အခန်း (၃၅၅-၃၅၇)
Vol. 24 Ch. 355-357
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၅၅)
မိုးများရွာတော့မှာလားဟ...
ကြမ်းကြုတ်ဝံပုလွေရဲ့ သဘောထားဟာ ၁၈၀ဒီဂရီပြောင်းလဲသွားလို့ ဝံပုလွေရိုင်းကြောင်တက်တက်ဖြစ်သွားခဲ့သည်။ သူ့နားသူတောင် မယုံနိုင်အောင်ဖြစ်သွားရပါသည်။ သူတို့တွေဒီခရီးကြီး မစတင်ခင်တုန်းက ဒီဘာမှအရေးမပါတဲ့ကောင်လေးက ဒုက္ခပေးရုံသက်သက်ပဲလို့ ဒီကောင်ပဲ သူတို့တွေကို အမြှုပ်ထွက်မတတ်ပြောခဲ့တာလေ။ တစ်နေ့တာပဲရှိသေးတာကို ဒီကောင်က ဘာဖြစ်လို့ စိတ်ပြောင်းသွားတာတုန်း။ ဘာတဲ့ အနေကြပ်အောင်မလုပ်ကြနဲ့လို့တောင် ပြောလိုက်သေးတယ်။
ဒီနေ့ ဘာဖြစ်ခဲ့တာလဲ....
"ဟောင်ရှောင်...အဲ့ကလေးရဲ့ နာမည်လား။ လှည်းထဲမှာ မင်းဘာဖြစ်ခဲ့တာလဲ။ ဘယ်လိုဖြစ်လို့ မင်းက ထူးထူးဆန်းဆန်းဖြစ်သွားတာလဲ"
ဝံပုလွေရိုင်း စိတ်ရှုပ်သွားခဲ့ပါသည်။ ဒါပေမယ့် ကြမ်းကြုတ်ဝံပုလွေက ဘာမှထပ်ပြောချင်စိတ်မရှိတော့ပါဘူး။
ရှန်ယန်ရှောင်ပြောသမျှကို လျှို့ဝှက်ထားရမယ်လို့ လှည်းပေါ်ကနေ မဆင်းခင်တည်းက တူလန်းကသူ့ကို မှာခဲ့ပါသည်။ ကူလောင်တောင်ကို မရောက်ခင်အထိ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဘယ်သူ့ကိုမှ မပြောဖို့မှာရခြင်းက တစ်ခြားကြေးစားအဖွဲ့ကလူတွေအနေနဲ့ ရှန်ယန်ရှောင်အပေါ်မှာ မကြံကောင်းမကြံစီရာတွေ ကြံကုန်ကြမှာစိုးလို့ဖြစ်ပါသည်။
ဒါကြောင့် ဝံပုလွေရိုင်းက ဘယ်လောက်မေးမေး ကြမ်းကြုတ်ဝံပုလွေက အံကိုသာကြိတ်ပြီး ဘာမှမပြောခဲ့ပါဘူး။
ကျန်ဝံပုလွေလေးကောင်လည်း ကြမ်းကြုတ်ဝံပုလွေက ဘာလို့စိတ်ပြောင်းသွားရတာလဲဆိုတာကို မေးစမ်းခဲ့ကြပေမယ့် ရလာဒ်ကတော့ ဝံပုလွေရိုင်းနဲ့ထူးမခြားနားသာဖြစ်ပါတယ်။
ကြမ်းကြုတ်ဝံပုလွေရဲ့ပြောင်းလဲမှုအား တိတ်တဆိတ်ကြည့်နေခဲ့တဲ့ တူလန်းတစ်ယောက် သူ့စိတ်ထဲမှာ ပြုံးမိသွားသည်။
