← Chapters

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

အပိုင်း ( 550 )

ပြန်လာခြင်း၊ ပကတိ အထွတ်အထိပ် ပညာရှင်တို့၏ ထိပ်တိုက်ရင်ဆိုင်မှု

တပ်မဟာ ၂၃မှာ သူတို့ချီတက်ရာ လမ်းကြောင်းတစ်လျှောက်တွင် တပ်ဖွဲ့ကြီးများကို ထပ်မံ၍ မမြင်တွေ့ခဲ့ရပေ။

သို့ရာ၌ သူတို့သည် အင်အား လေးထောင်မှ ငါးထောင်ကြားရှိသည့် ကမ္ဘာ့ကြယ် တပ်ရင်းအများအပြားကို ကျော်ဖြတ်လာခဲ့ရသည်။

တပ်မဟာ ၂၃သည် ၎င်းတို့အားလုံးကို အလွယ်တကူ သုတ်သင်ဖယ်ရှားကာ၊ သူတို့၏ ပစ်မှတ်နေရာဆီသို့ လျင်မြန်စွာ ချီတက်လာနေလျက်ရှိသည်။

နာရီဝက်အကြာတွင်

ရှုကျိုးသည် အရှေ့ဘက်ရှိ နယ်စပ်မျဥ်းကိုပင် မြင်တွေ့လာခဲ့ရသည်။

နယ်စပ်မျဥ်းဟု ခေါ်ဆိုရခြင်းမှာ အရှေ့ဘက်တွင် အနက်ရောင် ပင်လယ်ပြင်သဖွယ် ဖြစ်နေသည့် ကမ္ဘာ့ကြယ်၏ အကြီးစား စစ်တပ်များကို ဝေဝေဝါးဝါး မြင်တွေ့နေရသောကြောင့် ဖြစ်သည်။

အဆိုပါ နယ်စပ်မျဥ်းကို ကျော်လွန်သွားမည်ဆိုပါက၊ ကြယ်ပြာဂြိုဟ်၏ နိယာမ စည်းမျဥ်းများ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

“ ကျုပ်တို့က ဒီနေရာမှာ စခန်းချကြမှာလား “

အရှေ့ဘက်ရှိ ကြီးမားသော ကမ္ဘာ့ကြယ် စစ်တပ်ကို မြင်လိုက်ရသောအခါတွင် ကျုံးချန်၏ အမူအရာမှာ အလိုလို ဖြူဖျော့သွားခဲ့သည်။

ကမ္ဘာ့ကြယ်၏ စစ်တပ်တွင် အနည်းဆုံးအနေဖြင့် အင်အား တစ်သိန်းခန့် ရှိနေခဲ့သည်။

“ မကြောက်ပါနဲ့ “ ရှုကျိုးမှ ပြောဆိုလာခဲ့သည် “ တစ်ခြား ရှေ့တန်းစစ်တပ်တွေလည်း ဒီနေရာမှာ လာစုမှာပဲကို “

သူ့စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် အနောက်ဘက်မှ စစ်သည်တော်များ၏ ဟိန်းဟောက်သံများသည် ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ ဝင်ရောက်လာခဲ့သည်။

ကျုံးချန်မှ ခေါင်းလှည့်ကြည့်လိုက်ရာ ရှုကျိုး ပြောသကဲ့သို့ပင် တစ်ခြားသော ရှေ့တန်းစစ်တပ်များကလည်း ဤနေရာတွင် လာရောက်စုစည်းနေကြသည်ကို မြင်တွေ့သွားခဲ့သည်။

၎င်းတို့ထဲမှ တစ်ဖွဲ့သည် ယခင်က သူတို့နှင့် ဆုံခဲ့သည့် တပ်မ ၁၅၆ပင် ဖြစ်သည်။

စစ်ဌာန၏ အမိန့်များအရ၊ ရှေ့တန်းစစ်တပ် ဆယ်ဖွဲ့ကျော်သည် မတူညီသော အရပ်မျက်များမှ ချီတက်လာခဲ့ကြသည်၊ ဤကဲ့သို့ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဤဒေသရှိ ကမ္ဘာ့ကြယ် စစ်တပ်တစ်ခုလုံးကို တတ်နိုင်သမျှ ရှင်းထုတ်ပစ်ရန်အတွက် ဖြစ်သည်။

“ ရှေ့တန်းစစ်တပ်တွေ အကုန်လုံး ရောက်လာပြီဆိုတော့ ကျွန်တော်တို့လည်း စခန်းချလို့ရပြီ “

ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ ဒီမစ်ရှင်က ပြီးသွားပြီလို့ သတ်မှတ်လိုက်လို့ရတယ် “

စကားပြောနေရင်းဖြင့် သူသည် ကျုံးချန်ကို လှည့်ကြည့်ကာ မေးမြန်းနေတော့သည် “ ကျွန်တော်တို့က ကမ္ဘာ့ကြယ် တပ်ဖွဲ့တွေကို ဘယ်နှဖွဲ့လောက် ဖယ်ရှားခဲ့တာလဲ “

ကျုံးချန်မှ ချက်ချင်း တင်ပြလာခဲ့သည် “ ဒီကာလအတွင်းမှာ ကျွန်တော်တို့က ကမ္ဘာ့ကြယ် တပ်ဖွဲ့ ဆယ့်နှစ်ခုကို သုတ်သင်ခဲ့ပါတယ် “

“ သူတို့တွေထဲမှာ ယူနစ်ခုနစ်ခုက လူအင်အား ငါးထောင်အောက်ပဲ ပါပါတယ်၊ ကျန်တဲ့ ယူနစ်ငါးခုမှာတော့ လူအင်အား ငါးထောင်ကျော် ပါတယ်၊ လူအင်အား တစ်သောင်းကျော်ပါတဲ့ အဖွဲ့တစ်ဖွဲ့လည်း ရှိခဲ့ပါတယ် ”

ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ ကမ္ဘာ့ကြယ် တပ်ဖွဲ့ ဆယ့်နှစ်ခုကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်းမှာ ကြီးမားသော အောင်မြင်မှု တစ်ခုဖြစ်သည်။

“ ငါ့ရဲ့ ကိုယ်ပိုင် စစ်ပွဲအမှတ်ကလည်း ငါးသန်းကျော်အထိ ဖြစ်သွားလောက်ပြီ “

သူ၏ စိတ်အားထက်သန်မှုမှာ ပိုမို ကြီးမားလာခဲ့သည်။

ထိုအမှတ် ပမာဏသည် သူ့အား သတ္တမအဆင့်သို့ ရောက်ရှိသွားစေရန် လုံလောက်နေခဲ့သည်။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် စစ်ဌာနသို့ ပြန်သွားရန်အတွက် မစောင့်နိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

“ ငါတို့က ဒီနေရာမှာ စခန်းချပြီးတော့ ကင်းစောင့်နေရမှာကတော့ တကယ်ကို ကံဆိုးတာပဲ။ အဲ့ဒီအမှတ်တွေကို ဘယ်အချိန်မှ ရမလဲဆိုတာကို ဘယ်သူကသိမှာလဲ “

ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

ရုတ်တရက်ဆိုသလိုပင်

“ ဟမ် “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

သူသည် ကြောက်မက်ဖွယ်ကောင်းသည့် အကြပ်အတည်းက ဖြစ်ပေါ်လာတော့မည်ဟု ခံစားနေရသကဲ့သို့ သူ၏ဦးရေပြားက ထုံကျင်သွားသည်ကို ယခုလေးတင် ခံစားလိုက်ရသည်။

