← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၄၆)

ဂူဝံပုလွေများအဖွဲ့ရဲ့ တစ်ခြားအဖွဲ့သားတွေလည်း ဝံပုလွေခုနှစ်ကောင်ရဲ့ အပြုအမူကြောင့် တစ်ယောက်ပြီးတစ်ယောက် သူတို့ခုနှစ်ယောက်ရဲ့ အကြည့်တွေဆီလိုက်လံကြည့်လိုက်ကြပါတယ်။

တစ်ခြားကြေးစားအဖွဲ့တွေက ဂူဝံပုလွေများအဖွဲ့ရဲ့ တစ်ယောက်ယောက်ကို ရှာနေတဲ့အကြည့်တွေကြောင့် သူတို့လည်း သိလိုစိတ်တွေဖြစ်ပေါ်လာရပါတယ်။

ဂူဝံပုလွေများရဲ့ ဝံပုလွေခုနှစ်ကောင်လုံးရောက်နေပြီဖြစ်လို့ တူလန်းက ဘယ်သူ့ကိုစောင့်နေတာများလဲ။ သူတို့က ပြင်ပအကူအညီကို စောင့်နေတာများလား။

အဲ့ဒီလိုဆိုရင် အဲ့လူက ဒီကြေးစားတွေနဲ့ ဘယ်လိုဆက်စပ်မိတာလဲ။ ဝံပုလွေခုနှစ်ကောင်ကတင် သူတို့ကို ခေါင်းကိုက်စေရပါတယ်။ ဂူဝံပုလွေများအဖွဲ့က ဒီစစ်ဆင်ရေးမှာပါဝင်နေလို့ အခကြေးငွေခွဲခြားမှုမှာ သူတို့ရဲ့ဖိနှိပ်မှုကို ခံရမှာဖြစ်ပါတယ်။ တူလန်းသာ တစ်ကယ်ပဲ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်ယောက်ရဲ့ အင်အားအကူအညီရခဲ့မယ်ဆိုရင်တော့ သူတို့အားလုံး ကိုယ့်အထုပ်ကိုယ်ပိုက်ပြီး ပြန်ရုံပဲရှိပါတော့တယ်။

ဒါကြောင့် တစ်ခြားကြေးစားအဖွဲ့ဝင်တွေအားလုံးဟာ ဂူဝံပုလွေအဖွဲ့သားတွေကို အာရုံစိုက်ထားလိုက်ကြပါတယ်။ ဒီပုဂ္ဂိုလ်ဟာ တူလန်းထက်အဆင့်မြင့်တဲ့သူ မဖြစ်ပါစေနဲ့လို့ သူတို့တွေကြိတ်ဆုတောင်းနေကြပါတယ်။

မျှော်လင့်ချက်တွေပြည့်နေတဲ့ အဆိုပါလူအုပ်ကြီးရဲ့ အကြည့်တွေအောက်မှာ သေးညှပ်သူတစ်ယောက်ဟာ ရင်ပြင်ရဲ့အပြင်မှာရှိနေတဲ့ လူတွေကြားကနေ အေးဆေးစွာဖြတ်သန်းလာခဲ့ပြီး ကြေးစားအဖွဲ့တွေဆီ ဦးတည်လာနေပါသည်။

လူထွားကြီးငါးယောက်အဖွဲ့က သေးညှပ်တဲ့ချာတိတ်လေးတစ်ယောက်နဲ့ ဆုံတွေ့သွားပြီး ဒီမြင်ကွင်းက တစ်ကယ့်ကိုရယ်စရာကောင်းလှပါတယ် ခြင်္သေ့အုပ်ထဲကို ယုန်ငယ်လေးက မတော်တဆရောက်သွားတဲ့အတိုင်းပါပဲ။

ဂူဝံပုလွေအဖွဲ့သားတွေကို ကြည့်နေကြတဲ့ ကြေးစားတွေဟာ ထိုယုန်ဖြူလေးကို သတိထားမိသွားကြပါတယ်။

ကြေးစားအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့သားတစ်ဦးက အဲ့ဒီဖက်ကို လှမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်ပါတယ်။

"ဆရာ အဲ့ဖက်မှာ လူတစ်ယောက်ရှိနေတယ် အဲ့ပုဂ္ဂိုလ်များဖြစ်နိုင်မလားမသိဘူးနော်"

