← Chapters

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၅၈)

ကံမကောင်းတာကတော့ ဒီကြေးစားတွေရဲ့ ကိုယ်ကာယကြံ့ခိုင်မှုက ဂူဝံပုလွေအဖွဲ့သားတွေနဲ့ မယှဉ်နိုင်တာပါပဲ။

တစ်နေ့လုံးခရီးနှင်လာရလို့ ပင်ပန်းနွမ်းနယ်နေကြလို့ ခက်ခက်ခဲခဲနဲ့လုပ်ဆောင်ခဲ့ကာ အနားယူဖို့အချိန်တိုလေးရလာပါတယ်။ ဒါပေမယ့် သူတို့ခေါင်းဆောင်တွေက လေ့ကျင့်ခန်းဆင်းခိုင်းနေပါတယ်။ ဒီရက်စက်မှုကြီးက လုံး၀ သည်းမခံနိုင်အောင်ပါပဲ တစ်ကယ့်ကိုသည်းမခံနိုင်စရာပါ။

တစ်ရက်အတွင်းမှာပဲ ဒီလေ့ကျင့်ခန်းဆင်းလိုက်ကြရတဲ့ ကြေးစားတွေဟာ အသက်မဲ့စွာနဲ့ခေါင်းမတ်ထားကြပါတယ်။ လှည်းအတွင်းမှာ သူတို့တစ်ကိုယ်လုံး အားအင်မရှိတော့သလို ဝိဉာည်ကင်းမဲ့သွားသလိုဖြစ်နေပါတယ်။ လူတိုင်းဟာ သေသွားပြီလို့ကို ခံစားမိနေကြတာဖြစ်ပါသည်။

သူတို့ဆက်လက်လေ့ကျင့်သင့်လား မလေ့ကျင့်သင့်ဘူးလား...

သူတု့ိတွေမလေ့ကျင့်ဘူးဆိုရင် နေ့ခင်းအတွက် ခွန်အားတော့ကျန်ဦးမှာဖြစ်တယ်။ လေ့ကျင့်မယ်ဆိုရင်တော့ အနားယူရမယ့်အချိန်လေးက ကုန်ဆုံးမှာဖြစ်ပြီး ဘယ်လိုမှအဆင်ပြေမှာ မဟုတ်တော့ပါဘူး။

ဒီကြေးစားအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေဟာ ဘာမှမတတ်နိုင်တော့ဘဲ ဂူဝံပုလွေအဖွဲ့နဲ့ သူတို့အဖွဲ့တွေယှဉ်နေမိတာကို လက်မြှောက်အရှုံးပေးနောက်ဆုတ်လိုက်ကြပါတယ်။

ဂူဝံပုလွေအဖွဲ့သားတွေကတော့ အရေးကြုံရင်သက်လုံကောင်းဖို့အတွက် အပြင်းအထန်လေ့ကျင့်ကြိုးစားနေကြပါတယ်။

အမည်းရောင်မြို့ဟာ အချက်အခြာကျတဲ့နေရာမဟုတ်သလို မြို့ကလည်း သိပ်မကြီးတာကြောင့် မြို့ထဲမှာကြေးစားအဖွဲ့အကြီးအငယ်အများကြီးရှိပေမယ့် ပြောပလောက်အောင်မစွံပါဘူး။ ဘယ်လောက်ထိမစွံလဲဆိုရင် လောင်းရွှမ်တိုင်းပြည်ရဲ့ စည်ကားသိုက်မြိုက်သောမြို့တစ်မြို့မှာရှိတဲ့ ဘယ်အလတ်စားကြေးစားအဖွဲ့မဆိုက ဒီအဖွဲ့တွေကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူနိုင်ထိအောင်ပါပဲ။ ခြွင်းချက်တစ်ခုကတော့ ဂူဝံပုလွေအဖွဲ့ပါပဲ။