အဆိုပါ ခြိမ်းခြောက်မှုမှာ ယခင်က သူတတိယအဆင့်တွင် ရှိနေခဲ့စဥ်အချိန်က လန်ယုနှင့် ကြုံတွေ့ခဲ့ရသည့် အချိန်မျိုးထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

သို့ရာ၌ ထူးဆန်းစွာဖြင့် ၎င်းသည် လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး၊ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

“ တစ်ယောက်ယောက်က ငါ့ကို မကောင်းကြံနေတာလား။ တော်တော်ကြီးကို စွမ်းတဲ့ ပညာရှင်တစ်ယောက်လား “

ရှုကျိုးသည် သူ၏အာရုံကို စုစည်းကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုနေတော့သည်။

ဆဌမအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူ၏ စိတ်ဝိညာဥ် အာရုံခံစားမှုမှာ သိသိသာသာ တိကျထက်မြက်လာခဲ့သည်၊ အကျိုးမရှိဘဲ အကြောင်း မဖြစ်လာနိုင်ပေ၊ ထို့ကြောင့် အရင်းအမြစ်တစ်ခုခု ရှိနေရမည် ဖြစ်သည်။

“ နယ်စပ်မျဥ်း အပြင်ဘက်က ကမ္ဘာ့ကြယ် သိုင်းပညာရှင်တစ်ယောက်ယောက်များလား “

ရှုကျိုးသည် နယ်စပ်မျဥ်းရှိရာဘက်သို့ ငေးကြည့်ကာ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

…

ရှုကျိုး မသိသောအရာကား

ထိုအချိန် သူ၏အထက် မိုင်ထောင်ပေါင်းများစွာ မြင့်မားသည့် အထက်ကောင်းကင်ယံတွင်

ပုံရိပ်နှစ်ခုသည် မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ဆုံနေလျက်ရှိသည်။

“ မျက်လုံးသုံးလုံးဘုရင်၊ မင်းနယ်ကျော်နေပြီ “

တိကျွမ်းသည် လက်နောက်ပစ်ကာ အရှေ့ဘက်ရှိ ငွေရောင်ဆံသားနှင့် နဖူးတွင် ဒေါင်လိုက်အနေအထားမျိုးဖြင့် အပိုမျက်လုံးတစ်လုံး ပါဝင်သည့် ပုံရိပ်တစ်ခုကို ကြည့်ရှုနေခဲ့သည်။

၎င်းက တစ်ဖက်လူ၏ နယ်မြေထဲတွင်ရှိနေသည့် ပုံရိပ်တစ်ခုသာ ဖြစ်နေခဲ့သော်လည်း၊ အကယ်၍ သူသာ အလိုရှိမည်ဆိုပါက တွေးလိုက်ရုံဖြင့် ဤနေရာသို့ ချက်ချင်း ရောက်ရှိလာမည် ဖြစ်သည်။

တစ်ဖက်လူ၏ တည်ရှိမှုကို အာရုံခံမိသွားသောအခါတွင် တိကျွမ်းသည် ဘုံကိုးဆင့် မိုးကြိုး‌ရေကန်ထဲမှ ချက်ချင်း ထွက်လာခဲ့သည်။

“ ကြီးမြတ်တဲ့ မျက်လုံးသုံးလုံးဘုရင်က အငယ်လေးတစ်ယောက်အတွက် သူ့ရဲ့ အနေအထားကိုတောင် နှိမ့်ချလိုက်ပြီလား “

တိကျွမ်းသည် အဆိုပါ ပုံရိပ်ကို ကြည့်ကာ တအံ့တဩ ဖြစ်သွားခဲ့သည်။

မလှမ်းမကမ်းရှိ မျက်လုံးသုံးလုံးဘုရင်ကမူ အမူအရာကင်းမဲ့နေစဲဖြစ်ပြီး၊ တိကျွမ်းပေါ်လာသောကြောင့် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။

ကြယ်ပြာဂြိုဟ်၏ ဤနဝမအဆင့် အထွတ်အထိပ် ပညာရှင်က တိမ်းပါးသွားခဲ့ပြီဖြစ်ကာ အဝါရောင်စမ်းရေတွင် လဲလျောင်းနေပြီဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သော်လည်း၊ မျက်လုံးသုံးလုံးဘုရင်ကဲ့သို့သော တည်ရှိမှုတစ်ခုကမူ တိကျွမ်းက မသေသေးဘဲ၊ နယ်မြေတစ်ခုအတွင်းသို့ ရောက်ရှိနေပြီး၊ သူ့ထံတွင် အချိန်တစ်ချို့ ကျန်နေသေးသည်ဆိုသည်ကိုပါ သိနေခဲ့သည်။

မျက်လုံးသုံးလုံးဘုရင်သည် တိကျွမ်းကို ကြည့်ကာ တိုးညှင်းစွာ ပြောဆိုလာခဲ့သည် “ သူက သူမသတ်သင့်တဲ့ လူတစ်ယောက်ကို သတ်လိုက်တယ် “

“ မသတ်သင့်တာလား “ တိကျွမ်းသည် အသာအယာ ရယ်မောနေတော့သည် “ ယဲ့ဟုန်က ငါတို့ကြယ်ပြာဂြိုဟ်က ပါရမီရှင်ကို မယှဥ်နိုင်လို့ အသတ်ခံလိုက်ရတာလေ၊ မဖြစ်နိုင်တာတွေရော မဖြစ်သင့်တာတွေရော ဘာတွေလျှောက်ပြောနေတာတုန်း “

မျက်လုံးသုံးလုံးဘုရင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ကာ အေးစက်စက် လေသံမျိုးဖြင့် စကားထပ်ပြောလာခဲ့သည် “ တိကျွမ်း၊ မင်းက ငါ့ကို တကယ်ကြီး တားချင်နေတာလား “

တိကျွမ်းမှ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည် “ မင်းကြိုးစားကြည့်လို့ရတယ် “

မျက်လုံးသုံးလုံးဘုရင်၏ အမူအရာမှာ အလွန်တရာ အေးစက်သွားခဲ့သည်၊ သို့သော် သူသည် မည်သည့်စကားကိုမှ ထပ်မပြောလာတော့ပေ။

သို့သော် သူ၏ဘေးနားတွင် နောက်ထပ် ပုံရိပ်နှစ်ခု ထပ်ပေါ်လာခဲ့သည်။

တစ်ခုမှာ မင်ကျိဖြစ်ပြီး၊ နောက်တစ်ခုကမူ စားပွဲဝိုင်းမှ နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်သည်။

မြင့်မားသော ပုံရိပ်ကြီးများသည် ကောင်းကင်ထက်တွင် မတ်တပ်ရပ်ကာ တိကျွမ်းကို ရင်ဆိုင်နေကြပြီး၊ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသည့် အကြည့်များမှာလည်း ထိတွေ့ကိုင်တွယ်၍ ရလုမတတ် ဖြစ်လာခဲ့သည်။

( ပုံရိပ်လို့ပဲ သုံးထားတော့ ကိုယ်ပွားလိုဟာမျိုး တစ်ခုခုကို လွှတ်လိုက်တာ ထင်ပါတယ်၊ မရှင်းသေးပါဘူး၊ သေချာသိရရင် နောက်အပိုင်းတွေမှာ ထပ်ပြောပေးပါမယ် )

တိကျွမ်းကမူ ဤနေရာတွင် မည်သူမှ မရှိသည့်အတိုင်း လွတ်လပ်ပေါ့ပါးနေစဲသာ ဖြစ်သည် “ အထွတ်အထိပ် ပညာရှင်သုံးယောက်၊ ခမ်းနားတဲ့ မြင်ကွင်းတစ်ခုပဲ၊ မင်းတို့က ဒီနယ်မြေကို ကျော်နိုင်မလားဆိုတာကိုတော့ လွတ်လွတ်လပ်လပ် ကြိုးစားကြည့်နိုင်တယ် “

