၏ အော်ခေါ်သံများ ကြားလိုက်ရသည်။

"လင်းယွမ်"

ရန်ဆန်းမင်က တင်းယန်၊ ရှီဟိုင်ကျူး၊ ဝူယင်နှင့် ကုဖုန်းတို့ကို ဦးဆောင်ပြီး ရောက်လာသည်ကို တွေ့လိုက်ရသည်။

ဤလူစုဖွဲ့စည်းပုံမှာ အလွန် ကောင်းမွန်သည်။ တိုက်ခိုက်မည့်သူ၊ ကာကွယ်မည့်သူ၊ ကိုယ်ပျောက်ထောက်လှမ်းမည့်သူနှင့် ရန်သူကို ထိန်းချုပ်မည့်သူများ ပါဝင်သည်။

ထို့အပြင် ကုဖုန်းက စိတ်စွမ်းအင် ကာကွယ်နိုင်စွမ်း အသင့်အတင့် ရှိသေးသည်။

ကြည့်ရသည်မှာ ရန်ဆန်းမင်က သေချာ စဉ်းစားပြီးမှ လူရွေးလာခြင်း ဖြစ်ပုံရသည်။

ကျောက်ခိုင်၊ လျှိုဖိန်ဖိန်နှင့် ဆုန့်ဝမ်တို့က ခိုလှုံရေးစခန်းတွင် ကျန်ရစ်ခဲ့သည်။ ဟွမ်ဟန်၏ ရွှေအိုရောင် စပါးအုံးမြွေနှင့် ထန်ယင်း၏ တုန်ခါမှုအစွမ်းတို့ ရှိနေသလို ကုသပေးမည့် ဝမ်အန်းလည်း ရှိနေသည်။

ခြုံငုံကြည့်လျှင် အတော်လေး တောင့်တင်းသော အဖွဲ့တစ်ဖွဲ့ ကျန်ရစ်ခဲ့သည်ဟု ဆိုနိုင်သည်။

လင်းယွမ် ပထမဆုံးအကြိမ်အဖြစ် တကယ့်ခေါင်းဆောင်တစ်ယောက်လို နေနိုင်ပြီဟု ခံစားလိုက်ရသည်။

အဖွဲ့နှစ်ဖွဲ့စလုံး ထိပ်တန်း တိုက်ခိုက်ရေးအဆင့်သို့ မရောက်သေးသော်လည်း သာမန် အန္တရာယ်များကိုတော့ ဖြေရှင်းနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

နောက်ဆိုလျှင် ကိစ္စတိုင်းအတွက် သူကိုယ်တိုင် လိုက်လုပ်စရာ မလိုတော့ပေ။

ထိုသို့ တွေးမိပြီး သူက ပြုံးလိုက်ကာ ရန်ဆန်းမင်တို့ကို လက်ပြနှုတ်ဆက်လိုက်သည်။

"ဘာလို့ ဒီလောက် နောက်ကျနေတာလဲ" သူက ပြုံးပြီး မေးလိုက်သည်။

ရန်ဆန်းမင်က "ဟူး... တောထဲမှာ လမ်းတွေက ရှုပ်ထွေးလွန်းတယ်... မိုးကလည်း ချုပ်တော့မှာဆိုတော့ သန္ဓေပြောင်းသတ္တဝါတွေ ထွက်လာမှာ စိုးလို့ သတိထားပြီး လာနေရတာ"

ရန်ဆန်းမင်၏ စရိုက်အတိုင်း အရာရာကို သတိကြီးကြီး ထားတတ်သူ ဖြစ်သည်။

တင်းယန်က မြေပြင်ပေါ်မှ သွေးကွက်များကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "ဒီသွေးတွေက ဘယ်လိုဖြစ်တာလဲ... ရှင် ဘာမှမဖြစ်ဘူး မလား"

လင်းယွမ်က ရယ်မောလိုက်ပြီး "ငါက ဘာဖြစ်ရမှာလဲ... ထျန်ဝေတောင် ငါ့လက်ချက်နဲ့ သေသွားပြီ... ဘယ်သူက ငါ့ကို ဒုက္ခပေးနိုင်မှာလဲ"

"စိတ်ချပါ... ခုနက သန္ဓေပြောင်းသင်းခွေချပ် တစ်ကောင် ဖမ်းမိလို့ ခွဲစိတ်လိုက်တာ... ဒီသွေးတွေက အဲဒီကောင်ရဲ့ သွေးတွေပါ"

တင်းယန် သက်ပြင်းချလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်သည်။ "ဒီနေရာကို ဘယ်လို စီစဉ်မှာလဲ"

လင်းယွမ်က သွယ်ဝိုက်မနေတော့ဘဲ သူ့အစီအစဉ်များကို ဖွင့်ဟ ပြောပြလိုက်သည်။

ရန်ဆန်းမင်တို့ အားလုံး မျက်လုံးများ အရောင်တောက်လာကြပြီး ဝမ်းသာသွားကြသည်။

ရန်ဆန်းမင်က "ဒီကျောက်တွင်းက နောက်ဆိုရင် ကျွန်တော်တို့အပိုင် ဖြစ်သွားပြီပေါ့"

တင်းယန်ကလည်း "ဒါဆို ကျွန်မတို့ဆီမှာ စွမ်းအင်ကျောက်တုံးတွေ အများကြီး ရှိလာတော့မှာပေါ့"

လင်းယွမ်က ပြုံးပြီး "ဟုတ်တယ်... ဒီကျောက်တွင်းက ရွှေဥ ဥပေးမယ့် ငန်းမကြီးပဲ... ဒါကြောင့် ဝူယင်ကို လွှတ်ပြီး မင်းတို့ကို ခေါ်ခိုင်းလိုက်တာ... ဒီမှာ အခြေချကြမယ်"

သူက ဆက်ပြောလိုက်သည်။ "ငါတို့ ဒီနေရာကို သိမ်းပိုက်လိုက်ရင် တခြား ခိုလှုံရေးစခန်း (၃) ခုက မနာလို ဖြစ်ကြမှာ သေချာတယ်"

"သိုင်းဘုရင်ဂေဟာနဲ့ မိန်ဟိုင်ဥယျာဉ်ဘက်က ဘယ်လိုသဘောထားရှိလဲ မသိပေမယ့်... ဖုန်းဟွမ်ဘုရားကျောင်းက ထူလုံတို့အဖွဲ့ကတော့ ဒီကျောက်တွင်းကို ကျွန်တော်တို့ လက်ဝါးကြီးအုပ်တာကို... ငြိမ်ခံနေမှာ မဟုတ်ဘူး"

"ဒီလောက်ကြီးမားတဲ့ အကျိုးအမြတ်ကို ဘယ်သူမှ လျစ်လျူရှုထားမှာ မဟုတ်ဘူး"

ဆက်ရန်...

