အခန်း (၅၅၃-၅၅၅)
Vol. 37 Ch. 553-555
အပိုင်း ( 553 )
အဆင့်ထိုးဖောက်ခြင်း၊ ဆဌမအဆင့် အထွတ်အထိပ် ၂
ပစ္စည်းပို့သူသည် ရယ်ရယ်မောမောဖြင့် ပြောပြလာခဲ့သည် “ အခု စစ်ဌာနက ဆရာ့ကို ဗိုလ်ချုပ်ကြီးအဖြစ် သတ်မှတ်နေပါပြီ။ လာမဲ့ရက်ပိုင်းအတွင်းမှာပဲ ရာထူးတိုးပေးမှာပါ “
“ ကောင်းပြီလေ “ ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် လက်ဝေ့ရမ်းပြလိုက်ကာ ထွက်သွားရန် တစ်ဖက်လူကို အချက်ပြလိုက်သည်။
ရှုကျိုးသည် စစ်တပ်ဆိုင်ရာ ရာထူးတိုးခြင်းကို လုံးဝလျစ်လျူရှုထားခဲ့သည်၊ အကယ်၍ သူက ထိပ်ဆုံးသို့ ရောက်ရှိသွားမည်ဆိုလျှင်တောင်မှ သူက သတ္တမအဆင့်သို့ ရောက်ရှိသွားခြင်းလောက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းနေလိမ့်မည် မဟုတ်ပေ။
သို့သော် ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးသွားခြင်းမှာ အကျိုးကျေးဇူးများ ကင်းမဲ့နေသည်တော့ မဟုတ်ပေ၊ ဥပမာအားဖြင့် သူ၏ ယခုလက်ရှိ အဆင့်အတန်းနှင့်သာဆိုပါက သူသည် အတွင်းမြို့တော်မှ မိသားစုအားလုံးကို အလွယ်တကူ ဖိနှိပ်နေနိုင်ပေသည်။
လျူမိသားစုကဲ့သို့သော မိသားစုကြီးတစ်ခုကပင် ဗိုလ်ချုပ်ကြီးတစ်ဦးကို ဦးညွတ်အရိုအသေပေးရမည် ဖြစ်သည်။
ဗိုလ်ချုပ်ကြီးများ ပိုင်ဆိုင်ထားသည့် မိသားစုများနှင့်ဆိုပါက ရှုကျိုးသည် သူတို့နှင့် တန်းတူညီမျှ ဖြစ်သွားမည် ဖြစ်သည်။
သို့ရာ၌ ရှုကျိုးသည် သူ၏အဆင့်ထိုးဖောက်မှုမှတစ်ပါး တစ်ခြားသော အရာများကို လျစ်လျူရှုထားမည် ဖြစ်သည်။
…
စံအိမ်အတွင်း၌
ရှုကျိုးသည် တင်ပျဥ်ခွေထိုင်ကာ သူ့အရှေ့ရှိ သတ္ထုသေတ္တာကို ဖွင့်ကာ ဆေးပုလင်းများကို ထုတ်ယူနေတော့သည်။
“ အဆင့်၆ အထွတ်အထိပ်ကို သွားလိုက်ကြတာပေါ့ကွာ “
ရှုကျိုးမှ အဆိုပါ ဆေးပုလင်းအကုန်လုံးကို ဖွင့်လိုက်ရာ ဒါဇင်နှင့်ချီသော ဆေးလုံးများသည် သူ၏ပတ်ပတ်လည်တွင် မျောလွင့်နေတော့သည်။
ဤနည်းလမ်းနှင့်သာဆိုပါက ဆေးလုံးတစ်လုံးကို သောက်သုံးခဲ့ပြီးသည့်အချိန်တိုင်းတွင် တစ်ခြားတစ်ခုနှင့် ချက်ချင်းအစားထိုးနိုင်မည် ဖြစ်သည်။
“ ဂလု “
ရှုကျိုးသည် သူ၏ပါးစပ်ကို ဖွင့်ကာ ဆေးတစ်လုံးကို မျိုချလိုက်ပြီး၊ သူ၏ ကျင့်ကြံရေး နည်းစနစ်ကို စတင်၍ အသက်သွင်းလိုက်သည်။
သူ့ခန္ဓာကိုယ် အတွင်းရှိ နတ်ဆေးလုံးသည် ဖြည်းဖြည်းချင်း လည်ပတ်လာခဲ့ပြီး၊ ရွှေရောင် သမ်းလာခဲ့ကာ ပေါ်လိုက်ပျောက်လိုက် ဖြစ်သွားခဲ့သည်။
၎င်းမှ ဆဌမအဆင့် အထွတ်အထိပ်၏ ရှေ့ပြေးနိမိတ်ပင် ဖြစ်သည်။
ရွှေရောင်အလင်းတန်းက အပြည့်အဝ ပုံပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် ရှုကျိုးက ဆဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး၊ ရွှေအူတိုင် ပထမ အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိသွားပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
“ စလိုက်ကြတာပေါ့ “
ရှုကျိုးသည် မျက်လုံးများကို မှိတ်ကာ စတင်၍ ကျင့်ကြံနေတော့သည်။
…
ရှုကျိုးက အဆင့်ထိုးဖောက်ရန် ကြိုးပမ်းနေစဥ် အချိန်တွင်
တိကျွမ်း၏ ပုံရိပ်သည် စစ်ဌာန၏ ဌာနချုပ်တွင် ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် ပုံရိပ်အများအပြားသည် ခန်းမထဲတွင် ရှိနေခဲ့ပြီး၊ သူတို့၏ မျက်နှာများက ရှင်းရှင်းလင်းလင်း မရှိသော်လည်း ဖိနှိပ်မှု အငွေ့အသက်များ ထုတ်လွှတ်နေခဲ့သည်။
သို့ရာတွင် တိကျွမ်းကို မြင်လိုက်ရသောအခါတွင် အဆိုပါ ပုံရိပ်အားလုံးသည် သူ့ကို အသာအယာ ခေါင်းငြိမ့်ပြလာကြသည်။
“ တိကျွမ်း၊ ငါတို့အားလုံးကို ဘာလို့ ခေါ်လိုက်တာလဲ ”
ပုံရိပ်တစ်ခုမှ အက်ရှရှ အသံဖြင့် စကားစပြောလာခဲ့သည်။
တိကျွမ်းသည် တလေးတနက်ဖြစ်နေသော လေသံမျိုးဖြင့် ပြန်ပြောလိုက်သည် “ တာအိုရောင်းရင်းတို့၊ အစီအစဥ်က ပြောင်းလဲသွားပြီ။ မင်းတို့အားလုံးက ကွမ်ဟန်တောင်ပိုင်း စစ်နယ်မြေဆီသွားပြီးတော့ အမှောင်နယ်မြေ အစီအရင်ကို ဖျက်စီးတာမှာ ကူညီဖို့ လိုအပ်နေပြီ “
သူတို့၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီး၊ ပုံရိပ်တစ်ချို့သည် အနည်းငယ် လှုပ်ခါသွားခဲ့သည်။
အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်မှ လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ တကယ်လို့ ငါတို့အားလုံးက အစီအရင်ဆီကို သွားလိုက်ရင်၊ စွမ်းအားကြီး ရန်သူတစ်ယောက်ယောက်က ကျူးကျော်လာမှာကို မကြောက်ဘူးလား “
အက်ရှရှအသံနှင့် ပုံရိပ်မှ စကားထပ်ပြောလာခဲ့သည် “ ငါတို့က ကွမ်ဟန်ရဲ့ အရပ်မျက်နှာ ရှစ်ဖက်ကို စောင့်ကြပ်နေတာလေ၊ အဲ့တာကြောင့်ပဲ အမှောင်နယ်မြေက လွယ်လွယ်ကူကူ ကျူးကျော်လာလို့ မရတာ။ အရပ်မျက်နှာ ရှစ်ဖက်စလုံး ကျဆုံးသွားတာနဲ့၊ အမှောင်နယ်မြေက သေချာပေါက် နယ်ကျော်လာမှာပဲ၊ အဲ့အချိန်ကျရင် ငါတို့က ဘာလုပ်ကြမှာလဲ “
တိကျွမ်းမှ ပြန်ပြောလိုက်သည် “ ရိုးရှင်းပါတယ်၊ ငါစောင့်နေမယ် “
“ မင်းးး …. “
အဖြူရောင် ဝတ်စုံနှင့်လူ၏ လေသံသည် အနည်းငယ် ပြောင်းလဲသွားပြီး လေးလေးပင်ပင် ဖြစ်သွားသော လေသံမျိုးဖြင့် စကားထပ်ပြောလာခဲ့သည် “ တိကျွမ်း၊ နင်အဆင့်တက်သွားတာလား “
ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးက ကွမ်ဟန် အရပ်မျက်နှာရှစ်ဖက်ကို စောင့်ကြပ်ရန်မှာ မဖြစ်နိုင်သော အရာဖြစ်သည်။
