← Chapters

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၃၁)

နည်းပြလည်း သူမလက်ထဲက ဆေးမြစ်ကိုကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ ပြောလိုက်တယ်။

"မာ့ရှ်ဖြူဆေးမြစ်ပဲ ဒါက တစ်ကယ်တန်ဖိုးရှိတဲ့ ဆေးမြစ်ပဲ"

ဒီကောင်လေးက တွေ့ကရာဆေးမြစ်ကောက်ယူလာမှာကို နည်းပြက စိုးရိမ်နေခဲ့မိတာဖြစ်ပါတယ်။ ပစ္စည်းကောင်းလေးရလာမယ်လို့ သူ မထင်ထားခဲ့မိပါဘူး။ အခုတော့ သူ စိတ်အေးသွားပါပြီ။

အခုလိုမျိုး သူ ဘာကြောင့် ဂရုစိုက်နေတာလဲဆိုတော့ သူ့ရှေ့ကကောင်လေးဟာ ရှန်ဂေါင်းရှောင်ကို အနိုင်ယူခဲ့တဲ့ ဆေးပညာပါရမီရှင်လေးဖြစ်နေလို့ပေါ့။

ဆေးပညာဌာနရဲ့ အနာဂတ်အတွက် သူတို့လို့ဆေးနည်းပြတွေက ကောင်လေးအပေါ်မှာ ဂရုတစိုက်နဲ့ သင်ကြားပျိုးထောင်ပေးရမှာဖြစ်တယ်လေ။ ကံကောင်းစွာနဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ကောင်လေးဟာ တော်ဝင်ရိုလန်ကျောင်းရဲ့ဆေးပညာဌာန၏ ကြမ္မာအတွက် ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။

သူမရဲ့ မျက်ခုံးတွေမြင့်တက်သွားသည်။ ဆေးပညာဌာနနည်းပြတွေက နတ်ဆိုးဝိဉာည်ပင်နဲ့မာ့ရှ်ဖြူဆေးမြစ်တို့ရဲ့ မတူညီမှုကို သတိပြုမိပုံမပေါ်ပါဘူး။

ပြောရမယ်ဆို နတ်ဆိုးမျိုးနွယ်တွေ လူသားတွေမျက်မှောက်ကနေထွက်ခွာသွားခဲ့တာ နှစ်ထောင်ကျော်နေခဲ့ပါပြီ။ ရှည်လျားတဲ့သမိုင်းကြောင်းအတွင်းမှာ နတ်ဆိုးမျိုးနွယ်တွေရဲ့ အကြောင်းအရာအတော်များများဟာ အချိန်ရဲ့တိုက်စားမှုနဲ့အတူ မေ့လျော့ခြင်းခံခဲ့ရပြီးပါပြီ။

ဒီလိုမျိုး အပင်ပေါက်လေးကိုတော့ ထည့်ပြောစရာတောင်မလိုပါဘူး။

ဒါကြောင့် နတ်ဆိုးဝိဉာည်ပင်ကို ဘယ်သူမှမသိဘူးလို့ သူမ သတ်မှတ်လိုက်ပြီးတဲ့နောက် ပျော်ရွှင်စွာနဲ့ လက်စွပ်ထဲကို ထည့်လိုက်ပါသည်။ တိတ်ဆိတ်စွာကြည့်နေကြတဲ့ အစောင့်တွေကလည်း ဆေးသိုလှောင်ရုံ၏တံခါးကို ပြန်ပိတ်လိုက်ကြပါတယ်။

တံခါးပိတ်လိုက်ချိန်မှာ အစောင့်တွေက တံခါးပေါ်မှာ တံခါးဖွင့်စဉ်ကဆွဲပုံမျိုးမဟုတ်တဲ့ ဆွဲနည်းနဲ့ တစ်ခုခုရေးဆွဲလိုက်တာကို သူမ သတိပြုမိလိုက်ပါတယ်။ သူမ ပြန်သွားပြီးတဲ့အခါ ကြူရှီယာကို ဒီအကြောင်းပြောပြနိုင်ဖို့ ရှန်ယန်ရှောင် သေသေချာချာမှတ်လိုက်ပါတယ်။

