← Chapters

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

Chapter 463: တစ်ချက်တည်းဖြင့် အနိုင်ယူခြင်း

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရှန်မို မြေပြင်ကို ပြင်းထန်စွာနင်းကာ 'ကောင်းကင်နင်း တစ္ဆေခြေလှမ်း' ကို ထုတ်ဖော်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် 'ရှစ်တံခါး စစ်မှန်သော ကိုးကွယ်မှုအစီအရင်' ၏ ကာကွယ်ရေးစည်းဝိုင်းအပြင်ဘက်သို့ ပြေးထွက်သွားတော့၏။

"ကောင်းကင်ကို ဖွင့်ဟစမ်း”

ရှန်မို နိမ့်ရှိုင်းသောအသံဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏လက်ထဲရှိလှံမှာ သွေးစွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။ ထို့နောက် ကျောပေါ်တွင် လွယ်ထားသော ဓားကြီးထံမှ သွေးအဆီအနှစ်များ ပေါက်ကွဲထွက်လာပြီး ခဏချင်းမှာပင် သူ၏လက်ဖဝါးထဲ၌ လှံရှည်ကြီးအဖြစ် ပြန်လည်ဖြစ်ပေါ်လာသည်။ ၎င်းမှာ အရင်ကလှံနှင့် ပုံစံတူသော်လည်း ကျန့်ပိုင်ရှန့်နှင့် ဖုန်းချန်းတို့၏ မျက်လုံးထဲတွင်မူ ဤလှံ၏အရှိန်အဝါမှာ အဆမတန် ပိုမိုကြောက်မက်ဖွယ်ကောင်းနေသည်။ ငရဲနက်ကြီးထဲမှ နတ်ဆိုးနတ်ဘုရားများကိုပင် နှိမ်နင်းခဲ့ပြီး နတ်ဘုရားနန်းတော်တွင် ကိုးကွယ်ခံခဲ့ရသည့် လက်နက်တစ်ခုကဲ့သို့ ခံစားနေရသည်။

ကျန့်ပိုင်ရှန့် ခပ်တိုးတိုး ရေရွတ်မိ၏။

"ဒီလှံရဲ့ စွမ်းအားက အရင်ကထက် အများကြီး ပိုအားကောင်းလာသလိုပဲ..."

ယုတ္တိဗေဒအရဆိုလျှင် ရှန်မိုသည် ထိပ်တန်းနတ်ဆိုးအရှင် သုံးဦးကို မနိုင်နိုင်ဟု သူသိသော်လည်း၊ သူ၏ဗီဇစိတ်ကမူ ထိုလှံသည် အရာအားလုံးကို ထိုးဖောက်ဖျက်ဆီးနိုင်သည်ဟု အော်ဟစ်နေမိသည်။

"သတ်!"

ရှန်မို ဟိန်းဟောက်လိုက်ပြီး သူ၏ညာဘက်လက်မောင်းမှ ကြွက်သားများမှာ နဂါးတစ်ကောင်ကဲ့သို့ ဖောင်းကြွလာသည်။ အလွန်ပြင်းထန်လှသော စွမ်းအားများမှာ နတ်ဘုရားလှံထဲသို့ စီးဝင်သွား၏။

စမ်းချောင်းဝါ နတ်ဘုရားလှံမှာ သူ၏လက်ထဲမှ လွတ်ထွက်သွားပြီး ကမ္ဘာကြီးတစ်ခုလုံးကို ဝါးမျိုတော့မည့် ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းသွားတော့သည်။ လေထုထဲတွင် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး နတ်ဆိုးစွမ်းအင်များပင် လွင့်စင်ကုန်ကြသည်။ ထိုရှေးဟောင်းလှံကြီးမှာ နှေးကွေးသည်ဟု ထင်ရသော်လည်း မယုံနိုင်လောက်အောင်ပင် မြန်ဆန်လှသည်။

အန်းကျန့်လွမ် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ လှံမှာ သူ၏ရင်ဘတ်ကို ထိုးဖောက်သွားတော့သည်။ မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခု ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ငုံ့ကြည့်လိုက်သောအခါ ရင်ဘတ်တွင် ဧရာမအပေါက်ကြီးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူ့နတ်ဆိုးနှလုံးသားနှင့် ကြွက်သားများမှာ လုံးဝကို ချေမှုန်းခံလိုက်ရခြင်း ဖြစ်သည်။ ထို့နောက် အန်းကျန့်လွမ်ကို ဝန်းရံထားသော မြူခိုးများ ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်မှာ အသက်ဝိညာဉ်မရှိတော့ဘဲ မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျသွားတော့သည်။

ထိပ်တန်းနတ်ဆိုးအရှင် တစ်ပါးမှာ တစ်ချက်တည်းနှင့်ပင် နေရာတင် သေဆုံးသွားရလေပြီ။

ရှန်မို လက်ကို ဝှေ့ယမ်းလိုက်ရာ အန်းကျန့်လွမ်၏ နတ်ဆိုးနှလုံးသားမှာ သူ၏လက်ဖဝါးထဲသို့ ရောက်ရှိသွားသည်။ သူသည် ကိုးဘုံငရဲ ရေခဲမီးတောက် ကို ထိပ်တန်းနတ်ဆိုးနှလုံးသား နှစ်ခု ပေးမည်ဟု ကတိပေးထားခဲ့ရာ ယခု ကတိအတိုင်း လုပ်ဆောင်ရတော့မည်ဖြစ်သည်။

တစ်ကွင်းလုံး တိတ်ဆိတ်သွား၏။

ကျန့်ပိုင်ရှန့်၊ ဖုန်းချန်း၊ နင်ထျန်းရင်နှင့် ရှုံ့ယွမ်ရှန်းတို့မှာ မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။

အဆင့်မြင့်လှသော ထိပ်တန်းနတ်ဆိုးအရှင်ကြီးမှာ ကြက်ကလေးတစ်ကောင်လို မျက်စိတစ်မှိတ်အတွင်းမှာတင် အသတ်ခံလိုက်ရသည် မဟုတ်ပါလား။

ရှီတန့်ယွဲ့နှင့် ကျိုးမင်ယီတို့မှာလည်း အံ့သြရာမှ ဝမ်းသာပီတိ ဖြစ်သွားကြသည်။ အထူးသဖြင့် ရှန်မိုနှင့်အတူ ကျင်းနိုင်ငံမှ လာခဲ့သည့် ကျိုးမင်ယီမှာ ရှန်မို မည်မျှ ပါရမီထူးသူဖြစ်ကြောင်း အသိဆုံးပင်။ ငြိမ်နေလျှင် တောင်တစ်လုံးလို တည်ငြိမ်ပြီး လှုပ်ရှားလိုက်လျှင် ကမ္ဘာကြီးကို တုန်လှုပ်စေသူ ဖြစ်ကြောင်း သူသိသော်လည်း ဤမျှအထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အခြားသူများထက် ပို၍ တုန်လှုပ်နေသူမှာ လူအုပ်၏ထောင့်တွင် ရှိနေသော လင်းတန့်ထျန်းပင်။ သူ၏မေးရိုးများ ပြုတ်ကျမတတ် ဟနေသည်။ ရှန်မိုနှင့် သူ၏ကြားတွင် ကွာခြားချက် ရှိမည်ကို သိသော်လည်း ဤမျှအထိ ကွာခြားနေလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပေ။ သူကိုယ်တိုင်မှာ 'နတ်ဘုရားနန်းတော်' အဆင့်သို့ ယခုမှပင် လှမ်းတက်နေရခြင်း ဖြစ်၏။ ရှန်မိုမှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကောင်းကင်ယံတွင် ကျန်ရှိနေသော အန်းကျန့်ဖုန်းနှင့် အန်းကျန့်မန်တို့မှာလည်း ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။ အန်းကျန့်မန်မှာ သူနှင့် အဆင့်တူသော အန်းကျန့်လွမ် သေဆုံးသွားသည်ကို မြင်သောအခါ ထိတ်လန့်သွားတော့သည်။