ကြေးစားအဖွဲ့အားလုံးရဲ့ လုပ်ရည်ကိုင်ရည်အစွမ်းအစကို အလုပ်ရှင်တွေ့မြင်ပါတယ်။ ဘောင်မဝင်တဲ့ကြေးစားအဖွဲ့တွေကို ခေါင်းဆောင်အမျိုးသားနဲ့သူ့လူတွေက အထင်သေးကြောင်းပြသကြပါတယ်။

ဒီလိုမျိုး အမှိုက်သရိုက်ကောင်တွေစုထားပြီးတော့ သူတို့ကိုယ်သူတို့ အလတ်စားရှိတဲ့ ကြေးစားအဖွဲ့လို့သမုတ်ဝံ့သေးတယ်တဲ့လား။

နေ့ရက်တွေကုန်ဆုံးပြီး ၁၂ရက်မြောက်နေ့မှာတော့ ကြေးစားခေါင်းဆောင်တွေလည်း သူတို့ရဲ့ရည်မှန်းချက်နေရာကို သိသွားကြပါတော့တယ်။

သူတို့ရှေ့မှာ မျက်စိတစ်ဆုံးမြင်နေရတဲ့ ဖုန်းဆိုးမြေရှိနေပြီး ခြောက်သွေ့နေတဲ့မြေပေါ်မှာတော့ ပက်ကြားအက်တွေရှိနေပြီး လေပူတွေကလည်း အဆိုပါအက်ကြောင်းတွေထဲကနေ ထွက်ပေါ်နေပါတယ်။

လူထောင်ဂဏန်းရဲ့ ခြေလှမ်းတွေက ဒီဖုန်းဆိုးမြေရှေ့မှာ ရပ်တံ့သွားခဲ့သည်။ ဒီမြေကိုတွေ့လိုက်ရတော့ တူလန်းကလွဲရင် ကျန်တဲ့ကြေးစားခေါင်းဆောင်အားလုံး နှလုံးရပ်မတတ်ဖြစ်သွားကြပါသည်။

သူတို့ဟာ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ အဲ့ဖုန်းဆိုးမြေအားကြည့်လိုက်ကြသည်။ စိမ်းလန်းမှုရှိတဲ့တစ်ခုတည်းသောနေရာဖြစ်သော စိမ်းစိုနေသောသစ်သီးသစ်ပင်တွေပြည့်နေတဲ့ မြင့်မားသောတောင်စွန်းတွေဟာ လူတိုင်းရဲ့အမြင်အားလွှမ်းခြုံသွားခဲ့ပါတယ်။

ကြည့်လိုက်ရင်ရိုးရိုးတောင်တန်းတွေပဲလို့ အထင်မှားနိုင်တဲ့ ဒီနယ်မြေက ကြေးစားခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာတော့ အိပ်မက်ဆိုးတစ်ခုဖြစ်သွားပါတော့တယ်။

ကူလောင်တောင်....

သူတို့ရဲ့ဦးတည်ချက်က ကူလောင်တောင်ပေါ့...

မရေမတွက်နိုင်သော ကြေးစားအဖွဲ့တွေဟာ ကူလောင်တောင်ကို လောင်းရွှမ်ပြည်ရဲ့ မသွားရနယ်မြေသုံးခုကြီးထဲက တစ်ခုအဖြစ်သတ်မှတ်ထားတယ်ဆိုသော ရာဇဝင်ရှိပါတယ်။

ဒီအချိန်မှာ ခေါင်းဆောင်အားလုံးရဲ့ မျက်နှာတွေမှာ သွေးမရှိတော့ဘဲ ဖြူဖပ်ဖြူလျော်ဖြစ်နေပါတယ်။ ကူလောင်တောင်နဲ့ပတ်သတ်တဲ့ ဇာတ်လမ်းတွေကိုတော့ သူတို့ရဲ့အသွေးထဲအသားထဲကနေကို မှတ်မိနေပါတယ်။ မရေမတွက်နိုင်တဲ့ လက်ရွေးစင်ကြေးစားတွေကို ထွက်ပြေးနေချိန်မှာပဲ သေဆုံးစေခဲ့တဲ့ ဒီနေရာက သူတို့ရဲ့ ဦးတည်ချက်နေရာဖြစ်သတဲ့လား။