အပိုင်း(၂၂၆) စိတ်စွမ်းအင် ၃၅ မှတ်ကျော်လွန်ခြင်းနှင့် ပညာရပ်သစ်တစ်ခု နားလည်သဘောပေါက်ခြင်း

"ရှင် ဆိုလိုတာက သူတို့ လာတိုက်မှာလား"

တင်းယန်၏ မျက်နှာထားက အေးစက်သွားပြီး မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်ပြရင်း "အလွန်ဆုံးကြာလှ ဒီရေလှိုင်းပြီးတဲ့အချိန်ထိပဲ"

ရန်ဆန်းမင်ကလည်း ထောက်ခံလိုက်သည်။ "သေချာတာပေါ့... အရင်တုန်းက ဒီလူတွေ ထျန်ဝေဆီကနေ စွမ်းအင်ကျောက်တုံးကို ဘယ်လိုရခဲ့လဲဆိုတာ မသိရပေမယ့်... သူတို့က ဒီနေရာကို ကျွန်တော်တို့ကို တစ်ဦးတည်း ပိုင်ဆိုင်ခွင့်ပေးမှာ မဟုတ်ဘူး... မကြာခင် တိုက်ပွဲဖြစ်လာမှာပဲ"

ရှီဟိုင်ကျူးက ချက်ချင်းပင် ဝင်ပြောလေသည်။ "တောက်... သူတို့ကို ကြောက်စရာလား... ချမယ်ဆိုလည်း ချလိုက်ရုံပဲ... ဆရာလင်း ရှိနေသရွေ့ ဘယ်သူ့ကိုမှ မကြောက်ဘူး"

ရှီဟိုင်ကျူးသည် လင်းယွမ်အား ကိုးကွယ်ရာအဖြစ် သတ်မှတ်ထားပြီးဖြစ်ရာ လင်းယွမ်အပေါ်တွင် အကြောင်းပြချက်မရှိဘဲ ယုံကြည်မှု လွန်ကဲနေတတ်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ရှောင်ကျူး ပြောတာ ဟုတ်တယ်... ဒီနေရာကို တိုက်ခိုက်သိမ်းပိုက်ပြီးပြီဆိုမှတော့ ပြန်လက်လွှတ်လိုက်လို့ မဖြစ်တော့ဘူး"

"ဒါဆို ဟိုဘက်က ခိုလှုံရေးစခန်းကိုရော ဆက်လုပ်ဦးမှာလား" ကုဖုန်းက မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က ချက်ချင်းပင် ပြန်ဖြေသည်။ "လုပ်ရမှာပေါ့... ဒီကျောက်တွင်းဧရိယာရဲ့ ပတ်ဝန်းကျင်ကို ခင်ဗျားတို့လည်း မြင်တဲ့အတိုင်းပဲ... နေရာတိုင်းမှာ ကျောက်တုံးကျောက်ဆောင်တွေချည်းပဲ ရှိနေတာ... နေထိုင်ဖို့ လုံးဝ မသင့်တော်ဘူး"

"ဒီနေရာက ကျွန်တော်တို့ရဲ့ နယ်မြေချဲ့ထွင်ထားတဲ့ နေရာတစ်ခုပဲ ဖြစ်လာမှာ... အဓိက အခြေစိုက်စခန်းကတော့ မီးဝါးတောဘက်မှာပဲ ရှိနေဦးမယ်"

"ပြီးတော့ ဒီနှစ်နေရာက အလှမ်းဝေးတယ် ဆိုပေမယ့်... ခင်ဗျားတို့ သတိမထားမိကြဘူးလား... ဒီနေရာက ထိုက်ယန်တောင်ရဲ့ တောင်ဘက်ခြမ်း ဖြစ်ပြီး အရှေ့ဘက်က မီးဝါးတောနဲ့ဆိုရင် ဗျူဟာကျတဲ့ ထောင့်ချိုးအနေအထား ဖြစ်နေတယ်... ကျွန်တော်တို့သာ ဒီနှစ်နေရာလုံးကို ပိုင်ဆိုင်ထားမယ်ဆိုရင် ထိုက်ယန်တောင်ပေါ်မှာ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး"

"ပိုပြီး အရေးကြီးတာက... ဒီနေရာက မိန်တောင်နဲ့ ဆက်စပ်နေပြီး မိန်တောင်ကို သွားနိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်းပဲ"

"နောင်တစ်ချိန် လိုအပ်လာရင် မိန်တောင်ကိုပါ ကျွန်တော်တို့ သိမ်းပိုက်ရလိမ့်မယ်"

"နောက်ပိုင်းကျရင် တောင်ပေါ်တက်လာတဲ့လူတွေ ပိုပိုပြီး များလာဦးမှာ"

လင်းယွမ်၏ စကားကြောင့် လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

ရေကြီးရေလျှံမှုများက ဆက်တိုက် မြင့်တက်လာနေသည်မှာ အမှန်ပင်။ တိုက်ခန်းများပေါ်တွင် နေထိုင်သူများ အသက်ရှင်ချင်ပါက မြင့်ရာသို့ ပြေးကြရမည်သာ ဖြစ်ပြီး ထိုက်ယန်တောင်သည် အမြင့်ဆုံးနေရာ ဖြစ်နေသည်။

ထို့ကြောင့် နောင်တွင် ဤနေရာသို့ လူများ ပိုမို ရောက်ရှိလာကြလိမ့်မည်။

အထူးသဖြင့် နောက်ပိုင်းတွင် သန္ဓေပြောင်းစွမ်းအင် နိုးထလာသူများ ပိုများလာပြီး အစွမ်းများ ပိုမိုအားကောင်းလာပါက ရေကြီးမှုကို ဖြတ်ကျော်လာနိုင်သည့် အစွမ်းပိုင်ရှင်များလည်း မနည်းမနော ရှိလာနိုင်သည်။

"လင်းယွမ်... ရှင် တကယ်ပဲ ဒီလူတွေကို အဖွဲ့ထဲ ဝင်ခွင့်ပေးမလို့လား"

တင်းယန်က ဟိုဘက်ရှိ ကျောက်တွင်းလုပ်သားများကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

လင်းယွမ်က "ဘာဖြစ်လို့လဲ"

တင်းယန်က လေးနက်သောလေသံဖြင့် "ဒီလူတွေအကုန်လုံးက ထျန်ဝေရဲ့နောက်လိုက်ပြီး ကျုံးယွဲ့ဟုန်ထီ ရပ်ကွက်ကနေ ထွက်ပြေးလာကြတဲ့သူတွေ... ကျုံးယွဲ့ဟုန်ထီ ရပ်ကွက်ထဲမှာ လူတွေအများကြီး ကျန်နေသေးမှာပဲ... ထျန်ဝေရဲ့ စရိုက်ကလည်း လူကောင်း မဟုတ်ဘူး"

"သေချာပေါက် ပြောရရင် သူကလည်း လျှိုအားလုံ လို လူစားမျိုးပဲ နေမှာ... သူ ခေါ်ထုတ်လာတဲ့ လူတွေထဲမှာ လူကောင်း ဘယ်နှစ်ယောက် ပါမှာမို့လို့လဲ"

"ဒီလူတွေက မကောင်းမှု ဒုစရိုက်တွေကို လုပ်ဖူးတဲ့ကောင်တွေ ဖြစ်ဖို့များတယ်"

တင်းယွမ်က ထိုလူများ စည်းကမ်းဖောက်ဖျက်မည်ကို စိုးရိမ်နေမှန်း လင်းယွမ် နားလည်လိုက်သည်။

