← Chapters

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၇၀)

စခန်းအပြင်ကိုရောက်တာနဲ့ လူတစ်ဖွဲ့ကို သူမ မမျှော်လင့်ဘဲ တွေ့လိုက်ရပါတယ်။

အဲ့လူတွေဟာ အမည်းရောင်မြို့က ကြေးစားအဖွဲ့တစ်ဖွဲ့ကလူတွေဖြစ်ပါတယ်။ သူတို့ပုံစံတွေအရ ငွေပိုရရန်အတွက် ခိုးထွက်ကြမယ့်ပုံပေါ်ပါတယ်။

လူဆယ်ယောက်က ရှန်ယန်ရှောင်ကို တွေ့လိုက်ချိန်မှာ ခနကြောင်သွားပါတယ်။ လူမိမှာစိုးတာကြောင့် သူတို့တွေက အလွန်တိတ်ဆိတ်စွာ ခိုးထွက်လာကြတာဖြစ်ပြီး စခန်းကနေ ထွက်ကာစမှာပဲ ကလေးတစ်ယောက်နဲ့ ဒီလိုတွေ့လိမ့်မယ်လို့ မထင်ထားခဲ့မိကြပါဘူး။

ဂူဝံပုလွေအဖွဲ့ထဲမှာ ပုံမှန်မဟုတ်ဘဲ ပါလာတဲ့ သူမကို မသိတဲ့သူတစ်ယောက်မှ မရှိကြပါဘူး။

သူမအကြောင်းကို လူတွေပြောဆိုနေတဲ့ အကြောင်းအရာအများစုကတော့ ကြက်တစ်ကောင်တောင် မသတ်နိုင်တဲ့ ကလေးတစ်ယောက်ကို တူလန်းက ဘယ်လိုကြောင့် ခေါ်လာခဲ့လဲဆိုတာဖြစ်သည်။ ဂူဝံပုလွေအဖွဲ့ရဲ့နာမည်ကြောင့်သာမဟုတ်ရင် ဒီကောင်ကလေးကို သူတို့တွေ မျက်စတောင်ပစ်မိမှာမဟုတ်ပါဘူး။

ဒါပေမယ့်လည်း ဒီကောင်လေးနဲ့ ဒီအချိန်မှာ လာတွေ့နေပါတယ်။

"ဒီကလေးကလည်း အိပ်နေရမယ့်ဟာကို လျှောက်သွားနေသေးတယ်"လို့ လူတစ်ယောက်က ရေရွတ်ပြောဆိုလိုက်သည်။

သူတို့တွေ လူမသိသူမသိအောင် ခိုးထွက်နိုင်ပြီလို့ထင်ထားပေမယ့် ဒီကောင်လေးက သူတို့ကို တွေ့သွားပြီလေ။

ကြေးစားအတောများများက လစ်ထွက်သွားပြီးပြီဆိုပေမယ့် အဲ့လူတွေကို အလုပ်ရှင်တွေ တွေ့မြင်ခဲ့တာကြောင့် သူတို့တွေ ရရှိမယ့်ဆုကြေးငွေ လျော့နည်းသွားမှာဖြစ်သည်။

ဒီအတွက်ကြောင့် ညမှာသာလစ်ထွက်ဖို့ သူတို့တွေ ကြံစည်ထားခဲ့ကြတာဖြစ်သည်။ ဒါပေမယ့် သူတို့ရဲ့ အစီအစဉ်က ကျရှုံးသွားပုံပါပဲ။

"လခွမ်းတဲ့မှပဲ မနက်ဖြန်မနက်ရောက်ရင် ဒီကလေး ပေါက်ကရတွေ လျှောက်မပြောမှ ပိုကောင်းမယ်။ အလုပ်ရှင်တွေကသာ ငါတို့အကြောင်းကို သိသွားခဲ့ရင် ဆုကြေးငွေကို လျှော့ချမှာဖြစ်လို့ ခေါင်းဆောင်က ငါတို့ကိုကြိတ်လိမ့်မယ်ကွ"