လှည်းတစ်စီးထဲမှာ ကြမ်းကြုတ်ဝံပုလွေနဲ့ ဟောင်ရှောင်ကို တူတူစီးစေခဲ့ခြင်းက ဟောင်ရှောင်ဟာ တစ်ခြားကလေးတွေနဲ့မတူတာကို ကြမ်းကြုတ်ဝံပုလွေသိရန်ဖြစ်သည်။ ဟောင်ရှောင်အား ဖီးနစ်ငှက်အကြောင်းကို သူမေးခဲ့တာတွေက ဒီယာယီအဖွဲ့သားဟာ သူတို့ထင်နေသလို သာမန်မဟုတ်ဘူးဆိုတာကို ကြမ်းကြုတ်ဝံပုလွေ သတိမူမိစေရန်အတွက်လည်းပါပါတယ်။
ကြမ်းကြုတ်ဝံပုလွေရဲ့ အမူအယာအရ ဒီစိတ်ကူးအလုပ်ဖြစ်ပုံပါပဲ။
ရှန်ယန်ရှောင်ကို ကာကွယ်ဖို့အတွက် ကြမ်းကြုတ်ဝံပုလွေကို သူ တာဝန်ပေးခဲ့ပါသည်။ ကြမ်းကြုတ်ဝံပုလွေက ရှန်ယန်ရှောင်အပေါ်မှာ အမြင်မကြည်ဘူးဆိုရင် ကောင်းကောင်းကာကွယ်ပေးမှာ မဟုတ်ပါဘူး။ အခုကျတော့ ရှန်ယန်ရှောင်ဟာ သာမန်မဟုတ်ဘူးဆိုတာကို သိသွားပြီဖြစ်လို့ သူ့တာဝန်ကိုပေါ့တော့မှာ မဟုတ်ပါဘူးလေ။
တူလန်းရဲ့စိတ်ကူးစိတ်သန်းကိုတော့ သူမ အစောတည်းက တွက်ဆမိပြီးဖြစ်ပါတယ်။ ဒါပေမယ့် သူမ ဘယ်လိုမှသဘောမထားခဲ့ပါဘူး။ ကြမ်းကြုတ်ဝံပုလွေရဲ့ ကာကွယ်ပေးမှုက သူမအတွက်အရေးမကြီးပါဘူး သူမလက်ထဲက တစ်ကယ့်ဖဲချပ်ဟာ ဇာမဏီငှက်ပဲဖြစ်ပါတယ်။
ဂူဝံပုလွေအဖွဲ့သားတွေ ပူနွေးသောညစာကိုစားနေချိန်မှာ တစ်ခြားအဖွဲ့တွေကတော့ တဲဆောက်ပြီးလို့ မီးဖိုကာစပဲရှိပါသေးတယ်။ ဂူဝံပုလွေအဖွဲ့နေရာကနေပြီး စားချင်စဖွယ်အနံ့တွေ လွင့်ပျံ့လာတော့ ကျန်တဲ့ကြေးစားအဖွဲ့သားတွေဟာ တံတွေးသာမြိုချနေရပြီး တစ်ချို့လူတွေဆိုရင် ဗိုက်ကတောင်အသံပေးလာကြပါတယ်။
အဆိုပါကြေးစားအဖွဲ့တွေအနေနဲ့ မျက်နှာပျက်ရပြီလို့တောင် ခံစားမိနေကြပါတယ်။ ဂူဝံပုလွေအဖွဲ့ဟာ သူတို့တွေထက်အမြဲတမ်းသာနေတယ်ဆိုပေမယ့် အဲ့ဒါက အင်အားအရာမှာဖြစ်ပါတယ်။ အဆင့်တူကြေးစားအဖွဲ့တစ်ဒါဇင်ကျော် အတူပူးပေါင်းချိန်မှာ သူတို့တွေကြားက ကွာခြားမှုက ဒီလောက်ကြီးမားမယ်လို့ မထင်ထားခဲ့မိပါဘူး။