သူက ပြုံးလိုက်ပြီး "ဒီနေရာမှာ ငါတို့က အရှင်သခင်ပဲ"

"စည်းကမ်းမလိုက်နာရင် သတ်ပစ်လိုက်ရုံပဲ"

လင်းယွမ် ပြောလိုက်သည့်အချိန်တွင် သူ၏ မျက်နှာထားက ပြောင်းလဲခြင်း မရှိပေ။

ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လူသတ်ရခြင်းက သူ့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု မဟုတ်တော့ချေ။

ရန်ဆန်းမင်နှင့် အခြားသူများလည်း ဤအခြေအနေကို ယဉ်ပါးနေပြီဖြစ်၍ ပြဿနာဟု မထင်ကြတော့ပေ။

တင်းယန်သည် ထိုစကားကို ကြားမှသာ ခေါင်းတစ်ချက်ညိတ်ကာ လင်းယွမ်၏ သဘောထားကို လက်ခံလိုက်သည်။

လင်းယွမ်သည် တင်းယန်ပြောသည့်အချက်ကို ထည့်သွင်းစဉ်းစားထားပြီး ဖြစ်သည်။ ထို့ကြောင့် အစကတည်းက ထိုလူများကို သူ၏ ကင်းလှည့်အဖွဲ့ထဲသို့ ထည့်သွင်းရန် အစီအစဉ် မရှိခဲ့ပေ။

ထိုအစား ဤလူများကို ကျောက်တွင်းတူးဖော်ရန်အတွက်သာ ဆက်လက်ထားရှိမည် ဖြစ်သည်။

ထိုလူများထဲတွင် လူကောင်းများ ပါဝင်ကောင်း ပါဝင်နိုင်သော်လည်း လင်းယွမ်အနေဖြင့် သေချာ စောင့်ကြည့်ရဦးမည်။ နောက်ပိုင်းတွင် အမူအကျင့်ကောင်းမွန်ပြီး နောက်ကြောင်းရှင်းသူများကိုသာ မီးဝါးတော ခိုလှုံရေးစခန်းသို့ ခေါ်ဆောင်ရန် စဉ်းစားပေးမည် ဖြစ်သည်။

ရန်ဆန်းမင်ကလည်း လင်းယွမ်၏ စကားကို ထောက်ခံလေသည်။ "အခုက လူလိုနေတဲ့အချိန်ပဲ... ဒီလူတွေကို ယာယီ စောင့်ကြည့်ထားလို့ ရပါတယ်... စကားနားမထောင်တဲ့ကောင်တွေကို ပညာနည်းနည်း ပေးလိုက်ရင် အလိုလို ငြိမ်ကျသွားမှာပါ"

"လူတွေ ဆိုးသွမ်းလာရတာက စိတ်ထဲက လောဘကြောင့်ရယ်... စည်းကမ်းဘောင် မရှိတာရယ်ကြောင့်ပဲ... အခု ကျွန်တော်တို့ လုပ်ရမှာက စည်းစနစ်တွေကို ပြန်လည်တည်ဆောက်ပြီး စည်းကမ်းအသစ်တွေ ချမှတ်ဖို့ပဲ"

"ဒါမှသာ ခိုလှုံရေးစခန်းတစ်ခုကို ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်မှာ"

လင်းယွမ်က ရယ်မောလိုက်ပြီး "ကြားလား... ဒေါက်တာရန် ပြောတာ အမှန်ဆုံးပဲ... ကဲ... လောလောဆယ် ဒီအတိုင်းပဲ လုပ်ကြတာပေါ့"

"ကျွန်တော့်နောက် လိုက်ခဲ့ကြ... ကျောက်တွင်းလုပ်သား ခေါင်းဆောင်တချို့နဲ့ မိတ်ဆက်ပေးမယ်... ပြီးရင် ကျောက်တွင်းဧရိယာ တစ်ဝိုက်ကို လိုက်ပြမယ်"

တင်းယန်က မေးလိုက်သည်။ "လင်းယွမ်... ပင်လယ်ရေလှိုင်းတွေ လာတော့မယ်ဆို... ကျောက်တွင်းဘက်က ရေဘေးကို ဘယ်လို ရှောင်ကြမလဲ"

"ပင်လယ်ရေလှိုင်းက အရမ်းအန္တရာယ်များတယ်... အဲဒီအချိန်ကျရင် ပင်လယ်ထဲက သတ္တဝါတွေ ကုန်းပေါ် တက်လာမယ့်အပြင် တောင်ပေါ်က သန္ဓေပြောင်းသတ္တဝါတွေပါ သောင်းကျန်းလာကြမှာ"

"ဒါကြောင့် ခိုလှုံရေးစခန်းတိုင်းက ပုန်းအောင်းဖို့ကိုပဲ အဓိကထားရတယ်... ကျောက်တွင်း ခိုလှုံရေးစခန်းလည်း အတူတူပဲ"

ကုဖုန်းက စပ်စုလိုက်သည်။ "သူတို့က ဘယ်မှာ ပုန်းကြမှာလဲ... ဂူထဲမှာလား"

လင်းယွမ်က "အင်း... ဒါပေမဲ့ ဒီအပြင်ဘက်က ဂူတွေ မဟုတ်ဘူး... ကျောက်တွင်းရဲ့ အတွင်းပိုင်းမှာ သဘာဝလိုဏ်ဂူတစ်ခု ရှိတယ်... အထဲက နေရာက မကျဉ်းဘူး... ခဏနေကျရင် ခင်ဗျားတို့ကို ခေါ်သွားပြမယ်... အဲဒီအချိန်ကျရင် ခင်ဗျားတို့ ဒီနေရာမှာ ခဏလောက် လာစောင့်ပေးရလိမ့်မယ်"

ထိုစကားကို ကြားသောအခါ လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် လင်းယွမ်သည် သူတို့ကို ခေါ်ဆောင်သွားပြီး ကျောက်တွင်းနှင့် ရင်းနှီးသွားအောင် လိုက်လံပြသပေးကာ လျောင်ထောင်း၊ ညိုတာ့မင်နှင့် မုန့်ကွမ်းလီ ဆိုသူ သုံးဦးနှင့် မိတ်ဆက်ပေးလိုက်သည်။

ထိုသုံးဦးသည် ရန်ဆန်းမင်တို့ကို တွေ့သောအခါ ရိုသေလေးစားစွာဖြင့် နှုတ်ဆက်ကြသည်။

ထို့နောက် လင်းယွမ်သည် ရန်ဆန်းမင်တို့ကို မြေအောက်လိုဏ်ဂူသို့ ခေါ်ဆောင်သွားသည်။

"ဒီနေရာက တော်တော်ကျယ်တာပဲ"

"နေရာကောင်းပဲဗျ... အကျယ်အဝန်းလည်း လုံလောက်တယ်... စမ်းချောင်းရေလည်း ရှိတယ်... ရေဘေးရှောင်ဖို့ တကယ့် နေရာကောင်းပဲ"

"မဆိုးဘူး... ဟိုဘက်က ဂူပေါက်ဝကို ပိတ်လိုက်မယ်ဆိုရင် ပြည့်စုံသွားပြီ"

လိုဏ်ဂူထဲသို့ ရောက်သောအခါ အားလုံးက ကျေနပ်အားရသွားကြပြီး ရေဘေးရှောင်ရန် အဆင်ပြေကြောင်း ပြောဆိုကြသည်။