သူ့အသံမှာတော့ မသေချာမှုတွေ ရောပြွမ်းနေပါတယ်။

ငယ်သားရဲ့ပြောစကားကို ကြားလိုက်ပြီးနောက် ဆရာဖြစ်သူက အဲ့ဖက်ကိုလှည့်ကြည့်လိုက်သည်။ သူထင်ထားတာက အလွန်ရှိန်စရာကောင်းမယ့် လူတစ်ယောက်ပေါ့လေ ချာတိတ်လေးတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ သူ ထင်မထားမိခဲ့ပါဘူး။ ဆရာဖြစ်သူက သူ့တပည့်ကို နားပန်ကျင်းလိုက်ပြီး ပြောလိုက်ပါတယ်။

"မင်းငါ့ကို ပြောင်နေတာလားကွ။ ဒီကလေးရဲ့ခါးက ငါ့ခြေထောက်လောက်တောင် မတုတ်ဘူး တူလန်းသာမရူးသေးရင် ဒီလိုချာတိတ်မျိုးကို စောင့်နေမှာမဟုတ်ဘူးကွ။ ငါ့ကို လာမရှုပ်စမ်းနဲ့ သွားစမ်းကွာ"

နားပန်ကျင်းခံလိုက်ရတဲ့ ကြေးစားဟာ မျက်နှာငယ်လေးနဲ့ တစ်ခြားဖက်သို့သွားလိုက်ပါတယ်။ အဆိုပါချာတိတ်လေးကိုကြည့်လိုက်ပြီးနောက် သူ့စိတ်ထဲမှာတော့ မကျေမနပ်နဲ့ပြောဆိုနေမိပါတယ်။

တူလန်းလိုလူစားက ဒီလိုကလေးမျိုးကို အလေးထားမှာမဟုတ်မှန်း သူလည်းသိတာပေါ့ ဒါပေမယ့် တစ်ယောက်ယောက်ကိုတွေ့ရင် ပြောဖို့မှာထားတာက သူ့ဆရာသမားလေ။ သူက အမိန့်အတိုင်းနာခံတာကို အရိုက်ပဲခံလိုက်ရပါတယ်။

ကိုယ့်အိမ်မှာတင်ကိုယ်နေပြီး နို့သောက်မနေဘဲနဲ့ ဒီလိုနေရာကိုလာရဲတဲ့ အဲ့ကလေးကိုပဲ အပြစ်တင်ရုံပေါ့။

လူတိုင်းက ရှန်ယန်ရှောင်ပေါ်ထွက်လာတာက ဘာမှမဟုတ်ဘူးလို့ ထင်လိုက်ချိန်မှာပဲ တူလန်းရဲ့မျက်လုံးတွေ တောက်ပသွားခဲ့ပါသည်။ ထို့နောက်မှာတော့ ရှန်ယန်ရှောင်ဆီကို ချက်ခြင်းသွားလိုက်ပါတယ်။

သူ့နားက ဝံပုလွေခြောက်ကောင်ကတော့ တူလန်းက အဲ့ချာတိတ်ကိုပြုံးပြနေတဲ့အတွက် နားမလည်နိုင်ဖြစ်သွားခဲ့ပါတယ်။

"ခင်ဗျားလာခဲ့တာပဲ"

ရှန်ယန်ရှောင်ကိုကြည့်နေတဲ့ တူလန်းမျက်နှာမှာ အပြုံးတွေဝေဆာနေပါတယ်။

ရှန်ယန်ရှောင်ဟာ ရင်ပြင်အပြည့်ရှိနေတဲ့ ကြေးစားတွေကို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာပြောလိုက်ပါတယ်။

"ခင်ဗျားရဲ့ဖိတ်ကြားမှုကို ကျနော်လက်ခံထားမှတော့ နောက်ပြန်ဆုတ်စရာ အကြောင်းမရှိပါဘူး"

ရင်ပြင်အပြည့်ရှိနေတဲ့ ထောင်ချီသောကြေးစားတွေအားလုံး ဒီအချိန်မှာ လုံးဝတိတ်သွားကြပါတယ်။ မျက်လုံးအားလုံးက တူလန်းနဲ့သူမဆီကို ကျရောက်နေခဲ့ပါတယ်။

ရင်ပြင်တစ်ခုလုံးမှာ ထူးထူးဆန်းဆန်းတိတ်ဆိတ်နေပါတော့တယ်။

ဒါ ဟာသတစ်ခုလား....