ရှေးခေတ်ကတည်းက အမှောင်နယ်မြေသည် ဤနယ်မြေကို တိုက်စားသိမ်းပိုက်ရန် ကြိုးပမ်းနေခဲ့ပြီး၊ တိုက်စားမှု လက္ခဏာရပ်များကိုလည်း ကွမ်ဟန်၏ နေရာအနှံ့တွင် မြင်တွေ့နိုင်ပေသည်။
ဤပကတိ အထွတ်အထိပ်အဆင့် ပညာရှင်များ၏ တာဝန်မှာ အမှောင်နယ်မြေမှ ပညာရှင်များ ရောက်ရှိလာခြင်းကို တားဆီးရန်အတွက် ထိုလက္ခဏာများကို အဆက်မပြတ် ပြင်ဆင်ခြင်းနှင့် ချိတ်ပိတ်ခြင်းတို့ပင် ဖြစ်သည်။
ပကထတိ အထွတ်အထိပ်အဆင့် ပညာရှင်များက အမျိုးမျိုးသော နတ်စွမ်းရည်များကို ပိုင်ဆိုင်ထားခဲ့သော်လည်း အကြီးစား တိုက်စားမှုနှင့် ရင်ဆိုင်ရသောအခါ၌ သူတို့ထံတွင်လည်း ကန့်သတ်မှုများ ရှိနေခဲ့သည်။
ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးသည် တိုက်စားမှုတစ်ခုကိုသာလျှင် ကာကွယ်စောင့်ကြပ်နိုင်ပေသည်။
တစ်ချို့ တိုက်စားမှုအားကောင်းသည့် နေရာများတွင်မူ ပကတိ ပညာရှင်နှစ်ဦးအထိ စောင့်ကြပ်ရန် လိုအပ်ပေသည်။
ဥပမာအားဖြင့် ၃၈မျဥ်းပြိုင်သည် အဓိက တိုက်စားမှုနယ်မြေဖြစ်ပြီး၊ ထို့ကြောင့်ပင် ကမ္ဘာနှစ်ခု စစ်ပွဲ ဖြစ်ပွားလာရခြင်း ဖြစ်သည်။
ထို့ကြောင့် တိကျွမ်းက အရပ်မျက်နှာ ရှစ်ဘက်ကို စောင့်ကြပ်မည်ဟု ပြောလာခဲ့သည့် အချိန်တွင် လူတိုင်းက အံ့ဩတုန်လှုပ်သွားရခြင်း ဖြစ်သည်။
တိကျွမ်းမှ စကားထပ်ပြောလာခဲ့သည် “ ရာစုနှစ်တစ်ခုလောက် ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ပြီးတဲ့နောက်မျာ ငါ့ရဲ့ မိုးကြိုးစွမ်းရည်နဲ့ အဲ့အဆင့်ကို နီးနေပြီ၊ ဒါပင်မဲ့ အတားအဆီးက ရှိနေတုန်းပဲ “
အဖြူရောင် ဝတ်စုံနှင့် ပုံရိပ်သည် ပို၍ပင် အံ့အားသင့်သွားခဲ့သည် “ လွန်ခဲ့တဲ့ ရာစုနှစ်တုန်းက နင်က အဲ့အဆင့်ကို ခြေတစ်လှမ်းလှမ်းထားခဲ့ပြီးပြီလေ၊ အခု နင်က ထပ်သွားနိုင်သေးလား “
သူမသည် သူမ၏ တကယ့် အသွင်အပြင်ကို ဖော်ထုတ်လာခဲ့သည်၊ ၎င်းမှာ အလွန်ဆွဲဆောင်မှုရှိသည့် မိန်းမပျိုလေးတစ်ဦး ဖြစ်နေခဲ့ပြီး၊ သူမ၏ အသံမှာ အလွန်တရာ ချိုသာနေခဲ့သည် “ တိကျွမ်း၊ နင်က အဆင့်တက်ဖို့အတွက် ယုံကြည်ချက် ဘယ်လောက်ရှိလဲ “
တစ်ခြားသော ပုံရိပ်များမှာလည်း သူတို့၏ အသွင်အပြင်များကို ဖော်ထုတ်လာကြပြီး လူကိုယ်တိုင် ရောက်လုနီးပါးအထိ ဖြစ်နေခဲ့သည်။
ထိုလူများကို မြင်လိုက်ရသောအခါတွင် တိကျွမ်းမှ ပြုံးပြလိုက်သည် “ ရာစုနှစ်တစ်ခုလောက် ကုန်သွားတာတောင် မင်းတို့က နည်းနည်းလေးမှ မပြောင်းလဲသွားဘူးပဲ “
ထိုလူများအနက် အသက်ကြီးသော၊ ငယ်ရွယ်သောနှင့် ပိုမိုနုပျိုငယ်ရွယ်သော မျက်နှာများ ရှိနေခဲ့သော်လည်း၊ သူတို့အားလုံးသည် နှစ်ရာနှင့်ချီ၍ ရှင်သန် နေထိုင်ခဲ့ကြပြီးပြီ ဖြစ်သည်။
ပကတိ အထွတ်အထိပ် နယ်ပယ်ကို အားကိုးရင်းဖြင့် သူတို့သည် သူ၏ငယ်ရွယ်နုပျိုသော အသွင်အပြင်များကို ထိန်းသိမ်းထားနိုင်ကြသည်။
ဤအချိန်၌ သူတို့အားသည် မျှော်လင့်တကြီး ဖြစ်နေသော အမူအရာများဖြင့် တိကျွမ်းကို စိုက်ကြည့်နေကြသည်။
အက်ရှရှအသံနှင့်လူသည် ငွေရောင်ဆံသားပိုင်ရှင် လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုလာခဲ့သည် “ တိကျွမ်း၊ မင်းက အဆင့်ထိုးဖောက်ဖို့ ယုံကြည်ချက်ရှိလား “
“ ခက်တယ် ”
တိကျွမ်းသည် အသာအယာ သက်ပြင်းချ၍ ပြန်ပြောလိုက်သည် “ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ငါက အဲ့အဆင့်နဲ့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်လို့ ထင်နေခဲ့ဖူးတယ်၊ ဒါပင်မဲ့ ဆက်သွားကြည့်လိုက်တော့ ငါက ခြေလှမ်းတစ်ရာလောက် လိုနေသေးတာကို သိခဲ့ရတယ် “
“ အဲ့တာက ……. “
အားလုံးသည် အနည်းငယ် မှင်သင်ကာ ဆွံ့အသွားတော့သည်။
အဖြူရောင် ဝတ်စုံနှင့် ကောင်မလေးဖြစ်သည့် လီဝမ်ချင်း၏ မျက်လုံးလေးများထဲတွင် စိတ်ပျက်အားလျော့သွားသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည် “ နင့်ရဲ့ စွမ်းရည်နဲ့တောင်မှ အဲ့ခြေလှမ်းကို မလှမ်းနိုင်ဘူးလား “
တိကျွမ်းသည် သူမတို့ထဲတွင် အရည်အချင်း အကောင်းဆုံးနှင့် ပါရမီအရှိဆုံး ဖြစ်သည်။
လွန်ခဲ့သော နှစ်တစ်ရာခန့်က တိကျွမ်းသည် သူမတို့အားလုံးကို ဦးဆောင်ခဲ့ပြီး၊ ပကတိ အထွတ်အထိပ်အဆင့်အလွန်ကို ခြေလှမ်းတစ်ဝက် ချနိုင်ခဲ့သည်။
ယခု နှစ်တစ်ရာကြာခဲ့ပြီးသည့်နောက်၌ တိကျွမ်းသည် နီးကပ်လာရမည့်အစား ပို၍ဝေးကွာသွားခဲ့ကာ တစ်ဖက်ကမ်းသို့ မရောက်ခဲ့ပေ။
မျှော်လင့်ချက် မဲ့သွားစေသော အဆိုပါ ဝေးကွာမှုသည် လူတိုင်း၏ စိတ်နှလုံးသားကို လှုပ်ခတ်သွားစေခဲ့ကာ၊ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။
အကယ်၍ ၎င်းကသာ လက်လှမ်းမမှီနိုင်သော နယ်ပယ်တစ်ခုဖြစ်နေမည်ဆိုပါက မည်သည့်အတွက်ကြောင့် ကျင့်ကြံနေရတော့မည်နည်း
“ မင်းတို့ စိတ်ပျက်သွားဖို့ မလိုပါဘူး၊ ငါက ဆက်ခံသူတစ်ယောက်ဆီမှာ မျှော်လင့်ချက်ကို တွေ့ခဲ့ပြီးပြီ “
တိကျွမ်းမှ ပြုံးပြလိုက်သည်။
လူတိုင်း သိသိသာသာ စိတ်လှုပ်ရှားသွားကြသည်။
လီဝမ်ချင်းမှ ဇဝေဇဝါ ဖြစ်နေသော အမူအရာမျိုးဖြင့် မေးမြန်းလာခဲ့သည် “ ဆက်ခံသူလား “
တိကျွမ်းမှ ပြောပြနေတော့သည် “ အစောပိုင်း အချိန်တုန်းက ယဲ့ဟုန်ကို သတ်ခဲ့တဲ့ အဲ့ကလေးလေ၊ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက သူက ဘယ်နယ်ပယ်မှာ ရှိနေလဲဆိုတာကို သိကြလား “
