← Chapters

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၁၃)

ခန်းမထဲမှာရှိတဲ့လူအားလုံးက ဒီထူးဆန်းထွေလာဖြစ်ရပ်ကို မြင်တွေ့ခဲ့ရပြီး သူတို့မျက်နှာပေါ်က မုန်းတီးအပြုံးတွေက ချက်ခြင်းအေးခဲသွားပါတယ်။

ဆေးရည်နှစ်မျိုးက အချင်းချင်းဓာတ်ပြုပြီး ပေါက်ကွဲတော့မှာကို သူတို့အားလုံး မြင်တွေ့ခဲ့တာဖြစ်ပေမယ့် အခုက ဘယ်လိုဖြစ်လို့ ပြန်အေးချမ်းသွားရတာလဲ။

ဒီအခြေအနေက သူတို့ရဲ့ ဆေးပညာအပေါ်နားလည်မှုအနေအထားကို ဒွိဟဖြစ်သွားစေခဲ့ရပါတယ်။

ရှန်ယန်ရှောင်ကတော့ ကျေနပ်နေတဲ့အပြုံးတစ်ခု ချိတ်ဆွဲထားပါတယ်။ ဒီဆေးရည်ကို သူမ တစ်ယောက်ထဲနဲ့ ဖော်စပ်နိုင်တာဟာ ဒါ ပထမဆုံးဖြစ်ပါတယ်။ သူမဟာ အဆင့်တိုင်းကို ရဲချင်အတိုင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မအောင်မြင်ဘူးဆိုရင် သူမက အကုန်လုံးကို မကြေညက်သေးတာကြောင့်ပဲဖြစ်မှာပါ။

အခုကတော့ အားလုံးပြီးသွားပါပြီလေ...

ပူလီစီက အဝေးမှာရှိနေတဲ့ ဆေးရည်ပုလင်းကို ကြည့်နေခဲ့ပါတယ်။ အားလုံးကို သူမြင်တွေ့ခဲ့ရပြီး သူ့စိတ်ထဲမှာတော့ သူမတွေးချင်တဲ့ အရာတစ်ခုကို ခံစားမိနေပါတယ်။ ရှန်ယန်ရှောင်လက်ထဲကဆေးပုလင်းကို သူ မြင်တွေ့ဖူးသလို ခံစားနေရပါတယ်။

ဒါပေမယ့် အခုကတော့ ဘာဆေးရည်မှန်း သူမမှတ်မိဘူးဖြစ်နေပါတယ်။

ရှန်ဂေါင်းရှောင် မျက်ခုံးတစ်ချက်တွန့်သွားခဲ့တယ်။ ရှန်ယန်ရှောင် ဘာလုပ်လိုက်တာမှန်းကို သူ နားမလည်သလို သူမလက်ထဲကထူးဆန်းတဲ့ဆေးရည်က ဘာဆေးရည်မှန်းလဲ သူ မသိပါဘူး။

ဒါပေမယ့် မကြာခင်မှာပဲ သူ စိတ်ပေါ့သွားပါတယ်။

ဒါက ပေါက်ကွဲမှုမဖြစ်ရင်တောင် ဘာမှအရာမရောက်ပါဘူး။ ဒီလိုမျိုး ထူးခြားတဲ့နည်းနဲ့ ဖော်စပ်ရတဲ့ဆေးရည်ရှိမှန်းလည်း သူမကြားဖူးပါဘူး။ အဲ့ဖန်ပုလင်းက ဆေးရည်တွေရှိနေတာမဟုတ်ဘဲ မအောင်မြင်တဲ့စွန့်ပစ်ပစ္စည်းတွေပဲ ရှိနေတာပါ။

"အလကားနေရင်း ရှုပ်အောင် လုပ်နေတာပဲ"