တူလန်းတို့က ဒီဘာမဟုတ်တဲ့ ချာတိတ်လေးကိုစောင့်နေကြတာလား။

သူတို့အိပ်မက်မက်နေတာဟုတ်မဟုတ် တစ်ယောက်ယောက်ပြောပေးကြပါဦး။

တူလန်းခေါင်းထဲမှာ ရေတွေပြည့်သွားတာလား။ မနက်အစောကြီးကတည်းက သူက ယာယီအဖွဲ့သားကို စောင့်နေခဲ့တာဖြစ်ပြီးတော့ သူစောင့်နေခဲ့တဲ့လူက ဒီလိုမျိုး နို့နံ့မစင်သေးတဲ့ကလေးတစ်ယောက် ဖြစ်နေမယ်လို့ ဘယ်သူကတွေးမိမှာတုန်း။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၄၇)

"ချီး..ဒီကလေးက တူလန်းရဲ့ တိတ်တိတ်ပုန်းသားမဖြစ်မှဖြစ်မယ်နော်"

ကြေးစားအဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင်က မျက်နှာကိုလက်နဲ့သုတ်ရင်း ပြောလိုက်တာဖြစ်သည်။ အေးစက်မာကျောပြီး အောက်ကျမခံတတ်တဲ့ တူလန်းက ချာတိတ်လေးတစ်ယောက်ကို အပြုံးမျက်နှာနဲ့ ဆီးကြိုနေတဲ့မြင်ကွင်းက သူ့မျက်စိအောက်မှာတင် ဖြစ်ပျက်နေတာဆိုပေမယ့် လက်မခံနိုင်ဖြစ်နေရပါတယ်။ ကောင်းကင်ကြီးလည်း အနီရောင်တော့မပြောင်းသွားလောက်ပါဘူးနော်...

ဒီရက်စက်တဲ့ဝံပုလွေကြီးက ချက်ခြင်းလက်ငင်းဆိုသလို နွေးထွေးပျူငှာတဲ့ လူယဉ်ကျေးဖြစ်သွားတာဟာ အလွန်ကြောက်စရာကောင်းလှပါတယ်။

တစ်ခြားကြေးစားအဖွဲ့ခေါင်းဆောင်တွေမပြောနဲ့ ဂူဝံပုလွေများအဖွဲ့သားတွေတောင် သူတို့ခေါင်းဆောင်ရဲ့ ပြောင်းလဲမှုကြီးကို လက်ခံရခက်ခက်ဖြစ်နေပါတယ်။

ဝံပုလွေခြောက်ကောင်လုံး နေရာမှာတင် ကြက်သေသေပြီး သူတို့ကိုကြည့်ရတာဟာ အလွန်ကြောင်တောင်တောင်ဖြစ်နေပုံပါပဲ။

"ခေါင်းဆောင်ပြောထားတဲ့ ယာယီအဖွဲ့သားဆိုတာ ဒီကလေးတော့ မဟုတ်လောက်ဘူးမလားဟင်။ ပျော့ပြောင်းဝံပုလွေ ဒါ မဟုတ်ဘူးလို့ ငါ့ကိုပြောစမ်းပါ။ ငါ မူးတူးတူးဖြစ်နေတာနေမှာပဲ အဲ့လူက ငါတို့ခေါင်းဆောင်မဟုတ်နိုင်ဘူး"

ကြမ်းကြုတ်ဝံပုလွေရဲ့ နှုတ်ခမ်းတွေတွန့်ချိတ်နေပြီး တူလန်းကျောပြင်ကိုကြည့်နေတဲ့ သူဟာ ဝါးလုံးတစ်ချောင်းလို တောင့်တောင့်ကြီးဖြစ်သွားပါတယ်။

ပျော့ပြောင်းဝံပုလွေရဲ့အခြေအနေကလည်း သူမသာကိုယ်မသာပါပဲ။ အချိန်အတန်ကြာအောင်ထိ သူ့အသံဟာ တုန်လှုပ်မှုကြောင့် ပျောက်သွားခဲ့ရပါသည်။

"အဟမ်း ကောင်လေးက ခေါင်းဆောင်သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အိမ်ကများဖြစ်နေမလား။ ဖြတ်သွားဖြတ်လာလုပ်တာနေမှာပါ"