အန်းကျန့်ဖုန်း မျက်မှောင်ကြုတ်၍

"မင်းရဲ့အစွမ်းက ငါထင်ထားတာထက် အများကြီး ပိုနေတာပဲ… အန်းကျန့်မန်… ငါတို့ အတူတူ တိုက်ခိုက်ပြီး သူ့ကို အမြန်ဆုံး သတ်ရမယ်”

နတ်ဆိုးမျိုးနွယ်စုတွင် ဂုဏ်သိက္ခာဆိုသည်မှာ မရှိပေ။ သူတို့ အတူတကွ ပူးပေါင်း၍ ရှန်မိုကို တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။ ရှန်မို ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏သွေးအဆီအနှစ် လေးစင်းကို အသုံးပြုကာ စမ်းချောင်းဝါ နတ်ဘုရားလှံကို ထပ်မံခေါ်ယူလိုက်၏။ ယခုအကြိမ်တွင် လှံ၏စွမ်းအားမှာ အရင်ကထက် လေးဆခန့် ပိုမိုအားကောင်းလာသည်။

"နတ်ဆိုးအရှင်သခင်ကြီးရဲ့ လက်ဝါး”

"အရိပ်နတ်ဆိုး လက်သည်း”

နတ်ဆိုးနှစ်ဦးမှာ တစ်ပြိုင်နက်တည်း ဟိန်းဟောက်၍ သူတို့၏ နတ်ဆိုးစွမ်းအင်များကို စုစည်းပြီး ဧရာမလက်ဝါးကြီးနှင့် လက်သည်းကြီးများဖြင့် ရှန်မိုဆီသို့ ရိုက်ချလိုက်သည်။ ထိုစွမ်းအားများမှာ ကင်းစခန်းတစ်ခုလုံးကိုပင် မှုန့်မှုန့်ညက်ညက် ချေမှုန်းပစ်နိုင်လောက်သည့် အရှိန်အဝါရှိသည်။ ရှန်မိုမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ထိုတိုက်ကွက်နှစ်ခုကြားတွင် နစ်မြုပ်သွားတော့၏။

အားလုံး၏ရင်ထဲတွင် 'ဘာမှမဖြစ်ပါစေနဲ့' ဟု ဆုတောင်းနေကြသည်။

"ဟင်း... ငါကိုယ်တိုင် တိုက်ခိုက်လိုက်ပြီဆိုမှတော့ သူ ခုခံနိုင်မှာ မဟုတ်ဘူး"

အန်းကျန့်ဖုန်း အေးစက်စွာ ပြုံးလိုက်သည်။ သူသည် နတ်ဆိုးအရှင်သခင်ကြီး အန်းချန်၏ သွေးမျိုးဆက်ဖြစ်သဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေသည်။

ဘုံး!

ပြင်းထန်သော လေပြင်းများ ပေါက်ကွဲထွက်လာပြီး နတ်ဆိုးမြူခိုးများကို လွင့်စင်သွားစေသည်။ ရှန်မိုမှာ ထိုနေရာတွင်ပင် ဘာဒဏ်ရာမှမရဘဲ မတ်မတ်ရပ်နေဆဲပင်။ သူ၏လက်ဖဝါးထဲတွင် နတ်ဆိုးစွမ်းအင်လုံးကြီးတစ်ခု ရုန်းကန်နေသည်။

"ဒါ မင်းတို့ရဲ့ တိုက်ကွက်ပဲ… ပြန်ယူသွားလိုက်"

ရှန်မို ထိုသို့ဆိုကာ ထိုစွမ်းအင်လုံးကြီးကို ပြန်လည်ပစ်လွှတ်လိုက်သည်။ ထိုအခါ စွမ်းအင်လုံးသည် လေထဲတွင် ကြီးထွားလာပြီး နတ်ဆိုးနှစ်ဦးကို ပြန်လည်ရိုက်ခတ်သွားတော့သည်။

နတ်ဆိုးနှစ်ဦး အလန့်တကြား ကာကွယ်လိုက်ရသော်လည်း လွင့်စင်သွားကြသည်။ အားနည်းသော အန်းကျန့်မန်မှာ တောင်နံရံနှင့် ဆောင့်မိပြီး နတ်ဆိုးသွေးများ အန်ထွက်လာသည်။ အန်းကျန့်ဖုန်းမှာမူ မီတာရာချီ လွင့်သွားပြီးနောက် ကိုယ်ကို ပြန်ထိန်းနိုင်သော်လည်း ခန္ဓာကိုယ်တွင် ဒဏ်ရာအမြောက်အမြား ရသွားလေပြီ။

"ဒါ ဘာသိုင်းကွက်လဲ… တကယ် အစွမ်းထက်တာပဲ”

"ရန်သူ့တိုက်ကွက်ကို ပြန်လည် ရောင်ပြန်ဟပ်နိုင်တဲ့အပြင် ကာကွယ်ရေးလည်း အကောင်းဆုံးပဲ… ဒါဟာ 'ကောင်းကင်အဆင့်' သိုင်းကွက် ဖြစ်ရမယ်"

"ဟုတ်တယ်… တပ်မှူးရှန်က 'မြေကမ္ဘာစာရင်း' မှာ အဆင့်တစ် မဟုတ်လား… သူရထားတဲ့ ဂုဏ်ထူးမှတ်တွေနဲ့ဆိုရင် ဒီလိုသိုင်းကွက်မျိုးကို လဲလှယ်နိုင်တာပေါ့"

"ငါ ကြားဖူးသလောက်ဆိုရင် ဒါဟာ ကောင်းကင်အဆင့်' သိုင်းကွက်ဖြစ်တဲ့ 'ပတ်ချာလည် ပြောင်းလဲခြင်း ကျမ်း ဖြစ်ရမယ် ကာကွယ်ရေးရော… တန်ပြန်တိုက်စစ်ပါ အံ့မခန်းပဲ”

နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာ ဝမ်းသာအားရဖြင့် အားတက်သရော ဆွေးနွေးနေကြတော့၏။

Chapter 464: မင်းကို ပို့ရတော့မယ်

"လှံတစ်ချက်နဲ့ မင်းကို ဖမ်းမယ်”

ရှန်မို လှမ်းဖမ်းလိုက်ပြီး စမ်းချောင်းဝါ နတ်ဘုရားလှံ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်ကာ ကောင်းကင်ယံကို ခွဲခြမ်း၍ ပစ်လွှတ်လိုက်သည်။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် စွမ်းအင်လှိုင်းများ တဟုန်ထိုး တက်လာပြီး နတ်ဆိုးအရှိန်အဝါများ လွင့်စင်ကုန်ကြ၏။ နတ်ဆိုးစွမ်းအင်များသည် အသိစိတ် ရှိနေသကဲ့သို့ပင် ထိုလှံ၏ လမ်းကြောင်းမှနေ၍ ထိတ်လန့်တကြား ထွက်ပြေးနေကြသည်။

ဘုံး!