ရှန်ဂေါင်းရှောင် အေးတိအေးစက်သာ နှာခေါင်းရှုံ့လိုက်ပါတယ်။

ရှန်ယန်ရှောင်က လက်ထဲကဆေးရည်ကို လှုပ်ခါလိုက်ပြီးတော့ ပြုံးပြီးတော့ စားပွဲကြီးဆီသွားလိုက်ပါတယ်။ ထို့နောက် နည်းပြတွေရှေ့မှာပဲ စားပွဲပေါ်ကို တင်လိုက်ပြီးတော့ နောက်သို့နှစ်လှမ်းပြန်ဆုတ်လိုက်ပါတယ်။ သူမက လက်နှစ်ဖက်ကို ပိုက်ကာရပ်နေလိုက်ပြီးတော့ လူတွေရဲ့ အမူအယာတွေကို လိုက်ကြည့်လိုက်ပါတယ်။

ရှန်ယန်ရှောင်က သတ်မှတ်အချိန်အတွင်းမှာပဲ ဆေးရည်ပြုလုပ်ပြီးတာဖြစ်လို့ ဘယ်သူမှ ဘာတစ်ခွန်းမှမပြောခဲ့ပါဘူး။

ကြည့်ရတာထူးခြားနေတဲ့ နည်းပြတွေသာ အချင်းချင်းမျက်စပစ်လိုက်ကြပါတယ်။ သူတို့လည်း ခဏတာ တွန့်ဆုတ်နေခဲ့ပြီးမှ ဆေးရည်ဆယ်ပုလင်းကို စတင်အကဲဖြတ်ပါတော့တယ်။

သူတို့က အစဉ်အတိုင်း ကြည့်ရှုစစ်ဆေးကြပါတယ်။

ကျောင်းသားအများစုက အလတ်တန်းဆေးရည်ဖော်စပ်ခဲ့ကြပါတယ်။ ဒီဆေးရည်တွေက အလတ်တန်းဆိုပေမယ့်လည်း သန့်စင်မှုသိပ်မကောင်းပါဘူး။ အကြီးတန်းကျောင်းသားတစ်ချို့က နည်းနည်းပိုကောင်းပေမယ့် အငယ်တန်းကျောင်းသားတွေကတော့ အလတ်တန်းဆေးရည်ကို အချိန်ကြာကြာမလေ့လာ မသင်ကြားရသေးတာကြောင့် သူတို့ရဲ့ အလတ်တန်းဆေးရည်တွေက အဆင့်သိပ်မမီခဲ့ပါဘူး။

အများစုက ပြီးစီးမှု ၈၄ရာခိုင်နှုန်းထိသာရှိပြီး ပြည့်စုံတဲ့ဆေးရည်နဲ့ သူတို့ဆေးရည်တွေကြားမှာ တော်တော်ကွာဟနေပါသေးတယ်။

ဆေးရည်ကိုပြုလုပ်ပြီးစီးတာက တစ်ကဏ္ဍဖြစ်ပြီး ပြီးစီးမှုရာခိုင်နှုန်းက တစ်ကဏ္ဍဖြစ်ပါတယ်။

ဆေးစွမ်းကတော့ ရှိပေမယ့် သက်ရောက်မှုကတော့ မတူတော့ပါဘူး။

ဆေးရည်တစ်ပုလင်းရဲ့ တန်ဖိုးကို အဆင့်တစ်ခုနဲ့တင် သတ်မှတ်တာမဟုတ်ဘဲ သန့်စင်နှုန်းလည်းပါဝင်ဖို့ လိုပါတယ်။

သန့်စင်နှုန်း ငါးဆယ်ရာခိုင်နှုန်းနဲ့အောက်ကို ကျရှုံးတဲ့ထုတ်ကုန်အဖြစ် သတ်မှတ်ပြီး သန့်စင်မှုငါးဆယ်နဲ့အထက်ရှိမှသာလျှင် ကောင်းမွန်တဲ့ဆေးရည်အဖြစ် သတ်မှတ်လို့ရပါတယ်။

နည်းပြတွေက နည်းအမျိုးမျိုးနဲ့ ကြည့်နေကြပေမယ့် ကိုးဆယ်ရာခိုင်နှုန်းနဲ့အထက်ရောက်တဲ့ ဆေးရည်တစ်ပုလင်းမှ မတွေ့ခဲ့သေးလို့ မျက်နှာတွေမလှတော့ပါဘူး။

