← Chapters

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၇၆)

လူသားတွေအတွက်ကတော့ နတ်ဆိုးတွေရောက်ရှိလာခြင်းက အိပ်မက်ဆိုးတစ်ခုပါပဲ။ ဒါပေမယ့် လူသားမျိုးနွယ်တွေရဲ့နယ်မြေကို လာခဲ့ခြင်းကရော နတ်ဆိုးတွေအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်မလား။

"အဲ့ဒါဆို မင်းကိုအမှောင်စွမ်းအား ထောက်ပံ့ပေးနိုင်တဲ့ တစ်ခုခုကိုရှာတွေ့ခဲ့ရင်ရော လူသားတွေကိုမစားလို့ရလား"

ရှန်ယန်ရှောင်ခေါင်းထဲမှာ အတွေးတို့ချာချာလည်နေပါသည်။ သူမစိတ်ထဲမှာတွေးနေတာက ဒီလောကမှာ ရန်လိုစိတ်တစ်ခုပဲရှိတဲ့ သတ္တဝါဆိုတာမရှိနိုင်ပါဘူး ထို့အပြင် လူသားတွေနဲ့နတ်ဆိုးတွေရဲ့ ရင်ဆိုင်တိုက်ခိုက်မှုတွေဟာ လူသားနယ်မြေမှာ နတ်ဆိုးတွေစားလို့ရတဲ့ အစားအစာမရှိတဲ့အတွက်ဖြစ်ပါတယ်။ လူသားတွေအနေနဲ့ အမှောင်စွမ်းအားကို ကြီးကြီးမားမား မထောက်ပံ့ပေးနိုင်ပေမယ့် လူသားတွေရဲ့ စိတ်နှလုံးညစ်နွမ်းမှုက နတ်ဆိုးတွေအတွက် ရှင်သန်နေထိုင်ရန်လောက်ကတော့ လုံလောက်မှုရှိနေပါတယ်။

သူတို့ရဲ့ တစ်ကယ့်အစားအစာကို ဖန်တီးပေးနိုင်တဲ့ တစ်ခုခုကိုသာ လူသားကမ္ဘာမှာ သူတို့တွေ့ခဲ့ရင် လူသားတွေနဲ့နတ်ဆိုးတွေ အတူယှဉ်တွဲနေထိုင်လို့ ရနိုင်ခြေရှိပါတယ်။

ရှန်ယန်ရှောင်လက်ထဲမှာ အဲ့လိုအရာတစ်ခုရှိနေပါတယ်။

နတ်ဆိုးဝိဉာည်ပင်၊ မီးတောက်မြက်နဲ့ အရိုးပန်းတို့က အားကောင်းသောအမှောင်အားကို ထုတ်လွှတ်နိုင်ပါတယ်။

အစကတော့ ရှူဟာ သူ့စွမ်းအားတွေ ပြန်ရဖို့အတွက် နတ်ဆိုးတွေကို ဖမ်းဆီးဖို့ကြံရွယ်ထားတာပါ။ သူမသာ ဒီသုံးမျိုးကို ခြောက်လအကြာမှာ ကျင်းပမယ့် ပြိုင်ပွဲမစခင်အချိန်အတွင်း ရရှိခဲ့ပြီး ပြိုင်ပွဲကိုလည်းအနိုင်ရကာ စွန့်ပစ်နယ်မြေထဲမှာ မြို့တစ်ခုရသွားပြီး ဒီအပင်သုံးမျိုးနဲ့ဆိုရင် နတ်ဆိုးပေါင်းများစွာကို ထောက်ပံ့နိုင်မယ့် အမှောင်စွမ်းအားတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒီကိစ္စက ရှူ့အကြံကို ဖြည့်ဆီးပေးနိုင်သလို နတ်ဆိုးတွေတွေ့ကြုံနေရတာကိုလည်း ဖြေရှင်းနိုင်ပါသေးတယ်။ ရှန်ယန်ရှောင်အနေနဲ့ကတော့ ဒီနတ်ဆိုးတွေကို သံကြိုးတွေတုပ်နှောင်ပြီး သူတို့ရဲ့စွမ်းအားတွေကို ရှူကအကုန်အစင်စုပ်ယူမှာကို ထိုင်စောင့်မနေချင်ပါဘူး။

သူတို့အားလုံး အကျိုးတူခံစားရပြီး အကူအညီဖြစ်မယ်ဆိုရင် အကောင်းဆုံးအဖြေဖြစ်သွားမှာပါ။