နတ်ဆိုးဝိဉာည်ပင်နဲ့အတူ သူမ သိုလှောင်ရုံကနေ မြန်မြန်ပြန်ထွက်ခဲ့လိုက်ပါသည်။

နေ့ခင်းပိုင်းမှာ ကြူရှီယာတို့အားလုံး အားယားနေကြပါတယ်။ သူတို့က လောင်းကစားရုံနောက်ကျောက အစည်းအဝေးခန်းထဲကို စောစောထဲကသွားလိုက်ကြပါပြီ။

ရှန်ယန်ရှောင်လည်း အဝတ်အစားလဲလိုက်ပြီးတော့ လောင်းကစားရုံကို ချီတက်လိုက်ပါတယ်။

မြေအောက်လောင်းကစားရုံဟာ တိုးနယားမျိုးနွယ်ဝင်တွေရဲ့လက်အောက်မှာ စီးပွားရေးတစ်မျိုးသာပြုလုပ်ပါတယ်။ နေ့စဉ်တိုင်းမှာ များပြားတဲ့ရွှေပြားတွေ၊ သလင်းအမြူတေတွေ၊ ဆေးမြစ်တွေ၊ မှော်အမြူတေတွေနဲ့ တစ်ခြားသောထူးထူးဆန်းဆန်းအရာတွေဟာ သူတို့ရဲ့အိတ်ကပ်ထဲကို စီးဝင်လာခဲ့ပါတယ်။

လောင်းကစားမယ့်အရာကို သတ်မှတ်ကန့်သတ်ထားခြင်းမရှိလို့ လာရောက်သူတွေဟာ တစ်နေ့တစ်ခြားများများလာခဲ့သလို နေ့စဉ်ဝင်ငွေကလည်း ကြောက်စရာကောင်းလောက်အောင် တိုးတက်လာခဲ့ပါတယ်။

ကြူရှီယာပြောထားခဲ့တဲ့အတိုင်း လျှောက်လမ်းတစ်ခုကနေပြီး သူတို့ငါးယောက်အနားယူဖို့လုပ်ထားတဲ့ နောက်ကျောက ခန်းဆောင်ဆီကို သူမ သွားလိုက်ပါတယ်။

လောင်းကစားရုံရဲ့နောက်ဖက်ဆောင်က မီတာ၂၀၀ပတ်လည်ကျယ်ဝန်းပါတယ်။ ဒီနေရာတစ်ခုလုံးကို အရိပ်မဲ့အဖွဲ့ရဲ့ အနားယူနေရာအဖြစ် ကြူရှီယာပြုလုပ်ထားခဲ့တာပါ။ နောက်ခန်းဆောင်တစ်ခုလုံးအား သုံးမျိုးခွဲခြားထားပါတယ်။

တစ်ခုက မီးဖိုဆောင်၊ တစ်ခုက အစည်းအဝေးခန်းနဲ့ နောက်တစ်ခုကတော့ နားနေခန်းဖြစ်ပါတယ်။

ခန်းဆောင်ကို သုံးနေရာသတ်မှတ်ပိုင်းခြားထားဖို့ကို ကြူရှီယာက စီစဉ်တာဖြစ်ပြီး အစကတော့ သူမ နည်းနည်းထူးဆန်းသလို ခံစားခဲ့ရပါတယ်။ ခြေမွှေးလက်မွှေးမီးမလောင်ဘဲ ကြီးပြင်းလာကြတဲ့ ဒီသခင်လေးတွေက မီးဖိုဆောင်ကို ဘာလုပ်ဖို့ထည့်ခဲ့တာလဲပေါ့လေ။

နောက်မှသာ လှပချောမောတဲ့ လူငယ်လေးယန်ယုဟာ ထူးချွန်တဲ့နတ်ဆရာဖြစ်သလို လက်ရာကောင်းတဲ့စားဖိုမှူးတစ်ယောက်ဆိုတာကို သူမ သိခဲ့ရပါတယ်။

နောက်ခန်းဆောင်ကို သူမရောက်တဲ့အခါ ကြူရှီယာ၊ တန်နာဇီနဲ့ယန်းရှီတို့ သုံးယောက်ဟာ နားနေဆောင်ထဲက မွေ့ယာထိုင်ခုံအပျော့တွေပေါ်မှာ ထိုင်နေပြီး စကားစမြည်ပြောဆိုနေကြပါတယ်။ နားနေဆောင်ထဲကို ဝင်ဝင်ချင်းမှာပဲ စားချင်စဖွယ်အနံ့ကို သူမ ရလိုက်ပါတယ်။