မီးခိုးရောင်ဝံပုလွေက အနေအထားကို အေးအေးဆေးဆေးဖြစ်သွားရန်အတွက် ဝင်ရောက်ဆင်ခြေပေးပြောကြားလိုက်ပါတယ်။

"ဟုတ်တာပေါ့ အဲ့ဒါ ဖြစ်နိုင်တယ်လို့ ငါထင်တယ်"

ဝံပုလွေရိုင်းက ထောက်ခံလိုက်ပါသည်။ သူတို့ခေါင်းဆောင်ပြောထားဖူးတဲ့ ပြင်ပအကူအညီဟာ ၁၃နှစ်သားချာတိတ်လေးဖြစ်နေခြင်းက သူတို့အတွက် စိတ်ကူးကြည့်လို့တောင်မရဘူးဖြစ်နေပါသည်။

အတုမရှိပညာရှင်မဟုတ်ရင်တောင်မှ အနည်းဆုံးတော့ အရွယ်ရောက်သူတစ်ယောက်ဖြစ်ရမှာလေ။

ဒီတော့ ဘယ်လိုလုပ်ပြီး ချာတိတ်လေးဖြစ်နေရတာတုန်း။

ဒါက လုံး၀ မဖြစ်နိုင်ပါဘူး...

လုံးဝမဖြစ်နိုင်ဘူး..

ဘယ်တော့မှကို..တစ်ကယ်...မဖြစ်နိုင်ဘူး...ဟုတ်ပြီလား...

ဝံပုလွေခြောက်ကောင် အတွေးချာချာလည်နေချိန်မှာတော့ တူလန်းဟာ ရှန်ယန်ရှောင်အား အဖွဲ့သားတွေဆီခေါ်သွားလိုက်ပါပြီ။

ဒီအချိန်မှာတော့ အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြကာ ဝံပုလွေခြောက်ကောင်လည်း နေရာမှာတင် ကျောက်ရုပ်ကြီးတွေဖြစ်သွားခဲ့ပါတော့တယ်။

တူလန်းကြည့်ရတာတော့ သူ့လူတွေရဲ့ ဖြစ်ပျက်နေတာတွေကို မသိဟန်ပါပဲ။ ရှန်ယန်ရှောင်ကို အဖွဲ့သားတွေဆီ ခေါ်သွားပြီးတော့ သူပြောလိုက်ပါတယ်။

"ဒီနေရာမှာရှိတဲ့ ကြေးစားအားလုံးက ငါတို့အဖွဲ့သားတွေပဲ။ ငါတို့က အရေအတွက်မှာ အများဆုံးမဟုတ်ပေမယ့် ငါတို့စွမ်းအားက တစ်မြို့လုံးမှာ အကောင်းဆုံးပဲ ဒီတော့ မင်းရဲ့လုံခြုံမှုအတွက် စိုးရိမ်နေစရာမလိုပါဘူး"

ရှန်ယန်ရှောင်က ဂူဝံပုလွေအဖွဲ့သားတွေကို လှမ်းကြည့်လိုက်သည်။ တစ်ခြားကြေးစားအဖွဲ့တွေနဲ့ယှဉ်ရင် ဒီရှစ်ဆယ်ကျော်ကျော်ရှိတဲ့အဖွဲ့သားတွေဟာ လေ့ကျင့်သားပြည့်ဝပြီးသားလို့ လူတွေကို ခံစားမိစေပါတယ်။ နောက်ပြီး သူတို့ကိုယ်တွေဆီကနေ သွေးနံ့ခပ်ပျပျကိုလည်း သူမ ရရှိနေပါတယ်။

ဒီလိုအနံ့အသက်မျိုးဟာ မှော်သားရဲကောင်တွေကို နှစ်ပေါင်းများစွာ ဖမ်းဆီးသတ်ဖြတ်ခြင်းကနေ စုဆောင်းရရှိထားတာဖြစ်ပါတယ်။

တူလန်းပြောတဲ့ ဒီအဖွဲ့သားတွေဟာ ဒီရင်ပြင်မှာရှိနေတဲ့ တစ်ခြားကြေးစားတွေထက် ပိုစွမ်းတယ်ဆိုတာက မလွန်ဘူးလို့ သူမ ဝန်ခံရမှာဖြစ်ပါတယ်။

တစ်ခုရှိတာက...