လင်းယွမ်က ပြုံး၍ "ဒီညတော့ အားလုံး ဒီမှာပဲ အိပ်လိုက်ကြပါ"

တင်းယန်က မနေနိုင်ဘဲ "ရှင်ကရော"

လင်းယွမ်က "ငါ ဒီည ပြန်မှ ဖြစ်မယ်"

"ဒီလောက် မိုးချုပ်နေပြီကို ပြန်ဦးမလို့လား"

"အင်း... ပစ္စည်းတချို့ ပြန်ယူမလို့... ပင်လယ်ရေတက်ရင် အနည်းဆုံး နှစ်ရက်လောက် ကြာမှာ... နင်တို့ ဒီလောက် လူအများကြီး ပစ္စည်းမရှိရင် မဖြစ်ဘူးလေ"

တင်းယန်၏ စိတ်ထဲတွင် ဆွေးသွားသည်။ လင်းယွမ်နှင့် တွေ့ရခါစ ရှိသေးပြီး ယနေ့တော့ နှစ်ယောက်တည်း အတူရှိရမည်ဟု ထင်မှတ်ထားခဲ့မိသည်။

လင်းယွမ်သည် သူမ၏ ဝမ်းနည်းနေသော ပုံစံကို ကြည့်ပြီး သူမ၏ အတွေးကို ရိပ်မိလိုက်သည်။

သူက ပြုံးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "မနက်ဖြန်ညကျရင် ငါ ဒီမှာ လာအိပ်မယ်"

တင်းယန် ချက်ချင်း ခေါင်းမော့ကြည့်လိုက်ရာ မျက်လုံးများ အရောင်တောက်သွားပြီး "တကယ်လား"

"တကယ်ပေါ့"

ထိုအခါမှ သူမ၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားပြီး "ဒါဆိုလည်း သွားစရာရှိတာ မြန်မြန်သွားတော့... နောက်ကျရင် လမ်းသွားရတာ အဆင်မပြေဖြစ်နေမယ်"

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး ရန်ဆန်းမင်တို့ကို နှုတ်ဆက်ကာ စားစရာအချို့ ချန်ထားပေးခဲ့ပြီးနောက် ကျောက်တွင်းမှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

သူ ပြန်ရခြင်းမှာ အရေးကြီးကိစ္စ ရှိနေ၍ ဖြစ်သည်။ တစ်ချက်က ရန်မေတို့ကို ဘေးကင်းကြောင်း သတင်းပို့ရန် ဖြစ်ပြီး၊ နောက်တစ်ချက်ကတော့ ဟိုဘက်တွင် ဖမ်းမိထားသည့် ငါးများကို ရိတ်သိမ်းရန် ကျန်နေသေးသောကြောင့် ဖြစ်သည်။

ဒီနေ့ တစ်နေကုန် ပြန်မရောက်ဖြစ်သဖြင့် ငါးအတော်များများ ရနေလောက်ချေပြီ။

လက်ရှိတွင် သူ၏ အမှတ်များမှာ ရှစ်ထောင်ကျော်နေပြီ ဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ခိုလှုံရေးစခန်းရှိ လူများသည် သန္ဓေပြောင်းငါးများကို ဆက်တိုက် ဖမ်းဆီးရမိခဲ့ရာ သူ အသုတ်လိုက် ရိတ်သိမ်းခဲ့သည်။

ထို့အပြင် မီးဝါးကြွက်များ၊ ကျွန်းပေါ်ရှိ သန္ဓေပြောင်းသတ္တဝါများကို သတ်ဖြတ်ခြင်းမှလည်း အမှတ်အနည်းငယ် စုဆောင်းမိထားသည်။

ခုနက သတ်လိုက်သည့် ထျန်ဝေနှင့် လူတစ်စုအပြင် သန္ဓေပြောင်း သင်းခွေချပ်ကို သတ်ဖြတ်ခြင်းမှ ရရှိသော အမှတ်များ ပေါင်းလိုက်ပါက စုစုပေါင်း ၈၃၁၁ မှတ် ရရှိနေပြီ ဖြစ်သည်။

နောက်ထပ် အမှတ် နှစ်ထောင်အောက်သာ လိုတော့သဖြင့် ၁၀၀၀၀ ပြည့်ရန် မလိုတော့ပေ။

"ဒီတစ်ခေါက်တော့ အရည်အသွေးမှတ်တွေပဲ မဲနှိုက်လိုက်တော့မယ်"

"အစွမ်းတွေ ပိုပြီး ထိရောက်မှု ရှိလာအောင် ငါ့ရဲ့ အရည်အသွေးမှတ်တွေကို တခြား အစွမ်းပိုင်ရှင်တွေထက် သာလွန်နေအောင် လုပ်ထားမှ ဖြစ်မယ်"

"အခုဆိုရင် အဖြူရောင်အဆင့် အစွမ်း တွေက အစွမ်းပြတာ နည်းလာပြီ... ဥပမာ စိတ်ဝိဉာဉ်ရိုက်ခတ် အစွမ်း ဆိုရင် ထူလုံ နဲ့ ဝူမုန့် တို့ကိုတောင် တစ်ခါထဲ အထိနာအောင် မလုပ်နိုင်တော့ဘူး... ဒါက ငါ့ရဲ့ စိတ်စွမ်းအင် အရည်အသွေးမှတ် မလုံလောက်သေးတာကို ပြနေတာပဲ"

"တကယ်လို့ စိတ်စွမ်းအင်သာ ထပ်တိုးလိုက်ရင် စိတ်ဝိဉာဉ်ရိုက်ခတ် အစွမ်း ရဲ့ စွမ်းအားက ပိုပြင်းလာမှာပဲ"

"ဒါပေမဲ့... စိတ်ဝိဉာဉ်ရိုက်ခတ် အစွမ်း က အဖြူရောင်အဆင့် အစွမ်း ဖြစ်နေတော့ သူ့ရဲ့ စွမ်းအားက ဒီလောက်ပဲ အမြင့်ဆုံး ဖြစ်နေတာလည်း ဖြစ်နိုင်တယ်"

"ဘာပဲဖြစ်ဖြစ်... ငါ့ရဲ့ စိတ်စွမ်းအင်သာ မြင့်လာမယ်ဆိုရင် စွမ်းအင်ပုလဲထဲက အစိမ်းရောင်အဆင့် အစွမ်း တွေကို သင်ယူနိုင်လောက်ပြီ"

မူလက လင်းယွမ်သည် အမှတ် တစ်သောင်းပြည့်အောင် စုပြီးမှ အစွမ်း များကို မဲနှိုက်ရန် စိတ်ကူးထားခြင်း ဖြစ်သည်။

အကယ်၍ အခြေပြုဓာတ်ဆိုင်ရာ အစွမ်းတစ်ခုခု မဲပေါက်ခဲ့လျှင် သူလည်း မီးတောက်များ၊ ရေခဲများကို ထိန်းချုပ်နိုင်သည့် အစွမ်းမျိုး ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