ပူးပေါင်းလုပ်ဆောင်မှုနဲ့တာဝန်ခွဲဝေမှုတွေမှာ ဂူဝံပုလွေအဖွဲ့က သူတို့တွေထက်တစ်ပန်းသာနေပါတယ်။ ဒီလိုအခြေအနေကြောင့် ကြေးစားခေါင်းဆောင်တွေမျက်နှာမှာ မည်းမှောင်နေရပါတယ်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ကြေးစားတွေကို အလုပ်မြန်မြန်ပြီးစေဖို့ လောဆော်လိုက်ပြီး အခုလိုအရှက်ကွဲမှုကနေ ကာကွယ်လိုက်ရပါတယ်။
နောက်ဆုံး ကြေးစားအဖွဲ့အားလုံး ညစာစားနေချိန်မှာတော့ ဂူဝံပုလွေအဖွဲ့က ဆေးကြောပြီးသွားခဲ့ပါပြီ။ လူအုပ်စုတစ်ချို့က မီးဖိုတွေအနားမှာ ဝိုင်းထိုင်ပြီး စကားစမြည်ပြောဆိုနေကြပါတယ်။
ဒီလိုကွာခြားလှတဲ့ အမြန်နှုန်းဟာ သူတို့တွေကို ခေါင်းသာငုံ့နေစေရပါတော့တယ်။
လူတိုင်းက ဒီရက်စက်လှတဲ့ဝံပုလွေအဖွဲ့သားတွေကို ကျိန်ဆဲလိုက်ကြပြီး သူတို့တွေဘာလို့သာယာနေရတာလဲလို့ မေးလိုက်မိကြသည်။ သူတို့အားလုံးက ကြေးစားတွေချည်းပါပဲ ဂူဝံပုလွေအဖွဲ့နဲ့ယှဉ်လိုက်ရင် သူတို့လူတွေက ဘာလို့အသုံးမကျဖြစ်နေရတာလဲ။
ဘာမှကို ယှဉ်လို့မရပါလားကွာ အား...(သက်ပြင်းချသံ)
ဂူဝံပုလွေအဖွဲ့နဲ့ ကျန်ကြေးစားအဖွဲ့တွေရဲ့ ခြားနားမှုကို အလုပ်ရှင်တွေရဲ့မျက်စိနဲ့ မြင်လိုက်ရပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၅၆)
ဒီစစ်ဆင်ရေးတစ်ခုလုံးရဲ့ ခေါင်းဆောင်ဖြစ်သူအနားမှာ မတ်တပ်ရပ်နေသော အနက်ရောင်ဝတ်စုံဝတ်တစ်ယောက်က ကောင်းမွန်စွာလေ့ကျင့်ထားတဲ့ ဂူဝံပုလွေအဖွဲ့သားတွေကို ကြည့်လိုက်ပြီး သူ့ခေါင်းဆောင်ကို ပြောလိုက်ပါတယ်။
"လောင်းရွှမ်ပြည်ရဲ့ မြို့ငယ်လေးတစ်မြို့မှာ ဒီလိုအရည်အသွေးကောင်းတဲ့ ကြေးစားအဖွဲ့ရှိနေမယ်လို့ မထင်ထားခဲ့မိဘူး"
ဂူဝံပုလွေအဖွဲ့ဟာ ကြက်တွေကြားမှာရောက်နေတဲ့ ကြိုးကြာတစ်ကောင်လို လုံးဝကိုထင်ရှားထူးချွန်နေပါတယ်။
ဝံပုလွေခြောက်ကောင်နဲ့ စကားပြောနေသော တူလန်းအား ခေါင်းဆောင်ဖြစ်သူကြည့်လိုက်ပြီး မျက်လုံးတွေကျဉ်းမြောင်းသွားခဲ့သည်။
"တူလန်းက အသိအမှတ်ပြုရမယ့်လူတစ်ယောက်ဖြစ်ပေမယ့် အမည်းရောင်မြို့တော်လို နေရာသေးသေးလေးမှာ နေနေတာက တစ်ကယ်နှမြောစရာပဲ"
"ဒါဆိုလည်း သူ့ကိုခေါ်သွားလိုက်တာကပိုကောင်း..."