"အားယုဟင်းချက်နေတာလား"

သူမ ဟင်းနံ့ကိုရှူလိုက်ပြီး မေးလိုက်ပါတယ်။ သူတို့သုံးယောက် ပြန်ဖြေတာကို သူမ မစောင့်တော့ဘဲ မီးဖိုဆောင်ဆီ သွားလိုက်ပါတယ်။

ယန်ယုရဲ့ သွယ်လျတဲ့ကိုယ်လုံးက မီးဖိုရဲ့ဒယ်အိုးအရှေ့မှာ ရပ်နေတာဖြစ်ပြီး ကြည့်ရတာအလုပ်များနေပုံပါပဲ။

"မင်းဘာချက်နေတာလဲ"

ရှန်ယန်ရှောင်က ယန်ယုဘေးကိုသွားလိုက်ပြီး အိုးထဲမှာရှိတဲ့ စားစရာတွေကို စိုက်ကြည့်လိုက်ပြီး မေးလိုက်ပါတယ်။

"မင်းရောက်ပြီပေါ့။ ပြန်သွားပြီး စောင့်နေလိုက်ဦး ခဏနေရင် စားလို့ရတော့မှာပါ"

ယန်ယုရဲ့ဖြူရော်ရော်မျက်နှာမှာ သိမ်မွေ့တဲ့အပြုံးတစ်ခု ရှိနေပါသည်။ သူ့လက်တစ်ဖက်က ယောက်မတစ်ချောင်းကိုကိုင်ထားပြီး အမြင်ထူးဆန်းမနေဘဲနဲ့ နွေးထွေးတဲ့ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုမျိုး လူတွေကို ခံစားချက်ဖြစ်ပေါ်စေပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၃၂)

ခေတ်သစ်ကမ္ဘာမှာဆိုရင် နောက်ဖေးမီးဖိုချောင်မှာ ချက်ပြုတ်နေတဲ့ ဒီလူလှယန်ယုကို ၂၁ရာစုရဲ့ အကောင်းဆုံးလက်တွဲဖော်အဖြစ် သတ်မှတ်နိုင်ပါတယ်။

သြဇာတိက္ကမကြီးမားတဲ့မိသားစုရဲ့ သခင်လေးတစ်ယောက်က ချက်ပြုတ်မှုကိုဝါသနာပါနေမယ်လို့ မထင်ထားမိပါဘူး။

"အင်း"

ရှန်ယန်ရှောင်လည်း ယန်ယုကိုနှုတ်ဆက်လိုက်ပြီးနောက် နားနေခန်းကို ပြန်သွားလိုက်ပါသည်။

သူမပြန်လာတာကိုတွေ့လိုက်တဲ့ နားနေခန်းထဲက လူသုံးယောက်ဟာ ပြုံးနေကြပါသည်။

"လောဘကြီးတဲ့ကြောင်ကလေး မင်းက အဲ့လောက်ကိုဆာလောင်နေတာလားဟ"လို့ တန်နာဇီက စလိုက်ပါသည်။

ယန်ယုက အမြဲလိုလိုနေမကောင်းဖြစ်နေတတ်ပေမယ့် သူချက်ပြုတ်တဲ့ အစားအသောက်တွေက တမ်းတစွဲမက်စေပါသည်။

တစ်ခုရှိတာက ဒီလိုစွဲမက်ဖွယ်လက်ရာကို သူတို့လေးယောက်သာလျှင် သုံးဆောင်ခွင့်ရှိပါသည်။

"ဒီနေ့ခင်းမှာ မင်းဘယ်လိုအသီးအပွင့်ကိုများ ခူးဆွတ်နိုင်ခဲ့သလဲကွ။ မင်းပြန်လာတာ တော်တော်မြန်နေတယ်"

ကြူရှီယာကတော့ သိုလှောင်ရုံဆီသွားခဲ့တဲ့ ရှန်ယန်ရှောင်ရဲ့ ခရီးကိုပဲပိုစိတ်ပူနေပါသည်။