အမှန်အတိုင်း ဝန်ခံရလျှင် သူသည် ထိုကဲ့သို့သော ဓာတ်အစွမ်းများကို အားကျမိသည်။

သို့သော် ယခုအချိန်တွင် သူသည် ဓာတ်အစွမ်းများကို မဲနှိုက်ရန် မလိုသေးဟု ခံစားမိသည်။ တခြား ခိုလှုံရေးစခန်း ခေါင်းဆောင်များနှင့် ကွာခြားချက် ကြီးမားသွားအောင် ဦးစွာ လုပ်ဆောင်ရမည် ဖြစ်သည်။

ထျန်ဝေနှင့် တိုက်ခိုက်ပြီးသည့်နောက်တွင် ဓာတ် အစွမ်းပိုင်ရှင်များကို ရင်ဆိုင်ရသည်မှာ အနည်းငယ် လက်ဝင်ကြောင်း သူ သတိထားမိလိုက်သည်။

သူ၏ အကြီးမားဆုံး အားကိုးရာမှာ စိတ်စွမ်းအင် ဖြစ်သည်။

ထို့ကြောင့် စိတ်စွမ်းအင်ပိုင်းတွင် ထိုလူများနှင့် ကွာခြားချက် ကြီးမားသွားအောင် လုပ်ပြီး အပြတ်အသတ် အသာစီးရယူထားခြင်းက အကောင်းဆုံး ဖြစ်သည်။

ပညာရပ်ပိုင်းကိုတော့ နောက်မှ အမှတ်ထပ်စုပြီး တိုးမြှင့်ရမည်။

လောလောဆယ်တွင် အရည်အသွေးမှတ်များကို တိုးမြှင့်လိုက်ခြင်းက ပိုပြီး ထိရောက်မှု ရှိပေလိမ့်မည်။

"ထားလိုက်တော့... အခုပဲ မဲနှိုက်လိုက်မယ်... အပြန်လမ်းမှာ ပေါင်းစပ်ပြီးတဲ့ အခြေအနေကို လေ့ကျင့်လို့ရတာပေါ့"

ညအမှောင်ထုထဲတွင် လင်းယွမ်သည် အမှတ် တစ်သောင်း ပြည့်သည်အထိ မစောင့်တော့ဘဲ မဲနှိုက်ရန် ဆုံးဖြတ်လိုက်သည်။

အရည်အသွေးမှတ် မဲနှိုက်ရန်အတွက် စောင့်နေစရာ မလိုတော့ပေ။

"စနစ်... သတ်မှတ် အရည်အသွေးမှတ် ကံစမ်းမဲနှိုက်မယ်"

[ဒင်... မဲနှိုက်နေပါသည်]

ရင်းနှီးနေသော ကံစမ်းမဲဘီး လည်ပတ်သွားပြီး အရည်အသွေးမှတ် (၅) မျိုး လင်းယွမ်၏ ရှေ့တွင် ပေါ်လာသည်။

"ဝီ"

[ဒင်... သင် ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁ မှတ် မဲပေါက်သွားပါသည်]

[ဒင်... သင် ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁ မှတ် မဲပေါက်သွားပါသည်]

……

"ဒင်" ဆိုသော အသိပေးသံ (၈) ကြိမ် ဆက်တိုက် ထွက်ပေါ်လာပြီးနောက် လင်းယွမ် ရလဒ်များကို အလျင်အမြန် ကြည့်လိုက်သည်။

ဒီတစ်ကြိမ်တွင် ကံကောင်းသည်ဟု ဆိုရမည်။ အရည်အသွေးမှတ် (၈) မှတ်အနက် ဘုံအရည်အသွေးမှတ် (၃) မှတ် ပါဝင်နေသည်။

ကျန်ရှိသော (၅) မှတ်မှာ အလျင် ၁ မှတ်၊ ခွန်အား ၂ မှတ်နှင့် စိတ်စွမ်းအင် ၁ မှတ်တို့ ဖြစ်ကြသည်။

လင်းယွမ်သည် ဘုံအရည်အသွေးမှတ် (၃) မှတ်ကို မသုံးသေးဘဲ ကျန်သော အမှတ်များကို ခန္ဓာကိုယ်ထဲသို့ စီးဝင်ခွင့် ပြုလိုက်သည်။

အမှတ်များ ပေါင်းစပ်သွားသည်နှင့်အမျှ လင်းယွမ်၏ အချက်အလက်များတွင် အပြောင်းအလဲများ ပေါ်လာသည်။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၂၁.၈

ခွန်အား - ၁၇.၉

အလျင် - ၁၅.၈

စိတ်စွမ်းအင် - ၃၄.၃

ဘုံအရည်အသွေးမှတ်များ - ၃

အစွမ်း - ဆင့်ကဲပြောင်းလဲခြင်း

အစွမ်းများ - ကြွက်သားပေါက်ကွဲအစွမ်း၊ စိတ်ဝိဉာဉ်ရိုက်ခတ်အစွမ်း၊ လိပ်ခွံစွမ်းအင်အကာအကွယ်

သန္ဓေပြောင်းလဲနှုန်း - ၇၇%

အမှတ် - ၃၁၁

ပစ္စည်းများ - ......

လင်းယွမ်သည် ခန္ဓာကိုယ်၏ အပြောင်းအလဲများကို ခံစားကြည့်လိုက်သည်။ အစပိုင်းတွင် အရည်အသွေးမှတ်များ တိုးလာတိုင်း ပြောင်းလဲမှုများကို သိသိသာသာ ခံစားရတတ်သည်။

သို့သော် နောက်ပိုင်းတွင် တိုးတက်လာသည့် ပမာဏမှာ သိပ်မသိသာတော့ပေ။

သူ၏ ခန္ဓာကိုယ် အခြေခံအုတ်မြစ်မှာ ယခင်နှင့် မတူတော့သောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် ရေခွက်တစ်ခွက်ထဲသို့ ရေတစ်စက် ထည့်လိုက်လျှင် ရေမျက်နှာပြင် မြင့်တက်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်ရနိုင်သည်။

သို့သော် ရေဇလုံကြီး တစ်ခုထဲသို့ ရေတစ်စက် ထည့်လိုက်ပါက ရေမျက်နှာပြင် ပြောင်းလဲသွားသည်ကို တွေ့မြင်ရန် ခဲယဉ်းပေလိမ့်မည်။

ယခု လင်းယွမ် ခံစားနေရသည်မှာလည်း ထိုသဘောတရားပင် ဖြစ်သည်။

အကယ်၍ အရည်အသွေးမှတ် (၈) မှတ်လုံးကို တစ်နေရာတည်းတွင် ပုံအောပြီး ထည့်လိုက်ပါက ခံစားမှုမှာ လုံးဝ ကွဲပြားသွားလိမ့်မည်။

"စိတ်စွမ်းအင်က ၃၄.၃ အထိ ရောက်သွားပြီ"

"အခု ငါ့အနေအထားနဲ့ စွမ်းအင်ပုလဲထဲက အစိမ်းရောင်အဆင့် ပညာရပ်ကို ပုံဖော်နိုင်မလား မသိဘူး"

လင်းယွမ် စိတ်လှုပ်ရှားသွားပြီး လမ်းလျှောက်နေရင်း စွမ်းအင်ပုလဲထဲမှ ပညာရပ်ကို ဦးနှောက်ထဲတွင် ပုံဖော်ရန် ကြိုးစားလိုက်သည်။