"ခင်ဗျားနောက်နေတာလား...ဖီးနစ်ငှက်သိုက်က ကူလောင်တောင်မှာလို့တော့ ကျုပ်တို့ကိုမပြောနဲ့နော်"

ကြေးစားခေါင်းဆောင်တစ်ယောက်ဟာ ရင်ထဲကတုန်လှုပ်မှုကို မထိန်းကွပ်နိုင်တော့ဘဲ ခေါင်းဆောင်အမျိုးသားဆီပြေးသွားလိုက်ပြီး မေးလိုက်ပါတော့တယ်။ သူ့မျက်လုံးတွေဟာ ပြူးကျယ်နေပြီး လေသံထဲမှာတော့ မယုံနိုင်ဟန်အပြည့်နဲ့ပါ။

ခေါင်းဆောင်ဖြစ်သူအလုပ်ရှင်ဟာ ဆူဆူညံညံလုပ်နေတဲ့ ကြေးစားခေါင်းဆောင်ကို စက်ဆုပ်ဟန်နဲ့တစ်ချက်ကြည့်လိုက်သည်။

"ကူလောင်တောင်က ကြေးစားတွေအတွက် မသွားရနယ်မြေတစ်ခုပဲ။ မင်းဖေဖေငါကတော့ ဒုက္ခခံဖို့အတွက်နဲ့ အဲ့ကိုမသွားနိုင်ဘူး"

နောက်ခေါင်းဆောင်တစ်ဦးက သူ့ရပ်တည်ချက်ကို ထုတ်ပြောလိုက်သည်။ သူတို့ကငွေရဖို့အတွက် လာတာဖြစ်ပေမယ့် ငွေကိုသုံးနိုင်ဖို့အတွက် အသက်ရှင်နေမှဖြစ်ဦးမှာပါ။

ကူလောင်တောင်က အလွန်အန္တရာယ်များပြီး ဒီအချက်ကိုလည်း ကြေးစားတိုင်းရဲ့နှလုံးသည်းပွတ်မှာ ရေးထိုးထားပြီးဖြစ်ပါတယ်။ ဒီတောင်ပေါ်မှာက မှော်သားရဲတွေပြည့်နှက်နေရုံသာမကဘဲ အချိုးအကွေ့ထောင့်တိုင်းမှာ ပုန်းအောင်းနေပြီး အခွင့်အရေးစောင့်နေသော နတ်ဆိုးတွေလည်း ရှိပါသေးတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၅၉)

ဒီနေရာဟာ လူတိုင်းရဲ့စိတ်ထဲမှာ ကြောက်စရာအကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး သတိတစ်ချက်လွတ်သွားတာနဲ့ မှော်သားရဲတွေနဲ့ နတ်ဆိုးတွေရဲ့အစာအဖြစ် သူတို့သက်ဆင်းသွားရမှာဖြစ်ပါတယ်။

ဒီလိုမိစ္ဆာနယ်မြေထဲကို သူတို့အားဝင်ရောက်ခိုင်းတဲ့အပေါ် သူတို့တွေလက်မခံနိုင်ပါဘူး။

ဒီကြေးစားခေါင်းဆောင်တွေရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုကို ကြည့်နေတဲ့ ရှန်ယန်ရှောင် မျက်မှောင်ကြုတ်လိုက်မိတယ်။ သူတို့ရဲ့အထိတ်တလန့်နဲ့ ပြန်ဆုတ်ခွာမယ့် တုံ့ပြန်မှုတွေဟာ တူလန်းရဲ့တုံ့ပြန်မှုနဲ့ယှဉ်ရင် ကြည့်ချင်စရာကိုမရှိပါဘူး။

