← Chapters

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၄၃)

ဒီနှစ်လူရဲ့ လှုပ်ရှားမှုတွေက အလွန်မြန်ဆန်တာကြောင့် ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။ ဆေးမြစ်တွေရွေးချယ်ရာမှာ သူမက အလွန်သတိထားခဲ့တာကြောင့် ယူခံလိုက်ရတဲ့ ဆေးမြစ်တွေရဲ့ အရေအတွက်က များများစားစားမဟုတ်လို့ သိသွားစရာအကြောင်းမရှိပါဘူး။ အလုပ်ပြီးတာနဲ့ နှစ်လူလုံး ဆေးသိုလှောင်ရုံကနေ မြန်မြန်ထွက်ခဲ့ကြပါတော့တယ်။

တာဝန်ချိန်းလိုက်တဲ့ အစောင့်တွေဟာ တစ်စုံတစ်ယောက်က ဆေးသိုလှောင်ရုံထဲကို ဖောက်ထွင်းဝင်ရောက်ပြီး အမျိုးတစ်ရာလောက်ရှိတဲ့ ဆေးမြစ်တွေကို တိတ်တိတ်လေးယူသွားခဲ့တာကို မသိခဲ့ကြပါဘူး။ ဘာပဲပြောပြော ဆေးမြစ်ပေါင်းသောင်းဂဏန်းရှိတဲ့ သိုလှောင်ရုံထဲကနေ အမျိုးတစ်ရာလောက်လျော့နည်းတာကို ဘယ်သူမှလည်း သတိပြုမိစရာမရှိပါဘူးလေ။

သူမလက်ထဲက ဆေးမြစ်တွေကိုကြည့်ပြီး သူမရဲ့ပူပန်မှုတွေကို ဘေးချိတ်ထားလိုက်နိုင်ပါတယ်။ တော်ဝင်ရိုလန်ကျောင်းရဲ့ ကြီးမားတဲ့ ဆေးသိုလှောင်ရုံကြောင့် သွေးစားပွဲတော်ဆေးရည်အတွက် လိုအပ်တဲ့ ဆေးမြစ်တစ်ဝက်ကျော်ကို သူမ ရရှိခဲ့ပြီးပါပြီ။ သူမလိုတာဆိုလို့ အမျိုးနှစ်ဆယ်ကျော်လောက်ပဲ ရှိပါတော့တယ်။

အခုလောလောဆယ်ကတော့ ပိုအရေးကြီးတဲ့ အလုပ်တွေရှိပါသေးတယ်။

ဂူဝံပုလွေအဖွဲ့ရဲ့ ဖိတ်ကြားမှုဟာ ရေငတ်တုန်းရေတွင်းထဲကျတဲ့ အဖြစ်မျိုးပါပဲ။

အဆောင်ကိုပြန်ရောက်တာနဲ့ ကုတင်ပေါ်လှဲလိုက်ပါတယ်။ သူမစိတ်အတွင်းပိုင်းသို့ ဝင်ရောက်လိုက်ပြီးနောက် ဒီကိစ္စအပေါ် ရှူနဲ့ဆွေးနွေးခန်းဖွင့်ပါတော့တယ်။

အေးစက်စက်နဲ့ ညှို့ငင်အားကောင်းလှတဲ့ ရှူ၏အသွင်အပြင်ကို ကြည့်လိုက်မိပြီး သူမ သက်ပြင်းချလိုက်မိသည်။

"ရှူ ဒီစစ်ဆင်ရေးမှာ ဘာလွဲချော်နေတယ်လို့ ထင်သလဲ"

ရှူရဲ့ ထူးဆန်းသောရွှေရောင်မျက်လုံးတစ်စုံဟာ ကျဉ်းမြောင်းသွားပြီး သူမအား ကြည့်လိုက်ပြီးနောက် ပေါ့ပါးစွာပြန်ပြောလိုက်သည်။