"မလုပ်နဲ့"
အနက်ရောင်ဝတ်စုံက စကားမဆုံးခင်မှာပဲ ခေါင်းဆောင်က စကားဖြတ်ပြောလိုက်ပါတယ်။
"တူလန်းရဲ့ အရည်အချင်းကကောင်းပေမယ့် အတွင်းအားအဆင့်က ထူးချွန်မှုသိပ်မရှိဘူး။ ကြေးစားခေါင်းဆောင်တစ်ယောက်အဖြစ် လုပ်သက်ကြာနေတဲ့သူက သာမန်အဖွဲ့သားတစ်ဦးဖြစ်ချင်မှာမဟုတ်ဘူး။ ဒါပေမယ့်လည်း သူ့အတွင်းအားအဆင့်နဲ့ ငါတို့တပ်ဖွ့ဲရဲ့ ဗိုလ်လေးတစ်ယောက်တောင်ဖြစ်နိုင်မှာမဟုတ်ဘူး"
သူ့စိတ်ဓာတ်နဲ့သဘောထားတို့က ကောင်းမွန်ပေမယ့် အစွမ်းကနည်းနည်းညံ့နေပါတယ်။ ဒီလိုလူမျိုးကို အရည်အချင်းရှိသူအဖြစ်သတ်မှတ်နိုင်ပေမယ့် အဆင့်မမီသေးပါဘူး။
သူတို့နှစ်ယောက်၏စကားဝိုင်းကိုသာ အပြင်လူတစ်ယောက်ကြားသွားမယ်ဆိုရင် နေရာမှာတင်ကြက်သေသေသွားမှာပါ။ တူလန်းရဲ့ အကြီးတန်းဓားသမားအဆင့်က ဒီခေါင်းဆောင်ရဲ့ပါးစပ်မှာတော့ သိပ်ထူးချွန်မှုမရှိသေးဘူးတဲ့လေ နောက်ပြီး ဗိုလ်လေးတစ်ယောက်တောင် မဖြစ်နိုင်ဘူးဆိုတော့ ဒီအဖွဲ့က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ။
အနက်ဝတ်စုံနဲ့လူက စဉ်းစားကြည့်လိုက်ပြီးနောက် ဒီကိစ္စကိုထပ်မပြောတော့ပါဘူး။ ဒါပေမယ့် တူလန်းဘေးမှာထိုင်နေတဲ့ ရှန်ယန်ရှောင်ကို သူ သတိပြုမိခဲ့သည်။
"တူလန်းက ဉာဏ်ကောင်းပေမယ့် ရဲတင်းလွန်းတယ်။ ချာတိတ်လေးတစ်ယောက်ကို သူနဲ့အတူခေါ်လာခဲ့သေးတယ်။ ကျနော်တို့မှာ လူအင်အားအများကြီးရှိပေမယ့် ဒီလိုသုံးမရတဲ့ ချာတိတ်လေးကို လုပ်ငန်းထဲခေါ်လာတာက လုံးဝကိုဟာသပဲ"
နို့နံ့မစင်သေးတဲ့ကောင်လေးတစ်ကောင်က ကြမ်းကြမ်းတမ်းတမ်းကြေးစားတွေကြားမှာ ပါလာတာဟ ဂွကျတဲ့ဖြစ်ရပ်ပါပဲ။
ခေါင်းဆောင်ဖြစ်သူလည်း ရှန်ယန်ရှောင်ပါလာတာကို သတိထားမိပါတယ်။ ပြောရမယ်ဆိုရင် အမည်းရောင်မြို့မှာတည်းက ဒီကောင်လေးကို သူ သတိထားမိခဲ့တာဖြစ်ပါတယ်။ တူလန်းကပါးနပ်ထက်မြက်သူဖြစ်ပြီး ဒီစစ်ဆင်ရေးထဲကို အခုလိုချာတိတ်လေးကို ဘာကြောင့်ခေါ်လာတာလဲဆိုတာကို သူလည်း သိချင်နေမိပါတယ်။
"ကောင်လေးအကြောင်းတွေးပူမနေနဲ့။ အချိန်ကျရင် လူနည်းနည်းကပဲ တစ်ကယ်အကူအညီဖြစ်မှာပဲ။ အဲ့အခါကျရင် သူလည်း ကျန်လူတွေနဲ့လစ်လို့ရပြီ"