လူဆယ်ဦးက ရှန်ယန်ရှောင်ကို ရန်လိုစွာကြည့်လိုက်ကြသည်။ ဂူဝံပုလွေအဖွဲ့ကိုသာ သူတို့တွေ မကြောက်ကြရင် ဒီကလေးက သူတို့အတွက်ဘောင်မဝင်ပါဘူး။ ကောင်လေးရဲ့ ငယ်ရွယ်မှုကိုမြင်ပြီးတော့ လူတစ်ချို့မှာ အတွေးတွေပေါ်ထွက်လာခဲ့ပါသည်။

အရပ်ရှည်ရှည်နဲ့လူတစ်ယောက်က ရှန်ယန်ရှောင်အား ဝင်းတောက်စွာကြည့်လိုက်ပြီး သူ့လက်ထဲက သံမဏိဓားအား တစ်ဆဆလုပ်ကာ ပြောလိုက်ပါတယ်။

"ချာတိတ် ငါ့ကိုကတိပေးစမ်း။ ဒီနေ့ညမှာ မင်းဘာမှမတွေ့ခဲ့ဘူးနော် အေး မနက်ဖြန် စကားတစ်လုံးဟရဲရင် ဒီဖိုးဖိုးကြီးငါက ငါ့ဓားအစွမ်းကို မင်းကိုမြည်းစမ်းခိုင်းလိုက်မှာနော်"

ရှန်ယန်ရှောင် မျက်တောင်ခတ်လိုက်သည်။ သေမှာမကြောက်သူတွေကို သူမ မြင်တွေ့ခဲ့ဖူးပါပြီ ဒါပေမယ့် ဒီလောက်သေချင်နေသူမျိုးကိုတော့ သူမ မတွေ့ဖူးသေးပါဘူး။ ငါ့ကိုတောင် ဒီကောင်တွေက လာခြိမ်းခြောက်ရဲနေပါလား။

ဒီငတုံးကောင်တွေရဲ့ ကိစ္စကြားမှာ သူမ ဝင်ရှုပ်ဖို့စိတ်ကူးမရှိပေမယ့် သူတို့က တုံးအလွန်းစွာနဲ့ သူမကို အရင်ရန်လာစနေပါတယ်။

"မင်းတို့တွေ ဘာလုပ်လုပ် ငါ စိတ်မဝင်စားဘူး ဒါပေမယ့် မဟုတ်တရုတ်စကားတစ်လုံး ထပ်ထွက်ရဲထွက်ကြည့် မင်းတို့အကုန်လုံး မြေပေါ်မှောက်သွားအောင် ငါလုပ်ဖို့ဝန်လေးနေမှာမဟုတ်ဘူး"

ဖိုးဖိုးလေး သူမက နတ်ဆိုးတွေကို သွားကြည့်မလို့ဟာကို ဒီငတုံးတွေက အချိန်နှောင့်နှေးအောင် မလုပ်တာပိုကောင်းပါတယ်။

အသက်၁၃နှစ်သားလေးက သူတို့လို လူစွာကြီးတွေကို ပြန်ခြိမ်းခြောက်မယ်လို့ ထင်မထားခဲ့တာကြောင့် အားလုံးနီးပါး မျက်လုံးတွေပြူးသွားခဲ့ပါသည်။

"ချာတိတ် ဂူဝံပုလွေအဖွဲ့အားကိုးရှိတယ်ဆိုပြီး ဖင်မယားနဲ့နော်။ ငါပြောလိုက်မယ် အခုမင်းကို ငါသတ်လိုက်ရင်တောင် ဘယ်သူသတ်မှန်း တူလန်းသိမှာမဟုတ်ဘူးကွ"