သို့သော် နတ်ဆိုးတွေအကြောင်းကို သူမ သိပ်မသိသလို ရှူကလည်း ယေဘုယျသဘောလောက်ပဲ သိတာဖြစ်သည်။ အဲ့ဒါကြောင့်လည်း နတ်ဆိုးတွေကို သူမ မြင်တွေ့ချင်ရတာဖြစ်ပြီး ဒါမှသာလျှင် အစီအစဉ်တွေပြုလုပ်နိုင်မှာဖြစ်လို့ပါ။

ဒီနတ်ဆိုးက ဉာဏ်ရည်မြင့်မားရုံသာမက သူမကိုစားသောက်ပစ်ဖို့လည်း အလျင်မလိုနေတာကြောင့် နတ်ဆိုးတွေအကြောင်း နားလည်သိရှိနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်နေပါတယ်။

ဖူတူမျက်ခုံးပင့်လိုက်သည်။ ဒီလိုမေးခွန်းမျိုးမေးတဲ့အတွက် ချာတိတ်လေးကို ရယ်ချင်ပက်ကျိဖြစ်ကာ ကြည့်လိုက်သည်။

"ငါတို့နတ်ဆိုးတွေလိုအပ်တာက နတ်ဆိုးမျိုးနွယ်ရဲ့ အမှောင်စွမ်းအားဖြစ်ပြီး ငါသိသလောက်ဆိုရင်တော့ ဒီအမှောင်စွမ်းအားက လူသားတွေ အကြောက်ဆုံးအရာဖြစ်တယ်။ နည်းနည်းလေးချွတ်ချော်သွားတာနဲ့ နတ်ဆိုးတွေရဲ့ အမှောင်စွမ်းအင်က လူတစ်ဝက်နတ်ဆိုးတစ်ဝက်အဖြစ် ပြောင်းလဲဖြစ်ပေါ်စေနိုင်တယ်လေ။ အမှောင်စွမ်းအင်အရင်းအမြစ်ကို လူသားကမ္ဘာမှာ ရှာတွေ့မယ်ပေါ့လေ။ ဒါက အဓိပ္ပါယ်ရောရှိသလားကွာ"

ရှန်ယန်ရှောင်လည်း ပြန်ပြောလိုက်ပါသည်။

"ရှာမကြည့်ခဲ့ဘဲနဲ့ ရှိမရှိကို မင်း ဘယ်လိုလုပ်သိမှာလဲ။ တစ်နေ့မှာ မင်းကို ရွေးချယ်ဖို့ အခွင့်အရေးတစ်ခုပေးခဲ့ရင် မင်းကို နည်းနည်းလေးပဲ တင်းတိမ်စေတဲ့ လူသားတွေကို ဆက်စားမလား ဒါမှမဟုတ် မင်းကို အဆင့်တွေမြင့်တက်စေနိုင်တဲ့ အမှောင်စွမ်းအင်ကိုပဲ ရွေးမလား"

အမှောင်စွမ်းအင်ဟာ နတ်ဆိုးမျိုးနွယ်နဲ့ နတ်ဆိုးတွေအတွက်တော့ လူသားတွေအဖို့ အတွင်းအားနဲ့ မှော်အားက အရေးကြီးသလိုမျိုး အရေးကြီးပြီး တစ်အားကြီးလေ့ကျင့်နေစရာလည်း မလိုပါဘူး။ သူတို့ရဲ့သဘာဝအရ စွမ်းအားအဆင့်တက်စေဖို့ လုံလောက်တဲ့အမှောင်စွမ်းအင်ပမာဏကို အလွယ်တကူစုပ်ယူလိုက်ရုံပါပဲ။ ဒီလိုလွယ်ကူလှတဲ့ နည်းလမ်းက လူသားတွေမတွေးရဲလောက်အောင်ပါပဲ။

