အခန်း (၂၃၁-၂၃၂)
Vol. 12 Ch. 231-232
အပိုင်း (၂၃၁) အင်အားသုံးစု တုန်လှုပ်ချောက်ချားခြင်း
ထိုကြီးမားလှသော လင်းယုန်ကြီးက ပစ္စည်းများစွာကို သယ်ပိုးထားသဖြင့် အလွန်ပင် လေးလံနေပုံရ၏။
၎င်းက ကောင်းကင်ယံတွင် ဟိန်းဟောက်မြည်ဟည်းကာ ပျံသန်းလာပြီးနောက် ဖုန်းဟွမ်ဘုရားကျောင်း၏ ရင်ပြင်ထက်သို့ ရုတ်တရက် ထိုးဆင်းလိုက်သည်။
"ဘုန်း"
ဝါကျင်ကျင် ခြေသည်းအစုံက မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းလာသဖြင့် တစ်လောကလုံး တုန်ခါသွားရ၏။
မိုးရေများ စင်ထွက်သွားသည်နှင့်အတူ ၎င်းက အတောင်ပံများကို ရုပ်သိမ်းကာ ခန္ဓာကိုယ်ကို ခါယမ်းလိုက်ရာ အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီးနောက် လူတစ်ယောက်အဖြစ် ပြောင်းလဲကာ မတ်တတ်ရပ်လိုက်သည်။
ထိုသူကား ရက်အနည်းငယ်ကြာ ပျောက်ကွယ်နေသည့် ထူလုံပင် ဖြစ်သည်။
သို့သော် သူထွက်သွားစဉ်ကနှင့် မတူသည်မှာ ထူလုံ၏ မျက်နှာပေါ်တွင် အသားတက်စပြုနေပြီဖြစ်သော အနီရောင် အမာရွတ်အသစ်တစ်ခု တိုးနေခြင်းပင်။
ဟုန်ဖူက ပြုံးရွှင်စွာဖြင့် ကြိုဆိုရန် ထွက်လာသော်လည်း ထူလုံ၏ ဒဏ်ရာကို မြင်လိုက်ရသောအခါ အပြုံးများ အေးခဲသွားပြီး အလောတကြီး မေးလိုက်၏။
"ဘာဖြစ်တာလဲ... သန္ဓေပြောင်း သတ္တဝါနဲ့ တိုးတာလား"
ထူလုံက ပစ္စည်းထုပ်ကြီး နှစ်ထုပ်ကို မကာ အိမ်ထဲသို့ ဝင်လာ၏။
သူက ခေါင်းခါပြရင်း ပစ္စည်းထုပ်များကို ဖြေလိုက်ရာ အတွင်း၌ ဆန်၊ ဂျုံ၊ ဆီနှင့် အစားအသောက် အတော်များများကို တွေ့လိုက်ရသည်။
"တောက်... မိန်တောင်နားက ရပ်ကွက်ထဲမှာ ပစ္စည်းသွားရှာတုန်းက အစွမ်းထက်တဲ့သူတွေနဲ့ တိုးခဲ့လို့... အဲဒီထဲက တစ်ယောက်က လီယွဲ့ဖုန်းရဲ့ မိန်းမ ချင်ရှောင်ယန်လိုပဲ လေဓာတ်အစွမ်းပိုင်ရှင် ဖြစ်နေတယ်... သူက ပျံနိုင်ရုံတင်မကဘူး လေဓားတွေနဲ့ပါ တိုက်ခိုက်နိုင်တာ... ငါသာ သတိမထားမိရင် လည်ပင်း အလှီးခံလိုက်ရမှာ"
"ေဩာ်... ဒီလောက် အစွမ်းထက်တဲ့သူ ရှိရင်လည်း ကျုပ်တို့ဆီ ခေါ်မလာခဲ့ဘူးလား" ဟု ဟုန်ဖူက အလျင်အမြန် ပြောလိုက်သည်။
ထူလုံက မကျေမနပ်ဖြင့် ပြန်ပြော၏။
"ခေါ်လာဖို့ နေနေသာသာ... ဒီစားစရာတွေကတောင် သူတို့လက်ထဲကနေ လုလာရတာ... မဟုတ်ရင် ဒီလောက် အစားအသောက်တွေ ဘယ်က ရမလဲ"
"ဒါဆိုရင်လည်း အန္တရာယ်ကင်းအောင် သတ်ပစ်ခဲ့သင့်တာ" ဟု ဟုန်ဖူက ဆိုသည်။
ထူလုံက ခေါင်းခါလိုက်၏။
"ငါက မသတ်ချင်ဘူး မှတ်နေလား... ဒါပေမဲ့ အဲဒီမိန်းမဘေးမှာ ရေဓာတ်အစွမ်းပိုင်ရှင် မိန်းမတစ်ယောက် ရှိနေသေးတယ်... ရေထဲမှာ ရေဓာတ်အစွမ်းပိုင်ရှင်နဲ့ ရင်ဆိုင်ရရင် ဘယ်လိုဖြစ်မလဲဆိုတာ မင်းသိသားပဲ... ငါလည်း ပစ္စည်းတွေ ရလာပြီဆိုတော့ ပြဿနာမတက်ချင်တာနဲ့ ပြန်လာခဲ့တာ"
"ဒါနဲ့ ငါ့မှာ သတင်းတစ်ခုလည်း ရှိသေးတယ်... ပြန်လာတဲ့လမ်းမှာ လေပေါ်ကနေ ကြည့်လိုက်တော့ ရေပေါ်မှာ မျောနေတဲ့ သင်္ဘောတစ်စင်းကို တွေ့ခဲ့တယ်"
"သင်္ဘောလား... စစ်တပ်ကလား" ဟု ဟုန်ဖူက စိတ်လှုပ်ရှားစွာ မေးလိုက်၏။
ထူလုံက ခေါင်းခါကာ...
"မဟုတ်ဘူး... ဒါပေမဲ့ ပေါ်မှာ လူတွေရှိတယ်... မိန်းမတွေချည်းပဲ... အစွမ်းပိုင်ရှင်တွေလည်း အများကြီးပဲ... သူတို့က အဲဒီသင်္ဘောကို ခိုလှုံရာစခန်းအဖြစ် သုံးနေပုံရတယ်... အဲဒီသင်္ဘောကလည်း သာမန်သင်္ဘောနဲ့ မတူဘူး... အစွမ်းတစ်ခုခုနဲ့ ပြုပြင်ထားပုံပဲ"
ဟုန်ဖူက သက်ပြင်းချရင်း ဆို၏။
"ကျုပ်တို့ ဒီတောင်ပေါ်မှာ နေနေတော့ အပြင်လောကအကြောင်း သိတာ နည်းလာပြီ ထင်တယ်"
"ရေထဲက လူတွေလည်း အသေခံမနေကြဘူးပဲ... နည်းလမ်းမျိုးစုံနဲ့ အသက်ရှင်အောင် ကြိုးစားနေကြတာပေါ့... ဒါပေမဲ့ သင်္ဘောရတဲ့သူက အနည်းစုပါ... အများစုကတော့ အဆောက်အအုံတွေထဲမှာ ပုန်းနေရင်း တစ်နေ့နေ့ သေရမှာပဲ" ဟု ထူလုံက အထင်အမြင်သေးစွာ ပြောလိုက်သည်။
ဟုန်ဖူကမူ...
"ဘယ်သူသိနိုင်မှာလဲ... အခုခေတ်ကြီးမှာ ဆင့်ကဲပြောင်းလဲမှုတွေက နေရာတိုင်းမှာ ဖြစ်နေတာ... နောက်ဆို ဘာတွေ ဖြစ်လာဦးမလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး"
ထူလုံက ထိုစကားကို ဆက်မပြောတော့ဘဲ ဟုန်ဖူကို ကြည့်ကာ...
"မင်း ဒီနေ့ ငါ့ကို အဝေးကြီးကနေ လှမ်းကြိုနေတာ ထူးဆန်းတယ်နော်... အရင်က ဒီလောက် မတက်ကြွပါဘူး... ခိုလှုံရေးစခန်းမှာ စားစရာတွေ တစ်စိမှ မကျန်တော့လို့လား"
ဟုန်ဖူက ခေါင်းခါလိုက်၏။
"စားစရာကိစ္စ မဟုတ်ဘူး... တခြား အရေးကြီးတဲ့ ကိစ္စရှိလို့"
"ဟမ်... ငါထွက်သွားတာ ရက်ပိုင်းပဲ ရှိသေးတာကို ဘာတွေ ဖြစ်ကုန်တာလဲ... ဝူမုန့်တို့ လူတွေ လှုပ်ရှားလာတာလား... ဒါမှမဟုတ် ဟိုလင်းယွမ်တို့ အဖွဲ့ကို ဝူမုန့်က အပြတ်ရှင်းလိုက်ပြီလား" ဟု ထူလုံက ခန့်မှန်းလိုက်သည်။
ဟုန်ဖူက မျက်နှာပျက်သွားပြီး လေးနက်စွာ ခေါင်းခါရင်း ဆို၏။
"ထျန်ဝေ သေပြီ"
"ဘာ..."
ထူလုံ အံ့ဩသွားပြီး ဟုန်ဖူကို စိုက်ကြည့်ကာ "ဘယ်သူ... ကျောက်တွင်းသူဌေး ထျန်ဝေလား"
"ဟုတ်တယ်"
"ဟားဟားဟား... တောက်... အဲဒီခွေးရူးက သေသင့်တာ ကြာပြီ... ကောင်းကင်က မျက်နှာသာ ပေးလိုက်တာပဲ... ဒါနဲ့ ဘယ်သူ သတ်လိုက်တာလဲ... လီယွဲ့ဖုန်းလား... ဝူမုန့်လား... ဝူမုန့် ဖြစ်ဖို့ များတယ်နော်... သူ့ရဲ့ အစွမ်းနဲ့မှ ထျန်ဝေရဲ့ မီးအစွမ်းကို ယှဉ်နိုင်မှာ"
"ဒါပေမဲ့ ဘာဖြစ်လို့ ဝူမုန့်က အဲဒီခွေးရူးနဲ့ ပြဿနာသွားတတ်တာလဲ... သူ့ရဲ့ သွေးသားကြီးထွားခြင်းအစွမ်းက တော်တော်စွမ်းပေမဲ့ ထျန်ဝေ တကယ် ရူးသွားရင် သူ့လက်ထဲက ပေါက်ကွဲသင်္ကေတတွေနဲ့ ဝူမုန့်လည်း ခံနိုင်မှာ မဟုတ်ဘူး... သူတို့ ဘယ်လို ဖြစ်ကြတာလဲ"
ထူလုံက တစ်ယောက်တည်း ရေရွတ်ရင်း ဟုန်ဖူကို ကြည့်လိုက်သောအခါ ဟုန်ဖူမှာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"မင်း မျက်နှာက ဘာဖြစ်တာလဲ... မဟုတ်မှလွဲရော... လီယွဲ့ဖုန်းက ထျန်ဝေကို သတ်လိုက်တာလား"
ဟုန်ဖူက ခေါင်းခါကာ...