“ ယဲ့ဟုန်ကို သတ်ခဲ့တာလား “ လီဝမ်ချင်းသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ ချက်ချင်း ပြန်ပြောလာခဲ့သည် “ ရှုကျိုးကို ပြောတာလား “
ပကတိ အထွတ်အထိပ် နယ်ပယ်တွင် ကမ္ဘာတစ်ခုလုံးရှိ အရာအားလုံးကို တွေးလိုက်ရုံဖြင့် သိနိုင်မည် ဖြစ်သည်။
ထို့ကြောင့် သိပ်မကြာခင် အချိန်ကမှ ဖြစ်ရပ်များကို အလွယ်တကူ ကောက်ချက်ချနိုင်ပေသည်။
ထို့ကြောင့် ကွမ်ဟန်တွင် နေထိုင်ကြသော်လည်း ယဲ့ဟုန်အား မည်သူက သတ်ခဲ့လဲဆိုသည်ကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။
လီဝမ်ချင်းမှ တွေးတွေးဆဆဖြင့် ပြန်ပြောလာခဲ့သည် “ သူက အခုမှ အဆင့်၆ပဲ ရှိသေးတာ၊ လွန်ခဲ့တဲ့ တစ်နှစ်ကဆိုတော့ ….. အဆင့်၃လား “
သူမအတွက် တစ်နှစ်အတွင်းတွင် အဆင့်နှစ်ဆင့် တိုးတက်လာခြင်းကပင် ပါရမီရှင်အဖြစ် သတ်မှတ်နေနိုင်ပြီ ဖြစ်သည်။
ဒါပင်မဲ့ တိကျွမ်းရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တယ်ဆိုတော့ အဆင့်သုံးဆင့်အထိ တစ်နှစ်တည်း တိုးတက်လာလို့များလား
တိကျွမ်းမှ ခေါင်းခါပြလိုက်သည် “ မဟုတ်ဘူး “
အက်ရှရှ အသံနှင့် လူငယ်မှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက သူက အဆင့်၂မှာလား။ တစ်နှစ်တည်းနဲ့ အဆင့်ကြီးလေးဆင့် ကျော်ဖြတ်နိုင်ခဲ့တာက တော်တော်ကြီးကို ချဲ့ကားလွန်းရာ ကျနေပြီ မဟုတ်ဘူးလား “
မထင်မှတ်ထားစွာဖြင့် တိကျွမ်းမှ ထပ်မံ၍ ခေါင်းခါပြလာခဲ့သည် “ မင်းတို့အားလုံး မှားတယ်၊ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကဆိုရင် သူက ဘယ်အဆင့်ကိုမှ မရောက်သေးဘူး “
“ ဘယ်အဆင့်မှ မရောက်သေးတာလား “
ဤတစ်ကြိမ်၌ လီဝမ်ချင်းသည် မတုန်လှုပ်ဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည် “ သူက တစ်နှစ်အတွင်းမှာပဲ အဆင့်မရှိတဲ့ အနေအထားကနေ အဆင့်၆ အထွတ်အထိပ်အထိ ရောက်လာခဲ့တယ်လို့ ပြောနေတာလား “
“ ငါသိရသလောက်အရဆိုရင်တော့ အဲ့ကလေး ကျင့်ကြံတာက တစ်နှစ်တောင် မပြည့်သေးဘူး “
တိကျွမ်မှ အသာအယာ ပြုံးပြလိုက်သည် “ အဲ့တာကြောင့်ပဲ သူ့ဆီမှာ မျှော်လင့်ချက်တွေ့ခဲ့တယ်လို့ ငါပြောခဲ့တာ “
အဖြူဝတ် မိန်းမပျို လီဝမ်ချင်းသည် တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးမှ စကားထပ်ပြောလာခဲ့သည် “ အဲ့ဒီရှုကျိုးက အစစ်အမှန် သိုင်းပညာဌာနကမလား။ တကယ်လို့ သူက အမြင့်ပိုင်း အဆင့်တွေကို မရောက်လာခဲ့ဘူးဆိုရင်တော့ ပြောဖို့ခက်သွားပြီ “
ပကတိ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦးဖြစ်သည့် သူမသည် ဂိုဏ်းဂဏကွဲပြားနေခြင်းကို ဂရုမစိုက်ပေ။
သို့သော် လေ့လာစောင့်ကြည့်သူ တစ်ဦးအနေဖြင့် သူမသည် အစစ်အမှန် သိုင်းပညာဌာန၏ အတိတ်ကဖြစ်ရပ်များကို ကောင်းစွာသတိပြုမိနေခဲ့သည်။
ထိုမျိုးဆက်မှ လူအများစုသည် ပြိုင်ဘက်ကင်း ပါရမီရှင်များသာ ဖြစ်နေခဲ့ပြီး၊ သို့သော် အမြင့်ပိုင်း အဆင့်ကို ကျော်ဖြတ်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
ကျိန်စာတစ်ခုသဖွယ် ဖြစ်နေခဲ့ပြီး၊ အမြင့်ပိုင်း အဆင့်သို့ ရောက်ရှိလာခဲ့သည့် လူများကလည်း ဘဝသက်တမ်း ယုတ်လျော့သွားခဲ့ပြီး၊ မကြာခင် အချိန်မှာပင် ကျဆုံးသွားခဲ့ကြသည်။
“ အမြင့်ပိုင်း အဆင့်လား “ တိကျွမ်းသည် အေးအေးလူလူ ပြုံးနေတော့သည် “ အဲ့ဒီအငယ်လေးက အဆင့်တက်ဖို့ ပြင်နေတယ်လေ၊ စောင့်ကြည့်လိုက်ကြတာပေါ့ “
လီဝမ်ချင်းသည် ခေါင်းငြိမ့်ပြလာခဲ့ကာ ထပ်မံ၍ ဖြည့်စွက်ပြောဆိုလာခဲ့သည် “ နင်က ငါတို့ကို ကွမ်ဟန်တောင်ပိုင်းကို ပို့မယ်ဆို “
တိကျွမ်းမှ ခေါင်းငြိမ့်ပြလိုက်သည် “ ခုနတုန်းကပဲ မျက်လုံးသုံးလုံးဘုရင်နဲ့ တွေ့ခဲ့တယ်၊ သူက ငါတို့အတွက် နှစ်ဝက်ပဲ အချိန်ကျန်တော့တယ်တဲ့ “
“ အဲ့တာက အမှောင်နယ်မြေလမ်းကြောင်းနဲ့ ဆိုင်နေလိမ့်မယ်လို့ ငါသံသယဖြစ်နေတယ်။ တစ်ခုတည်းသော ဖြေရှင်းချက်ကတော့ နှစ်ဝက်အတွင်းမှာ အဲ့ဒီ အစီအရင်တွေကို ဖျက်စီးနိုင်ဖို့ပဲ “
“ တောင်ပိုင်းစစ်မြေပြင်ကို မင်းတို့ ရောက်သွားမယ်ဆိုရင် အချိန်ကို ကြီးကြီးမားမား လျှော့ချလိုက်လို့ရတယ် “
တောင်ပိုင်း စစ်မြေပြင်တွင် ရှိနေသည့် အစီအရင်များသည် သန်းနှင့်ချီ၍ တည်ရှိနေခြင်းဖြစ်ပြီး၊ သူတို့က အကုန်လုံးကို မဖျက်စီးနိုင်ဘူးဆိုလျှင်တောင်မှ၊ ပင်မ/အရေးပါသော အစီအရင် သိန်းဂဏန်းကို သေချာပေါက် ဖျက်စီးရမည် ဖြစ်သည်။
မူလအစီအစဥ်အရ ထိုကဲ့သို့ပြုလုပ်ရန်အတွက် အနည်းဆုံးအနေဖြင့် တစ်နှစ်အထိ အချိန်ယူရမည် ဖြစ်သည်။
ပြောင်းလဲသွားသော အခြေအနေများအရ တိကျွမ်းသည် သူတို့က ၎င်းတို့ကို နှစ်ဝက်အတွင်းတွင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
လီဝမ်ချင်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ တကယ်လို့ နင်က ကွမ်ဟန်ရဲ့ အရပ်မျက်နှာရှစ်ဘက်ကို စောင့်ကြပ်နိုင်မယ်ဆိုရင်တော့ ဘာပြဿနာမှ မရှိဘူး “
“ ငါရောပဲ “
“ ငါတို့လည်း အတူတူပဲ “
တစ်ခြားလူကလည်း တစ်ယောက်ပြီးတစ်ယောက် စကားဝင်ပြောလာခဲ့သည်။
တိကျွမ်းသည် အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည် “ ဒါဆိုရင်လည်း အားလုံးပဲ၊ ဒီကမ္ဘာကြီးအတွက်၊ ပြီးတော့ ရှုကျိုးအတွက် အချိန်ပိုဝယ်ပေးလိုက်ကြတာပေါ့ “
……………………………………………………………………………………………………………………………………….