ကုန်သည်မိသားစုဖြစ်တဲ့ တိုးနယားမျိုးနွယ်ဟာ တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးသိုလှောင်ရုံအကြောင်းကို အနည်းအကျဉ်းတော့ သိရှိထားပါတယ်။ ဆေးမြစ်တစ်ချို့ကို သူတို့တိုးနယားလေလံအိမ်ကနေ ဝယ်ခဲ့ကြလို့ဖြစ်ပါသည်။

"ပစ္စည်းကောင်းတစ်ခု ရခဲ့တယ်"လို့ ရှန်ယန်ရှောင်က ပုခုံးတွန့်ကာပြောလိုက်သည်။

ကြူရှီယာတို့လည်း ထပ်မမေးကြတော့ပါဘူး။ တန်နာဇီကလွဲရင် ကျန်တဲ့နှစ်ယောက်လုံးကလည်း ဆေးပညာအကြောင်းကို တစ်ခုတစ်လေမှသိရှိခြင်းမရှိကြပါ။ ရှန်ယန်ရှောင်သွားခဲ့တာကနေ အကျိုးကျေးဇူးတစ်ခုရှိခဲ့တယ်ဆိုရင် သူတို့အဖို့ လုံလောက်ပါပြီ။

"ဆေးသိုလှောင်ရုံရဲ့ မှော်အတားအဆီးရှိတဲ့နေရာကို မင်းတွေ့ခဲ့လား"လို့ ကြူရှီယာကမေးလိုက်သည်။

ရှန်ယန်ရှောင် ခေါင်းညိတ်လိုက်သည်။ သူမက မှော်အတားအဆီးရဲ့ စတင်အမှတ်နှစ်ခုကို ကြူရှီယာအား ပြောပြလိုက်တယ်။ ထို့နောက်မှာ စာရွက်နဲ့စုတ်တံကိုယူပြီးတော့ အသေးစိတ်ပြန်ရေးဆွဲပြခဲ့တယ်။

ရှန်ယန်ရှောင်ဆွဲထားတဲ့ ပုံနှစ်ပုံကို ကြည့်လိုက်ပြီး ကြူရှီယာမျက်ခုံးပင့်လိုက်ခဲ့တယ်။

"မင်းဝင်တဲ့အချိန်နဲ့ ပြန်ထွက်တဲ့အချိန်မှာ အစောင့်ရေးဆွဲတဲ့ ပုံစံတွေက မတူဘူးလို့ မင်းပြောချင်တာလား"ဟု ကြူရှီယာကမေးခဲ့သည်။

ရှန်ယန်ရှောင်ခေါင်းညိတ်လိုက်သည်။ သူမကိုယ်တိုင်လည်း ဒီကိစ္စကို ထူးဆန်းနေတယ်လို့ ခံစားမိနေပါသည်။

ကြူရှီယာက မေးကိုပွတ်နေလိုက်ပြီး မြေခွေးတစ်ကောင်ရဲ့မျက်လုံးနဲ့တူသော သူ့မျက်လုံးတွေဟာ ကျဉ်းမြောင်းသွားတယ်။

"မှော်အတားအဆီးတစ်ခုမှာ ဖြေရှင်းရမယ့် ပုံစံသေတစ်မျိုးရှိတယ်။ မှန်ကန်တဲ့ပုံစံကို ရေးဆွဲမှသာ မှော်အတားအဆီးကိုပယ်ဖျက်နိုင်မှာပဲ။ မဖျက်နိုင်ဘူးဆိုရင် မင်းထိလိုက်မိတာနဲ့ အတားအဆီးက ပျံ့သွားမယ့်အပြင် မှော်အတားအဆီးကို လုပ်ခဲ့သူကိုလည်း အချက်ပြဦးမှာ။ မင်းပြောတာက အရင်တစ်ခုနဲ့နောက်တစ်ခုက ရေးဆွဲပုံမတူဘူးဆိုတော့ နည်းနည်းဂွကျနေတယ်"