"ဖြစ်နိုင်ခြေနှစ်ခုရှိတယ် ပထမတစ်ခုက အလုပ်အပ်သူဟာ ဖီးနစ်ရဲ့တစ်ကယ့်အစွမ်းကို မသိတာရယ် ဒုတိယတစ်ခုကတော့ ကြေးစားအဖွဲ့တွေရဲ့ ကူညီမှုကိုရယူပြီးတော့ ဖီးနစ်ကို ဖမ်းဆီးချင်တာရယ်ပဲ။ လက်ရှိအနေအထားအရတော့ ပထမတစ်ခုမဖြစ်နိုင်ဘူး။ တစ်ဖက်လူဟာ ဖီးနစ်ရဲ့သဲလွန်စကို ရရှိပြီးဖြစ်လို့ ရင်ဆိုင်ပြီးတာသေချာတော့ ဖီးနစ်ငှက်ရဲ့အဆင့်အတန်းကို သူတို့တွေမသိဘူးဆိုတာ မဖြစ်နိုင်တော့ဘူး"

ရှန်ယန်ရှောင်လည်း ခေါင်းညိတ်ကာပြောလိုက်တယ်။

"ဒုတိယတစ်ခုက အဖြစ်နိုင်ဆုံးလို့ပဲ ကျနော်လည်းထင်တယ်။ ဒါပေမယ့် ဖီးနစ်ငှက်သာ ဒဏ္ဍာရီသတ္တဝါအဆင့်ရောက်နေပြီးသားဆိုရင် ကြေးစားအဖွဲ့ဆယ်ဖွဲ့ရှိနေရင်တောင် အသုံးဝင်မှာမဟုတ်သေးဘူး။ ဒဏ္ဍာရီသတ္တဝါကို ထိခိုက်ဒဏ်ရာရစေဖို့ဆိုရင် လူတစ်ယောက်အနေနဲ့ အကြီးတန်းအဆင့်ကို အနည်းဆုံးရှိနေဖို့လိုပြီး အဲ့ဒါတောင်မှ ဒဏ်ရာကသေးဖွဲဦးမှာ။ အလတ်တန်းအဆင့်ပဲရှိကြတဲ့ ကြေးစားတွေက ဘာလုပ်နိုင်မှာတုန်း။ ဖီးနစ်ငှက်က အသိုက်ထဲမှာပဲနေနေပြီး ခုခံမှုမလုပ်ဘူးဆိုရင်တောင် သူတို့ဘယ်လောက်ပဲတိုက်တိုက် ဖီးနစ်ငှက်ရဲ့အမွှေးတစ်မွှေးကိုတောင် ထိခိုက်အောင် သူတို့လုပ်နိုင်မှာမဟုတ်ဘူး"

"ဒါကို တစ်ဖက်လူက ကြေးစားအဖွဲ့အများကြီးကို ဖိတ်ခေါ်ဖို့ တုံ့ဆိုင်းမနေဘူးဆိုတော့ နည်းနည်းထူးဆန်းသလို ခံစားနေရတယ်"လို့ မေးကိုပွတ်ပြီး သူမကပြောလိုက်သည်။

ဒဏ္ဍာရီသတ္တဝါကိုတိုက်ခိုက်ရဲတာကိုက သာမန်လူတစ်ယောက်တွေးမှာမဟုတ်တဲ့ ထူးခြားတဲ့အလုပ်တစ်ခုဖြစ်နေပါပြီ။

"အဲ့ဒီကြေးစားအဖွဲ့တွေလောက်နဲ့ အရွယ်ရောက်ပြီးသားဖီးနစ်ငှက်ကို ရင်ဆိုင်မှာက အလကားပဲ။ အလုပ်အပ်သူမှာ ဝှက်ဖဲရှိနေပြီးဖြစ်လို့ ဒီလိုလှုပ်ရှားမှုမျိုး လုပ်တာလို့ ငါထင်တယ်"