ကူလောင်တောင်ကဲ့သို့သော မသွားရနယ်မြေကို ရင်ဆိုင်ရတဲ့အခါမှာ အလတ်စားကြေးစားအဖွဲ့ခေါင်းဆောင်တွေချည်းဖြစ်ကြပေမယ့် တူလန်းကတော့ စိုးရိမ်စိတ်ရှိနေပေမယ့် ကြေးစားတွေရဲ့ ဥပဒေသကိုတော့ ဖက်တွယ်ထားပါသေးတယ်။ သူက နောက်မဆုတ်ခဲ့တဲ့အပြင် အရင်ဆုံးသူလုပ်တာက သူ့အဖွဲ့သားတွေအား စိန်ခေါ်မှုကိုရင်ဆိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခိုင်းတာပဲဖြစ်သည်။

တစ်ဖက်မှာတော့ တူလန်းနဲ့ရာထူးတစ်တန်းတည်းဖြစ်တဲ့ ဒီကြေးစားခေါင်းဆောင်တွေဟာ ကူလောင်တောင်ကိုမြင်တာနဲ့ သူတို့ရဲ့အဖွဲ့သားတွေကို အသင့်ပြင်ခိုင်းဖို့ မစဉ်းစားသလို အလုပ်အတွက် အကောင်းဆုံးကြိုးစားဆောင်ရွက်ဖို့လည်း မလုပ်ကြဘဲ သူတို့လူတွေနဲ့အတူ ဒီနေရာကနေ ထွက်သွားချင်တာဖြစ်ပါတယ်။

အလုပ်ရှင်ကနေ ဖုံးကွယ်ထားခဲ့မှုဟာ မကျေနပ်စရာကောင်းပေမယ့် မက်စရာဆုကြေးနဲ့ ဖီးနစ်ငှက်ဆိုတာကိုကြားခဲ့ရသော ဒီလူတွေဟာ အလုပ်ရှင်ရဲ့ဖုံးကွယ်ထားမှုကို ဂရုမစိုက်ကြတော့ဘဲ ဒီကိစ္စကို ရွှေအိုးကြီးကောက်ရသလိုသာ သတ်မှတ်ခဲ့ကြတာဖြစ်သည်။

အားလုံးကိုတွေးတောတွက်ဆကြည့်လိုက်ရင် နောက်ဆုံးအဖြေကတော့ အလုပ်ရှင်ဖြစ်သူဖက်က စစ်ဆင်ရေးဟာ အန္တရာယ်များကြောင်း ဖော်ပြခဲ့ပါတယ်။ မဟုတ်ရင် အမည်းရောင်မြို့ကရှိသမျှ အလတ်စားကြေးစားအဖွဲ့တွေကို သူတို့ငှားမှာမဟုတ်ဘူးလေ။ သွားမယ့်နေရာကို ဖုံးကွယ်တဲ့အပေါ်မှာလည်း အားလုံးက သဘောတူခဲ့ပြီးဖြစ်ပါတယ်။ ဒီမက်စရာမက်လုံးထဲမှာ အန္တရာယ်တွေပုန်းအောင်းနေမယ်လို့ သူတို့တွေသာ လောဘဇောကြောင့် မတွေးတောမကြံဆခဲ့မိကြတာဖြစ်ပါသည်။

တူလန်းနဲ့တစ်ခြားခေါင်းဆောင်တွေရဲ့ ကွဲပြားသောတုံ့ပြန်မှုကြောင့် ရှန်ယန်ရှောင်အနေနဲ့ တူလန်းအပေါ်မှာ ပိုလေးစားသွားမိစေခဲ့သည်။

ဒီလိုသတ္တိမျိုးနဲ့စိတ်ဓာတ်မျိုးဟာ အလတ်စားအဆင့်ကြေးစားအဖွဲ့ခေါင်းဆောင်ထက် ပိုမြင့်မားတဲ့နေရာမှာ ရှိသင့်တယ်လို့ တူလန်းအတွက် သူမ တွေးလိုက်မိပါသည်။