ဒီတော့ ဘယ်လိုလုပ်ရမလဲ"လို့ ရှန်ယန်ရှောင်က မေးလိုက်တယ်။

"ထင်ရှားနေတာကတော့ သိုလှောင်ရုံမှာ လုပ်ထားတဲ့ မှော်အတားအဆီးက ရိုးရိုးသာမန်မဟုတ်တဲ့အချက်ပဲ။ ဒီဟာက တစ်ခုတည်းသော မှော်အတားအဆီးမဟုတ်ဘူး။ ကိုးကွက်မှော်အတားအဆီးဖြစ်နိုင်ခြေများတယ်။ ဖြေရှင်းနည်းတစ်ခုသုံးပြီးသွားရင် အတားအဆီးက နောက်တစ်မျိုးကို အလိုအလျောက်ပြောင်းသွားမှာပဲ။ ဒီအတားအဆီးကို ကိုယ်တိုင်ပြုလုပ်ထားတဲ့ မှော်ဆရာကပဲ ဘာပြီးရင်ဘာလာမလဲဆိုတာ သိတယ်။ ဆေးသိုလှောင်ရုံတံခါးမှာ မင်းတွေ့ခဲ့တဲ့ အစောင့်တွေက အဆင့်မြင့်မှော်ဆရာတွေဖြစ်ပြီး ကိုးကွက်မှော်အတားအဆီးကိုလည်း သူတို့လေးယောက်အတူတူပြုလုပ်ထားပုံပဲ။ အဲ့ဒီတော့ သူတို့ထဲက တစ်ယောက်ယောက်က မကောင်းတဲ့စိတ်ကူးရှိနေရင်တောင် ကျန်တဲ့သုံးယောက်က မပူးပေါင်းသရွေ့ မှော်အတားအဆီးကို ပိတ်လိုက်ဖို့က မဖြစ်နိုင်တော့ဘူး"လို့ ကြူရှီယာကဖြေလိုက်တယ်။

ကိုးကွက်မှော်အတားအဆီးဟာ အဆင့်မြင့်မှော်အတားအဆီးတစ်ခုဖြစ်ပြီး ဆေးသိုလှောင်ရုံမှာ ချထားဖို့သင့်လျော်လှပါတယ်။

"ဖြေရှင်းလို့ရတဲ့ နည်းရှိသလား"လို့ သူမက ထပ်မေးလိုက်တယ်။

ခန်းလုံးပြည့်ရှိတဲ့ တန်ဖိုးကြီးရှားပါးဆေးမြစ်တွေကို ယူလို့မရနိုင်ခြင်းဟာ သူမကို သွေးအန်ချင်စိတ်ဖြစ်စေတယ်။ မှော်အတားအဆီးက တစ်ကယ့်ကိုခေါင်းစားစရာ ပြဿနာပါပဲ။

ကြူရှီယာဟာ ခဏတာမျက်စိမှိတ်ကာ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်တယ်။

"ကိုးကွက်မှော်အတားအဆီးကို မင်းဖျက်ချင်တယ်ဆိုရင် နည်းမရှိတာတော့မဟုတ်ဘူး။ ဒါပေမယ့် တော်တော်ရှုပ်တယ်။ ငါတို့က အဆင့်သုံးမှော်အမြူတေ အနည်းဆုံး၈၁လုံးရှာရမယ် နောက်ပြီးတော့ မှော်သားရဲကောင်ဆီက မတူညီတဲ့ အစိတ်အပိုင်းသုံးမျိုးကိုလည်း လိုသေးတယ် အဲ့ဒါတွေရရင်တော့ လုပ်လို့ရပြီ"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၃၃)

ကြူရှီယာက ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်ပြန်ပါတယ်။

"မှော်အမြူတေ၈၁လုံးက အဲ့လောက်မခက်ပါဘူး ငါ့လူတွေကို လုပ်ခိုင်းလိုက်လို့ရတယ်။ အစိတ်အပိုင်းသုံးခုကပဲ နည်းနည်းဒုက္ခဖြစ်မှာ။ အဲ့အစိတ်အပိုင်းတွေက အဆင့်ငါးထက်မြင့်တဲ့ သားရဲကောင်ဖြစ်ဖို့လိုပြီး လောလောလတ်လတ် ပိုင်းဖြတ်ခုတ်ယူထားရမှာလည်းဖြစ်တယ်။ ချို၊မျက်လုံး၊ အရိုး ဘယ်အရာမဆိုဖြစ်တယ်။ တစ်ခုရှိတာက မှော်သားရဲကောင်သေဆုံးထားတဲ့ရက်က ခုနှစ်ရက်ထက်ပိုလို့မဖြစ်ဘူး မဟုတ်ရင် သက်ရောက်မှုရှိမှာမဟုတ်တော့ဘူး"