သို့သော် သုံးလေးကြိမ်ခန့် ကြိုးစားပြီးနောက် မဖြစ်နိုင်သေးမှန်း သိလိုက်ရသည်။

"နည်းနည်းလေး... နည်းနည်းလေးပဲ လိုတော့တာ"

သူ မကျေမနပ် ဖြစ်သွားပြီး ဘုံအရည်အသွေးမှတ်များကို ကြည့်လိုက်သည်။

"အစိုးရက ထုတ်ပြန်ထားတဲ့ သင်္ကေတပညာရပ်ဆိုင်ရာ မှတ်တမ်းတွေမှာ... သင်္ကေတတွေကို လေ့လာဖို့အတွက် အခြေခံ စိတ်စွမ်းအင် ၂၅ မှတ် ရှိရမယ်လို့ ဖော်ပြထားတယ်"

"၂၅ မှတ်က အဆင့်တစ်ခု ဆိုရင်... ၃၅ မှတ်ကရော နောက်ထပ် အဆင့်တစ်ခု ဖြစ်နေမလား"

လင်းယွမ် တွေးတောလိုက်မိသည်။ "နည်းနည်းလေးပဲ လိုတော့တာဆိုတော့... စမ်းကြည့်လိုက်မယ်"

သူ တွေဝေမနေတော့ဘဲ ဘုံအရည်အသွေးမှတ် ၁ မှတ်ကို စိတ်စွမ်းအင်ထဲသို့ တိုက်ရိုက် ပေါင်းထည့်လိုက်သည်။

ထိုခဏ၌ သူ၏ စိတ်ပင်လယ်တစ်ခုလုံး သိသိသာသာ တုန်ခါသွားသည်။

ထို့နောက် အေးမြသော စိတ်စွမ်းအင်စီးကြောင်းသည် ရုတ်တရက် ပိုမိုသိပ်သည်း ကျစ်လျစ်လာကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။

သူ အလိုအလျောက်ပင် စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

ထိုအခါ စိတ်စွမ်းအင်သည် ရုပ်ဝတ္ထုတစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ထိုးဖောက် ပျံ့နှံ့သွားသည်။

ရှေ့ရှိ သစ်ပင်၊ ကျောက်တုံးနှင့် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသည်။

"ဟင်... မဟုတ်ဘူး... တစ်ခုခု ပြောင်းလဲသွားတယ်"

စိတ်စွမ်းအင် ကျစ်လျစ်သွားပြီးနောက် ထိုးဖောက်နိုင်စွမ်း ပိုမိုအားကောင်းလာသည်ကို လင်းယွမ် သတိထားမိလိုက်သည်။

ယခင်က စိတ်စွမ်းအင်သည် ရုပ်ဝတ္ထုပစ္စည်းများကို ထိုးဖောက်ရာတွင် စွမ်းအား အများအပြား လျော့နည်းသွားတတ်သည်။

သို့သော် ယခုအခါ လျော့နည်းသွားမှုမှာ သိသိသာသာ နည်းပါးသွားသည်။

လင်းယွမ်သည် သစ်ပင်ကို ထိုးဖောက်ကြည့်ရှုနိုင်ရုံသာမက အတွင်းပိုင်းရှိ သစ်ပင် သက်တမ်းကွင်းများကိုပါ ရှင်းလင်းစွာ မြင်တွေ့နေရသည်။

"ဒါဆို အရင်တုန်းက ငါ့ရဲ့ စိတ်စွမ်းအင်က သိပ်သည်းမှု မရှိလို့ သိပ်သည်းဆများတဲ့ အရာဝတ္ထုတွေကို ဖြတ်သန်းတိုင်း စွမ်းအားတွေ အများကြီး လျော့ကျသွားတာ"

"စိတ်စွမ်းအင် ၃၅ မှတ်က တကယ် နောက်တစ်ဆင့်ပဲ"

လင်းယွမ် ဝမ်းသာသွားသည်။ သူ၏ စိတ်စွမ်းအင်သည် နယ်ပယ်သစ်တစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။

"ဒါဆို အရင်တုန်းက တွေ့ခဲ့တဲ့ ခေါင်းကြီးခလေးရဲ့ စိတ်စွမ်းအင်က ၃၅ မှတ်အထိ ရှိနေတာလား"

လင်းယွမ်သည် ခေါင်းကြီးခလေးနှင့် တိုက်ခိုက်ခဲ့ပုံကို ပြန်ပြောင်းတွေးမိပြီး ကြောက်ရွံ့တုန်လှုပ်သွားမိသည်။

ထိုစဉ်ကသာ သူ့တွင် စိတ်ဝိဉာဉ်ရိုက်ခတ်အစွမ်း မရှိခဲ့လျှင်၊ ရန်သူ၏ အစိမ်းရောင်အဆင့် ပညာရပ်ကို အတင်းအဓမ္မ မခုခံနိုင်ခဲ့လျှင်...

ထို့အပြင် ခွန်အားကြီးမားစွာဖြင့် အနီးကပ် ဝင်ရောက်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့လျှင် ထိုခေါင်းကြီးခလေးကို သတ်နိုင်ခဲ့မည် မဟုတ်ပေ။

သာမန် အစွမ်းပိုင်ရှင် တစ်ယောက်သာဆိုလျှင် သေလမ်းသာ ရှိပေလိမ့်မည်။

သူသည် အရည်အသွေးမှတ်များကို မျှတစွာ တိုးမြှင့်ထားသူ ဖြစ်ကြောင်း သတိရသင့်သည်။

သူတစ်ယောက်တည်းက စိတ်စွမ်းအင် အစွမ်းပိုင်ရှင် ဖြစ်သလို၊ ခွန်အား၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် အလျင် အစွမ်းပိုင်ရှင် သုံးမျိုးလုံးလည်း ဖြစ်နေသည်။

"ဒီလောက်ဆိုရင် ငါ စွမ်းအင်ပုလဲပေါ်က သင်္ကေတကို ပုံဖော်လို့ ရလောက်ပြီ"

လင်းယွမ် စိတ်လှုပ်ရှားစွာဖြင့် စွမ်းအင်ပုလဲပေါ်ရှိ သင်္ကေတကို စိတ်အာရုံဖြင့် အလျင်အမြန် စမ်းသပ် ပုံဖော်ကြည့်လိုက်သည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် လင်းယွမ်သည် ညအမှောင်ကို ဖောက်ထွင်းလျက် မီးဝါးတောဆီသို့ အပြေးသွားနေသည်။

ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်နေပြီး တောအုပ်ထဲတွင် သန္ဓေပြောင်းသတ္တဝါအချို့ ချောင်းမြောင်းနေကြသည်ကို ရိပ်ခနဲ တွေ့နေရသည်။

လင်းယွမ်သည် သတိထားပြီး အရှိန်အဟုန်ဖြင့် ပြေးလွှားနေရင်း ဘေးပတ်ဝန်းကျင်ကို မျက်လုံးဖြင့် အဆက်မပြတ် စကင်န်ဖတ်နေသည်။