မျက်လုံးတွေကို ကျဉ်းမြောင်းထားတဲ့ ရှူကပြောလိုက်တာဖြစ်သည်။

သူတို့နှစ်ယောက်လုံးက လိမ္မာပါးနပ်သူတွေဖြစ်လို့ ဒီကိစ္စကိုနည်းနည်းလောက်ကြားလိုက်ရုံနဲ့ ထင်သလောက်မရိုးရှင်းမှန်း သိပြီးကြပါပြီ။

"သူက တွက်ချက်မှုတွေလုပ်ပြီးလောက်ပြီ ဘာပဲဖြစ်ဖြစ်လေ ကျနော်က မီးတောက်မြက်ကိုပဲလိုချင်တာဆိုတော့ သူတို့ဖာသာ ဖီးနစ်ငှက်နဲ့တိုက်ပွဲဝင်ရင်း သေတာရှင်တာကို ဘာလုပ်ရမှာလဲ"

ရှန်ယန်ရှောင်က ဒီကိစ္စအပေါ် သိပ်အလေးအနက်မရှိပါဘူး။ ပြောရမယ်ဆို သူမရဲ့ ပစ်မှတ်က ဖီးနစ်ငှက်မဟုတ်ဘဲ မီးတောက်မြက်ဖြစ်ပါသည်။ သူမရဲ့ စောရပညာနဲ့ဆို ကျရှုံးစရာအကြောင်းမရှိပါဘူး။ သူမသာ လိုချင်တယ်ဆိုရင် ဇာမဏီငှက်က တားချင်ရင်တောင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။

ဒီလိုမျိုးတွေးမိလိုက်တော့ ဘေးမှာ တိတ်ဆိတ်စွာရပ်နေတဲ့ ဇာမဏီငှက်ကို သူမ ကြည့်လိုက်မိပါတယ်။

ဇာမဏီငှက်က သူမကိုစောင့်နေတာဖြစ်ပြီး သူ့မျက်နှာမှာ သူ မကျေမနပ်ဖြစ်နေတဲ့အကြောင်း ပေါ်လွင်နေပါတယ်။

သူဟာ ဒဏ္ဍာရီသတ္တဝါဖြစ်သော်လည်း သူ့ကို မရှိတဲ့အတိုင်းထားထားတာကြောင့် ခံရခက်လှပါတယ်။

ကံမကောင်းတာကတော့ သူ့သခင်ဟာ ဒီလိုလူစားဖြစ်နေပါတယ်။ သူ့ကိုလုပ်ခိုင်းတဲ့အလုပ်တွေက ဓားမြအဖြစ်ရုပ်ဖျက်လုပ်ဆောင်ခိုင်းတာမဟုတ်ရင် ဆေးမြစ်ရှာခိုင်းတဲ့အလုပ်ဖြစ်တယ်။ ဒီအလုပ်တွေက သူ့လိုမျိုး ဒဏ္ဍာရီသတ္တဝါလုပ်သင့်တဲ့အလုပ်တွေမဟုတ်ပါဘူး။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၄၄)

"ဇာမဏီငှက်ရေ မင်းနဲ့ ဖီးနစ်ငှက်နဲ့ချကြရင် မင်းနိုင်ဖို့ဘယ်လောက်သေချာမှုရှိလဲ"

ရှန်ယန်ရှောင်အနေနဲ့ ဒီကိစ္စကို သေချာစီစဉ်ထားဖို့တော့ လိုပါတယ်။

ဇာမဏီငှက်က ဟင့်ကနဲလုပ်ပြီး ပြန်ဖြေလိုက်တယ်။

"ငါရောဖီးနစ်ငှက်ရောက မီးဓာတ်မှော်သားရဲတွေဖြစ်တယ်။ အမျိုးတူဒဏ္ဍာရီသတ္တဝါဆိုရင် အဆင့်အပေါ်မှာ မူတည်မှာပဲ။ ငါကအခု အဆင့်၁၂မှာရှိပြီးတော့ ဒဏ္ဍာရီသတ္တဝါအဆင့်ရဲ့ ထိပ်ဖျားပိုင်းကိုရောက်နေတာပဲ။ ဖီးနစ်ငှက်သာ ပြန်လည်မမွေးဖွားသရွေ့ တွေးပူနေစရာဘာမှမရှိဘူး"