နောက်တစ်လူက ရက်စက်မယ့်မျက်နှာထားနဲ့ ပြောလိုက်သည်။

အပိုစကားတွေကို ရှန်ယန်ရှောင် မပြောတော့ဘဲ သူမလက်စွပ်ထဲကနေပြီး မသုံးတာကြာပြီဖြစ်သော ခရမ်းရောင်မြို့စားအား ထုတ်ယူလိုက်ပါသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လေးမှာ မြားဆယ်စင်းတပ်ပြီးဖြစ်သွားပါတယ်။ လေးညှို့ကို ရုတ်ချည်းဆွဲလိုက်ပြီး ဆယ်စင်းလုံးကိုတစ်ပြိုင်တည်း ပစ်လွှတ်လိုက်ပါသည်။ အလွန်ပြင်းထန်တဲ့အားတစ်ခုက သူတို့ကိုလာထိချိန်ထိ ဘာဖြစ်နေမှန်းကို သူတို့တွေသဘောမပေါက်ကြသေးပါဘူး။ ကြိုးပြတ်စွန်ကဲ့သို့ သူတို့တွေဟာ သစ်ပင်ပင်စည်တွေဆီလွင့်ထွက်သွားကာ တိုက်မိသွားခဲ့ကြသည်။

တန်.တန်.တန်.တန်...

တိုပြတ်သောအသံတွေ ပဲ့တင်ထပ်သွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ စောင့်ကြွားကြွားကြေးစားဆယ်ဦးလုံး သူတို့နောက်မှာရှိနေခဲ့တဲ့ သစ်ပင်တွေမှာ မြားတွေနဲ့ချိတ်ဆွဲခံလိုက်ရပါတယ်။ မြားတစ်စင်းစီက သူတို့တွေရဲ့ ပုခုံးတွေကိုထိုးဖောက်ပြီး သစ်ပင်မှာစိုက်ဝင်နေခဲ့ပါတော့သည်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၇၁)

လူဆယ်ဦးဟာ ခြောက်ခြားသွားခဲ့ပါတယ်။ သူတို့တွေရဲ့ ပုခုံးတွေက အလွန်နာကျင်နေခဲ့ပါတယ်။ အော်ဟစ်မြည်တန်းရန်အလုပ်မှာပဲ ရှန်ယန်ရှောင်က နောက်ထပ်မြားတွေတပ်ဆင်လိုက်ပြီး ကြေးစားတွေအား ချိန်ရွယ်လိုက်ပါသည်။

"နောက်ထပ်အသံတစ်သံထွက်ရဲရင် မင်းတို့ခေါင်းတွေကို သစ်ပင်မှာစိုက်နေအောင် ငါလုပ်လိုက်မယ်"

မင်းတို့က နတ်ပြည်တက်မယ့်လမ်းကိုမရွေးကြဘဲ ငရဲကျမယ့်လမ်းကိုမှ ကိုယ်တိုင်ဖောက်ချင်ကြတာကိုး။ ဒီငတုံးအဖွဲ့က နတ်ဆိုးတွေကိုတွေ့မြင်ရမယ့်ဟာကို နှောင့်နှေးစေခဲ့တဲ့အပြင် ငါ့ကိုတောင် ခြိမ်းခြောက်ရဲလိုက်သေးတယ်ပေါ့။ မင်းတို့တွေက သေတွင်းတူးနေကြတာပဲ။

ကြေးစားတစ်ချို့ဟာ သူတို့မြင်တွေ့နေရတဲ့မြင်ကွင်းကြောင့် ကြောက်ရွံ့တုန်လှုပ်ကာ ကြောင်ကြောင်ကြီးဖြစ်သွားကြပါသည်။ ကြည့်လိုက်ရင် ပျော့တော့တော့နဲ့ အားအင်မရှိတဲ့ကောင်ကလေးက လက်ဖျားခါစရာလေးသည်တော်တစ်ဦး ဖြစ်နေမယ်လို့ သူတို့တွေ တွေးကြည့်လို့မရဖြစ်နေပါတယ်။ လေးတစ်စင်းနဲ့မြားဆယ်စင်းတဲ့ ဒီကောင်လေးက လူမဖြစ်နိုင်ဘူး။