သူ၏မျက်လုံးများမှာ တလက်လက် တောက်ပနေလျက်ရှိပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် ပြိုင်ဘက်သုံးဦးကို တိုက်ရိုက်ကြည့်ရှုနေခဲ့သည်။

အကြည့်တိုက်ပွဲသည် အလွန်တရာ ပြင်းထန်နေခဲ့ပြီး မီးတောက်လုနီးပါး ဖြစ်နေခဲ့လေသည်။

၎င်းမှာ အထွတ်အထိပ် ပညာရှင်များကြားမှ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်ပြီး၊ အကြည့်တစ်ချက်ကပင် နဝမအဆင့် သက်ရှိသတ္တဝါတစ်ကောင်ကို သုတ်သင်နိုင်ကာ မြေပြင်ကို လွှမ်းမိုးနိုင်ပေသည်။

နဝမအဆင့် အထွတ်အထိပ်၏ အထက်တွင် ပကတိ အထွတ်အထိပ်ဆိုသည့် နယ်ပယ်တစ်ခု ရှိနေခဲ့သည်၊ ၎င်းက ပေါင်းစပ်ဒြပ်စင်နယ်ပယ်နှင့် အတော်လေး ဝေးကွာနေသော သီးခြားတည်ရှိသည့် နယ်ပယ်တစ်ခု ဖြစ်သည်။

( တိကျွမ်းက ပကတိ အထွတ်အထိပ်အဆင့်မှာပါ၊ အရင်အပိုင်းတွေတည်းက စိတ်ထဲတော့ ထင့်နေပါတယ်၊ ဒါပင်မဲ့ ခုမှသေချာ ရှင်းရှင်းလင်းလင်းပြောထားတာပါ၊ အဆင်မပြေဖြစ်သွားရင်တော့ တောင်းပန်ပါတယ်၊ ကျွန်တော့်ရဲ့ လိုအပ်ချက်ပါ )

ပကတိ အထွတ်အထိပ်၏ စွမ်းအားမှာ ၎င်း၏အောက်မှ လူများက စိန်ခေါ်နိုင်သော အရာမဟုတ်ပေ။

တစ်ခဏ အကြာတွင် မျက်လုံးသုံးလုံးဘုရင်၊ မင်ကျိနှင့် တစ်ခြား နဝမအဆင့် အထွတ်အထိပ် ပညာရှင်တို့မှာ သူတို့၏ အကြည့်များကို ပြန်၍ရုတ်သိမ်းသွားခဲ့သည်၊ သို့သော် သူတို့၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အငွေ့များ စွန်းထင်းနေလျက်ရှိသည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 551 )

ပြန်လာခြင်း၊ ပကတိ အထွတ်အထိပ် ပညာရှင်တို့၏ ထိပ်တိုက်ရင်ဆိုင်မှု ၂

“ သူက အထွတ်အထိပ် အခြေအနေမှာ ရှိနေတုန်းပဲ၊ သူ့ဘဝက လမ်းဆုံးကို မရောက်သေးဘူး “

မျက်လုံးသုံးလုံးဘုရင်သည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

အကြည့်တိုက်ပွဲဆင်နွှဲခဲ့ပြီးသည့်နောက်တွင် သူတို့သည် တိကျွမ်း၏ အခြေအနေကို နားလည်သွားခဲ့ကာ တိုက်ခိုက်နေရန် မလိုအပ်တော့ဘူးဆိုသည်ကို သဘောပေါက်သွားခဲ့သည်။

မင်ကျိမှ လေသံတိုးတိုးလေးဖြင့် စကားဝင်ပြောလာခဲ့သည် “ တိကျွမ်း၊ နင့်ရဲ့နေ့ရက်တွေက ရေတွက်လို့ရနေပြီနော်။ အခုကစပြီး နောက်နှစ်ဝက်အထိ နင်တောင့်ခံထားနိုင်ပါစေလို့ ငါမျှော်လင့်ပါတယ် “

တိကျွမ်းကမူ အေးအေးဆေးဆေးသာ ဖြစ်နေခဲ့ပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည် “ နင်တို့က ငါ့ပြိုင်ဘက် မဟုတ်ပါဘူး၊ နင်တို့ခေါင်းဆောင်ကိုသာ လာခိုင်းလိုက် “

မျက်လုံးသုံးလုံးဘုရင်သည် အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည် “ နောက်နှစ်ဝက်ကြာရင် မင်းရဲ့ ပြိုင်ဘက်က ငါတို့ မဟုတ်တော့ဘူး “

ထို့နောက်တွင် သူသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ၊ သူ၏ပုံရိပ်မှာလည်း ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

မင်ကျိနှင့် တစ်ခြားပုံရိပ်တစ်ခုကလည်း အံ့အားသင့်မှုများ စွန်းထင်းနေသည့် အကြည့်တို့ဖြင့် တိကျွမ်းကို နက်နက်နဲနဲ ကြည့်ရှုနေခဲ့ကာ တဖြေးဖြေး ပျောက်ကွယ်သွားခဲ့သည်။

သူတို့သည် တိကျွမ်း၏ စွမ်းအားကြောင့် အံ့အားသင့်သွားခဲ့ခြင်း မဟုတ်ပေ။

လွန်ခဲ့သော နှစ်တစ်ရာခန့်က တိကျွမ်းသည် ဤလောကတွင် ပြိုင်ဘက်ကင်းနေခဲ့ပြီး၊ နဝမအဆင့် အထွတ်အထိပ် စစ်သည်တော် အများအပြားကို သတ်ဖြတ်ခဲ့ပြီး၊ ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် သူ၏လက်ထဲတွင် ကျဆုံးသွားခဲ့သည်။

မင်ကျိကို အံ့အားသင့်သွားစေခဲ့သည့်အရာမှာ တိကျွမ်းက ဂျူနီယာလေးတစ်ဦးကြောင့် လူကိုယ်တိုင် ရောက်ရှိလာခြင်းကိုပင် ဖြစ်သည်။

တိကျွမ်းပျောက်ဆုံးနေခဲ့သည်မှာ နှစ်တစ်ရာကျော်ကြာနေခဲ့ပြီဆိုသည်ကို သိကြရမည် ဖြစ်သည်။ သူ၏ပျောက်ဆုံးမှုသည် သူတို့က တိကျွမ်း၏ တကယ့်စွမ်းအား(သို့) သူ၏တိုးတက်မှုတို့ကို မမြင်တွေ့နိုင်ဘူးဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

၎င်းမှာ ကြယ်ပြာဂြိုဟ်၏ အရေးပါသော ဗျူဟာများအနက်မှ တစ်ခုဖြစ်သည်။

တိကျွမ်းမပေါ်လာသရွေ့ ကမ္ဘာ့ကြယ်သည် ရဲရဲတင်းတင်း လှုပ်ရှားရဲမည် မဟုတ်ပေ။

သို့သော် ယခု၌ အဆိုပါ တည်ရှိမှုသည် ဆဌမအဆင့်နယ်ပယ်မှ ဂျူနီယာတစ်ဦးကြောင့် ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်။

မင်ကျိသည် အဆိုပါ ဂျူနီယာလေးထံတွင် သူမတို့ မျှော်လင့်ထားသည်ထပ် ပို၍ကြီးမားသော လျှို့ဝှက်များရှိနေသည်ဟု နားလည်သွားခဲ့သည်။