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားလှံသည် အန်းကျန့်ဖုန်း၏ ရှေ့သို့ ရောက်ရှိလာသည်။ ထိုအခါ သူ၏ မျက်လုံးများထဲသို့ စူးရှသော နာကျင်မှုတစ်ခု တိုးဝင်လာသလို ခံစားလိုက်ရ၏။ သူ့ရင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ဘာမှစဉ်းစားမနေတော့ဘဲ အဖိုးတန်ဆုံးသော ကာကွယ်ရေးသိုင်းကွက်ကို ဗီဇအတိုင်း ထုတ်ဖော်လိုက်တော့သည်။

"အနက်ရောင် သေခြင်းတံဆိပ်!"

သူ၏ ခန္ဓာကိုယ် ချွေးပေါက်တိုင်းမှ နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ပုံသဏ္ဌာန်မမှန်သော ဧရာမ တံဆိပ်တုံးကြီးတစ်ခုအဖြစ် စုစည်းသွား၏။ ထိုတံဆိပ်တုံး၏ အောက်ခြေတွင် နတ်ဆိုးဘာသာစကားဖြင့် "အနက်ရောင်" နှင့် "သေခြင်း" ဟူသော စာလုံးနှစ်လုံးကို ကြမ်းတမ်းစွာ ထွင်းထုထားသည်။ ထိုနတ်ဆိုးစာလုံးနှစ်လုံးမှာ ထူးဆန်းပြီး ယုတ်မာသော စွမ်းအားများ ကိန်းအောင်းနေပုံရပါသည်။

ကင်းစခန်းအတွင်းရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် ထိုအရာကို တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံဖြင့် ခေါင်းမူးနောက်သွားကြပြီး မျက်စိထဲတွင် ကြယ်များ မြင်လာကြသည်။

"မကြည့်နဲ့… အဲ့ဒီသိုင်းကွက်က အရမ်းအန္တရာယ်များတယ် … အဲ့ဒါ ဆဋ္ဌမမြောက် နတ်ဆိုးအရှင်သခင်ကြီးရဲ့ နာမည်ကျော် တိုက်ကွက်ပဲ”

"ဒါက အဆင့်မြင့် ကာကွယ်ရေးကို ပေးနိုင်ရုံတင်မကဘူး… တည့်တည့်ကြည့်မိရင် ရောဂါရနိုင်သလို ခန္ဓာကိုယ်ထဲမှာလည်း ဒဏ်ရာရနိုင်တယ်"

ကျန့်ပိုင်ရှန့် ခပိတိုးတိုး အော်ဟစ် သတိပေးလိုက်သည်။

တစ်ချိန်က ကျန်းလုံရှန့်သည် ပဉ္စမမြောက် နတ်ဆိုးအရှင်သခင်ကြီး 'အန်းဖုန်း' နှင့် ဆဋ္ဌမမြောက် နတ်ဆိုးအရှင်သခင်ကြီး 'အန်းချန်' တို့ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့စဉ်က မြို့ရိုးပေါ်မှနေ၍ အန်းချန် ဤတိုက်ကွက်ကို သုံးသည်ကို မြင်ဖူးခဲ့သည်။ ဤနတ်ဆိုးသည် နတ်ဆိုးအရှင်သခင်ကြီး၏ သွေးမျိုးဆက် ဖြစ်သည်နှင့်အညီ အန်းချန်ထံမှ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ကို သင်ယူထားနိုင်ခဲ့ခြင်းပင်။ ကျန့်ပိုင်ရှန့်ကိုယ်တိုင်လည်း 'အနက်ရောင် သေခြင်းတံဆိပ်' ကို တည့်တည့်မကြည့်ဝံ့ဘဲ မျက်လုံးထောင့်မှသာ မသိမသာ ကြည့်နေရသည်။ ရှန်မိုအနေဖြင့် ဤတိုက်ကွက်၏ အန္တရာယ်ကို မသိဘဲ ထိပ်တိုက်ရင်ဆိုင်မိပါက ဒုက္ခရောက်မည်ကို သူ စိုးရိမ်နေမိ၏။

"စိတ်ဝင်စားစရာပဲ"

ရှန်မို 'အနက်ရောင် သေခြင်းတံဆိပ်' ကို စိုက်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန်၊ သူ့အခြေခံကို တိုက်စားရန်နှင့် သူ့ပုံသဏ္ဌာန်ကို ပြောင်းလဲရန် ကြိုးစားနေသော ယုတ်မာသည့် အငွေ့အသက်တစ်ခုကို သူ ခံစားလိုက်ရသည်။ သူ၏ 'နတ်ဘုရားလျှပ်စီးစွမ်းအား' ပင်လျှင် ထိုအရာကို မနည်းခုခံနေရပြီး လုံးဝ သန့်စင်ပစ်နိုင်ခြင်း မရှိပေ။ ဤအေးစက်သော အငွေ့အသက်အတွင်းတွင် ရှန်မို ကြီးမားသော စွမ်းအား၏ အနှစ်သာရတစ်ခုကို သတိပြုမိလိုက်သည်။ ၎င်းမှာ ဆဋ္ဌမမြောက် နတ်ဆိုးအရှင်သခင်ကြီး ထိန်းချုပ်ထားသော "မငြိမ်မသက် ပုပ်သိုးခြင်း" အခွင့်အာဏာနှင့် ဆက်စပ်နေပုံရ၏။ ဤသိုင်းကွက်မှာ ထိုအခွင့်အာဏာနှင့် နတ်ဆိုးသိုင်းပညာတို့ကို ပေါင်းစပ်ထားသော ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးစွမ်းရည် ဖြစ်ပေလိမ့်မည်။ အကယ်၍ ထိုသို့သာဆိုလျှင် သာမန်နတ်ဆိုးဘဝမှ ဆဋ္ဌမမြောက် နတ်ဆိုးအရှင်သခင်ကြီး ဖြစ်လာသည့် ထိုရက်စက်လှသော နတ်ဆိုးကို ရှန်မိုပင်လျှင် အနည်းငယ် ချီးကျူးမိသွားသည်။

ရှန်မို လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် သူ့အတွင်းပိုင်းမှ နွေးထွေးသော အရှိန်အဟုန်တစ်ခု တက်လာသည်ကို ခံစားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင် ထိုအေးစက်သော အငွေ့အသက်များ လုံးဝ ပြာကျသွားတော့သည်။ ခန္ဓာကိုယ်အတွင်းပိုင်းကို ခဏမျှ စစ်ဆေးကြည့်လိုက်သောအခါ ကိုးဘုံငရဲ ရေခဲမီးတောက်မှာ သူ၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး အနက်ရောင် သေခြင်းတံဆိပ်မှ ယုတ်မာသော အငွေ့အသက်များကို လောင်ကျွမ်းပစ်လိုက်ခြင်း ဖြစ်ကြောင်း အံ့သြစွာ တွေ့လိုက်ရသည်။

"ကျေးဇူးပဲ"

ရှန်မို အံ့သြတကြီး ပြောလိုက်သည်။ ကိုးဘုံငရဲ ရေခဲမီးတောက်ထံမှ ယောက်ျားမိန်းမ ခွဲခြားမရသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဟင်း... မင်း ငါ့ကို ပေးထားတဲ့ နတ်ဆိုးနှလုံးသားက အရည်အသွေး ကောင်းပါတယ်… ဒါကတော့ လမ်းကြုံလို့ ကူညီပေးလိုက်တာပဲ… ကျေးဇူးတင်နေဖို့ မလိုဘူး"

ရှန်မို ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

ဘုံး!