အပိုင်း ( 554 )
ကောင်းကင်ဘုံကို သွားတဲ့လမ်းလား၊ ဒါမှမဟုတ် ပကတိ အထွတ်အထိပ်အဆင့်ကို သွားတဲ့ လမ်းလား
“ ဂလု “
“ ဂလု “
စံအိမ်အတွင်းရှိ ရှုကျိုးကမူ ဆဌမအဆင့် ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး သောက်သုံးနေလျက်ရှိသည်။
ကျင့်ကြံရေး နည်းစနစ်၏ သန့်စင်မှုအောက်တွင် အဆိုပါ ဆေးလုံးများသည် သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး၊ နတ်ဆေးလုံးကို လျင်မြန်စွာ အားဖြည့်ပေးနေကြတော့သည်။
သူ၏ခွန်အားမှာလည်း မြန်ဆန်သော နှုန်းထားဖြင့် တဟုန်ထိုး တိုးမြင့်လာခဲ့သည်။
နာရီဝက်
တစ်နာရီ
သုံးနာရီ
“ ဗွီ “
ရုတ်တရက်ဆိုသလိုပင် နတ်ဆေးလုံးသည် အနည်းငယ် လှုပ်ခါလာခဲ့ပြီး၊ ရွှေရောင် စွမ်းအင်တစ်ခု ပျံ့လွင့်လာခဲ့သည်။
“ ငါလုပ်နိုင်ခဲ့ပြီ “
ရှုကျိုး၏ မျက်လုံးများ ပွင့်ဟလာခဲ့ပြီး၊ သူခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါမှာလည်း စတင်၍ မြင့်တက်လာခဲ့သည်။
မကြာခင် အချိန်မှာပင် သူ၏အရှိန်အဝါသည် သာမန်ဆဌမအဆင့်နယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီး၊ ဆဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ရှုကျိုးမှ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းသို့ ကြည့်ရှုစစ်ဆေးလိုက်ရာ၊ နတ်ဆေးလုံး၏ မျက်နှာပြင်က ရွှေရောင်အဖြစ် ဆယ်ပုံတစ်ပုံ ပြောင်းလဲနေသည်ကို မြင်တွေ့သွားခဲ့သည်။
၎င်းမှာ ရွှေအူတိုင် ပထမ အသွင်ပြောင်းခြင်း၏ သရုပ်မှန် ဖြစ်သည်၊ ၎င်းမှာ သူက ဆဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု ဆိုလိုနေခြင်း ဖြစ်သည်။
သို့သော် ၎င်းမှာ အဆုံးသတ် မဟုတ်ပေ၊ ဤအခိုက်အတန့်၌ ရှုကျိုး၏ နတ်ဆေးလုံးအတွင်းတွင် စွမ်းအင်အသစ်တစ်ခု မွေးဖွားလာခဲ့သည်။ အဆိုပါ စွမ်းအင်သည် သူ၏ မူလနှင့် ချိတ်ဆက်နေလျက်ရှိပြီး၊ ရှုကျိုးသည် သူကိုယ်တိုင်က နတ်ဆေးလုံးထဲတွင် ရှိနေသကဲ့သို့ နောက်ထပ်အမြင်သစ်တစ်ခု ရရှိသွားခဲ့သည်။
( သိုင်းဝတ္ထုတွေမှာက မူလဆိုရင် ဒန်တန်၊ ချီ၊ အသက်ဓာတ်တွေလို့ သုံးကြပါတယ်၊ ကျွန်တော်တို့ ရှုကျိုးရဲ့ အသွားအလာအရဆိုရင်တော့ အသက်ဓာတ်လို့ ထင်ပါတယ်၊ ကျွန်တော်မှားနေမယ်ဆိုရင်တော့ နောက်အပိုင်းတွေမှာ ဖြည့်စွက် ပြောကြားပေးပါ့မယ် )
“ အဆင့်၆ကို ကျော်ဖြတ်ရင် နတ်ဝိညာဥ် ပေါ်လာမယ် “
ရှုကျိုးသည် ၎င်းက မည်သည့်အရာဖြစ်လဲဆိုသည်ကို သိနေခဲ့သည်၊ ၎င်းမှာ နတ်ဆေးလုံးမှ မွေးဖွားပေးသည့် နတ်ဝိညာဥ် ဖြစ်သည်။
၎င်းမှာ သတ္တမအဆင့်သို့ တက်လှမ်းရာတွင် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုလည်း ဖြစ်သည်။
နတ်ဆေးလုံးက ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည့် အချိန်တိုင်းတွင် ၎င်း၏ အသက်အရင်းအမြစ်ကို အုတ်မြစ်အဖြစ် အသုံးပြုကာ နတ်ဝိညာဥ်ကို ဖွဲ့စည်းမည် ဖြစ်သည်။
ရွှေအူတိုင်က အသွင်ပြောင်းမှုကို ခံယူရသည့် အချိန်တိုင်းတွင် အဆိုပါ နတ်ဝိညာဥ်မှာလည်း လိုက်ပါ၍ ပိုမိုသန်မာအားကောင်းလာမည် ဖြစ်သည်။
( ရွှေအူတိုင် အဆင့်တက်ရင်ပေါ့ဗျာ )
သို့သော် အခြေခံအားဖြင့် လူတစ်ဦးက ရွှေအူတိုင် ပထမ အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိလာမည်ဆိုပါက၊ ထိုလူက အမြင့်ပိုင်း အဆင့်၏ အတားအဆီးကို ကျော်ဖြတ်ကာ သတ္တမအဆင့်သို့ တက်လှမ်းနိုင်ပေသည်။
“ အမြင့်ပိုင်း အဆင့်ကို သွားတဲ့ လမ်းကြောင်းက ငါ့ခြေထောက်အောက်မှာ ရောက်နေပြီ “
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်၊ သူသည် အမြင့်ပိုင်း အဆင့်သို့ သွားရာ လမ်းကြောင်းက မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို မသိခဲ့ပေ။
သို့သော် ယခု၌ သူသည် အဆိုပါ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ခံစားလာခဲ့ရသည်။
နတ်ဆေးလုံးမှ အစပြုကာ ကောင်းကင်ဘုံသို့ တက်လှမ်းမည့် လမ်းကြောင်း ဖြစ်သည်။
ရှုကျိုးကသာ ဆန္ဒရှိသရွေ့ သူ၏နတ်ဝိညာဥ်သည် နတ်ဆေးလုံးကို ရိုက်ချိုးကာ ဖောက်ထွက်လာမည် ဖြစ်ပြီး၊ ကောင်းကင်သို့သွားရာလမ်းကို လျှောက်လှမ်း၍ သတ္တမအဆင့်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
( ဘာနဲ့တူလဲဆိုတော့ ဝမ်လင်ဇာတ်ကား အပိုင်း ၁၂၀မှာ ဗုံတီးရင်း အထက်ဘုံတက်သလို ဂိတ်တံခါးကြီးနဲ့ လှေကားထစ်တွေ ပေါ်လာမယ်လို့ မှတ်လို့ရပါတယ် )
“ ဘုမ်းးးး “
ထိုစဥ် ကောင်းကင်ထက်ရှိ အဆိုပါ လမ်း၏ အဆုံးတစ်ဖက်တွင် ကြောက်မက်ဖွယ်ရာ သတ္တဝါတစ်ကောင်ကောင်က အဆိုပါ လမ်းကို ဆောင့်နင်းလိုက်သကဲ့သို့ တုန်ခါ ပေါက်ကွဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ကောင်းကင်ထက်ရှိ အဆိုပါ လမ်း၏ အစွန်းတစ်ဖက်တွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့ပြီး၊ ၎င်းသည် ပြင်းထန်သော တုန်ခါမှုကြောင့် လျင်မြန်စွာ ပြိုကျသွားခဲ့သည်။
“ အဲ့တာက ……. “
ရှုကျိုးမှာ အံ့ဩမှင်သက်သွားခဲ့သည်။
အမြင့်ပိုင်း အဆင့်သို့ သွားရာ လမ်းကြောင်းသည် သူ၏မျက်လုံးများ ရှေ့မှာပင် ပြိုကျပျက်စီးသွားခဲ့သည်။
“ လမ်းဆုံးမှာ ဘယ်သူရှိနေတာလဲဟ “
ရှုကျိုးသည် တစ်ယောက်ယောက်က လမ်းဆုံးကို ဖျက်စီးလိုက်သည်ဟု သံသယဖြစ်နေသော်လည်း၊ အရှေ့သို့ ခက်ခက်ခဲခဲ မော့ကြည့်ကာ သေချာကြည့်ရှုစစ်ဆေးခဲ့ပြီးသည့်နောက်တွင် မည်သည့်ပုံရိပ်မှ ရှိမနေဘူးဆိုသည်ကိုသာ မြင်တွေ့ခဲ့ရသည်။
လမ်းက သူ့အလိုအလို ပြိုကျသွားသည့်အလား ဖြစ်နေခဲ့သည်။