ဇာမဏီငှက်ရဲ့ အာမခံချက်ကြောင့် သူမ စိုးရိမ်နေစရာမရှိတော့ပါဘူး။ ဖီးနစ်ငှက်ကို သူမတို့ ရင်ဆိုင်စရာအခြေအနေရောက်ခဲ့ရင်တောင် အဆိုးဆုံးအနေနဲ့ မီးတောက်မြက်ကိုယူပြီး ပြေးရုံပဲရှိပါတယ်။ သူမကို ကာကွယ်မယ့် ဇာမဏီငှက်ရှိနေမှတော့ သူမက ဘာကိုကြောက်နေရဦးမှာလဲလေ။

သူမလက်ထဲက ဖဲချပ်တွေကို တွက်ချက်လိုက်ပြီးနောက် ဒီခရီးက အလွန်လုံခြုံတယ်လို့ သူမ သတ်မှတ်လိုက်ပါတယ်။

သို့ပေမယ့်လည်း အလုပ်အပ်နှံသူအပေါ်မှာတော့ သူမ သတိထားဖို့လိုပါသေးတယ်။ ဒီစစ်ဆင်ရေးအတွက် ကြေးစားအဖွဲ့အများကြီးကို ငှားရမ်းခဲ့တဲ့ အလုပ်အပ်နှံသူမှာ တစ်ခုခုလွဲနေတယ်လို့ သူမ ခံစားမိနေပါသည်။

နောက်လေးရက်တိုင်တိုင် ဌာနသုံးခုကြားမှာ သူမ ပြေးလွှားနေခဲ့ပါသည်။ ရဲချင်ကလည်း ဆေးဖော်နည်းအချို့ကို သူမအား စတင်သင်ကြားပေးနေပြီဖြစ်လို့ သူမရဲ့ ဆေးပညာရပ်ကလည်း တစ်ဖြည်းဖြည်းမြင့်လာနေခဲ့ပါတယ်။

လေးရက်မြောက်နေ့မှာတော့ ရှန်ယန်ရှောင်ဟာ ရဲချင်၊ ယန်းချီနဲ့ လေးဌာနက သူမရဲ့နည်းပြတို့အား အရိုအသေပေးပြီး ခွင့်တိုင်ကြားခဲ့ပါတယ် အကြောင်းပြချက်ကတော့ အိမ်ကိုပြန်ဖို့ဆိုပြီးဖြစ်ပါတယ်။

မမျှော်လင့်တဲ့မတော်တဆဖြစ်မှုတွေကို ကာကွယ်ဖို့အတွက် သူမအသုံးပြုရန် ဆေးရည်ဆယ်ပုလင်းမက ပြင်ဆင်ထားပြီးဖြစ်ကာ တစ်ဝက်လောက်က အလတ်တန်းဆေးရည်တွေဖြစ်ပြီး ကျန်တာတွေအားလုံးက အဆင့်နိမ့်ဆေးရည်တွေဖြစ်ပါတယ်။

ဒါပေါ့ဒါပေါ့ သူမ မထွက်ခွာခင်မှာ ငနာလေးကောင်ကို နှုတ်ဆက်ဖို့လည်း ဘယ်မေ့ပါ့မလဲ။ သူတို့ဟာ မေးခွန်းတွေတစ်ခုမှမမေးခဲ့ဘဲ လက်ပြနှုတ်ဆက်ခဲ့ကြပြီး ပြန်လာရင်သာ လက်ဆောင်ပါလာဖို့ မှာလိုက်ကြပါတယ်။