ဒီကြံ့ခိုင်မှုအပြည့်နဲ့ကြေးစားတွေဟာ ဒီအချိန်မှာတော့ သူတို့မျက်နှာတွေမှာ ထူးဆန်းတဲ့အမူအယာတွေဖြစ်နေကြတာပါ။

သူတို့တွေက သူမကို စိုက်ကြည့်နေကြပြီး နှုတ်ခမ်းတွေတရွရွဖြစ်နေကြပါတယ်။

တူလန်းရဲ့စကားက သူတို့ကြေးစားအဖွဲ့က အင်အားကောင်းတယ်လို့ပြောလိုက်တာဖြစ်ပြီး ရှန်ယန်ရှောင်ကို စိတ်အေးစေသလို တစ်ချိန်တည်းမှာပဲ အဖွဲ့သားတွေကိုတော့ စိတ်ဓာတ်ကျသွားစေခဲ့ပါတယ်။

ဒီချာတိတ်က တူလန်းပြောခဲ့တဲ့ ယာယီအဖွဲ့သားပဲပေါ့ အား...

တူလန်းက ဘေးမှာ ရူးကြောင်ကြောင်ရပ်နေတဲ့ ကြမ်းကြုတ်ဝံပုလွေကို လက်ယက်ခေါ်လိုက်ပြီး ရှန်ယန်ရှောင်ကို ညွှန်ပြကာပြောလိုက်ပါတယ်။

"ဒီစစ်ဆင်ရေးအတွင်းမှာ သူ့အသက်လုံခြုံရေးအတွက် မင်း ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ပြီး ဘာအန္တရာယ်မှ မကျစေနဲ့နော်"

အရင်တုန်လှုပ်နေမှုကနေတောင် နဂိုအတိုင်းပြန်မဖြစ်သေးတဲ့ ကြမ်းကြုတ်ဝံပုလွေဟာ တူလန်းကနေ သူ့ကိုပေးအပ်လိုက်တဲ့တာဝန်ကြောင့် သန်မာချောမောတဲ့ သူ့မျက်နှာဟာ နေလောင်သီးလိုရှုံ့တွသွားခဲ့ပါတယ်။ သူတို့ရဲ့ခေါင်းဆောင်ဖြစ်သူကို စိတ်မချမ်းမြေ့စွာကြည့်လိုက်မိသည်။ သူ့လိုအကြီးတန်းစစ်သူရဲတစ်ယောက်အား ကလေးထိန်းရမယ့်အလုပ်မှာ ခေါင်းဆောင်ကပေးအပ်လိမ့်မယ်လို့ မယုံနိုင်ဘူးဖြစ်နေပါတော့တယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၄၈)

ဂူဝံပုလွေအဖွဲ့သားတစ်ယောက်မျှ သူတို့ခေါင်းဆောင်ရဲ့လုပ်ကိုင်ပုံကို နားမလည်နိုင်ဖြစ်နေကြပါတယ်။

ဝန်ထုပ်ဝန်ပိုးလေးကိုခေါ်လာတဲ့အပြင် လုံခြုံရေးအတွက်ပါ လူတစ်ယောက်ကိုတာဝန်ချထားလိုက်သေး ဒီကိစ္စက ပြဿနာတွေကို လက်ကမ်းကြိုနေသလိုပါပဲ။

ဒီစစ်ဆင်ရေးဟာ အဆင့်မြင့်မှော်သားရဲဖြစ်တဲ့ အဆင့်၈ရှိတဲ့အကောင်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ကြေးစားအဖွဲ့တွေအများကြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုတဲ့အပြင် ဘယ်လိုအန္တရာယ်မျိုးနဲ့ တွေ့ကြုံရဦးမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ဒါကြောင့် တူလန်းဘာစိတ်ကူးပေါက်နေမှန်း သူတို့နားမလည်နိုင်ဖြစ်နေရတာပါ။

အဖွဲ့သားတွေဟာ တူလန်းရှိလို့သာ ဘာမှမပြောကြပေမယ့် သူမ ရှိနေတာကို မကျေမနပ်ဖြစ်နေတယ်ဆိုတာ ရှန်ယန်ရှောင် ကောင်းကောင်းကြီးခံစားသိရှိနေပါတယ်။