စမ်းချောင်းဝါ နတ်ဘုရားလှံသည် 'အနက်ရောင် သေခြင်းတံဆိပ်' နှင့် ထိပ်တိုက် တိုးမိသွား၏။ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းများ ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ တောင်နံရံထဲမှ မနည်းရုန်းထွက်လာသော အန်းကျန့်မန်မှာ ထိုတုန်ခါမှုကြောင့် ထပ်မံ ထိမှန်သွားပြန်သည်။ သူ တောင်နံရံဆီသို့ ပြန်လည် ဆောင့်ကျသွားပြီး နတ်ဆိုးသွေးများ မရပ်မနား အန်နေ၏။ မြေပြင်ပေါ်ရှိ အောက်ခြေနတ်ဆိုးများမှာလည်း လွင့်စင်ကုန်ကြပြီး ကိုယ်လက်အင်္ဂါများ ပြတ်တောက်ကာ နတ်ဆိုးသွေးများ နေရာအနှံ့ စင်ကုန်သည်။

ထို့နောက်တွင် မိုးခြိမ်းသံကဲ့သို့ ကမ္ဘာကြီးကို တုန်လှုပ်စေသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး 'အနက်ရောင် သေခြင်းတံဆိပ်' မှာ အပိုင်းပိုင်းအစစ ကြေမွသွားတော့၏။ စမ်းချောင်းဝါ နတ်ဘုရားလှံမှာမူ အရှိန်အနည်းငယ်မျှပင် လျော့မသွားဘဲ တားဆီး၍မရသော အစွမ်းဖြင့် အန်းကျန့်ဖုန်းဆီသို့ ဆက်လက် တိုးဝင်သွားသည်။

အန်းကျန့်ဖုန်း အလွန် မျက်မှောင်ကြုတ်သွား၏။ သူသည် အံကို တင်းတင်းကြိတ်ကာ ခန္ဓာကိုယ်ထဲရှိ ရှားပါးလှသော နတ်ဆိုးအရှင်သခင်ကြီး၏ သွေးမျိုးဆက်ကို လောင်ကျွမ်းပစ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

"အန်းကျန့်မန်... ဆောရီးပဲ… ငါ မင်းကို သုံးရတော့မယ်”

သူ နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်မှာ ထူထပ်သော မီးခိုးများဖြင့် ဖုံးလွှမ်းသွားသည်။ နောက်တစ်စက္ကန့်တွင် သူရှိနေသည့် နေရာ၌ ပေါ်လာသော ပုံရိပ်မှာ အန်းကျန့်မန် ဖြစ်နေသည်ကို အံ့သြဖွယ် တွေ့လိုက်ရ၏။

"အားးး!"

နာကျင်လှသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ရှန်မို လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေပြင်းတစ်ခုမှ ထိုမီးခိုးနှင့် ဖုန်မှုန့်များကို လွင့်စင်သွားစေသည်။ ထိုအခါမှသာ နတ်ဘုရားလှံဖြင့် အထိုးခံထားရသူမှာ အန်းကျန့်ဖုန်း မဟုတ်ဘဲ အန်းကျန့်မန် ဖြစ်နေသည်ကို သူ မြင်လိုက်ရသည်။

ရှန်မို တိုက်ပွဲ၏ အစွန်အဖျားသို့ လှမ်းကြည့်လိုက်သည်။ အန်းကျန့်ဖုန်းမှာ အဝေးတစ်နေရာတွင် ပြန်လည် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ သူ ရှန်မိုကို စူးစိုက်ကြည့်ကာ နတ်ဆိုးသွေး အချို့ကို ထွေးထုတ်လိုက်ပြီးနောက် သူ၏ ကိုယ်ဖော့ပညာကို အသုံးပြုကာ အရှိန်အဟုန်ဖြင့် ထွက်ပြေးလေတော့သည်။

"အဲ့ဒီ တိုက်ကွက်က... ကိုယ်စားလဲတဲ့ နည်းစနစ်ပဲ… သူက အခြားနတ်ဆိုးတစ်ကောင်နဲ့ သူ့နေရာကို အတင်းအကျပ် လဲလှယ်လိုက်တာပဲ"

"နတ်ဆိုးအရှင်သခင်ကြီးရဲ့ သွေးမျိုးဆက် ဖြစ်ရကျိုးနပ်ပါတယ်… သူ့မှာ တကယ့်ကို လှည့်ကွက်တွေ ရှိနေတာပဲ"

ရှန်မို မျက်လုံးပြူးလျက် အသက်မဲ့နေသော အန်းကျန့်မန်၏ အလောင်းကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ သူ တွန့်ဆုတ်မနေဘဲ 'ကောင်းကင်နင်း တစ္ဆေခြေလှမ်း' ကို ချက်ချင်း ထုတ်ဖော်ကာ အန်းကျန့်ဖုန်း၏ နောက်သို့ လိုက်လံ ဖမ်းဆီးတော့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူသားနှင့် နတ်ဆိုးတို့ တိုက်ပွဲမြေပြင်မှ ပျောက်ကွယ်သွားကြသည်။ သူတို့၏ အရှိန်မှာ ကျန့်ပိုင်ရှန့်နှင့် အခြားသူများ တုံ့ပြန်နိုင်သည်ထက် အများကြီး ပိုမြန်နေ၏။

"မလိုက်နဲ့ဦး… ချောင်ပိတ်မိနေတဲ့ ရန်သူကို အတင်းအကြပ် မလိုက်ပါနဲ့”

ဖုန်းချန်း အလန့်တကြား အော်ပြောသော်လည်း သူ စကားမဆုံးခင်မှာပင် ရှန်မို ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"အခု ငါတို့ ဘာလုပ်ကြမလဲ… အကယ်၍ တပ်မှူးရှန် တစ်ခုခု ဖြစ်သွားရင် အသက်ပေါင်း တစ်ရာ ပေးရင်တောင် ပြန်လျော်လို့ ရမှာ မဟုတ်ဘူး”

နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ တစ်ဦးကိုတစ်ဦး ကြည့်ကာ တုန်လှုပ်နေကြသည်။

ကျန့်ပိုင်ရှန့် ခဏမျှ စဉ်းစားပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ထိပ်တန်းနတ်ဆိုးအရှင် နှစ်ပါး သေသွားပြီဆိုတော့ နတ်ဆိုးစစ်တပ်က ပြိုကွဲတော့မယ်"

"နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားအားလုံး အစွမ်းကုန် တိုက်စစ်ဆင်ပြီး သူတို့ကို အမြစ်ပြတ် သုတ်သင်ကြ”

"နင်ထျန်းရင်၊ ရှုံ့ယွမ်ရှန်း မင်းတို့ ငါနဲ့ လိုက်ခဲ့… ငါတို့ ရှန်မိုရဲ့ နောက်ကို လိုက်ပြီး ရှာကြမယ်”

"ဟုတ်ကဲ့ပါ!"