ဒါက ကိစ္စမရှိသေးပါဘူးလေ။ သူတို့ကို သွေးအန်ချင်အောင်လုပ်ခဲ့တာကတော့ ပြိုင်ပွဲဝင်တွေကြားထဲမှာ အဆင့်နိမ့်ဆေးရည်ဖော်စပ်တဲ့ လူနှစ်ယောက်ပါဝင်နေခဲ့လို့ဖြစ်ပါတယ်။

ပြိုင်ပွဲတစ်ခုလုံးမှာ လူသစ်ဖြစ်တဲ့ ရှန်ယန်ရှောင်ကလွဲရင် ကျန်တဲ့သူအားလုံးက အငယ်တန်းနဲ့အကြီးတန်းကျောင်းသားတွေချည်းဖြစ်ပါတယ်။ ဒီကျောင်းသားတွေက အဆင့်နိမ့်ဆေးရည်ကို ပြုလုပ်ပြီးတော့ လူတွေကို ညာဖြီးရဲတယ်ပေါ့လေ။

နည်းပြအားလုံး သွေးဆုပ်သွားပြီး မျက်နှာတွေ ဖြူလျော်လျော်ဖြစ်သွားခဲ့ရတယ်။

ဒီငတုံးတွေ ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ...

နည်းပြတွေဟာ မျက်နှာတွေမှုန်သုန်နေကြပါပြီ။ ဆက်လက်စစ်ဆေးလိုက်ပြီး ရှန်ဂေါင်းရှောင်အလှည့်ကို ရောက်လာပါပြီ။

အပြာရင့်ရောင်ဆေးရည်ပုလင်းဖြစ်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၁၄)

ဆေးရည်ပုလင်းက စားပွဲပေါ်မှာ ဆိတ်ငြိမ်စွာတည်ရှိနေပြီး သန့်စင်မှုသိပ်မကောင်းတဲ့ အရင်ဆေးရည်တွေနဲ့ယှဉ်လိုက်ရင် အရောင်အဆင်းက အလွန်သန့်စင်လှကာ ကြည်လင်နေတဲ့ဆေးရည်ထဲမှာ ရောနှောနေတာမျိုး မတွေ့ရပါဘူး။

ဆက်တိုက်စိတ်ပျက်နေခဲ့ကြတဲ့ နည်းပြတွေရဲ့မျက်လုံးတွေက အဆိုပါဆေးရည်အပေါ်မှာ လုံးဝအာရုံစူးစိုက်ရောက်ရှိသွားကြပါတယ်။

ရှန်ဂေါင်းရှောင်က ဘေးမှာရပ်နေပါတယ်။ သူ့မျက်နှာပေါ်မှာ ဘာအမူအယာမှ မရှိပေမယ့် အနည်းငယ်မြင့်တက်နေတဲ့ သူ့မျက်ခုံးက သူဂုဏ်ဆာနေတယ်ဆိုတာ သက်သေပြနေပါတယ်။

"ဒါက နက်ရှိုင်းမှော်အားဆေးရည်ပုလင်းလား"လို့ နည်းပြတစ်ယောက်က အတည်ပြုမေးမြန်းလိုက်တယ်။ အံ့အားသင့်နေတဲ့မျက်ဝန်းနဲ့အတူ သူက ရှန်ဂေါင်းရှောင်ကို လှမ်းကြည့်လိုက်လေသည်။

ရှန်ဂေါင်းရှောင် ခေါင်းညိတ်ပြခဲ့လိုက်တယ်။

နည်းပြတွေ အနည်းငယ်ဖျားသွားကြတယ်။

နက်ရှိုင်းမှော်အားဆေးရည်က အလတ်တန်းဆေးရည်ဖြစ်ပေမယ့် ဒီဆေးရည်ဖော်စပ်နည်းက အလွန်ရှုပ်ထွေးတယ်ဆိုတာ လူတိုင်းသိကြပြီး ဈေးကွက်ထဲမှာ ဆေးရည်လိုအပ်ချက်က မြင့်မားပါတယ်။ ဆေးရည်ရဲ့ အစွမ်းသက်ရောက်မှုကလည်း အလွန်ကောင်းပါတယ်။ မှော်အားကို အလွန်အမင်းသုံးစွဲကုန်ခမ်းနေတဲ့ မည်သည့်အဆင့်မြင့်မှော်ဆရာမဆို ဒီဆေးရည်ကိုသောက်သုံးလိုက်တာနဲ့ မှော်အားတွေချက်ခြင်းလက်ငင်းကို ပြန်လည်ပြည့်ဝသွားမှာဖြစ်တယ်။