အားလုံးပြီးတဲ့အချိန်မှာတော့ သူမလည်း စိတ်အေးလက်အေးနဲ့ အိပ်စက်လို့ရသွားပါတယ်။

နောက်ရက်မနက်ခင်း အာရုဏ်တက်ချိန်ဟာ သူမနဲ့တူလန်းတို့ဆုံဖို့ သဘောတူထားတဲ့အချိန်ဖြစ်ပြီး သူမလည်း စောစောထကာ ကျောင်းကနေထွက်လာခဲ့ပါတယ်။ သူမရဲ့အဝတ်အစားတွေကို အမည်းရောင်မြို့ထဲက ဟိုတယ်တစ်လုံးမှာဝင်ရောက်လဲလှယ်ခဲ့ပါတယ်။

. ဘယ်လောက်တောင် ရိုးရှင်းလိုက်တဲ့ အဝတ်အစားနဲ့ မျက်နှာဖုံးလဲ အမည်းရောင်မြို့ထဲမှာ သူမလမ်းလျှောက်နေတာကို ဘယ်သူမှဂရုပြုမနေကြပါဘူး။

နောက်ပြီး ဒီနေ့မနက်ခင်းမှာ အမည်းရောင်တစ်မြို့လုံး ပြောဆိုနေကြတဲ့ အကြောင်းအရာတစ်ခုရှိနေပါတယ်။

မနက်စောစောမှာပဲ ကြေးစားအများအပြားဟာ အမည်းရောင်မြို့ရဲ့ ရင်ပြင်မှာစုရုံးရောက်ရှိနေကြပါတယ်။ အဖွဲ့အမျိုးမျိုးက ကြေးစားတွေဟာ အခုဆိုရင်ထောင်ဂဏန်းရှိနေပါပြီ။ အမည်းရောင်မြို့က ကြေးစားတွေအနေနဲ့ အခုလိုမျိုး ကြီးကျယ်လှတဲ့လှုပ်ရှားမှုကြီးလုပ်မှတော့ မြို့သားတွေအဖို့ သတိမပြုမိဘဲမနေကြပါဘူး။

မကြာခင်မှာပဲ အားလုံးသတိထားမိလိုက်တာက ရောက်ရှိစုရုံးနေကြတဲ့ ကြေးစားအဖွဲ့တွေဟာ အဖွဲ့ငယ်တွေတစ်ဖွဲ့မှမပါဝင်ဘဲ အလတ်စားအဖွဲ့ဝင်တွေချည်းသာဖြစ်တဲ့အချက်ပါ။ အလတ်စားအဖွဲ့အားလုံးနီးနီး ရင်ပြင်ကိုရောက်ရှိနေကြပါတယ်။

ဘာကိစ္စအတွက် ဒီလိုကြေးစားတွေအများကြီး စုရုံးနေကြတာလဲလို့ အားလုံးသိချင်သွားကြပါတယ်။

တစ်ချို့နှံ့စပ်တဲ့လူတစ်ချို့ဟာ ကြေးစားတစ်ချို့ဆီကနေ သတင်းအချို့ရရှိခဲ့ပြီး ပြောတာကတော့ ဒီအဖွဲ့တွေကို အလုပ်ရှင်တစ်ဦးက ငှားရမ်းထားတာဖြစ်ပြီး အဆင့်မြင့်မှော်သားရဲတစ်ကောင်ကို သတ်ဖို့အတွက်ဖြစ်တယ်လို့ပါပဲ။

ဒီသတင်းကိုကြားလိုက်ရသူတိုင်း ဘာပြောရမယ်မှန်းမသိဖြစ်သွားခဲ့ကြပါတယ်။ များပြားလှတဲ့ကြေးစားတွေကို ငှားရမ်းဖို့အတွက် ငွေဘယ်လောက်များကုန်လိုက်မလဲ။ ဒီအလုပ်ရှင်ဟာ တစ်ကယ်ချမ်းသာတဲ့လူပဲဖြစ်ရမယ်။