သူတို့နှစ်ဦးလုံး တစ်ပြိုင်နက် ပြန်ထူးလိုက်သည်။

အန်းကျန့်လွမ်နှင့် အန်းကျန့်မန်တို့ သေဆုံးသွားသောကြောင့် ကျန်ရှိနေသော အောက်ခြေနတ်ဆိုးများမှာ ဦးဆောင်သူမဲ့ ဖြစ်သွားကြသည်။ သာမန် စစ်မှန်သော နတ်ဆိုးအရှင် အနည်းငယ်မှ ထိန်းသိမ်းရန် ကြိုးစားနေသော်လည်း စစ်တပ်တစ်ခုလုံးမှာမူ ဖရိုဖရဲ ဖြစ်နေလေပြီ။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ သူတို့ကို ချေမှုန်းရန် အချိန်တစ်ခုသာ လိုတော့သည်။ ယခု အရေးကြီးဆုံးမှာ ရှန်မိုကို ရှာဖွေပြီး သူ၏ ဘေးကင်းမှုကို အာမခံရန်ပင်။ ပြတ်ပြတ်သားသား ပြောရလျှင် အသက်ပေါင်းများစွာ ပေးဆပ် တည်ဆောက်ထားရသည့် 'ရွှေ့ဝူ-၄၁' ကင်းစခန်းထက်ပင် ရှန်မို၏ အသက်က ပို၍ အရေးကြီးနေသည်။ ၎င်းမှာ သူတို့ မထွက်ခွာမီက ကျန်းလုံရှန့် ကိုယ်တိုင် ကျန့်ပိုင်ရှန့်ကို မှာကြားထားခဲ့သည့် စကားပင် ဖြစ်သည်။ ထိုစကားကို သူ အခိုင်အမာ မှတ်သားထား၏။

ရှုံ့ယွမ်ရှန်း စိုးရိမ်တကြီး ခပ်တိုးတိုး ပြောလိုက်သည်။

"စတုတ္ထအလွှာ တစ်ခုလုံးက နတ်ဆိုးတွေရဲ့ နယ်မြေပဲ… အကယ်၍ အဲ့ဒီ နတ်ဆိုးအရှင်သခင်ကြီးရဲ့ သားတော်က ထွက်ပြေးချင်ယောင်ဆောင်ပြီး ထောင်ချောက်ဆင်ထားတာဆိုရင်..."

ကျန့်ပိုင်ရှန့်နှင့် နင်ထျန်းရင်တို့ တိတ်ဆိတ်နေကြသည်။ ရှန်မို ယခုလေးတင် ပြသခဲ့သည့် တိုက်ခိုက်ရေးစွမ်းရည်မှာ အံ့မခန်းလှ၏။ တည့်တည့် တိုက်ခိုက်မည်ဆိုပါက ထိုနတ်ဆိုးအရှင်သခင်ကြီး၏ သားတော်ပင်လျှင် သူ့ကို အနိုင်ရလိမ့်မည် မဟုတ်ဟု ယုံကြည်သည်။ သူတို့ တကယ် ကြောက်သည်မှာ ချုံခိုတိုက်ခိုက်ခံရမည်ကိုပင်။

'ခြုံကြားက ပုရွက်ဆိတ်က ဆင်ကို သတ်နိုင်သည်' မဟုတ်ပါလား။

ရှန်မို မည်မျှပင် အစွမ်းထက်ပါစေ၊ သူ၏ အစွမ်းမှာလည်း အကန့်အသတ် ရှိပေလိမ့်မည်။

"သူ ဘာမှ မဖြစ်ပါစေနဲ့လို့ပဲ... ဆုတောင်းရမှာပဲ"

ကျန့်ပိုင်ရှန့် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

...

အခြားတစ်နေရာတွင်။

အန်းကျန့်ဖုန်းတစ်ယောက် အစွမ်းကုန် ထွက်ပြေးနေသည်။ ရှန်မိုလည်း အနောက်မှနေ၍ ခပ်လှမ်းလှမ်းမှ တရစပ် လိုက်ပါလာသည်။

တစ်ဦးက ပြေး၊ တစ်ဦးက လိုက်၊ တစ်ဦးက ရှေ့၊ တစ်ဦးက နောက်။

သူတို့ကြားက အကွာအဝေးမှာ ကျယ်မသွားဘဲ တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။

အန်းကျန့်ဖုန်း အံကြိတ်မိ၏။ သု့လို မြင့်မြတ်သော နတ်ဆိုးအရှင်သခင်ကြီး၏ သွေးမျိုးဆက်တစ်ဦးမှာ လက်နက်တိုက်ဌာနမှ သာမန် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားတစ်ဦး၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသည်မှာ တကယ့်ကို အရှက်ရစရာပင်။

'ဒီနတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားက ဘယ်သူလဲ’

'သူက လက်နက်တွေ ထုလုပ်တဲ့နေရာမှာပဲ ကျွမ်းကျင်ရမှာ မဟုတ်လား… ဘာလို့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဒီလောက်အထိ ကြောက်စရာကောင်းနေရတာလဲ’

'အဲ့ဒီ ကြောက်စရာကောင်းတဲ့ လှံကလည်း... နတ်ဆိုးမျိုးနွယ်စုကို နှိမ်နင်းဖို့ သက်သက် ဖန်တီးထားတဲ့အတိုင်းပဲ!'

အန်းကျန့်ဖုန်းသည် သူ၏ ခန္ဓာကိုယ်မှ နာကျင်မှုများကို အောင့်အည်းခံရင်း ဆက်လက် ထွက်ပြေးနေသည်။ အနီးအနားတွင် နတ်ဆိုးများ အခြေချသည့် နေရာတစ်ခု ရှိ၏။ ထိုနေရာတွင် သူ အင်အားအကူအညီများ စီစဉ်ထားခဲ့၍ ထိပ်တန်းနတ်ဆိုးအရှင် တစ်ပါးနှင့် ရွှေရောင်အထွတ်အထိပ် နတ်ဆိုးအရှင် နှစ်ပါး ရှိသည်။ အကယ်၍ သူသာ ထိုနေရာကို ရောက်သွားပါက အသက်ရှင်လိမ့်မည်။ ထို့အပြင် ရှန်မိုလည်း သူ၏ ထောင်ချောက်ထဲကို ကျရောက်သွားလိမ့်မည်။ အရာအားလုံးကို ကုစားရန် အခွင့်အရေး ရှိပါသေးသည်။ သူ၏ဖခင် နတ်ဆိုး ပေးအပ်ထားသည့် တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်သလို 'သတ်ဖြတ်ရမည့်စာရင်း' အဆင့် (၂၀) ကို သတ်ဖြတ်နိုင်သည့် ဆုလာဘ်ကိုလည်း ရယူနိုင်ပါလိမ့်မည်။

"မင်းရဲ့ အရှိန်က... အရမ်း နှေးလွန်းတယ်"

"အခု ဒီမှာ ဘယ်သူမှ မရှိတော့ဘူး… မင်းကို တမလွန်သွားခိုင်းဖို့ အချိန်တန်ပြီ"

ထိုအေးစက်သော အသံ သူ၏ အနောက်ဘက်မှ ထွက်ပေါ်လာရာ သူ့ဝိညာဉ်ကိုပင် တုန်လှုပ်စေသည်။ ထို့နောက်တွင် ရှေးဟောင်းဆန်ပြီး အတိုင်းအဆမဲ့သော ဓားသံကြီးတစ်ခု သတ်ဖြတ်ရန်အတွက် လေထုကို ခွဲခြမ်း၍ ထွက်ပေါ်လာတော့သည်။