…

တိကျွမ်းသည် မျက်လုံးသုံးဘုရင် ပြောဆိုခဲ့သည့် စကားများကို အမှတ်ရနေခဲ့ကာ တွေးတောစဥ်းစားနေတော့သည်။

မကြာခင် အချိန်မှာပင် သူ၏အကြည့်သည် အောက်ဘက်သို့ ရောက်ရှိလာခဲ့သည်။

…

တပ်မဟာ ၂၃အတွင်းရှိ ရှုကျိုးကမူ ကောင်းကင်ထက်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဆိုသည်ကို သတိမပြုမိခဲ့ပေ။

ထိုအချိန်၌ သူသည် သူ၏စစ်တပ်ကို ဦးဆောင်၍ စခန်းချနေခဲ့ကာ စစ်ဌာနထံမှ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေခဲ့သည်။

ထိုစဥ်

ရှုကျိုး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး၊ သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုက ချိတ်ပိတ်သွားသည်ကို ခံစားလိုက်ရသည်။

သူ၏ ယခုလက်ရှိ ဟင်းလင်းပြင် စွမ်းရည်က အံ့ဖွယ်ကောင်းသည့် အမြင့်တစ်နေရာမျိုးအထိ ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း၊ သူသည် ဤကဲ့သို့သော် ဟင်းလင်းပြင် ချုပ်နှောင်မှုကို မမြင်နိုင်ခဲ့ပေ။

၎င်းက အထွတ်အထိပ် ပညာရှင်တစ်ဦးမှ ဖန်တီးလိုက်သည့် ချုပ်နှောင်မှုဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ရှုကျိုး၏ စိတ်နှလုံးသား တုန်လှုပ်သွားခဲ့ပြီး၊ လွတ်မြောက်ရေး အဆောင်ကို ချေမွက ထွက်ပြေးမည်ဟု အလိုအလျောက် တွေးတောမိသွားခဲ့သည်။

သို့သော် ထိုအချိန်၌ သူ၏စိတ်ထဲတွင် အသံတစ်သံ ပေါ်ထွက်လာခဲ့သည် “ ဒီမှာနေတာ အန္တရာယ်များတယ်၊ မခုခံနဲ့။ ငါမင်းကို ကြယ်ပြာဂြိုဟ်ကို ပြန်ပို့ပေးမယ် “

ရှုကျိုးသည် အနည်းငယ် မှင်သက်သွားပြီး၊ စိတ်ထဲတွင် အလောတကြီး ပြန်မေးလိုက်သည် “ ခင်ဗျားက ဘယ်သူလဲ “

ဇွီ

သူ၏စကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် သာမန်မျက်လုံးတို့ဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခုသည် တပ်စခန်းကို ချက်ချင်း ဖုံးလွှမ်းလာခဲ့သည်။

ထို့နောက်တွင် ပလက်တီနမ် ဆံပင်ရှည်ကို ပိုင်ဆိုင်ထားကာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ရှုကျိုး၏ အရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

“ ငါ့နာမည်က တိကျွမ်း “

ချောမောသော လူငယ်သည် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် အေးအေးလူလူ စကားပြောလာခဲ့သည်။

“ တိကျွမ်းလား “ ရှုကျိုး၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ … “

ရှုကျိုး၏ အမူအရာကို မြင်တွေ့လိုက်ရသောအခါတွင် တိကျွမ်းသည် တစ်ခဏခန့် ဆွံ့အသွားခဲ့ရသည်။

ဒီကလေးက ကြီးမြတ်တဲ့ ငါ့ရဲ့နာမည်ကိုတောင် မကြားဖူးဘူးလား

ရှုကျိုးသည် သူ့ကို အမှန်တကယ် မသိခြင်းဖြစ်သည်၊ ပကတိ အထွတ်အထိပ် ပညာရှင်များသည် ရာစုနှစ်တစ်ခုလောက်အထိ မပေါ်ထွက်လာခဲ့ဖူးသော တိကျွမ်းကဲ့သို့ အလွန်တရာ ရှားပါးလွန်းလှသည့် တည်ရှိမှုဖြစ်သည်။

အင်တာနက်သော်လည်းကောင်း၊ စာအုပ်များသော်လည်းကောင်း မည်သည့်နေရာတွင်မှ သူ့အကြောင်းကို မှတ်တမ်းမတင်ထားခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် တိကျွမ်းသည် ထိုကဲ့သို့သော ကိစ္စများကို စိတ်ထဲ ထားမနေဘဲ ရိုးရိုးရှင်းရှင်း စကားပြောလာခဲ့သည် “ မင်းက ကမ္ဘာ့ကြယ်ရဲ့ ပကတိ အထွတ်အထိပ် ပညာရှင်တစ်ယောက်က ပစ်မှတ်ထားတာကို ခံနေရပြီ။ ဒီမှာနေတာက အန္တရာယ်များတယ် ငါနဲ့ပြန်လိုက်ခဲ့ “

“ ငါစစ်ဌာနကို သတင်းပို့ပြီးသွားပြီ၊ သူတို့က မင်းရဲ့အမှတ်တွေကို ချက်ချင်း တွက်ချက်ပေးလိမ့်မယ် “

သူ့စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရှုကျိုး၏ လက်ပတ်မှာ ရုတ်တရက် တုန်ခါလာခဲ့သည်။

ရှုကျိုးမှ ၎င်းကို ဖွင့်ကြည့်လိုက်ရာ၊ စစ်ဌာနမှ ညွှန်ကြားချက် ရောက်ရှိလာခြင်း ဖြစ်ပြီး၊ သူ့အား စီနီယာ တိကျွမ်းနှင့် ချက်ချင်းပြန်လိုက်လာရန် ညွှန်ကြားထားသည်ကို မြင်တွေ့သွားတော့သည်၊ တပ်မဟာ ၂၃ကိုမူ တစ်ခြားသော တပ်မှူးတစ်ဦးက တာဝန်ယူမည် ဖြစ်သည်။

“ ကြည့်ရတာတော့ ဒီစီနီယာ တိကျွမ်းရဲ့ အထောက်အထားက မှန်နေတဲ့ပုံပဲ “

ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်၊ သို့‌သော် တစ်ခဏအကြာတွင် သူ၏စိတ်နှလုံးသားမှာ အလွန်တရာ တင်းကြပ်သွားခဲ့သည်။

ပကတိ အထွတ်အထိပ် ပညာရှင်တစ်ယောက်က ငါ့ကို ပစ်မှတ်ထားနေတာလား

ငါခုနက အာရုံခံမိခဲ့တဲ့ အကြပ်အတည်းက အဲ့လူဆီက တိုက်ခိုက်မှုများလား

“ ငါက အမှောင်နယ်မြေက တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို သတ်ခဲ့လို့များလား “

ရှုကျိုးမှာ ငတုံးမဟုတ်သောကြောင့် အကြောင်းပြချက်ကို လျင်မြန်စွာ မှန်းဆမိသွားခဲ့သည်။

သူသည် ချက်ချင်းမော့ကြည့်ကာ စကားပြောလိုက်သည် “ စီနီယာ တိကျွမ်း၊ ကျွန်တော့်တပ်က ညီအစ်ကိုတွေကို သတင်းပြောပြခွင့်ပေးပါ “

“ ကောင်းပြီ “

တိကျွမ်းသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ချုပ်နှောင်မှုကို ဖြေလျော့ပေးလိုက်သည်။