လျှပ်တစ်ပြက်အတွင်းမှာပဲ လူဆယ်ယောက်လုံး သစ်ပင်မှာစိုက်ဝင်ချိတ်ဆွဲခံလိုက်ရပြီး တုံ့ပြန်ချိန်တောင်မရလိုက်ပါဘူး။

ရှန်ယန်ရှောင်လက်ထဲက လေးနဲ့မြားကိုကြည့်လိုက်ပြီး ထိုလူတွေ ငိုချင်စိတ်ပေါက်သွားခဲ့ပါသည်။

ဘာလို့များ မြွေပွေးကိုမှ သူတို့တွေ ရန်စမိရတာလဲ။ ဒီချာတိတ်လေးက တော်တော်လေးကို ရက်စက်လွန်းပါတယ်။ လူဆယ်ယောက်ကို မြားနဲ့ပစ်လိုက်ချိန်မှာ မျက်တောင်တောင်မခတ်ခဲ့ပါဘူး။ သူ့ရဲ့ သေးငယ်ပြီး မထင်ရှားတဲ့မျက်နှာပေါ်မှာလည်း ဘာခံစားချက်မှမပြခဲ့ပါဘူး။ အဆိုပါ တည်ငြိမ်မှုက လူဆယ်ယောက်ကို သွေးခဲမတတ်ဖြစ်စေခဲ့ပါတယ်။

သူတို့တွေ ဘာတစ်လုံးမှ မပြောရဲတော့ပါ။ အကြောက်လွန်ပြီး သေမသွားခဲ့တာကိုက သူတို့အတွက် တော်တော်လေးကောင်းနေပါပြီ။

ဒီချာတိတ်လေးက မိစ္ဆာလေးပဲ။

လူဆယ်ယောက်လုံး ကိုယ့်ပါးစပ်ကိုနာကျည်းစွာ ရိုက်ချင်စိတ်ဖြစ်သွားခဲ့သည်။ တစ်ဖက်သားက အနိုင်ကျင့်လို့ရမယ့် သာမန်ကလေးတစ်ယောက်လို့ သူတို့ထင်ခဲ့တာကြောင့် ခြိမ်းခြောက်ခဲ့မိပါတယ်။ ဒါပေမယ့် ကောင်လေးက မြားဆယ်စင်နဲ့ပဲ တုံ့ပြန်ခဲ့မယ်လို့ ဘယ်သူထင်မိမှာလဲ ဘယ်လောက်ကွာလိုက်သလဲကွာ။

အခုမှာတော့ သူတို့ကို သတ္တိအဆတစ်ရာတိုးပေးရင်တောင် ရှန်ယန်ရှောင်ရဲ့အမိန့်ကို သူတို့တွေ မလွန်ဆန်ရဲတော့ပါ။ ကိုယ့်နဖူးမှာ မြားစိုက်ဝင်မှာကို ဘယ်သူမှမလိုချင်ကြပါဘူး။

ကြေးစားတွေပါးစပ်ပိတ်ထားတာကို ကြည့်လိုက်ပြီးတော့ ရှန်ယန်ရှောင် ကျေနပ်သွားပါသည်။ ချက်ခြင်းပဲ ခရမ်းရောင်မြို့စားအား လက်စွပ်ထဲသို့ပြန်ထည့်လိုက်ပြီးနောက် နောက်သို့ပြန်လှည့်မကြည့်တော့ဘဲ တောနက်ထဲသို့ ဦးတည်ဝင်ရောက်လိုက်ပါတော့တယ်။

သူမဟာ ဟောင်ရှောင်ဖြစ်ပြီး နောက်ကြောင်းရာဇဝင်ကို ဘယ်သူမှ မသိတာကြောင့် သူမရဲ့ စွမ်းအားကို လျှို့ဝှက်ထားဖို့ မလိုပါဘူး။ အဲ့ငတုံးဆယ်ကောင်ကတော့ ကံဆိုးတာလို့ပဲ ပြောရမှာဖြစ်သည်။ ဘာကိုမှ အစွမ်းထိန်ချန်ထားစရာမလိုဘဲ နောက်တွန့်စရာမလိုသော အခြေအနေမှာ ရှန်ယန်ရှောင်နဲ့ တွေ့ဆုံခဲ့ခြင်းက ကျောက်တောင်ကိုပေါက်မိတဲ့ ကြက်ဥတွေကဲ့သို့ ဖြစ်ခဲ့ရပါတယ်။