"အဲ့လိုအခွင့်အရေးမျိုးရှိတယ်ဆိုရင်တောင် မင်းတို့လူသားတွေက ငါတို့နတ်ဆိုးတွေကို ဖျောင်းဖြပြောဆိုမယ်လို့ မင်းတစ်ကယ်ထင်သလား။ ဒါပေါ့ ငါတို့ကတော့ ငါတို့စွမ်းအားတွေကို မြင့်တက်စေနိုင်တဲ့ အမှောင်စွမ်းအင်ကိုပဲ ရွေးမှာပေါ့ကွာ။ ဒါပေမယ့် မင်းပြောချင်တာကို ငါသဘောပေါက်ပါတယ်။ မင်းပြောချင်တာက ငါတို့နတ်ဆိုးတွေဟာ အမှောင်စွမ်းအင်နေရာမှာ အစားထိုးနိုင်မယ့် အရာတွေကိုမရှာကြဘဲ မင်းတို့လူသားတွေနဲ့ ရန်သူတွေအဖြစ် နှစ်ထောင်ချီပြီးတော့ ဘာလို့နေနေကြတာလဲဆိုတာကို သိချင်တာမလား။ မင်းသိထားဖို့က ငါတို့နတ်ဆိုးတွေလည်း ငါတို့အစားအစာနေရာမှာ အစားထိုးနိုင်မယ့်အရာတစ်ခုခုကို ရှာချင်ကြတာပဲ ဒါပေမယ့် နည်းနည်းလေးပဲအသုံးဝင်တဲ့အရာတွေကိုတောင် မင်းတို့ရဲ့နတ်ဘုံကနေဖျက်စီးခဲ့တယ်လေ။ ကောင်းကင်နဲ့မြေကြီးကြားမှာ ငါတို့ရွေးချယ်စရာ ဘာကျန်သေးလို့လဲကဲ"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၇၇)

ရှန်ယန်ရှောင်ဟာ မျက်ခုံးကိုနည်းနည်းပင့်တင်လိုက်ကာ ပြောလိုက်ပါသည်။

"နတ်ဆိုးဝိဉာည်ပင်တစ်ပင် ရှိနေတယ်ဆိုရင်ကော"

"နတ်ဆိုးဝိဉာည်"

ဖူတူ သူ့မျက်လုံးတွေကို မှေးစဉ်းလိုက်ပါတယ်။ နတ်ဆိုးမျိုးနွယ်ရဲ့ အပင်က ဒီလူသားကလေးငယ်ဆီကနေ ပြောထွက်လာမယ်လို့ သူထင်မထားခဲ့ပါဘူး။

"ငါသိသလောက်ဆိုရင် ဒီနတ်ဆိုးမျိုးနွယ်ရဲ့ အပင် နတ်ဆိုးဝိဉာည်ပင်ကို မီးတောက်မြက်ရယ် အရိုးပန်းရယ်တို့နဲ့ အတူစိုက်ထားလိုက်မယ်ဆိုရင် အလွန်အားကောင်းတဲ့ အမှောင်စွမ်းအင်တွေကို ထုတ်လွှတ်ပေးနိုင်တယ်ဆိုပဲ။ ငါမသိတာက ဒီအမှောင်စွမ်းအင်တွေက မင်းတို့နတ်ဆိုးတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှုရှိမရှိကိုပဲ"

ရှန်ယန်ရှောင်မျက်နှာဟာ အလွန်တည်ကြည်လေးနက်နေပါတယ်။ သူမက အခြေအနေအကြောင်းအရာတစ်ခုကို ဖူတူနဲ့ ဆွေးနွေးပြောဆိုနေဟန်ပေါက်နေပြီး အစားခံရမယ့်အခြေအနေမှာ ရောက်နေဟန်မပေါက်ဘူးဖြစ်နေပါတယ်။

ဖူတူက ရှန်ယန်ရှောင်ကို တွေးဆရင်းကြည့်နေပါတယ်။ မီးတောက်မြက်နဲ့ အရိုးပန်းတို့က နတ်ဆိုးမျိုးနွယ်မှာရော လူသားမျိုးနွယ်မှာပါ ပေါက်ရောက်တဲ့အပင်တွေဖြစ်ပါတယ်။ အဲ့နှစ်ပင်ကို ကောင်လေးသိတာ အဆန်းမဟုတ်ပါ။ ဒါပေမယ့် ကောင်လေးက နတ်ဆိုးဝိဉာည်ပင်ကို သိနေတဲ့အပြင် ဒီအပင်သုံးမျိုးကို အတူစိုက်ထားလိုက်ရင် လုံလောက်မှုရှိကာ အားကောင်းသော အမှောင်စွမ်းအင်တွေကို ထုတ်လွှတ်ပေးနိုင်တယ်ဆိုတာကိုပါ သိနေခဲ့ပါတယ်။