သာမန်အလုပ်ရှင်တွေဟာ အလတ်စားအဖွဲ့တစ်ဖွဲ့နှစ်ဖွဲ့လောက်သာ ငှားရမ်းကြမှာဖြစ်တယ်။ အလတ်စားကြေးစားတစ်ဖွဲ့ရဲ့ ငှားရမ်းခက ဈေးမပေါဘူးလေ။

နောက်ပြီး သူတို့ကြားခဲ့တာက ဒီအလုပ်အတွက် အလတ်စားအဖွဲ့တွေကိုပဲ ငှားရမ်းတာဖြစ်ပြီး ကြေးစားအဖွဲ့သေးသေးလေးတွေကိုတော့ အလုပ်ရှင်က ငြင်းပယ်ခဲ့တယ်ဆိုပဲ။

တစ်မြို့လုံးကလူတွေဟာ ကြေးစားအဖွဲ့တွေရဲ့ ဒီလှုပ်ရှားမှုကြီးအပေါ် ပြောဆိုနေကြပါတယ်။ အဲ့လိုပြောဆိုသံတွေကြားမှာတော့ သေးညှပ်တဲ့လူတစ်ယောက်က တိတ်ဆိတ်စွာနဲ့ လူအုပ်ကြီးကိုဖြတ်ကျော်သွားလိုက်ပြီး ကြေးစားတွေစုနေတဲ့နေရာကို သွားလိုက်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၄၅)

ရင်ပြင်ထဲမှာ တစ်ဒါဇင်မကသော အလတ်စားကြေးစားအဖွဲ့တွေ စုရုံးရောက်ရှိနေပါပြီ။ ကြေးစားအဖွဲ့တိုင်းက ရင်ပြင်ရဲ့တစ်ဖက်မှာနေရာယူထားကြတာဖြစ်ပြီး သူတို့တွေထဲမှာ အထင်းဆုံးဖြစ်နေတာကတော့ ဂူဝံပုလွေများအဖွဲ့ပါ။

ဂူဝံပုလွေများအဖွဲ့ရဲ့ အဖွဲ့ဝင်အရေအတွက်က တစ်ခြားအလတ်စားအဖွဲ့တွေလောက်မများလှပါဘူး ပြောရမယ်ဆိုရင် အမည်းရောင်တစ်မြို့လုံးက အလတ်စားအဖွဲ့တွေထဲမှာ သူတို့ကအဖွဲ့ဝင်အနည်းဆုံးပါပဲ။

ဒါပေမယ့် သူတို့တွေဟာ အမည်းရောင်မြို့ရဲ့ ကြေးစားအဖွဲ့တွေကြားမှာ နံပါတ်တစ်နေရာကို သိမ်းပိုက်ထားသူတွေဖြစ်ပါတယ်။ ဂူဝံပုလွေများအဖွဲ့ရဲ့ အခွင့်အာဏာကို ဘယ်သူမှ မစိန်ခေါ်ရဲကြပါဘူး။

တူလန်းဟာ ရင်ပြင်ရဲ့အလယ်ဗဟိုနေရာမှာ လူရှစ်ဆယ်ကျော်နဲ့အတူ ရပ်နေတာဖြစ်သည်။ သူ့ကိုယ်လုံးကိုယ်ပေါက်ဟာ ထွားကြိုင်းပြီး အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတာကြောင့် ပိုခန့်ညားနေပါတယ်။ သူ့ဘေးမှာရှိနေသူအားလုံးက ဂူဝံပုလွေများအဖွဲ့ရဲ့ လက်ရွေးစင်တွေချည်းဖြစ်တယ်။ အားလုံးမှာ ဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေရှိကြပြီး ကြံ့ခိုင်မှုကလည်းပြည့်ဝနေပါတယ်။ လူတိုင်းရင်ဘတ်မှာ ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့ ဝူဝေဝံပုလွေခေါင်းရေးထိုးထားပါတယ်။