"ကျုပ်ပြောတာ နားထောင်ဦး... လီယွဲ့ဖုန်းလည်း မဟုတ်ဘူး... ဝူမုန့်လည်း မဟုတ်ဘူး... အသစ်ရောက်လာတဲ့ အဖွဲ့က လင်းယွမ် သတ်လိုက်တာ"
ထိုစကားကြောင့် ထူလုံမှာ ကြောင်အသွားပြီး မျက်နှာတွင် မယုံကြည်နိုင်ဟန်များ ပြည့်နှက်သွား၏။
"ဟုန်ဖူ... မင်း ငါ့ကို နောက်နေတာလား... အဲဒီကောင်က ထျန်ဝေကို သတ်နိုင်တယ် ဟုတ်လား"
ထူလုံက စိတ်လှုပ်ရှားစွာဖြင့် ဟုန်ဖူ၏ ကော်လာကို ဆွဲကာ မေးလိုက်သည်။
ဟုန်ဖူက သူ၏ လက်မောင်းကို ပုတ်လိုက်ရာ မမြင်ရသော စွမ်းအင်တစ်ခု စိမ့်ထွက်သွားပြီး ထူလုံ၏ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွား၏။
"ဒီသတင်းက အတည်ပဲ... မနေ့ကမှ ဖြစ်တာ... ခင်ဗျားကို ဒီလောက် အပြေးအလွှား လာကြိုတာကလည်း ဒါကို ပြောပြချင်လို့... အဲဒီလင်းယွမ်နဲ့ ငါတို့နဲ့က ရန်ငြိုးရှိထားတာလေ... အခု သူက ထျန်ဝေကို သတ်ပြီး တစ်တောင်လုံးမှာ အရေးကြီးဆုံးဖြစ်တဲ့ ကျောက်တွင်းကို သိမ်းလိုက်ပြီ... နောက်ဆို ငါတို့ စွမ်းအင်ကျောက်တုံး လိုချင်ရင် သူ့ကို ဖြတ်ကျော်ရတော့မှာ... ဒါက သေးတဲ့ကိစ္စ မဟုတ်ဘူး"
"သူက လူသစ်တစ်ယောက် ဖြစ်နေပြီးတော့ ဘာလို့ ကျောက်တွင်းကို သိမ်းပိုက်ရတာလဲ" ဟု ထူလုံက လူသတ်ငွေ့များ ထွက်ပေါ်လာရင်း အေးစက်စွာ ပြောလိုက်သည်။
ဟုန်ဖူက "သူ ထျန်ဝေကို သတ်နိုင်တယ်ဆိုကတည်းက သူ့ခွန်အားကို သက်သေပြပြီးသားပဲ... ဒါပေမဲ့ ခင်ဗျားပြောတာ မှန်တယ်... သူက လူသစ်ပဲရှိသေးတာ... မီးဝါးတောကို သိမ်းထားတာက ထားပါဦး... အခု ကျောက်တွင်းကိုပါ လက်လှမ်းလာတာဆိုတော့ ဒီကိစ္စက ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး... ကျုပ်တို့ ဘာမှမလုပ်ရင်တောင် လီယွဲ့ဖုန်းနဲ့ ဝူမုန့်တို့က ငြိမ်နေပါ့မလား"
"ကျောက်တွင်းက စွမ်းအင်ကျောက်တုံးတွေက သင်္ကေတကျောက်တုံး လုပ်ဖို့ အဓိက ကုန်ကြမ်းတွေပဲ... ဒီလောက်ကြီးမားတဲ့ အကျိုးအမြတ်ကို ဘယ်သူက လက်လွှတ်မှာလဲ... ကျုပ်တို့ အခု တခြားအဖွဲ့ နှစ်ခုနဲ့ ဆက်သွယ်ပြီး အဲဒီကောင်ကို ကျောက်တွင်းကနေ ဖယ်ပေးအောင် ဖိအားပေးရမယ်... ဒါမှမဟုတ် အခွင့်အရေးရရင် သုံးဖွဲ့ပေါင်းပြီး သူတို့ကို အပြတ်ရှင်းပစ်ရမယ်"
ဟုန်ဖူက ယုတ်မာသော အပြုံးဖြင့် သူ၏ အကြံအစည်ကို ပြောလိုက်သည်။ ထူလုံ၏ မျက်လုံးများ လင်းလက်သွားပြီး...
"မင်းပြောတာ မှန်တယ်... ဒီလောက် အကျိုးအမြတ်ကို လီယွဲ့ဖုန်းနဲ့ ဝူမုန့်တို့က ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေမှာလဲ... ဝူမုန့်က ဘာမှမလုပ်ချင်ရင်တောင် သူ့မိန်းမ ကျွမ်းရှုယွမ်ကတော့ ငြိမ်နေမှာ မဟုတ်ဘူး... သူတို့ရဲ့ ရေကွင်းသင်္ကေတတွေက စွမ်းအင်ကျောက်တုံး မရှိရင် လုပ်လို့မရဘူးလေ"
ဟုန်ဖူက ခေါင်းညိတ်ကာ "လီယွဲ့ဖုန်းဘက်မှာလည်း သင်္ကေတကျောက်တုံးတွေ အများကြီး လိုနေတာ... ကျုပ်ကြားတာတော့ သူတို့မှာ ပေါက်ကွဲသင်္ကေတနဲ့ ရေကွင်းသင်္ကေတ မဟုတ်တဲ့ တခြားလျှို့ဝှက် သင်္ကေတနည်းပညာ တစ်ခု ရှိနေသေးတယ်တဲ့"
"သူတို့လည်း ကျောက်တွင်းကို လင်းယွမ် လက်ထဲ အရောက်ခံမှာ မဟုတ်ဘူး... ကျုပ်တို့ သူတို့နဲ့ ဆက်သွယ်လိုက်ရင် သူတို့လည်း ပါလာမှာပဲ"
ထူလုံက ခဏစဉ်းစားပြီး "ဒါဆိုရင် ငါ အခုပဲ လူလွှတ်ပြီး သူတို့ဆီ သတင်းပို့လိုက်မယ်"
သို့သော် ဟုန်ဖူက ခေါင်းခါလိုက်၏။
"ရေလှိုင်းတက်ဖို့ နီးနေပြီဆိုတော့ အခုက အချိန်ကောင်း မဟုတ်သေးဘူး... ခဏစောင့်ဦး... ရေလှိုင်းပြီးသွားရင် ကျုပ်တို့မှာ လင်းယွမ်ကို ကိုင်တွယ်ဖို့ အချိန်တွေ အများကြီး ရှိပါတယ်"
ထူလုံက တက်လာနေသော ရေကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။
"မှန်တယ်... ဒီတစ်ခေါက် ရေလှိုင်းကို အရင်ကျော်ဖြတ်ရအောင်... မနက်ဖြန် ရေလှိုင်းစတော့မှာ မဟုတ်လား"
"ဟုတ်တယ်... မနက်ဖြန် ည"
"ဒါဆိုလည်း ဒီအတိုင်းပဲ ထားလိုက်ဦး... လူတွေကို အစားအသောက် လာထုတ်ခိုင်းလိုက်... ရေလှိုင်းပြီးရင် လင်းယွမ်ကို ရှင်းရုံတင်မကဘူး စားနပ်ရိက္ခာ ပြဿနာကိုလည်း ဖြေရှင်းရမယ်... ငါတစ်ယောက်တည်း ပစ္စည်းရှာနေလို့တော့ မရဘူး"
ဟုန်ဖူက ပြုံးကာ "စိတ်ချပါ... ကျုပ်မှာ နည်းလမ်းရှိပြီးသား"
"ဘာနည်းလမ်းလဲ"
"တလောက ကျုပ်တို့လူတွေ တောင်ထဲမှာ သန္ဓေပြောင်း အာလူးတွေကို တွေ့ခဲ့တယ်... အဲဒါတွေကို မျိုးပွားပြီး အများကြီး စိုက်ပျိုးနိုင်ရင် စားနပ်ရိက္ခာအတွက် ပူစရာ မလိုတော့ဘူး"
"သန္ဓေပြောင်း အာလူးလား... စားရင် အစွမ်းရမှာလား"
ဟုန်ဖူက ခေါင်းခါကာ "ကျုပ်တို့လူတွေ စမ်းကြည့်ပြီးပြီ... အထွက်နှုန်းနဲ့ ကြီးထွားမှုပဲ ပြောင်းလဲတာ... အစွမ်းနိုးထလာစေတဲ့ စွမ်းအားမျိုးတော့ မရှိဘူး... သန္ဓေပြောင်း အသီးအနှံတော့ မဟုတ်ဘူးပေါ့"
ထူလုံမှာ အနည်းငယ် စိတ်ပျက်သွားပြီး "ငါတို့ စခန်းမှာ အစွမ်းပိုင်ရှင်တွေ နည်းနေသေးတယ်... အစွမ်းပိုင်ရှင်တွေ ပိုများလာအောင် နည်းလမ်းရှာရမယ်"
ဟုန်ဖူက ခေါင်းညိတ်ကာ "နောက်တစ်ခါ ခင်ဗျား အပြင်ထွက်ရင် အလားအလာရှိတဲ့ အစွမ်းပိုင်ရှင်တွေကို ရှာပြီး တောင်ပေါ်ခေါ်လာဖို့ ကြိုးစားကြည့်ပေါ့"
"သိပြီ"
သိုင်းဘုရင်ဂေဟာတွင် ကျွမ်းရှုယွမ်က ဂူထဲမှ စိုထိုင်းနံ့များ နံနေသော သစ်သားပရိဘောဂများကို ကြည့်ရင်း စိတ်ပျက်နေ၏။
အရင်ကဆိုလျှင် သူမက ဤကဲ့သို့သော ပတ်ဝန်းကျင်ကို နေသားကျနေသော်လည်း လင်းယွမ်၏ အိမ်တွင် သစ်သားကြမ်းပြင်များ၊ အကောင်းစား မွေ့ရာများ၊ တီဗီများနှင့် တခြားပစ္စည်းများ ရှိသည်ဟု ကြားလိုက်ရသောအခါ သူမ၏ ဗီလာတွင် နေခဲ့ရသော ဘဝဟောင်းကို ပြန်လည် တမ်းတမိလာသည်။
"ဒီရေကြီးတာကြီးကတော့"
သူမက သက်ပြင်းချရင်း ဂူထဲတွင် သင်္ကေတများကို သုတေသနပြုနေသော ဝူမုန့်ကို တစ်ချက်ကြည့်ကာ ဂေဟာအပြင်ဘက်သို့ ထွက်လာခဲ့သည်။
သူမက စိုစွတ်ပြီး မွန်းကြပ်သော ဂူထဲထက်စာလျှင် ဤသစ်သားဂေဟာလေး၏ ပတ်ဝန်းကျင်ကို ပို၍ နှစ်သက်၏။
"ဟိုလင်းယွမ်ဆိုတဲ့လူက ဘယ်တော့မှ အရောင်းအဝယ်ပွဲ လုပ်မှာလဲ မသိဘူး... အဲဒီပွဲမှာ ငါလိုချင်တာတွေ ရှိပါ့မလား"
သူမ အနည်းငယ် စိတ်ပူနေ၏။ ကောင်းပေ့ဆိုသော အစားအသောက်များကို မစားရလျှင် သူမ အောင့်အည်း သည်းခံနိုင်သော်လည်း နေထိုင်မှု ပတ်ဝန်းကျင်ကိုမူ သူမ မသည်းခံနိုင်တော့ပေ။
ရေမကြီးခင်က သူမတွင် အနည်းငယ် အသန့်ကြိုက်တတ်သော အကျင့်ရှိခဲ့သော်လည်း ရေကြီးပြီးနောက် ဘဝက တွန်းအားပေးသဖြင့် ထိုအကျင့်မှာ ပျောက်ကွယ်သွားခဲ့ရသည်။
သို့သော် အခု ဘဝလေးက အနည်းငယ် အဆင်ပြေလာသောအခါ ထိုအသန့်ကြိုက်တတ်သော အကျင့်က ပြန်လည် ခေါင်းထောင်လာပြန်သည်။
"အမကျွမ်း... အမကျွမ်း"
အပြင်ဘက်မှ ယွဲ့ယာဝေ၏ အလောတကြီး အော်သံ ထွက်ပေါ်လာသည်။ ခြေသံများမှာလည်း ရှုပ်ယှက်ခတ်နေသဖြင့် ယွဲ့ယာဝေ တစ်ယောက်တည်း မဟုတ်ဘဲ တခြားလူများပါ ပါလာပုံရကြောင်း ကျွမ်းရှုယွမ် သိလိုက်၏။
"ဝင်ခဲ့"
ယွဲ့ယာဝေက တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး သူမနောက်တွင် လီယွဲ့ကျင်း၊ ယွမ်ရွေ့၊ ပိုင်ကျစ်လဲ့၊ ကောကျဲ စသော အစွမ်းပိုင်ရှင်များစွာ ပါလာသည်ကို တွေ့လိုက်ရသဖြင့် ကျွမ်းရှုယွမ်မှာ အံ့ဩသွားပြီး အရေးကြီးကိစ္စ တစ်ခုခု ဖြစ်ပြီဖြစ်ကြောင်း သိလိုက်ရသည်။
"အမကျွမ်း... ပြဿနာတတ်ပြီ"
ကျွမ်းရှုယွမ်က တည်ငြိမ်စွာဖြင့် "ဘာဖြစ်လို့လဲ"
"ထျန်ဝေ သေပြီ" ဟု ယွဲ့ယာဝေက အော်ပြောလိုက်၏။
"ထျန်ဝေလား"
ကျွမ်းရှုယွမ် ခဏမျှ ကြောင်အသွားပြီးနောက် မျက်လုံးများ ပြူးသွားကာ...