Chapter 465: လင်းတုန်းထျန်း၏ အခွင့်အရေးများ

အန်းကျန့်ဖုန်း သူ့ဗီဇစိတ်အရ ခေါင်းကိုလှည့်၍ ကြည့်လိုက်မိသည်။ ချက်ချင်းဆိုသလိုပင် သူ၏ ဦးရေပြားတစ်ခုလုံးမှာ ကြောက်စိတ်ကြောင့် ထုံကျင်သွားတော့သည်။ သူ အလွန်အမင်း ထိတ်လန့်သွားသဖြင့် ထိုနေရာတွင်ပင် သည်းခြေရည်များ အန်ထုတ်မိတော့မတတ် ဖြစ်သွားရသည်။ သူ မြင်လိုက်ရသည်မှာ ရှေးဟောင်းဆန်ပြီး ခန့်ညားလှသော ပျံလွှားဓားနှစ်စင်းမှာ လျှပ်စီးလက်သကဲ့သို့ တိုးဝင်လာခြင်းပင် ဖြစ်သည်။ ထိုဓားများမှာ ပုဆိန်များ၊ ဆောက်များဖြင့် ထုဆစ်ထားသည့်အလား ထက်မြက်လှပြီး တည်ကြည်ပြတ်သားသော အရှိန်အဝါရှိ၏။ ကောင်းကင်ဘုံမှ သွန်းလုပ်ထားပြီး အပြစ်ရှိသော မျိုးနွယ်စုများကို အပြစ်ပေးရန် ရည်ရွယ်ထားသည့် နတ်ဘုရားလက်နက်များနှင့်ပင် တူနေတော့သည်။

ထိုဓားများကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် အန်းကျန့်ဖုန်း သိလိုက်၏။ ၎င်းမှာ သူခုခံနိုင်မည့် တိုက်ကွက်မျိုး မဟုတ်ပါ။

ပြေးမှဖြစ်မည်။ သူ ထွက်ပြေးရမည်။ နတ်ဆိုးမျိုးနွယ်စု အခြေချရာနေရာသို့ ရောက်ရှိသွားသရွေ့ သူ အသက်ရှင်နိုင်ပေလိမ့်မည်။ ထိုနေရာမှ နတ်ဆိုးများသည် ရှန်မိုကို ခဏတာမျှသာ ဆွဲထားနိုင်လျှင်ပင် သူလွတ်မြောက်ရန် လုံလောက်ပေ၏။ ယခုအခါတွင်မူ သူ အရာအားလုံးကို နောင်တရနေမိပြီ။

အန်းချန်ပေးအပ်သော ဤတာဝန်ကို ဘာကြောင့် လက်ခံခဲ့မိပါသနည်း။ ရှန်မို၏ အစွမ်းမှာ သူခန့်မှန်းထားသည်ထက် အဆမတန် သာလွန်နေ၏။ ဤလူသား နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားသည် စစ်လက်နက်ပစ္စည်းများ ထုလုပ်ရာတွင် ထူးချွန်ရုံတင်မကဘဲ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း မိစ္ဆာတစ်ကောင်ကဲ့သို့ ကြောက်စရာကောင်းလှသည်။ ရှန်မိုအတွက်မူ ထိပ်တန်းအဆင့် စစ်မှန်သော နတ်ဆိုးအရှင် တစ်ပါးပင်လျှင် သူ့စိတ်ကြိုက် ချေမွနိုင်သည့် တို့ဟူးနုလေးတစ်တုံးကဲ့သို့သာ ရှိသည်။ နတ်ဆိုးအရှင်သခင်ကြီး၏ သွေးမျိုးဆက်ဟု ဆိုသော သူကိုယ်တိုင်မှာရော။ အလွန်ဆုံး ပြောရလျှင် တို့ဟူးခြောက် တစ်တုံးပင်။ အပြင်ဘက် အနည်းငယ် မာချင်မာနေမည် ဖြစ်သော်လည်း အနှစ်သာရအားဖြင့်တော့ ဘာမှ မထူးခြားလှပါ။

"ပြေးမလို့လား… မင်း ဘယ်ကို ပြေးနိုင်မယ်လို့ ထင်နေတာလဲ"

ရှန်မို၏ အေးစက်စက် အသံမှာ အနောက်မှ ထွက်ပေါ်လာသည်။ 'ဟင်းလင်းပြင် ရှေးဟောင်းဓား' နှစ်စင်းမှာ မျက်စိတစ်မှိတ်အတွင်း ပေပေါင်း တစ်သောင်းကျော် အကွာအဝေးကို ဖြတ်ကျော်ကာ အန်းကျန့်ဖုန်း၏ နှလုံးသားတည့်တည့် အနောက်ဘက်သို့ ရောက်ရှိလာ၏။

ဖောက်!

ဓားသွားဖြင့် တို့ဟူးကို လှီးဖြတ်လိုက်သံ သို့မဟုတ် စူးရှသော ဆူးတစ်ခုက ပူဖောင်းကို ထိုးဖောက်လိုက်သံနှင့် တူလှသည်။ နတ်ဆိုးအရှင်သခင်ကြီး၏ သွေးမျိုးဆက်ဖြစ်သူ၏ ဂုဏ်ယူဝင့်ကြွားလှသော၊ မည်သည့်အရာကမျှ ဖျက်ဆီး၍မရသော ခန္ဓာကိုယ်မှာ 'ဟင်းလင်းပြင် ရှေးဟောင်းဓား' ရှေ့တွင်မူ ရွှံ့နွံကဲ့သို့ ပျော့ဖတ်နေပြီး လုံးဝ အသုံးမဝင်တော့ပေ။ ခဏချင်းမှာပင် အန်းကျန့်ဖုန်း၏ နတ်ဆိုးနှလုံးသားမှာ လှီးထုတ်ခံလိုက်ရ၏။ နတ်ဆိုးစွမ်းအင်များ ဆုံးရှုံးသွားသော သူ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ အရောင်မှိန်သွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။ သေဆုံးသွားချိန်အထိ အန်းကျန့်ဖုန်း နားမလည်နိုင်ခဲ့သည်မှာ ထိုဓားနှစ်စင်း သူ၏နောက်ကျောသို့ မည်မျှအထိ မြန်မြန် ရောက်လာခဲ့သနည်း ဆိုသည်ပင်။ ပြီးတော့ တို့ဟူးကို လှီးသကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို ဘာကြောင့် အားစိုက်စရာမလိုဘဲ လွယ်လွယ်ကူကူ ဖြတ်တောက်သွားနိုင်ရသနည်း။

သူသည်... အတုအယောင် သွေးမျိုးဆက်တစ်ဦး ဖြစ်နေလို့လား။

ဝှစ်…

အန်းကျန့်ဖုန်း၏ နတ်ဆိုးနှလုံးသားကို ထုတ်ယူပြီးနောက် 'ဟင်းလင်းပြင် ရှေးဟောင်းဓား' နှစ်စင်းမှာ လေထဲတွင် လွင့်စင်သွားသော ဖုန်မှုန့်များကဲ့သို့ ပျောက်ကွယ်သွား၏။ 'ဟင်းလင်းပြင် ရှေးဟောင်းဓား' များသည် အမှန်တကယ်ပင် အစွမ်းထက်လှသော်လည်း တစ်ကြိမ် တိုက်ခိုက်ပြီးလျှင် ပျောက်ကွယ်သွားတတ်သည်။ သို့သော် ရှန်မို၏ လက်ရှိ ဝိညာဉ်စွမ်းအားဖြင့်ဆိုပါက ထိုဓားနှစ်စင်းကို တစ်ရက်အတွင်း ပြန်လည် ဖန်တီးနိုင်၍ သူ၏ ဘေးနားတွင် 'ဟင်းလင်းပြင် ရှေးဟောင်းဓား' သုံးစင်းကို အမြဲတမ်း အသင့်ထားရှိနိုင်ပေသည်။