ဤအချိန်၌ အဆိုပါ လမ်းက လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သောကြောင့်၊ နတ်ဆေးလုံးမှ ကောင်းကင်နှင့် ချိတ်ဆက်ထားသည့် လမ်းကြောင်းမှာလည်း လုံးဝပြတ်တောက်သွားခဲ့သည်။
နတ်ဆေးလုံးက အခိုင်အမာ တည်ရှိနေသေးသော်လည်း၊ ကောင်းကင်သို့သွားရာ လမ်းကြောင်းမှာ ပိတ်ဆို့သွားခဲ့ပြီ ဖြစ်သည်။
“ နတ်ဆေးလုံးက တကယ်ကြီးကို ခိုင်မာသွားတာပဲ “
ရှုကျိုးသည် ရုတ်တရက် ရယ်မောကာ ဌာနမှူးနှင့် ကျောင်းအုပ်ကြီးတို့ ပြောခဲ့သည့် နတ်ဆေးလုံးက ခိုင်မာသွားခဲ့သည်ဆိုသည့် ကိစ္စကို အမှတ်ရသွားကာ ချက်ချင်းနားလည်သွားတော့သည်။
“ တစ်ယောက်ယောက်က အစစ်အမှန် သိုင်းပညာဌာနရဲ့ ကောင်းကင်လမ်းကြောင်းကို ခိုးကြောင်ခိုးဝှက် ဖျက်စီးနေတာပဲ၊ အဲ့တာက ဘယ်သူလဲ။ ကမ္ဘာ့ကြယ်ရဲ့ ပကတိ အထွတ်အထိပ်အဆင့် ပညာရှင်လား။ ဒါမှမဟုတ် အမှောင်နယ်မြေရဲ့ စွမ်းအားကြီး ပညာရှင်လား “
“ ဒါမှမဟုတ် ကျောင်းအုပ်ကြီး ပြောသလိုမျိုး ကျိန်စာတစ်ခု ဖြစ်နေတာများလား “
အကယ်၍ ၎င်းက ကျိန်စာတစ်ခု ဖြစ်နေမည်ဆိုလျှင်တောင်မှ ၎င်းသည် လူသားတို့ ပြုလုပ်ထားသည့် အရာသာ ဖြစ်နေလိမ့်မည် ဖြစ်သည်။
အရင်းအမြစ်ကိုသာ ရှာတွေ့သရွေ့ ၎င်းကို ချိုးဖျက်နိုင်မည် ဖြစ်သည်။
“ ဘယ်ကောင်ပဲဖြစ်နေပါစေ၊ ရှာတွေ့လို့ကတော့ အဆတစ်ရာလောက် ပြန်ပေးဆပ်ခိုင်းမယ် “
ရှုကျိုးသည် အမုန်းတရားတို့ဖြင့် အံတကြိတ်ကြိတ်ဖြစ်သွားတော့သည်၊ သူ၏ကောင်းကင်လမ်းကြောင်းက ဖြတ်တောက်ခံလိုက်ရပြီး၊ ၎င်းမှာ သူ၏တိုးတက်မှု လမ်းကြောင်းက ပြတ်တောက်သွားပြီဟု ဆိုလိုနေခြင်း ဖြစ်သည်၊ ထို့ကြောင့် ထိုအရာသည် ကောင်းကင်ဘုံအောက်တွင် အတူယှဥ်တွဲ မရှိနေနိုင်တော့သည့် ကမ္ဘာမကြေရန်ငြှိုးတစ်ခု ဖြစ်သွားပြီ ဖြစ်သည်။
သို့သော် ရှုကျိုးသည် မကြာခင်အချိန်မှာပင် ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ငါက အဆင့်၆နယ်ပယ်မှာပဲ ရှိနေသေးတယ်လေ၊ ကောင်းကင်လမ်းကြောင်းကလည်း အဖြတ်ခံလိုက်ရပြီ၊ ဇစ်မြစ်ကို ဘယ်လိုရှာရမှာလဲဟ
တစ်ဖက်လူက ဘယ်သူလဲဆိုတာကို သိရရင်တောင်မှ ကြယ်ပြာဂြိုဟ်ရဲ့ ပကတိ အထွတ်အထိပ်အဆင့် ပညာရှင်တွေက အဲ့ခွေးသားလား/ခွေးမလား မသိရသေးတဲ့ကောင်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး
“ ဘာပဲဖြစ်ဖြစ်ပါလေ၊ ငါက ချက်ချင်းအဆင့်တက်ဖို့ စီစဥ်ထားတာမှ မဟုတ်တာ “
“ အင်မော်တယ် ရွှေအူတိုင်ကို ကျင့်ကြံလိုက်တာနဲ့ သတ္တမအဆင့်ကို ရောက်ကိုရောက်သွားလိမ့်မယ်လို့ ငါယုံကြည်တယ်ကွာ “
ရှုကျိုးသည် အံကြိတ်ကာ တွေးတောစဥ်းစားနေတော့သည် “ နတ်ဆေးလုံးက ခိုင်မာသွားတော့ရော ဘာလုပ်ရမှာတုန်း၊ ဒီနေ့မှာ အဲ့အတားအဆီးကို ရိုက်ချိုးပြမယ်ကွာ “
ထို့နောက်တွင် သူသည် လက်ပတ်ကိုဖွင့်ကာ သတ္တမတစ်ပိုင်းအဆင့် ဆေးလုံးများကို စတင်၍ ဝယ်ယူနေတော့သည်။
သတ္တမတစ်ပိုင်းအဆင့် ဆေးလုံးများသည် အလွန်တရာ ဈေးမြင့်နေခဲ့ပြီး၊ ဆေးတစ်လုံးလျှင် အမှတ်နှစ်သောင်းပေးခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ရှုကျိုး၏ အမှတ်များမှာ အလွန်တရာ များပြားနေခဲ့သောကြောင့် သူအလိုရှိသလောက် ဝယ်ယူနိုင်ခဲ့သည်။
တစ်ခဏ အကြာတွင် သူသည် သတ္တမတစ်ပိုင်းအဆင့် ဆေးလုံး အလုံး၅၀အထိ ဝယ်ယူကာ အမှတ်တစ်သန်း သုံးစွဲလိုက်သည်။
“ ပို့ဖို့အတွက် အချိန်ယူရဦးမှာပဲ၊ ဆိုတော့ ဒီအချိန်ကို အခွင့်ကောင်းယူပြီးတော့ ဘုံကိုးဆင့် မိုးကြိုးရေကန်ကို သွားရမယ် “
ဆဌမအဆင့် အထွတ်အထိပ်သို့ တက်လှမ်းရန်အတွက် ဆေးလုံးများစွာ အသုံးပြုခဲ့သောကြောင့် ရှုကျိုးသည် သူ၏ နတ်ဆေးလုံး လည်ပတ်မှုက ချောချောမွေ့မွေ့ ဖြစ်မနေဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။
အကယ်၍ ကောင်းကင်လမ်းက မပြိုကျသွားဘဲ တိုက်ရိုက်အဆင့်ထပ်တက်လိုက်မည်ဆိုလျှင်တောင်မှ သူသည် အဆိုပါ ဆေးအဆိပ်အတောက်များကြောင့် အစောပိုင်း သတ္တမအဆင့်တွင်သာ ပိတ်မိသွားမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရှုကျိုးသည် ဘုံကိုးဆင့် မိုးကြိုးရေကန်ကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို ပြုပြင်ပုံသွင်းနိုင်ခဲ့ဖူးသောကြောင့်၊ နောက်တစ်ခါ ထပ်သွားလိုက်ရုံဖြင့် အဆိပ်အတောက်များကို ဖယ်ရှားနိုင်ဦးမည် ဖြစ်သည်။
…
ဘုံကိုးဆင့် မိုးကြိုးရေကန်
ဤကဲ့သို့သော အထူးနယ်မြေများသည် နေရာတိုင်းတွင် တည်ရှိပြီး၊ ကြယ်ပြာဂြိုဟ်တွင်ဖြစ်စေ၊ ကမ္ဘာ့ကြယ်တွင်ဖြစ်စေ၊ ကောင်းကင်ထက်သို့ မီတာ ၁သန်းတက်လှမ်းလိုက်သည်နှင့် ဘုံကိုးဆင့် မိုးကြိုးရေကန်အတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
ဤအချိန်၌ ရှုကျိုးသည် ယခင်က နည်းစနစ်ကို ထပ်မံ၍ အသုံးပြုကာ ဘုံကိုးဆင့် မိုးကြိုးရေကန်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
“ ဂျိမ်းးးး “
ဆဌမအဆင့် ပညာရှင်တစ်ဦးကို နေရာမှာတင် ချက်ချင်းကျဆုံးသွားစေရန် လုံလောက်သည့် စွမ်းအားများ ပါဝင်သော မိုးကြိုးတစ်စင်းသည် ရှုကျိုးကို ထိမှန်လာခဲ့သည်၊ သို့သော် သူသည် မျက်မှောင်ပင် မကြုတ်သွားခဲ့ချေ။
“ အဆင့်၆ အထွတ်အထိပ်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ အပြင်ပိုင်းနယ်မြေက မိုးကြိုးတွေက ငါ့အတွက် အကျိုးသက်ရောက်မှု လုံးဝမရှိတော့ဘူး “
ရှုကျိုးအတွေးနက်သွားခဲ့သည် “ ခုခံကာကွယ်မနေဘဲ မိုးကြိုး ပစ်တာကို တိုက်ရိုက်ခံလိုက်ရမယ် ဆိုရင်တောင်မှ ငါ့ကို ယားစေရုံလောက်ပဲ ဖြစ်နိုင်တော့တယ် “
သူသည် အရှေ့သို့ ဆက်တက်လာခဲ့ပြီး၊ တစ်ခဏအကြာတွင် မီတာ ငါးထောင်အနက်သို့ ရောက်ရှိလာခဲ့သည်။
“ ဇွီ ဇွီ “