တန်နာဇီက ဝင်ပြောလိုက်တာက"မင်း အမည်းရောင်မြို့တော်ကို သွားလို့ရတာပဲ။ အမည်းရောင်မြို့တော်မှာ ကြေးစားအဖွဲ့အများကြီးက အလုပ်အမျိုးမျိုးကို လုပ်နေကြတာလေ။ အမြဲလိုလို သူတို့ပစ်မှတ်တွေက မှော်သားရဲတွေပဲဖြစ်လို့ မှော်အမြူတေကို အလုပ်အပ်သူဆီပေးလိုက်ရင် ကျန်တဲ့အစိတ်အပိုင်းအားလုံးကို သူတု့ိ ရောင်းစားလို့ရတယ်လေ။ မင်းက အခုလတ်တလောမှ ပြန်ရောက်လာတဲ့ ကြေးစားအဖွဲ့ကိုရှာပြီးတော့ သူတို့ဆီက အစိတ်အပိုင်းသုံးခုကို ဝယ်ရုံပဲ"လို့ဖြစ်ပါသည်။

တန်နာဇီရဲ့စကားဟာ အလုပ်ဖြစ်နိုင်ကြောင်း သူမတွေးလိုက်သည်။

မှော်အမြူတေ၈၁လုံးရှာဖို့ကို ကြူရှီယာအား ပေးအပ်လိုက်ပြီးနောက် သူမကတော့ အမည်းရောင်မြို့တော်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဆွေးနွေးပြီးတဲ့အခါမှာ ယန်ယုက သူတို့စားဖို့အတွက် စားသောက်ဖွယ်တွေ စားပွဲနဲ့အပြည့်ပြင်ဆင်ထားပြီးပါပြီ။ လူငါးယောက်ဟာ အတူတကွစားသောက်လိုက်ကြသည်။ လောင်းကစားရုံ၏ ဂိုဒေါင်ထဲမှာ အဆင့်သုံးမှော်အမြူတေ ၈၁လုံးရနိုင်မရနိုင်ကို အလုပ်သမားတွေကို ကြူရှီယာကရှာခိုင်းလိုက်တယ်။ မတွေ့ရင်တော့ တိုးနယားလေလံအိမ်ကလူတစ်ယောက်ကိုပဲ ဒီကိစ္စကိုလုပ်ခိုင်းရမှာပါ။

သူတို့တွေ စားနေစဉ်မှာပဲ လောင်းကစားရုံဝန်ထမ်းပြန်ရောက်လာခဲ့ပြီး မှော်အမြူတေရာချီပြီးတော့ ပါလာခဲ့ပါတယ်။

ဒီအမြူတေအများစုကို ကြေးစားတစ်ချို့က လောင်းကြေးအဖြစ် လောင်းကစားခဲ့ကြတာပါ။ ဒီအမြူတေတွေက အဆင့်ငါးအထိပါဝင်ပြီး အဆင့်နှစ်နဲ့သုံးက အရေအတွက်အများဆုံးဖြစ်ပါတယ်။

ရာနဲ့ချီရှိတဲ့ဒီအမြူတေတွေထဲကနေ အဆင့်သုံးမှော်အမြူတေ ၈၁လုံးကို သူတို့ရနိုင်လောက်ပါတယ်။

မမှောင်ခင်မှာပဲ သူမအနေနဲ့ အမြူတေ၈၁လုံးကို ရခဲ့ပါတယ်။ မိုးချုပ်တာနဲ့ အမည်းရောင်မြို့တော်ကို သူမ သွားလိုက်ပြီး သင့်တော်တဲ့ကြားခံအစိတ်အပိုင်းသုံးမျိုးကို ရှာဖွေဖို့ဆုံးဖြတ်ခဲ့သည်။