ရှန်မို လက်ကို ခပ်ပေါ့ပေါ့ပင် ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးနှလုံးသား၌ စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဝန်းရံသွားသည်။ ကိုးဘုံငရဲ ရေခဲမီးတောက်မှာ သူ၏ လက်ဖဝါးမှ ထွက်ပေါ်လာပြီး ထိုနှလုံးသားကို ချက်ချင်းပင် ဆွဲယူ ဝါးမျိုလိုက်တော့သည်။ မကြာမီမှာပင် ရှန်မို သူ၏ နတ်ဘုရားနန်းတော်ထံမှ သန့်စင်သော စွမ်းအင်များ ထွက်ပေါ်လာပြီး ကိုယ်လက်အင်္ဂါ အနှံ့အပြားသို့ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ ကိုးဘုံငရဲရေခဲမီးတောက်မှ နတ်ဆိုးနှလုံးသားကို သန့်စင်ပေးလိုက်ခြင်းပင်။

ထိုစဉ် သူ၏ အနောက်ဘက် လေထုကို ခွဲခြမ်း၍ လာနေသော အရေးပေါ် အသံများကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ ကျန့်ပိုင်ရှန့်နှင့် အခြားနှစ်ဦး အပြေးအလွှား ရောက်ရှိလာကြသည်ကို မြင်လိုက်ရ၏။ ရှုံ့ယွမ်ရှန်းမှ စိုးရိမ်တကြီး အော်ပြောလိုက်သည်။

"တပ်မှူးရှန်… အဆင်ပြေရဲ့လား… ရန်သူက…"

သို့သော် သူ၏ စကားမှာ ဝက်ဝက်ကွဲ တုန်လှုပ်မှုကြောင့် လည်ချောင်းဝတွင်ပင် ရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားရတော့၏။ နင်ထျန်းရင်လည်း စကားပြောရန် ပြင်လိုက်ပြီးမှ ရင်ဘတ်တွင် အပေါက်ကြီးဖြစ်နေသော အလောင်းကို မြင်လိုက်ရသောအခါ စွံ့အသွားရသည်။ ကျန့်ပိုင်ရှန့်၏ မျက်နှာတွင် စိုးရိမ်မှုများ လွှမ်းမိုးနေသော်လည်း အန်းကျန့်ဖုန်း၏ အလောင်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ ခေတ္တမျှ ကြောင်သွားပြီးနောက် အားရပါးရ အော်ဟစ် ရယ်မောလိုက်တော့သည်။

"မင်း သူ့ကို သတ်လိုက်တာလား"

"ကောင်းတယ်… တကယ်ကို တော်တယ်"

"ရှန်မို… မင်းမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်းတွေကို ဝှက်ထားလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး… နတ်ဆိုးအရှင်သခင်ကြီးရဲ့ သွေးမျိုးဆက်ကိုတောင် မင်း သတ်နိုင်ခဲ့တာပဲ”

ကျန့်ပိုင်ရှန့်မှာ အလွန်အမင်း ဝမ်းသာသွား၏။ သူ ဤထူးချွန်သော လူငယ်လေးအပေါ်တွင် မနာလိုဝန်တိုမှုမျိုး လုံးဝမရှိပါ။ ဆန့်ကျင်ဘက်အားဖြင့် သူ အမှန်တကယ်ပင် ဝမ်းမြောက်ဂုဏ်ယူမိသည်။ ၎င်းမှာ ရွှေ့ဝူခံတပ်တွင် နောက်ဆုံး၌ ဆက်ခံသူတစ်ဦး ရရှိသွားပြီဟု အဓိပ္ပာယ်ရသောကြောင့်ပင်။

တိုက်ပွဲကြီးတွင် ကျန်းလုံရှန့် မိမိကိုယ်ကိုယ် အစာအဖြစ် အသုံးချခဲ့သဖြင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာဟောင်းများမှာ လုံးဝ ပြန်မကောင်းတော့ဘဲ သူ၏ အစွမ်းမှာလည်း အရင်ကကဲ့သို့ အထွတ်အထိပ်သို့ ပြန်မရောက်နိုင်တော့ပေ။ ရှန်မို၏ အစွမ်းသာ အံ့မခန်း ဖြစ်လာမည်ဆိုလျှင်၊ ထိုတိုက်ပွဲတွင် ရရှိခဲ့သော ဂုဏ်သတင်းနှင့် ပေါင်းစပ်လိုက်လျှင် နောင်တစ်ချိန်တွင် သူသည် ရွှေ့ဝူ ခံတပ်ကို အုပ်ချုပ်မည့်သူ ဖြစ်လာပါက မည်သူမျှ ကန့်ကွက်ဝံ့မည် မဟုတ်ဟု ကျန်းလုံရှန့် ယုံကြည်ပါသည်။

ရှန်မိုသည် စစ်လက်နက်ပစ္စည်းများ လေ့လာခြင်းတွင်သာ အာရုံစိုက်နေသဖြင့် ကျင့်ကြံခြင်းကို လျစ်လျူရှုမိမည်ကို ကျန်းလုံရှန့် နှမြောတသ ဖြစ်ခဲ့ဖူး၏။ အခြားသော အဆင့်တူ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများနှင့် ယှဉ်လျှင် သူ၏ တိုးတက်မှုမှာ နှေးကွေးနေလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ယခုအခါတွင်မူ နှမြောစရာ ဘာမှမရှိတော့ပါ။

ရှန်မို၏ လက်ရှိ ကျင့်ကြံမှုမှာ 'ကောင်းကင်အထွတ်အထိပ်' အဆင့်သို့ မရောက်သေးသော်လည်း သူသည် ထိပ်တန်းစစ်မှန်သော နတ်ဆိုးအရှင်ကို လွယ်လွယ်ကူကူ သတ်နိုင်ရုံတင်မက နတ်ဆိုးအရှင်သခင်ကြီး၏ သွေးမျိုးဆက်ကိုပါ လိုက်လံ သတ်ဖြတ်နိုင်ခဲ့သည်။ ဤသည်မှာ မည်မျှအထိ အစွမ်းထက်သော အဆင့်ဖြစ်သည်ကို ကျန့်ပိုင်ရှန့်ပင် မသိတော့ပေ။ သို့သော် သူ အတည်ပြုနိုင်သည်မှာ ရှန်မို၏ အစွမ်းမှာ သူ့ထက်သာလွန်နေပြီ၊ တပ်မှူးအားလုံးထက်ပင် သာလွန်နေပြီ ဖြစ်၏။ ဤအစွမ်းဖြင့်ဆိုလျှင် သူ ခံတပ်၏ နောက်ထပ် အရှင်သခင်အဖြစ် လုံးဝ သတ်မှတ်ခံရနိုင်ပေသည်။ ထိုရာထူးကို မက်မောနေကြသော တပ်မှူးများပင်လျှင် စကားတစ်ခွန်းမှ ကန့်ကွက်ဝံ့ကြမည် မဟုတ်ပါ။

ရှန်မို ပြုံးပြီး

"ကျွန်တော် ကံကောင်းသွားလို့ပါ… အဲ့ဒါကြောင့် သူ့ကို သတ်နိုင်ခဲ့တာ"

"ကဲ... ပြန်ကြရအောင်… နတ်ဆိုးတွေရဲ့ လှုပ်ရှားမှုအစစ်အမှန်ကို ငါတို့ မသိသေးဘူး… ကင်းစခန်းကို ပြန်ပြီး အင်အားစုစည်းတာ ပိုကောင်းပါလိမ့်မယ်"

ကျန့်ပိုင်ရှန့် စိတ်သက်သာရာရစွာ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ… ကောင်းပြီ… ဒါဆို ပြန်ကြစို့"