ခေါင်းဆောင်ဖြစ်သူက ဒီလိုချာတိတ်လေးအကြောင်း သူ့ခေါင်းထဲထည့်တွေးမနေပါဘူး။
အနက်ရောင်ဝတ်စုံနဲ့လူက နှုတ်ခမ်းကိုစေ့လိုက်ပြီး အနက်ရောင်ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းဆောင်ဖြစ်သူကို လှည့်ကြည့်လိုက်ပြီး မေးလိုက်ပါတယ်။
"ဖီးနစ်ငှက်ကို ဒီတစ်ခါမှာ ကျနော်တို့တစ်ကယ်ယူနိုင်မယ်လို့ ခေါင်းဆောင်ထင်သလား။ ဒီတစ်ခေါက်ကြေးစားအရေအတွက်က များပေမယ့် အများစုက အသုံးမကျတဲ့သူတွေချည်းပဲ။ အားကိုးလို့ရမှာဆိုလို့ ဂူဝံပုလွေအဖွဲ့ပဲရှိတာ။ ဒါပေမယ့်လည်း ဝံပုလွေခုနှစ်ကောင်ကလွဲရင် ကျန်သူတွေက ဖီးနစ်ငှက်ကို ဒဏ်ရာကြီးကြီးမားမားဖြစ်စေမှာလည်း မဟုတ်ဘူး"
အနက်ဝတ်စုံနဲ့လူရဲ့ စကားတွေဟာ ဒီလုပ်ငန်းအကြောင်း ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။ အဆင့်၈မှော်သားရဲဟာ အစွမ်းကြီးပေမယ့် အလတ်တန်းပညာရှင်တွေက ထိခိုက်အောင်လုပ်နိုင်ပါသေးတယ် သို့သော် အခုသူပြောလိုက်ပုံအရ အကြီးတန်းပညာရှင်တွေသာ အသုံးဝင်မယ်ဆိုတဲ့သဘောဖြစ်နေပါတယ်။
ခေါင်းဆောင်ဖြစ်သူ မျက်မှောင်တွန့်သွားတယ်။
"အဆင့်၁၂ဖီးနစ်ငှက်နဲ့ ဒီလူတွေရဲ့အစွမ်းယှဉ်ရင် ဒီလူတွေကပြိုင်ဖက်မဟုတ်သေးဘူး။ ဒါပေမယ့်လည်း ငါတို့ရဲ့ပစ်မှတ်က ဖီးနစ်ငှက်မဟုတ်လို့ သူတို့က ဖီးနစ်ငှက်ကိုအာရုံပြောင်းဖို့လောက်ပဲလေ ဒါဆိုရင် ငါတို့က ဖီးနစ်ငှက်သိုက်ထဲကို ဝင်ဖို့အခွင့်အရေးရပြီ"
ဒီစကားတွေအရ ရှန်ယန်ရှောင်ရဲ့တွေးဆချက်တွေအားလုံး မှန်တယ်လို့သက်သေပြနေပါတယ်။ သူတို့ရင်ဆိုင်ရမှာက အဆင့်၈မဟုတ်ဘဲ အဆင့်၁၂ရှိတဲ့ ဒဏ္ဍာရီသတ္တဝါဖြစ်နေပါတယ်။ ဒဏ္ဍာရီသတ္တဝါနဲ့ရင်ဆိုင်ရာမှာ အကြီးတန်းပညာရှင်တွေအနေနဲ့သာ ထိခိုက်မှုအနည်းအကျဉ်းဖြစ်အောင်လုပ်နိုင်စွမ်းရှိတာပါ။ အကြီးတန်းအဆင့်မဟုတ်သူတွေအနေနဲ့ ဖီးနစ်ငှက်တောင်ကိုတောင် ထိခိုက်အောင်လုပ်နိုင်စွမ်းမရှိပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၅၇)
ရင်ဆိုင်ရမယ့် မှော်သားရဲဟာ အဆင့်၈မဟုတ်ဘဲ အဆင့်၁၂ရှိသော ဒဏ္ဍာရီသတ္တဝါဆိုတာ ဂူဝံပုလွေအဖွဲ့ကလွဲရင် ကျန်ကြေးစားအဖွဲ့တစ်ဖွဲ့မျှမသိကြသေးပါဘူး။