မိုးကြိုးတိမ်တိုက်များ စုပြုံနေပြီး၊ ခရမ်းနက်ရောင် မိုးကြိုးများသည် မိုးကြိုးနဂါး၏ လက်သည်းများကဲ့သို့ ရှုကျိုးကို ကုတ်ဆွဲတိုက်ခိုက်လာခဲ့သည်။
ဂျိမ်းးးးး
မိုးကြိုးပစ်ခွင်းလာခဲ့ပြီး၊ မီတာ သောင်းနှင့်ချီ၍ ရှည်လျားသော ဟင်းလင်းပြင် အက်ကွဲကြောင်းများကို လေဟာနယ်အတွင်းတွင် ချန်ရစ်ထားခဲ့သည်။
ထိုကဲ့သို့သော စွမ်းအားမျိုးသည် သာမန်သတ္တမအဆင့် ပညာရှင်တစ်ဦးကိုပင် ကြောက်ချေးပါသွားစေမည် ဖြစ်သည်။
“ ဒါကမှ ငါလိုချင်နေတဲ့ဟာပဲ “
ရှုကျိုး၏ မျက်နှာသည် ပျော်ရွှင်မှုတို့ဖြင့် ဝင်းလက်တောက်ပသွားခဲ့သည်၊ ဤအရာမှာ သူအလိုရှိသည့် မိုးကြိုးဖြစ်သောကြောင့် ချက်ချင်း တင်ပျဥ်ခွေထိုင်လိုက်သည်။
…………………………………………………………………………………………………………………………………………
အပိုင်း ( 555 )
ကောင်းကင်ဘုံကို သွားတဲ့လမ်းလား၊ ဒါမှမဟုတ် ပကတိ အထွတ်အထိပ်အဆင့်ကို သွားတဲ့ လမ်းလား ၂
ဂျိမ်းးးးး
မိုးကြိုးများက သူ၏ခန္ဓာကိုယ်ကို ထိမှန်သွားသည့် အချိန်တွင် ရှုကျိုး၏ အရေပြားများသည် မီးလောင်ဒဏ်သင့်သကဲ့သို့ မည်းနက်သွားခဲ့သည်။
သို့သော် အင်မော်တယ် စွမ်းရည်၏ ပြင်ဆင်မှုအောက်တွင် သူ၏ အရေပြားသည် မူလအခြေအနေသို့ ချက်ချင်းပြန်ရောက်သွားခဲ့သည်။
သို့သော် ကြောက်မက်ဖွယ်ရာ မိုးကြိုးများက ထပ်မံ၍ တိုက်ခိုက်လာခဲ့သောကြောင့် သူ၏အရေပြားတို့မှာ ထပ်မံ၍ မည်းနက်သွားရပြန်သည်။
အင်မော်တယ်စွမ်းရည်မှာလည်း ဆက်တိုက် ပြုပြင်ပေးနေခဲ့သည် ………
ဤကဲ့သို့ သံသရာလည်နေရင်းဖြင့် ရှုကျိုးသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အဆိပ်အတောက်များကို စတင်၍ သန့်စင်နေတော့သည်။
တစ်ချိန်တည်းမှာပင် နတ်ဆေးလုံးအတွင်းရှိ အဆိပ်အတောက်များမှာလည်း တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။
နေ့တစ်ဝက်အကြာတွင်
“ ဂျိမ်းးး ဒလိန်းးးး …. ဂျိမ်းးး ဒလိန်းးးး “
မိုးကြိုးများသည် ရှုကျိုးအပေါ်သို့ ဆက်တိုက်ကျဆင်းနေခဲ့သည်။
သို့သော် ရှုကျိုး၏ အရေပြားမှာ မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ။ ဆုတ်ပြဲခြင်းမရှိသကဲ့သို့ မည်းခြင်းလည်း မဖြစ်ပေါ်သွားခဲ့ပေ။
“ ငါ့ရဲ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိသွားပြီ၊ အခုဆိုရင် ဒီအဆင့် မိုးကြိုးနဲ့ လျှပ်စီးလောက်ဆိုရင် ရင်တောင် မခုန်တော့ဘူး “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
နေ့တစ်ဝက်မျှ နေထိုင်ခဲ့ပြီးသည့်နောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား/ကြံ့ခိုင်မှုက အဆင့်သစ်တစ်ခုအထိ ထပ်မံ၍ မြင့်တက်သွားခဲ့ပြန်သည်။
ဤနေရာရှိ မိုးကြိုးများက အကျိုးသက်ရောက်မှု မရှိတော့ဘူးဆိုသည်ကို ခံစားလိုက်ရသောအခါတွင် ရှုကျိုးသည် ချက်ချင်းမတ်တပ်ထရပ်ကာ ပို၍နက်ရှိုင်းသော နေရာဆီသို့ လျှောက်လှမ်းသွားတော့သည်။
တစ်ခဏ အကြာတွင် ရှုကျိုးသည် နောက်ထပ် မီတာ ငါးထောင်အကွာသို့ ထပ်မံ၍ ရောက်ရှိလာခဲ့ပြန်သည်။
“ ဂျိန်းးးး “
မိုးကြိုးတစ်စင်းသည် ရှုကျိုးကို အားပါပြင်းထန်းစွာ ရိုက်ချလာခဲ့သည်။
ဒီတစ်ကြိမ်၌ ရှုကျိုး၏ ခန္ဓာကိုယ်တစ်ခြမ်းမှာ ပွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
“ စွမ်းလှချည်လားဟ “
ရှုကျိုးကိုယ်တိုင်ကပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ ဒီမှာ နေပြီးတော့ ဒီနေရာက မိုးကြိုးတွေကို ခံနိုင်ရည်ရှိသွားမယ်ဆိုရင် ငါ့ရဲ့ အဆိပ်အတောက်တွေလည်း ရှင်းသွားလောက်တယ် “ ရှုကျိုးသည် တွေးတောစဥ်းစားရင်းဖြင့် ချက်ချင်း ထိုင်ချလိုက်သည်။
“ ဟမ် “
ဤအခိုက်အတန့်တွင် ရှုကျိုးသည် သူ့အရှေ့ရှိ အနက်ရောင် မိုးကြိုးကိုကြည့်ကာ အတွေးတစ်ခု ရသွားခဲ့သည်။
“ ဒီမိုးကြိုးက မိုးကြိုးဧကရာဇ် နည်းစနစ်ရဲ့ ပထမပုံစံနဲ့ နည်းနည်းလေး တူနေသလိုပဲ ……… မိုးကြိုးဧကရာဇ် နည်းစနစ်ကိုပါ လေ့ကျင့်လို့ရမဲ့ပုံပဲ “
၎င်းကို တွေးမိသွားသော အချိန်၌ ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ စတင်၍ ကျင့်ကြံနေတော့သည်။
မိုးကြိုးဧကရာဇ် နည်းစနစ်၏ စွမ်းအားသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ အကယ်၍ သူကသာ ၎င်းကို ဤနေရာတွင် နားလည်အောင် ပြုလုပ်နိုင်မည်ဆိုပါက၊ ပျော်ရွှင်မှု နှစ်ဆရရှိမည် ဖြစ်သည်။
“ ဂျိန်းးး ဒလိန်းးး “
နောက်ထပ် အနက်ရောင် မိုးကြိုးတစ်စင်း ပစ်ခွင်းလာခဲ့ပြီး၊ ရှုကျိုး၏ ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်သွားစေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏အင်မော်တယ်စွမ်းရည်က အလွန်တရာ အားကောင်းနေသောကြောင့် ဒဏ်ရာသည် အင်မော်တယ် စွမ်းရည်၏အောက်တွင် လျင်မြန်စွာ ပျောက်ကင်းသွားခဲ့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ဒဏ်ရာမှာ လုံးဝပျောက်ကွယ်သွားခဲ့သည်။
မိုးကြိုး၏ အဖျက်အစီး စွမ်းအားကို ခံစားနေရသောကြောင့် ရှုကျိုး၏ မိုးကြိုးတာအို နားလည်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့ပြီး၊ သူ၏ မိုးကြိုးဧကရာဇ် နည်းစနစ် လေ့ကျင့်မှုကလည်း ပိုမိုချောမွေ့လွယ်ကူလာခဲ့သည်။
ထို့ကြောင့် ရှုကျိုးသည် မိုးကြိုးများကို အသုံးပြုကာ နတ်ဆေးလုံးအတွင်းရှိ အဆိပ်အတောက်များကို ဖယ်ထုတ်နေရင်းဖြင့် မိုးကြိုးဧကရာဇ် နည်းစနစ်ကို လေ့ကျင့်နေခဲ့သည်။
သူ၏နယ်ပယ်က မမြင့်တက်လာခဲ့သော်လည်း၊ သူ၏ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် တဟုန်ထိုး တိုးတက်လာခဲ့သည်။
…