သူတို့ လေးဦးသား 'ရွှေ့ဝူ-၄၁' ကင်းစခန်းသို့ ပြန်လာခဲ့ကြသည်။ ကင်းစခန်း၏ အပြင်ဘက်တွင် အောက်ခြေနတ်ဆိုးများ၏ အလောင်းများမှာ မြေပြင်အနှံ့ ပျံ့ကြဲနေသည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည် ထိုအလောင်းများကို ပုန်းကွယ်နေသော နတ်ဆိုးများမှ 'အလောင်းနတ်ဆိုး' များအဖြစ် ပြန်လည် အသုံးမပြုနိုင်စေရန် မီးရှို့ဖျက်ဆီးနေကြ၏။

ရှန်မိုနှင့် အခြားသူများ ပြန်လာသည်ကို မြင်သောအခါ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများအားလုံးမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။

"သူတို့ ပြန်လာပြီ… တပ်မှူးရှန် ဘေးကင်းကင်းနဲ့ ပြန်လာပြီ”

"ကောင်းတယ်… ကောင်းတယ်.. သူတို့ ဘာမှမဖြစ်တာ ဘုရားမလို့ပဲ”

"ဒီတစ်ခါတော့ တပ်မှူးရှန်ကြောင့်သာပေါ့… သူသာ မရှိရင် ဒီကင်းစခန်းကတော့ ကျဆုံးသွားမှာ သေချာတယ်”

ချီးကျူးသံများမှာ ကင်းစခန်းအတွင်း ပဲ့တင်ထပ်သွားတော့သည်။ ရှန်မိုကို ကြည့်သည့် အကြည့်တိုင်းတွင် အားကျမှုနှင့် နက်ရှိုင်းသော လေးစားမှုများ ပါဝင်နေသည်။

ရှန်မို ပြုံးလိုက်သည်။

ဤနေရာတွင် တာဝန်ကျနေသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများမှာ အမှန်ပင် လေးစားထိုက်သော သူရဲကောင်းများ ဖြစ်ကြသည်။ ထိုထိပ်တန်းနတ်ဆိုးအရှင် သုံးဦးကို သတ်ရခြင်းမှာ သူ့အတွက် သာမန်အလုပ်တစ်ခုသာ ဖြစ်၏။ အကယ်၍ သူ ဤအစောင့်တပ်သားများ၏ အသက်ကိုပါ ကယ်တင်နိုင်ခဲ့လျှင် ပို၍ပင် ကောင်းပေလိမ့်မည်။

"လင်းတန့်ထျန်း"

"ကံကောင်းလိုက်ပုံများ… ဒီလို နေရာမျိုးမှာတောင် သူ အခွင့်အရေးတွေနဲ့ တွေ့နေတုန်းပဲ"

ရှန်မိုသည် မျက်လုံးထောင့်မှနေ၍ ထောင့်တစ်နေရာတွင် ရှိနေသော လင်းတန့်ထျန်းကို မြင်လိုက်ရသောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။

[မကြာမီ ရရှိမည့် အခွင့်အရေး ၁: တစ်ရက်အကြာတွင် 'ရွှေ့ဝူ-၄၁' ကင်းစခန်း၏ အရှေ့တောင်ဘက်ရှိ ကျန်ရှိနေသော နတ်ဆိုးများကို ရှင်းလင်းနေစဉ် ကျောက်တုံးအက်ကြောင်းတစ်ခုအတွင်း၌ 'ကောင်းကင်ပြာ လျှပ်စီးကြာပန်း' သုံးပွင့်ကို မတော်တဆ တွေ့ရှိလိမ့်မည်။]

[မကြာမီ ရရှိမည့် အခွင့်အရေး ၂: သုံးရက်အကြာတွင် ကင်းစခန်း၏ အနောက်မြောက်ဘက်ရှိ နတ်ဆိုးအခြေချရာနေရာကို ရှင်းလင်းရန် အခြားသူများကို ကူညီပေးနေစဉ် မြေအောက်မှ ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိမ့်မည်။ အခြားသူများ ထွက်သွားပြီးနောက် သူတစ်ယောက်တည်း ပြန်လာကာ 'ရှေးဦးမြေကမ္ဘာ မီးအဆီအနှစ်' အနည်းငယ် ပါရှိသော မြေအောက် ရေကန်တစ်ခုကို တွေ့ရှိလိမ့်မည်။]

[မကြာမီ ရရှိမည့် အခွင့်အရေး ၃: ငါးရက်အကြာတွင် ကင်းလှည့်နေစဉ် ‘ကျားဖြူ-၄၁' ကင်းစခန်းမှ နတ်ဆိုးများ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသော အပြင်းအထန် ဒဏ်ရာရထားသည့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သား အချို့ကို တွေ့ရှိလိမ့်မည်။ သူတို့ကို ကယ်တင်ပြီးနောက် အသက်အန္တရာယ် စိုးရိမ်နေရသော ‘ကျားဖြူ-၄၁' ၏ ဒု-တပ်မှူးက လင်းတန့်ထျန်းကို 'မဟာလောက ပျက်စီးခြင်း မီးလျှံသိုင်း' အပိုင်းအစတစ်ခု ပါရှိသော မိသားစု အမွေအနှစ် စိတ်ဝိညာဉ်ပုတီးစေ့တစ်ခုအား အပ်နှံခဲ့လိမ့်မည်။]

[မကြာမီ ရရှိမည့် အခွင့်အရေး ၄: ...]

လင်းတန့်ထျန်းမှာ ရှန်မို၏ အကြည့်အောက်တွင် စိတ်မသက်မသာ ဖြစ်သွားရပြီး ချက်ချင်းပင် မသိနားမလည်သော၊ အပြစ်ကင်းသော မျက်နှာထားမျိုး ဖမ်းလိုက်သည်။ စောစောက တိုက်ပွဲအတွင်း သူ တစ်လှမ်းချင်းစီ တိတ်တဆိတ် နောက်ဆုတ်သွားခဲ့သည်ကို အချို့သော နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများ သတိထားမိခဲ့ကြသည်။ ထို့ကြောင့် သူသည် လူအများ၏ မထီမဲ့မြင်ပြုခြင်းကို ခံနေရပြီး ကင်းစခန်းအတွင်းတွင်လည်း မျက်နှာပျက်နေရ၏။ ဤအခြေအနေတွင် သူ ရှန်မိုကို မည်သို့ ရန်စဝံ့ပါမည်နည်း။ သဘာဝကျကျပင် သူလုပ်နိုင်သည်မှာ ခေါင်းငုံ့ပြီး ရိုးရိုးသားသား နေပြရန်သာ ရှိတော့သည်။

ဤရုတ်တရက် ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ အန်းကျန့်ဖုန်းနှင့် ထိပ်တန်းနတ်ဆိုးအရှင် သုံးဦး သေဆုံးခြင်း၊ နတ်ဆိုးစစ်တပ် သိန်းနှင့်ချီ၍ သုတ်သင်ခံရခြင်းတို့ဖြင့် ပြီးဆုံးသွားခဲ့သည်။

'ရွှေ့ဝူ-၄၁' ကင်းစခန်းမှ နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်သားများသည်လည်း နောက်ဆုံးတွင် ပြန်လည် နလန်ထလာနိုင်ပြီး ပြန်လည် တည်ဆောက်ရေးများကို စတင်နိုင်ခဲ့ကြသည်။ ရှန်မိုကမူ ဤအချိန်ကို အခွင့်ကောင်းယူကာ ပတ်ဝန်းကျင်ရှိ နတ်ဆိုးများကို ရှင်းလင်းရန်ဟူသော အကြောင်းပြချက်ဖြင့် လင်းတန့်ထျန်း ရရှိတော့မည့် အခွင့်အရေးများကို လိုက်လံ ရှာဖွေရန်အတွက် ထွက်ခွာသွားတော့သည်။

All Chapters