ရှန်ယန်ရှောင် မေးကိုသပ်လိုက်သည်။ တူလန်းရဲ့သဘောသဘာဝအကြောင်းကို သူမ နောက်တစ်ဆင့်ထပ်ကာ နားလည်သွားလိုက်ပြီး ဒီတစ်ဆင့်က အတွေးတစ်ခုကို သူမစိတ်ထဲဖြစ်ပေါ်စေခဲ့သည်။

တူလန်းနဲ့ဂူဝံပုလွေအဖွဲ့ဟာ ဂုဏ်သိက္ခာအပေါ် အလွန်တန်ဖိုးထားနေခဲ့ရင် သူတို့နဲ့မိတ်ဆွေဖွဲ့ရတာဟာ တန်ပါတယ်လေ။

သူတို့တွေရင်ဆိုင်ရတော့မယ့် အန္တရာယ်တွေဟာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သူမထက်ဘယ်သူမှ ပိုမသိပါဘူး။ ကြောက်စရာမှော်သားရဲတွေနဲ့ စဉ်းလဲတဲ့နတ်ဆိုးတွေအပြင် ဒဏ္ဍာရီသတ္တဝါအဆင့်ရှိသော ဖီးနစ်ငှက်ကိုပါ သူတို့တွေရင်ဆိုင်ကြရဦးမှာဖြစ်ပါသည်။

ဂူဝံပုလွေအဖွဲ့က ရဲစွမ်းသတ္တိအပြည့်ရှိပေမယ့် သူတို့ရဲ့စွမ်းအားက နိမ့်ပါသေးတယ်။ ဒဏ္ဍာရီသတ္တဝါတစ်ကောင်ရှေ့မှာဆို သူတို့တွေဟာ ပုရွက်ဆိတ်သာသာပါပဲ။ ဝံပုလွေခုနှစ်ကောင်ကလွဲရင် ကျန်လူတွေအနေနဲ့ ဖီးနစ်ငှက်ရဲ့ လေတစ်ချက်မှုတ်စာတောင်ခံနိုင်မှာမဟုတ်ဘဲ ကိုယ်လက်အင်္ဂါပြည့်စုံစွာနဲ့ ဆုတ်ခွာနိုင်ဖို့ကတော့ ဝေလာဝေးပါပဲ။

ဒီရက်တွေမှာ သူမဟာ ဂူဝံပုလွေအဖွဲ့နဲ့အတူ နေထိုင်ခဲ့ပြီး အဖွဲ့သားတွေအနေနဲ့ တူလန်းက ဒီလိုဝန်ပိုးတစ်ခုကို သယ်လာခဲ့တဲ့အပေါ်မှာ မကျေနပ်ကြဘူးဆိုသော်လည်း သူမကို အကြပ်တွေ့အောင် ဘာမှမလုပ်ခဲ့ကြပါဘူး။ ပြောရမယ်ဆိုရင် ရက်အနည်းငယ်ခန့်ရင်းနှီးပြီးချိန်မှာ အသက်၂၀ကျော်ရှိတဲ့ ကြေးစားတစ်ချို့က သူမအား ညီငယ်လေးတစ်ယောက်လိုမျိုး ဆက်ဆံလာခဲ့ကြပါတယ်။ တစ်ချို့ကတော့ သူမအား လေးစားမှုမရှိခဲ့ပဲ မသိကျိုးကျွံပြုကြဆဲပေါ့လေ။

လိုက်နာရမယ့် တူလန်းရဲ့အမိန့်ရှိပေမယ့် ဒီကြေးစားတွေဟာ သူတို့ခံယူချက်နဲ့သူတို့ရှိကြပါတယ်။ သူတို့တွေဟာ ဒူးမထောက်လက်မမြှောက်တဲ့ သူရဲကောင်းတွေဖြစ်လို့ ဝန်ထုပ်ဝန်ပိုးတစ်ယောက်အတွက် မကျေနပ်ကြဘူးဆိုသော်လည်း ကလေးတစ်ယောက်အပေါ်မှာတော့ အနိုင်ကျင့်လိုစိတ်မရှိကြပါဘူး။ ရှန်ယန်ရှောင်ရှိနေတာက ဂွကျတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ကတော့ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်ပါသေးတယ်။

ဒီကောင်လေးက ငါတို့ခေါင်းဆောင်ခေါ်လာတဲ့လူဖြစ်လို့ တစ်ခြားကြေးစားတွေ အနိုင်ကျင့်မှာကို ငါတို့က ဘာလို့ခွင့်ပြုရမှာလဲ...