"ထျန်ဝေ"
ယွဲ့ယာဝေက ခေါင်းညိတ်ကာ "ဟုတ်တယ်... ကျောက်တွင်းသူဌေး ထျန်ဝေလေ... အဲဒီအရူးကြီး အသတ်ခံလိုက်ရပြီ"
ကျွမ်းရှုယွမ်က အမြန်မေးလိုက်၏။
"ဘယ်သူ သတ်တာလဲ"
"လင်းယွမ်"
"ဟင်" ကျွမ်းရှုယွမ်မှာ ဒုတိယအကြိမ် အံ့ဩသွားရပြန်သည်။ သူမ နားကြားမှားသလားဟုပင် သံသယဝင်ကာ...
"ဘယ်သူ"
"လင်းယွမ်လေ... မီးဝါးတောက လင်းယွမ်... အခုမှ တောင်ပေါ်တက်လာတဲ့ လင်းယွမ်"
ယွဲ့ယာဝေက စကားကို ခပ်သွက်သွက်ပင် ဆက်ပြော၏။
"ကျွန်မတို့လည်း သတင်းကြားကြားချင်း မယုံနိုင်ဘူး... ဒါပေမဲ့ စွမ်းအင်ကျောက်တုံး သွားဝယ်တဲ့ ညီအစ်ကိုတွေ ပြန်လာတော့မှ အဲဒီက ကျောက်တွင်းကျွန်တွေဆီက သတင်းကြားခဲ့တာ... ထျန်ဝေ တကယ် သေပြီ... လင်းယွမ်က သတ်လိုက်တာတဲ့"
ကျွမ်းရှုယွမ်မှာ စိတ်ကို ခက်ခဲစွာ တည်ငြိမ်အောင် ထိန်းလိုက်ရပြီးနောက်...
"အဲဒီလင်းယွမ်ရော ဘာဖြစ်သွားလဲ... သူ သေပြီလား"
သူမ အထင်တွင် ထျန်ဝေက အလွန် အစွမ်းထက်သူ ဖြစ်သည်။
ဝူမုန့်ပင်လျှင် သူ၏ သွေးသားကြီးထွားခြင်း အစွမ်းရှိသဖြင့် ဒဏ်ရာရမည်ကို မကြောက်ဘဲ ထျန်ဝေကို ယှဉ်နိုင်ခြင်း ဖြစ်သည်။
ထို့ပြင် ဝူမုန့် ပြောပြချက်အရ လင်းယွမ်သည် အစွမ်းရှိသော်လည်း ပေါက်ကွဲအား မရှိသဖြင့် ထိပ်တန်းအဆင့်သို့ ရောက်ရန် ခက်ခဲသည်ဟု ဆိုခဲ့ဖူးသည်။
ထိုကဲ့သို့သော လူတစ်ယောက်က ထျန်ဝေကို သတ်နိုင်သည်ဆိုလျှင် သူကိုယ်တိုင်လည်း အသက်ရှင်ရန် ခက်ခဲလိမ့်မည်ဟု သူမ ထင်ထားခြင်းပင်။
ယွဲ့ယာဝေက အလျင်အမြန်ပင်...
"လင်းယွမ် ဘာမှမဖြစ်ဘူး... ကျောက်တွင်းကျွန်တွေ ပြောတာတော့ သူက ဒဏ်ရာတောင် မရတဲ့အပြင် အခု ကျောက်တွင်းတစ်ခုလုံးကိုပါ သိမ်းပိုက်လိုက်ပြီတဲ့... ကျောက်တွင်းက အခု သူ့နယ်မြေ ဖြစ်သွားပြီ... ဆရာလီက ဒီကိစ္စကို အမနဲ့ အစ်ကိုဝူမုန့်ကို ချက်ချင်း သတင်းပို့ရမယ်လို့ ပြောလို့ လာခဲ့တာ"
လီယွဲ့ကျင်းက ဝင်ပြော၏။ "အမကျွမ်း... အစ်ကိုဝူမုန့်ရော"
ကျွမ်းရှုယွမ်လည်း သတိပြန်ဝင်လာပြီး ရင်ထဲက အံ့ဩမှုများကို ဖိသိပ်ကာ...
"နေဦး... ငါသွားခေါ်လိုက်မယ်"
သူမက အလျင်အမြန်ပင် လှည့်ထွက်သွား၏။
သူမ၏ လှုပ်ရှားမှုများမှာ ထုံးစံအတိုင်း လှပကျော့ရှင်းမနေတော့ဘဲ လောလောလောလော ဖြစ်နေသည်။
ဂူထဲရှိ လေ့ကျင့်ရေးခန်းထဲသို့ ရောက်သောအခါ သူမက စဉ်းစားခန်း ဝင်နေသော ဝူမုန့်ကို လှမ်းအော်လိုက်၏။
"အစ်ကိုမုန့်... အစ်ကိုမုန့်"
ဝူမုန့်က သတိဝင်လာပြီး ကျွမ်းရှုယွမ်ကို ကြည့်ကာ "ဘာဖြစ်လို့လဲ"
"ကိစ္စကြီးတယ်... ထျန်ဝေ သေပြီ... အခု ကျောက်တွင်းက တခြားလူလက်ထဲ ရောက်သွားပြီ"
ဝူမုန့်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ "ဘယ်လို ဖြစ်တာလဲ"
"လမ်းမှာပြောမယ်... လူတွေ ဂေဟာထဲမှာ စောင့်နေကြတယ်"
ဝူမုန့်က သူမနောက်မှ လိုက်လာရင်း ကျွမ်းရှုယွမ်၏ ပြန်ပြောပြချက်များကို နားထောင်လိုက်သည်။
ဝူမုန့်က ခြေလှမ်းများကို ရပ်တန့်ကာ "မင်း ဘယ်သူလို့ ပြောလိုက်တာ... ဘယ်သူက ထျန်ဝေကို သတ်လိုက်တာလဲ"
"လင်းယွမ်လေ... ဟိုတစ်ခါ ရှင်နဲ့ တိုက်ခဲ့တဲ့ လင်းယွမ်"
ဝူမုန့်က မျက်မှောင်ကြုတ်ကာ "မဖြစ်နိုင်ဘူး"
သူက ထိုကိစ္စကို ချက်ချင်း ငြင်းဆိုလိုက်၏။
"သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ငါ အသိဆုံးပဲ... ဟိုတစ်ခါ မီးဝါးတောမှာ ငါနဲ့ တိုက်တုန်းက ငါသာ လက်မလျှော့ခဲ့ရင် သူ ခံနိုင်မှာ မဟုတ်ဘူး... နောက်ပြီး သူ့ရဲ့ အစွမ်းနဲ့ ထျန်ဝေရဲ့ မီးအစွမ်းကို ဘယ်လိုမှ မယှဉ်နိုင်ဘူး... ဒီသတင်း ဘယ်ကလာတာလဲ"
သူတို့ ဂေဟာထဲသို့ ရောက်လာသောအခါ လီယွဲ့ကျင်းက "ကျောက်တွင်းကို စွမ်းအင်ကျောက်တုံး သွားဝယ်တဲ့သူတွေဆီက ကြားခဲ့တာပါ... ကျွန်တော် ကိုယ်တိုင် သွားမေးကြည့်ပြီးပြီ... သတင်းက အမှန် ဖြစ်ဖို့ များတယ်"
ဝူမုန့်၏ မျက်နှာတွင် စဉ်းစားရခက်နေသော အရိပ်အယောင်များ ပေါ်လာ၏။
လီယွဲ့ကျင်းက အလုပ်အကိုင် တည်ငြိမ်သူ ဖြစ်သဖြင့် သူက အမှန်ဟု ပြောလျှင် လိမ်စရာ အကြောင်းမရှိပေ။
သို့သော် လင်းယွမ်က ထျန်ဝေကို ဘယ်လို သတ်လိုက်သလဲဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေရသည်။
"သူ ဘယ်လိုလုပ်လိုက်တာလဲ" ဟု သူက မသိစိတ်ဖြင့် မေးမိလိုက်၏။
လီယွဲ့ကျင်းမှာ စိတ်ပျက်သွားပြီး... အခုအချိန်မှာ အဲဒါကို စိတ်ဝင်စားနေရမယ့် အချိန်လားဗျာ... ဟု တွေးမိသော်လည်း ဝူမုန့်က တိုက်ခိုက်ရေးကို ရူးသွပ်သူ ဖြစ်ကြောင်း သူ သိထားသဖြင့် ကျောက်တွင်းထက်စာလျှင် လင်းယွမ် ဘယ်လိုနိုင်သွားသလဲဆိုသည်ကို ပိုစိတ်ဝင်စားနေခြင်း ဖြစ်သည်။
"ကျွန်တော်တို့လည်း မသိဘူး... အစ်ကိုမုန့်... အခုက လင်းယွမ် ဘယ်လိုနိုင်တာလဲဆိုတာကို စဉ်းစားရမှာ မဟုတ်ဘူး... ကျောက်တွင်းက အကျိုးအမြတ်တွေကို ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရမှာ"
ဝူမုန့်က လီယွဲ့ကျင်းကို ကြည့်ကာ "ဘာလုပ်ရမှာလဲ... လင်းယွမ်က ထျန်ဝေကို သတ်လိုက်တယ်ဆိုတော့ ကျောက်တွင်းက သူ့ဟာ ဖြစ်သွားတာပေါ့"
လီယွဲ့ကျင်းက အလျင်အမြန် "ဒီလို ပြောလို့မရဘူးလေ အစ်ကိုမုန့်... ကျောက်တွင်းက မီးဝါးတောလို မဟုတ်ဘူး... မီးဝါးတောကို ပေးလိုက်တာက ကိစ္စမရှိပေမဲ့ ကျောက်တွင်းကတော့ မတူဘူး"
"ကျွန်တော်တို့ရဲ့ စွမ်းအင်ကျောက်တုံးတွေက ကျောက်တွင်းကနေ ဝယ်ရတာ... ထျန်ဝေ ရှိတုန်းက သူ့ဆီက ဝယ်ခဲ့ရတယ်... အခု ထျန်ဝေ သေသွားတော့လည်း လင်းယွမ်ဆီကပဲ ဆက်ဝယ်နေရဦးမှာလား"
ဝူမုန့်က "ဘာလို့ မရရမှာလဲ... ဝယ်တာပဲ မဟုတ်လား... လင်းယွမ်က လက်မခံဘူးလား"
လီယွဲ့ကျင်းက သက်ပြင်းချကာ "ဒါပေမဲ့ ကျွန်တော်တို့က ဘာလို့ သူ့ကို တူးဖော်ခွင့် တောင်းနေရမှာလဲ... ကိုယ်တိုင် တူးလို့ရတာပဲ မဟုတ်လား... ဘာလို့ သူ့ဆီကနေပဲ ဝယ်နေရမှာလဲ"
ဝူမုန့်က မျက်မှောင်ကြုတ်ကာ "အဲဒါ သူတိုက်ယူထားတဲ့ သူ့ရဲ့ စစ်အောင်နိုင်မှုပစ္စည်းပဲ... သူ ထျန်ဝေဆီက လုယူထားတာလေ... ငါတို့ အရင်က မလုနိုင်ခဲ့တာက ငါတို့ ညံ့လို့ပဲ... အခု မင်းက ငါ့ကို သူ့ဆီကနေ ပြန်လုခိုင်းတာလား"
လီယွဲ့ကျင်း စကားစပြတ်သွား၏။ ဝူမုန့်၏ စရိုက်အရ ထိုကဲ့သို့သော အလုပ်မျိုးကို လုပ်မည်မဟုတ်ကြောင်း သူ သိသည်။ ဘေးမှ ကျွမ်းရှုယွမ်က ဝင်ပြော၏။
"အစ်ကိုမုန့်... အရင်က ထျန်ဝေဆီက မလုတာက သူက အားလုံးကို ဖျက်ဆီးမယ့် အရူးတစ်ယောက် ဖြစ်နေလို့... ဒါပေမဲ့ ဒီလင်းယွမ်ကတော့ ရှင်နဲ့ တိုက်တုန်းက မြင်တဲ့အတိုင်းပဲ... သူ့ခွန်အားက သာမန်ပဲလေ... သူက ကျောက်တွင်းကို ကာကွယ်နိုင်ပါ့မလား... ကျွန်မတို့ မလုရင်တောင် ထူလုံတို့ လီယွဲ့ဖုန်းတို့က ငြိမ်နေပါ့မလား... သူတို့ လက်ထဲကို ကျောက်တွင်း ရောက်သွားရင် ကျွန်မတို့အတွက် ပိုခက်ခဲသွားလိမ့်မယ်"
ဝူမုန့်၏ မျက်နှာ အေးစက်သွားပြီး "မင်းကလည်း ငါ့ကို လင်းယွမ်ဆီက ကျောက်တွင်း သွားလုခိုင်းတာလား"
ကျွမ်းရှုယွမ်က "ဟုတ်တယ်" ဟု တိုက်ရိုက်မပြောရဲဘဲ စကားကို ပြောင်းကာ...