သူ၏ မျက်လုံးများက ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကြောင့် ညဘက်တွင်ပါ မြင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် မှောင်မဲနေသော တောအုပ်ကြီးသည် သူ့မျက်လုံးထဲတွင် နေ့ခင်းဘက်ကဲ့သို့ ရှင်းလင်းနေသည်။

ညအမှောင်ထုက သူ့ခြေလှမ်းများကို မတားဆီးနိုင်ပေ။

"ဝုန်း... ဝုန်း"

ရုတ်တရက် ရှေ့ရှိ သစ်တောအုပ်ထဲမှ ဝုန်းခနဲ ဆူညံသံများ ထွက်ပေါ်လာရာ သတ္တဝါကြီးတစ်ကောင် လမ်းလျှောက်နေသည့်အလား ထင်မှတ်ရသည်။

လင်းယွမ် ခြေလှမ်းတုံ့သွားပြီး အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။

သူ ကိုယ်ကိုတိမ်းကာ အနီးရှိ သစ်ပင်ကြီးတစ်ပင်၏ ဘေးတွင် ကပ်လိုက်သည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေများက သူ့ခန္ဓာကိုယ်မှ အနံ့အသက်များကို ဆေးကြောပေးလိုက်သည်။

၎င်းက သန္ဓေပြောင်းသတ္တဝါများ သားကောင်ရှာဖွေရာတွင် အခက်အခဲ ဖြစ်စေသည်။

ထို့ကြောင့် သန္ဓေပြောင်းသတ္တဝါ အများစုသည် အနံ့ခံပြီး သားကောင်ရှာဖွေခြင်း မပြုတော့ဘဲ အမြင်အာရုံနှင့် အကြားအာရုံကို အားပြုလာကြသည်။

အချို့ဆိုလျှင် အစွမ်းထက်သော စိတ်စွမ်းအင် အာရုံခံစနစ်များပါ ပြောင်းလဲပိုင်ဆိုင်လာကြသည်။

လင်းယွမ်သည် ငြိမ်သက်နေပြီး အသက်ကို အောင့်ထားကာ စိတ်စွမ်းအင်ဖြင့် လှမ်း၍ စူးစမ်းလိုက်သည်။

ပေ ၁၀၀ ခန့် အကွာရှိ သစ်တောအုပ်ထဲတွင် ကြောင်နှင့်တူသော သန္ဓေပြောင်းသတ္တဝါ တစ်ကောင်သည် အလောင်းတစ်လောင်းကို ကိုက်ဖြတ်စားသောက်နေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ် စိတ်စွမ်းအင်ဖြင့် လှမ်းကြည့်လိုက်ရာ ထိုအလောင်း ဝတ်ဆင်ထားသော အဝတ်အစားများမှာ ကျောက်တွင်းမှ လူတစ်စုနှင့် တူနေသည်။

"မနက်က ထွက်ပြေးသွားတဲ့ ကျောက်တွင်းလုပ်သားလား"

လင်းယွမ် သဘောပေါက်လိုက်သည်။ ထိုကျောက်တွင်းလုပ်သားများသည် သာမန်လူများသာ ဖြစ်ကြပြီး ယခုကဲ့သို့ သစ်ပင်များ ထူထပ်နေသော ထိုက်ယန်တောင်ကို ကျွမ်းကျင်ကြမည် မဟုတ်ပေ။

တောင်ပေါ်တွင် လမ်းပျောက်သွားပြီး အစွမ်းများလည်း မရှိသည့်အတွက် သန္ဓေပြောင်းသတ္တဝါ၏ ပါးစပ်ပေါက်ထဲ ရောက်သွားခြင်းမှာ မဆန်းပေ။

"ညှောင်"

သန္ဓေပြောင်းကြောင်သည် ရုတ်တရက် ရပ်တန့်သွားပြီး တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ခေါင်းကို ရုတ်ခနဲ လှည့်လိုက်သည်။

၎င်း၏ အာရုံခံနိုင်စွမ်းက အလွန် ကောင်းမွန်လွန်းသည်။ လှမ်းကြည့်လိုက်သည့် နေရာက လင်းယွမ် ရှိနေသည့် နေရာ ဖြစ်နေသည်။

လင်းယွမ် ရင်ထိတ်သွားသည်။ "အာရုံခံနိုင်စွမ်း ကောင်းလိုက်တာ... ဒီ သန္ဓေပြောင်းကြောင်က စိတ်စွမ်းအင်များ နိုးထနေတာလား"

လင်းယွမ်သည် အသံမထွက်စေဘဲ ဦးနှောက်ထဲတွင် လိပ်ခွံအကာ ကို ပုံဖော်လိုက်သည်။ ချက်ချင်းပင် စိတ်စွမ်းအင် နယ်ပယ်တစ်ခုသည် လိပ်ခွံပုံသဏ္ဌာန် အကာအကွယ်အဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

ထိုအချိန်မှာပင် ပတ်ဝန်းကျင်မှ ရေခိုးရေငွေ့များ တက်လာပြီး မြူနှင်းများအဖြစ် ဖုံးလွှမ်းသွားသည်ကို လင်းယွမ် တွေ့လိုက်ရသည်။

သူ စိတ်စွမ်းအင်ဖြင့် စမ်းသပ်ကြည့်ရာ ဤမြူနှင်းများတွင် စိတ်စွမ်းအင်ကို အနှောင့်အယှက်ပေးနိုင်သော အာနိသင် ရှိနေကြောင်း တွေ့လိုက်ရသည်။

သိသာထင်ရှားသည်မှာ ဤမြူနှင်းများသည် စိတ်စွမ်းအင် အစွမ်းတစ်ခုခု၏ လက်ရာပင် ဖြစ်သည်။

"တကယ်ပဲ စိတ်စွမ်းအင် အစွမ်းရှိတဲ့ သန္ဓေပြောင်းကြောင်ပဲ"

လင်းယွမ် နားလည်လိုက်သည်။ သို့သော် သူ၏ လိပ်ခွံအကာ အတွင်းသို့ မည်သည့် မြူခိုးမှ စိမ့်ဝင်မလာပေ။

ပတ်ဝန်းကျင်မှ ကြောင်အော်သံများ ရံဖန်ရံခါ ထွက်ပေါ်လာသဖြင့် လင်းယွမ် သတိထားနေလိုက်သည်။

"ရေမကြီးခင်တုန်းက လမ်းဘေးကြောင် လမ်းဘေးခွေးတွေ အများကြီး ရှိခဲ့တာပဲ"

"သူတို့ နေစရာမရှိရင် တောင်ပေါ်ကိုပဲ တက်ပြေးလာကြမှာ... ဒီ ထိုက်ယန်တောင်ပေါ်မှာ သန္ဓေပြောင်း ကြောင်တွေ ခွေးတွေ ဘယ်လောက်တောင် ပုန်းအောင်းနေမလဲ မသိနိုင်ဘူး"

"ဒီ သန္ဓေပြောင်းကြောင်က စိတ်စွမ်းအင် အစွမ်းကို သုံးတတ်တယ်... ဒါပေမဲ့ ဒီမြူနှင်းတွေက ငါ့ရဲ့ စိတ်စွမ်းအင်ကို သိပ်ပြီး အနှောင့်အယှက် မပေးနိုင်ဘူး"