ရှုကျိုးသည် တဲအတွင်းမှ ထွက်သွားကာ၊ ကျုံးချန်နှင့် ချင်ကျန်းဂျောင်တို့ကို ရှာ၍ အခြေအနေကို ရှင်းပြလိုက်သည်။

“ ဘာကြီး “ ရှုကျိုးထွက်သွားတော့မယ်ဟု ကြားလိုက်ရသောအခါတွင် ကျုံးချန်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ မင်းက ထွက်သွားတော့မှာလား။ ဒါဆိုရင် ငါတို့ကရော။ တပ်မဟာ ၂၃ကရော “

ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလိုက်သည် “ စစ်ဌာနက တပ်မှူးအသစ်တစ်ယောက်ကို လွှတ်ပေးမယ်လို့ ပြောတယ် “

“ တပ်မှူးရှု “ သူ့ဘေးနားတွင် ရပ်နေသည့် ကျန်းယွမ်တုန်မှာလည်း စကားဝင်ပြောလာခဲ့သည် “ ညီအစ်ကိုတွေက မင်းနဲ့ ကျင့်သားရနေပြီလေ၊ ရုတ်တရက်ကြီး လူပြောင်းသွားမယ်ဆိုရင် ငါတို့က လိုက်လျောညီထွေဖြစ်အောင် မလုပ်နိုင်လောက်ဘူး “

ရှုကျိုးသည် သူ့ကို စကားမပြောဘဲ ကြည့်ရုံသာကြည့်လိုက်ပြီး၊ ဒီကောင့်စကားတွေက မသိရင် ငါကပဲ စွန့်ပစ်သွားတဲ့ လူဆိုးကြီးလိုလို ဘာလိုလိုနဲ့

သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ တလေးတနက် ပြောဆိုလိုက်သည် “ တကယ်တော့ ကျွန်တော်က တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို သတ်ခဲ့တာကြောင့် ဒီမှာ ဆက်နေမယ်ဆိုရင် လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်လာနိုင်တယ်။ အဲ့တာကြောင့် ပြန်လာဖို့အတွက် စစ်ဌာနက ကျွန်တော့်ကို အမိန့်ပေးခဲ့တာ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျုံးချန်နှင့် တစ်ခြားလူများမှာလည်း လေးလေးနက်နက် ဖြစ်သွားကြသည်၊ သူတို့သည် ဤကိစ္စ၏ အတိမ်အနက်ကို နားလည်နေခဲ့သည်။

“ စစ်ဌာနကတောင် ညွှန်ကြားလာခဲ့တာလား။ အဆင့်၈ ဒါမှမဟုတ် အဆင့်၉နယ်ပယ်က ပညာရှင် တစ်ယောက်ယောက်က ညီအစ်ကိုရှုကို ပစ်မှတ်ထားနေတာများလား “

ကျုံးချန်သည် တစ်ခဏခန့် တိတ်ဆိတ်သွားခဲ့ပြီးမှ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ဒါဆိုရင်လည်း အများကြီး ပြောမနေတော့ဘူး၊ ညီအစ်ကို၊ မင်းဂရုစိုက်မှ ဖြစ်မယ် “

“ မင်းတို့ရောပဲ “

ရှုကျိုးသည် သူ၏ပခုံးကို ပုတ်ကာ စကားပြောနေတော့သည် “ တစ်ခြားလူတွေကိုတော့ ပြောမနေတော့ဘူး၊ ကျွန်တော် ထွက်သွားပြီးမှ ညီအစ်ကိုတွေကို အသိပေးလိုက် “

“ ကောင်းပြီ “

ကျုံးချန်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။

ရှုကျိုးသည် တဲအတွင်းသို့ လှည့်ပြန်သွားတော့သည်။

ကျုံးချန်သည် ထွက်ခွာသွားသော သူ့ပုံရိပ်ကို ကြည့်ကာ မျက်လုံးများ နီရဲသွားပြီး စိတ်ခံစားချက်များဖြင့် စကားထပ်ပြောလာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းပြန်လာမလားဆိုတာ မသေချာပင်မဲ့ ငါတို့က မင်းကို သေချာပေါက် သတိရနေမယ် “

ကျန်းယွမ်တုန်မှာလည်း ရှုကျိုး၏နောက်ကျောကို ကြည့်ကာ လေးလေးပင်ပင် ခေါင်းငြိမ့်နေတော့သည် “ တပ်မှူးရှု၊ ငါမင်းကို သေချာပေါက် အမှတ်ရနေမယ် “

ဤစစ်ပွဲပြီးဆုံးသည့်နောက်တွင် တပ်မဟာ ၂၃သည် သေချာပေါက် ကျော်ကြားလာမည် ဖြစ်သည်။

တပ်မဟာ ၂၃အတွက် အောင်မြင်မှုများ ရရှိအောင် ဦးဆောင်ခဲ့သည့်လူက ရှုကျိုးဆိုသည်ကို သူတို့မေ့ဖျောက်လိုက်မည် မဟုတ်ပေ။

…

တဲအတွင်း၌

ရှုကျိုးသည် တိကျွမ်းကို ကြည့်ကာ စကားပြောလိုက်သည် “ စီနီယာတိကျွမ်း၊ ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ “

တိကျွမ်းမှ ခေါင်းငြိမ့်ပြလိုက်သည် “ သေချာရပ်နေ၊ ငါတို့သွားတော့မယ် “

ဇွီ

ထို့နောက်၌ ရှုကျိုးဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ထပ်မံ၍ ချုပ်နှောင်ခံလိုက်ရပြီး၊ တိကျွမ်းသည် ရှုကျိုးကို ဖမ်းဆုပ်ကာ ခြေတစ်လှမ်းလှမ်းလာခဲ့သည်။

ဝရုန်းးးး

မိုးကြိုးပစ်သံတစ်သံ မြည်ဟီးသွားသည့်အလား ဖြစ်နေခဲ့ပြီး၊ ရှုကျိုးသည် သူ၏ဘေးပတ်ပတ်လည်တွင် ကြယ်များ တည်ရှိနေပြီး၊ လေပြင်းများက သူ၏မျက်လုံးများကို အတင်းအကြပ် မှိတ်သွားစေသည်ကို မြင်တွေ့သွားခဲ့သည်။

မျက်လုံး ထပ်ဖွင့်လိုက်သည့် အချိန်တွင် သူသည် ၃၈မျဥ်းပြိုင်သို့ ရောက်ရှိနေပြီဆိုသည်ကို မြင်တွေ့သွားခဲ့သည်။

“ ဒါက ……… အတွေးတစ်ခုတည်းနဲ့ မိုင်ခုနစ်ထောင်လား “

ရှုကျိုးသည် အလွန်တရာ အံ့ဩသွားခဲ့သည်။ သူ၏ ယခုလက်ရှိ ဟင်းလင်းပြင်စွမ်းရည်နှင့်ပင် သူသည် ဤကဲ့သို့သော ဟင်းလင်းပြင် ကူးပြောင်းမှုမျိုးကို မပြုလုပ်နိုင်သေးပေ။

တိကျွမ်းသည် မည်သည့်စကားမှ မပြောဘဲ ရှုကျိုးကို ဆက်လက် ခေါ်ဆောင်သွားခဲ့သည်။

မကြာခင် အချိန်မှာပင် ရှုကျိုးသည် ဤအကွာအဝေးက တိကျွမ်း၏ အကန့်အသတ်နှင့် များစွာဝေးကွာနေသေးသည်ဆိုသည်ကို နားလည်သွားခဲ့သည်၊ ကမ္ဘာနှစ်ခုကျော်ဖြတ်ရခြင်းအတွက် ၃၈မျဥ်းပြိုင်တွင် မရပ်တန့်ရဘူးဆိုပါက သူသည် ဤနေရာတွင် ရပ်တန့်ခဲ့လိမ့်မည် မဟုတ်ပေ။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် တိကျွမ်းနှင့် ရှုကျိုးတို့သည် ကွမ်ဟန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