ဒီလူတွေဟာ စစ်ဆင်ရေးကနေရမယ့် ဆုကြေးနဲ့ဖီးနစ်ငှက်ကနေထွက်မယ့်ပစ္စည်းတွေအကြောင်းကိုသာ တွေးနေမိကြပြီး သူတို့ရင်ဆိုင်ရမှာက အိပ်မက်ဆိုးကြီးတစ်ခုမှန်း မသိကြပါ။
နောက်ရက်မနက်အစောပိုင်းမှာပဲ သူတို့အဖွဲ့ရဲ့ခရီးရှည်ကို ပြန်လည်စတင်ခဲ့ပါသည်။
ခရီးထွက်တာဆယ်ရက်မြောက်နေ့မှာတော့ လူတွေရဲ့ပျော်ရွှင်ကြည်နူးနေမှုတွေနေရာမှာ စိတ်မသက်မသာဖြစ်မှုတွေ ဝင်ရောက်လာပါတယ်။ အလုပ်ရှင်ကလွဲရင် သွားရမယ့်နေရာ ဘယ်နေရာဖြစ်မှန်း ဘယ်သူမှမသိကြပါ။ ဆက်လက်ချီတက်နေရင်းနဲ့ သူတို့စိတ်ထဲမှာ မသေချာမရေရာမှုနဲ့ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာရပါသည်။
ကြေးစားအဖွဲ့ခေါင်းဆောင်တွေဟာ ဆွေးနွေးလိုက်ကြပြီးနောက် သူတို့ရဲ့ အလုပ်ရှင်အား ဒီစစ်ဆင်ရေးရဲ့ဦးတည်ချက်နေရာကို ပြောပြဖို့တောင်းဆိုလိုက်ပါတယ် အကြောင်းပြချက်ကတော့ ဦးတည်ချက်မသိဘဲ ဒီလိုဆက်သွားနေရင် ကြေးစားတွေရဲ့စိတ်ဓာတ်ပျက်ပြားသွားမှာစိုးလို့ဖြစ်ပါတယ်။
အလုပ်ရှင်ကတော့ အစတည်းက ဒီခရီးစဉ်ရဲ့ဦးတည်ရာကို လျှို့ဝှက်ထားမှာဖြစ်တယ်လို့ ပြောဆိုသတ်မှတ်ထားခဲ့ပြီးတာကြောင့် ဘာမှမတုံ့ပြန်ခဲ့ပါဘူး။
ကြေးစားစည်းကမ်းတွေဟာ အလွန်တင်းကြပ်ကာ လုပ်ငန်းရဲ့အခြေအနေကို အစတည်းက သဘောတူညီပြီးဖြစ်ရင် ဘယ်လိုအနေအထားမျိုးနဲ့တွေ့တွေ့ နောက်ပြန်ဆုတ်လို့မရပါဘူး။ အဲ့လိုမဟုတ်ဘဲ အလုပ်ရှင်နဲ့သာခွာပြဲသွားမယ်ဆိုရင် ကြေးစားအဖွဲ့ရဲ့နာမည်ကို ထိခိုက်စေရုံသာမကဘဲ ဒီလုပ်ငန်းရဲ့ ကော်မရှင်ကြေးပါဆုံးရှုံးရမှာဖြစ်ပါသည်။ သူတို့တွေခရီးထွက်လာတာက ဆယ်ရက်တောင်ရှိပြီဖြစ်လို့ လက်ဗလာနဲ့တော့ နောက်ပြန်မလှည့်နိုင်ပါဘူး။
ဒါကြောင့် အလွန်ထူးဆန်းတဲ့ အနေအထားတစ်ခုက အဖွဲ့ထဲမှာဖြစ်တည်လာပါတော့တယ်။ လူတိုင်းက ပါးစပ်ကိုပိတ်ထားလိုက်ပြီး တွေငေးနေပြီးတော့သာ ဘယ်တော့မှပြောင်းလဲမှုမရှိမယ့် နေရောင်ကိုသာကြည့်ရင်း ခရီးဆက်ကြပါတယ်။
ဒါပေါ့လေ ဒီလူတွေထဲမှာ ဂူဝံပုလွေအဖွဲ့သားတွေ မပါပါဘူး။ အကြောင်းကတော့ ဒီခရီးရဲ့အဆုံးသတ်က ကူလောင်တောင်ဆိုတာကို တူလန်းကပြောလို့ သူတို့သိထားကြတာကြောင့်ပါ။ ခရီးစထွက်ပြီးနောက်ရက်ရောက်တည်းက ကူလောင်တောင်ကိုတက်ရောက်ဖို့ သူတို့တွေအသင့်ဖြစ်နေကြပါပြီ။