"ကျွန်မက လုခိုင်းတာ မဟုတ်ပါဘူး... ကျွန်မတို့ သူနဲ့ ပူးပေါင်းလို့ ရတယ်လို့ ပြောတာပါ... သူက တစ်ယောက်တည်း ရောက်လာတာ... သူ့လူကလည်း တစ်ရာကျော်ပဲ ရှိတာ... သူ ကျောက်တွင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး"
"ကျွန်မတို့က သူ့ကို ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းမယ်... သူက တူးဖော်ခွင့် တစ်စိတ်တစ်ပိုင်းကို ကျွန်မတို့ကို ခွဲပေးမယ်... ကျွန်မတို့က သူ့ကို ကျောက်တူးဖို့ ကူညီမယ်... ကျောက်တွင်းကိုလည်း အတူ ကာကွယ်ပေးမယ်... ဒါဆိုရင် ထူလုံတို့ လီယွဲ့ဖုန်းတို့ကလည်း ကျွန်မတို့ကို ကြောက်ပြီး သူ့ကို လာထိရဲမှာ မဟုတ်တော့ဘူးလေ... ဒါက လုတာ မဟုတ်ဘူး... မျှတတဲ့ အပေးအယူပဲ"
ဝူမုန့် ခဏစဉ်းစားလိုက်၏။ ထိုစကားကို သူ လက်ခံနိုင်၏။ အကြောင်းမှာ ၎င်းက လုယူခြင်း မဟုတ်ဘဲ အပြန်အလှန် အကျိုးရှိစေသော အပေးအယူ ဖြစ်နေသောကြောင့်ပင်။
သူ၏ အမြင်တွင် လင်းယွမ်၏ အစွမ်းအစက ကျောက်တွင်းကို တစ်ယောက်တည်း ကာကွယ်ရန် မလုံလောက်ပေ။
"သူက သဘောမတူရင်ရော" ဟု သူက ရုတ်တရက် မေးလိုက်သည်။
ကျွမ်းရှုယွမ်က ချက်ချင်းပင် "မဖြစ်နိုင်တာ... သူသာ စဉ်းစားတတ်တဲ့လူဆိုရင် သဘောတူမှာပဲ... သူ ထူလုံနဲ့ တိုက်ခဲ့ဖူးတာဆိုတော့ ထူလုံ ဘယ်လောက် နာမည်ကြီးလဲဆိုတာ သိမှာပဲ... လီယွဲ့ဖုန်းက ထူလုံထက်တောင် ပိုပြီး လက်ပေါက်ကပ်သေးတယ်... သူက လူသစ်တစ်ယောက်အနေနဲ့ သူတို့ နှစ်ဖွဲ့လုံးကို ဘယ်လို ယှဉ်နိုင်မှာလဲ"
ကျွမ်းရှုယွမ်က ထိုသို့ပြောလိုက်သော်လည်း သူမ စိတ်ထဲတွင် သိနေသည်မှာ သူတို့ဘက်က ကမ်းလှမ်းမှုကို လင်းယွမ်က ငြင်းပယ်လိုက်လျှင် လင်းယွမ် ရင်ဆိုင်ရမည့်သူမှာ နှစ်ဖွဲ့တည်း မဟုတ်ဘဲ သုံးဖွဲ့ ဖြစ်သွားမည် ဆိုသည်ပင်။
သူမ ယုံကြည်သည်မှာ ခိုလှုံရေးစခန်း တစ်ခု၏ ခေါင်းဆောင်ဖြစ်သော လင်းယွမ်သည် ထိုမျှအထိ မိုက်မဲမည် မဟုတ်ပေ။
ဝူမုန့်က လီယွဲ့ကျင်းကို ကြည့်ကာ "ဒီကိစ္စကို မင်းပဲ သွားစီစဉ်လိုက်ပါ... ဒါပေမဲ့ ငါ ကြိုပြောထားမယ်... ငါတို့ အချင်းချင်းကြားမှာ ဘယ်တော့မှ အတွင်းရန် မဖြစ်စေရဘူး... လူသားတွေက စည်းစည်းလုံးလုံး ရှိမှပဲ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှာ... ဒါက ငါ့ရဲ့ ဝါဒပဲ... ငါတို့ ခိုလှုံရေးစခန်းရဲ့ ဝါဒလည်း ဖြစ်တယ်... မင်းတို့ ငါ့နောက် လိုက်လာတုန်းက ငါ ဒီစကားကို ပြောခဲ့တယ်... အဲဒါကို မမေ့နဲ့"
လီယွဲ့ကျင်း၏ စိတ်ထဲ တုန်လှုပ်သွားပြီး ခေါင်းညိတ်ကာ "နားလည်ပါပြီ အစ်ကိုမုန့်"
ကျွမ်းရှုယွမ်က အနည်းငယ် မျက်မှောင်ကြုတ်မိသော်လည်း နောက်ဆုံးတွင် သက်ပြင်းချကာ လီယွဲ့ကျင်းကိုသာ စီစဉ်ခိုင်းလိုက်တော့၏။
ဆက်ရန်...
အပိုင်း(၂၃၂) ပူးပေါင်းဆောင်ရွက်မှာလား
ဝူမုန့်တစ်ယောက် ဂူထဲသို့ ပြန်လှည့်သွားသည်ကို ကြည့်ပြီး ကျွမ်းရှုယွမ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
လီယွဲ့ကျင်းက "အစ်ကိုမုန့်က အရာရာကောင်းမွန်ပြည့်စုံပေမယ့် စိတ်သဘောထား အရမ်းနူးညံ့လွန်းတယ်" ဟု ဆိုသည်။
ကျွမ်းရှုယွမ်က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး "တကယ်လို့ သူသာ သဘောထား မနူးညံ့ခဲ့ရင်... လူတိုင်းကို စည်းလုံးညီညွတ်အောင် ထိန်းသိမ်းထားနိုင်တဲ့ စိတ်ထားမျိုး မရှိခဲ့ရင်... ငါတို့တွေ အစကတည်းက သူကယ်တာ ခံခဲ့ရပါ့မလား" ဟု ပြန်ပြောလိုက်သည်။
လီယွဲ့ကျင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင် လင်းယွမ်တို့ဘက်ကို သွားပြီး ဆွေးနွေးဖို့ လူလွှတ်လိုက်တော့မယ်" ဟု ပြောသည်။
ကျွမ်းရှုယွမ် တစ်ချက်မျှ စဉ်းစားလိုက်ပြီး "သွားလိုက်ပါ... အခု ဒီရေလှိုင်းလုံးကြီး ရောက်လာတော့မှာဆိုတော့ သူ့ကို စဉ်းစားဖို့ အချိန်နည်းနည်း ပေးလိုက်ပါ... ဒီရေလှိုင်းလုံးကြီး ပြီးသွားတဲ့အခါ သူ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ကျောက်တွင်းဧရိယာမှာ နေရာတစ်နေရာရဖို့ ငါတို့ လူလွှတ်ရမှာပဲ" ဟု ဆိုသည်။
လီယွဲ့ကျင်းက ခေါင်းညိတ်လျက် "သူက စဉ်းစားတတ်တဲ့လူပဲ... ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိမှာပါ" ဟု ပြောလိုက်လေသည်။
......
