အခန်း (၃၉၁-၃၉၃)
Vol. 27 Ch. 391-393
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၉၁)
သာမန်လူတန်းစားတွေအဖို့ အလတ်ဆင့်မှော်သားရဲတစ်ကောင် ရရှိရင်ကို တော်တော်ကောင်းလှပါပြီ အဆင့်မြင့်မှော်သားရဲတစ်ကောင်ကိုတော့ သြဇာတိက္ကမကြီးသောမိသားစုတွေ ကြွယ်ဝချမ်းသာတဲ့မိသားစုတွေရဲ့ လူငယ်မျိုးဆက်တွေသာ ပိုင်ဆိုင်ရရှိနိုင်ကြပါတယ်။ ဒဏ္ဍာရီသတ္တဝါကိုတော့ တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ဖြစ်သူအနေနဲ့တောင် ရရှိဖို့ခဲယဉ်းလှပါတယ်။ ပြောရကြေးဆိုရင် လောင်းရွှမ်ပြည်ရဲ့ မျိုးနွယ်စုကြီးငါးစုအနေနဲ့ ရှေးသတ္တဝါငါးကောင်နဲ့သာ သဘောတူညီမှုမရှိခဲ့ရင် သူတို့အနေနဲ့ ဒဏ္ဍာရီသတ္တဝါတစ်ကောင်ကို ပိုင်ဆိုင်နိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။
မွေးကာစဖီးနစ်ငှက်ဆိုတာ အဆင့်၈ အဆင့်မြင့်မှော်သားရဲဖြစ်နေပြီး အရွယ်ရောက်ချိန်မှာ ဒဏ္ဍာရီသတ္တဝါဖြစ်လာမှာပါ။ ဒီလိုစွမ်းအားကြီး မှော်သားရဲတစ်ကောင် လောကထဲရောက်လာတာကို သိကြတာနဲ့ သွေးထွက်သံယိုဖြစ်ရပ်တွေကို ဖြစ်ပေါ်စေမှာပါ။
"ဖီးနစ်ငှက်တစ်စုံက နှစ်ထောင်ချီအတွင်းမှာ ဖီးနစ်ငှက်ငယ်ကို မွေးဖွားပေးနိုင်တယ်။ ဒီသေးသေးလေးက ဖီးနှစ်ငှက်နှစ်ကောင်ရဲ့ ကလေးပဲဖြစ်ရမယ် နောက်ပြီး မကြာခင်မှာပဲ မွေးတော့မယ့်ပုံပဲ။ ဒီတစ်ခေါက် ကလေးငယ်လေး အောင်အောင်မြင်မြင်မွေးဖွားလာနိုင်ဖို့အတွက် ဖန်နဲ့ဟောင်တို့က အသိုက်ကိုကာကွယ်နေကြတာပဲ"လို့ ရှူက ဒီလိုပူလောင်နေတဲ့ နေရာမျိုးမှာတောင် အေးတိအေးစက်နဲ့ပြောလိုက်ပါတယ်။
နားထောင်နေရင်းနဲ့ အတွေးထဲကို သူမမျောနေခဲ့သည်။ ဒီအချိန်မှာ ပုံပြင်ဆန်တဲ့ ဖီးနစ်ငှက်ကို တွေ့မြင်ခဲ့ရုံသာမကဘဲ ဖီးနစ်ငှက်ငယ်လေး ပေါက်ဖွားလာတာကိုတောင် တွေ့မြင်ရတော့မယ့်ပုံပါပဲ။
တစ်ခုရှိတာက....
လက်ဝါးတစ်ဝက်ခန့်သာရှိတဲ့ ဥလေးကိုကြည့်လိုက်ပြီးနောက် ကြီးမားလွန်းသော အသိုက်နှစ်ခုကိုကြည့်လိုက်ပြန်ပါတယ်။
"ဖီးနစ်ငှက်က အကြီးကြီးမဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ သူတို့ကလေးကျ တအားသေးနေတာလဲ"လို့ ပြောလိုက်ပါသည်။
အရွယ်အစားအရဆို ဒီဖီးနစ်ငှက်ဥက သာမန်ဥတစ်လုံးနဲ့ သိပ်မကွာပါဘူး။
"ဇာမဏီငှက်ရဲ့ ပင်ကိုယ်ပုံကို မင်းတွေ့မြင်ပြီးပြီပဲ အဲ့တော့ သူ့လက်ရှိအသွင်အပြင်နဲ့ သူ့ပင်ကိုယ်ပုံစံနဲ့က အရွယ်အစားတူတယ်လို့ မင်းထင်သလား"ဟု ရှူက ခနတိတ်နေလိုက်ပြီးမှ ပြန်ပြောခဲ့ပါတယ်။
ဇာမဏီငှက်ရဲ့ ပင်ကိုယ်ပုံစံ....
ဇာမဏီငှက်ရဲ့ပင်ကိုယ်ပုံစံဟာ ဖီးနစ်ငှက်နှစ်ကောင်ရဲ့ ပုံစံထက်မလျော့ပါဘူး။ သူ့လက်ရှိအသွင်အပြင်ကတော့....