ထွက်ခွာသွားတဲ့ ရှန်ယန်ရှောင်ကို ကြည့်နေကြသော လူဆယ်ဦးဟာ အံ့သြစရာကတော့ ဘယ်သူမှ အသံမထွက်ရဲကြတာဖြစ်သည်။

အဆိုပါချာတိတ်လေးက လူတွေကို တစ်ကယ်ကြောက်အောင်လုပ်နိုင်ခဲ့ပါတယ်။ သူက ဘာညှာတာမှုမှမရှိဘဲ ကိုင်တွယ်တာဖြစ်သည်။ သူ့လက်မှာ လေးကိုကိုင်စွဲတာနဲ့ တစ်ယောက်ကတော့ သွေးထွက်သံယိုဖြစ်ရပါလိမ့်မယ်။

အခုလိုစွမ်းအားမျိုးက လူတွေကို ဆံပင်တွေထောင်ထအောင် လုပ်နိုင်ပါတယ်။ ဒီဆယ်ယောက်ရဲ့အစွမ်းက အထက်ကြီးမဟုတ်ပေမယ့် အနည်းဆုံးတော့ သူတို့ကို တော်တယ်လို့သတ်မှတ်လို့ရပါတယ်။ သို့သော် ဒီလိုချာတိတ်လေးတစ်ယောက်က အခြေအနေကို ပြောင်းပြန်လုပ်ပစ်ခဲ့ပါတယ်။

ဒီအချိန်မှာ သူတို့တွေ တစ်ကယ့်ကို ကြောက်နေခဲ့ကြပါတယ်။

တူလန်းရဲ့အစွမ်းကို လူတွေသိပြီးဖြစ်လို့ သူဟာ အန္တရာယ်မဟုတ်ပါဘူး။ အန္တရာယ်ဆိုတာ အဲ့ဒီလိုမျိုး ကြည့်လိုက်ရင် အစွယ်မရှိဟန်ပေါက်ပြီး တစ်ကယ်တန်းမှာတော့ အဆိပ်ပြင်းတဲ့သူမျိုးဖြစ်ပါသည်။ မမျှော်လင့်ထားတဲ့ အစွမ်းအစရှိနေသူမျိုးကသာ လူတွေကို တုန်လှုပ်ခြောက်ခြားအောင် လုပ်နိုင်ပါတယ်။

ငတုံးဆယ်ကောင်နဲ့ ကိစ္စအပြီးမှာ ရှန်ယန်ရှောင်တစ်ယောက် ကူလောင်တောင်ရဲ့ ပိုနက်ရှိုင်းတဲ့အပိုင်းကို သွားနေတာဖြစ်ပါတယ်။ သူမ စခန်းကနေအတော်လှမ်းလှမ်းကို ရောက်တဲ့အခါမှာ တောထဲမှာ ပုံမှန်မဟုတ်တာကို သူမတွေ့ခဲ့ရပါတော့သည်။

ညကန့်လန့်ကာအောက်မှာ ကူလောင်တောင်ရဲ့ တိတ်ဆိတ်မှုက အသည်းငယ်စရာကောင်းလှပါသည်။ ထူထပ်သောတောအုပ်ကို ဖြတ်သန်းလျက် သွေးနံ့အဲ့အဲ့က ပျံ့လွင့်နေသည်။

ရှန်ယန်ရှောင် မျက်စိမှေးလိုက်သည်။ ဒီနေရာမှာ သွေးတွေကျရောက်ခဲ့မှာဖြစ်ပြီး ဒီသွေးတွေဟာ စခန်းကနေခိုးထွက်သွားကြတဲ့ ကြေးစားတွေဆီကဆိုတာ သူမ ရာနှုန်းပြည့်သေချာပါတယ်။