ဂူဝံပုလွေအဖွဲ့ထဲမှာ တူလန်းအမိန့်ဟာ တစ်ချက်လွှတ်ပါပဲ အဖွဲ့သားတွေအနေနဲ့ အမိန့်ကိုမကျေနပ်တာရှိရင်တောင် ဖွင့်ဟမပြောရဲကြပါဘူး။

တူလန်းစောင့်နေသူဟာ ချာတိတ်လေးတစ်ယောက်ဆိုတာ တွေ့လိုက်ရလို့ တစ်ခြားအဖွဲ့က ခေါင်းဆောင်တွေလည်း စိတ်အေးသွားကြပါတယ်။

အလုပ်အပ်နှံသူပြောထားတာကတော့ သူဟာ ဖီးနစ်ငှက်ရဲ့နှလုံးကိုသာ ယူမှာဖြစ်ပါတယ်တဲ့ ဒါကြောင့် တစ်ခြားအရာတွေကို ကြေးစားအဖွဲ့တွေကြားမှာ ခွဲဝေယူနိုင်မှာဖြစ်တယ်။ ဂူဝံပုလွေအဖွဲ့ရဲ့အင်အားက တောင့်တင်းနေပြီးဖြစ်လို့ အင်အားထပ်ဖြည့်တင်းလိုက်မယ်ဆိုရင် သူတို့တွေအတွက် ဝေစုကအလွန်နည်းပါးသွားမှာဖြစ်တယ်။

အလုပ်အပ်နှံသူပေးတဲ့ ဆုကြေးငွေက မက်မောဖွယ်ဖြစ်ပေမယ့် ကြေးစားအဖွဲ့ခေါင်းဆောင်တွေကို ဒီအလုပ်မှာပါဝင်လာစေရန် ဆွဲဆောင်ခဲ့တာကတော့ ဖီးနစ်ငှက်ပဲဖြစ်ပါတယ်။

မှော်အမြူတေကိုအသာထားလိုက်ဦး ဖီးနစ်ငှက်တောင်ကတင် ဈေးအများကြီးရနိုင်ပါတယ်။

ဘာပဲပြောပြော ဖီးနစ်ငှက်ဆိုတာ နှစ်ရာချီပြီးပျောက်ဆုံးနေတာဖြစ်ကာ ယနေ့မှာဆိုရင် တွေ့နိုင်ဖို့အလွန်ခက်ပါတယ်။ ဖီးနစ်နဲ့ပတ်သတ်တာမှန်သမျှက ဝယ်သူတွေရဲ့စိတ်ဝင်စားမှုကို ရယူနိုင်မှာဖြစ်ပါတော့သည်။

ပြောရမယ်ဆိုရင် ဒါဟာ ငါးကြီးကြီးတစ်ကောင်ပါပဲ။

တောက်ပတဲ့နေရောင်အောက်မှာ ကြေးစားထောင်နဲ့ချီပြီး ရင်ပြင်ထဲမှာစုဝေးနေကြပါတယ်။ သူတို့အားလုံး ဒီကိုရောက်နေတာ တော်တော်ကြာပြီဖြစ်တာကြောင့် အလုပ်ရှင်ပေါ်လာဖို့ကို စောင့်မျှော်နေကြပါပြီ။

အတန်ကြာမှာတော့ လူအုပ်စုလေးတစ်စုဟာ လူတွေကိုဖြတ်သန်းပြီး ရင်ပြင်ထဲကိုလျှောက်လှမ်းလာခဲ့ပါတယ်။

ရှေ့ကနေဦးဆောင်လာသူဟာ အရပ်မြင့်မြင့်ရှိပြီး ကြည့်ရတာ ရိုးရှင်းတဲ့အဝတ်အစားကို ဆင်မြန်းထားပါတယ်။ ဒါပေမယ့်လည်း တစ်ချက်ကြည့်ရုံနဲ့တင် သူ့အဝတ်အစားဟာ သာမန်လူတွေမတတ်နိုင်တဲ့ အဝတ်စတွေပစ္စည်းတွေနဲ့ ချုပ်လုပ်ထားမှန်းသိနိုင်ပါတယ်။ သူ့နောက်မှာတော့ အနက်ရောင်ဝတ်စုံဝတ် ဆယ့်နှစ်ယောက်ပါလာပြီး မျက်နှာတွေမှာ ဘာခံစားချက်အမူအယာမှမရှိပါဘူး။ သူတို့ရှေ့ကလူနောက်ကို ညီညာစွာလိုက်နေကြတာဖြစ်ပါသည်။