မှော်ဆရာတစ်ယောက်ရဲ့ စွမ်းအားက မှော်တိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်နိုင်မှုပေါ်မူတည်ပါတယ်။ မှော်အားမရှိတဲ့ မှော်ဆရာတွေအနေနဲ့ တောင်ဝှေးကိုကိုင်ထားပြီးပဲ ရပ်ကြည့်နေရမှာဖြစ်လေသည်။ နက်ရှိုင်းမှော်အားဆေးရည်နဲ့ဆိုရင် ကုန်ဆုံးသွားခဲ့တဲ့ မှော်အားတွေကို အလျှင်အမြန်ပြန်ရရှိမှာဖြစ်ပြီး မှော်တိုက်ခိုက်မှုတွေကို ဆက်လက်ပြုလုပ်နိုင်သွားမှာပါ။

နက်ရှိုင်းမှော်အားဆေးရည်က မှော်ဆရာတွေအတွက် အလွန်အရေးပါသည်။ ကျဉ်းထဲကြပ်ထဲအချိန်မျိုးမှာ သူတို့ရဲ့အသက်ကိုတောင် ကယ်တင်ပေးနိုင်စွမ်းရှိတယ်လို့ ပြောနိုင်ပါသည်။

နက်ရှိုင်းမှော်အားဆေးရည်ရဲ့ အကျိုးပြုသက်ရောက်စွမ်းက အလွန်ကောင်းမွန်သလို အသုံးပြုပြီးသက်ရောက်တဲ့ ဆိုးကျိုးကလည်း ပြင်းထန်လွန်းပါတယ်။

ဒါကြောင့် သာမန်မှော်ဆရာတွေအနေနဲ့ တစ်ကြိမ်မှာ တစ်ပုလင်းသာသောက်ရဲကြပါတယ်။ တစ်ကြိမ်ထဲနဲ့သုံးပုလင်းအထက် သုံးစွဲခဲ့မိရင် အသုံးပြုသူဟာ ထိုနေ့အဖို့ ငါးနာရီကြာမြင့်တဲ့ အင်အားဆုတ်ယုတ်မှုကို ခံစားသွားရမှာဖြစ်တယ်။ အဲ့အချိန်အတွင်းမှာဆို မှော်အတတ်ကိုအသုံးပြုဖို့မဆိုထားနှင့် မှော်တုတ်တံကိုတောင် မြှောက်နိုင်ကြမှာမဟုတ်ပေ။

ဒီလိုရှိသော်လည်း မှော်ဆရာတွေက နက်ရှိုင်းမှော်အားဆေးရည်ကို လိုလိုချင်ချင် အသုံးပြုကြပါသေးတယ်။

နက်ရှိုင်းမှော်ဆေးရည်ဖော်စပ်ခြင်းက အလွန်ရှုပ်ထွေးခက်ခဲလွန်းတာကြောင့် အလတ်တန်းသမားတော်တွေတောင် အလွယ်တကူနဲ့ မပြုလုပ်နိုင်ကြပေ။ ပြောရမယ်ဆိုရင် အလတ်တန်းအဆင့်ဆေးရည်တွေထဲမှာ နက်ရှိုင်းမှော်အားဆေးရည်က အကောင်းဆုံးတွေထဲမှာ ပါဝင်ပါတယ်။

ရှန်ဂေါင်းရှောင်ဟာ ဆေးပညာဌာနရဲ့ အတော်ဆုံးကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါသည်။ ပြိုင်ပွဲအတွက် သူပြုလုပ်တဲ့ ဆေးရည်က တစ်ကယ်စံမှီပါတယ်။