သွေးနံ့နဲ့အတူ ထူးခြားသော အနံ့အသက်ကိုလည်း သူမရလိုက်သည်။ ဒီအနံ့က အလွန်ပါးလျပြီး ကူလောင်တောင်ကို သူမတို့ ဝင်ရောက်ကာစက ရခဲ့တဲ့အနံ့နဲ့ဆင်တူပါတယ်။

"ဒါ နတ်ဆိုးတစ်ကောင်ပဲ"

ရှန်ယန်ရှောင်ရဲ့ နှုတ်ခမ်းထောင့်စွန်းက ရက်စက်သောအပြုံးတစ်ခုအဖြစ် ဖြစ်ပေါ်သွားခဲ့သည်။ ကြည့်ရတာတော့ ဒီနေရာကိုရောက်ခဲ့တဲ့ ကြေးစားတွေဟာ ကံဆိုးသွားပုံပါပဲ။ သူတို့ရင်ဆိုင်လိုက်ရတာက မှော်သားရဲတွေမဟုတ်ဘဲ နတ်ဆိုးတွေဖြစ်နေခဲ့ပါတယ်။

နောက်ပြီး ရရှိနေတဲ့သွေးနံ့တွေအရ ထိခိုက်ဒဏ်ရာရခဲ့သူတွေဟာ နတ်ဆိုးတွေမဟုတ်ဘဲ ကြေးစားတွေဖြစ်ပုံပါပဲ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၇၂)

သွေးနံ့ထွက်လာရာ တောနက်တွင်းသို့ ရှန်ယန်ရှောင် တိတ်တဆိတ်လျှောက်လှမ်းသွားခဲ့သည်။ ဒီအချိန်မှာတော့ သတိထားတဲ့အနေနဲ့ လရောင်ဆွဲကြိုးကို သူမလည်ပင်းမှာ ဆွဲထားပါသည်။ ထို့နောက် အနီးမှာရှိသော သစ်ပင်ရဲ့သစ်ကိုင်းပေါ်သို့ ခုန်တက်လိုက်ပြီး တစ်ကိုင်းပြီးတစ်ကိုင်း ခုန်ကူးကာ လျှင်မြန်သွက်လက်စွာ ရှေ့ကိုဆက်သွားလိုက်ပါသည်။

သွေးနံ့က လမ်းတစ်လျှောက်မှာ ပိုပိုပြင်းလာခဲ့သည်။ အောက်ကမြက်ခင်းပေါ်မှာ သွေးစွန်းနေတဲ့သစ်ရွက်တစ်ချို့မှာ သွေးစသွေးနေတွေ မခြောက်သေးတာကို သူမ သတိပြုမိခဲ့သည်။

ကြည့်ရတာ တစ်ဖက်အဖွဲ့က အခုမှထွက်သွားပုံပါပဲ။

အော်ဟစ်သံတစ်သံက တောထဲကနေထွက်လာပါတယ်။ ရှန်ယန်ရှောင်က ရှေ့သို့ခုန်သွားလိုက်ပြီး အသံထွက်ရာဆီကို ကြည့်လိုက်ပါတယ်။

ညကာလ ကူလောင်တောင်ဟာ အလွန်ခြောက်ခြားစရာကောင်းလှပြီး လေထဲကရနေတဲ့ သွေးနံ့ကြောင့် ပိုမိုတုန်လှုပ် ကြောက်ရွံ့ဖွယ်ဖြစ်အောင် ဖန်တီးနေပါသည်။

ခြုံနွယ်တွေသစ်ပင်တွေနဲ့ ဝန်းရံထားသော မြေကွက်လပ်တစ်ခုမှာ အနက်ရောင်အရိပ်ဆယ်ခုကျော်ဟာ မြေပေါ်မှာဝပ်နေကြပါတယ်။ သူတို့တွေဟာ စက်ဝိုင်းသဏ္ဍာန်နေရာယူထားပြီး အနည်းငယ်လှုပ်နေတဲ့ ပုခုံးတွေအရ သူတို့တွေ တစ်ခုခုလုပ်နေပုံပေါ်ပါတယ်။