အဆိုပါလူရှစ်ဆယ်ကျော်ဟာ မြို့ရဲ့နံပါတ်တစ်ကြေးစားအဖွဲ့ပဲဖြစ်ပါတယ်။ ဂူဝံပုလွေများအဖွဲ့ဟာ အဖွဲ့ဝင်အများဆုံးမဟုတ်ပေမယ့် အဖွဲ့သားတိုင်းရဲ့စွမ်းရည်ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အဖွဲ့လိုက်စွမ်းရည်မှာလည်း အကြီးမားဆုံးဖြစ်ပါတယ်။

ဂူဝံပုလွေများအဖွဲ့ထဲမှာ ဘယ်သူက ကြောက်စရာအကောင်းဆုံးလဲဆိုရင် ဝံပုလွေခေါင်းဆောင်ဆိုတဲ့ အမည်ရသူ တူလန်းပဲဖြစ်ပါတယ်။

တူလန်းဟာ လက်ရှိမှာ အဆင့်၁၂ရှိတဲ့ အကြီးတန်းဓားသမားဖြစ်ပြီး အဆင့်မြင့်ဓားသမားဖြစ်ဖို့ လက်တစ်ကမ်းပဲကွာပါတော့တယ်။

တူလန်းနောက်ဒုတိယနေရာမှာတော့ ပညာရပ်အသီးသီးမှာ အကြီးတန်းအဆင့်ရောက်ပြီးဖြစ်တဲ့ ဂူဝံပုလွေများအဖွဲ့ဝင်ခြောက်ဦးဖြစ်ပါတယ်။ တူလန်းလိုပဲ သူတို့မှာလည်း အမည်နာမအသီးသီးရရှိထားကြပါတယ်။

သူတို့ဟာဆိုရင် အကြီးတန်းစစ်သူရဲဖြစ်တဲ့ ကြမ်းကြုတ်ဝံပုလွေ၊ အကြီးတန်းလေးသည်တော် ဝံပုလွေရိုင်း၊ အကြီးတန်းမှော်ဆရာ နတ်ဆိုးဝံပုလွေ၊ အကြီးတန်းနတ်ဆရာ ပျော့ပျောင်းဝံပုလွေ၊ အကြီးတန်းဓားသမား မီးခိုးရောင်ဝံပုလွေနဲ့ အကြီးတန်လေးသည်တော် မီးဝံပုလွေတို့ဖြစ်ကြပါတယ်။

အဲ့ဒီထိပ်သီးကြေးစားခြောက်ယောက်နဲ့ တူလန်းတို့ဟာ ဂူဝံပုလွေများအဖွဲ့ရဲ့ လက်ရွေးစင်ထဲကလက်ရွေးစင်တွေဖြစ်ကြသည်။ သူတို့က တစ်ခြားအဆင့်တူအဖွဲ့တွေကို နောက်ကောက်ချထားနိုင်ကြပါတယ်။

ဒီနေ့မှာ ဝံပုလွေခြောက်ကောင်အား လူလှိုင်းကြီးက ဝန်းရံထားပြီး သူတို့ရဲ့ ဖြောင့်တန်းနေတဲ့ ကျောပြင်တွေဟာ ရှိန်စရာကောင်းလှပါတယ်။

အခြားအလတ်စားအဖွဲ့တွေထဲမှာက အကြီးတန်းပညာရှင်တစ်ဦးစနှစ်ဦးစသာ တွေ့ရမှာဖြစ်ပါသည်။ ဂူဝံပုလွေများအဖွဲ့မှာတော့ အကြီးတန်းပညာရှင်ခုနှစ်ဦးထိတောင် ရှိနေပါတယ်။