“ သေချာရပ်နေ “

တိကျွမ်းမှ စကားထပ်ပြောလာခဲ့ပြီး ရှုကျိုးကို ဆုပ်ကိုင်ကာ နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည်။

“ ဝုန်းးး “

ဤတစ်ကြိမ်တွင်မူ ရှုကျိုးသည် လေပြင်းများက ယခင်ကထပ် ပိုမိုပြင်းထန်နေသည်ကို ခံစားလိုက်ရသည်။

သို့ရာတွင် ဤတစ်ကြိမ် ကူးပြောင်းမှုသည် ယခင်က အနည်းငယ် ပိုကြာနေခဲ့သည်။

ယခင်က တစ်စက္ကန့်ပင် မပြည့်ခဲ့သော်လည်း ယခုတွင် တစ်စက္ကန့်တိတိ အချိန်ယူခဲ့ရသည်။

တစ်စက္ကန့်ကြာခဲ့ပြီးသည့်နောက် မျက်လုံးများ ထပ်ဖွင့်လိုက်သည့် အချိန်တွင် ရှုကျိုးသည် သူက ကြယ်ပြာဂြိုဟ်သို့ ရောက်ရှိကာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရှေ့တွင် မတ်တပ်ရပ်နေကြောင်းကို မြင်တွေ့သွားခဲ့သည်။

“ ဒါက …… “

ရှုကျိုးသည် မတုန်လှုပ်ဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်၊ ကွမ်ဟန်မှ ကြယ်ပြာဂြိုဟ်သို့ ပြန်လာရန်အတွက် အာကာသယာဥ်ကို အသုံးပြုမည်ဆိုလျှင်တောင်မှ တစ်နာရီအထိ အချိန်ယူရမည်ဆိုသည်ကို သူသိနေခဲ့သည်။

သို့သော် သူသည် ကမ္ဘာမြေပေါ်သို့ တစ်စက္ကန့်အတွင်း ပြန်ရောက်လာခဲ့သည်။

“ အဆင့်၉ အထွတ်အထိပ်လား၊ ဒါမှမဟုတ် ပကတိ အထွတ်အထိပ်လား “

ဤအခိုက်အတန့်တွင် ရှုကျိုးသည် တိကျွမ်း၏ စွမ်းအားကို အနည်းငယ် နားလည်သွားခဲ့သည်။

တိကျွမ်းသည် တည်ငြိမ်နေပုံရသော်လည်း ရှုကျိုး၏ တုံ့ပြန်မှုအား အလွန်တရာ စိတ်ကျေနပ်နေခဲ့သည် “ ရှုကျိုး၊ အခုချိန်ကစပြီးတော့ မင်းက တက္ကသိုလ်မှာပဲ နေရမယ်။ အဆင့်၇ကို မရောက်မချင်း ပြန်ထွက်လာလို့ မရဘူး “

“ ဟုတ်ကဲ့ပါ၊ စီနီယာ “

သူသည် ဆဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဤစီနီယာသည် သူ့အား ကလေးတစ်ဦးကဲ့သို့ အော်ငေါက်နေခဲ့သည်၊ သို့သော် ရှုကျိုးသည် နာနာခံခံဖြင့် ပြန်ဖြေလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

တိကျွမ်းသည် သူ့ကို ငေးကြည့်ကာ စကားပြောလာခဲ့သည် “ မင်းက လျှပ်စီးနည်းစနစ်ကို လေ့လာနေတာလား “

“ လျှပ်စီးနည်းစနစ်လား “ ရှုကျိုသည် စိတ်ရှုပ်ထွေးသွားသော အမူအရာဖြင့် ခေါင်းခါပြလိုက်သည် “ ဒီဂျူနီယာက လျှပ်စီးနည်းစနစ်ကို တစ်ခါနှစ်ခါလောက်ပဲ တွေ့ဖူးတာပါ “

တိကျွမ်းသည် အနည်းငယ် ဆွံ့အသွားခဲ့သည်၊ ဒီကလေးက ငါ့ကိုလည်း မကြားဖူးဘူး၊ လျှပ်စီးနည်းစနစ်ကိုလည်း မသင်ခဲ့ဖူးဘူးပေါ့

တိကျွမ်းသည် တစ်ခဏခန့် တိတ်ဆိတ်သွားခဲ့ပြီးမှ စကားထပ်ပြောလာခဲ့သည် “ မေ့လိုက်တော့၊ ငါမင်းကို နည်းလမ်းတစ်ခု လက်ဆင့်ကမ်းပေးမယ်။ အဲ့တာကို မင်းတတ်၊ မတတ်ဆိုတာကတော့ မင်းရဲ့ ကိုယ်ပိုင်ကံကြမ္မာအပေါ်မှာပဲ မူတည်သွားပြီ “

ထို့နောက်တွင် သူသည် လက်ညှိုးထိုးလာခဲ့သည်။

…………………………………………………………………………………………………………………………………….

အပိုင်း ( 552 )

အဆင့်ထိုးဖောက်ခြင်း၊ ဆဌမအဆင့် အထွတ်အထိပ်

ချက်ချင်းဆိုသလိုပင် ရှုကျိုး၏ အမြင်အာရုံ မည်းမှောင်သွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် တစ်ခြားကမ္ဘာတစ်ခုခုသို့ ရောက်ရှိနေသည့်အလား ဖြစ်နေခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ မတည်ရှိသည့် ကမ္ဘာတစ်ခု၊ ဖရိုဖရဲ တိမ်သားတိမ်စိုင်များသာ လေဟာနယ်အတွင်းတွင် အဆုံးမဲ့ လည်ပတ်နေလျက်ရှိသည်။

အရှေ့၌ မှင်ကဲ့သို့ မည်းနက်နေသည့် တိမ်တိုက်များသည် အလွှာများသကဲ့သို့ တစ်ခုပြီးတစ်ခု စီတန်းနေခဲ့သည်။

အဆိုပါ တိမ်တိုက်များသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်နေခဲ့ပြီး၊ ခရမ်းရောင် လျှပ်စီးအလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။

“ ဂျိမ်းးးး “

ရုတ်တရက်ဆိုသလိုပင် ဤကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြားတွင် ပထမဦးဆုံး မိုးကြိုးသဖွယ်ဖြစ်နေသည့် မိုးကြိုးပစ်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် လေထုထဲတွင် တစ်စုံတစ်ခု၏ အသက်ရှူသံတို့ဖြင့် ပြည့်နှက်လာခဲ့သည်။

“ မိုးကြိုးမွေးဖွားခြင်းလား “

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် ရုတ်တရက် နားလည်သွားခဲ့သည်။

သို့ရာ၌ ဤအမွေဆက်ခံမှုသည် ယခုမှ စတင်ခါစသာ ရှိသေးသည်။

အသစ်မွေးဖွားလာသည့် အဆိုပါ မိုးကြိုးသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအင်ကို အရူးအမူး စုပ်ယူကာ အလင်းစွမ်းအင်သော်လည်းကောင်း၊ အမှောင်စွမ်းအင်သော်လည်းကောင်း(သို့) ဓာတ်ကြီးငါးပါးကိုသော်လည်းကောင်း အရာအားလုံးသည် ၎င်းအတွက် အသုံးဝင်နေခဲ့သည်။