ရှန်ယန်ရှောင်က ပေသုံးဆယ်အကွာက သစ်ပင်ပေါ်မှာ ရပ်နေတာဖြစ်သည်။ သူမက မျက်လုံးကို ကျဉ်းလိုက်ကာ အရိပ်တွေကို သေချာကြည့်လိုက်ပါတယ်။ ဂျိုးဂျိုးဂျွတ်ဂျွတ်အသံတွေက အဆိုပါအရိပ်တွေဆီကနေ ထွက်ပေါ်နေပြီး သွေးနံ့ကလည်း မွှန်ထူနေပါတယ်။

လရောင်က ထူထပ်နေသော သစ်ရွက်တွေကြားကနေ ကျဆင်းနေခဲ့တာဖြစ်လို့ သစ်ရွက်ကြားကနေထွက်လာတဲ့ လရောင်လေးက ထူးဆန်းသောအရိပ်တွေကို သူတို့ရဲ့ကြားက သွေးရောင်တွေနဲ့အတူ မပီဝိုးတဝါးအလင်းပေးနေခဲ့ပါတယ်။

အဆိုပါအရိပ်ပိုင်ရှင်တွေဟာ လူသားတွေမဟုတ်ပါဘူး။ ထူးဆန်းတဲ့ပုံသဏ္ဍာန်အဖြစ် ကွေးနေတဲ့ သူတို့ရဲ့ကျောပေါ်က ကျောရိုးဟာ ဘာနဲ့မှဖုံးကွယ်ဝတ်ဆင်ထားခြင်းမရှိပါဘူး။ နောက်ပြီး သူတို့ရဲ့ နက်မှောင်တဲ့အသားအရည်ပေါ်မှာ အကြေးခွံတွေရှိနေပြီး ကြည့်ရတာ အလွန်ထူးခြားကွဲပြားနေပါတယ်။ သူတို့ရဲ့နောက်ကျောတွေကိုသာ သူမ မြင်နေရတာဖြစ်ပေမယ့် သူတို့တွေဟာ သူမရှာနေတဲ့ နတ်ဆိုးတွေဆိုတာကို သဘောပေါက်ပြီးပါပြီ။

လူတွေပြောကြသလိုပဲ လူတွေနဲ့နတ်ဆိုးတွေကြားမှာ အလွန်ကွဲပြားတာအမှန်ပဲလို့ သူမပြောရပါ့မယ်။ အဆိုပါကားထွက်နေသော ကျောရိုးဆစ်တွေဟာ လူသားတွေမှာမရှိနိုင်တဲ့ အရာဖြစ်ပါတယ်။

အဆိုပါနတ်ဆိုးတွေ ဝိုင်းဖွဲ့နေတဲ့အရာကို တွေ့လိုက်ရတော့ ရှန်ယန်ရှောင်ရဲ့ မျက်လုံးထဲမှာ ပြောင်းလဲမှုနည်းနည်းဖြစ်ပေါ်သွားခဲ့သည်။

ပုံပျက်ပန်းပျက်ဖြစ်နေသော လူငါးယောက်ခြောက်ယောက်ဟာ ဝမ်းဗိုက်တွေပွင့်နေပြီး မြေပေါ်ကို ပစ်ချခံထားရပါတယ်။ သူတို့ရဲ့ကိုယ်တွေအောက်ကနေပြီး နီရဲသောသွေးတွေက မြေပေါ်မှာအိုင်ထွန်းနေခဲ့ပါသည်။ သူတို့ရဲ့ ရင်ဘတ်တွေကို ရက်စက်စွာဖွင့်ထုတ်ထားပြီး ပေါ်ထွက်နေသော ကိုယ်တွင်းကလီစာတွေအား နတ်ဆိုးတွေကနေပြီး ထက်မြက်တဲ့လက်သည်းတွေနဲ့ ဆွဲထုတ်ယူနေကြတာဖြစ်ပါတယ်။ နတ်ဆိုးတွေဟာ ဝါးမစားခင်မှာ တစ်စစီဆွဲဖြဲလိုက်ကြပါတယ်။