ဒီနက်ရှိုင်းမှော်အားဆေးရည်နဲ့ယှဉ်လိုက်ရင် အရင်ဆေးရည်တွေအားလုံးက အနုပ်စုတ်ဂုတ်စုတ်တွေပါပဲ။ ဘယ်နေရာမှ ယှဉ်လို့မရပါချေ။

ဒီနည်းပြတွေ စစ်ဆေးအကဲဖြတ်ပြီးတဲ့အခါမှာ နက်ရှိုင်းမှော်အားဆေးရည်ရဲ့ သန့်စင်မှုက ၉၆ရာခိုင်နှုန်းအထိ ရောက်ရှိမြင့်မားလှတာကို တွေ့လိုက်ကြရပါတယ်။

ဒါက လုံးဝပြည့်စုံလုနီးပါးပဲ....

ရှန်ဂေါင်းရှောင်ကို ကြည့်လိုက်တဲ့ နည်းပြတွေရဲ့ အကြည့်တွေထဲမှာ ချီးကျူးမှုတွေနဲ့ သဘောကျမှုတွေ ပြည့်နှက်နေပါတယ်။ တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးပညာဌာနဟာ လောင်းရွှမ်တိုင်းပြည်ထဲမှာ အကောင်းဆုံးမဟုတ်ပါဘူး။ တော်ဝင်ရိုလန်ကျောင်းရဲ့ ဂုဏ်သတင်းက မှော်ဆရာတွေအပေါ်မှာသာ အမြဲလိုလို အခြေပြုထားတာဖြစ်တယ်။ ဒါကြောင့် ဆေးပညာဌာနရဲ့ လက်ရှိအကြီးတန်းကျောင်းသားတွေမှာ ပါရမီရှင်မရှိပါဘူး။ ဆေးပညာဌာနရဲ့ နည်းပြတွေက ဒီကိစ္စအတွက် ခေါင်းခဲနေတာကြာမြင့်လှပါပြီ။

သူတို့ရဲ့ဆေးပညာဌာနမှာ ထက်မြက်ထူးချွန်လှတဲ့ သမားတော်ကြီးတွေရှိနေပေမယ့် တစ်ခြားကျောင်းက ဆေးပညာဌာနတွေဟာ ကျောင်းသားတွေကို သူတို့ဆီမရောက်ခင် ကြားဖြတ်သုတ်သုတ်သွားကြတဲ့အပေါ် ဒီနည်းပြတွေ သည်းမခံနိုင်တော့ပါဘူး။

အခုတော့ ရှန်ဂေါင်းရှောင်တစ်ယောက် သူတို့ဆီမှာရှိနေတာကြောင့် အခြေအနေပြောင်းလဲသွားပါပြီ။

ရှန်ဂေါင်းရှောင်ရဲ့ အရည်အချင်းနဲ့ဆိုရင် အငယ်တန်းဆေးကျောင်းသားတွေမပြောနဲ့ အကြီးတန်းကျောင်းသားတွေအားလုံးပေါင်းရင်တောင် သူ့ကို ယှဉ်နိုင်မှာမဟုတ်ပေ။

ရှန်ဂေါင်းရှောင်၏ ဆေးပညာအရည်အသွေးနဲ့ဆိုရင် သူတို့ကျောင်းရဲ့ တောက်ပဝံ့ကြွားနေတဲ့ အနာဂတ်ကို ဆေးနည်းပြတွေ မြင်ယောင်ကြည့်လို့ရပါပြီ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၁၅)

နောက်ပြီးတော့လည်း ရှန်ဂေါင်းရှောင်က အခုဆိုရင် ပူလီစီကိုဆရာအဖြစ် ရရှိထားတာကြောင့် သူ့အနာဂတ်က လက်တစ်ကမ်းမှာပဲ ရှိပါတော့တယ်။

နည်းပြအာလုံးဟာ နက်ရှိုင်းမှော်အားဆေးရည်ပုလင်းကို ကြည့်နေရင်းနဲ့ ရှန်ဂေါင်းရှောင်အပေါ်မှာ နှစ်ထောင်းအားရဖြစ်မှုနဲ့အတူ သက်ပြင်းတစ်ချချဖြစ်နေကြလေသည်။