မကြာခင် အချိန်မှာပင် အသစ်မွေးဖွားလာခဲ့သည့် မိုးကြိုးသည် မိုင်တစ်သိန်းအရွယ်ရှိ မိုးကြိုးတိမ်တိုက်အဖြစ် ကြီးမားပြန့်ကားလာခဲ့ပြီး၊ ကောင်းကင်ဘုံကို ဖုံးလွှမ်းကာ သူရိန်နေမင်းကို ပိတ်ဆို့သွားခဲ့သည်။

ကောင်းကင်ဘုံက ဒေါသထွက်နေသကဲ့သို့ မိုးကြိုးတစ်ထောင် ပစ်ခွင်းလာခဲ့သည်။

“ မိုးကြိုးဧကရာဇ် နည်းစနစ် “

ညင်သာသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ရှုကျိုးသည် ပလက်တီနမ် ဆံသားပိုင်ရှင် လူငယ်လေးက သူ့ဆီသို့ လျှောက်လှမ်းလာခဲ့ပြီး၊ အရှေ့သို့ ညွှန်ပြနေသည်ကို မြင်တွေ့သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မိုင်တစ်သိန်း ရှည်လျားသော မိုးကြိုးတိမ်တိုက် ပေါက်ကွဲသွားခဲ့ကာ၊ ကမ္ဘာမြေ လှုပ်ခါသွားစေသည့် လှိုင်းလုံးများကို ထုတ်လွှတ်လာခဲ့သည်။

လူငယ်လေးသည် ရှုကျိုးကို စကားပြောလာခဲ့သည် “ မင်းအတွက် မိုးကြိုးဧကရာဇ် နည်းစနစ်ရဲ့ လှုပ်ရှားမှု/အကွက် တစ်ခုချင်းစီတိုင်းကို ပြပေးမယ်၊ ကောင်းကောင်းမှတ်ထားလိုက် “

ထိုစကားနှင့်အတူ သူသည် မိုးကြိုးဧကရာဇ် နည်းစနစ်ကို သရုပ်ဖော်ပြသနေတော့သည်။

…

အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် အမွေဆက်ခံမှုမှ နိုးထလာခဲ့ကာ လက်တွေ့ဘဝသို့ ပြန်ရောက်လာခဲ့သည်။

တိကျွမ်းက ပျောက်ကွယ်သွားသည်ကိုသာ မြင်တွေ့ခဲ့ရသည်။

“ မိုးကြိုးဧကရာဇ် နည်းစနစ် ………… ”

ရှုကျိုးသည် သူ့စိတ်ထဲတွင် ရှိနေသည့် ကြီးမားကျယ်ပြန့်သော အချက်အလက်ကြီးကို တွေးတောဆင်ခြင်နေခဲ့သည် “ ဒီမိုးကြိုးဧကရာဇ် နည်းစနစ်မှာ မိုးကြိုးမွေးဖွားလာတာကနေစပြီးတော့ နည်းစနစ်အားလုံးရဲ့ အထွတ်အထိပ်အထိ တိုးတက်ပြောင်းလဲလာတဲ့ မိုးကြိုးတာအိုရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ပါနေတယ်၊ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ဓာတ်ကြီးငါးပါးကတောင် အဲ့တာကို အရှုံးပေးခဲ့ရတယ် “

“ ဒီပညာရပ်က ဒီကမ္ဘာကြီးရဲ့ ပထမဦးဆုံး မိုးကြိုးနည်းစနစ်ဆိုတာ သေချာတယ် “

၎င်းမှာ သူ၏မှန်းဆချက်သာလျှင် မဟုတ်ဘဲ တိကျွမ်းကိုယ်တိုင် ပြောပြခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှုကျိုးသည် ၎င်းကို ချဲ့ကားပြောဆိုရာကျလွန်းသည်ဟု မခံစားခဲ့ရပေ၊ တိကျွမ်းသည် ဤနည်းစနစ်ဖြင့် ကမ္ဘာနှစ်ခုကို လွှမ်းမိုးကာ ပကတိ အထွတ်အထိပ်အဆင့်တွင် ပြိုင်ဘက်ကင်းနေခဲ့သည်။

“ တော်တော်ကြီးကိုကောင်းတဲ့ ရတနာတစ်ပါးပဲ “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ မျက်လုံးများ တောက်ပသွားတော့သည်။

ဤနည်းစနစ်နှင့်ဆိုပါက သူ၏တိုက်ခိုက်ရေး စွမ်းအားမှာ ကြောက်ခမမ်းလိလိ မြင့်တက်လာမည် ဖြစ်သည်။

အထူးသဖြင့် သူကသာ ဤနည်းစနစ်ကို သူ၏ဒြပ်စင်ငါးပါး နတ်နည်းစနစ်နှင့် ပေါင်းစပ်နိုင်မည်ဆိုပါက၊ ရရှိလာမည့် စွမ်းအားမှာ စိတ်ကူးကြည့်၍ပင် ရလိမ့်မည် မဟုတ်ပေ။

“ ဒါပင်မဲ့ ငါက ဒီသိုင်းပညာကို အမွေပဲဆက်ခံရသေးတာ မလေ့ကျင့်ရသေးဘူး “

ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ အဆင့်၇ကို ရောက်တာနဲ့ ဒီဟာကို စပြီးတော့ လေ့ကျင့်မယ် “

ယခုလက်ရှိအချိန်ရှိ သူ၏ အရေးအကြီးဆုံး အလုပ်မှာ သတ္တမအဆင့်သို့ အဆင့်ထိုးဖောက်ခြင်းပင် ဖြစ်သည်။

ထိုအတွေးနှင့်အတူ စိတ်အားထက်သန်မှုများ မြင့်တက်လာခဲ့ပြီး၊ ရှုကျိုးသည် တက္ကသိုလ်အတွင်းသို့ လမ်းလျှောက်ဝင်သွားတော့သည်။

…

ဤအချိန်၌ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်သည် အနည်းငယ် တိတ်ဆိတ်ခြောက်ကပ်နေလျက်ရှိသည်။

မကြာခင် အချိန်ကမှ စစ်ဌာနသည် တတိယအဆင့်အထက်မှ ပညာရှင်အားလုံးက ကွမ်ဟန်သို့ လာကာ ကမ္ဘာနှစ်ခုစစ်ပွဲတွင် ပါဝင်ရမည်ဟု အမိန့်ထုတ်ခဲ့သည်။

ယခုတွင် ရှုကျိုးသည် တိကျွမ်း၏ အထူးအာရုံစိုက်မှုကို ခံယူခဲ့ရသောကြောင့်သာလျှင် ကျောင်းသို့ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ရှုကျိုးသည် လျူချင်းယွမ်နှင့် ဌာနမှူးတို့က ကွမ်ဟန်တွင် ရှိနေစဲဆိုသည်ကို သိနေသည့်အတွက် သူတို့ကို သွားမရှာခဲ့ပေ။

မကြာခင် အချိန်မှာပင် ရှုကျိုးသည် သူ၏စံအိမ်ဆီသို့ ပြန်ရောက်လာခဲ့ကာ၊ လက်ပတ်မှတစ်ဆင့် ဆဌမအဆင့်ဆေးလုံးများကို စတင်၍ ဝယ်ယူနေတော့သည်။

[ ရှုကျိုး

အဆင့် : ဒုဗိုလ်ချုပ်

စစ်ပွဲရမှတ် : ၆၉၂၁၆၀၀ ]

လက်ပတ်သည် စစ်ပွဲရမှတ်အပြင် သူ၏ အမှတ်ရရှိမှု အသးစိတ်အချက်အလက်များကိုပါ ပြသထားခဲ့သည်။