ထိုလူတွေရဲ့ အဝတ်အစားတွေကို ကြည့်လိုက်ရင် ခိုးထွက်သွားကြတဲ့ ကြေးစားတွေဆိုတာ သိနိုင်ပါတယ်။ စခန်းကနေထွက်လာတာနဲ့ မှော်သားရဲတွေနဲ့တွေ့မယ့်အစား ဒီကြောက်ရွံ့ဖွယ်နတ်ဆိုးတွေနဲ့ တွေ့မယ်လို့ ဘယ်သူတွေးမိမှာလဲ။

စောစောကထွက်ပေါ်ခဲ့တဲ့ ဂျိုးဂျိုးဂျွတ်ဂျွတ်အသံတွေဟာ သူတို့ရဲ့ အသွေားအသားတွေအား နတ်ဆိုးတွေ ဝါးမြိုရာကနေထွက်လာတဲ့ အသံဖြစ်ပါတယ်။

မသေသေးတဲ့ ကြေးစားတစ်ယောက်တောင် ရှိနေပါသေးတယ်။ သူ့ပါးစပ်ကနေ သွေးတွေအဆက်မပြတ်ထွက်နေပြီး လက်တွေကလည်း တွန့်လိမ်နေပါတယ်။ သူ့ဝမ်းဗိုက်က နတ်ဆိုးတွေရဲ့ ထက်မြက်တဲ့လက်သည်းတွေနဲ့ ဆွဲဖွင့်ခြင်းခံထားရကာ ကလီစာငါးခုနဲ့အူသိမ်အူမခြောက်ခုတို့ဟာ ရိုင်းစိုင်းကြမ်းတမ်းစွာ ဆွဲထုတ်ခြင်းခံနေရပါတယ်။

ဒီသွေးစွန်းသောအဖြစ်အပျက်က အမှောင်ခြုံလွှမ်းတဲ့ ညအခါမှာ ဖြစ်ပေါ်နေပါသည်။

နတ်ဆိုးတွေကို ရှန်ယန်ရှောင် ပထမဆုံးမြင်ဖူးတာဖြစ်ပြီး ဒီနတ်ဆိုးတွေက လူတွေသတ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီအချိန်မှာ သူမရဲ့ မျက်နှာဟာ တစ်မျိုးတစ်ဖုံဖြစ်နေကာ ကြောက်ရွံ့တာမဟုတ်သလို ရွံရှာတာလည်းမဟုတ်ဘဲ ဖော်ပြရခက်တဲ့အမူအယာဖြစ်ပါတယ်။

ဒီအချိန်မှာ သူမနေရာမှာ တစ်ခြားတစ်ယောက်သာဆိုရင် ကြောက်လန့်ပြီး ထွက်ပြေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ရှန်ယန်ရှောင်ကတော့ မလှုပ်မယှက်နဲ့ သစ်ကိုင်းပေါ်မှာပဲ ဆက်ရပ်နေခဲ့ပြီး လူအများစု မကြည့်ရဲသော မြင်ကွင်းကိုကြည့်နေခဲ့ပါတယ်။

"အဲ့ကောင်တွေက နတ်ဆိုးတွေလား ရှူ"လို့ ရှန်ယန်ရှောင်မေးလိုက်သည်။

အဆိုပါနတ်ဆိုးတွေဟာ ကြေးစားတွေရဲ့ခန္ဓာကိုယ်ကို လောဘတကြီး ဝါးမျိုစားသောက်နေပါတယ်။ သူတို့စားသောက်နေပုံက လူထက်စာရင် သားရဲတိရစ္ဆာန်နဲ့ပိုတူပါတယ်။

All Chapters