နက်ရှိုင်းမှော်အားဆေးရည်ကို ရှန်ဂေါင်းရှောင်ဖော်စပ်တယ်လို့ သိလိုက်ရတဲ့ ကျောင်းသားတွေလည်း တအံ့တသြဖြစ်သွားပြီး လေးစားအားကျသွားကြပါတယ်။

ဒီဆေးရည်ရဲ့အဆင့်အတန်းကြောင့် သူတို့အနေနဲ့ ပြုလုပ်ဖော်စပ်ဖို့ကို တွေးတောင်မတွေးရဲကြပါဘူး။ ဒီဆေးရည်ကို ရှန်ဂေါင်းရှောင်ပြုလုပ်နိုင်လိမ့်မယ်လို့လည်း ထင်မထားခဲ့ကြပါ။

ပူလီစီက ရှန်ဂေါင်းရှောင်ကို ကျေနပ်စွာကြည့်လိုက်တယ်။ သူ့မျက်နှာမှာ အပြုံးမရှိသော်လည်း မျက်လုံးတွေကတော့ ဂုဏ်ယူမှုတွေပြည့်နေပါတယ်။

ရှန်ဂေါင်းရှောင်၏ ဆေးပညာအရည်အချင်းက ကောင်းပါတယ် မဟုတ်ရင် သူ့လက်ထောက်အဖြစ် ခန့်အပ်မှာမဟုတ်ပေ။ ငါ့သင်ကြားမှုအောက်မှာဆိုရင် ဒီကလေးအနေနဲ့ နောက်ဆယ်နှစ်အတွင်းမှာ အဆင့်မြင့်သမားတော်ကို ရောက်ရှိနိုင်ပါလိမ့်မယ်။ ရှန်ဂေါင်းရှောင်က အခုမှ၁၈နှစ်သာရှိသေးတာဖြစ်လို့ နောက်ဆယ်နှစ်ဆိုရင် ၂၈နှစ်ရှိပါပြီ။ သူတို့နှစ်ယောက်လုံးအဆင့်တက်တဲ့ အသက်အရွယ်က တူညီနေမှာဖြစ်ပြီး လောင်းရွှမ်တိုင်းပြည်ရဲ့ ဆရာကြီးတစ်ပါးဖြစ်လာဦးမှာပါ။

ရှန်ဂေါင်းရှောင်သာ သူ့အားသူကိုးပြီး အဆင့်မြင့်သမားတော်ဖြစ်ချင်ရင် ၁၅နှစ် အနှစ်၂၀နဲ့လည်း လုံလောက်မှာမဟုတ်ချေ။

ငါ့အကူညီနဲ့ဆိုရင် ရှန်ဂေါင်းရှောင်အချိန်ကုန်သက်သာတာပေါ့။

ဒါက သမားတော်ကြီးရဲ့ အဆင့်အတန်းပါပဲ။

ပူလီစီ စိတ်ထဲမှာကြိတ်လှောင်လိုက်တယ်။ အဲ့ကောင်စုတ်က မဆင်မခြင်လုပ်ခဲ့တဲ့အပြင် သူ့ကိုပါငြင်းဆန်ရဲခဲ့သေးတယ်။ ရဲချင်ကသာ ရုတ်တရက်ဝင်ရောက် လက်မခံခဲ့ရင် ဒီကလေးဟာ သမားတော်ကြီးတစ်ယောက်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခြင်းရဲ့ အကျိုးဆက်တွေကို သိရှိခံစားနေရလောက်ပါပြီ။

နက်ရှိုင်းမှော်အားဆေးရည်ကို တွေ့မြင်ပြီးသွားတဲ့ နည်းပြတွေက ရှန်ဂေါင်းရှောင်ကို ပထမနေရာပေးဖို့ ဆုံးဖြတ်ပြီးသွားကြပါပြီ။ ဒီပြိုင်ပွဲမှာ နက်ရှိုင်းမှော်အားဆေးရည်ထက် ပိုစွမ်းတဲ့ ဆေးရည်ကို တစ်ယောက်ယောက်က ပြုလုပ်နိုင်မယ်လို့ သူတို့မယုံပါဘူး။