ဒီအခြင်းအရာက လူသားတွေ သိနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။

"ကောင်လေး ဒီအကြောင်းကို မင်းဘယ်ကနေသိလာတာလဲ"

ဒီကောင်လေးက တစ်ကယ့်ကို ထူးဆန်းတာပဲလို့ သူခံစားမိနေပါတယ်။

"မင်းအရင်ဖြေလေ ရသလား မရဘူးလား"လို့ ရှန်ယန်ရှောင်က ပြန်ပြောလိုက်သည်။

ဖူတူ ဆွံ့အသွားရသည်။ ဒီကလေးက အခြေအနေကို သဘောပေါက်နိုင်စွမ်းမရှိတာလားဟ။ ငါက သူ့အသက်ကို လက်ထဲမှာကိုင်ထားတယ်ဆိုတာ နားမလည်ဘူးလား။

ပထမဆုံးအကြိမ်အဖြစ် အဆင့်မြင့်နတ်ဆိုးတွေရဲ့ ဂုဏ်သိက္ခာကို လျစ်လျူရှုခံလိုက်ရတယ်လို့ ဖူတူခံစားမိလိုက်သည်။

သို့သော်လည်း ရှန်ယန်ရှောင်၏မေးခွန်းက အတော်အရေးကြီးဟန်ပေါက်နေတာကြောင့် ဘာမှမတတ်နိုင်ဘဲ ပြန်ဖြေလိုက်ရပါတယ်။

"ရတာပေါ့"

ရှန်ယန်ရှောင်မျက်လုံးတွေ နည်းနည်းတောက်ပသွားခဲ့သည်။ ကြည့်ရတာတော့ နောင်တစ်ချိန်မှာ နတ်ဆိုးတွေကို ဆွဲဆောင်နိုင်ဖို့အတွက် အဆိုပါ အပင်သုံးပင်ကို အားကိုးလို့ရပြီပဲ။ တစ်ခုရှိတာကတော့ အဆင့်နိမ့်ကောင်တွေရဲ့ ဉာဏ်ရည်ကြောင့် ဆက်သွယ်ပြောဆိုနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီအကြောင်းကို အလတ်တန်းနဲ့အဆင့်မြင့်နတ်ဆိုးတွေကိုသာ သူမ ပြောပြနိုင်ရင် သူမတို့တစ်တွေ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လို့ ရလောက်ပါတယ်နော်။

သူမဟာ လင်းလက်တိုက်တစ်တိုက်လုံးက နတ်ဆိုးတွေကို ရန်မူချင်စိတ်မရှိတာကြောင့် သူမမှာ အပြည့်အဝအားကိုးပံ့ပိုးပေးမှုရရှိတာနဲ့ နတ်ဆိုးတွေရဲ့တည်ရှိမှုကြောင့် ခေါင်းခဲနေကြရတဲ့ လင်းလက်တိုက်က အဓိကတိုင်းပြည်ကြီးလေးခုနဲ့ပဲ ဖက်ပြိုင်ပြောဆိုရုံပဲရှိပါတယ်။

"ဟုတ်ပြီ ကောင်လေးရေ မင်းရဲ့သိလိုမှုတွေ လုံလောက်ပြီ။ ဒီနေ့ငါစိတ်ကောင်းဝင်နေတာကြောင့် မင်းရဲ့သိလိုတဲ့ဆန္ဒကို ငါဖြည့်ဆီးပေးခဲ့ပြီ။အခုတော့ မင်းကိုငါစားခွင့်ပေးလိုက်တော့ကွာ"

ဒီနေ့က တစ်ကယ့်ကို ထူးဆန်းတဲ့နေ့ပါပဲ။ သူဟာ သူ့မျိုးနွယ်အကြောင်းကို ချာတိတ်လေးတစ်ယောက်နဲ့ အတန်ကြာစကားလက်ဆုံကျနေခဲ့ပါတယ်။ ဖူတူအနေနဲ့ သူ့အပြုအမူပေါ်မှာ ကိုယ်တိုင်အံ့သြသွားခဲ့ပေမယ့် သူဘာတွေပဲပြောပြော ကောင်လေးအနေနဲ့ကတော့ သူအစားခံရမယ့်ကိစ္စကို စိတ်ပြောင်းအောင်လုပ်နိုင်စွမ်းမရှိပါဘူး။