ထိုအချိန်တွင် လင်းယွမ်ကတော့ မြေကြီးအောက်၌ အဆက်မပြတ် လျှိုးဝင်သွားလာနေ၏။
မြေလျှိုးအစွမ်းသည် ခရီးသွားလာရာတွင် တကယ်ကို အဆင်ပြေလွန်းလှသည်။
မြေပြင်အနေအထား ဘယ်လောက်ပဲ ရှုပ်ထွေးပွေလီနေပါစေ မြေအောက်ရောက်သွားသည်နှင့် ဘာကိုမှ ဂရုစိုက်စရာ မလိုတော့ပေ။
မီးဝါးတောမှ ကျောက်တွင်းဧရိယာသို့ မြေပြင်ပေါ်မှ သွားမည်ဆိုပါက တစ်နာရီကျော် ကြာမြင့်မည် ဖြစ်သော်လည်း မြေလျှိုးအစွမ်းကို အသုံးပြုပြီး မြေအောက်မှ တိုက်ရိုက်သွားပါက နာရီဝက်ပင် မကြာပေ။
အဘယ်ကြောင့်ဆိုသော် မြေအောက်လမ်းကြောင်းသည် ကွေ့ပတ်သွားစရာမလိုဘဲ တစ်ဖြောင့်တည်း သွားနိုင်သောကြောင့် အမြန်ဆုံးပင် ဖြစ်သည်။
နာရီဝက်ကြာသောအခါ လင်းယွမ် ကျောက်တွင်းဧရိယာသို့ ရောက်ရှိလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည် မြေကြီးထဲမှ တိုးထွက်လာပြီးနောက် ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင် ကုန်ဆုံးမှုကို အာရုံခံကြည့်လိုက်ရာ မရယ်မောဘဲ မနေနိုင်တော့ချေ။
"မြေလျှိုးအစွမ်းက သန္ဓေပြောင်းစွမ်းအင် သိပ်မကုန်ပဲ စိတ်စွမ်းအင် ပိုကုန်တာပဲ"
"ဒီလို ကုန်ဆုံးနှုန်းမျိုးနဲ့ဆိုရင် ငါ တစ်နေကုန် မြေလျှိုးအစွမ်းကို သုံးရင်တောင်မှ သန္ဓေပြောင်းစွမ်းအင် ကုန်သွားမယ့် အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး"
ဤအစွမ်းသည် ကြွက်သားပေါက်ကွဲအစွမ်းကဲ့သို့သော အစွမ်းများနှင့် မတူဘဲ သန္ဓေပြောင်းစွမ်းအင် ကုန်ဆုံးမှု နည်းပါးလှသည်။
ကြွက်သားပေါက်ကွဲအစွမ်းမှာမူ ပေါက်ကွဲအားပြင်းသော အစွမ်းဖြစ်သည့်အတွက် စွမ်းအင်သာမက ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုပါ ကုန်ဆုံးစေသည်။
သူသည် ကျောက်တွင်းထဲသို့ ဝင်ရောက်လာပြီး ရန်ဆန်းမင်၊ တင်းယန်နှင့် အခြားလူများကို ရှာဖွေတွေ့ရှိလိုက်သည်။
"ဒီတစ်ခေါက် ပြန်သွားတုန်း သင်္ကေတကျောက်တုံး နှစ်မျိုးကို ငါ စမ်းသပ်တီထွင်နိုင်ခဲ့တယ်... အခု မင်းတို့ တစ်ယောက်ကို နှစ်တုံးစီ ယူထားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြ"
"သင်္ကေတကျောက်တုံး"
"ဒါက ဘာသင်္ကေတကျောက်တုံးလဲ"
ရန်ဆန်းမင်နှင့် တင်းယန်တို့ အပါအဝင် လူတိုင်း အံ့သြတကြီး မေးမြန်းလိုက်ကြသည်။
လင်းယွမ်က အဖြူရောင် သင်္ကေတကျောက်တုံးကို ညွှန်ပြရင်း "ဒါက လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံးပဲ... သူ့ကို အသက်သွင်းလိုက်ရင် လိပ်ခွံပုံစံ စိတ်စွမ်းအင် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာပြီး စိတ်စွမ်းအင် တိုက်ခိုက်မှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို ကာကွယ်ပေးနိုင်တယ်"
"ဒါပေမယ့် အဓိကကတော့ စိတ်စွမ်းအင် တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ပဲ... ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအပေါ် ကာကွယ်နိုင်စွမ်းကတော့ သာမန်ပါပဲ" ဟု ရှင်းပြလိုက်သည်။
ထိုစကားကို ကြားသည်နှင့် လူတိုင်း၏ မျက်နှာပေါ်တွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်ွထွက်လာကြသည်။
"စိတ်စွမ်းအင် အကာအကွယ် သင်္ကေတကျောက်တုံး"
"ကောင်းလိုက်တာ... လင်းယွမ်... ဒီကျောက်တုံးသာရှိရင် စိတ်စွမ်းအင်အစွမ်း သုံးတဲ့သူတွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ ငါတို့တွေ ပိုပြီး ယုံကြည်ချက် ရှိလာတော့မှာပဲ"
တင်းယန်က "လင်းယွမ်... ဒီသင်္ကေတကျောက်တုံးကို ရှင် လုပ်လိုက်တာလား" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်ပြပြီး "ဟုတ်တယ်... ငါ့ဘာသာ လုပ်ထားတာ... ဓာတ်မဲ့ စွမ်းအင်ကျောက်တုံးကို သုံးဖို့ လိုအပ်တယ်" ဟု ပြောသည်။
တင်းယန်က ခေါင်းညိတ်ကာ "ဒီသင်္ကေတကျောက်တုံးက အရမ်းတန်ဖိုးရှိတယ်... တခြားလူတွေကို လုံးဝ ထုတ်မရောင်းနဲ့နော်" ဟု သတိပေးလေသည်။
လင်းယွမ် ပြုံးလိုက်ပြီး "ငါ သိပါတယ်" ဟု ပြောလိုက်သည်။
ထို့နောက် သူက မြေဝါရောင် သင်္ကေတကျောက်တုံးကို ဆက်လက် မိတ်ဆက်ပေးသည်။
"ဒါကတော့ ကျောက်အကြေးခွံ အကာအကွယ် သင်္ကေတကျောက်တုံးပဲ... မြေဓာတ် အကာအကွယ် သင်္ကေတ ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှာ ကျောက်အကြေးခွံဝတ်စုံ တစ်လွှာ ဖုံးအုပ်ပေးနိုင်တယ်... ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုနဲ့ စိတ်စွမ်းအင် ကာကွယ်မှု နှစ်မျိုးစလုံး ပါဝင်တယ်"
"ဒါပေမယ့် အဓိက အစွမ်းကတော့ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုပဲ... စိတ်စွမ်းအင် ကာကွယ်မှု အာနိသင်ကတော့ သာမန်ပဲမို့လို့ စိတ်စွမ်းအင် အစွမ်းထက်တဲ့သူနဲ့ တွေ့ရင် လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကို သုံးတာ ပိုကောင်းလိမ့်မယ်"
လူတိုင်း စမ်းသပ်ကြည့်လိုက်ကြရာ ဝမ်းသာအားရ ဖြစ်သွားကြသည်။
ဤသို့ဖြင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အကြီးအကျယ် တိုးတက်လာတော့သည်။
အထူးသဖြင့် ရှီဟိုင်ကျူး ဖြစ်သည်။ သူသည် မူလကပင် ကျောက်အသွင်ပြောင်း အစွမ်းကို ပိုင်ဆိုင်ထားသူဖြစ်ရာ ယခု ကျောက်အကြေးခွံ အကာအကွယ်နှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ ကာကွယ်နိုင်စွမ်းမှာ တစ်ဆင့်ပိုမြင့်သွားပြီး လူသားတင့်ကားကြီး တစ်စင်းသဖွယ် ဖြစ်လာတော့သည်။
ထို့အပြင် လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံးပါ ရှိနေသဖြင့် သူ၏ စိတ်စွမ်းအင် အကာအကွယ် အားနည်းချက်လည်း ပျောက်ကွယ်သွားကာ ယခုအခါတွင် သူသည် ဓားမတိုး လှံမတိုး လူသားတစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ရန်ဆန်းမင်ကမူ သူ၏ အစွမ်းနှင့် ကျောက်အကြေးခွံဝတ်စုံကို ပေါင်းစပ်ရန် ကြိုးစားကြည့်ရာ တကယ်ပင် အလုပ်ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
အကြေးခွံများ ဖုံးအုပ်ထားသော သူ၏ လက်ဝါးသည် ချက်ချင်းပင် ထက်ရှသော လက်နက်တစ်ခု ဖြစ်လာပြီး တောင်များကို တူးဆွခြင်းနှင့် ကျောက်တုံးများကို ခွဲခြင်းမှာ အလွန် လွယ်ကူသွားတော့သည်။
တကယ့်ကို တိုက်ခိုက်မှုနှင့် ခံစစ် တစ်သားတည်း ဖြစ်သွားခြင်းပင်။
အခြားသူများလည်း သင်္ကေတကျောက်တုံး၏ အစွမ်းများကို မိမိတို့၏ တိုက်ခိုက်ရေး ပုံစံများတွင် ပေါင်းစပ်ရန် ကြိုးစားနေကြသည်။
ခေတ္တမျှ ကျောက်တွင်းဂူထဲတွင် စိတ်လှုပ်ရှားသံများနှင့် အောင်ပွဲခံသံများ ဖုံးလွှမ်းသွားသည်။
ဤသင်္ကေတကျောက်တုံး နှစ်မျိုးကို ရရှိလိုက်သဖြင့် မကြာမီ ရောက်လာတော့မည့် ပင်လယ်ဒီရေ ဘေးအန္တရာယ်အတွက် လူတိုင်း ယုံကြည်မှု ပိုမို တိုးပွားလာကြသည်။
လင်းယွမ်သည် သူတို့၏ စိတ်အားထက်သန်မှုကို မဟန့်တားဘဲ သူတို့နှင့်အတူ လိုက်ပါ လေ့ကျင့်ပေးကာ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးလေသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ လေ့ကျင့်ပုံများကို ကြည့်ရှုရင်း စိတ်ကူးဉာဏ်အသစ်များလည်း ရရှိလာခဲ့သည်။
နောင်တွင် မိမိ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို ပိုမို နက်ရှိုင်းစွာ ထုတ်ဖော်နိုင်မလားဟု စမ်းသပ် တွေးတောမိသည်။
နေ့တစ်ဝက်ခန့် ကြာပြီးနောက် လူတိုင်း သင်္ကေတကျောက်တုံး နှစ်မျိုးနှင့် ရင်းနှီးကျွမ်းဝင်သွားကြသည်။
လင်းယွမ်သည် တင်းယန်ကို သီးသန့် ခေါ်ထုတ်လိုက်ပြီး အိတ်ငယ်လေးတစ်လုံးကို ထုတ်ကာ သူမလက်ထဲ ထည့်ပေးလိုက်သည်။
တင်းယန် အနည်းငယ် ကြောင်အမ်းသွားပြီး လင်းယွမ်ကို သံသယဖြင့် ကြည့်ကာ "ဘာကြီးလဲ" ဟု မေးလိုက်သည်။
သူမ ဖွင့်ကြည့်လိုက်ရာ အတွင်း၌ သင်္ကေတကျောက်တုံး (၁၀) တုံးကို တွေ့လိုက်ရသည်။ လိပ်ခွံစွမ်းအင်အကာအကွယ် (၅) တုံးနှင့် ကျောက်အကြေးခွံ အကာအကွယ် (၅) တုံး ဖြစ်သည်။
လင်းယွမ်က သူမကို ကြည့်ပြီး လေသံတိုးတိုးဖြင့် "ဒီတစ်ခေါက် ပင်လယ်ဒီရေ ဘေးအန္တရာယ်ကျရင် ငါက မီးဝါးတောမှာပဲ နေရမှာ... ဒီဘက်မှာ ငါ စိတ်မချရဆုံးက နင်ပဲ"
"ဒါတွေက ငါ့လက်ထဲမှာ ကျန်တဲ့ သင်္ကေတကျောက်တုံး အကုန်ပဲ... တစ်ခုခု ဖြစ်လာခဲ့ရင် သုံးရအောင် နင် ယူထားလိုက်"
တင်းယန် ကြားလိုက်သည်နှင့် မျက်ဝန်းအိမ်များ နီရဲသွားပြီး ရင်ထဲတွင် ကြည်နူးသွားလေသည်။