ဒါကြောင့်လည်း ခရီးစဉ်တစ်လျှောက်လုံးမှာ ဒီဂူဝံပုလွေအဖွဲ့သားတွေရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ရှန်ယန်ရှောင်ရရှိခဲ့ပါတယ်။ ငယ်ရွယ်တဲ့အဖွဲ့သားတွေက သူမအား သူတို့ရဲ့ညီငယ်ရင်းခြာတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့ကြပြီး အသက်ပိုကြီးတဲ့အဖွဲ့သားတွေကတော့ သူမအား ပွင့်လင်းစွာ စောင့်ရှောက်ပေးခဲ့ကာ သူမရဲ့ တစ်ကယ့်ဦးလေးဦးကြီးတွေအတိုင်းပါပဲ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၆၀)

အခြေအနေဖြစ်တည်နေမှုကြောင့် ရှန်ယန်ရှောင်ဟာ သူမရဲ့ အတိတ်ဘဝက အဖွဲ့သားတွေအကြောင်း အောက်မေ့သွားခဲ့သည်။

သူမရဲ့ အရင်ဘဝကအဖွဲ့မှာ အသက်ငယ်သူရောကြီးရင့်သူရော ပါဝင်နေခဲ့ပြီး သူမကတော့ အငယ်ဆုံးဖြစ်ပါတယ်။ သူမ အဖွဲ့ကိုရောက်ရောက်ခြင်းမှာ ရရှိခဲ့တဲ့အထင်အမြင်သေးမှုတွေက မနည်းလှပါဘူး။ ဒါကိုတောင်မှ သူတို့အများစုဟာ စကားနည်းနည်းလောက်ပဲ ရေရွတ်ပြောဆိုခဲ့ကြပြီးတော့ သူမ အန္တရာယ်နဲ့ရင်ဆိုင်တွေ့ချိန်တိုင်းမှာ သူမအား ချက်ခြင်းကယ်ဆယ်ပေးခဲ့ကြပါတယ်။

အဲ့တုန်းကတော့ သူမဟာ အသန်မာဆုံးမဟုတ်သေးလို့ စစ်ဆင်ရေးတစ်ခုလုပ်တိုင်း ပြဿနာတစ်ချို့နဲ့ ကြုံတွေ့လေ့ရှိပါတယ်။ အကျပ်အတည်းဖြစ်ချိန်တိုင်းမှာ ပုန်းအောင်းနေကြတဲ့ အဖွဲ့သားတစ်ယောက်က ပေါ်ပေါ်လာပြီး ပြဿနာကိုဖြေရှင်းပေးသွားကြပါတယ်။

နောက်ပိုင်းမှာ သူမ သိရှိခဲ့ရတာကတော့ ဒီလူတွေဟာ အဖွဲ့အစည်းရဲ့ လေ့ကျင့်ပေးမှုကို ခံထားကြရပေမယ့် အဖွဲ့တစ်ဖွဲ့တည်းသားချင်းတွေမှာ နက်ရှိုင်းစွာခင်မင်ကြသော မိတ်ဆွေစိတ်ကို တစ်ဦးနဲ့တစ်ဦးထားရှိကြတဲ့အချက်ပါ။ ရှန်ယန်ရှောင်ကို အစကနဦးပိုင်းတုန်းက လက်မခံခဲ့ရခြင်းကတော့ ဒီလိုငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် အန္တရာယ်တွေရင်ဆိုင်ကြုံတွေ့မှာကို မမြင်ရက်ကြလို့ဖြစ်ပါတယ်။