ဒီလိုလူအုပ်စုဟာ အမည်းရောင်မြို့တော်ထဲမှာ တစ်ခါမြင်ရုံနဲ့ သတိပြုခြင်းခံရမှာဖြစ်ပါတယ်။

တူလန်းက ထိုအဖွဲ့အား မျက်တောင်တစ်ချက်တွန့်ရင်း ကြည့်လိုက်ပါတယ်။ သူ့ဘေးမှာရှိနေတဲ့ ဝံပုလွေခြောက်ကောင်လည်း ဒီလူတွေကို သတိထားမိကြပါတယ်။

"ခေါင်းဆောင် ဒီလူတွေရဲ့ လမ်းလျှောက်ပုံနဲ့ ကိုယ်နေဟန်အရ မရိုးတာတော့ သေချာတယ်။ ကြည့်ရတာ ဒီစစ်ဆင်ရေးမှာ ကျနော်တို့နဲ့ အတူတူသွားကြမယ့်ပုံပဲ"

နတ်ဆိုးဝံပုလွေက တီးတိုးပြောလိုက်ပါတယ်။

တူလန်း ခေါင်းညိတ်လိုက်သည်။ အပေါ်ယံမှာတော့ ဒီလူတွေဟာ ဘယ်လိုပဲရိုးရှင်းဟန်ပေါက်ပေါက် သူတို့မျက်နှာတွေကတော့ တစ်မျိုးတစ်ဖုံထူးနေပါတယ်။ သူတို့တွေဟာ အမည်းရောင်မြို့တော်က ကြေးစားတွေမဟုတ်ပါဘူး။

"စောင့်ကြည့်ကြတာပေါ့"

လူဆယ့်သုံးယောက်အဖွဲ့ဟာ ရင်ပြင်ထဲကို ဟိတ်ဟန်အပြည့်နဲ့ လျှောက်လှမ်းဝင်ရောက်လာခဲ့ပြီး ရင်ပြင်ထဲက ကြေးစားတွေရဲ့ အကြည့်တွေကတော့ ထို၁၃ဦးအပေါ်မှာ ကျရောက်နေပါတယ်။

ခေါင်းဆောင်လာသူက ကြေးစားတွေကို လိုက်ကြည့်လိုက်ပြီးနောက် သူ့လက်နှစ်ဖက်အား နောက်ကိုဖြည်းညင်းစွာပစ်လိုက်ပြီး ကျယ်လောင်စွာပြောလိုက်ပါတယ်။

"အားလုံးပဲ ဒီနေ့ဒီနေရာကိုရောက်နေရတာဟာ အလုပ်တစ်ခုအတွက်ဖြစ်ပြီး ဒီအလုပ်ကလည်း တစ်ခြားသူမဟုတ်ဘဲ ငါခေါ်ထားတဲ့အလုပ်ပဲဖြစ်တယ်"

ထိုလူရဲ့ စကားအဆုံးမှာတော့ ရင်ပြင်ထဲကကြေးစားတွေ ခနတာကြက်သေသေသွားခဲ့ရတယ် အန္တရာယ်ရှိသော မျက်နှာနဲ့လူဟာ သူတို့ရဲ့ အလုပ်ရှင်ဖြစ်နေမယ်လို့ မထင်ထားခဲ့မိကြပါဘူး။

၁၃ဦးရဲ့ ဟန်ပန်အနေအထားအရ ကြေးစားအဖွဲ့ခေါင်းဆောင်တွေအဖို့ ဒီလူတွေဟာ စွမ်းအားကြီးသူတွေဆိုတာကို ခန့်မှန်းသိမြင်ကြပါတယ်။

အမျိုးသားက ဆက်လက်ပြောကြားလိုက်ပါတယ်။

"ဒီအလုပ်အတွက် အမည်းရောင်မြို့တော်က အလတ်စားကြေးစားအဖွဲ့မှန်သမျှကို ငါဖိတ်ခေါ်ခဲ့တယ်။ မင်းတို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ မကျေမနပ်ရှိကြတာတွေ ရန်စရှိတာတွေအပေါ်မှာ ငါဂရုမစိုက်ဘူး။ ဒီစစ်ဆင်ရေးကို တစ်ယောက်ယောက်က ဖျက်စီးပစ်မှာကို ငါမမြင်ချင်ဘူး"

All Chapters