သူမက ချက်ချင်းပင် "ဒါဆို ရှင်တို့ဘက်ကော ဘယ်လိုလုပ်မလဲ... ရှင် ပြန်ယူသွားလိုက်ပါ" ဟု ပြောသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "အဲဒီဘက်မှာ ငါ ရှိနေမှတော့ လောလောဆယ် ဒါတွေ မလိုပါဘူး"
"ငါတောင် မကာကွယ်နိုင်ဘူးဆိုရင် ဒီသင်္ကေတကျောက်တုံးတွေကို အားကိုးပြီး ကာကွယ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး"
သူက ဆက်လက်ပြီး "ဒီကျောက်ဂူက သဘာဝအတိုင်း ဖြစ်နေတာ... မြေလျှိုးအစွမ်းလိုမျိုး တတ်ကျွမ်းတဲ့ သန္ဓေပြောင်းသတ္တဝါတွေက လွဲပြီး သာမန် သန္ဓေပြောင်းသတ္တဝါတွေ ဒီနေရာကို ရှာတွေ့ဖို့ ခက်တယ်"
"ဒါကြောင့် လုံခြုံရေးအရ ကြည့်မယ်ဆိုရင် နင်တို့ ဒီနေရာက ပိုပြီး ဘေးကင်းတယ်"
"ပြီးတော့ ဒီနေရာရဲ့ မြေမျက်နှာသွင်ပြင်က မီးဝါးတောထက် ပိုမြင့်တယ်... ပင်လယ်ဒီရေ ဘယ်လောက်ပဲ တက်တက် နင်တို့ဆီအထိ ရောက်လာမှာ မဟုတ်ဘူး"
"တောထဲက ထွက်လာမယ့် သန္ဓေပြောင်းသတ္တဝါ အကောင်ကြီးတွေကိုပဲ သတိထား"
"ဒီအချိန်အတောအတွင်း နင်တို့ အပြင်မထွက်နဲ့... ဒီနေရာမှာပဲ သေချာ စောင့်နေလိုက်"
သူက အထပ်ထပ် မှာကြားနေသည်ကို ကြည့်ပြီး တင်းယန်၏ ရင်ထဲတွင် နွေးထွေးသွားကာ ရှားပါးလှသည့် မိန်းမဆန်ဆန် အမူအရာလေးဖြင့် ခေါင်းကို ညိတ်ပြလိုက်သည်။
လင်းယွမ် မော့ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ အခြားလူများမှာ သင်္ကေတကျောက်တုံး လေ့ကျင့်မှုထဲတွင် စီးမျောနေသည်ကို တွေ့လိုက်ရသဖြင့် အဖြူရောင် သင်္ကေတကျောက်တုံး တစ်တုံးကို တိတ်တဆိတ် ထုတ်ယူပြီး တင်းယန်ကို သီးသန့် ထပ်ပေးလိုက်သည်။
သူက လေသံနှိမ့်ပြီး "ဒါက ရေကွင်းသင်္ကေတပဲ... ငါ့မှာလည်း ဒီတစ်တုံးပဲ ရှိတာ... အရင်တုန်းက ဝူမုန့် ပေးခဲ့တာလေ"
"တကယ်လို့ အရမ်း အန္တရာယ်များတဲ့ အခြေအနေမျိုး ကြုံလာရရင် ဒီရေကွင်းသင်္ကေတကို ကိုင်ပြီး ရေထဲကို ပြေးဆင်းလိုက်... နားလည်လား"
တင်းယန် မော့ကြည့်လိုက်ပြီး "လင်းယွမ်... ဒီတစ်ခေါက် ပင်လယ်ဒီရေက တကယ်ပဲ အဲဒီလောက် အန္တရာယ်များမှာလား" ဟု မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ် ခေါင်းခါလိုက်ပြီး "ငါလည်း မသိဘူး... ဒါပေမယ့် အဆိုးရွားဆုံး အခြေအနေကို မျှော်မှန်းပြီး စဉ်းစားထားရမှာပဲ... ငါတို့လည်း ပင်လယ်ဒီရေ ဘေးအန္တရာယ်ကို မကြုံဖူးသေးဘူးလေ"
"ဘယ်လိုပဲဖြစ်ဖြစ်... နင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်... သိတယ်မလား"
"ရှင်... ကျွန်မကို စိတ်ပူနေတာလား" တင်းယန်က လင်းယွမ်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
လင်းယွမ် သက်ပြင်းချလိုက်ပြီး သူမ၏ ရှည်လျားလာသော ဆံနွယ်များကို သပ်တင်ပေးရင်း "ငါတို့ အတူတူ ဖြတ်သန်းခဲ့တာတွေ ဒီလောက်များနေပြီပဲ... ငါ နင့်ကို စိတ်မပူဘဲ နေပါ့မလား" ဟု ပြောလိုက်သည်။
တင်းယန် ချက်ချင်းပင် ပြုံးလိုက်ပြီး "စိတ်ချပါ... ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ကာကွယ်မှာပါ" ဟု ပြောလေသည်။
တင်းယန်သည် ဘယ်တုန်းကမှ ချွဲနွဲ့တတ်သူ တစ်ယောက် မဟုတ်သလို အချိုအပြုံး စကားများ ပြောတတ်သူလည်း မဟုတ်ပေ။
သူမသည် ရင့်ကျက်သည့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူမ ချစ်ခင်နှစ်သက်သည့် လူရှေ့၌ပင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သူ ဖြစ်သည်။
"ဒီည ရှင် ဒီမှာ နေမှာလား" ဟု သူမ ရုတ်တရက် မေးလိုက်သည်။
ဤသည်မှာ သူမဘက်က အပွင့်လင်းဆုံး ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။
လင်းယွမ် မျက်တောင်ခတ်လိုက်ပြီး "ဒီဂူထဲမှာလား... လူတွေ အရမ်းများနေတယ်လေ" ဟု မေးလိုက်သည်။
တင်းယန် နှုတ်ခမ်းကို စေ့လိုက်ပြီး နောက်ဆုံးတွင် စဉ်းစားလိုက်ကာ "ထားလိုက်ပါတော့... ဒီနေရာက တကယ်ပဲ အဆင်မပြေပါဘူး... နောက်မှ ရှင့်အိမ်ကို လိုက်ခဲ့မယ်" ဟု ပြောလိုက်သည်။
လင်းယွမ်က ဟားခနဲ ရယ်မောလိုက်ပြီး "အခန်းတောင် နင့်အတွက် သီးသန့် ချန်ထားပြီးသားပါ"
တင်းယန် နှုတ်ခမ်းထောင့်လေး ကွေးတက်သွားပြီး "ကျွန်မ သိသားပဲ... ရှင်နဲ့ ရန်မေ နှစ်ယောက်တည်း နေတာကို အိပ်ခန်းသုံးခန်း ဧည့်ခန်းတစ်ခန်း ပါတဲ့အိမ် လိုလို့လား... နောက်ထပ် အခန်းတစ်ခန်းက ဆုန့်ဝမ်အတွက် ချန်ထားတာ မဟုတ်လား"
လင်းယွမ်က ဟီးခနဲ ရယ်လိုက်ပြီး "စာကြည့်ခန်းပါ... အကုန်လုံး စာကြည့်ခန်းတွေပါ"
တင်းယန်က နှာခေါင်းရှုံ့လိုက်ပြီး "စာလေ့လာတာ အဲဒီလောက် ကြိုက်သလား... ကျွန်မက ကျောင်းဆရာမဆိုတာ ရှင် သိတယ်မလား... နောက်တစ်ခါကျရင် ရှင့်စာကြည့်ခန်းထဲမှာ ကျွန်မ ကိုယ်တိုင် စာသင်ပေးရမလား"
လင်းယွမ် ရယ်မောလိုက်ပြီး "ဒါဆိုရင် နင် ဆရာမယူနီဖောင်း ဝတ်ထားမှ ဖြစ်မယ်"
"ရှင်နော်... အရိုက်ခံချင်နေပြီလား"
တင်းယန်က သူ့ကို လှမ်းရိုက်လိုက်ပြီးနောက် သူမကိုယ်တိုင်လည်း ရယ်မောလိုက်မိသည်။
နှစ်ယောက်သား ရယ်ရယ်မောမော ပြောဆိုနေကြရင်း နေ့လယ်စာ စားချိန်သို့ ရောက်ရှိလာခဲ့သည်။
လင်းယွမ်က ပစ္စည်းများကို ကြိုတင် ထုတ်ပေးထားပြီးဖြစ်သည်။ ဆန်၊ ဂျုံ၊ ဆီ၊ ဆား အပြင် လျှပ်စစ်ပစ္စည်း တစ်စုံလုံး ပါဝင်သည်။
သူက မီးစက်ကို ကျောက်တွင်းဘက်တွင် ချန်ထားခဲ့လိုက်သည်။ သူ့ဘက်တွင် ဘက်ထရီအိုးများ ရှိသလို လျှပ်စစ်ထုတ်ပေးနိုင်သည့် တုံကျဲလည်း ရှိနေသဖြင့် ဤမီးစက်ကို သူတို့အား ခေတ္တ ပေးသုံးထားခြင်း ဖြစ်သည်။
ပင်လယ်ဒီရေ တက်မည့် နှစ်ရက်တာ ကာလအတွင်း သူတို့ဘက်တွင် မီးမွှေးပြီး ထမင်းချက်ရန် အဆင်မပြေပေ။ မီးမွှေးပါက သန္ဓေပြောင်းသတ္တဝါများ၏ အာရုံစိုက်မှုကို ခံရနိုင်သည်။
သို့သော် လင်းယွမ် နောက်မှ သိလိုက်ရသည်မှာ ကျောက်တွင်းလုပ်သားများသည် ထမင်းချက်ရာတွင် မီးမွှေးစရာမလိုဘဲ မီးဓာတ် စွမ်းအင်ကျောက်တုံး အမှုန့်များကို အသုံးပြု၍ အပူပေးကာ ချက်ပြုတ်ကြခြင်း ဖြစ်သည်။
လင်းယွမ် ပြန်ရောက်လျှင် မီးဝါးတောဘက်ရှိ လူများကိုလည်း ဤနည်းလမ်းအတိုင်း အသုံးပြုခိုင်းရန် စဉ်းစားထားသည်။
အဘယ်ကြောင့်ဆိုသော် မီးအစစ်ကို အသုံးပြုခြင်းသည် အန္တရာယ်များသောကြောင့် ဖြစ်သည်။
စားသောက်ပြီးနောက် လင်းယွမ် ချက်ချင်း မပြန်သေးဘဲ အချိန်ရနေသေးသဖြင့် လူများကို ဦးဆောင်ကာ ကျောက် ဆက်တူးလေသည်။
ညနေရောက်သည်အထိ သူသည် ဓာတ် စွမ်းအင်ကျောက်တုံး (၁၀၀) ကျော်နှင့် ဓာတ်မဲ့ စွမ်းအင်ကျောက်တုံး (၂၀၀) ကျော် ရရှိလိုက်သည်။
လင်းယွမ် အားလုံးကို သိမ်းဆည်းလိုက်ပြီး လူများကို နှုတ်ဆက်ကာ မီးဝါးတောသို့ အလျင်အမြန် ပြန်လာခဲ့သည်။
မြေလျှိုးအစွမ်း ရှိနေသဖြင့် ပြန်လာရာတွင် နာရီဝက်သာ ကြာမြင့်ပြီး တကယ်ကို အဆင်ပြေလှသည်။
မီးဝါးတောသို့ ပြန်ရောက်သည်နှင့် သူသည် ဝါးအိမ်ဆီသို့ မြေလျှိုးအစွမ်းဖြင့် တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
တံခါးဝသို့ ဝင်လိုက်သည်နှင့် ကျောက်ခိုင်နှင့် အခြားလူများ စုဝေးနေကြပြီး မျက်နှာထားများ မကောင်းကြသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က ချက်ချင်းပင် ဝင်သွားလိုက်ပြီး "ဘာဖြစ်ကြတာလဲ... ဒီနေ့ ဘာလို့ ဒီမှာ လာထိုင်နေကြတာလဲ" ဟု မေးလိုက်သည်။
လင်းယွမ်ကို တွေ့သည်နှင့် လူတိုင်း ဝမ်းသာသွားကြပြီး နေရာမှ ထလိုက်ကြသည်။
"အစ်ကိုလင်း... ပြန်ရောက်လာပြီပဲ"
"အစ်ကိုလင်း... အထဲ ဝင်ပါဦး"
"လင်းယွမ်... ပြဿနာတက်ပြီ"
လင်းယွမ်က လက်ကာပြလိုက်ပြီး "မလန့်ကြနဲ့... မလန့်ကြနဲ့... ကျောက်ခိုင်... မင်း ပြောစမ်း... ဘာဖြစ်တာလဲ"
ကျောက်ခိုင်က "အစ်ကိုလင်း... ဒီနေ့ အစ်ကိုမရှိတုန်း သိုင်းဘုရင်ဂေဟာက ယွမ်ရွေ့ ရောက်လာတယ်" ဟု အလျင်အမြန် ပြောလိုက်သည်။
"ယွမ်ရွေ့"
လင်းယွမ်၏ ခေါင်းထဲတွင် မာနကြီးသည့် လူငယ်တစ်ယောက်ပုံ ပေါ်လာသည်။ ထိုလူငယ်သည်လည်း မြေလျှိုးအစွမ်းကို ကျွမ်းကျင်သူ ဖြစ်သည်။
ယခုအခါ သူရော ထိုလူငယ်ပါ မြေလျှိုးအစွမ်းကို တတ်ကျွမ်းထားကြရာ ဘယ်သူက ပိုအစွမ်းထက်မလဲ ဆိုသည်ကိုတော့ မသိသေးပေ။
"သူ ဘာလာလုပ်တာလဲ"
ကျောက်ခိုင်က "အစ်ကိုလင်း... သိုင်းဘုရင်ဂေဟာက လူတွေက ဘယ်က သတင်းရလဲ မသိဘူး... အစ်ကို ထျန်ဝေကို သတ်ပြီး ကျောက်တွင်းကို သိမ်းပိုက်လိုက်တဲ့ ကိစ္စကို သိသွားကြတယ်"