ဒီလိုအရာတွေက ရရှိဖို့ခဲယဉ်းပြီး ကံကောင်းဖို့လည်းလိုပါတယ်။ တန်ဖိုးကြီးဆေးမြစ်တွေနဲ့ပြည့်နေတဲ့ ရတနာအိမ်ကိုတွေးမိလိုက်တာနဲ့ သူမရဲ့နှလုံးသားကို ကြောင်တစ်ကောင်ကလက်သည်းနဲ့လာကုတ်သလို ခံစားနေရပြီး နေရထိုင်ရခက်လှပါတယ်။

ကြူရှီယာတို့လည်း အတူလိုက်ချင်ကြပေမယ့် သူမကတော့ ငြင်းပယ်ခဲ့ပါသည်။

လူငါးယောက်သွားတာက လူတွေရဲ့အာရုံစိုက်မှုကိုခံရနိုင်ပြီး တစ်ချို့လူတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံရနိုင်ပါတယ်။ သူမ တစ်ယောက်ပဲသွားမယ်ဆိုရင်တော့ ဘယ်သူမှလည်း သတိထားမိနေမှာမဟုတ်ဘူး။ သူမ လိုတဲ့ပစ္စည်းတွေက တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးသိုလှောင်ရုံအတွက် အသုံးပြုမယ့်အရာတွေဖြစ်ပါတယ်။ လူတွေက စုံစမ်းရင်တောင် သူမရဲ့ ရည်ရွယ်ချက်ကို အလွယ်တကူသိနိုင်မှာမဟုတ်ပါဘူး။

ရှန်ယန်ရှောင်ပြောတာကို ကျန်လေးယောက်လုံး လက်သင့်ခံလိုက်ကာ ဆက်လက်ငြင်းခုံမနေကြတော့ပါဘူး။

သူမထွက်ခွာမယ့် ညကာလကို ရောက်ခဲ့ပါပြီ။ သူမမသွားခင်မှာ ယန်းရှီကနေ မျက်နှာဖုံးတစ်ခု ပေးခဲ့ပါတယ်။ သူ့လက်ရာက သူမ အမည်းရောင်မြို့တော်ကနေ ဝယ်ခဲ့တဲ့တစ်ခုထက် ပိုသပ်ရပ်ကာ လက်ရာကောင်းပါတယ်။

ဒီမျက်နှာအသစ်က ဘာသတိထားခြင်းမှ ခံရဖို့မရှိတာကြောင့် သူမကို ခြေရာခံဖို့လည်း မဖြစ်နိုင်တော့ပါဘူး။

အဝတ်အစားလဲလိုက်ပြီးနောက် မျက်နှာဖုံးတပ်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ လေးကောင်ကိုနှုတ်ဆက်လိုက်ပြီး အမည်းရောင်မြို့တော်သို့ ထွက်ခွာလိုက်ပါတော့တယ်။

အမည်းရောင်မြို့တော်ရဲ့ ညချမ်းဟာ အမြဲတမ်းလင်းထိန်နေမြဲဖြစ်ပါတယ်။

လမ်းတွေပေါ်မှာ လူတွေနဲ့စည်ကားနေပြီး ဈေးသည်တွေကလည်း လမ်းတစ်ဖက်တစ်ချက်စီကနေပြီး သူတို့ရဲ့ရောင်းကုန်တွေကို ကိုင်မြှောက်လျှက်အော်ဟစ်ရောင်းချနေကြပါတယ်။

ရှန်ယန်ရှောင်ဟာ လမ်းတစ်လမ်းပေါ်မှာ လျှောက်သွားနေလိုက်ပြီး သူမပုံစံက လူသတိထားမိစရာမရှိပါဘူး။ ဒီတစ်ခါမှာတော့ သူမက လမ်းဘေးက ဈေးဆိုင်တွေကို ကြည့်မနေတော့ဘဲ အမည်းရောင်မြို့တော်ရဲ့ ကြေးစားအဖွဲ့သမဂ္ဂဆီဦးတည်လိုက်ပါတယ်။

မြို့ကြီးတိုင်းမှာ ကြေးစားအဖွဲ့သမဂ္ဂရှိပြီး မည်သူမဆို အလုပ်အပ်နှံနိုင်ကာ မြို့ထဲမှာရှိတဲ့ ကြေးစားအဖွဲ့တိုင်းက ဒီအလုပ်တွေကို ဆန္ဒအလျောက်ရွေးချယ်လက်ခံနိုင်ပါတယ်။

All Chapters