ပြောရမယ်ဆိုရင် လူသားမျိုးနွယ်တွေဟာ သူတို့နတ်ဆိုးတွေရဲ့ အစာပါပဲလေ။

"ခဏ"ဆိုပြီး ရှန်ယန်ရှောင်က သူမရဲ့လက်ကိုမြှောက်လိုက်ကာ ဖူတူရဲ့ပါးစပ်ကို ရိုက်ချလိုက်ပါသည်။

"ခုခံဖို့က နောက်ကျလွန်းမနေဘူးလား"လို့ ဖူတူတွေးလိုက်မိပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ နတ်ဆိုးတွေဟာ သည်းခံစိတ်အနည်းဆုံးဖြစ်ပြီး ဒီကောင်လေးနဲ့သူနဲ့ စကားလက်ဆုံကျနေတာကိုက လုံးဝမထင်ထားတဲ့ ဖြစ်ရပ်တစ်ခုပါ။ သူက အဲ့လောက်အားယားနေသူလည်းမဟုတ်ပါဘူး။ နတ်ဆိုးတွေအဖို့ ဆာလောင်မှုကပဲ အမြဲကြီးစိုးနေပါတယ်။

ဖူတူက ကောင်လေးရဲ့ တွန်းလှန်မှုကို အရေးမလုပ်တော့ဘဲ စားရန်အလုပ်မှာ ရှန်ယန်ရှောင်ပြောလိုက်တဲ့ စကားကြောင့် တောင့်တောင့်ကြီးဖြစ်သွားခဲ့သည်။

"ငါ့လက်ထဲမှာ နတ်ဆိုးဝိဉာည်ပင်ရှိတယ်။ မီးတောက်မြက်ရဲ့တည်နေရာကိုလည်း ငါသိပြီးပြီ။ ဒါကိုမှ ငါ့ကိုစားချင်သေးတယ်ဆိုရင်တော့ သဘောရှိပဲ။ ဒါပေမယ့် နှစ်ထောင်ချီအတွင်းမှာ မင်းကို အမှောင်စွမ်းအင်ပေးနိုင်တဲ့ တစ်ခုတည်းသောအခွင့်အရေးကိုတော့ တာ့တာပြလိုက်ရမှာနော်"

ရှန်ယန်ရှောင်ရဲ့လေသံက ဟက်ဟက်ပက်ပက်မရှိလှပေမယ့် သူမရဲ့ စကားလုံးတွေကတော့ ဖူတူကို တုန်လှုပ်သွားစေခဲ့တယ်။

ဖူတူက ရှန်ယန်ရှောင်ကို မယုံနိုင်ဟန်နဲ့ ကြည့်လိုက်ပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောလိုက်ပါတယ်။

"မင်း..မင်း ဘာ..ဘာပြောလိုက်တာ။ မင်းလက်...မင်းလက်ထဲမှာ..နတ်ဆိုးဝိဉာည်ပင် ရှိတယ်ပေါ့"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၃၇၈)

တောကြီးအတွင်းမှာ အဆင့်နိမ့်နတ်ဆိုးကောင်တစ်အုပ်ဟာ မြေပြင်ပေါ်မှာ လှုပ်ရှားမှုမရှိဘဲ လှဲလျောင်းနေကြပါတယ်။ သူတို့ဝန်းကျင်မှာ ပျံ့လွင့်နေတဲ့ အားကောင်းသော အရှိန်အဝါက အဆင့်မြင့်နတ်ဆိုးတစ်ကောင်ဆီကမှန်း သိရှိကြလို့ အချိန်အကြာကြီး တုတ်တုတ်မလှုပ်ဘဲ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ သူတို့အတွေးအခေါ်က တိရစ္ဆာန်သာသာဆိုပေမယ့် တစ်ခုခုထူးဆန်းနေတာကိုတော့ သိခဲ့ကြပါတယ်။

သူတို့ရဲ့ စွမ်းအားကြီးမျိုးနွယ်က အဲ့အပင်ကြီးပေါ်က ကိုင်းပေါ်မှာ အကြာကြီးဘာရပ်လုပ်နေတာလဲ။ သူ့လက်ထဲက လူသားကြည့်ရတာတော့ တော်တော်စားကောင်းမယ့်ပုံပါ။ အဆင့်မြင့်နတ်ဆိုးတွေရှေ့မှောက်မှာ အဆင့်နိမ့်နတ်ဆိုးတွေအနေနဲ့ တွန်းလှန်နိုင်စွမ်းတစ်စက်မှမရှိတာကြောင့် ဒူးပဲထောက်ကြပါတယ်။ ဒါကြောင့် ဒီစွမ်းအားကြီးသူအတွက် သူတို့အားလုံးရင်ထဲမှာ လေးစားမှုအပြည့်ရှိနေပါတယ်။

ဒါက နည်းနည်းလေး ဟိုဒင်းဖြစ်နေတာတစ်ခုပဲ....