သူမရဲ့အစွမ်းအစထက်မြက်လာပြီး ကမ္ဘာ့အဆင့်တစ်သူခိုးဘွဲ့ကို ရရှိတော့မှသာလျှင် အဖွဲ့အစည်းက သူမအား အဖွဲ့ထဲကနေထွက်စေပြီး တစ်ဦးတည်းသာလှုပ်ရှားစေခဲ့ပါတယ်။

သို့သော်လည်း အဖွဲ့ထဲမှာ ရှိခဲ့တဲ့အချိန်တွေဟာ သူမရဲ့ စိတ်ထဲမှာတော့ အမြဲအမှတ်ရစွာတည်ရှိနေမှာဖြစ်ပါတယ်။

အခုအချိန်မှာ ကုန်ဆုံးခဲ့တဲ့ဆယ်ရက်အတွင်း ဂူဝံပုလွေအဖွဲ့သားတွေနဲ့ အတူရှိနေခြင်းက အရင်ဘဝက ရင်းနှီးတဲ့ခံစားမှုမျိုးကို သူမခံစားမိပါတယ်။ သူမဟာ လူကြီးတွေနဲ့အစ်ကိုကြီးတွေက စောင့်ရှောက်ကာကွယ်ပေးချင်နေတဲ့ ညီမထွေးလေးဖြစ်နေသလိုပါပဲ။

ဒီစိတ်ခံစားချက်ကြောင့် ရှန်ယန်ရှောင် အချိန်အတန်ကြာအောင် စိတ်ပျံ့လွင့်ခဲ့ရပါတယ်။ မကြာခင်အချိန်အတွင်းမှာပဲ သူတို့တွေဟာ အန္တရာယ်တွေကို ရင်ဆိုင်ကြုံတွေ့ရတော့မှာဖြစ်ပြီး ဒီရိုးသားလှတဲ့ ကြေးစားတွေကို သူမ ဘယ်လိုအသိပေးရမလဲ မသိဖြစ်နေပါတယ်။

တစ်ခြားကြေးစားအဖွဲ့တွေက ဘယ်လောက်တောင်သည်းမခံနိုင်စရာကောင်းမှန်း တွေ့မြင်လိုက်ပြီးနောက် ရှန်ယန်ရှောင် စိတ်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါသည်။ အရင်ကတော့ သူမဟာ ဂူဝံပုလွေအဖွဲ့ရဲ့ သြဇာကြောင့် တစ်ခြားကြေးစားအဖွဲ့တွေဟာ သူတို့အဖွဲ့နဲ့ပူးပေါင်းလာမယ်ဆိုရင် ရှင်သန်ဖို့အခွင့်အရေးတစ်ခုတော့ ရှိဦးမယ်လို့ထင်ခဲ့ပါတယ်။ ဒါပေမယ့် ကူလောင်တောင်ရှေ့မှာ ရပ်နေရရုံနဲ့တင် သည်းခြေပျက်မတတ်ကြောက်ရွံ့နေကြတဲ့ သုံးစားမရသော ကြေးစားတွေကိုတွေ့လိုက်ရတော့ ဒီကောင်တွေဟာ ဂူဝံပုလွေအဖွဲ့နဲ့အတူ လက်တွဲတိုက်ခိုက်ဖို့ အရည်အချင်းမမီဘူးလို့ သူမ ပြောနိုင်ပါတယ်။

ရှန်ယန်ရှောင်ဘေးမှာ ရပ်နေတဲ့သူက ဂူဝံပုလွေအဖွဲ့ရဲ့ လူငယ်အဖွဲ့သားတစ်ယောက်ဖြစ်သည်။ ရှန်ယန်ရှောင် မျက်မှောင်ကြုတ်ထားတာကို မြင်လိုက်ရလို့ သူက တိုးတိုးလေးကပ်ပြောလိုက်ပါတယ်။