ရှုကျိုးသည် ကွမ်ဟန်ကို စောင့်ကြည့်နေသည့် တိကျွမ်းက အဆုံးမဲ့ အကွာအဝေးမှတစ်ဆင့် သူ့အား စောင့်ကြည့်နေသည်ဆိုသည်ကို မသိပေ။
“ မင်းက အဆင့်၆ အထွတ်အထိပ်ကိုတောင် ရောက်သွားပြီလား “
တိကျွမ်း၏ အမူအရာမှာ အေးဆေးတည်ငြိမ်နေခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ လမ်းကြောင်းက အဖြတ်ခံထားရတယ်။ အဆင့်၇ကို ရောက်ဖို့အတွက် ကိုယ်ပိုင်လမ်းကြောင်းကို ရှာမှရမယ်။ အစစ်အမှန် သိုင်းပညာဌာနရဲ့ အရင်ဌာနမှူးကတော့ အဲ့လို လုပ်နိုင်ခဲ့တယ်။ အငယ်လေး မင်းကရော လမ်းကြောင်းအသစ်ရှာနိုင်မှာလား “
“ ပို့မဲ့ပို့တော့ ကတို့ရောက်အောင် ပို့ရမှာပေါ့၊ မင်းကို နောက်ထပ်တစ်ခေါက် ထပ်ကူညီလိုက်ပါမယ်လေ “
သူသည် သူ၏လက်ချောင်းများကို အဆုံးမဲ့ ကြယ်ရောင်စုံ ကောင်းကင်ပြင်သို့ ညွှန်ပြလိုက်သည်။
ချက်ချင်းဆိုသလိုပင် အလင်းတန်းနှစ်ခုသည် လင်းလက်လာသည့် မီးအိမ်နှစ်စင်းကဲ့သို့ ကြယ်ရောင်စုံ ကောင်းကင်ပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
“ အဲ့ဒီလမ်းကြောင်းနှစ်ခုထဲက တစ်ခုက မင်းတို့ အစစ်အမှန် သိုင်းပညာဌာနက အရင်ဌာနမှူးရဲ့ လမ်းကြောင်းပဲ၊ နောက်တစ်ခုကတော့ ငါ့လမ်းကြောင်းပဲ၊ မင်းအကိုးအကား ပြုလို့ရတယ် “
တိကျွမ်း၏ လမ်းကြောင်းသည် ပကတိ အထွတ်အထိပ်၏ အထက်တွင် တည်ရှိပြီး၊ ကောင်းကင်ဘုံသို့ သွားရာလမ်းကြောင်းအတွက်လည်း အကိုးအကား ပြုနိုင်ပေသည်။
သို့သော် အဆိုပါ လမ်းကြောင်းနှစ်ခုက မှန်ကန်နေလိမ့်မည် မဟုတ်ပေ။
အထူးသဖြင့် အစစ်အမှန် သိုင်းပညာဌာနမှ ယခင် ဌာနမှူး၏ လမ်းကြောင်းဖြစ်ပြီး၊ ၎င်းက မှားယွင်းနေသည်ဟု အချိန်အတော်ကြာကတည်းက သက်သေပြထားခဲ့ပြီးပြီ ဖြစ်သည်။
တိကျွမ်းသည် အဆိုပါ လမ်းကြောင်းနှစ်ခုအား အကိုးအကား ပြုရန်အတွက်သာ ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ရှုကျိုးသည် အမြင့်ပိုင်းအဆင့်များ၏ ဆွဲဆောင်မှုကို ခုခံရမည် ဖြစ်သည်။ အကယ်၍ သူကသာ ဤလမ်းကြောင်းနှစ်ခုလုံးကို ရွေးချယ်လိုက်မည်ဆိုပါက၊ သူသည် အမြင့်ပိုင်းအဆင့်များသို့ တက်လှမ်းနိုင်မည် ဖြစ်သော်လည်း၊ အချိန်အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားပါက ပိတ်ဆို့မှုနှင့် မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်သည်။
တစ်ခြားလူ၏ လမ်းကြောင်းမှာ တစ်ခြားလူ၏ လမ်းကြောင်းသာ ဖြစ်ပေသည်။
သို့သော် အကယ်၍ ရှုကျိုးကသာ ကိုယ်ပိုင်လမ်းကြောင်းကို မရှာဖွေနိုင်ခဲ့ဘူးဆိုပါက၊ အဆိုပါ လမ်းကြောင်းနှစ်ခုသည် သူ၏တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာမည် ဖြစ်သည်။
“ အငယ်လေး၊ မင်းက မင်းရဲ့ ကိုယ်ပိုင် ကံကြမ္မာကို ဖန်တီးနိုင်လိမ့်မယ်လို့ ငါဆုတောင်းပေးပါတယ် “
တိကျွမ်းသည် တိတ်တဆိတ် သက်ပြင်းချကာ သူ၏အကြည့်ကို ရုတ်သိမ်းလိုက်သည်။
…
တစ်ရက်အကြာတွင်
“ ဘုမ်းးးး “
အားကောင်းပြင်းထန်သော အရှိန်အဝါသည် ရှုကျိုး၏ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။
ရှုကျိုးသည် မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။
“ တစ်ရက်လောက် သန့်စင်နေခဲ့ပြီးတဲ့နောက်မှာ နတ်ဆေးလုံးက လုံးဝအသွင်ပြောင်းပြီ “
ရှုကျိုးမှ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းသို့ ကြည့်ရှုစစ်ဆေးလိုက်ရာ နတ်ဆေးလုံးက ယခင်ကထပ် ပိုမိုကြည်လင် တောက်ပနေသည်ကို မြင်တွေ့သွားခဲ့သည်။
၎င်းက ရွှေအူတိုင် ပထမ အသွင်ပြောင်းခြင်းအဆင့်တွင်သာ ရှိနေသေးသော်လည်း၊ ၎င်းက ထုတ်လွှတ်နေသည့် ရွှေရောင်ချီသည် စကြာဝဠာကို ထိုးဖောက်နေသည့် အလွန်တရာ ထက်မြိသော အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားခဲ့သည်။
“ ပြီးတော့ ငါ့ရဲ့ မိုးကြိုးဧကရာဇ် နည်းစနစ်ကလည်း စဦးအဆင့်ကို ရောက်သွားပြီ “
ရှုကျိုးမှ လက်ဝါးကို ဖြန့်လိုက်ရာ အနက်ရောင် လျှပ်စီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
( မူရင်းမှာကိုက လျှပ်စီးလို့ပဲ ရေးထားတာပါ၊ နည်းနစ်ဆိုရင် မိုးကြိုး၊ အသုံးပြုရင်တော့ လျှပ်စီးလို့ပဲ သုံးထားပါတယ် )
“ သွား “
ရှုကျိုးမှ လက်ကို လှုပ်ရှားလိုက်ရာ၊ အနက်ရောင် လျှပ်စီးသည် ချက်ချင်း လှုပ်ရှားလာခဲ့သည်။
ဂျိန်းးးးး
လျှပ်စီးသည် လေဟာနယ်ကို ကျော်ဖြတ်လာခဲ့ကာ ၎င်း၏ ရင်းမြစ်နှင့် ပဲ့တင်ထပ်နေသကဲ့သို့ ဘုံကိုးဆင့် မိုးကြိုးရေကန်ကို ချက်ချင်းနှိုးဆွကာ ထောင်ပေါင်းများစွာသော မိုးကြိုးလျှပ်စီးများကို တပြိုင်နက် မည်ဟီးလာစေခဲ့သည်။
“ ဆုတ်ဖြဲ “
လေဟာနယ်အတွင်းတွင် မီတာ သောင်းနှင့်ချီ၍ ရှည်လျားသော အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့သည်။
မိုင်တစ်ထောင်အချင်းရှိသည့် မိုးကြိုးရေကန်သည် လုံးဝဆူညံလှုပ်ရွနေကာ ကမ္ဘာပျက်ကပ်မြင်ကွင်းတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် တုန်လှုပ်သွားခဲ့သည် “ ဒီလိုစွမ်းအားမျိုးက၊ အဆင့်၇ အထွတ်အထိပ် ပညာရှင်ကတောင် ပြာဖြစ်သွားလောက်တယ် “
ထို့နောက်၌ ရှုကျိုး၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်နေသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မိုးကြိုးဧကရာဇ် နည်းစနစ်က စဦးအဆင့်သို့သာ ရောက်ရှိသေးသော်လည်း၊ ၎င်း၏ စွမ်းအားမှာ အံ့ချီးဖွယ်ကောင်းလွန်းနေခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ စွမ်းအင်များက ဤမိုးကြိုးဧကရာဇ်ကို အားဖြည့်မြှင့်တင်ပေးနိုင်သည်ဆိုသည်မှာ မှန်ကန်နေသော်လည်း၊ ၎င်းက လူတစ်ဦး၏ စွမ်းအား၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။