သူက ဘာကြောင့်မို့ အဲ့ဒီလူလေးကို မစားသေးတာလဲ။

အဆင့်နိမ့်နတ်ဆိုးတွေလည်း နောက်ဆုံးမှာတော့ ခေါင်းမော့ကြည့်လိုက်ကြပေမယ့် စဉ်းစားဉာဏ်လုံး၀ မရှိသလောက်ဖြစ်တာကြောင့် မြင်လိုက်ရတဲ့မြင်ကွင်းက သူတို့အားလုံးကို ငုတ်တုတ်မေ့သွားစေပါတယ်။

သူတို့ရဲ့ စွမ်းအားကြီးသူနဲ့ အစာနဲ့က တစ်နေ့လုံးနီးပါး စကားစမြည်ပြောနေကြတယ်လေ။

ဒါက ဘာအထာလဲ အနော်ရထာလား...

သူတို့၏ထုံထိုင်းနုံအသော ဦးနှောက်က ဒီအခြေအနေကို အကဲဖြတ်နိုင်စွမ်းမရှိပါဘူး။ သူတို့စိတ်ထဲရှိတာဆိုလို့ ဒီစားကောင်းသောက်ဖွယ်ကို မစားဘဲနဲ့ ငေးစိုက်ကြည့်နေတာဟာ ဘာလို့လဲဆိုတာကိုပဲ သိချင်နေကြတာပါ။

ဒီအဆင့်နိမ့်ကောင်တွေသာ ဖူတူနဲ့ရှန်ယန်ရှောင်တို့ရဲ့ စကားဝိုင်းကို နားလည်နိုင်စွမ်းရှိမယ်ဆိုရင် သူတို့အနေနဲ့ အခုလိုမျိုး သိလိုစိတ်ရှိမှာမဟုတ်လောက်တော့ပါဘူး။

သနားဖို့ကောင်းတာတစ်ခုက တောကြီးတစ်တောလုံးမှာ သူတို့စကားဝိုင်းကို နားမလည်တဲ့ကောင်တွေကလွဲရင် အလွန်ကြောက်ဖို့ကောင်းသော စကားဝိုင်းတစ်ခုဆွေးနွေးပြောဆိုနေတဲ့ လူနှစ်ယောက်ပဲရှိပါတယ်။

ရှန်ယန်ရှောင်နဲ့ဖူတူတို့ ဘာတွေဆွေးနွေးခဲ့ကြလဲဆိုတာကို ဘယ်သူမှမသိခဲ့ကြပါဘူး။ ပြောနိုင်တာတစ်ခုကတော့ ဖူတူဟာ စားမြိန်ဖွယ်တစ်ခုကို အပိုင်းပိုင်းဖြတ်ပြီး စားသောက်မယ့်အစား လွှတ်ပေးလိုက်ကာ အဆင့်နိမ့်နတ်ဆိုးတွေကို အဝေးသို့မောင်းထုတ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ခုန်ပျံထွက်သွားပြီး တောကြီးထဲမှာပဲ ဆက်လက်ပုန်းခိုနေခဲ့ပါတော့တယ်။

ဒီအချိန် ရှန်ယန်ရှောင်ရဲ့မျက်နှာမှာတော့ ဒုက္ခပေးမယ့် အပြုံးတစ်ခုဖြစ်တည်နေပါတယ်။ ထွက်ခွာသွားပြီဖြစ်တဲ့ စွမ်းအားကြီး အဆင့်မြင့်နတ်ဆိုးကို စိတ်ပျက်စွာနဲ့ ကြည့်နေလိုက်ပါတယ်။

"ဒီအခြေအနေကနေ လွတ်မြောက်မယ်လို့ အစတည်းက ခင်ဗျားခန့်မှန်းခဲ့တာလား"

ဖူတူထွက်သွားပြီးတဲ့နောက် သူမအား စကတည်းက စောင့်ကြည့်ဦးလို့ပြောခဲ့ပြီး တစ်နေရာထဲမှာတင် ကျောက်ချခိုင်းထားခဲ့သော ဦးလေးတစ်ယောက်အား အထင်သေးပစ်လိုက်ပါတယ်။