ရှန်ယန်ရှောင် ဇာမဏီငှက်ကို လှမ်းကြည့်လိုက်ပြီး ဇာမဏီငှက်လုပ်နေတာကို တွေ့လိုက်တော့ ပါးစပ်အဟောင်းသားဖြစ်သွားရပါတယ်။
မာနတလူလူနဲ့သခင်လေးတစ်ယောက် ဖီးနစ်ငှက်ဥဘေးကို ဘယ်အချိန်ကရောက်သွားလိုက်မှန်း သူမ မသိပါဘူး အဆိုပါ ချစ်စရာဥသေးသေးလေးကို အတော်စိတ်ဝင်စားနေဟန်နဲ့ သူက ဘယ်ကကြည့်လိုက်ညာကကြည့်လိုက်ဖြစ်နေပါတယ်။ သူကထိုင်တောင်ချလိုက်ပြီးတော့ ခေါင်းလေးကိုငဲ့စောင်းကာ ဖီးနစ်ငှက်ဥနီနီရဲရဲလေးကို စိုက်ကြည့်နေခဲ့ကာ ဖြူဆွတ်နေတဲ့လက်ချောင်းလေးတွေနဲ့ တို့ထိလိုက်ပါသေးတယ်။
"ဇာမဏီငှက် မင်း ဘာလုပ်နေတာလဲ"လို့ ရှန်ယန်ရှောင်က အလောတကြီးပြောလိုက်ပါတယ်။
ဒီဇာမဏီငှက်က ဘာဖြစ်ချင်နေတာလဲ အဲ့ဥကိုတော့ စားချင်နေတာမဟုတ်လောက်ပါဘူးနော် သူစားချင်နေတာလား....
သူမရဲ့အတိတ်ဘဝမှာ ဥတွေဟာ နို့တိုက်သတ္တဝါတွေအတွက် အများကြီးအကျိုးဖြစ်ထွန်းတယ်လို့ ကြားဖူးပါတယ်။ တောရိုင်းသတ္တဝါတွေက ငှက်တွေရဲ့အသိုက်တွေနားမှာ တဝဲလည်လည်လုပ်နေကြပြီး ငှက်မိဘတွေမရှိချိန်မှာ ငှက်ဥတွေကိုစားလေ့ရှိပါတယ်။
ဒါပေမယ့် ဇာမဏီငှက်ကလည်း ငှက်တစ်ကောင်ပဲလေကွာ အာ...
ဒီလိုရက်စက်တဲ့လုပ်ရပ်ကိုတော့ သူ မလုပ်သင့်မလုပ်ထိုက်ပါဘူး။
ဇာမဏီငှက်သာ ဥကိုတစ်ကယ်စားလိုက်မယ်ဆိုရင် ဖီးနစ်ငှက်နှစ်ကောင်က သူမတို့အား မိုးမြေအဆုံးထိ လိုက်လံသတ်ဖြတ်မှာကို သူမ မြင်ယောင်နေမိပါတယ်။
ရင်သွေးတစ်ယောက်ရဖို့ နှစ်ထောင်ချီစောင့်ခဲ့ရပြီး တစ်ခြားမှော်သားရဲတစ်ကောင်က စားသွားတယ်ဆိုရင် ဇာမဏီငှက်ကို သူတို့ရဲ့အစွမ်းအကုန်ထုတ်ကာ မသတ်ဘူးဆိုရင်သာ ထူးဆန်းနေမှာပါ။
"မင်းအမူအယာက ထူးဆန်းနေတယ်။ ငါက နည်းနည်းစပ်စုချင်ပြီးတော့ မြင်ချင်ယုံပါပဲဟ။ ငါက ဒီဥကိုစားတော့မယ့်ပုံမျိုးနဲ့ မကြည့်စမ်းပါနဲ့"လို့ ဇာမဏီငှက်ကပြောလိုက်သည်။
ဇာမဏီငှက်က သူ့သခင်ဖြစ်သူရဲ့ စိတ်ခံစားချက်လှုပ်ရှားသွားတာကို သိသာစွာခံစားမိကာ အလွန်ဆွံ့အသွားခဲ့ရပါတယ်။ သူက နည်းနည်းလေး စပ်စုချင်ယုံပါပဲ အမျိုးတူကို စားချင်စိတ်လည်းမရှိပါဘူးနော်။
သူရောဖီးနစ်ငှက်ရောက ငှက်တွေချည်းပဲလေ ဟုတ်ပြီလား...