"ငါ့ရဲ့ စိတ်စွမ်းအင်က ၃၅ မှတ် ကျော်သွားပြီး အရည်အသွေး ပြောင်းလဲသွားလို့များလား"

လင်းယွမ် စိတ်ဝင်စားသွားပြီး ချက်ချင်း ထွက်မသွားသေးပေ။

ထို့ကြောင့် သစ်ပင်ဘေးတွင် ကပ်၍ စိတ်ကို စုစည်းကာ စွမ်းအင်ပုလဲပေါ်ရှိ သင်္ကေတကို ပုံဖော်ရန် ကြိုးစားလိုက်သည်။

စွမ်းအင်ပုလဲမှ အစိမ်းရောင် အလင်းတန်းများ လက်လာပြီး လင်းယွမ်သည် အာရုံကြောကွန်ရက်ကဲ့သို့ ရှုပ်ထွေးသော လမ်းကြောင်းများကို စိတ်စွမ်းအင်ဖြင့် စတင် စုစည်းလိုက်သည်။

အစပိုင်း အဆင့်များကို သူ ထောင်သောင်းချီ၍ လေ့ကျင့်ခဲ့ဖူးသဖြင့် အလွတ်ရနေပြီ ဖြစ်သည်။

နောက်ဆုံးကျန်သော အာရုံကြောကွန်ရက် လမ်းကြောင်း အနည်းငယ်သာ ယခင်က စိတ်စွမ်းအင် မလုံလောက်သဖြင့် မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ကျန်သော အပိုင်းများမှာမူ တစ်ဆက်တည်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။

ယခုတစ်ကြိမ်တွင် စိတ်စွမ်းအင် ၃၅ မှတ် ကျော်လွန်သွားပြီးနောက် သူ၏ စိတ်စွမ်းအင်များ မြင့်တက်လာရုံသာမက အရည်အသွေးပါ ပြောင်းလဲသွားခဲ့သည်။

အစပိုင်း အာရုံကြောကွန်ရက် သင်္ကေတများကို စုစည်းရာတွင် ယခင်ကလောက် အကုန်အကျ မများတော့ပေ။

လင်းယွမ်၏ စိတ်စွမ်းအင်ဖြင့် အာရုံကြောကွန်ရက် သင်္ကေတများကို စုစည်းလိုက်သည့်အခါ ဖျော့တော့သော အစိမ်းရောင် အလင်းတန်းများ လွှမ်းခြုံလာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။

"အောင်မြင်ပါ့မလား"

သူ စိတ်လှုပ်ရှားစွာဖြင့် သင်္ကေတကို အပြည့်အဝ အာရုံစိုက်ပြီး ရေးဆွဲလိုက်သည်။

သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီးနောက် အရေးကြီးဆုံးဖြစ်သည့် နောက်ဆုံး လမ်းကြောင်းနှစ်ခု အဆင့်သို့ ရောက်ရှိလာသည်။

ထိုအချိန်မှာပင် မြူနှင်းများ ရုတ်တရက် လှုပ်ရှားလာသည်။

ကြောင်မျက်နှာကြီး တစ်ခုသည် ရုတ်ခြည်းဆိုသလို လင်းယွမ်၏ လိပ်ခွံအကာ အပြင်ဘက်တွင် ဘွားခနဲ ပေါ်လာသည်။

"ဘုန်း"

ထို သန္ဓေပြောင်းကြောင်သည် ရက်စက်စွာ သွားဖြဲပြရင်း လိပ်ခွံအကာကို လက်သည်းဖြင့် အားကုန် ရိုက်ချလိုက်ရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

လင်းယွမ် လှုပ်ရှားခြင်း မရှိဘဲ စိတ်ကို တည်ငြိမ်အောင် ထားကာ နောက်ဆုံးတစ်ချက်ကို ဆက်လက် ရေးဆွဲလိုက်သည်။

သန္ဓေပြောင်းကြောင်သည် ဆန်းကြယ်သော အသံဖြင့် အော်ဟစ်လိုက်ပြီး လက်သည်းနှစ်ဖက်ဖြင့် လိပ်ခွံအကာကို အတင်းအဓမ္မ ဆွဲဖြဲလေသည်။

"ဂျစ်... ဂျစ်... ဂျစ်"

လိပ်ခွံအကာပေါ်ရှိ ကြည်လင်နေသော အကာအကွယ် အလွှာသည် ဒဏ်မခံနိုင်တော့သည့်အလား အက်ကွဲကြောင်းများ ပေါ်လာသည်။

"ဝုန်း"

ရုတ်တရက် သန္ဓေပြောင်းကြောင်က အားကုန် ထပ်မံ ရိုက်ချလိုက်သည့်အခါ လိပ်ခွံအကာကြီး တစစီ ကွဲကြေသွားသည်။

မြူခိုးများ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး သန္ဓေပြောင်းကြောင်သည် ခုန်အုပ်လိုက်ကာ လင်းယွမ်၏ လည်ပင်းကို လက်သည်းဖြင့် ကုတ်ဆွဲရန် ရွယ်လိုက်သည်။

ကြောင်မျိုးနွယ် သန္ဓေပြောင်းသတ္တဝါများသည် ရှေးဦး သားကောင်ဖမ်းခြင်း နည်းစနစ်များနှင့် ဗီဇများကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

သားကောင်၏ ဘယ်နေရာက အားအနည်းဆုံးလဲ ဆိုတာကို သူတို့ သိကြသည်။

လက်သည်းက လင်းယွမ်၏ လည်ပင်းကို လှီးဖြတ်တော့မည့် ဆဲဆဲတွင်...

လင်းယွမ် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

သူ၏ မျက်ဝန်းအိမ်ထဲတွင် အစိမ်းရောင် အာရုံကြောကွန်ရက်ပုံစံ သင်္ကေတများက အစိမ်းရောင် အလင်းတန်းများအဖြစ် လက်ခနဲ ဖြစ်သွားသည်။

လေထုထဲတွင် စိတ်စွမ်းအင်များက ကွန်ရက်ပုံသဏ္ဌာန်ဖြင့် လျှပ်စီးလက်သလို ပျံ့နှံ့သွားသည်။

ပတ်ဝန်းကျင်ရှိ အရာအားလုံး ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။

ထို သန္ဓေပြောင်းကြောင်သည်လည်း လေပေါ်တွင် ရုတ်တရက် တောင့်တင်းသွားသည်။

၎င်း၏ မျက်လုံးများက လျင်မြန်စွာ လှုပ်ရှားနေပြီး ကြောက်ရွံ့ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

ရုန်းကန်ချင်သော်လည်း လေထုထဲတွင် အကောင်အထည်မရှိသော စွမ်းအင်တစ်ခုက ၎င်းကို ချုပ်နှောင်ထားသကဲ့သို့ ဖြစ်နေသည်။

ဤမြင်ကွင်းသည် ဟိုတုန်းက ခေါင်းကြီးခလေး ရန်ရွှယ် စိတ်စွမ်းအင် ထုတ်သုံးလိုက်သည့် မြင်ကွင်းနှင့် အတော်လေး တူညီနေသည်။

လင်းယွမ် ပြုံးလိုက်ပြီး. "အောင်မြင်ပြီ"

ဆက်ရန်...

All Chapters