သူတို့ဟာ အမည်းရောင်မြို့တော်ကြေးစားအဖွဲ့ရဲ့ စွမ်းအားကြီးဝံပုလွေခုနှစ်ကောင်ဖြစ်ပါတော့သည်။ ဘယ်ကြေးစားမှ သူတို့ခုနှစ်ဦးကို ရန်မစရဲကြပါဘူး။ ဒီခုနှစ်ယောက်ရဲ့ ကြောက်စရာအင်အားမရှိရင်တောင် ဂူဝံပုလွေများရဲ့ ကျန်အဖွဲ့သားတွေနဲ့တင် လူတွေကိုတုန်လှုပ်ခြောက်ခြားစေဖို့ လုံလောက်နေပါပြီ။

သူတို့ဟာ တစ်ကယ့်ဝံပုလွေများအတိုင်း ကြောက်မက်ဖွယ်ကောင်းလှပါတယ်။

တူလန်းက ရင်ပြင်ကိုရောက်ကတည်းက ပတ်ပတ်လည်ကိုလိုက်ကြည့်နေခဲ့တာဖြစ်ပြီး သူ့နားကဝံပုလွေခြောက်ကောင်လည်း သူ့အပြုအမူကြောင့် စိတ်ဝင်စားနေခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက သူတို့ခေါင်းဆောင်ဟာ လူတစ်ယောက်ကို ဒီစစ်ဆင်ရေးမှာ သူတို့နဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ သူတို့သိခဲ့ရသည်။ ဒီအခြေအနေဟာ သူတို့ခြောက်ဦးအား အလွန်အံ့အားသင့်စေခဲ့သည်။ တူလန်းက ဖိတ်ခေါ်ရလောက်သူဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ သူတို့အဖွဲ့ရဲ့ လက်ရှိအင်အားအရ တူလန်းရဲ့မျက်စိထဲ ဝင်ရလောက်တဲ့အရည်အချင်းမျိုး ဘယ်သူ့မှာမှမရှိတာကြောင့် စစ်ဆင်ရေးမှာပူးပေါင်းပေးဖို့ ဖိတ်ခေါ်ဖို့ဆိုတာ ဝေလာဝေးပေါ့။

သူတို့အားလုံးက ဒီယာယီအဖွဲ့သားအပေါ် သိလိုစိတ်တွေပြင်းပြနေခဲ့ကြသော်လည်း သူတို့ဘယ်လိုမေးမေး တူလန်းကတော့ ယာယီအဖွဲ့သားရဲ့ ကိုယ်ရေးအချက်အလက်ကို ထုတ်ဖော်မပြောခဲ့ပါဘူး။

တူလန်းဟာ ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီး မအားမလပ်ဖြစ်နေတာကြောင့် သူရှာနေတဲ့လူဟာ အဲ့ပုဂ္ဂိုလ်ပဲဖြစ်ရမယ်။

ဝံပုလွေခြောက်ကောင်လုံး သိလိုစိတ်တွေကို မထိန်းနိုင်တာကြောင့် သူတို့လည်း လည်ပင်းတွေဆန့်ထုတ်ကာ ဖြစ်နိုင်ခြေရှိမယ့်လူကို လိုက်ရှာနေလိုက်ကြပါတယ်။ သူတို့အားလုံး ဒီယာယီအဖွဲ့သားအပေါ် အလွန်အမင်း စိတ်ဝင်စားနေကြပါတယ်။

တူလန်းရဲ့ဖိတ်ကြားမှုခံရသူဟာ အဆင့်မြင့်ပညာရှင်ပဲဖြစ်ရမယ်လို့ သူတို့တွေမှတ်ယူထားကြပြီး မဟုတ်ရင်တော့ ဒီစစ်ဆင်ရေးမှာ သူပါဝင်လာတာက အလကားပဲလို့ တွေးထားကြပါတယ်။

All Chapters