တစ်ဖက်မှာ သူ့သခင်ရဲ့ အတွေးအခေါ်အယူအဆကို သူတီးတိုးပြောဆိုနေသလို တစ်ဖက်ကတော့ ချစ်စရာဥလေးကို လက်နဲ့တို့တို့နေလိုက်ပါတယ်။ ဇာမဏီငှက်က တို့ပြီးရင်းတို့နေပြီးနောက် သူ့လက်ညှိုးထိပ်က ဥခွံဟာ မာကျောနေရာကနေ ပျော့ပြောင်းသွားတာကို ခံစားသိရှိလိုက်ပါတယ်။
"ကျိ..ကျလိ..ကျွိ"
ကူလောင်တောင်မှာ ဖီးနှစ်ငှက်နှစ်ကောင်က ထွက်ပြေးနေကြတဲ့ နှစ်ဖွဲ့နောက်ကို လိုက်နေကြပါတယ်။ သားရဲကြီးနှစ်ကောင်ဟာ ပြန်တိုက်ခိုက်ခွင့်ကို မပေးခဲ့ပါဘူး။ နှစ်ဖွဲ့လုံး စိတ်ဓာတ်တွေအဝီစိထိ ကျဆင်းသွားချိန်မှာပဲ ဖီးနစ်ငှက်နှစ်ကောင်လုံးက သူတို့ရဲ့တိုက်ခိုက်မှုတွေကို ချက်ခြင်းရပ်တံ့လိုက်ကြပါတယ်။ ဖီးနစ်ငှက်တွေဟာ တစ်စုံတစ်ရာကိုခံစားမိကာ ချက်ခြင်းနောက်ကြောင်းသို့ လှည့်ပျံသွားခဲ့ကြပါတော့တယ်။ သူတို့က လူသားတွေနောက်လိုက်နေတာကို လက်လျှော့လိုက်ပြီး အသိုက်ရှိရာဆီ ကြောက်မက်ဖွယ်အရှိန်နဲ့ ပျံသန်းသွားကြတာဖြစ်သည်။
ဖီးနစ်ရဲ့တစ်စစီစုတ်ဖြဲမှုကို ခံရကာနီးဖြစ်ခဲ့တဲ့ ခေါင်းဆောင်လူဟာ ဒီအချိန်ထိ ကြောက်ရွံ့တုန်လှုပ်မှု မပြေပျောက်သေးပါဘူး။ နေရာမှာတင် ရူးကြောင်ကြောင်နဲ့ ရပ်နေပြီး တဖြေးဖြေးပျောက်ကွယ်သွားပြီဖြစ်တဲ့ ဖီးနစ်ငှက်အား လိုက်ကြည့်နေမိပါသည်။
"ဘာလို့ထွက်သွားတာလဲ"
ခေါင်းဆောင်လူဟာ ဒီအချိန်မှာတော့ ချွေးတွေနဲ့သီးနေပြီဖြစ်သလို သူ့ကိုယ်ပေါ်မှာလည်း ဖီးနစ်ငှက်လက်ချက်ကြောင့် လောင်ကျွမ်းခံထားရတဲ့ အနာတရတွေရှိနေပါတယ်။ သူသာ မသန်မာရင် ဖီးနစ်ငှက်ရဲ့အမျက်အောက်မှာ သေဆုံးပြီးလောက်ပါပြီ။ ဒါပေမယ့် ဖီးနစ်ငှက်က သူ့ကိုသတ်လို့ရတဲ့အချိန်ရောက်တော့ ဘာအတွက်နဲ့ လက်လျှော့လိုက်ပြီး နောက်ပြန်လှည့်သွားခဲ့ရတာလဲ။
ခေါင်းဆောင်ဖြစ်သူ ကြောင်တောင်တောင်ဖြစ်သွားခဲ့ပေမယ့် စိတ်ထဲမှာတော့ ဖီးနစ်ငှက်ရဲ့ထူးဆန်းတဲ့အမူအကျင့်အတွက် ကျေးဇူးတင်မိသွားပါတယ်။ မဟုတ်ရင် သူဟာ အခုအချိန်ဆို ပြာဖြစ်နေလောက်ပါပြီ။
ဖီးနစ်ငှက်သိုက်အတွင်း....ရှန်ယန်ရှောင်နဲ့ဇာမဏီငှက်တို့က နေရာမှာတင် မတုန်မလှုပ်ရပ်ကာ စိတ်အခြေအနေကို အစီအစဉ်ကျအောင် ပြုလုပ်နေကြပြီး သူတို့မျက်လုံးတွေကတော့ တစ်စုံတစ်ခုအား တုံးတုံးအအနဲ့စိုက်ကြည့်နေကြပါတယ်။
"ကျွိ..ကျွိ.."