ရှန်ယန်ရှောင်ရဲ့ မေးခွန်းကို ရှူက မှတ်ချက်မပေးခဲ့ မဖြေပေးခဲ့ပါဘူး။

ရှူရဲ့ခန္ဓာကိုယ်သာ ရှိနေမယ်ဆိုရင် ဒီဦးလေးကြီးရဲ့ လည်ပင်းကိုညှစ်ပြီး ဘာလို့ တာဝန်ယူတာဝန်ခံမှုမရှိတာလဲဆိုပြီး မေးလိုက်ဖို့ သူမ တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး။

သူမက ဖူတူနဲ့စကားဝိုင်းမှာ အာရုံအပြည့်စိုက်ထားရပါတယ် မဟုတ်ရင် အာရုံတစ်ချက်လွင့်တာနဲ့ အစားသောင်းကြမ်းတယ်လို့ ထင်ရှားတဲ့ နတ်ဆိုးအနေနဲ့ သူမရဲ့လည်ပင်းကို လိမ်ချိုးပြီးလောက်ပါပြီ။ ရှူက သူမကို အထင်ကြီးလွန်းပြီး နတ်ဆိုးနဲ့သူမရဲ့ ညှိနှိုင်းဆွေးနွေးမှုကို စိတ်ချလက်ချလွှတ်ထားခဲ့တယ်လေ။

ရလာဒ်က ပြည့်စုံပေမယ့် လုပ်ငန်းစဉ်က နည်းနည်းကြောက်ဖို့ကောင်းပါတယ်။

"ကျနော့်ကို သူစားပစ်မှာကို ခင်ဗျားနည်းနည်းမှ မစိုးရိမ်ဘူးပေါ့"လို့ ရှန်ယန်ရှောင်က ဟွန့်ဟင့်လုပ်ပြီး ပြောလိုက်ပါတယ်။

ခနကြာအထိ ဆိတ်ဆိတ်နေပြီးမှသာ ရှူရဲ့ အထီးကျန်ဆန်သော အသံက ယုံကြည်မှုအပြည့်နဲ့အတူ ထွက်ပေါ်လာပါတယ်။

"သူ မင်းကို စားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူစားရဲရင် သူ့အရိုးတွေအကုန်လုံးကို ငါ အပိုင်းပိုင်းချိုးပစ်လိုက်မှာမို့ပဲ"

ရှန်ယန်ရှောင်က လျှာထုတ်လိုက်ပြီးနောက် ပြုံး၍ပြောလိုက်သည်။

"ကျနော်သိသားပဲ။ ကျနော်သေရင် ခင်ဗျားလည်းသေမှာပဲလေ။ ကျနော်တို့က အခိုင်မာဆုံးသော မဟာမိတ်တွေပဲ"

"အမ်း"လို့ ရှူက တုံ့ပြန်ခဲ့သည်။

"အဲ့ဒီ ဇူဇကာဖူတူနဲ့ ကျနော်တို့ရဲ့ ပူးပေါင်းလုပ်ဆောင်ရေးကို ကျနော်ပြောခဲ့ပြီးပြီဆိုပေမယ့်လည်း နှစ်ဝက်အကြာမှာပြုလုပ်မယ့် ပြိုင်ပွဲအနိုင်ရမှာကို စောင့်ရဦးမှာပဲ"

ရှန်ယန်ရှောင် မေးပွတ်လိုက်သည်။ ခြောက်လကြာမှလို့ပြောပေမယ့် အချိန်အရဆိုရင် နောက်ထပ် လေးငါးလလောက်ပဲ ကျန်တော့မှာဖြစ်သည်။

"ဒီတစ်ခေါက် မီးတောက်မြက်ရမှာကို စောင့်လိုက်ဦး။ နောက်ပြီးကျရင် အရိုးပန်းကို ရနိုင်သမျှမြန်မြန်ရအောင်လုပ်ရမယ်။ အပင်သုံးပင်လုံးစုံတာနဲ့ မင်းရဲ့နောက်ထပ်တားမြစ်အမှတ်ကို ပယ်ဖျက်ဖို့ ငါအားလုံးလုပ်ပေးမယ် အဲ့ဒါဆိုရင် ပြိုင်ပွဲမှာအနိုင်ရဖို့ ပိုစိတ်ချရတာပေါ့"

All Chapters