ညနေခင်းစခန်းချချိန်တိုင်းမှာ ဂူဝံပုလွေအဖွဲ့သားတွေက ရသမျှအချိန်လေးမှာ တစ်ယောက်နဲ့တစ်ယောက်လေ့ကျင့်နေကြပြီး အားအင်ကုန်ခမ်းနေကြတဲ့ တစ်ခြားကြေးစားတွေနဲ့ တစ်ခြားစီပါပဲ။
ဒီကောင်တွေက သေရေးရှင်ရေးကိစ္စလို ဘာကြောင့်သဘောထားနေရတာတုန်း။ သူတို့ပစ်မှတ်က အဆင့်မြင့်မှော်သားရဲဖြစ်ပေမယ့် သူတို့ဟာ လူတစ်ထောင်ပါဝင်တဲ့ အဖွဲ့ဖြစ်တယ်လေ။ နောက်ပြီးတော့လည်း အကြီးတန်းပညာရှင်နှစ်ဆယ်သုံးဆယ်လောက်ပါတာဖြစ်ပြီး အလတ်တန်းပညာရှင်ရာကျော်ပါတာကြောင့် အဆင့်၈မှော်သားရဲကောင်ကိုလည်း အေးဆေးအနိုင်ယူလို့ရပါတယ်။
ဒီခရီးတစ်လျှောက်လုံးမှာ မြင်းစီးရင်စီး မဟုတ်ရင် လှည်းစီးလိုက်ပါခဲ့ရတာဖြစ်လို့ လမ်းတစ်လျှောက်လုံးမှာ ခုန်ပေါက်နေတာကြောင့် သူတို့ခန္ဓာကိုယ်တွေ အပိုင်းပိုင်းပြုတ်ထွက်တော့မလို ခံစားနေရပေမယ့် ဒီကောင်တွေကတော့ စခန်းချပြီးတာနဲ့ လေ့ကျင့်ဖို့အတွက်ကို ခွန်အားကျန်သေးတယ်ပေါ့။
ဒီကောင်တွေက လူရော ဟုတ်ကြရဲ့လားဟင်...
ဂူဝံပုလွေအဖွဲ့သားတွေရဲ့ အခုလိုနေထိုင်မှုမျိုးဟာ တစ်ခြားခေါင်းဆောင်တွေနဲ့ အလုပ်ရှင်တွေမျက်လုံးထဲကို ဝင်ရောက်ခဲ့ပါတယ်။
တစ်ခြားကြေးစားခေါင်းဆောင်တွေဟာ သူတို့ရဲ့လက်အောက်ငယ်သားတွေအနေနဲ့ ဂူဝံပုလွေအဖွဲ့သားတွေကို နည်းနည်းတောင်ယှဉ်လို့မရပါလားလို့ ခံစားရလိုက်ပါသည်။ ဒီခရီးကြမ်းတစ်လျှောက် ဂူဝံပုလွေအဖွဲ့သားတွေဟာ အနားမယူကြဘဲ လေ့ကျင့်နေကြခဲ့လို့ သူတို့ကိုအရှက်ရစေမိပါတယ်။
ဒီအဖြစ်ကြောင့် အလုပ်ရှင်တွေအနေနဲ့ တစ်ခြားကြေးစားအဖွဲ့တွေကို အထင်မသေးစေဘူးလားကဲ...
ဘာလို့ ဒီလောက်ရက်စက်ယုတ်မာရတာလဲဟင်။ မင်းတို့က သန်မာပြီးသားတွေလေကွာ ဒါကို ပြင်းပြင်းထန်ထန်လုပ်နေကြတုန်းလား။ အဲ့လိုလုပ်တော့ ငါတို့ကြေးစားအဖွဲ့တွေက ဘာဖြစ်သွားမလဲကဲ...
ကြေးစားအဖွဲ့တိုင်းရဲ့ ခေါင်းဆောင်တွေဟာ သူတို့တွေမျက်နှာပျက်တယ်လို့ ခံစားရတာကြောင့် သူတို့ရဲ့အဖွဲ့သားတွေကို နားပြီးတာနဲ့ လေ့ကျင့်ရေးလုပ်ကြဆိုပြီး မာန်နဲ့ဟန်နဲ့ရပ်ပြီး အမိန့်ပေးလိုက်ကြပါတော့တယ်။