လက်တစ်ဝါးသာသာရှိမယ့် မွှေးပွလုံးလေးတစ်လုံးက အသိုက်ထဲမှာ လူးလိမ့်နေပါတယ်။ အနက်ရောင်မျက်ဝန်းတွေကတော့ ရှေ့မှာရပ်နေသော ဇာမဏီငှက်အား နားမူးနားထိုင်းနဲ့ကြည့်နေခဲ့သည်။ အနီရောင်အမွှေးနုတွေနဲ့ အမွှေးပွလုံးလေးတစ်လုံးဖြစ်လုမတတ်က ပါးစပ်သေးသေးလေးကနေပြီးတော့ စူးရှချိုမြိန်သောအသံကိုသာ ပေးနေခဲ့ပါတယ်။
အမွှေးလုံးလေးက သူ့မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကျောက်ရုပ်ဖြစ်နေတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်ပါတယ်။ ကိုယ်လုံးနဲ့ခွဲခြားပြောဆိုဖို့ခက်လှတဲ့ ခေါင်းလေးကိုလှည့်လိုက်ပြီးတော့ သူ့ကိုတို့ထိနေသော လက်ချောင်းလေးအား နှုတ်သီးလေးနဲ့ဆိတ်လိုက်ပါတယ်။
ဇာမဏီငှက်ဟာ နဖူးကနေခြေမအထိ တုန်လှုပ်သွားခဲ့ပါတယ်။ ဘယ်အချိန်က ဥကနေပေါက်သွားတာမှန်းကို သူမသိလိုက်ခဲ့တဲ့ ကောင်လေးကို ကြည့်ကာ သူ အလွန်ခြောက်ခြားသွားခဲ့ပါသည်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၃၉၂)
နီရဲသောမျက်လုံးတစ်စုံနဲ့ ရွှန်းလဲ့သောမျက်ဝန်းတစ်စုံတို့ ခနတာဆုံသွားခဲ့သည်။ အမွှေးပွလုံးလေးက ရုတ်တရက် လက်မခန့်အရွယ်ရှိသော အတောင်ပံတွေကို တဖျတ်ဖျတ်ခတ်လိုက်ပါတယ်။ သေးကွေးလှတဲ့ခြေထောက်တစ်စုံက ဇာမဏီငှက်ဆီသွားဖို့ ကြိုးစားရုန်းကန်နေခဲ့ပါတယ်။
ဖတ်...
မွေးကာစအသေးလေးဟာ ပျံသန်းဖို့ရော ပြေးဖို့ရောမလုပ်နိုင်ပါဘူး။ သူ့ကိုယ်လုံးနဲ့မလိုက်ဖက်စွာ သေးငယ်လှတဲ့အတောင်ပံတစ်စုံက အလေးချိန်ကို ထောက်ပံ့ပေးနိုင်စွမ်းမရှိခဲ့တာကြောင့် အမွှေးပွလုံးလေးက သူ့ကိုယ်သူ ဇာမဏီငှက်ရဲ့ လက်မောင်းထဲသို့ ပစ်ဝင်လိုက်ခဲ့ပါတယ်။
အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုဖြစ်ပေါ်သွားခဲ့ပါတယ်။
ရှန်ယန်ရှောင်နဲ့ဇာမဏီငှက်တို့က ဖီးနစ်ငှက်ကလေး မွေးလာတာကို တုန်လှုပ်နေဆဲမှာပဲ အမွှေးပွလုံးလေးက ဇာမဏီငှက်ပေါ်ကို ခုန်တက်လိုက်ပါတယ်။
ဖီးနစ်ငှက်ရဲ့ အတောင်ပံသေးသေးလေးတွေဟာ ဇာမဏီငှက်ရဲ့လက်မောင်းကို မလွတ်သွားစေရန်အတွက် ခက်ခက်ခဲခဲ ဖက်တွယ်ထားပြီး သူ့အမွှေးပွကိုယ်လုံးလေးကလည်း လက်မောင်းကိုပွတ်သပ်ဖို့ကြိုးစားနေသည်လေ။ အာ သူ့ပါးစပ်က နူးညံ့ပျော့ပျောင်းပြီး ချစ်စဖွယ်အသံလေးတောင် ပြုနေပါသေးတယ်။
"လွှတ်...လွှတ်ပါ"လို့ ဇာမဏီငှက်က သူ့လက်မောင်းကို ခိုအားလာဝက်ဝံလိုမျိုးဖက်တွယ်ထားသော ဖီးနစ်ငှက်လေးကို ကြောင်တောင်တောင်နဲ့စိုက်ကြည့်နေပြီး ပြောလိုက်ပါတယ်။
သူမွေးလာတည်းက တစ်ခြားမှော်သားရဲကောင်တွေနဲ့ အခုလိုနီးကပ်စွာထိတွေ့ဆက်ဆံမှု မလုပ်ခဲ့ဖူးပေမယ့် ဒီကောင်သေးသေးလေးက တစ်ကိုယ်လုံးနဲ့ထိတွေ့နေပါပြီ။