ရှုကျိုးမှ ဂရုတစိုက် လေ့လာကြည့်ရှုနေခဲ့ရာ သူသည် အမှောင်နယ်မြေ တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်ကို သတ်ဖြတ်ခဲ့သည့်အတွက် ဆုကြေးအဖြစ် အမှတ် နှစ်သန်းရခဲ့သည်ကို မြင်တွေ့သွားခဲ့သည်။

“ မဆိုးပါဘူး၊ ကြည့်ရတာတော့ စစ်ဌာနက တော်တော်လေးကို မျှမျှတတ ရှိတဲ့ပုံပဲ “

ရှုကျိုးသည် ပြုံးစိစိဖြစ်သွားတော့သည်၊ ထိုတိုက်ပွဲတွင် သူသည် ကြီးကြီးမားမား စွန့်စားခဲ့ရပြီး၊ လူသားဧကရာဇ် စည်းတံဆိပ်၏ တည်ရှိမှုကပင် ဖော်ထုတ်ခံလိုက်လုနီးပါး ဖြစ်သွားခဲ့ရသည်။

ယခုအမှတ်များကို မြင်လိုက်ရသောအချိန်၌ ထိုကဲ့သို့ ပြုလုပ်ခဲ့ရခြင်းမှာ အမှန်တကယ် ထိုက်တန်နေခဲ့သည်။

စုစုပေါင်းရမှတ်ကို ကြည့်နေရင်းဖြင့် ရှုကျိုး၏ အပြုံးမှာ ပိုမိုကြီးမားလာခဲ့သည်။

“ အမှတ်ခုနစ်သန်းနီးပါးပဲ “

သူ၏ယခုလက်ရှိ ရမှတ်များနှင့်သာဆိုပါက သူသည် ဗိုလ်ချုပ်အဖြစ် ရာထူးတက်ရန်အတွက် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။

သို့သော် ရှုကျိုးအတွက် သတ္တမအဆင့်သို့ ထိုးဖောက်ရန်မှာ အရေးအကြီးဆုံးဖြစ်နေခဲ့သည်။

သူသည် လဲလှယ်ရေး စာမျက်နှာကို ဖွင့်ကာ ဆဌမအဆင့် ဆေးလုံးများကို အရူးအမူး ဝယ်ယူနေတော့သည်။

စစ်ပွဲရမှတ် -၁၀၀၀၀

စစ်ပွဲရမှတ် -၁၀၀၀၀

စစ်ပွဲရမှတ် -၁၀၀၀၀

…

ဆဌမအဆင့် ဆေးလုံး အလုံးငါးဆယ်ကျော် ဝယ်ယူကာ အမှတ် ငါးသိန်းသုံးစွဲခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ဝယ်ယူမှုကို ရပ်တန့်လိုက်သည်။

“ အဆင့်၆ ဆေးလုံး အလုံး ၅၀ကျော်က ငါ့ကို အဆင့်၆ အထွတ်အထိပ်ကို အရောက်ပို့ပေးနိုင်တယ် “

ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ အဆင့်၆ အထွတ်အထိပ်ကို ရောက်တာနဲ့ နောက်တစ်ခေါက် ထပ်ဝယ်ရမယ် “

ဆဌမအဆင့် အထွတ်အထိပ်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် ရွှေအူတိုင်ကို စတင်၍ ကျင့်ကြံရမည် ဖြစ်ပြီး၊ ထိုအချိန်တွင် ဆဌမအဆင့် ဆေးလုံးများက အကျိုးသက်ရောက်မှု ရှိနေတော့မည် မဟုတ်ပေ။

သူသည် ဆဌမအဆင့်ကို ကျော်လွန်ကာ သတ္တမအဆင့်အောက်တွင် ရှိသည့် သတ္တမတစ်ပိုင်းအဆင့် ဆေးလုံးများကို ဝယ်ယူရမည် ဖြစ်သည်။

သတ္တမတစ်ပိုင်းအဆင့် ဆေးလုံးများမှာလည်း ကွဲပြားသော ဈေးနှုန်းများကို ပိုင်ဆိုင်ထားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် စစ်ဌာန၏ သတ္တမတစ်ပိုင်းအဆင့် ဆေးလုံးများ အလုံအလောက် ရှိနေသောကြောင့် ရှုကျိုးသည် တစ်ခြားလူများက ၎င်းတို့အား အလုအယက် ဝယ်ယူသွားမည်ကို စိုးရိမ်ပူပန်နေရန် မလိုတော့ပေ။

သတ္တမတစ်ပိုင်းအဆင့် ဆေးလုံး ရွှေအူတိုင် ကျင့်ကြံရေးအတွက်သာ အသုံးဝင်နေခဲ့သည်။

လူအများစုသည် ရွှေအူတိုင် ဒုတိယ အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင် သတ္တမအဆင့်သို့ တိုက်ရိုက်တက်လှမ်းသွားလေ့ရှိသည်၊ ထို့ကြောင့် သူတို့သည် သတ္တမတစ်ပိုင်းအဆင့် ဆေးလုံးများကို များများစားစား မလိုအပ်ကြပေ။

လူနည်းစုကသာ ရွှေအူတိုင် သတ္တမ အသွင်ပြောင်းခြင်းအထိ လေ့ကျင့်လေ့ရှိသည်၊ ရှုကျိုးကဲ့သို့ အင်မော်တယ် ရွှေအူတိုင်ရရှိရန် ရည်မှန်းထားသည့် လူများကမူ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

မကြာခင် အချိန်မှာပင် စစ်ဌာနမှ ဝန်ထမ်းသည် ဆေးသေတ္တာနှင့်အတူ သူ၏စံအိမ်သို့ ရောက်ရှိလာခဲ့သည်။

“ မှာယူမှုရောက်ပါပြီ၊ စစ်ဆေးကြည့်ပါဦးဗျ “

အပြင်ဘက်မှ စကားသံကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် ချက်ချင်းမတ်တပ်ထရပ်ကာ အပြင်သို့ လျှောက်လှမ်းလာခဲ့သည်။

“ ဒုဗိုလ်ချုပ်အဖြစ် ရာထူးတိုးသွားတဲ့ အချိန်ကစပြီးတော့ တစ်ခြားကမ္ဘာမှာ ပစ္စည်းတစ်ခုခု ဝယ်လိုက်ရင်တောင်မှ စစ်ဌာနက လူတစ်ယောက်ကို လွှတ်ပြီးတော့ ပစ္စည်းလာပို့ပေးတယ်၊ ငါကိုယ်တိုင် သွားယူနေစရာ မလိုတော့ဘူး “

ရှုကျိုးသည် ၎င်းက အတော်လေး အဆင်ပြေသည်ဟု ခံစားနေခဲ့ရသည်။

ရှုကျိုးမှ တံခါးဖွင့်လိုက်သည့် အချိန်တွင် ဝန်ထမ်းသည် သူ့ကို ချက်ချင်းအလေးပြုလာခဲ့သည်။

“ ဒုဗိုလ်ချုပ်ကြီးရှု “

သူ့ကို ခေါ်ဆိုသည့် ဘွဲ့အမည်ကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် မနေနိုင်တော့ဘဲ သတိပေးလိုက်သည် “ ကျွန်တော်က ဒုဗိုလ်ချုပ်အဆင့်မှာပဲ ရှိပါသေးတယ် “

“ ဆရာ့ရဲ့ အောင်မြင်မှုတွေက ဆရာ့ကို အဆင့်တက်သွားစေဖို့ လုံလောက်တာထပ်တောင် ပိုနေပါပြီ “

All Chapters