"ယွမ်ရွေ့က သိုင်းဘုရင်ဂေဟာ ကိုယ်စား လာမေးတာ... ငါတို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုမလိုတဲ့... သူပြောတာက ကျောက်တွင်းဆိုတဲ့ ကိတ်မုန့်ကြီးကို ငါတို့တစ်ဖွဲ့တည်းနဲ့ အကုန်မြိုချဖို့ဆိုတာ မဖြစ်နိုင်ဘူးတဲ့"
"ဖုန်းဟွမ်ဘုရားကျောင်းက ထူလုံပဲဖြစ်ဖြစ်၊ မိန်ဟိုင်ဥယျာဉ်ဘက်က လီယွဲ့ဖုန်းပဲဖြစ်ဖြစ် ငါတို့ တစ်ယောက်တည်း လက်ဝါးကြီးအုပ်တာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးတဲ့"
"အဲဒီနှစ်ဖွဲ့လုံးက အခု သတင်းရနေလောက်ပြီ... ဒီတစ်ခေါက် ပင်လယ်ဒီရေ ပြီးသွားတာနဲ့ ငါတို့ဆီ ပြဿနာလာရှာကြတော့မှာတဲ့"
"သူ့သဘောကတော့ သိုင်းဘုရင်ဂေဟာက ငါတို့နဲ့ ပူးပေါင်းချင်တယ်... ကျောက်တွင်းကို အတူတူ တူးဖော်ကြမယ်ပေါ့"
ကျောက်ခိုင်က ယွမ်ရွေ့၏ ဆိုလိုရင်းကို တိတိကျကျနှင့် ပြတ်သားစွာ ပြောပြလိုက်သည်။
လင်းယွမ် မျက်ခုံးပင့်လိုက်ပြီး "ဟဟ... အချောင်လိုချင်နေတာပဲ... ပူးပေါင်းမယ်ဆိုတဲ့ စကားတောင် ပြောတတ်သေးတယ်"
"ကြည့်ရတာ ပြီးခဲ့တဲ့တစ်ခေါက် ဝူမုန့်နဲ့ တိုက်ခိုက်တုန်းက အလကား ဖြစ်မသွားဘူးပဲ... သူက ဘယ်လို ပူးပေါင်းမယ်လို့ ပြောလဲ" ဟု မေးလိုက်သည်။
"အစ်ကိုလင်း... ကျွန်မတို့ သူတို့နဲ့ တကယ်ပဲ ပူးပေါင်းရမှာလား" ဆုန့်ဝမ်က မနေနိုင်ဘဲ မေးလိုက်သည်။
ကျောက်ခိုင်ကလည်း ဒေါသတကြီးဖြင့် "မဟုတ်ဘူးလေ အစ်ကိုလင်း... ကျွန်တော်တို့က ဘာကိစ္စ သူတို့နဲ့ ပူးပေါင်းရမှာလဲ... ဒီကျောက်တွင်းကို အစ်ကိုတစ်ယောက်တည်း တိုက်ယူထားတာလေ... ထျန်ဝေကိုလည်း အစ်ကိုတစ်ယောက်တည်း သတ်ခဲ့တာ... သူတို့က စကားတစ်ခွန်းပြောရုံနဲ့ ဘာမှမလုပ်ဘဲ အချောင် လာနှိုက်ချင်နေတာလေ"
လင်းယွမ် ခေါင်းခါလိုက်ပြီး "သူတို့ရဲ့ အင်အားကို အားကိုးပြီး ပြောတာပေါ့ကွာ... ဝူမုန့်ရဲ့ တိုက်ခိုက်နိုင်စွမ်းက မသေးဘူး... သူ့ရဲ့ လက်သီးက ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်က အရင်းအနှီးပဲ"
"တကယ်တော့ ဒီအထဲမှာ နောက်ကွယ်က အဓိပ္ပာယ်တစ်မျိုး ပါနေသေးတယ်... တကယ်လို့ ငါတို့က ဒီပူးပေါင်းမှုကို ငြင်းပယ်လိုက်မယ်ဆိုရင် ငါတို့ ရင်ဆိုင်ရမှာက ဖုန်းဟွမ်ဘုရားကျောင်းနဲ့ မိန်ဟိုင်ဥယျာဉ် ဆိုတဲ့ ခိုလှုံရေးစခန်း နှစ်ခုတည်းရဲ့ ခြိမ်းခြောက်မှု မဟုတ်တော့ဘူး"
"သူတို့ သိုင်းဘုရင်ဂေဟာကိုပါ ထည့်တွက်ရတော့မှာ"
ထိုစကားကို ကြားလိုက်ရသည်နှင့် ကျောက်ခိုင်၊ ဆုန့်ဝမ်နှင့် အခြားလူများ ဒေါသအကြီးအကျယ် ထွက်သွားကြသည်။
"ယုတ်မာလိုက်တာ... ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ သူတို့ကို သေချာ ဧည့်ခံကျွေးမွေးခဲ့တာတောင် သူတို့က ဒီလိုလုပ်ရက်တယ်"
"ဟုတ်ပါ့... ပြီးခဲ့တဲ့တစ်ခေါက်ကတောင် အခက်အခဲရှိရင် အချင်းချင်း ကူညီကြမယ်လို့ ကောင်းကောင်းမွန်မွန် ပြောထားကြသေးတယ်"
"ဝူမုန့်ကလည်း လူယုတ်မာပဲ... ပြောတစ်မျိုး လုပ်တစ်မျိုး"
လူတိုင်း ဒေါသတကြီး ဆဲဆိုနေကြပြီး ဤကဲ့သို့သော လုပ်ရပ်ကို ရွံရှာနေကြသည်။
လင်းယွမ် ခေါင်းခါလိုက်ပြီး "သိုင်းဘုရင်ဂေဟာက လူတွေက မျက်နှာသာ ပေးနေလို့ပေါ့... မဟုတ်ရင် တန်းပြီး လာခြိမ်းခြောက်မှာ... ဘာပူးပေါင်းမယ့်အကြောင်းမှ ပြောနေမှာ မဟုတ်ဘူး"
"ဒါပေမယ့်လည်းကွာ... သူတို့ပြောတဲ့ ပူးပေါင်းမယ်ဆိုတာက တကယ်တော့ ခြိမ်းခြောက်တာနဲ့ ဘာမှ မကွာပါဘူး"
"ဒီကျောက်တွင်းက တကယ့် ကိတ်မုန့်ကြီးပဲ... လူတိုင်းက လာပြီး တစ်ကိုက်လောက်တော့ ကိုက်ချင်ကြမှာပဲ... တကယ်လို့ ကိုယ့်ဘက်က အင်အားမလုံလောက်ရင်တော့ အကျပ်ရိုက်ပြီး လူတိုင်းရဲ့ ပစ်မှတ် ဖြစ်သွားမှာပဲ"
လင်းယွမ်သည် ဝူမုန့်ကို လေးစားမှု ရှိသေးသည်။ ထိုလူသည် တိုက်ခိုက်ရေး ပါရမီရှင် တစ်ယောက် ဖြစ်သည်။
အကယ်၍ ဝူမုန့် ကိုယ်တိုင်သာဆိုလျှင် ဤကဲ့သို့ လုပ်လိမ့်မည် မဟုတ်ဟု သူ ယုံကြည်သည်။
သို့သော် တစ်ဖက်လူမှာ မိသားစုနှင့် နောက်လိုက်နောက်ပါ အများအပြား ရှိနေသဖြင့် ကိစ္စရပ်တော်တော်များများကို သူတစ်ယောက်တည်း ဆုံးဖြတ်၍ ရမည် မဟုတ်ပေ။
သူ့ဘေးနားရှိ လူများက သူ့ကို မြှောက်ပေးနေခြင်း ဖြစ်မည်ဟု လင်းယွမ် ခန့်မှန်းမိသည်။
လင်းယွမ်က "သူတို့ ဘယ်လို ပူးပေါင်းမယ်ဆိုတာ ပြောသွားလား... ကျောက်တွင်းကို ပူးပေါင်းတူးဖော်မယ်ဆိုရင် အကျိုးအမြတ်ကို ဘယ်လို ခွဲဝေမလဲ" ဟု မေးလိုက်သည်။
သူသည် ပူးပေါင်းဆောင်ရွက်မှုဟု ဆိုသော ခေါင်းစဉ်အောက်မှ အဓိကအချက်ကို တန်းပြီး မေးလိုက်ခြင်း ဖြစ်သည်။
အကျိုးအမြတ် ခွဲဝေမှု ပြဿနာပင် ဖြစ်သည်။
အကယ်၍ အကျိုးအမြတ်ကို အသုံးပြုပြီး သိုင်းဘုရင်ဂေဟာကို ဆွဲစည်းထားနိုင်ကာ နှစ်ဖွဲ့သား တစ်သားတည်း ဖြစ်သွားမည်ဆိုပါက လင်းယွမ် အနေဖြင့် အကျိုးအမြတ် အနည်းငယ် အလျှော့ပေးလိုက်ရသည်ကို ဝန်လေးမည် မဟုတ်ပေ။
ပူးပေါင်းဆောင်ရွက်မှသာ နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဆိုသော ဝူမုန့်၏ ခံယူချက်ကို သူလည်း ထောက်ခံသည်။
သူ လူအင်အား လိုအပ်သည်။ သူ့အတွက် ငါးဖမ်းပေးပြီး အမှတ်ရှာပေးမည့် လူများ လိုအပ်သည်။
ထို့ကြောင့် လက်နက်မစွဲကိုင်ရဘဲ ပြီးသွားမည်ဆိုလျှင် အကောင်းဆုံးပင်။
လက်နက်စွဲကိုင်၍ တိုက်ခိုက်ကြပြီး လူသေဆုံးမှု ရှိလာပါက လူသားအရင်းအမြစ်များ ဆုံးရှုံးရုံသာ ရှိသည်။
ထိုအဖြစ်မျိုးကို သူ မလိုလားပေ။ အဘယ်ကြောင့်ဆိုသော် သူ့မျက်လုံးထဲတွင် ထိုလူများသည် နောင်တစ်ချိန် သူ့အတွက် အမှတ်ရှာပေးမည့် လုပ်အားများ ဖြစ်နေသောကြောင့်ပင်။
သို့သော် ကျောက်ခိုင်၏ နောက်ထပ် စကားတစ်ခွန်းက လင်းယွမ်၏ မျက်နှာကို မည်းမှောင်သွားစေခဲ့သည်။
"အစ်ကိုလင်း... သူတို့က သုံးပုံ ခုနစ်ပုံ တောင်းတယ်... တူးဖော်ရရှိတဲ့ စွမ်းအင်ကျောက်တုံးတွေကို သူတို့က (၇) ပုံ ယူမယ်... ပြီးတော့ ကျောက်တွင်းကို ဦးစားပေး ရွေးချယ်ခွင့် ရှိရမယ်တဲ့"
လင်းယွမ် မျက်နှာ တင်းမာသွားပြီး ကျောက်ခိုင်ကို မော့ကြည့်ကာ "သူ အဲဒီလို ပြောတာလား"
ကျောက်ခိုင်က ဒေါသတကြီးဖြင့် "ဟုတ်တယ်... အဲဒီတုန်းက ကျွန်တော်တို့ အကုန် ရှိတယ်... ကျွန်တော် ဒေါသထွက်လွန်းလို့ ထတောင် ထိုးမလို့ လုပ်သေးတယ်"
လင်းယွမ်က လေသံအေးစက်စက်ဖြင့် "ဒါ သူ့သဘောလား... ဝူမုန့်သဘောလားဆိုတာ မင်း မမေးလိုက်ဘူးလား"
ကျောက်ခိုင်က "မေးတယ်... သူပြောတာက သိုင်းဘုရင်ဂေဟာ တစ်ခုလုံးရဲ့ သဘောထားတဲ့"
"ဒါက ကျွန်တော်တို့ရဲ့ အင်အားအပေါ် မူတည်ပြီး အကောင်းဆုံး ခွဲဝေမှု အချိုးအစားကို ပေးထားတာတဲ့"
"သူ့သဘောကတော့ ကျွန်တော်တို့က (၃) ပုံနဲ့ပဲ တန်တယ်တဲ့... ဒါတောင် အစ်ကိုလင်းက ဝူမုန့်ရဲ့ တတိယအဆင့် သွေးသားခန္ဓာကိုယ် လက်သီးတစ်ချက်ကို ခံနိုင်ရည်ရှိခဲ့လို့ ဒီလောက် ပေးတာတဲ့"
လင်းယွမ် ရယ်မောလိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင်မူ အပြုံးရိပ်များ မရှိတော့ပေ။
"ဟဟ... ဒါ ပူးပေါင်းတာ ဟုတ်ရဲ့လား... မတရား စာချုပ် လာချုပ်ခိုင်းနေတာပဲ"
သူ့အကြည့်များ အေးစက်နေပြီး ရင်ထဲတွင် ဒေါသများ တောက်လောင်နေသည်။
ဟိုတုန်းက မီးဝါးတောတွင် ဝူမုန့်နှင့် တိုက်ခိုက်ခဲ့စဉ်က ဝူမုန့်၏ အစွမ်းကို သူ အံ့သြခဲ့ရသည်မှာ အမှန်ပင်။
သို့သော် ထိုအချက်က လင်းယွမ်သည် ဝူမုန့်နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။
ထိုအချိန်တုန်းက လင်းယွမ်၌ အသုံးမပြုရသေးသော အစွမ်းပုလဲ ရှိနေသေးကြောင်း သိထားရမည်။
အစိမ်းရောင်အဆင့် "ရုပ်သေးကြိုးမျှင်" အစွမ်းကို ထိုစဉ်က သူ နားမလည်သေးသော်လည်း အစွမ်းပုလဲကို အသုံးပြုပြီး တိုက်ရိုက် ထုတ်သုံးနိုင်စွမ်း ရှိသည်။
အကယ်၍ ရုပ်သေးကြိုးကိုသာ အသုံးပြုလိုက်ပါက ဝူမုန့် ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သူ့ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ဟု လင်းယွမ် ယုံကြည်သည်။
သူက အစွမ်းပုလဲထဲမှ စွမ်းအင်များ ကုန်ဆုံးသွားမည်ကို နှမြောသဖြင့် ထိုစဉ်က လိပ်ခွံကဲ့သို့ ပျက်စီးသွားမည်ကို စိုးရိမ်ပြီး မသုံးခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်လူ၏ မျက်လုံးထဲတွင်မူ သူသည် ဝူမုန့်၏ လက်သီးချက်ကို မနည်း တောင့်ခံခဲ့ရသည်ဟု ထင်မြင်သွားကြသည်လား...