"ကျွိ..ကျွိ"
ဇာမဏီငှက်ပြောတာကို နားမလည်ဟန်နဲ့ ဖီးနစ်ငှက်ကလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ခဲ့သည်။ သူဟာ တွန့်ချိတ်နေတဲ့ ဇာမဏီငှက်ရဲ့မျက်နှာကိုသာ စိုက်ကြည့်နေလိုက်ပြီးနောက် သူ့မျက်နှာလေးနဲ့ ဇာမဏီငှက်လက်မောင်းကို ပျော်ရွှင်စွာနဲ့ အကြိမ်ကြိမ်အဖန်ဖန်ပွတ်သပ်နေလိုက်ပါတယ်။ အဆိုပါ အရည်ရွှန်းလဲ့နေတဲ့ မျက်ဝန်းတစ်စုံဟာတောင် သက်တောင့်သက်သာရှိဟန်နဲ့ မှေးစဉ်းသွားခဲ့ပါတယ်။
ဇာမဏီငှက်ပေါ်မှာ ဖက်တွယ်ထားသော ဖီးနစ်ငှက်လေးကိုကြည့်ပြီး ရှန်ယန်ရှောင် စိတ်ထဲအရှုပ်ရှုပ်အထွေးထွေးဖြစ်သွားရပါသည်။
"ရှူ ဘာဖြစ်နေတာလဲဟင်"လို့ ဖီးနစ်ငှက်လေးရဲ့ ဇာမဏီငှက်အပေါ်မှာ တမူထူးတဲ့ချစ်ခင်ရင်းနှီးမှုကို မေးလိုက်ပါတယ်။
"ဖီးနစ်ငှက်မွေးဖွားတဲ့အခါ အရင်ဆုံးတွေ့မြင်သူကို သူ့မိဘတွေအဖြစ်မှတ်ယူကြတယ်။ ဒီတော့ ဘယ်အချိန်မှာပဲ ဖီးနစ်ငှက်မွေးဖွားပါစေ မိဘဖြစ်တဲ့ဖီးနစ်တစ်စုံဟာ ဖီးနစ်ငှက်ဥဘေးမှာ သူတို့ရင်သွေးမွေးဖွားချိန်ကိုစောင့်ရင်းနဲ့ ကာကွယ်ပေးဖို့ အသင့်ရှိနေကြလိမ့်မယ်။ လက်ရှိအခြေအနေမှာတော့ ဖီးနစ်ငှက်လေးက ဇာမဏီငှက်ကို မွေးမွေးချင်းတွေ့လိုက်တဲ့အတွက် ဇာမဏီငှက်ကို သူ့မိဘလို့ သတ်မှတ်လိုက်တာဖြစ်လောက်တယ်"လို့ ရှူက တစ်လုံးချင်းရှင်းပြလိုက်သည်။
"ဇာမဏီငှက်ကို သူ့မိဘလို့ယူလိုက်တယ်ပေါ့"
ရှန်ယန်ရှောင် ဘာပြောရမှန်းမသိဖြစ်သွားရသည်။
ငှက်တွေမွေးတဲ့အခါ သူတို့ပထမဆုံးမြင်တွေ့ရသူကို သူတို့မိဘအဖြစ်မှတ်ယူကြောင်းကို အရင်ကတည်းက သူမသိပါတယ်။ ဒါက ငှက်ငယ်လေးတွေရဲ့ ခံစားချက်အတွေးဖြစ်ပါတယ်။
ဇာမဏီငှက်ရဲ့ ခဏတာစပ်စုလိုစိတ်က ဖီးနစ်ငှက်ငယ်လေး ဥကနေပေါက်ဖွားလာချိန်နဲ့ တိုက်ဆိုင်နေပြီး ဖီးနစ်ငှက်လေးအနေနဲ့ ဇာမဏီငှက်အား သူ့မိဘလို့ သတ်မှတ်မိသွားစေမယ်လို့တော့ သူမ မထင်ခဲ့မိဘူး။
ငှက်ကလေးရဲ့ခံစားချက်က တစ်ကဏ္ဍဖြစ်ပြီး ဇာမဏီငှက်ရဲ့ ဇစ်မြစ်ကတစ်ကဏ္ဍဖြစ်သည်။ ဖီးနစ်ငှက်ကလေးရဲ့ ရှေ့မှာရပ်နေခဲ့သူဟာ တစ်ခြားအမျိုးအစားမှော်သားရဲဖြစ်နေခဲ့မယ်ဆိုရင် တစ်ဖက်လူဟာ သူ့မိဘပဲလို့ ဖီးနစ်ငှက်ငယ်လေး တစ်ထစ်ချယူဆလိုက်မယ်လို့တော့ သူမ မထင်မိပါဘူး။
ဒါပေမယ့် ပြဿနာက ဇာမဏီငှက်ကိုယ်တိုင်က မီးဓာတ်မှော်သားရဲဖြစ်နေပြီး ဖီးနစ်ထက်မနိမ့်ကျသော စွမ်းအားရှိသူဖြစ်ပါတယ်။
ဇာမဏီငှက်ကိုယ်ကနေထွက်ပေါ်နေသော မီးဓာတ်ကြောင့် ဖီးနစ်ငှက်လေးက ဇာမဏီငှက်ကို မြင်မြင်ချင်းမှာပဲ သူ့မိဘလို့ တုံ့ဆိုင်းခြင်းမရှိဘဲ မှတ်ယူလိုက်ပါတယ်။
"မကြောင်စမ်းပါနဲ့"လို့ ရှန်ယန်ရှောင်ရဲ့ အတွေးကို သိလိုက်တဲ့ ဇာမဏီငှက်ကပြောလိုက်ခြင်းဖြစ်သည်။