ဥပမာအနေဖြင့် အကယ်၍ အဌမအဆင့် ပညာရှင်တစ်ဦးက ရှုကျိုးကို ဤဘုံကိုးဆင့် မိုးကြိုးရေကန်အတွင်းသို့ လိုက်လံဖမ်းဆီးသည့် အချိန်တွင် သူက ထောင်ပေါင်းများစွာသော မိုးကြိုးလျှပ်စီးတို့အား ဆင့်ခေါ်လိုက်မည်ကို စိတ်ကူးကြည့်ပါလေ။
ထိုကဲ့သို့သာ ဖြစ်လာခဲ့မည်ဆိုပါက အဠမအဆင့် ပညာရှင်မှာ မသေဘူးဆိုလျှင်တောင်မှ ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည် ဖြစ်သည်။
“ မဆိုးပါဘူး၊ ဒီနေ့အတွက် လေ့ကျင့်မှုက လုံလောက်သွားပြီ၊ ပြန်ဖို့အချိန်ကျပြီ “
ရှုကျိုးမှ မတ်တပ်ထရပ်လိုက်ရာ၊ ခံ့ညားထည်ဝါသည့် အရှိန်အဝါသည် သမုဒ္ဒရာအတွင်းသို့ ရေကျသွားသကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဒလဟော ပြန်တိုးဝင်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုကျိုးသည် ကြောက်မက်ဖွယ်ကောင်းသည့် စစ်သည်တော် တစ်ဦးအဖြစ်မှ အရှိန်အဝါ မရှိသည့် သာမန်လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ငါက မူလအဆင့် နတ်ဆေးလုံးကို ကျင့်ကြံပြီးသွားပြီ၊ အခုငါ့ရဲ့ကျင့်ကြံရေးက တာအိုအရင်းအမြစ်နဲ့ ချိတ်ဆက်သွားပြီးတော့ ငါ့အရှိန်အဝါကို လိုသလို ပြောင်းလဲလို့ ရသွားပြီ “
ယခုကဲ့သို့ပင် ရှုကျိုးသည် သူ၏အရှိန်အဝါကို ကောင်းစွာ သိမ်းဆည်းနိုင်ခဲ့ပြီး၊ သတ္တမအဆင့် ပညာရှင်ကပင် သူ၏ကျင့်ကြံရေးအဆင့်ကို ခွဲခြားသိရှိတော့မည် မဟုတ်ပေ။
၎င်းမှာ မူလအဆင့် နတ်ဆေးလုံး၏ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပင် ဖြစ်သည်။
“ သမိုင်းမှတ်တမ်းတွေအရဆိုရင်တော့ မူလအဆင့် နတ်ဆေးလုံးကို သန့်စင်နိုင်တဲ့ လူတွေက ရာစုနနှစ်တွေ အများကြီးမှာတောင် လူနည်းနည်းပဲ ရှိတယ်တဲ့ “
“ ငါလုပ်သလိုမျိုး ဆေးလုံးတွေကို အားကိုးပြီးတော့ မူလအဆင့် နတ်ဆေးလုံးကို သန့်စင်ခဲ့တဲ့လူရှိတယ်လို့တော့ လုံးဝမကြားဖူးခဲ့ဘူး “
ရှုကျိုးသည် ၎င်းကို တွေးမိသွားကာ မပြုံးဘဲ မနေနိုင်တော့ပေ။
ထိုကဲ့သို့ ဖြစ်ရခြင်းမှာ သူက အင်မော်တယ်စွမ်းရည်ကို ပိုင်ဆိုင်ထားသောကြောင့်သာလျှင် ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သတ္တမအဆင့်(သို့) အဌမအဆင့် ပညာရှင်တစ်ဦးကပင် ရှုကျိုးကဲ့သို့ ဘုံကိုးဆင့် မိုးကြိုးရေကန်အတွင်းသို့ မီတာ တစ်သောင်းအထိ ဝင်လာခဲ့ကာ တစ်နေ့လုံး ထိုင်နေဝံ့မည် မဟုတ်ပေ။
…
မကြာခင် အချိန်မှာပင် ရှုကျိုးသည် သူ၏စံအိမ်ဆီသို့ ပြန်ရောက်လာခဲ့သည်။
သတ္တမအဆင့် ဆေးလုံးများမှာ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းတို့ကို စုဆောင်းခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သေတ္တာကို ဖွင့်ကာ ဆေးလုံးများ ထုတ်ယူနေတော့သည်။
“ နောက်ရည်မှန်းချက်ကတော့ အင်မော်တယ် ရွှေအူတိုင်ရအောင် ကျင့်ကြံဖို့ပဲ “
ရှုကျိုးသည် ဆေးလုံးကို ကိုင်ကာ အကြည့်များ စူးရှသွားခဲ့သည်။
“ ကောင်းကင်လမ်းကြောင်းက ပြတ်သွားမယ်ဆိုရင်ကော ဘာဖြစ်တုန်း။ အင်မော်တယ် ရွှေအူတိုင်ကို ကျင့်ကြံလိုက်တာနဲ့၊ ငါ့လမ်းကြောင်းကို ရှာတွေ့မှာပဲ “
“ ဂလု “
ရှုကျိုးသည် ဆေးလုံးကို မျိုချကာ စတင်၍ ကျင့်ကြံနေတော့သည်။
“ ဟမ် “
အင်မော်တယ် ရွှေအူတိုင်ကို ကျင့်ကြံရန် ပြင်လိုက်သည့် အချိန်တွင် ရှုကျိုးသည် ကောင်းကင်လမ်းကြောင်းရှိရာ အနက်ရောင် ဟင်းလင်းပြင်အတွင်းတွင် အလင်းတန်းနှစ်ခု တည်ရှိနေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။
အဆိုပါ အလင်းတန်းနှစ်ခုသည် ညကောင်းကင်ယံတွင် ရှိနေသည့် ကြယ်များကဲ့သို့ အရပ်မျက်နှာတစ်ဖက်ကို ညွှန်ပြနေပုံရသည်။
“ အရင်က ဒီဟာတွေ မရှိခဲ့ဘူး မဟုတ်ဘူးလား …. “
ရှုကျိုး ဇဝေဇဝါ ဖြစ်နေသည့် အချိန်တွင် သူ၏နားများထဲတွင် ခံ့ညားသော အသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“ လမ်းကြောင်းနှစ်ခု၊ တစ်ခုက အစစ်အမှန် သိုင်းပညာဌာနက အရင်ဌာနမှူးရဲ့ လမ်းကြောင်းပဲ၊ နောက်တစ်ခုကတော့ ငါ့ရဲ့ လမ်းကြောင်းပဲ၊ မင်းအကိုးအကား ပြုလို့ရတယ် “
ရှုကျိုးသည် ၎င်းက တိကျွမ်း၏ အသံဆိုသည်ကို ချက်ချင်း မှတ်မိသွားခဲ့သည်။
“ အဲ့စီနီဘာက ငါ့အတွက် လမ်းကြောင်းနှစ်ခု ညွှန်ပြပေးနေတာလား “
“ တစ်ခုက အရင်ဌာနမှူးရဲ့ ဟာဖြစ်ပြီးတော့ နောက်တစ်ခုက စီနီယာ တိကျွမ်းရဲ့ဟာလား “
အရှေ့ရှိ အလင်းတန်းနှစ်ခုကို ကြည့်ရှုနေရင်းဖြင့် ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။
“ အရင်ဌာနမှူးက ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီးတော့ ခေတ်တစ်ခေတ်ကို လွှမ်းမိုးခဲ့တယ်လို့ ပြောနေကြတာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ “
“ ကောင်းကင်လမ်းကြောင်း ပြတ်သွားတာတောင်မှ သူက နောက်ထပ် လမ်းကြောင်းတစ်ခု ရှာနိုင်ခဲ့ပြီးတော့ အဆင့်၈ကို အရောက်သွားနိုင်ခဲ့တယ် “
အကယ်၍ သက်တမ်းသာ ကုန်ဆုံးသွားခဲ့ခြင်း မရှိဘူးဆိုပါက ယခင်ဌာနမှူးသည် အစစ်အမှန် သိုင်းပညာဌာန၏ ပထမဦးဆုံးသော နဝမအဆင့် ပညာရှင်တစ်ဦး ဖြစ်လာခဲ့မည် ဖြစ်သည်။
သို့သော် သူ၏သက်တမ်းများ လျင်မြန်စွာ ဆုတ်လျော့သွားခြင်းသည် သူ၏လမ်းကြောင်းက ပြဿနာများ ရှိနေသည်ဟု မီးမောင်းထိုးပြနေခဲ့သည်။
ထို့နောက်တွင် ရှုကျိုးသည် တိကျွမ်း၏ လမ်းကြောင်းကို ကြည့်လိုက်သည်။
“ စီနီယာ တိကျွမ်းက ပကတိ အထွတ်အထိပ်အဆင့် ပညာရှင်ဆိုတော့၊ တကယ်လို့ သူ့လမ်းကြောင်းကို ယူလိုက်မယ်ဆိုရင်၊ ငါက သူ့လိုမျိုး ပကတိ အထွတ်အထိပ်အဆင့်ကို ရောက်သွားမှာလား “