ဒီရက်ပိုင်းအတွင်း ဝူမုန့်ကြောင့် စိတ်ကူးဉာဏ်ပွင့်သွားပြီး သူ့ကိုယ်သူ "ဆင့်ကဲပြောင်းလဲခြင်း" အစွမ်းကို နက်ရှိုင်းစွာ တူးဖော်ခဲ့သည်။
ထူးကဲသော ကိုယ်တိုင် ကုစားနိုင်စွမ်း ဆင့်ကဲဖြစ်ပေါ်လာရုံသာမက တိုက်ခိုက်ခံနိုင်စွမ်းနှင့် လက်သီးအား စုစည်းမှုတို့တွင်လည်း မသေးလှသော တိုးတက်မှုများ ရရှိထားသည်။
ပြီးတော့ သူ၏ အရည်အသွေးများ ထပ်မံ တိုးမြင့်လာပြီးနောက် အစွမ်းသစ် နှစ်မျိုးကိုလည်း အောင်မြင်စွာ တတ်မြောက်ထားပြီး ဖြစ်သည်။
ယခု သူ ဘယ်လောက် အစွမ်းထက်နေပြီလဲ ဆိုသည်ကို သူကိုယ်တိုင်ပင် မသိတော့ပေ။
သိုင်းဘုရင်ဂေဟာက လူတွေက သူ့အင်အားကို အကြောင်းပြချက်လုပ်ပြီး ဈေးနှိမ်ကာ ပူးပေါင်းမည်ဟု လာပြောကြသည်။
လင်းယွမ် ဒေါသထွက်လွန်းလို့ ရယ်ချင်စိတ်ပင် ပေါက်သွားသည်။
သူ ထိုင်ရာမှ ချက်ချင်း ထရပ်လိုက်ပြီး "သူ နောက်တစ်ခေါက် ထပ်လာရင် မင်း သူ့ကို တိုက်ရိုက် ပြောလိုက်... ငါ လင်းယွမ်က သူတို့နဲ့ ပူးပေါင်းဖို့ ငြင်းတယ်လို့"
"သူတို့ တကယ်ပဲ ဒီကိတ်မုန့်ကြီးကို လာကိုက်ချင်ရင် လာခဲ့လိုက်လို့"
"အဲဒီအချိန်ကျရင် ငါ့ကို သံယောဇဉ် မရှိဘူးလို့ အပြစ်မပြောနဲ့"
"ငါ့လက်သီးက သူတို့ သွားတွေ အကုန်ကျွတ်ထွက်သွားအောင် ထိုးပစ်လိမ့်မယ်"
သူ့မျက်နှာထား တင်းမာခက်ထန်နေပြီး မျက်ဝန်းအိမ်ထဲတွင် ဒေါသအငွေ့အသက်များ ဖြတ်သန်းသွားသည်။
သူတို့က လင်းယွမ်ကို ရွှံ့ရုပ်တရုပ်လို့ ထင်နေကြတာလား...
ခိုလှုံရေးစခန်းကြီး (၃) ခု ဖြစ်တော့ကော ဘာဖြစ်သလဲ...
သူ ကြောက်နေရမှာလား...
ဒီတစ်ခေါက် ပင်လယ်ဒီရေ တက်လာရင် ပင်လယ်အောက်က သန္ဓေပြောင်းသတ္တဝါတွေ ကုန်းပေါ် တက်လာကြလိမ့်မည်။ တောထဲတွင်လည်း သန္ဓေပြောင်းသတ္တဝါ အများအပြား ထွက်ပေါ်လာပြီး သားကောင် ရှာဖွေကြလိမ့်မည်။
သူ လင်းယွမ်ကတော့ ဂူထဲမှာ ငြိမ်ငြိမ်လေး ပုန်းနေမည် မဟုတ်ပေ။
ဒီပင်လယ်ဒီရေ အချိန်ကာလသည် သူ့အတွက် အမဲလိုက်ကွင်းပြင် ဖြစ်လာပေလိမ့်မည်။
ပင်လယ်ဒီရေ ပြီးဆုံးသွားသည့်အခါ သူ့၏ အမှတ်များသည် ကြောက်ခမန်းလိမ့်ဖွယ် တိုးပွားလာမည်ဟု ယုံကြည်သည်။
ထိုအချိန်ရောက်လျှင် အရည်အသွေးမှတ်များနှင့် အစွမ်းများကို ထပ်မံ ကံစမ်းလိုက်ပါက သူ၏ အင်အား မည်မျှထိ ကြီးထွားလာမည်နည်း...
သူကိုယ်တိုင်ပင် မသိနိုင်တော့ပေ။
ကျောက်ခိုင်သည်လည်း လင်းယွမ်၏ စိတ်ဓာတ်ခွန်အား ကူးစက်ခံလိုက်ရပြီး "သောက်ကျိုးနည်း... နောက်တစ်ခေါက် လာကြည့်စမ်း... ဒီကောင့်ကို ပါးနှစ်ချက်လောက် ပြင်းပြင်းထန်ထန် ရိုက်ပစ်ဦးမယ်... ဟိုတုန်းက ဒီမှာ ထမင်းစားတုန်းက ငါက ထမင်းနှစ်ပန်းကန်တောင် ထည့်ပေးလိုက်ရသေးတယ်" ဟု မနေနိုင်ဘဲ ပြောလိုက်သည်။
ဆုန့်ဝမ်ကတော့ အနည်းငယ် တည်ငြိမ်ပြီး "အစ်ကိုလင်း... တစ်ဖက်လူကို ဒီလို ပြန်ပြောလိုက်တာ သိပ်ပြီး မပြင်းထန်လွန်းဘူးလား... အကျိုးအမြတ် ခွဲဝေတဲ့ အချိုးအစားကို ညှိနှိုင်းလို့ ရနိုင်လောက်ပါသေးတယ်... သူတို့ ဒီလို ပြောလာတယ်ဆိုတာကလည်း ညှိနှိုင်းဖို့ နေရာချန်ထားပေးတာ ဖြစ်လောက်ပါတယ်" ဟု ဝင်ပြောသည်။
သူမ၏ စကားမှာ အတော်အတန် ယုတ္တိရှိပေသည်။
သို့သော် လင်းယွမ်က ဂရုမစိုက်တော့ပေ။ "ဟက်... အဲ့ဒီတော့ ငါက သူတို့ကို ကျေးဇူးတောင် တင်ရဦးမှာလား"
"ဟမ့်... အစကတော့ သူတို့ကို နည်းနည်း ငဲ့ညှာပေးမလို့ပဲ... အခုတော့ ငါ့ကြွက်သားတွေကို ထုတ်ပြမှပဲ သူတို့ ငါနဲ့ စကားကောင်းကောင်း ပြောရဲကြမယ့်ပုံပဲ"
"ပူးပေါင်းလို့ မရမှတော့လည်း မပူးပေါင်းကြနဲ့တော့"
"သူတို့ သုံးဖွဲ့လုံးကို ငါ အပြတ်ရှင်းပြီးသွားတဲ့အခါ... ဒီထိုက်ယန်တောင်ဒေသ တစ်ခုလုံး ငါတစ်ယောက်တည်း ပြောသမျှ ဖြစ်စေရမယ်"
ဒီတစ်ကြိမ်တွင်တော့ လင်းယွမ် တကယ်ကို ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။
သူ့အောက်လက်ငယ်သားများအပေါ်တွင်တော့ သူ သဘောထားကြီးပြီး အကျိုးအမြတ် ပေးနိုင်သည်။
သို့သော် နယ်မြေအုပ်စိုးသူ အချင်းချင်းတွင်မူ သူတို့ကို ချေမှုန်းပြီး သူတို့ပိုင်နက်ကို သိမ်းယူမှသာ မိမိပိုင်နက်ကို ပိုမို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပေလိမ့်မည်။
သတိထားရမည့် အချက်တစ်ခုမှာ ခေါင်းဆောင်ပိုင်း ယုတ်မာသူများကိုသာ သတ်ဖြတ်ပြီး သာမန် အရပ်သား လုပ်အားများကို မထိခိုက်စေရန်ပင် ဖြစ်သည်။
ထိုသို့ ပြုလုပ်နိုင်ရန်အတွက် သူ၏ အင်အားကို လူတိုင်း ကြောက်ရွံ့သွားသည့် အဆင့်အထိ မြှင့်တင်ရပေမည်။
"အမှတ်တွေ"
"ငါ အမှတ်တွေ အများကြီး လိုတယ်"
"ဒီတစ်ခေါက် ပင်လယ်ဒီရေကျရင် ငါ သေချာတိုက်ခိုက်ပြီး သန္ဓေပြောင်းသတ္တဝါတွေကို လုံလောက်အောင် သတ်ဖြတ်ရမယ်"
လင်းယွမ်၏ မျက်လုံးများထဲတွင် စူးရှသော အရောင်များ တောက်လောင်လာသည်။ အောင်မြင်မှုနှင့် ကျရှုံးမှုသည် ဤတစ်ကြိမ် ပင်လယ်ဒီရေ အပြီးတွင် အဆုံးအဖြတ် ပေးပေလိမ့်မည်။
ဆက်ရန်...