သူ့ရှေ့ကအမွှေးလုံးလေးက သူ့ကိုမိဘလို့သတ်မှတ်တယ်ဆိုတာ ကြားလိုက်တာနဲ့ သူ ချက်ခြင်းပေါက်ကွဲသွားရပါတယ်။
သူက နှစ်ထောင်ချီနေထိုင်ခဲ့သော ဒဏ္ဍာရီသတ္တဝါဖြစ်ပေမယ့် အမြဲတမ်းတစ်ကိုယ်တည်းနေခဲ့သူဖြစ်သည်။ လူသားနဲ့စာချုပ်ချုပ်ထားခဲ့ရင်တောင် တစ်ခြားမှော်သားရဲတွေကို တိုက်ပွဲမှာပဲတွေ့ဆုံမှုရှိတာပါ။ နောက်ပြီးတော့လည်း တစ်ခြားမှော်သားရဲတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံမှုရှိဖို့လည်း အခွင့်မကြုံခဲ့ဖူးပါဘူး။
ဒါပေမယ့် အခုကျတော့ သားရဲငယ်လေးက သူ့ကို မိဘအဖြစ်သတ်မှတ်လိုက်တယ်တဲ့လေ။ ဒီအဖြစ်က ဇာမဏီငှက်ရဲ့ လောကအမြင်ကို ဆုတ်ဖြဲပစ်လိုက်ပါတယ်။
"မြန်မြန်လွှတ်နော် မဟုတ်ရင် မင်းကို ငါ ညှာမှာမဟုတ်တော့ဘူး"လို့ ဇာမဏီငှက်က ခေါင်းခဲစရာကိစ္စကြီးနဲ့ရင်ဆိုင်နေတဲ့အတိုင်း မွှေးပွလေးကို အော်လိုက်ပါတယ်။
ဒါပေမယ့်လည်း အခုမှမွေးကာစပဲရှိသေးတာကြောင့် ဇာမဏီငှက်ရဲ့စကားကို နားမလည်တဲ့အတွက်ကြောင့် သူကြားလိုက်တဲ့ အော်ဟစ်သံဟာ ဘာအဓိပ္ပါယ်မှမရှိဘဲ ဆူညံသံလို့သာမှတ်ယူလိုက်ပါတယ်။
လူတွေကို ပိုဆွံ့အစေတာကတော့ အဆိုပါဖီးနစ်ငှက်လေးဟာ ဇာမဏီငှက်ရဲ့ လက်မောင်းလောက်နဲ့ကျေနပ်ပုံမပေါ်ဘဲ သူ့အတောင်ပံနှစ်ဖက်ကိုအသုံးပြုကာ အပေါ်သို့တစ်ဖြည်းဖြည်းတက်နေတဲ့ အတွက်ဖြစ်သည်။
ဖီးနစ်ငှက်လေးရဲ့ အလေးချိန်က သိပ်မရှိဘဲ သူ့တစ်ကိုယ်လုံးက ပျော့ပြောင်းပြီးအမွှေးနုတွေပဲရှိပါတယ်။ သူ့နူးညံ့ပါးလျတဲ့အမွှေးအတောင်တွေက ဇာမဏီငှက်လက်မောင်းကို ပွတ်တိုက်ပြီး တစ်ဖြည်းဖြည်းချင်း အပေါ်တက်သွားပါတယ်။ ဇာမဏီငှက်က လုံးဝကို စိတ်ပေါက်သွားပြီး တစ်ဖက်ကို ဘယ်လိုမှပြောမရတော့တာကြောင့် သူ့လက်မောင်းကိုဖက်တက်နေသော အကောင်ပေါက်ကာစသေးသေးလေးအား ဘာညှာတာမှုမှမရှိစွာနဲ့ လက်မောင်းကိုယမ်းခါလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျိူ
အခန်း(၃၉၃)
ဇာမဏီငှက်၏ရက်စက်လွန်းသော လုပ်ရပ်ကို ရှန်ယန်ရှောင်တားချိန်မရလိုက်ဘဲ ဖီးနစ်ငှက်ကလေး အပြင်ဖက်သို့ လွင့်ပျံသွားတာကိုပဲ ငေးကြည့်နေလိုက်ရပါတယ်။
ထိုအချိန်မှာပဲ ဖီးနစ်ငှက်နှစ်ကောင်၏ အော်မြည်သံကို ကောင်းကင်ယံထက်မှာကြားလိုက်ရသည်။
လွင့်ပျံသွားသောငှက်လေးကတော့ ဘာဖြစ်နေမှန်းကို နားမလည်နိုင်ဖြစ်နေကာ မျက်စိတစ်မှိတ်အတွင်းမှာ နွေးထွေးသောရင်ခွင်ထဲသို့ ကျရောက်သွားခဲ့သည်။
သူတို့ရဲ့ရင်သွေးလေး ပေါက်ဖွားတော့မှာကို ခံစားမိလိုက်တာကြောင့် လူတွေနဲ့ဖြေရှင်းနေခြင်းကို ရပ်တံ့လိုက်ပြီး အမြန်ဆုံးပြေးလာခဲ့ကြစဉ်မှာ သူတို့၏ရင်သွေးလေးကို အသိုက်အပြင်ဖက်သို့ ရက်ရက်စက်စက် ပစ်ပေါက်လိုက်တာကို မျက်စိနဲ့တပ်အပ်မြင်လိုက်မိလို့ ဒေါသအခြောင်းခြောင်းထွက်သွားပါတယ်။