"ဟောင်လေး မကြောက်နဲ့နော်။ ငါတို့တွေ အန္တရာယ်နဲ့ရင်ဆိုင်ရပြီဆိုရင် တစ်ခြားညီအစ်ကိုတွေကလည်း မင်းကို သေချာပေါက်စောင့်ရှောင်ပေးမှာပါ။ နောက်ပြီးတော့လည်း မင်းကိုကာကွယ်ပေးဖို့အတွက် ကြမ်းကြုတ်ဝံပုလွေက မင်းအနားမှာရှိနေဦးမှာပါကွ"

ကြေးစားဟာ အသက်၁၈ ၁၉လောက်သာရှိသေးတာဖြစ်ပြီး သူ့စွမ်းအားက အခုမှ အငယ်တန်းပညာရှင်အဆင့်သာဖြစ်ပေမယ့် ကူလောင်တောင်ရဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူ အရင်ဆုံးတွေးမိခဲ့တာက သူအခုမှ သိကျွမ်းတဲ့ ညီငယ်လေးကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာပါပဲ။

သူတို့ဟာ ဒီကောင်လေးကို အစပိုင်းတုန်းက မမြင်မတွေ့ချင်ခဲ့ကြပေမယ့် ဒီကောင်လေးက ကလေးတစ်ယောက်လိုမျိုး ကလေးဆန်ဆန်နဲ့ လုပ်ချင်ရာလုပ်သူမဟုတ်ခဲ့ဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ နေထိုင်ခဲ့ပါတယ်။ ဒီအဖြစ်ကြောင့် ကြေးစားတွေဟာ ဒီသေးကွေးပြီး လေတိုက်ရင်လဲနိုင်တဲ့ ချာတိတ်လေးအပေါ်မှာ ချစ်ခင်လာခဲ့ကြမိပြီးတော့ သူတို့ရဲ့သားချင်းငယ်တစ်ယောက်လိုမျိုး ဂရုစိုက်စောင့်ရှောက်ပေးခဲ့ကြပါတယ်။

ကြေးစားတစ်ယောက်ဖြစ်ရတာဟာ ဓားသွားပေါ်လမ်းလျှောက်နေရသလိုမျိုး အချိန်မရွေး အသက်ဆုံးနိုင်ပါတယ်နော်။ ဒီကြေးစားတွေဟာ မိသားစု သို့မဟုတ် မိတ်တွေအပေါင်းအသင်းမရှိတာများပါတယ်။ အသက်သုံးဆယ်အရွယ်မှာတောင် အိမ်ထောင်မပြုရသေးတာက သူတို့အတွက် ဖြစ်လေ့ဖြစ်ထအကြောင်းအရာတစ်ခုပါပဲ။ ဂူဝံပုလွေအဖွဲ့သားဖြစ်လာတာနဲ့ မိသားစုတည်ဆောက်ဖို့ကို သူတို့တွေ စွန့်လွှတ်လိုက်ပြီဖြစ်ကာ သူတို့သေသွားချိန်မှာ သူတို့တွေရဲ့ ဇနီးမယားတွေ မုဆိုးမမဖြစ်စေဖို့အတွက်ပါပဲ။

ဒါ့အပြင် ဒီကြေးစားတွေဟာ တစ်နှစ်မှာ ဆယ့်တစ်လလောက် အလုပ်လုပ်နေရတာဖြစ်လို့ သူတို့မိသားစုတွေအတွက်လည်း အချိန်မပေးနိုင်ကြပါဘူး။ တစ်ခြားလူတွေကို ဒီထဲဆွဲသွင်းမယ့်အစား သူတို့ကိုယ်သူတို့သာ ကောင်းကောင်းစောင့်ရှောက်ပေးပြီးတော့ သူတို့ရဲ့ညီအစ်ကိုတွေနဲ့ပဲ အချိန်ဖြုန်းတော့မှာပေါ့။

ဒီကြေးစားတွေဟာ ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ ဒီကောင်လေးအပေါ်မှာ သနားပြီး အကြင်နာပိုခဲ့ရပါတော့တယ်။

All Chapters