ဒါကြောင့် နောက်ထပ်ဆေးရည်ပုလင်းတွေကို သူတို့က သာမန်ကာလျှံကာပဲ ကြည့်ခဲ့ကြပါတယ်။

အဲ့ဆေးရည်တွေက နက်ရှိုင်းမှော်အားဆေးရည်ကို လုံးဝမယှဉ်နိုင်ပါဘူး။

ဆေးရည်ကိုးပုလင်းကို ကြည့်ရှုပြီးသွားခဲ့တဲ့ နည်းပြတစ်ယောက်က ရှန်ယန်ရှောင်ရှေ့ကိုရောက်လာပြီး ခရမ်းရောင်ဆေးရည်ကို ကြည့်နေပါပြီ။

နည်းပြက စားပွဲပေါ်မှာရှိတဲ့ ဆေးပုလင်းကိုတစ်လှည့် ရှန်ယန်ရှောင်ကို တစ်လှည့်ကြည့်လိုက်တယ်။

တန်နာဇီနဲ့ရှန်ဂေါင်းရှောင်တို့ရဲ့ လောင်းကြေးအကြောင်း သူတို့လည်းကြားထားခဲ့ပြီး ဒီကလေးအပေါ်မှာ တန်နာဇီက ဘာလို့ လောင်းရဲတာလဲဆိုတာကို သူ နားမလည်နိုင်ပါဘူး။

ဒီကလေးက အခုမှ ကျောင်းသားသစ်ပဲရှိပါသေးတယ်။ ကျောင်းသားသစ်ဆီကနေ ဘာမျှော်လင့်ထားရမှာလဲ။ သူတို့အားလုံး ဒီကလေးက အခုထက်ထိ အလတ်တန်းဆေးရည်ကို မထိတွေ့ရသေးဘူးလို့ သိထားကြပါတယ်။

အဲ့နည်းပြက ရှန်ယန်ရှောင်ဆေးရည်ကို ဘာမှမပြောခဲ့ပါဘူး။ တစ်ခြားနည်းပြအချို့လည်း သူမရဲ့ ဆေးပုလင်းကို တစ်ချက်မျှသာကြည့်လိုက်ပြီး အကဲဖြတ်ချက်တစ်ချို့ပေးလိုက်ပါတယ်။

သို့ပေမယ့် သူတို့ကို စိတ်ဓာတ်ကျစေတာတစ်ခုကတော့ နည်းပြရှစ်ယောက်ထဲက ဘယ်သူကမှ ဒီဆေးရည်အကြောင်းကို မသိကြခြင်းဖြစ်ပါတယ်။

နည်းပြတွေက ရှန်ယန်ရှောင်ရဲ့ ဆေးဖော်စပ်မှုတစ်ခုလုံးကို တွေ့မြင်ခဲ့ကြပေမယ့် တစ်နည်းနည်းကြောင့် သူတို့မသေမချာဖြစ်နေကြပါတယ်။ ဖြစ်သင့်တာက ဒီဆေးရည်က မအောင်မြင်တဲ့ဆေးရည်အဖြစ်ပေါ့။ ဒါပေမယ့် ဒီဆေးပုလင်းကနေ ထွက်ပေါ်နေတဲ့ ရနံ့က အလွန်သင်းပျံ့နေပါတယ်။ မအောင်မြင်တဲ့ ဆေးရည်ရဲ့အနံ့နဲ့မတူဘူး ဖြစ်နေပါတယ်။

အရောင်အရလည်း မအောင်မြင်ပုံမပေါ်ခဲ့ပါဘူး။

ဆေးရည်က အလွန်သန့်စင်ကြည်လင်နေတာကြောင့် ကျရှုံးဆေးရည်အဖြစ် နည်းပြတွေ သတ်မှတ်ချိတ်ဆက်မရဘူးဖြစ်နေရပါတယ်။

ဒါပေမယ့် ကျရှုံးဆေးရည်မဟုတ်ခဲ့ရင် ဘာလို့ သူတို့အများကြီးက ဒီဆေးရည်ကို မသိဘူးဖြစ်နေရတာလဲ။

All Chapters