ပစ်ပေါက်ခံရလို့ မူးဝေကြောက်ရွံ့နေတဲ့ ငှက်လေးကတော့ ဘာဖြစ်နေမှန်းမသိရှာဘဲ တုန်ရီမေ့မြောသွားသည်။
တုန်ရီထိတ်လန့်မှုဖြစ်နေရှာတဲ့ ရင်သေးလေးကိုတွေ့တော့ အမျက်တွေအလိပ်လိုက်အလိပ်လိုက် မြင့်တက်ဖြစ်တည်လာတဲ့ ဖီးနစ်မောင်နှံဟာ အသိုက်ဆီကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပါတယ်။
ဟုတ်လိုက်လေ သူမက ဘာအမှားမှမကျူးလွန်ခဲ့သော်လည်း ဇာမဏီငှက်က သူများသားသမီးကို ခုလေးတင် ပစ်လွှင့်လိုက်ပြီး ထိုလုပ်ရပ်ကို မိဘနှစ်ပါးလုံးမြင်တွေ့သွားခဲ့ပါပြီ။ သူမမှာပါးစပ်ဆယ်ခုအပိုပါနေရင်တောင် ဘယ်လိုမှဆင်ခြေပေးလို့ မရနိုင်တော့ပါဘူး။
နှစ်ထောင်ချီကြာမြင့်မှ ရင်သွေးတစ်ယောက်မွေးဖွားနိုင်တာကြောင့် သူတို့ရဲ့ရင်သွေးလေးအား ဂရုစိုက်စောင့်ရှောက်ပေးနေချိန်မှာ လူတွေက ခဏခဏလာနှောက်ခဲ့လို့ ဒေါကန်ကာလိုက်တိုက်နေချိန်မှာပဲ တတိယအဖွဲ့က အသိုက်ထဲကိုကျူးကျော်နေခဲ့တယ်လေ။
သူတို့ပြန်ရောက်ရောက်ချင်းမှာပဲ သူတို့ရဲ့ကလေးငယ်က ပစ်လွှင့်ခံလိုက်ရတာကို တွေ့လိုက်ရတော့ ဖီးနစ်မောင်နှံဒေါမကန်ဘဲ ဘယ်နေပါတော့မလဲ။
ခနချင်းမှာပဲ ဖီးနစ်ငှက်တွေကိုယ်မှာ မီးတောက်တွေပေါ်ထွက်လာပါတယ်။
"ဇာမဏီငှက် ငှက်စုတ်ငှက်နာ ဒီတစ်ခေါက် ငါမင်းကြောင့် အသတ်ခံရတော့မှာပဲ"
ဒီတစ်ခေါက်ကိစ္စက သူမ လုံးဝအပြစ်ကင်းပါတယ်။ သူမက မီးတောက်မြက်ယူဖို့အတွက်ပဲ လာခဲ့တာဖြစ်ပြီး ဖီးနစ်ငှက်ငယ်နဲ့ပတ်သတ်လို့ ဘာမှမသိခဲ့ပါဘူးနော်။
ဇာမဏီငှက်ကတော့ ဖီးနစ်ငှက်ငယ်လေး ပွတ်တိုက်ခဲ့သော သူ့လက်မောင်းကိုသာ ဆက်ပွတ်နေခဲ့ပါတယ်။ သူ့လက်မောင်းမှာယားကျိကျိခံစားမိနေရပါတယ်။
ဖီးနစ်ငှက်မောင်နှံပေါက်ကွဲသွားပြီး ကြီးမားတဲ့မီးလုံးနှစ်လုံးကို ပစ်လွှတ်လိုက်ပါသည်။ ပြင်းထန်လှတဲ့အပူရှိန်က သံမဏိကိုတောင် ချက်ခြင်းအရည်ပျော်ကျစေနိုင်ပါတယ်။
မီးလုံးတွေက သူတို့နှစ်ယောက်ဆီ ရောက်လုရောက်ခင်မှာ ဇာမဏီငှက်လက်နှစ်ဖက်ကနေပြီး မီးနဂါးနှစ်ကောင် ထွက်ပေါ်လာကာ ပြေးဝင်လာတဲ့မီးနှစ်လုံးနဲ့ တိုက်ခိုက်လိုက်ပါတယ်။
ဇာမဏီငှက်က မီးတောက်တွေကြားကနေ သူမဆီပြေးဝင်လာခဲ့ပြီး လက်တစ်ဖက်နဲ့မချီကာ ဂူအပြင်သို့ ပြေးထွက်လိုက်ပါတော့သည်။
ဖီးနစ်ငှက်သိုက်ဖြစ်သော ဂူကြီးလည်း ပြိုလဲကျသွားခဲ့ရပါပြီ။ ဇာမဏီငှက်နဲ့ရှန်ယန်ရှောင်တို့က အသိုက်ကနေထွက်ခွာလာတော့ ဖီးနစ်နှစ်ကောင်လည်း သူမတို့နောက်သို့ လိုက်ပါလာခဲ့ပါသည်။
ပြင်းထန်သောတုန်ခါမှုကြောင့် ကူလောင်တစ်တောင်လုံး တုန်ဟီးသွားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ ဖီးနစ်တို့လက်မှ လွတ်မြောက်လာကြသော ကြေးစားတွေက မြေပြင်တုန်ခါသွားခြင်းကို ခံစားမိလိုက်ကြသောကြောင့် ဖြစ်ပေါ်ရာနေရာသို့ ထိတ်လန့်ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်ကြသည်။
မြင်တွေ့ရတာကတော့ ကူလောင်တောင်ထိပ်မှာ ကြီးမားသောဖီးနစ်ငှက်နှစ်ကောင်က လေထဲတွင်ရပ်တည်နေပြီး သူတို့နဲ့မျက်နှာချင်းဆိုင်မှာတော့ ဖီးနစ်ငှက်၏ အရောင်အဝါနှင့်မခြား နီရဲတောက်ပသော အလင်းတစ်ခုကိုပဲဖြစ်ပါသည်။
"အဲ့ဒါဘာကြီးတုန်း"လို့ ကြမ်းကြုတ်ဝံပုလွေက စိတ်ခြောက်ခြားစွာနဲ့ ပြောလိုက်ပါသည်။။
သူ့ရှေ့ကမြင်ကွင်းကြောင့် တူလန်းကိုယ်တိုင်လည်း တုန်လှုပ်နေခဲ့ပါသည်။ ဖီးနစ်ငှက်နှစ်ကောင်ကို တိုက်ခိုက်နိုင်စွမ်းရှိသော ပြိုင်ဖက်ရှိနေတာကို သူ့အမြင်အားနဲ့ မတွေ့ဘဲမနေခဲ့ပါ။
ဒါပေမယ့် ဒဏ္ဍာရီသတ္တဝါနှစ်ကောင်နဲ့ လက်ရည်တူတိုက်ခိုက်နိုင်သော ဘယ်လိုအရာက ဒီလောကမှာရှိနေတာလဲ။
အရွယ်အစားအရတော့ ဇာမဏီငှက်ရဲ့ ကလေးအရွယ်က ဖီးနစ်နှစ်ကောင်ရှေ့မှာ အလွန်သေးငယ်နေပါတယ်။ ဒါပေမယ့် ကိုယ်ကနေထွက်နေသော အရှိန်အဝါကတော့ ဖီးနစ်နှစ်ကောင်ထက် နည်းနည်းမှမလျော့ပါဘူး။
"မင်းတို့နှစ်ကောင်တည်းနဲ့များ ငါ့ကိုတိုက်ခိုက်ရဲတယ်ပေါ့လေ"
ဖီးနစ်နှစ်ကောင်က ဒဏ္ဍာရီသတ္တဝါတွေဖြစ်သော်လည်း ဇာမဏီငှက်က ဒါ့ထက်သာပါတယ်။ တစ်ယောက်ချင်းတိုက်ရရင် ဖီးနစ်ငှက်တွေက သူ့ပြိုင်ဖက်မဟုတ်သလို နှစ်ယောက်တစ်ယောက်တိုက်ရရင်လည်း သူကြောက်စရာမရှိပါဘူး။
ဒဏ္ဍာရီသတ္တဝါတွေဖြစ်တာကြောင့် သူတို့ရှေ့ကကောင်ကလေးက ထူးနေတာကို ရိပ်မိကြပါတယ်။ အစကတော့ လူသားလို့ထင်ခဲ့မိကာ တစ်ဖက်လူကလည်း သူတို့ကဲ့သို့ သန့်စင်သောမီးဓာတ်ကို ထုတ်နိုင်မယ်လို့ ထင်မထားခဲ့မိပါ။ နောက်တစ်ခုရှိတာက ရန်သူဟာ သူတို့ထက်တောင် စွမ်းအားပိုမြင့်နေပါတယ်။
ဒါပေမယ့်လည်း သူတို့ရင်သွေးကို ထိခိုက်အောင်လုပ်သော ရန်သူအား လွှတ်ပေးရန်စိတ်ကူးမရှိကြပါ။
"ငါသူတို့နဲ့ တိုက်နေတာကို လုံခြုံတဲ့နေရာကနေ စောင့်နေလိုက်။ ခွေးကောင်ရှူရှိနေမှတော့ မင်း ဘာအန္တရာယ်မှ မရှိဘူးလို့ ငါယုံတယ်။ ဒါပေမယ့် ငါမင်းကို မစောင့်ရှောက်ပေးနိုင်တော့တဲ့အခါတော့ ကိုယ့်ဖာသာကိုယ်ပဲ ဂရုစိုက်လိုက်ပါတော့ ငါ့ကိုအပြစ်လည်းမတင်ပါနဲ့"
ဇာမဏီငှက်ရဲ့ လေသံကဆိုးပေမယ့် သူ့စကားရဲ့အနက်ကတော့ စိုးရိမ်နေကြောင်းပေါ်လွင်နေပါတယ်။ ဒါဟာ ဒဏ္ဍာရီသတ္တဝါတွေက သခင်ဖြစ်သူအပေါ်မှာ ထားရှိတဲ့စိတ်ခံစားချက်ဖြစ်ပါသည်။
ရှန်ယန်ရှောင် သဘောမပေါက်ဘဲ ဘယ်နေပါ့မလဲ။
သူမရဲ့အစွမ်းက တော်ဝင်ရိုလန်ကျောင်းမှာ ထိပ်ကပြေးနေပေမယ့် ဖီးနစ်ငှက်နှစ်ကောင်ရဲ့ အဆင့်နဲ့ဖက်ပြိုင်ဖို့ကတော့ လုံးဝအဆင့်မမီသေးပါဘူး။